Chapter 60

Mon, Aug 23, 2021

{ UNICODE }

ရန်ရိ အိမ်ကနေအမြန်ထွက်ပြီး စခန်းသို့အပြေးသွားသည်။ လမ်းတစ်လမ်းပဲခြားပေမယ့် ပထမဆုံးအကြိမ်အဖြစ် အကွာအဝေးကအနည်းငယ်ဝေးသလို ခံစားရသည်။ ကုံးရင့်ရှန်ကို အမြန်မတွေ့ရအောင်  ကာဆီးထားသလိုပင်။

လမ်းကူးပြီးတော့ စခန်းရှေ့မှာ ကုံးရင့်ရှန်ကားရပ်ထားတာမြင်ပြီး မြန်မြန်ပြေးသွားလိုက်သည်။

ကားမှန်တံခါး တဖြည်းဖြည်းနိမ့်ကျသွားလျက် နက်မှောင်သောညချမ်း၊ နက်မှောင်သောခန္ဓာကိုယ်နှင့် နက်မှောင်သော ကားအတွင်းပိုင်းက အသက်ရှူကြပ်စရာ ထောင်ချောက်တစ်ခုပုံဖော်ထားပုံရသည်။ ကုံးရင့်ရှန်ရဲ့ ကြွေထည်ကဲ့သို့ဖြူစင်သော ကျောက်စိမ်းအလှတရားသည်သာ ရောင်ခြည်ဖြာနေ၍ အမှောင်ထုအားရက်ကန်းခတ်သည့်နှယ် ထိုးဖောက်ကာ နေရာတစ်ခုလုံးကို အလင်းဆောင်စေသည်။

ရန်ရိရင်ထဲ လှုံ့ဆော်အားတစ်ခုဖြစ်တည်လာလျက်--ထိုလှုံ့ဆော်မှုသည်ကား ကုံးရင့်ရှန်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားချင်သည့်ဆန္ဒပင်။ သူလည်း ကုံးရင့်ရှန်ရဲ့အလင်းရောင်ဖြစ်ပြီး သူ့ခေါင်းထဲမှာ ဆယ့်ရှစ်နှစ်တာလုံးလုံး မှုန်ဝါးနေတဲ့မြူဆိုင်တွေကို ပယ်ဖျောက်ပေးနိုင်ပါစေလို့ ဘယ်လောက်တောင် ဆုတောင်းခဲ့ရလဲ။

ကုံးရင့်ရှန် ကားတံခါးဖွင့်၍ အထဲမှထွက်ကာ အပြစ်ပြောလာသည်။

" ခင်များကုတ်အင်္ကျီ ဘယ်မှာလဲ? ဘာလို့ ဒီလိုဝတ်စားပြီးထွက်လာတာလဲ? "

ရန်ရိ စိတ်ပြန်လည်လာပြီး ကုတ်အင်္ကျီမယူခဲ့ဘူးဆိုတာသာ သတိရသွားသည်။ သူထွက်လာတုန်းက သူ့အဖေလှမ်းအော်နေတာလည်း မဆန်းပေ။ သို့သော် သူအေးတယ်လို့မခံစားရ။ သူ့ရင်ထဲ မီးတောက်တစ်ခုရှိနေပြီး ကုံးရင့်ရှန်ကိုတွေ့တဲ့အခါ လောင်ကျွမ်းလျက် ပိုပူပြင်းလာသည်။

ကုံးရင့်ရှန် ကားနောက်ဖုံးဖွင့်ပြီး အထဲကစောင်ပါးတစ်ထည် ထုတ်လိုက်သည်။ သူစောင်ခါလိုက်ပြီး ရန်ရိကိုယ်ပေါ်ခြုံပေးရင်း တမင်တကာတောင် တင်းကြပ်လိုက်သေး၏။

" ကိုယ့်အဝတ်အစားကိုယ် ဝတ်ရမှန်းတောင်မသိဘူး၊ ဘာတွေများတွေးနေလို့လဲ "

ရန်ရိစောင်ပတ်ရင်း ပြုံးလျက်ပြောလိုက်သည်။

" မင်းကားနောက်ဖုံးထဲမှာ အကုန်ရှိတာပဲ "

ကုံးရင့်ရှန်က စိတ်ဆိုးဆိုးနဲ့ပြောလာသည်။

" ခင်များကိုထည့်လိုက်ရင် အကုန်ရှိသွားတာပေါ့ "

" ငါ မင်း‌ကားနောက်ဖုံးထဲမှာ နေလို့ရတယ် "

ရန်ရိ လွှတ်ခနဲ‌ပြောလိုက်သည်။

ကုံးရင့်ရှန် အံ့ဩမင်သက်သွား၏။

ရန်ရိမျက်လုံးတွေ အနည်းငယ်ဟိုကြည့်သည်ကြည့်လုပ်ပြီး ခပ်ပြုံးပြုံးပဲပြောလိုက်သည်။

" မင်းမှာ wifi ရှိနေသရွေ့ ငါ့ကိုအိမ်မွေးတိရစ္ဆာန်လိုဆက်ဆံနိုင်တယ် "

ကုံးရင့်ရှန် ရန်ရိကိုခဏ‌စိုက်ကြည့်နေပြီး သူ့အာရုံစိုက်နေတဲ့အမူအရာကို ကြည့်ရတာ အဲ့ကိစ္စတကယ်တွေးနေပုံပေါ်သည်။

ရန်ရိသူ့ကို ကိုယ်ထိလက်ရောက်အနားကပ်ပြီး ပြောလိုက်သည်။

" မင်းတကယ် ငါ့ကိုမွေးချင်လို့လား? ငါကအလိမ္မာလေးပါ၊ အစားမများကြီးမစားဘူး အလုပ်လည်းလုပ်နိုင်တယ်၊ အ‌ညစ်အကြေးစွန့်ဖို့နေရာလည်း ရှာလို့ရတယ် "

ကုံးရင့်ရှန် စောင်အဖျားစကိုမပြီး ရန်ရိမျက်နှာပေါ်တင်လိုက်သည်။

" ခင်များတော့ အစားဝဝမစားရသေးဘူးပဲ "

ရန်ရိ ခြုံစောင်ကိုဖယ်ကာ ပြုံးဖြဲဖြဲလုပ်ရင်း

" ငါ့ကိုမုန်းတယ်‌၊ မုန်းတယ်နဲ့ သူပဲတွေ့ချင်တယ်လို့ပြောပြီးတော့ "

'ကျွန်တော် ခင်များကိုတွေ့ချင်တယ်' ဆိုတဲ့စကားက တောင်ကြားထဲလှိုင်းခတ်နေသော ပဲ့တင်သံကဲ့သို့ သူ့စိတ်ထဲစွဲကျန်နေသည်။

ကုံးရင့်ရှန်အမူအရာက အနည်းငယ်မူမမှန်ဖြစ်နေပြီး တမင်တကာ စကားလမ်းကြောင်းလွှဲလိုက်သည်။

" ဘာလို့ ခင်များအဲ့ကပြန်လာတာလဲ? အိမ်သွားတာလား? "

" အင်း၊ အိမ်ပြန်ပြီး တစ်ချက်သွားကြည့်တာ "

ရန်ရိ ဌာနချုပ်သွားပြီး အဲ့နှစ်ကဒေတာတွေအားလုံး သွားကြည့်ဖို့ရည်ရွယ်ထားသည်။ သူမီးလောင်မှုအကြောင်း သံသဖြစ်စရာ သက်သေတစ်ခုခုတွေ့ရင် ကုံးရင့်ရှန်ကိုပြောပြမည်။ ကုံးရင့်ရှန်သဲလွန်စအသစ်တွေရဖို့ ဘယ်လောက်ကြိုးစားနေလဲဆိုတာသူသိပြီး အဲ့တာကြောင့်ပဲ သူ့ကိုဘာမှမရေရာသေးတဲ့ပျော်ရွှင်မှုမျိုး ပေးရမှာပိုကြောက်သည်။

" အဲ့တာဆို ခင်များအိမ်မှာစားခဲ့တာပေါ့ "

ကုံးရင့်ရှန်ခေါင်းငုံ့ပြီး ကျောက်တုံးလေးကို ပြောင်လက်နေသောသား‌ရေရှူးဖိနပ်ဖြင့် ကန်လိုက်သည်။

" စားလို့ကောင်းလား? "

" ညနေက ဘာမှမစားထားဘူး၊ တစ်နေ့ခင်းလုံး အကြီးအကဲနဲ့အချိန်ကုန်ပြီး စားချင်စိတ်မရှိတော့လို့ "

ကုံးရင့်ရှန် ခေါင်းမော့လာပြီး မျက်လုံးများက အရောင်လက်သွားသည်။

" ကျွန်တော်လည်း မစားရသေးဘူး "

ရန်ရိ နှလုံးသားလှုပ်ခတ်သွားပြီး

" မင်းဒီကိုငါနဲ့ထမင်းစားဖို့ တကူးတကလာတာလား? "

" အလုပ်ပြီးတော့ သူငယ်ချင်းနဲ့ထမင်းအတူစားတယ်၊ အဲ့တာ.....ပုံမှန်ပါပဲ "

ကုံးရင့်ရှန်မေးငေါ့ပြီး မာန်ပါပါပြောလာသည်။

" မရဘူးလား? "

ရန်ရိ အရမ်းစိတ်လှုပ်ရှားသွားပြီး

" သေချာပေါက်ရတာပေါ့၊ သွားသွားသွား၊ မင်းဘယ်မှာစားချင်လဲ၊ ဒီနေ့‌ အစ်ကိုဝယ်ကျွေးမယ် "

ကုံးရင့်ရှန်က ကားနောက်ခန်းထဲက ‌ထမင်းဘူးထုတ်လိုက်သည်။

ရန်ရိ မျက်လုံးစွေပြီး ပြောလိုက်သည်။

" မင်းနေ့လယ်စာဘူးပဲ စားဦးမလို့လား၊ တကယ်တော့ ငါ့လစာက အတော်ကောင်းတယ်၊ မင်းငါ့ကို ကျွေးဖို့မလိုပါဘူးကွာ "

ကုံးရင့်ရှန်က နေ့လယ်စာဘူးကို ရန်ရိရင်ဘတ်ထဲထိုးထည့်ပေးပြီး

" ကျွန်တော် ဒါပဲစားမှာ၊ အခြားသူတွေချက်တာမျိုး မစားဘူး၊ သန့်သန့်ရှင်းရှင်းချက်ရဲ့လားဆိုတာ ဘယ်သူသိမှာလဲ "

သူစခန်းထဲ တန်းတန်းဝင်သွားသည်။

" အဲ့တာဆို မင်းအိမ်ကစာဖိုမှူးချက်တာရယ် ငါချက်တာရယ်ကလွဲပြီး မစားဘူးပေါ? "

ရန်ရိ နောက်ကလိုက်ပြီး ဝမ်းပန်းတသာပြောလိုက်သည်။

ကုံးရင့်ရှန်က "အင်း" ဟု ခပ်တိုးတိုးသာ ပြောလာ၏။

ရန်ရိ ပျော်မြူးနေတာကိုဖုံးမရတော့။ ကုံးရင့်ရှန်အတွက် သူက "အခြားသူ" မဟုတ်ဘဲ အထူးပုဂ္ဂိုလ်ပင်။

နှစ်ယောက်သား ရန်ရိအခန်းဆီပြန်သွားကြပြီး လမ်းမှာမီးသတ်သမားအချို့နဲ့တွေ့တော့ အားလုံးကကုံးရင့်ရှန်ပုံစံကို ကျင့်သားရနေကြပြီဖြစ်သည်။

ရန်ရိ တံခါးဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် မြောင်မြောင်က တံခါးကြားကနေ လျှိုထွက်ဖို့လုပ်သည်။ သူအခု မြောင်မြောင်ကို သူ့အခန်းထဲမှာပဲ အချိန်အများဆုံးထားပြီး သူအပြင်သွားတဲ့အခါ ရဲဘော်တွေက ကြည့်ပေးသည်။ အခု‌တလော အကောင်ပေါက်လေးက အလှမ်းကျယ်လာပြီး အမြဲတမ်းအပြင်ပဲ ထွက်ပြေး‌ချင်နေတော့တာပင်။

ကုံးရင့်ရှန်ကိုယ်ညွှတ်ပြီး မြောင်မြောင်ကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်သည်။ လက်အိပ်စွပ်ထားသော ရှည်သွယ်သွယ်လက်ချောင်းများက မြောင်မြောင်ကျောဘက်က မီးလောင်ရာကို ညင်ညင်သာသာပွတ်လိုက်၏။

" နည်းနည်းပိုဝလာတာပဲ၊ ပုံထဲမှာထက် သိသာတယ် "

" ငါသေချာကျွေးတယ်လေ "

ရန်ရိ ထမင်းဘူးကို စားပွဲပေါ်တင်လိုက်ပြီး ထိုင်ခုံပြင်ကာ "ကျေးဇူးပြုပြီး" ဆိုတဲ့လက်ဟန်လုပ်ပြရင်း

" စားရအောင် "

ကုံးရင့်ရှန် လေကာအပေါ်အင်္ကျီကိုချွတ်ပြီး ရန်ရိလက်ပေါ်တင်ကာ suit ကိုတင့်တင့်တယ်တယ် ကြယ်သီးဖြုတ်ရင်း ရုတ်ခြည်းဆိုသလို ခုံမှာထိုင်ချလိုက်သည်။

ရန်ရိ သူ့လက်ထဲကအဝတ်ကို တောင့်တောင့်ကြီးကြည့်ရင်း ငိုရမလို၊ ရယ်ရမလိုပင်။ လက်လျှော့လျှော့နဲ့ အဝတ်ကို ချိတ်တိုင်မှာချိတ်ပြီး တစ်ချိန်တည်းမှာပဲ အတင်းပြောလိုက်သည်။

" မမလေး "

ကုံးရင့်ရှန် လက်အိပ်တွေချွတ်ပြီး တူကိုင်ကာ‌ သူ့ရှေ့မှာရှိတဲ့ အစားအသာက်တွေကိုကြည့်ရင်း တဖြည်းဖြည်းအသက်ရှူနှုန်း ပြောင်းသွားသည်။

" ကျွန်တော်နေ့လယ်က ဖုန်ဖေးနဲ့စကားများခဲ့တာ၊ ပြီးတော့ ဘာမှစားချင်စိတ်မရှိဘူး၊ အခုတော့ ဗိုက်ပဲဆာနေတယ် "

ရန်ရိ ဖုန်းစစပြောချင်း ကုံးရင့်ရှန်စိတ်ညစ်နေတဲ့အသံကြားခဲ့ရတာ ဒီကိစ္စကြောင့်ပဲဖြစ်ရမည်။ သူအသံပျော့လိုက်ပြီး

" မင်းဗိုက်ဆာရင် ကောင်းကောင်းစားလိုက်၊ အစားစားတာထက် ဘာမှအရေးမကြီးဘူး "

သူ ကျောက်ပုစွန်ကိုညှပ်ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။

" ဒီကျောက်ပုစွန်က တကယ်လတ်ဆတ်တာပဲ၊ မြန်မြန်စားကြည့် "

ကုံးရင့်ရှန်လည်း တစ်ကိုက်ကိုက်လိုက်ပြီး

" တကယ်တော့ ဖုန်ဖေး....."

" အရင်စား "

ရန်ရိ သူ့ကိုဖြတ်ပြောလိုက်သည်။

" ငါမင်းနဲ့ စားပြီးမှပြောမယ်၊ အခုသူ့အကြောင်း မပြောနဲ့ဦး၊ သူ့ကိုစိတ်ထဲမထားနဲ့ "

သူ့မျက်နှာသူ လက်ညှိုးထိုးပြလိုက်ပြီး

" ငါ့ရဲ့‌ချောမောခန့်ညားတဲ့ မျက်နှာကိုပဲကြည့်၊ ဟုတ်ပြီလား "

ကုံးရင့်ရှန် နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးပြီး ရန်ရိကိုကြည့်လိုက်တော့ တကယ်ကိုတဖြည်းဖြည်း စိတ်တည်ငြိမ်သွားသည်။

သူတို့နှစ်ယောက် အလုပ်အကြောင်း ပြောနေတာတွေရပ်ပြီး အားကစားအကြောင်းပြောကာ နောက်‌တစ်ခေါက်ဆွေးနွေးဖို့ သဘောတူလိုက်ကြသည်။

ညစာစားပြီးတော့ ရန်ရိ အမှုကိစ္စတိုးတက်မှုအကြောင်း မေးလိုက်၏။

ကုံးရင့်ရှန်က သက်ပြင်းဖွဖွချပြီး

" ဖုန်ဖေးဝန်ခံတယ် "

" ဒါကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား? "

ရန်ရိအံ့ဩပြီး‌ ပြောလိုက်သည်။ ကုံးရင့်ရှန်မှုန်သိုးနေတာက ထပ်အနှောင့်အယှက်‌ပေါ်တာကြောင့်လို့ သူထင့်ခဲ့တာပင်။

" ကျွန်တော်တို့ သူ့ကိုမမိခင်နှစ်လအတွင်း စုဆောင်းခဲ့တဲ့ သက်သေတွေအကုန်လုံး ချပြလိုက်တော့ နောက်ဆုံးမငြင်းနိုင်တော့ဘူး၊ ဒါပေမယ့်ဒီအမှုက ကျွန်တော့်ကိုအရမ်း...."

ကုံးရင့်ရှန်မျက်နှာပေါ်ရှိ ကြွက်သားများက မ‌ပြောပြတတ်သော လှုပ်ရှားမှုတစ်မျိုး ပုံဖော်လိုက်သည်။

" စိတ်ပျက်အောင်လုပ်တယ် "

ရန်ရိ တိတ်တဆိတ် နားထောင်နေလိုက်သည်။

" ဖုန်ဖေးက သူ Seraph ကိုတစ်ခါမှမကြားဖူးဘူးလို့ပြောတယ်၊ လွန်ခဲ့တဲ့ခြောက်လလောက်က အားကစားဖန်ဖိုရမ်ကပို့စ်တစ်ခုမှာ သူ့အကောင်းဆုံးအိမ်နီးချင်းတွေအကြောင်း အပြစ်ပြောခဲ့တယ်၊ နောက်တော့သူ 2209 ကအိမ်ရှင်ယောကျ်ားနဲ့အငြင်းပွားပြီး ရဲတွေဖျန်ဖြေပေးခံရတယ် "

" ဟုန်ယန့်က သူ့ကိုအရင် စဆက်သွယ်တာလား? "

ကုံးရင့်ရှန် ခေါင်းအသာညိတ်ပြီး

" စိတ်ပျက်ပြီး သူ့ကိုသနားသွားပုံရတဲ့လူတစ်ယောက်က သူ့ပို့စ်ကိုစာပြန်လာတယ်၊ သူတို့နှစ်ယောက် စကားခဏလောက်ပြောပြီး အဲ့ဒီ့လူကဖုန်ဖေး 2209 ကိုပညာပေးဖို့ ကူညီနိုင်တယ်လို့ပြောတယ်၊ ဖုန်းဖေးကိုလည်း သူမုန်းတဲ့သူကို ပညာပြပေးစေချင်တယ်၊ အဲ့လိုဆို ဘယ်သူလုပ်မှန်း ဘယ်သူမှမဖော်ထုတ်နိုင်တော့ဘူးပေါ့ "

" အဲ့တာ လူလဲလုပ်ကြံတာမလား? "

" ဒါပေမယ့် ဖုန်ဖေးပြောတာက သူအစကဒီလူမီးရှို့မယ်ဆိုတာ မသိခဲ့ဘူးတဲ့၊ သူကျွန်တော်တို့ကို သူတို့နှစ်ယောက်စကားပြောထားတာတွေ ပြန်ပြတယ်၊ အစကနေအဆုံးထိ ဘယ်သူမှမီးရှို့မယ့်အကြောင်း စကားမစထားဘူး၊ တစ်ဖက်လူကဖုန်ဖေးကို သွားတစ်ချောင်းဆို သွားတစ်ချောင်းပြန်ပေးဆပ်ဖို့ အားပေးတယ်၊ 2209 တံခါးရှေ့မှာအမှိုက်တွေပစ်ပြီး ကျန်တာသူ့ကိုအပ်လိုက်ဖို့နဲ့ သူ 2209 ကိုမမေ့နိုင်လောက်တဲ့သင်ခန်းစာ ပေးလိုက်မယ်လို့ပြောတယ် "

" ဖုန်ဖေးက ယုံတယ်လား? "

" ဖုန်ဖေးအစက တစ်ဝက်ပဲယုံတယ်၊ အဲ့ဒီ့သူကိုတောင်‌ စောင့်ကြည့်ခဲ့သေးတယ်၊ ဥပဒေကလူထုအပေါ် တာဝန်မကျေဘူးထင်တော့ အခြားအိမ်နီးချင်းတွေကိုလည်း သူနဲ့အတူ 2209 တံခါးရှေ့အမှိုက်ပစ်ခိုင်းတယ်၊ သူပြောတာက လူသေတာမပြောနဲ့ မီးလောင်မယ်လို့တောင် ထင်ခဲ့တာမဟုတ်ဘူးတဲ့၊ ဒီလောက်အကျိုးဆက်ကြီးသွားတော့ သဘာဝအတိုင်း သူအပြစ်မခံရဲဘူး၊ နောက်တော့ အဆောက်အအုံက အိမ်နီးချင်းတွေကိုစုပြီး စကားတစ်ခွန်းမှမဟဖို့နဲ့ အဲ့လိုမှမဟုတ်ရင် သူတို့အားလုံးကြံရာပါတွေ ဖြစ်သွားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ် "

ရန်ရိ အသက်ဝဝရှူလိုက်ပြီး ရုတ်တရက်ခန္ဓာကိုယ်မှာ စိမ့်ခနဲခံစားလိုက်ရသည်။

" မင်းပြောတာက....အဆောက်အအုံက မိသားစုတိုင်း ဘယ်သူတရားခံလဲဆိုတာ အစကတည်းကသိနေတယ်ပေါ့ "

ကုံးရင့်ရှန်က လေးလေးပင်ပင် ခေါင်းညိတ်ပြသည်။

ရန်ရိ ကုံးရင့်ရှန်ဘာလို့ "စိတ်ပျက်" လဲဆိုတာ ချက်ချင်းနားလည်သွားသည်။

အမှုဖြစ်တာနှစ်လရှိပြီ၊ သူတို့မှာ ဝန်ခံဖို့အခွင့်အရေး မရေမတွက်နိုင်အောင်ရခဲ့ပေမယ့် နှုတ်ပိတ်နေဖို့နဲ့ လိမ်လည်ဖို့ကိုသာ ရွေးခြယ်ခဲ့ကြသည်။ သူတို့ကအပြင်ပန်းမှာ နစ်နာသူတွေဆိုပေမယ့် တကယ်တမ်း တစ်ယောက်မှအပြစ်မကင်းကြပေ။ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက်နဲ့ ‌သွေးသားရင်းမိခင်တွေ၊ အိမ်နီးချင်းတွေ၊ မီးသတ်သမားတွေ အလကားသက်သက် သေသွားရတာတောင် အမှန်တရားကိုဆက်သိမ်းထားဆဲဖြစ်ပြီး ရဲတွေအမှုဖြေရှင်းဖို့ကို ပိတ်ပင်တားဆီးကြသည်။ ပြန်ကြည့်ရရင် အဓိကအမှုစုံစမ်းရေးက တိုးတက်မှုအလွန်နှေး၏။ အမှားလား၊ အမှန်လား ခွဲခြားဖို့ခက်တဲ့ထွက်ဆိုချက်တွေကိုလည်း အများကြီးလုပ်ခဲ့ရသည်။

" ကားမီးလောင်မှုက...?"

" မတော်တဆမှုဖြစ်ပြီးတော့ ဖုန်ဖေး အဲ့ဒီ့လူခြိမ်းခြောက်တာခံရပြီး ပေထားတဲ့ကတိ တည်လိုက်ရတယ်၊ သူ ကားပဲမီးရှို့ရမယ်ကြားတော့ လက်ခံလိုက်တယ်၊ ဒါပေမယ့် သူစိတ်ထဲမှာတေးထားပြီး ဝမ်းကွဲတစ်ယောက်ကိုပိုက်ဆံပေး မီးရှို့ခိုင်းပြီးတော့ သူကိုယ်တိုင်က အလီဘိုင်လုပ်တယ် "

" ဆိုတော့ မင်းအစပိုင်း‌တွေးထားတာ မှန်တာပေါ့၊ သူကျိုးချွမ်းကိုတွေ့တော့ မတုံ့ပြန်တာက ဟန်ဆောင်တာမဟုတ်ဘူး၊ တကယ်မတွေ့ဖူးတာပဲ "

" ဟုတ်တယ် "

ကုံးရင့်ရှန် တိုးတိုးရေရွတ်ပြောလာသည်။

" ဒီအမှုကဖြေရှင်းပြီးသွားပြီ၊ ဒါပေမယ့် ဘယ်သူမှ စိတ်မချမ်းသာဘူး၊ တစ်ခုက ဟုန်ယန့်ကိုမဖမ်းမိသေးဘူး၊ ပြီးတော့ နောက်တစ်ခုက ကိစ္စတစ်ခုလုံး အဓိပ္ပါယ်မရှိတာပဲ၊ အိမ်နီးချင်းအချင်းချင်း အငြင်းပွားတဲ့ကိစ္စကြောင့်နဲ့ အပြစ်ကင်းတဲ့အသက်တွေအများကြီး ပျက်စီးသွားရတယ်...."

ရန်ရိလည်း ရင်တုန်ပန်းတုန်ဖြစ်ရသည်။

လူတွေကအမြဲတမ်း ဒေါသဖြစ်တဲ့အချိန် ဆုံးဖြတ်ချက်ချတတ်တယ်၊ ပြီးတော့ အဲ့ဒီ့ဆုံးဖြတ်ချက်က အမြဲတမ်းလိုလို မှားတာပဲ။

ဘဝမှာ သာမန်အငြင်းပွားတာလေးတွေက ဒီလိုပြန်ပြောင်းလဲလို့မရတော့တဲ့ ကံဆိုးမိုးမှောင်ကျမှုတွေ ဖြစ်လာစေလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ။ ဒီအိမ်နီးချင်းအငြင်းပွားမှု ဇာတ်လမ်းမှာ တကယ်ကောင်းတဲ့သူလည်းမရှိသလို၊ တကယ်ဆိုးတဲ့သူလည်းမရှိပုံပေါ်သည်။ လူတိုင်း မကောင်းတဲ့စိတ်အနည်းငယ်တော့ရှိတတ်ကြပြီး အဲ့ဒီ့စိတ်လေးကပင် သဲကို‌ရဲတိုက်အဖြစ် တည်ဆောက်နိုင်လေသည်။

ကျောချမ်းစရာပင်။

" ဘယ်လိုပဲဖြစ်ဖြစ် အမှုကိစ္စဖြေရှင်းပြီးသွားရင် နစ်နာသူတွေနဲ့ သူတို့မိသားစုတွေကို နည်းနည်းတော့ နှစ်သိမ့်ပေးနိုင်မှာပါ "

ရန်ရိ သက်ပြင်းချလိုက်သည်။

ကုံးရင့်ရှန်အံကြိတ်ရင်း မျက်လုံးတွေထဲမှာ အေးစက်စက်ရောင်ခြည်တစ်စ ဖော်ပြနေလျက်။

" မလုံလောက်သေးဘူး၊ ဟုန်ယန့်ကို မဖမ်းမိသေးဘူး၊ အကုန်လုံးကိုသွေးထိုးတဲ့သူမှ ဖမ်းမမိသေးတာ၊ ကျွန်တော် သူ့ကိုဖမ်းမယ်၊ ကျွန်တော်ကျိန်းသေပေါက် သူ့ကို သေလမ်းပို့ပစ်မယ်! "

" မင်းသူ့ကိုဖမ်းမိမှာပါ "

ရန်ရိမျက်လုံးတွေက ခိုင်မာပြတ်သားနေသည်။

" ဟုန်ယန့်တင်မကဘူး၊ "အဖွဲ့အစည်း" ဆိုတာကိုရော၊ ပြီးတော့ မင်းလွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်ကတည်းက အဖမ်းချင်ဆုံးတရားခံကိုရောပဲ၊ အကုန်လုံး မင်းဖယ်ရှားပစ်နိုင်မှာ "

ကုံးရင့်ရှန် ရန်ရိကိုစိုက်ကြည့်လိုက်ပြီး

" ခင်များကျွန်တော့်ကို အရမ်းယုံတယ်ပေါ့ "

ရန်ရိ ခေါင်းညိတ်လိုက်ပြီး

" မင်းက ငါတွေ့ဖူးသမျှသူတွေထဲမှာ အကောင်းဆုံး၊ smart အကျဆုံး၊ ဇွဲအကောင်းဆုံးသူပဲ၊ မင်းမလုပ်နိုင်တာ ဘာမှမရှိဘူးလို့ထင်တယ် "

ကုံးရင့်ရှန် မင်သက်သွားပြီးနောက် ထူးကဲလှပသောအပြုံးတစ်ခုကို ဖော်ပြလာသည်။ နေနှင့်လကိုတောင် မှေးမှိန်သွားစေသည့် အပြုံးမျိုးပါပင်။

" ခင်များ....ခင်များလည်း အရမ်းကောင်းပါတယ် "

ရန်ရိ တစ်ရှိန်ထိုးရင်ခုန်နေသည်ကိုသာ ခံစားမိသည်။ သူကုံးရင့်ရှန်ကို ကြည့်လိုက်တိုင်း၊ ကုံးရင့်ရှန်ကို စကားတစ်ခွန်းပြောလိုက်တိုင်း၊ သူ့ဆန္ဒတွေ ပိုနက်ရှိုင်းလာသည်။ ဘယ်လောက်အတိုင်းအတာထိများ သူ့ကိုယ်သူထိန်းချုပ်ထားနိုင်မလဲ? သူတကယ်ကြောက်မိတာက တစ်နေ့မှာ ဒီထိန်းချုပ်ထားတဲ့ခံစားချက်တွေ ထိန်းမနိုင်သိမ်းမနိုင် ပေါက်ကွဲထွက်လာမည်ကိုပင်။

နှစ်ယောက်သား မျက်လုံးတွေစုံသွားတော့ ဖော်မပြနိုင်တဲ့မီးပွားတွေ လေထဲပျံ့သွားပြီး အနည်းငယ်တင်းတင်းကျပ်ကျပ်ခံစားလာရသည်။

ကုံးရင့်ရှန်မယောင်မလည်နဲ့ နာရီကြည့်လိုက်တော့ နောက်ကျနေပြီဆိုတာတွေ့ပေမယ့် ထွက်မသွားချင်ပေ။ သူဘယ်အချိန်ကစပြီး ရန်ရိအနားရှိပေးတာကြိုက်ပြီး ပျော်နေမိလည်းမသိ။ ရန်ရိက သူ့ရဲ့သမားရိုးကျတင်းကျပ်နေတဲ့ဘဝမှာ မတော်တဆတစ်ခုဖြစ်ပြီး အဖြူအမဲစက္ကူလိပ်ပေါ် ရောင်စုံမင်တစ်စက် ဖိတ်စင်ကျသွားသလိုပင်။

ရန်ရိ သူ့ဘေးမှာရှိနေသရွေ့ သက်သောင့်သက်သာရှိပြီး စိတ်အေးချမ်းကာ ခေါင်းရှင်းသည်။ ဒါပေမယ့် သူနေဖို့ဘာအကြောင်းပြချက်မှ စဉ်းစားမရပေ။

ထိုအချိန် ရန်ရိဖုန်းထမြည်လာပြီး ဖုန်းကို စားပွဲအလယ်မှာချထားသည်။ နှစ်ယောက်စလုံး ဖုန်းမျက်နှာပြင်ကို တစ်ပြိုင်တည်းကြည့်လိုက်တော့ ခေါ်ဆိုသူနာမည်က -- ရှောင်း။

ကုံးရင့်ရှန်ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး မျက်နှာကအပြုံးလည်း ပျောက်ကွယ်သွားသည်။

ရန်ရိဖုန်းကို လှမ်းဆွဲလိုက်ပြီး ကုံးရင့်ရှန်ရှေ့မှာဖုန်းမဖြေရင် အရမ်းဖုံးကွယ်ချင်သလိုဖြစ်မှာမို့ ပြတင်းပေါက်နားကို သက်သောင့်သက်သာ လျှောက်သွားလိုက်သည်။

" ဟယ်လို? "

" ‌ကော....."

ရန်ရိ စကားတစ်လုံးတည်းနဲ့တင် မူးနေတာ ၃မှတ်နဲ့ မချင့်မရဲဖြစ်နေတာ ၇မှတ်ကို ကြားလိုက်ရပြီး သူအံ့ဩသွားသည်။

" မင်းဘာဖြစ်လို့လဲ? "

" ကျွန်တော်.....ကျွန်တော်ကောကိုတွေ့ချင်တယ် "

ချီရှောင်းကငိုပြီး

" ကျွန်တော်နဲ့ တစ်ခွက်လောက်သောက်ပေးလို့ရမလား? "

" ဘာဖြစ်တာလဲ? ကိုယ်အခုစခန်းမှာ တာဝန်ကျနေတယ်၊ အပြင်ထွက်လို့လည်းမရသလို သောက်လို့လည်းမရဘူး "

ရန်ရိ နောက်လှည့်မကြည့်ရဲပေမယ့် ကျောဘက်က မီးတောက်နေတဲ့အကြည့်ကို ခံစားနိုင်သည်။

" ဒါပေမယ့် ကျွန်တော်၊ ကျွန်တော် အခုစခန်းအောက်မှာရောက်နေတယ် "

ချီရှောင်းက ရှိုက်လိုက်ပြီး

" ကျွန်တော်ကောကို တကယ်တွေ့ချင်တယ် "

" မင်းအောက်မှာလား? "

ရန်ရိခေါင်းကျိန်းသွားသည်။

ကုံးရင့်ရှန်မျက်လုံးပြူးသွားပြီး မျက်နှာမှာ ဒေါသရှင်းရှင်းလင်းလင်း ပေါ်လာသည်။

" ကျွန်တော်အောက်မှာ၊ ကောကိုတွေ့ချင်ရုံပါပဲ၊ မသောက်လည်းကိစ္စမရှိဘူး "

ချီရှောင်းအသံက အလွန်သနားစဖွယ်ဖြစ်နေ၏။

ရန်ရိ ဘေးကျပ်နံကျပ်ဖြစ်နေသလိုပဲ ခံစားရသည်။ သူ့လျှို့ဝှက်ချက်တွေ ပေါ်သွားမှာစိုးလို့ ကုံးရင့်ရှန်ကို ချီရှောင်းနဲ့အဆက်အစပ်မရှိစေချင်ပေမယ့် ချီရှောင်းက စခန်းရောက်နေပြီ။ သူတို့ အရမ်း "ခင်မင်ရင်းနှီး" တာမပြောနဲ့၊ သူစိမ်းတစ်ယောက်ဖြစ်နေရင်တောင် မီးသတ်သမားတစ်ယောက်အနေနဲ့ သူဘယ်တော့မှ အကူအညီတောင်းတဲ့လူတွေကို မငြင်းဆန်နိုင်ပါပေ။

အဲ့အချိန် သူဖုန်းထဲကနေ လျှိုဟွေးအသံကြားလိုက်ရသည်။

" မိတ်ဆွေ မင်းဘာဖြစ်လို့လဲ? အကူအညီလိုလား? "

ရန်ရိအလောတကြီးပြောလိုက်သည်။

" ခဏစောင့် ကိုယ်မင်းကိုအခုလာခေါ်မယ် "

ချီရှောင်းအများကြီးသောက်ထားပြီး မဟုတ်တမ်းတရားတွေ လျှောက်ပြောမှာ ကြောက်ရသည်။

ကုံးရင့်ရှန် ထိုင်ခုံကထရပ်လိုက်ပြီး တမင်ရည်ရွယ်တာလား မရည်ရွယ်ဘဲနဲ့လားမသိပေမယ့် တံခါးကိုပိတ်ကာထားသလိုဖြစ်ပြီး တစ်ဖက်လူကအရပ်ရှည်ထွားကြိုင်းသည်မို့ ရန်ရိလမ်းချက်ချင်းပိတ်သွားသည်။

ရန်ရိသူ့ကို အပြစ်ရှိသလိုကြည့်ပြီး ရှင်းပြလိုက်သည်။

" ငါ့သူငယ်ချင်း အရမ်းမူးနေလို့၊ သွားတွေ့လိုက်ဦးမယ် "

ကုံးရင့်ရှန် မျက်လုံးမှေးစင်းလိုက်ပြီး လေးသံကအေးစက်နေလျက်

" ချီရှောင်းဆိုတဲ့ သရုပ်ဆောင်လား? "

".....အင်း "

" ကောင်းပြီ ကျွန်တော်ခင်များနဲ့လိုက်မယ် "

==========

ဝါး~ ညနေကနည်းနည်းအိပ်ပျော်သွားလို့ နောက်ကျတာ ဆောရီး ဟဲဟဲ

If u wanna support me

[ 09795118580 - Kpay or wavepay or bill]

If u wanna join extra channel - [ 09795118580 - send me a simple message ]

==========

Mon, Aug 23, 2021

[ ZAWGYI ]

ရန္ရိ အိမ္ကေနအျမန္ထြက္ၿပီး စခန္းသို႔အေျပးသြားသည္။ လမ္းတစ္လမ္းပဲျခားေပမယ့္ ပထမဆုံးအႀကိမ္အျဖစ္ အကြာအေဝးကအနည္းငယ္ေဝးသလို ခံစားရသည္။ ကုံးရင့္႐ွန္ကို အျမန္မေတြ႕ရေအာင္  ကာဆီးထားသလိုပင္။

လမ္းကူးၿပီးေတာ့ စခန္းေ႐ွ႕မွာ ကုံးရင့္႐ွန္ကားရပ္ထားတာျမင္ၿပီး ျမန္ျမန္ေျပးသြားလိုက္သည္။

ကားမွန္တံခါး တျဖည္းျဖည္းနိမ့္က်သြားလ်က္ နက္ေမွာင္ေသာညခ်မ္း၊ နက္ေမွာင္ေသာခႏၶာကိုယ္ႏွင့္ နက္ေမွာင္ေသာ ကားအတြင္းပိုင္းက အသက္႐ွဴၾကပ္စရာ ေထာင္ေခ်ာက္တစ္ခုပုံေဖာ္ထားပုံရသည္။ ကုံးရင့္႐ွန္ရဲ႕ ေႂကြထည္ကဲ့သို႔ျဖဴစင္ေသာ ေက်ာက္စိမ္းအလွတရားသည္သာ ေရာင္ျခည္ျဖာေန၍ အေမွာင္ထုအားရက္ကန္းခတ္သည့္ႏွယ္ ထိုးေဖာက္ကာ ေနရာတစ္ခုလုံးကို အလင္းေဆာင္ေစသည္။

ရန္ရိရင္ထဲ လႈံ႕ေဆာ္အားတစ္ခုျဖစ္တည္လာလ်က္--ထိုလႈံ႕ေဆာ္မႈသည္ကား ကုံးရင့္႐ွန္ကို တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားခ်င္သည့္ဆႏၵပင္။ သူလည္း ကုံးရင့္႐ွန္ရဲ႕အလင္းေရာင္ျဖစ္ၿပီး သူ႕ေခါင္းထဲမွာ ဆယ့္႐ွစ္ႏွစ္တာလုံးလုံး မႈန္ဝါးေနတဲ့ျမဴဆိုင္ေတြကို ပယ္ေဖ်ာက္ေပးႏိုင္ပါေစလို႔ ဘယ္ေလာက္ေတာင္ ဆုေတာင္းခဲ့ရလဲ။

ကုံးရင့္႐ွန္ ကားတံခါးဖြင့္၍ အထဲမွထြက္ကာ အျပစ္ေျပာလာသည္။

" ခင္မ်ားကုတ္အက်ႌ ဘယ္မွာလဲ? ဘာလို႔ ဒီလိုဝတ္စားၿပီးထြက္လာတာလဲ? "

ရန္ရိ စိတ္ျပန္လည္လာၿပီး ကုတ္အက်ႌမယူခဲ့ဘူးဆိုတာသာ သတိရသြားသည္။ သူထြက္လာတုန္းက သူ႕အေဖလွမ္းေအာ္ေနတာလည္း မဆန္းေပ။ သို႔ေသာ္ သူေအးတယ္လို႔မခံစားရ။ သူ႕ရင္ထဲ မီးေတာက္တစ္ခု႐ွိေနၿပီး ကုံးရင့္႐ွန္ကိုေတြ႕တဲ့အခါ ေလာင္ကြၽမ္းလ်က္ ပိုပူျပင္းလာသည္။

ကုံးရင့္႐ွန္ ကားေနာက္ဖုံးဖြင့္ၿပီး အထဲကေစာင္ပါးတစ္ထည္ ထုတ္လိုက္သည္။ သူေစာင္ခါလိုက္ၿပီး ရန္ရိကိုယ္ေပၚျခဳံေပးရင္း တမင္တကာေတာင္ တင္းၾကပ္လိုက္ေသး၏။

" ကိုယ့္အဝတ္အစားကိုယ္ ဝတ္ရမွန္းေတာင္မသိဘူး၊ ဘာေတြမ်ားေတြးေနလို႔လဲ "

ရန္ရိေစာင္ပတ္ရင္း ျပဳံးလ်က္ေျပာလိုက္သည္။

" မင္းကားေနာက္ဖုံးထဲမွာ အကုန္႐ွိတာပဲ "

ကုံးရင့္႐ွန္က စိတ္ဆိုးဆိုးနဲ႔ေျပာလာသည္။

" ခင္မ်ားကိုထည့္လိုက္ရင္ အကုန္႐ွိသြားတာေပါ့ "

" ငါ မင္း‌ကားေနာက္ဖုံးထဲမွာ ေနလို႔ရတယ္ "

ရန္ရိ လႊတ္ခနဲ‌ေျပာလိုက္သည္။

ကုံးရင့္႐ွန္ အံ့ဩမင္သက္သြား၏။

ရန္ရိမ်က္လုံးေတြ အနည္းငယ္ဟိုၾကည့္သည္ၾကည့္လုပ္ၿပီး ခပ္ျပဳံးျပဳံးပဲေျပာလိုက္သည္။

" မင္းမွာ wifi ႐ွိေနသေ႐ြ႕ ငါ့ကိုအိမ္ေမြးတိရစၧာန္လိုဆက္ဆံႏိုင္တယ္ "

ကုံးရင့္႐ွန္ ရန္ရိကိုခဏ‌စိုက္ၾကည့္ေနၿပီး သူ႕အာ႐ုံစိုက္ေနတဲ့အမူအရာကို ၾကည့္ရတာ အဲ့ကိစၥတကယ္ေတြးေနပုံေပၚသည္။

ရန္ရိသူ႕ကို ကိုယ္ထိလက္ေရာက္အနားကပ္ၿပီး ေျပာလိုက္သည္။

" မင္းတကယ္ ငါ့ကိုေမြးခ်င္လို႔လား? ငါကအလိမၼာေလးပါ၊ အစားမမ်ားႀကီးမစားဘူး အလုပ္လည္းလုပ္ႏိုင္တယ္၊ အ‌ညစ္အေၾကးစြန္႔ဖို႔ေနရာလည္း ႐ွာလို႔ရတယ္ "

ကုံးရင့္႐ွန္ ေစာင္အဖ်ားစကိုမၿပီး ရန္ရိမ်က္ႏွာေပၚတင္လိုက္သည္။

" ခင္မ်ားေတာ့ အစားဝဝမစားရေသးဘူးပဲ "

ရန္ရိ ျခဳံေစာင္ကိုဖယ္ကာ ျပဳံးၿဖဲၿဖဲလုပ္ရင္း

" ငါ့ကိုမုန္းတယ္‌၊ မုန္းတယ္နဲ႔ သူပဲေတြ႕ခ်င္တယ္လို႔ေျပာၿပီးေတာ့ "

'ကြၽန္ေတာ္ ခင္မ်ားကိုေတြ႕ခ်င္တယ္' ဆိုတဲ့စကားက ေတာင္ၾကားထဲလိႈင္းခတ္ေနေသာ ပဲ့တင္သံကဲ့သို႔ သူ႕စိတ္ထဲစြဲက်န္ေနသည္။

ကုံးရင့္႐ွန္အမူအရာက အနည္းငယ္မူမမွန္ျဖစ္ေနၿပီး တမင္တကာ စကားလမ္းေၾကာင္းလႊဲလိုက္သည္။

" ဘာလို႔ ခင္မ်ားအဲ့ကျပန္လာတာလဲ? အိမ္သြားတာလား? "

" အင္း၊ အိမ္ျပန္ၿပီး တစ္ခ်က္သြားၾကည့္တာ "

ရန္ရိ ဌာနခ်ဳပ္သြားၿပီး အဲ့ႏွစ္ကေဒတာေတြအားလုံး သြားၾကည့္ဖို႔ရည္႐ြယ္ထားသည္။ သူမီးေလာင္မႈအေၾကာင္း သံသျဖစ္စရာ သက္ေသတစ္ခုခုေတြ႕ရင္ ကုံးရင့္႐ွန္ကိုေျပာျပမည္။ ကုံးရင့္႐ွန္သဲလြန္စအသစ္ေတြရဖို႔ ဘယ္ေလာက္ႀကိဳးစားေနလဲဆိုတာသူသိၿပီး အဲ့တာေၾကာင့္ပဲ သူ႕ကိုဘာမွမေရရာေသးတဲ့ေပ်ာ္႐ႊင္မႈမ်ိဳး ေပးရမွာပိုေၾကာက္သည္။

" အဲ့တာဆို ခင္မ်ားအိမ္မွာစားခဲ့တာေပါ့ "

ကုံးရင့္႐ွန္ေခါင္းငုံ႔ၿပီး ေက်ာက္တုံးေလးကို ေျပာင္လက္ေနေသာသား‌ေရ႐ွဴးဖိနပ္ျဖင့္ ကန္လိုက္သည္။

" စားလို႔ေကာင္းလား? "

" ညေနက ဘာမွမစားထားဘူး၊ တစ္ေန႔ခင္းလုံး အႀကီးအကဲနဲ႔အခ်ိန္ကုန္ၿပီး စားခ်င္စိတ္မ႐ွိေတာ့လို႔ "

ကုံးရင့္႐ွန္ ေခါင္းေမာ့လာၿပီး မ်က္လုံးမ်ားက အေရာင္လက္သြားသည္။

" ကြၽန္ေတာ္လည္း မစားရေသးဘူး "

ရန္ရိ ႏွလုံးသားလႈပ္ခတ္သြားၿပီး

" မင္းဒီကိုငါနဲ႔ထမင္းစားဖို႔ တကူးတကလာတာလား? "

" အလုပ္ၿပီးေတာ့ သူငယ္ခ်င္းနဲ႔ထမင္းအတူစားတယ္၊ အဲ့တာ.....ပုံမွန္ပါပဲ "

ကုံးရင့္႐ွန္ေမးေငါ့ၿပီး မာန္ပါပါေျပာလာသည္။

" မရဘူးလား? "

ရန္ရိ အရမ္းစိတ္လႈပ္႐ွားသြားၿပီး

" ေသခ်ာေပါက္ရတာေပါ့၊ သြားသြားသြား၊ မင္းဘယ္မွာစားခ်င္လဲ၊ ဒီေန႔‌ အစ္ကိုဝယ္ေကြၽးမယ္ "

ကုံးရင့္႐ွန္က ကားေနာက္ခန္းထဲက ‌ထမင္းဘူးထုတ္လိုက္သည္။

ရန္ရိ မ်က္လုံးေစြၿပီး ေျပာလိုက္သည္။

" မင္းေန႔လယ္စာဘူးပဲ စားဦးမလို႔လား၊ တကယ္ေတာ့ ငါ့လစာက အေတာ္ေကာင္းတယ္၊ မင္းငါ့ကို ေကြၽးဖို႔မလိုပါဘူးကြာ "

ကုံးရင့္႐ွန္က ေန႔လယ္စာဘူးကို ရန္ရိရင္ဘတ္ထဲထိုးထည့္ေပးၿပီး

" ကြၽန္ေတာ္ ဒါပဲစားမွာ၊ အျခားသူေတြခ်က္တာမ်ိဳး မစားဘူး၊ သန္႔သန္႔႐ွင္း႐ွင္းခ်က္ရဲ႕လားဆိုတာ ဘယ္သူသိမွာလဲ "

သူစခန္းထဲ တန္းတန္းဝင္သြားသည္။

" အဲ့တာဆို မင္းအိမ္ကစာဖိုမႉးခ်က္တာရယ္ ငါခ်က္တာရယ္ကလြဲၿပီး မစားဘူးေပါ? "

ရန္ရိ ေနာက္ကလိုက္ၿပီး ဝမ္းပန္းတသာေျပာလိုက္သည္။

ကုံးရင့္႐ွန္က "အင္း" ဟု ခပ္တိုးတိုးသာ ေျပာလာ၏။

ရန္ရိ ေပ်ာ္ျမဴးေနတာကိုဖုံးမရေတာ့။ ကုံးရင့္႐ွန္အတြက္ သူက "အျခားသူ" မဟုတ္ဘဲ အထူးပုဂၢိဳလ္ပင္။

ႏွစ္ေယာက္သား ရန္ရိအခန္းဆီျပန္သြားၾကၿပီး လမ္းမွာမီးသတ္သမားအခ်ိဳ႕နဲ႔ေတြ႕ေတာ့ အားလုံးကကုံးရင့္႐ွန္ပုံစံကို က်င့္သားရေနၾကၿပီျဖစ္သည္။

ရန္ရိ တံခါးဖြင့္လိုက္တာနဲ႔တစ္ၿပိဳင္နက္ ေျမာင္ေျမာင္က တံခါးၾကားကေန လွ်ိဳထြက္ဖို႔လုပ္သည္။ သူအခု ေျမာင္ေျမာင္ကို သူ႕အခန္းထဲမွာပဲ အခ်ိန္အမ်ားဆုံးထားၿပီး သူအျပင္သြားတဲ့အခါ ရဲေဘာ္ေတြက ၾကည့္ေပးသည္။ အခု‌တေလာ အေကာင္ေပါက္ေလးက အလွမ္းက်ယ္လာၿပီး အၿမဲတမ္းအျပင္ပဲ ထြက္ေျပး‌ခ်င္ေနေတာ့တာပင္။

ကုံးရင့္႐ွန္ကိုယ္ၫႊတ္ၿပီး ေျမာင္ေျမာင္ကို လက္တစ္ဖက္ျဖင့္ ကိုင္လိုက္သည္။ လက္အိပ္စြပ္ထားေသာ ႐ွည္သြယ္သြယ္လက္ေခ်ာင္းမ်ားက ေျမာင္ေျမာင္ေက်ာဘက္က မီးေလာင္ရာကို ညင္ညင္သာသာပြတ္လိုက္၏။

" နည္းနည္းပိုဝလာတာပဲ၊ ပုံထဲမွာထက္ သိသာတယ္ "

" ငါေသခ်ာေကြၽးတယ္ေလ "

ရန္ရိ ထမင္းဘူးကို စားပြဲေပၚတင္လိုက္ၿပီး ထိုင္ခုံျပင္ကာ "ေက်းဇူးျပဳၿပီး" ဆိုတဲ့လက္ဟန္လုပ္ျပရင္း

" စားရေအာင္ "

ကုံးရင့္႐ွန္ ေလကာအေပၚအက်ႌကိုခြၽတ္ၿပီး ရန္ရိလက္ေပၚတင္ကာ suit ကိုတင့္တင့္တယ္တယ္ ၾကယ္သီးျဖဳတ္ရင္း ႐ုတ္ျခည္းဆိုသလို ခုံမွာထိုင္ခ်လိုက္သည္။

ရန္ရိ သူ႕လက္ထဲကအဝတ္ကို ေတာင့္ေတာင့္ႀကီးၾကည့္ရင္း ငိုရမလို၊ ရယ္ရမလိုပင္။ လက္ေလွ်ာ့ေလွ်ာ့နဲ႔ အဝတ္ကို ခ်ိတ္တိုင္မွာခ်ိတ္ၿပီး တစ္ခ်ိန္တည္းမွာပဲ အတင္းေျပာလိုက္သည္။

" မမေလး "

ကုံးရင့္႐ွန္ လက္အိပ္ေတြခြၽတ္ၿပီး တူကိုင္ကာ‌ သူ႕ေ႐ွ႕မွာ႐ွိတဲ့ အစားအသာက္ေတြကိုၾကည့္ရင္း တျဖည္းျဖည္းအသက္႐ွဴႏႈန္း ေျပာင္းသြားသည္။

" ကြၽန္ေတာ္ေန႔လယ္က ဖုန္ေဖးနဲ႔စကားမ်ားခဲ့တာ၊ ၿပီးေတာ့ ဘာမွစားခ်င္စိတ္မ႐ွိဘူး၊ အခုေတာ့ ဗိုက္ပဲဆာေနတယ္ "

ရန္ရိ ဖုန္းစစေျပာခ်င္း ကုံးရင့္႐ွန္စိတ္ညစ္ေနတဲ့အသံၾကားခဲ့ရတာ ဒီကိစၥေၾကာင့္ပဲျဖစ္ရမည္။ သူအသံေပ်ာ့လိုက္ၿပီး

" မင္းဗိုက္ဆာရင္ ေကာင္းေကာင္းစားလိုက္၊ အစားစားတာထက္ ဘာမွအေရးမႀကီးဘူး "

သူ ေက်ာက္ပုစြန္ကိုညႇပ္ယူၿပီး ပါးစပ္ထဲထည့္လိုက္သည္။

" ဒီေက်ာက္ပုစြန္က တကယ္လတ္ဆတ္တာပဲ၊ ျမန္ျမန္စားၾကည့္ "

ကုံးရင့္႐ွန္လည္း တစ္ကိုက္ကိုက္လိုက္ၿပီး

" တကယ္ေတာ့ ဖုန္ေဖး....."

" အရင္စား "

ရန္ရိ သူ႕ကိုျဖတ္ေျပာလိုက္သည္။

" ငါမင္းနဲ႔ စားၿပီးမွေျပာမယ္၊ အခုသူ႕အေၾကာင္း မေျပာနဲ႔ဦး၊ သူ႕ကိုစိတ္ထဲမထားနဲ႔ "

သူ႕မ်က္ႏွာသူ လက္ညိႇဳးထိုးျပလိုက္ၿပီး

" ငါ့ရဲ႕‌ေခ်ာေမာခန္႔ညားတဲ့ မ်က္ႏွာကိုပဲၾကည့္၊ ဟုတ္ၿပီလား "

ကုံးရင့္႐ွန္ ႏႈတ္ခမ္းမ်ားတြန္႔ေကြးကာ ျပဳံးၿပီး ရန္ရိကိုၾကည့္လိုက္ေတာ့ တကယ္ကိုတျဖည္းျဖည္း စိတ္တည္ၿငိမ္သြားသည္။

သူတို႔ႏွစ္ေယာက္ အလုပ္အေၾကာင္း ေျပာေနတာေတြရပ္ၿပီး အားကစားအေၾကာင္းေျပာကာ ေနာက္‌တစ္ေခါက္ေဆြးေႏြးဖို႔ သေဘာတူလိုက္ၾကသည္။

ညစာစားၿပီးေတာ့ ရန္ရိ အမႈကိစၥတိုးတက္မႈအေၾကာင္း ေမးလိုက္၏။

ကုံးရင့္႐ွန္က သက္ျပင္းဖြဖြခ်ၿပီး

" ဖုန္ေဖးဝန္ခံတယ္ "

" ဒါေကာင္းတဲ့ကိစၥပဲ မဟုတ္ဘူးလား? "

ရန္ရိအံ့ဩၿပီး‌ ေျပာလိုက္သည္။ ကုံးရင့္႐ွန္မႈန္သိုးေနတာက ထပ္အေႏွာင့္အယွက္‌ေပၚတာေၾကာင့္လို႔ သူထင့္ခဲ့တာပင္။

" ကြၽန္ေတာ္တို႔ သူ႕ကိုမမိခင္ႏွစ္လအတြင္း စုေဆာင္းခဲ့တဲ့ သက္ေသေတြအကုန္လုံး ခ်ျပလိုက္ေတာ့ ေနာက္ဆုံးမျငင္းႏိုင္ေတာ့ဘူး၊ ဒါေပမယ့္ဒီအမႈက ကြၽန္ေတာ့္ကိုအရမ္း...."

ကုံးရင့္႐ွန္မ်က္ႏွာေပၚ႐ွိ ႂကြက္သားမ်ားက မ‌ေျပာျပတတ္ေသာ လႈပ္႐ွားမႈတစ္မ်ိဳး ပုံေဖာ္လိုက္သည္။

" စိတ္ပ်က္ေအာင္လုပ္တယ္ "

ရန္ရိ တိတ္တဆိတ္ နားေထာင္ေနလိုက္သည္။

" ဖုန္ေဖးက သူ Seraph ကိုတစ္ခါမွမၾကားဖူးဘူးလို႔ေျပာတယ္၊ လြန္ခဲ့တဲ့ေျခာက္လေလာက္က အားကစားဖန္ဖိုရမ္ကပို႔စ္တစ္ခုမွာ သူ႕အေကာင္းဆုံးအိမ္နီးခ်င္းေတြအေၾကာင္း အျပစ္ေျပာခဲ့တယ္၊ ေနာက္ေတာ့သူ 2209 ကအိမ္႐ွင္ေယာက်္ားနဲ႔အျငင္းပြားၿပီး ရဲေတြဖ်န္ေျဖေပးခံရတယ္ "

" ဟုန္ယန္႔က သူ႕ကိုအရင္ စဆက္သြယ္တာလား? "

ကုံးရင့္႐ွန္ ေခါင္းအသာညိတ္ၿပီး

" စိတ္ပ်က္ၿပီး သူ႕ကိုသနားသြားပုံရတဲ့လူတစ္ေယာက္က သူ႕ပို႔စ္ကိုစာျပန္လာတယ္၊ သူတို႔ႏွစ္ေယာက္ စကားခဏေလာက္ေျပာၿပီး အဲ့ဒီ့လူကဖုန္ေဖး 2209 ကိုပညာေပးဖို႔ ကူညီႏိုင္တယ္လို႔ေျပာတယ္၊ ဖုန္းေဖးကိုလည္း သူမုန္းတဲ့သူကို ပညာျပေပးေစခ်င္တယ္၊ အဲ့လိုဆို ဘယ္သူလုပ္မွန္း ဘယ္သူမွမေဖာ္ထုတ္ႏိုင္ေတာ့ဘူးေပါ့ "

" အဲ့တာ လူလဲလုပ္ၾကံတာမလား? "

" ဒါေပမယ့္ ဖုန္ေဖးေျပာတာက သူအစကဒီလူမီး႐ိႈ႕မယ္ဆိုတာ မသိခဲ့ဘူးတဲ့၊ သူကြၽန္ေတာ္တို႔ကို သူတို႔ႏွစ္ေယာက္စကားေျပာထားတာေတြ ျပန္ျပတယ္၊ အစကေနအဆုံးထိ ဘယ္သူမွမီး႐ိႈ႕မယ့္အေၾကာင္း စကားမစထားဘူး၊ တစ္ဖက္လူကဖုန္ေဖးကို သြားတစ္ေခ်ာင္းဆို သြားတစ္ေခ်ာင္းျပန္ေပးဆပ္ဖို႔ အားေပးတယ္၊ 2209 တံခါးေ႐ွ႕မွာအမိႈက္ေတြပစ္ၿပီး က်န္တာသူ႕ကိုအပ္လိုက္ဖို႔နဲ႔ သူ 2209 ကိုမေမ့ႏိုင္ေလာက္တဲ့သင္ခန္းစာ ေပးလိုက္မယ္လို႔ေျပာတယ္ "

" ဖုန္ေဖးက ယုံတယ္လား? "

" ဖုန္ေဖးအစက တစ္ဝက္ပဲယုံတယ္၊ အဲ့ဒီ့သူကိုေတာင္‌ ေစာင့္ၾကည့္ခဲ့ေသးတယ္၊ ဥပေဒကလူထုအေပၚ တာဝန္မေက်ဘူးထင္ေတာ့ အျခားအိမ္နီးခ်င္းေတြကိုလည္း သူနဲ႔အတူ 2209 တံခါးေ႐ွ႕အမိႈက္ပစ္ခိုင္းတယ္၊ သူေျပာတာက လူေသတာမေျပာနဲ႔ မီးေလာင္မယ္လို႔ေတာင္ ထင္ခဲ့တာမဟုတ္ဘူးတဲ့၊ ဒီေလာက္အက်ိဳးဆက္ႀကီးသြားေတာ့ သဘာဝအတိုင္း သူအျပစ္မခံရဲဘူး၊ ေနာက္ေတာ့ အေဆာက္အအုံက အိမ္နီးခ်င္းေတြကိုစုၿပီး စကားတစ္ခြန္းမွမဟဖို႔နဲ႔ အဲ့လိုမွမဟုတ္ရင္ သူတို႔အားလုံးၾကံရာပါေတြ ျဖစ္သြားမယ္ဆိုၿပီး ၿခိမ္းေျခာက္ခဲ့တယ္ "

ရန္ရိ အသက္ဝဝ႐ွဴလိုက္ၿပီး ႐ုတ္တရက္ခႏၶာကိုယ္မွာ စိမ့္ခနဲခံစားလိုက္ရသည္။

" မင္းေျပာတာက....အေဆာက္အအုံက မိသားစုတိုင္း ဘယ္သူတရားခံလဲဆိုတာ အစကတည္းကသိေနတယ္ေပါ့ "

ကုံးရင့္႐ွန္က ေလးေလးပင္ပင္ ေခါင္းညိတ္ျပသည္။

ရန္ရိ ကုံးရင့္႐ွန္ဘာလို႔ "စိတ္ပ်က္" လဲဆိုတာ ခ်က္ခ်င္းနားလည္သြားသည္။

အမႈျဖစ္တာႏွစ္လ႐ွိၿပီ၊ သူတို႔မွာ ဝန္ခံဖို႔အခြင့္အေရး မေရမတြက္ႏိုင္ေအာင္ရခဲ့ေပမယ့္ ႏႈတ္ပိတ္ေနဖို႔နဲ႔ လိမ္လည္ဖို႔ကိုသာ ေ႐ြးျခယ္ခဲ့ၾကသည္။ သူတို႔ကအျပင္ပန္းမွာ နစ္နာသူေတြဆိုေပမယ့္ တကယ္တမ္း တစ္ေယာက္မွအျပစ္မကင္းၾကေပ။ သူတို႔ကိုယ္သူတို႔ ကာကြယ္ဖို႔အတြက္နဲ႔ ‌ေသြးသားရင္းမိခင္ေတြ၊ အိမ္နီးခ်င္းေတြ၊ မီးသတ္သမားေတြ အလကားသက္သက္ ေသသြားရတာေတာင္ အမွန္တရားကိုဆက္သိမ္းထားဆဲျဖစ္ၿပီး ရဲေတြအမႈေျဖ႐ွင္းဖို႔ကို ပိတ္ပင္တားဆီးၾကသည္။ ျပန္ၾကည့္ရရင္ အဓိကအမႈစုံစမ္းေရးက တိုးတက္မႈအလြန္ေႏွး၏။ အမွားလား၊ အမွန္လား ခြဲျခားဖို႔ခက္တဲ့ထြက္ဆိုခ်က္ေတြကိုလည္း အမ်ားႀကီးလုပ္ခဲ့ရသည္။

" ကားမီးေလာင္မႈက...?"

" မေတာ္တဆမႈျဖစ္ၿပီးေတာ့ ဖုန္ေဖး အဲ့ဒီ့လူၿခိမ္းေျခာက္တာခံရၿပီး ေပထားတဲ့ကတိ တည္လိုက္ရတယ္၊ သူ ကားပဲမီး႐ိႈ႕ရမယ္ၾကားေတာ့ လက္ခံလိုက္တယ္၊ ဒါေပမယ့္ သူစိတ္ထဲမွာေတးထားၿပီး ဝမ္းကြဲတစ္ေယာက္ကိုပိုက္ဆံေပး မီး႐ိႈ႕ခိုင္းၿပီးေတာ့ သူကိုယ္တိုင္က အလီဘိုင္လုပ္တယ္ "

" ဆိုေတာ့ မင္းအစပိုင္း‌ေတြးထားတာ မွန္တာေပါ့၊ သူက်ိဳးခြၽမ္းကိုေတြ႕ေတာ့ မတုံ႔ျပန္တာက ဟန္ေဆာင္တာမဟုတ္ဘူး၊ တကယ္မေတြ႕ဖူးတာပဲ "

" ဟုတ္တယ္ "

ကုံးရင့္႐ွန္ တိုးတိုးေရ႐ြတ္ေျပာလာသည္။

" ဒီအမႈကေျဖ႐ွင္းၿပီးသြားၿပီ၊ ဒါေပမယ့္ ဘယ္သူမွ စိတ္မခ်မ္းသာဘူး၊ တစ္ခုက ဟုန္ယန္႔ကိုမဖမ္းမိေသးဘူး၊ ၿပီးေတာ့ ေနာက္တစ္ခုက ကိစၥတစ္ခုလုံး အဓိပၸါယ္မ႐ွိတာပဲ၊ အိမ္နီးခ်င္းအခ်င္းခ်င္း အျငင္းပြားတဲ့ကိစၥေၾကာင့္နဲ႔ အျပစ္ကင္းတဲ့အသက္ေတြအမ်ားႀကီး ပ်က္စီးသြားရတယ္...."

ရန္ရိလည္း ရင္တုန္ပန္းတုန္ျဖစ္ရသည္။

လူေတြကအၿမဲတမ္း ေဒါသျဖစ္တဲ့အခ်ိန္ ဆုံးျဖတ္ခ်က္ခ်တတ္တယ္၊ ၿပီးေတာ့ အဲ့ဒီ့ဆုံးျဖတ္ခ်က္က အၿမဲတမ္းလိုလို မွားတာပဲ။

ဘဝမွာ သာမန္အျငင္းပြားတာေလးေတြက ဒီလိုျပန္ေျပာင္းလဲလို႔မရေတာ့တဲ့ ကံဆိုးမိုးေမွာင္က်မႈေတြ ျဖစ္လာေစလိမ့္မယ္လို႔ ဘယ္သူကေတြးမိမွာလဲ။ ဒီအိမ္နီးခ်င္းအျငင္းပြားမႈ ဇာတ္လမ္းမွာ တကယ္ေကာင္းတဲ့သူလည္းမ႐ွိသလို၊ တကယ္ဆိုးတဲ့သူလည္းမ႐ွိပုံေပၚသည္။ လူတိုင္း မေကာင္းတဲ့စိတ္အနည္းငယ္ေတာ့႐ွိတတ္ၾကၿပီး အဲ့ဒီ့စိတ္ေလးကပင္ သဲကို‌ရဲတိုက္အျဖစ္ တည္ေဆာက္ႏိုင္ေလသည္။

ေက်ာခ်မ္းစရာပင္။

" ဘယ္လိုပဲျဖစ္ျဖစ္ အမႈကိစၥေျဖ႐ွင္းၿပီးသြားရင္ နစ္နာသူေတြနဲ႔ သူတို႔မိသားစုေတြကို နည္းနည္းေတာ့ ႏွစ္သိမ့္ေပးႏိုင္မွာပါ "

ရန္ရိ သက္ျပင္းခ်လိုက္သည္။

ကုံးရင့္႐ွန္အံႀကိတ္ရင္း မ်က္လုံးေတြထဲမွာ ေအးစက္စက္ေရာင္ျခည္တစ္စ ေဖာ္ျပေနလ်က္။

" မလုံေလာက္ေသးဘူး၊ ဟုန္ယန္႔ကို မဖမ္းမိေသးဘူး၊ အကုန္လုံးကိုေသြးထိုးတဲ့သူမွ ဖမ္းမမိေသးတာ၊ ကြၽန္ေတာ္ သူ႕ကိုဖမ္းမယ္၊ ကြၽန္ေတာ္က်ိန္းေသေပါက္ သူ႕ကို ေသလမ္းပို႔ပစ္မယ္! "

" မင္းသူ႕ကိုဖမ္းမိမွာပါ "

ရန္ရိမ်က္လုံးေတြက ခိုင္မာျပတ္သားေနသည္။

" ဟုန္ယန္႔တင္မကဘူး၊ "အဖြဲ႕အစည္း" ဆိုတာကိုေရာ၊ ၿပီးေတာ့ မင္းလြန္ခဲ့တဲ့ဆယ့္႐ွစ္ႏွစ္ကတည္းက အဖမ္းခ်င္ဆုံးတရားခံကိုေရာပဲ၊ အကုန္လုံး မင္းဖယ္႐ွားပစ္ႏိုင္မွာ "

ကုံးရင့္႐ွန္ ရန္ရိကိုစိုက္ၾကည့္လိုက္ၿပီး

" ခင္မ်ားကြၽန္ေတာ့္ကို အရမ္းယုံတယ္ေပါ့ "

ရန္ရိ ေခါင္းညိတ္လိုက္ၿပီး

" မင္းက ငါေတြ႕ဖူးသမွ်သူေတြထဲမွာ အေကာင္းဆုံး၊ smart အက်ဆုံး၊ ဇြဲအေကာင္းဆုံးသူပဲ၊ မင္းမလုပ္ႏိုင္တာ ဘာမွမ႐ွိဘူးလို႔ထင္တယ္ "

ကုံးရင့္႐ွန္ မင္သက္သြားၿပီးေနာက္ ထူးကဲလွပေသာအျပဳံးတစ္ခုကို ေဖာ္ျပလာသည္။ ေနႏွင့္လကိုေတာင္ ေမွးမွိန္သြားေစသည့္ အျပဳံးမ်ိဳးပါပင္။

" ခင္မ်ား....ခင္မ်ားလည္း အရမ္းေကာင္းပါတယ္ "

ရန္ရိ တစ္႐ွိန္ထိုးရင္ခုန္ေနသည္ကိုသာ ခံစားမိသည္။ သူကုံးရင့္႐ွန္ကို ၾကည့္လိုက္တိုင္း၊ ကုံးရင့္႐ွန္ကို စကားတစ္ခြန္းေျပာလိုက္တိုင္း၊ သူ႕ဆႏၵေတြ ပိုနက္႐ိႈင္းလာသည္။ ဘယ္ေလာက္အတိုင္းအတာထိမ်ား သူ႕ကိုယ္သူထိန္းခ်ဳပ္ထားႏိုင္မလဲ? သူတကယ္ေၾကာက္မိတာက တစ္ေန႔မွာ ဒီထိန္းခ်ဳပ္ထားတဲ့ခံစားခ်က္ေတြ ထိန္းမႏိုင္သိမ္းမႏိုင္ ေပါက္ကြဲထြက္လာမည္ကိုပင္။

ႏွစ္ေယာက္သား မ်က္လုံးေတြစုံသြားေတာ့ ေဖာ္မျပႏိုင္တဲ့မီးပြားေတြ ေလထဲပ်ံ႕သြားၿပီး အနည္းငယ္တင္းတင္းက်ပ္က်ပ္ခံစားလာရသည္။

ကုံးရင့္႐ွန္မေယာင္မလည္နဲ႔ နာရီၾကည့္လိုက္ေတာ့ ေနာက္က်ေနၿပီဆိုတာေတြ႕ေပမယ့္ ထြက္မသြားခ်င္ေပ။ သူဘယ္အခ်ိန္ကစၿပီး ရန္ရိအနား႐ွိေပးတာႀကိဳက္ၿပီး ေပ်ာ္ေနမိလည္းမသိ။ ရန္ရိက သူ႕ရဲ႕သမား႐ိုးက်တင္းက်ပ္ေနတဲ့ဘဝမွာ မေတာ္တဆတစ္ခုျဖစ္ၿပီး အျဖဴအမဲစကၠဴလိပ္ေပၚ ေရာင္စုံမင္တစ္စက္ ဖိတ္စင္က်သြားသလိုပင္။

ရန္ရိ သူ႕ေဘးမွာ႐ွိေနသေ႐ြ႕ သက္ေသာင့္သက္သာ႐ွိၿပီး စိတ္ေအးခ်မ္းကာ ေခါင္း႐ွင္းသည္။ ဒါေပမယ့္ သူေနဖို႔ဘာအေၾကာင္းျပခ်က္မွ စဥ္းစားမရေပ။

ထိုအခ်ိန္ ရန္ရိဖုန္းထျမည္လာၿပီး ဖုန္းကို စားပြဲအလယ္မွာခ်ထားသည္။ ႏွစ္ေယာက္စလုံး ဖုန္းမ်က္ႏွာျပင္ကို တစ္ၿပိဳင္တည္းၾကည့္လိုက္ေတာ့ ေခၚဆိုသူနာမည္က -- ေ႐ွာင္း။

ကုံးရင့္႐ွန္ခ်က္ခ်င္း မတ္မတ္ထိုင္လိုက္ၿပီး မ်က္ႏွာကအျပဳံးလည္း ေပ်ာက္ကြယ္သြားသည္။

ရန္ရိဖုန္းကို လွမ္းဆြဲလိုက္ၿပီး ကုံးရင့္႐ွန္ေ႐ွ႕မွာဖုန္းမေျဖရင္ အရမ္းဖုံးကြယ္ခ်င္သလိုျဖစ္မွာမို႔ ျပတင္းေပါက္နားကို သက္ေသာင့္သက္သာ ေလွ်ာက္သြားလိုက္သည္။

" ဟယ္လို? "

" ‌ေကာ....."

ရန္ရိ စကားတစ္လုံးတည္းနဲ႔တင္ မူးေနတာ ၃မွတ္နဲ႔ မခ်င့္မရဲျဖစ္ေနတာ ၇မွတ္ကို ၾကားလိုက္ရၿပီး သူအံ့ဩသြားသည္။

" မင္းဘာျဖစ္လို႔လဲ? "

" ကြၽန္ေတာ္.....ကြၽန္ေတာ္ေကာကိုေတြ႕ခ်င္တယ္ "

ခ်ီေ႐ွာင္းကငိုၿပီး

" ကြၽန္ေတာ္နဲ႔ တစ္ခြက္ေလာက္ေသာက္ေပးလို႔ရမလား? "

" ဘာျဖစ္တာလဲ? ကိုယ္အခုစခန္းမွာ တာဝန္က်ေနတယ္၊ အျပင္ထြက္လို႔လည္းမရသလို ေသာက္လို႔လည္းမရဘူး "

ရန္ရိ ေနာက္လွည့္မၾကည့္ရဲေပမယ့္ ေက်ာဘက္က မီးေတာက္ေနတဲ့အၾကည့္ကို ခံစားႏိုင္သည္။

" ဒါေပမယ့္ ကြၽန္ေတာ္၊ ကြၽန္ေတာ္ အခုစခန္းေအာက္မွာေရာက္ေနတယ္ "

ခ်ီေ႐ွာင္းက ႐ိႈက္လိုက္ၿပီး

" ကြၽန္ေတာ္ေကာကို တကယ္ေတြ႕ခ်င္တယ္ "

" မင္းေအာက္မွာလား? "

ရန္ရိေခါင္းက်ိန္းသြားသည္။

ကုံးရင့္႐ွန္မ်က္လုံးျပဴးသြားၿပီး မ်က္ႏွာမွာ ေဒါသ႐ွင္း႐ွင္းလင္းလင္း ေပၚလာသည္။

" ကြၽန္ေတာ္ေအာက္မွာ၊ ေကာကိုေတြ႕ခ်င္႐ုံပါပဲ၊ မေသာက္လည္းကိစၥမ႐ွိဘူး "

ခ်ီေ႐ွာင္းအသံက အလြန္သနားစဖြယ္ျဖစ္ေန၏။

ရန္ရိ ေဘးက်ပ္နံက်ပ္ျဖစ္ေနသလိုပဲ ခံစားရသည္။ သူ႕လွ်ိဳ႕ဝွက္ခ်က္ေတြ ေပၚသြားမွာစိုးလို႔ ကုံးရင့္႐ွန္ကို ခ်ီေ႐ွာင္းနဲ႔အဆက္အစပ္မ႐ွိေစခ်င္ေပမယ့္ ခ်ီေ႐ွာင္းက စခန္းေရာက္ေနၿပီ။ သူတို႔ အရမ္း "ခင္မင္ရင္းႏွီး" တာမေျပာနဲ႔၊ သူစိမ္းတစ္ေယာက္ျဖစ္ေနရင္ေတာင္ မီးသတ္သမားတစ္ေယာက္အေနနဲ႔ သူဘယ္ေတာ့မွ အကူအညီေတာင္းတဲ့လူေတြကို မျငင္းဆန္ႏိုင္ပါေပ။

အဲ့အခ်ိန္ သူဖုန္းထဲကေန လွ်ိဳေဟြးအသံၾကားလိုက္ရသည္။

" မိတ္ေဆြ မင္းဘာျဖစ္လို႔လဲ? အကူအညီလိုလား? "

ရန္ရိအေလာတႀကီးေျပာလိုက္သည္။

" ခဏေစာင့္ ကိုယ္မင္းကိုအခုလာေခၚမယ္ "

ခ်ီေ႐ွာင္းအမ်ားႀကီးေသာက္ထားၿပီး မဟုတ္တမ္းတရားေတြ ေလွ်ာက္ေျပာမွာ ေၾကာက္ရသည္။

ကုံးရင့္႐ွန္ ထိုင္ခုံကထရပ္လိုက္ၿပီး တမင္ရည္႐ြယ္တာလား မရည္႐ြယ္ဘဲနဲ႔လားမသိေပမယ့္ တံခါးကိုပိတ္ကာထားသလိုျဖစ္ၿပီး တစ္ဖက္လူကအရပ္႐ွည္ထြားႀကိဳင္းသည္မို႔ ရန္ရိလမ္းခ်က္ခ်င္းပိတ္သြားသည္။

ရန္ရိသူ႕ကို အျပစ္႐ွိသလိုၾကည့္ၿပီး ႐ွင္းျပလိုက္သည္။

" ငါ့သူငယ္ခ်င္း အရမ္းမူးေနလို႔၊ သြားေတြ႕လိုက္ဦးမယ္ "

ကုံးရင့္႐ွန္ မ်က္လုံးေမွးစင္းလိုက္ၿပီး ေလးသံကေအးစက္ေနလ်က္

" ခ်ီေ႐ွာင္းဆိုတဲ့ သ႐ုပ္ေဆာင္လား? "

".....အင္း "

" ေကာင္းၿပီ ကြၽန္ေတာ္ခင္မ်ားနဲ႔လိုက္မယ္ "

==========

ဝါး~ ညေနကနည္းနည္းအိပ္ေပ်ာ္သြားလို႔ ေနာက္က်တာ ေဆာရီး ဟဲဟဲ

If u wanna support me

[ 09795118580 - Kpay or wavepay or bill]

If u wanna join extra channel - [ 09795118580 - send me a simple message ]

==========