Chapter 8

Translator - Lynx | Editor - Kellow

---------

[ Unicode ]

ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားသွားချိန်၌ ဒုတိယထပ်ပြတင်းပေါက်မှ တပ်သားနှစ်ဦး ခုန်ချလာသည်။

ပေါက်ကွဲမှုအပိုင်းအစများနှင့် ရော၍ မီးတောက်မီးလျှံများကတော့ သူတို့ကျော်ဘက်မှ ပြေးလိုက်လျက်။

သူတို့ ခေါင်းများကမြေကြီးပေါ်သို့ လိမ့်ကျကာ ဆယ်မီတာအကွာအဝေးထိ လိမ့်စင်သွားကြသည်။

လူအုပ်ကပြေးသွားကာ ထိုသူတို့ကိုယ်ပေါ်မှ မီးစများကို ရိုက်ကာငြိမ်းသတ်ပေးကြသည်။

ထိုသူထဲမှ တစ်ယောက်က ခြေထောက်ကျိုးသွားကာ နာကျင်မှုဖြင့် အော်ညည်းနေ၏။

" အခြားသူတွေရောဘယ်မှာလဲ? "

ရွှီကျင့် စိုးရိမ်တကြီးမေးသည်။

" ခေါင်းဆောင်ဝမ်း....ခေါင်းဆောင်ဝမ်းက လူတွေကိုဦးဆောင်ပြီး အဲ့နေရာလှေကားကနေပြန်သွားတယ် "

ထိုအချိန် ဝမ်းမုန်နှင့် အခြားတပ်သားနှစ်ဦးက လူနာတစ်ဦးကိုသယ်ကာ အဆောက်အအုံအနောက်ဘက်မှ ထွက်လာသည်။

သူတို့မျက်နှာများက ‌မည်းသည်းနေကာ ထိတ်လန့်တုန်လှုပ်နေသော အခြေအနေတွင်ရှိ‌နေသည်။

လူတိုင်း စိတ်သက်သာရာရသွားကြ၏။

ကောင်းကယ် အသံ ရုတ်တရက်ထွက်ပေါ်လာသည်။

" မီး ဒီဘက်လာနေပြီ၊

ဟော့ပေါ့ဆိုင်က မတောင့်ခံနိုင်ဘူး "

ရွှီကျင့် အမိန့်ပေးလိုက်သည်။

" ရေပိုက်တစ်ပိုက်က မီးပျံ့လာတာကာဖို့ အရှေ့ဘက်ကိုဖြန်း ၊ တပ်ဖွဲ့သုံးဖွဲ့က တစ်ဖွဲ့စီရေပိုက်နှစ်ပိုက်နဲ့ အနောက်၊ တောင်၊ မြောက်  အရပ်သုံးမျက်နှာကနေ တိုက်မယ်၊ မီးကို‌သေချာဝိုင်းသတ်ကြ "

" ဟုတ်ကဲ့ ! "

ဘားက ပေါက်ကွဲသွားပြီ။

ဒီအချိန် အထဲမှာ ရှင်ကျန်သူ ရှိရှိ၊ မရှိရှိ သူတို့ထပ်ဝင်သွားလို့မရတော့ပေ။

အဆောက်အအုံတစ်ခုမီးလောင်တဲ့အခါ၊ တစ်ခါတရံ အဆောက်အအုံကို တိုက်ရိုက် ရေဖြန်း၍မ‌ရ။

အဘယ်ကြောင့်ဆိုသော် မီးငြိမ်းသတ်ရေး၏ ပထမဦးစားပေးမှာ လူကယ်ဆယ်ရန် နှင့် မီးထိန်းချုပ်ရန် ဖြစ်သည်။

မီးထိန်းချုပ်ခြင်းက ပျံ့လာသောမီးကိုထိန်းချုပ်ရန်နှင့် မီးလောင်သည့် ဧရိယာတိုးမည်ကို တားဆီးရန်ဖြစ်၏။

ထိုအရာက စားပွဲဝိုင်းမီးလောင်သည်နှင့်အလားတူ။

စားပွဲကို မီးသတ်၍မရနိုင်လျှင် ထိုင်ခုံများကိုအရင်မီးသတ်ရမည်။ တစ်နည်းအားဖြင့် စားပွဲနှင့် ထိုင်ခုံများ မီးမကူနိုင်တော့ပေ။

အဆောက်အအုံထဲ၌ လူများရှိနေလျှင် ပိတ်မိနေသော လူများအား အရင်ကယ်ဆယ်ရမည်။

ရေက သေးငယ်သောဧရိယာကိုသာ အအေးခံနိုင်သည်၊ လမ်းဖွင့်ကာလမ်းကြောင်းကိုကာပေးနိုင်သည်။

သို့သော် ဧရိယာအကြီးကိုတော့ရေဖြန်း၍မရ၊ အကြောင်းမှာကား ရေဖိအားက မီးကိုဖိနှိပ်၍မငြိမ်းသတ်နိုင်သေးခင် မီးလောင်သည့်နေရာမှ အပူချိန်ရာကျော် မြင့်မားသော ရေနွေးငွေ့များကိုထုတ်လုပ်ပြီး မီးအခင်းနေရာအား ကြီးမားလှသော ပေါင်းအိုးကြီးအဖြစ်ပြောင်းလဲသွားစေသည်။

အကယ်၍ ကာကွယ်ရေးဝတ်စုံများဝတ်ဆင်ထားကြလျှင်ပင် ထိုပတ်ဝန်းကျင်၌ ရှင်သန်နိုင်ရန်မလွယ်ကူ။

ပြီးနောက် အဆောက်အအုံမီးလောင်မှုကြီးက စတီးဘားများကို ပုံပျက်စေမည်။ ထိုအချိန်သာ ရေဖြန်းလိုက်ပါက အပူအအေး ပြောင်းစပ်မှုသည် ပုံပန်းပျက်ခြင်းကို ပိုမိုဆိုးဝါးစေပြီး ရေအလေးချိန်က ကျောက်ပြားအလေးချိန်ကို တိုးသွားစေလျက် လမ်းကြောင်းပြိုကျမှုအန္တရာယ်က ပိုလာပေသည်။

ရေမြှောက်နှင့် ရေသေနတ်များ အလုံးစုံဖွင့်ထားမည်ဆိုလျှင် အဓိပ္ပါယ်ကား ယင်းတပ်သားက အထဲ၌ရှင်ကျန်သူမရှိ ၊သို့တည်းမဟုတ် ကယ်ဆယ်နိုင်ချေ မရှိဟူ၍ တွေးသည်သာဖြစ်ရလိမ့်မည်။

လူနာတင်ယာဉ်က ဒဏ်ရာရလူနာများနှင့် တပ်သားများကို တစ်ဦးပြီးတစ်ဦး သယ်ဆောင်သွားသည်။

မီးခိုးရောင်ခေါင်းများနှင့် တပ်သားအုပ်စုက ဘားရှေ့၌ရပ်နေကြပြီး ရေပိုက်နှုတ်သီး မီးတောက်များကြားသို့ဝင်သွားကာ မီးနှင့်ရေ အချင်းချင်း တိုက်စစ်ဆင်လျက် ရေကမီးအားဖိနှိပ်ပုံ၊ ရေ၏ ‌အေးငြိမ်းစေနိုင်သောစွမ်းပကား၊ ရုန်းကန်တိုးနှက်နေပုံ ၊ လုံးထွေးသတ်ပုတ်နေကြပုံနှင့် အားတုအားပြိုင် ယှဉ်ပြိုင်အနိုင်တိုက်နေပုံကို တိတ်ဆိတ်စွာကြည့်နေကြသည်။

သူတို့မသိဘူး၊ အထဲမှာအလောင်းကောင်ဘယ်လောက်များ ရှာတွေ့မလဲ ၊ ဒါမှမဟုတ် ဘယ်သူများ အလွန်အံ့ဩဖွယ်ကောင်းစွာ ရှင်ကျန်ရစ်နိုင်မလဲ...။

ဒီည ဘားသို့လာကြသူများက အောင်ပွဲခံဖို့ နှင့် ‌အနားယူပန်းဖြေကြဖို့ ဖြစ်သည်။

သူတို့ မျှော်မှန်းထားသည်က စိတ်ကျေနပ်မှုရရန်သာ။

အချို့လူတွေအတွက် ဘဝရဲ့အဆုံးသတ်ဖြစ်လာပြီး အခြားသူတွေအတွက် ဘဝတစ်သက်စာ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်လာလိမ့်မယ်လို့  ဘယ်သူကများ‌ထင်ထားခဲ့ပါ့မလဲ။

နှစ်နာရီကြာသော် မီးငြိမ်းသွားခဲ့သည်။

ရွှီကျင့် အပြင်ဘက်နံရံကိုကြည့်လျက် ဘာပြိုကျမှုမှမရှိတော့သည်ကို ဆယ်မိနစ်အချိန်ယူကာလေ့လာပြီးမှ သူတို့အား ရေသေနတ်များ သယ်ဆောင်လျက် ကျန်ရှိနေသေးသော မီးများကို ငြှိမ်းသတ်ရန်၊ မီးကြွင်းမီးကျန်များကိုစစ်ဆေးရန်၊ ကယ်ဆယ်ရန်ဖြစ်နိုင်သေးသော လူနာများနှင့်‌သေဆုံးသူများကိုရှာဖွေရန် စေလွှတ်လိုက်သည်။

အရုဏ်တက်ချိန်၌ ကျောက်အပိုင်းအစများအောက်မှ အလောင်း 27 လောင်းတွေ့ရှိပြီး ၎င်းတို့ကို မြေပြင်တွင် အတန်းလိုက်နေရာချထားပေးကာ ဆေးတပ်ဖွဲ့ ထိုအလောင်းများအား မည်သို့‌ဖြေရှင်းမည်ကို စောင့်သည်။

အများစုက မီးခိုးအဆိပ်မိတာဖြစ်၍ သက်ဆိုင်ရာပြည့်စုံသော ကိုယ်ခန္ဓာအဖြစ်အတည်ပြုနိုင်ပြီး

မီးလောင်သူများ၊ ဖိကြိတ်ခံရသူများနှင့် (အပြိုအပျက်များကြား) မြှုပ်နှံခံထားရသူများကတော့ ကြောက်ခမန်းလိလိရှုမြင်ရသည်။

စစ်ရှစ်ကျောင် သည်ဘောင်ပဲကျန်တော့သည့်အထိ လောင်မြိုက်ခံလိုက်‌ရသော်လည်း ဘေးမှ ဟော့ပေါ့ဆိုင်ကတော့ ၎င်း၏တစ်ဝက်ပင်မလောင်သွားပေ။

ကံကောင်းထောက်မစွာ ထိန်းချုပ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းသည့်အနံ့အသက်များကတော့

မင်ရည်ဖိတ်မှောက်ထားသည့် ရေအိုင်အလား မနက်ခင်းလေနု‌လေအေးများထံ ပျော်ဝင်‌သွားပေ၏။

တစ်ညလုံး တိုက်ခိုက် (ငြိမ်းသတ်) ပြီးသည့်နောက် ရန်ရိ သူရဲ့ ပင်ပန်းနွမ်းနယ်နေသော တပ်သားများနှင့်အတူ စခန်းသို့ပြန်သည်။

လမ်းတစ်လျှောက်လုံး မည်သူမှစကားမပြောပေ။

တစ်ချိန်တစ်ခုအထိ မီးလောင်တဲ့အကြောင်းအရင်းကို မသိရသေးပေမယ့် ဘားကတော့ ယခုမတော်တဆမှုအတွက် အလွန်တာဝန်ရှိသည်။

အသက်ကယ်လမ်းကြောင်းပိတ်ထားခြင်း၊ မီးဒဏ်မခံနိုင်သော ပစ္စည်းများဖြင့် တန်ဆာဆင်ထားခြင်း၊ ထို့ပြင် အဓိကအချက်,  မထိရောက်‌သော မီးသတ်ရေဖြန်းကိရိယာများ အားလုံးကြောင့် မီးအထိန်းအကွပ်မဲ့ကာ လူအများအပြားပိတ်မိစေခဲ့သည်။

စခန်းသို့ပြန်ရောက်ပြီးနောက် အားလုံး ကိရိယာများချွတ်ကြ၊ ရေချိုးကြကာ အတူတကွအနားယူကြတော့၏။

ရေချိုးပြီးနောက် ရန်ရိ အိပ်ရာထက်သို့ အားအင်ချိနဲ့စွာ ပစ်လှဲပြီး ဌာနချုပ်ကိုဖုန်းခေါ်ကာ အခြေအနေလှမ်းမေးလိုက်သည်။

29 ဦးအသက်ဆုံးသွားရပြီး၊ 12 ဦးအပြင်းအထန်ဒဏ်ရာရရှိကာ 100 ဦးထက်ပိုသောလူများ အနည်းငယ်ဒဏ်ရာရကြသည်။

သူတို့ တပ်ဖွဲ့သုံးဖွဲ့လည်း တစ်ဖွဲ့စီ ဒဏ်ရာအသီးသီးရကြ၏။

လောရှန့်တပ်ဖွဲ့မှ တပ်သားတစ်ဦးကတော့ ကြီးကြီးမားမား ဒဏ်ရာရသွားသည်။

ဖုန်းချလိုက်ပြီးနောက် ရန်ရိ မိုဘိုင်းဖုန်းမျက်နှာပြင်၌ သတင်းတက်လာသည်။ ကျိန်းသေပေါက် ဘားမီးလောင်မှုသတင်းသာ။

သူ ခဏတုံ့ဆိုင်းသွားသော်လည်း ဖွင့်မကြည့်‌ဘဲနေလိုက်သည်။

သူ မျက်လုံးများမှိတ်လိုက်ပြီး နွမ်းလျစွာအိပ်ပျော်သွားတော့၏။

နောက်တစ်နေ့ သူနိုးလာတော့ နေ့လယ်ပင်ရောက်ချေပြီ။

ရန်ရိ ဗိုက်ဆာလာသ‌ဖြင့် အံဆွဲထဲမှ အာလူးကြော်တစ်ထုပ်ကိုယူကာ မထချင်သဖြင့် အိပ်ရာပေါ်လှဲနေရင်းဖြင့်ပင် ပါးစပ်ထဲသို့သာယူစားနေလိုက်သည်။

သူ့စိတ်ထဲတွင်တော့ မီးအခင်းနေရာမှ ပုံရိပ်များဖြင့်သာပြည့်နေပြီး ထိုအားပြင်းသောမီးတောက်များ၊ ထိုအားငယ်ကာမျှော်လင့်ချက်မဲ့နေသော မျက်နှာများ၊ နောက်ထပ် ဒေါသပင်ထပ်မထွက်နိုင်တော့သော ထိုအလောင်းများ၊ သူ့မျက်လုံးများဝယ် တဖျတ်ဖျတ် ပေါ်လာသည်။

သူ ဘယ်လောက်ပဲ မတော်တဆမှုများနှင့် ဒဏ်ရာရသူများကို မြင်ဖူးတွေ့ဖူးခဲ့သော်ငြား ဒီလိုဝမ်းနည်းကြေကွဲစရာများကတော့ သူ့အတွက် လက်ခံနိုင်ရန် ခက်ခဲလှသည်။

ရုတ်တရက် ရန်ရိရဲ့ ဖုန်းမြည်လာကာ ယင်းက ရွှီကျင့် ဆီမှဖြစ်၏။

ရန်ရိ သူ့ခံစားချက်များကို ထိန်းသိမ်းလိုက်ကာ ဖုန်းဖြေဆိုလိုက်သည်။

" ကာကွယ်ရေးဦးစီးချုပ် "

" ရန်ရိ မင်းနားပြီးပြီလား? "

" ကျွန်တော် အဆင်ပြေပါတယ် "

" မင်း တပ်သားတွေရော ဘယ်လိုလဲ? "

" သူတို့ထဲက နှစ်ယောက်ကတော့ဆေးရုံက ပြန်မလာကြသေးပေမယ့် အဆင်ပြေကြပါတယ် "

" ကောင်းတာပေါ့ " ရွှီကျင့်ခဏနားသည်။

" ဒီမတော်တဆမှုက အတော်ဝမ်းနည်းဖို့ကောင်းတယ် internet မှာတော့လူတွေရဲ့ ထင်မြင်ချက်တွေအများကြီးပဲ ပြီးတော့ အမြင့်ပိုင်းအာဏာပိုင်တွေကလည်း ဒီကိစ္စကို တော်တော်လေး အာရုံထားနေတယ်၊ တာဝန်ရှိတဲ့သူတွေကိုလည်း တာဝန်ခံဖို့ပြောပြီး မီးလောင်တဲ့အကြောင်းရင်းကိုလည်း တတ်နိုင်သလောက်မြန်မြန် သိချင်နေတယ် "

ရန်ရိ တိုးဖွစွာ " အမ် " ဟုအသံပြုလိုက်ပြီး

" ဟော်သျောင့် မှာတိုးတက်မှုမရှိဘူးလား? "

[ T/N : Huô Diào - Fire adjustment - မီးသုံးသပ်ရေး | ရှေ့အပိုင်းတွေမှာပြောခဲ့သလိုပဲ fire adjuster တွေက မီးလောင်မှုအကြွင်းအကျန်တွေကနေ သဲလွန်စရှာတာပါ , မီးလောင်တာက အရာအားလုံး ပုံပျက်သွားတယ်ဆိုတော့ အမှုဖော်ရတာအတော်လေး ခက်ခဲပါတယ် ]

" အကြိုခန့်မှန့်ချက်‌အရတော့ မီးက စားသောက်ခန်းထဲ ဆိုဖာကစလောင်တာ၊ ဒါပေမယ့် အခင်းနေရာက ပျက်စီးမှုအရမ်းများတယ် လောလောဆယ်တော့ မတော်တဆမှုလား ရှို့မီးလားဆိုတာ မဆုံးဖြတ်နိုင်သေးဘူး

ဘားရဲ့တာဝန်ရှိသူတွေကိုတော့ ထိန်းထားပြီး ရဲဘက်ကလည်း ကြားဝင်နေပြီ "

" ဟော်သျောင့် ဘက်ကရလဒ်မထွက်ခင်ကတည်းက ရဲတွေပါနေပြီလား? "

" ဟုတ်တယ် ဘားပိုင်ရှင်က မီးရှို့တာပါလို့အခိုင်အမာပြောပြီး လျောကြေးပေးဖို့ငြင်းတယ် ၊ ဒါပေမယ့် မီးလောင်တဲ့စားသောက်ခန်းက အသက်ရှင်တဲ့သူတစ်ယောက်ပြောတာက စီးကရက်သောက်ပြီး ခန်းစီးကို မတော်တဆ

မီးစွဲသွားတာတဲ့ "

" ပိုင်ရှင်က မီးရှို့မှုလို့ပြောတယ်? "

" သူ့သံသယကိုတော့ စုံစမ်းစစ်ဆေးရေးဖို့ထားထားတယ် ၊ ဒါပေမယ့် အခြားသူက အလီဘိုင်ရှိတယ် "

ရွှီကျင့် ပြောလာသည်။

" ရန်ရိ ငါဖုန်းခေါ်တာက မင်းကိုဝင်ပါစေချင်လို့ "

" ... ...ဘာလို့လဲ? "

" ငါတို့ကာကွယ်ရေးဦးစီးဌာနရဲ့ မီးထိန်းချုပ်ရေးတပ်ဖွဲ့က အမြဲတမ်း လူအင်အားနည်းတာ၊ ဒီနှစ် တစ်ယောက်အငြိမ်းစားယူသွားပြီး နှစ်ယောက်က နားရက်ယူထားတယ် , ဒီမတော်တဆမှုရဲ့ လူမှုရေးအကျိုးသက်ရောက်မှုက အရမ်းကြီးတယ် အာဏာပိုင်တွေက အချိန်ကုန်အကျိုးရှိဖြစ်စေချင်တယ် ပြီးတော့ဒီကယ်ဆယ်ရေးကလည်း မင်းတာဝန်ယူတဲ့အပိုင်းပဲ သူတို့ထက်မင်းက အခြေအနေကိုပိုပြီးနားလည်ပါတယ်

မင်း ရဲတွေနဲ့အပြည့်အဝ ပူးပေါင်းပြီး မီးလောင်မှုအကြောင်းအရင်းကို ဖော်ထုတ်မယ်လို့ ငါမျှော်လင့်တယ် "

" ကောင်းပါပြီ "

" မင်း အခင်းနေရာကိုမနက်ဖြန်မနက် 9 နာရီသွားရင် ဒီကိစ္စကို ကိုင်တွယ်နေတဲ့ ဝန်ထမ်းလည်းလာလိမ့်မယ် ပြီးတော့ ငါမင်းအတွက် မီးထိန်းချုပ်ရေးက အကူလွှတ်ပေးလိုက်မယ် "

ဖုန်းချပြီးနောက် ရန်ရိ သက်ပြင်းချ၏။

သူ မီးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့၌ အလုပ်သင်ဆင်းဖူးသည်။

ဒီလုပ်ငန်းစဉ်နှင့်သာ အကျွမ်းတဝင်ရှိသည်မဟုတ် ၊ သူ့မှာ အဖေသင်ပြပေးခဲ့သော မီးစုံစမ်းရေးစွမ်းရည်များလည်းရှိသည်။

ဒီနှစ်တွေမှာ မီးသတ်အတွေ့အကြုံများအရ သူကိုယ်တိုင်ကလည်း ကျွမ်းကျင်ရင့်ကျက်သော စုံစမ်းစစ်ဆေးသူတစ်ယောက်ဖြစ်၏။

တကယ်တမ်း၊ အခင်းဖြစ်ရာကို ပြန်သွားရခြင်းအား သူဘယ်သောအခါမှမနှစ်သက်။

သူ့အလုပ်ကိုက မီးစုံစမ်းစစ်ဆေးရေးဗျူရိုရယ် ရဲဌာနရယ်နဲ့ ဆက်နွယ်နေတော့လည်း သူ့မှာရွေးချယ်စရာမရှိ။

သို့သော်လည်း ဒီတစ်ခေါက် သူစုံစမ်းစစ်ဆေးရမယ်လို့ မထင်မှတ်ခဲ့‌မိပေ။

----------------

နောက်မနက်မှာ ရန်ရိ ပိတ်ဆို့ထားပြီဖြစ်သော ဘားလမ်းသို့ တစ်ခေါက် ပြန်သွားရသည်။

သူ့ရဲ့ အထောက်အထားလက်မှတ်ပြလိုက်ပြီး၊ ရဲအတားအဆီးဝန်း အတွင်းသို့ဝင်ကာ စစ်ရှစ်‌ကျောင်၏ အပျက်အစီးများထံသွားလိုက်သည်၊ တစ်ချိန်က အောင်မြင်ခဲ့သော ဘားကြီးရဲ့ ပြိုကျပျက်စီးနေပြီဖြစ်တဲ့ နံရံကိုကြည့်ကာ သူစိတ်မကောင်းဖြစ်ရ၏။

ကျောဘက်မှ ခြေသံများကြားလိုက်ရပြီး သူလှည့်မကြည့်ခင်မှာပင် ရင်းနှီးသောအသံက အော်ပြောလာသည်။

" ခေါင်းဆောင်ရန် "

သူလှည့်လိုက်တော့ စုန့်ပေက သူ့ဆီလျှောက်လာသည်ကိုတွေ့ရ၏။

သူအံ့ဩသွားရသည်က ကုံးရင့်ရှန်လည်းပဲ စုန့်ပေနှင့်အတူ လျှောက်လာပေ‌သည်။

အနားသို့လျှောက်လာကြပြီး ရန်ရိ နှင့် စုန့်ပေ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

" ခေါင်းဆောင် အလုပ်ကြိုးစားခဲ့တာပဲ " စုန့်ပေ သက်ပြင်းချသည်။

" ဒါမင်းအတွက်တကယ် မလွယ်လှဘူး "

" လုပ်သင့်တာကိုလုပ်ခဲ့တာပါ " ရန်ရိ ခါးသက်စွာပြုံးလိုက်သည်။

" ကျွန်တော်တို့ ဘယ်လောက်ကြိုးစားခဲ့တယ်ဆိုတာက အရေးမကြီးဘူး။ လူတွေ အားလုံးကို မကယ်နိုင်ခဲ့တာက စိတ်မသက်မသာအဖြစ်ရဆုံးပါ "

စုန့်ပေ ရန်ရိပခုံးကိုပုတ်‌သည်။

" သဘာဝနဲ့ ရှို့မီးတွေ ၊ နည်းလမ်းမရှိဘူး၊ သိပ်ပြီးတော့မတွေးပါနဲ့ "

ရန်ရိ ခေါင်းညိတ်ကာ ကုံးရင့်ရှန်ဘက် ဝေ့ကြည့်လိုက်သည်။

စုန့်ပေပြောသည်။

" အို့ ၊ ရှောင်ကုံးက ဒီအမှု ကြိုတင်စုံစမ်းစစ်ဆေးရေးအတွက် တာဝန်ရှိတဲ့သူ၊ ငါ ဟုန်းဝူကာကွယ်ရေးဌာနချုပ်ကို  မီးသုံးသပ်စစ်ဆေးရေးမှာ ငါတို့နဲ့အတူပူးပေါင်းပေးဖို့ မီးသတ်ကျွမ်းကျင်တစ်ယောက် အကူအညီလှမ်းတောင်းလိုက်တာ၊ သူတို့မင်းကိုလွှတ်မယ်လို့မထင်ခဲ့ဘူး၊ တိုက်ဆိုင်လိုက်တာ "

ရန်ရိ မျက်လုံးများက ကုံးရင့်ရှန်ထံ တန်းတန်းမတ်မတ်အကြည့်ပို့လိုက်၏။

ကုံးရင့်ရှန်သည်လည်း ရန်ရိကို တည်ငြိမ်သောမျက်နှာထားဖြင့် မျက်တောင်မခတ်ကြည့်နေသည်။

" ဘာမှားလို့လဲ ? " စုန့်ပေက ရန်ရိအား သိချင်စိတ်ဖြင့်မေးလိုက်သည်။

" အင်း, ‌ဝန်ထမ်းကုံးက အရမ်းငယ်သေးတော့...."

" အိုး မင်းကသူအတွေ့အကြုံမရှိမှာ စိုးလို့လား ?

မစိုးရိမ်ပါနဲ့ ရှောင်ကုံးက မီးနဲ့ဆက်နွယ်တဲ့ရာဇဝတ်စုံစမ်းရေးနည်းပညာ ကိုအထူးသင်ကြားထားတာ ၊

ဒီလိုအရေးကြီးတဲ့အမှုအတွက် ငါတို့ဌာနက ဘယ်သူမှသူ့လောက်ကျွမ်းကျင်မှာမဟုတ်ဘူး "

စုန့်ပေပြောသည်။

" ရှောင်ကုံး မင်းခေါင်းဆောင်ရန်နဲ့သေချာ ပူးပေါင်းရမယ်နော် "

ကုံးရင့်ရှန်ခေါင်းညိတ်ကာ စိတ်မပါဘဲပြောလာ၏။

" ဟုတ်ကဲ့ "

စုန့်ပေ ရန်ရိကိုဘေးသို့ဆွဲခေါ်လိုက်သည်။

" ခေါင်းဆောင်ရန် ဒီလူငယ်လေးက အမူအရာပိုတဲ့.....အဲ့တာ ၊ သူကဘယ်သူ့ကိုမှပစ်မှတ်မထားဘူး ၊ မင်းနှလုံးသား(စိတ်) ထဲသိပ်မထည့်ပါနဲ့ ၊ မင်းမေးစရာမေးခွန်းရှိရင် ငါ့ကိုမေး၊ ပိုပြီးစိတ်ရှည်ပေးပါကွာ "

ရန်ရိ ကုံးရင့်ရှန်အား ပြုံးလျက် ကြည့်လိုက်သည်။

" မစိုးရိမ်ပါနဲ့ "

" အဲ့တာဆိုမင်းတို့အလုပ်များလိုက်ကြဦး၊ ငါကဒီလိုလမ်းကြုံဝင်လာတာဆိုတော့ ဘာမှထွေထွေထူးထူးကိစ္စမရှိရင် အရင်ပြန်နှင့်တော့မယ် "

" နှုတ်ဆက်ပါတယ် ခေါင်းဆောင်စုန့် "

စုန့်ပေ ထွက်သွားပြီးနောက်၊ သူတို့နှစ်ယောက်စလုံး ဘေးချင်းကပ်ရပ်နေကြကာ တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေကြပြီး ၊

လေထုကလည်း အနည်းငယ် ကို့ရို့ကားယားနိုင်နေသည်။

ရင့်ကျက်သူတွေက ဗီလိန်တွေကို အမှတ်မထားတတ်ဘူး လို့တွေးရင်း ရန်ရိ ချောင်းအသာဟန့်လိုက်သည်။

အလုပ်အတွက်ဆိုကာ သူခေါင်းရမ်းလိုက်ပြီး

" သွားရအောင် အထဲဝင်ပြီးတစ်ချက်ကြည့်ကြတာပေါ့ "

" ခင်များက မီးသတ်ကျွမ်းကျင် လား?"

ကုံးရင့်ရှန့် သံသယများဖြင့်မေးလိုက်၏။

ရန်ရိ သရော်ပြုံး,ပြုံးလိုက်သည်။

" ငါမင်းကိုမေးခွန်းမထုတ်ဘူးနော် မင်းငါ့ကိုမေးခွန်းထုတ်ရဲတယ်ပေါ့? ငါအသက်ငယ်ငယ်တုန်းကဆို မီးသတ်ကိရိယာတွေရဲ့ ကန့်သတ်ချက်တွေကိုတောင်အလွတ်တန်း ရွတ်နိုင်တယ် "

" ခင်ဗျား ကျွန်တော့်ကို လွန်ခဲ့တဲ့ ငါးမိနစ်က မေးခွန်းထုတ်ခဲ့တယ် "

ရန်ရိ ပြန်ပြောလိုက်သည်။

" အိုး ဒါဆိုကျေပြီပေါ့ သွားရအောင် ၊ ငါမင်းအတွက် ကောဇောနီပါ ခင်းပေးဖို့လိုသေးလား? "

ကုံးရင့်ရှန် အပျက်အစီးများအား ဝေ့ဝိုက်ကြည့်လိုက်ကာ သူ့မျက်ဝန်းများကတော့ မှောင်မိုက်နေသည်။

သူ့ လက်ဆွဲအိတ်ထဲမှ mask နှင့် shoe covers များထုတ်ကာ ဝတ်ဆင်လိုက်ပြီးနောက် အခင်းဖြစ်ရာသို့ လျှောက်လှမ်းသွားတော့သည်။

မီးသုံးသပ်ရေးက ချိုးဝမ်ကလည်း အထဲမှာ နမူနာတွေစုပြီးနေပြီး အပြင်ထွက်လာသည်။

" ခေါင်းဆောင် "

ရန်ရိ ခေါင်းညိတ်သည်။

" မင်းဘာသာမင်းအလုပ်လုပ်လိုက်ပါဦး ငါတို့လိုရင် မင်းကိုခေါ်လိုက်မယ် "

" ဟုတ်ကဲ့ "

ရန်ရိ ကုံးရင့်ရှန်ကို ပြောလိုက်သည်။

" အပေါ်တက်ပြီး သွားကြည့်မယ် "

ကုံးရင့်ရှန့် ဘေးပတ်လည်ကိုကြည့်ပြီး ဓားသွားသဏ္ဌာန်မျက်ခုံးများ တွန့်ကွေးသွားသည်။

အလွန်တရာ သည်းခံထိန်းချုပ်ထားရသကဲ့သို့။

အပေါ်တက်သွားပြီး၊ သူတို့မီးလောင်‌တဲ့ စားသောက်ခန်းကိုတွေ့သည်။

၎င်းနေရာ၌ မီးလောင်မှုကသတ်မှတ်ချက်ကျော်လွန်ကာ ဆိုဖာသည် သစ်သားဘောင်ကွပ်များသာကျန်တော့လုနီးပါး၊ ခန်းစီးလိုက်ကာ သည်လည်း အပိုင်းအစများအဖြစ်သို့လောင်ကျွမ်းသွားပြီး မျက်နှာကျက်သည် လုံးဝ အရောင်ပြယ်လျက် မဲပြာနေသော နံရံအဖြစ်သာ ရှိတော့၏။

ရန်ရိ အခင်းနေရာအား ဂရုတစိုက် လေ့လာသည်။

" ‌မီးခိုးဟပ်ထားတဲ့ V ပုံအမှတ်ကဒီမှာပဲ၊ မီးကဆိုဖာကဖြစ်သင့်တယ် ဒါပေမယ့် လွတ်မြောက်သွားတဲ့သူပြောတာက လိုက်ကာက မီးစစွဲတာဆိုတော့..."

သူမော့ကြည့်လိုက်သည်။

" chemical fiber လိုက်ကာ‌တွေမီးစွဲရင် မီးစက်၊မီးပြောက် ပုံစံပေါ်ပြီး ၊ မီးစတွေက နေရာတိုင်းမှာ အပြောက်အကျားတွေဖြစ်သွားတယ်၊

ဆိုဖာနဲ့ ကောဇောတွေဆီ လွင့်စင်ပြီး မီးလောင်စေမယ် ၊ အမ်း ဖြစ်နိုင်ပါတယ် ဒါပေမယ့် ပြန့်သွားတဲ့ခြေရာလက်ရာတွေက မှားနေတယ် "

ကုံးရင့်ရှန် လေ့လာကြည့်သည်။

" ဆိုဖာက ရေမြှုပ်နဲ့သစ်စေးစပ်သုံးထားတဲ့ ရေမြှုပ်ပုံစံဖြစ်ပြီးတော့ မီးရည်စက်တွေလွင့်စင်လို့ မီး‌စွဲသွားတယ်ဆိုရင် စစဦးဆုံး တစ်ငွေ့ငွေ့လောင်နေမှာ၊ ဘာမီးတောက်မှထွက်လာမှာမဟုတ်ဘူး ၊ မီးကလည်းအရမ်းမြန်မြန်ပျံ့သွားမှာမဟုတ်ဘူး "

" အင်း ၊ အရင်ဆုံး လိုက်ကာက မီးစလောင်တယ်ပဲထား၊ မီးထတောက်မယ် ၊ မီးခိုးငွေ့တွေက အလယ် လေအေးပေးစက်လေထွက်ပေါက်‌ကနေတစ်ဆင့် လေထုထဲပျံ့သွားမယ်၊ မျက်နှာကျက်ကိုမီးစွဲမယ် ၊

နောက်ဆုံး မျက်နှာကျက်ပြိုကျပြီး ဆိုဖာကိုမီးလောင်စေမယ် အဲ့လိုမှပဲ ဒီလိုပုံစံမျိုးဖြစ်နိုင်တာ။

လာ, အကြီးဆုံးမီးလောင်ရာက မျက်နှာကျက်မှာပဲဖြစ်သင့်တယ် "

‌ရန်ရိ ခေါင်းရမ်းပြီး ‌ကြမ်းပေါ်မှ မျက်နှာကျက်အပြားအကျိုးအပဲ့ကို ကောက်ယူကာ ၎င်း(အပြားစ) ကိုလှည့်လိုက်ပြီး ကုံးရင့်ရှန်ကိုပြလိုက်သည်။

ရန်ရိ : " သေချာတယ် အဲ့တာကကြမ်းပြင်ကပဲ ၊ မီး‌လောင်ရာက အပေါ်ဘက်ကထက်ပိုကြီး(ထူ) တယ် ၊

ဆိုဖာက မီး‌စွဲတာလို့ တွေးကြည့်ရင် မီးက လိုက်ကာစကိုစွဲမယ် ၊ အခန်းကိုလည်း မီးလောင်တဲ့နေရာများသွားစေမယ်၊ ပြီးတော့ မျက်မှာကျက်ကို မီးဟပ်မယ်  မီးခိုးဖျားကအပေါ်ဘက်တက်သွားမယ်  ဆိုဖာကိုဗဟိုပြုပြီး V ပုံသဏ္ဌာန် မီးလောင်ရာပေါ်လာမယ် ၊ နောက်ဆုံး မျက်နှာကျက် ပြိုကျလာမယ် ၊ ဒါမှဒီအခင်းနေရာနဲ့အံဝင်ခွင်ကျဖြစ်တဲ့ ဇာတ်လမ်းပဲ "

ကုံးရင့်ရှန်ပြောလာသည်။

" အဲ့တော့ လိုက်ကာစကနေ မီးစလောင်တယ်ဆိုတာ လုံးဝမဟုတ်ဘူးပေါ့? "

" မဟုတ်ဘူး မီးထိန်းချုပ်ရေးဌာနက အကြိုခန့်မှန်းတဲ့အတိုင်း  ဆိုဖာကပဲ "

ရန်ရိ ပြောလိုက်သည်။

ရန်ရိ : " လွတ်သွားတဲ့သူကဘာဖြစ်လို့လဲ? "

ကုံးရင့်ရှန် : " အသက်နှစ်ဆယ်အရွယ်ကျောင်းသူ တစ်ယောက်၊ ဆေးရုံမှာပဲ ၊ ထိတ်လန့်နေပြီး မှတ်ဉာဏ်ရှုပ်ထွေးနေတာဖြစ်မယ် ၊  အခုတော့ သူတမင်တကာ လိမ်တာလားဆိုတာ မသေချာသေးဘူး "

" ဒီမှာမီးအထောက်အကူပစ္စည်း အစအနမတွေ့ရဘူး "

ရန်ရိ တစ်ဖက်လှည့်လိုက်သည်။

ရန်ရိ : " ဆိုဖာကဒီလိုမီးလောင်သွားတော့ အခုငါမတွေ့ရဘူး ၊ ဓာတ်ခွဲခန်းမှာစမ်းသပ်ဖို့ နမူရာတစ်ချို့ ယူသွားရဦးမယ် "

ကုံးရင့်ရှန် : " လမ်းကြောင်း ...မီးလောင်တဲ့လမ်းကြောင်းမှာ အစအနတစ်ခုမှမတွေ့ရဘူး "

ကုံးရင့်ရှန် အခင်းနေရာ၏ လက်မတစ်ခုစီတိုင်းကို ကြည့်သည်။ မမှတ်မိနိုင်သော အပျက်အစီးပုံအောက်တွင် ပျော့ကာအေးနေသော အပိုင်းအစသေးသေးလေးတစ်ခု ကိုသူတွေ့လိုက်ရ၏။

သူလက်အိတ်များဝတ်ထားလျက် ဂရုတစိုက် ၎င်း(အစလေး) ကို သူ့လက်ပေါ်ယူလိုက်ပြီး စစ်ကြည့်ရန် နေရောင်အောက်သို့ ထားလိုက်သည်။

" ဖန်စလား? " ရန်ရိမေးလိုက်သည်။

" အင်း ဖန်ခွက် ဖြစ်လောက်တယ် "

ရန်ရိ ပုံပျက်နေပြီဖြစ်သော ကော်ဖီ စားပွဲအောက်မှ ခွက်တစ်လုံးကိုကောက်ယူလိုက်သည်။

" ဒါက ဘားကခွက်ပဲ ၊ မင်းကိုင်ထားတဲ့ဖန်စက ဘာလဲမသိပေမယ့် အစနှစ်ခုရဲ့ အရည်ပျော်အမှတ်ကကွားခြားတာသိသာပြီး ပစ္စည်းတစ်ခုတည်းမဟုတ်ဘူး "

" ပန်းကန် ၊ ပြာခွက် ဒါမှမဟုတ် အခြားမီးဖိုချောင်သုံးပစ္စည်းလည်းဖြစ်နိုင်တယ် "

ကုံးရင့်ရှန်ပြောသည်။

" ဒါပေမယ့် ဒီပစ္စည်းက ကော်ဖီစားပွဲနဲ့ နည်းနည်းဝေးတယ် ၊ ဆိုဖာအောက်ကတွေ့တာ ပြီးတော့ ကွဲထားပြီးသားပဲ၊ အခု ဘားမှာရှိတဲ့ စားပွဲတင်ပစ္စည်းအများစုက ကျကွဲတာခံနိုင်တယ် အင်း အထူးသဖြင့် KTV ဘားတွေလိုမျိုး "

ရန်ရိ ပြောလိုက်သည်။

" ဒါကနည်းနည်း သံသယဖြစ်စရာကောင်းတယ် ၊ ငါရှောင်ချိုးကိုပေးပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးခိုင်းလိုက်မယ် "

နှစ်ယောက် ထပ်မံစစ်ဆေးကြသော်လည်း ဘာပစ္စည်းအသစ်မှ ထပ်မတွေ့ကြသဖြင့် အောက်ပြန်ဆင်းကြသည်။

ရန်ရိက ချိုးဝမ် ကိုနမူနာပစ္စည်းမေးနေပြီး ကုံးရင့်ရှန်ကတော့ အပြင်သို့အလျင်အမြန်လျှောက်ထွက်သွား၏။

ရန်ရိ နောက်ကလိုက်သွားသည်။

" ဟေး နမူနာပစ္စည်းဘယ်မှာလဲ ? "

ကုံးရင့်ရှန်က သူ့(ရန်ရိ) ကိုကျောပေးထားပြီး သူ့ mask ကိုဖြေးဖြေးချွတ်ကာ ဘာမှမတုံ့ပြန်ပေ။

ရန်ရိ သူ့(ကုံးရင့်ရှန်) ရှေ့သို့‌သွားရပ်လိုက်သည်။

" အဲ့တာ..."

ရန်ရိ လှုပ်ရှားမှုမဲ့သွားသည်။

ကုံးရင့်ရှန်မျက်နှာက ဖြူလျော်နေပြီး နှုတ်ခမ်းများက သွေးမရှိတော့သယောင်။ သူ့နှဖူးက ချွေးစေးများဖြင့်ရွှဲနေကာ ‌လူကပြင်းထန်စွာမောဟိုက်နေပြီး

သူပုံစံက အနည်းငယ်အားနည်းလျက် သနားချင့်စဖွယ်ဖြစ်နေသည်။

သူ(ရန်ရိ) တောင့်တင်းသွားတော့၏။

" မင်းအဆင်ပြေရဲ့လား? ဘာဖြစ်တာလဲ? "

ကုံးရင့်ရှန် ခေါင်းရမ်းကာ ဖန်စကိုသူ့အားပေးလာပြီးနောက် ကိုယ်ကိုရွေ့သွားတော့ ရန်ရိ လက်မောင်းကိုလှမ်းဆွဲလိုက်သည်။

" မင်းဘာပြဿနာရှိလို့လဲ? မင်းနွေရာသီကြီးမှာ mask တွေ လက်အိတ်တွေဝတ်ထားတာ အပူရှပ်မှာမသိဘူးလား? "

ကုံးရင့်ရှန်သူ့ဘက်ခေါင်းလှည့်လာပြီး သူ့ကိုစိုက်ကြည့်ကာ တစ်ခုခုပြောဖို့ပါးစပ်ဟလာသော်လည်း ပိုပြီးတော့သာ မောဟိုက်၍ ကတုန်ကယင်ဖြစ်လာသည်။

ရန်ရိ မျက်မှောင်ကြုတ်လိုက်သည်။

" ဘာလို့ငါ့ကိုလာစိုက်ကြည့်နေတာလဲ ၊ စိုက်ကြည့်နေပြီးတော့ ရှင်းပြနိုင်မှာမို့လား? ဘာလို့လဲငါကအရမ်းချောနေလွန်းလို့များ ကြည့်လို့မဝဖြစ်နေတာလား? "

ကုံးရင့်ရှန် ရုတ်တရက်ဗိုက်ထဲမှထိုးတက်လာပြီး အန်ချလိုက်တော့၏။

ရန်ရိ မျက်နှာက ဖြူစုတ်သွားကာ အရှက်ခွဲခံရသလို ခံစားလိုက်ရသည်။

ကုံးရင့်ရှန် လက်နောက်ပြန်၍ ရန်ရိလက်မောင်းအား စုပ်ကိုင်ထားသည်။

အလွန်များသောအင်အားဖြင့် လက်မောင်းကိုပြာနှမ်းသွားစေလျက်။

ရန်ရိ အံကိုတင်းကာ စကားတစ်လုံးမှမထွက်လာဘဲ နာကျင်မှုကိုသာ တောင့်ခံထားရသည်။

ကုံးရင့်ရှန် သူ့ပုံစံအား ပြန်တည်လိုက်ကာ တိုးညင်းစွာပြောသည်။

" ရေ "

ရန်ရိ ရုတ်တရက်ပြောလိုက်သည်။

" ရှောင်ချိုး ကားထဲမှာ ရေနဲ့ (တစ်ရှူး) စက္ကူတွေရှိရင် သွားယူပေးပါ "

သူ ကုံးရင့်ရှန်အား အရိပ်ရှိရာသို့လမ်းလျှောက်ရန် ကူပေးလိုက်သည်။

" လာပါ မင်းအရင်ထိုင်နေလိုက် "

မကြာခင် ချိုးဝမ် ရေနှင့် သန့်ရှင်းရေး စက္ကူများယူလာပြီး ရန်ရိအား အမေးမျက်လုံးများဖြင့်ကြည့်သည်။

ရန်ရိ နှုတ်ခမ်းများတင်းလိုက်ကာ ခေါင်းရမ်းပြီး စိတ်ဖိစီးနေပုံပေါ်သည်။

" ဒီမှာ " ရန်ရိ ပစ္စည်းတွေကို ကုံးရင့်ရှန်ထံကမ်းပေးလိုက်သည်။

ကုံးရင့်ရှန် ရေသန့်တစ်ဘူးလုံးနီးပါးကို ပါးလုတ်ကျင်းရန်သုံးလိုက်ပြီး ရေသန့်နှစ်ဘူးကို ပါးစပ်အစပ်နားနှင့် အန်ဖတ်များစင်သွားသော ဘောင်းဘီရှည်အားသန့်ရှင်းရန်သုံးလိုက်သည်။

ရန်ရိလည်း သူ့ဖိနပ်ကို စက္ကူဖြင့်သုတ်ပြီး

wet-tissues များ၊ ပိုးသတ်စပရေးဘူး၊ masks များ၊ လက်အိတ်များ ၊ သူ့(ကုံးရင့်ရှန်) လက်ဆွဲအိတ်ထဲမှ ဆေးပုလင်းများထုတ်နေသည့် ကုံးရင့်ရှန့်ကို မျက်လှည့်ပြနေသည့်နှယ် ကြည့်ရင်း အနုပညာရဲ့ လက်မှုအတတ်ပညာကို ရှုမြင်ခံစားနေရသကဲ့သို့ပင်ရှိချေ၏။

သူ(ကုံးရင့်ရှန်) သူ့ကိုယ်သူထပ်ကာထပ်ကာ သန့်ရှင်းသည်၊ နောက်ဆုံး ဆေးသောက်ကာ ၊ shoe covers များအားလွှင့်ပစ်လိုက်ပြီး masks အသစ်နှင့် လက်အိတ်အသစ်များတပ်သည်။

ရန်ရိ ကုံးရင့်ရှန် ကိုကြည့်နေရင်းဖြင့်ပင် သူ့အစားပင်ပန်းလာ၏။

" မင်းဘယ်ငရဲများရောက်နေတာလဲ! "

" ကျွန်တော် မီးကိုမုန်းတယ် " ကုံးရင့်ရှန် ရန်ရိအား စိုက်ကြည့်သည်။

ရန်ရိ မျက်စောင်းထိုးလိုက်ပြီး :

" မင်းငါ့ကိုများ မလိုမုန်းထားဖြစ်နေတာလား? ဒီနာမည်ကို ငါ့ဘာသာမှည့်ထားတာမဟုတ်ပါဘူးကွ "

[ T/N : ဟားဟားဟား ရန်ရိ နာမည်က *four fires* ဆိုတော့ မီးပဲလေ၊ ဟိုက အတည်ပြောတာကို ရွှတ်နောက်နောက်နဲ့ ]

ကုံးရင့်ရှန် ထရပ်လိုက်သည်။

" ကျွန်တော်နဲ့ ဆေးရုံလိုက်ခဲ့ "

" ဘယ်အချိန်ကများ ငါ့ကိုအမိန့်ပေးတဲ့သူက မင်းဖြစ်သွားတာလဲ ? "

ကုံးရင့်ရှန် သူ့ကိုလျစ်လျူရှုကာ သူ့ကားဆီသို့ တန်းတန်းလျှောက်သွားသည်။

ရန်ရိ မျက်လုံးစွေလိုက်ပြီး အကူအညီမဲ့စွာ လိုက်သွားရ၏။

----------------

No notes but If you don't understand anything, ask me right away :0

အိုး ဝမ်းမုန်ရဲ့ တပည့်လေးတွေမသေဘူးတဲ့ တစ်ယောက်ပဲပြင်းပြင်းထန်ထန်ဒဏ်ရာရတယ် မနေ့ကတော့သေပြီ ထင်နေတာ

ပျော်လိုက်ကြပါဦး *clap clap clap

-----------------

- Lynx

- 25 10 2020

_______________

[ Zawgyi ]

ထိုသို႔ ေပါက္ကြဲမႈျဖစ္ပြားသြားခ်ိန္၌ ဒုတိယထပ္ျပတင္းေပါက္မွ တပ္သားႏွစ္ဦး ခုန္ခ်လာသည္။

ေပါက္ကြဲမႈအပိုင္းအစမ်ားႏွင့္ ေရာ၍ မီးေတာက္မီးလွ်ံမ်ားကေတာ့ သူတို႔ေက်ာ္ဘက္မွ ေျပးလိုက္လ်က္။

သူတို႔ ေခါင္းမ်ားကေျမႀကီးေပၚသို႔ လိမ့္က်ကာ ဆယ္မီတာအကြာအေဝးထိ လိမ့္စင္သြားၾကသည္။

လူအုပ္ကေျပးသြားကာ ထိုသူတို႔ကိုယ္ေပၚမွ မီးစမ်ားကို ႐ိုက္ကာၿငိမ္းသတ္ေပးၾကသည္။

ထိုသူထဲမွ တစ္ေယာက္က ေျခေထာက္က်ိဳးသြားကာ နာက်င္မႈျဖင့္ ေအာ္ညည္းေန၏။

" အျခားသူေတြေရာဘယ္မွာလဲ? "

႐ႊီက်င့္ စိုးရိမ္တႀကီးေမးသည္။

" ေခါင္းေဆာင္ဝမ္း....ေခါင္းေဆာင္ဝမ္းက လူေတြကိုဦးေဆာင္ၿပီး အဲ့ေနရာေလွကားကေနျပန္သြားတယ္ "

ထိုအခ်ိန္ ဝမ္းမုန္ႏွင့္ အျခားတပ္သားႏွစ္ဦးက လူနာတစ္ဦးကိုသယ္ကာ အေဆာက္အအုံအေနာက္ဘက္မွ ထြက္လာသည္။

သူတို႔မ်က္ႏွာမ်ားက ‌မည္းသည္းေနကာ ထိတ္လန႔္တုန္လႈပ္ေနေသာ အေျခအေနတြင္ရွိ‌ေနသည္။

လူတိုင္း စိတ္သက္သာရာရသြားၾက၏။

ေကာင္ေကာ အသံ ႐ုတ္တရက္ထြက္ေပၚလာသည္။

" မီး ဒီဘက္လာေနၿပီ၊

ေဟာ့ေပါ့ဆိုင္က မေတာင့္ခံႏိုင္ဘူး "

႐ႊီက်င့္ အမိန႔္ေပးလိုက္သည္။

" ေရပိုက္တစ္ပိုက္က မီးပ်ံ႕လာတာကာဖို႔ အေရွ႕ဘက္ကိုျဖန္း ၊ တပ္ဖြဲ႕သုံးဖြဲ႕က တစ္ဖြဲ႕စီေရပိုက္ႏွစ္ပိုက္နဲ႔ အေနာက္၊ ေတာင္၊ ေျမာက္  အရပ္သုံးမ်က္ႏွာကေန တိုက္မယ္၊ မီးကို‌ေသခ်ာဝိုင္းသတ္ၾက "

" ဟုတ္ကဲ့ ! "

ဘားက ေပါက္ကြဲသြားၿပီ။

ဒီအခ်ိန္ အထဲမွာ ရွင္က်န္သူ ရွိရွိ၊ မရွိရွိ သူတို႔ထပ္ဝင္သြားလို႔မရေတာ့ေပ။

အေဆာက္အအုံတစ္ခုမီးေလာင္တဲ့အခါ၊ တစ္ခါတရံ အေဆာက္အအုံကို တိုက္႐ိုက္ ေရျဖန္း၍မ‌ရ။

အဘယ္ေၾကာင့္ဆိုေသာ္ မီးၿငိမ္းသတ္ေရး၏ ပထမဦးစားေပးမွာ လူကယ္ဆယ္ရန္ ႏွင့္ မီးထိန္းခ်ဳပ္ရန္ ျဖစ္သည္။

မီးထိန္းခ်ဳပ္ျခင္းက ပ်ံ႕လာေသာမီးကိုထိန္းခ်ဳပ္ရန္ႏွင့္ မီးေလာင္သည့္ ဧရိယာတိုးမည္ကို တားဆီးရန္ျဖစ္၏။

ထိုအရာက စားပြဲဝိုင္းမီးေလာင္သည္ႏွင့္အလားတူ။

စားပြဲကို မီးသတ္၍မရႏိုင္လွ်င္ ထိုင္ခုံမ်ားကိုအရင္မီးသတ္ရမည္။ တစ္နည္းအားျဖင့္ စားပြဲႏွင့္ ထိုင္ခုံမ်ား မီးမကူႏိုင္ေတာ့ေပ။

အေဆာက္အအုံထဲ၌ လူမ်ားရွိေနလွ်င္ ပိတ္မိေနေသာ လူမ်ားအား အရင္ကယ္ဆယ္ရမည္။

ေရက ေသးငယ္ေသာဧရိယာကိုသာ အေအးခံႏိုင္သည္၊ လမ္းဖြင့္ကာလမ္းေၾကာင္းကိုကာေပးႏိုင္သည္။

သို႔ေသာ္ ဧရိယာအႀကီးကိုေတာ့ေရျဖန္း၍မရ၊ အေၾကာင္းမွာကား ေရဖိအားက မီးကိုဖိႏွိပ္၍မၿငိမ္းသတ္ႏိုင္ေသးခင္ မီးေလာင္သည့္ေနရာမွ အပူခ်ိန္ရာေက်ာ္ ျမင့္မားေသာ ေရေႏြးေငြ႕မ်ားကိုထုတ္လုပ္ၿပီး မီးအခင္းေနရာအား ႀကီးမားလွေသာ ေပါင္းအိုးႀကီးအျဖစ္ေျပာင္းလဲသြားေစသည္။

အကယ္၍ ကာကြယ္ေရးဝတ္စုံမ်ားဝတ္ဆင္ထားၾကလွ်င္ပင္ ထိုပတ္ဝန္းက်င္၌ ရွင္သန္ႏိုင္ရန္မလြယ္ကူ။

ၿပီးေနာက္ အေဆာက္အအုံမီးေလာင္မႈႀကီးက စတီးဘားမ်ားကို ပုံပ်က္ေစမည္။ ထိုအခ်ိန္သာ ေရျဖန္းလိုက္ပါက အပူအေအး ေျပာင္းစပ္မႈသည္ ပုံပန္းပ်က္ျခင္းကို ပိုမိုဆိုးဝါးေစၿပီး ေရအေလးခ်ိန္က ေက်ာက္ျပားအေလးခ်ိန္ကို တိုးသြားေစလ်က္ လမ္းေၾကာင္းၿပိဳက်မႈအႏၲရာယ္က ပိုလာေပသည္။

ေရေျမႇာက္ႏွင့္ ေရေသနတ္မ်ား အလုံးစုံဖြင့္ထားမည္ဆိုလွ်င္ အဓိပၸါယ္ကား ယင္းတပ္သားက အထဲ၌ရွင္က်န္သူမရွိ ၊သို႔တည္းမဟုတ္ ကယ္ဆယ္ႏိုင္ေခ် မရွိဟူ၍ ေတြးသည္သာျဖစ္ရလိမ့္မည္။

လူနာတင္ယာဥ္က ဒဏ္ရာရလူနာမ်ားႏွင့္ တပ္သားမ်ားကို တစ္ဦးၿပီးတစ္ဦး သယ္ေဆာင္သြားသည္။

မီးခိုးေရာင္ေခါင္းမ်ားႏွင့္ တပ္သားအုပ္စုက ဘားေရွ႕၌ရပ္ေနၾကၿပီး ေရပိုက္ႏႈတ္သီး မီးေတာက္မ်ားၾကားသို႔ဝင္သြားကာ မီးႏွင့္ေရ အခ်င္းခ်င္း တိုက္စစ္ဆင္လ်က္ ေရကမီးအားဖိႏွိပ္ပုံ၊ ေရ၏ ‌ေအးၿငိမ္းေစႏိုင္ေသာစြမ္းပကား၊ ႐ုန္းကန္တိုးႏွက္ေနပုံ ၊ လုံးေထြးသတ္ပုတ္ေနၾကပုံႏွင့္ အားတုအားၿပိဳင္ ယွဥ္ၿပိဳင္အႏိုင္တိုက္ေနပုံကို တိတ္ဆိတ္စြာၾကည့္ေနၾကသည္။

သူတို႔မသိဘူး၊ အထဲမွာအေလာင္းေကာင္ဘယ္ေလာက္မ်ား ရွာေတြ႕မလဲ ၊ ဒါမွမဟုတ္ ဘယ္သူမ်ား အလြန္အံ့ဩဖြယ္ေကာင္းစြာ ရွင္က်န္ရစ္ႏိုင္မလဲ...။

ဒီည ဘားသို႔လာၾကသူမ်ားက ေအာင္ပြဲခံဖို႔ ႏွင့္ ‌အနားယူပန္းေျဖၾကဖို႔ ျဖစ္သည္။

သူတို႔ ေမွ်ာ္မွန္းထားသည္က စိတ္ေက်နပ္မႈရရန္သာ။

အခ်ိဳ႕လူေတြအတြက္ ဘဝရဲ႕အဆုံးသတ္ျဖစ္လာၿပီး အျခားသူေတြအတြက္ ဘဝတစ္သက္စာ အိမ္မက္ဆိုးႀကီးတစ္ခုျဖစ္လာလိမ့္မယ္လို႔  ဘယ္သူကမ်ား‌ထင္ထားခဲ့ပါ့မလဲ။

ႏွစ္နာရီၾကာေသာ္ မီးၿငိမ္းသြားခဲ့သည္။

႐ႊီက်င့္ အျပင္ဘက္နံရံကိုၾကည့္လ်က္ ဘာၿပိဳက်မႈမွမရွိေတာ့သည္ကို ဆယ္မိနစ္အခ်ိန္ယူကာေလ့လာၿပီးမွ သူတို႔အား ေရေသနတ္မ်ား သယ္ေဆာင္လ်က္ က်န္ရွိေနေသးေသာ မီးမ်ားကို ျငႇိမ္းသတ္ရန္၊ မီးႂကြင္းမီးက်န္မ်ားကိုစစ္ေဆးရန္၊ ကယ္ဆယ္ရန္ျဖစ္ႏိုင္ေသးေသာ လူနာမ်ားႏွင့္‌ေသဆုံးသူမ်ားကိုရွာေဖြရန္ ေစလႊတ္လိုက္သည္။

အ႐ုဏ္တက္ခ်ိန္၌ ေက်ာက္အပိုင္းအစမ်ားေအာက္မွ အေလာင္း 27 ေလာင္းေတြ႕ရွိၿပီး ၎တို႔ကို ေျမျပင္တြင္ အတန္းလိုက္ေနရာခ်ထားေပးကာ ေဆးတပ္ဖြဲ႕ ထိုအေလာင္းမ်ားအား မည္သို႔‌ေျဖရွင္းမည္ကို ေစာင့္သည္။

အမ်ားစုက မီးခိုးအဆိပ္မိတာျဖစ္၍ သက္ဆိုင္ရာျပည့္စုံေသာ ကိုယ္ခႏၶာအျဖစ္အတည္ျပဳႏိုင္ၿပီး

မီးေလာင္သူမ်ား၊ ဖိႀကိတ္ခံရသူမ်ားႏွင့္ (အၿပိဳအပ်က္မ်ားၾကား) ျမႇဳပ္ႏွံခံထားရသူမ်ားကေတာ့ ေၾကာက္ခမန္းလိလိရႈျမင္ရသည္။

စစ္ရွစ္ေက်ာင္ သည္ေဘာင္ပဲက်န္ေတာ့သည့္အထိ ေလာင္ၿမိဳက္ခံလိုက္‌ရေသာ္လည္း ေဘးမွ ေဟာ့ေပါ့ဆိုင္ကေတာ့ ၎၏တစ္ဝက္ပင္မေလာင္သြားေပ။

ကံေကာင္းေထာက္မစြာ ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။

မီးေလာင္ကြၽမ္းသည့္အနံ႔အသက္မ်ားကေတာ့

မင္ရည္ဖိတ္ေမွာက္ထားသည့္ ေရအိုင္အလား မနက္ခင္းေလႏု‌ေလေအးမ်ားထံ ေပ်ာ္ဝင္‌သြားေပ၏။

တစ္ညလုံး တိုက္ခိုက္ (ၿငိမ္းသတ္) ၿပီးသည့္ေနာက္ ရန္ရိ သူရဲ႕ ပင္ပန္းႏြမ္းနယ္ေနေသာ တပ္သားမ်ားႏွင့္အတူ စခန္းသို႔ျပန္သည္။

လမ္းတစ္ေလွ်ာက္လုံး မည္သူမွစကားမေျပာေပ။

တစ္ခ်ိန္တစ္ခုအထိ မီးေလာင္တဲ့အေၾကာင္းအရင္းကို မသိရေသးေပမယ့္ ဘားကေတာ့ ယခုမေတာ္တဆမႈအတြက္ အလြန္တာဝန္ရွိသည္။

အသက္ကယ္လမ္းေၾကာင္းပိတ္ထားျခင္း၊ မီးဒဏ္မခံႏိုင္ေသာ ပစၥည္းမ်ားျဖင့္ တန္ဆာဆင္ထားျခင္း၊ ထို႔ျပင္ အဓိကအခ်က္,  မထိေရာက္‌ေသာ မီးသတ္ေရျဖန္းကိရိယာမ်ား အားလုံးေၾကာင့္ မီးအထိန္းအကြပ္မဲ့ကာ လူအမ်ားအျပားပိတ္မိေစခဲ့သည္။

စခန္းသို႔ျပန္ေရာက္ၿပီးေနာက္ အားလုံး ကိရိယာမ်ားခြၽတ္ၾက၊ ေရခ်ိဳးၾကကာ အတူတကြအနားယူၾကေတာ့၏။

ေရခ်ိဳးၿပီးေနာက္ ရန္ရိ အိပ္ရာထက္သို႔ အားအင္ခ်ိနဲ႔စြာ ပစ္လွဲၿပီး ဌာနခ်ဳပ္ကိုဖုန္းေခၚကာ အေျခအေနလွမ္းေမးလိုက္သည္။

29 ဦးအသက္ဆုံးသြားရၿပီး၊ 12 ဦးအျပင္းအထန္ဒဏ္ရာရရွိကာ 100 ဦးထက္ပိုေသာလူမ်ား အနည္းငယ္ဒဏ္ရာရၾကသည္။

သူတို႔ တပ္ဖြဲ႕သုံးဖြဲ႕လည္း တစ္ဖြဲ႕စီ ဒဏ္ရာအသီးသီးရၾက၏။

ေလာရွန႔္တပ္ဖြဲ႕မွ တပ္သားတစ္ဦးကေတာ့ ႀကီးႀကီးမားမား ဒဏ္ရာရသြားသည္။

ဖုန္းခ်လိုက္ၿပီးေနာက္ ရန္ရိ မိုဘိုင္းဖုန္းမ်က္ႏွာျပင္၌ သတင္းတက္လာသည္။ က်ိန္းေသေပါက္ ဘားမီးေလာင္မႈသတင္းသာ။

သူ ခဏတုံ႔ဆိုင္းသြားေသာ္လည္း ဖြင့္မၾကည့္‌ဘဲေနလိုက္သည္။

သူ မ်က္လုံးမ်ားမွိတ္လိုက္ၿပီး ႏြမ္းလ်စြာအိပ္ေပ်ာ္သြားေတာ့၏။

ေနာက္တစ္ေန႔ သူႏိုးလာေတာ့ ေန႔လယ္ပင္ေရာက္ေခ်ၿပီ။

ရန္ရိ ဗိုက္ဆာလာသ‌ျဖင့္ အံဆြဲထဲမွ အာလူးေၾကာ္တစ္ထုပ္ကိုယူကာ မထခ်င္သျဖင့္ အိပ္ရာေပၚလွဲေနရင္းျဖင့္ပင္ ပါးစပ္ထဲသို႔သာယူစားေနလိုက္သည္။

သူ႔စိတ္ထဲတြင္ေတာ့ မီးအခင္းေနရာမွ ပုံရိပ္မ်ားျဖင့္သာျပည့္ေနၿပီး ထိုအားျပင္းေသာမီးေတာက္မ်ား၊ ထိုအားငယ္ကာေမွ်ာ္လင့္ခ်က္မဲ့ေနေသာ မ်က္ႏွာမ်ား၊ ေနာက္ထပ္ ေဒါသပင္ထပ္မထြက္ႏိုင္ေတာ့ေသာ ထိုအေလာင္းမ်ား၊ သူ႔မ်က္လုံးမ်ားဝယ္ တဖ်တ္ဖ်တ္ ေပၚလာသည္။

သူ ဘယ္ေလာက္ပဲ မေတာ္တဆမႈမ်ားႏွင့္ ဒဏ္ရာရသူမ်ားကို ျမင္ဖူးေတြ႕ဖူးခဲ့ေသာ္ျငား ဒီလိုဝမ္းနည္းေၾကကြဲစရာမ်ားကေတာ့ သူ႔အတြက္ လက္ခံႏိုင္ရန္ ခက္ခဲလွသည္။

႐ုတ္တရက္ ရန္ရိရဲ႕ ဖုန္းျမည္လာကာ ယင္းက ႐ႊီက်င့္ ဆီမွျဖစ္၏။

ရန္ရိ သူ႔ခံစားခ်က္မ်ားကို ထိန္းသိမ္းလိုက္ကာ ဖုန္းေျဖဆိုလိုက္သည္။

" ကာကြယ္ေရးဦးစီးခ်ဳပ္ "

" ရန္ရိ မင္းနားၿပီးၿပီလား? "

" ကြၽန္ေတာ္ အဆင္ေျပပါတယ္ "

" မင္း တပ္သားေတြေရာ ဘယ္လိုလဲ? "

" သူတို႔ထဲက ႏွစ္ေယာက္ကေတာ့ေဆး႐ုံက ျပန္မလာၾကေသးေပမယ့္ အဆင္ေျပၾကပါတယ္ "

" ေကာင္းတာေပါ့ " ႐ႊီက်င့္ခဏနားသည္။

" ဒီမေတာ္တဆမႈက အေတာ္ဝမ္းနည္းဖို႔ေကာင္းတယ္ internet မွာေတာ့လူေတြရဲ႕ ထင္ျမင္ခ်က္ေတြအမ်ားႀကီးပဲ ၿပီးေတာ့ အျမင့္ပိုင္းအာဏာပိုင္ေတြကလည္း ဒီကိစၥကို ေတာ္ေတာ္ေလး အာ႐ုံထားေနတယ္၊ တာဝန္ရွိတဲ့သူေတြကိုလည္း တာဝန္ခံဖို႔ေျပာၿပီး မီးေလာင္တဲ့အေၾကာင္းရင္းကိုလည္း တတ္ႏိုင္သေလာက္ျမန္ျမန္ သိခ်င္ေနတယ္ "

ရန္ရိ တိုးဖြစြာ " အမ္ " ဟုအသံျပဳလိုက္ၿပီး

" ေဟာ္ေသ်ာင့္ မွာတိုးတက္မႈမရွိဘူးလား? "

[ T/N : Huô Diào - Fire adjustment - မီးသုံးသပ္ေရး | ေရွ႕အပိုင္းေတြမွာေျပာခဲ့သလိုပဲ fire adjuster ေတြက မီးေလာင္မႈအႂကြင္းအက်န္ေတြကေန သဲလြန္စရွာတာပါ , မီးေလာင္တာက အရာအားလုံး ပုံပ်က္သြားတယ္ဆိုေတာ့ အမႈေဖာ္ရတာအေတာ္ေလး ခက္ခဲပါတယ္ ]

" အႀကိဳခန႔္မွန႔္ခ်က္‌အရေတာ့ မီးက စားေသာက္ခန္းထဲ ဆိုဖာကစေလာင္တာ၊ ဒါေပမယ့္ အခင္းေနရာက ပ်က္စီးမႈအရမ္းမ်ားတယ္ ေလာေလာဆယ္ေတာ့ မေတာ္တဆမႈလား ရႈိ႕မီးလားဆိုတာ မဆုံးျဖတ္ႏိုင္ေသးဘူး

ဘားရဲ႕တာဝန္ရွိသူေတြကိုေတာ့ ထိန္းထားၿပီး ရဲဘက္ကလည္း ၾကားဝင္ေနၿပီ "

" ေဟာ္ေသ်ာင့္ ဘက္ကရလဒ္မထြက္ခင္ကတည္းက ရဲေတြပါေနၿပီလား? "

" ဟုတ္တယ္ ဘားပိုင္ရွင္က မီးရႈိ႕တာပါလို႔အခိုင္အမာေျပာၿပီး ေလ်ာေၾကးေပးဖို႔ျငင္းတယ္ ၊ ဒါေပမယ့္ မီးေလာင္တဲ့စားေသာက္ခန္းက အသက္ရွင္တဲ့သူတစ္ေယာက္ေျပာတာက စီးကရက္ေသာက္ၿပီး ခန္းစီးကို မေတာ္တဆ

မီးစြဲသြားတာတဲ့ "

" ပိုင္ရွင္က မီးရႈိ႕မႈလို႔ေျပာတယ္? "

" သူ႔သံသယကိုေတာ့ စုံစမ္းစစ္ေဆးေရးဖို႔ထားထားတယ္ ၊ ဒါေပမယ့္ အျခားသူက အလီဘိုင္ရွိတယ္ "

႐ႊီက်င့္ ေျပာလာသည္။

" ရန္ရိ ငါဖုန္းေခၚတာက မင္းကိုဝင္ပါေစခ်င္လို႔ "

" ... ...ဘာလို႔လဲ? "

" ငါတို႔ကာကြယ္ေရးဦးစီးဌာနရဲ႕ မီးထိန္းခ်ဳပ္ေရးတပ္ဖြဲ႕က အၿမဲတမ္း လူအင္အားနည္းတာ၊ ဒီႏွစ္ တစ္ေယာက္အၿငိမ္းစားယူသြားၿပီး ႏွစ္ေယာက္က နားရက္ယူထားတယ္ , ဒီမေတာ္တဆမႈရဲ႕ လူမႈေရးအက်ိဳးသက္ေရာက္မႈက အရမ္းႀကီးတယ္ အာဏာပိုင္ေတြက အခ်ိန္ကုန္အက်ိဳးရွိျဖစ္ေစခ်င္တယ္ ၿပီးေတာ့ဒီကယ္ဆယ္ေရးကလည္း မင္းတာဝန္ယူတဲ့အပိုင္းပဲ သူတို႔ထက္မင္းက အေျခအေနကိုပိုၿပီးနားလည္ပါတယ္

မင္း ရဲေတြနဲ႔အျပည့္အဝ ပူးေပါင္းၿပီး မီးေလာင္မႈအေၾကာင္းအရင္းကို ေဖာ္ထုတ္မယ္လို႔ ငါေမွ်ာ္လင့္တယ္ "

" ေကာင္းပါၿပီ "

" မင္း အခင္းေနရာကိုမနက္ျဖန္မနက္ 9 နာရီသြားရင္ ဒီကိစၥကို ကိုင္တြယ္ေနတဲ့ ဝန္ထမ္းလည္းလာလိမ့္မယ္ ၿပီးေတာ့ ငါမင္းအတြက္ မီးထိန္းခ်ဳပ္ေရးက အကူလႊတ္ေပးလိုက္မယ္ "

ဖုန္းခ်ၿပီးေနာက္ ရန္ရိ သက္ျပင္းခ်၏။

သူ မီးစုံစမ္းစစ္ေဆးေရးတပ္ဖြဲ႕၌ အလုပ္သင္ဆင္းဖူးသည္။

ဒီလုပ္ငန္းစဥ္ႏွင့္သာ အကြၽမ္းတဝင္ရွိသည္မဟုတ္ ၊ သူ႔မွာ အေဖသင္ျပေပးခဲ့ေသာ မီးစုံစမ္းေရးစြမ္းရည္မ်ားလည္းရွိသည္။

ဒီႏွစ္ေတြမွာ မီးသတ္အေတြ႕အႀကဳံမ်ားအရ သူကိုယ္တိုင္ကလည္း ကြၽမ္းက်င္ရင့္က်က္ေသာ စုံစမ္းစစ္ေဆးသူတစ္ေယာက္ျဖစ္၏။

တကယ္တမ္း၊ အခင္းျဖစ္ရာကို ျပန္သြားရျခင္းအား သူဘယ္ေသာအခါမွမႏွစ္သက္။

သူ႔အလုပ္ကိုက မီးစုံစမ္းစစ္ေဆးေရးဗ်ဴ႐ိုရယ္ ရဲဌာနရယ္နဲ႔ ဆက္ႏြယ္ေနေတာ့လည္း သူ႔မွာေ႐ြးခ်ယ္စရာမရွိ။

သို႔ေသာ္လည္း ဒီတစ္ေခါက္ သူစုံစမ္းစစ္ေဆးရမယ္လို႔ မထင္မွတ္ခဲ့‌မိေပ။

----------------

ေနာက္မနက္မွာ ရန္ရိ ပိတ္ဆို႔ထားၿပီျဖစ္ေသာ ဘားလမ္းသို႔ တစ္ေခါက္ ျပန္သြားရသည္။

သူ႔ရဲ႕ အေထာက္အထားလက္မွတ္ျပလိုက္ၿပီး၊ ရဲအတားအဆီးဝန္း အတြင္းသို႔ဝင္ကာ စစ္ရွစ္‌ေက်ာင္၏ အပ်က္အစီးမ်ားထံသြားလိုက္သည္၊ တစ္ခ်ိန္က ေအာင္ျမင္ခဲ့ေသာ ဘားႀကီးရဲ႕ ၿပိဳက်ပ်က္စီးေနၿပီျဖစ္တဲ့ နံရံကိုၾကည့္ကာ သူစိတ္မေကာင္းျဖစ္ရ၏။

ေက်ာဘက္မွ ေျခသံမ်ားၾကားလိုက္ရၿပီး သူလွည့္မၾကည့္ခင္မွာပင္ ရင္းႏွီးေသာအသံက ေအာ္ေျပာလာသည္။

" ေခါင္းေဆာင္ရန္ "

သူလွည့္လိုက္ေတာ့ စုန႔္ေပက သူ႔ဆီေလွ်ာက္လာသည္ကိုေတြ႕ရ၏။

သူအံ့ဩသြားရသည္က ကုံးရင့္ရွန္လည္းပဲ စုန႔္ေပႏွင့္အတူ ေလွ်ာက္လာေပ‌သည္။

အနားသို႔ေလွ်ာက္လာၾကၿပီး ရန္ရိ ႏွင့္ စုန႔္ေပ လက္ဆြဲႏႈတ္ဆက္လိုက္ၾကသည္။

" ေခါင္းေဆာင္ အလုပ္ႀကိဳးစားခဲ့တာပဲ " စုန႔္ေပ သက္ျပင္းခ်သည္။

" ဒါမင္းအတြက္တကယ္ မလြယ္လွဘူး "

" လုပ္သင့္တာကိုလုပ္ခဲ့တာပါ " ရန္ရိ ခါးသက္စြာၿပဳံးလိုက္သည္။

" ကြၽန္ေတာ္တို႔ ဘယ္ေလာက္ႀကိဳးစားခဲ့တယ္ဆိုတာက အေရးမႀကီးဘူး။ လူေတြ အားလုံးကို မကယ္ႏိုင္ခဲ့တာက စိတ္မသက္မသာအျဖစ္ရဆုံးပါ "

စုန႔္ေပ ရန္ရိပခုံးကိုပုတ္‌သည္။

" သဘာဝနဲ႔ ရႈိ႕မီးေတြ ၊ နည္းလမ္းမရွိဘူး၊ သိပ္ၿပီးေတာ့မေတြးပါနဲ႔ "

ရန္ရိ ေခါင္းညိတ္ကာ ကုံးရင့္ရွန္ဘက္ ေဝ့ၾကည့္လိုက္သည္။

စုန႔္ေပေျပာသည္။

" အို႔ ၊ ေရွာင္ကုံးက ဒီအမႈ ႀကိဳတင္စုံစမ္းစစ္ေဆးေရးအတြက္ တာဝန္ရွိတဲ့သူ၊ ငါ ဟုန္းဝူကာကြယ္ေရးဌာနခ်ဳပ္ကို  မီးသုံးသပ္စစ္ေဆးေရးမွာ ငါတို႔နဲ႔အတူပူးေပါင္းေပးဖို႔ မီးသတ္ကြၽမ္းက်င္တစ္ေယာက္ အကူအညီလွမ္းေတာင္းလိုက္တာ၊ သူတို႔မင္းကိုလႊတ္မယ္လို႔မထင္ခဲ့ဘူး၊ တိုက္ဆိုင္လိုက္တာ "

ရန္ရိ မ်က္လုံးမ်ားက ကုံးရင့္ရွန္ထံ တန္းတန္းမတ္မတ္အၾကည့္ပို႔လိုက္၏။

ကုံးရင့္ရွန္သည္လည္း ရန္ရိကို တည္ၿငိမ္ေသာမ်က္ႏွာထားျဖင့္ မ်က္ေတာင္မခတ္ၾကည့္ေနသည္။

" ဘာမွားလို႔လဲ ? " စုန႔္ေပက ရန္ရိအား သိခ်င္စိတ္ျဖင့္ေမးလိုက္သည္။

" အင္း, ‌ဝန္ထမ္းကုံးက အရမ္းငယ္ေသးေတာ့...."

" အိုး မင္းကသူအေတြ႕အႀကဳံမရွိမွာ စိုးလို႔လား ?

မစိုးရိမ္ပါနဲ႔ ေရွာင္ကုံးက မီးနဲ႔ဆက္ႏြယ္တဲ့ရာဇဝတ္စုံစမ္းေရးနည္းပညာ ကိုအထူးသင္ၾကားထားတာ ၊

ဒီလိုအေရးႀကီးတဲ့အမႈအတြက္ ငါတို႔ဌာနက ဘယ္သူမွသူ႔ေလာက္ကြၽမ္းက်င္မွာမဟုတ္ဘူး "

စုန႔္ေပေျပာသည္။

" ေရွာင္ကုံး မင္းေခါင္းေဆာင္ရန္နဲ႔ေသခ်ာ ပူးေပါင္းရမယ္ေနာ္ "

ကုံးရင့္ရွန္ေခါင္းညိတ္ကာ စိတ္မပါဘဲေျပာလာ၏။

" ဟုတ္ကဲ့ "

စုန႔္ေပ ရန္ရိကိုေဘးသို႔ဆြဲေခၚလိုက္သည္။

" ေခါင္းေဆာင္ရန္ ဒီလူငယ္ေလးက အမူအရာပိုတဲ့.....အဲ့တာ ၊ သူကဘယ္သူ႔ကိုမွပစ္မွတ္မထားဘူး ၊ မင္းႏွလုံးသား(စိတ္) ထဲသိပ္မထည့္ပါနဲ႔ ၊ မင္းေမးစရာေမးခြန္းရွိရင္ ငါ့ကိုေမး၊ ပိုၿပီးစိတ္ရွည္ေပးပါကြာ "

ရန္ရိ ကုံးရင့္ရွန္အား ၿပဳံးလ်က္ ၾကည့္လိုက္သည္။

" မစိုးရိမ္ပါနဲ႔ "

" အဲ့တာဆိုမင္းတို႔အလုပ္မ်ားလိုက္ၾကဦး၊ ငါကဒီလိုလမ္းႀကဳံဝင္လာတာဆိုေတာ့ ဘာမွေထြေထြထူးထူးကိစၥမရွိရင္ အရင္ျပန္ႏွင့္ေတာ့မယ္ "

" ႏႈတ္ဆက္ပါတယ္ ေခါင္းေဆာင္စုန႔္ "

စုန႔္ေပ ထြက္သြားၿပီးေနာက္၊ သူတို႔ႏွစ္ေယာက္စလုံး ေဘးခ်င္းကပ္ရပ္ေနၾကကာ တစ္ေယာက္ႏွင့္တစ္ေယာက္စိုက္ၾကည့္ေနၾကၿပီး ၊

ေလထုကလည္း အနည္းငယ္ ကို႔႐ို႕ကားယားႏိုင္ေနသည္။

ရင့္က်က္သူေတြက ဗီလိန္ေတြကို အမွတ္မထားတတ္ဘူး လို႔ေတြးရင္း ရန္ရိ ေခ်ာင္းအသာဟန႔္လိုက္သည္။

အလုပ္အတြက္ဆိုကာ သူေခါင္းရမ္းလိုက္ၿပီး

" သြားရေအာင္ အထဲဝင္ၿပီးတစ္ခ်က္ၾကည့္ၾကတာေပါ့ "

" ခင္မ်ားက မီးသတ္ကြၽမ္းက်င္ လား?"

ကုံးရင့္ရွန႔္ သံသယမ်ားျဖင့္ေမးလိုက္၏။

ရန္ရိ သေရာ္ၿပဳံး,ၿပဳံးလိုက္သည္။

" ငါမင္းကိုေမးခြန္းမထုတ္ဘူးေနာ္ မင္းငါ့ကိုေမးခြန္းထုတ္ရဲတယ္ေပါ့? ငါအသက္ငယ္ငယ္တုန္းကဆို မီးသတ္ကိရိယာေတြရဲ႕ ကန႔္သတ္ခ်က္ေတြကိုေတာင္အလြတ္တန္း ႐ြတ္ႏိုင္တယ္ "

" ခင္ဗ်ား ကြၽန္ေတာ့္ကို လြန္ခဲ့တဲ့ ငါးမိနစ္က ေမးခြန္းထုတ္ခဲ့တယ္ "

ရန္ရိ ျပန္ေျပာလိုက္သည္။

" အိုး ဒါဆိုေက်ၿပီေပါ့ သြားရေအာင္ ၊ ငါမင္းအတြက္ ေကာေဇာနီပါ ခင္းေပးဖို႔လိုေသးလား? "

ကုံးရင့္ရွန္ အပ်က္အစီးမ်ားအား ေဝ့ဝိုက္ၾကည့္လိုက္ကာ သူ႔မ်က္ဝန္းမ်ားကေတာ့ ေမွာင္မိုက္ေနသည္။

သူ႔ လက္ဆြဲအိတ္ထဲမွ mask ႏွင့္ shoe coversမ်ားထုတ္ကာ ဝတ္ဆင္လိုက္ၿပီးေနာက္ အခင္းျဖစ္ရာသို႔ ေလွ်ာက္လွမ္းသြားေတာ့သည္။

မီးသုံးသပ္ေရးက ခ်ိဳးဝမ္ကလည္း အထဲမွာ နမူနာေတြစုၿပီးေနၿပီး အျပင္ထြက္လာသည္။

" ေခါင္းေဆာင္ "

ရန္ရိ ေခါင္းညိတ္သည္။

" မင္းဘာသာမင္းအလုပ္လုပ္လိုက္ပါဦး ငါတို႔လိုရင္ မင္းကိုေခၚလိုက္မယ္ "

" ဟုတ္ကဲ့ "

ရန္ရိ ကုံးရင့္ရွန္ကို ေျပာလိုက္သည္။

" အေပၚတက္ၿပီး သြားၾကည့္မယ္ "

ကုံးရင့္ရွန႔္ ေဘးပတ္လည္ကိုၾကည့္ၿပီး ဓားသြားသဏၭာန္မ်က္ခုံးမ်ား တြန႔္ေကြးသြားသည္။

အလြန္တရာ သည္းခံထိန္းခ်ဳပ္ထားရသကဲ့သို႔။

အေပၚတက္သြားၿပီး၊ သူတို႔မီးေလာင္‌တဲ့ စားေသာက္ခန္းကိုေတြ႕သည္။

၎ေနရာ၌ မီးေလာင္မႈကသတ္မွတ္ခ်က္ေက်ာ္လြန္ကာ ဆိုဖာသည္ သစ္သားေဘာင္ကြပ္မ်ားသာက်န္ေတာ့လုနီးပါး၊ ခန္းစီးလိုက္ကာ သည္လည္း အပိုင္းအစမ်ားအျဖစ္သို႔ေလာင္ကြၽမ္းသြားၿပီး မ်က္ႏွာက်က္သည္ လုံးဝ အေရာင္ျပယ္လ်က္ မဲျပာေနေသာ နံရံအျဖစ္သာ ရွိေတာ့၏။

ရန္ရိ အခင္းေနရာအား ဂ႐ုတစိုက္ ေလ့လာသည္။

" ‌မီးခိုးဟပ္ထားတဲ့ V ပုံအမွတ္ကဒီမွာပဲ၊ မီးကဆိုဖာကျဖစ္သင့္တယ္ ဒါေပမယ့္ လြတ္ေျမာက္သြားတဲ့သူေျပာတာက လိုက္ကာက မီးစစြဲတာဆိုေတာ့..."

သူေမာ့ၾကည့္လိုက္သည္။

" chemical fiber လိုက္ကာ‌ေတြမီးစြဲရင္ မီးစက္၊မီးေျပာက္ ပုံစံေပၚၿပီး ၊ မီးစေတြက ေနရာတိုင္းမွာ အေျပာက္အက်ားေတြျဖစ္သြားတယ္၊

ဆိုဖာနဲ႔ ေကာေဇာေတြဆီ လြင့္စင္ၿပီး မီးေလာင္ေစမယ္ ၊ အမ္း ျဖစ္ႏိုင္ပါတယ္ ဒါေပမယ့္ ျပန႔္သြားတဲ့ေျခရာလက္ရာေတြက မွားေနတယ္ "

ကုံးရင့္ရွန္ ေလ့လာၾကည့္သည္။

" ဆိုဖာက ေရျမႇဳပ္နဲ႔သစ္ေစးစပ္သုံးထားတဲ့ ေရျမႇဳပ္ပုံစံျဖစ္ၿပီးေတာ့ မီးရည္စက္ေတြလြင့္စင္လို႔ မီး‌စြဲသြားတယ္ဆိုရင္ စစဦးဆုံး တစ္ေငြ႕ေငြ႕ေလာင္ေနမွာ၊ ဘာမီးေတာက္မွထြက္လာမွာမဟုတ္ဘူး ၊ မီးကလည္းအရမ္းျမန္ျမန္ပ်ံ႕သြားမွာမဟုတ္ဘူး "

" အင္း ၊ အရင္ဆုံး လိုက္ကာက မီးစေလာင္တယ္ပဲထား၊ မီးထေတာက္မယ္ ၊ မီးခိုးေငြ႕ေတြက အလယ္ ေလေအးေပးစက္ေလထြက္ေပါက္‌ကေနတစ္ဆင့္ ေလထုထဲပ်ံ႕သြားမယ္၊ မ်က္ႏွာက်က္ကိုမီးစြဲမယ္ ၊

ေနာက္ဆုံး မ်က္ႏွာက်က္ၿပိဳက်ၿပီး ဆိုဖာကိုမီးေလာင္ေစမယ္ အဲ့လိုမွပဲ ဒီလိုပုံစံမ်ိဳးျဖစ္ႏိုင္တာ။

လာ, အႀကီးဆုံးမီးေလာင္ရာက မ်က္ႏွာက်က္မွာပဲျဖစ္သင့္တယ္ "

‌ရန္ရိ ေခါင္းရမ္းၿပီး ‌ၾကမ္းေပၚမွ မ်က္ႏွာက်က္အျပားအက်ိဳးအပဲ့ကို ေကာက္ယူကာ ၎(အျပားစ) ကိုလွည့္လိုက္ၿပီး ကုံးရင့္ရွန္ကိုျပလိုက္သည္။

ရန္ရိ : " ေသခ်ာတယ္ အဲ့တာကၾကမ္းျပင္ကပဲ ၊ မီး‌ေလာင္ရာက အေပၚဘက္ကထက္ပိုႀကီး(ထူ) တယ္ ၊

ဆိုဖာက မီး‌စြဲတာလို႔ ေတြးၾကည့္ရင္ မီးက လိုက္ကာစကိုစြဲမယ္ ၊ အခန္းကိုလည္း မီးေလာင္တဲ့ေနရာမ်ားသြားေစမယ္၊ ၿပီးေတာ့ မ်က္မွာက်က္ကို မီးဟပ္မယ္  မီးခိုးဖ်ားကအေပၚဘက္တက္သြားမယ္  ဆိုဖာကိုဗဟိုျပဳၿပီး V ပုံသဏၭာန္ မီးေလာင္ရာေပၚလာမယ္ ၊ ေနာက္ဆုံး မ်က္ႏွာက်က္ ၿပိဳက်လာမယ္ ၊ ဒါမွဒီအခင္းေနရာနဲ႔အံဝင္ခြင္က်ျဖစ္တဲ့ ဇာတ္လမ္းပဲ "

ကုံးရင့္ရွန္ေျပာလာသည္။

" အဲ့ေတာ့ လိုက္ကာစကေန မီးစေလာင္တယ္ဆိုတာ လုံးဝမဟုတ္ဘူးေပါ့? "

" မဟုတ္ဘူး မီးထိန္းခ်ဳပ္ေရးဌာနက အႀကိဳခန႔္မွန္းတဲ့အတိုင္း  ဆိုဖာကပဲ "

ရန္ရိ ေျပာလိုက္သည္။

ရန္ရိ : " လြတ္သြားတဲ့သူကဘာျဖစ္လို႔လဲ? "

ကုံးရင့္ရွန္ : " အသက္ႏွစ္ဆယ္အ႐ြယ္ေက်ာင္းသူ တစ္ေယာက္၊ ေဆး႐ုံမွာပဲ ၊ ထိတ္လန႔္ေနၿပီး မွတ္ဉာဏ္ရႈပ္ေထြးေနတာျဖစ္မယ္ ၊  အခုေတာ့ သူတမင္တကာ လိမ္တာလားဆိုတာ မေသခ်ာေသးဘူး "

" ဒီမွာမီးအေထာက္အကူပစၥည္း အစအနမေတြ႕ရဘူး "

ရန္ရိ တစ္ဖက္လွည့္လိုက္သည္။

ရန္ရိ : " ဆိုဖာကဒီလိုမီးေလာင္သြားေတာ့ အခုငါမေတြ႕ရဘူး ၊ ဓာတ္ခြဲခန္းမွာစမ္းသပ္ဖို႔ နမူရာတစ္ခ်ိဳ႕ ယူသြားရဦးမယ္ "

ကုံးရင့္ရွန္ : " လမ္းေၾကာင္း ...မီးေလာင္တဲ့လမ္းေၾကာင္းမွာ အစအနတစ္ခုမွမေတြ႕ရဘူး "

ကုံးရင့္ရွန္ အခင္းေနရာ၏ လက္မတစ္ခုစီတိုင္းကို ၾကည့္သည္။ မမွတ္မိႏိုင္ေသာ အပ်က္အစီးပုံေအာက္တြင္ ေပ်ာ့ကာေအးေနေသာ အပိုင္းအစေသးေသးေလးတစ္ခု ကိုသူေတြ႕လိုက္ရ၏။

သူလက္အိတ္မ်ားဝတ္ထားလ်က္ ဂ႐ုတစိုက္ ၎(အစေလး) ကို သူ႔လက္ေပၚယူလိုက္ၿပီး စစ္ၾကည့္ရန္ ေနေရာင္ေအာက္သို႔ ထားလိုက္သည္။

" ဖန္စလား? " ရန္ရိေမးလိုက္သည္။

" အင္း ဖန္ခြက္ ျဖစ္ေလာက္တယ္ "

ရန္ရိ ပုံပ်က္ေနၿပီျဖစ္ေသာ ေကာ္ဖီ စားပြဲေအာက္မွ ခြက္တစ္လုံးကိုေကာက္ယူလိုက္သည္။

" ဒါက ဘားကခြက္ပဲ ၊ မင္းကိုင္ထားတဲ့ဖန္စက ဘာလဲမသိေပမယ့္ အစႏွစ္ခုရဲ႕ အရည္ေပ်ာ္အမွတ္ကကြားျခားတာသိသာၿပီး ပစၥည္းတစ္ခုတည္းမဟုတ္ဘူး "

" ပန္းကန္ ၊ ျပာခြက္ ဒါမွမဟုတ္ အျခားမီးဖိုေခ်ာင္သုံးပစၥည္းလည္းျဖစ္ႏိုင္တယ္ "

ကုံးရင့္ရွန္ေျပာသည္။

" ဒါေပမယ့္ ဒီပစၥည္းက ေကာ္ဖီစားပြဲနဲ႔ နည္းနည္းေဝးတယ္ ၊ ဆိုဖာေအာက္ကေတြ႕တာ ၿပီးေတာ့ ကြဲထားၿပီးသားပဲ၊ အခု ဘားမွာရွိတဲ့ စားပြဲတင္ပစၥည္းအမ်ားစုက က်ကြဲတာခံႏိုင္တယ္ အင္း အထူးသျဖင့္KTV ဘားေတြလိုမ်ိဳး "

ရန္ရိ ေျပာလိုက္သည္။

" ဒါကနည္းနည္း သံသယျဖစ္စရာေကာင္းတယ္ ၊ ငါေရွာင္ခ်ိဳးကိုေပးၿပီး ဓာတ္ခြဲခန္းမွာ စစ္ေဆးခိုင္းလိုက္မယ္ "

ႏွစ္ေယာက္ ထပ္မံစစ္ေဆးၾကေသာ္လည္း ဘာပစၥည္းအသစ္မွ ထပ္မေတြ႕ၾကသျဖင့္ ေအာက္ျပန္ဆင္းၾကသည္။

ရန္ရိက ခ်ိဳးဝမ္ ကိုနမူနာပစၥည္းေမးေနၿပီး ကုံးရင့္ရွန္ကေတာ့ အျပင္သို႔အလ်င္အျမန္ေလွ်ာက္ထြက္သြား၏။

ရန္ရိ ေနာက္ကလိုက္သြားသည္။

" ေဟး နမူနာပစၥည္းဘယ္မွာလဲ ? "

ကုံးရင့္ရွန္က သူ႔(ရန္ရိ) ကိုေက်ာေပးထားၿပီး သူ႔mask ကိုေျဖးေျဖးခြၽတ္ကာ ဘာမွမတုံ႔ျပန္ေပ။

ရန္ရိ သူ႔(ကုံးရင့္ရွန္) ေရွ႕သို႔‌သြားရပ္လိုက္သည္။

" အဲ့တာ..."

ရန္ရိ လႈပ္ရွားမႈမဲ့သြားသည္။

ကုံးရင့္ရွန္မ်က္ႏွာက ျဖဴေလ်ာ္ေနၿပီး ႏႈတ္ခမ္းမ်ားက ေသြးမရွိေတာ့သေယာင္။ သူ႔ႏွဖူးက ေခြၽးေစးမ်ားျဖင့္႐ႊဲေနကာ ‌လူကျပင္းထန္စြာေမာဟိုက္ေနၿပီး

သူပုံစံက အနည္းငယ္အားနည္းလ်က္ သနားခ်င့္စဖြယ္ျဖစ္ေနသည္။

သူ(ရန္ရိ) ေတာင့္တင္းသြားေတာ့၏။

" မင္းအဆင္ေျပရဲ႕လား? ဘာျဖစ္တာလဲ? "

ကုံးရင့္ရွန္ ေခါင္းရမ္းကာ ဖန္စကိုသူ႔အားေပးလာၿပီးေနာက္ ကိုယ္ကိုေ႐ြ႕သြားေတာ့ ရန္ရိ လက္ေမာင္းကိုလွမ္းဆြဲလိုက္သည္။

" မင္းဘာျပႆနာရွိလို႔လဲ? မင္းေႏြရာသီႀကီးမွာmask ေတြ လက္အိတ္ေတြဝတ္ထားတာ အပူရွပ္မွာမသိဘူးလား? "

ကုံးရင့္ရွန္သူ႔ဘက္ေခါင္းလွည့္လာၿပီး သူ႔ကိုစိုက္ၾကည့္ကာ တစ္ခုခုေျပာဖို႔ပါးစပ္ဟလာေသာ္လည္း ပိုၿပီးေတာ့သာ ေမာဟိုက္၍ ကတုန္ကယင္ျဖစ္လာသည္။

ရန္ရိ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

" ဘာလို႔ငါ့ကိုလာစိုက္ၾကည့္ေနတာလဲ ၊ စိုက္ၾကည့္ေနၿပီးေတာ့ ရွင္းျပႏိုင္မွာမို႔လား? ဘာလို႔လဲငါကအရမ္းေခ်ာေနလြန္းလို႔မ်ား ၾကည့္လို႔မဝျဖစ္ေနတာလား? "

ကုံးရင့္ရွန္ ႐ုတ္တရက္ဗိုက္ထဲမွထိုးတက္လာၿပီး အန္ခ်လိုက္ေတာ့၏။

ရန္ရိ မ်က္ႏွာက ျဖဴစုတ္သြားကာ အရွက္ခြဲခံရသလို ခံစားလိုက္ရသည္။

ကုံးရင့္ရွန္ လက္ေနာက္ျပန္၍ ရန္ရိလက္ေမာင္းအား စုပ္ကိုင္ထားသည္။

အလြန္မ်ားေသာအင္အားျဖင့္ လက္ေမာင္းကိုျပာႏွမ္းသြားေစလ်က္။

ရန္ရိ အံကိုတင္းကာ စကားတစ္လုံးမွမထြက္လာဘဲ နာက်င္မႈကိုသာ ေတာင့္ခံထားရသည္။

ကုံးရင့္ရွန္ သူ႔ပုံစံအား ျပန္တည္လိုက္ကာ တိုးညင္းစြာေျပာသည္။

" ေရ "

ရန္ရိ ႐ုတ္တရက္ေျပာလိုက္သည္။

" ေရွာင္ခ်ိဳး ကားထဲမွာ ေရနဲ႔ (တစ္ရႉး) စကၠဴေတြရွိရင္ သြားယူေပးပါ "

သူ ကုံးရင့္ရွန္အား အရိပ္ရွိရာသို႔လမ္းေလွ်ာက္ရန္ ကူေပးလိုက္သည္။

" လာပါ မင္းအရင္ထိုင္ေနလိုက္ "

မၾကာခင္ ခ်ိဳးဝမ္ ေရႏွင့္ သန္႔ရွင္းေရး စကၠဴမ်ားယူလာၿပီး ရန္ရိအား အေမးမ်က္လုံးမ်ားျဖင့္ၾကည့္သည္။

ရန္ရိ ႏႈတ္ခမ္းမ်ားတင္းလိုက္ကာ ေခါင္းရမ္းၿပီး စိတ္ဖိစီးေနပုံေပၚသည္။

" ဒီမွာ " ရန္ရိ ပစၥည္းေတြကို ကုံးရင့္ရွန္ထံကမ္းေပးလိုက္သည္။

ကုံးရင့္ရွန္ ေရသန္႔တစ္ဘူးလုံးနီးပါးကို ပါးလုတ္က်င္းရန္သုံးလိုက္ၿပီး ေရသန႔္ႏွစ္ဘူးကို ပါးစပ္အစပ္နားႏွင့္ အန္ဖတ္မ်ားစင္သြားေသာ ေဘာင္းဘီရွည္အားသန႔္ရွင္းရန္သုံးလိုက္သည္။

ရန္ရိလည္း သူ႔ဖိနပ္ကို စကၠဴျဖင့္သုတ္ၿပီး

wet-tissues မ်ား၊ ပိုးသတ္စပေရးဘူး၊ masksမ်ား၊ လက္အိတ္မ်ား ၊ သူ႔(ကုံးရင့္ရွန္) လက္ဆြဲအိတ္ထဲမွ ေဆးပုလင္းမ်ားထုတ္ေနသည့္ ကုံးရင့္ရွန႔္ကို မ်က္လွည့္ျပေနသည့္ႏွယ္ ၾကည့္ရင္း အႏုပညာရဲ႕ လက္မႈအတတ္ပညာကို ရႈျမင္ခံစားေနရသကဲ့သို႔ပင္ရွိေခ်၏။

သူ(ကုံးရင့္ရွန္) သူ႔ကိုယ္သူထပ္ကာထပ္ကာ သန႔္ရွင္းသည္၊ ေနာက္ဆုံး ေဆးေသာက္ကာ ၊shoe covers မ်ားအားလႊင့္ပစ္လိုက္ၿပီး masksအသစ္ႏွင့္ လက္အိတ္အသစ္မ်ားတပ္သည္။

ရန္ရိ ကုံးရင့္ရွန္ ကိုၾကည့္ေနရင္းျဖင့္ပင္ သူ႔အစားပင္ပန္းလာ၏။

" မင္းဘယ္ငရဲမ်ားေရာက္ေနတာလဲ! "

" ကြၽန္ေတာ္ မီးကိုမုန္းတယ္ " ကုံးရင့္ရွန္ ရန္ရိအား စိုက္ၾကည့္သည္။

ရန္ရိ မ်က္ေစာင္းထိုးလိုက္ၿပီး :

" မင္းငါ့ကိုမ်ား မလိုမုန္းထားျဖစ္ေနတာလား? ဒီနာမည္ကို ငါ့ဘာသာမွည့္ထားတာမဟုတ္ပါဘူးကြ "

[ T/N : ဟားဟားဟား ရန္ရိ နာမည္က *four fires* ဆိုေတာ့ မီးပဲေလ၊ ဟိုက အတည္ေျပာတာကို ႐ႊတ္ေနာက္ေနာက္နဲ႔ ]

ကုံးရင့္ရွန္ ထရပ္လိုက္သည္။

" ကြၽန္ေတာ္နဲ႔ ေဆး႐ုံလိုက္ခဲ့ "

" ဘယ္အခ်ိန္ကမ်ား ငါ့ကိုအမိန႔္ေပးတဲ့သူက မင္းျဖစ္သြားတာလဲ ? "

ကုံးရင့္ရွန္ သူ႔ကိုလ်စ္လ်ဴရႈကာ သူ႔ကားဆီသို႔ တန္းတန္းေလွ်ာက္သြားသည္။

ရန္ရိ မ်က္လုံးေစြလိုက္ၿပီး အကူအညီမဲ့စြာ လိုက္သြားရ၏။

----------------

No notes but If you don't understand anything , ask me right away :0

အိုး ဝမ္းမုန္ရဲ႕ တပည့္ေလးေတြမေသဘူးတဲ့ တစ္ေယာက္ပဲျပင္းျပင္းထန္ထန္ဒဏ္ရာရတယ္ မေန႔ကေတာ့ေသၿပီ ထင္ေနတာ

ေပ်ာ္လိုက္ၾကပါဦး *clap clap clap

-----------------

- Lynx

- 25 10 2020