Chapter 10

Translator - Lynx | Editor - Kellow

{ Unicode }

_____

ရန်ရိ ပြောခဲ့သလိုပဲ လမ်းမှာ ယာဉ်ကြောပိတ်ပြီး သူတို့ အမြန်နှုန်းတစ်ခုဖြင့်သာ ရွေ့လျားရသည်။

ရန်ရိ စားပြီးသွားတော့ သူ့မှာဘာမှလုပ်စရာမရှိ။

ကားထဲတွင် တစ်ယောက်အသက်ရှူသံ တစ်ယောက်ကြား နိုင်ပြီး  လေထုကလည်း လုံးဝကိုမျက်နှာပူစရာဖြစ်နေသည်----အနည်းဆုံးတော့ ရန်ရိအဲ့လိုထင်၏။

သူက အေးစက်နေတာကိုမခံနိုင်သော လူစားမျိုးဖြစ်သည်။ သူချောင်းဟန့်လိုက်ကာ :

" သီချင်းဖြစ်ဖြစ်နားထောင်မလား?"

ကုံးရင့်ရှန် အဖွင့်ခလုတ် ကိုနှိပ်လိုက်သည်။

ရေဒီယိုမှ အသံခပ်လေးလေးနဲ့ နင်နက်ရှိုင်းရှိုင်းရှိလှ​သော classic song လွှင့်နေလျက်။

"..."

ရန်ရိပြောလိုက်သည်။ " ဒါမှမဟုတ် ပိတ်လိုက်မလား "

ကုံးရင့်ရှန် သူ့ကိုမျက်စောင်းထိုးကာ သူ့မျက်လုံးများက

" သောက်ပြဿနာချည်းပဲ " ဟုပြောနေသယောင်။

ထို့နောက်တော့ သူ(ကုံးရင့်ရှန်) လက်ဆန့်ကာ ပြန်ပိတ်လိုက်သည်။

အချိန်အကြာကြီးနှုတ်ဆိတ်နေပြီးသည့်နောက် ရန်ရိ ထပ်ပြောပြန်သည်။

" မင်းသံယရှိသူတွေရဲ့ ထွက်ဆိုချက်တွေစုနေတာလား? ဘားပိုင်ရှင်က သူ့ကိုတစ်ယောက်ယောက်က ထိခိုက်စေချင်တာလို့ပြောတယ်မဟုတ်ဘူးလား? "

" ကောင်းပြီ ပိုင်ရှင်ပြောတာဖြစ်နိုင်ပါတယ် အခုတော့ နှစ်ယောက်က အပြိုင်ဖြစ်နေပြီး တစ်ယောက်က အလီဘိုင်ရှိတယ် တစ်ယောက်ကမီးလောင်တဲ့အချိန်မှာ သူ့ဘားမှာပဲအလုပ်လုပ်နေတယ် အတည်ပြုချက်တွေအများကြီးပဲ "

" ဘာလို့ ဘားရဲ့ကယ်ဆယ်ရေးလမ်းကြောင်းက ပိတ်ထားတာလဲ? "

" ပွဲဝင်ခွင့်လက်မှတ်မပေးဘဲ အလစ်ဝင်တဲ့သူတွေကိုတားဖို့ ၊ ဝန်‌ထမ်းတွေကပိတ်ထားတာ တစ်နှစ်ကျော်နေပြီ "

" လတ်တလောသက်သေအရတော့ မီးရှို့တာနဲ့မတူဘူး "

ကုံးရင့်ရှန်ခေါင်းညိတ်သည်။

" ဒါပေမယ့် အခုတော့အမိန့်ချလို့မရသေးဘူး။

သံသယရှိသူက လူသိရှင်ကြား သူ့ဘားကိုမီးရှို့မယ်လို့ ခြိမ်းခြောက်ဖူးတော့ မီးရှို့မှုလည်း ဖြစ်နိုင်ချေရှိတယ် "

ရန်ရိ တစ်ခဏတွေးလိုက်ပြီး :

" ခိုင့်ဝမ်က ပိုပြီးတော့ သံသယဖြစ်စရာကောင်းတယ် "

" သူ(မ) ဆီးစစ်ချက်အဖြေကိုစောင့်တာပေါ့ ဒီရက်တွေထဲ ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေရှာပြီး ဝန်ခံချက်တွေသိမ်းထားရဦးမယ် နောက်ပြီး ကြည့်စရာ စောင့်ကြည့်ရေးတွေလည်းရှိတယ် "

ကုံးရင့်ရှန် ပြောပြီးသည်နှင့် မသိစိတ်က မျက်ခုံးများကိုပွတ်လိုက်သည်။

သိသိသာသာ အလုပ်ဝန်ပိလျက်။

" မင်းဘာလို့ရဲဖြစ်လာတာလဲ? "

ရန်ရိ လွှတ်ခနဲထွက်သွားပြီးသည့်နောက် နောင်တရသွားသည်။

သူသိချင်နေတာ ကြာနေပြီပေမယ့်လည်း သူ့နဲ့ဘာမှမဆိုင်။

ကုံးရင့်ရှန်က အရမ်းထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သောကြောင့်သာ လူတွေစပ်စုချင်ကြခြင်းပေ။

သေချာ‌တာပေါ့၊ ကုံးရင့်ရှန်က တိတ်ဆိတ်နေပြီး ရန်ရိသူ့ကိုယ်သူ စိတ်လေလာသည်။

ထိုအချိန်၌ ကုံးရင့်ရှန်ဖုန်း မြည်လာပြီး ရန်ရိကို အချိန်ကိုက် ကယ်ဆယ်လိုက်လေသည်။

" Hello "

ကုံးရင့်ရှန် ဖုန်းဖြေလိုက်သည်။

" ကျွန်တော် ညနေပြန်မစားတော့ဘူး ၊ အမ် ၊ မဟုတ်ဘူး ၊ အမ် ၊ သိပါတယ် ၊ ကောင်းပြီ ၊ ကောင်းပြီ "

ရန်ရိ ကုံးရင့်ရှန်ကို တိတ်တခိုးကြည့်လိုက်သည်။

ကုံးရင့်ရှန် လေသံက သူ့(ရန်ရိ) ကိုမျက်နှာချင်းဆိုင်သောအခါများနှင့် ထူးမခြားနားပေ။

ဒါက သူ့မိသားစုကို စကားပြောတဲ့ပုံစံပင်ဖြစ်၏။

ဖုန်းချလိုက်ပြီးနောက် ကုံးရင့်ရှန်ပြောလာသည်။

" ရှေ့မှာ ခင်များစခန်းပဲ "

" oh "

ကုံးရင့်ရှန် ကားကိုလမ်းဘေးတစ်ဖက်တွင် ရပ်လိုက်၏။

ရန်ရိပြောသည်။

" ဟော်သျောင့် ဓာတ်ခွဲခန်းကတစ်ခုခုသတင်းထူးရင် ငါမင်းကိုအသိပေးမယ် မင်းတစ်ခုခုတွေ့ရင်လည်း လွတ်လွတ်လပ်လပ်ဆက်သွယ်ပါ "

ကုံးရင့်ရှန် ခေါင်းညိတ်သည်။

ရန်ရိ ကားထဲကထွက်လိုက်ပြီး သူနှုတ်ဆက်ချင်သော်လည်း အရမ်းကြီးစိတ်ပါနေသလိုမျိုးမဖြစ်ချင်။

‌နောက်ပြီးတော့ ကုံးရင့်ရှန်ကလည်း သူ့ကိုအေးစက်နေတာပဲ။

သူနှုတ်ခမ်း တင်းတင်းစေ့လိုက်ရင်း ပြန်လှည့်မကြည့်ဘဲ ထွက်သွားလိုက်သည်။

-------

သူစခန်းပြန်ရောက်တော့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ဝာာဝန်မှပြန်လာသောသူများနှင့် ဆုံသည်။

ရန်ရိ မေးလိုက်သည်။

" ဘယ်လိုလဲ? ဘာတာဝန်မျိုးများလုပ်ခဲ့ရလဲ? "

ကောင်းကယ် ပြောသည်။

" ကလေးလေးတစ်ယောက် anti-thief ဇကာမှာ ခေါင်းညှပ်နေလို့။ ငါတို့လည်းရောက်ရော သူကသီချင်းတောင်ဆိုပြလိုက်သေးတယ် ရယ်ရတာကွာ "

လျိုဟွေး ပြုံးပြီးပြောလာသည်။

" ဟုတ်တယ် သူ့မိဘတွေကလည်းအရမ်း ပျော်တတ်တယ်။ ကျွန်တော်တို့ကို မုန်လာဥခြောက်တစ်ဘူးပေးပြီးတော့ ပြန်ကိုမလွှတ်ဘူး "

သူ(လျိုဟွေး) ဖန်ဘူးကြီးကို ကိုင်ထား၏။

" ညကျရင်စားဖို့ လက်လုပ်ချဥ်တွေရပြီ "

"အေးပါ မင်းအကြိုက်ပြောင်းကြည့်ပေါ့ "

ရန်ရိ စွန်းတင့်ရိအား ထပ်မေးလိုက်သည်။

" မင်းကရော? "

စွန်းတင့်ရိ အေးစက်စက်အပြုံးမျိုး ပြုံးလိုက်ကာ :

" အမှိုက်ပုံး မီးလောင်တာ "

" ပြီးတော့ရော? "

" ကံကောင်းလို့ပဲ ငါတို့အနှေးနဲ့အမြန်ရောက်သွားတော့ မီးငြိမ်းသွားတယ် "

" ဟားဟားဟားဟား-- "

ချွီယမ်ပေါင် အပေါ်ထပ်မှလှမ်းခေါ်သည်။

" မင်းတို့အားလုံးပြန်ရောက်ပြီလား? အစည်းအဝေးလာကြ "

လူအားလုံး အစည်းအဝေးခန်းထဲထိုင်ပြီးတော့ ချီယန်ပေါင်ကပြောသည်။

" ဒီနေ့ အသိပေးစရာတစ်ခုရှိတာက ငါတို့မကြာခင် တပ်သားအသစ်တွေကြိုဆိုရမယ်၊  သုံးယောက် "

တစ်ချို့က စားပွဲကိုပုတ်ကာ တစ်ချို့ကတော့ လက်ခုပ်တီးကြပြီး လျိုဟွေး ကစိတ်လှုပ်ရှားလျက်ပြောလာသည်။

" ကျွန်တော်ကြားတာ မိန်းကလေးပါတယ်ဆို?တကယ်ပဲလား? "

" တကယ်! မိန်းကလေးလား ?!"

လူအုပ်စုသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။

ရန်ရိ ချောင်းသံပြင်းပြင်း ဟန့်လိုက်သည်။

ချွီယမ်ပေါင် ပြောလိုက်သည်။

" ဟုတ်တယ် ငါတို့ ဖီးနစ်အထူးဝန်ဆောင်မှုစခန်းရဲ့ ပထမဆုံး အမျိုးသမီးတပ်သားကိုကြိုဆိုရမှာ "

အခန်းတွင်း၀ယ် အားပေးသံများထွက်လာ၏။

" မင်းတို့က ဘာကိုစိတ်လှုပ်ရှားနေကြတာလဲ ? "

ရန်ရိ တည်ကြည်လေးနက်စွာပြောလိုက်သည်။

" အစည်းအဝေးခန်းထဲမှာ စည်းကမ်းကိုအာရုံထားကြ "

ရန်ရိက အမြဲတမ်းဖော်ရွေပြီး သူတို့နှင့် ညီအစ်ကိုတွေအလား။

သို့သော် ရန်ရိ လေးလေးနက်နက်နှင့် မျက်နှာတည်သွားသည်နှင့် ဘယ်သူမှပြသနာမလုပ်ရဲကြ၊ အကြောင်းမှာ ရန်ရိက အလုပ်ကိစ္စများနှင့်ပတ်သက်လာရင် ပေါ့တန်တန်လုပ်ခွင့်မပြုမှန်း သူတို့သိထားကြ၏။

ချွီယမ်ပေါင် ရန်ရိကိုတစ်ချက်ကြည့်ကာ စကားဆက်သည်။

" မိန်းကလေးတပ်သားက စစ်သားဘ၀ကတည်းက မီးသတ်မှာတာ၀န်ထမ်းခဲ့တယ် စစ်တပ်ကထွက်တော့ တက္ကသိုလ်တက်ခဲ့တယ်။

ပြီးတော့ ပြည်သူ့ရဲတက္ကသိုလ်ကနေ မီးကွပ်ကဲမှုအဓိကနဲ့ ကျောင်းဆင်းခဲ့တယ် သူ(မ) ကငါတို့ ဂျူနီယာ။ တိုတိုပြောရရင် ကျွမ်းကျင်တဲ့မီးသတ်သမား တစ်ယောက်ပဲ "

ရန်ရိ စကားလမ်းကြောင်း လိုက်သည်။

" ငါတို့နိုင်ငံမှာက အမျိုးသမီးမီးသတ်သမား ရှားတယ် သူ(မ) ရောက်လာတာက ငါတို့စခန်းအတွက် သက်ရောက်မှုအချို့တော့ကျိန်းသေ ရှိမှာပဲ။

ငါမင်းတို့ကို ဒီအစည်းအဝေးကနေ သတိပေးစရာအချက်တွေရှိတယ်။

ပထမအချက် ဘယ်သူပဲဖြစ်ဖြစ် ဒီ lesbian ကို အလေးအနက်မထားတာ ဒါမှမဟုတ် မလေးမစားစကားတွေ၊ အပြုအမူတွေ လုပ်ခဲ့ရင် ငါသိတာနဲ့ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ် "

အားလုံး တိတ်ဆိတ်စွာ နားထောင်နေကြသည်။

" ဒုတိယအချက် အလုပ်နဲ့ ဘ၀မှာ တစ်ယောက်ကိုတစ်ယောက် သာတူညီမျှဆက်ဆံဖို့ ငါတို့အကောင်းဆုံးကြိုးစားရမယ် ဒါပေမယ့် လိင်ကွဲပြားတာတွေက နောက်ဆုံးတော့ တကယ့်အမှန်တရားပဲ ၊ ငါတို့ သူ(မ) ကို သင့်တင့်လျောက်ပတ်မှု တွေးခေါ်နိုင်မှုတွေ တတ်နိုင်သမျှပေးရမယ် ငါတို့ မိန်းကလေးတပ်သားကို ဂရုမစိုက်ဘူး ၊ ဒါပေမယ့် ငါတို့ ယောက်ျားတွေအနေနဲ့ လူကြီးလူကောင်းဆန်တဲ့သူတွေလည်းဖြစ်ရမယ်.. "

" တတိယအချက် သူ(မ) က ငါတို့စခန်းကိုလာတာ ၊ ငါတို့က သူ(မ) ဒီပတ်၀န်းကျင်မှာ ကျင့်သားရပြီး ပေါင်းစပ်နိုင်ဖို့ တတ်နိုင်သလောက်ကူညီပေးရမယ့် မိသားစုပဲ နားလည်ကြလား? "

အားလုံး တစ်သံတည်း အော်လိုက်ကြသည်။

" နားလည်ပါတယ်! "

" မေးစရာရှိသေးလား? "

စွန်းတင့်ရိ လက်ထောင်သည်။

" ပြော "

" ခေါင်းဆောင်ရန် ဆရာသူကိုရည်ရွယ်မထားဘူးမလား လွှတ်ဖို့..." စွန်းတင့်ရိ ပြုံးသည်။

" ရှေ့တန်းကိုလွှတ်ဖို့လေ ?"

" ဟုတ်တယ် ခေါင်းဆောင် "

စွေ့ရိရှောင်း ပြောလာသည်။

" ကျွန်တော်တို့ lesbian တွေကို နွေးနွေးထွေးထွေးကြိုဆိုပေမယ့် ယောက်ျားတွေကိစ္စမှာ ၀င်မပါခိုင်းပါနဲ့ "

ရန်ရိ ပြောလိုက်၏။

" မင်းတို့ အဲ့တာတွေစိုးရိမ်ဖို့မလိုပါဘူး။ လုပ်သင့်တာပဲလုပ်ပါ "

" ဟုတ်ကဲ့ "

----------------

နောက်တစ်နေ့မနက်၌ မီးသတ်တပ်သား ၃ ယောက် အကြောင်းကြားရန် ရောက်လာကြသည်။

သူတို့အတွက် ချွီယမ်ပေါင်က လေ့ကျင့်ခန်းထဲ၌ အသေးစားကြိုဆိုပွဲလေး ကျင်းပပေး၏။

လူငယ်မီးသတ်သမားလေးများကတော့ မိန်းကလေးမီးသတ်သမားအသစ် -- လီဆ အားတိတ်တိတ်ခိုးကြည့်ကြလျက်။

သူ(မ) ကအရပ်ရှည် ၊ ပိန်သွယ်ကာ (ခန္ဓာကိုယ်) ဖြောင့်မတ်ပြီး သေသပ်သောဆံပင်တို ၊ ဖြောင့်တန်းသော မျက်ခုံးများနှင့် သူရဲကောင်းဆန်ဆန်အငွေ့အသက်များဖြင့်ပြည့်နှက်နေသည်။

သူ(မ) မိတ်ကပ်လည်းဖို့မထား၊ မိန်းမမဆန်သည့် လေ့ကျင့်ရေးဝတ်စုံကိုသာ ၀တ်ထားပါသော်ငြား သူ(မ) က လှပသောမိန်းကလေးတစ်ယောက် ဖြစ်နေဆဲပင်။

ရန်ရိ သူတို့တပ်ဖွဲ့အကြောင်း အသစ်လေး ၃ယောက်အား မိတ်ဆက်ပေးလိုက်သည်။

" ငါတို့ ဖီးနစ်တပ်ဖွဲ့စခန်းမှာ ၃၂ နှစ်တာ သမိုင်းကြောင်းရှိတယ် နံပါတ် ၃၇၊ ဟုန်း၀ူနယ်မြေမီးသတ်ကာကွယ်ရေးဌာနနဲ့သက်ဆိုင်တယ်။

အထူးတပ်ဖွဲ့ ဆိုတဲ့ အမည်ကိုချီးမြှင့်ခံခဲ့ရတဲ့အုပ်စုပဲ။ ငါတို့တပ်ဖွဲ့ရဲ့ သမိုင်းကြောင်း ၊ အဓိကပွဲတော်တွေအကြောင်းကို တပ်ဖွဲ့သမိုင်းပြတိုက်မှာအချက်အလက်တွေ မှတ်တမ်းတင်ထားတယ်။

မင်းတို့ တတ်နိုင်သလောက် မြန်မြန် အကျွမ်းတ၀င်ဖြစ်အောင်လုပ်သင့်တယ် "

သုံးယောက် သံပြိုင် ပြောကြ၏။

" ဟုတ်ကဲ့ "

" ငါတို့ တပ်ဖွဲ့မှာလတ်တလော စုစုပေါင်း တပ်သား ၄၂ ယောက်ရှိတယ် မင်းတို့နဲ့ဆို ၄၅ ယောက်။

မင်းတို့ နည်းပြချီ နဲ့ဆုံဖူးကြမှာပေါ့ ၊ ဒါက ဒုတပ်ဖွဲ့မှူး ကောင်းကယ် ၊ ဒါက တပ်စုခေါင်းဆောင် စွန်းတင့်ရိ ၊ ငါတို့ တပ်ဖွဲ့မှာ တပ်စု ၅ စုရှိတယ် ၊ ဒါကspecial duty တပ်စုခေါင်းဆောင် ၀မ်ရွှမ်း ၊ ဒါကdrivers တွေရဲ့ တပ်စုခေါင်းဆောင် မောင်းရှောင်လိ ၊ ဒါက တိုက်ခိုက်ရေး တပ်စုခေါင်းဆောင် လျိုဟွေး ၊ တိုက်ခိုက်ရေးတပ်စုခေါင်းဆောင် စွေ့ရိရှောင်း ၊ တိုက်ခိုက်ရေး တပ်စုခေါင်းဆောင် တင်းချင်၊ မင်းတို့အခြားတပ်ဖွဲ့သားတွေနဲ့လည်း ဖြစ်နိုင်သမျှရင်းရင်းနှီးနှီးနေပြီး တပ်ဖွဲ့ထဲမှာလည်း တတ်နိုင်သမျှ ပူးပေါင်းသင့်တယ် "

" ဟုတ်ကဲ့ "

ရန်ရိ ယောက်ျားလေးတပ်သား နှစ်ယောက်ကို တိုက်ခိုက်ရေး ၁ နှင့် တိုက်ခိုက်ရေး ၂ သို့အသီးသီးထည့်ပေးလိုက်ပြီး လီဆ ကိုကြည့်လိုက်သည်။

လီဆ ခါးကမတ်နေလျက် မျက်လုံးထဲတွင်တော့ မျှော်လင့်ချက် ရောင်ခြည် ခပ်ရဲ့ရဲ့ ထင်ဟပ်နေ၏။

" လီဆ မင်းဒီနေ့ကစပြီး special duty တပ်စုထဲ၀င်ရမယ် "

လီဆ တစ်ခဏမျှ ခဲသွားပြီး သူ(မ) မျက်နှာက သိသိသာသာ ပျက်ယွင်းနေသည်။

" စွန်းတင့်ရိ မင်း တပ်သားအသစ်တွေကို ပတ်၀န်းကျင်နဲ့ သဟဇာတဖြစ်ဖို့ ၊ စည်းကမ်းစနစ်တွေ လေ့လာဖို့ အတွက်အခမ်းအနားသိမ်းပြီး ခေါ်သွားလိုက် "

ရန်ရိ သူ့ရုံးခန်းကိုပြန်လာပြီး အချိန်အတောတွင်း အစီရင်ခံစာစရေးလိုက်သည်- အထူးသဖြင့် စစ်ရှစ်ကျောင် မီးလောင်မှုကိစ္စဖြစ်၏။

စခန်းတစ်ခုစီတိုင်းမှာ မီးဘေးမရှိသည့်ကာလများ၌ အချက်အလက်များမှတ်တမ်းတင်ရသော ပင်တိုင်မှတ်တမ်းအရာရှိတစ်ယောက်စီ ရှိကြသည်။

ထိုကဲ့သို့သော စာရင်းများကို သူပြန်လည်သုံးသပ်ပြရန် နှင့် လက်မှတ်ထိုးပေးရန် လိုအပ်သည်။

တစ်ချိန်တည်းမှာပဲ သူ တပ်သားတစ်ယောက်ရဲ့ ရှုထောင့်က တင်ပြချက်ကိုလည်း ဆွေးနွေးရန်လို၏။

မတော်တဆမှုက ရှုပ်ထွေးလေ ၊ အစီရင်ခံစာပါ အကြောင်းအရာများ ပိုများလေဖြစ်သည်။

ရန်ရိသည် အစီရင်ခံစားရေးရမှာမုန်း၏ ကျောင်းသားများ အိမ်စာ မကြိုက်ကြသကဲ့သို့ပင်။

သို့သော်လည်း သူတို့ရေးရပေဦးမည်။

ရေးနေရင်းနှင့်ပင် တံခါးအပြင်ဘက်မှ တံခါးခေါက်သံထွက်လာသည်။

" ၀င်ခဲ့ပါ "

ရန်ရိ ကြည့်လိုက်တော့ ၀င်လာသည့်သူမှာ သူတို့၏ မိန်းကလေး တပ်သား- လီဆ ဖြစ်၏။

" ခေါင်းဆောင် "

လီဆ အလေးပြုသည်။

" ထိုင်ဦး "

လီဆ ထိုင်ခုံတွင် ၀င်ထိုင်လိုက်သည်။

" ပြသနာရှိလို့လား? "

" ဟုတ်ကဲ့ "

လီဆ သူ(မ) နှုတ်ခမ်းများစေ့ထား၏။

" ကျွန်မ ခေါင်းဆောင်ရန် ကိုမေးချင်တာက ဘာလို့ ကျွန်မတစ်ယောက်ပဲ special duty class ကိုလွှဲပြောင်းခံရတာလဲ ?"

ရန်ရိ မျက်တောင်ခပ်ပြီး လီဆကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။

" ကျွန်မက မိန်းကလေး ဖြစ်နေလို့လား? "

လီဆ ရန်ရိကို တွန့်ဆုတ်ခြင်းမရှိ တည့်တည့်ကြည့်ပြီး ပြောလာသည်။

" အဲ့တာကြောင့် ကျွန်မ ထောက်ပံ့ရေးအလုပ်တွေပဲ လုပ်နိုင်တယ်ပေါ့? "

" မင်းဘာကြောင့် ငါတို့တပ်ဖွဲ့ကို ၀င်နိုင်လဲသိလား? "

" ...ကျွန်မကို အလုပ်ခန့်ထားလို့ပါ "

" မင်းကို အလုပ်ခန့်ထားတယ်။ မင်းရဲ့ကိုယ်ရေးရာဇဝင်ကလည်း အလုပ်ခန့်ဖို့အခြေအနေနဲ့ ကိုက်ညီတယ်။ ဒါပေမယ့် နိုင်ငံတစ်ဝှမ်းကအခြားစခန်းတွေလိုပဲ ငါလည်း အမျိုးသမီးမီးသတ်သမားမခန့်ချင်ဘူး "

ရန်ရိ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။

" မင်းက ပြည်ထဲရေးနည်းပြရဲ့ ထောက်ခံချက်ကြောင့် အလုပ်ရတာပဲ "

လီဆ တံတွေးမျိုချလိုက်သော်ငြား သူ(မ) အမူအရာကတော့ မပြောင်းသွား။

" မီးသတ်စနစ်မှာ lesbian မီးသတ်သမားတွေအများကြီး ရှိပါတယ်။ ဒါပေမယ့် သူတို့အားလုံးနီးပါး စာရေးအလုပ်နဲ့ ထောက်ပံ့ရေးအလုပ်တွေမှာပဲ ခန့်ထားခံရတယ်။ ငါတို့ lesbian တွေကိုသုံးမှာမဟုတ်ဘူး။ အဲ့တာက ခွဲခြားဆက်ဆံတာရော ဘက်လိုက်တာရောမဟုတ်ဘူး

ဒါပေမယ့် ဒီအလုပ်က ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်၊ ခွန်အား ၊ စိတ်ပိုင်းဆိုင်ရာဖိအားတွေရောနဲ့သက်ဆိုင်တယ် "

လီဆ တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ပြောသည်။

" သေချာစဥ်းစားပါဦး ကျွန်မက စစ်သားအနေနဲ့ရော မီးသတ်သမားအနေနဲ့ရော တာ၀န်ထမ်းဆောင်ဖူးတယ်။ ပြီးတော့ မီးကွပ်ကဲရေးမေဂျာနဲ့လည်း တက္ကသိုလ်ဆင်းခဲ့တာပါ။ ကျွန်မလောက် ဘယ်သူမှမသိနိုင်တော့ဘူး။ ကျွန်မက မီးသတ်သမားဖြစ်ဖို့ သတ်မှတ်ပြီးသားပါ ကျွန်မတော့ ရုပ်ပိုင်းဆိုင်ရာသန်မာမှုနဲ့ပဲ ကျွန်မအရည်အချင်းကို တိုင်းတာလို့ရမယ်မထင်ဘူး။ ကျွန်မ ကျွမ်းကျင်တဲ့ပညာဗဟုသုတတွေပြည့်စုံတယ် ပြန်လည်တိုးတက်တာလည်းကောင်းပြီး စိတ်ဖိစိမှုခံနိုင်ရည်လည်း ရှိတယ်။ ကျွန်မရုပ်ပိုင်းဆိုင်ရာ ခွန်အားက gay တွေလောက်မကောင်းပေမယ့် ကျွန်မမှာကျဥ်းမြောင်းတဲ့နေရာတွေ၀င်နိုင်တာတို့လို  gay တွေမှာမရှိတဲ့ အသာစီးအချက်တွေရှိတယ်။

ဥပမာအနေနဲ့ ဆွဲထားဖို့လိုအပ်ရင်လည်း ကျွန်မကသူတို့ထက် ပိုပေါ့ပါးတော့ နစ်နာသူတွေကို နှစ်သိမ့်နိုင်တယ်။ ကျွန်မတို့ပူးပေါင်းဆောင်ရွက်မှုကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ် ကျွန်မတို့ တစ်ဦးကနေတစ်ဦး လေ့လာလို့ရပါတယ် "

ရန်ရိ မျက်ခုံးပင့်လိုက်သည်။ ဒီမိန်းကလေးက မျက်စိကျစရာ စိတ်ဓါတ်မျိုးရှိ၏။ အကယ်၍ သူ(မ)သာ သူ့ငယ်သားတစ်ယောက်မဟုတ်ခဲ့ရင် သူ(မ) ကို ပျော်ပျော်ကြီးလေးစားမိမှာပင်။

သို့ပေမယ့် ဒီအလုပ်က တကယ့်ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက်ဖြစ်သည်။

သူ မယုံကြည်ရသောလူတစ်ယောက်ကို သူ့ကျောပြင်အားပုံအပ်မပေးလိုက်နိုင်။

သူပြောလိုက်သည်။

" လီဆ မင်းဘာလို့ မီးသတ်သမားဖြစ်ရမှာလဲ? "

လီဆ ရပ်တန့်သွားသည်။

" ကျွန်မအကြောင်းပြချက် ရှိလို့ပါ "

" မင်းပြောတာမမှားပါဘူး မင်းမှာမင်းအသာစီးအချက်တွေရှိတယ် ဒီအလုပ်မှာအတူပူးပေါင်းဆောင်ရွက်မှု လိုတယ် ဒါပေမယ့်လည်း ငါရောအခြားသူတွေပါ မိန်းမတွေနဲ့ မပူးပေါင်းလိုဘူး ဒီလိုစိုးရိမ်တာက ငါတစ်ယောက်ပဲမဟုတ်ဘူး တကယ်လို့ငါသာ အကြောင်းပြချက် ရေရေရာရာ မပေးဘဲ တိုက်ခိုက်ရေးထဲ အမြန်ထည့်လိုက်မယ်ဆို အခြားသူတွေအတွက် ဆိုးတဲ့သက်ရောက်မှုဖြစ်လိမ့်မယ်။

ငါ တိုက်ခိုက်ရေးတပ်စုထဲက လူတစ်ယောက်ထွက်သွားရတာတို့ အခြားသူတွေက မယုံကြည်ကြဖြစ်မှာတို့ကို ခွင့်မပြုနိုင်ဘူး အဲ့တာကြောင့် မင်းအဆင်ပြေပြေမပြေပြေ အခုတော့ special duty တပ်စုကိုပဲသွားနိုင်မယ် "

ရန်ရိ လီဆ အားစူးရှသောမျက်၀န်းများဖြင့် စိုက်ကြည့်လိုက်သည်။

" တကယ်လို့မင်းသာ အရည်အချင်းပြည့်မှီတဲ့ မီးသတ်သမားတစ်ယောက်ဆို မင်းကိုယ်တိုင်သက်သေပြပါ "

လီဆ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး :

" ကျွန်မကိုယ်တိုင် သက်သေပြပါ့မယ်။ ကျေးဇူးတင်ပါတယ် ခေါင်းဆောင် "

" ဆက်လုပ် "

လီဆ ထွက်သွားပြီးတော့ ရန်ရိ သက်ပြင်းဖျော့ဖျော့ချကာ သူ၏ခြေတံရှည်ကို စားပွဲပေါ်တင်ပြီး ဖုန်းကစားနေလိုက်သည်။

ဒီနှစ်ရက်အတွင်းမှာ စစ်ရှစ်ကျောင် သတင်းတွေကိုfollow ဖို့ သူ့မှာအချိန်မရှိ သို့မဟုတ် စိတ်မပါပေ။ မသိစိတ်ဖြင့် သူ အဲ့ဒီ့ညကအဖြစ်အပျက်တွေကို ဒီလိုနည်းနဲ့ ပြန်မသုံးသပ်ချင်။

အခုတော့ နောက်ဆုံးသူဖြည်းဖြည်းချင်း ရေပန်းစားနေသောသတင်းအချို့နှင့်  မီဒီယာမှcomments များကိုဖွင့်ကြည့်လိုက်သည်။

လူထုအမြင်အများစုကတော့ မီးလောင်မှုအကြောင်းအရင်း၊ လူ့တာ၀န်ယူမှုနှင့် အနည်းစုက သူတို့မီးငြိမ်းသတ်ရာ၌အကျိုးယုတ်စေသည်ဟု ဝေဖန်ကြသည်။

ဥပမာ- တစ်ခြားဘက်ကိုရေဖြန်းခြင်း၊ လူတွေကိုအချိန်မီ ၀င်ရောက်မကယ်ဆယ်ခြင်း အစရှိသဖြင့်။ မှတ်ချက်များက အလွန်ရန်လိုနေ၏။

မီဒီယာဆိုးများ၏ တွေေးခေါ်နှိုင်းယှဥ်ခြင်းများနှင့် လူပြိန်းများ၏ နားမလည်သဘောမပေါက်ခြင်းမျိုးကို သူတို့နေသားကြနေပေပြီ။

ဒီတစ်ခါ မပြင်းထန်၊ သို့သော် သူတို့ထိုစာသားများဖတ်ရသည့်အချိန်၌ မလွဲဧကန် စိတ်မသက်မသာ ခံစားရကြ၏။

သူငယ်ငယ်တုန်းကဆို ကျန်းမားသန်စွမ်းပြီး ဖြတ်သွားဖြတ်လာတွေ သူတို့ကို ဆဲသွားသည်နှင့် ရန်ဖြစ်တတ်သည်။ ထိုးထိုးထောင်ထောင် သတင်းသမားများနှင့်လည်း ရင်ဆိုင်ဖြေရှင်းပြီး ရဲတောင်ခေါ်ရတဲ့အထိပင်ဖြစ်တတ်သည်။

သူအပြစ်ပေးခံရပြီး ဆုံးမခံရသည်။ သို့သော် သူခေါင်းဆောင်ဖြစ်လာသည့်အခါတွင်မူ သူ့စကားလုံးတွေ သူ့အပြုအမူတွေက တစ်စခန်းလုံးကို ရောင်ပြန်ဟပ်မယ်ဆိုတာ သိလာသည်။

ထိုအချိန်ကစပြီး သူဘယ်တော့မှ စိတ်လိုက်မာန်ပါမလုပ်တော့ပေ။

ထို့ကြောင့် အဲ့လိုဝေဖန်ချက်တွေ မြင်လိုက်ရသည့်အခါ ရန်ရိထေ့ငေါ့၍သာပြုံးလိုက်သည်။

သူ သက်သောင့်သက်သာ အနေအထားကိုပြောင်းလိုက်ကာ နတ်ဘုရားမဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီး စိတ်ဖိအားလျှော့ချဖို့ ဂိမ်းကစားလိုက်သည်။

ထိုအချိန် ရုတ်တရက်ဖုန်းမြည်လာပြီး ကုံးရင့်ရှန်ဖြစ်သည်။

ရန်ရိ ဖုန်းချက်ချင်းဖြေလိုက်ပြီး ချက်ချင်းပင် မြန်မြန်ဖြေလိုက်မိတာကို နောင်တရသွား၏။

သူ့ကိုယ်သူသာ လှည့်ဖျားလိုက်ရင်း " hey " ဟု ပုံမှန်အသံထားဖြင့်ပြောလိုက်ကာ အဆုံးသံကတော့ ရှည်လျားနေ၏။

" ခိုင့်၀မ် ဆီးစစ်ချက်အဖြေထွက်လာပြီ positiveတဲ့ "

ကုံးရင့်ရှန့် လိုရင်းတိုရှင်းပဲပြောလိုက်သည်။

" သူ(မ) ဘာသုံးတာလဲ? "

" Methyl amphetamine[1] , hydroxyimine hydrochloride[2] နဲ့ ibuhoprofen[3]ကျွန်တော် ဆေးဝါးတိုက်ဖျက်ရေးက အဖွဲ့သားတစ်ယောက်ကို မေးလိုက်တော့ မကြာခင်ကမှစျေးကွက်ထဲမှာ ဒီပစ္စည်းသုံးမျိုးပေါင်းစပ်ထားပြီး ' ရှိန်ရှင်းရွှေ ( fairy water ) ' လို့ခေါ်တဲ့ ဆေးသစ်တစ်မျိုးရှိတယ်တဲ့ "

" ဘာ? အလယ်ကဘာပစ္စည်း? "

ရန်ရိ amphetamine နှင့် ibuhoprofen ကိုသိသော်လည်း အလယ်ကတစ်မျိုးကတော့ သူ့အသိပညာအလွန်တွင်ရှိ၏။

" hydroxyimine hydrochloride ,K အမှုန့်လုပ်တဲ့နေရာမှာသုံးတဲ့ပစ္စည်း "

" oh သူ(မ) ဆေးသုံးတယ်ဆိုရင်တောင် သူ(မ) မီးရှို့တာလို့ဘယ်လိုသက်သေပြမလဲ? "

"  ဒီ ' fairy water ' လိုဟာမျိုးကရှူရှိုက်ဖို့ ထူးခြားတဲ့နည်းလမ်းလိုတယ် အပူပေးတာ , ပထမ - ရှူရှိုက်ဖို့လွယ်တယ် ၊ ဒုတိယ အပူချိန် ၂၁၀°ရောက်တာနဲ့ ဓါတုပြောင်းလဲမှုဖြစ်ပေါ်လာပြီး အကျိုးသက်ရောက်မှု ပိုပြင်းထန်စေတယ် ဒါကြောင့် ဆက်ပြီးအပူချိန်အရင်းမြစ်ကို ထိန်းထားနိုင်ဖို့ အပူပေးကိရိယာက အကောင်းဆုံးပဲ ရလွယ်တယ် ၊ သယ်လွယ်တယ် ၊ အဲ့တာကြောင့်သူတို့သုံးတာက...."

" .....အရက်ပြန်မီးခွက်?! "

" ဟုတ်တယ် " ကုံးရင့်ရှန်ပြောသည်။

" ဟော်သျောင့်ဓါတ်ခွဲခန်းက ရလဒ်ထွက်မလာသေးဘူးလား? အဲ့ဒီ့ ဖန်စလေးက အရက်ပြန်မီးခွက် နဲ့ဆိုင်မယ်လို့ကျွန်တော်ထင်တယ် "

ရန်ရိ အလေးအနက်ပြောလိုက်သည်။

" အဲ့တာဆို သူတို့သုံးတာများပြီး မီးအိမ်မှောက်တော့ ဆိုဖာကို မီးစွဲတာပေါ့? အရက်ပြန်က မီးကူလွယ်တယ် နေရာမှာ မီးကူပစ္စည်းခြေစာလက်ရာမတွေ့ရတာ မထူးဆန်းတော့ပါဘူး ဒါပေမယ့် အရက်ပြန်မီးခွက်မှာတော့အကြွင်းအကျန် ရှိလောက်တယ် "

" ဝေးလွန်းတယ် ဒါကအကြောင်းသင့်ဆုံး သုံးသပ်မှုပဲ "

" ကောင်းပြီ ဓါတ်ခွဲခန်းကရလဒ်ထွက်ရင် ငါမင်းကို အသိပေးမယ် သက်သေခိုင်မာရင်တော့ အမှုပိတ်နိုင်မှာပါ "

ဖုန်းချလိုက်ပြီး ရန်ရိ သက်ပြင်းချသည်။

တရားခံရှာပြီး အပြစ်ပေးတာကပဲ နစ်နာသူမိသားစုတွေအတွက် စိတ်သက်သာစေမှာပါ။

_______

Notes

1. Methyl amphetamine - အော်ဂဲနစ်ဓါတ်ပေါင်းများစွာပါ၀င်သည့် ဟိုက်ဒရိုကာဗွန် စိတ်ကြွဆေးတစ်မျိုး။

2. hydroxyimine hydrochloride - Hydroxylamine နှင့် ၄င်း၏ဆားများကိုများသောအားဖြင့် အော်ဂဲနစ်နှင့်အော်ဂဲနစ်ဓာတ်မတည့်မှုများတွင် အေးဂျင့်ကိုလျှော့ချရန်အသုံးပြုသည်။ သူတို့ကို fatty acid ( ဟိုက်ဒရိုကာဗွန်နှင့် ကာဘောက်ဆိုင်းလ် အုပ်စုပါရှိသောဓါတ်ပေါင်း) များအတွက် antioxidants အဖြစ်လည်းလုပ်ဆောင်နိုင်ပါတယ်။

3. ibuhoprofen - Ibuprofen သည်nonsteroidal anti-inflammatory drug class တွင် နာကျင်မှု၊ ဖျားနာခြင်းနှင့်ရောင်ယမ်းခြင်းကိုကုသရာတွင်အသုံးပြုသည့် ဆေးဖြစ်သည်။

________

အလှူပွဲ ဘာပွဲနဲ့ကတစ်ဖက်  စျေးတွေပြန်ဖွင့်လို့ မိဘကူနေရတာကတစ်ဖက်နဲ့ အတော်ကြာသွားတယ်

သွေ့ပုချိ :0

မကြာမီ side characters info လာမည်။

နာမည်တွေ ပြန်ပြင်ရဦးမယ်

၁၀ ပိုင်းပြီးမြောက်သွားတော့ အလုပ်ပိုဦးမယ်

ဒီအပိုင်းမှာ နာမည်တစ်ချို့ပြင်ရေးထားတယ်နော် အားရင် ရှေ့ကဟာတွေပြန်ပြင်ပေးပါ့မယ်

side character တွေသတိထားဖတ်ကြနော် သာမညတွေကလည်း အဓိကတွေ ဖြစ်နေတတ်တယ် !!!

4 11 2020

Lynx

______

{ Zawgyi }

ရန္ရိ ေျပာခဲ့သလိုပဲ လမ္းမွာ ယာဥ္ေၾကာပိတ္ၿပီး သူတို႔ အျမန္ႏႈန္းတစ္ခုျဖင့္သာ ေ႐ြ႕လ်ားရသည္။

ရန္ရိ စားၿပီးသြားေတာ့ သူ႔မွာဘာမွလုပ္စရာမရွိ။

ကားထဲတြင္ တစ္ေယာက္အသက္ရႉသံ တစ္ေယာက္ၾကား ႏိုင္ၿပီး  ေလထုကလည္း လုံးဝကိုမ်က္ႏွာပူစရာျဖစ္ေနသည္----အနည္းဆုံးေတာ့ ရန္ရိအဲ့လိုထင္၏။

သူက ေအးစက္ေနတာကိုမခံႏိုင္ေသာ လူစားမ်ိဳးျဖစ္သည္။ သူေခ်ာင္းဟန႔္လိုက္ကာ :

" သီခ်င္းျဖစ္ျဖစ္နားေထာင္မလား?"

ကုံးရင့္ရွန္ အဖြင့္ခလုတ္ ကိုႏွိပ္လိုက္သည္။

ေရဒီယိုမွ အသံခပ္ေလးေလးနဲ႔ နင္နက္ရႈိင္းရႈိင္းရွိလွ​ေသာ classic song လႊင့္ေနလ်က္။

"..."

ရန္ရိေျပာလိုက္သည္။ " ဒါမွမဟုတ္ ပိတ္လိုက္မလား "

ကုံးရင့္ရွန္ သူ႔ကိုမ်က္ေစာင္းထိုးကာ သူ႔မ်က္လုံးမ်ားက

" ေသာက္ျပႆနာခ်ည္းပဲ " ဟုေျပာေနသေယာင္။

ထို႔ေနာက္ေတာ့ သူ(ကုံးရင့္ရွန္) လက္ဆန႔္ကာ ျပန္ပိတ္လိုက္သည္။

အခ်ိန္အၾကာႀကီးႏႈတ္ဆိတ္ေနၿပီးသည့္ေနာက္ ရန္ရိ ထပ္ေျပာျပန္သည္။

" မင္းသံယရွိသူေတြရဲ႕ ထြက္ဆိုခ်က္ေတြစုေနတာလား? ဘားပိုင္ရွင္က သူ႔ကိုတစ္ေယာက္ေယာက္က ထိခိုက္ေစခ်င္တာလို႔ေျပာတယ္မဟုတ္ဘူးလား? "

" ေကာင္းၿပီ ပိုင္ရွင္ေျပာတာျဖစ္ႏိုင္ပါတယ္ အခုေတာ့ ႏွစ္ေယာက္က အၿပိဳင္ျဖစ္ေနၿပီး တစ္ေယာက္က အလီဘိုင္ရွိတယ္ တစ္ေယာက္ကမီးေလာင္တဲ့အခ်ိန္မွာ သူ႔ဘားမွာပဲအလုပ္လုပ္ေနတယ္ အတည္ျပဳခ်က္ေတြအမ်ားႀကီးပဲ "

" ဘာလို႔ ဘားရဲ႕ကယ္ဆယ္ေရးလမ္းေၾကာင္းက ပိတ္ထားတာလဲ? "

" ပြဲဝင္ခြင့္လက္မွတ္မေပးဘဲ အလစ္ဝင္တဲ့သူေတြကိုတားဖို႔ ၊ ဝန္‌ထမ္းေတြကပိတ္ထားတာ တစ္ႏွစ္ေက်ာ္ေနၿပီ "

" လတ္တေလာသက္ေသအရေတာ့ မီးရႈိ႕တာနဲ႔မတူဘူး "

ကုံးရင့္ရွန္ေခါင္းညိတ္သည္။

" ဒါေပမယ့္ အခုေတာ့အမိန႔္ခ်လို႔မရေသးဘူး။

သံသယရွိသူက လူသိရွင္ၾကား သူ႔ဘားကိုမီးရႈိ႕မယ္လို႔ ၿခိမ္းေျခာက္ဖူးေတာ့ မီးရႈိ႕မႈလည္း ျဖစ္ႏိုင္ေခ်ရွိတယ္ "

ရန္ရိ တစ္ခဏေတြးလိုက္ၿပီး :

" ခိုင့္ဝမ္က ပိုၿပီးေတာ့ သံသယျဖစ္စရာေကာင္းတယ္ "

" သူ(မ) ဆီးစစ္ခ်က္အေျဖကိုေစာင့္တာေပါ့ ဒီရက္ေတြထဲ ဝန္ထမ္းေတြနဲ႔ ေဖာက္သည္ေတြရွာၿပီး ဝန္ခံခ်က္ေတြသိမ္းထားရဦးမယ္ ေနာက္ၿပီး ၾကည့္စရာ ေစာင့္ၾကည့္ေရးေတြလည္းရွိတယ္ "

ကုံးရင့္ရွန္ ေျပာၿပီးသည္ႏွင့္ မသိစိတ္က မ်က္ခုံးမ်ားကိုပြတ္လိုက္သည္။

သိသိသာသာ အလုပ္ဝန္ပိလ်က္။

" မင္းဘာလို႔ရဲျဖစ္လာတာလဲ? "

ရန္ရိ လႊတ္ခနဲထြက္သြားၿပီးသည့္ေနာက္ ေနာင္တရသြားသည္။

သူသိခ်င္ေနတာ ၾကာေနၿပီေပမယ့္လည္း သူ႔နဲ႔ဘာမွမဆိုင္။

ကုံးရင့္ရွန္က အရမ္းထူးဆန္းၿပီး လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာေၾကာင့္သာ လူေတြစပ္စုခ်င္ၾကျခင္းေပ။

ေသခ်ာ‌တာေပါ့၊ ကုံးရင့္ရွန္က တိတ္ဆိတ္ေနၿပီး ရန္ရိသူ႔ကိုယ္သူ စိတ္ေလလာသည္။

ထိုအခ်ိန္၌ ကုံးရင့္ရွန္ဖုန္း ျမည္လာၿပီး ရန္ရိကို အခ်ိန္ကိုက္ ကယ္ဆယ္လိုက္ေလသည္။

" Hello "

ကုံးရင့္ရွန္ ဖုန္းေျဖလိုက္သည္။

" ကြၽန္ေတာ္ ညေနျပန္မစားေတာ့ဘူး ၊ အမ္ ၊ မဟုတ္ဘူး ၊ အမ္ ၊ သိပါတယ္ ၊ ေကာင္းၿပီ ၊ ေကာင္းၿပီ "

ရန္ရိ ကုံးရင့္ရွန္ကို တိတ္တခိုးၾကည့္လိုက္သည္။

ကုံးရင့္ရွန္ ေလသံက သူ႔(ရန္ရိ) ကိုမ်က္ႏွာခ်င္းဆိုင္ေသာအခါမ်ားႏွင့္ ထူးမျခားနားေပ။

ဒါက သူ႔မိသားစုကို စကားေျပာတဲ့ပုံစံပင္ျဖစ္၏။

ဖုန္းခ်လိုက္ၿပီးေနာက္ ကုံးရင့္ရွန္ေျပာလာသည္။

" ေရွ႕မွာ ခင္မ်ားစခန္းပဲ "

" oh "

ကုံးရင့္ရွန္ ကားကိုလမ္းေဘးတစ္ဖက္တြင္ ရပ္လိုက္၏။

ရန္ရိေျပာသည္။

" ေဟာ္ေသ်ာင့္ ဓာတ္ခြဲခန္းကတစ္ခုခုသတင္းထူးရင္ ငါမင္းကိုအသိေပးမယ္ မင္းတစ္ခုခုေတြ႕ရင္လည္း လြတ္လြတ္လပ္လပ္ဆက္သြယ္ပါ "

ကုံးရင့္ရွန္ ေခါင္းညိတ္သည္။

ရန္ရိ ကားထဲကထြက္လိုက္ၿပီး သူႏႈတ္ဆက္ခ်င္ေသာ္လည္း အရမ္းႀကီးစိတ္ပါေနသလိုမ်ိဳးမျဖစ္ခ်င္။

‌ေနာက္ၿပီးေတာ့ ကုံးရင့္ရွန္ကလည္း သူ႔ကိုေအးစက္ေနတာပဲ။

သူႏႈတ္ခမ္း တင္းတင္းေစ့လိုက္ရင္း ျပန္လွည့္မၾကည့္ဘဲ ထြက္သြားလိုက္သည္။

-------

သူစခန္းျပန္ေရာက္ေတာ့ အဖြဲ႕ႏွစ္ဖြဲ႕ခြဲ၍ဝာာဝန္မွျပန္လာေသာသူမ်ားႏွင့္ ဆုံသည္။

ရန္ရိ ေမးလိုက္သည္။

" ဘယ္လိုလဲ? ဘာတာဝန္မ်ိဳးမ်ားလုပ္ခဲ့ရလဲ? "

ေကာင္ေကာ ေျပာသည္။

" ကေလးေလးတစ္ေယာက္ anti-thief ဇကာမွာ ေခါင္းညႇပ္ေနလို႔။ ငါတို႔လည္းေရာက္ေရာ သူကသီခ်င္းေတာင္ဆိုျပလိုက္ေသးတယ္ ရယ္ရတာကြာ "

လ်ိဳေဟြး ၿပဳံးၿပီးေျပာလာသည္။

" ဟုတ္တယ္ သူ႔မိဘေတြကလည္းအရမ္း ေပ်ာ္တတ္တယ္။ ကြၽန္ေတာ္တို႔ကို မုန္လာဥေျခာက္တစ္ဘူးေပးၿပီးေတာ့ ျပန္ကိုမလႊတ္ဘူး "

သူ(လ်ိဳေဟြး) ဖန္ဘူးႀကီးကို ကိုင္ထား၏။

" ညက်ရင္စားဖို႔ လက္လုပ္ခ်ဥ္ေတြရၿပီ "

"ေအးပါ မင္းအႀကိဳက္ေျပာင္းၾကည့္ေပါ့ "

ရန္ရိ စြန္းတင့္ရိအား ထပ္ေမးလိုက္သည္။

" မင္းကေရာ? "

စြန္းတင့္ရိ ေအးစက္စက္အၿပဳံးမ်ိဳး ၿပဳံးလိုက္ကာ :

" အမႈိက္ပုံး မီးေလာင္တာ "

" ၿပီးေတာ့ေရာ? "

" ကံေကာင္းလို႔ပဲ ငါတို႔အေႏွးနဲ႔အျမန္ေရာက္သြားေတာ့ မီးၿငိမ္းသြားတယ္ "

" ဟားဟားဟားဟား-- "

ခ်ီယန္ေပါင္ အေပၚထပ္မွလွမ္းေခၚသည္။

" မင္းတို႔အားလုံးျပန္ေရာက္ၿပီလား? အစည္းအေဝးလာၾက "

လူအားလုံး အစည္းအေဝးခန္းထဲထိုင္ၿပီးေတာ့ ခ်ီယန္ေပါင္ကေျပာသည္။

" ဒီေန႔ အသိေပးစရာတစ္ခုရွိတာက ငါတို႔မၾကာခင္ တပ္သားအသစ္ေတြႀကိဳဆိုရမယ္၊  သုံးေယာက္ "

တစ္ခ်ိဳ႕က စားပြဲကိုပုတ္ကာ တစ္ခ်ိဳ႕ကေတာ့ လက္ခုပ္တီးၾကၿပီး လ်ိဳေဟြး ကစိတ္လႈပ္ရွားလ်က္ေျပာလာသည္။

" ကြၽန္ေတာ္ၾကားတာ မိန္းကေလးပါတယ္ဆို?တကယ္ပဲလား? "

" တကယ္! မိန္းကေလးလား ?!"

လူအုပ္စုသည္လည္း လႈပ္လႈပ္ရွားရွား ျဖစ္လာၾက၏။

ရန္ရိ ေခ်ာင္းသံျပင္းျပင္း ဟန္႔လိုက္သည္။

ခ်ီယန္ေပါင္ ေျပာလိုက္သည္။

" ဟုတ္တယ္ ငါတို႔ ဖီးနစ္အထူးဝန္ေဆာင္မႈစခန္းရဲ႕ ပထမဆုံး အမ်ိဳးသမီးတပ္သားကိုႀကိဳဆိုရမွာ "

အခန္းတြင္း၀ယ္ အားေပးသံမ်ားထြက္လာ၏။

" မင္းတို႔က ဘာကိုစိတ္လႈပ္ရွားေနၾကတာလဲ ? "

ရန္ရိ တည္ၾကည္ေလးနက္စြာေျပာလိုက္သည္။

" အစည္းအေဝးခန္းထဲမွာ စည္းကမ္းကိုအာ႐ုံထားၾက "

ရန္ရိက အၿမဲတမ္းေဖာ္ေ႐ြၿပီး သူတို႔ႏွင့္ ညီအစ္ကိုေတြအလား။

သို႔ေသာ္ ရန္ရိ ေလးေလးနက္နက္ႏွင့္ မ်က္ႏွာတည္သြားသည္ႏွင့္ ဘယ္သူမွျပသနာမလုပ္ရဲၾက၊ အေၾကာင္းမွာ ရန္ရိက အလုပ္ကိစၥမ်ားႏွင့္ပတ္သက္လာရင္ ေပါ့တန္တန္လုပ္ခြင့္မျပဳမွန္း သူတို႔သိထားၾက၏။

ခ်ီယန္ေပါင္ ရန္ရိကိုတစ္ခ်က္ၾကည့္ကာ စကားဆက္သည္။

" မိန္းကေလးတပ္သားက စစ္သားဘ၀ကတည္းက မီးသတ္မွာတာ၀န္ထမ္းခဲ့တယ္ စစ္တပ္ကထြက္ေတာ့ တကၠသိုလ္တက္ခဲ့တယ္။

ၿပီးေတာ့ ျပည္သူ႔ရဲတကၠသိုလ္ကေန မီးကြပ္ကဲမႈအဓိကနဲ႔ ေက်ာင္းဆင္းခဲ့တယ္ သူ(မ) ကငါတို႔ ဂ်ဴနီယာ။ တိုတိုေျပာရရင္ ကြၽမ္းက်င္တဲ့မီးသတ္သမား တစ္ေယာက္ပဲ "

ရန္ရိ စကားလမ္းေၾကာင္း လိုက္သည္။

" ငါတို႔ႏိုင္ငံမွာက အမ်ိဳးသမီးမီးသတ္သမား ရွားတယ္ သူ(မ) ေရာက္လာတာက ငါတို႔စခန္းအတြက္ သက္ေရာက္မႈအခ်ိဳ႕ေတာ့က်ိန္းေသ ရွိမွာပဲ။

ငါမင္းတို႔ကို ဒီအစည္းအေဝးကေန သတိေပးစရာအခ်က္ေတြရွိတယ္။

ပထမအခ်က္ ဘယ္သူပဲျဖစ္ျဖစ္ ဒီ lesbian ကို အေလးအနက္မထားတာ ဒါမွမဟုတ္ မေလးမစားစကားေတြ၊ အျပဳအမူေတြ လုပ္ခဲ့ရင္ ငါသိတာနဲ႔ျပင္းျပင္းထန္ထန္ အျပစ္ေပးခံရမယ္ "

အားလုံး တိတ္ဆိတ္စြာ နားေထာင္ေနၾကသည္။

" ဒုတိယအခ်က္ အလုပ္နဲ႔ ဘ၀မွာ တစ္ေယာက္ကိုတစ္ေယာက္ သာတူညီမွ်ဆက္ဆံဖို႔ ငါတို႔အေကာင္းဆုံးႀကိဳးစားရမယ္ ဒါေပမယ့္ လိင္ကြဲျပားတာေတြက ေနာက္ဆုံးေတာ့ တကယ့္အမွန္တရားပဲ ၊ ငါတို႔ သူ(မ) ကို သင့္တင့္ေလ်ာက္ပတ္မႈ ေတြးေခၚႏိုင္မႈေတြ တတ္ႏိုင္သမွ်ေပးရမယ္ ငါတို႔ မိန္းကေလးတပ္သားကို ဂ႐ုမစိုက္ဘူး ၊ ဒါေပမယ့္ ငါတို႔ ေယာက္်ားေတြအေနနဲ႔ လူႀကီးလူေကာင္းဆန္တဲ့သူေတြလည္းျဖစ္ရမယ္.. "

" တတိယအခ်က္ သူ(မ) က ငါတို႔စခန္းကိုလာတာ ၊ ငါတို႔က သူ(မ) ဒီပတ္၀န္းက်င္မွာ က်င့္သားရၿပီး ေပါင္းစပ္ႏိုင္ဖို႔ တတ္ႏိုင္သေလာက္ကူညီေပးရမယ့္ မိသားစုပဲ နားလည္ၾကလား? "

အားလုံး တစ္သံတည္း ေအာ္လိုက္ၾကသည္။

" နားလည္ပါတယ္! "

" ေမးစရာရွိေသးလား? "

စြန္းတင့္ရိ လက္ေထာင္သည္။

" ေျပာ "

" ေခါင္းေဆာင္ရန္ ဆရာသူကိုရည္႐ြယ္မထားဘူးမလား လႊတ္ဖို႔..." စြန္းတင့္ရိ ၿပဳံးသည္။

" ေရွ႕တန္းကိုလႊတ္ဖို႔ေလ ?"

" ဟုတ္တယ္ ေခါင္းေဆာင္ "

ေစြ႕ရိေရွာင္း ေျပာလာသည္။

" ကြၽန္ေတာ္တို႔ lesbian ေတြကို ေႏြးေႏြးေထြးေထြးႀကိဳဆိုေပမယ့္ ေယာက္်ားေတြကိစၥမွာ ၀င္မပါခိုင္းပါနဲ႔ "

ရန္ရိ ေျပာလိုက္၏။

" မင္းတို႔ အဲ့တာေတြစိုးရိမ္ဖို႔မလိုပါဘူး။ လုပ္သင့္တာပဲလုပ္ပါ "

" ဟုတ္ကဲ့ "

----------------

ေနာက္တစ္ေန႔မနက္၌ မီးသတ္တပ္သား ၃ ေယာက္ အေၾကာင္းၾကားရန္ ေရာက္လာၾကသည္။

သူတို႔အတြက္ ခ်ီယန္ေပါင္က ေလ့က်င့္ခန္းထဲ၌ အေသးစားႀကိဳဆိုပြဲေလး က်င္းပေပး၏။

လူငယ္မီးသတ္သမားေလးမ်ားကေတာ့ မိန္းကေလးမီးသတ္သမားအသစ္ -- လီဆ အားတိတ္တိတ္ခိုးၾကည့္ၾကလ်က္။

သူ(မ) ကအရပ္ရွည္ ၊ ပိန္သြယ္ကာ (ခႏၶာကိုယ္) ေျဖာင့္မတ္ၿပီး ေသသပ္ေသာဆံပင္တို ၊ ေျဖာင့္တန္းေသာ မ်က္ခုံးမ်ားႏွင့္ သူရဲေကာင္းဆန္ဆန္အေငြ႕အသက္မ်ားျဖင့္ျပည့္ႏွက္ေနသည္။

သူ(မ) မိတ္ကပ္လည္းဖို႔မထား၊ မိန္းမမဆန္သည့္ ေလ့က်င့္ေရးဝတ္စုံကိုသာ ၀တ္ထားပါေသာ္ျငား သူ(မ) က လွပေသာမိန္းကေလးတစ္ေယာက္ ျဖစ္ေနဆဲပင္။

ရန္ရိ သူတို႔တပ္ဖြဲ႕အေၾကာင္း အသစ္ေလး ၃ေယာက္အား မိတ္ဆက္ေပးလိုက္သည္။

" ငါတို႔ ဖီးနစ္တပ္ဖြဲ႕စခန္းမွာ ၃၂ ႏွစ္တာ သမိုင္းေၾကာင္းရွိတယ္ နံပါတ္ ၃၇၊ ဟုန္း၀ူနယ္ေျမမီးသတ္ကာကြယ္ေရးဌာနနဲ႔သက္ဆိုင္တယ္။

အထူးတပ္ဖြဲ႕ ဆိုတဲ့ အမည္ကိုခ်ီးျမႇင့္ခံခဲ့ရတဲ့အုပ္စုပဲ။ ငါတို႔တပ္ဖြဲ႕ရဲ႕ သမိုင္းေၾကာင္း ၊ အဓိကပြဲေတာ္ေတြအေၾကာင္းကို တပ္ဖြဲ႕သမိုင္းျပတိုက္မွာအခ်က္အလက္ေတြ မွတ္တမ္းတင္ထားတယ္။

မင္းတို႔ တတ္ႏိုင္သေလာက္ ျမန္ျမန္ အကြၽမ္းတ၀င္ျဖစ္ေအာင္လုပ္သင့္တယ္ "

သုံးေယာက္ သံၿပိဳင္ ေျပာၾက၏။

" ဟုတ္ကဲ့ "

" ငါတို႔ တပ္ဖြဲ႕မွာလတ္တေလာ စုစုေပါင္း တပ္သား ၄၂ ေယာက္ရွိတယ္ မင္းတို႔နဲ႔ဆို ၄၅ ေယာက္။

မင္းတို႔ နည္းျပခ်ီ နဲ႔ဆုံဖူးၾကမွာေပါ့ ၊ ဒါက ဒုတပ္ဖြဲ႕မႉး ေကာင္းကယ္ ၊ ဒါက တပ္စုေခါင္းေဆာင္ စြန္းတင့္ရိ ၊ ငါတို႔ တပ္ဖြဲ႕မွာ တပ္စု ၅ စုရွိတယ္ ၊ ဒါကspecial duty တပ္စုေခါင္းေဆာင္ ၀မ္႐ႊမ္း ၊ ဒါကdrivers ေတြရဲ႕ တပ္စုေခါင္းေဆာင္ ေမာင္းေရွာင္လိ ၊ ဒါက တိုက္ခိုက္ေရး တပ္စုေခါင္းေဆာင္ လ်ိဳေဟြး ၊ တိုက္ခိုက္ေရးတပ္စုေခါင္းေဆာင္ ေစြ႕ရိေရွာင္း ၊ တိုက္ခိုက္ေရး တပ္စုေခါင္းေဆာင္ တင္းခ်င္၊ မင္းတို႔အျခားတပ္ဖြဲ႕သားေတြနဲ႔လည္း ျဖစ္ႏိုင္သမွ်ရင္းရင္းႏွီးႏွီးေနၿပီး တပ္ဖြဲ႕ထဲမွာလည္း တတ္ႏိုင္သမွ် ပူးေပါင္းသင့္တယ္ "

" ဟုတ္ကဲ့ "

ရန္ရိ ေယာက္်ားေလးတပ္သား ႏွစ္ေယာက္ကို တိုက္ခိုက္ေရး ၁ ႏွင့္ တိုက္ခိုက္ေရး ၂ သို႔အသီးသီးထည့္ေပးလိုက္ၿပီး လီဆ ကိုၾကည့္လိုက္သည္။

လီဆ ခါးကမတ္ေနလ်က္ မ်က္လုံးထဲတြင္ေတာ့ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ ခပ္ရဲ႕ရဲ႕ ထင္ဟပ္ေန၏။

" လီဆ မင္းဒီေန႔ကစၿပီး special duty တပ္စုထဲ၀င္ရမယ္ "

လီဆ တစ္ခဏမွ် ခဲသြားၿပီး သူ(မ) မ်က္ႏွာက သိသိသာသာ ပ်က္ယြင္းေနသည္။

" စြန္းတင့္ရိ မင္း တပ္သားအသစ္ေတြကို ပတ္၀န္းက်င္နဲ႔ သဟဇာတျဖစ္ဖို႔ ၊ စည္းကမ္းစနစ္ေတြ ေလ့လာဖို႔ အတြက္အခမ္းအနားသိမ္းၿပီး ေခၚသြားလိုက္ "

ရန္ရိ သူ႔႐ုံးခန္းကိုျပန္လာၿပီး အခ်ိန္အေတာတြင္း အစီရင္ခံစာစေရးလိုက္သည္- အထူးသျဖင့္ စစ္ရွစ္ေက်ာင္ မီးေလာင္မႈကိစၥျဖစ္၏။

စခန္းတစ္ခုစီတိုင္းမွာ မီးေဘးမရွိသည့္ကာလမ်ား၌ အခ်က္အလက္မ်ားမွတ္တမ္းတင္ရေသာ ပင္တိုင္မွတ္တမ္းအရာရွိတစ္ေယာက္စီ ရွိၾကသည္။

ထိုကဲ့သို႔ေသာ စာရင္းမ်ားကို သူျပန္လည္သုံးသပ္ျပရန္ ႏွင့္ လက္မွတ္ထိုးေပးရန္ လိုအပ္သည္။

တစ္ခ်ိန္တည္းမွာပဲ သူ တပ္သားတစ္ေယာက္ရဲ႕ ရႈေထာင့္က တင္ျပခ်က္ကိုလည္း ေဆြးေႏြးရန္လို၏။

မေတာ္တဆမႈက ရႈပ္ေထြးေလ ၊ အစီရင္ခံစာပါ အေၾကာင္းအရာမ်ား ပိုမ်ားေလျဖစ္သည္။

ရန္ရိသည္ အစီရင္ခံစားေရးရမွာမုန္း၏ ေက်ာင္းသားမ်ား အိမ္စာ မႀကိဳက္ၾကသကဲ့သို႔ပင္။

သို႔ေသာ္လည္း သူတို႔ေရးရေပဦးမည္။

ေရးေနရင္းႏွင့္ပင္ တံခါးအျပင္ဘက္မွ တံခါးေခါက္သံထြက္လာသည္။

" ၀င္ခဲ့ပါ "

ရန္ရိ ၾကည့္လိုက္ေတာ့ ၀င္လာသည့္သူမွာ သူတို႔၏ မိန္းကေလး တပ္သား- လီဆ ျဖစ္၏။

" ေခါင္းေဆာင္ "

လီဆ အေလးျပဳသည္။

" ထိုင္ဦး "

လီဆ ထိုင္ခုံတြင္ ၀င္ထိုင္လိုက္သည္။

" ျပသနာရွိလို႔လား? "

" ဟုတ္ကဲ့ "

လီဆ သူ(မ) ႏႈတ္ခမ္းမ်ားေစ့ထား၏။

" ကြၽန္မ ေခါင္းေဆာင္ရန္ ကိုေမးခ်င္တာက ဘာလို႔ ကြၽန္မတစ္ေယာက္ပဲ special duty class ကိုလႊဲေျပာင္းခံရတာလဲ ?"

ရန္ရိ မ်က္ေတာင္ခပ္ၿပီး လီဆကို တိတ္တဆိတ္ စိုက္ၾကည့္လိုက္သည္။

" ကြၽန္မက မိန္းကေလး ျဖစ္ေနလို႔လား? "

လီဆ ရန္ရိကို တြန္႔ဆုတ္ျခင္းမရွိ တည့္တည့္ၾကည့္ၿပီး ေျပာလာသည္။

" အဲ့တာေၾကာင့္ ကြၽန္မ ေထာက္ပံ့ေရးအလုပ္ေတြပဲ လုပ္ႏိုင္တယ္ေပါ့? "

" မင္းဘာေၾကာင့္ ငါတို႔တပ္ဖြဲ႕ကို ၀င္ႏိုင္လဲသိလား? "

" ...ကြၽန္မကို အလုပ္ခန္႔ထားလို႔ပါ "

" မင္းကို အလုပ္ခန္႔ထားတယ္။ မင္းရဲ႕ကိုယ္ေရးရာဇဝင္ကလည္း အလုပ္ခန္႔ဖို႔အေျခအေနနဲ႔ ကိုက္ညီတယ္။ ဒါေပမယ့္ ႏိုင္ငံတစ္ဝွမ္းကအျခားစခန္းေတြလိုပဲ ငါလည္း အမ်ိဳးသမီးမီးသတ္သမားမခန္႔ခ်င္ဘူး "

ရန္ရိ ပြင့္ပြင့္လင္းလင္းပဲ ေျပာလိုက္သည္။

" မင္းက ျပည္ထဲေရးနည္းျပရဲ႕ ေထာက္ခံခ်က္ေၾကာင့္ အလုပ္ရတာပဲ "

လီဆ တံေတြးမ်ိဳခ်လိုက္ေသာ္ျငား သူ(မ) အမူအရာကေတာ့ မေျပာင္းသြား။

" မီးသတ္စနစ္မွာ lesbian မီးသတ္သမားေတြအမ်ားႀကီး ရွိပါတယ္။ ဒါေပမယ့္ သူတို႔အားလုံးနီးပါး စာေရးအလုပ္နဲ႔ ေထာက္ပံ့ေရးအလုပ္ေတြမွာပဲ ခန္႔ထားခံရတယ္။ ငါတို႔ lesbian ေတြကိုသုံးမွာမဟုတ္ဘူး။ အဲ့တာက ခြဲျခားဆက္ဆံတာေရာ ဘက္လိုက္တာေရာမဟုတ္ဘူး

ဒါေပမယ့္ ဒီအလုပ္က ႐ုပ္ပိုင္းဆိုင္ရာခံႏိုင္ရည္၊ ခြန္အား ၊ စိတ္ပိုင္းဆိုင္ရာဖိအားေတြေရာနဲ႔သက္ဆိုင္တယ္ "

လီဆ တုံ႔ဆိုင္းျခင္းအလ်င္းမရွိဘဲ ေျပာသည္။

" ေသခ်ာစဥ္းစားပါဦး ကြၽန္မက စစ္သားအေနနဲ႔ေရာ မီးသတ္သမားအေနနဲ႔ေရာ တာ၀န္ထမ္းေဆာင္ဖူးတယ္။ ၿပီးေတာ့ မီးကြပ္ကဲေရးေမဂ်ာနဲ႔လည္း တကၠသိုလ္ဆင္းခဲ့တာပါ။ ကြၽန္မေလာက္ ဘယ္သူမွမသိႏိုင္ေတာ့ဘူး။ ကြၽန္မက မီးသတ္သမားျဖစ္ဖို႔ သတ္မွတ္ၿပီးသားပါ ကြၽန္မေတာ့ ႐ုပ္ပိုင္းဆိုင္ရာသန္မာမႈနဲ႔ပဲ ကြၽန္မအရည္အခ်င္းကို တိုင္းတာလို႔ရမယ္မထင္ဘူး။ ကြၽန္မ ကြၽမ္းက်င္တဲ့ပညာဗဟုသုတေတြျပည့္စုံတယ္ ျပန္လည္တိုးတက္တာလည္းေကာင္းၿပီး စိတ္ဖိစိမႈခံႏိုင္ရည္လည္း ရွိတယ္။ ကြၽန္မ႐ုပ္ပိုင္းဆိုင္ရာ ခြန္အားက gay ေတြေလာက္မေကာင္းေပမယ့္ ကြၽန္မမွာက်ဥ္းေျမာင္းတဲ့ေနရာေတြ၀င္ႏိုင္တာတို႔လို  gay ေတြမွာမရွိတဲ့ အသာစီးအခ်က္ေတြရွိတယ္။

ဥပမာအေနနဲ႔ ဆြဲထားဖို႔လိုအပ္ရင္လည္း ကြၽန္မကသူတို႔ထက္ ပိုေပါ့ပါးေတာ့ နစ္နာသူေတြကို ႏွစ္သိမ့္ႏိုင္တယ္။ ကြၽန္မတို႔ပူးေပါင္းေဆာင္႐ြက္မႈေက်ာ္လႊားႏိုင္မယ္လို႔ ယုံၾကည္ပါတယ္ ကြၽန္မတို႔ တစ္ဦးကေနတစ္ဦး ေလ့လာလို႔ရပါတယ္ "

ရန္ရိ မ်က္ခုံးပင့္လိုက္သည္။ ဒီမိန္းကေလးက မ်က္စိက်စရာ စိတ္ဓါတ္မ်ိဳးရွိ၏။ အကယ္၍ သူ(မ)သာ သူ႔ငယ္သားတစ္ေယာက္မဟုတ္ခဲ့ရင္ သူ(မ) ကို ေပ်ာ္ေပ်ာ္ႀကီးေလးစားမိမွာပင္။

သို႔ေပမယ့္ ဒီအလုပ္က တကယ့္ကိုယ္ေရးကိုယ္တာ လုံၿခဳံမႈအတြက္ျဖစ္သည္။

သူ မယုံၾကည္ရေသာလူတစ္ေယာက္ကို သူ႔ေက်ာျပင္အားပုံအပ္မေပးလိုက္ႏိုင္။

သူေျပာလိုက္သည္။

" လီဆ မင္းဘာလို႔ မီးသတ္သမားျဖစ္ရမွာလဲ? "

လီဆ ရပ္တန္႔သြားသည္။

" ကြၽန္မအေၾကာင္းျပခ်က္ ရွိလို႔ပါ "

" မင္းေျပာတာမမွားပါဘူး မင္းမွာမင္းအသာစီးအခ်က္ေတြရွိတယ္ ဒီအလုပ္မွာအတူပူးေပါင္းေဆာင္႐ြက္မႈ လိုတယ္ ဒါေပမယ့္လည္း ငါေရာအျခားသူေတြပါ မိန္းမေတြနဲ႔ မပူးေပါင္းလိုဘူး ဒီလိုစိုးရိမ္တာက ငါတစ္ေယာက္ပဲမဟုတ္ဘူး တကယ္လို႔ငါသာ အေၾကာင္းျပခ်က္ ေရေရရာရာ မေပးဘဲ တိုက္ခိုက္ေရးထဲ အျမန္ထည့္လိုက္မယ္ဆို အျခားသူေတြအတြက္ ဆိုးတဲ့သက္ေရာက္မႈျဖစ္လိမ့္မယ္။

ငါ တိုက္ခိုက္ေရးတပ္စုထဲက လူတစ္ေယာက္ထြက္သြားရတာတို႔ အျခားသူေတြက မယုံၾကည္ၾကျဖစ္မွာတို႔ကို ခြင့္မျပဳႏိုင္ဘူး အဲ့တာေၾကာင့္ မင္းအဆင္ေျပေျပမေျပေျပ အခုေတာ့ special duty တပ္စုကိုပဲသြားႏိုင္မယ္ "

ရန္ရိ လီဆ အားစူးရွေသာမ်က္၀န္းမ်ားျဖင့္ စိုက္ၾကည့္လိုက္သည္။

" တကယ္လို႔မင္းသာ အရည္အခ်င္းျပည့္မွီတဲ့ မီးသတ္သမားတစ္ေယာက္ဆို မင္းကိုယ္တိုင္သက္ေသျပပါ "

လီဆ အသက္ျပင္းျပင္းရႉသြင္းလိုက္ၿပီး :

" ကြၽန္မကိုယ္တိုင္ သက္ေသျပပါ့မယ္။ ေက်းဇူးတင္ပါတယ္ ေခါင္းေဆာင္ "

" ဆက္လုပ္ "

လီဆ ထြက္သြားၿပီးေတာ့ ရန္ရိ သက္ျပင္းေဖ်ာ့ေဖ်ာ့ခ်ကာ သူ၏ေျခတံရွည္ကို စားပြဲေပၚတင္ၿပီး ဖုန္းကစားေနလိုက္သည္။

ဒီႏွစ္ရက္အတြင္းမွာ စစ္ရွစ္ေက်ာင္ သတင္းေတြကိုfollow ဖို႔ သူ႔မွာအခ်ိန္မရွိ သို႔မဟုတ္ စိတ္မပါေပ။ မသိစိတ္ျဖင့္ သူ အဲ့ဒီ့ညကအျဖစ္အပ်က္ေတြကို ဒီလိုနည္းနဲ႔ ျပန္မသုံးသပ္ခ်င္။

အခုေတာ့ ေနာက္ဆုံးသူျဖည္းျဖည္းခ်င္း ေရပန္းစားေနေသာသတင္းအခ်ိဳ႕ႏွင့္  မီဒီယာမွcomments မ်ားကိုဖြင့္ၾကည့္လိုက္သည္။

လူထုအျမင္အမ်ားစုကေတာ့ မီးေလာင္မႈအေၾကာင္းအရင္း၊ လူ႔တာ၀န္ယူမႈႏွင့္ အနည္းစုက သူတို႔မီးၿငိမ္းသတ္ရာ၌အက်ိဳးယုတ္ေစသည္ဟု ေဝဖန္ၾကသည္။

ဥပမာ- တစ္ျခားဘက္ကိုေရျဖန္းျခင္း၊ လူေတြကိုအခ်ိန္မီ ၀င္ေရာက္မကယ္ဆယ္ျခင္း အစရွိသျဖင့္။ မွတ္ခ်က္မ်ားက အလြန္ရန္လိုေန၏။

မီဒီယာဆိုးမ်ား၏ ေတြေးေခၚႏႈိင္းယွဥ္ျခင္းမ်ားႏွင့္ လူၿပိန္းမ်ား၏ နားမလည္သေဘာမေပါက္ျခင္းမ်ိဳးကို သူတို႔ေနသားၾကေနေပၿပီ။

ဒီတစ္ခါ မျပင္းထန္၊ သို႔ေသာ္ သူတို႔ထိုစာသားမ်ားဖတ္ရသည့္အခ်ိန္၌ မလြဲဧကန္ စိတ္မသက္မသာ ခံစားရၾက၏။

သူငယ္ငယ္တုန္းကဆို က်န္းမားသန္စြမ္းၿပီး ျဖတ္သြားျဖတ္လာေတြ သူတို႔ကို ဆဲသြားသည္ႏွင့္ ရန္ျဖစ္တတ္သည္။ ထိုးထိုးေထာင္ေထာင္ သတင္းသမားမ်ားႏွင့္လည္း ရင္ဆိုင္ေျဖရွင္းၿပီး ရဲေတာင္ေခၚရတဲ့အထိပင္ျဖစ္တတ္သည္။

သူအျပစ္ေပးခံရၿပီး ဆုံးမခံရသည္။ သို႔ေသာ္ သူေခါင္းေဆာင္ျဖစ္လာသည့္အခါတြင္မူ သူ႔စကားလုံးေတြ သူ႔အျပဳအမူေတြက တစ္စခန္းလုံးကို ေရာင္ျပန္ဟပ္မယ္ဆိုတာ သိလာသည္။

ထိုအခ်ိန္ကစၿပီး သူဘယ္ေတာ့မွ စိတ္လိုက္မာန္ပါမလုပ္ေတာ့ေပ။

ထို႔ေၾကာင့္ အဲ့လိုေဝဖန္ခ်က္ေတြ ျမင္လိုက္ရသည့္အခါ ရန္ရိေထ့ေငါ့၍သာၿပဳံးလိုက္သည္။

သူ သက္ေသာင့္သက္သာ အေနအထားကိုေျပာင္းလိုက္ကာ နတ္ဘုရားမျဖစ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီး စိတ္ဖိအားေလွ်ာ့ခ်ဖို႔ ဂိမ္းကစားလိုက္သည္။

ထိုအခ်ိန္ ႐ုတ္တရက္ဖုန္းျမည္လာၿပီး ကုံးရင့္ရွန္ျဖစ္သည္။

ရန္ရိ ဖုန္းခ်က္ခ်င္းေျဖလိုက္ၿပီး ခ်က္ခ်င္းပင္ ျမန္ျမန္ေျဖလိုက္မိတာကို ေနာင္တရသြား၏။

သူ႔ကိုယ္သူသာ လွည့္ဖ်ားလိုက္ရင္း " hey " ဟု ပုံမွန္အသံထားျဖင့္ေျပာလိုက္ကာ အဆုံးသံကေတာ့ ရွည္လ်ားေန၏။

" ခိုင့္၀မ္ ဆီးစစ္ခ်က္အေျဖထြက္လာၿပီ positiveတဲ့ "

ကုံးရင့္ရွန္႔ လိုရင္းတိုရွင္းပဲေျပာလိုက္သည္။

" သူ(မ) ဘာသုံးတာလဲ? "

" Methyl amphetamine[1] , hydroxyimine hydrochloride[2] နဲ႔ ibuhoprofen[3]ကြၽန္ေတာ္ ေဆးဝါးတိုက္ဖ်က္ေရးက အဖြဲ႕သားတစ္ေယာက္ကို ေမးလိုက္ေတာ့ မၾကာခင္ကမွေစ်းကြက္ထဲမွာ ဒီပစၥည္းသုံးမ်ိဳးေပါင္းစပ္ထားၿပီး ' ရွိန္ရွင္းေ႐ႊ ( fairy water ) ' လို႔ေခၚတဲ့ ေဆးသစ္တစ္မ်ိဳးရွိတယ္တဲ့ "

" ဘာ? အလယ္ကဘာပစၥည္း? "

ရန္ရိ amphetamine ႏွင့္ ibuhoprofen ကိုသိေသာ္လည္း အလယ္ကတစ္မ်ိဳးကေတာ့ သူ႔အသိပညာအလြန္တြင္ရွိ၏။

" hydroxyimine hydrochloride ,K အမႈန္႔လုပ္တဲ့ေနရာမွာသုံးတဲ့ပစၥည္း "

" oh သူ(မ) ေဆးသုံးတယ္ဆိုရင္ေတာင္ သူ(မ) မီးရႈိ႕တာလို႔ဘယ္လိုသက္ေသျပမလဲ? "

"  ဒီ ' fairy water ' လိုဟာမ်ိဳးကရႉရႈိက္ဖို႔ ထူးျခားတဲ့နည္းလမ္းလိုတယ္ အပူေပးတာ , ပထမ - ရႉရႈိက္ဖို႔လြယ္တယ္ ၊ ဒုတိယ အပူခ်ိန္ ၂၁၀°ေရာက္တာနဲ႔ ဓါတုေျပာင္းလဲမႈျဖစ္ေပၚလာၿပီး အက်ိဳးသက္ေရာက္မႈ ပိုျပင္းထန္ေစတယ္ ဒါေၾကာင့္ ဆက္ၿပီးအပူခ်ိန္အရင္းျမစ္ကို ထိန္းထားႏိုင္ဖို႔ အပူေပးကိရိယာက အေကာင္းဆုံးပဲ ရလြယ္တယ္ ၊ သယ္လြယ္တယ္ ၊ အဲ့တာေၾကာင့္သူတို႔သုံးတာက...."

" .....အရက္ျပန္မီးခြက္?! "

" ဟုတ္တယ္ " ကုံးရင့္ရွန္ေျပာသည္။

" ေဟာ္ေသ်ာင့္ဓါတ္ခြဲခန္းက ရလဒ္ထြက္မလာေသးဘူးလား? အဲ့ဒီ့ ဖန္စေလးက အရက္ျပန္မီးခြက္ နဲ႔ဆိုင္မယ္လို႔ကြၽန္ေတာ္ထင္တယ္ "

ရန္ရိ အေလးအနက္ေျပာလိုက္သည္။

" အဲ့တာဆို သူတို႔သုံးတာမ်ားၿပီး မီးအိမ္ေမွာက္ေတာ့ ဆိုဖာကို မီးစြဲတာေပါ့? အရက္ျပန္က မီးကူလြယ္တယ္ ေနရာမွာ မီးကူပစၥည္းေျခစာလက္ရာမေတြ႕ရတာ မထူးဆန္းေတာ့ပါဘူး ဒါေပမယ့္ အရက္ျပန္မီးခြက္မွာေတာ့အႂကြင္းအက်န္ ရွိေလာက္တယ္ "

" ေဝးလြန္းတယ္ ဒါကအေၾကာင္းသင့္ဆုံး သုံးသပ္မႈပဲ "

" ေကာင္းၿပီ ဓါတ္ခြဲခန္းကရလဒ္ထြက္ရင္ ငါမင္းကို အသိေပးမယ္ သက္ေသခိုင္မာရင္ေတာ့ အမႈပိတ္ႏိုင္မွာပါ "

ဖုန္းခ်လိုက္ၿပီး ရန္ရိ သက္ျပင္းခ်သည္။

တရားခံရွာၿပီး အျပစ္ေပးတာကပဲ နစ္နာသူမိသားစုေတြအတြက္ စိတ္သက္သာေစမွာပါ။

_______

Notes

1. Methyl amphetamine - ေအာ္ဂဲနစ္ဓါတ္ေပါင္းမ်ားစြာပါ၀င္သည့္ ဟိုက္ဒ႐ိုကာဗြန္ စိတ္ႂကြေဆးတစ္မ်ိဳး။

2. hydroxyimine hydrochloride - Hydroxylamine ႏွင့္ ၄င္း၏ဆားမ်ားကိုမ်ားေသာအားျဖင့္ ေအာ္ဂဲနစ္ႏွင့္ေအာ္ဂဲနစ္ဓာတ္မတည့္မႈမ်ားတြင္ ေအးဂ်င့္ကိုေလွ်ာ့ခ်ရန္အသုံးျပဳသည္။ သူတို႔ကို fatty acid ( ဟိုက္ဒ႐ိုကာဗြန္ႏွင့္ ကာေဘာက္ဆိုင္းလ္ အုပ္စုပါရွိေသာဓါတ္ေပါင္း) မ်ားအတြက္ antioxidants အျဖစ္လည္းလုပ္ေဆာင္ႏိုင္ပါတယ္။

3. ibuhoprofen - Ibuprofen သည္nonsteroidal anti-inflammatory drug class တြင္ နာက်င္မႈ၊ ဖ်ားနာျခင္းႏွင့္ေရာင္ယမ္းျခင္းကိုကုသရာတြင္အသုံးျပဳသည့္ ေဆးျဖစ္သည္။

________

အလႉပြဲ ဘာပြဲနဲ႔ကတစ္ဖက္  ေစ်းေတြျပန္ဖြင့္လို႔ မိဘကူေနရတာကတစ္ဖက္နဲ႔ အေတာ္ၾကာသြားတယ္

ေသြ႕ပုခ်ိ :0

မၾကာမီ side characters info လာမည္။

နာမည္ေတြ ျပန္ျပင္ရဦးမယ္

၁၀ ပိုင္းၿပီးေျမာက္သြားေတာ့ အလုပ္ပိုဦးမယ္

ဒီအပိုင္းမွာ နာမည္တစ္ခ်ိဳ႕ျပင္ေရးထားတယ္ေနာ္ အားရင္ ေရွ႕ကဟာေတြျပန္ျပင္ေပးပါ့မယ္

side character ေတြသတိထားဖတ္ၾကေနာ္ သာမညေတြကလည္း အဓိကေတြ ျဖစ္ေနတတ္တယ္ !!!

4 11 2020

Lynx