Chapter 2

{ Unicode }

မီးသတ်ဌာန၏ နေ့တဒူဝ လုပ်ရိုးလုပ်စဉ်မှာကား လေ့ကျင့်ခြင်းသာဖြစ်သည်။

ရဲသားများနှင့် အထူးအခွင့်အရေးခံများမှလွဲ၍ တပ်ဖွဲ့တစ်ခုလုံး တစ်နေ့ကို နာရီအနည်းငယ်တော့

လေ့ကျင့်ရေးဆင်းကြရသည်။

နောက်ဆုံး မီးသတ်သတိပေးလုပ်ဆောင်ရေးများ

မရှိလျှင် သူတို့သည်ရဲတပ်ဖွဲ့၏ လက်ရုံးအနေဖြင့်တာဝန်ထမ်းဆောင်ကြရပေ၏။

မီးသတ်ကိစ္စများပြီးစီးပါက တပ်ဖွဲ့သားအနေဖြင့် ဆက်လက်ထမ်းဆောင်ကြရမည်။

ဘယ်လိုပဲဖြစ်ဖြစ် အခုတလောအတော်ပူအိုက်လေသည်။

နေကား အပူပြင်းဆုံးအချိန်ရောက်ရှိလာသည့်

အခါမှာတော့ ရန်ရိ လေ့ကျင့်ရေးလစ်လိုက်သည်။ သို့သော် တပ်သားများကတော့ ချွေးသံတရွှဲရွှဲ လုပ်ဆောင်နေကြရဆဲဖြစ်၏။

လေ့ကျင့်ရေး ရေသောက်ရန်နားနေချိန်မှာတော့ အပြင်အစောင့်က လေ့ကျင့်ကွင်းကိုဖြတ်၍အော်လာသည်။

" ခေါင်းဆောင် ဒီမှာခေါင်းဆောင်ကို လူတစ်ယောက်လာရှာတယ် "

ရန်ရိ မျက်လုံးမှေးလိုက်ရင်း တံခါးကိုကြည့်လိုက်သည်။

ထိုအကွာအဝေးမှ သွယ်လျသောမိန်းမငယ်လေးတစ်ယောက် ပန်းစည်းတစ်စည်းကိုကိုင်ထားပြီး အိတ်နှစ်ကိုဆွဲကာ လျင်မြန်စွာလျှောက်လှမ်းလာသည်ကို သူမြင်လိုက်ရ၏။

နေရောင်ထဲ၌ သူမ၏အသားအရည်ကား ဖြူလွှကာ တောက်ပနေပြီး သူမ၏ ponytail¹ လေးကလည်း ခြေလှမ်းတိုင်းမှာလှုပ်ရမ်းနေလေသည်။

ငယ်ရွယ်နုပျိုကာ လှပကျော့ရှင်းသည်။

အဖွဲ့ထဲရှိလူများအားလုံး ခေါင်းလှည့်ကြည့်ရလောက်အောင် ဆွဲဆောင်နိုင်ပေ၏။

ရန်ရိ ပြောလိုက်သည်။

" တင်ချင်း သွားကူယူလိုက်ဦး "

" ဟုတ်ကဲ့ "

တင်ချင်း ပြေးသွားလိုက်ကာ သူမလက်ထဲရှိအရာများကိုယူလိုက်သည်။

မိန်းကလေးသည် ရန်ရိထံအမြန်လျှောက်လာ၏။

သူမ၏ အနက်နှင့်အဖြူစပ်မျက်လုံးဝိုင်းများ ကိုမျက်တောင်ခတ်လိုက်ရင်း ရန်ရိကို အနည်းငယ် ရှက်သွေးဖြန်းစွာကြည့်လာသည်။

ရန်ရိ မျက်ခုံးပင့်လိုက်ပြီး ဒီမိန်းကလေး အတော်ကြည့်ကောင်းတာပဲ လို့တွေးလိုက်သည်။

အပြင်လောက၌ ဒီလောက်လှပတဲ့မိန်းကလေးမျိုးကို သူ့တစ်ဘဝလုံးမတွေ့ခဲ့ဖူးပေ။

" hello? ကျွန်မကိုမှတ်မိလား?"

မိန်းကလေးကအပြုံးနှင့်ပြောလိုက်သည်။

" မင်းက လွန်ခဲ့တဲ့အပတ် ကော်ဖီဆိုင်ကမိန်းကလေး....."

" ဟုတ်တယ်! အဲ့တာကျွန်မပဲ!"

သူမဝမ်းသာအားရပြောလိုက်သည်။ " ရှင်မှတ်မိတာပဲ!"

ရန်ရိ ပြုံးလိုက်သည်။

" အပြင်မှာအရမ်းပူတယ် ဝင်ပြီးထိုင်ပါဦး ၊ ကောင်ကော မင်းဆက်စောင့်ကြည့်နေလိုက် "

" ဟုတ်ကဲ့ "

ဧည့်ကြိုအခန်းကိုလည်းဝင်ပြီးရော

တင်ချင်း ကပစ္စည်းများချကာထွက်သွားသည်။

မိန်းကလေးကတော့ ရန်ရိကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ‌ချေ၏။

" ကျွန်မက ကုံးဖေးလန် ပါ ရှင့်နာမည်ကရော?"

" ကိုယ်က ရန်ရိပါ " ရန်ရိပြုံးလိုက်သည်။

" မင်းပြန်သက်သာသွားပြီလား?"

" ကောင်းပါတယ် ဘာမှမဖြစ်ဘူး "

ကုံးဖေးလန် ပန်းစည်းကိုယူလိုက်ကာ ရန်ရိအားပေးလိုက်သည်။

" ခေါင်းဆောင်ရန် ကျွန်မကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ် "

" ဟားဟား ဒါပေါ့ ကိုယ်တို့တာဝန်ပါပဲ "

ရန်ရိ ပန်းစည်းကိုယူလိုက်ပြီး သူမယူလာသောအိတ်များထံ ညွှန်ပြလိုက်သည်။

" ပန်းကတော့ခက်ခံလို့ရပါတယ် လက်ဆောင်တွေ ကတော့လက်ခံလို့မရဘူးဗျ ဒါပေမယ့် ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ် "

" ဒါတွေက ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ ချောကလက်ကွတ်ကီးတွေပါ "

ကုံးဖေးလန် စက္ကူအိတ်ကို ရန်ရိလက်မောင်းထဲထည့်ပေးလာသည်။

" ရှင်မြည်းကြည့်ရမယ်လေ ရှင့်အတွက်လုပ်လာခဲ့တာ "

ရန်ရိသူ့လက်ထဲမှအိတ်ကို ရှက်ရှက်နဲ့ ကြည့်လိုက်သည်။

" တကယ်ကွတ်ကီးတွေပါ " ကုံးဖေးလန် အိတ်ထဲမှကွတ်ကီးများကိုထုတ်လိုက်သည်။

" ကြည့်"

" okay ကျေးဇူးပါ"

သူတို့ ရဲဌာနတွင်ကူညီလုပ်ကိုင်ပြီးပြန်လာသည့်အခါ လူတွေ တပ်ရင်းကိုလာပြီး ကျေးဇူးတင်ကြကာ လက်ဆောင်များပေးတတ်ကြသည်။

တစ်ခါတလေကျတော့ ဧည့်ဝတ်ကျေမှုများက မယုံနိုင်စရာကောင်းလှသည်။

အလှူငွေများနှင့် ပန်းများအပြင် အစားအစာများသည်လည်း လက်ခံနိုင်၏။

" နောက်ပြီး မင်းအပြင်ထွက်လည်ရင် သဘာဝဘေးကနေ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့လေ့လာထားသင့်တယ် "

ကုံးဖေးလန် ခေါင်းအထပ်ထပ်ညိတ်လိုက်ပြီး ရန်ရိအား မျက်လုံးရွဲများဖြင့် ဆက်ကြည့်နေသည်။

အေးစက်နေတဲ့အခြေအနေက အနည်းငယ်ရှက်စရာကောင်းပြီး ရန်ရိလည်းကြံရာမရဘဲ စကားစရှာလိုက်ရသည်။

" မင်းကျောင်းကဒီနားတစ်ဝိုက်ပဲလား? အားလပ်ရက်မဟုတ်ဘူးလား?"

" အင်း ကျွန်မကျောင်းကပြန်ရင်တော့ မီးသတ်ဌာနရှေ့ကဖြတ်ပြန်တယ် "

ကုံးဖေးလန် သူမနှုတ်ခမ်းများခဏနားလိုက်သည်။

" ဒီမှာ မီးသတ်သမားကိုကိုချောချော တစ်ယောက်‌ရှိလိမ့်မယ်လို့တော့ သတိမထားမိခဲ့ဘူး"

ကုံးဖေးလန်မျက်လုံးများထဲ၌ ရင်းနှီးသောတောက်ပမှုကို တွေ့လိုက်ရသည့်သကာလ ရန်ရိ ရုတ်တရက်ခေါင်း‌ကြောများတင်းမာသွားရသည်။

လွန်ခဲ့သောနှစ်အနည်းငယ်၊ သူမီးသတ်ဌာနတွင်ရှိစဉ်က

သူရဲဌာနကိုသွားပြီးတဲ့အခါ ရုံးကိုရောက်ချလာတဲ့အမျိုးသမီးတွေနဲ့ blind date လုပ်ဖို့လာပြောကြတဲ့ ဦးလေးတွေအဒေါ်တွေရှိခဲ့ပေမယ့်လည်း အလယ်တန်းကျောင်းသူကတော့....

တကယ်ကိုပထမဆုံးတွေ့ဖူးတာပင်။

သူအ‌ရမ်းတွေးမိတာလည်းဖြစ်နိုင်ပါတယ်။

ရန်ရိပြုံးရင်းပြောလိုက်သည်။

" အရမ်းတွေချီးမွမ်းနေတော့ ရှက်တောင်လာပြီဗျာ "

ကုံးဖေးလန် ရန်ရိမျက်လုံးများအားတည့်တည့်ကြည့်လာသည်။

" ခေါင်းဆောင်ရန် ရှင်လက်ထပ်ပြီးပြီလား?"

" အာ....ဟင်အင်း "

" ချစ်သူမိန်းကလေးမရှိဘူးပေါ့?"

ရန်ရိ ခဏတာတွန့်ဆုတ်သွားသည်။

ဒီစကားကရှေ့ဆက်သွားဖို့မသင့်တော်။ သို့သော်လည်း သူအလိမ်အညာစကားပြောမည်မဟုတ်ပေ။

သူ တစ်စက္ကန့် နှစ်စက္ကန့်လောက် လိမ်မလား မလိမ်ဘူးလား နှင့်ရှုပ်ထွေးနေသည်။

ကုံးဖေးလန်က စိတ်လှုပ်ရှားစွာပြောလာ၏။

" မရှိဘူး ရှင့်အမူအရာကြည့်တာနဲ့ မရှိမှန်းကျွန်မသိတယ်! "

ရန်ရိ ခြောက်ကပ်ကပ်ရယ်လိုက်သည်။

" ဘာလို့လဲ ? မင်းမမနဲ့ ကိုယ့်ကိုမိတ်ဆက်ပေးမလို့လား ?"

ကုံးဖေးလန် ရင်ဘတ်များမတ်သွားသည်။

သူမ၏ ကလေးဆန်၍လှပသောမျက်နှာထက်၌ ယုံကြည်မှုတို့မြင့်မားလျက်။ သူမပွင့်ပွင့်လင်းလင်းပဲပြောလိုက်သည်။

" ကျွန်မကိုရောဘယ်လိုထင်လဲ?"

ရန်ရိ ဒီမိန်းကလေးက ဘောလုံးကို လက်နဲ့တိုက်ရိုက်ပုတ်လိုက်မည်ဟုမထင်ခဲ့ပေ။

သူသတိမဲ့သွားခဲ့၏။ သူမျက်မှောင်သာသာ ကျုံ့လိုက်သည်။

" လာနောက်နေတာလား?"

" အတည်ပါ " မိန်းကလေး၏မျက်လုံးများ၌ အရိုင်းဆန်သောအချစ်များဖြင့် ပြည့်နှက်နေသည်။

" ရှင်သိလား ကျွန်မသေလုမြောပါးဖြစ်နေချိန်မှာ ကျွန်မတွေးမိတယ် အဲ့အချိန်ရှင်ရောက်လာပြီး ကျွန်မကိုပြောခဲ့....."

" ခဏလေးနေပါဦး " ရန်ရိပြုံးလိုက်သည်။

" ကျောင်းသူလေး ပြောတာနားထောင်ပါ မင်းသေလုနီးပါးဖြစ်နေချိန်မှာ မင်းကိုကယ်ခဲ့တဲ့သူကို အကောင်းမြင်တာ လွယ်ပါတယ် ကိုယ်ဒီလိုအခြေအနေတွေ အများကြီးကြုံဖူးတယ် ဒီအပြုအမူတွေက စိတ်ပိုင်းဆိုင်ရာနဲ့ပဲဆိုင်တာပါ တစ်နည်းပြောရရင် ' Misattribution of arousal² ' လို့ခေါ်တယ်။ ကျေးဇူးတင်တာနဲ့ စိတ်ဝင်စားတာက အကွာကြီးပါ မင်းစိတ်ရှုပ်ထွေးနေတာပဲ "

" မဟုတ်ဘူး!" ကုံးဖေးလန် မေးမော့ကြည့်လိုက်သည်။

" လူကသူကြိုက်တာဘာလဲပြောနိုင်တယ် ဝက်မှမဟုတ်တာ "

ရန်ရိ၏ အရပ်ရှည်ကာ ချောမောပုံကိုကြည့်လိုက်ရင်း သူမမတတ်နိုင်ပဲ ရွှင်ပြသွားရသည်။

" ပြီးတော့ ရှင်ကအရပ်လည်းရှည်ပြီး ချောလည်းချောတယ် ကျွန်မဘယ်သူ့ကိုမှမကြိုက်တော့ဘူး အာ ရှင် ကျွန်မကိုကြည့်မကောင်းဘူးထင်လို့လား?"

ရန်ရိလေးနက်စွာပြောလိုက်သည်။

" မင်းကကြည့်ကောင်းပါတယ် "

" အဲ့တာဆို ကျွန်မရှင့်ချစ်သူလုပ်မယ် "

ကုံးဖေးလန် ရှေ့သို့လှမ်းလာ၏။

ရန်ရိ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရင်း အသိတစ်တက်တစ်ပျက်ဖြင့် အရှုံးပေးဟန်လက်မြှောက်လိုက်မိသည်။

သူမနေနိုင်ပဲ ရယ်လိုက်သည်။

" ကျောင်းသူလေး မင်းအသက်ဘယ်လောက်လဲ?"

" ဆယ်လေးနှစ် "

( T\N : ဟုတ်ကဲ့မှားမရေးပါဘူး တကယ် 14 ပါ :3 )

ရန်ရိ အကူညီမဲ့စွာပြောလိုက်သည်။

" မင်း ကိုယ်ဘယ်နနှစ်လဲသိလို့လား?"

" ဂရုမစိုက်ဘူး " ကုံးဖေးလန်တွန့်ဆုတ်ခြင်းမရှိဘဲပြောသည်။

" ကိုယ်ကတော့စိုက်တယ် "

ရန်ရိ သူ့အဒေါ်ရဲ့အဘွားကိုပင် တမိမလိုဖြစ်သွားရ၏။

" ကိုယ်က သုံးဆယ် ၊ ပြီးတော့ ကိုယ်ငယ်ငယ်ကများ အမှားတစ်ခုခုလုပ်ခဲ့မိရင် မင်းကိုတောင်မွေးလို့ရလောက်တယ် ပြဿနာမရှာပါနဲ့ ကောင်းကောင်းနေပြီး အိမ်ပြန်ပါတော့ "

" ဘယ်သူကရှင့်ကို စောဒကတက်နေလို့လဲ?"

ကုံးဖေးလန် စိုးရိမ်တကြီးဖြစ်သွားသည်။

" ကျွန်မကငယ်သေးပေမယ့် ကျွန်မမှာရှိသင့်တာဟာတွေအကုန်ရှိပါတယ်! "

(T/N : အတံရှိလား အတံ သူကြိုက်တာအတံ TuT )

သူမရင်ကော့ကာပြောပြန်သည်။

" ကျွန်မရှင့်ကိုကြိုက်တယ် ရှင်ချက်ချင်းလက်မခံနိုင်ဘူးမလား မလုပ်မပေးနိုင်လည်းရပါတယ် အဲ့တာဆို ကျွန်မ.....ကျွန်မရှင့်ကို လိုက်မယ် ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး "

ရန်ရိသေအောင်ကြောက်သွားရသည်။

" ကျောင်းသူလေး ကိုယ်တောင်းဆိုပါတယ် မင်းသာကိုယ့်ချစ်သူလုပ်မယ်ဆို ကိုယ့်ကိုထောင်ထဲလာတွေ့ရလိမ့်မယ် "

ကုံးဖေးလန်က အေးဆေးစွာပြောလာသည်။

" အဲ့တာဆိုလည်း အခြားသူတွေကိုမပြောရုံပေါ့ "

" ဘယ်လိုဖြစ်နိုင်မှာလဲ? မင်းမိဘတွေရော? မင်းမိဘတွေသိမှာမကြောက်ဘူးလား?"

ကုံးဖေးလန် မျက်ဝန်းထဲဝမ်းနည်းမှုအရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားပြီး သူမအေးစက်စွာပြောသည်။

" သူတို့အရေးစိုက်‌မှာမဟုတ်ဘူး"

ရန်ရိ သူမကိုချော့ပြောလိုက်သည်။

" မင်းတို့အရွယ်ကလေးတွေက အချစ်ကိုစူးစမ်းချင်တဲ့အရွယ်ပဲ ကိုယ်နားလည်ပါတယ် မင်း နဲ့သက်တူရွယ်တူကိုပဲရှာတာ ပိုကောင်းလိမ့်မယ် "

" ကျွန်မအရွယ် ယောက်ျားလေးတွေက ရိုင်းပြီး တုံးရိကြတယ် "

ကုံးဖေးလန် ပါးစပ်မှဆက်ကာချောချောရှူရှူပဲပြောသည်။

" ရှင့်အသက်အရွယ်အနေနဲ့ဆို ‌အရမ်းချော့မော့တတ်တယ် "

" ... "

ကုံး‌ဖေးလန် လက်သီးဆုပ်လိုက်သည်။

" တိုတိုပြောရရင် ကျွန်မရှင့်ချစ်သူဖြစ်ဖို့‌ ဆုံးဖြတ်ထားပြီးသား ။ ရှင်ကျွန်မကိုသိပ်မသိသေးလို့ လက်မခံနိုင်တာ ၊ ရှင်ကျွန်မကိုနားလည်လာအောင်လုပ်ပြီး ရှင်ကျွန်မကိုချစ်လာလိမ့်မယ် "

ရန်ရိ ရုတ်တရက် စိတ်ပိုင်းဆိုင်ရာကြောင့် ခေါင်းကိုက်လာသလိုခံစားရသည်။

ကုဖေးလန် သူမဖုန်းကိုထုတ်လိုက်သည်။

" Wechat မှာ add ပေး"

" .....အရမ်းကြီးအဆင်ပြေမနေဘူးနော် "

" အဲ့တာဆို ကျွန်မမပြန်ဘူး " ကုဖေးလန်သူမလက်များကို ဖြန့်ကားလိုက်သည်။

" ကျွန်မအခု အားလပ်ရက်ရထားတယ် အချိန်ရှိတယ်နော် "

ရန်ရိ ရယ်ရမလို ငိုရမလိုပင်။ " okay "

ကုဖေးလန် ရန်ရိကို စိုက်ကြည့်ကာ အတည်ပြုလိုက်ပြီး ပျော်ရွှင်စွာခုန်ပေါက်လိုက်သည်။

" အဲ့တာဆို ကျွန်မနောက်နေ့မှ ရှင့်ကိုတွေ့ဖို့ထပ်လာခဲ့မယ် "

သူမ ရန်ရိကို ဆွဲဆောင်သောအကြည့်ဖြင့်ကြည့်လိုက်သည်။

" ကျွန်မရဲ့အလှဆုံးပုံတွေ ရှင့်ဆီပို့‌လိုက်မယ် "

ရန်ရိကတော့ သူမကို တံခါးဆီလိုက်ပို့ဖို့မစောင့်နိုင်တော့ပေ။

ကုံးဖေးလန် သူ့ဆီသို့ fly kiss များလှမ်းပစ်ခဲ့ကာ ပျော်ရွှင်စွာဖြင့် အေးအေးချမ်းချမ်းပြန်သွားလေသည်။

ရန်ရိ ထိုနေရာ၌အတော်ကြာရပ်နေခဲ့သည်။

သူ့ရင်ထဲတွင်တော့ အန္တရယ်ရှိသည်ဟူသော အသိပေးချက်မြည်ဟီးလာလျက်။

___________

Translator's Note

1. Ponytail - ဆံပင်စည်းတဲ့အခါ အဲ့အစည်းကိုပြောတာ ။

2. Misattribution of arousal - စိတ်ပညာတွင်အသုံးအနှုန်းသည်လူတို့အား၎င်းတို့အားနှိုးဆွစေသည့်အရာဟုယူဆရာတွင်အမှားတစ်ခုပြုလုပ်မိသည့်ဖော်ပြချက်ဖြစ်သည်။ ဥပမာအားဖြင့်ကြောက်ရွံ့ခြင်းနှင့်ဆက်စပ်သောဇီဝကမ္မဆိုင်ရာတုံ့ပြန်မှုများကိုအမှန်တကယ်ကြုံတွေ့ရပါကလူများသည်ထိုတုံ့ပြန်မှုကိုအချစ်ဇာတ်လမ်းဟုမှားယွင်းစွာမှတ်ယူကြသည်။ ဇီဝကမ္မဆိုင်ရာရောဂါလက္ခဏာများကိုမမှန်မကန်သောလှုံ့ဆော်မှုများကြောင့်ဖြစ်ရခြင်း၏အကြောင်းအရင်းမှာလှုံ့ဆော်မှုများစွာတွင်အလားတူဇီဝကမ္မလက္ခဏာများဖြစ်သောသွေးပေါင်ချိန်သို့မဟုတ်အသက်ရှူကျပ်ခြင်းတို့ကြောင့်ဖြစ်သည်။

( သေဖို့ကြုံရတဲ့အခါမှာ ကူညီသူကို အချစ်လို့အယူမှားတတ်တာမျိုး )

_________________________________________

ရန်ရိ ထင်ထားခဲ့သည်က ကုံးဖေးလန်ကလေးစိတ်နဲ့ခဏတာ ဆိုးနေတာဟူ၍၊ သို့သော် သူမတပ်ရင်းအား စတုတ္ထအကြိမ်လာရောက်သောအခါဝယ် ဒီကိစ္စကအနည်းငယ်တော့ ပြဿနာပဲဆိုတာသူသိလိုက်ရသည်။

သူဒီပြဿနာကို အပြစ်လည်းတင်မနေချင်ပေ၊ နည်းပြက သူ့ကိုဆွဲဆောင်မှုတွေလျှော့ဖို့ တစ်ခါလာပြောသော်လည်း ကုံးဖေးလန်က အရေးမကြီးသော မိန်းကလေးသက်သက်သာဖြစ်၏။

သူလည်း ဆွဲဆောင်မှုတွေလျှော့ချင်ပါရဲ့။

သို့သော်ငြား သူ့ခြေထောက်များကတော့ သူကိုယ့်မှာပဲရှိနေသည်ကို။

သူပြင်းပြင်းထန်ထန်ပြောဖို့လည်း တွန့်ဆုတ်မိသည်။

ကုံးဖေးလန်ရဲ့မျက်နှာကြည့်ပြီး သူ့မလုပ်နိုင်ပေ။

ထို့ကြောင့်သူ ရဲဌာနက သူငယ်ချင်းဆီ သူမမိဘရဲ့အချက်အလက်တွေ စစ်ခိုင်းပြီးဒီပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းဖို့ဆုံးဖြတ်လိုက်သည်။

ယခုညနေ၌ သူ့အ‌ဖေအစာအိမ်အခြေအနေသိပ်မကောင်းဘူး အန်သေးသည် ဟု သူနာနီထံမှဖုန်းလက်ခံလိုက်ရသောကြောင့်

အိမ်ပြန်ရန်ပြင်လိုက်သည်။

သူတစ်နှစ်တွင် 45 ရက်သာနားရက်ရ၏။ စည်းမျဉ်းစည်းကမ်းများအရ ခွင့်ပြုချက်မရဘဲ ဌာနမှထွက်သွား၍မရပေ။

ဘယ်လိုပဲဖြစ်ဖြစ် သူ့အဖေ၏အထူးခံစားခွင့်များကြောင့် ဘက်မလိုက်ဘဲ ဂရုစိုက်လေသည်။

ထပ်ပေါင်းပြောရလျှင် သူ့အိမ်က မီးသတ်ဌာနမျက်နှာချင်းဆိုင်တွင်ဖြစ်ပြီး အရေးပေါ်ကိစ္စများအပေါ် သက်ရောက်မှုမရှိပါချေ။

အချိန်ယူပြီး သွားကြည့်လိုက်ရုံသာ။

သူ ဒုခေါင်းဆောင်‌ကောင်ကော ကို cafe တွင်တွေ့ပြီးသူ့အလုပ်ကိစ္စများရှင်းပြလိုက်သည်။

စွန်းတင့်ရီး ကသူ့အားတွေ့သည်နှင့် လှောင်ပြောင်တော့သည်။

" အို ငါတို့က ကမ္ဘာပျက်မတက်မီးလောင်မှုတွေကြားက ချောမောလှတဲ့လူတွေပဲ ၊ အသက်လေးဆယ်ရင့်ကျက်တဲ့ အမျိုးသမီးတွေကစ ဆယ့်လေးနှစ်အရွယ် လိုလီ¹ တွေအထိကို ငါတို့အဖွဲ့ ဆွဲဆောင်တာခံနေရတယ် "

ရန်ရိ သူ့ခုံအားခြေထောက်ဖြင့်ကန်လိုက်သည်။

" အသားပေါက်စီ တောင်မင်းပါးစပ်ကိုမစို့ထားနိုင်ဘူး "

ကောင်ကော သက်ပြင်းချပြီးပြောသည်။

" မင်းကိုနည်းပြပြောသေးလား?"

" ငါ့ကိုလာဆူတယ် ပြောစမ်းပါ ငါချောတာအပြစ်လား?"

ရန်ရိဝမ်းနည်းစွာပြောလိုက်သည်။

" ချောမောတဲ့ သူတွေအကြောင်း မင်းတို့နားမလည်နိုင်ပါဘူးကွာ "

အားလုံးက စုတ်သတ်ကြ၏။

" ငါဒီနေ့ အိမ်ပြန်မလို့ ရိုးရိုးသားသားနေကြ"

" မှောင်ခိုဈေးမဖွင့်ခင် ငါခြေသလုံးဖက်ပါရစေ "

" မနက်ဖြန်မှပေါ့ "

ရန်ရိ မီးသတ်ဌာနမှထွက်ကာ လမ်းဖြတ်ကူးလိုက်သည်။

သူတို့၏ ဖီးနစ်မီးသတ်ဌာနကြီးသည်ကား တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်တောင်သူတို့၏ အစောပိုင်းကာလများကပင်

ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က အိမ်ခြံမြေဈေးများက တုန်လှုပ်ရလောက်အောင် မကြီးမားသေးချေ။

မီးသတ်ဌာန၏အရှေ့ဘက်သည် မီးသတ်မိသားစုဝင်များ၏ အိမ်ရာဝင်းဖြစ်သည်။

သူသည် ထိုဝင်းထဲ၌မွေးဖွားခဲ့ကာ ထိုဝင်းထဲ၌ပင် ကြီးပြင်းပြီး ထိုဝင်း၌ပင် သူ့ကိုပြုစုပျိုးထောင်ခဲ့ကြသည်။

သို့ပေမယ့်သူ့အမေကတော့ သူ့အဖေ၏ မီးသတ်အလုပ်ကို ပြင်းထန်စွာဆန့်ကျင်ခဲ့၏။

မိနစ်အနည်းငယ်အတွင်းမှာပင် သူထိုဝင်းထဲဝင်လိုက်သည်။

ပေါင်းသင်းဆက်ဆံရေးများလည်း ကြာမြင့်နေပြီဖြစ်ပြီး အဆောက်အအုံများကလည်း အိုဟောင်းနေပြီဖြစ်သည်။

အိမ်ရာကို ထိန်းသိမ်းနိုင်သောလူအများစုကတော့ ပြောင်းရွှေ့သွားခဲ့ကြပေပြီ။

တည်နေရာအနေအထားကောင်းသောကြောင့် နေအိမ်အများစုအား မီးသတ်သမားများထံငှားရမ်းထားကြ၏။

အနည်းနှင့်အများ စွန့်ပစ်ထားကြသည်ပေ။

သူအိမ်အောက်ထပ်လှေကားများဆီ လျှောက်သွားသည့်အခါ ညနေခြမ်းနေမင်းကြီးက တိုးဝင်ကွယ်ပျောက်နေပြီဖြစ်ပြီး ကော်ရစ်တာ သည်လည်း မှောင်နေချေပြီ။

သူအထဲ၌ လူတစ်ယောက်အား ရေးတေးတေးမြင်လိုက်ရသည်။

သူအနီးကပ်ကြည့်မိလိုက်ပါမှ ထိုသူသည် ရှည်လျားကာ ဖြောင့်တန်းသောခြေထောက်များဖြင့် အရပ်ရှည်သော ယောက်ျားတစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသည်။

Suit ကခေါက်ရာတစ်စပင်မတွေ့ရလောက်အောင် ပြန့်ပြူးနေသည်။

ကောက်ကြောင်းများဖြင့် ခါးသည် ပိန်ပါးကာသွယ်လျလျ၊ ပုခုံးများကကျယ်ပြောပြီး ရင်အုံသည်လည်း ကြီးမား၏။

နက်မှောင်သောသားရေ ရှူးဖိနပ်များနှင့် နှင်းလိုဖြူဖွေးသော ရှပ်အင်္ကျီတို့ကလိုက်ဖက်ညီသည်။

သန့်ရှင်းသော အဖြူရောင်လက်အိတ်များနှင့် အဖြူရောင် mask ကိုပင်တပ်ထားသေး၏။

ဓာတ်ခွဲခန်းဝတ်စုံနှင့် နောက်တစ်ခဏနေလျှင်ပင်ဓာတ်ခွဲခန်းထဲ ဝင်တော့မည်လား စတူဒီယိုများဝင်တော့မည်လား ဟုပင်ထင်မှတ်ရသည်။

ထိုပုံစံ လူတစ်ယောက်ကဒီလို‌အိုဟောင်းနေသော တံခါးရှေ့တွေ့ရသည်မှာ ထူးဆန်းလှပေသည်။

ရန်ရိ မတတ်သာပဲ ထိုလူကိုကြည့်လိုက်မိသည်။

ထိုကဲ့သို့‌သော လူတစ်ယောက်‌ ဘေးမှဖြတ်သွားရင်း

mask ဖြင့် မျက်နှာကိုဖုံးထားသော်လည်း နက်နဲကာ လှပသောမျက်ဝန်းတစ်စုံကိုကြည့်ရုံမျှဖြင့် ထိုမျက်နှာလေးက ချောမော‌မည်ဖြစ်ကြောင်းသူသိနိုင်သည်။

ရန်ရိ၏ လမ်းလျှောက်သံများက အနည်းငယ်ပင် စိတ်ကူယဉ်ဆန်နေတော့၏။

ထိုလူသည်လည်း သူ့ကိုကြည့်နေကောင်းတွေ့လိုက်ရသည့်အခါ ရန်ရိမေးလိုက်သည်။

" သူငယ်ချင်း မင်းတစ်ယောက်ယောက်ကိုစောင့်နေတာလား?"

ဥရောပစတိုင် မျက်တောင်နှစ်ခုက အောက်သို့သက်ဆင်းသွားကာ တစ်ဖန်အထက်သို့ပြန်လည်မြင့်တက်လာသည်။ ရန်ရိကိုအထက်မှအောက်သို့ ယဉ်ကျေးမှုမရှိစစ်ဆေး၍ သူ့မျက်လုံးထဲတွင်တော့ ရွံရှာမှုအရိပ်အယောင်အချို့ဖြင့်။

ရန်ရိ အနည်းငယ်စိတ်ညစ်သွားပြီး ဘယ်နိုင်ငံခြား company ကများလျှို့ဝှက်စုံထောက်လိုလိုဘာလိုလို ဟန်ဆောင်ထားပါလိမ့် ဟုတွေးလိုက်ရင်း ထိုသူအားဆက်နှောင့်ယှက်နေတော့ဘဲ အပေါ်ထပ်သို့တန်းတန်းတက်လာခဲ့သည်။

မ‌မျှော်လင့်ပါဘဲ ထိုလူကသူ့ရှေ့မှပိတ်ရပ်လာလေ၏။

လူနှစ်ယောက်က အန္တရာယ်အခြေအနေတွင်ရှိနေပြီး တိုက်မိတော့မလို ဖြစ်သွားရသည်။

ကံကောင်းစွာနဲ့ ရန်ရိကရပ်လိုက်ကာ နီးကပ်သွားရပြီး ထိုလူကတကယ်အရပ်ရှည်ကြောင်း သိရှိလိုက်ရသည်။

သူသည် 184 cm ရှိသည်ဖြစ်၍ ထိုလူက 190 နီးပါးတောင်ရှိမည်စိုးရ၏။

ရန်ရိ မျက်မှောင်ကျုံ့လိုက်သည်။

" ကိုယ်မင်းကိုသိလို့လား?"

" ခင်များက ရန်ရိလား?"

သူစကားပြောလိုက်သည်။ သူ့အသံက အေးစက်ပြီးပုံစံနှင့်လိုက်ဖက်စွာ မာနထောင်လွှားနေသည်။

သို့သော် မထင်မှန်ထားဘဲ သူ့အသံက ရှေးဟောင်းဘုရားကျောင်းမှလေပြင်းတစ်ချက် ဝေ့ဝဲလာသကဲ့သို့ ကောင်းမွန်ကာ လှပပြီးအားပါသည်။

ထိုအသံကား သိက္ခာကြီးကာ ဆွဲဆောင်မှုသည့်အသံပင်ဖြစ်သည်။

ရန်ရိ ထိုလူကို သေချာပြန်ကြည့်လိုက်သည်။

" ကိုယ်တို့တွေ့ဖူးလား? မင်း mask ချွတ်လိုက်ရင်ရော?"

ဒီလိုပူပြင်းတဲ့နေ့မှာ ဘယ်လိုများ mask နှင့် လက်အိတ်တွေဝတ်နိုင်ပါလိမ့်။

" နာမည်က ကုံးရင့်ရှန်၊ ကုံးဖေးလန်ရဲ့အစ်ကို "

ထိုသူ့ကြည့်ရတာ ရန်ရိနဲ့အလာပသလာပ တွေ‌ပြော ချင်ပုံမရ။

" အို့ သူ့အစ်ကို " ရန်ရိပြောလိုက်သည်။

" ကိုယ်က သူမိသားစုနဲ့ပြောချင်ရုံပါ "

ကုံးရင့်ရှန် ရုတ်တရက် သူ့အိတ်ကပ်ထဲမှတစ်စုံတစ်ခုထုတ်လိုက်သည်။

၎င်းဟာသက်သေခံကတ်ပြားဖြစ်ကာ ခတ်နှိပ်ထားသောတံဆိပ်မှာကား လူတိုင်းနှင့်အကျွမ်းတဝင်ရှိလှသည့် - ရဲတပ်ဖွဲ့။

ရန်ရိ တောင့်သွားသည်။

" ကုဖေးလန်က ဆယ့်လေးနှစ်အောက်အရွယ်ပဲရှိသေးတယ် ခင်များ ရာဇဝတ်မှုဥ‌ပဒေကို ချိုးဖောက်ချင်နေတာလား?"

ရန်ရိ တဖြည်းဖြည်းချင်းမျက်မှောင်ကျုံ့သွားသည်။

" မင်းဘာကိုဆိုလိုတာလဲ?"

" ခင်များက သူ့ချစ်သူလို့ ကုံးဖေးလန်ကပြောတယ် "

ကုံးရင့်ရှန် မျက်လုံးများက စူးရှသည်။

" ခင်များ ' အကျင့်ပျက် ' ဆိုတဲ့စကားလုံးကိုမရေးတတ်ရင် ' ရာဇဝတ်မှု ' ဆိုတာကိုဘယ်လို‌ရေးရမလဲ အရင်လေ့လာသင့်တယ် "

ရန်ရိ ဒေါသထွက်ကာပြောလိုက်သည်။

" အဓိပ္ပါယ်မရှိတာတွေ ဘာချစ်သူလဲ ကောင်မလေးက စိတ်ကူးယဉ်နေတာ ကိုယ်သူ့ကိုဘာမသင့်တော်တာမှမပြောဘူး ဘာမသင့်တော်တာမှမလုပ်ခဲ့ဘူး"

" ခင်များတို့ ပုံတွေပို့တာကရော?"

" ပုံပို့တာကတရားမဝင်လို့လား?"

" ဒီ စာပို့တဲ့ဟာတွေကရော?"

" ကိုယ်ဘယ်လိုလုပ်သိမှာလဲ သူစာပို့တိုင်းဘယ်တော့မှစာမပြန်ဘူး "

ရန်ရိ ထိုစွပ်စွဲချက်ကြောင့်စိတ်ရှုပ်လာသည်။

ထို့နောက်သူ ပြင်းပြင်းထန်ထန်ပြောလိုက်၏။

" ကိုယ်က ရဲဘက်အရာရှိပါ မင်းမှာသက်သေမရှိဘဲနဲ့ ‌‌ဘာလို့ထောင်သားတွေကို စစ်မေးသလိုလာပြောရဲတာလဲ ဟမ် !!?"

ကုံးရင့်ရှန် သူ၏မျက်ခုံးများအားတွန့်ကွေးလိုက်သည်။

" ခင်များပြောတာ အတည်ပြုလိုက်မယ် နောက်ထပ်ခင်များ ကျွန်တော့်ညီမကိုမသင့်တော်တဲ့အရာနည်းနည်းလေးပဲလုပ်ကြည့် ကျွန်တော်သိလို့ကတော့ လွှတ်မပေးနိုင်ဘူး "

ရန်ရိ နီးကပ်အောင်ခြေလှမ်းသွားပြီးနောက် ကုံးရင့်ရှန်မျက်လုံးများကိုတည့်တည့်ကြည့်လိုက်ကာ တစ်လုံးချင်းစီပြောလိုက်သည်။

" မင်း ဘယ်သူ့ကိုလာခြိမ်းခြောက်နေတာလဲ ?"

မျက်လုံးနှစ်စုံ စုံသွားပြီး ပူပြင်းသောလေထုထဲ၌ တရုတ်လက်ဖက်စိမ်းရနံ့များ ပြည့်နှက်နေသည်။

ရုတ်တရက် ရန်ရိသူ့ခါးတွင်တစ်ခုခုခံစားလိုက်ရသည်။

စက်ဝိုင်းသဏ္ဌာန်...

အပူချိန်မြင့်မာ၍ 38° ရှိနေစဉ်၌ ရန်ရိကျောဘက်မှ အနည်းငယ်အေးစိမ့်လာသလိုခံစားလိုက်ရသည်။

သူ ကုံးရင့်ရှန်ရဲ့ အေးစက်သောမျက်ဝန်းများကို ကြည့်လိုက်ပြီး ထိုအဝတ်အစားများ အကြောင်းတွေးလိုက်သည်။

၎င်းက သူ့ကိုကောင်းတဲ့သူမဟုတ်မှန်းပေါ်လွင်စေသည်။

ထို့နောက် သူချက်ချင်းလေသံကို ပျော့ပျော့ပြောင်းပြောလိုက်သည်။

" ကိုယ်က သူ့ကိုမီးထဲကကယ်ခဲ့တာ ကလေးတစ်ယောက်အနေနဲ့ ရူးမိုက်ဖို့လွယ်ပါတယ် ကိုယ်သူ့ကို ချော့ပြောပြီးပြီ မင်းလည်းအိမ်ပြန်ပြီးသူ့ကိုချော့ပြောသင့်တယ် အဲ့တာကမလိုအပ်....."

ကုံးရင့်ရှန် စိတ်ရှုပ်စွာပြောလာသည်။

" ဝေးဝေးသွားစမ်းပါ "

လူစွမ်းကောင်းသည် ချက်ချင်းကြီးရှုံးနိမ့်သွားသည်ကို လက်မခံနိုင်ပေ ၊ သူ‌နောက်သို့ခြေလှမ်းပြန်‌ဆုတ်လိုက်ပြီး ငုံ့ကြည့်လိုက်သဘ့်အခါဝယ် သွေးပင်အန်ချင်သွားရ၏။

ကုံးရင့်ရှန်သည်ကား ‌သေးငယ်သော စပေရေးဘူးလေးကိုင်ထားပြီး ထိုအရာလေး၏ အချင်းက ရဲများ၏ 64 ပစ်စတို² နှင့်ပင်အလားတူ‌ပေသည်။

ကုံးရင့်ရှန် စ‌ပရေးဘူးလေး၏ အဖုံးကိုဖွင့်ကာ ရန်ရိထံဖြန်းလိုက်လေတော့၏။

ရန်ရိသည် ထိုအရာက မျက်ရည်ယိုစပရေးဟုပင်ထင်မှတ်လိုက်သည်။

ထို့နောက် ယောင်ယမ်းယမ်းဖြင့် ခြေလှမ်းဆုတ်ကာ မျက်နှာကိုလက်ဖြင့်ကာလိုက်သည်။

သို့ပေသိ လေထဲသို့ချက်ချင်းပျံ့နှံ့လာသော မေ့လဲချင်စရာ အရက်ပြန်အနံ့က သူ့ကိုဆူပွက်စေသည်။

" ဘာလုပ်တာလဲကွ!!"

" ပိုးသတ်တာ " ကုံးရင့်ရှန် စပရေးဘူးကိုအဝေးပို့လိုက်ကာ ရန်ရိကို သတိပေးသောအကြည့်ဖြင့်ကြည့်သည်။

" ကျွန်တော့်ညီမနဲ့ဝေးဝေးနေ "

ထိုစကားကိုပြောပြီး အဝေးသို့လျှောက်လှမ်းသွားတော့သည်။

" မင်းကရူးနေတာပဲ!ငါ မင်းကိုအာဏာသုံးပြီး ညှင်းပန်းမှုနဲ့တိုင်မယ် စောင့်ကြည့်နေလိုက်!!"

ကုံးရင့်ရှန်လှည့်ကြည့်မလာဘဲ ဂျစ်ပ် ကားထဲသို့တန်းတန်းလျှောက်ဝင်သွားသည်။

ရန်ရိ ခမျာထွက်သွားသောကားဆီသို့သာ လက်ခလယ် ထောင်ပြလိုက်ရလေသည်။

__________

1. Loli - ဆယ်ကျော်သက် 18 အောက်တွေ ဒါမှမဟုတ် တင်မရှိ ရင်မရှိနဲ့ ပြားကပ်ကပ်လေးတွေပေါ့ အသက်ကြီးပေမယ့် ကလေးနဲ့တူကြတယ်။

ပုံကတော့ ‌။

2. 64 pistol - ရဲတွေအပြင်သွားရင် ‌ဆောင်သွားတတ်တဲ့ လက်စွဲပစ်စတိုလေး။ အလေးချိန်ကတော့ မသေးလှပါဘူး။

ဒီအပိုင်းတွေကစာအရမ်းများတယ် ။ အပိုင်းကလည်း ၂၀၀ တောင်။ ဟူး~

အခုတော့ ချောမောခန့်ညားလေးနက်တည်ကြည်မာနထောင်လွှား သော Seme innocent virgin လေးနဲ့ဆုံကြပါပြီ။

အရေးကြီးတဲ့ ဇာတ်ဝင်ခန်းကြီးပါ။

ပြောကြတာ‌တော့ ကုံးရင့်ရှန်က lesbian တွေကို‌တောင်ဖြောင့်နိုင်လေရဲ့ တဲ့။

" ဂန္တဝင်တွင်သော တွေ့ဆုံမှု "လို့သာ နာမည်ပေးလိုက်ချင်သည်။

စာလုံးအရေအတွက်လေးကိုရှိုးလိုက်ပါ ။ ကိုကိုကုံး ကိုစာဖွဲ့နေတာနဲ့တင် တစ်နာရီလောက်ကြာတယ် ၀-၀

=======

{ Zawgyi }

မီးသတ္ဌာန၏ ေန႔တဒူဝ လုပ္႐ိုးလုပ္စဥ္မွာကား ေလ့က်င့္ျခင္းသာျဖစ္သည္။

ရဲသားမ်ားႏွင့္ အထူးအခြင့္အေရးခံမ်ားမွလြဲ၍ တပ္ဖြဲ႕တစ္ခုလုံး တစ္ေန႔ကို နာရီအနည္းငယ္ေတာ့

ေလ့က်င့္ေရးဆင္းၾကရသည္။

ေနာက္ဆုံး မီးသတ္သတိေပးလုပ္ေဆာင္ေရးမ်ား

မ႐ွိလွ်င္ သူတို႔သည္ရဲတပ္ဖြဲ႕၏ လက္႐ုံးအေနျဖင့္တာဝန္ထမ္းေဆာင္ၾကရေပ၏။

မီးသတ္ကိစၥမ်ားၿပီးစီးပါက တပ္ဖြဲ႕သားအေနျဖင့္ ဆက္လက္ထမ္းေဆာင္ၾကရမည္။

ဘယ္လိုပဲျဖစ္ျဖစ္ အခုတေလာအေတာ္ပူအိုက္ေလသည္။

ေနကား အပူျပင္းဆုံးအခ်ိန္ေရာက္႐ွိလာသည့္

အခါမွာေတာ့ ရန္ရိ ေလ့က်င့္ေရးလစ္လိုက္သည္။ သို႔ေသာ္ တပ္သားမ်ားကေတာ့ ေခြၽးသံတ႐ႊဲ႐ႊဲ လုပ္ေဆာင္ေနၾကရဆဲျဖစ္၏။

ေလ့က်င့္ေရး ေရေသာက္ရန္နားေနခ်ိန္မွာေတာ့ အျပင္အေစာင့္က ေလ့က်င့္ကြင္းကိုျဖတ္၍ေအာ္လာသည္။

" ေခါင္းေဆာင္ ဒီမွာေခါင္းေဆာင္ကို လူတစ္ေယာက္လာ႐ွာတယ္ "

ရန္ရိ မ်က္လုံးေမွးလိုက္ရင္း တံခါးကိုၾကည့္လိုက္သည္။

ထိုအကြာအေဝးမွ သြယ္လ်ေသာမိန္းမငယ္ေလးတစ္ေယာက္ ပန္းစည္းတစ္စည္းကိုကိုင္ထားၿပီး အိတ္ႏွစ္ကိုဆြဲကာ လ်င္ျမန္စြာေလွ်ာက္လွမ္းလာသည္ကို သူျမင္လိုက္ရ၏။

ေနေရာင္ထဲ၌ သူမ၏အသားအရည္ကား ျဖဴလႊကာ ေတာက္ပေနၿပီး သူမ၏ ponytail¹ ေလးကလည္း ေျခလွမ္းတိုင္းမွာလႈပ္ရမ္းေနေလသည္။

ငယ္႐ြယ္ႏုပ်ိဳကာ လွပေက်ာ့႐ွင္းသည္။

အဖြဲ႕ထဲ႐ွိလူမ်ားအားလုံး ေခါင္းလွည့္ၾကည့္ရေလာက္ေအာင္ ဆြဲေဆာင္ႏိုင္ေပ၏။

ရန္ရိ ေျပာလိုက္သည္။

" တင္ခ်င္း သြားကူယူလိုက္ဦး "

" ဟုတ္ကဲ့ "

တင္ခ်င္း ေျပးသြားလိုက္ကာ သူမလက္ထဲ႐ွိအရာမ်ားကိုယူလိုက္သည္။

မိန္းကေလးသည္ ရန္ရိထံအျမန္ေလွ်ာက္လာ၏။

သူမ၏ အနက္ႏွင့္အျဖဴစပ္မ်က္လုံးဝိုင္းမ်ား ကိုမ်က္ေတာင္ခတ္လိုက္ရင္း ရန္ရိကို အနည္းငယ္ ႐ွက္ေသြးျဖန္းစြာၾကည့္လာသည္။

ရန္ရိ မ်က္ခုံးပင့္လိုက္ၿပီး ဒီမိန္းကေလး အေတာ္ၾကည့္ေကာင္းတာပဲ လို႔ေတြးလိုက္သည္။

အျပင္ေလာက၌ ဒီေလာက္လွပတဲ့မိန္းကေလးမ်ိဳးကို သူ႕တစ္ဘဝလုံးမေတြ႕ခဲ့ဖူးေပ။

" hello? ကြၽန္မကိုမွတ္မိလား?"

မိန္းကေလးကအျပဳံးႏွင့္ေျပာလိုက္သည္။

" မင္းက လြန္ခဲ့တဲ့အပတ္ ေကာ္ဖီဆိုင္ကမိန္းကေလး....."

" ဟုတ္တယ္! အဲ့တာကြၽန္မပဲ!"

သူမဝမ္းသာအားရေျပာလိုက္သည္။ " ႐ွင္မွတ္မိတာပဲ!"

ရန္ရိ ျပဳံးလိုက္သည္။

" အျပင္မွာအရမ္းပူတယ္ ဝင္ၿပီးထိုင္ပါဦး ၊ ေကာင္ေကာ မင္းဆက္ေစာင့္ၾကည့္ေနလိုက္ "

" ဟုတ္ကဲ့ "

ဧည့္ႀကိဳအခန္းကိုလည္းဝင္ၿပီးေရာ

တင္ခ်င္း ကပစၥည္းမ်ားခ်ကာထြက္သြားသည္။

မိန္းကေလးကေတာ့ ရန္ရိကို မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေန‌ေခ်၏။

" ကြၽန္မက ကုံးေဖးလန္ ပါ ႐ွင့္နာမည္ကေရာ?"

" ကိုယ္က ရန္ရိပါ " ရန္ရိျပဳံးလိုက္သည္။

" မင္းျပန္သက္သာသြားၿပီလား?"

" ေကာင္းပါတယ္ ဘာမွမျဖစ္ဘူး "

ကုံးေဖးလန္ ပန္းစည္းကိုယူလိုက္ကာ ရန္ရိအားေပးလိုက္သည္။

" ေခါင္းေဆာင္ရန္ ကြၽန္မကိုကယ္ေပးလို႔ေက်းဇူးတင္ပါတယ္ "

" ဟားဟား ဒါေပါ့ ကိုယ္တို႔တာဝန္ပါပဲ "

ရန္ရိ ပန္းစည္းကိုယူလိုက္ၿပီး သူမယူလာေသာအိတ္မ်ားထံ ၫႊန္ျပလိုက္သည္။

" ပန္းကေတာ့ခက္ခံလို႔ရပါတယ္ လက္ေဆာင္ေတြ ကေတာ့လက္ခံလို႔မရဘူးဗ် ဒါေပမယ့္ ၾကင္နာမႈအတြက္ေက်းဇူးတင္ပါတယ္ "

" ဒါေတြက ကြၽန္မကိုယ္တိုင္လုပ္ထားတဲ့ ေခ်ာကလက္ကြတ္ကီးေတြပါ "

ကုံးေဖးလန္ စကၠဴအိတ္ကို ရန္ရိလက္ေမာင္းထဲထည့္ေပးလာသည္။

" ႐ွင္ျမည္းၾကည့္ရမယ္ေလ ႐ွင့္အတြက္လုပ္လာခဲ့တာ "

ရန္ရိသူ႕လက္ထဲမွအိတ္ကို ႐ွက္႐ွက္နဲ႔ ၾကည့္လိုက္သည္။

" တကယ္ကြတ္ကီးေတြပါ " ကုံးေဖးလန္ အိတ္ထဲမွကြတ္ကီးမ်ားကိုထုတ္လိုက္သည္။

" ၾကည့္"

" okay ေက်းဇူးပါ"

သူတို႔ ရဲဌာနတြင္ကူညီလုပ္ကိုင္ၿပီးျပန္လာသည့္အခါ လူေတြ တပ္ရင္းကိုလာၿပီး ေက်းဇူးတင္ၾကကာ လက္ေဆာင္မ်ားေပးတတ္ၾကသည္။

တစ္ခါတေလက်ေတာ့ ဧည့္ဝတ္ေက်မႈမ်ားက မယုံႏိုင္စရာေကာင္းလွသည္။

အလႉေငြမ်ားႏွင့္ ပန္းမ်ားအျပင္ အစားအစာမ်ားသည္လည္း လက္ခံႏိုင္၏။

" ေနာက္ၿပီး မင္းအျပင္ထြက္လည္ရင္ သဘာဝေဘးကေန ကိုယ့္ကိုကိုယ္ကာကြယ္ဖို႔ေလ့လာထားသင့္တယ္ "

ကုံးေဖးလန္ ေခါင္းအထပ္ထပ္ညိတ္လိုက္ၿပီး ရန္ရိအား မ်က္လုံး႐ြဲမ်ားျဖင့္ ဆက္ၾကည့္ေနသည္။

ေအးစက္ေနတဲ့အေျခအေနက အနည္းငယ္႐ွက္စရာေကာင္းၿပီး ရန္ရိလည္းၾကံရာမရဘဲ စကားစ႐ွာလိုက္ရသည္။

" မင္းေက်ာင္းကဒီနားတစ္ဝိုက္ပဲလား? အားလပ္ရက္မဟုတ္ဘူးလား?"

" အင္း ကြၽန္မေက်ာင္းကျပန္ရင္ေတာ့ မီးသတ္ဌာနေ႐ွ႕ကျဖတ္ျပန္တယ္ "

ကုံးေဖးလန္ သူမႏႈတ္ခမ္းမ်ားခဏနားလိုက္သည္။

" ဒီမွာ မီးသတ္သမားကိုကိုေခ်ာေခ်ာ တစ္ေယာက္‌႐ွိလိမ့္မယ္လို႔ေတာ့ သတိမထားမိခဲ့ဘူး"

ကုံးေဖးလန္မ်က္လုံးမ်ားထဲ၌ ရင္းႏွီးေသာေတာက္ပမႈကို ေတြ႕လိုက္ရသည့္သကာလ ရန္ရိ ႐ုတ္တရက္ေခါင္း‌ေၾကာမ်ားတင္းမာသြားရသည္။

လြန္ခဲ့ေသာႏွစ္အနည္းငယ္၊ သူမီးသတ္ဌာနတြင္႐ွိစဥ္က

သူရဲဌာနကိုသြားၿပီးတဲ့အခါ ႐ုံးကိုေရာက္ခ်လာတဲ့အမ်ိဳးသမီးေတြနဲ႔ blind date လုပ္ဖို႔လာေျပာၾကတဲ့ ဦးေလးေတြအေဒၚေတြ႐ွိခဲ့ေပမယ့္လည္း အလယ္တန္းေက်ာင္းသူကေတာ့....

တကယ္ကိုပထမဆုံးေတြ႕ဖူးတာပင္။

သူအ‌ရမ္းေတြးမိတာလည္းျဖစ္ႏိုင္ပါတယ္။

ရန္ရိျပဳံးရင္းေျပာလိုက္သည္။

" အရမ္းေတြခ်ီးမြမ္းေနေတာ့ ႐ွက္ေတာင္လာၿပီဗ်ာ "

ကုံးေဖးလန္ ရန္ရိမ်က္လုံးမ်ားအားတည့္တည့္ၾကည့္လာသည္။

" ေခါင္းေဆာင္ရန္ ႐ွင္လက္ထပ္ၿပီးၿပီလား?"

" အာ....ဟင္အင္း "

" ခ်စ္သူမိန္းကေလးမ႐ွိဘူးေပါ့?"

ရန္ရိ ခဏတာတြန္႔ဆုတ္သြားသည္။

ဒီစကားကေ႐ွ႕ဆက္သြားဖို႔မသင့္ေတာ္။ သို႔ေသာ္လည္း သူအလိမ္အညာစကားေျပာမည္မဟုတ္ေပ။

သူ တစ္စကၠန္႔ ႏွစ္စကၠန္႔ေလာက္ လိမ္မလား မလိမ္ဘူးလား ႏွင့္႐ႈပ္ေထြးေနသည္။

ကုံးေဖးလန္က စိတ္လႈပ္႐ွားစြာေျပာလာ၏။

" မ႐ွိဘူး ႐ွင့္အမူအရာၾကည့္တာနဲ႔ မ႐ွိမွန္းကြၽန္မသိတယ္! "

ရန္ရိ ေျခာက္ကပ္ကပ္ရယ္လိုက္သည္။

" ဘာလို႔လဲ ? မင္းမမနဲ႔ ကိုယ့္ကိုမိတ္ဆက္ေပးမလို႔လား ?"

ကုံးေဖးလန္ ရင္ဘတ္မ်ားမတ္သြားသည္။

သူမ၏ ကေလးဆန္၍လွပေသာမ်က္ႏွာထက္၌ ယုံၾကည္မႈတို႔ျမင့္မားလ်က္။ သူမပြင့္ပြင့္လင္းလင္းပဲေျပာလိုက္သည္။

" ကြၽန္မကိုေရာဘယ္လိုထင္လဲ?"

ရန္ရိ ဒီမိန္းကေလးက ေဘာလုံးကို လက္နဲ႔တိုက္႐ိုက္ပုတ္လိုက္မည္ဟုမထင္ခဲ့ေပ။

သူသတိမဲ့သြားခဲ့၏။ သူမ်က္ေမွာင္သာသာ က်ံဳ႕လိုက္သည္။

" လာေနာက္ေနတာလား?"

" အတည္ပါ " မိန္းကေလး၏မ်က္လုံးမ်ား၌ အ႐ိုင္းဆန္ေသာအခ်စ္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။

" ႐ွင္သိလား ကြၽန္မေသလုေျမာပါးျဖစ္ေနခ်ိန္မွာ ကြၽန္မေတြးမိတယ္ အဲ့အခ်ိန္႐ွင္ေရာက္လာၿပီး ကြၽန္မကိုေျပာခဲ့....."

" ခဏေလးေနပါဦး " ရန္ရိျပဳံးလိုက္သည္။

" ေက်ာင္းသူေလး ေျပာတာနားေထာင္ပါ မင္းေသလုနီးပါးျဖစ္ေနခ်ိန္မွာ မင္းကိုကယ္ခဲ့တဲ့သူကို အေကာင္းျမင္တာ လြယ္ပါတယ္ ကိုယ္ဒီလိုအေျခအေနေတြ အမ်ားႀကီးၾကဳံဖူးတယ္ ဒီအျပဳအမူေတြက စိတ္ပိုင္းဆိုင္ရာနဲ႔ပဲဆိုင္တာပါ တစ္နည္းေျပာရရင္ ' Misattribution of arousal² ' လို႔ေခၚတယ္။ ေက်းဇူးတင္တာနဲ႔ စိတ္ဝင္စားတာက အကြာႀကီးပါ မင္းစိတ္႐ႈပ္ေထြးေနတာပဲ "

" မဟုတ္ဘူး!" ကုံးေဖးလန္ ေမးေမာ့ၾကည့္လိုက္သည္။

" လူကသူႀကိဳက္တာဘာလဲေျပာႏိုင္တယ္ ဝက္မွမဟုတ္တာ "

ရန္ရိ၏ အရပ္႐ွည္ကာ ေခ်ာေမာပုံကိုၾကည့္လိုက္ရင္း သူမမတတ္ႏိုင္ပဲ ႐ႊင္ျပသြားရသည္။

" ၿပီးေတာ့ ႐ွင္ကအရပ္လည္း႐ွည္ၿပီး ေခ်ာလည္းေခ်ာတယ္ ကြၽန္မဘယ္သူ႕ကိုမွမႀကိဳက္ေတာ့ဘူး အာ ႐ွင္ ကြၽန္မကိုၾကည့္မေကာင္းဘူးထင္လို႔လား?"

ရန္ရိေလးနက္စြာေျပာလိုက္သည္။

" မင္းကၾကည့္ေကာင္းပါတယ္ "

" အဲ့တာဆို ကြၽန္မ႐ွင့္ခ်စ္သူလုပ္မယ္ "

ကုံးေဖးလန္ ေ႐ွ႕သို႔လွမ္းလာ၏။

ရန္ရိ ေနာက္သို႔ေျခတစ္လွမ္းဆုတ္လိုက္ရင္း အသိတစ္တက္တစ္ပ်က္ျဖင့္ အ႐ႈံးေပးဟန္လက္ေျမႇာက္လိုက္မိသည္။

သူမေနႏိုင္ပဲ ရယ္လိုက္သည္။

" ေက်ာင္းသူေလး မင္းအသက္ဘယ္ေလာက္လဲ?"

" ဆယ္ေလးႏွစ္ "

( T\N : ဟုတ္ကဲ့မွားမေရးပါဘူး တကယ္ 14 ပါ :3 )

ရန္ရိ အကူညီမဲ့စြာေျပာလိုက္သည္။

" မင္း ကိုယ္ဘယ္နႏွစ္လဲသိလို႔လား?"

" ဂ႐ုမစိုက္ဘူး " ကုံးေဖးလန္တြန္႔ဆုတ္ျခင္းမ႐ွိဘဲေျပာသည္။

" ကိုယ္ကေတာ့စိုက္တယ္ "

ရန္ရိ သူ႕အေဒၚရဲ႕အဘြားကိုပင္ တမိမလိုျဖစ္သြားရ၏။

" ကိုယ္က သုံးဆယ္ ၊ ၿပီးေတာ့ ကိုယ္ငယ္ငယ္ကမ်ား အမွားတစ္ခုခုလုပ္ခဲ့မိရင္ မင္းကိုေတာင္ေမြးလို႔ရေလာက္တယ္ ျပႆနာမ႐ွာပါနဲ႔ ေကာင္းေကာင္းေနၿပီး အိမ္ျပန္ပါေတာ့ "

" ဘယ္သူက႐ွင့္ကို ေစာဒကတက္ေနလို႔လဲ?"

ကုံးေဖးလန္ စိုးရိမ္တႀကီးျဖစ္သြားသည္။

" ကြၽန္မကငယ္ေသးေပမယ့္ ကြၽန္မမွာ႐ွိသင့္တာဟာေတြအကုန္႐ွိပါတယ္! "

(T/N : အတံ႐ွိလား အတံ သူႀကိဳက္တာအတံ TuT )

သူမရင္ေကာ့ကာေျပာျပန္သည္။

" ကြၽန္မ႐ွင့္ကိုႀကိဳက္တယ္ ႐ွင္ခ်က္ခ်င္းလက္မခံႏိုင္ဘူးမလား မလုပ္မေပးႏိုင္လည္းရပါတယ္ အဲ့တာဆို ကြၽန္မ.....ကြၽန္မ႐ွင့္ကို လိုက္မယ္ ဘာမွႀကီးႀကီးမားမားမဟုတ္ပါဘူး "

ရန္ရိေသေအာင္ေၾကာက္သြားရသည္။

" ေက်ာင္းသူေလး ကိုယ္ေတာင္းဆိုပါတယ္ မင္းသာကိုယ့္ခ်စ္သူလုပ္မယ္ဆို ကိုယ့္ကိုေထာင္ထဲလာေတြ႕ရလိမ့္မယ္ "

ကုံးေဖးလန္က ေအးေဆးစြာေျပာလာသည္။

" အဲ့တာဆိုလည္း အျခားသူေတြကိုမေျပာ႐ုံေပါ့ "

" ဘယ္လိုျဖစ္ႏိုင္မွာလဲ? မင္းမိဘေတြေရာ? မင္းမိဘေတြသိမွာမေၾကာက္ဘူးလား?"

ကုံးေဖးလန္ မ်က္ဝန္းထဲဝမ္းနည္းမႈအရိပ္အေယာင္ တစ္ခ်က္ ျဖတ္ေျပးသြားၿပီး သူမေအးစက္စြာေျပာသည္။

" သူတို႔အေရးစိုက္‌မွာမဟုတ္ဘူး"

ရန္ရိ သူမကိုေခ်ာ့ေျပာလိုက္သည္။

" မင္းတို႔အ႐ြယ္ကေလးေတြက အခ်စ္ကိုစူးစမ္းခ်င္တဲ့အ႐ြယ္ပဲ ကိုယ္နားလည္ပါတယ္ မင္း နဲ႔သက္တူ႐ြယ္တူကိုပဲ႐ွာတာ ပိုေကာင္းလိမ့္မယ္ "

" ကြၽန္မအ႐ြယ္ ေယာက်္ားေလးေတြက ႐ိုင္းၿပီး တုံးရိၾကတယ္ "

ကုံးေဖးလန္ ပါးစပ္မွဆက္ကာေခ်ာေခ်ာ႐ွဴ႐ွဴပဲေျပာသည္။

" ႐ွင့္အသက္အ႐ြယ္အေနနဲ႔ဆို ‌အရမ္းေခ်ာ့ေမာ့တတ္တယ္ "

" ... "

ကုံး‌ေဖးလန္ လက္သီးဆုပ္လိုက္သည္။

" တိုတိုေျပာရရင္ ကြၽန္မ႐ွင့္ခ်စ္သူျဖစ္ဖို႔‌ ဆုံးျဖတ္ထားၿပီးသား ။ ႐ွင္ကြၽန္မကိုသိပ္မသိေသးလို႔ လက္မခံႏိုင္တာ ၊ ႐ွင္ကြၽန္မကိုနားလည္လာေအာင္လုပ္ၿပီး ႐ွင္ကြၽန္မကိုခ်စ္လာလိမ့္မယ္ "

ရန္ရိ ႐ုတ္တရက္ စိတ္ပိုင္းဆိုင္ရာေၾကာင့္ ေခါင္းကိုက္လာသလိုခံစားရသည္။

ကုေဖးလန္ သူမဖုန္းကိုထုတ္လိုက္သည္။

" Wechat မွာ add ေပး"

" .....အရမ္းႀကီးအဆင္ေျပမေနဘူးေနာ္ "

" အဲ့တာဆို ကြၽန္မမျပန္ဘူး " ကုေဖးလန္သူမလက္မ်ားကို ျဖန္႔ကားလိုက္သည္။

" ကြၽန္မအခု အားလပ္ရက္ရထားတယ္ အခ်ိန္႐ွိတယ္ေနာ္ "

ရန္ရိ ရယ္ရမလို ငိုရမလိုပင္။ " okay "

ကုေဖးလန္ ရန္ရိကို စိုက္ၾကည့္ကာ အတည္ျပဳလိုက္ၿပီး ေပ်ာ္႐ႊင္စြာခုန္ေပါက္လိုက္သည္။

" အဲ့တာဆို ကြၽန္မေနာက္ေန႔မွ ႐ွင့္ကိုေတြ႕ဖို႔ထပ္လာခဲ့မယ္ "

သူမ ရန္ရိကို ဆြဲေဆာင္ေသာအၾကည့္ျဖင့္ၾကည့္လိုက္သည္။

" ကြၽန္မရဲ႕အလွဆုံးပုံေတြ ႐ွင့္ဆီပို႔‌လိုက္မယ္ "

ရန္ရိကေတာ့ သူမကို တံခါးဆီလိုက္ပို႔ဖို႔မေစာင့္ႏိုင္ေတာ့ေပ။

ကုံးေဖးလန္ သူ႕ဆီသို႔ fly kiss မ်ားလွမ္းပစ္ခဲ့ကာ ေပ်ာ္႐ႊင္စြာျဖင့္ ေအးေအးခ်မ္းခ်မ္းျပန္သြားေလသည္။

ရန္ရိ ထိုေနရာ၌အေတာ္ၾကာရပ္ေနခဲ့သည္။

သူ႕ရင္ထဲတြင္ေတာ့ အႏၲရယ္႐ွိသည္ဟူေသာ အသိေပးခ်က္ျမည္ဟီးလာလ်က္။

___________

Translator's Note

1. Ponytail - ဆံပင္စည္းတဲ့အခါ အဲ့အစည္းကိုေျပာတာ ။

2. Misattribution of arousal - စိတ္ပညာတြင္အသုံးအႏႈန္းသည္လူတို႔အား၎တို႔အားႏိႈးဆြေစသည့္အရာဟုယူဆရာတြင္အမွားတစ္ခုျပဳလုပ္မိသည့္ေဖာ္ျပခ်က္ျဖစ္သည္။ ဥပမာအားျဖင့္ေၾကာက္႐ြံ႕ျခင္းႏွင့္ဆက္စပ္ေသာဇီဝကမၼဆိုင္ရာတုံ႔ျပန္မႈမ်ားကိုအမွန္တကယ္ၾကဳံေတြ႕ရပါကလူမ်ားသည္ထိုတုံ႔ျပန္မႈကိုအခ်စ္ဇာတ္လမ္းဟုမွားယြင္းစြာမွတ္ယူၾကသည္။ ဇီဝကမၼဆိုင္ရာေရာဂါလကၡဏာမ်ားကိုမမွန္မကန္ေသာလႈံ႕ေဆာ္မႈမ်ားေၾကာင့္ျဖစ္ရျခင္း၏အေၾကာင္းအရင္းမွာလႈံ႕ေဆာ္မႈမ်ားစြာတြင္အလားတူဇီဝကမၼလကၡဏာမ်ားျဖစ္ေသာေသြးေပါင္ခ်ိန္သို႔မဟုတ္အသက္႐ွဴက်ပ္ျခင္းတို႔ေၾကာင့္ျဖစ္သည္။

( ေသဖို႔ၾကဳံရတဲ့အခါမွာ ကူညီသူကို အခ်စ္လို႔အယူမွားတတ္တာမ်ိဳး )

_________________________________________

ရန္ရိ ထင္ထားခဲ့သည္က ကုံးေဖးလန္ကေလးစိတ္နဲ႔ခဏတာ ဆိုးေနတာဟူ၍၊ သို႔ေသာ္ သူမတပ္ရင္းအား စတုတၳအႀကိမ္လာေရာက္ေသာအခါဝယ္ ဒီကိစၥကအနည္းငယ္ေတာ့ ျပႆနာပဲဆိုတာသူသိလိုက္ရသည္။

သူဒီျပႆနာကို အျပစ္လည္းတင္မေနခ်င္ေပ၊ နည္းျပက သူ႕ကိုဆြဲေဆာင္မႈေတြေလွ်ာ့ဖို႔ တစ္ခါလာေျပာေသာ္လည္း ကုံးေဖးလန္က အေရးမႀကီးေသာ မိန္းကေလးသက္သက္သာျဖစ္၏။

သူလည္း ဆြဲေဆာင္မႈေတြေလွ်ာ့ခ်င္ပါရဲ႕။

သို႔ေသာ္ျငား သူ႕ေျခေထာက္မ်ားကေတာ့ သူကိုယ့္မွာပဲ႐ွိေနသည္ကို။

သူျပင္းျပင္းထန္ထန္ေျပာဖို႔လည္း တြန္႔ဆုတ္မိသည္။

ကုံးေဖးလန္ရဲ႕မ်က္ႏွာၾကည့္ၿပီး သူ႕မလုပ္ႏိုင္ေပ။

ထို႔ေၾကာင့္သူ ရဲဌာနက သူငယ္ခ်င္းဆီ သူမမိဘရဲ႕အခ်က္အလက္ေတြ စစ္ခိုင္းၿပီးဒီျပႆနာကို ထိထိေရာက္ေရာက္ေျဖ႐ွင္းဖို႔ဆုံးျဖတ္လိုက္သည္။

ယခုညေန၌ သူ႕အ‌ေဖအစာအိမ္အေျခအေနသိပ္မေကာင္းဘူး အန္ေသးသည္ ဟု သူနာနီထံမွဖုန္းလက္ခံလိုက္ရေသာေၾကာင့္

အိမ္ျပန္ရန္ျပင္လိုက္သည္။

သူတစ္ႏွစ္တြင္ 45 ရက္သာနားရက္ရ၏။ စည္းမ်ဥ္းစည္းကမ္းမ်ားအရ ခြင့္ျပဳခ်က္မရဘဲ ဌာနမွထြက္သြား၍မရေပ။

ဘယ္လိုပဲျဖစ္ျဖစ္ သူ႕အေဖ၏အထူးခံစားခြင့္မ်ားေၾကာင့္ ဘက္မလိုက္ဘဲ ဂ႐ုစိုက္ေလသည္။

ထပ္ေပါင္းေျပာရလွ်င္ သူ႕အိမ္က မီးသတ္ဌာနမ်က္ႏွာခ်င္းဆိုင္တြင္ျဖစ္ၿပီး အေရးေပၚကိစၥမ်ားအေပၚ သက္ေရာက္မႈမ႐ွိပါေခ်။

အခ်ိန္ယူၿပီး သြားၾကည့္လိုက္႐ုံသာ။

သူ ဒုေခါင္းေဆာင္‌ေကာင္ေကာ ကို cafe တြင္ေတြ႕ၿပီးသူ႕အလုပ္ကိစၥမ်ား႐ွင္းျပလိုက္သည္။

စြန္းတင့္ရီး ကသူ႕အားေတြ႕သည္ႏွင့္ ေလွာင္ေျပာင္ေတာ့သည္။

" အို ငါတို႔က ကမ႓ာပ်က္မတက္မီးေလာင္မႈေတြၾကားက ေခ်ာေမာလွတဲ့လူေတြပဲ ၊ အသက္ေလးဆယ္ရင့္က်က္တဲ့ အမ်ိဳးသမီးေတြကစ ဆယ့္ေလးႏွစ္အ႐ြယ္ လိုလီ¹ ေတြအထိကို ငါတို႔အဖြဲ႕ ဆြဲေဆာင္တာခံေနရတယ္ "

ရန္ရိ သူ႕ခုံအားေျခေထာက္ျဖင့္ကန္လိုက္သည္။

" အသားေပါက္စီ ေတာင္မင္းပါးစပ္ကိုမစို႔ထားႏိုင္ဘူး "

ေကာင္ေကာ သက္ျပင္းခ်ၿပီးေျပာသည္။

" မင္းကိုနည္းျပေျပာေသးလား?"

" ငါ့ကိုလာဆူတယ္ ေျပာစမ္းပါ ငါေခ်ာတာအျပစ္လား?"

ရန္ရိဝမ္းနည္းစြာေျပာလိုက္သည္။

" ေခ်ာေမာတဲ့ သူေတြအေၾကာင္း မင္းတို႔နားမလည္ႏိုင္ပါဘူးကြာ "

အားလုံးက စုတ္သတ္ၾက၏။

" ငါဒီေန႔ အိမ္ျပန္မလို႔ ႐ိုး႐ိုးသားသားေနၾက"

" ေမွာင္ခိုေဈးမဖြင့္ခင္ ငါေျခသလုံးဖက္ပါရေစ "

" မနက္ျဖန္မွေပါ့ "

ရန္ရိ မီးသတ္ဌာနမွထြက္ကာ လမ္းျဖတ္ကူးလိုက္သည္။

သူတို႔၏ ဖီးနစ္မီးသတ္ဌာနႀကီးသည္ကား တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံတည္ေတာင္သူတို႔၏ အေစာပိုင္းကာလမ်ားကပင္

ဖြဲ႕စည္းထားခဲ့ျခင္းျဖစ္သည္။

ထိုအခ်ိန္က အိမ္ျခံေျမေဈးမ်ားက တုန္လႈပ္ရေလာက္ေအာင္ မႀကီးမားေသးေခ်။

မီးသတ္ဌာန၏အေ႐ွ႕ဘက္သည္ မီးသတ္မိသားစုဝင္မ်ား၏ အိမ္ရာဝင္းျဖစ္သည္။

သူသည္ ထိုဝင္းထဲ၌ေမြးဖြားခဲ့ကာ ထိုဝင္းထဲ၌ပင္ ႀကီးျပင္းၿပီး ထိုဝင္း၌ပင္ သူ႕ကိုျပဳစုပ်ိဳးေထာင္ခဲ့ၾကသည္။

သို႔ေပမယ့္သူ႕အေမကေတာ့ သူ႕အေဖ၏ မီးသတ္အလုပ္ကို ျပင္းထန္စြာဆန္႔က်င္ခဲ့၏။

မိနစ္အနည္းငယ္အတြင္းမွာပင္ သူထိုဝင္းထဲဝင္လိုက္သည္။

ေပါင္းသင္းဆက္ဆံေရးမ်ားလည္း ၾကာျမင့္ေနၿပီျဖစ္ၿပီး အေဆာက္အအုံမ်ားကလည္း အိုေဟာင္းေနၿပီျဖစ္သည္။

အိမ္ရာကို ထိန္းသိမ္းႏိုင္ေသာလူအမ်ားစုကေတာ့ ေျပာင္းေ႐ႊ႕သြားခဲ့ၾကေပၿပီ။

တည္ေနရာအေနအထားေကာင္းေသာေၾကာင့္ ေနအိမ္အမ်ားစုအား မီးသတ္သမားမ်ားထံငွားရမ္းထားၾက၏။

အနည္းႏွင့္အမ်ား စြန္႔ပစ္ထားၾကသည္ေပ။

သူအိမ္ေအာက္ထပ္ေလွကားမ်ားဆီ ေလွ်ာက္သြားသည့္အခါ ညေနျခမ္းေနမင္းႀကီးက တိုးဝင္ကြယ္ေပ်ာက္ေနၿပီျဖစ္ၿပီး ေကာ္ရစ္တာ သည္လည္း ေမွာင္ေနေခ်ၿပီ။

သူအထဲ၌ လူတစ္ေယာက္အား ေရးေတးေတးျမင္လိုက္ရသည္။

သူအနီးကပ္ၾကည့္မိလိုက္ပါမွ ထိုသူသည္ ႐ွည္လ်ားကာ ေျဖာင့္တန္းေသာေျခေထာက္မ်ားျဖင့္ အရပ္႐ွည္ေသာ ေယာက်္ားတစ္ေယာက္ျဖစ္ေၾကာင္း ျမင္လိုက္ရသည္။

Suit ကေခါက္ရာတစ္စပင္မေတြ႕ရေလာက္ေအာင္ ျပန္႔ျပဴးေနသည္။

ေကာက္ေၾကာင္းမ်ားျဖင့္ ခါးသည္ ပိန္ပါးကာသြယ္လ်လ်၊ ပုခုံးမ်ားကက်ယ္ေျပာၿပီး ရင္အုံသည္လည္း ႀကီးမား၏။

နက္ေမွာင္ေသာသားေရ ႐ွဴးဖိနပ္မ်ားႏွင့္ ႏွင္းလိုျဖဴေဖြးေသာ ႐ွပ္အက်ႌတို႔ကလိုက္ဖက္ညီသည္။

သန္႔႐ွင္းေသာ အျဖဴေရာင္လက္အိတ္မ်ားႏွင့္ အျဖဴေရာင္ mask ကိုပင္တပ္ထားေသး၏။

ဓာတ္ခြဲခန္းဝတ္စုံႏွင့္ ေနာက္တစ္ခဏေနလွ်င္ပင္ဓာတ္ခြဲခန္းထဲ ဝင္ေတာ့မည္လား စတူဒီယိုမ်ားဝင္ေတာ့မည္လား ဟုပင္ထင္မွတ္ရသည္။

ထိုပုံစံ လူတစ္ေယာက္ကဒီလို‌အိုေဟာင္းေနေသာ တံခါးေ႐ွ႕ေတြ႕ရသည္မွာ ထူးဆန္းလွေပသည္။

ရန္ရိ မတတ္သာပဲ ထိုလူကိုၾကည့္လိုက္မိသည္။

ထိုကဲ့သို႔‌ေသာ လူတစ္ေယာက္‌ ေဘးမွျဖတ္သြားရင္း

mask ျဖင့္ မ်က္ႏွာကိုဖုံးထားေသာ္လည္း နက္နဲကာ လွပေသာမ်က္ဝန္းတစ္စုံကိုၾကည့္႐ုံမွ်ျဖင့္ ထိုမ်က္ႏွာေလးက ေခ်ာေမာ‌မည္ျဖစ္ေၾကာင္းသူသိႏိုင္သည္။

ရန္ရိ၏ လမ္းေလွ်ာက္သံမ်ားက အနည္းငယ္ပင္ စိတ္ကူယဥ္ဆန္ေနေတာ့၏။

ထိုလူသည္လည္း သူ႕ကိုၾကည့္ေနေကာင္းေတြ႕လိုက္ရသည့္အခါ ရန္ရိေမးလိုက္သည္။

" သူငယ္ခ်င္း မင္းတစ္ေယာက္ေယာက္ကိုေစာင့္ေနတာလား?"

ဥေရာပစတိုင္ မ်က္ေတာင္ႏွစ္ခုက ေအာက္သို႔သက္ဆင္းသြားကာ တစ္ဖန္အထက္သို႔ျပန္လည္ျမင့္တက္လာသည္။ ရန္ရိကိုအထက္မွေအာက္သို႔ ယဥ္ေက်းမႈမ႐ွိစစ္ေဆး၍ သူ႕မ်က္လုံးထဲတြင္ေတာ့ ႐ြံ႐ွာမႈအရိပ္အေယာင္အခ်ိဳ႕ျဖင့္။

ရန္ရိ အနည္းငယ္စိတ္ညစ္သြားၿပီး ဘယ္ႏိုင္ငံျခား company ကမ်ားလွ်ိဳ႕ဝွက္စုံေထာက္လိုလိုဘာလိုလို ဟန္ေဆာင္ထားပါလိမ့္ ဟုေတြးလိုက္ရင္း ထိုသူအားဆက္ေႏွာင့္ယွက္ေနေတာ့ဘဲ အေပၚထပ္သို႔တန္းတန္းတက္လာခဲ့သည္။

မ‌ေမွ်ာ္လင့္ပါဘဲ ထိုလူကသူ႕ေ႐ွ႕မွပိတ္ရပ္လာေလ၏။

လူႏွစ္ေယာက္က အႏၲရာယ္အေျခအေနတြင္႐ွိေနၿပီး တိုက္မိေတာ့မလို ျဖစ္သြားရသည္။

ကံေကာင္းစြာနဲ႔ ရန္ရိကရပ္လိုက္ကာ နီးကပ္သြားရၿပီး ထိုလူကတကယ္အရပ္႐ွည္ေၾကာင္း သိ႐ွိလိုက္ရသည္။

သူသည္ 184 cm ႐ွိသည္ျဖစ္၍ ထိုလူက 190 နီးပါးေတာင္႐ွိမည္စိုးရ၏။

ရန္ရိ မ်က္ေမွာင္က်ံဳ႕လိုက္သည္။

" ကိုယ္မင္းကိုသိလို႔လား?"

" ခင္မ်ားက ရန္ရိလား?"

သူစကားေျပာလိုက္သည္။ သူ႕အသံက ေအးစက္ၿပီးပုံစံႏွင့္လိုက္ဖက္စြာ မာနေထာင္လႊားေနသည္။

သို႔ေသာ္ မထင္မွန္ထားဘဲ သူ႕အသံက ေ႐ွးေဟာင္းဘုရားေက်ာင္းမွေလျပင္းတစ္ခ်က္ ေဝ့ဝဲလာသကဲ့သို႔ ေကာင္းမြန္ကာ လွပၿပီးအားပါသည္။

ထိုအသံကား သိကၡာႀကီးကာ ဆြဲေဆာင္မႈသည့္အသံပင္ျဖစ္သည္။

ရန္ရိ ထိုလူကို ေသခ်ာျပန္ၾကည့္လိုက္သည္။

" ကိုယ္တို႔ေတြ႕ဖူးလား? မင္း mask ခြၽတ္လိုက္ရင္ေရာ?"

ဒီလိုပူျပင္းတဲ့ေန႔မွာ ဘယ္လိုမ်ား mask ႏွင့္ လက္အိတ္ေတြဝတ္ႏိုင္ပါလိမ့္။

" နာမည္က ကုံးရင့္႐ွန္၊ ကုံးေဖးလန္ရဲ႕အစ္ကို "

ထိုသူ႕ၾကည့္ရတာ ရန္ရိနဲ႔အလာပသလာပ ေတြ‌ေျပာ ခ်င္ပုံမရ။

" အို႔ သူ႕အစ္ကို " ရန္ရိေျပာလိုက္သည္။

" ကိုယ္က သူမိသားစုနဲ႔ေျပာခ်င္႐ုံပါ "

ကုံးရင့္႐ွန္ ႐ုတ္တရက္ သူ႕အိတ္ကပ္ထဲမွတစ္စုံတစ္ခုထုတ္လိုက္သည္။

၎ဟာသက္ေသခံကတ္ျပားျဖစ္ကာ ခတ္ႏွိပ္ထားေသာတံဆိပ္မွာကား လူတိုင္းႏွင့္အကြၽမ္းတဝင္႐ွိလွသည့္ - ရဲတပ္ဖြဲ႕။

ရန္ရိ ေတာင့္သြားသည္။

" ကုေဖးလန္က ဆယ့္ေလးႏွစ္ေအာက္အ႐ြယ္ပဲ႐ွိေသးတယ္ ခင္မ်ား ရာဇဝတ္မႈဥ‌ပေဒကို ခ်ိဳးေဖာက္ခ်င္ေနတာလား?"

ရန္ရိ တျဖည္းျဖည္းခ်င္းမ်က္ေမွာင္က်ံဳ႕သြားသည္။

" မင္းဘာကိုဆိုလိုတာလဲ?"

" ခင္မ်ားက သူ႕ခ်စ္သူလို႔ ကုံးေဖးလန္ကေျပာတယ္ "

ကုံးရင့္႐ွန္ မ်က္လုံးမ်ားက စူး႐ွသည္။

" ခင္မ်ား ' အက်င့္ပ်က္ ' ဆိုတဲ့စကားလုံးကိုမေရးတတ္ရင္ ' ရာဇဝတ္မႈ ' ဆိုတာကိုဘယ္လို‌ေရးရမလဲ အရင္ေလ့လာသင့္တယ္ "

ရန္ရိ ေဒါသထြက္ကာေျပာလိုက္သည္။

" အဓိပၸါယ္မ႐ွိတာေတြ ဘာခ်စ္သူလဲ ေကာင္မေလးက စိတ္ကူးယဥ္ေနတာ ကိုယ္သူ႕ကိုဘာမသင့္ေတာ္တာမွမေျပာဘူး ဘာမသင့္ေတာ္တာမွမလုပ္ခဲ့ဘူး"

" ခင္မ်ားတို႔ ပုံေတြပို႔တာကေရာ?"

" ပုံပို႔တာကတရားမဝင္လို႔လား?"

" ဒီ စာပို႔တဲ့ဟာေတြကေရာ?"

" ကိုယ္ဘယ္လိုလုပ္သိမွာလဲ သူစာပို႔တိုင္းဘယ္ေတာ့မွစာမျပန္ဘူး "

ရန္ရိ ထိုစြပ္စြဲခ်က္ေၾကာင့္စိတ္႐ႈပ္လာသည္။

ထို႔ေနာက္သူ ျပင္းျပင္းထန္ထန္ေျပာလိုက္၏။

" ကိုယ္က ရဲဘက္အရာ႐ွိပါ မင္းမွာသက္ေသမ႐ွိဘဲနဲ႔ ‌‌ဘာလို႔ေထာင္သားေတြကို စစ္ေမးသလိုလာေျပာရဲတာလဲ ဟမ္ !!?"

ကုံးရင့္႐ွန္ သူ၏မ်က္ခုံးမ်ားအားတြန္႔ေကြးလိုက္သည္။

" ခင္မ်ားေျပာတာ အတည္ျပဳလိုက္မယ္ ေနာက္ထပ္ခင္မ်ား ကြၽန္ေတာ့္ညီမကိုမသင့္ေတာ္တဲ့အရာနည္းနည္းေလးပဲလုပ္ၾကည့္ ကြၽန္ေတာ္သိလို႔ကေတာ့ လႊတ္မေပးႏိုင္ဘူး "

ရန္ရိ နီးကပ္ေအာင္ေျခလွမ္းသြားၿပီးေနာက္ ကုံးရင့္႐ွန္မ်က္လုံးမ်ားကိုတည့္တည့္ၾကည့္လိုက္ကာ တစ္လုံးခ်င္းစီေျပာလိုက္သည္။

" မင္း ဘယ္သူ႕ကိုလာၿခိမ္းေျခာက္ေနတာလဲ ?"

မ်က္လုံးႏွစ္စုံ စုံသြားၿပီး ပူျပင္းေသာေလထုထဲ၌ တ႐ုတ္လက္ဖက္စိမ္းရနံ႔မ်ား ျပည့္ႏွက္ေနသည္။

႐ုတ္တရက္ ရန္ရိသူ႕ခါးတြင္တစ္ခုခုခံစားလိုက္ရသည္။

စက္ဝိုင္းသဏၭာန္...

အပူခ်ိန္ျမင့္မာ၍ 38° ႐ွိေနစဥ္၌ ရန္ရိေက်ာဘက္မွ အနည္းငယ္ေအးစိမ့္လာသလိုခံစားလိုက္ရသည္။

သူ ကုံးရင့္႐ွန္ရဲ႕ ေအးစက္ေသာမ်က္ဝန္းမ်ားကို ၾကည့္လိုက္ၿပီး ထိုအဝတ္အစားမ်ား အေၾကာင္းေတြးလိုက္သည္။

၎က သူ႕ကိုေကာင္းတဲ့သူမဟုတ္မွန္းေပၚလြင္ေစသည္။

ထို႔ေနာက္ သူခ်က္ခ်င္းေလသံကို ေပ်ာ့ေပ်ာ့ေျပာင္းေျပာလိုက္သည္။

" ကိုယ္က သူ႕ကိုမီးထဲကကယ္ခဲ့တာ ကေလးတစ္ေယာက္အေနနဲ႔ ႐ူးမိုက္ဖို႔လြယ္ပါတယ္ ကိုယ္သူ႕ကို ေခ်ာ့ေျပာၿပီးၿပီ မင္းလည္းအိမ္ျပန္ၿပီးသူ႕ကိုေခ်ာ့ေျပာသင့္တယ္ အဲ့တာကမလိုအပ္....."

ကုံးရင့္႐ွန္ စိတ္႐ႈပ္စြာေျပာလာသည္။

" ေဝးေဝးသြားစမ္းပါ "

လူစြမ္းေကာင္းသည္ ခ်က္ခ်င္းႀကီး႐ႈံးနိမ့္သြားသည္ကို လက္မခံႏိုင္ေပ ၊ သူ‌ေနာက္သို႔ေျခလွမ္းျပန္‌ဆုတ္လိုက္ၿပီး ငုံ႔ၾကည့္လိုက္သဘ့္အခါဝယ္ ေသြးပင္အန္ခ်င္သြားရ၏။

ကုံးရင့္႐ွန္သည္ကား ‌ေသးငယ္ေသာ စေပေရးဘူးေလးကိုင္ထားၿပီး ထိုအရာေလး၏ အခ်င္းက ရဲမ်ား၏ 64 ပစ္စတို² ႏွင့္ပင္အလားတူ‌ေပသည္။

ကုံးရင့္႐ွန္ စ‌ပေရးဘူးေလး၏ အဖုံးကိုဖြင့္ကာ ရန္ရိထံျဖန္းလိုက္ေလေတာ့၏။

ရန္ရိသည္ ထိုအရာက မ်က္ရည္ယိုစပေရးဟုပင္ထင္မွတ္လိုက္သည္။

ထို႔ေနာက္ ေယာင္ယမ္းယမ္းျဖင့္ ေျခလွမ္းဆုတ္ကာ မ်က္ႏွာကိုလက္ျဖင့္ကာလိုက္သည္။

သို႔ေပသိ ေလထဲသို႔ခ်က္ခ်င္းပ်ံ႕ႏွံ႔လာေသာ ေမ့လဲခ်င္စရာ အရက္ျပန္အနံ႔က သူ႕ကိုဆူပြက္ေစသည္။

" ဘာလုပ္တာလဲကြ!!"

" ပိုးသတ္တာ " ကုံးရင့္႐ွန္ စပေရးဘူးကိုအေဝးပို႔လိုက္ကာ ရန္ရိကို သတိေပးေသာအၾကည့္ျဖင့္ၾကည့္သည္။

" ကြၽန္ေတာ့္ညီမနဲ႔ေဝးေဝးေန "

ထိုစကားကိုေျပာၿပီး အေဝးသို႔ေလွ်ာက္လွမ္းသြားေတာ့သည္။

" မင္းက႐ူးေနတာပဲ!ငါ မင္းကိုအာဏာသုံးၿပီး ညႇင္းပန္းမႈနဲ႔တိုင္မယ္ ေစာင့္ၾကည့္ေနလိုက္!!"

ကုံးရင့္႐ွန္လွည့္ၾကည့္မလာဘဲ ဂ်စ္ပ္ ကားထဲသို႔တန္းတန္းေလွ်ာက္ဝင္သြားသည္။

ရန္ရိ ခမ်ာထြက္သြားေသာကားဆီသို႔သာ လက္ခလယ္ ေထာင္ျပလိုက္ရေလသည္။

__________

1. Loli - ဆယ္ေက်ာ္သက္ 18 ေအာက္ေတြ ဒါမွမဟုတ္ တင္မ႐ွိ ရင္မ႐ွိနဲ႔ ျပားကပ္ကပ္ေလးေတြေပါ့ အသက္ႀကီးေပမယ့္ ကေလးနဲ႔တူၾကတယ္။

ပုံကေတာ့ ‌။

2. 64 pistol - ရဲေတြအျပင္သြားရင္ ‌ေဆာင္သြားတတ္တဲ့ လက္စြဲပစ္စတိုေလး။ အေလးခ်ိန္ကေတာ့ မေသးလွပါဘူး။

ဒီအပိုင္းေတြကစာအရမ္းမ်ားတယ္ ။ အပိုင္းကလည္း ၂၀၀ ေတာင္။ ဟူး~

အခုေတာ့ ေခ်ာေမာခန္႔ညားေလးနက္တည္ၾကည္မာနေထာင္လႊား ေသာ Seme innocent virgin ေလးနဲ႔ဆုံၾကပါၿပီ။

အေရးႀကီးတဲ့ ဇာတ္ဝင္ခန္းႀကီးပါ။

ေျပာၾကတာ‌ေတာ့ ကုံးရင့္႐ွန္က lesbian ေတြကို‌ေတာင္ေျဖာင့္ႏိုင္ေလရဲ႕ တဲ့။

" ဂႏၲဝင္တြင္ေသာ ေတြ႕ဆုံမႈ "လို႔သာ နာမည္ေပးလိုက္ခ်င္သည္။

စာလုံးအေရအတြက္ေလးကို႐ိႈးလိုက္ပါ ။ ကိုကိုကုံး ကိုစာဖြဲ႕ေနတာနဲ႔တင္ တစ္နာရီေလာက္ၾကာတယ္ ၀-၀