Chapter 34

[ Unicode ]

' ခြေထောက်ဖြတ်ရမယ် ' ကြားတော့ ဆူညံနေတဲ့နေရာက ချက်ချင်းကို ငြိမ်ကျသွားပြီး အားလုံး အံ့အားသင့်သွားကြသည်။

အတွင်းကြေလူနာက ခေါင်းတို့ ခန္ဓာကိုယ်တို့လို သေစေနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို မထိခိုက်မိတာကြောင့် အသိစိတ်ရှိနေပြီး ကောင်းကယ်စကားကိုကြားတော့ စိတ်လှုပ်ရှားပြီး ရုန်းထလာသည်။

" မ....မဟုတ်ဘူး..."

ရှစ်ရှောင်ချန့်က ရှောင်ဝမ့်ကိုပြန်လှဲချပေးသည်။

" ကျေးဇူးပြုပြီး မလှုပ်ပါနဲ့ "

" ဟင်အင်း...ခြေထောက်မဖြတ်ဘူး..."

ရှောင်ဝမ့်က ကြောက်လန့်တကြားအော်ပြောသည်။

" ကျွန်တော်ခြေထောက်တွေမရှိဘဲ မသက်မရှင်နိုင်ဘူး..."

ရန်ရိ ရှောင်ဝမ့်ဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သွေး နဲ့မျက်ရည်ရောထွေးနေတဲ့ မျက်နှာလေးကိုကြည့်လိုက်တော့ ထိုရှုံ့မဲ့နေ‌တဲ့ မျက်နှာမှာ စိတ်ပျက်အားငယ်ခြင်းများ ပြည့်နှက်နေသည်။ သူ ရှောင်ဝမ့် ပခုံးတွေကိုကိုင်ရင်း ညင်ညင်သာသာပြောလိုက်သည်။

" ဟုန်းဝူဆေးရုံက ခွဲစိတ်ဆရာဝန် လမ်းမှာလာနေပါပြီ၊ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ သူပဲချပါလိမ့်မယ် "

ရှောင်ဝမ့်က ရန်ရိအင်္ကျီစကိုဆွဲရင်း သနားစဖွယ်ပြောလာသည်။

" ကျွန်တော့်ခြေထောက်တွေ မဖြတ်ပစ်ပါနဲ့၊ ကျွန်တော်အခုမှ အသက် ၂၀ ပဲရှိသေးတယ်၊ ခြေထောက်တွေမရှိလို့မဖြစ်ဘူး.....ကျေးဇူးပြုပြီး ကျွန်တော့်ကယ်ပါ.....ကယ်ပေးပါဗျာ...."

ရန်ရိ သူ့နားထင်တွေကိုက်လာပြီး၊ နှာခေါင်းလည်းထုံလာသလို ခံစားရသည်။ သူ နက်နဲသောလေသံဖြင့် ပြောလိုက်၏။

" မင်းအခုမှအသက် ၂၀ ပဲ ၊ ပြီးတော့ ဘဝခရီးလမ်း အရှည်ကြီးရှိသေးတယ်၊ ခြေထောက်မရှိတော့ရင်တောင် အနည်းဆုံး မင်းမှာဘဝတစ်ခုရှိနေသေးတယ်လေ "

ရှောင်ဝမ့်က ခါးသီးစွာငိုကြွေးပြီး လူတွေလည်း မလှုပ်မရှပ်ရပ်နေကြသည်။

မကြာခင် ဆရာဝန်က သူနာပြုနဲ့အတူ ရောက်လာသည်။

ရှောင်ဝမ့်က နောက်ဆုံး မျှော်လင့်ချက်ရောင်ခြည်လေးကို ဆုပ်ကိုင်ရင်း ဆရာဝန်အား အသနားခံသော မျက်ဝန်းများဖြင့်ကြည့်သည်။

" ဒေါက်တာ ကျွန်တော့်ကိုကယ်ပါ မလုပ်ပါနဲ့ ကျွန်တော့်ခြေထောက်တွေမဖြတ်ပစ်လိုက်ပါနဲ့ ကျေးဇူးပြုပြီး "

ဆရာဝန်က သူ့ ဖိမိထားတဲ့ ခြေထောက်ကို စစ်ဆေးပြီး သူနာပြုဆီက စာရွက်စာတမ်းကို ယူကာ တည်ငြိမ်သောအသံဖြင့် ပြောလာသည်။

" လူငယ်လေး၊ မင်းကိုဆေးရုံပို့လိုက်ရရင်တောင်၊ မင်းခြေထောက်တွေကို ဆက်သုံးလို့ ရမှာမဟုတ်လောက်ဘူး "

ရှောင်ဝမ့်က စိတ်အားငယ်စွာ မျက်ရည်များလိမ့်ဆင်းကျလာပြီး မျက်လုံးများကလည်း အသက်မဲ့နေလျက် " ဘာလို့လဲ " ဆိုသည့်စကားကိုသာ နှုတ်က ရေရွတ်နေသည်။

ဆရာဝန်က သူ့ကို ဘောပင်ပေးလိုက်ပြီး

" ရှင်းရှင်းပြောရရင်၊ မင်းခြေထောက်တွေ သေသွားပြီး အဆိပ်တစ်မျိုး ထုတ်လွှတ်လာတယ်၊ အဆိပ်က မင်းကိုမသေစေတဲ့ အကြောင်းအရင်းက မင်းခြေထောက်တွေအဖိခံထားရပြီး သွေးလည်ပတ်မှုမရှိလို့ပဲ၊ ခြေထောက်ပေါ်က ဖိအားမရှိတော့ရင် အဆိပ်တွေက မင်းသွေးပတ်လမ်းကြောင်းဆီ ချက်ချင်းဝင်လာမယ်၊ အဲ့အခါ ကျောက်ကပ်ပျက်စီးပြီး ရှော့ဖစ်သွားလိမ့်မယ်၊ ခြေထောက်ဖြတ်ကုသမှုမလုပ်ဘဲနဲ့ မင်းဆေးရုံမှာ အသက်မရှင်နိုင်ဘူး၊ လက်မှတ်ထိုးပေးပါ "

ရှောင်ဝမ့် တုန်ယင်ပြီး ငိုယိုလျက် လက်မှတ်ထိုးပေးလိုက်သည်။

ဆရာဝန်နဲ့ သူနာပြုက တစ်ထိုင်တည်းခြေထောက်ဖြတ်ကုသဖို့ ပြင်ဆင်ရတော့၏။

ရန်ရိ ဆက်ကြည့်ဖို့ ခံနိုင်ရည်မရှိတော့ဘဲ၊ ကောင်းကယ်ကို နောက်ဆက်တွဲညွှန်ကြားဖို့ပြောပြီး သူတပ်ဖွဲ့ကို ခေါ်ကာ အရင်ပြန်နှင့်သည်။

သူတို့ စခန်းပြန်ရောက်တော့ ညစာစားချိန်ဖြစ်ပေမယ့် ဘယ်သူမှစားချင်စိတ်မရှိကြပေ။ သူတို့ ရှေ့တန်းသွားပြီးပြန်လာလို့ သတင်း‌မှားပေးတာ၊ အထိတ်တလန့်ဖြစ်တာပဲ အန္တရာယ်မရှိဘူး ဆိုတဲ့ သတင်းကောင်းမျိုး ပါလာရင် အားလုံး စိတ်ပျော်ရွှင်ကြပြီး၊ ဒီလိုမတော်တမှုမှုမျိုး ကြုံရရင်တော့ မင်းအကောင်းဆုံးကြိုးစားရင်တောင် သေဆုံးတာ၊ မသန်မစွမ်းဖြစ်တာမျိုးကို ရှောင်လွှဲမရနိုင်ချေ။ အဲ့လို အစွမ်းအစမရှိတဲ့ ခံစားချက်က လူတွေကို အချိန်အတော်ကြာသည်အထိ စိတ်ညှိုးနွမ်းစေသည်။

ရန်ရိ ထပ်မစောင့်နိုင်တော့ပေ၊ သူချွီယန်ပေါ်ကို နှုတ်ဆက်ပြီး၊ အပြင်ပြန်ထွက်ကာ၊ တိရစ္ဆာန်ဆေးရုံသွားပြီး ကြောင်လေးကိုသွားခေါ်ဖို့ လုပ်လိုက်သည်။

ကြောင်လေးက အခြေခံအားဖြင့်တော့ ပြန်သက်သာလာပြီဖြစ်ကာ ဆရာဝန်က အိမ်ပြန်ခေါ်သွားလို့ ရပြီဖြစ်ကြောင်း ပြောလာသည်။ ဒါပေမယ့် ‌ပတ်တီးအသစ်လဲဖို့ အခြားနေ့တွေတိုင်း အနီးနားက တိရစ္ဆာန်ဆေးခန်းဆီသွားပေးရမည်ဖြစ်ပြီး သူတို့စခန်းနားမှာလည်း တိရစ္ဆာန်ဆေးခန်းရှိတော့ အလွန်အဆင်ပြေသည်။

သူ ကြောင်လေးကိုမတွေ့ရတာ တစ်ပတ်ရှိပြီဖြစ်ပြီး၊ ကြောင်နက်လေးကြည့်ရတာ အလေးချိန်နည်းနည်းတိုးလာပုံပင်။ သေလောက်အောင် အားနည်းနေတာမျိုး မမြင်ရတော့ဘဲ ပတ်တီးစည်းထားပေမယ့် ကြည့်ကောင်းပြီး လှောင်အိမ်ထဲမှာ စက္ကူ‌ဘောလုံးလေးနဲ့ ကစားနေသည်။

ရန်ရိ ဝမ်းသာပြီး ပြောလိုက်သည်။

" တကယ်အဆင်ပြေရဲ့လား? "

" ပြေပါတယ်၊ ဒါပေမယ့် မီးလောင်ထားတဲ့နေရာတစ်ဝိုက်မှာတော့ အမွေးပြန်ပေါက်ဖို့ ခက်မယ် "

" အသက်ရှင်ရုံနဲ့တင် ကောင်းနေပါပြီ "

ရန်ရိ သူ့လက်ချောင်းကို လှောင်အိမ်ထဲ ထည့်ပြီး ကြောင်လေးကို တို့လိုက်သည်။ ကြောင်လေးက သူ့လက်ကို ဖက်ပြီး နို့သွားလေးတွေနဲ့ ကိုက်ခဲလာ၏။

ဆရာဝန်က လှောင်အိမ်ကိုဖွင့်ပြီး၊ ကြောင်လေးကို ထုတ်ကာ၊ ရန်ရိလက်ထဲ ထည့်ပေးလာသည်။ ရန်ရိ ကြောင်လေးရဲ့ နူးနူးညံ့ညံ့အမွှေးလေးတွေကို ပွတ်သပ်ရင်း တစ်ခုခုသိသွားသလို ပြုံးလိုက်သည်။

အပြန်လမ်းမှာ ရန်ရိ ကုံးရင့်ရှန်ကို ဖုန်းခေါ်လိုက်ပြီး

" ဟေး ဒေါက်တာကုံး မင်းဌာနခွဲမှာလား? "

" အင်း ဘာဖြစ်လို့လဲ? "

" သေချာပေါက် အချိန်ပိုဆင်းနေတာပဲ၊ငါ.....ဖြတ်သွားရင်းနဲ့၊ မင်းကိုပြစရာတစ်ခုရှိတယ် "

" အိုကေ လာခဲ့လေ "

သူ ဌာနခွဲကိုရောက်တော့၊ ဧည့်ကြိုခန်းက ရဲမေက ရန်ရိကိုတွေ့သွားပြီး စတင်လှောင်ပြောင်တော့၏။

" ခေါင်းဆောင်ရန်၊ ဘာလို့ကျွန်မတို့ဌာနကို နှစ်ရက်အတွင်း ရောက်လာပြန်တာလဲ? အလုပ်ပြောင်းချင်လို့လား? "

ရန်ရိပြုံးပြီး ပြောလိုက်သည်။

" မဟုတ်ဘူးလား? ရဲဌာနမှာ အချောအလှတွေ ဒီလောက်များတာ၊ ကျွန်တော်တို့ဌာနနဲ့ ဘယ်မှာတူလို့လဲ? ဒီမှာပဲ လမ်းလာရှာရတော့‌တာပေါ့ "

[ T/n : ခင်များ ဘယ်အချောလေးကို ဆိုလိုတာလဲ ? : 3 ]

သူ ရုံးခန်းအနောက်ဘက်က စားပွဲမှာအလုပ်လုပ်နေတဲ့ ကုံးရင့်ရှန်ကို တွေ့သွားသည်။ အခု ကိုးနာရီထိုးတော့မှာ‌ပေမယ့် စားပွဲခုံတစ်ဝက်လောက်က ဝန်ထမ်းများဖြင့်ပြည့်နေဆဲဖြစ်ပြီး လူတိုင်းအလုပ်ရှုပ်နေပုံပေါ်သည်။

ရန်ရိ ပြုံးရင်း ကုံးရင့်ရှန်ကို လက်ဝေ့ယမ်းပြလိုက်သည်။

ကုံးရင့်ရှန်က စာဖိုင်အထပ်လိုက်ကြီးကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားရင်း

" ခင်များ ဒီကိုရောက်လာတော့ ကျွန်တော် ဆိုင်ဘာမှုခင်းအဖွဲ့ဆီ ခေါ်သွားပေးမယ်၊ အသစ်ရှာတွေ့ထားတာရှိတယ် "

ကုံးရင့်ရှန် ခြေလှမ်းလိုက်ပြီး အလျင်လိုနေပုံပင်။

ရန်ရိ ကုံးရင့်ရှန်နောက် လိုက်သွားပြီး

" ဟေး ခဏနေဦး ငါမင်းကိုပြစရာရှိတယ် "

" ဘာလဲ? "

ရန်ရိ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး အစည်းဝေးခန်းတံခါးကိုဖွင့်ကာ ကုံးရင့်ရှန်ကို ဆွဲသွင်းလိုက်သည်။

ကုံးရင့်ရှန် မျက်မှောင်ကြုတ်ရင်း ရန်ရိ သူ့လက်ကို အမှတ်မထင် ကိုင်ထားသည်အား ကြည့်လိုက်သည်။

သူနည်းနည်း နေမထိထိုင်မသာဖြစ်နေပေမယ့် အဲ့လိုဖြစ်တာက အခြားတစ်ယောက် သူ့ကိုထိတာကို ငြင်းဆန်တာ၊ ရွံမုန်းတာမျိုး မဟုတ်ဘူး။

ဒါပေမယ့်.....ဒါပေမယ့် သူသိလိုက်ရတာက သူအဲ့တာကို အရမ်းကြီးငြင်းဆန်မနေဘဲ၊ ပုံမှန်မဟုတ်တာကသာ သူ့ကို နေမထိထိုင်မသာ ဖြစ်စေသည်ဆိုတာပင်။

ရန်ရိပြောသလိုဆို၊ သူတကယ်ပဲ ဒီလူကို တဖြည်းဖြည်းချင်း နေသားကျသွားတာ ဖြစ်နိုင်လား?

ရန်ရိ သူမျက်ခုံးများကြားမှာ စိတ်လှုပ်ရှားစရာ အနည်းငယ်ရှိနေသလို၊ ရုံးခန်းတံခါးကို ပိတ်လိုက်ပြီး၊ သူ့လေ့ကျင့်ရေးဝတ်စုံ အိတ်ကပ်ကြီးထဲကနေ အမွှေးဖွာဖွာအကောင်လေးကို မျက်လှည့်ဆန်ဆန် ထုတ်လိုက်သည်။

နက်မှောင်သောအမွှေး၊ ‌ရွှေရောင်မျက်ဆံများနှင့် နူးညံ့ကာ ချစ်စဖွယ်ကောင်းသော နို့စို့ကြောင်ကလေးပင်တည်း။

ကုံးရင့်ရှန် မျက်ခုံးများပင့်တက်သွားလျက်၊ ခန္ဓာကိုယ်က နောက်တစ်လှမ်း‌ဆုတ်လိုက်သည်။

" ဘာလို့လဲ? မင်းကြောင်တွေကြောက်တာလား? "

" မကြောက်ပါဘူး "

" အဲ့တာဆို မင်းဘာကိုရှောင်နေတာလဲ? "

" ညစ်ပတ်လို့ "

ကုံးရင့်ရှန် ခဏတန့်သွားပြီး

" ပြီးတော့လည်း ကြောင်အပူချိန်က လူတွေထက်ပိုမြင့်တယ် "

ရန်ရိက ပခုံးတွန်းရင်း

" အကုန်ဆေးကြောပေးထားလို့ သန့်ပါတယ်၊ ပြီးတော့ ငါတို့မီးထဲက အတူကယ်ထားတာလေ၊ မင်းမချီချင်ဘူးလား? "

" မလိုပါဘူး "

" အဲ့တာဆို ထိကြည့်မလား? "

ရန်ရိ ကြောင်ရဲ့ နူးနူးညံ့ညံ့ဗိုက်လေးကို သူ့လက်ချောင်းထိပ်လေးတွေနဲ့ တို့ထိလိုက်သည်။

" နူးညံ့တယ်ကွ အရိုးတွေတောင်မရှိသလိုပဲ "

ကြောင်လေးက "မြောင်" လို့အသံပြုရင်း ကုံးရင့်ရှန်ကို မမှိတ်မသုန် ကြည့်နေသည်။

ကုံးရင့်ရှန် တွေးနေပြီး ခေါင်းခါပြ၏။

" ထိပဲထိကြည့်လိုက် မပူပါဘူး "

ရန်ရိ ကြောင်လေးကို ကုံးရင့်ရှန်ရှေ့ ကိုင်ပြလိုက်ပြီး

" ဒါ့အပြင် မင်းလက်အိတ်တွေ စွပ်ထားတာပဲကို၊ ဘာကြောက်နေတာလဲ? "

ကုံးရင့်ရှန် မျက်မှောင်ခပ်ဖွဖွကြုတ်ရင်း လက်ကို ဆန့်ထုတ်ကာ ကြောင်လေးဗိုက်ကို မဝံ့မရဲ ပွတ်သပ်လိုက်သည်။

အရမ်းနူးညံ့တာပဲ.....။

ရန်ရိ ပြုံးကာ ပြောလိုက်သည်။

" အရမ်းနူးညံ့တယ်မလား? မင်းကိုကြည့်ပါဦး၊ လူတွေနဲ့မဆက်ဆံဘူး၊ အိမ်မွေးတိရစ္ဆာန်လည်း မရှိဘူးဆိုတော့ အထီးမကျန်ဘူးလား? "

" ကျွန်တော့်မှာ အိမ်မွေးတိရစ္ဆာန် ရှိတယ် "

" တကယ်လား? "

ရန်ရိ မမျှော်လင့်ထားသလို မေးလိုက်သည်။

" မင်း တိရစ္ဆာန်ဘယ်လိုမွေးရမလဲ သိတယ်ပေါ့? မင်းဘာမွေးထားလဲ? ခွေးတွေလား? "

" ခင်များကြည့်ချင်လား? "

ကုံးရင့်ရှန် ရန်ရိ မျက်လုံးတွေကို ကြည့်လိုက်သည်။

ရန်ရိ မျက်လုံးတွေ အရောင်လက်သွားပြီး

" အိုကေလေ ဘယ်မှာကြည့်ရမလဲ? "

" ခင်များအိမ်မွေးတိရစ္ဆာန် ကျွန်တော့်ကိုပြပြီး ကျွန်တော်လည်းခင်များကို ကျွန်တော့်အိမ်မွေးတိရစ္ဆာန် ပြန်ပြမယ် "

ကုံးရင့်ရှန် လေသံက သဘာဝကျကျပင်။

" ခင်များ ဒီရုံးပိတ်ရက်လာလည်လို့ရတယ်၊ ဦးလေးရှန့်က ခင်များကို ချက်‌ကျွေးချင်နေတာ "

ရန်ရိ နှလုံးသားမှာ အပျော်လွန်သွား၏။

" မင်း၊ မင်းငါ့ကို မင်းအိမ်မှာ ထမင်းစားဖို့ဖိတ်နေတာလား? "

" အင်း၊ ဦးလေးရှန့်လည်း ကျွန်တော့်ကို ‌ပြောတာများနေပြီမို့ "

ကုံးရင့်ရှန် မျက်လုံးများက အနည်းငယ် မတည်မငြိမ်ဖြစ်နေလျက်။

" ပြီးတော့.....ခင်များပဲ သူငယ်ချင်းနဲ့အတူစားချင်တယ်လို့ ပြောတာလေ "

" အိုကေ အဲ့တာဆို ဒီစနေပေါ့ "

ရန်ရိ အမြန်ပြောလိုက်သည်။

ကုံးရင့်ရှန် ကြောင်လေးကို လှမ်းကြည့်လိုက်ပြီး

" ခင်များ သူ့ကိုမွေးဖို့ စီစဉ်ထားတာလား? "

" အင်း၊ ငါ့သူ့ကို စခန်းမှာမွေးတာပဲဖြစ်ဖြစ် ငါ့အိမ်မှာထားတာပဲဖြစ်ဖြစ် လုပ်လို့ရတယ် "

ရန်ရိ အရင်ကလည်း တိရစ္ဆာန်‌ပေါက်စလေးတွေ ကယ်ဖူးပေမယ့် မွေးဖို့အစီစဉ်မရှိခဲ့ဘူး။ ဒါပေမယ့် ဒီကြောင်လေးက သူနဲ့ ကုံးရင့်ရှန်ကယ်ထားတာ၊ သူမီးထဲကနေ ကယ်ထုတ်လိုက်ကတည်းက အမြဲတမ်း အထူးတလည် ခံစားနေခဲ့ရပြီး သူ့ဘေးနားမှ‌ထားချင်မိသည်။

" သူ့ကို နာမည်ပေးပြီးပြီလား? "

ရန်ရိ ကြောင်လေးကိုကြည့်ပြီး ပြုံးဖြဲဖြဲလုပ်လိုက်သည်။

" ဒီလိုခေါ်ရင် မကောင်းဘူးလား "

" ဘာကို? "

ရန်ရိ အစည်းအဝေးခန်းထဲက whiteboard ဆီသွားကာ၊ marker ကိုယူပြီး whiteboard ပေါ်၌ စကားလုံးနှစ်လုံး ရေးလိုက်သည်။

" . "

ကုံးရင့်ရှန် ပြုံးလိုက်ပြီး

" ခင်များ ရှားပါးတဲ့စကားလုံးတွေ ဘယ်ကရှာလာတာလဲ? "

" ဒါငါ့ဆော့တဲ့ဂိမ်းနာမည်ပဲ၊ မင်းကြည့်၊ ငါက မီး(火)လေးလုံး၊ သူက ရေ(水) လေးလုံး၊ ငါ့မီးဓာတ်ကို ခြေဖျက်ဖို့ လုံလောက်သွားတာပေါ့ "

ကုံးရင့်ရှန်လည်း လျှောက်လာပြီး marker ကိုယူကာ " မြောင်မြောင် (淼淼) " ဟုရေးလိုက်သည်။

" ခင်များ အကုန်လုံးဆုံးရှုံးသွားရင် မကောင်းဘူး "

ရန်ရိ ပြုံးပြီး ကုံးရင့်ရှန်ကိုကြည့်လိုက်သည်။

" မင်းငါ့နာမည်ကို မမုန်းဘူးလား၊ တကယ်တမ်း ငါ့နာမည်ပြောင်းဖို့ အရမ်းပြဿနာမဖြစ်ဘူးဆိုရင် အဲ့လို မီးဓာတ်များတဲ့ နာမည်မျိုးယူမနေဘူး၊ စစ်ဟော်လို့ခေါ်တဲ့ မီးသတ်သမား ဆိုတာ နမိတ်မကောင်းသလိုပဲ "

" ကျွန်တော်ပြောတယ်၊ ခင်များမီးက မီးကိုတိုက်ခိုက်တဲ့မီးပဲ "

ကုံးရင့်ရှန် ရန်ရိမျက်လုံးတွေကို စိုက်ကြည့်လာသည်။

" ပြီးတော့ လူတွေ ဒီမီးနဲ့နေကြတာ "

" မင်း ဘာကိုဆိုလိုတာလဲ? "

" မီးက စိတ်၊ ခံစားချက်နဲ့ ဝိဉာဉ်ပဲ၊ ဓာတ်ငါးပါးမှာ မီးက နှလုံးသားကို ကိုယ်စားပြုတယ်၊ ' ဘဝဆိုတဲ့မီး၊ ‌လောင်စာကုန်ခမ်း‌သောမီးအိမ် ၊ မီးလျှံမှ ပြန်လည်မွေးဖွားခြင်း ' ဆိုတဲ့စကားတွေကနေ လူသားတွေအတွက် မီးရည်ညွှန်းထားတဲ့ အဓိပ္ပါယ်တွေ တွေ့နိုင်တယ် "

ရန်ရိ အံ့အားသင့်သွားပြီး

" ခေါင်းဆောင်ချိုးက မင်းမီးအကြောင်း လေ့လာဖူးတယ်လို့ ပြောတယ် "

" သုတေသနလုပ်တာကို ထည့်မတွက်ရင်တောင် ကျွန်တော်မီးအကြောင်းနားလည်တယ်၊ အဲ့တာက ကျွန်တော်မီးကြောက်တာကို ကျော်လွှားဖို့ အကောင်းဆုံး ကူညီပေးတယ် "

" အဲ့တာဆို.....မင်းဘာတွေသိလဲ? "

ကုံးရင့်ရှန် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး

" ခင်များ ဒီစာကြောင်းကိုကြားဖူးလား? ' လောကကြီးက သဘောမကောင်းဘူး၊ အားလုံးက အဆင့်နိမ့်ခွေးလိုပဲ ' ဆိုတာ "

[ T/n : ' လောကကြီးက သဘောမကောင်းဘူး၊ အားလုံးက အဆင့်နိမ့်ခွေးလိုပဲ ' အဲ့ဒီ့စကားက Lao Tzu ရေးသားခဲ့တဲ့ Tao Te Ching၊ အခန်း ၅ ဝါကျက လာတာပါ။ အချို့လူတွေနားလည်တာက : ဘုရားသခင်က စာနာစိတ်မထားဘူး၊ အရာအားလုံးကို အသက်မရှိတဲ့သာဓကလိုပဲ ဆက်ဆံတယ်။

ဒါပေမယ့် အဲ့ဒီစကားမှာနားလည်မှုက ဘက်လိုက်သလိုဖြစ်နေတယ်

လူပိန်းစကားအရဆိုရင်တော့ : လောကကြီးက အားလုံးကို တစ်ပုံစံတည်း ဆက်ဆံတယ်၊ လူတိုင်းကိုကောင်းပေးနေတာမဟုတ်သလို၊ လူတိုင်းကို ဆိုးပေးနေတာလည်းမဟုတ်ဘူး၊ လူတိုင်းက သဘာဝအတိုင်း တိုးတက်လာကြတယ်။ သဘာဝတရားရယ် ကံအကျိုးပေးရယ်ကို ခံစားရေးဖွဲ့ထားတဲ့ ဝါကျပါ၊ " လောကကြီး" ဆိုတာက ကောင်းကင်နဲ့မြေကြီး ကို ပေါင်းရေးလိုက်တာပါ ]

ရန်ရိ ခါးသက်သက်ပြုံးလိုက်ရင်း

" ငါတို့လို အလုပ်မျိုးလုပ်နေတဲ့သူတွေထက် ဘယ်သူကများ ဒီစာကြောင်းကို ပိုပြီးနက်နက်နဲနဲ နားလည်နိုင်မှာလဲ "

ကုံးရင့်ရှန်က ခေါင်းခါသည်။

" လူတွေက ဒီစာကြောင်းအဓိပ္ပါယ်ကို လောကကြီးက မတရားဘူး၊ အရာအားလုံးကို ချနင်းပစ်တယ်လို့ ဆိုလိုတယ်ထင်ကြတာ။ အဲ့တာမမှန်ဘူး။ အဲ့ဒီ့လောကကြီးမတရားဘူး ဆိုတာက  လောကကြီး  ' မတုန်လှုပ်ဘူး '၊ ' ဂရုဏာမထားဘူး ' လို့ဆိုလိုတယ် ။ လောကကြီးရဲ့ ဆန္ဒက ဆန္ဒတွေမရှိဖို့ပဲ။ ကျွန်တော်အမြဲတမ်း ကျွန်တော့်ကိုယ်ပိုင် လောကလမ်းစဉ်ကိုပဲ လိုက်တယ်။ နေထွက်တယ် နေဝင်တယ်၊ နေပူတယ် မိုးရွာတယ်၊ အေးတယ် ပူတယ် ဆိုတာတွေက ဘယ်တော့မှမပြောင်းလဲဘူး၊ အားလုံးရဲ့ ဆန္ဒကြောင့် လောကကြီးက ပြောင်းလဲသွားမှာမဟုတ်ဘူး၊ အားလုံးရဲ့ ကံကြမ္မာကိုလည်း လောကကြီးပေါ်အပြစ်တင်စရာမလိုဘူး "

ရန်ရိ ကြားရတာ မရှင်းမလင်းဖြစ်သွားသည်။

ကုံးရင့်ရှန်က သက်ပြင်းဖွဖွချပြီး

" မီးကလည်း လောကကြီးရဲ့ အဆီအနှစ်တစ်ခုပဲ၊ မီးမှာလည်း ဆန္ဒမရှိဘူး၊ ကောင်းလည်းမကောင်းသလို ဆိုးလည်းမဆိုးဘူး၊ တကယ်ကြောက်စရာကောင်းတာက မီးမဟု‌တ်ပေမယ့် မီးကိုအသုံးပြုတဲ့ပုံစံပဲ။ အဓိကအားဖြင့်.....မီးကို လူတွေအသုံးပြုတဲ့ပုံစံ "

ရန်ရိ လေးလေးနက်နက် ပြောလိုက်သည်။

" မင်း ဒါကိုနားလည်တယ် ဒါပေမယ့် မီးကိုကြောက်နေတုန်းပဲ "

" ကျော်ဖြတ်ဖို့ ကြိုးစားနေပါတယ် "

" တကယ်တော့ လူတိုင်းကြောက်တာ တစ်ခုစီရှိတယ်၊ ကိုယ့်ကိုကိုယ် အကြောက်တရားကင်းအောင် တွန်းအားပေးလို့မရဘူး၊ ဘယ်သူမှ အကြောက်တရား မကင်းနိုင်ဘူး "

ရန်ရိ ကုံးရင့်ရှန်ကို တိတ်တဆိတ်ကြည့်ရင်း နူးနူးညံ့ညံ့ပြောလိုက်သည်။

" မင်း မီး‌ကြောက်တာလည်း ဘာမှမဟုတ်ပါဘူး "

ကုံးရင့်ရှန် အသက်ရှူတောင်မှားသွားသည်။

မီးကြောက်တာက သူ့အတွက် အမြဲတမ်း နာကျင်မှုနဲ့ အရှက်ရစရာဖြစ်ခဲ့သည်။ မီးကြောက်တာက သူ့တစ်ဘဝလုံး အနိုင်ယူချင်နေတဲ့ ရန်သူပဲ။ ဒါပေမယ့် အနိုင်ရဖို့ခက်ခဲတဲ့ ရန်သူဆိုလည်းဟုတ်သည်။

သို့သော် ရန်ရိ ပြောလာသည်က " မီးကြောက်တာက ဘာမှမဟုတ်ဘူး " တဲ့။

ထိုစာကြောင်းက ညင်သာတဲ့လက်တစ်စုံ တွန့်ခေါက်နေတဲ့ မျက်နှာပြင်ကို ဆွဲဆန့်ပေးလိုက်သည့်အလား သူ့ကို ပြေလျော့သွားစေလျက်၊ သူမီးကို နည်းနည်း ရင်ဆိုင်နိုင်လာပုံပေါ်ပြီး၊ အကြောက်တရားများကြား၌ အသက်ရှူချောင်သွားသည်။

ရန်ရိက whiteboard ကို ခေါက်ကာ ပြုံးဖြဲဖြဲလုပ်ရင်း

" မင်းပြောတာနားထောင်ပြီး မြောင်မြောင်( 淼淼) လို့ပဲ ခေါ်တာပေါ့၊ မီးတစ်လုံးကိုတော့ ငါ့ဆီမှာပဲ ချန်ထားလိုက်မယ် "

[ T/N : မြောင်မြောင် ( 淼淼 ) ဆိုတဲ့ စကားလုံးက ‌水 (ရေ) သုံးလုံးနဲ့ စုတ်ချက်ဆွဲပါတယ်၊ ရန်ရိ မီးလေးလုံးကို ရေသုံးလုံးနဲ့ဖျက်၊ မီးတစ်လုံးကျန် ဟားဟား ]

===========

Good Night 😴

ဒါက လက်ဆောင်လေး -

============

[ Zawgyi ]

' ေျခေထာက္ျဖတ္ရမယ္ ' ၾကားေတာ့ ဆူညံေနတဲ့ေနရာက ခ်က္ခ်င္းကို ၿငိမ္က်သြားၿပီး အားလုံး အံ့အားသင့္သြားၾကသည္။

အတြင္းေၾကလူနာက ေခါင္းတို႔ ခႏၶာကိုယ္တို႔လို ေသေစႏိုင္တဲ့ အဂၤါအစိတ္အပိုင္းေတြကို မထိခိုက္မိတာေၾကာင့္ အသိစိတ္႐ွိေနၿပီး ေကာင္းကယ္စကားကိုၾကားေတာ့ စိတ္လႈပ္႐ွားၿပီး ႐ုန္းထလာသည္။

" မ....မဟုတ္ဘူး..."

႐ွစ္ေ႐ွာင္ခ်န္႔က ေ႐ွာင္ဝမ့္ကိုျပန္လွဲခ်ေပးသည္။

" ေက်းဇူးျပဳၿပီး မလႈပ္ပါနဲ႔ "

" ဟင္အင္း...ေျခေထာက္မျဖတ္ဘူး..."

ေ႐ွာင္ဝမ့္က ေၾကာက္လန္႔တၾကားေအာ္ေျပာသည္။

" ကြၽန္ေတာ္ေျခေထာက္ေတြမ႐ွိဘဲ မသက္မ႐ွင္ႏိုင္ဘူး..."

ရန္ရိ ေ႐ွာင္ဝမ့္ေဘးမွာ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး ေသြး နဲ႔မ်က္ရည္ေရာေထြးေနတဲ့ မ်က္ႏွာေလးကိုၾကည့္လိုက္ေတာ့ ထို႐ႈံ႕မဲ့ေန‌တဲ့ မ်က္ႏွာမွာ စိတ္ပ်က္အားငယ္ျခင္းမ်ား ျပည့္ႏွက္ေနသည္။ သူ ေ႐ွာင္ဝမ့္ ပခုံးေတြကိုကိုင္ရင္း ညင္ညင္သာသာေျပာလိုက္သည္။

" ဟုန္းဝူေဆး႐ုံက ခြဲစိတ္ဆရာဝန္ လမ္းမွာလာေနပါၿပီ၊ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကိုေတာ့ သူပဲခ်ပါလိမ့္မယ္ "

ေ႐ွာင္ဝမ့္က ရန္ရိအက်ႌစကိုဆြဲရင္း သနားစဖြယ္ေျပာလာသည္။

" ကြၽန္ေတာ့္ေျခေထာက္ေတြ မျဖတ္ပစ္ပါနဲ႔၊ ကြၽန္ေတာ္အခုမွ အသက္ ၂၀ ပဲ႐ွိေသးတယ္၊ ေျခေထာက္ေတြမ႐ွိလို႔မျဖစ္ဘူး.....ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကယ္ပါ.....ကယ္ေပးပါဗ်ာ...."

ရန္ရိ သူ႕နားထင္ေတြကိုက္လာၿပီး၊ ႏွာေခါင္းလည္းထုံလာသလို ခံစားရသည္။ သူ နက္နဲေသာေလသံျဖင့္ ေျပာလိုက္၏။

" မင္းအခုမွအသက္ ၂၀ ပဲ ၊ ၿပီးေတာ့ ဘဝခရီးလမ္း အ႐ွည္ႀကီး႐ွိေသးတယ္၊ ေျခေထာက္မ႐ွိေတာ့ရင္ေတာင္ အနည္းဆုံး မင္းမွာဘဝတစ္ခု႐ွိေနေသးတယ္ေလ "

ေ႐ွာင္ဝမ့္က ခါးသီးစြာငိုေႂကြးၿပီး လူေတြလည္း မလႈပ္မ႐ွပ္ရပ္ေနၾကသည္။

မၾကာခင္ ဆရာဝန္က သူနာျပဳနဲ႔အတူ ေရာက္လာသည္။

ေ႐ွာင္ဝမ့္က ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးကို ဆုပ္ကိုင္ရင္း ဆရာဝန္အား အသနားခံေသာ မ်က္ဝန္းမ်ားျဖင့္ၾကည့္သည္။

" ေဒါက္တာ ကြၽန္ေတာ့္ကိုကယ္ပါ မလုပ္ပါနဲ႔ ကြၽန္ေတာ့္ေျခေထာက္ေတြမျဖတ္ပစ္လိုက္ပါနဲ႔ ေက်းဇူးျပဳၿပီး "

ဆရာဝန္က သူ႕ ဖိမိထားတဲ့ ေျခေထာက္ကို စစ္ေဆးၿပီး သူနာျပဳဆီက စာ႐ြက္စာတမ္းကို ယူကာ တည္ၿငိမ္ေသာအသံျဖင့္ ေျပာလာသည္။

" လူငယ္ေလး၊ မင္းကိုေဆး႐ုံပို႔လိုက္ရရင္ေတာင္၊ မင္းေျခေထာက္ေတြကို ဆက္သုံးလို႔ ရမွာမဟုတ္ေလာက္ဘူး "

ေ႐ွာင္ဝမ့္က စိတ္အားငယ္စြာ မ်က္ရည္မ်ားလိမ့္ဆင္းက်လာၿပီး မ်က္လုံးမ်ားကလည္း အသက္မဲ့ေနလ်က္ " ဘာလို႔လဲ " ဆိုသည့္စကားကိုသာ ႏႈတ္က ေရ႐ြတ္ေနသည္။

ဆရာဝန္က သူ႕ကို ေဘာပင္ေပးလိုက္ၿပီး

" ႐ွင္း႐ွင္းေျပာရရင္၊ မင္းေျခေထာက္ေတြ ေသသြားၿပီး အဆိပ္တစ္မ်ိဳး ထုတ္လႊတ္လာတယ္၊ အဆိပ္က မင္းကိုမေသေစတဲ့ အေၾကာင္းအရင္းက မင္းေျခေထာက္ေတြအဖိခံထားရၿပီး ေသြးလည္ပတ္မႈမ႐ွိလို႔ပဲ၊ ေျခေထာက္ေပၚက ဖိအားမ႐ွိေတာ့ရင္ အဆိပ္ေတြက မင္းေသြးပတ္လမ္းေၾကာင္းဆီ ခ်က္ခ်င္းဝင္လာမယ္၊ အဲ့အခါ ေက်ာက္ကပ္ပ်က္စီးၿပီး ေ႐ွာ့ဖစ္သြားလိမ့္မယ္၊ ေျခေထာက္ျဖတ္ကုသမႈမလုပ္ဘဲနဲ႔ မင္းေဆး႐ုံမွာ အသက္မ႐ွင္ႏိုင္ဘူး၊ လက္မွတ္ထိုးေပးပါ "

ေ႐ွာင္ဝမ့္ တုန္ယင္ၿပီး ငိုယိုလ်က္ လက္မွတ္ထိုးေပးလိုက္သည္။

ဆရာဝန္နဲ႔ သူနာျပဳက တစ္ထိုင္တည္းေျခေထာက္ျဖတ္ကုသဖို႔ ျပင္ဆင္ရေတာ့၏။

ရန္ရိ ဆက္ၾကည့္ဖို႔ ခံႏိုင္ရည္မ႐ွိေတာ့ဘဲ၊ ေကာင္းကယ္ကို ေနာက္ဆက္တြဲၫႊန္ၾကားဖို႔ေျပာၿပီး သူတပ္ဖြဲ႕ကို ေခၚကာ အရင္ျပန္ႏွင့္သည္။

သူတို႔ စခန္းျပန္ေရာက္ေတာ့ ညစာစားခ်ိန္ျဖစ္ေပမယ့္ ဘယ္သူမွစားခ်င္စိတ္မ႐ွိၾကေပ။ သူတို႔ ေ႐ွ႕တန္းသြားၿပီးျပန္လာလို႔ သတင္း‌မွားေပးတာ၊ အထိတ္တလန္႔ျဖစ္တာပဲ အႏၲရာယ္မ႐ွိဘူး ဆိုတဲ့ သတင္းေကာင္းမ်ိဳး ပါလာရင္ အားလုံး စိတ္ေပ်ာ္႐ႊင္ၾကၿပီး၊ ဒီလိုမေတာ္တမႈမႈမ်ိဳး ၾကဳံရရင္ေတာ့ မင္းအေကာင္းဆုံးႀကိဳးစားရင္ေတာင္ ေသဆုံးတာ၊ မသန္မစြမ္းျဖစ္တာမ်ိဳးကို ေ႐ွာင္လႊဲမရႏိုင္ေခ်။ အဲ့လို အစြမ္းအစမ႐ွိတဲ့ ခံစားခ်က္က လူေတြကို အခ်ိန္အေတာ္ၾကာသည္အထိ စိတ္ညိႇဳးႏြမ္းေစသည္။

ရန္ရိ ထပ္မေစာင့္ႏိုင္ေတာ့ေပ၊ သူခြၽီယန္ေပၚကို ႏႈတ္ဆက္ၿပီး၊ အျပင္ျပန္ထြက္ကာ၊ တိရစၧာန္ေဆး႐ုံသြားၿပီး ေၾကာင္ေလးကိုသြားေခၚဖို႔ လုပ္လိုက္သည္။

ေၾကာင္ေလးက အေျခခံအားျဖင့္ေတာ့ ျပန္သက္သာလာၿပီျဖစ္ကာ ဆရာဝန္က အိမ္ျပန္ေခၚသြားလို႔ ရၿပီျဖစ္ေၾကာင္း ေျပာလာသည္။ ဒါေပမယ့္ ‌ပတ္တီးအသစ္လဲဖို႔ အျခားေန႔ေတြတိုင္း အနီးနားက တိရစၧာန္ေဆးခန္းဆီသြားေပးရမည္ျဖစ္ၿပီး သူတို႔စခန္းနားမွာလည္း တိရစၧာန္ေဆးခန္း႐ွိေတာ့ အလြန္အဆင္ေျပသည္။

သူ ေၾကာင္ေလးကိုမေတြ႕ရတာ တစ္ပတ္႐ွိၿပီျဖစ္ၿပီး၊ ေၾကာင္နက္ေလးၾကည့္ရတာ အေလးခ်ိန္နည္းနည္းတိုးလာပုံပင္။ ေသေလာက္ေအာင္ အားနည္းေနတာမ်ိဳး မျမင္ရေတာ့ဘဲ ပတ္တီးစည္းထားေပမယ့္ ၾကည့္ေကာင္းၿပီး ေလွာင္အိမ္ထဲမွာ စကၠဴ‌ေဘာလုံးေလးနဲ႔ ကစားေနသည္။

ရန္ရိ ဝမ္းသာၿပီး ေျပာလိုက္သည္။

" တကယ္အဆင္ေျပရဲ႕လား? "

" ေျပပါတယ္၊ ဒါေပမယ့္ မီးေလာင္ထားတဲ့ေနရာတစ္ဝိုက္မွာေတာ့ အေမြးျပန္ေပါက္ဖို႔ ခက္မယ္ "

" အသက္႐ွင္႐ုံနဲ႔တင္ ေကာင္းေနပါၿပီ "

ရန္ရိ သူ႕လက္ေခ်ာင္းကို ေလွာင္အိမ္ထဲ ထည့္ၿပီး ေၾကာင္ေလးကို တို႔လိုက္သည္။ ေၾကာင္ေလးက သူ႕လက္ကို ဖက္ၿပီး ႏို႔သြားေလးေတြနဲ႔ ကိုက္ခဲလာ၏။

ဆရာဝန္က ေလွာင္အိမ္ကိုဖြင့္ၿပီး၊ ေၾကာင္ေလးကို ထုတ္ကာ၊ ရန္ရိလက္ထဲ ထည့္ေပးလာသည္။ ရန္ရိ ေၾကာင္ေလးရဲ႕ ႏူးႏူးညံ့ညံ့အေမႊးေလးေတြကို ပြတ္သပ္ရင္း တစ္ခုခုသိသြားသလို ျပဳံးလိုက္သည္။

အျပန္လမ္းမွာ ရန္ရိ ကုံးရင့္႐ွန္ကို ဖုန္းေခၚလိုက္ၿပီး

" ေဟး ေဒါက္တာကုံး မင္းဌာနခြဲမွာလား? "

" အင္း ဘာျဖစ္လို႔လဲ? "

" ေသခ်ာေပါက္ အခ်ိန္ပိုဆင္းေနတာပဲ၊ငါ.....ျဖတ္သြားရင္းနဲ႔၊ မင္းကိုျပစရာတစ္ခု႐ွိတယ္ "

" အိုေက လာခဲ့ေလ "

သူ ဌာနခြဲကိုေရာက္ေတာ့၊ ဧည့္ႀကိဳခန္းက ရဲေမက ရန္ရိကိုေတြ႕သြားၿပီး စတင္ေလွာင္ေျပာင္ေတာ့၏။

" ေခါင္းေဆာင္ရန္၊ ဘာလို႔ကြၽန္မတို႔ဌာနကို ႏွစ္ရက္အတြင္း ေရာက္လာျပန္တာလဲ? အလုပ္ေျပာင္းခ်င္လို႔လား? "

ရန္ရိျပဳံးၿပီး ေျပာလိုက္သည္။

" မဟုတ္ဘူးလား? ရဲဌာနမွာ အေခ်ာအလွေတြ ဒီေလာက္မ်ားတာ၊ ကြၽန္ေတာ္တို႔ဌာနနဲ႔ ဘယ္မွာတူလို႔လဲ? ဒီမွာပဲ လမ္းလာ႐ွာရေတာ့‌တာေပါ့ "

[ T/n : ခင္မ်ား ဘယ္အေခ်ာေလးကို ဆိုလိုတာလဲ ? : 3 ]

သူ ႐ုံးခန္းအေနာက္ဘက္က စားပြဲမွာအလုပ္လုပ္ေနတဲ့ ကုံးရင့္႐ွန္ကို ေတြ႕သြားသည္။ အခု ကိုးနာရီထိုးေတာ့မွာ‌ေပမယ့္ စားပြဲခုံတစ္ဝက္ေလာက္က ဝန္ထမ္းမ်ားျဖင့္ျပည့္ေနဆဲျဖစ္ၿပီး လူတိုင္းအလုပ္႐ႈပ္ေနပုံေပၚသည္။

ရန္ရိ ျပဳံးရင္း ကုံးရင့္႐ွန္ကို လက္ေဝ့ယမ္းျပလိုက္သည္။

ကုံးရင့္႐ွန္က စာဖိုင္အထပ္လိုက္ႀကီးကို လက္တစ္ဖက္တည္းနဲ႔ ကိုင္ထားရင္း

" ခင္မ်ား ဒီကိုေရာက္လာေတာ့ ကြၽန္ေတာ္ ဆိုင္ဘာမႈခင္းအဖြဲ႕ဆီ ေခၚသြားေပးမယ္၊ အသစ္႐ွာေတြ႕ထားတာ႐ွိတယ္ "

ကုံးရင့္႐ွန္ ေျခလွမ္းလိုက္ၿပီး အလ်င္လိုေနပုံပင္။

ရန္ရိ ကုံးရင့္႐ွန္ေနာက္ လိုက္သြားၿပီး

" ေဟး ခဏေနဦး ငါမင္းကိုျပစရာ႐ွိတယ္ "

" ဘာလဲ? "

ရန္ရိ ပတ္ဝန္းက်င္ကို အကဲခတ္လိုက္ၿပီး အစည္းေဝးခန္းတံခါးကိုဖြင့္ကာ ကုံးရင့္႐ွန္ကို ဆြဲသြင္းလိုက္သည္။

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္ရင္း ရန္ရိ သူ႕လက္ကို အမွတ္မထင္ ကိုင္ထားသည္အား ၾကည့္လိုက္သည္။

သူနည္းနည္း ေနမထိထိုင္မသာျဖစ္ေနေပမယ့္ အဲ့လိုျဖစ္တာက အျခားတစ္ေယာက္ သူ႕ကိုထိတာကို ျငင္းဆန္တာ၊ ႐ြံမုန္းတာမ်ိဳး မဟုတ္ဘူး။

ဒါေပမယ့္.....ဒါေပမယ့္ သူသိလိုက္ရတာက သူအဲ့တာကို အရမ္းႀကီးျငင္းဆန္မေနဘဲ၊ ပုံမွန္မဟုတ္တာကသာ သူ႕ကို ေနမထိထိုင္မသာ ျဖစ္ေစသည္ဆိုတာပင္။

ရန္ရိေျပာသလိုဆို၊ သူတကယ္ပဲ ဒီလူကို တျဖည္းျဖည္းခ်င္း ေနသားက်သြားတာ ျဖစ္ႏိုင္လား?

ရန္ရိ သူမ်က္ခုံးမ်ားၾကားမွာ စိတ္လႈပ္႐ွားစရာ အနည္းငယ္႐ွိေနသလို၊ ႐ုံးခန္းတံခါးကို ပိတ္လိုက္ၿပီး၊ သူ႕ေလ့က်င့္ေရးဝတ္စုံ အိတ္ကပ္ႀကီးထဲကေန အေမႊးဖြာဖြာအေကာင္ေလးကို မ်က္လွည့္ဆန္ဆန္ ထုတ္လိုက္သည္။

နက္ေမွာင္ေသာအေမႊး၊ ‌ေ႐ႊေရာင္မ်က္ဆံမ်ားႏွင့္ ႏူးညံ့ကာ ခ်စ္စဖြယ္ေကာင္းေသာ ႏို႔စို႔ေၾကာင္ကေလးပင္တည္း။

ကုံးရင့္႐ွန္ မ်က္ခုံးမ်ားပင့္တက္သြားလ်က္၊ ခႏၶာကိုယ္က ေနာက္တစ္လွမ္း‌ဆုတ္လိုက္သည္။

" ဘာလို႔လဲ? မင္းေၾကာင္ေတြေၾကာက္တာလား? "

" မေၾကာက္ပါဘူး "

" အဲ့တာဆို မင္းဘာကိုေ႐ွာင္ေနတာလဲ? "

" ညစ္ပတ္လို႔ "

ကုံးရင့္႐ွန္ ခဏတန္႔သြားၿပီး

" ၿပီးေတာ့လည္း ေၾကာင္အပူခ်ိန္က လူေတြထက္ပိုျမင့္တယ္ "

ရန္ရိက ပခုံးတြန္းရင္း

" အကုန္ေဆးေၾကာေပးထားလို႔ သန္႔ပါတယ္၊ ၿပီးေတာ့ ငါတို႔မီးထဲက အတူကယ္ထားတာေလ၊ မင္းမခ်ီခ်င္ဘူးလား? "

" မလိုပါဘူး "

" အဲ့တာဆို ထိၾကည့္မလား? "

ရန္ရိ ေၾကာင္ရဲ႕ ႏူးႏူးညံ့ညံ့ဗိုက္ေလးကို သူ႕လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ တို႔ထိလိုက္သည္။

" ႏူးညံ့တယ္ကြ အ႐ိုးေတြေတာင္မ႐ွိသလိုပဲ "

ေၾကာင္ေလးက "ေျမာင္" လို႔အသံျပဳရင္း ကုံးရင့္႐ွန္ကို မမွိတ္မသုန္ ၾကည့္ေနသည္။

ကုံးရင့္႐ွန္ ေတြးေနၿပီး ေခါင္းခါျပ၏။

" ထိပဲထိၾကည့္လိုက္ မပူပါဘူး "

ရန္ရိ ေၾကာင္ေလးကို ကုံးရင့္႐ွန္ေ႐ွ႕ ကိုင္ျပလိုက္ၿပီး

" ဒါ့အျပင္ မင္းလက္အိတ္ေတြ စြပ္ထားတာပဲကို၊ ဘာေၾကာက္ေနတာလဲ? "

ကုံးရင့္႐ွန္ မ်က္ေမွာင္ခပ္ဖြဖြၾကဳတ္ရင္း လက္ကို ဆန္႔ထုတ္ကာ ေၾကာင္ေလးဗိုက္ကို မဝံ့မရဲ ပြတ္သပ္လိုက္သည္။

အရမ္းႏူးညံ့တာပဲ.....။

ရန္ရိ ျပဳံးကာ ေျပာလိုက္သည္။

" အရမ္းႏူးညံ့တယ္မလား? မင္းကိုၾကည့္ပါဦး၊ လူေတြနဲ႔မဆက္ဆံဘူး၊ အိမ္ေမြးတိရစၧာန္လည္း မ႐ွိဘူးဆိုေတာ့ အထီးမက်န္ဘူးလား? "

" ကြၽန္ေတာ့္မွာ အိမ္ေမြးတိရစၧာန္ ႐ွိတယ္ "

" တကယ္လား? "

ရန္ရိ မေမွ်ာ္လင့္ထားသလို ေမးလိုက္သည္။

" မင္း တိရစၧာန္ဘယ္လိုေမြးရမလဲ သိတယ္ေပါ့? မင္းဘာေမြးထားလဲ? ေခြးေတြလား? "

" ခင္မ်ားၾကည့္ခ်င္လား? "

ကုံးရင့္႐ွန္ ရန္ရိ မ်က္လုံးေတြကို ၾကည့္လိုက္သည္။

ရန္ရိ မ်က္လုံးေတြ အေရာင္လက္သြားၿပီး

" အိုေကေလ ဘယ္မွာၾကည့္ရမလဲ? "

" ခင္မ်ားအိမ္ေမြးတိရစၧာန္ ကြၽန္ေတာ့္ကိုျပၿပီး ကြၽန္ေတာ္လည္းခင္မ်ားကို ကြၽန္ေတာ့္အိမ္ေမြးတိရစၧာန္ ျပန္ျပမယ္ "

ကုံးရင့္႐ွန္ ေလသံက သဘာဝက်က်ပင္။

" ခင္မ်ား ဒီ႐ုံးပိတ္ရက္လာလည္လို႔ရတယ္၊ ဦးေလး႐ွန္႔က ခင္မ်ားကို ခ်က္‌ေကြၽးခ်င္ေနတာ "

ရန္ရိ ႏွလုံးသားမွာ အေပ်ာ္လြန္သြား၏။

" မင္း၊ မင္းငါ့ကို မင္းအိမ္မွာ ထမင္းစားဖို႔ဖိတ္ေနတာလား? "

" အင္း၊ ဦးေလး႐ွန္႔လည္း ကြၽန္ေတာ့္ကို ‌ေျပာတာမ်ားေနၿပီမို႔ "

ကုံးရင့္႐ွန္ မ်က္လုံးမ်ားက အနည္းငယ္ မတည္မၿငိမ္ျဖစ္ေနလ်က္။

" ၿပီးေတာ့.....ခင္မ်ားပဲ သူငယ္ခ်င္းနဲ႔အတူစားခ်င္တယ္လို႔ ေျပာတာေလ "

" အိုေက အဲ့တာဆို ဒီစေနေပါ့ "

ရန္ရိ အျမန္ေျပာလိုက္သည္။

ကုံးရင့္႐ွန္ ေၾကာင္ေလးကို လွမ္းၾကည့္လိုက္ၿပီး

" ခင္မ်ား သူ႕ကိုေမြးဖို႔ စီစဥ္ထားတာလား? "

" အင္း၊ ငါ့သူ႕ကို စခန္းမွာေမြးတာပဲျဖစ္ျဖစ္ ငါ့အိမ္မွာထားတာပဲျဖစ္ျဖစ္ လုပ္လို႔ရတယ္ "

ရန္ရိ အရင္ကလည္း တိရစၧာန္‌ေပါက္စေလးေတြ ကယ္ဖူးေပမယ့္ ေမြးဖို႔အစီစဥ္မ႐ွိခဲ့ဘူး။ ဒါေပမယ့္ ဒီေၾကာင္ေလးက သူနဲ႔ ကုံးရင့္႐ွန္ကယ္ထားတာ၊ သူမီးထဲကေန ကယ္ထုတ္လိုက္ကတည္းက အၿမဲတမ္း အထူးတလည္ ခံစားေနခဲ့ရၿပီး သူ႕ေဘးနားမွ‌ထားခ်င္မိသည္။

" သူ႕ကို နာမည္ေပးၿပီးၿပီလား? "

ရန္ရိ ေၾကာင္ေလးကိုၾကည့္ၿပီး ျပဳံးၿဖဲၿဖဲလုပ္လိုက္သည္။

" ဒီလိုေခၚရင္ မေကာင္းဘူးလား "

" ဘာကို? "

ရန္ရိ အစည္းအေဝးခန္းထဲက whiteboard ဆီသြားကာ၊ marker ကိုယူၿပီး whiteboard ေပၚ၌ စကားလုံးႏွစ္လုံး ေရးလိုက္သည္။

" . "

ကုံးရင့္႐ွန္ ျပဳံးလိုက္ၿပီး

" ခင္မ်ား ႐ွားပါးတဲ့စကားလုံးေတြ ဘယ္က႐ွာလာတာလဲ? "

" ဒါငါ့ေဆာ့တဲ့ဂိမ္းနာမည္ပဲ၊ မင္းၾကည့္၊ ငါက မီး(火)ေလးလုံး၊ သူက ေရ(水) ေလးလုံး၊ ငါ့မီးဓာတ္ကို ေျခဖ်က္ဖို႔ လုံေလာက္သြားတာေပါ့ "

ကုံးရင့္႐ွန္လည္း ေလွ်ာက္လာၿပီး marker ကိုယူကာ " ေျမာင္ေျမာင္ (淼淼) " ဟုေရးလိုက္သည္။

" ခင္မ်ား အကုန္လုံးဆုံး႐ႈံးသြားရင္ မေကာင္းဘူး "

ရန္ရိ ျပဳံးၿပီး ကုံးရင့္႐ွန္ကိုၾကည့္လိုက္သည္။

" မင္းငါ့နာမည္ကို မမုန္းဘူးလား၊ တကယ္တမ္း ငါ့နာမည္ေျပာင္းဖို႔ အရမ္းျပႆနာမျဖစ္ဘူးဆိုရင္ အဲ့လို မီးဓာတ္မ်ားတဲ့ နာမည္မ်ိဳးယူမေနဘူး၊ စစ္ေဟာ္လို႔ေခၚတဲ့ မီးသတ္သမား ဆိုတာ နမိတ္မေကာင္းသလိုပဲ "

" ကြၽန္ေတာ္ေျပာတယ္၊ ခင္မ်ားမီးက မီးကိုတိုက္ခိုက္တဲ့မီးပဲ "

ကုံးရင့္႐ွန္ ရန္ရိမ်က္လုံးေတြကို စိုက္ၾကည့္လာသည္။

" ၿပီးေတာ့ လူေတြ ဒီမီးနဲ႔ေနၾကတာ "

" မင္း ဘာကိုဆိုလိုတာလဲ? "

" မီးက စိတ္၊ ခံစားခ်က္နဲ႔ ဝိဉာဥ္ပဲ၊ ဓာတ္ငါးပါးမွာ မီးက ႏွလုံးသားကို ကိုယ္စားျပဳတယ္၊ ' ဘဝဆိုတဲ့မီး၊ ‌ေလာင္စာကုန္ခမ္း‌ေသာမီးအိမ္ ၊ မီးလွ်ံမွ ျပန္လည္ေမြးဖြားျခင္း ' ဆိုတဲ့စကားေတြကေန လူသားေတြအတြက္ မီးရည္ၫႊန္းထားတဲ့ အဓိပၸါယ္ေတြ ေတြ႕ႏိုင္တယ္ "

ရန္ရိ အံ့အားသင့္သြားၿပီး

" ေခါင္းေဆာင္ခ်ိဳးက မင္းမီးအေၾကာင္း ေလ့လာဖူးတယ္လို႔ ေျပာတယ္ "

" သုေတသနလုပ္တာကို ထည့္မတြက္ရင္ေတာင္ ကြၽန္ေတာ္မီးအေၾကာင္းနားလည္တယ္၊ အဲ့တာက ကြၽန္ေတာ္မီးေၾကာက္တာကို ေက်ာ္လႊားဖို႔ အေကာင္းဆုံး ကူညီေပးတယ္ "

" အဲ့တာဆို.....မင္းဘာေတြသိလဲ? "

ကုံးရင့္႐ွန္ တစ္ခဏမွ် ႏႈတ္ဆိတ္သြားၿပီး

" ခင္မ်ား ဒီစာေၾကာင္းကိုၾကားဖူးလား? ' ေလာကႀကီးက သေဘာမေကာင္းဘူး၊ အားလုံးက အဆင့္နိမ့္ေခြးလိုပဲ ' ဆိုတာ "

[ T/n : ' ေလာကႀကီးက သေဘာမေကာင္းဘူး၊ အားလုံးက အဆင့္နိမ့္ေခြးလိုပဲ ' အဲ့ဒီ့စကားက Lao Tzu ေရးသားခဲ့တဲ့ Tao Te Ching၊ အခန္း ၅ ဝါက်က လာတာပါ။ အခ်ိဳ႕လူေတြနားလည္တာက : ဘုရားသခင္က စာနာစိတ္မထားဘူး၊ အရာအားလုံးကို အသက္မ႐ွိတဲ့သာဓကလိုပဲ ဆက္ဆံတယ္။

ဒါေပမယ့္ အဲ့ဒီစကားမွာနားလည္မႈက ဘက္လိုက္သလိုျဖစ္ေနတယ္

လူပိန္းစကားအရဆိုရင္ေတာ့ : ေလာကႀကီးက အားလုံးကို တစ္ပုံစံတည္း ဆက္ဆံတယ္၊ လူတိုင္းကိုေကာင္းေပးေနတာမဟုတ္သလို၊ လူတိုင္းကို ဆိုးေပးေနတာလည္းမဟုတ္ဘူး၊ လူတိုင္းက သဘာဝအတိုင္း တိုးတက္လာၾကတယ္။ သဘာဝတရားရယ္ ကံအက်ိဳးေပးရယ္ကို ခံစားေရးဖြဲ႕ထားတဲ့ ဝါက်ပါ၊ " ေလာကႀကီး" ဆိုတာက ေကာင္းကင္နဲ႔ေျမႀကီး ကို ေပါင္းေရးလိုက္တာပါ ]

ရန္ရိ ခါးသက္သက္ျပဳံးလိုက္ရင္း

" ငါတို႔လို အလုပ္မ်ိဳးလုပ္ေနတဲ့သူေတြထက္ ဘယ္သူကမ်ား ဒီစာေၾကာင္းကို ပိုၿပီးနက္နက္နဲနဲ နားလည္ႏိုင္မွာလဲ "

ကုံးရင့္႐ွန္က ေခါင္းခါသည္။

" လူေတြက ဒီစာေၾကာင္းအဓိပၸါယ္ကို ေလာကႀကီးက မတရားဘူး၊ အရာအားလုံးကို ခ်နင္းပစ္တယ္လို႔ ဆိုလိုတယ္ထင္ၾကတာ။ အဲ့တာမမွန္ဘူး။ အဲ့ဒီ့ေလာကႀကီးမတရားဘူး ဆိုတာက  ေလာကႀကီး  ' မတုန္လႈပ္ဘူး '၊ ' ဂ႐ုဏာမထားဘူး ' လို႔ဆိုလိုတယ္ ။ ေလာကႀကီးရဲ႕ ဆႏၵက ဆႏၵေတြမ႐ွိဖို႔ပဲ။ ကြၽန္ေတာ္အၿမဲတမ္း ကြၽန္ေတာ့္ကိုယ္ပိုင္ ေလာကလမ္းစဥ္ကိုပဲ လိုက္တယ္။ ေနထြက္တယ္ ေနဝင္တယ္၊ ေနပူတယ္ မိုး႐ြာတယ္၊ ေအးတယ္ ပူတယ္ ဆိုတာေတြက ဘယ္ေတာ့မွမေျပာင္းလဲဘူး၊ အားလုံးရဲ႕ ဆႏၵေၾကာင့္ ေလာကႀကီးက ေျပာင္းလဲသြားမွာမဟုတ္ဘူး၊ အားလုံးရဲ႕ ကံၾကမၼာကိုလည္း ေလာကႀကီးေပၚအျပစ္တင္စရာမလိုဘူး "

ရန္ရိ ၾကားရတာ မ႐ွင္းမလင္းျဖစ္သြားသည္။

ကုံးရင့္႐ွန္က သက္ျပင္းဖြဖြခ်ၿပီး

" မီးကလည္း ေလာကႀကီးရဲ႕ အဆီအႏွစ္တစ္ခုပဲ၊ မီးမွာလည္း ဆႏၵမ႐ွိဘူး၊ ေကာင္းလည္းမေကာင္းသလို ဆိုးလည္းမဆိုးဘူး၊ တကယ္ေၾကာက္စရာေကာင္းတာက မီးမဟု‌တ္ေပမယ့္ မီးကိုအသုံးျပဳတဲ့ပုံစံပဲ။ အဓိကအားျဖင့္.....မီးကို လူေတြအသုံးျပဳတဲ့ပုံစံ "

ရန္ရိ ေလးေလးနက္နက္ ေျပာလိုက္သည္။

" မင္း ဒါကိုနားလည္တယ္ ဒါေပမယ့္ မီးကိုေၾကာက္ေနတုန္းပဲ "

" ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားေနပါတယ္ "

" တကယ္ေတာ့ လူတိုင္းေၾကာက္တာ တစ္ခုစီ႐ွိတယ္၊ ကိုယ့္ကိုကိုယ္ အေၾကာက္တရားကင္းေအာင္ တြန္းအားေပးလို႔မရဘူး၊ ဘယ္သူမွ အေၾကာက္တရား မကင္းႏိုင္ဘူး "

ရန္ရိ ကုံးရင့္႐ွန္ကို တိတ္တဆိတ္ၾကည့္ရင္း ႏူးႏူးညံ့ညံ့ေျပာလိုက္သည္။

" မင္း မီး‌ေၾကာက္တာလည္း ဘာမွမဟုတ္ပါဘူး "

ကုံးရင့္႐ွန္ အသက္႐ွဴေတာင္မွားသြားသည္။

မီးေၾကာက္တာက သူ႕အတြက္ အၿမဲတမ္း နာက်င္မႈနဲ႔ အ႐ွက္ရစရာျဖစ္ခဲ့သည္။ မီးေၾကာက္တာက သူ႕တစ္ဘဝလုံး အႏိုင္ယူခ်င္ေနတဲ့ ရန္သူပဲ။ ဒါေပမယ့္ အႏိုင္ရဖို႔ခက္ခဲတဲ့ ရန္သူဆိုလည္းဟုတ္သည္။

သို႔ေသာ္ ရန္ရိ ေျပာလာသည္က " မီးေၾကာက္တာက ဘာမွမဟုတ္ဘူး " တဲ့။

ထိုစာေၾကာင္းက ညင္သာတဲ့လက္တစ္စုံ တြန္႔ေခါက္ေနတဲ့ မ်က္ႏွာျပင္ကို ဆြဲဆန္႔ေပးလိုက္သည့္အလား သူ႕ကို ေျပေလ်ာ့သြားေစလ်က္၊ သူမီးကို နည္းနည္း ရင္ဆိုင္ႏိုင္လာပုံေပၚၿပီး၊ အေၾကာက္တရားမ်ားၾကား၌ အသက္႐ွဴေခ်ာင္သြားသည္။

ရန္ရိက whiteboard ကို ေခါက္ကာ ျပဳံးၿဖဲၿဖဲလုပ္ရင္း

" မင္းေျပာတာနားေထာင္ၿပီး ေျမာင္ေျမာင္( 淼淼) လို႔ပဲ ေခၚတာေပါ့၊ မီးတစ္လုံးကိုေတာ့ ငါ့ဆီမွာပဲ ခ်န္ထားလိုက္မယ္ "

[ T/N : ေျမာင္ေျမာင္ ( 淼淼 ) ဆိုတဲ့ စကားလုံးက ‌水 (ေရ) သုံးလုံးနဲ႔ စုတ္ခ်က္ဆြဲပါတယ္၊ ရန္ရိ မီးေလးလုံးကို ေရသုံးလုံးနဲ႔ဖ်က္၊ မီးတစ္လုံးက်န္ ဟားဟား ]

===========

Good Night 😴

ဒါက လက္ေဆာင္ေလး -

============