Chapter 25

{ Unicode }

ဝမ်ရွမ့် ရပ်ကွက်မှမီးလောင်မှုအား ည ၈ နာရီအချိန်၌ ငြှိမ်းသတ်နိုင်ခဲ့သည်။

အိုင်းတပ်ဖွဲ့ရဲ့ သူရဲကောင်းဖြစ်သော ကျိုးယင့်အား သယ်ထုတ်လာသည့်အချိန် စိတ်ဓာတ်ကျဖွယ်ငိုညည်းသံတို့ထွက်ပေါ်လာခဲ့၏။ မီးသတ်ရာတွင်ပူးပေါင်းဆောင်ရွက်ခဲ့ကြသော သူရဲကောင်းများကတော့ ရှေ့ရောနောက်ရော မီးသင်းခံထားရပြီး မျက်နှာတစ်ပြင်လုံးညစ်ပေပွကာ ခန္ဓာကိုယ်များက နွမ်းဖလပ်နေလျက်၊ သူတို့ရဲ့ တပ်ဖွဲ့သားအားကြည့်နေကြလေသည်။

သတင်းကြားပြီးသည်နှင့် ဟုန်းဝူဌာနချုပ်၏တပ်စုမှူးဖြစ်သော ချန်းရှောင်ဖေး၊ (ပြည်ထဲရေးနှင့်ဆက်သွယ်ရေးကော်မတီ )နှင့် တာဝန်ကျတပ်ဖွဲ့ခေါင်းဆောင်များအားလုံး အခင်းနေရာသို့ပြေးလာကြသည်။

ချန်းရှောင်ဖေးက လေးနက်စွာ အော်လိုက်၏။

" အလေးပြု-----"

တပ်သားများ တစ်ယောက်ပြီးတစ်ယောက် ညာလက်ကိုမြှောက်လိုက်ကြရင်း အခင်းနေရာရှိ မီးသတ်ကား ၉စီးတို့သည်လည်း တစ်ပြိုင်နက်တည်း ဟွန်းတီးကြ‌တော့သည်။

ထိုဟစ်ကြွေးသံကား ညကိုပို၍ပင် နက်ရှိုင်းသွားစေ၏။

ချန်းရှောင်ဖေးက မီးလောင်သည့်အခင်းနေရာအား ရှင်းလင်းရန် အခြားတပ်ဖွဲ့တစ်ဖွဲ့ကိုလွှဲပြောင်းတာဝန်ပေးလိုက်ပြီး မီးငြိမ်းသတ်ရာတွင်ပါဝင်သူများကတော့ အိမ်ပြန်နားကြရသည်။

မီးသတ်ကားများ တစ်စီးပြီးတစ်စီးထွက်သွားကြသော်လည်း ရန်ရိကတော့ အလျင်မလိုဘဲ ချန်းရှောင်ဖေးဆီသို့ လျှောက်သွားသည်။

" ခေါင်းဆောင်ချန်း "

ချန်းရှောင်ဖေးက ခေါင်းငြိမ့်ရင်း " ကျေးဇူးပဲ "

ရန်ရိ ချန်ရှောင်ဖေးမျက်လုံးများထဲ စိုက်ကြည့်ကာ :

" ခေါင်းဆောင်ချန်း, အဖွဲ့မှူးရွှီနဲ့ ခေါင်းဆောင်ချန်တို့ အမိန့်ပေးခဲ့တာက ဘာပြဿနာမှမရှိပါဘူး "

ချန်းရှောင်ဖေးက ခေါင်းလှည့်ကာ အကွာအဝေးတစ်ခုစီလှမ်းရင်း :

"ချန်ယွဲ့က အတော်စိတ်ထိခိုက်နေတယ် မင်းလည်းအဲ့မှာရှိတယ်မလား ဘာဖြစ်ခဲ့တာလဲ? "

ရန်ရိ မျက်ဝန်းများက နက်မှောင်က နာကြင်နေသည်။

" ရှာဖွေကယ်ဆယ်ရေးမှာ အန်တီကြီးတစ်ယောက်က သူ့ပစ္စည်းတွေပြန်သွားယူမယ်ချည်းအတင်းလုပ်တယ် ဖြောင်းဖျတာကိုနားမထောင်ဘဲ မီးလောင်တဲ့နေရာဆီပြန်သွားတော့ ကျိုးယင့်လည်း သူ့ကိုကယ်ဖို့ လိုက်သွားပြီး အလွှာ.....ပြိုကျသွားတာပဲ "

ချန်းရှောင်ဖေးက အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးမှိတ်ကာ လေးလေးနက်နက်ပြောလာသည်။

" ရန်ရိ မင်းချန်ယွဲ့ကို စိတ်ပူမှန်းသိတယ် ဒါပေမယ့် ဘာလို့ အထပ်လွှာပြိုကျခဲ့တာလဲ? ရေချိန်အရမ်းများပြီး ဝန်မခံနိုင်တော့လို့လား? စတီးရက်မတွေက သိသိသာသာကြီးကို ပုံပျက်နေတာပဲ သိနိုင်တဲ့လက္ခဏာတွေလည်းရှိတယ် ဘာလို့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မရိပ်မိခဲ့တာလဲ? အဲ့တာတွေအားလုံးက ချန်ယွဲ့ရဲ့ 'ပြဿနာတွေ' ပဲ "

ရန်ရိ သူ့နှုတ်ခမ်းကိုကိုက်ရင်း စိတ်ထဲမယ် လက်မခံနိုင်မှုများနှင့် ပူဆွေးသောကတို့ ပြည့်နှက်နေသည်။

ချန်ရှောင်ဖေး မှန်မှန်းသူသိသည်။ သေဆုံးမှုဖြစ်ရပ်မှာ အခင်းကိုသေချာခွဲခြမ်းစိတ်ဖြာပြီး ထိထိရောက်ရောက်အကျိုးရှိစေဖို့လိုသည်။ ချန်းရှောင်ဖေးအပါအဝင် အပေါ်ဆုံးထပ်ကနေ အောက်ဆုံးထပ်အထိ ရှိ‌နေတဲ့ တပ်သားအားလုံးကိုလည်း တာဝန်ခံပေးနိုင်ဖို့လိုသည်။

ဒါပေမယ့် ဒါက မီးအခင်းဖြစ်ရာကိုအလျင်အမြန်လက်လွှဲယူရခြင်းဖြစ်ပြီး သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကြားက တိုက်ပွဲလည်းဖြစ်သည်။ သူ့လမ်းညွှန်ချက်တွေက ၁၀၀% မှန်တယ်လို့ ဘယ်သူကအာမခံနိုင်ပါ့မလဲ? ချန်ယွဲ့ တာဝန်ယူရမှာလား? ဖြစ်စဉ်ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ဆိုရင်တော့ မှန်တယ် ၊ ဒါပေမယ့် သူမှားလို့လား?

ချန်းရှောင်ဖေး ရန်ရိရဲ့အတွေးတွေကိုမြင်သည်။ သူ ရန်ရိကိုပခုံးပုတ်လိုက်ကာ သက်ပြင်းချရင်း :

" ငါမင်းစိတ်ထဲ ဘာတွေးတယ်ဆိုတာ သိတယ် ဘယ်သူမှ ဒီလိုမျိုးမဖြစ်စေချင်ကြပါဘူး။

ဒါပေမယ့် ဖြစ်လာတဲ့အခါမှာတော့ ငါတို့အားလုံးကိုတာဝန်ခံနိုင်ဖို့လုပ်ရမှာပဲ အဲ့တာမှ နောက်လာမယ့်မျိုးဆက်သစ်တွေကို သတိပေးနိုင်ပြီး ဒီလိုထပ်ဖြစ်မှာကိုလည်း ရှောင်ကြဉ်နိုင်လိမ့်မယ် "

ရန်ရိ ခေါင်းညိမ့်လိုက်ပြီး : " နားလည်ပါပြီ "

" စိုးရိမ်မနေနဲ့ ငါ ချန်ယွဲ့ကိစ္စကို ကြည့်လုပ်လိုက်မယ် ပြန်ပြီးနားတော့ "

===========

စခန်းကိုပြန်ရောက်တော့ ရန်ရိရေချိုးပြီး ခြေကုန်လက်ပန်းကျကာ အိပ်ပျော်သွားသည်။

အခုလို ဖြစ်ရပ်မျိုးဖြစ်ခဲ့တော့ ဒီနှစ်ရဲ့ စခန်း‌ေပါင်းစုံ ပြိုင်ပွဲလည်း ဖျက်သိမ်းလိုက်ရသည်။

ပထမနေ့က ရလဒ်‌တွေအရတော့ ဖီးနစ်တပ်ဖွဲ့က ပထမနေရာမှာရှိတုန်းပင်၊ ဒါပေမယ့်လည်း ဘယ်သူမှအမှုမထားကြ‌။

ဝမ်ရမ့်ရပ်ကွက်ကမီးလောင်မှုကြောင့် ကျိုးယင်းအပါအဝင် သေဆုံးသူ ၆ယောက်ရှိခဲ့ပြီး ၃၂ ထိခိုက်ဒဏ်ရာရသည်။ သူတို့ထဲက ၅ ယောက်ကတော့ အပြင်းအထန်ဒဏ်ရာရ၍ အသက်အန္တရာယ်ရှိသော အခြေအနေမှမလွတ်မြောက်နိုင်ကြသေးပေ။

ထမင်းစားပြီးတော့ ချွီယန်ပေါင်က အားလုံးကို စိတ်ဓာတ်ခွန်အားဖြည့်ပေးဖို့ အစည်းအဝေးခေါ်သည်။ အထူးသဖြင့် ကယ်ဆယ်ရေးမှာပါဝင်ခဲ့သော တပ်ဖွဲ့နှစ်ဖွဲ့အတွက်ပင်။ အချိန်တိုလေးအတွင်းမှာ စိတ်ဓာတ်အရမ်းကျခဲ့ရသည်။

အစည်းအဝေးပြီးတော့ ချွီယမ်ပေါင်က ရန်ရိကိုပြောသည်။

" မင်း နှစ်ရက်လောက်နားလိုက် "

‌ရန်ရိ ခေါင်းညိတ်လိုက်ပြီး

" ငါလည်း ခွင့်ရက်ရှည်ယူဖို့တွေးထားတယ် အခုပဲ ညွှန်ချုပ်ရွှီကိုပြောလိုက်တယ်။ ငါမီးမှုခင်းစုံစမ်းရေးမှာ ကူညီချင်လို့ "

" မင်းက တက်တက်ကြွကြွနဲ့ မီးမှုခင်းစုံစမ်းရေးမှာပါမယ်လို့ ပြောတယ်ပေါ့? "

ချွီယန်ပေါင် ခဏလောက်‌စဥ်းစားလိုက်ပြီး

" ကောင်းပြီ သူလက်ခံလား? "

" အင်း မီးမှုစုံစမ်းစစ်ဆေးရေးအပိုင်းမှာက အမြဲတမ်းတပ်သား ရှားနေတာ ပြီးတော့ ငါကကုံးရင့်ရှန်နဲ့လည်းအတူတွဲလုပ်ဖူးတယ်လေ "

ရန်ရိ သက်ပြင်းချကာ :

" ဖြစ်နိုင်ရင်တော့ အမြန်ဆုံး ရလဒ်ထွက်လာဖို့ ကြိုးစားရမှာပဲ "

" ငါတောင် အဲ့တာက ပေါ့ဆမီးလား ရှို့မီးလားမဆုံးဖြတ်နိုင်သေးဘူး မင်း မီးမှုခင်းစုံစမ်းရေးမှာ ပြည်ထဲရေးနဲ့ ပူပေါင်းဖို့လိုလို့လား? "

" ငါ မီးမှုခင်းစုံစမ်းရေးဌာန ကိုယ်စားသွားကြည့်မှာ။  ပြီးတော့ ကုံးရင့်ရှန်လည်း ကျိန်းသေပေါက် လိုက်မှာပဲ "

" ဘာလို့လဲ? ဘားမီးလောင်မှုကတော့ အရေးကြီးတာမို့ထားဦး၊ နေ့ဘက်တွေ အိမ်မီးလောင်တာကတော့ မတော်တဆဖြစ်တာအများဆုံးပါပဲ ရဲတွေက ပြည်ထဲရေးကိစ္စတွေနဲ့ ကြီးကြပ်ရေးမှာ ပါနိုင်လောက်တဲ့အထိတော့ မဟုတ်ဘူးမလား? "

ရန်ရိ ခဏတန့်သွားပြီး လေသံအနိမ့်ဖြင့်ပြောသည်။

" ကုံးရင့်ရှန်က မီးမှုခင်းကိစ္စတွေကို အတော်လေး စိတ်နှစ်ထားတယ်။ ပြီးတော့ ဒီတစ်ခါသူ ငါနဲ့ ဝမ်ရမ့်ရပ်ကွက်ကိုလိုက်လာတာ၊သူ့အတွက် ပထမဆုံးအနေနဲ့ ဒီအမှုက ဘယ်လိုမီးလောင်မှုမျိုးလဲဆိုတာ သေချာပေါက်သိချင်မှာပဲ "

" စိတ်နှစ်ထားတယ်? " ချွီယန်ပေါင် စိတ်ရှုပ်ထွေးကာ မျက်မှောင်ကြုတ်လျက်။

" အင်း စိတ်နှစ်ထားတာ "

ရန်ရိ ကုံးရင့်ရှန် စိတ်နှစ်ထားတာကို နားလည်သည်။ သူ(ကုံးရင့်ရှန်) မီးကိုမုန်းတယ်၊ ကြောက်တယ်ဆိုရင်တောင် ပူပေါင်းပြီး သူ့ဇွဲ့လုံ့လကို စိန်ခေါ်ယူလိမ့်မယ်။

" ကောင်းပြီ စခန်းအတွက်တော့စိတ်မပူနဲ့ ငါနဲ့ ကောင်းကယ်ရှိတယ် မင်းကိုအားလုံးသတင်းပို့မှာပါ "

ရန်ရိ စပ်ဖြဲဖြဲလုပ်ရင်း

" ကျေးဇူးပဲ မိန်းမရာ "

ချွီယန်ပေါင်လည်း ပြုံးရင်း ပြန်ပြောသည်။

" ထွက်သွားစမ်း "

========

သူညခင်းအိမ်ပြန်ရောက်တော့ သူ့‌အဖေက အိပ်တောင်ပျော်နေပြီ၊ အအိပ်ဆတ်တဲ့သူမို့ အသံမထွက်မိအောင် အခန်းထဲခြေဖွပြီးဝင်ရသည်။

မမျှော်လင့်ဘဲ ထိုအချိန်မှာပင် ဖုန်းထမြည်လာ၏။

ရန်ရိ ဖုန်းဖြေတာကိုအမြန်နှိပ်လိုက်ပြီး အသံနှိမ့်ကာပြောလိုက်သည်။

" ဟယ်လို? "

" ရန်ရိ စကားပြောလို့ရမလား? "

ဖုန်းတစ်ဖက်မှ ယောက်ျားသံခပ်ကောင်းကောင်းထွက်ပေါ်လာသည်။

" ချီရှောင်း? ခဏလေးနော် "

ရန်ရိ  သူ့အိပ်ခန်းထဲကိုဝင်ကာ တံခါးပိတ်ပြီးမှ ပုံမှန်အသံနဲ့ပြောလိုက်သည်။

" မင်းပြော "

" မင်းကို TV မှာတွေ့လိုက်တယ် ဝမ်ရမ့်ရပ်ကွက်ကတစ်ခုလေ "

" ဪ "

ရန်ရိ ပေါ့ပေါ့ပါးပါးပြောဟန်ဆောင်လိုက်သည်။

" ကိုယ် TV မှာတောင်ပါသေးတယ်ပေါ့ "

" ......အဆင်ပြေရဲ့လား?"

ရန်ရိ ခဏနှုတ်ဆိတ်သွားပြီး

" ပြေပါတယ် "

ချီရှောင်းက ညင်ညင်သာသာလေးပြောလာသည်။

" ဟေး ငါမင်းတို့တပ်ဖွဲ့သားတစ်ယောက် ဆုံးသွားတာ တွေ့လိုက်တယ် မင်းကိုအရမ်းစိုးရိမ်နေတာ ဘာမှထိမိခိုက်မိတာမျိုး မရှိဘူးမလား"

ရန်ရိ ခပ်ဖျော့ဖျော့ပြုံးရင်း

" တကယ်ဘာမှမဖြစ်ပါဘူး မစိုးရိမ်နဲ့ "

" မင်းအခုတလော နားရက်ရှိလား? "

ချီရှောင်း မေးလာသည်။

" တွေ့ရအောင်လေ၊ မင်းကိုလွမ်းနေတာ "

ရန်ရိ တန့်သွားသည်။ အမြဲလိုလိုပင်, ချီရှောင်းမေးတဲ့အခါတိုင်း သူနားရက်ယူထားတဲ့အချိန်ဖြစ်နေတတ်ပြီး တကယ်ကို ငြင်းဖို့‌အကြောင်းပြချက်မရှိ။ ဒါပေမယ့် ဒီတစ်ခါတော့ သူတွန့်ဆုတ်နေမိသော်လည်း လက်ခံလိုက်ပါ၏။

" ကောင်းပြီ ကိုယ့်မှာလုပ်စရာအချို့ရှိတယ် ပြီးရင်မင်းကိုဆက်သွယ်လိုက်မယ်လေ "

" စောင့်နေမယ် "

ချီရှောင်းက ရုတ်တရက် တခစ်ခစ်ရယ်ရင်း

" မင်းကို ယူနီဖောင်းနဲ့မြင်ဖူးတာ ဒါပထမဆုံးပဲ မင်းအရမ်းခန့်တယ် "

ရန်ရိ ပြုံးရင်းပြောလိုက်သည်။

" မင်းအားရင်စခန်းမှာ ကိုယ့်ကိုလာတွေ့ပေါ့

ကိုယ်တို့ လေ့ကျင့်ခန်းအတွက် မကြာမကြာဝတ်ဖြစ်တယ် "

" အိုကေ ကျွန်တော်လည်း အမြဲတမ်းတွေ့ချင်နေတာ "

ဖုန်းချပြီးတော့ ရန်ရိ အိပ်ရာပေါ်ပစ်လှဲလိုက်ပြီး မနေ့က ဝမ်ရမ့်ရပ်ကွက်မှာဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားမိသည်။ ငိုက်မြည်းလာသည်နှင့်အမျှ ပုံရိပ်များအားလုံးဝေဝါးသွားပြီး ကုံးရင့်ရှန်ရဲ့ နက်မှောင်တိတ်ဆိတ်သော မျက်ဝန်းများသာ ပြတ်သားစွာ အစားထိုးဝင်ရောက်လာခဲ့၏။

=========

နောက်တစ်နေ့မနက်စောစောမှာ ရန်ရိ ရန်ရှန့်ရုံကို သူတို့မိသားစုသုံးယောက် မနက်စာသွားစားလေ့ရှိခဲ့‌သောဆိုင်ကို ခေါ်သွားပြီးနောက် နှစ်ယောက်သား ပန်းခြံထဲသွားလည်ကြသည်။

ရန်ရှန့်ရုံက ဝှီးချဲပေါ်မှာထိုင်နေလျက်၊ မျက်နှာကိုနေရောင်ဖြာကျနေပြီး ငြိမ်း‌အေးသောအပြုံးယောင်လေးထင်ဟပ်စေသည်။

ရန်ရိက ရန်ရှန့်ရုံကိုတွန်းပေးရင်း အခုတလော ရဲဘော်တွေဆုံးရှုံးလိုက်ရတဲ့အကြောင်း ပြောပြသည်။

နားထောင်ပြီးနောက် ရန်ရှန့်ရုံက ပြောလာ၏။

" လောင်ချန်းပြောတာမှန်တယ် အလွှာပြိုကျတာက ရေဖိအားများတာနဲ့ဆိုင်တာလည်းဖြစ်နိုင်သလို ‌အဖွဲ့ခေါင်းဆောင်က စတီးရက်မတွေပုံပျက်တာနဲ့ပတ်သက်ပြီး ကြိုတင်မတွက်ချက်ခဲ့တာကြောင့်လည်းဖြစ်နိုင်တယ် သူ့အမှားပါတာအများကြီးမဟုတ်ပေမယ့်လည်း ခေါင်းဆောင်တစ်ယောက်အနေနဲ့ကတော့ သူနဲ့သက်ဆိုင်တဲ့ တာဝန်ကို ယူသင့်သလောက်ယူပေးရမှာပဲ "

ရန်ရိ စခန်းမှူးတစ်ယောက်ဖြစ်လာသည်မှာ နှစ်နှစ်မပြည့်သေး။ မီးသတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီးကတည်း သူ့ရဲဘော်တွေနဲ့ အသိမိတ်ဆွေတွေ ကျဆုံးတာကို ကြုံခဲ့ရသည်။ ထိုအရာများကို သူ့တစ်ဘဝလုံး အမှတ်ရမနေချင်။ ဒါပေမယ့် အဲ့အချိန်တုန်းက သူခေါင်းဆောင်တစ်ယောက်ဖြစ်မလာသေးတော့ သူတာဝန်ယူရမယ့်အလှည့်မဟုတ်ခဲ့ပေ။ ဒီတစ်ခါတော့ သူအဲ့လိုမတွေးပဲမနေနိုင်။

သူသာ ချန်ယွဲ့ဆိုရင်ရော? ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါ့မလား?

သူတို့အားလုံး တပ်သားတစ်ယောက်အနေနဲ့ ထမ်းဆောင်ရာမှာ အခြေခံစည်းမျဉ်းရှိသည်။

ဆိုသည်မှာ တပ်သားများမသွားဝံ့သော နေရာကို သူတို့ သွားခိုင်း၍မရပေ။ တပ်ဖွဲ့ကို အန္တရာယ်ကြားထဲဦးဆောင်သွားပြီး ‌သေဆုံးသူများရှိပါကလည်း ပြန်လည်သယ်ထုတ်ခဲ့ရမည်ဖြစ်သည်။ သူအမှားတွေမလုပ်မိအောင်၊ လူတွေကိုကာကွယ်နိုင်အောင် အသည်းအသန်ကြိုးစားနေလည်း ဒီမရှောင်လွှဲနိုင်တဲ့ မတော်တဆမှုတွေကို ကြုံတွေ့ရတုန်းပင်။ သူအဲ့အချိန်က ချန်ယွဲ့စိတ်အခြေအနေကို ပြန်တွေးမိလေတိုင်း စိတ်ဓာတ်ကျလာပြီး အသက်ပင်မရှူနိုင်ပါချေ။

ရန်ရှန့်ရုံက သူ့လက်ကိုပုတ်ပေးပြီး

" မင်းကြောက်မှန်း အဖေသိတယ် ဘယ်သူကမကြောက်ဘဲနေမလဲ အဖေတို့ပေါင်ရှန့်စက်မှုဇုန်ကို တပ်ဖွဲ့သားတွေအတူတူဝင်ခဲ့တယ် ဒါပေမယ့် နည်းနည်းလေးပဲ အသက်ရှင်တယ်ကွာ အဲ့အချိန်မှာ ဘယ်သူ့ကိုသွားအပြစ်တင်ရမလဲ? ဘာကိုအပြစ်တင်မလဲ? သူ့လက်ကောက်သွားပြန်ယူတာကြောင့်လို့လား? သူမကိုယ်တိုင်တောင်အသက်ဆုံးသွားပြီပဲကို ဘယ်အချက်ကြောင့်များသူ့ကို အပြစ်တင်ရဦးမှာလဲ "

ရန်ရိ နှာခေါင်းအနည်းငယ်ထုံလာပြီး ဆက်ပြီးသာငြိမ်နေသည်။

" တပ်သားစစ်စစ်ဆိုတာ ကြောက်တတ်တယ် ဒါပေမယ့် ဘယ်တော့မှ နောက်မတွန့်ဘူး "

" ဟေး ပေါင်ရှန်းစက်မှုဇုန်အကြောင်း စဉ်းစားရရင် အခုထိစိတ်မသက်မသာဖြစ်နေတုန်းပဲ "

ရန်ရှန့်ရုံ ခါးသက်သက်ပြုံးသည်။

" အဲ့တုန်းက အထက်အရာရှိတွေက အဖေ့ကို ပထမအဆင့်ဆုတံဆိပ်ပေးချင်တာ။ ပထမအဆင့်ဆုတံဆိပ်ကို အသက်ရှင်လျက်ရတာ ရှားတယ်။ အဖေမသေချင်ဘူး၊ အင်း သေသွားမှပဲ စိတ်ဖြောင့်ဖြောင့်နဲ့ ယူနိုင်မှာလေ။ အဲ့လိုမှမဟုတ်ရင် ဘာလို့ ကျဆုံးသွားတဲ့ အဖေ့ရဲဘော်တွေနဲ့ တန်းတူဂုဏ်ပြုခံလို့ဖြစ်မလဲ "

[T/n : ပြောချင်တာက ကျဆုံးသွားတဲ့သူ့ရဲ့ ရဲဘော်တွေက အသက်ရှင်နေသေးတဲ့သူ့ထက် ပိုတန်ဖိုးကြီးသလို ခံစားရလို့ သူအသက်ရှင်နေလျက်နဲ့ အဲ့လိုဆုမျိုးလက်မခံနိုင်ဘူး။ တန်းတူမသတ်မှတ်နိုင်ဘူး။ ]

" ပေါင်ရှန်းစက်မှုဇုန်အကြောင်းက အင်တာနက်မှာ ရှာလို့မလွယ်ဘူး အဲ့တော့နောက်ဆုံး ထုတ်လုပ်ရေးမတော်တဆမှုလို့ ဆုံးဖြတ်လိုက်တာလား? "

" ချသင့်တဲ့ပြစ်ဒဏ်လည်းချပြီးတော့ ခံသင့်အပြစ်ဒဏ်လည်းခံယူလိုက်ရတာပါပဲ "

ရန်ရှန့်ရုံက ခံစားချက်ပါပါပြောသည်။

" ဘုတ်အဖွဲ့ဥက္ကဌလည်း ပြစ်ဒဏ်ကိုကြောက်လို့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ် ဘာအသုံးဝင်မှာလဲ? ဘယ်သူ့မှပြန်မလာနိုင်တော့ဘူး "

ရန်ရိ ထပ်မေးချင်သေးပေမယ့် သူ့အဖေ မသင်္ကာဖြစ်မှာစိုးရိမ်ပြီး၊ သူမေးပြန်ရင်လည်း အပိုသာဖြစ်ရမည်။ ကုံးရင့်ရန်က စပြီးစကားမစသ၍ အမြဲတမ်း သူမသိသလိုပဲနေမယ်လို့ ဆုံးဖြတ်ထားသည်။

သားအဖနှစ်ယောက် ဈေးဝယ်ထွက်ပြီးနောက် အိမ်ပြန်ကြ၏။

နေ့လယ်စာစားပြီးတော့ ရန်ရိ သူ့အဖေကို နာနီနဲ့လွှဲခဲ့ပြီး ဝမ်ရမ့်ရပ်ကွက်ကို ထွက်လာခဲ့သည်။

သူနဲ့ ကုံးရင့်ရှန် အခင်းနေရာကိုစစ်ဆေးဖို့ ချိန်းဆိုထားခြင်းဖြစ်သည်။

အခင်းနေရာကိုရောက်တော့ သူတို့ထက်စောရောက်နေသူရှိသည်။ ထိုသူမှာ မီးမှုခင်းစုံစမ်းရေးက သူ့အတွက်ထည့်ပေးလိုက်သော လက်ထောက်ဖြစ်ပြီး ဟိုတစ်ခါဘားအမှုတုန်းကလည်း လာကူပေးဖူးတဲ့ ကျန်းဝန်ဖြစ်သည်။

"ခေါင်းဆောင် "

ကျန်းဝန်က တိုက်အောက်ထပ်ကို ဓာတ်ပုံရိုက်နေသည်။

" ရှောင်ကျန်း " ရန်ရိ ခေါင်းညိတ်ပြလိုက်ပြီး

" အစောကြီးရောက်လာတာပဲ "

" ဟုတ် အရင်ဆုံး ပတ်ဝန်းကျင်ကို ဓာတ်ပုံလိုက်ရိုက်နေတာ "

သူက အခုမှဘွဲ့ရခါစပဲရှိသေးသည်။ ရှေ့ဆံမိတ်ကနည်းနည်းရှည်နေပြီး အနက်ရောင်ကိုင်းနဲ့မျက်မှန်လေးထားလျက်။ အနည်းငယ်လည်း ရှိုးတိုးရှန့်တန့်ဖြစ်နေတတ်သည်။ ပိန်ပြီး ဝတ်လိုက်တဲ့အဝတ်တွေကလည်း အမြဲတမ်း ကြီးနေသလိုဖြစ်ကာ အရမ်းပုံမကျပေ။

" ကျန်းဝန် ‌မီးမှုခင်းတပ်ဖွဲ့မှာက အမြဲတမ်းတပ်သားအင်အားလိုနေတော့ မင်းမြန်မြန်ကြီးလာပြီး အမှီသဟဲမရှိ စုံစမ်းနိုင်ဖို့ မျှော်လင့်ရတာပဲ "

ကျန်းဝန် ပြုံးလိုက်ပြီး

" ခေါင်းဆောင် ကျွန်တော်က စာချုပ်နဲ့အလုပ်လုပ်ရတဲ့သူဆိုတော့ ခေါင်းဆောင်တို့နဲ့မတူဘူး ကျွန်တော် ပုံမှန်ဝန်ထမ်းဖြစ်လာရင်တော့ ကောင်းတာပေါ့ မဟုတ်ရင် နှစ်အနည်းငယ်တောင် ခံမှာမဟုတ်ဘူး "

" မင်းပိုတော်လာရင် ပုံမှန်ဝန်ထမ်းဖြစ်လာနိုင်တာပဲမလား? "

ရန်ရိ ကျန်းဝန်ကို ပုခုံးပုတ်ပေးလိုက်ပြီး

" မင်းအတွေ့အကြုံယူဖို့ စခန်းတစ်ခုဝင်ရမယ်ဆိုရင် ငါ့စခန်းမှာ အလုပ်သင်ဝင်ဖို့ စီစဉ်ပေးနိုင်တယ် မီးမငြှိမ်းသတ်ခင်နဲ့ ငြှိမ်းသတ်ပြီး  မီးလောင်မှုဖြစ်စဉ်ကို အပြည့်အဝနားလည်နိုင်အောင်ပေါ့ "

" ကျွန်တော်လည်းအဲ့လိုစီစဉ်ထားတယ် ကျွန်တော့်ဝင်ခွင့်ကိုစောင့်ကြတာပေါ့ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ရန် "

ကျန်းဝန် ခဏတွန့်ဆုတ်နေပြီးနောက် ရန်ရိကို ပုံမှန်အလုပ်ရဖို့မေးလာတော့သည်။

ရန်ရိ အချက်အလက်အတိအကျမသိသဖြင့် သိတဲ့ဟာတစ်ချို့ကိုပဲ ပြောပြလိုက်သည်။

နှစ်ယောက်သား စကားဘယ်လောက်မှမပြောရသေးခင် ကုံးရင့်ရှန် ရောက်လာသည်။

ကုံးရင့်ရှန် ရန်ရိကိုကြည့်ပြီး

" သက်သာလာပြီလား? "

ရန်ရိပြုံးပြီး ပြောလိုက်သည်။

" ငါက အိုကေတယ် ဒီမေးခွန်းကို မင်းကိုသာမေးရမှာ မနေ့ကပြန်သွားတော့ မအန်ပါဘူးနော်?"

" ကျွန်တော် ထိန်းနိုင်အောင် ကြိုးစားနေတယ် "

" အဲ့တာဆို ဒီနေ့..."

ရန်ရိ လက်မနဲ့ အပေါ်ထပ်ကိုထိုးပြလိုက်သည်။

" ဒါမှမဟုတ် ငါအရင်သွားပြီး တစ်ခုခုရှာတွေ့ရင် မင်းကိုအသိပေးလိုက်မယ်‌"

" မဟုတ်ဘူး အတူသွားမယ် "

ကုံးရင့်ရှန် တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလာသည်။

ရန်ရိ အားကိုးရာမဲ့ပြောလိုက်သည်။

" တကယ်ရောဖြစ်နိုင်လို့လား? ငါတို့ အထပ် ၂၀ ကျော်ထိတက်ရမှာနော် မင်းကအရပ်ရှည်တဲ့သူပဲ မင်းခန္ဓာကိုယ် တစ်ခုခုဖြစ်လာလို့ကတော့ ငါကျောပိုးပြီး မဆင်းနိုင်ဘူး "

" ကျွန်တော့်ကို ဘယ်သူမှကျောပိုးစရာမလိုဘူး "

ကုံးရင့်ရှန် mask တပ်ကာ အဆောက်အအုံထဲကို အရင်ဝင်သွားတော့သည်။

ဓာတ်လှေကားက ထုံးစံအတိုင်း ပျက်သွားတာဆိုတော့ ရန်ရိ လှေကားကနေတက်ရပေဦးမည်။ သို့ပေမယ့် ဒီတစ်ခေါက် သူဘာအလေးချိန်ကိုမှ သယ်မထားရတော့ ပိုပြီးပေါ့ပါးနေသည်။

ကုံးရင့်ရှန်က အရှေ့ကသွားရင်း မျက်နှာကလုံးဝကို နီရဲနေပေမယ့် ဘာမှမဖြစ်သလိုပင်။ အထပ်အနည်းငယ်ပဲရောက်တော့မှ သိသိသာသာ မောဟိုက်လာသည်။ ရန်ရိကတော့ အားနည်းချက်ကို မပြလိုသဖြင့် ပင်ပန်းသော်ငြားလည်း တောင့်မခံနိုင်တော့တဲ့အထိ တည်ငြိမ်ဟန်ဆောင်နေသည်။

ကုံးရင့်ရှန် ရန်ရိဘက်လှည့်ကြည့်လာပြီး ရွဲ့တဲ့တဲ့ပြောလာသည်။

" ကျွန်တော်ခင်များကို ကျောပိုးသွား‌ပေးရမလား? "

ရန်ရိ မျက်ခုံးပင့်လိုက်ပြီး

" လိုတယ် လာ လာ "

သူ လက်နှစ်ဖက်ကိုပင် အလိုက်တသိ ကားပြလိုက်သေးသည်။

" ဒါပေမယ့် ခင်များကို ကျောမပိုးချင်ပါဘူး "

ကုံးရင့်ရှန် သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး ရှေ့ဆက်လျှောက်သွား၏။

ရန်ရိ ပြုံးရင်း ခေါင်းခါသည်။

သူတို့နှစ်ယောက်ရဲ့ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ ယှဉ်ရင် ကျန်းဝန်ကတော့ ခဏတွင်းပဲ အားအင်ကုန်ခမ်းသွားသည်။ ပြီးတော့သူ့ခမျာ မီးမှုခင်းစုံစမ်းရေးတွေမှာသုံးလေ့ရှိတဲ့ ကိရိယာသေတ္တာကြီးကိုလည်း သယ်ထားရသေး၏။ သူ ၂၂ လွှာကို မောဟိုက်လျက် ရောက်လာချိန်မှာတော့ ထိုနှစ်ဦးက အရင်ရောက်ကာ မီးဗဟိုကိုရှာတွေ့၍ research တောင်လုပ်နေကြ‌လေပြီ။

"ဒါ မီးစလောင်တဲ့နေရာပဲ "

ရန်ရိ ၂၂လွှာရဲ့ အနောက်ဘက်တံခါးရှေ့တွင်ရပ်နေသည်။ တံခါးပေါ်ရှိ အခန်းနံပါတ်ပြားကတော့ အရည်ပျော်သွားခဲ့ပြီ။ သို့ပေမယ့် ဘယ်နဲ့ညာ ကျန်ရှိနေတဲ့ အခြားနံပါတ်ပြားတွေကို ကြည့်ရသလောက်တော့ ထိုအခန်းသည် ၂၂၀၉ ဖြစ်၏။

အခန်း ၂၂၀၉ ရဲ့ရှေ့မှာ လောင်ကျွမ်းထားသော

ဖိနပ်စင်နှင့် ဖိနပ်အနည်းငယ်ရှိနေပြီး ခွဲခြားမရတဲ့ မီးကျွမ်းပစ္စည်းအချို့လည်းရှိသည်။

ကြမ်းပြင်မှာတော့ အခြားနေရာတွေနဲ့ သိသိသာသာကွဲပြားနေသော မူမမှန်သည့်သဲလွန်စကိုတွေ့ရသည်။ ကြမ်းခင်းကြွေပြားမှာ အရောင်ပြောင်းပြီး ဖောင်းကြွနေလေ၏။

ရန်ရိ ကြမ်းပြင်ကို ညွှန်ပြလိုက်ပြီး

" သာမန်မျက်လုံးနဲ့ကြည့်ရင်တော့ မီးလောင်လွယ်တဲ့အရည်တစ်ခုခုက မီးသိပ်မပြင်းခင် လောင်ထားတယ်ဆိုတဲ့ လက္ခဏာပဲ။ ပြန်တွေးကြည့်ရင် ငါမီးသတ်တုန်းက ဓာတ်ဆီလိုမျိုး အနံ့ရတယ် "

ကုံးရင့်ရှန် မျက်လုံးများ မှေးစင်းရင်း

" ဓာတ်ဆီနဲ့ရှို့တာလား? "

" အဲ့တုန်းက ဓာတ်ဆီနံ့အများကြီးမရဘူး ပြီးတော့ မီးလောင်တဲ့ဖြစ်စဉ်ကလည်း ဓာတ်ဆီကြောင့်လောင်တယ်ဆိုတဲ့ လက္ခဏာမပြဘူး

ဆိုတော့ ဓာတ်ဆီက ဒီတိုင်းမီးလောင်အောင် ထောက်ပံ့တာသက်သက်ပဲ တစ်ခုခုကိုမီးရှို့ဖို့ပေါ့ "

ရန်ရိ နေရာကို ကြည့်ပြီး‌မေးလိုက်သည်။

" ဒီမှာဘာရှိလို့လဲ? ဖိနပ်တွေလား? ဒီလောက်ကြီးလောင်ဖို့မဖြစ်နိုင်ဘူး "

ကုံးရင့်ရှန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မီးလောင်ထားတဲ့ အပျက်အစီးတွေကို သူ့လက်အိတ်စွပ်ထားတဲ့လက်တွေနဲ့ လှန်လှောရှာဖွေသည်။ ခဏကြာတော့ သူ အရည်ပျော်ပြီး ပုံပျက်နေတဲ့ သတ္တုပုံးတစ်ပုံးကိုကောက်ကိုင်လိုက်သည်။

သူရန်ရိကို ကြည့်ပြီး

" ခင်များ ကောရစ်တာမှာဘာတွေထားတတ်လဲ?"

" အာ.ဖိနပ်စင်၊ ထီးစင်....."

ရန်ရိ အသည်းအသန်စဉ်းစားနေရ၏။

ကုံးရင့်ရှန် ပြောလာသည်။

" အမှိုက် "

========

See you guys ✨

29.6.21

{ Zawgyi }

ဝမ္႐ြမ့္ ရပ္ကြက္မွမီးေလာင္မႈအား ည ၈ နာရီအခ်ိန္၌ ၿငႇိမ္းသတ္ႏိုင္ခဲ့သည္။

အိုင္းတပ္ဖြဲ႕ရဲ႕ သူရဲေကာင္းျဖစ္ေသာ က်ိဳးယင့္အား သယ္ထုတ္လာသည့္အခ်ိန္ စိတ္ဓာတ္က်ဖြယ္ငိုညည္းသံတို႔ထြက္ေပၚလာခဲ့၏။ မီးသတ္ရာတြင္ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကေသာ သူရဲေကာင္းမ်ားကေတာ့ ေ႐ွ႕ေရာေနာက္ေရာ မီးသင္းခံထားရၿပီး မ်က္ႏွာတစ္ျပင္လုံးညစ္ေပပြကာ ခႏၶာကိုယ္မ်ားက ႏြမ္းဖလပ္ေနလ်က္၊ သူတို႔ရဲ႕ တပ္ဖြဲ႕သားအားၾကည့္ေနၾကေလသည္။

သတင္းၾကားၿပီးသည္ႏွင့္ ဟုန္းဝူဌာနခ်ဳပ္၏တပ္စုမႉးျဖစ္ေသာ ခ်န္းေ႐ွာင္ေဖး၊ (ျပည္ထဲေရးႏွင့္ဆက္သြယ္ေရးေကာ္မတီ )ႏွင့္ တာဝန္က်တပ္ဖြဲ႕ေခါင္းေဆာင္မ်ားအားလုံး အခင္းေနရာသို႔ေျပးလာၾကသည္။

ခ်န္းေ႐ွာင္ေဖးက ေလးနက္စြာ ေအာ္လိုက္၏။

" အေလးျပဳ-----"

တပ္သားမ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ညာလက္ကိုေျမႇာက္လိုက္ၾကရင္း အခင္းေနရာ႐ွိ မီးသတ္ကား ၉စီးတို႔သည္လည္း တစ္ၿပိဳင္နက္တည္း ဟြန္းတီးၾက‌ေတာ့သည္။

ထိုဟစ္ေႂကြးသံကား ညကိုပို၍ပင္ နက္႐ိႈင္းသြားေစ၏။

ခ်န္းေ႐ွာင္ေဖးက မီးေလာင္သည့္အခင္းေနရာအား ႐ွင္းလင္းရန္ အျခားတပ္ဖြဲ႕တစ္ဖြဲ႕ကိုလႊဲေျပာင္းတာဝန္ေပးလိုက္ၿပီး မီးၿငိမ္းသတ္ရာတြင္ပါဝင္သူမ်ားကေတာ့ အိမ္ျပန္နားၾကရသည္။

မီးသတ္ကားမ်ား တစ္စီးၿပီးတစ္စီးထြက္သြားၾကေသာ္လည္း ရန္ရိကေတာ့ အလ်င္မလိုဘဲ ခ်န္းေ႐ွာင္ေဖးဆီသို႔ ေလွ်ာက္သြားသည္။

" ေခါင္းေဆာင္ခ်န္း "

ခ်န္းေ႐ွာင္ေဖးက ေခါင္းၿငိမ့္ရင္း " ေက်းဇူးပဲ "

ရန္ရိ ခ်န္ေ႐ွာင္ေဖးမ်က္လုံးမ်ားထဲ စိုက္ၾကည့္ကာ :

" ေခါင္းေဆာင္ခ်န္း, အဖြဲ႕မႉး႐ႊီနဲ႔ ေခါင္းေဆာင္ခ်န္တို႔ အမိန္႔ေပးခဲ့တာက ဘာျပႆနာမွမ႐ွိပါဘူး "

ခ်န္းေ႐ွာင္ေဖးက ေခါင္းလွည့္ကာ အကြာအေဝးတစ္ခုစီလွမ္းရင္း :

"ခ်န္ယြဲ႕က အေတာ္စိတ္ထိခိုက္ေနတယ္ မင္းလည္းအဲ့မွာ႐ွိတယ္မလား ဘာျဖစ္ခဲ့တာလဲ? "

ရန္ရိ မ်က္ဝန္းမ်ားက နက္ေမွာင္က နာၾကင္ေနသည္။

" ႐ွာေဖြကယ္ဆယ္ေရးမွာ အန္တီႀကီးတစ္ေယာက္က သူ႕ပစၥည္းေတြျပန္သြားယူမယ္ခ်ည္းအတင္းလုပ္တယ္ ေျဖာင္းဖ်တာကိုနားမေထာင္ဘဲ မီးေလာင္တဲ့ေနရာဆီျပန္သြားေတာ့ က်ိဳးယင့္လည္း သူ႕ကိုကယ္ဖို႔ လိုက္သြားၿပီး အလႊာ.....ၿပိဳက်သြားတာပဲ "

ခ်န္းေ႐ွာင္ေဖးက အသက္ကိုျပင္းျပင္း႐ွဴသြင္းလိုက္ၿပီး မ်က္လုံးမွိတ္ကာ ေလးေလးနက္နက္ေျပာလာသည္။

" ရန္ရိ မင္းခ်န္ယြဲ႕ကို စိတ္ပူမွန္းသိတယ္ ဒါေပမယ့္ ဘာလို႔ အထပ္လႊာၿပိဳက်ခဲ့တာလဲ? ေရခ်ိန္အရမ္းမ်ားၿပီး ဝန္မခံႏိုင္ေတာ့လို႔လား? စတီးရက္မေတြက သိသိသာသာႀကီးကို ပုံပ်က္ေနတာပဲ သိႏိုင္တဲ့လကၡဏာေတြလည္း႐ွိတယ္ ဘာလို႔ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ မရိပ္မိခဲ့တာလဲ? အဲ့တာေတြအားလုံးက ခ်န္ယြဲ႕ရဲ႕ 'ျပႆနာေတြ' ပဲ "

ရန္ရိ သူ႕ႏႈတ္ခမ္းကိုကိုက္ရင္း စိတ္ထဲမယ္ လက္မခံႏိုင္မႈမ်ားႏွင့္ ပူေဆြးေသာကတို႔ ျပည့္ႏွက္ေနသည္။

ခ်န္ေ႐ွာင္ေဖး မွန္မွန္းသူသိသည္။ ေသဆုံးမႈျဖစ္ရပ္မွာ အခင္းကိုေသခ်ာခြဲျခမ္းစိတ္ျဖာၿပီး ထိထိေရာက္ေရာက္အက်ိဳး႐ွိေစဖို႔လိုသည္။ ခ်န္းေ႐ွာင္ေဖးအပါအဝင္ အေပၚဆုံးထပ္ကေန ေအာက္ဆုံးထပ္အထိ ႐ွိ‌ေနတဲ့ တပ္သားအားလုံးကိုလည္း တာဝန္ခံေပးႏိုင္ဖို႔လိုသည္။

ဒါေပမယ့္ ဒါက မီးအခင္းျဖစ္ရာကိုအလ်င္အျမန္လက္လႊဲယူရျခင္းျဖစ္ၿပီး ေသဆုံးျခင္းႏွင့္ ႐ွင္သန္ျခင္းၾကားက တိုက္ပြဲလည္းျဖစ္သည္။ သူ႕လမ္းၫႊန္ခ်က္ေတြက ၁၀၀% မွန္တယ္လို႔ ဘယ္သူကအာမခံႏိုင္ပါ့မလဲ? ခ်န္ယြဲ႕ တာဝန္ယူရမွာလား? ျဖစ္စဥ္ရဲ႕ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ဆိုရင္ေတာ့ မွန္တယ္ ၊ ဒါေပမယ့္ သူမွားလို႔လား?

ခ်န္းေ႐ွာင္ေဖး ရန္ရိရဲ႕အေတြးေတြကိုျမင္သည္။ သူ ရန္ရိကိုပခုံးပုတ္လိုက္ကာ သက္ျပင္းခ်ရင္း :

" ငါမင္းစိတ္ထဲ ဘာေတြးတယ္ဆိုတာ သိတယ္ ဘယ္သူမွ ဒီလိုမ်ိဳးမျဖစ္ေစခ်င္ၾကပါဘူး။

ဒါေပမယ့္ ျဖစ္လာတဲ့အခါမွာေတာ့ ငါတို႔အားလုံးကိုတာဝန္ခံႏိုင္ဖို႔လုပ္ရမွာပဲ အဲ့တာမွ ေနာက္လာမယ့္မ်ိဳးဆက္သစ္ေတြကို သတိေပးႏိုင္ၿပီး ဒီလိုထပ္ျဖစ္မွာကိုလည္း ေ႐ွာင္ၾကဥ္ႏိုင္လိမ့္မယ္ "

ရန္ရိ ေခါင္းညိမ့္လိုက္ၿပီး : " နားလည္ပါၿပီ "

" စိုးရိမ္မေနနဲ႔ ငါ ခ်န္ယြဲ႕ကိစၥကို ၾကည့္လုပ္လိုက္မယ္ ျပန္ၿပီးနားေတာ့ "

===========

စခန္းကိုျပန္ေရာက္ေတာ့ ရန္ရိေရခ်ိဳးၿပီး ေျခကုန္လက္ပန္းက်ကာ အိပ္ေပ်ာ္သြားသည္။

အခုလို ျဖစ္ရပ္မ်ိဳးျဖစ္ခဲ့ေတာ့ ဒီႏွစ္ရဲ႕ စခန္း‌ေပါင္းစုံ ၿပိဳင္ပြဲလည္း ဖ်က္သိမ္းလိုက္ရသည္။

ပထမေန႔က ရလဒ္‌ေတြအရေတာ့ ဖီးနစ္တပ္ဖြဲ႕က ပထမေနရာမွာ႐ွိတုန္းပင္၊ ဒါေပမယ့္လည္း ဘယ္သူမွအမႈမထားၾက‌။

ဝမ္ရမ့္ရပ္ကြက္ကမီးေလာင္မႈေၾကာင့္ က်ိဳးယင္းအပါအဝင္ ေသဆုံးသူ ၆ေယာက္႐ွိခဲ့ၿပီး ၃၂ ထိခိုက္ဒဏ္ရာရသည္။ သူတို႔ထဲက ၅ ေယာက္ကေတာ့ အျပင္းအထန္ဒဏ္ရာရ၍ အသက္အႏၲရာယ္႐ွိေသာ အေျခအေနမွမလြတ္ေျမာက္ႏိုင္ၾကေသးေပ။

ထမင္းစားၿပီးေတာ့ ခြၽီယန္ေပါင္က အားလုံးကို စိတ္ဓာတ္ခြန္အားျဖည့္ေပးဖို႔ အစည္းအေဝးေခၚသည္။ အထူးသျဖင့္ ကယ္ဆယ္ေရးမွာပါဝင္ခဲ့ေသာ တပ္ဖြဲ႕ႏွစ္ဖြဲ႕အတြက္ပင္။ အခ်ိန္တိုေလးအတြင္းမွာ စိတ္ဓာတ္အရမ္းက်ခဲ့ရသည္။

အစည္းအေဝးၿပီးေတာ့ ခြၽီယမ္ေပါင္က ရန္ရိကိုေျပာသည္။

" မင္း ႏွစ္ရက္ေလာက္နားလိုက္ "

‌ရန္ရိ ေခါင္းညိတ္လိုက္ၿပီး

" ငါလည္း ခြင့္ရက္႐ွည္ယူဖို႔ေတြးထားတယ္ အခုပဲ ၫႊန္ခ်ဳပ္႐ႊီကိုေျပာလိုက္တယ္။ ငါမီးမႈခင္းစုံစမ္းေရးမွာ ကူညီခ်င္လို႔ "

" မင္းက တက္တက္ႂကြႂကြနဲ႔ မီးမႈခင္းစုံစမ္းေရးမွာပါမယ္လို႔ ေျပာတယ္ေပါ့? "

ခြၽီယန္ေပါင္ ခဏေလာက္‌စဥ္းစားလိုက္ၿပီး

" ေကာင္းၿပီ သူလက္ခံလား? "

" အင္း မီးမႈစုံစမ္းစစ္ေဆးေရးအပိုင္းမွာက အၿမဲတမ္းတပ္သား ႐ွားေနတာ ၿပီးေတာ့ ငါကကုံးရင့္႐ွန္နဲ႔လည္းအတူတြဲလုပ္ဖူးတယ္ေလ "

ရန္ရိ သက္ျပင္းခ်ကာ :

" ျဖစ္ႏိုင္ရင္ေတာ့ အျမန္ဆုံး ရလဒ္ထြက္လာဖို႔ ႀကိဳးစားရမွာပဲ "

" ငါေတာင္ အဲ့တာက ေပါ့ဆမီးလား ႐ိႈ႕မီးလားမဆုံးျဖတ္ႏိုင္ေသးဘူး မင္း မီးမႈခင္းစုံစမ္းေရးမွာ ျပည္ထဲေရးနဲ႔ ပူေပါင္းဖို႔လိုလို႔လား? "

" ငါ မီးမႈခင္းစုံစမ္းေရးဌာန ကိုယ္စားသြားၾကည့္မွာ။  ၿပီးေတာ့ ကုံးရင့္႐ွန္လည္း က်ိန္းေသေပါက္ လိုက္မွာပဲ "

" ဘာလို႔လဲ? ဘားမီးေလာင္မႈကေတာ့ အေရးႀကီးတာမို႔ထားဦး၊ ေန႔ဘက္ေတြ အိမ္မီးေလာင္တာကေတာ့ မေတာ္တဆျဖစ္တာအမ်ားဆုံးပါပဲ ရဲေတြက ျပည္ထဲေရးကိစၥေတြနဲ႔ ႀကီးၾကပ္ေရးမွာ ပါႏိုင္ေလာက္တဲ့အထိေတာ့ မဟုတ္ဘူးမလား? "

ရန္ရိ ခဏတန္႔သြားၿပီး ေလသံအနိမ့္ျဖင့္ေျပာသည္။

" ကုံးရင့္႐ွန္က မီးမႈခင္းကိစၥေတြကို အေတာ္ေလး စိတ္ႏွစ္ထားတယ္။ ၿပီးေတာ့ ဒီတစ္ခါသူ ငါနဲ႔ ဝမ္ရမ့္ရပ္ကြက္ကိုလိုက္လာတာ၊သူ႕အတြက္ ပထမဆုံးအေနနဲ႔ ဒီအမႈက ဘယ္လိုမီးေလာင္မႈမ်ိဳးလဲဆိုတာ ေသခ်ာေပါက္သိခ်င္မွာပဲ "

" စိတ္ႏွစ္ထားတယ္? " ခြၽီယန္ေပါင္ စိတ္႐ႈပ္ေထြးကာ မ်က္ေမွာင္ၾကဳတ္လ်က္။

" အင္း စိတ္ႏွစ္ထားတာ "

ရန္ရိ ကုံးရင့္႐ွန္ စိတ္ႏွစ္ထားတာကို နားလည္သည္။ သူ(ကုံးရင့္႐ွန္) မီးကိုမုန္းတယ္၊ ေၾကာက္တယ္ဆိုရင္ေတာင္ ပူေပါင္းၿပီး သူ႕ဇြဲ႕လုံ႔လကို စိန္ေခၚယူလိမ့္မယ္။

" ေကာင္းၿပီ စခန္းအတြက္ေတာ့စိတ္မပူနဲ႔ ငါနဲ႔ ေကာင္းကယ္႐ွိတယ္ မင္းကိုအားလုံးသတင္းပို႔မွာပါ "

ရန္ရိ စပ္ၿဖဲၿဖဲလုပ္ရင္း

" ေက်းဇူးပဲ မိန္းမရာ "

ခြၽီယန္ေပါင္လည္း ျပဳံးရင္း ျပန္ေျပာသည္။

" ထြက္သြားစမ္း "

========

သူညခင္းအိမ္ျပန္ေရာက္ေတာ့ သူ႕‌အေဖက အိပ္ေတာင္ေပ်ာ္ေနၿပီ၊ အအိပ္ဆတ္တဲ့သူမို႔ အသံမထြက္မိေအာင္ အခန္းထဲေျခဖြၿပီးဝင္ရသည္။

မေမွ်ာ္လင့္ဘဲ ထိုအခ်ိန္မွာပင္ ဖုန္းထျမည္လာ၏။

ရန္ရိ ဖုန္းေျဖတာကိုအျမန္ႏွိပ္လိုက္ၿပီး အသံႏွိမ့္ကာေျပာလိုက္သည္။

" ဟယ္လို? "

" ရန္ရိ စကားေျပာလို႔ရမလား? "

ဖုန္းတစ္ဖက္မွ ေယာက်္ားသံခပ္ေကာင္းေကာင္းထြက္ေပၚလာသည္။

" ခ်ီေ႐ွာင္း? ခဏေလးေနာ္ "

ရန္ရိ  သူ႕အိပ္ခန္းထဲကိုဝင္ကာ တံခါးပိတ္ၿပီးမွ ပုံမွန္အသံနဲ႔ေျပာလိုက္သည္။

" မင္းေျပာ "

" မင္းကို TV မွာေတြ႕လိုက္တယ္ ဝမ္ရမ့္ရပ္ကြက္ကတစ္ခုေလ "

" ဪ "

ရန္ရိ ေပါ့ေပါ့ပါးပါးေျပာဟန္ေဆာင္လိုက္သည္။

" ကိုယ္ TV မွာေတာင္ပါေသးတယ္ေပါ့ "

" ......အဆင္ေျပရဲ႕လား?"

ရန္ရိ ခဏႏႈတ္ဆိတ္သြားၿပီး

" ေျပပါတယ္ "

ခ်ီေ႐ွာင္းက ညင္ညင္သာသာေလးေျပာလာသည္။

" ေဟး ငါမင္းတို႔တပ္ဖြဲ႕သားတစ္ေယာက္ ဆုံးသြားတာ ေတြ႕လိုက္တယ္ မင္းကိုအရမ္းစိုးရိမ္ေနတာ ဘာမွထိမိခိုက္မိတာမ်ိဳး မ႐ွိဘူးမလား"

ရန္ရိ ခပ္ေဖ်ာ့ေဖ်ာ့ျပဳံးရင္း

" တကယ္ဘာမွမျဖစ္ပါဘူး မစိုးရိမ္နဲ႔ "

" မင္းအခုတေလာ နားရက္႐ွိလား? "

ခ်ီေ႐ွာင္း ေမးလာသည္။

" ေတြ႕ရေအာင္ေလ၊ မင္းကိုလြမ္းေနတာ "

ရန္ရိ တန္႔သြားသည္။ အၿမဲလိုလိုပင္, ခ်ီေ႐ွာင္းေမးတဲ့အခါတိုင္း သူနားရက္ယူထားတဲ့အခ်ိန္ျဖစ္ေနတတ္ၿပီး တကယ္ကို ျငင္းဖို႔‌အေၾကာင္းျပခ်က္မ႐ွိ။ ဒါေပမယ့္ ဒီတစ္ခါေတာ့ သူတြန္႔ဆုတ္ေနမိေသာ္လည္း လက္ခံလိုက္ပါ၏။

" ေကာင္းၿပီ ကိုယ့္မွာလုပ္စရာအခ်ိဳ႕႐ွိတယ္ ၿပီးရင္မင္းကိုဆက္သြယ္လိုက္မယ္ေလ "

" ေစာင့္ေနမယ္ "

ခ်ီေ႐ွာင္းက ႐ုတ္တရက္ တခစ္ခစ္ရယ္ရင္း

" မင္းကို ယူနီေဖာင္းနဲ႔ျမင္ဖူးတာ ဒါပထမဆုံးပဲ မင္းအရမ္းခန္႔တယ္ "

ရန္ရိ ျပဳံးရင္းေျပာလိုက္သည္။

" မင္းအားရင္စခန္းမွာ ကိုယ့္ကိုလာေတြ႕ေပါ့

ကိုယ္တို႔ ေလ့က်င့္ခန္းအတြက္ မၾကာမၾကာဝတ္ျဖစ္တယ္ "

" အိုေက ကြၽန္ေတာ္လည္း အၿမဲတမ္းေတြ႕ခ်င္ေနတာ "

ဖုန္းခ်ၿပီးေတာ့ ရန္ရိ အိပ္ရာေပၚပစ္လွဲလိုက္ၿပီး မေန႔က ဝမ္ရမ့္ရပ္ကြက္မွာျဖစ္ခဲ့တာေတြကို ျပန္စဥ္းစားမိသည္။ ငိုက္ျမည္းလာသည္ႏွင့္အမွ် ပုံရိပ္မ်ားအားလုံးေဝဝါးသြားၿပီး ကုံးရင့္႐ွန္ရဲ႕ နက္ေမွာင္တိတ္ဆိတ္ေသာ မ်က္ဝန္းမ်ားသာ ျပတ္သားစြာ အစားထိုးဝင္ေရာက္လာခဲ့၏။

=========

ေနာက္တစ္ေန႔မနက္ေစာေစာမွာ ရန္ရိ ရန္႐ွန္႔႐ုံကို သူတို႔မိသားစုသုံးေယာက္ မနက္စာသြားစားေလ့႐ွိခဲ့‌ေသာဆိုင္ကို ေခၚသြားၿပီးေနာက္ ႏွစ္ေယာက္သား ပန္းျခံထဲသြားလည္ၾကသည္။

ရန္႐ွန္႔႐ုံက ဝွီးခ်ဲေပၚမွာထိုင္ေနလ်က္၊ မ်က္ႏွာကိုေနေရာင္ျဖာက်ေနၿပီး ၿငိမ္း‌ေအးေသာအျပဳံးေယာင္ေလးထင္ဟပ္ေစသည္။

ရန္ရိက ရန္႐ွန္႔႐ုံကိုတြန္းေပးရင္း အခုတေလာ ရဲေဘ်ာေတြဆုံး႐ႈံးလိုက္ရတဲ့အေၾကာင္း ေျပာျပသည္။

နားေထာင္ၿပီးေနာက္ ရန္႐ွန္႔႐ုံက ေျပာလာ၏။

" ေလာင္ခ်န္းေျပာတာမွန္တယ္ အလႊာၿပိဳက်တာက ေရဖိအားမ်ားတာနဲ႔ဆိုင္တာလည္းျဖစ္ႏိုင္သလို ‌အဖြဲ႕ေခါင္းေဆာင္က စတီးရက္မေတြပုံပ်က္တာနဲ႔ပတ္သက္ၿပီး ႀကိဳတင္မတြက္ခ်က္ခဲ့တာေၾကာင့္လည္းျဖစ္ႏိုင္တယ္ သူ႕အမွားပါတာအမ်ားႀကီးမဟုတ္ေပမယ့္လည္း ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ကေတာ့ သူနဲ႔သက္ဆိုင္တဲ့ တာဝန္ကို ယူသင့္သေလာက္ယူေပးရမွာပဲ "

ရန္ရိ စခန္းမႉးတစ္ေယာက္ျဖစ္လာသည္မွာ ႏွစ္ႏွစ္မျပည့္ေသး။ မီးသတ္သမားတစ္ေယာက္အေနနဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳၿပီးကတည္း သူ႕ရဲေဘာ္ေတြနဲ႔ အသိမိတ္ေဆြေတြ က်ဆုံးတာကို ၾကဳံခဲ့ရသည္။ ထိုအရာမ်ားကို သူ႕တစ္ဘဝလုံး အမွတ္ရမေနခ်င္။ ဒါေပမယ့္ အဲ့အခ်ိန္တုန္းက သူေခါင္းေဆာင္တစ္ေယာက္ျဖစ္မလာေသးေတာ့ သူတာဝန္ယူရမယ့္အလွည့္မဟုတ္ခဲ့ေပ။ ဒီတစ္ခါေတာ့ သူအဲ့လိုမေတြးပဲမေနႏိုင္။

သူသာ ခ်န္ယြဲ႕ဆိုရင္ေရာ? ပိုေကာင္းေအာင္ လုပ္ႏိုင္ခဲ့ပါ့မလား?

သူတို႔အားလုံး တပ္သားတစ္ေယာက္အေနနဲ႔ ထမ္းေဆာင္ရာမွာ အေျခခံစည္းမ်ဥ္း႐ွိသည္။

ဆိုသည္မွာ တပ္သားမ်ားမသြားဝံ့ေသာ ေနရာကို သူတို႔ သြားခိုင္း၍မရေပ။ တပ္ဖြဲ႕ကို အႏၲရာယ္ၾကားထဲဦးေဆာင္သြားၿပီး ‌ေသဆုံးသူမ်ား႐ွိပါကလည္း ျပန္လည္သယ္ထုတ္ခဲ့ရမည္ျဖစ္သည္။ သူအမွားေတြမလုပ္မိေအာင္၊ လူေတြကိုကာကြယ္ႏိုင္ေအာင္ အသည္းအသန္ႀကိဳးစားေနလည္း ဒီမေ႐ွာင္လႊဲႏိုင္တဲ့ မေတာ္တဆမႈေတြကို ၾကဳံေတြ႕ရတုန္းပင္။ သူအဲ့အခ်ိန္က ခ်န္ယြဲ႕စိတ္အေျခအေနကို ျပန္ေတြးမိေလတိုင္း စိတ္ဓာတ္က်လာၿပီး အသက္ပင္မ႐ွဴႏိုင္ပါေခ်။

ရန္႐ွန္႔႐ုံက သူ႕လက္ကိုပုတ္ေပးၿပီး

" မင္းေၾကာက္မွန္း အေဖသိတယ္ ဘယ္သူကမေၾကာက္ဘဲေနမလဲ အေဖတို႔ေပါင္႐ွန္႔စက္မႈဇုန္ကို တပ္ဖြဲ႕သားေတြအတူတူဝင္ခဲ့တယ္ ဒါေပမယ့္ နည္းနည္းေလးပဲ အသက္႐ွင္တယ္ကြာ အဲ့အခ်ိန္မွာ ဘယ္သူ႕ကိုသြားအျပစ္တင္ရမလဲ? ဘာကိုအျပစ္တင္မလဲ? သူ႕လက္ေကာက္သြားျပန္ယူတာေၾကာင့္လို႔လား? သူမကိုယ္တိုင္ေတာင္အသက္ဆုံးသြားၿပီပဲကို ဘယ္အခ်က္ေၾကာင့္မ်ားသူ႕ကို အျပစ္တင္ရဦးမွာလဲ "

ရန္ရိ ႏွာေခါင္းအနည္းငယ္ထုံလာၿပီး ဆက္ၿပီးသာၿငိမ္ေနသည္။

" တပ္သားစစ္စစ္ဆိုတာ ေၾကာက္တတ္တယ္ ဒါေပမယ့္ ဘယ္ေတာ့မွ ေနာက္မတြန္႔ဘူး "

" ေဟး ေပါင္႐ွန္းစက္မႈဇုန္အေၾကာင္း စဥ္းစားရရင္ အခုထိစိတ္မသက္မသာျဖစ္ေနတုန္းပဲ "

ရန္႐ွန္႔႐ုံ ခါးသက္သက္ျပဳံးသည္။

" အဲ့တုန္းက အထက္အရာ႐ွိေတြက အေဖ့ကို ပထမအဆင့္ဆုတံဆိပ္ေပးခ်င္တာ။ ပထမအဆင့္ဆုတံဆိပ္ကို အသက္႐ွင္လ်က္ရတာ ႐ွားတယ္။ အေဖမေသခ်င္ဘူး၊ အင္း ေသသြားမွပဲ စိတ္ေျဖာင့္ေျဖာင့္နဲ႔ ယူႏိုင္မွာေလ။ အဲ့လိုမွမဟုတ္ရင္ ဘာလို႔ က်ဆုံးသြားတဲ့ အေဖ့ရဲေဘာ္ေတြနဲ႔ တန္းတူဂုဏ္ျပဳခံလို႔ျဖစ္မလဲ "

[T/n : ေျပာခ်င္တာက က်ဆုံးသြားတဲ့သူ႕ရဲ႕ ရဲေဘာ္ေတြက အသက္႐ွင္ေနေသးတဲ့သူ႕ထက္ ပိုတန္ဖိုးႀကီးသလို ခံစားရလို႔ သူအသက္႐ွင္ေနလ်က္နဲ႔ အဲ့လိုဆုမ်ိဳးလက္မခံႏိုင္ဘူး။ တန္းတူမသတ္မွတ္ႏိုင္ဘူး။ ]

" ေပါင္႐ွန္းစက္မႈဇုန္အေၾကာင္းက အင္တာနက္မွာ ႐ွာလို႔မလြယ္ဘူး အဲ့ေတာ့ေနာက္ဆုံး ထုတ္လုပ္ေရးမေတာ္တဆမႈလို႔ ဆုံးျဖတ္လိုက္တာလား? "

" ခ်သင့္တဲ့ျပစ္ဒဏ္လည္းခ်ၿပီးေတာ့ ခံသင့္အျပစ္ဒဏ္လည္းခံယူလိုက္ရတာပါပဲ "

ရန္႐ွန္႔႐ုံက ခံစားခ်က္ပါပါေျပာသည္။

" ဘုတ္အဖြဲ႕ဥကၠဌလည္း ျပစ္ဒဏ္ကိုေၾကာက္လို႔ ကိုယ့္ကိုကိုယ္သတ္ေသသြားတယ္ ဘာအသုံးဝင္မွာလဲ? ဘယ္သူ႕မွျပန္မလာႏိုင္ေတာ့ဘူး "

ရန္ရိ ထပ္ေမးခ်င္ေသးေပမယ့္ သူ႕အေဖ မသကၤာျဖစ္မွာစိုးရိမ္ၿပီး၊ သူေမးျပန္ရင္လည္း အပိုသာျဖစ္ရမည္။ ကုံးရင့္ရန္က စၿပီးစကားမစသ၍ အၿမဲတမ္း သူမသိသလိုပဲေနမယ္လို႔ ဆုံးျဖတ္ထားသည္။

သားအဖႏွစ္ေယာက္ ေဈးဝယ္ထြက္ၿပီးေနာက္ အိမ္ျပန္ၾက၏။

ေန႔လယ္စာစားၿပီးေတာ့ ရန္ရိ သူ႕အေဖကို နာနီနဲ႔လႊဲခဲ့ၿပီး ဝမ္ရမ့္ရပ္ကြက္ကို ထြက္လာခဲ့သည္။

သူနဲ႔ ကုံးရင့္႐ွန္ အခင္းေနရာကိုစစ္ေဆးဖို႔ ခ်ိန္းဆိုထားျခင္းျဖစ္သည္။

အခင္းေနရာကိုေရာက္ေတာ့ သူတို႔ထက္ေစာေရာက္ေနသူ႐ွိသည္။ ထိုသူမွာ မီးမႈခင္းစုံစမ္းေရးက သူ႕အတြက္ထည့္ေပးလိုက္ေသာ လက္ေထာက္ျဖစ္ၿပီး ဟိုတစ္ခါဘားအမႈတုန္းကလည္း လာကူေပးဖူးတဲ့ က်န္းဝန္ျဖစ္သည္။

"ေခါင္းေဆာင္ "

က်န္းဝန္က တိုက္ေအာက္ထပ္ကို ဓာတ္ပုံ႐ိုက္ေနသည္။

" ေ႐ွာင္က်န္း " ရန္ရိ ေခါင္းညိတ္ျပလိုက္ၿပီး

" အေစာႀကီးေရာက္လာတာပဲ "

" ဟုတ္ အရင္ဆုံး ပတ္ဝန္းက်င္ကို ဓာတ္ပုံလိုက္႐ိုက္ေနတာ "

သူက အခုမွဘြဲ႕ရခါစပဲ႐ွိေသးသည္။ ေ႐ွ႕ဆံမိတ္ကနည္းနည္း႐ွည္ေနၿပီး အနက္ေရာင္ကိုင္းနဲ႔မ်က္မွန္ေလးထားလ်က္။ အနည္းငယ္လည္း ႐ိႈးတိုး႐ွန္႔တန္႔ျဖစ္ေနတတ္သည္။ ပိန္ၿပီး ဝတ္လိုက္တဲ့အဝတ္ေတြကလည္း အၿမဲတမ္း ႀကီးေနသလိုျဖစ္ကာ အရမ္းပုံမက်ေပ။

" က်န္းဝန္ ‌မီးမႈခင္းတပ္ဖြဲ႕မွာက အၿမဲတမ္းတပ္သားအင္အားလိုေနေတာ့ မင္းျမန္ျမန္ႀကီးလာၿပီး အမွီသဟဲမ႐ွိ စုံစမ္းႏိုင္ဖို႔ ေမွ်ာ္လင့္ရတာပဲ "

က်န္းဝန္ ျပဳံးလိုက္ၿပီး

" ေခါင္းေဆာင္ ကြၽန္ေတာ္က စာခ်ဳပ္နဲ႔အလုပ္လုပ္ရတဲ့သူဆိုေတာ့ ေခါင္းေဆာင္တို႔နဲ႔မတူဘူး ကြၽန္ေတာ္ ပုံမွန္ဝန္ထမ္းျဖစ္လာရင္ေတာ့ ေကာင္းတာေပါ့ မဟုတ္ရင္ ႏွစ္အနည္းငယ္ေတာင္ ခံမွာမဟုတ္ဘူး "

" မင္းပိုေတာ္လာရင္ ပုံမွန္ဝန္ထမ္းျဖစ္လာႏိုင္တာပဲမလား? "

ရန္ရိ က်န္းဝန္ကို ပုခုံးပုတ္ေပးလိုက္ၿပီး

" မင္းအေတြ႕အၾကဳံယူဖို႔ စခန္းတစ္ခုဝင္ရမယ္ဆိုရင္ ငါ့စခန္းမွာ အလုပ္သင္ဝင္ဖို႔ စီစဥ္ေပးႏိုင္တယ္ မီးမၿငႇိမ္းသတ္ခင္နဲ႔ ၿငႇိမ္းသတ္ၿပီး  မီးေလာင္မႈျဖစ္စဥ္ကို အျပည့္အဝနားလည္ႏိုင္ေအာင္ေပါ့ "

" ကြၽန္ေတာ္လည္းအဲ့လိုစီစဥ္ထားတယ္ ကြၽန္ေတာ့္ဝင္ခြင့္ကိုေစာင့္ၾကတာေပါ့ ေက်းဇူးတင္ပါတယ္ ေခါင္းေဆာင္ရန္ "

က်န္းဝန္ ခဏတြန္႔ဆုတ္ေနၿပီးေနာက္ ရန္ရိကို ပုံမွန္အလုပ္ရဖို႔ေမးလာေတာ့သည္။

ရန္ရိ အခ်က္အလက္အတိအက်မသိသျဖင့္ သိတဲ့ဟာတစ္ခ်ိဳ႕ကိုပဲ ေျပာျပလိုက္သည္။

ႏွစ္ေယာက္သား စကားဘယ္ေလာက္မွမေျပာရေသးခင္ ကုံးရင့္႐ွန္ ေရာက္လာသည္။

ကုံးရင့္႐ွန္ ရန္ရိကိုၾကည့္ၿပီး

" သက္သာလာၿပီလား? "

ရန္ရိျပဳံးၿပီး ေျပာလိုက္သည္။

" ငါက အိုေကတယ္ ဒီေမးခြန္းကို မင္းကိုသာေမးရမွာ မေန႔ကျပန္သြားေတာ့ မအန္ပါဘူးေနာ္?"

" ကြၽန္ေတာ္ ထိန္းႏိုင္ေအာင္ ႀကိဳးစားေနတယ္ "

" အဲ့တာဆို ဒီေန႔..."

ရန္ရိ လက္မနဲ႔ အေပၚထပ္ကိုထိုးျပလိုက္သည္။

" ဒါမွမဟုတ္ ငါအရင္သြားၿပီး တစ္ခုခု႐ွာေတြ႕ရင္ မင္းကိုအသိေပးလိုက္မယ္‌"

" မဟုတ္ဘူး အတူသြားမယ္ "

ကုံးရင့္႐ွန္ တြန္႔ဆုတ္ျခင္းမ႐ွိဘဲ ေျပာလာသည္။

ရန္ရိ အားကိုးရာမဲ့ေျပာလိုက္သည္။

" တကယ္ေရာျဖစ္ႏိုင္လို႔လား? ငါတို႔ အထပ္ ၂၀ ေက်ာ္ထိတက္ရမွာေနာ္ မင္းကအရပ္႐ွည္တဲ့သူပဲ မင္းခႏၶာကိုယ္ တစ္ခုခုျဖစ္လာလို႔ကေတာ့ ငါေက်ာပိုးၿပီး မဆင္းႏိုင္ဘူး "

" ကြၽန္ေတာ့္ကို ဘယ္သူမွေက်ာပိုးစရာမလိုဘူး "

ကုံးရင့္႐ွန္ mask တပ္ကာ အေဆာက္အအုံထဲကို အရင္ဝင္သြားေတာ့သည္။

ဓာတ္ေလွကားက ထုံးစံအတိုင္း ပ်က္သြားတာဆိုေတာ့ ရန္ရိ ေလွကားကေနတက္ရေပဦးမည္။ သို႔ေပမယ့္ ဒီတစ္ေခါက္ သူဘာအေလးခ်ိန္ကိုမွ သယ္မထားရေတာ့ ပိုၿပီးေပါ့ပါးေနသည္။

ကုံးရင့္႐ွန္က အေ႐ွ႕ကသြားရင္း မ်က္ႏွာကလုံးဝကို နီရဲေနေပမယ့္ ဘာမွမျဖစ္သလိုပင္။ အထပ္အနည္းငယ္ပဲေရာက္ေတာ့မွ သိသိသာသာ ေမာဟိုက္လာသည္။ ရန္ရိကေတာ့ အားနည္းခ်က္ကို မျပလိုသျဖင့္ ပင္ပန္းေသာ္ျငားလည္း ေတာင့္မခံႏိုင္ေတာ့တဲ့အထိ တည္ၿငိမ္ဟန္ေဆာင္ေနသည္။

ကုံးရင့္႐ွန္ ရန္ရိဘက္လွည့္ၾကည့္လာၿပီး ႐ြဲ႕တဲ့တဲ့ေျပာလာသည္။

" ကြၽန္ေတာ္ခင္မ်ားကို ေက်ာပိုးသြား‌ေပးရမလား? "

ရန္ရိ မ်က္ခုံးပင့္လိုက္ၿပီး

" လိုတယ္ လာ လာ "

သူ လက္ႏွစ္ဖက္ကိုပင္ အလိုက္တသိ ကားျပလိုက္ေသးသည္။

" ဒါေပမယ့္ ခင္မ်ားကို ေက်ာမပိုးခ်င္ပါဘူး "

ကုံးရင့္႐ွန္ သူ႕ကို မ်က္ေစာင္းတစ္ခ်က္ထိုးၿပီး ေ႐ွ႕ဆက္ေလွ်ာက္သြား၏။

ရန္ရိ ျပဳံးရင္း ေခါင္းခါသည္။

သူတို႔ႏွစ္ေယာက္ရဲ႕ ကိုယ္ကာယၾကံ့ခိုင္မႈနဲ႔ ယွဥ္ရင္ က်န္းဝန္ကေတာ့ ခဏတြင္းပဲ အားအင္ကုန္ခမ္းသြားသည္။ ၿပီးေတာ့သူ႕ခမ်ာ မီးမႈခင္းစုံစမ္းေရးေတြမွာသုံးေလ့႐ွိတဲ့ ကိရိယာေသတၱာႀကီးကိုလည္း သယ္ထားရေသး၏။ သူ ၂၂ လႊာကို ေမာဟိုက္လ်က္ ေရာက္လာခ်ိန္မွာေတာ့ ထိုႏွစ္ဦးက အရင္ေရာက္ကာ မီးဗဟိုကို႐ွာေတြ႕၍ research ေတာင္လုပ္ေနၾက‌ေလၿပီ။

"ဒါ မီးစေလာင္တဲ့ေနရာပဲ "

ရန္ရိ ၂၂လႊာရဲ႕ အေနာက္ဘက္တံခါးေ႐ွ႕တြင္ရပ္ေနသည္။ တံခါးေပၚ႐ွိ အခန္းနံပါတ္ျပားကေတာ့ အရည္ေပ်ာ္သြားခဲ့ၿပီ။ သို႔ေပမယ့္ ဘယ္နဲ႔ညာ က်န္႐ွိေနတဲ့ အျခားနံပါတ္ျပားေတြကို ၾကည့္ရသေလာက္ေတာ့ ထိုအခန္းသည္ ၂၂၀၉ ျဖစ္၏။

အခန္း ၂၂၀၉ ရဲ႕ေ႐ွ႕မွာ ေလာင္ကြၽမ္းထားေသာ

ဖိနပ္စင္ႏွင့္ ဖိနပ္အနည္းငယ္႐ွိေနၿပီး ခြဲျခားမရတဲ့ မီးကြၽမ္းပစၥည္းအခ်ိဳ႕လည္း႐ွိသည္။

ၾကမ္းျပင္မွာေတာ့ အျခားေနရာေတြနဲ႔ သိသိသာသာကြဲျပားေနေသာ မူမမွန္သည့္သဲလြန္စကိုေတြ႕ရသည္။ ၾကမ္းခင္းေႂကြျပားမွာ အေရာင္ေျပာင္းၿပီး ေဖာင္းႂကြေနေလ၏။

ရန္ရိ ၾကမ္းျပင္ကို ၫႊန္ျပလိုက္ၿပီး

" သာမန္မ်က္လုံးနဲ႔ၾကည့္ရင္ေတာ့ မီးေလာင္လြယ္တဲ့အရည္တစ္ခုခုက မီးသိပ္မျပင္းခင္ ေလာင္ထားတယ္ဆိုတဲ့ လကၡဏာပဲ။ ျပန္ေတြးၾကည့္ရင္ ငါမီးသတ္တုန္းက ဓာတ္ဆီလိုမ်ိဳး အနံ႔ရတယ္ "

ကုံးရင့္႐ွန္ မ်က္လုံးမ်ား ေမွးစင္းရင္း

" ဓာတ္ဆီနဲ႔႐ိႈ႕တာလား? "

" အဲ့တုန္းက ဓာတ္ဆီနံ႔အမ်ားႀကီးမရဘူး ၿပီးေတာ့ မီးေလာင္တဲ့ျဖစ္စဥ္ကလည္း ဓာတ္ဆီေၾကာင့္ေလာင္တယ္ဆိုတဲ့ လကၡဏာမျပဘူး

ဆိုေတာ့ ဓာတ္ဆီက ဒီတိုင္းမီးေလာင္ေအာင္ ေထာက္ပံ့တာသက္သက္ပဲ တစ္ခုခုကိုမီး႐ိႈ႕ဖို႔ေပါ့ "

ရန္ရိ ေနရာကို ၾကည့္ၿပီး‌ေမးလိုက္သည္။

" ဒီမွာဘာ႐ွိလို႔လဲ? ဖိနပ္ေတြလား? ဒီေလာက္ႀကီးေလာင္ဖို႔မျဖစ္ႏိုင္ဘူး "

ကုံးရင့္႐ွန္ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး မီးေလာင္ထားတဲ့ အပ်က္အစီးေတြကို သူ႕လက္အိတ္စြပ္ထားတဲ့လက္ေတြနဲ႔ လွန္ေလွာ႐ွာေဖြသည္။ ခဏၾကာေတာ့ သူ အရည္ေပ်ာ္ၿပီး ပုံပ်က္ေနတဲ့ သတၱဳပုံးတစ္ပုံးကိုေကာက္ကိုင္လိုက္သည္။

သူရန္ရိကို ၾကည့္ၿပီး

" ခင္မ်ား ေကာရစ္တာမွာဘာေတြထားတတ္လဲ?"

" အာ.ဖိနပ္စင္၊ ထီးစင္....."

ရန္ရိ အသည္းအသန္စဥ္းစားေနရ၏။

ကုံးရင့္႐ွန္ ေျပာလာသည္။

" အမိႈက္ "

========

See you guys ✨

29.6.21