Chapter 65

Mon, Aug 30, 2021

{ UNICODE }

စွန်းတင့်ရိက အသက်ကယ်ကြိုးထုတ်လိုက်ပြီး

" ခေါင်းဆောင်၊ ကြိုးချည်သွားဦး "

" အိုကေ "

ရန်ရိ ကြိုးအစွန်တစ်ဖက်ကို စွန်းတင့်ရိလက်ထဲထားရင်း သူတို့နှစ်ယောက်ကို ကြိုးနဲ့ချည်လိုက်သည်။

" မင်းကိုယ်ပေါ်က မီးသတ်ဆေးဘူးတွေအကုန် ငါတို့ကိုပေး "

သူတို့ ခရီးဆောင်မီးသတ်ဆေးဘူးတွေပဲ ယူလာခဲ့ပေမယ့် အရေးကြုံတဲ့အချိန် ဘာမှမရှိတာထက်စာရင်တော့ သေချာပေါက်ပိုကောင်းသည်။

ရန်ရိ အပျက်အစီးအတိမ်အနက်ကို လှမ်းကြည့်လိုက်ပြီး အနည်းငယ်ရှော့ရသွားသည်။ ဘယ်အချိန်မှာမဆို ဒုတိယအကြိမ်ပြိုကျမှုဖြစ်မယ့် အန္တရာယ်ရှိပြီး သူတို့လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက သူတို့ကို သေမင်းဆီဆွဲခေါ်သွားမှာလည်း ဖြစ်လောက်သည်။

အန္တရာယ်ကိုသိပေမယ့် ဘယ်တော့မှပြန်လှည့်လို့မရတာက မီးသတ်သမားဆိုသူပင်။

ရန်ရိနဲ့ကုံးရင့်ရှန် အချင်းချင်းကြည့်လိုက်ကြပြီး

" သွားမယ် "

ကုံးရင့်ရှန်ကသူ့ကို တည်ငြိမ်ပြီး အကြောက်တရားကင်းတဲ့ အကြည့်မျိုး ပြန်ပေးလာသည်။

ရန်ရိခေါင်းလှည့်ကာ ရှေ့သို့တွားသွားလိုက်၏။ ဒီကနေ ပေါက်ကွဲဗဟိုချက်ရောက်ဖို့ မီတာဒါဇင်လောက်သာ ဝေးတော့သည်။ အခြားနေ့တွေမှာ ခြေလှမ်းအနည်းငယ်ပဲ လှမ်းရပေမယ့် အခုချိန်မှာတော့ သူတို့ရုန်းကန်နေရသည်။ ဆူးငြောင့်ခလုတ်များတဲ့ အပျက်အစီးပုံထဲမှာ နောက်ခြေလှမ်းဖို့ကို စဉ်ဆက်မပြတ်ရှာဖွေနေရပြီး အပြိုအပျက်တွေကို ထောက်ခံထားတဲ့ပုံစံ တည်ငြိမ်လား မငြိမ်လားဆိုတာသိဖို့ တစ်ချိန်လုံး သူတို့ခေါင်းအပေါ်ပိုင်းကို အာရုံစိုက်ထားရသည်။

တွားသွားရင်း ရန်ရိအော်လိုက်၏။

" တစ်ယောက်ယောက်ရှိလား? မီးသတ်သမားပါ၊ တစ်ယောက်ယောက်ရှိလား၊ ကျွန်တော် ကတိပေးတယ်၊ မီးသတ်သမားပါ----"

သူပိုပြီးတွားသွားလေလေ မီးတောက်ပိုပြင်းလာလေလေပင်။ ရန်ရိရင်းနှီးတဲ့ တဖျစ်ဖျစ်တဖြောက်ဖြောက် မီးလောင်သံတွေကိုတောင် ကြားလာရပြီး၊ လေထုအပူချိန်ကလည်း သိသိသာသာ မြင့်တက်လာလေပြီ။

" တစ်ယောက်ယောက်ရှိလား? ထွက်ခဲ့ပါ....."

" ရှူး "

ကုံးရင့်ရှန် ရုတ်တရက်ပြောလာသည်။

" တိတ်တိတ်နေ "

နှစ်ယောက်လုံး အသံတိတ်သွားကြပြီး အသက်တောင်ရဲရဲ မရှူရဲဘဲ နားထောင်နေလိုက်ကြသည်။

ခပ်တိုးတိုးငိုညည်းသံတစ်ခု သူ့နားထဲဝင်ရောက်လာ၏။

" ဒီဘက်မှာ "

ရန်ရိ အသံလာရာဆီ တွားသွားလိုက်ပြီး နံရံအောက်မှာ အချင်းချင်းဖက်ထားကြတဲ့ လူနှစ်ယောက်ကိုတွေ့လိုက်ရရင်း၊ ထိုသူနှစ်ယောက်က လင်မယားဖြစ်ဟန်ပေါ်သည်။

" ကယ်ပါ၊ ကယ်ပေးပါ....."

သူမအမျိုးသားမျက်နှာက ဖုန်တွေနဲ့ကာနေပြီး ညစ်ပတ်ခြောက်သွေ့နေသော မျက်ရည်စီးကြောင်းနှစ်ခု ရှိနေသည်။

သူမအမျိုးသားက ဒဏ်ရာအနည်းငယ်ပဲရထားပြီး ညှပ်မိမနေပေမယ့် သူဖက်ထားတဲ့အမျိုးသမီးကတော့ ကျောက်တုံးအောက်မှာ ကိုယ်တစ်ဝက်ပိနေကြောင်း ရန်ရိသိလိုက်ရသည်။

" သူဘယ်လိုလဲ? "

ရန်ရိ သူတို့နှစ်ယောက်ဆီသွားပြီး သူ့မိန်းမလည်း သတိရှိသေးတာ တွေ့ရပေမယ့် သူမနှုတ်ခမ်းတွေက သွေးစုတ်နေပြီး သွေးဆုံးရှုံးမှုမြင့်မားခြင်းကြောင့် ဆိုတာသိသာသည်။ ပြီးတော့ ပိုဆိုးရွားစေတာက သူမဝမ်းဗိုက် ပြူထွက်နေတာကို မြင်လိုက်ရခြင်းပင်။

" သူ့ခြေထောက်တွေ ဖိမိထားတယ်၊ ငါ့မိန်းမကို ကယ်ပေးပါ၊ သူ့မှာ ကိုယ်ဝန်ရှိတယ် "

ယောက်ျားက ငိုယိုပြီး

" ငါ ဒီကျောက်တုံးကို မ,မနိုင်ဘူး "

ရန်ရိ အသံခပ်တိုးတိုးနဲ့ နှစ်သိမ့်လိုက်သည်။

" မစိုးရိမ်ပါနဲ့၊ ကျွန်တော့်ကို ပြကြည့်ပါဦး "

ကုံးရင့်ရှန်က အမျိုးသမီးလက်ကောက်ဝတ်ကို ယူကာ သွေးကြောစမ်းကြည့်လိုက်သည်။ သွေးခုန်နှုန်းအရမ်းအားနည်းနေပြီးဖြစ်၍ ရန်ရိကို တိတ်တဆိတ်သာ ခေါင်းခါပြလိုက်သည်။

ရန်ရိ ထိုသူမိန်းမကိုဖိထားတဲ့ ကျောက်တုံးကိုကြည့်လိုက်တော့ ယောက်ျားကြီး ငါးယောက်၊ခြောက်ယောက်လောက် မ,မှ ဖြစ်နိုင်ကြောင်း ဖော်ပြနေသည်။ အလေးချိန်ပြဿနာတင်မဟုတ်ဘဲ၊ ကျောက်တုံးအစွန်းက ရက်မခံတာကို ထောက်ပံ့ထားသည်။ ရွေ့သွားတာနဲ့ ဘာအကျိုးဆက်တွေ ဖြစ်လာမယ်မသိ။ သူ့နဖူးကချွေးတွေကို သုတ်လိုက်ပြီး

" ဆရာ၊ ဒီကျောက်တုံးက အရမ်းလေးတယ်၊ ကျွန်တော်တို့မရွှေ့နိုင်ဘူး၊ ကျွန်တော်တို့ရွှေ့လိုက်ရင်တောင် အရမ်းအန္တရာယ်များတယ်၊ ကျွန်တော်တို့ကို ပိကျလာလောက်တယ်၊ ဆရာ ကျွန်တော်တို့နဲ့အရင်လိုက်ခဲ့ပြီး အပြင်ရောက်မှ နောက်ဆက်တွဲ....."

" မရဘူး "

အမျိုးသားက သူ့မိန်းမကို တင်းတင်းကြပ်ကြပ် သိုင်းဖက်ထားရင်း

" ငါသူ့ကို ဒီမှာတစ်ယောက်တည်း မထားခဲ့နိုင်ဘူး "

မိန်းမက တိုးတိုးပြောလာသည်။

" ယောက်ျား၊ ရှင်သွားပါ၊ ကျွန်မ....ကျွန်မ ဆက်မတောင့်ခံနိုင်တော့ဘူး "

" ကိုယ်မသွားဘူး "

ယောက်ျားက ခေါင်းခါပြီး ဆို့နင့်သွားလျက်။

" ငါမသွားဘူး၊ သူ၊ သူအမှောင်ကြောက်တတ်တယ်၊ သူ့ကို ဒီမှာထားမသွားနိုင်ဘူး၊ သူ့မှာ ငါတို့ကလေးလေး ရှိသေးတယ် "

ရန်ရိ လေးနက်တည်ငြိမ်စွာ ပြောလိုက်သည်။

" ညီကို ရှေ့မှာမီးရှိတယ်၊ ဒီကိုလည်း မကြာခင် ကူးလာလောက်တယ်၊ လေထုကလည်း ပိုပြီးပါးလာပြီ၊ မင်းဒီမှာနေဖို့ အရမ်းအန္တရာယ်များတယ်၊ မင်းမိန်းမကို မကူညီနိုင်ရုံတင်မကဘူး၊ မင်းဘဝလည်း အန္တရာယ်ဖြစ်သွားရလိမ့်မယ် "

" ငါသွားမှာမဟုတ်ဘူး "

‌ယောက်ျားက ခေါင်းဆက်ခါနေဆဲဖြစ်ပြီး

" သူအမှောင်ကြောက်တယ်၊ ငါမသွားနိုင်ဘူး၊ သေမယ်ဆိုလည်း ငါတို့မိသားစုတွေ အတူသေမယ် "

" သွားပါရှင်...."

မိန်းမက ငို၏။

" ယောက်ျား သွားပါတော့၊ ကျွန်မ မကြောက်ပါဘူး၊ ကျွန်မ ကျွန်မ ဆက်မလုပ်နိုင်တော့ဘူး၊ ကျွန်မနဲ့အတူ လိုက်မသေပေးပါနဲ့၊ ကျေး‌ဇူးပြုပြီး၊ ကျေးဇူးပြုပြီး မြန်မြန်သွားပါတော့ "

သူဘယ်‌လိုပဲ ဖျောင်းဖျဖျောင်းဖျ၊ ယောက်ျားဖြစ်သူကတော့ ထွက်သွားဖို့ ဆန္ဒမရှိဘဲ လင်မယားနှစ်ယောက် အချင်းချင်းဖက်ကာ ငိုကြွေးကြရင်း အလွန်ဝမ်းနည်းစရာကောင်းနေသည်။

ရန်ရိ သက်ပြင်းချလိုက်ပြီး ပတ်ဝန်းကျင် သေသေချာချာလေ့လာကြည့်ရင်း လူတွေကယ်ဖို့ နည်းလမ်းစဉ်းစားကာ အင်တာကွန်းကို နှိပ်လိုက်သည်။

" ပိတ်မိနေတဲ့ လင်မယားနှစ်ယောက်တွေ့တယ်၊ ပိနေတဲ့သူက လှုပ်လို့မရဘူး၊ ပထမအချက်က အရမ်းလေးလို့၊ နောက်တစ်ချက်က ဒုတိယအကြိမ် ပြန်ပြိုကျလာနိုင်တယ် "

ချန်းရှောင်ဖေး ပြောလာသည်။

" ဖြတ်လို့ရနိုင်လား? "

" ဖြတ်တဲ့အခါ တုန်ခါမှုအရမ်းမြင့်တယ်၊ ပြိုပျက်ကျလာနိုင်တယ် "

ချန်းရှောင်ဖေး ခဏတိတ်ဆိတ်သွားပြီး

" ‌ကိုယ်အင်္ဂါ ဖြတ်တောက်ကုသတာရော? "

" သူ့မှာကိုယ်ဝန်ရှိလို့ မခံနိုင်ဘူး၊ အခုတော့ လေကူရှင်နဲ့ပဲ ကြိုးစားကြည့်ဖို့ ကျန်တော့တယ် "

" လေကူရှင်ကလည်း ပြိုကျစေနိုင်တယ်လေ "

ဝမ်းမုန်ပြောလာသည်။

" ဒုတိယထပ်က အပေါ်နှစ်ထပ်ရဲ့ဖိအားခံနေရတာ၊ ပြီးတော့ မီးလည်းလောင်နေသေးတယ်၊ တည်ဆောက်ပုံမရွေ့စေနဲ့ "

" အစားထိုးတဲ့နေရာမှာ သတိထားသရွေ့တော့ တည်ဆောက်ပုံကိုမထိဘဲ လူတွေကယ်နိုင်လောက်တယ် "

ရန်ရိအံကြိတ်ပြီး

" ‌အကြီးအကဲချန်း သူသေရတော့မှာ၊ ကျွန်တော်တို့ ကြိုးစားကြည့်ရမယ် "

ချန်းရှောင်ဖေးက နောက်ဆုံးအဆုံးအဖြတ်‌ပေးလာသည်။

" ကယ်ဆယ်ဖို့ ချက်ချင်းပြင်ဆင်လိုက် "

ရန်ရိ သူ့အိတ်ကပ်ထဲမှာ သိပ်ထည့်ထားတဲ့ ဘီစကွတ်တွေနဲ့ ရေဘူးကို ထုတ်လိုက်ပြီး

" မင်းမိန်းမကို တစ်ခုခုကျွေးပြီး အားအင်ရှိအောင် လုပ်ပေးလိုက်ပါ၊ သူမအိပ်ပျော်မသွားစေနဲ့၊ မင်းတို့ကို မကြာခင် တစ်ယောက်ယောက် လာကယ်လိမ့်မယ်၊ ကျွန်တော်တို့ ရှေ့ဆက်သွားကြည့်ဖို့လိုတယ် "

" ကျေးဇူး၊ ကျေးဇူးတင်ပါတယ် "

ရန်ရိ ကုံးရင့်ရှန်ကို ပြောလိုက်သည်။

" ဆက်သွားရအောင် "

နှစ်ယောက်သား ရှေ့ကိုစမ်းတဝါးဝါး သွားရသည်။

ကုံးရင့်ရှန်ပြောလာ၏။

" ခင်များ ပိုပူလာသလိုခံစားရလား? "

" အင်း၊ မီးပြန့်နေပြီ၊ ပြီးတော့ မင်းခဏလောက် ချောချောချူချူ အသက်ရှူနိုင်မှာမဟုတ်ဘူး "

ရန်ရိ ပြောလိုက်သည်။

" ဒီဓာတ်ငွေ့မျက်နှာဖုံးက အဆိပ်ဓာတ်ငွေ့တွေကို စစ်ထုတ်နိုင်ပေမယ့် အောက်ဆီဂျင် မထုတ်လွှတ်နိုင်ဘူး၊ ငါတို့အကြာကြီး နေလို့မရဘူး "

ရှေ့မှာ ပိုလင်းလာတဲ့မီးကိုကြည့်ပြီး ကုံးရင့်ရှန် အသက်ရှူသွင်းလိုက်သည်။ မီးကြောက်တဲ့စိတ်ကပဲ သူ့ကို သောကရောက်စေတာလား၊ လေထုထဲက အောက်ဆီဂျင် လျှော့ကျသွားလို့ပဲလား သူမသိ။ သူ့ရင်ဘတ် တင်းကြပ်လာပြီး အသက်ရှူရတာ ပြတ်တောင်းလာသလို စတင်ခံစားလာရသည်။

ရန်ရိ နောက်ဆုံးမရောက်ခင် အခန်းကိုတွားသွားတော့ လေထုအပူချိန်က မသက်မသာ‌ဖြစ်ရတဲ့အခြေအနေထိ ရောက်လာလျက်၊  သူ အကြီးအကျယ်ချွေးထွက်လာပြီး နောက်ဆုံးတော့ မီးအရင်းခံကို ရှာတွေ့ပြီဖြစ်သည်။

" အကြီးအကဲချန်း ကျွန်တော်တို့ ပေါက်ကွဲတဲ့နေရာဘေးကို ရောက်ပြီ၊ မီးအရင်းခံက လျှပ်စစ်အပူပေးစက်ပဲ၊ အဆောက်အအုံဟောင်းမှာ အပူ‌ပေးတာမလုံလောက်လို့ လူနာဘာသာ ထား,ထားတာဖြစ်မယ်၊ ပတ်ဝန်းကျင်က ခိုင်ခံ့တဲ့ဘိလပ်မြေသားတွေဆိုတော့ အများကြီးပြန့်မသွားဘူး၊ ဒါပေမယ့် အပူချိန်လှိုင်းကတော့ အရမ်းမြင့်တယ်၊ အသက်ရှင်ဖို့မဖြစ်နိုင်လောက်ဘူး "

" အဲ့တာဆို အရမ်းဝေးဝေးမသွားနဲ့၊ ငါတို့အပြင်ကနေ မီးသိသိသာသာ ပိုကြီးလာတာ မြင်လိုက်တယ်၊ ပြီးတော့အခု ငါတို့ ရေဖြန်းလို့မရဘူး၊ အောက်တီဂျင်ပမာဏကို သတိထားပေးပါ "

" ပေါက်ကွဲတဲ့အခန်းက လုံးလုံးပြိုကျသွားပြီလား? "

ကုံးရင့်ရှန်မေးလာသည်။

" အပြင်ကတော့ ဟုတ်တယ်၊ အတွင်းဘက်ကတော့...."

ရန်ရိပြောလိုက်သည်။

" ငါသေချာမမြင်ရဘူး၊ ဒါပေမယ့် လုံးဝပိတ်သွားလောက်ပြီ "

" ကျွန်တော် ပိုအနားကပ်ချင်တယ် "

ကုံးရင့်ရှန်က လက်မြှောက်ပြပြီး

" ကြည့်၊ ကျွန်တော် တစ်ခုရှာတွေ့ထားတယ် "

" ဒါကဘာလဲ? "

ကုံးရင့်ရှန် ရန်ရိဘက်ကို ကုန်းရုန်းတက်လာတော့ သူတို့နှစ်ယောက် ‌‌နေရာလည်း ကျဉ်းကျပ်သွားပြီး တစ်ယောက်ပခုံးတစ်ယောက် ထိခတ်မိသွားကြသည်။

" ကျွန်တော့်ကို ရေနည်းနည်းပေး "

" မင်းအိတ်ကပ်ထဲမှာ ရှိတယ်လေ၊ ငါ့ဟာက ဟိုလင်မယားကို ပေးလိုက်ပြီ "

" ဘယ်နားမှာလဲ? "

ရန်ရိ ကုံးရင့်ရှန်ခါးကို ကိုင်လိုက်ရင်း စိတ်ထဲမှာ အကျိုးအမြတ်လိုချင်စိတ်နဲ့ အခွင့်အရေးကိုယူပြီး ကုံးရင့်ရှန်တင်ပါးကို ထိလိုက်သည်။ ပြီးတော့မှ သူ့အိတ်ကပ်ထဲကနေ ရေဘူးထုတ်လိုက်၏။

ကုံးရင့်ရှန်က သူ့လက်ဖဝါးထဲကို ရေနည်းနည်းလောင်းထည့်လိုက်ပြီး အဖြူရောင်ပုံဆောင်ခဲကို ထည့်လိုက်တော့ မြန်မြန်အရည်ပျော်ဝင်သွားသည်။

" ဒါဘာလဲ? "

" အဲ့တာ ရေမှာပျော်ဝင်တယ်...."

ကုံးရင့်ရှန် ပြောလာသည်။

" တကယ့်ကို အမိုနီယမ်ဆား ဖြစ်နိုင်တယ် "

" အမိုနီယမ်ဆားက ဘာလဲ? "

ကုံးရင့်ရှန်က အဖြူရောင်ပုံဆောင်ခဲလေးကို ရန်ရိနှာခေါင်းထိပ် ထားပေးလိုက်တော့ ရန်ရိနှာခေါင်းထဲ ဆိုးရွားတဲ့အနံ့တစ်မျိုးဝင်လာပြီး သူ ရုတ်ခြည်းဆိုသလို အော့အန်ထွက်သွား၏။

" ဘာကြီးလဲဟ၊ ချီးနံ့လိုပဲ "

" အမိုနီယမ်ဆား၊ အပူပေးလိုက်ရင် အမိုးနီးယားဓာတ်ငွေ့ ထုတ်နိုင်တယ် "

ကုံးရင့်ရှန်က ရေရွတ်ပြောလာသည်။

" အမိုးနီယမ်ဆား¹နဲ့ sodium dichloroisocyanurate² ပါတဲ့ urea³ ကိုရောစပ်လိုက်ရင် nitrogen trichloride ထုတ်လုပ်နိုင်တယ်၊ ပြီးတော့ အပူပေးတာနဲ့ ပေါက်ကွဲလိမ့်မယ်၊ ခေါင်းဆောင်ချိုးကို အင်တာကွန်းကနေ ပြောရအောင် "

[ T/n : အကုန်လုံးက အဖြူရောင်အမှုန့်တွေပဲ၊ ဂုဏ်သတ္တိပဲကွဲသွားတာ၊ ‌‌အဆုံးမှာ ပုံပြပေးမယ် ]

ရန်ရိ အင်တာကွန်းခလုတ်နှိပ်လိုက်ပြီး

" ‌အကြီးအကဲချန်း၊ ခေါင်းဆောင်ချိုးကို လိုင်းချိတ်ပေးပါဦး "

ကုံးရင့်ရှန် ချိုးယန်ကို ပြောလိုက်ငည်။

" ယန်ကျဲ၊ တရားခံသုံးသွားတဲ့ဗုံးက ကလိုရင်းနဲ့ အမိုးနီးယားလို အနံ့ပြင်းတဲ့ ဓာတုပစ္စည်းတွေပဲ၊ ဒီအနံ့တွေက ခဏလောက်အနံ့ပြယ်သွားဦးမှာ မဟုတ်ဘူး၊ ရဲခွေးတွေကို ရှာခိုင်းလိုက်ပါ၊ ထပ်ပြောရရင် လတ်တလော ဒါနဲ့ပတ်သက်တဲ့ဓာတုပစ္စည်း အရောင်းအဝယ်မှတ်တမ်းရှိ၊မရှိ စစ်ကြည့်ပေး၊ ပြီးတော့ အမိုနီယမ်ဆားတွေက လက်လီရောင်းချခွင့်မရှိဘူး "

" သိပြီ၊ ချက်ချင်း သွားစစ်ကြည့်လိုက်မယ် "

ချိုးယန်က စိုးရိမ်တကြီးနဲ့ ပြောလာသည်။

" မင်းဘယ်အချိန် ထွက်လာမှာလဲ? မီးသတ်သမားတချို့ ပစ္စည်းတစ်ခုသယ်သွားကြတာတွေ့တယ်၊ အထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ရှိတယ်လို့ပြောတာပဲ "

" ဟုတ်တယ်၊ ကျွန်တော်တို့ ခဏနေပြန်ထွက်လာမှာပါ၊ မစိုးရိမ်နဲ့ "

" ဂရုစိုက်ဦး "

" တရားခံက ချိန်ကိုက်ဗုံးလုပ်တာလား? ခလုတ်နဲ့ထိန်းချုပ်တဲ့ဗုံးလား? "

ရန်ရိ စေ့စေ့စပ်စပ်မေးလိုက်သည်။

" ငါ ဓာတုဗုံးတွေ သဘောတရားကို များများစားစားမသိပေမယ့် ရုပ်ဝတ္တုဗုံးတွေ အခြေခံသဘောတရားကိုတော့ သင်ခဲ့ရတယ်၊ ရုပ်ဝတ္တုဗုံးတွေက အပူပေးတဲ့အခါ ခလုတ်နဲ့ထိန်းချုပ်ဖို့ခက်တယ်၊ ချိန်ကိုက်တာပဲဖြစ်ဖြစ်၊ ထိန်းချုပ်တာပဲဖြစ်ဖြစ် လျှပ်စစ်ထိန်းချုပ်ထားတဲ့ အူတိုင်လိုတယ် "

" ဒါပြဿနာမဟုတ်ဘူး၊ ဓာတုဗုံးတွေက ဓာတ်ပြုဖို့လိုတယ်၊ တစ်ချို့ဓာတ်ပြုမှုက အချိန်လိုတယ်၊ တစ်ချို့ဓာတ်ပြုမှုက ဖိအား၊ အပူချိန်နဲ့ စိုထိုင်းမှု လိုတယ်၊ Nitrogen trichloride က ပေါက်ကွဲပစ္စည်းအနေနဲ့သုံးတယ်၊ ပေါက်ကွဲချိန်ဆွဲတာနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ အနည်းဆုံး ထင်မြင်ချက်လေးခုလောက်ရှိတယ် "

ရန်ရိ ကျစ် ကျစ် နှစ်ခါစုပ်သတ်လိုက်ပြီး

" မင်းကနည်းနည်း အန္တရာယ်များတာပဲ "

ကုံးရင့်ရှန်က တခစ်ခစ်ရယ်သည်။

" ဟုတ်တယ်၊ အဲ့တာကြောင့် ကျွန်တော့်ကို ဒေါသထွက်အောင်မလုပ်နဲ့ "

" ဘယ်မှာလုပ်ရဲလို့လဲ "

ကုံးရင့်ရှန် ရန်ရိကို ချီရှောင်းဆိုတဲ့သူနဲ့ သူငယ်ချင်းမလုပ်တော့ရင် သူလည်း ဒေါသထွက်တာရပ်နိုင်မယ်ဆိုတဲ့အကြောင်း ပြောချင်သည်။ သို့သော် သူမပြောနိုင်၊ အဲ့တာက တကယ်ကိုနုံအပြီး အခုကအချိန်မကျသေးပေ။ သူရေဘူးကို ဘေးပို့လိုက်ပြီး

" ရှေ့ဆက်ကြည့်ရအောင် "

ရန်ရိ တွန့်ဆုတ်ပြီး ပြောလိုက်သည်။

" ရင့်ရှန်၊ ရှေ့ဆက်သွားရင် မင်းမီးမြင်ရတော့မယ်၊ ပြီးတော့ တစ်ခန်းလုံး မီးလောင်နေတာ "

ကုံးရင့်ရှန် အမှောင်ထုထဲမှာ လင်းလက်နေတဲ့ ရန်ရိမျက်လုံးတွေကို ကြည့်လိုက်ရင်း

" ကျွန်တော်သိတယ် "

" ပြီးတော့ အဲ့တာကအရမ်းပူတယ်၊ မင်းမလေ့ကျင့်ခဲ့ဘူးတော့ ဒီလိုအပူချိန်မျိုးကို ခံနိုင်မှာမဟုတ်ဘူး "

" သိတယ်၊ ကျွန်တော်ပြန်မသွားဘူး "

ကုံးရင့်ရှန်မျက်လုံးများက ဆုံးဖြတ်ချက်ခိုင်မာနေသည်။

" အဲ့တာအပြင် ခင်များက မီးသတ်သမား မဟုတ်ဘူးလား၊ ခင်များဒီမှာရှိတာပဲ...."

သူ့မျက်တောင်တွေ အနည်းငယ်လှုပ်ခတ်သွားပြီး၊ ‌နူးနူးညံ့ညံ့ပြောလိုက်သည်။

" မီးက အရမ်းကြောက်ဖို့ မကောင်းပါဘူး "

ရန်ရိနှလုံးသား တဟုန်ထိုးလှုပ်ခတ်သွားပြီး၊ သူ့အချစ်လေးရဲ့ယုံကြည်မှုထက်ပိုပြီး အားအင်ဖြစ်စရာဘာမှမရှိတော့ပေ။ သူအကြီးကြီးပြုံးလိုက်ရင်း

" ဟုတ်တယ်၊ ငါကမီးသတ်သမားပဲ၊ ငါနဲ့ဆို မင်းကို ဘယ်မီးမှမထိခိုက်နိုင်ဘူး "

ကုံးရင့်ရှန်လည်း ပြုံးလိုက်သည်။ သူမကြောက်တာမဟုတ်၊ ပြီးတော့ မီးအပူချိန်ကို အဝေးကနေသတိထားမိသည်။ သူတုန်တောင်တုန်ယင်နေပြီ၊ ဒါပေမယ့် ရန်ရိရဲ့ဖြစ်တည်မှုက သူမီးကိုမျက်နှာချင်းဆိုင်ဖို့ အားအင်အကြီးကြီးပေးသည်။ သူတစ်ဘဝလုံး ဒီအိပ်မက်ဆိုးကြီးကို ကျော်လွှားနိုင်ဖို့ မျှော်လင့်ခဲ့ပြီး ရန်ရိတစ်ဦးတည်းကပဲ သူ့အဲ့လိုလုပ်ဖို့ ကူညီနိုင်တယ်ဆိုတာ တွေ့ခဲ့ရသည်။

ရန်ရိ ခရီးဆောင်မီးသတ်ဆေးဘူးထုတ်ပြီး အကာကွယ်ဘားကိုဖွင့်ကာ တွားသွားရင်းနဲ့ အနီးဆုံးကမီးတောက်မီးပွားတွေကို ဖြန်းလိုက်သည်။ မီးသတ်ဆေးဘူးက မီးမငြိမ်းနိုင်ပေမယ့်လည်း သူတို့အနီးတစ်ဝိုက်က အပူချိန်ကိုတော့ လျှော့ချပေးနိုင်သည်။

အပူချိန်လှိုင်းက သူတို့နှစ်ယောက်ရဲ့အသားရည်တွေကို အပူလောင်ပြီး မီးဟပ်ခံရတဲ့နာကျင်မှုက နောက်တွန့်စေကာ ခန္ဓာကိုယ်တွေ အကင်ခံလိုက်ရသလိုဖြစ်ပြီး မျက်လုံးတွေဖွင့်ဖို့တောင် ခက်ခဲလှသည်။

ရန်ရိက သာမန်လူတွေထက် အများကြီးပိုအပူဒဏ်ခံနိုင်ဖို့ လေ့ကျင့်ခဲ့ရပြီး ကုံးရင့်ရှန်ကတော့ အပူလောင်လို့ ခေါင်းတောင်မဖော်နိုင်ပေ။ ပထမအချက်က သူ့မျက်နှာမပြချင်လို့၊ ပြီးတော့ ဒုတိယအချက်က သူမီးကို တိုက်ရိုက်မကြည့်ရဲတာမို့။

ရန်ရိ ကုံးရင့်ရှန်ရှေ့မှာ ကာရပ်ပေးလိုက်ပြီး အသက်တစ်အောင့်စာအတွင်း မီးသတ်ဘူးအနည်းငယ်ကုန်အောင် ဖြန်းလိုက်သည်။ ‌နောက် အပူချိန်နည်းနည်းကျသွားတော့ သူတို့ရှေ့ဆက်တိုးလို့ရသွားသည်။

ကုံးရင့်ရှန်ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းမှာ အပူလောင်တဲ့နာကျင်မှုနဲ့ အကြောက်တရားတွေ ပြည့်နှက်နေပြီး ဒီအချိန်တစ်စက္ကန့်တိုင်းက တစ်နှစ်လိုပင်။ သူပြန်ဆုတ်ချင်တဲ့ဆန္ဒကို အတင်းဖိနှိပ်ထားရင်း အံကြိတ်ကာ အနီးနားက သံသယဖြစ်စရာပစ္စည်းတွေ အကုန်လုံးစုဆောင်းသည်။ ပေါက်ကွဲမှုဗဟိုချက်နဲ့လည်းနီးရော သူအကြွင်းအကျန်တွေ အများကြီးရှာတွေ့၏။

လောင်မြိုက်ခြင်းက အောက်ဆီဂျင်အများအပြားကို တိုက်စားပြီး ရန်ရိအသက်ရှူရတာ ပိုခက်ခဲလာသလို ခံစားရတော့ သူတိုးတိုးပြောလိုက်သည်။

" ရင့်ရှန်၊ ငါတို့ပြန်သင့်တယ်၊ အောက်ဆီဂျင် ပိုပိုပါးလာပြီ "

" ...အိုကေ "

ကုံးရင့်ရှန် တောင့်မခံနိုင်တော့ပေ။

ကျဉ်းကျပ်တဲ့နေရာနဲ့ ကိုယ်လှည့်ဖို့အဆင်မပြေမှုကြောင့် သူတို့နောက်ဆုတ်ရင်းသာ ပြန်သွားနိုင်သည်။

အဝေးကနေ သူတို့နောက်မှာ တစ်ယောက်ယောက်စကားပြောသံ ကြားလိုက်ရပြီး အများစုက လင်မယားနှစ်ယောက်ကိုကယ်ဖို့ဖြစ်သည်။

နည်းလမ်းအများကြီး ပိတ်ပင်ခံထားရတော့ ကယ်ဆယ်ရေးအထမြောက်ဖို့ ရန်ရိ လေကူရှင်တစ်ခုသုံးဖို့ အကြံပေးခဲ့သည်။ လေလျှော့ထားတဲ့လေကူရှင်ကို လပ်နေတဲ့ကြားထည့်ပြီး အရည်ဖိအားသုံးလေထိုးမည်။ ထောက်ကန်ထားတဲ့လေကူရှင်က အဖိခံထားရတဲ့သူနေရာ အစားထိုးနိုင်သည်။ ဒီနည်းလမ်းအတိုင်းဆို အပေါ်ပိုင်းတည်ဆောက်ပုံကို တတ်နိုင်သမျှမထိအောင် သေချာစေပြီး၊ လူကိုလည်း ကယ်ထုတ်နိုင်မည်။

သေချာ‌တာပေါ့၊ ဒါက အပြီးပြည့်စုံဆုံးအနေအထားပဲ။

တကယ်တမ်းမှာတော့ သူတို့ မီး‌နားကဝေးဝေးရောက်တာနဲ့ ဖုန်မှုန့်တွေ၊ ကျောက်စရစ်တွေ ရွာသွန်းလာခြင်းနှင့်အတူ ခေါင်းပေါ်က ထူးထူးဆန်းဆန်းအသံတွေ ကြားလိုက်ရသည်။

ရန်ရိ ရင်ထဲအေးစိမ့်သွားပြီး

" မြန်မြန် ပြန်ဆုတ်! "

သူတို့နှစ်ယောက်လုံး အားအင်အကုန်သုံးကာ မြန်မြန်တွားပြီး နောက်ဆုတ်ဖို့လုပ်ပေမယ့် သူတို့တွားဆုတ်ပြီး သိပ်မကြာခင်မှာပဲ ပတ်ဝန်းကျင်ဧရိယာ စတင်လှုပ်ခတ်လာရင်း ကျောက်တုံးအကြီးအသေးတွေ ရှေ့ဆင့်နောက်ဆင့် ပြိုကျလာ၏။

ကုံးရင့်ရှန်ခန္ဓာကိုယ် ရန်ရိဆီပြေးကပ်ပြီး ‌နံရံအစွန်းကို သူနဲ့အတူလှိမ့်ချသွားရင်း ရန်ရိကို သူ့အောက်ဖိကပ်ထားလိုက်သည်။

" ရင့်ရှန်! "

ရန်ရိ ကုန်းထဖို့ရုန်းကန်ပေမယ့် ကုံးရင့်ရှန်က သူ့ကိုယ်အလေးချိန်နဲ့ အတင်းဖိကပ်ထားပြီး ရန်ရိကို သူ့အောက်မှာကာကွယ်ပေးထားသည်။

ပြိုကျလာတဲ့ ကျောက်တုံးတစ်တုံး ကုံးရင့်ရှန်ကျောပြင်ကို ‌ထိသွားပြီး သူနှာခေါင်းရှုံ့ကာ မျက်လုံးတွေက နာကျင်မှုဖြင့် ဝေဝါးနေပေမယ့် နည်းနည်းလေးတောင်မရွေ့ဘဲ ရန်ရိနားဆီကပ်ကာ အသံခပ်တိုးတိုးနဲ့ပြောလိုက်သည်။

" မကြောက်နဲ့ "

ရန်ရိ ကုံးရင့်ရှန်ဖိထားတာကြောင့် မလှုပ်နိုင်ဘဲ ရင်ထဲသေမတတ်ခံစားရကာ မျက်လုံးထဲမှာ မျက်ရည်စတွေ လှိမ့်တက်လာတော့၏။

သူတို့ ဒီမှာသေတော့မှာလား? မဖြစ်ဘူး၊ သူကုံးရင့်ရှန်ကို ခေါ်သွင်းလာခဲ့တာ၊ သေမယ်ဆိုလည်း သူပဲသေသင့်တယ်၊ ကုံးရင့်ရှန်တော့ ဒီမှာသေလို့မရဘူး!

========

Notes

1. Ammonium salt

2. Sodium dichloroisocyan urate -

Sodium dichloroisocyanurate သည်သန့်ရှင်းရေးနှင့်ပိုးသတ်ဆေးအဖြစ်တွင်ကျယ်စွာသုံးသောဓာတုဒြပ်ပေါင်းတစ်ခုဖြစ်သည်။ ၎င်းသည်အရောင်မဲ့၊ ရေတွင်ပျော်ဝင်နိုင်သောအစိုင်အခဲဖြစ်ပြီး cyanuric acid နှင့်ကလိုရင်းတို့၏တုံ့ပြန်မှုကြောင့်ထုတ်လုပ်သည်။ ( ပျင်းလို့ ဂလူးဂလဲက ကူးချတာ )

3. Urea - Urea က နို့တိုက်သတ္တဝါအားလုံးနဲ့ ငါးအချို့မှာပါရှိတဲ့ ပရိုတင်းအစာခြေပြိုကွဲမှုရဲ့ အဓိကနိုက်ထရိုဂျင်နဲ့ သတ္တုဓာတ်တစ်မျိုးပါဝင်တဲ့ နောက်ဆုံးကုန်ထွက်ပစ္စည်းဖြစ်သည်။ ပစ္စည်းတွေက နို့တိုက်သတ္တဝါတွေအားလုံးရဲ့ ဆီးမှာသာဖြစ်ပွားခြင်းမဟုတ်ဘဲ သွေး၊ သည်းခြေ၊ နို့ရည်၊ ချွေးတွေထဲမှာလည်း ဖြစ်သွားတတ်သည်။ ထို့နောက် urea က ကျောက်ကပ်မှတစ်ဆင့် တဖြည်းဖြည်းချင်း ဆီးထဲ၌စွန့်ပစ်သည်။ [ ဂူဂဲဆန်က သောက်တလွဲတွေရေးနေလို့ ကိုယ့်ဘာသာဘာသာပြန်လိုက်ရတယ်၊ ပျင်းပါတယ်ဆို ]

Arrrrr spicy~

========

Mon, Aug 30, 2021

{ ZAWGYI }

စြန္းတင့္ရိက အသက္ကယ္ႀကိဳးထုတ္လိုက္ၿပီး

" ေခါင္းေဆာင္၊ ႀကိဳးခ်ည္သြားဦး "

" အိုေက "

ရန္ရိ ႀကိဳးအစြန္တစ္ဖက္ကို စြန္းတင့္ရိလက္ထဲထားရင္း သူတို႔ႏွစ္ေယာက္ကို ႀကိဳးနဲ႔ခ်ည္လိုက္သည္။

" မင္းကိုယ္ေပၚက မီးသတ္ေဆးဘူးေတြအကုန္ ငါတို႔ကိုေပး "

သူတို႔ ခရီးေဆာင္မီးသတ္ေဆးဘူးေတြပဲ ယူလာခဲ့ေပမယ့္ အေရးၾကဳံတဲ့အခ်ိန္ ဘာမွမ႐ွိတာထက္စာရင္ေတာ့ ေသခ်ာေပါက္ပိုေကာင္းသည္။

ရန္ရိ အပ်က္အစီးအတိမ္အနက္ကို လွမ္းၾကည့္လိုက္ၿပီး အနည္းငယ္ေ႐ွာ့ရသြားသည္။ ဘယ္အခ်ိန္မွာမဆို ဒုတိယအႀကိမ္ၿပိဳက်မႈျဖစ္မယ့္ အႏၲရာယ္႐ွိၿပီး သူတို႔လွမ္းလိုက္တဲ့ ေျခလွမ္းတိုင္းက သူတို႔ကို ေသမင္းဆီဆြဲေခၚသြားမွာလည္း ျဖစ္ေလာက္သည္။

အႏၲရာယ္ကိုသိေပမယ့္ ဘယ္ေတာ့မွျပန္လွည့္လို႔မရတာက မီးသတ္သမားဆိုသူပင္။

ရန္ရိနဲ႔ကုံးရင့္႐ွန္ အခ်င္းခ်င္းၾကည့္လိုက္ၾကၿပီး

" သြားမယ္ "

ကုံးရင့္႐ွန္ကသူ႕ကို တည္ၿငိမ္ၿပီး အေၾကာက္တရားကင္းတဲ့ အၾကည့္မ်ိဳး ျပန္ေပးလာသည္။

ရန္ရိေခါင္းလွည့္ကာ ေ႐ွ႕သို႔တြားသြားလိုက္၏။ ဒီကေန ေပါက္ကြဲဗဟိုခ်က္ေရာက္ဖို႔ မီတာဒါဇင္ေလာက္သာ ေဝးေတာ့သည္။ အျခားေန႔ေတြမွာ ေျခလွမ္းအနည္းငယ္ပဲ လွမ္းရေပမယ့္ အခုခ်ိန္မွာေတာ့ သူတို႔႐ုန္းကန္ေနရသည္။ ဆူးေျငာင့္ခလုတ္မ်ားတဲ့ အပ်က္အစီးပုံထဲမွာ ေနာက္ေျခလွမ္းဖို႔ကို စဥ္ဆက္မျပတ္႐ွာေဖြေနရၿပီး အၿပိဳအပ်က္ေတြကို ေထာက္ခံထားတဲ့ပုံစံ တည္ၿငိမ္လား မၿငိမ္လားဆိုတာသိဖို႔ တစ္ခ်ိန္လုံး သူတို႔ေခါင္းအေပၚပိုင္းကို အာ႐ုံစိုက္ထားရသည္။

တြားသြားရင္း ရန္ရိေအာ္လိုက္၏။

" တစ္ေယာက္ေယာက္႐ွိလား? မီးသတ္သမားပါ၊ တစ္ေယာက္ေယာက္႐ွိလား၊ ကြၽန္ေတာ္ ကတိေပးတယ္၊ မီးသတ္သမားပါ----"

သူပိုၿပီးတြားသြားေလေလ မီးေတာက္ပိုျပင္းလာေလေလပင္။ ရန္ရိရင္းႏွီးတဲ့ တဖ်စ္ဖ်စ္တေျဖာက္ေျဖာက္ မီးေလာင္သံေတြကိုေတာင္ ၾကားလာရၿပီး၊ ေလထုအပူခ်ိန္ကလည္း သိသိသာသာ ျမင့္တက္လာေလၿပီ။

" တစ္ေယာက္ေယာက္႐ွိလား? ထြက္ခဲ့ပါ....."

" ႐ွဴး "

ကုံးရင့္႐ွန္ ႐ုတ္တရက္ေျပာလာသည္။

" တိတ္တိတ္ေန "

ႏွစ္ေယာက္လုံး အသံတိတ္သြားၾကၿပီး အသက္ေတာင္ရဲရဲ မ႐ွဴရဲဘဲ နားေထာင္ေနလိုက္ၾကသည္။

ခပ္တိုးတိုးငိုညည္းသံတစ္ခု သူ႕နားထဲဝင္ေရာက္လာ၏။

" ဒီဘက္မွာ "

ရန္ရိ အသံလာရာဆီ တြားသြားလိုက္ၿပီး နံရံေအာက္မွာ အခ်င္းခ်င္းဖက္ထားၾကတဲ့ လူႏွစ္ေယာက္ကိုေတြ႕လိုက္ရရင္း၊ ထိုသူႏွစ္ေယာက္က လင္မယားျဖစ္ဟန္ေပၚသည္။

" ကယ္ပါ၊ ကယ္ေပးပါ....."

သူမအမ်ိဳးသားမ်က္ႏွာက ဖုန္ေတြနဲ႔ကာေနၿပီး ညစ္ပတ္ေျခာက္ေသြ႕ေနေသာ မ်က္ရည္စီးေၾကာင္းႏွစ္ခု ႐ွိေနသည္။

သူမအမ်ိဳးသားက ဒဏ္ရာအနည္းငယ္ပဲရထားၿပီး ညႇပ္မိမေနေပမယ့္ သူဖက္ထားတဲ့အမ်ိဳးသမီးကေတာ့ ေက်ာက္တုံးေအာက္မွာ ကိုယ္တစ္ဝက္ပိေနေၾကာင္း ရန္ရိသိလိုက္ရသည္။

" သူဘယ္လိုလဲ? "

ရန္ရိ သူတို႔ႏွစ္ေယာက္ဆီသြားၿပီး သူ႕မိန္းမလည္း သတိ႐ွိေသးတာ ေတြ႕ရေပမယ့္ သူမႏႈတ္ခမ္းေတြက ေသြးစုတ္ေနၿပီး ေသြးဆုံး႐ႈံးမႈျမင့္မားျခင္းေၾကာင့္ ဆိုတာသိသာသည္။ ၿပီးေတာ့ ပိုဆိုး႐ြားေစတာက သူမဝမ္းဗိုက္ ျပဴထြက္ေနတာကို ျမင္လိုက္ရျခင္းပင္။

" သူ႕ေျခေထာက္ေတြ ဖိမိထားတယ္၊ ငါ့မိန္းမကို ကယ္ေပးပါ၊ သူ႕မွာ ကိုယ္ဝန္႐ွိတယ္ "

ေယာက်္ားက ငိုယိုၿပီး

" ငါ ဒီေက်ာက္တုံးကို မ,မႏိုင္ဘူး "

ရန္ရိ အသံခပ္တိုးတိုးနဲ႔ ႏွစ္သိမ့္လိုက္သည္။

" မစိုးရိမ္ပါနဲ႔၊ ကြၽန္ေတာ့္ကို ျပၾကည့္ပါဦး "

ကုံးရင့္႐ွန္က အမ်ိဳးသမီးလက္ေကာက္ဝတ္ကို ယူကာ ေသြးေၾကာစမ္းၾကည့္လိုက္သည္။ ေသြးခုန္ႏႈန္းအရမ္းအားနည္းေနၿပီးျဖစ္၍ ရန္ရိကို တိတ္တဆိတ္သာ ေခါင္းခါျပလိုက္သည္။

ရန္ရိ ထိုသူမိန္းမကိုဖိထားတဲ့ ေက်ာက္တုံးကိုၾကည့္လိုက္ေတာ့ ေယာက်္ားႀကီး ငါးေယာက္၊ေျခာက္ေယာက္ေလာက္ မ,မွ ျဖစ္ႏိုင္ေၾကာင္း ေဖာ္ျပေနသည္။ အေလးခ်ိန္ျပႆနာတင္မဟုတ္ဘဲ၊ ေက်ာက္တုံးအစြန္းက ရက္မခံတာကို ေထာက္ပံ့ထားသည္။ ေ႐ြ႕သြားတာနဲ႔ ဘာအက်ိဳးဆက္ေတြ ျဖစ္လာမယ္မသိ။ သူ႕နဖူးကေခြၽးေတြကို သုတ္လိုက္ၿပီး

" ဆရာ၊ ဒီေက်ာက္တုံးက အရမ္းေလးတယ္၊ ကြၽန္ေတာ္တို႔မေ႐ႊ႕ႏိုင္ဘူး၊ ကြၽန္ေတာ္တို႔ေ႐ႊ႕လိုက္ရင္ေတာင္ အရမ္းအႏၲရာယ္မ်ားတယ္၊ ကြၽန္ေတာ္တို႔ကို ပိက်လာေလာက္တယ္၊ ဆရာ ကြၽန္ေတာ္တို႔နဲ႔အရင္လိုက္ခဲ့ၿပီး အျပင္ေရာက္မွ ေနာက္ဆက္တြဲ....."

" မရဘူး "

အမ်ိဳးသားက သူ႕မိန္းမကို တင္းတင္းၾကပ္ၾကပ္ သိုင္းဖက္ထားရင္း

" ငါသူ႕ကို ဒီမွာတစ္ေယာက္တည္း မထားခဲ့ႏိုင္ဘူး "

မိန္းမက တိုးတိုးေျပာလာသည္။

" ေယာက်္ား၊ ႐ွင္သြားပါ၊ ကြၽန္မ....ကြၽန္မ ဆက္မေတာင့္ခံႏိုင္ေတာ့ဘူး "

" ကိုယ္မသြားဘူး "

ေယာက်္ားက ေခါင္းခါၿပီး ဆို႔နင့္သြားလ်က္။

" ငါမသြားဘူး၊ သူ၊ သူအေမွာင္ေၾကာက္တတ္တယ္၊ သူ႕ကို ဒီမွာထားမသြားႏိုင္ဘူး၊ သူ႕မွာ ငါတို႔ကေလးေလး ႐ွိေသးတယ္ "

ရန္ရိ ေလးနက္တည္ၿငိမ္စြာ ေျပာလိုက္သည္။

" ညီကို ေ႐ွ႕မွာမီး႐ွိတယ္၊ ဒီကိုလည္း မၾကာခင္ ကူးလာေလာက္တယ္၊ ေလထုကလည္း ပိုၿပီးပါးလာၿပီ၊ မင္းဒီမွာေနဖို႔ အရမ္းအႏၲရာယ္မ်ားတယ္၊ မင္းမိန္းမကို မကူညီႏိုင္႐ုံတင္မကဘူး၊ မင္းဘဝလည္း အႏၲရာယ္ျဖစ္သြားရလိမ့္မယ္ "

" ငါသြားမွာမဟုတ္ဘူး "

‌ေယာက်္ားက ေခါင္းဆက္ခါေနဆဲျဖစ္ၿပီး

" သူအေမွာင္ေၾကာက္တယ္၊ ငါမသြားႏိုင္ဘူး၊ ေသမယ္ဆိုလည္း ငါတို႔မိသားစုေတြ အတူေသမယ္ "

" သြားပါ႐ွင္...."

မိန္းမက ငို၏။

" ေယာက်္ား သြားပါေတာ့၊ ကြၽန္မ မေၾကာက္ပါဘူး၊ ကြၽန္မ ကြၽန္မ ဆက္မလုပ္ႏိုင္ေတာ့ဘူး၊ ကြၽန္မနဲ႔အတူ လိုက္မေသေပးပါနဲ႔၊ ေက်း‌ဇူးျပဳၿပီး၊ ေက်းဇူးျပဳၿပီး ျမန္ျမန္သြားပါေတာ့ "

သူဘယ္‌လိုပဲ ေဖ်ာင္းဖ်ေဖ်ာင္းဖ်၊ ေယာက်္ားျဖစ္သူကေတာ့ ထြက္သြားဖို႔ ဆႏၵမ႐ွိဘဲ လင္မယားႏွစ္ေယာက္ အခ်င္းခ်င္းဖက္ကာ ငိုေႂကြးၾကရင္း အလြန္ဝမ္းနည္းစရာေကာင္းေနသည္။

ရန္ရိ သက္ျပင္းခ်လိုက္ၿပီး ပတ္ဝန္းက်င္ ေသေသခ်ာခ်ာေလ့လာၾကည့္ရင္း လူေတြကယ္ဖို႔ နည္းလမ္းစဥ္းစားကာ အင္တာကြန္းကို ႏွိပ္လိုက္သည္။

" ပိတ္မိေနတဲ့ လင္မယားႏွစ္ေယာက္ေတြ႕တယ္၊ ပိေနတဲ့သူက လႈပ္လို႔မရဘူး၊ ပထမအခ်က္က အရမ္းေလးလို႔၊ ေနာက္တစ္ခ်က္က ဒုတိယအႀကိမ္ ျပန္ၿပိဳက်လာႏိုင္တယ္ "

ခ်န္းေ႐ွာင္ေဖး ေျပာလာသည္။

" ျဖတ္လို႔ရႏိုင္လား? "

" ျဖတ္တဲ့အခါ တုန္ခါမႈအရမ္းျမင့္တယ္၊ ၿပိဳပ်က္က်လာႏိုင္တယ္ "

ခ်န္းေ႐ွာင္ေဖး ခဏတိတ္ဆိတ္သြားၿပီး

" ‌ကိုယ္အဂၤါ ျဖတ္ေတာက္ကုသတာေရာ? "

" သူ႕မွာကိုယ္ဝန္႐ွိလို႔ မခံႏိုင္ဘူး၊ အခုေတာ့ ေလကူ႐ွင္နဲ႔ပဲ ႀကိဳးစားၾကည့္ဖို႔ က်န္ေတာ့တယ္ "

" ေလကူ႐ွင္ကလည္း ၿပိဳက်ေစႏိုင္တယ္ေလ "

ဝမ္းမုန္ေျပာလာသည္။

" ဒုတိယထပ္က အေပၚႏွစ္ထပ္ရဲ႕ဖိအားခံေနရတာ၊ ၿပီးေတာ့ မီးလည္းေလာင္ေနေသးတယ္၊ တည္ေဆာက္ပုံမေ႐ြ႕ေစနဲ႔ "

" အစားထိုးတဲ့ေနရာမွာ သတိထားသေ႐ြ႕ေတာ့ တည္ေဆာက္ပုံကိုမထိဘဲ လူေတြကယ္ႏိုင္ေလာက္တယ္ "

ရန္ရိအံႀကိတ္ၿပီး

" ‌အႀကီးအကဲခ်န္း သူေသရေတာ့မွာ၊ ကြၽန္ေတာ္တို႔ ႀကိဳးစားၾကည့္ရမယ္ "

ခ်န္းေ႐ွာင္ေဖးက ေနာက္ဆုံးအဆုံးအျဖတ္‌ေပးလာသည္။

" ကယ္ဆယ္ဖို႔ ခ်က္ခ်င္းျပင္ဆင္လိုက္ "

ရန္ရိ သူ႕အိတ္ကပ္ထဲမွာ သိပ္ထည့္ထားတဲ့ ဘီစကြတ္ေတြနဲ႔ ေရဘူးကို ထုတ္လိုက္ၿပီး

" မင္းမိန္းမကို တစ္ခုခုေကြၽးၿပီး အားအင္႐ွိေအာင္ လုပ္ေပးလိုက္ပါ၊ သူမအိပ္ေပ်ာ္မသြားေစနဲ႔၊ မင္းတို႔ကို မၾကာခင္ တစ္ေယာက္ေယာက္ လာကယ္လိမ့္မယ္၊ ကြၽန္ေတာ္တို႔ ေ႐ွ႕ဆက္သြားၾကည့္ဖို႔လိုတယ္ "

" ေက်းဇူး၊ ေက်းဇူးတင္ပါတယ္ "

ရန္ရိ ကုံးရင့္႐ွန္ကို ေျပာလိုက္သည္။

" ဆက္သြားရေအာင္ "

ႏွစ္ေယာက္သား ေ႐ွ႕ကိုစမ္းတဝါးဝါး သြားရသည္။

ကုံးရင့္႐ွန္ေျပာလာ၏။

" ခင္မ်ား ပိုပူလာသလိုခံစားရလား? "

" အင္း၊ မီးျပန္႔ေနၿပီ၊ ၿပီးေတာ့ မင္းခဏေလာက္ ေခ်ာေခ်ာခ်ဴခ်ဴ အသက္႐ွဴႏိုင္မွာမဟုတ္ဘူး "

ရန္ရိ ေျပာလိုက္သည္။

" ဒီဓာတ္ေငြ႕မ်က္ႏွာဖုံးက အဆိပ္ဓာတ္ေငြ႕ေတြကို စစ္ထုတ္ႏိုင္ေပမယ့္ ေအာက္ဆီဂ်င္ မထုတ္လႊတ္ႏိုင္ဘူး၊ ငါတို႔အၾကာႀကီး ေနလို႔မရဘူး "

ေ႐ွ႕မွာ ပိုလင္းလာတဲ့မီးကိုၾကည့္ၿပီး ကုံးရင့္႐ွန္ အသက္႐ွဴသြင္းလိုက္သည္။ မီးေၾကာက္တဲ့စိတ္ကပဲ သူ႕ကို ေသာကေရာက္ေစတာလား၊ ေလထုထဲက ေအာက္ဆီဂ်င္ ေလွ်ာ့က်သြားလို႔ပဲလား သူမသိ။ သူ႕ရင္ဘတ္ တင္းၾကပ္လာၿပီး အသက္႐ွဴရတာ ျပတ္ေတာင္းလာသလို စတင္ခံစားလာရသည္။

ရန္ရိ ေနာက္ဆုံးမေရာက္ခင္ အခန္းကိုတြားသြားေတာ့ ေလထုအပူခ်ိန္က မသက္မသာ‌ျဖစ္ရတဲ့အေျခအေနထိ ေရာက္လာလ်က္၊  သူ အႀကီးအက်ယ္ေခြၽးထြက္လာၿပီး ေနာက္ဆုံးေတာ့ မီးအရင္းခံကို ႐ွာေတြ႕ၿပီျဖစ္သည္။

" အႀကီးအကဲခ်န္း ကြၽန္ေတာ္တို႔ ေပါက္ကြဲတဲ့ေနရာေဘးကို ေရာက္ၿပီ၊ မီးအရင္းခံက လွ်ပ္စစ္အပူေပးစက္ပဲ၊ အေဆာက္အအုံေဟာင္းမွာ အပူ‌ေပးတာမလုံေလာက္လို႔ လူနာဘာသာ ထား,ထားတာျဖစ္မယ္၊ ပတ္ဝန္းက်င္က ခိုင္ခံ့တဲ့ဘိလပ္ေျမသားေတြဆိုေတာ့ အမ်ားႀကီးျပန္႔မသြားဘူး၊ ဒါေပမယ့္ အပူခ်ိန္လိႈင္းကေတာ့ အရမ္းျမင့္တယ္၊ အသက္႐ွင္ဖို႔မျဖစ္ႏိုင္ေလာက္ဘူး "

" အဲ့တာဆို အရမ္းေဝးေဝးမသြားနဲ႔၊ ငါတို႔အျပင္ကေန မီးသိသိသာသာ ပိုႀကီးလာတာ ျမင္လိုက္တယ္၊ ၿပီးေတာ့အခု ငါတို႔ ေရျဖန္းလို႔မရဘူး၊ ေအာက္တီဂ်င္ပမာဏကို သတိထားေပးပါ "

" ေပါက္ကြဲတဲ့အခန္းက လုံးလုံးၿပိဳက်သြားၿပီလား? "

ကုံးရင့္႐ွန္ေမးလာသည္။

" အျပင္ကေတာ့ ဟုတ္တယ္၊ အတြင္းဘက္ကေတာ့...."

ရန္ရိေျပာလိုက္သည္။

" ငါေသခ်ာမျမင္ရဘူး၊ ဒါေပမယ့္ လုံးဝပိတ္သြားေလာက္ၿပီ "

" ကြၽန္ေတာ္ ပိုအနားကပ္ခ်င္တယ္ "

ကုံးရင့္႐ွန္က လက္ေျမႇာက္ျပၿပီး

" ၾကည့္၊ ကြၽန္ေတာ္ တစ္ခု႐ွာေတြ႕ထားတယ္ "

" ဒါကဘာလဲ? "

ကုံးရင့္႐ွန္ ရန္ရိဘက္ကို ကုန္း႐ုန္းတက္လာေတာ့ သူတို႔ႏွစ္ေယာက္ ‌‌ေနရာလည္း က်ဥ္းက်ပ္သြားၿပီး တစ္ေယာက္ပခုံးတစ္ေယာက္ ထိခတ္မိသြားၾကသည္။

" ကြၽန္ေတာ့္ကို ေရနည္းနည္းေပး "

" မင္းအိတ္ကပ္ထဲမွာ ႐ွိတယ္ေလ၊ ငါ့ဟာက ဟိုလင္မယားကို ေပးလိုက္ၿပီ "

" ဘယ္နားမွာလဲ? "

ရန္ရိ ကုံးရင့္႐ွန္ခါးကို ကိုင္လိုက္ရင္း စိတ္ထဲမွာ အက်ိဳးအျမတ္လိုခ်င္စိတ္နဲ႔ အခြင့္အေရးကိုယူၿပီး ကုံးရင့္႐ွန္တင္ပါးကို ထိလိုက္သည္။ ၿပီးေတာ့မွ သူ႕အိတ္ကပ္ထဲကေန ေရဘူးထုတ္လိုက္၏။

ကုံးရင့္႐ွန္က သူ႕လက္ဖဝါးထဲကို ေရနည္းနည္းေလာင္းထည့္လိုက္ၿပီး အျဖဴေရာင္ပုံေဆာင္ခဲကို ထည့္လိုက္ေတာ့ ျမန္ျမန္အရည္ေပ်ာ္ဝင္သြားသည္။

" ဒါဘာလဲ? "

" အဲ့တာ ေရမွာေပ်ာ္ဝင္တယ္...."

ကုံးရင့္႐ွန္ ေျပာလာသည္။

" တကယ့္ကို အမိုနီယမ္ဆား ျဖစ္ႏိုင္တယ္ "

" အမိုနီယမ္ဆားက ဘာလဲ? "

ကုံးရင့္႐ွန္က အျဖဴေရာင္ပုံေဆာင္ခဲေလးကို ရန္ရိႏွာေခါင္းထိပ္ ထားေပးလိုက္ေတာ့ ရန္ရိႏွာေခါင္းထဲ ဆိုး႐ြားတဲ့အနံ႔တစ္မ်ိဳးဝင္လာၿပီး သူ ႐ုတ္ျခည္းဆိုသလို ေအာ့အန္ထြက္သြား၏။

" ဘာႀကီးလဲဟ၊ ခ်ီးနံ႔လိုပဲ "

" အမိုနီယမ္ဆား၊ အပူေပးလိုက္ရင္ အမိုးနီးယားဓာတ္ေငြ႕ ထုတ္ႏိုင္တယ္ "

ကုံးရင့္႐ွန္က ေရ႐ြတ္ေျပာလာသည္။

" အမိုးနီယမ္ဆား¹နဲ႔ sodium dichloroisocyanurate² ပါတဲ့ urea³ ကိုေရာစပ္လိုက္ရင္ nitrogen trichloride ထုတ္လုပ္ႏိုင္တယ္၊ ၿပီးေတာ့ အပူေပးတာနဲ႔ ေပါက္ကြဲလိမ့္မယ္၊ ေခါင္းေဆာင္ခ်ိဳးကို အင္တာကြန္းကေန ေျပာရေအာင္ "

[ T/n : အကုန္လုံးက အျဖဴေရာင္အမႈန္႔ေတြပဲ၊ ဂုဏ္သတၱိပဲကြဲသြားတာ၊ ‌‌အဆုံးမွာ ပုံျပေပးမယ္ ]

ရန္ရိ အင္တာကြန္းခလုတ္ႏွိပ္လိုက္ၿပီး

" ‌အႀကီးအကဲခ်န္း၊ ေခါင္းေဆာင္ခ်ိဳးကို လိုင္းခ်ိတ္ေပးပါဦး "

ကုံးရင့္႐ွန္ ခ်ိဳးယန္ကို ေျပာလိုက္ငည္။

" ယန္က်ဲ၊ တရားခံသုံးသြားတဲ့ဗုံးက ကလိုရင္းနဲ႔ အမိုးနီးယားလို အနံ႔ျပင္းတဲ့ ဓာတုပစၥည္းေတြပဲ၊ ဒီအနံ႔ေတြက ခဏေလာက္အနံ႔ျပယ္သြားဦးမွာ မဟုတ္ဘူး၊ ရဲေခြးေတြကို ႐ွာခိုင္းလိုက္ပါ၊ ထပ္ေျပာရရင္ လတ္တေလာ ဒါနဲ႔ပတ္သက္တဲ့ဓာတုပစၥည္း အေရာင္းအဝယ္မွတ္တမ္း႐ွိ၊မ႐ွိ စစ္ၾကည့္ေပး၊ ၿပီးေတာ့ အမိုနီယမ္ဆားေတြက လက္လီေရာင္းခ်ခြင့္မ႐ွိဘူး "

" သိၿပီ၊ ခ်က္ခ်င္း သြားစစ္ၾကည့္လိုက္မယ္ "

ခ်ိဳးယန္က စိုးရိမ္တႀကီးနဲ႔ ေျပာလာသည္။

" မင္းဘယ္အခ်ိန္ ထြက္လာမွာလဲ? မီးသတ္သမားတခ်ိဳ႕ ပစၥည္းတစ္ခုသယ္သြားၾကတာေတြ႕တယ္၊ အထဲမွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ႐ွိတယ္လို႔ေျပာတာပဲ "

" ဟုတ္တယ္၊ ကြၽန္ေတာ္တို႔ ခဏေနျပန္ထြက္လာမွာပါ၊ မစိုးရိမ္နဲ႔ "

" ဂ႐ုစိုက္ဦး "

" တရားခံက ခ်ိန္ကိုက္ဗုံးလုပ္တာလား? ခလုတ္နဲ႔ထိန္းခ်ဳပ္တဲ့ဗုံးလား? "

ရန္ရိ ေစ့ေစ့စပ္စပ္ေမးလိုက္သည္။

" ငါ ဓာတုဗုံးေတြ သေဘာတရားကို မ်ားမ်ားစားစားမသိေပမယ့္ ႐ုပ္ဝတၱဳဗုံးေတြ အေျခခံသေဘာတရားကိုေတာ့ သင္ခဲ့ရတယ္၊ ႐ုပ္ဝတၱဳဗုံးေတြက အပူေပးတဲ့အခါ ခလုတ္နဲ႔ထိန္းခ်ဳပ္ဖို႔ခက္တယ္၊ ခ်ိန္ကိုက္တာပဲျဖစ္ျဖစ္၊ ထိန္းခ်ဳပ္တာပဲျဖစ္ျဖစ္ လွ်ပ္စစ္ထိန္းခ်ဳပ္ထားတဲ့ အူတိုင္လိုတယ္ "

" ဒါျပႆနာမဟုတ္ဘူး၊ ဓာတုဗုံးေတြက ဓာတ္ျပဳဖို႔လိုတယ္၊ တစ္ခ်ိဳ႕ဓာတ္ျပဳမႈက အခ်ိန္လိုတယ္၊ တစ္ခ်ိဳ႕ဓာတ္ျပဳမႈက ဖိအား၊ အပူခ်ိန္နဲ႔ စိုထိုင္းမႈ လိုတယ္၊ Nitrogen trichloride က ေပါက္ကြဲပစၥည္းအေနနဲ႔သုံးတယ္၊ ေပါက္ကြဲခ်ိန္ဆြဲတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္မွာ အနည္းဆုံး ထင္ျမင္ခ်က္ေလးခုေလာက္႐ွိတယ္ "

ရန္ရိ က်စ္ က်စ္ ႏွစ္ခါစုပ္သတ္လိုက္ၿပီး

" မင္းကနည္းနည္း အႏၲရာယ္မ်ားတာပဲ "

ကုံးရင့္႐ွန္က တခစ္ခစ္ရယ္သည္။

" ဟုတ္တယ္၊ အဲ့တာေၾကာင့္ ကြၽန္ေတာ့္ကို ေဒါသထြက္ေအာင္မလုပ္နဲ႔ "

" ဘယ္မွာလုပ္ရဲလို႔လဲ "

ကုံးရင့္႐ွန္ ရန္ရိကို ခ်ီေ႐ွာင္းဆိုတဲ့သူနဲ႔ သူငယ္ခ်င္းမလုပ္ေတာ့ရင္ သူလည္း ေဒါသထြက္တာရပ္ႏိုင္မယ္ဆိုတဲ့အေၾကာင္း ေျပာခ်င္သည္။ သို႔ေသာ္ သူမေျပာႏိုင္၊ အဲ့တာက တကယ္ကိုႏုံအၿပီး အခုကအခ်ိန္မက်ေသးေပ။ သူေရဘူးကို ေဘးပို႔လိုက္ၿပီး

" ေ႐ွ႕ဆက္ၾကည့္ရေအာင္ "

ရန္ရိ တြန္႔ဆုတ္ၿပီး ေျပာလိုက္သည္။

" ရင့္႐ွန္၊ ေ႐ွ႕ဆက္သြားရင္ မင္းမီးျမင္ရေတာ့မယ္၊ ၿပီးေတာ့ တစ္ခန္းလုံး မီးေလာင္ေနတာ "

ကုံးရင့္႐ွန္ အေမွာင္ထုထဲမွာ လင္းလက္ေနတဲ့ ရန္ရိမ်က္လုံးေတြကို ၾကည့္လိုက္ရင္း

" ကြၽန္ေတာ္သိတယ္ "

" ၿပီးေတာ့ အဲ့တာကအရမ္းပူတယ္၊ မင္းမေလ့က်င့္ခဲ့ဘူးေတာ့ ဒီလိုအပူခ်ိန္မ်ိဳးကို ခံႏိုင္မွာမဟုတ္ဘူး "

" သိတယ္၊ ကြၽန္ေတာ္ျပန္မသြားဘူး "

ကုံးရင့္႐ွန္မ်က္လုံးမ်ားက ဆုံးျဖတ္ခ်က္ခိုင္မာေနသည္။

" အဲ့တာအျပင္ ခင္မ်ားက မီးသတ္သမား မဟုတ္ဘူးလား၊ ခင္မ်ားဒီမွာ႐ွိတာပဲ...."

သူ႕မ်က္ေတာင္ေတြ အနည္းငယ္လႈပ္ခတ္သြားၿပီး၊ ‌ႏူးႏူးညံ့ညံ့ေျပာလိုက္သည္။

" မီးက အရမ္းေၾကာက္ဖို႔ မေကာင္းပါဘူး "

ရန္ရိႏွလုံးသား တဟုန္ထိုးလႈပ္ခတ္သြားၿပီး၊ သူ႕အခ်စ္ေလးရဲ႕ယုံၾကည္မႈထက္ပိုၿပီး အားအင္ျဖစ္စရာဘာမွမ႐ွိေတာ့ေပ။ သူအႀကီးႀကီးျပဳံးလိုက္ရင္း

" ဟုတ္တယ္၊ ငါကမီးသတ္သမားပဲ၊ ငါနဲ႔ဆို မင္းကို ဘယ္မီးမွမထိခိုက္ႏိုင္ဘူး "

ကုံးရင့္႐ွန္လည္း ျပဳံးလိုက္သည္။ သူမေၾကာက္တာမဟုတ္၊ ၿပီးေတာ့ မီးအပူခ်ိန္ကို အေဝးကေနသတိထားမိသည္။ သူတုန္ေတာင္တုန္ယင္ေနၿပီ၊ ဒါေပမယ့္ ရန္ရိရဲ႕ျဖစ္တည္မႈက သူမီးကိုမ်က္ႏွာခ်င္းဆိုင္ဖို႔ အားအင္အႀကီးႀကီးေပးသည္။ သူတစ္ဘဝလုံး ဒီအိပ္မက္ဆိုးႀကီးကို ေက်ာ္လႊားႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ၿပီး ရန္ရိတစ္ဦးတည္းကပဲ သူ႕အဲ့လိုလုပ္ဖို႔ ကူညီႏိုင္တယ္ဆိုတာ ေတြ႕ခဲ့ရသည္။

ရန္ရိ ခရီးေဆာင္မီးသတ္ေဆးဘူးထုတ္ၿပီး အကာကြယ္ဘားကိုဖြင့္ကာ တြားသြားရင္းနဲ႔ အနီးဆုံးကမီးေတာက္မီးပြားေတြကို ျဖန္းလိုက္သည္။ မီးသတ္ေဆးဘူးက မီးမၿငိမ္းႏိုင္ေပမယ့္လည္း သူတို႔အနီးတစ္ဝိုက္က အပူခ်ိန္ကိုေတာ့ ေလွ်ာ့ခ်ေပးႏိုင္သည္။

အပူခ်ိန္လိႈင္းက သူတို႔ႏွစ္ေယာက္ရဲ႕အသားရည္ေတြကို အပူေလာင္ၿပီး မီးဟပ္ခံရတဲ့နာက်င္မႈက ေနာက္တြန္႔ေစကာ ခႏၶာကိုယ္ေတြ အကင္ခံလိုက္ရသလိုျဖစ္ၿပီး မ်က္လုံးေတြဖြင့္ဖို႔ေတာင္ ခက္ခဲလွသည္။

ရန္ရိက သာမန္လူေတြထက္ အမ်ားႀကီးပိုအပူဒဏ္ခံႏိုင္ဖို႔ ေလ့က်င့္ခဲ့ရၿပီး ကုံးရင့္႐ွန္ကေတာ့ အပူေလာင္လို႔ ေခါင္းေတာင္မေဖာ္ႏိုင္ေပ။ ပထမအခ်က္က သူ႕မ်က္ႏွာမျပခ်င္လို႔၊ ၿပီးေတာ့ ဒုတိယအခ်က္က သူမီးကို တိုက္႐ိုက္မၾကည့္ရဲတာမို႔။

ရန္ရိ ကုံးရင့္႐ွန္ေ႐ွ႕မွာ ကာရပ္ေပးလိုက္ၿပီး အသက္တစ္ေအာင့္စာအတြင္း မီးသတ္ဘူးအနည္းငယ္ကုန္ေအာင္ ျဖန္းလိုက္သည္။ ‌ေနာက္ အပူခ်ိန္နည္းနည္းက်သြားေတာ့ သူတို႔ေ႐ွ႕ဆက္တိုးလို႔ရသြားသည္။

ကုံးရင့္႐ွန္ခႏၶာကိုယ္ရဲ႕ ဆဲလ္တိုင္းမွာ အပူေလာင္တဲ့နာက်င္မႈနဲ႔ အေၾကာက္တရားေတြ ျပည့္ႏွက္ေနၿပီး ဒီအခ်ိန္တစ္စကၠန္႔တိုင္းက တစ္ႏွစ္လိုပင္။ သူျပန္ဆုတ္ခ်င္တဲ့ဆႏၵကို အတင္းဖိႏွိပ္ထားရင္း အံႀကိတ္ကာ အနီးနားက သံသယျဖစ္စရာပစၥည္းေတြ အကုန္လုံးစုေဆာင္းသည္။ ေပါက္ကြဲမႈဗဟိုခ်က္နဲ႔လည္းနီးေရာ သူအႂကြင္းအက်န္ေတြ အမ်ားႀကီး႐ွာေတြ႕၏။

ေလာင္ၿမိဳက္ျခင္းက ေအာက္ဆီဂ်င္အမ်ားအျပားကို တိုက္စားၿပီး ရန္ရိအသက္႐ွဴရတာ ပိုခက္ခဲလာသလို ခံစားရေတာ့ သူတိုးတိုးေျပာလိုက္သည္။

" ရင့္႐ွန္၊ ငါတို႔ျပန္သင့္တယ္၊ ေအာက္ဆီဂ်င္ ပိုပိုပါးလာၿပီ "

" ...အိုေက "

ကုံးရင့္႐ွန္ ေတာင့္မခံႏိုင္ေတာ့ေပ။

က်ဥ္းက်ပ္တဲ့ေနရာနဲ႔ ကိုယ္လွည့္ဖို႔အဆင္မေျပမႈေၾကာင့္ သူတို႔ေနာက္ဆုတ္ရင္းသာ ျပန္သြားႏိုင္သည္။

အေဝးကေန သူတို႔ေနာက္မွာ တစ္ေယာက္ေယာက္စကားေျပာသံ ၾကားလိုက္ရၿပီး အမ်ားစုက လင္မယားႏွစ္ေယာက္ကိုကယ္ဖို႔ျဖစ္သည္။

နည္းလမ္းအမ်ားႀကီး ပိတ္ပင္ခံထားရေတာ့ ကယ္ဆယ္ေရးအထေျမာက္ဖို႔ ရန္ရိ ေလကူ႐ွင္တစ္ခုသုံးဖို႔ အၾကံေပးခဲ့သည္။ ေလေလွ်ာ့ထားတဲ့ေလကူ႐ွင္ကို လပ္ေနတဲ့ၾကားထည့္ၿပီး အရည္ဖိအားသုံးေလထိုးမည္။ ေထာက္ကန္ထားတဲ့ေလကူ႐ွင္က အဖိခံထားရတဲ့သူေနရာ အစားထိုးႏိုင္သည္။ ဒီနည္းလမ္းအတိုင္းဆို အေပၚပိုင္းတည္ေဆာက္ပုံကို တတ္ႏိုင္သမွ်မထိေအာင္ ေသခ်ာေစၿပီး၊ လူကိုလည္း ကယ္ထုတ္ႏိုင္မည္။

ေသခ်ာ‌တာေပါ့၊ ဒါက အၿပီးျပည့္စုံဆုံးအေနအထားပဲ။

တကယ္တမ္းမွာေတာ့ သူတို႔ မီး‌နားကေဝးေဝးေရာက္တာနဲ႔ ဖုန္မႈန္႔ေတြ၊ ေက်ာက္စရစ္ေတြ ႐ြာသြန္းလာျခင္းႏွင့္အတူ ေခါင္းေပၚက ထူးထူးဆန္းဆန္းအသံေတြ ၾကားလိုက္ရသည္။

ရန္ရိ ရင္ထဲေအးစိမ့္သြားၿပီး

" ျမန္ျမန္ ျပန္ဆုတ္! "

သူတို႔ႏွစ္ေယာက္လုံး အားအင္အကုန္သုံးကာ ျမန္ျမန္တြားၿပီး ေနာက္ဆုတ္ဖို႔လုပ္ေပမယ့္ သူတို႔တြားဆုတ္ၿပီး သိပ္မၾကာခင္မွာပဲ ပတ္ဝန္းက်င္ဧရိယာ စတင္လႈပ္ခတ္လာရင္း ေက်ာက္တုံးအႀကီးအေသးေတြ ေ႐ွ႕ဆင့္ေနာက္ဆင့္ ၿပိဳက်လာ၏။

ကုံးရင့္႐ွန္ခႏၶာကိုယ္ ရန္ရိဆီေျပးကပ္ၿပီး ‌နံရံအစြန္းကို သူနဲ႔အတူလွိမ့္ခ်သြားရင္း ရန္ရိကို သူ႕ေအာက္ဖိကပ္ထားလိုက္သည္။

" ရင့္႐ွန္! "

ရန္ရိ ကုန္းထဖို႔႐ုန္းကန္ေပမယ့္ ကုံးရင့္႐ွန္က သူ႕ကိုယ္အေလးခ်ိန္နဲ႔ အတင္းဖိကပ္ထားၿပီး ရန္ရိကို သူ႕ေအာက္မွာကာကြယ္ေပးထားသည္။

ၿပိဳက်လာတဲ့ ေက်ာက္တုံးတစ္တုံး ကုံးရင့္႐ွန္ေက်ာျပင္ကို ‌ထိသြားၿပီး သူႏွာေခါင္း႐ႈံ႕ကာ မ်က္လုံးေတြက နာက်င္မႈျဖင့္ ေဝဝါးေနေပမယ့္ နည္းနည္းေလးေတာင္မေ႐ြ႕ဘဲ ရန္ရိနားဆီကပ္ကာ အသံခပ္တိုးတိုးနဲ႔ေျပာလိုက္သည္။

" မေၾကာက္နဲ႔ "

ရန္ရိ ကုံးရင့္႐ွန္ဖိထားတာေၾကာင့္ မလႈပ္ႏိုင္ဘဲ ရင္ထဲေသမတတ္ခံစားရကာ မ်က္လုံးထဲမွာ မ်က္ရည္စေတြ လွိမ့္တက္လာေတာ့၏။

သူတို႔ ဒီမွာေသေတာ့မွာလား? မျဖစ္ဘူး၊ သူကုံးရင့္႐ွန္ကို ေခၚသြင္းလာခဲ့တာ၊ ေသမယ္ဆိုလည္း သူပဲေသသင့္တယ္၊ ကုံးရင့္႐ွန္ေတာ့ ဒီမွာေသလို႔မရဘူး!

========

1. Ammonium salt

2. Sodium dichloroisocyan urate -

Sodium dichloroisocyanurate သည္သန္႔႐ွင္းေရးႏွင့္ပိုးသတ္ေဆးအျဖစ္တြင္က်ယ္စြာသုံးေသာဓာတုျဒပ္ေပါင္းတစ္ခုျဖစ္သည္။ ၎သည္အေရာင္မဲ့၊ ေရတြင္ေပ်ာ္ဝင္ႏိုင္ေသာအစိုင္အခဲျဖစ္ၿပီး cyanuric acid ႏွင့္ကလိုရင္းတို႔၏တုံ႔ျပန္မႈေၾကာင့္ထုတ္လုပ္သည္။ ( ပ်င္းလို႔ ဂလူးဂလဲက ကူးခ်တာ )

3. Urea - Urea က ႏို႔တိုက္သတၱဝါအားလုံးနဲ႔ ငါးအခ်ိဳ႕မွာပါ႐ွိတဲ့ ပ႐ိုတင္းအစာေျခၿပိဳကြဲမႈရဲ႕ အဓိကႏိုက္ထ႐ိုဂ်င္နဲ႔ သတၱဳဓာတ္တစ္မ်ိဳးပါဝင္တဲ့ ေနာက္ဆုံးကုန္ထြက္ပစၥည္းျဖစ္သည္။ ပစၥည္းေတြက ႏို႔တိုက္သတၱဝါေတြအားလုံးရဲ႕ ဆီးမွာသာျဖစ္ပြားျခင္းမဟုတ္ဘဲ ေသြး၊ သည္းေျခ၊ ႏို႔ရည္၊ ေခြၽးေတြထဲမွာလည္း ျဖစ္သြားတတ္သည္။ ထို႔ေနာက္ urea က ေက်ာက္ကပ္မွတစ္ဆင့္ တျဖည္းျဖည္းခ်င္း ဆီးထဲ၌စြန္႔ပစ္သည္။ [ ဂူဂဲဆန္က ေသာက္တလြဲေတြေရးေနလို႔ ကိုယ့္ဘာသာဘာသာျပန္လိုက္ရတယ္၊ ပ်င္းပါတယ္ဆို ]

Arrrrr spicy~

========