{ Unicode }
ရန်ရိ အိမ်တံခါးဝသို့ရောက်သည်နှင့် အိမ်ထဲမှ အငြင်းပွားနေကြသံများကြားလိုက်ရပြီး တံခါးဖွင့်လိုက်သည်နှင့် နာနီနှင့် သူ့အဖေ တစ်ခုခုအား ထိုးပေးလိုက်တွန်းထုတ်လိုက်လုပ်နေသည်ကို မြင်လိုက်ရ၏။
" အန်တီ ဘာဖြစ်တာလဲ? "
သူ့ကိုတွေ့လိုက်သည့်နှင့် အန်တီဝမ်ကစိတ်ဆိုးလျက်ပြောလာသည်။
" ခေါင်းဆောင် ပြန်လာပြီကိုး၊ ဒီမှာလေ မင်းအဖေက ဆေးသောက်ဖို့ငြင်းနေလို့ "
ရန်ရိ ဝှီးချဲပေါ်မှလူအားလှန်းကြည့်လိုက်ပြီး သက်ပြင်းဖွဖွချလိုက်သည်။
" လောင်ရန် ဗိုက်မကောင်းရင်လည်း ဘာလို့ဆေးမသောက်တာတုန်း?"
" ဒါကဆေးသုံးကြိမ်မြောက်ရှိပြီ ငါမသောက်ဘူးဆိုမသောက်ဘူးပဲ "
ရန်ရှန့်ရုန် စိတ်လှုပ်ရှားစွာနဲ့ အန်တီဝမ်လက်ထဲကဆေးကို ပုတ်ထုတ်လိုက်သည်။
ဆေးဘူးကား ကြမ်းပြင်ထက်သို့ကျသွားကာ ဆေးများသည်လည်း ပြန့်ကျဲကုန်၏။
အန်တီဝမ်က အကူအညီမဲ့စွာခေါင်းရမ်းသည်။
ရန်ရိ အန်တီဝမ်အား စိတ်လျှော့ပါဟူသော
အကြည့်ဖြင့်ကြည့်လိုက်ပြီး နှစ်ယောက်သား သန့်ရှင်းရန်ထိုင်လိုက်ကြသည်။
ဘာမှမဖြစ်ခဲ့သည့်အတိုင်း ရန်ရှန့်ရုန်သည် ရန်ရိအားမေးလာ၏။
" ဒီနေ့ဘာလို့ ကျောင်းကအစောကြီးပြန်လာတာလဲ?"
" မှောင်နေပြီလေ နောက်ကျနေပြီ "
ရန်ရိ နူးညံ့စွာပြောလိုက်သည်။
" အန်တီ ဒီနေ့အိမ်ပြန်သင့်တယ် "
" ညစာကအဆင်သင့်ပဲ ပန်းကန်ထဲထည့်ထားတယ် အဲ့တာဆိုပြန်ပြီနော် "
အန်တီဝမ် သူ့ကိုငဲ့ကြည့်လိုက်ကာ စကားရပ်လိုက်ပြီး နောက်ဆုံးသူမဖိနပ်များစီး၍ ထွက်သွားတော့သည်။
ရန်ရှန့်ရုန် သူခြေထောက်များအားပုတ်လိုက်ပြီး သူ့ကိုယ်သူပြောနေခြင်းလား ရန်ရိအားပြောခြင်းလား မသဲကွဲသောအသံဖြင့်ပြောသည်။
" မင်းအမေအလုပ်မဆင်းသေးဘူးလား?"
" မဆင်းသေးဘူး "
ရန်ရိ ဆေးဘူးကိုဘေးထားလိုက်ပြီး နောက်နာရီအနည်းငယ်မှပြန်တိုက်ရန် တွေးထားလိုက်သည်။
မကြာခင်တော့ သူ့အဖေသတိပြန်လည်လာလောက်ပါရဲ့။
ဝမ်းနည်းစွာပြောရလျှင် သူ့အဖေသည် သူ့နယ်ပယ်၌ရှိသောလမ်းတိုင်းမှ မီးသတ်ပိုက်အရေအတွက်ကို တိကျစွာပြောနိုင်ခဲ့သော်လည်း ယခုမှာတော့ အချိန်တစ်ဝက်လောက်က ဘယ်နေ့ဘယ်ရက်ရယ်မမှတ်မိ၊ သူ့ဇနီးဆုံးပါးခဲ့ပြီကိုလည်းမမှတ်မိ ၊သူ့သားကြီးပြင်းလာသည်ကိုလည်းမမှတ်မိနိုင်ပါချေ။
ရန်ရှန့်ရုန် တီးတိုးပြောသည်။
" ထမင်းစားဖို့ မင်းအမေပြန်လာတဲ့အထိစောင့်ကြတာပေါ့ "
" okay လောင်ရန် ကျွန်တော်ရေအရင်ချိုးပေးမယ် "
ရန်ရှန့်ရုန်က ကြားသေးပုံမရဘဲ ဆက်ကာတီးတိုးပြောနေသည်။
" ထမင်းစားဖို့ မင်းအမေပြန်လာတဲ့အထိစောင့်ကြတာပေါ့.... "
ရန်ရိ ဝှီးချဲကိုရေချိုးခန်းဆီတွန်းသွား ၊ သူ့အဖေကိုမကာ ရှေးဟောင်းရေချိုး[1] ဇလုံထဲသို့ထည့်ပြီး စိတ်ရှည်စွာရေချိုးပေးလိုက်သည်။
သူ၏အဖေကတစ်ခါက သူရဲကောင်းမီးသတ်သမားတစ်ဦးဖြစ်သည်။
မေ ၄[2] ဆုတံဆိပ် ၊ဒုတိယအဆင့် ကိုယ်ကျင့်သိက္ခာကောင်းသောဆု တစ်ဆု ၊ တတိယဆင့် ကိုယ်ကျင့်သိက္ခာကောင်းသောဆု သုံးဆု ရခဲ့သူလည်းဖြစ်သည်။
သူခြေထောက်ဒဏ်ရာရခဲ့၍ အနားယူခဲ့ရသောနှစ်၌ မီးသတ်စခန်းမှူးပင်ဖြစ်နေချေပြီ။
သူ ဝှီးချဲပေါ်ထိုင်နိုင်ခဲ့သေးသည်။ သို့ပေမယ့် နောက်သုံးနှစ်အကြာ၌ ဖျားနာခဲ့သည်။
သူ့ရဲ့အမေက သူကောလိပ်တက်နေစဉ်မှာ မထင်မှတ်ဘဲဆုံးပါးသွားခဲ့ပြီး မိသားစုထဲတွင်လည်း ဆွေမျိုးအနည်းငယ်သာရှိသည်။
သူ့အဖေ ဖျားနာလာခဲ့သည့်အခါ သူအိမ်အလုပ်အားလုံးကို တစ်ယောက်တည်းတာဝန်ယူခဲ့သည်။
ဒါပေမယ့် အိမ်ကိုတော့အတော်ကြာပြန်မလာနိုင်ခဲ့ပေ။
ထို့ကြောင့် နေ့ရောညပါလုပ်နိုင်တဲ့ ကလေးထိန်းများ ရှာရတော့၏။
အယ်ဇိုင်းမားရောဂါသည် တစ်ယောက်ကိုပြုစုရတာက အမြဲတမ်း ခန့်မှန်းရခက်ပြီး တစ်ခါတလေ ယုတ္တိမရှိဖြစ်တတ်သည်။
လွန်ခဲ့သောနှစ်အတွင်းမှာတင် ကလေးထိန်းအရေအတွက်က ကိန်းဂဏန်းနှစ်လုံးကျော်ပင်ရှိ၏။
ရန်ရိ စိတ်မကောင်းအဖြစ်ရဆုံးသည်က တောင်ကြီးတစ်တောင်အလား သန်မာပြီး တိုက်ရည်ခိုက်ရည်ရှိသောလူတစ်ယောက်မှသည် ယခုကဲ့သို့ အိုနာသောလူတစ်ယောက်အဖြစ်သို့ ရောက်ရှိသွားခြင်းပင်။
သူသည် လူအမြောက်အများကိုကယ်တင်ခဲ့သော်လည်း ယခုမူ ခေတ်မီဆေးဝါးများကပင် သူ့ကိုမကယ်နိုင်။
ခက်ခက်ခဲခဲရေချိုးပြီးစီးချိန်မှာတော့ ရန်ရှန့်ရုန် အိပ်ပျော်သွားပုံရပြီး ရန်ရိကတော့ အလွန်ပင်ပန်းလို့နေသည်။
ရန်ရိ ထိုလူကိုကုတင်ပေါ်တင် စောင်ခြုံပေးကာ အဲလ်ကွန်းဖွင့်ပေးလိုက်ပြီးနောက် အစားအစာများနွှေးရန် မီးဖိုထဲသွားသည်။
စားနေရင်းဖြင့် ရန်ရိ တစ်စုံတစ်ယောက်အားဖုန်းခေါ်လိုက်သည်။
ဖုန်းကချက်ချင်းဝင်သွားပြီး တစ်ဖက်မှလေးလေးပင်ပင်နဲ့ တိုးဖျော့တဲ့အသံထွက်လာသည်။
" hey ကော "
" မင်းဘာလုပ်နေလဲ?" ရန်ရိမေးလိုက်သည်။
" ကလေးကအခုမှအိပ်သွားတာ ဘာဖြစ်လို့လဲ?"
" ငါမင်းကို တစ်ယောက်ယောက်အကြောင်းမေးမလို့ "
ဖုန်းတစ်ဖက်မှသူသည်ကား ဖုခိုင် ဖြစ်သည်။ သူရဲ့ အထက်တန်းကျောင်းကတည်းက သူငယ်ချင်းဖြစ်ပြီး အခင်ဆုံးသူငယ်ချင်းများအနက်မှ တစ်ယောက်ဖြစ်သည်။
" ဘယ်သူလဲ?"
" ကုံးရင့်ရှန်, မင်းကြားဖူးလား? သူကလည်းရဲဌာနကပဲ "
" သိတယ် ဘာလို့ရုတ်တရက်ကြီး သူ့အကြောင်းထမေးတာလဲ? "
ဖုခိုင် နှစ်ကြိမ်ထပ်ပြောသည်။
" အဲ့ဒီ့လူကိုဘယ်လိုလုပ်ပြီးသိတာလဲ? မင်းသူ့ကိုတော့ကြိုက်မနေဘူးမလား? "
" ဘယ်လိုတောင် ! ငါကရဲယောင်ဆောင်ထားတဲ့သူများလားဆိုပြီး မင်းကိုမေးကြည့်တာ "
" အို့ သူကတကယ် ရဲနဲ့မတူဘူး "
" မင်းသိတာလား? "
" မသိဘူး မြင်ဖူးတာ "
" သူကဘာဖြစ်နေတာလဲ ?"
" သူက ထူးဆန်းတဲ့သူပဲ....အို့ ၊ မင်းလုပ်လို့ငါ့သမီးလေး နိုးသွားပြီ "
တစ်ဖက်မီ ကလေးငိုသံလေးထွက်လာသည်။
" ငါမင်းကိုနောက်မှပြောပြမယ် "
တစ်ဖက်မှ အလုပ်ရှုပ်နေသံများကြားလိုက်ရပြီး ရန်ရိ နှုတ်ခမ်းကိုက်လိုက်သည်။
" အဲ့တာ တကယ်ထူးဆန်းတာပဲ "
စားသောက်ပြီးသွားသောအခါ ကောင်ကောကိုဖုန်းဆက်၍ တပ်ရင်းအခြေအနေမေးပြီးနောက် ဆိုဖာပေါ်တွင် ဂိမ်းကစားနေလိုကိသည်။
ည ကိုးနာရီမထိုးသေးခင် ရန်ရှန့်ရုန် အိပ်ခန်းထဲမှလှုပ်ရှားသံများ ကြားရသည်။
ရန်ရိ တံခါးဖွင့်လိုက်တော့ ရန်ရှန့်ရုန်က ထပင်ထိုင်နေပြီ။
" လောင်ရန် နိုးပြီလား? "
ရန်ရှန့်ရုန် ရန်ရိအားတစ်ခဏမျှကြည့်နေပြီး အပြစ်ပြောလာသည်။
" မင်း ပြန်လာပြန်ပြီလား? ငါဘယ်နှစ်ခါပြောရမလဲ? ငါ့အတွက်နဲ့ စခန်းကိုထားပစ်မခဲ့ပါနဲ့လို့ "
ရန်ရိ သက်ပြင်းအေးအေးချလိုက်သည်။
" စခန်းက လမ်းတစ်ကူးစာတင်ရှိတယ် အဲ့တော့ ရဲတွေကို နှောင့်နှေးစေမှာမဟုတ်ပါဘူး အန်တီက အန်နေတယ်ပြောလို့ လာကြည့်ကြည့်တာ "
" အန်တာများ ဘာအရေးကြီးလို့လဲ?"
ရန်ရှန့်ရုန် ကိုယ်ကိုစောင်းလိုက်ရာ ကြမ်းပြင်သို့ပြုတ်ကျသွားလေသည်။
ရန်ရိ ကူညီချင်ပေမယ့် သူလက်ဝေ့ယမ်းကာတားလိုက်သည်။
ရန်ရှန့်ရုန် ခြေထောက်တစ်ဖက်သုံးနိုင်သေးသော်လည်း ထော့နဲ့ထော့နဲ့ သာသွားနိုင်သည်။ သို့သော်လည်း သူသတိရှိနေစဉ်မှာတော့ ဝှီးချဲထက်စာရင် ချိုင်းထောက်ကိုသာလုံးဝသုံးသည်။
" ဆေးအရင်သောက်လိုက်ဦး "
ရန်ရိ ဆေးရယ် ရေနွေးရယ်ယူလိုက်သည်။
ရန်ရှန့်ရုန် ဆိုဖာတွင်ထိုင်ကာ ဆေးကိုနာနာခံခံသောက်လိုက်သည်။
" ဒီညအစာမစားနဲ့ မနက်အထိအစာအိမ်အခြေအနေဘယ်လိုရှိလဲ စောင့်ကြည့်ရမယ် မဟုတ်ဘူး ကျွန်တော်ဆေးရုံခေါ်သွားမယ် "
" ဆေးရုံသွားရမယ် " ရန်ရှန့်ရုန် သူ့အားစောင်းကြည့်လိုက်သည်။
" မင်းငါ့ကို သေလူတစ်ယောက် လိုဆက်ဆံနေတာပဲ "
" ဘယ်ကိုရဲတင်းနေတာလဲ? " ရန်ရိအပြုံးဖြင့်ပြောလိုက်သည်။
" မသွားဘူးဆိုတော့လည်းမသွားဘူးပေါ့ စခန်းမှူးရန်က ဒဏ်ရာအပျော့လေးလောက်နဲ့ မီးသဂြိုလ်မခံရသေးပါဘူး "
ရန်ရှန့်ရုန်ပါပြုံးလိုက်သည်။ " မင်းဘာတွေလုပ်နေလဲ?"
" ပြီးခဲတဲ့အပတ်က ချန်ရှင်းလမ်းမှာ ရဲတွေစစ်ဆေးပြီး ကော်ဖီဆိုင်မီးလောင်တယ် Fire adjuster [3] ပြောတာတော့ ပြန်လည်ပြုပြင်နေတုန်း တရားမဝင်ပြုပြင်ရေးပစ္စည်းက သတ်မှတ်ချက်လွန်သွားတာကြောင့်တဲ့ "
" ကောင်းပြီ အဲ့အကြောင်းပြောပြ "
သားအဖနှစ်ယောက် လက်ဖက်ရည်သောက်ကာ လွန်လွတ်လပ်လပ်စကားပြောကြသည်။
----------------
နောက်တစ်နေ့မနက်ရောက်တော့ မနက်ခင်းလေ့ကျင့်ရေးအတွက် ရန်ရိစခန်းကိုအချိန်ကိုက်ပြန်သွားလိုက်ပြီး ဆယ်နာရီလောက် အထိလေ့ကျင့်နေလိုက်သည်။
တဖြည်းဖြည်းနဲ့ ပူသည်ထက်ပူလာပြီး ထို့ကြောင့်သူ ဖျက်သိမ်းလိုက်ပြီး အလွတ်တမ်းလှုပ်ရှားမှုများပြုလုပ်တော့သည်။
သို့ပေသိ သူတို့စခန်းကိုခွာမသွားနိုင်။
စခန်းထဲက ဘဝသည်ကားမပျင်းရပေ။
နေ့စဉ်လေ့ကျင့်ရေးများ လေ့လာရေးများ အပြင် အခါအားလျော်စွာ မီးသတ်အတွက်လူတွေ့စစ်ဆေးမှုများနှင့် ကြည့်ရှုစစ်ဆေးခြင်းများပြုလုပ်ရန် သူ့နယ်ပယ်ရှိနေရာအမျိုးမျိုးသို့သွားရောက်ရ၏။
အားလပ်ချိန်မှာတော့ ဘတ်စ်ကတ်ဘောကစား ၊ fitness လုပ် ၊ ဂိမ်းကစား ၊ TV ကြည့်၊ ရုပ်ရှင်ကြည့်တာတွေနဲ့ အခြားဝါသနာပါပြီး စည်းကမ်းနဲ့ညီတဲ့အရာလေးတွေလုပ်ဖြစ်သည်။
ဒီအချိန်မှာတော့ ရန်ရိ ၊ ကောင်ကော နဲ့ စွန်းတင့်ရီး တို့က လှုပ်ရှားရေးအခန်းသို့အပြေးသွားဖြစ်ကြသည်။
သူတို့ သက်သောင့်သက်သာ ဆိုဖာတစ်ခုကိုရှာပြီး ကိုယ်လှဲချကာ ဂိမ်းစကစားကြသည်။
" Chicken လား King လား?"
စွန်းတင့်ရီ ကမေးသည်။
" ကြက်သားစားမယ် "
" ငါ့အဖော်ကိုခေါ်လို့ရ...."
" မရဘူး "
နှစ်ယောက်ပြိုင်တူပြောလိုက်ကြသည်။
စွန်းတင့်ရီး "ကျွတ်" ဟုစုတ်သတ်လိုက်သည်။
" မင်းတို့ဘယ်မိန်းမမှမလိုဘူးပဲ"
" မင်းပင်ပန်းတယ် ပြောတာကိုဘယ်သူကြားချင်မှာလဲ? " ကောင်ကောပြောသည်။ " ဘယ်သူကအဖွဲ့လဲ ? ငါ online ဖြစ်တဲ့သူတွေ့ပြီ ..."
" ငါ rank သွားဆော့တော့မယ် ကြက်သားမယူတော့ဘူး "
" အဲ့တော့ ငါ့ဘက်မှာတစ်ယောက်မရှိတော့ဘူးပေါ့ "
" ငါ့မှာလည်းမရှိပါဘူး "
" တစ်ပွဲပဲလေ "
ပွဲကစတော့မည်။ စွန်းတင့်ရီး ကရုတ်တရက် ထရယ်လိုက်သည်။
" ဘာရယ်တာလဲ?"
" မင်းနာမည် ဟားဟားဟား ခေါင်းဆောင် ငါအဲ့နာမည်မြင်တာနဲ့ တစ်ခါရယ်မိတယ် "
ရန်ရိ၏ဂိမ်းနာမည်ကား - နတ်ဘုရားမ ပင်ဖြစ်ချေသည်။
" မင်းဘာသိလဲ ငါက ငါ့ပစ္စည်းတွေစစ်ပြီး အလေးချိန်ညီအောင်လုပ်နေတာ "
ရန်ရိပြောသည်။
" ငါ M မြို့ကိုခုန်ပြီ "
ပွဲစဉ်အသစ်ကရုတ်တရက်ထပြောသည်။ " No.1 မမလေးရဲ့နာမည်က အရမ်းထူးခြားတာပဲ ဘယ်လိုများမှည့်ထားပါလဲ "
ကောင်ကော နှင့် စွန်းတင့်ရီး နှစ်ယောက်စလုံးရယ်လိုက်ကြသည်။
ရန်ရိလည်ချောင်းရှင်းလိုက်သည်။
" ငါသရုပ်စဆောင်တော့မယ် မရယ်ကြနဲ့ "
သူ့ အသံဖွင့်လိုက်ပြီး လည်ချောင်းကိုညှစ်ကာ ခပ်အောအောအသံအား ချွဲပျစ်ပျစ်ညုတုတုအသံသို့ပြောင်းလိုက်သည်။
" အဟင်း ယဉ်ကျေးသောလူကြီးမင်းရှင့် "
ကောင်ကောနှင့် စွန်းတင့်ရီး နှစ်ယောက်လုံးရယ်ချင်ကြသည်။
အခြားတစ်ဖက်မှလူသည် တောင့်သွား၏။
" မင်းအသံ....မင်း အသံပြောင်းထားတဲ့ သူတော့မဟုတ်ဘူးမလား?"
ရန်ရိနှေးကာပြောလိုက်သည်။ " ကျောက်အန်[4] "
"ဟမ်? ကျွန်မကို ယောက်ျားနဲ့တူတယ်ထင်လို့လား?"
တစ်ဖက်လူက အတော်ကြာတိတ်ဆိတ်သွားခဲ့သည်။
" မဟုတ်ပါဘူး အရမ်း ဆက်ဆီကျတဲ့ ဆေးလိပ်သံပါပဲဗျာ "
-----------------------------------------------------------
1. Custom-made bathtub - စစပေါ်တုန်းကဒီဇိုင်းတွေပေါ့။ ရိုးရိုးရှင်းရှင်းလေးတွေ။ချစ်စရာလေးပါ။
2. May 4 - မေ ၄ လှုပ်ရှားမှုသည် ၁၉၁၉ ခုနှစ်မေလ ၄ ရက်တွင်ဘေဂျင်း၌ကျောင်းသားများဆန္ဒပြမှုမှထွက်ပေါ်လာသည့်နယ်ချဲ့ဆန့်ကျင်ရေး၊ ယဉ်ကျေးမှုနှင့်နိုင်ငံရေးလှုပ်ရှားမှုဖြစ်သည်။
3. Fire Adjuster - မီးလောင်မှုဖြစ်ပွားပြီးတဲ့အခါ အကြွင်းအကျန်တွေကနေ ကောက်ချက်ချတဲ့သူ ၊အရမ်းတော်မှရတာ ။ စိတ်ဝင်စားရင်သေချာရှာကြည့်ပါ တကယ်မိုက်တယ် ၊ ဝင်ငွေကလည်းကောင်းပေ့။ ဉာဏ်အတော်ကောင်းမှရမှာပြီးတော့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း math တွေ ၊ ရှုထောင့်အသွယ်သွယ်ကနေ ယူဆရတာ။ ဒီဟာကိုဘာသာပြန်ရတာအတော်ဗဟုသုတရတယ်
(-̩̩̩-̩̩̩-̩̩̩-̩̩̩-̩̩̩___-̩̩̩-̩̩̩-̩̩̩-̩̩̩-̩̩̩)
4. Jiao An - စကားပြောတဲ့အခါထည့်သုံးတဲ့ ယဉ်ကျေးမှုအသုံးအနှုန်း ဆရာ* လို့သဘောရသည်။
_______________________________________
" မဟုတ်ပါဘူး အရမ်း ဆက်ဆီကျတဲ့ ဆေးလိပ်သံပါပဲဗျာ "
" အင်း လူတွေအဲ့လိုပြောကြတာပါပဲရှင် "
ရန်ရိ UMP9 ကိုဆွဲကာ ရန်သူအားသတ်ရန် ပြတင်းပေါက်နားသို့သွားလိုက်သည်။
" ဘာလို့ မမလေးက ဒီနာမည်ကိုရွေးတာလဲ?"
ရန်ရိပြောသည်။
" ဘာလို့ဆို...မိန်းမတွေကိုရေနဲ့ထွင်းထုထားလို့ပါ "
[ T/N : အလွယ်ပြောရရင် 'နုနယ်ကြသည်' ___သူပြောသွားတဲ့စာကြောင်းကတော့ တရုတ်ဂန္တဝင်စာအုပ် A Dream of Red Mansions ထဲက ' မိန်းမများအားရေဖြင့်ထွင်းထု၍ ယောက်ျားများအား ရွှံ့ဖြင့်ထွင်းထု၏။ ' ဆိုတဲ့စာကြောင်းရဲ့တစ်စိတ်တစ်ပိုင်းပါ။ ၁၈ ရာစု ချင်မင်းဆက်မှာရေးသားခဲ့တာဖြစ်ပြီး တရုတ်မင်းမျိုးမင်းနွယ်မိသားစုကြီး၏နေ့စဉ်ဘဝ လူမှုဆက်ဆံရေးစည်းမျဉ်းစည်းကများအားရေးသားဖော်ပြထားခဲ့တာဖြစ်ပါသည်။]
ကောင်ကောနှင့် စွန်းတင့်ရီးတို့မှာ ရယ်ချင်လွန်း၍ပြုံးစိစိဖြင့် မျက်နှာများပင်နီနေလေပြီ။
ဆက်၍အောင့်မထားနိုင်တော့သည့်ဟန်ဖြင့် ရန်ရိအား အသံပိတ်ရန် လက်ဟန်ခြေဟန်ပြကြတော့သည်။
ရန်ရိသူတို့ကိုတစ်ခဏကြည့်လိုက်သည်။ " ပိတ်လိုက်ပြီ "
နှစ်ယောက်သားမှာ ပြင်းပြင်းထန်ထန်ကိုအော်ရယ်ကြတော့သည်။
စွန်းတင့်ရီး အသက်ထွက်မတတ်ရယ်ပြီး
" ခေါင်းဆောင်ရန် အရှက်မရှိတဲ့ပုံလုပ်နေတာပဲ "
" မင်းတို့တိုက်ပွဲရင်ဆိုင်ရရင် လုပ်သင့်တာအကုန်လုပ်ရမယ် ဒါခေါင်းဆောင်ကမင်းတို့ကိုပေးတဲ့သင်ကြားမှုပဲ "
" အသံမထွက်နဲ့ သူ့ကို တတိယအဆင့်ခေါင်းတောင်းမလို့ ငါအနိုင်ကျင့်တာကြည့်နေ "
သူ အသံပြန်ဖွင့်လိုက်သည်။ " မောင်လေး မကို တတိယအဆင့်ခေါင်းပေးပါလားဟင် "
" အာ....."
" ဒီမှာလူတွေအများကြီးပဲ မ နည်းနည်းကြောက်လို့ "
" ok "
လှုပ်ရှားရေးအခန်း တံခါးတွန်းဖွင့်ခံလိုက်ရကာ
တင်ချင်း အထဲသို့ဝင်လာသည်။
" ခေါင်းဆောင်ရန် ဟိုမိန်းကလေးလာပြန်ပြီ "
ရန်ရိ သတိတစ်ဝက်ဖြင့် ညည်းလိုက်၏။
ထို့နောက် တစ်ခုခုဖြစ်တော့မည်ကို သတိရလိုက်ပုံဖြင့် အမြန်ပဲ အသံပိတ်ကာ ထရပ်လိုက်သည်။
" ဘယ်မှာလဲ? "
" အထဲရောက်နေပြီ နောက်ပြီး...."
" နောက်ပြီး? ဘာလဲ?"
တင်ချင်း ခေါင်းကုတ်လိုက်သည်။
" ကိုယ့်ဘာသာပဲကြည့်ပါတော့ဗျာ "
ရန်ရိ ဂိမ်းဆော့ချင်စိတ်လည်း ရှိမနေပါချေ။ ထို့ကြောင့်
သူ့ဖုန်းကိုဘေးပို့လိုက်ပြီး အောက်ထပ်ဆင်းလာခဲ့သည်။
တွေ့လိုက်ရသည်က ကုံးဖေးလန် သူမလက်ထဲ၌ခရီးဆောင်အိတ်ကိုဆွဲကာ ဈေးဝယ်ထွက်သကဲ့သို့ အပေါ်ထပ်လှေကားများထက် လျှောက်လှမ်းလာနေပုံပင်။
ရန်ရိ တင်ချင်းကိုတိုးတိုးကပ်ပြောလိုက်သည်။
" နည်းပြကိုသွားခေါ် "
ကုံးဖေးလန် သူ့ကိုတွေ့တော့ အပြုံးကြီးကြီးပြုံးပြလေသည်။
" ခေါင်းဆောင် "
" မင်းက..."
" ကျွန်မအိမ်ပေါ်ကဆင်းလာတာ"
ကုံးဖေးလန် မျက်နှာတစ်ချက်မပျက်ဘဲပြောလာသည်။
" ဒီမှာနေလို့ရမလား? "
" မရဘူး " ရန်ရိအကူအညီမဲ့စွာပြောလိုက်သည်။
" ဘာလို့အိမ်ပေါ်ကဆင်းလာတာလဲ? မင်းမိဘတွေကရော?"
" သရဲပဲသိမယ် ကျွန်မဆေးရုံတက်ကတည်းကပေါ်မလာကြတာ ပြီးတော့ကျွန်မလည်းမသိချင်ပါဘူး"
ကုံးဖေးလန် ရန်ရိအားစိုက်ကြည့်သည်။
" ကျွန်မ ရှင်နဲ့နေချင်တယ် "
ရန်ရိ ဒေါသထွက်လျက် ကုံးရင့်ရှန်အကြောင်းတွေးလိုက်သည်။ သို့သော် ကုံးဖေးလန်ကိုကြည့်ပြန်တော့လည်း ရက်စက်ရာကျသည်။ ဒီကလေးကအရမ်းထိန်းချုပ်ရခက်ပြီး သူ့မိဘတွေနဲ့အများဆုံး သက်ဆိုင်သည်။
ရန်ရိ စိတ်ရှည်စွာပြောလိုက်သည်။
" ဖေးလန် ကိုယ်အများကြီးပြောခဲ့ပြီးပြီ ကိုယ့်မျက်လုံးထဲမှာမင်းက ကလေးပဲ ၊ အိမ်ကထွက်ပြေးလာတာက မင်းရှင်းချင်တဲ့ပြဿနာကိုမဖြေရှင်းနိုင်ဘူး "
" ဒါမယ့် ကျွန်မရှင်နဲ့ဆို လုံခြုံတယ်လို့ခံစားရတယ် "
" ကျေးဇူးပါ ဒါပေမယ့် ကမ္ဘာပေါ်မှာမင်းဂရုအစိုက်ဆုံးက မင်းမိသားစုပဲဖြစ်သင့်တယ် ကိုယ်မင်းကိုအိမ်ပြန်ပို့ပေးလို့ရမလား?"
ကုံးဖေးလန် ခေါင်းခါသည်။
" အိမ်မပြန်ဘူး တကယ်လို့ရှင်နဲ့နေခွင့်မပြုလည်း hotel မှာသွားနေမယ် "
"...မင်းမိဘတွေကိုမတွေ့ချင်ရင် ကိုယ်မင်းအစ်ကိုကို လာခေါ်ခိုင်းရင်ရောဘယ်လိုလဲ?"
ကုံးဖေးလန် မျက်မှောင်ကျုံ့သွားသည်။
" သူရှင့်ကိုလာရှာတာလား?"
" အင်း ကိုယ်ကမင်းချစ်သူလို့မင်းပြောတယ်လို့လည်း ပြောသေးတယ်၊ ဖေးလန် အဲ့တာကကိုယ့်ကို ပြဿနာအများကြီးဖြစ်စေတယ် ဆိုတာမင်းသိရဲ့လား?"
ကုံးဖေးလန် သူမနှုတ်ခမ်းများစေ့လိုက်သည်။
" တောင်းပန်ပါတယ် "
ထိုစဉ် နည်းပြ ချီယန်ပေါင် ရောက်လာ၏။
" ရန်ရိ ဘာကိစ္စလဲ? "
" သူမ မိသားစုနဲ့ကိစ္စတစ်ခုခုဖြစ်တယ်ထင်တယ် အိမ်ကထွက်ပြေးချင်နေတယ် "
ချီယန်ပေါင် ကသူ့ထက်အသက်အနည်းငယ်ကြီးပြီး မျက်မှန်တပ်ကာ ယဉ်ကျေးပုံပေါ်သည်။
အဲတာကလည်း စိတ်ပိုင်းဆိုင်ရာပြဿနာရှိတဲ့လူ တစ်ယောက်ကို အကြံဉာဏ်ပေးရာတွင်အလွန်အသုံးဝင်၏။
သူ ကုံးဖေးလန်ထံလျှောက်သွားလိုက်သည်။
" ဖေးလန် မိဘတွေနဲ့ရန်ဖြစ်ခဲ့လို့လား?"
" မဖြစ်ဘူး " ကုံးဖေးလန် အဝေးကိုအကြည့်ပို့လိုက်သည်။
" ကျွန်မ ခေါင်းဆောင်ကိုပဲတွေ့ချင်တာ ဒီမှာနေချင်တယ် "
" မီးသတ်ဌာနရဲ့တံခါးက ပြဿနာတွေအတွက်ဖွင့်ထားပါတယ် ဒါပေမယ့်မင်းဒီမှာအမြဲတမ်းနေလို့မရနိုင်ဘူး
ကိုယ်တို့ အိမ်ပြန်ပို့ပေးမယ် "
" ကျွန်မ အိမ်မပြန်ဘူးလို့! "
ကုံးဖေးလန် အော်သည်။
" အိမ်မှာနေရတာအရမ်းပျင်းတယ် ! "
( T/N : အကြံလေးမဆိုးဘူး ကိုယ်လည်းပျင်းနေတာအတော်ပဲ လင်နောက်လိုက်တာပေါ့ ၀_၀ )
ရန်ရိနှင့်ချီယန်ပေါင် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး ရန်ရိကပြောသည်။
" ဘာပဲဖြစ်ဖြစ် ကိုယ်မင်းအစ်ကိုကိုအရင်ခေါ်ရလိမ့်မယ် "
" သူက ဒီတိုင်းဝမ်းကွဲအစ်ကိုပဲ ကျွန်မတို့မရင်းနှီးဘူး "
" ဖေးလန် " ရန်ရိသူမ၏ပုခုံးများကိုကိုင်ကာ မျက်လုံးများအားတည့်တည့်ကြည့်၍ ညင်ညင်သာသာနဲ့ အတည်အတံ့ပြောလိုက်သည်။
" မင်းကငယ်သေးတယ် မင်းမိသားစုကတော့တာဝန်ယူရမှာပဲ ကိုယ်တို့ မင်းမိသားစုကိုအကြောင်းကြားရမလား မင်းဝမ်းကွဲအစ်ကိုကို အကြောင်းကြားရမလား မင်းရွေးနိုင်တယ် "
ကုံးဖေးလန် တိတ်ဆိတ်သွား၏။
" မင်းဒီမှာနေရင် ကိုယ်တို့အတွက်အများကြီးပြဿနာဖြစ်လိမ့်မယ် မင်းနောက်ထပ် မလာနိုင်တော့တာလည်းဖြစ်နိုင်တယ် "
ကုံးဖေးလန် တိုးတိုးလေးပြောလာ၏။
" အဲ့တာဆို ကျွန်မဘာသာပြန်မယ် "
" မရဘူး ကိုယ်တို့မင်းကို လူကြီးတစ်ယောက်လာကြိုတာမြင်မှရမယ် "
ကုံးဖေးလန် ငြင်းဆန်စွာပြောလာသည်။
" အဲ့တာဆို ရှင်သူ့ကိုခေါ်လိုက် "
" အဲ့တာဆို သူ့ဖုန်းနံပါတ်ပေး "
" မပေးဘူး " ကုံးဖေးလန် အခွင့်အရေးယူကာပြောသည်။
ရန်ရိ အကူအညီမဲ့စွာခေါင်းခါလိုက်ပြီး သူ့ဖုန်းကိုထုတ်ကာ ဖုခိုင်ကိုဖုန်းဆက်လိုက်ပြီး ကုံးရင့်ရှန်ရဲ့ဖုန်းနံပါတ်ကို မြန်နိုင်သလောက်မြန်မြန်မေးပေးဖို့ ပြောလိုက်သည်။
ချီယန်ပေါင် က ကုံးဖေးလန်ကိုအစည်းအဝေးခန်း၌ စောင့်ရန်ခေါ်သွားသည်။
ရန်ရိ ခဏစောင့်ပြီးနောက် ဖုခိုင်ဆီမှဖုန်းဝင်လာပြီး သူထိုဖုန်းကိုခေါ်လိုက်သည်။
ဖုန်းမြည်ကာ ဝင်သွားပြီး ခန့်ညားပြီးအေးစက်တဲ့အသံကို သူထပ်မံကြားလိုက်ရ၏။ " Hey "
" အခုမင်းညီမက ကိုယ့်စခန်းထဲရောက်နေတယ် အခုချက်ချင်းလာခေါ်ပါ "
ရန်ရိ စကားပြောပြီးနောက်ဖုန်းချလိုက်ပြီး တင်ချင်း ကိုပြောလိုက်သည်။
" ကုံးဖေးလန် အစ်ကိုရောက်လာလိမ့်မယ် မင်းသူ့ကို အစည်းအဝေးခန်းထဲ တန်းခေါ်ခဲ့လိုက် "
" ဟုတ်ကဲ့ပါ "
ရန်ရိ အစည်းအဝေးခန်းထဲဝင်သွားသည်နှင့် ချီယန်ပေါင်တစ်ယောက် ကုံးဖေးလန်ကိုဖြောင်းဖျနေကြောင်းတွေ့လိုက်ရပြီး ကုံးဖေးလန်ကခေါင်းငုံ့ထားလျက် မျက်နှာကတော့အတော်ပျက်ယွင်းနေသည်။
ချီယန်ပေါင် ပြောလာသည်။
" ရန်ရိ ငါအခုပဲ အထက်ကဖုန်းလက်ခံရတယ် ငါသွားရမယ် မင်းသူနဲ့နေပေးလိုက် "
" okay သွားပါ "
ချီယန်ပေါင် ထွက်သွားသည်နှင့် နှစ်ယောက်မှာ အစည်းအဝေးခန်းထဲ၌ အတော်ကြာတိတ်ဆိတ်နေကြသည်။
10 မိနစ်ခန့်အကြာမှ ကုံးဖေးလန် သတ္တိများစုစည်း၍ ရန်ရိအားခိုးကြည့်လိုက်ကာ တီးတိုးပြောလာသည်။
" ကျွန်မကိုမုန်းမှာလား? "
" မမုန်းပါဘူး ကိုယ်ကမင်းအတွက်စိုးရိမ်ရုံပါ "
ရန်ရိ အသံကိုပျော့ပြောင်းစွာပြောလိုက်သည်။
" မင်းအစ်ကို ခဏနေရင်ရောက်လာလိမ့်မယ် "
ကုံးဖေးလန် ခေါင်းညိတ်သည်။
ရန်ရိ သူမရဲ့ မကျေနပ်မှုများကိုကြည့်၍ မေးခွန်းများသာမေးနိုင်တော့သည်။
" သူကမင်းနဲ့ မျိုးရိုးနာမည်တူတာပဲ ဘာလို့ဝမ်းကွဲလို့ပြောတာလဲ? "
" အဖေတူတာပါ " ကုံးဖေးလန်ကြည့်ရတာ သူ့အဖေအကြောင်းထည့်ပြောချင်ပုံမရ။
" oh.....သူဘာလို့ လက်အိတ်နဲ့ mask ဝတ်တာလဲ? "
" သူ့မှာအသန့်ကြိုက်တဲ့ရောဂါရှိတယ် ပတ်ဝန်းကျင်က မသန့်ရှင်းဘူးလို့ ထင်ရင် mask တပ်တယ် "
ရန်ရိ နှလုံးသားထဲ၌ စိတ်ဖျားချင်သလိုဖြစ်လာ၏။
" ကျွန်မ လိမ်ဖို့မရည်ရွယ်ပါဘူး " ကုံးဖေးလန် တိုးညှင်းစွာပြောသည်။
" ရှင့်ကို.... ကျွန်မချစ်သူ လို့ပြောလိုက်မိတာ "
ရန်ရိ ပြုံးယောင်သမ်းသွားသည်။
" မင်းအဲ့လို အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောရဘူးလေ "
" ကျွန်မရှင့်ကို ကျွန်မချစ်သူဖြစ်စေချင်တာက ဘယ်လောက်အန္တရာယ်များများ ရှင်ကျွန်မကို ကယ်ပေးနိုင်မယ်ထင်လို့ပါ "
" ကိုယ်ကယ်မှာပါ " ရန်ရိ အတည်အကြည်ပြောလိုက်၏။
" တကယ်လို့ ကိုယ်တို့က သူစိမ်းတွေဆိုရင်တောင် မင်းကိုကာကွယ်ရမှာ ကိုယ့်တာဝန်ပါ "
ကုံးဖေးလန် ရန်ရိကိုကြည့်လိုက်သည်။ သူမရဲ့လှပတဲ့မျက်ဝန်းများကတော့ ရင်ထဲထိသွားမှုနှင့် မှီခိုအားထားမှုများဖြင့် အရောင်လက်နေသည်။
ထိုအချိန်၌ အစည်းအဝေးခန်းရဲ့တခါးက တွန်းပွင့်လာခဲ့ပြီး လူတစ်ယောက်က ဒုန်းစိုင်းလျှောက်ဝင်လာတော့သည်။
ရန်ရိ ကြည့်လိုက်တော့ထိုလူသည်က ဟိုနေ့ကသူ့အား ကော်ရစ်တာမှာပိတ်ရပ်တဲ့သူ ဖြစ်မှန်းမြင်လိုက်ရ၏။
ကုံးရင့်ရှန် ကုံးဖေးလန်အားကြည့်လိုက်သည်။
ထို့နောက်တော့ ရန်ရိကိုဝေ့ကြည့်လိုက်ပြီး သူ့မျက်လုံးများကတော့ ဆိုးရွားနေချေသည်။
ကုံးဖေးလန် ခေါင်းငုံ့ထားပြီး ဘာမှမပြော။
ရန်ရိ အားလန်၏ခြေထောက်အားတို့လိုက်ကာ တစ်ချိန်တည်းမှာပဲ ကုံးရင့်ရှန်အားကြည့်လိုက်သည်။
ကုံးရင့်ရှန် ဘေးဘီကိုကြည့်လိုက်ပြီး သူ့ mask ကိုချွတ်နှေးကွေးစွာ ချွတ်လိုက်၏။
( T/N : ချွတ်ပြီကွ!!!! Bj MD ရဲ့ naked body ကိုမြင်ဖို့စောင့်ရသလိုပဲ same energy : 3 )
ရန်ရိ တောင့်သွားသည်။
မောင်နှမ နှစ်ယောက်ကအသွင်ပြင်ချင်းတော့တူသည်။ သို့သော် ကုံးဖေးလန်က ကလေးဆန်နေသေး၍ ကုံးရင့်ရှန်မျက်နှာသည်ကာ တကယ်ကိုလှပပြီး ဆွဲဆောင်မှုရှိသည်။
မျက်နှာအစိတ်အပိုင်းများက လက်ရာမြောက်လှပြီး ဆေးခြယ်ထားသကဲ့သို့ဖြစ်သည်။
ဒါပေမယ့် မိန်းမတော့ဆန်မနေပေ။
ကိုယ်ဟန်က အေးစက်ကာ တည်တံ့သည်။
ခံစားလိုက်ရသည်ကား.....လှပတင့်တယ်မှု။
ရန်ရိ ဒီလိုပတ်ဝန်းကျင်နဲ့ ထိတွေ့မှုမရှိတဲ့သူမျိုးကို တစ်ခါမှမတွေ့ခဲ့ဖူးပါ။
သူ မီးပန်းတွေ မစားရင်တောင် ထိုလူကား အမှန်တကယ်ကို တည်ရှိပါ၏။
________________
✓ No Notes ....
________________
{ Zawgyi }
ရန္ရိ အိမ္တံခါးဝသို႔ေရာက္သည္ႏွင့္ အိမ္ထဲမွ အျငင္းပြားေနၾကသံမ်ားၾကားလိုက္ရၿပီး တံခါးဖြင့္လိုက္သည္ႏွင့္ နာနီႏွင့္ သူ႕အေဖ တစ္ခုခုအား ထိုးေပးလိုက္တြန္းထုတ္လိုက္လုပ္ေနသည္ကို ျမင္လိုက္ရ၏။
" အန္တီ ဘာျဖစ္တာလဲ? "
သူ႕ကိုေတြ႕လိုက္သည့္ႏွင့္ အန္တီဝမ္ကစိတ္ဆိုးလ်က္ေျပာလာသည္။
" ေခါင္းေဆာင္ ျပန္လာၿပီကိုး၊ ဒီမွာေလ မင္းအေဖက ေဆးေသာက္ဖို႔ျငင္းေနလို႔ "
ရန္ရိ ဝွီးခ်ဲေပၚမွလူအားလွန္းၾကည့္လိုက္ၿပီး သက္ျပင္းဖြဖြခ်လိုက္သည္။
" ေလာင္ရန္ ဗိုက္မေကာင္းရင္လည္း ဘာလို႔ေဆးမေသာက္တာတုန္း?"
" ဒါကေဆးသုံးႀကိမ္ေျမာက္႐ွိၿပီ ငါမေသာက္ဘူးဆိုမေသာက္ဘူးပဲ "
ရန္႐ွန္႔႐ုန္ စိတ္လႈပ္႐ွားစြာနဲ႔ အန္တီဝမ္လက္ထဲကေဆးကို ပုတ္ထုတ္လိုက္သည္။
ေဆးဘူးကား ၾကမ္းျပင္ထက္သို႔က်သြားကာ ေဆးမ်ားသည္လည္း ျပန္႔က်ဲကုန္၏။
အန္တီဝမ္က အကူအညီမဲ့စြာေခါင္းရမ္းသည္။
ရန္ရိ အန္တီဝမ္အား စိတ္ေလွ်ာ့ပါဟူေသာ
အၾကည့္ျဖင့္ၾကည့္လိုက္ၿပီး ႏွစ္ေယာက္သား သန္႔႐ွင္းရန္ထိုင္လိုက္ၾကသည္။
ဘာမွမျဖစ္ခဲ့သည့္အတိုင္း ရန္႐ွန္႔႐ုန္သည္ ရန္ရိအားေမးလာ၏။
" ဒီေန႔ဘာလို႔ ေက်ာင္းကအေစာႀကီးျပန္လာတာလဲ?"
" ေမွာင္ေနၿပီေလ ေနာက္က်ေနၿပီ "
ရန္ရိ ႏူးညံ့စြာေျပာလိုက္သည္။
" အန္တီ ဒီေန႔အိမ္ျပန္သင့္တယ္ "
" ညစာကအဆင္သင့္ပဲ ပန္းကန္ထဲထည့္ထားတယ္ အဲ့တာဆိုျပန္ၿပီေနာ္ "
အန္တီဝမ္ သူ႕ကိုငဲ့ၾကည့္လိုက္ကာ စကားရပ္လိုက္ၿပီး ေနာက္ဆုံးသူမဖိနပ္မ်ားစီး၍ ထြက္သြားေတာ့သည္။
ရန္႐ွန္႔႐ုန္ သူေျခေထာက္မ်ားအားပုတ္လိုက္ၿပီး သူ႕ကိုယ္သူေျပာေနျခင္းလား ရန္ရိအားေျပာျခင္းလား မသဲကြဲေသာအသံျဖင့္ေျပာသည္။
" မင္းအေမအလုပ္မဆင္းေသးဘူးလား?"
" မဆင္းေသးဘူး "
ရန္ရိ ေဆးဘူးကိုေဘးထားလိုက္ၿပီး ေနာက္နာရီအနည္းငယ္မွျပန္တိုက္ရန္ ေတြးထားလိုက္သည္။
မၾကာခင္ေတာ့ သူ႕အေဖသတိျပန္လည္လာေလာက္ပါရဲ႕။
ဝမ္းနည္းစြာေျပာရလွ်င္ သူ႕အေဖသည္ သူ႕နယ္ပယ္၌႐ွိေသာလမ္းတိုင္းမွ မီးသတ္ပိုက္အေရအတြက္ကို တိက်စြာေျပာႏိုင္ခဲ့ေသာ္လည္း ယခုမွာေတာ့ အခ်ိန္တစ္ဝက္ေလာက္က ဘယ္ေန႔ဘယ္ရက္ရယ္မမွတ္မိ၊ သူ႕ဇနီးဆုံးပါးခဲ့ၿပီကိုလည္းမမွတ္မိ ၊သူ႕သားႀကီးျပင္းလာသည္ကိုလည္းမမွတ္မိႏိုင္ပါေခ်။
ရန္႐ွန္႔႐ုန္ တီးတိုးေျပာသည္။
" ထမင္းစားဖို႔ မင္းအေမျပန္လာတဲ့အထိေစာင့္ၾကတာေပါ့ "
" okay ေလာင္ရန္ ကြၽန္ေတာ္ေရအရင္ခ်ိဳးေပးမယ္ "
ရန္႐ွန္႔႐ုန္က ၾကားေသးပုံမရဘဲ ဆက္ကာတီးတိုးေျပာေနသည္။
" ထမင္းစားဖို႔ မင္းအေမျပန္လာတဲ့အထိေစာင့္ၾကတာေပါ့.... "
ရန္ရိ ဝွီးခ်ဲကိုေရခ်ိဳးခန္းဆီတြန္းသြား ၊ သူ႕အေဖကိုမကာ ေ႐ွးေဟာင္းေရခ်ိဳး[1] ဇလုံထဲသို႔ထည့္ၿပီး စိတ္႐ွည္စြာေရခ်ိဳးေပးလိုက္သည္။
သူ၏အေဖကတစ္ခါက သူရဲေကာင္းမီးသတ္သမားတစ္ဦးျဖစ္သည္။
ေမ ၄[2] ဆုတံဆိပ္ ၊ဒုတိယအဆင့္ ကိုယ္က်င့္သိကၡာေကာင္းေသာဆု တစ္ဆု ၊ တတိယဆင့္ ကိုယ္က်င့္သိကၡာေကာင္းေသာဆု သုံးဆု ရခဲ့သူလည္းျဖစ္သည္။
သူေျခေထာက္ဒဏ္ရာရခဲ့၍ အနားယူခဲ့ရေသာႏွစ္၌ မီးသတ္စခန္းမႉးပင္ျဖစ္ေနေခ်ၿပီ။
သူ ဝွီးခ်ဲေပၚထိုင္ႏိုင္ခဲ့ေသးသည္။ သို႔ေပမယ့္ ေနာက္သုံးႏွစ္အၾကာ၌ ဖ်ားနာခဲ့သည္။
သူ႕ရဲ႕အေမက သူေကာလိပ္တက္ေနစဥ္မွာ မထင္မွတ္ဘဲဆုံးပါးသြားခဲ့ၿပီး မိသားစုထဲတြင္လည္း ေဆြမ်ိဳးအနည္းငယ္သာ႐ွိသည္။
သူ႕အေဖ ဖ်ားနာလာခဲ့သည့္အခါ သူအိမ္အလုပ္အားလုံးကို တစ္ေယာက္တည္းတာဝန္ယူခဲ့သည္။
ဒါေပမယ့္ အိမ္ကိုေတာ့အေတာ္ၾကာျပန္မလာႏိုင္ခဲ့ေပ။
ထို႔ေၾကာင့္ ေန႔ေရာညပါလုပ္ႏိုင္တဲ့ ကေလးထိန္းမ်ား ႐ွာရေတာ့၏။
အယ္ဇိုင္းမားေရာဂါသည္ တစ္ေယာက္ကိုျပဳစုရတာက အၿမဲတမ္း ခန္႔မွန္းရခက္ၿပီး တစ္ခါတေလ ယုတၱိမ႐ွိျဖစ္တတ္သည္။
လြန္ခဲ့ေသာႏွစ္အတြင္းမွာတင္ ကေလးထိန္းအေရအတြက္က ကိန္းဂဏန္းႏွစ္လုံးေက်ာ္ပင္႐ွိ၏။
ရန္ရိ စိတ္မေကာင္းအျဖစ္ရဆုံးသည္က ေတာင္ႀကီးတစ္ေတာင္အလား သန္မာၿပီး တိုက္ရည္ခိုက္ရည္႐ွိေသာလူတစ္ေယာက္မွသည္ ယခုကဲ့သို႔ အိုနာေသာလူတစ္ေယာက္အျဖစ္သို႔ ေရာက္႐ွိသြားျခင္းပင္။
သူသည္ လူအေျမာက္အမ်ားကိုကယ္တင္ခဲ့ေသာ္လည္း ယခုမူ ေခတ္မီေဆးဝါးမ်ားကပင္ သူ႕ကိုမကယ္ႏိုင္။
ခက္ခက္ခဲခဲေရခ်ိဳးၿပီးစီးခ်ိန္မွာေတာ့ ရန္႐ွန္႔႐ုန္ အိပ္ေပ်ာ္သြားပုံရၿပီး ရန္ရိကေတာ့ အလြန္ပင္ပန္းလို႔ေနသည္။
ရန္ရိ ထိုလူကိုကုတင္ေပၚတင္ ေစာင္ျခဳံေပးကာ အဲလ္ကြန္းဖြင့္ေပးလိုက္ၿပီးေနာက္ အစားအစာမ်ားေႏႊးရန္ မီးဖိုထဲသြားသည္။
စားေနရင္းျဖင့္ ရန္ရိ တစ္စုံတစ္ေယာက္အားဖုန္းေခၚလိုက္သည္။
ဖုန္းကခ်က္ခ်င္းဝင္သြားၿပီး တစ္ဖက္မွေလးေလးပင္ပင္နဲ႔ တိုးေဖ်ာ့တဲ့အသံထြက္လာသည္။
" hey ေကာ "
" မင္းဘာလုပ္ေနလဲ?" ရန္ရိေမးလိုက္သည္။
" ကေလးကအခုမွအိပ္သြားတာ ဘာျဖစ္လို႔လဲ?"
" ငါမင္းကို တစ္ေယာက္ေယာက္အေၾကာင္းေမးမလို႔ "
ဖုန္းတစ္ဖက္မွသူသည္ကား ဖုခိုင္ ျဖစ္သည္။ သူရဲ႕ အထက္တန္းေက်ာင္းကတည္းက သူငယ္ခ်င္းျဖစ္ၿပီး အခင္ဆုံးသူငယ္ခ်င္းမ်ားအနက္မွ တစ္ေယာက္ျဖစ္သည္။
" ဘယ္သူလဲ?"
" ကုံးရင့္႐ွန္, မင္းၾကားဖူးလား? သူကလည္းရဲဌာနကပဲ "
" သိတယ္ ဘာလို႔႐ုတ္တရက္ႀကီး သူ႕အေၾကာင္းထေမးတာလဲ? "
ဖုခိုင္ ႏွစ္ႀကိမ္ထပ္ေျပာသည္။
" အဲ့ဒီ့လူကိုဘယ္လိုလုပ္ၿပီးသိတာလဲ? မင္းသူ႕ကိုေတာ့ႀကိဳက္မေနဘူးမလား? "
" ဘယ္လိုေတာင္ ! ငါကရဲေယာင္ေဆာင္ထားတဲ့သူမ်ားလားဆိုၿပီး မင္းကိုေမးၾကည့္တာ "
" အို႔ သူကတကယ္ ရဲနဲ႔မတူဘူး "
" မင္းသိတာလား? "
" မသိဘူး ျမင္ဖူးတာ "
" သူကဘာျဖစ္ေနတာလဲ ?"
" သူက ထူးဆန္းတဲ့သူပဲ....အို႔ ၊ မင္းလုပ္လို႔ငါ့သမီးေလး ႏိုးသြားၿပီ "
တစ္ဖက္မီ ကေလးငိုသံေလးထြက္လာသည္။
" ငါမင္းကိုေနာက္မွေျပာျပမယ္ "
တစ္ဖက္မွ အလုပ္႐ႈပ္ေနသံမ်ားၾကားလိုက္ရၿပီး ရန္ရိ ႏႈတ္ခမ္းကိုက္လိုက္သည္။
" အဲ့တာ တကယ္ထူးဆန္းတာပဲ "
စားေသာက္ၿပီးသြားေသာအခါ ေကာင္ေကာကိုဖုန္းဆက္၍ တပ္ရင္းအေျခအေနေမးၿပီးေနာက္ ဆိုဖာေပၚတြင္ ဂိမ္းကစားေနလိုကိသည္။
ည ကိုးနာရီမထိုးေသးခင္ ရန္႐ွန္႔႐ုန္ အိပ္ခန္းထဲမွလႈပ္႐ွားသံမ်ား ၾကားရသည္။
ရန္ရိ တံခါးဖြင့္လိုက္ေတာ့ ရန္႐ွန္႔႐ုန္က ထပင္ထိုင္ေနၿပီ။
" ေလာင္ရန္ ႏိုးၿပီလား? "
ရန္႐ွန္႔႐ုန္ ရန္ရိအားတစ္ခဏမွ်ၾကည့္ေနၿပီး အျပစ္ေျပာလာသည္။
" မင္း ျပန္လာျပန္ၿပီလား? ငါဘယ္ႏွစ္ခါေျပာရမလဲ? ငါ့အတြက္နဲ႔ စခန္းကိုထားပစ္မခဲ့ပါနဲ႔လို႔ "
ရန္ရိ သက္ျပင္းေအးေအးခ်လိုက္သည္။
" စခန္းက လမ္းတစ္ကူးစာတင္႐ွိတယ္ အဲ့ေတာ့ ရဲေတြကို ေႏွာင့္ေႏွးေစမွာမဟုတ္ပါဘူး အန္တီက အန္ေနတယ္ေျပာလို႔ လာၾကည့္ၾကည့္တာ "
" အန္တာမ်ား ဘာအေရးႀကီးလို႔လဲ?"
ရန္႐ွန္႔႐ုန္ ကိုယ္ကိုေစာင္းလိုက္ရာ ၾကမ္းျပင္သို႔ျပဳတ္က်သြားေလသည္။
ရန္ရိ ကူညီခ်င္ေပမယ့္ သူလက္ေဝ့ယမ္းကာတားလိုက္သည္။
ရန္႐ွန္႔႐ုန္ ေျခေထာက္တစ္ဖက္သုံးႏိုင္ေသးေသာ္လည္း ေထာ့နဲ႔ေထာ့နဲ႔ သာသြားႏိုင္သည္။ သို႔ေသာ္လည္း သူသတိ႐ွိေနစဥ္မွာေတာ့ ဝွီးခ်ဲထက္စာရင္ ခ်ိဳင္းေထာက္ကိုသာလုံးဝသုံးသည္။
" ေဆးအရင္ေသာက္လိုက္ဦး "
ရန္ရိ ေဆးရယ္ ေရေႏြးရယ္ယူလိုက္သည္။
ရန္႐ွန္႔႐ုန္ ဆိုဖာတြင္ထိုင္ကာ ေဆးကိုနာနာခံခံေသာက္လိုက္သည္။
" ဒီညအစာမစားနဲ႔ မနက္အထိအစာအိမ္အေျခအေနဘယ္လို႐ွိလဲ ေစာင့္ၾကည့္ရမယ္ မဟုတ္ဘူး ကြၽန္ေတာ္ေဆး႐ုံေခၚသြားမယ္ "
" ေဆး႐ုံသြားရမယ္ " ရန္႐ွန္႔႐ုန္ သူ႕အားေစာင္းၾကည့္လိုက္သည္။
" မင္းငါ့ကို ေသလူတစ္ေယာက္ လိုဆက္ဆံေနတာပဲ "
" ဘယ္ကိုရဲတင္းေနတာလဲ? " ရန္ရိအျပဳံးျဖင့္ေျပာလိုက္သည္။
" မသြားဘူးဆိုေတာ့လည္းမသြားဘူးေပါ့ စခန္းမႉးရန္က ဒဏ္ရာအေပ်ာ့ေလးေလာက္နဲ႔ မီးသၿဂိဳလ္မခံရေသးပါဘူး "
ရန္႐ွန္႔႐ုန္ပါျပဳံးလိုက္သည္။ " မင္းဘာေတြလုပ္ေနလဲ?"
" ၿပီးခဲတဲ့အပတ္က ခ်န္႐ွင္းလမ္းမွာ ရဲေတြစစ္ေဆးၿပီး ေကာ္ဖီဆိုင္မီးေလာင္တယ္ Fire adjuster [3] ေျပာတာေတာ့ ျပန္လည္ျပဳျပင္ေနတုန္း တရားမဝင္ျပဳျပင္ေရးပစၥည္းက သတ္မွတ္ခ်က္လြန္သြားတာေၾကာင့္တဲ့ "
" ေကာင္းၿပီ အဲ့အေၾကာင္းေျပာျပ "
သားအဖႏွစ္ေယာက္ လက္ဖက္ရည္ေသာက္ကာ လြန္လြတ္လပ္လပ္စကားေျပာၾကသည္။
----------------
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ မနက္ခင္းေလ့က်င့္ေရးအတြက္ ရန္ရိစခန္းကိုအခ်ိန္ကိုက္ျပန္သြားလိုက္ၿပီး ဆယ္နာရီေလာက္ အထိေလ့က်င့္ေနလိုက္သည္။
တျဖည္းျဖည္းနဲ႔ ပူသည္ထက္ပူလာၿပီး ထို႔ေၾကာင့္သူ ဖ်က္သိမ္းလိုက္ၿပီး အလြတ္တမ္းလႈပ္႐ွားမႈမ်ားျပဳလုပ္ေတာ့သည္။
သို႔ေပသိ သူတို႔စခန္းကိုခြာမသြားႏိုင္။
စခန္းထဲက ဘဝသည္ကားမပ်င္းရေပ။
ေန႔စဥ္ေလ့က်င့္ေရးမ်ား ေလ့လာေရးမ်ား အျပင္ အခါအားေလ်ာ္စြာ မီးသတ္အတြက္လူေတြ႕စစ္ေဆးမႈမ်ားႏွင့္ ၾကည့္႐ႈစစ္ေဆးျခင္းမ်ားျပဳလုပ္ရန္ သူ႕နယ္ပယ္႐ွိေနရာအမ်ိဳးမ်ိဳးသို႔သြားေရာက္ရ၏။
အားလပ္ခ်ိန္မွာေတာ့ ဘတ္စ္ကတ္ေဘာကစား ၊ fitness လုပ္ ၊ ဂိမ္းကစား ၊ TV ၾကည့္၊ ႐ုပ္႐ွင္ၾကည့္တာေတြနဲ႔ အျခားဝါသနာပါၿပီး စည္းကမ္းနဲ႔ညီတဲ့အရာေလးေတြလုပ္ျဖစ္သည္။
ဒီအခ်ိန္မွာေတာ့ ရန္ရိ ၊ ေကာင္ေကာ နဲ႔ စြန္းတင့္ရီး တို႔က လႈပ္႐ွားေရးအခန္းသို႔အေျပးသြားျဖစ္ၾကသည္။
သူတို႔ သက္ေသာင့္သက္သာ ဆိုဖာတစ္ခုကို႐ွာၿပီး ကိုယ္လွဲခ်ကာ ဂိမ္းစကစားၾကသည္။
" Chicken လား King လား?"
စြန္းတင့္ရီ ကေမးသည္။
" ၾကက္သားစားမယ္ "
" ငါ့အေဖာ္ကိုေခၚလို႔ရ...."
" မရဘူး "
ႏွစ္ေယာက္ၿပိဳင္တူေျပာလိုက္ၾကသည္။
စြန္းတင့္ရီး "ကြၽတ္" ဟုစုတ္သတ္လိုက္သည္။
" မင္းတို႔ဘယ္မိန္းမမွမလိုဘူးပဲ"
" မင္းပင္ပန္းတယ္ ေျပာတာကိုဘယ္သူၾကားခ်င္မွာလဲ? " ေကာင္ေကာေျပာသည္။ " ဘယ္သူကအဖြဲ႕လဲ ? ငါ online ျဖစ္တဲ့သူေတြ႕ၿပီ ..."
" ငါ rank သြားေဆာ့ေတာ့မယ္ ၾကက္သားမယူေတာ့ဘူး "
" အဲ့ေတာ့ ငါ့ဘက္မွာတစ္ေယာက္မ႐ွိေတာ့ဘူးေပါ့ "
" ငါ့မွာလည္းမ႐ွိပါဘူး "
" တစ္ပြဲပဲေလ "
ပြဲကစေတာ့မည္။ စြန္းတင့္ရီး က႐ုတ္တရက္ ထရယ္လိုက္သည္။
" ဘာရယ္တာလဲ?"
" မင္းနာမည္ ဟားဟားဟား ေခါင္းေဆာင္ ငါအဲ့နာမည္ျမင္တာနဲ႔ တစ္ခါရယ္မိတယ္ "
ရန္ရိ၏ဂိမ္းနာမည္ကား - နတ္ဘုရားမ ပင္ျဖစ္ေခ်သည္။
" မင္းဘာသိလဲ ငါက ငါ့ပစၥည္းေတြစစ္ၿပီး အေလးခ်ိန္ညီေအာင္လုပ္ေနတာ "
ရန္ရိေျပာသည္။
" ငါ M ၿမိဳ႕ကိုခုန္ၿပီ "
ပြဲစဥ္အသစ္က႐ုတ္တရက္ထေျပာသည္။ " No.1 မမေလးရဲ႕နာမည္က အရမ္းထူးျခားတာပဲ ဘယ္လိုမ်ားမွည့္ထားပါလဲ "
ေကာင္ေကာ ႏွင့္ စြန္းတင့္ရီး ႏွစ္ေယာက္စလုံးရယ္လိုက္ၾကသည္။
ရန္ရိလည္ေခ်ာင္း႐ွင္းလိုက္သည္။
" ငါသ႐ုပ္စေဆာင္ေတာ့မယ္ မရယ္ၾကနဲ႔ "
သူ႕ အသံဖြင့္လိုက္ၿပီး လည္ေခ်ာင္းကိုညႇစ္ကာ ခပ္ေအာေအာအသံအား ခြၽဲပ်စ္ပ်စ္ညဳတုတုအသံသို႔ေျပာင္းလိုက္သည္။
" အဟင္း ယဥ္ေက်းေသာလူႀကီးမင္း႐ွင့္ "
ေကာင္ေကာႏွင့္ စြန္းတင့္ရီး ႏွစ္ေယာက္လုံးရယ္ခ်င္ၾကသည္။
အျခားတစ္ဖက္မွလူသည္ ေတာင့္သြား၏။
" မင္းအသံ....မင္း အသံေျပာင္းထားတဲ့ သူေတာ့မဟုတ္ဘူးမလား?"
ရန္ရိေႏွးကာေျပာလိုက္သည္။ " ေက်ာက္အန္[4] "
"ဟမ္? ကြၽန္မကို ေယာက်္ားနဲ႔တူတယ္ထင္လို႔လား?"
တစ္ဖက္လူက အေတာ္ၾကာတိတ္ဆိတ္သြားခဲ့သည္။
" မဟုတ္ပါဘူး အရမ္း ဆက္ဆီက်တဲ့ ေဆးလိပ္သံပါပဲဗ်ာ "
-----------------------------------------------------------
1. Custom-made bathtub - စစေပၚတုန္းကဒီဇိုင္းေတြေပါ့။ ႐ိုး႐ိုး႐ွင္း႐ွင္းေလးေတြ။ခ်စ္စရာေလးပါ။
2. May 4 - ေမ ၄ လႈပ္႐ွားမႈသည္ ၁၉၁၉ ခုႏွစ္ေမလ ၄ ရက္တြင္ေဘဂ်င္း၌ေက်ာင္းသားမ်ားဆႏၵျပမႈမွထြက္ေပၚလာသည့္နယ္ခ်ဲ႕ဆန္႔က်င္ေရး၊ ယဥ္ေက်းမႈႏွင့္ႏိုင္ငံေရးလႈပ္႐ွားမႈျဖစ္သည္။
3. Fire Adjuster - မီးေလာင္မႈျဖစ္ပြားၿပီးတဲ့အခါ အႂကြင္းအက်န္ေတြကေန ေကာက္ခ်က္ခ်တဲ့သူ ၊အရမ္းေတာ္မွရတာ ။ စိတ္ဝင္စားရင္ေသခ်ာ႐ွာၾကည့္ပါ တကယ္မိုက္တယ္ ၊ ဝင္ေငြကလည္းေကာင္းေပ့။ ဉာဏ္အေတာ္ေကာင္းမွရမွာၿပီးေတာ့ ခြဲျခမ္းစိတ္ျဖာႏိုင္စြမ္း math ေတြ ၊ ႐ႈေထာင့္အသြယ္သြယ္ကေန ယူဆရတာ။ ဒီဟာကိုဘာသာျပန္ရတာအေတာ္ဗဟုသုတရတယ္
(-̩̩̩-̩̩̩-̩̩̩-̩̩̩-̩̩̩___-̩̩̩-̩̩̩-̩̩̩-̩̩̩-̩̩̩)
4. Jiao An - စကားေျပာတဲ့အခါထည့္သုံးတဲ့ ယဥ္ေက်းမႈအသုံးအႏႈန္း ဆရာ* လို႔သေဘာရသည္။
_______________________________________
" မဟုတ္ပါဘူး အရမ္း ဆက္ဆီက်တဲ့ ေဆးလိပ္သံပါပဲဗ်ာ "
" အင္း လူေတြအဲ့လိုေျပာၾကတာပါပဲ႐ွင္ "
ရန္ရိ UMP9 ကိုဆြဲကာ ရန္သူအားသတ္ရန္ ျပတင္းေပါက္နားသို႔သြားလိုက္သည္။
" ဘာလို႔ မမေလးက ဒီနာမည္ကိုေ႐ြးတာလဲ?"
ရန္ရိေျပာသည္။
" ဘာလို႔ဆို...မိန္းမေတြကိုေရနဲ႔ထြင္းထုထားလို႔ပါ "
[ T/N : အလြယ္ေျပာရရင္ 'ႏုနယ္ၾကသည္' ___သူေျပာသြားတဲ့စာေၾကာင္းကေတာ့ တ႐ုတ္ဂႏၲဝင္စာအုပ္ A Dream of Red Mansions ထဲက ' မိန္းမမ်ားအားေရျဖင့္ထြင္းထု၍ ေယာက်္ားမ်ားအား ႐ႊံ႕ျဖင့္ထြင္းထု၏။ ' ဆိုတဲ့စာေၾကာင္းရဲ႕တစ္စိတ္တစ္ပိုင္းပါ။ ၁၈ ရာစု ခ်င္မင္းဆက္မွာေရးသားခဲ့တာျဖစ္ၿပီး တ႐ုတ္မင္းမ်ိဳးမင္းႏြယ္မိသားစုႀကီး၏ေန႔စဥ္ဘဝ လူမႈဆက္ဆံေရးစည္းမ်ဥ္းစည္းကမ်ားအားေရးသားေဖာ္ျပထားခဲ့တာျဖစ္ပါသည္။]
ေကာင္ေကာႏွင့္ စြန္းတင့္ရီးတို႔မွာ ရယ္ခ်င္လြန္း၍ျပဳံးစိစိျဖင့္ မ်က္ႏွာမ်ားပင္နီေနေလၿပီ။
ဆက္၍ေအာင့္မထားႏိုင္ေတာ့သည့္ဟန္ျဖင့္ ရန္ရိအား အသံပိတ္ရန္ လက္ဟန္ေျခဟန္ျပၾကေတာ့သည္။
ရန္ရိသူတို႔ကိုတစ္ခဏၾကည့္လိုက္သည္။ " ပိတ္လိုက္ၿပီ "
ႏွစ္ေယာက္သားမွာ ျပင္းျပင္းထန္ထန္ကိုေအာ္ရယ္ၾကေတာ့သည္။
စြန္းတင့္ရီး အသက္ထြက္မတတ္ရယ္ၿပီး
" ေခါင္းေဆာင္ရန္ အ႐ွက္မ႐ွိတဲ့ပုံလုပ္ေနတာပဲ "
" မင္းတို႔တိုက္ပြဲရင္ဆိုင္ရရင္ လုပ္သင့္တာအကုန္လုပ္ရမယ္ ဒါေခါင္းေဆာင္ကမင္းတို႔ကိုေပးတဲ့သင္ၾကားမႈပဲ "
" အသံမထြက္နဲ႔ သူ႕ကို တတိယအဆင့္ေခါင္းေတာင္းမလို႔ ငါအႏိုင္က်င့္တာၾကည့္ေန "
သူ အသံျပန္ဖြင့္လိုက္သည္။ " ေမာင္ေလး မကို တတိယအဆင့္ေခါင္းေပးပါလားဟင္ "
" အာ....."
" ဒီမွာလူေတြအမ်ားႀကီးပဲ မ နည္းနည္းေၾကာက္လို႔ "
" ok "
လႈပ္႐ွားေရးအခန္း တံခါးတြန္းဖြင့္ခံလိုက္ရကာ
တင္ခ်င္း အထဲသို႔ဝင္လာသည္။
" ေခါင္းေဆာင္ရန္ ဟိုမိန္းကေလးလာျပန္ၿပီ "
ရန္ရိ သတိတစ္ဝက္ျဖင့္ ညည္းလိုက္၏။
ထို႔ေနာက္ တစ္ခုခုျဖစ္ေတာ့မည္ကို သတိရလိုက္ပုံျဖင့္ အျမန္ပဲ အသံပိတ္ကာ ထရပ္လိုက္သည္။
" ဘယ္မွာလဲ? "
" အထဲေရာက္ေနၿပီ ေနာက္ၿပီး...."
" ေနာက္ၿပီး? ဘာလဲ?"
တင္ခ်င္း ေခါင္းကုတ္လိုက္သည္။
" ကိုယ့္ဘာသာပဲၾကည့္ပါေတာ့ဗ်ာ "
ရန္ရိ ဂိမ္းေဆာ့ခ်င္စိတ္လည္း ႐ွိမေနပါေခ်။ ထို႔ေၾကာင့္
သူ႕ဖုန္းကိုေဘးပို႔လိုက္ၿပီး ေအာက္ထပ္ဆင္းလာခဲ့သည္။
ေတြ႕လိုက္ရသည္က ကုံးေဖးလန္ သူမလက္ထဲ၌ခရီးေဆာင္အိတ္ကိုဆြဲကာ ေဈးဝယ္ထြက္သကဲ့သို႔ အေပၚထပ္ေလွကားမ်ားထက္ ေလွ်ာက္လွမ္းလာေနပုံပင္။
ရန္ရိ တင္ခ်င္းကိုတိုးတိုးကပ္ေျပာလိုက္သည္။
" နည္းျပကိုသြားေခၚ "
ကုံးေဖးလန္ သူ႕ကိုေတြ႕ေတာ့ အျပဳံးႀကီးႀကီးျပဳံးျပေလသည္။
" ေခါင္းေဆာင္ "
" မင္းက..."
" ကြၽန္မအိမ္ေပၚကဆင္းလာတာ"
ကုံးေဖးလန္ မ်က္ႏွာတစ္ခ်က္မပ်က္ဘဲေျပာလာသည္။
" ဒီမွာေနလို႔ရမလား? "
" မရဘူး " ရန္ရိအကူအညီမဲ့စြာေျပာလိုက္သည္။
" ဘာလို႔အိမ္ေပၚကဆင္းလာတာလဲ? မင္းမိဘေတြကေရာ?"
" သရဲပဲသိမယ္ ကြၽန္မေဆး႐ုံတက္ကတည္းကေပၚမလာၾကတာ ၿပီးေတာ့ကြၽန္မလည္းမသိခ်င္ပါဘူး"
ကုံးေဖးလန္ ရန္ရိအားစိုက္ၾကည့္သည္။
" ကြၽန္မ ႐ွင္နဲ႔ေနခ်င္တယ္ "
ရန္ရိ ေဒါသထြက္လ်က္ ကုံးရင့္႐ွန္အေၾကာင္းေတြးလိုက္သည္။ သို႔ေသာ္ ကုံးေဖးလန္ကိုၾကည့္ျပန္ေတာ့လည္း ရက္စက္ရာက်သည္။ ဒီကေလးကအရမ္းထိန္းခ်ဳပ္ရခက္ၿပီး သူ႕မိဘေတြနဲ႔အမ်ားဆုံး သက္ဆိုင္သည္။
ရန္ရိ စိတ္႐ွည္စြာေျပာလိုက္သည္။
" ေဖးလန္ ကိုယ္အမ်ားႀကီးေျပာခဲ့ၿပီးၿပီ ကိုယ့္မ်က္လုံးထဲမွာမင္းက ကေလးပဲ ၊ အိမ္ကထြက္ေျပးလာတာက မင္း႐ွင္းခ်င္တဲ့ျပႆနာကိုမေျဖ႐ွင္းႏိုင္ဘူး "
" ဒါမယ့္ ကြၽန္မ႐ွင္နဲ႔ဆို လုံျခဳံတယ္လို႔ခံစားရတယ္ "
" ေက်းဇူးပါ ဒါေပမယ့္ ကမ႓ာေပၚမွာမင္းဂ႐ုအစိုက္ဆုံးက မင္းမိသားစုပဲျဖစ္သင့္တယ္ ကိုယ္မင္းကိုအိမ္ျပန္ပို႔ေပးလို႔ရမလား?"
ကုံးေဖးလန္ ေခါင္းခါသည္။
" အိမ္မျပန္ဘူး တကယ္လို႔႐ွင္နဲ႔ေနခြင့္မျပဳလည္း hotel မွာသြားေနမယ္ "
"...မင္းမိဘေတြကိုမေတြ႕ခ်င္ရင္ ကိုယ္မင္းအစ္ကိုကို လာေခၚခိုင္းရင္ေရာဘယ္လိုလဲ?"
ကုံးေဖးလန္ မ်က္ေမွာင္က်ံဳ႕သြားသည္။
" သူ႐ွင့္ကိုလာ႐ွာတာလား?"
" အင္း ကိုယ္ကမင္းခ်စ္သူလို႔မင္းေျပာတယ္လို႔လည္း ေျပာေသးတယ္၊ ေဖးလန္ အဲ့တာကကိုယ့္ကို ျပႆနာအမ်ားႀကီးျဖစ္ေစတယ္ ဆိုတာမင္းသိရဲ႕လား?"
ကုံးေဖးလန္ သူမႏႈတ္ခမ္းမ်ားေစ့လိုက္သည္။
" ေတာင္းပန္ပါတယ္ "
ထိုစဥ္ နည္းျပ ခ်ီယန္ေပါင္ ေရာက္လာ၏။
" ရန္ရိ ဘာကိစၥလဲ? "
" သူမ မိသားစုနဲ႔ကိစၥတစ္ခုခုျဖစ္တယ္ထင္တယ္ အိမ္ကထြက္ေျပးခ်င္ေနတယ္ "
ခ်ီယန္ေပါင္ ကသူ႕ထက္အသက္အနည္းငယ္ႀကီးၿပီး မ်က္မွန္တပ္ကာ ယဥ္ေက်းပုံေပၚသည္။
အဲတာကလည္း စိတ္ပိုင္းဆိုင္ရာျပႆနာ႐ွိတဲ့လူ တစ္ေယာက္ကို အၾကံဉာဏ္ေပးရာတြင္အလြန္အသုံးဝင္၏။
သူ ကုံးေဖးလန္ထံေလွ်ာက္သြားလိုက္သည္။
" ေဖးလန္ မိဘေတြနဲ႔ရန္ျဖစ္ခဲ့လို႔လား?"
" မျဖစ္ဘူး " ကုံးေဖးလန္ အေဝးကိုအၾကည့္ပို႔လိုက္သည္။
" ကြၽန္မ ေခါင္းေဆာင္ကိုပဲေတြ႕ခ်င္တာ ဒီမွာေနခ်င္တယ္ "
" မီးသတ္ဌာနရဲ႕တံခါးက ျပႆနာေတြအတြက္ဖြင့္ထားပါတယ္ ဒါေပမယ့္မင္းဒီမွာအၿမဲတမ္းေနလို႔မရႏိုင္ဘူး
ကိုယ္တို႔ အိမ္ျပန္ပို႔ေပးမယ္ "
" ကြၽန္မ အိမ္မျပန္ဘူးလို႔! "
ကုံးေဖးလန္ ေအာ္သည္။
" အိမ္မွာေနရတာအရမ္းပ်င္းတယ္ ! "
( T/N : အၾကံေလးမဆိုးဘူး ကိုယ္လည္းပ်င္းေနတာအေတာ္ပဲ လင္ေနာက္လိုက္တာေပါ့ ၀_၀ )
ရန္ရိႏွင့္ခ်ီယန္ေပါင္ တစ္ေယာက္ႏွင့္တစ္ေယာက္ၾကည့္လိုက္ၾကၿပီး ရန္ရိကေျပာသည္။
" ဘာပဲျဖစ္ျဖစ္ ကိုယ္မင္းအစ္ကိုကိုအရင္ေခၚရလိမ့္မယ္ "
" သူက ဒီတိုင္းဝမ္းကြဲအစ္ကိုပဲ ကြၽန္မတို႔မရင္းႏွီးဘူး "
" ေဖးလန္ " ရန္ရိသူမ၏ပုခုံးမ်ားကိုကိုင္ကာ မ်က္လုံးမ်ားအားတည့္တည့္ၾကည့္၍ ညင္ညင္သာသာနဲ႔ အတည္အတံ့ေျပာလိုက္သည္။
" မင္းကငယ္ေသးတယ္ မင္းမိသားစုကေတာ့တာဝန္ယူရမွာပဲ ကိုယ္တို႔ မင္းမိသားစုကိုအေၾကာင္းၾကားရမလား မင္းဝမ္းကြဲအစ္ကိုကို အေၾကာင္းၾကားရမလား မင္းေ႐ြးႏိုင္တယ္ "
ကုံးေဖးလန္ တိတ္ဆိတ္သြား၏။
" မင္းဒီမွာေနရင္ ကိုယ္တို႔အတြက္အမ်ားႀကီးျပႆနာျဖစ္လိမ့္မယ္ မင္းေနာက္ထပ္ မလာႏိုင္ေတာ့တာလည္းျဖစ္ႏိုင္တယ္ "
ကုံးေဖးလန္ တိုးတိုးေလးေျပာလာ၏။
" အဲ့တာဆို ကြၽန္မဘာသာျပန္မယ္ "
" မရဘူး ကိုယ္တို႔မင္းကို လူႀကီးတစ္ေယာက္လာႀကိဳတာျမင္မွရမယ္ "
ကုံးေဖးလန္ ျငင္းဆန္စြာေျပာလာသည္။
" အဲ့တာဆို ႐ွင္သူ႕ကိုေခၚလိုက္ "
" အဲ့တာဆို သူ႕ဖုန္းနံပါတ္ေပး "
" မေပးဘူး " ကုံးေဖးလန္ အခြင့္အေရးယူကာေျပာသည္။
ရန္ရိ အကူအညီမဲ့စြာေခါင္းခါလိုက္ၿပီး သူ႕ဖုန္းကိုထုတ္ကာ ဖုခိုင္ကိုဖုန္းဆက္လိုက္ၿပီး ကုံးရင့္႐ွန္ရဲ႕ဖုန္းနံပါတ္ကို ျမန္ႏိုင္သေလာက္ျမန္ျမန္ေမးေပးဖို႔ ေျပာလိုက္သည္။
ခ်ီယန္ေပါင္ က ကုံးေဖးလန္ကိုအစည္းအေဝးခန္း၌ ေစာင့္ရန္ေခၚသြားသည္။
ရန္ရိ ခဏေစာင့္ၿပီးေနာက္ ဖုခိုင္ဆီမွဖုန္းဝင္လာၿပီး သူထိုဖုန္းကိုေခၚလိုက္သည္။
ဖုန္းျမည္ကာ ဝင္သြားၿပီး ခန္႔ညားၿပီးေအးစက္တဲ့အသံကို သူထပ္မံၾကားလိုက္ရ၏။ " Hey "
" အခုမင္းညီမက ကိုယ့္စခန္းထဲေရာက္ေနတယ္ အခုခ်က္ခ်င္းလာေခၚပါ "
ရန္ရိ စကားေျပာၿပီးေနာက္ဖုန္းခ်လိုက္ၿပီး တင္ခ်င္း ကိုေျပာလိုက္သည္။
" ကုံးေဖးလန္ အစ္ကိုေရာက္လာလိမ့္မယ္ မင္းသူ႕ကို အစည္းအေဝးခန္းထဲ တန္းေခၚခဲ့လိုက္ "
" ဟုတ္ကဲ့ပါ "
ရန္ရိ အစည္းအေဝးခန္းထဲဝင္သြားသည္ႏွင့္ ခ်ီယန္ေပါင္တစ္ေယာက္ ကုံးေဖးလန္ကိုေျဖာင္းဖ်ေနေၾကာင္းေတြ႕လိုက္ရၿပီး ကုံးေဖးလန္ကေခါင္းငုံ႔ထားလ်က္ မ်က္ႏွာကေတာ့အေတာ္ပ်က္ယြင္းေနသည္။
ခ်ီယန္ေပါင္ ေျပာလာသည္။
" ရန္ရိ ငါအခုပဲ အထက္ကဖုန္းလက္ခံရတယ္ ငါသြားရမယ္ မင္းသူနဲ႔ေနေပးလိုက္ "
" okay သြားပါ "
ခ်ီယန္ေပါင္ ထြက္သြားသည္ႏွင့္ ႏွစ္ေယာက္မွာ အစည္းအေဝးခန္းထဲ၌ အေတာ္ၾကာတိတ္ဆိတ္ေနၾကသည္။
10 မိနစ္ခန္႔အၾကာမွ ကုံးေဖးလန္ သတၱိမ်ားစုစည္း၍ ရန္ရိအားခိုးၾကည့္လိုက္ကာ တီးတိုးေျပာလာသည္။
" ကြၽန္မကိုမုန္းမွာလား? "
" မမုန္းပါဘူး ကိုယ္ကမင္းအတြက္စိုးရိမ္႐ုံပါ "
ရန္ရိ အသံကိုေပ်ာ့ေျပာင္းစြာေျပာလိုက္သည္။
" မင္းအစ္ကို ခဏေနရင္ေရာက္လာလိမ့္မယ္ "
ကုံးေဖးလန္ ေခါင္းညိတ္သည္။
ရန္ရိ သူမရဲ႕ မေက်နပ္မႈမ်ားကိုၾကည့္၍ ေမးခြန္းမ်ားသာေမးႏိုင္ေတာ့သည္။
" သူကမင္းနဲ႔ မ်ိဳး႐ိုးနာမည္တူတာပဲ ဘာလို႔ဝမ္းကြဲလို႔ေျပာတာလဲ? "
" အေဖတူတာပါ " ကုံးေဖးလန္ၾကည့္ရတာ သူ႕အေဖအေၾကာင္းထည့္ေျပာခ်င္ပုံမရ။
" oh.....သူဘာလို႔ လက္အိတ္နဲ႔ mask ဝတ္တာလဲ? "
" သူ႕မွာအသန္႔ႀကိဳက္တဲ့ေရာဂါ႐ွိတယ္ ပတ္ဝန္းက်င္က မသန္႔႐ွင္းဘူးလို႔ ထင္ရင္ mask တပ္တယ္ "
ရန္ရိ ႏွလုံးသားထဲ၌ စိတ္ဖ်ားခ်င္သလိုျဖစ္လာ၏။
" ကြၽန္မ လိမ္ဖို႔မရည္႐ြယ္ပါဘူး " ကုံးေဖးလန္ တိုးညႇင္းစြာေျပာသည္။
" ႐ွင့္ကို.... ကြၽန္မခ်စ္သူ လို႔ေျပာလိုက္မိတာ "
ရန္ရိ ျပဳံးေယာင္သမ္းသြားသည္။
" မင္းအဲ့လို အဓိပၸါယ္မ႐ွိတာေတြ ေလွ်ာက္မေျပာရဘူးေလ "
" ကြၽန္မ႐ွင့္ကို ကြၽန္မခ်စ္သူျဖစ္ေစခ်င္တာက ဘယ္ေလာက္အႏၲရာယ္မ်ားမ်ား ႐ွင္ကြၽန္မကို ကယ္ေပးႏိုင္မယ္ထင္လို႔ပါ "
" ကိုယ္ကယ္မွာပါ " ရန္ရိ အတည္အၾကည္ေျပာလိုက္၏။
" တကယ္လို႔ ကိုယ္တို႔က သူစိမ္းေတြဆိုရင္ေတာင္ မင္းကိုကာကြယ္ရမွာ ကိုယ့္တာဝန္ပါ "
ကုံးေဖးလန္ ရန္ရိကိုၾကည့္လိုက္သည္။ သူမရဲ႕လွပတဲ့မ်က္ဝန္းမ်ားကေတာ့ ရင္ထဲထိသြားမႈႏွင့္ မွီခိုအားထားမႈမ်ားျဖင့္ အေရာင္လက္ေနသည္။
ထိုအခ်ိန္၌ အစည္းအေဝးခန္းရဲ႕တခါးက တြန္းပြင့္လာခဲ့ၿပီး လူတစ္ေယာက္က ဒုန္းစိုင္းေလွ်ာက္ဝင္လာေတာ့သည္။
ရန္ရိ ၾကည့္လိုက္ေတာ့ထိုလူသည္က ဟိုေန႔ကသူ႕အား ေကာ္ရစ္တာမွာပိတ္ရပ္တဲ့သူ ျဖစ္မွန္းျမင္လိုက္ရ၏။
ကုံးရင့္႐ွန္ ကုံးေဖးလန္အားၾကည့္လိုက္သည္။
ထို႔ေနာက္ေတာ့ ရန္ရိကိုေဝ့ၾကည့္လိုက္ၿပီး သူ႕မ်က္လုံးမ်ားကေတာ့ ဆိုး႐ြားေနေခ်သည္။
ကုံးေဖးလန္ ေခါင္းငုံ႔ထားၿပီး ဘာမွမေျပာ။
ရန္ရိ အားလန္၏ေျခေထာက္အားတို႔လိုက္ကာ တစ္ခ်ိန္တည္းမွာပဲ ကုံးရင့္႐ွန္အားၾကည့္လိုက္သည္။
ကုံးရင့္႐ွန္ ေဘးဘီကိုၾကည့္လိုက္ၿပီး သူ႕ mask ကိုခြၽတ္ေႏွးေကြးစြာ ခြၽတ္လိုက္၏။
( T/N : ခြၽတ္ၿပီကြ!!!! Bj MD ရဲ႕ naked body ကိုျမင္ဖို႔ေစာင့္ရသလိုပဲ same energy : 3 )
ရန္ရိ ေတာင့္သြားသည္။
ေမာင္ႏွမ ႏွစ္ေယာက္ကအသြင္ျပင္ခ်င္းေတာ့တူသည္။ သို႔ေသာ္ ကုံးေဖးလန္က ကေလးဆန္ေနေသး၍ ကုံးရင့္႐ွန္မ်က္ႏွာသည္ကာ တကယ္ကိုလွပၿပီး ဆြဲေဆာင္မႈ႐ွိသည္။
မ်က္ႏွာအစိတ္အပိုင္းမ်ားက လက္ရာေျမာက္လွၿပီး ေဆးျခယ္ထားသကဲ့သို႔ျဖစ္သည္။
ဒါေပမယ့္ မိန္းမေတာ့ဆန္မေနေပ။
ကိုယ္ဟန္က ေအးစက္ကာ တည္တံ့သည္။
ခံစားလိုက္ရသည္ကား.....လွပတင့္တယ္မႈ။
ရန္ရိ ဒီလိုပတ္ဝန္းက်င္နဲ႔ ထိေတြ႕မႈမ႐ွိတဲ့သူမ်ိဳးကို တစ္ခါမွမေတြ႕ခဲ့ဖူးပါ။
သူ မီးပန္းေတြ မစားရင္ေတာင္ ထိုလူကား အမွန္တကယ္ကို တည္႐ွိပါ၏။
________________
✓ No Notes ....
________________