[ UNICODE ]
Chapter13.2
ညနေခင်း၌ အပတ်စဥ်အစည်းအဝေးပွဲကျင်းချိန်ရာ ရန်ရိ တပ်သားများအားလုံး စိတ်ဖိစီးနေကြသည်ကို တွေ့ရ၏။
ထို့ကြောင့် သူတို့ကိုစိတ်ပြေလျော့စေရန် တစ်ယောက်ချင်းအလှည့်ကျ အစီရင်ခံစေလိုက်သည်။
အစီရင်ခံပြီးနောက် ရန်ရိ အဖွဲ့၀င်သစ် ၃ယောက်ကို အဖွဲ့၀င်သည့်ပထမဆုံးအပတ်ရှိ အလုပ်များအားအကျဥ်းချုပ်ပြောခိုင်းသည်။
အရင်ကဆိုရင် တပ်သားအသစ်များက တစ်နှစ်တာအတွင်း မီးအရေးအခင်းနှင့် အခြားသော အန္တရာယ်များသည့်နေရာများ၌ ၀င်ပါခွင့်မရှိပေ။
ပထမနှစ်သည်ကား အခြေခံလေ့လာရေးနှင့် လေ့ကျင့်ရေးဖြစ်ပြီး ပိုင်နက်အတွင်းရှိနယ်မြေအစိတ်အပိုင်းတိုင်းကို သူတို့နှင့်အကျွမ်းတ၀င်ဖြစ်နေစေဖို့ စက်ဘီးနင်းရန်လည်းလိုသည်။
ဘယ်နေရာက အဓိကယူနစ်တွေလဲ၊ ဘယ်နေရာမှာ မီးသတ်ထောက်ပံ့ရေးပစ္စည်းတွေရှိလဲ၊ ဘယ်နေရာမှာ မိုးမျှော်အဆောက်အဦးတွေရှိလဲ၊ ဘယ်လမ်းတွေက ကျဥ်းလဲ၊ ဘယ်မြေပြင်အနေအထားက ရှုပ်ထွေးလဲ၊ အားလုံးသေချာသိနေပြီး မြေပုံဆွဲထားရမည်။
အခုခန့်ထားသော မီးသတ်သမားများက အတွေ့အကြုံရှိထားပြီးသူများဖြစ်သဖြင့် လိုအပ်ပါက ရှေ့တန်းသို့တိုက်ရိုက်သွားနိုင်သော်လည်း ပိုင်နက်နယ်မြေနှင့် ရင်းနှီးကျွမ်း၀င်နေဖို့တော့လိုသည်။
ရန်ရိ စိတ်ချမ်းသာရသည်။
သူအခုတစ်လော စခန်းကနေမကြာခဏအပြင်သွားရသော်လည်း စခန်းကတော့ ထုံးစံအတိုင်း တည်ငြိမ်လျက်ပင်။
အစည်းအဝေးပြီးတော့ အခန်းထဲ၌ ရန်ရိ နှင့် ချွီယမ်ပေါင် နှစ်ယောက်သာကျန်တော့ပြီး ချွီယမ်ပေါင်ကသူ့ကို ဘားမီးလောင်မှု စုံစမ်းရေးကိစ္စမေးသည်။
ရန်ရိ သူ့ကို အခြေအနေပြောပြလိုက်ပြီး စကားမစပ်လဲ ကုံးရင့်ရှန်အကြောင်း စောဒကတက်လိုက်သေး၏။
" အမှုက အရမ်းနီးစပ်နေပြီ ရဲဘက်ကတော့ အတော်ဖိအားများနေမယ်ထင်တယ် "
" အခုတော့ မီးရှို့မှုလားဆိုတာ သက်သေပြဖို့ သဲလွန်စမလုံလောက်ဘူး တကယ်လို့ ဟော်သျောင့်က မီးရှို့မှုလားမသဲကွဲရင် ရဲဘက်ကိုလက်မလွှဲလိုက်သင့်ဘူး အခုတော့အကုန်ပြောင်းပြန်လန်ကုန်ပြီ လူထုကအထင်အမြင်ဖိအားတွေနဲ့ ဘယ်လိုလုပ်ပြသနာလုပ်ရဲပါ့မလဲ "
" ဒီမတော်တဆမှုက ဆုံးရှုံးမှုအကြီးကြီးဖြစ်သွားပြီး လူတွေကလည်း ဖြေရှင်းချက်အသည်းအသန်တောင်းနေတာ လုံး၀မဖြစ်နိင်ဘူး နောက်ပြီးတော့ အခုက မီးရှို့မှုမဟုတ်ဘူးဆိုတဲ့ သံသယအနေအထားတွေအများကြီးရှိနေတယ် သူတို့မယုံမှာပဲစိုးတယ် "
ရန်ရိ သက်ပြင်းချသည်။
" ငါမတွေးကြည့်ရဲဘူး ဒါပေမယ့် (မီးရှို့မှု) မဟုတ်ဘူးဆိုတာပဲမျှော်လင့်တယ် လူမဆန်တဲ့လုပ်ရပ်တစ်ခုလျော့သွားတာပေါ့
ပြီးတော့ ငါအဲ့ ကုံးမျိုးရိုးနဲ့အလုပ်တွဲလုပ်ရတာ ငါသူ့ကို တစ်နေ့ ရှစ်ခါလောက် ထုရိုက်ချင်စိတ်ပေါက်ရတယ် တကယ်ပဲ "
" မင်းကအလုပ်လုပ်နေတာပဲ မိတ်ဆွေဖွဲ့နေတာမှမဟုတ်တာ သည်းခံထားစမ်းပါ ပြောရရင် မင်းအခြားသူတွေရဲ့ အားသာချက်ကိုလည်းကြည့်ရမယ် ဒေါက်တာကုံးပဲထား၊ သူ့မှာဘာ အားသာချက်တွေရှိလဲ? "
ရန်ရိ သူ့မေးကိုအချိန်အကြာကြီးပွတ်နေပြီး အတည်အတံ့ပြောလိုက်သည်။
" သူဖင်က အတော်ဖွံ့ထွားတယ်ကွ "
ချွီယမ်ပေါင်က အပြုံးဖြင့်ဆူသည်။
" ထွက်သွားစမ်း "
" ဟေး နေပါဦး မင်းစကားကဘာလို့သူပြောတာနဲ့တူနေတာလဲ? "
" ဘာတူလို့လဲ? "
" ဘယ်အလုပ်ကများ မိတ်ဆွေဖွဲ့လို့မရမှာလဲ? ငါတို့အလုပ်မှာသူငယ်ချင်းလုပ်ဖို့ပဲ ဆုံကြတာမဟုတ်လား? ငါတို့အလုပ်မှာပဲ ညီအစ်ကိုအများကြီးနဲ့သိခဲ့ကြတာမဟုတ်ဘူးလား? "
" ကျစ် မင်းဘာကိုအထွန့်တက်နေတာတုန်း "
ချွီယမ်ပေါင်ပြောသည်။
" ငါမင်းကို အလင်းပြနေတာပါကွာ "
ရန်ရိ နှာမှုတ်လိုက်သည်။
" အကြီးအကဲက မင်းကိုလွှတ်လိုက်တာ သိပါတယ် "
ချွီယမ်ပေါင်ပြုံးကာ သူ့ပခုံးကိုပုတ်သည်။
=========
[T/n : sorry နည်းနည်းလေးကိုမေ့ကျန်ခဲ့တာ ]
=========
Chapter 14
နောက်ရက်အနည်းငယ်အတွင်း ကုံးရင့်ရှန် ရန်ရိကိုထပ်ပြီး မဆက်သွယ်ပေ။
ရန်ရိ အစက မီးစုံစမ်းတွင်ကူညီရန်သာ တာ၀န်ယူခဲ့ပြီး ဒီတစ်ခေါက်မီးသုံးသပ်ရေးကိစ္စက အခက်အခဲနည်းသည်။
မီးလောင်တဲ့အချိန်၊ မီးလောင်ရတဲ့အကြောင်းရင်း၊ အခင်းနေရာကိုသွားတဲ့အချိန်၊ အားလုံးရှင်းလင်းနေပြီး တကယ့်ရှုပ်ထွေးတဲ့အပိုင်းကား တာ၀န်ယူရမည့်သူကိုစုံစမ်းခြင်းပင်။
အဲ့တာက ရဲတာ၀န်ပဲဆိုတော့ သူ(ကုံးရင့်ရှန်)လည်း သေချာပေါက် တာ၀န်ထမ်းဆောင်နေရမည်ပေါ့။
ဒါပေမယ့် သူ(ရန်ရိ) ဒီအထိတောင်၀င်ပါခဲ့ပြီးမှ ထုံးစံအတိုင်း တိုးတက်မှုနဲ့ ရလဒ်တွေကိုလည်းသိချင်မိသည်။
ကုံးရင့်ရှန်က အစီအငေါ်မတည့်ဘူးလို့သူထင်ပြီး သူ့ဘက်ကစပြီးတော့လည်း မဆက်သွယ်ချင်ပေ။
ခဏလောက် လွန်ဆွဲနေပြီး ရန်ရိမနေနိုင်တော့ဘဲ ကုံးရင့်ရှန်ကို စာပို့လိုက်သည် :
" အခြားတိုးတက်မှုတွေရှိလား? "
အချိန်အကြာကြီးစောင့်နေပြီး၊ ကုံးရင့်ရှန်ကတော့ စာမပြန်ခဲ့ပေ။
ရန်ရိ အလွယ်ပင် ဖုန်းခေါ်လိုက်ပြီး ဖုန်းမြည်တာနဲ့တန်းချလိုက်သည်။
ကုံးရင့်ရှန်စာပြန်လာ၏။ : " နောက်မှ "
ရန်ရိ သက်ပြင်းချလိုက်သည်။
ထိုအချိန်၌ တင်းချင်က ရန်ရိရုံးခန်းတံခါးကိုခေါက်လာ၏။
" ခေါင်းဆောင် ပေါင်အိုက်လမ်းမှာကယ်ခဲ့တဲ့ အမျိုးသမီးမိသားစုလာတွေ့ပါတယ် "
" အို့ ကောင်းပြီ "
ရန်ရိထပြီး အောက်ထပ်လိုက်ဆင်းသွားလိုက်သည်။
မိသားစုသုံးယောက် ဧည့်တွေ့ခန်း၌ထိုင်နေကြပြီး ၊ လက်မောင်းတွင်ပတ်တီးစည်းထားသည့် အမျိုးသမီးကမော်တော်ဆိုင်ကယ်အပိုင်းဖြင့် ထိမိသောအမေငယ်လေးဖြစ်ကာ သူ့ယောက်ျားကတော့ သူတို့သားလေးကိုချီထားသည်။
ရန်ရိနှင့်အခြားသူများ အခန်းထဲ၀င်သွားသည်နှင့် ကျေးဇူးတင်သည့်အမူအရာဖြင့်ပြာပြာသလဲလဲ မတ်တပ်ရပ်လိုက်ကြသည်။
အဖေဖြစ်သူက အားရ၀မ်းသာပြောလာသည်။
" မင်းက ခေါင်းဆောင်လား? မင်္ဂလာပါ မင်္ဂလာပါ "
ရန်ရိ လက်ဆန့်ထုတ်ပေးလိုက်ကာ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
" မင်္ဂလာပါဗျ "
သူ့အမျိုးသမီးဘက်ကြည့်လိုက်ပြီး :
" မင်းဆေးရုံဆင်းတာအတော်စောသားပဲ? "
သူစိတ်အေးသွားသလိုခံစားရသည်။
အမျိုးသမီးက ကျေးဇူးတင်လျက်ပြောလာ၏။
" ကျွန်မဆေးရုံကမြန်မြန်ဆင်းနိုင်တာ ရှင့်ကြောင့်ပါပဲ ကျွန်မအမျိုးသားကို မျက်နှာချင်းဆိုင်တွေ့ရမယ်လို့ပဲပြောပြောနေတာ ကျွန်မအသက်ကိုကယ်ပေးတာကျေးဇူးတင်ပါတယ်ရှင် "
ရန်ရိ ပြုံးလျက်ပြောလိုက်သည်။
" ယဥ်ကျေးနေပါပြီဗျာ ဒါကျွန်တော်တို့တာ၀န်ပါပဲ နောက်ပြီး အဲ့တုန်းက ဖြတ်လတ်တဲ့လမ်းသွားလမ်းလာတွေဆီကလည်း အတော်အကူအညီရတယ် "
" အင်း သူတို့က အတော်တက်ကြွတဲ့သူတွေပဲ ဒါပေမယ့် အရေးကြီးကိစ္စတွေမှာတော့ ကျွမ်းကျင်တဲ့အရည်အချင်းကပိုအရေးပါတယ်ဗျ ဆရာ၀န်ပြောတာက
အဲ့အချိန်သာ အပိုင်းစကို အမြန်ဆွဲထုတ်လိုက်ရင် ကျွန်တော့်မိန်းမ သွေးထွက်လွန်ပြီး ဆေးရုံတောင်ပို့နိုင်မှာမဟုတ်ဘူးတဲ့
ခေါင်းဆောင်ကိုကျေးဇူးတင်ပါတယ်ဗျာ မီးသတ်တပ်ဖွဲ့၀င်တွေကိုရောပဲ ကျေးဇူးပါ ကျွန်တော်တို့မိသားစုရဲ့ ကယ်တင်ရှင်တွေပါပဲ "
အဖေငယ်လေးက မျက်လုံးများရဲကာပြောလာသည်။
အမေလေးက သူ့သားလက်လေးကိုဆွဲလိုက်၏။
" ကလေးငယ် သားမှာ ဦးဦး မီးသတ်သမားအတွက်လက်ဆောင်ရှိတယ်မလား? "
ကလေးလေးက တွန့်ဆုတ်ဆုတ်ဖြင့် အရှက်ပိုကာ အနောက်ဘက်မှ နှုတ်ဆက်ကတ်လေးကိုဆွဲထုတ်၍ ရန်ရိထံ ကမ်းပေးလာသည်။
နှုတ်ဆက်ကတ်လေးပေါ်တွင်တော့ သူနှင့် သူ့အမေဘေးတွင် ကယ်ဆယ်ရေး၀တ်စုံ၀တ်ဆင်ထားသည့်သူများ ၀န်းရံနေပုံကို ကလေးဆန်ဆန်ရောင်စုံဖြင့် ရေးဆွဲထား၏။
ရန်ရိ ပြုံးကာ သူရင်ဘတ်သည်ကား နွေးထွေးမှုဖြင့် ပြည့်နှက်နေလျက်၊ သူကောင်လေးရဲ့ မျက်နှာသေးသေးလေးကို ညှစ်လိုက်ပြီး :
" အရမ်းကောင်းတဲ့ ပန်းချီလေးပဲ ကျေးဇူးပါ "
စုံတွဲက ထပ်ခါကျေးဇူးတင်ပြန်သည်။
စွန်းတင့်ရိ အပြုံးဖြင့်ပြောသည်။
" ကျွန်တော်တို့ရဲ့ လေးနက်တဲ့တာ၀န်က လူ့အသက်ကယ်ဖို့ပါပဲ အရမ်းယဥ်ကျေးဖို့မလိုပါဘူးဗျာ မင်းပြန်ကောင်းလာတာမြင်ရတာနဲ့တင် ကျွန်တော်တို့ပီတိဖြစ်နေပါပြီ "
စွေ့ရိရှောင်း ခံစားချက်ထင်ဟပ်လျက် ပြောလိုက်သည်။
" ဟုတ်တယ် ကျွန်တော်တို့လူတိုင်းကို မကယ်နိုင်ခဲ့တာတော့ ၀မ်းနည်းစရာပဲ "
သူနှင့် ရန်ရိတို့က ထိုအချိန် ကောင်ငယ်လေးဖြည်းဖြည်းချင်း အသက်ဆုံးသွားတာကို မြင်လိုက်ရသည့်သူများပင်။
သူ စီးကျနေသော သွေးများမှ ခြစ်ခြစ်တောက်အပူနှုန်းကိုပင် မှတ်မိနေသေးသည်။
ထိုအနံ့, ဒီရက်တွေမှာသူပြန်တွေးမိလိုက်တိုင်း စိတ်ဖိစီးရသည်သာ။
" ဘယ်သူလဲ? "
အဖေငယ်လေးက တစ်ခဏတောင့်သွားသည်။
" အဲ့ကောင်လေးတော့ မဟုတ်ဘူးမလား? သူသေသင့်တာပဲမလား? ဘာသနားစရာလိုလဲ "
ဒီတစ်ခါတော့ ရန်ရိနှင့်အခြားသူများ တောင့်သွားရသည့်အလှည့်ပင်။
ကလေးအဖေက အံကြိတ်ကာပြောသည်။
" မြို့ပတ်လမ်း 5 မှာဆိုင်ကယ်မောင်းလို့မရဘူး သူကအမျိုးရဲ့ဆိုင်ကယ်ကိုခိုးလာပြီး မီးနီကိုဖြတ်မောင်းတယ် သူလည်းသေပြီး အခြားသူတွေကိုပါသေအောင်လို့လုပ်တာ အင်တာနက်မှာလည်း သူ့ကိုဆဲဆိုနေကြတဲ့သူတွေချည်းပဲ အဲ့လိုလူမျိုးက လူတွေဒုက္ခလျော့သွားအောင် မြန်မြန်သေသင့်တယ် "
ရန်ရိ နှုတ်ဆိတ်သွားသည်။
စွေ့ရိရှောင်း မျက်မှောင်ကြုတ်ကာ အခက်အခဲတချို့ဖြင့်ပြောလာ၏။
" သူကအခုမှ ၁၅ နှစ်ပဲရှိသေးတယ် သူအမှားလုပ်မိတာလောက်ပါပဲ သူဘယ်လိုသေမယ်မှန်းတောင်သိခဲ့တာမဟုတ်ဘူး...."
" သူသေဖို့လား? "
ကလေးအဖေက အသံကိုမြှင့်ကာ ဒေါသထွက်၍ပြောသည်။
" အမှားမလုပ်တဲ့သူတွေကရော သေဖို့တန်လို့လား? ကျွန်တော်မိန်းမကျတော့ရော? ကားသမားအတွက်ကျတော့ရော? ကျွန်တော့်သားက အခုမှ ၄ နှစ်ပဲရှိသေးတယ် သူ့မှာအမေမရှိတော့ရင် ဘယ်လိုလုပ်မလဲ? အဲ့လိုမျိုးမိဘသွန်သင်မှုမရှိတဲ့သူတွေက ကြီးပြင်းလာလဲ အပိုပဲ! "
စွေ့ရိရှောင်း ပြောချင်သည့်စကားက ရန်ရိမျက်လုံးများဖြင့် ဟန့်တားခံလိုက်ရသည်။
ကလေးအမေက သူ့ယောက်ျားကိုတွန်းကာ တိုးတိုးပြောသည်။
" မပြောနဲ့တော့ "
ကလေးအဖေလည်း သူအပြောမှားသွားသည်ကို သတိထားမိသွားပြီး လေထုက ရုတ်တရက် မျက်နှာပူစရာဖြစ်လာသည်။
ရန်ရိ အေးအေးဆေးဆေးပြောလိုက်၏။
" မင်းမြန်မြန် သက်သာလာဖို့ဆုတောင်းပေးပါတယ် "
မိသားစုသုံးယောက်လည်း အသိတရားရှိရှိနဲ့ ပြန်သွားကြတော့သည်။
စွေ့ရိရှောင်း ရန်ရိကိုကြည့်ကာ လေးလေးပင်ပင်ပြောလိုက်၏။
" ခေါင်းဆောင်ရန် သူသေသင့်လား? သူက ကလေးပဲရှိသေးတယ် သူအမှားလုပ်မိခဲ့ပေမယ့် နောင်ဆယ်စုနှစ်တစ်ခုမှာ ပိုမှန်တဲ့အရာတွေလုပ်လာနိုင်လောက်တယ် ဒါပေမယ့် သူ့မှာနောက်ထပ်အခွင့်အရေးမရှိတော့ဘူး.."
ရန်ရိ ထိုမေးခွန်းကိုမဖြေ။
ကမ္ဘာပေါ်က မေးခွန်းတိုင်းကို 'ဟုတ်တယ်' ' မဟုတ်ဘူး' လို့ပဲဖြေမရပေ။
သူ စွေ့ရိရှောင်း ပခုံးကို ပုတ်ပေးလိုက်သည်။
" သူသေသင့်လားဆိုတာ ငါတို့မဆုံးဖြတ်သင့်ဘူး ဒါပေမယ့် နစ်နာသူမိသားစုကလည်း သူ့အခြေအနေနဲ့သူရှိတာပဲ ငါတို့နားလည်ပေးဖို့လိုတယ် "
စွေ့ရိရှောင်း ၀မ်းနည်းနည်းနှင့် ခေါင်းငုံ့သွားပြီး စွန်းတင့်ရိကတော့ သက်ပြင်းချသည်။
==========
ညနေဘက် ညစာစားပြီးချိန်မှာတော့ ကုံးရင့်ရှန် ဖုန်းပြန်ဖြေသည်။
ရန်ရိ သူ(ကုံးရင့်ရှန်) ဖုန်းဖြေလိမ့်မယ်လို့ လုံး၀မမျှော်မှန်းထားပေ။
သူ(ကုံးရင့်ရှန်) ဖုန်းကိုင်လိုက်တော့ သူအတော်အံ့သြသွားရပြီး သံသယ၀င်ကာပြောလိုက်သည်။
" မင်းဘာလို့ ဖုန်းကိုင်တာလဲ? မင်းငါ့ကိုထပ်ဆက်သွယ်ချင်သေးတယ်ပေါ့? "
ကုံးရင့်ရှန် ရပ်သွားပြီး
" ...အဲ့တာဆို ကျွန်တော်ဖုန်းချလိုက်မယ် "
" ဟေး ခဏနေဦးလေ "
ရန်ရိ နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။
" မင်းရှာတွေ့တာတွေ ငါ့ကို မြန်မြန်ပြောပြ "
" ဆိုက်ဘာမှုခင်းက အဖွဲ့သားက ကျိုးချွမ်းသက်သေခံကို အတည်ပြုလိုက်တယ် သူကတကယ်ကို dark web ရဲ့လက်အောက်ခံ နယ်ပယ်အမည်တုနဲ့ live broadcast တွေလုပ်နေတာပဲ "
ရန်ရိ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
" နယ်ပယ်အမည်တု? တကယ်လို့ website က log out လုပ်လိုက်ရင်တောင် ခြေရာလက်ရာတော့ကျန်ခဲ့မှာပဲ မင်း dark web ကိုခြေရာခံကြည့်လို့ရလား? "
" dark web ကိုရှာတွေ့တယ် ဒါပေမယ့် server တွေအားလုံးက နိုင်ငံခြားက, ပြီးတော့ ကမ္ဘာတစ်ဝှမ်းလုံးပဲ။
အန္တရာယ်ကင်းဖို့နဲ့ user တွေကိုကွယ်ဝှက်ထားဖို့ website က live broadcast တွေအားလုံးကို ကျပန်းအမည်တုနယ်ပယ်တွေတင်တယ်
အမည်တုနယ်ပယ်တွေက ကမ္ဘာတစ်ဝှမ်း အေးဂျင့်တွေကနေတစ်ဆင့် မိနစ်တိုင်းပြောင်းလဲညွှန်ပြနေတယ် တစ်ခါပြောင်းသွားတာနဲ့ လုပ်ငန်းတွေအကုန်လုံးက ခြေရာမခံနိုင်တဲ့ငွေမည်းတွေလိုပဲ..
log in ၀င်တဲ့လူတွေက ရှေ့ဆက်ဖို့အတွက် host setting , ကိုယ်စားလှယ် IP ( internet protocol ), ရွေ့လျား website တွေနဲ့ အခြား ရှုပ်ရှုပ်ထွေးထွေးလုပ်ငန်းလုပ်ရတယ်
နိုင်ငံခြားအခြေစိုက် server နဲ့ပတ်သက်တဲ့ website မှာ ကျွန်တော်တို့ပိုင်နက်မရှိဘူး
ဒါပေမယ့် နိုင်ငံထဲက log in ၀င်ထားတဲ့သူမှာတော့ ရှိတယ်
boradcast room ထဲကလူတွေ မလုံခြုံဘူးလို့ထင်တာနဲ့ သူတို့ click လေးတစ်ချက်နှိပ်ပြီး log out လိုက်လို့ရတယ်
live broadcast တစ်ခုပြီးတာနဲ့ သူတို့အလိုအလျောက် log out ပြီးသား၊
log out ပြီးတာနဲ့ ပါ၀င်တဲ့အချက်အလက်တွေအားလုံး internet ကနေ ပျောက်ကွယ်သွားတယ်
ကျန်ခဲ့တဲ့တစ်ခုတည်းသောအရာက လက်ခံသူရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေပဲ "
" အဲ့တာဆို မင်း ကျိုးချွမ်း computer ကဘာရှာတွေ့လဲ? "
" website ရဲ့ လုံခြုံရေးနည်းပညာက ကမ္ဘာ့ထိပ်တန်း hacker တွေအဆင့်ရှိတော့ ဝှက်စာဖော်ဖို့ အရမ်းခက်တယ်
ဒီ website က မီးရှို့မှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့သက်သေတွေမရှိသေးခင်တော့ လူအင်အားသုံးဖို့ မဖြစ်နိုင်ဘူး
အဲ့တာကြောင့် ကျွန်တော်တို့ ကျိုးချွမ်း computer ကနေပဲ စရှာလို့ရပြီး စာအချို့တွေ့တယ် "
" စာတွေ? "
" သူတို့အများစုက အင်္ဂလိပ်တွေ ဒါပေမယ့် တရုတ်တွေရောပဲ "
" သူတို့ IP ရှာလို့မရဘူးလား? "
" မရဘူး ခုနကပြောပါတယ် တကယ်လို့ live broadcast ထဲမှာဆိုရင်တောင် IP က မိနစ်တိုင်းကိုပြောင်းလဲနေတာ
live broadcast လုပ်နေတုန်း ကိုယ်ရေးကိုယ်တာ IP ကိုကြည့်ဖို့ဆိုတာ ခက်ခဲတယ်
အခု နယ်ပယ်အမည်တု ကလည်း cancel ခံလိုက်ရပြီ ကျိုးချွမ်း computer ကနေစစ်မယ်ဆိုရင် website က data တွေကလွဲပြီး ဘာမှစစ်ဖို့မဖြစ်နိုင်ဘူး "
" ဒါပေမယ့် website က ပိုဖောက်ဖို့ခက်တာပဲ "
" ကောင်းပြီ, အဲ့တော့ ကျွန်တော်တို့ လက်ရှိသဲလွန်စတွေက ဒီလောက်ထိပဲ "
" စာသား အချက်အလက်တွေရော? "
" အဓိကအားဖြင့်တော့ ကျိုးချွမ်းကို အကျပ်အတည်းဖြစ်ချင်လား တစ်ခုခုလုပ်မလားလို့မေးရမှာပဲ စာသားတွေနဲ့ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဖော်ထုတ်ဖို့ သက်သေမရှိဘူး ဒါပေမယ့် အချိန်လိုက်မှတ်တမ်းနဲ့ တရုတ်စာသားစနစ်တွေအရ အနည်းဆုံး တရုတ် ၃ ယောက်တော့ live broadcast ကြည့်နေကြတယ် "
ရန်ရိ အသက်ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
" သူတို့က မီးရှို့သမားတွေ ဖြစ်နိုင်လောက်လား? "
" မသိဘူး အခုထိတော့ဆက်စပ်ဖို့ သက်သေမရှိဘူး "
ကုံးရင့်ရှန် အသံက အနည်းငယ်လေးတွဲ နေသည်။
" ဒီအမှုကိုလိုက်ဖို့ လမ်းစ ၄ ခုပဲရှိတယ် နှစ်ခုက ယာယီလမ်းဆုံးကို ရောက်နေပြီ တစ်ယောက်က ခိုင့်၀မ် အခြားတစ်ယောက်က ဘားပိုင်ရှင်၊
ပြိုင်ဘက်တွေ ၊ ကျိုးချွမ်းနဲ့ ခိုင့်၀မ်ရဲ့အပေါင်းအသင်းတွေကို ကျွန်တော်တို့ လိုက်နေတုန်း၊ အမှန်တကယ်တိုးတက်တာတော့ မရှိသေးဘူး။ ပြီးတော့...
ကျိုးချွမ်းကလည်း အုပ်ချုပ်ရေးအရ ရက်အနည်းငယ် စောင့်ဆိုင်းပြီးလွတ်သွားပြီ
ထပ်ပြီး စုံစမ်းဖို့အရမ်းခက်ခဲလိမ့်မယ် "
ရန်ရိ ခေါင်းကုတ်သည်။
" အမှုဖြေရှင်းတဲ့နေရာမှာ အဟန့်အတားခံရမှာတော့ ပုံမှန်ပဲ မင်းအရမ်းကြီး စိုးရိမ်ဖို့မလိုပါဘူး "
ကုံးရင့်ရှန်က စိတ်ပျက်လက်ပျက်သက်ပြင်းချသည်။
" အဲ့ဒီ့ dark web, ဘာလုပ်တာလဲ? "
ဒီတစ်ခါတော့ ရန်ရိ ဖုန်းလိုင်းကျသွားတယ်လို့ပင် ထင်မိသည်အထိ ကုံးရင့်ရှန်အကြာကြီး တိတ်သွားသည်။
သူမနေနိုင်ဘဲ မေးကြည့်လိုက်ရ၏။
" မင်း ရှိနေသေးလား? "
" ခင်များ မသိချင်ပါနဲ့ "
ကုံးရင့်ရှန် ပျော့ပျော့ပြောင်းပြောင်း ပြောလာသည်။
ရန်ရိ နှလုံး လှုပ်ခတ်သွားရလျက်၊
ဖုန်းထဲကနေတောင် ကုံးရင့်ရှန်အသံ တုန်ရီနေသည်ကိုသူ သေချာ ကြားနိုင်နေ၏။
အဲ့တာ အကြောက်တရားများလား? မဟုတ်ဘူး ဒေါသနဲ့ပိုတူတယ်၊ ပြီးတော့.....အမုန်းတရား။
ရန်ရိ မျက်မှောင်ကြုတ်ကာ မနေနိုင်မထိုင်နိုင် လေးလေးပင်ပင်ခံစားလာရသည်။
သူ dark web ကိုတစ်ခါမှမရောက်ဖူးချေ။
ဒါပေမယ့် သူကြားဖူးသည်၊ မစွမ်းနိုင်လောက်တဲ့ အမှောင်၊ နတ်ဆိုးဆန်တဲ့ကမ္ဘာ၊ လူတွေတွေးထင်မိလောက်တဲ့ နတ်ဆိုးတွေ မတွေးထင်မိနိုင်လောက်တဲ့ နတ်ဆိုးတွေ နဲ့ပြည့်နေလေသတဲ့။
သူပြောလိုက်သည်။
" အဲ့ website....ဘယ်လိုခေါ်လဲ? "
" Seraph , ဓမ္မကျမ်းစာဟောင်းက မီးနတ်ဘုရား ၊ အမြင့်မြတ်ဆုံးအဆင့်ပဲ အလင်းနဲ့မီးလျှံတို့ပေါင်းစည်းထားတဲ့ စိတ်၀ိညာဥ်ရှိတယ် "
ဖုန်းချပြီးနောက် ရန်ရိ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ပေ။
သူ မီးသတ်ခြင်းနဲ့ပဲ အချိန် ၈ နှစ်ကုန်ဆုံးခဲ့ပေမယ့် သူအပြင်အ၀တ်တွေနဲ့ကတည်းက အဆက်အသွယ်ရှိခဲ့သည်။
သူ့အဖေအတွေ့အကြုံတွေရော သူ့ကိုယ်ပိုင်အတွေ့အကြုံတွေရောပေါင်းပြီး သူ သာမန်လူတွေနဲ့မတူတဲ့ လောကကိုမြင်တွေ့ခဲ့ရ၏။
သို့ပေမယ့် သူတစ်လျှောက်လုံး မီးနဲ့အဆက်အဆက်ရှိခဲ့လည်း မီးရှို့သမားတွေနဲ့ ဆုံကြုံဖို့တော့ အလွန်ခဲယဥ်းသည်။
မီးရှို့သမား ဆိုသည်က ပြစ်မှုကိုမီးရှို့ကျူးလွန်သူများအားလုံးအတွက် အစုအဖွဲ့စကားလုံးမဟုတ်ပေ။
အကယ်၍ လူတစ်ယောက်က မတော်တဆမီးလောင်စေခဲ့လျှင် မီးရှို့သည်ဟုမခေါ်။
လူတစ်ယောက်က အခြားသူတွေကိုသတ်ရန် မီးရှို့ဖို့ကျပန်းရွေးချယ်ခဲ့လျှင် သို့မဟုတ် သက်သေကို မီးဖြင့်ရှင်းပစ်လျှင် ၎င်းက ပစ်မှုကျူးလွန်သည့်လက်နက်မှာ မီး ဟူ၍သာပြောနိူင်သည်။
အသက်တွေ၊ ပစ္စည်းဥစ္စာတွေကို တမင်တကာရည်ရွယ်၍သော်လည်းကောင်း ကြိုတင်ကြံစည်ထား၍သော်လည်းကောင်း မီးရှို့ခဲ့ပါမှ မီးရှို့မှုဖြစ်သည်။
မီးရှို့သူများအနက်မှ မီးလောင်စေလိုသူ ဖြစ်နိုင်ချေမှာအတော်နည်းပါး၏။
မီးရှို့သူအများစုက ရာဇ၀တ်မှုရည်ရွယ်ချက်ကို ပိုထိရောက်စေဖို့သာ မီးရှို့ကြပြီး မီးလောင်စေလိုသူရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ မီးရှို့ရန်သာဖြစ်သည်။
အသက်နှင့် ဥစ္စာဆုံးရှုံးမှုများက ပူးတွဲ၍များပြားလှစွာ။
သို့ပေမယ့် ကုံးရင့်ရှန် အစဖော်နေတဲ့ dark web က သူတို့ကို မီးရှို့သမားများအမှောင်ထဲတွင် ပုန်းကွယ်နေကြောင်း သိစေသည်။
=======
မရှင်းတာရှိရင် မေးခဲ့ပါ ဖြေပေးမယ်နော်
အဲ့ မီးနတ်ဘုရားပုံကို အပေါ်ဆုံးက media မှာထည့်ပေးထားတယ်
ကြည့်လိုက်ပါ
Dark web လုပ်ငန်းစဥ်တွေကတော့ သိတဲ့အတိုင်းရှုပ်နေတာပဲ ကျွန်တော်လည်းအဲ့လောက်ထိမနှံ့စပ်တော့ ဦးနှောက်ကိုခြောက်နေရောပဲ အစကတော့ စာကိုဘာသာပြန်ရုံပဲကို ဘာခက်မှာလဲ လို့ထင်ခဲ့သမျှ သေချင်စိတ်တွေပေါက်လာပြီ
အခုအပိုင်းကတိုပေမယ့် ကျွန်နော်မအားတာရယ် အပျင်းတစ်နေတာရယ်နဲ့ ကြံ့ကြာနေတာ
နေ့တိုင်း တစ်နေကုန် ဆိုငိထိုင်နေရတော့လည်း အိမ်ပြန်ရောက် တန်းနားချင်တာပေါ့လေ အဟင့်
ဒီညတော့ ပျင်းနေလို့မဖြစ်ဘူးဆိုပြီး
ch 13.2 အကျန်လေးရော 14 တစ်ပိုင်းလုံးရောတင်ပေးလိုက်တယ်
(အပိုတွေ crh ကို လည်စီးပေးမလို့ ထိုင်ထိုးနေတာ ဆောင်း၀င်ပြီလေ >//////<)
စာတွေကဖတ်ရပြေအောင် မူရင်းနဲ့အတိအကျမဟုတ်ဘဲရေးပေးထားတယ် စာသားဆန်နေလည်း ဖတ်ရတာနားမလည်မှာစိုးလို့ ကိုယ်နားမလည်တဲ့နေရာတွေဆို ပိုကြောက်တယ် ကျွန်တော်နားမလည်ဘဲ စွတ်ရေးလိုက်ရင် ခင်များတို့ပါ နားမလည်ဖြစ်နေမှာကြောက်တာ
နားလည်တယ်မလားဗျာ
နောက်ပြီး ကျနော့် reader လေးတွေကိုချစ်တာတစ်ခုရှိတယ် ferdback ပေးတိုင် up up ဆိုပြီးဖြစ်သလိုရေးမသွားဘဲ သေချာ စိတ်လေးနဲ့ပြောပေးကြတယ် ဆွေးနွေးကြတယ် အရမ်းချစ်ဖို့ကောင်းကြပါတယ် zawgyi reader လေးတွေက တိတ်နေတာပဲနော် ရှိမှရှိရဲ့လား???
good night
- lynx
-19 11 2020
=============
[ZAWGYI]
Chapter13.2
ညေနခင္း၌ အပတ္စဥ္အစည္းအေဝးပြဲက်င္းခ်ိန္ရာ ရန္ရိ တပ္သားမ်ားအားလုံး စိတ္ဖိစီးေနၾကသည္ကို ေတြ႕ရ၏။
ထို႔ေၾကာင့္ သူတို႔ကိုစိတ္ေျပေလ်ာ့ေစရန္ တစ္ေယာက္ခ်င္းအလွည့္က် အစီရင္ခံေစလိုက္သည္။
အစီရင္ခံၿပီးေနာက္ ရန္ရိ အဖြဲ႕၀င္သစ္ ၃ေယာက္ကို အဖြဲ႕၀င္သည့္ပထမဆုံးအပတ္ရွိ အလုပ္မ်ားအားအက်ဥ္းခ်ဳပ္ေျပာခိုင္းသည္။
အရင္ကဆိုရင္ တပ္သားအသစ္မ်ားက တစ္ႏွစ္တာအတြင္း မီးအေရးအခင္းႏွင့္ အျခားေသာ အႏၲရာယ္မ်ားသည့္ေနရာမ်ား၌ ၀င္ပါခြင့္မရွိေပ။
ပထမႏွစ္သည္ကား အေျခခံေလ့လာေရးႏွင့္ ေလ့က်င့္ေရးျဖစ္ၿပီး ပိုင္နက္အတြင္းရွိနယ္ေျမအစိတ္အပိုင္းတိုင္းကို သူတို႔ႏွင့္အကြၽမ္းတ၀င္ျဖစ္ေနေစဖို႔ စက္ဘီးနင္းရန္လည္းလိုသည္။
ဘယ္ေနရာက အဓိကယူနစ္ေတြလဲ၊ ဘယ္ေနရာမွာ မီးသတ္ေထာက္ပံ့ေရးပစၥည္းေတြရွိလဲ၊ ဘယ္ေနရာမွာ မိုးေမွ်ာ္အေဆာက္အဦးေတြရွိလဲ၊ ဘယ္လမ္းေတြက က်ဥ္းလဲ၊ ဘယ္ေျမျပင္အေနအထားက ရႈပ္ေထြးလဲ၊ အားလုံးေသခ်ာသိေနၿပီး ေျမပုံဆြဲထားရမည္။
အခုခန္႔ထားေသာ မီးသတ္သမားမ်ားက အေတြ႕အႀကဳံရွိထားၿပီးသူမ်ားျဖစ္သျဖင့္ လိုအပ္ပါက ေရွ႕တန္းသို႔တိုက္႐ိုက္သြားႏိုင္ေသာ္လည္း ပိုင္နက္နယ္ေျမႏွင့္ ရင္းႏွီးကြၽမ္း၀င္ေနဖို႔ေတာ့လိုသည္။
ရန္ရိ စိတ္ခ်မ္းသာရသည္။
သူအခုတစ္ေလာ စခန္းကေနမၾကာခဏအျပင္သြားရေသာ္လည္း စခန္းကေတာ့ ထုံးစံအတိုင္း တည္ၿငိမ္လ်က္ပင္။
အစည္းအေဝးၿပီးေတာ့ အခန္းထဲ၌ ရန္ရိ ႏွင့္ ခြၽီယမ္ေပါင္ ႏွစ္ေယာက္သာက်န္ေတာ့ၿပီး ခြၽီယမ္ေပါင္ကသူ႔ကို ဘားမီးေလာင္မႈ စုံစမ္းေရးကိစၥေမးသည္။
ရန္ရိ သူ႔ကို အေျခအေနေျပာျပလိုက္ၿပီး စကားမစပ္လဲ ကုံးရင့္ရွန္အေၾကာင္း ေစာဒကတက္လိုက္ေသး၏။
" အမႈက အရမ္းနီးစပ္ေနၿပီ ရဲဘက္ကေတာ့ အေတာ္ဖိအားမ်ားေနမယ္ထင္တယ္ "
" အခုေတာ့ မီးရႈိ႕မႈလားဆိုတာ သက္ေသျပဖို႔ သဲလြန္စမလုံေလာက္ဘူး တကယ္လို႔ ေဟာ္ေသ်ာင့္က မီးရႈိ႕မႈလားမသဲကြဲရင္ ရဲဘက္ကိုလက္မလႊဲလိုက္သင့္ဘူး အခုေတာ့အကုန္ေျပာင္းျပန္လန္ကုန္ၿပီ လူထုကအထင္အျမင္ဖိအားေတြနဲ႔ ဘယ္လိုလုပ္ျပသနာလုပ္ရဲပါ့မလဲ "
" ဒီမေတာ္တဆမႈက ဆုံးရႈံးမႈအႀကီးႀကီးျဖစ္သြားၿပီး လူေတြကလည္း ေျဖရွင္းခ်က္အသည္းအသန္ေတာင္းေနတာ လုံး၀မျဖစ္နိင္ဘူး ေနာက္ၿပီးေတာ့ အခုက မီးရႈိ႕မႈမဟုတ္ဘူးဆိုတဲ့ သံသယအေနအထားေတြအမ်ားႀကီးရွိေနတယ္ သူတို႔မယုံမွာပဲစိုးတယ္ "
ရန္ရိ သက္ျပင္းခ်သည္။
" ငါမေတြးၾကည့္ရဲဘူး ဒါေပမယ့္ (မီးရႈိ႕မႈ) မဟုတ္ဘူးဆိုတာပဲေမွ်ာ္လင့္တယ္ လူမဆန္တဲ့လုပ္ရပ္တစ္ခုေလ်ာ့သြားတာေပါ့
ၿပီးေတာ့ ငါအဲ့ ကုံးမ်ိဳး႐ိုးနဲ႔အလုပ္တြဲလုပ္ရတာ ငါသူ႔ကို တစ္ေန႔ ရွစ္ခါေလာက္ ထု႐ိုက္ခ်င္စိတ္ေပါက္ရတယ္ တကယ္ပဲ "
" မင္းကအလုပ္လုပ္ေနတာပဲ မိတ္ေဆြဖြဲ႕ေနတာမွမဟုတ္တာ သည္းခံထားစမ္းပါ ေျပာရရင္ မင္းအျခားသူေတြရဲ႕ အားသာခ်က္ကိုလည္းၾကည့္ရမယ္ ေဒါက္တာကုံးပဲထား၊ သူ႔မွာဘာ အားသာခ်က္ေတြရွိလဲ? "
ရန္ရိ သူ႔ေမးကိုအခ်ိန္အၾကာႀကီးပြတ္ေနၿပီး အတည္အတံ့ေျပာလိုက္သည္။
" သူဖင္က အေတာ္ဖြံ႕ထြားတယ္ကြ "
ခြၽီယမ္ေပါင္က အၿပဳံးျဖင့္ဆူသည္။
" ထြက္သြားစမ္း "
" ေဟး ေနပါဦး မင္းစကားကဘာလို႔သူေျပာတာနဲ႔တူေနတာလဲ? "
" ဘာတူလို႔လဲ? "
" ဘယ္အလုပ္ကမ်ား မိတ္ေဆြဖြဲ႕လို႔မရမွာလဲ? ငါတို႔အလုပ္မွာသူငယ္ခ်င္းလုပ္ဖို႔ပဲ ဆုံၾကတာမဟုတ္လား? ငါတို႔အလုပ္မွာပဲ ညီအစ္ကိုအမ်ားႀကီးနဲ႔သိခဲ့ၾကတာမဟုတ္ဘူးလား? "
" က်စ္ မင္းဘာကိုအထြန္႔တက္ေနတာတုန္း "
ခြၽီယမ္ေပါင္ေျပာသည္။
" ငါမင္းကို အလင္းျပေနတာပါကြာ "
ရန္ရိ ႏွာမႈတ္လိုက္သည္။
" အႀကီးအကဲက မင္းကိုလႊတ္လိုက္တာ သိပါတယ္ "
ခြၽီယမ္ေပါင္ၿပဳံးကာ သူ႔ပခုံးကိုပုတ္သည္။
=========
[T/n : sorry နည္းနည္းေလးကိုေမ့က်န္ခဲ့တာ ]
=========
Chapter 14
ေနာက္ရက္အနည္းငယ္အတြင္း ကုံးရင့္ရွန္ ရန္ရိကိုထပ္ၿပီး မဆက္သြယ္ေပ။
ရန္ရိ အစက မီးစုံစမ္းတြင္ကူညီရန္သာ တာ၀န္ယူခဲ့ၿပီး ဒီတစ္ေခါက္မီးသုံးသပ္ေရးကိစၥက အခက္အခဲနည္းသည္။
မီးေလာင္တဲ့အခ်ိန္၊ မီးေလာင္ရတဲ့အေၾကာင္းရင္း၊ အခင္းေနရာကိုသြားတဲ့အခ်ိန္၊ အားလုံးရွင္းလင္းေနၿပီး တကယ့္ရႈပ္ေထြးတဲ့အပိုင္းကား တာ၀န္ယူရမည့္သူကိုစုံစမ္းျခင္းပင္။
အဲ့တာက ရဲတာ၀န္ပဲဆိုေတာ့ သူ(ကုံးရင့္ရွန္)လည္း ေသခ်ာေပါက္ တာ၀န္ထမ္းေဆာင္ေနရမည္ေပါ့။
ဒါေပမယ့္ သူ(ရန္ရိ) ဒီအထိေတာင္၀င္ပါခဲ့ၿပီးမွ ထုံးစံအတိုင္း တိုးတက္မႈနဲ႔ ရလဒ္ေတြကိုလည္းသိခ်င္မိသည္။
ကုံးရင့္ရွန္က အစီအေငၚမတည့္ဘူးလို႔သူထင္ၿပီး သူ႔ဘက္ကစၿပီးေတာ့လည္း မဆက္သြယ္ခ်င္ေပ။
ခဏေလာက္ လြန္ဆြဲေနၿပီး ရန္ရိမေနႏိုင္ေတာ့ဘဲ ကုံးရင့္ရွန္ကို စာပို႔လိုက္သည္ :
" အျခားတိုးတက္မႈေတြရွိလား? "
အခ်ိန္အၾကာႀကီးေစာင့္ေနၿပီး၊ ကုံးရင့္ရွန္ကေတာ့ စာမျပန္ခဲ့ေပ။
ရန္ရိ အလြယ္ပင္ ဖုန္းေခၚလိုက္ၿပီး ဖုန္းျမည္တာနဲ႔တန္းခ်လိုက္သည္။
ကုံးရင့္ရွန္စာျပန္လာ၏။ : " ေနာက္မွ "
ရန္ရိ သက္ျပင္းခ်လိုက္သည္။
ထိုအခ်ိန္၌ တင္းခ်င္က ရန္ရိ႐ုံးခန္းတံခါးကိုေခါက္လာ၏။
" ေခါင္းေဆာင္ ေပါင္အိုက္လမ္းမွာကယ္ခဲ့တဲ့ အမ်ိဳးသမီးမိသားစုလာေတြ႕ပါတယ္ "
" အို႔ ေကာင္းၿပီ "
ရန္ရိထၿပီး ေအာက္ထပ္လိုက္ဆင္းသြားလိုက္သည္။
မိသားစုသုံးေယာက္ ဧည့္ေတြ႕ခန္း၌ထိုင္ေနၾကၿပီး ၊ လက္ေမာင္းတြင္ပတ္တီးစည္းထားသည့္ အမ်ိဳးသမီးကေမာ္ေတာ္ဆိုင္ကယ္အပိုင္းျဖင့္ ထိမိေသာအေမငယ္ေလးျဖစ္ကာ သူ႔ေယာက္်ားကေတာ့ သူတို႔သားေလးကိုခ်ီထားသည္။
ရန္ရိႏွင့္အျခားသူမ်ား အခန္းထဲ၀င္သြားသည္ႏွင့္ ေက်းဇူးတင္သည့္အမူအရာျဖင့္ျပာျပာသလဲလဲ မတ္တပ္ရပ္လိုက္ၾကသည္။
အေဖျဖစ္သူက အားရ၀မ္းသာေျပာလာသည္။
" မင္းက ေခါင္းေဆာင္လား? မဂၤလာပါ မဂၤလာပါ "
ရန္ရိ လက္ဆန္႔ထုတ္ေပးလိုက္ကာ လက္ဆြဲႏႈတ္ဆက္လိုက္ၾကသည္။
" မဂၤလာပါဗ် "
သူ႔အမ်ိဳးသမီးဘက္ၾကည့္လိုက္ၿပီး :
" မင္းေဆး႐ုံဆင္းတာအေတာ္ေစာသားပဲ? "
သူစိတ္ေအးသြားသလိုခံစားရသည္။
အမ်ိဳးသမီးက ေက်းဇူးတင္လ်က္ေျပာလာ၏။
" ကြၽန္မေဆး႐ုံကျမန္ျမန္ဆင္းႏိုင္တာ ရွင့္ေၾကာင့္ပါပဲ ကြၽန္မအမ်ိဳးသားကို မ်က္ႏွာခ်င္းဆိုင္ေတြ႕ရမယ္လို႔ပဲေျပာေျပာေနတာ ကြၽန္မအသက္ကိုကယ္ေပးတာေက်းဇူးတင္ပါတယ္ရွင္ "
ရန္ရိ ၿပဳံးလ်က္ေျပာလိုက္သည္။
" ယဥ္ေက်းေနပါၿပီဗ်ာ ဒါကြၽန္ေတာ္တို႔တာ၀န္ပါပဲ ေနာက္ၿပီး အဲ့တုန္းက ျဖတ္လတ္တဲ့လမ္းသြားလမ္းလာေတြဆီကလည္း အေတာ္အကူအညီရတယ္ "
" အင္း သူတို႔က အေတာ္တက္ႂကြတဲ့သူေတြပဲ ဒါေပမယ့္ အေရးႀကီးကိစၥေတြမွာေတာ့ ကြၽမ္းက်င္တဲ့အရည္အခ်င္းကပိုအေရးပါတယ္ဗ် ဆရာ၀န္ေျပာတာက
အဲ့အခ်ိန္သာ အပိုင္းစကို အျမန္ဆြဲထုတ္လိုက္ရင္ ကြၽန္ေတာ့္မိန္းမ ေသြးထြက္လြန္ၿပီး ေဆး႐ုံေတာင္ပို႔ႏိုင္မွာမဟုတ္ဘူးတဲ့
ေခါင္းေဆာင္ကိုေက်းဇူးတင္ပါတယ္ဗ်ာ မီးသတ္တပ္ဖြဲ႕၀င္ေတြကိုေရာပဲ ေက်းဇူးပါ ကြၽန္ေတာ္တို႔မိသားစုရဲ႕ ကယ္တင္ရွင္ေတြပါပဲ "
အေဖငယ္ေလးက မ်က္လုံးမ်ားရဲကာေျပာလာသည္။
အေမေလးက သူ႔သားလက္ေလးကိုဆြဲလိုက္၏။
" ကေလးငယ္ သားမွာ ဦးဦး မီးသတ္သမားအတြက္လက္ေဆာင္ရွိတယ္မလား? "
ကေလးေလးက တြန္႔ဆုတ္ဆုတ္ျဖင့္ အရွက္ပိုကာ အေနာက္ဘက္မွ ႏႈတ္ဆက္ကတ္ေလးကိုဆြဲထုတ္၍ ရန္ရိထံ ကမ္းေပးလာသည္။
ႏႈတ္ဆက္ကတ္ေလးေပၚတြင္ေတာ့ သူႏွင့္ သူ႔အေမေဘးတြင္ ကယ္ဆယ္ေရး၀တ္စုံ၀တ္ဆင္ထားသည့္သူမ်ား ၀န္းရံေနပုံကို ကေလးဆန္ဆန္ေရာင္စုံျဖင့္ ေရးဆြဲထား၏။
ရန္ရိ ၿပဳံးကာ သူရင္ဘတ္သည္ကား ေႏြးေထြးမႈျဖင့္ ျပည့္ႏွက္ေနလ်က္၊ သူေကာင္ေလးရဲ႕ မ်က္ႏွာေသးေသးေလးကို ညႇစ္လိုက္ၿပီး :
" အရမ္းေကာင္းတဲ့ ပန္းခ်ီေလးပဲ ေက်းဇူးပါ "
စုံတြဲက ထပ္ခါေက်းဇူးတင္ျပန္သည္။
စြန္းတင့္ရိ အၿပဳံးျဖင့္ေျပာသည္။
" ကြၽန္ေတာ္တို႔ရဲ႕ ေလးနက္တဲ့တာ၀န္က လူ႔အသက္ကယ္ဖို႔ပါပဲ အရမ္းယဥ္ေက်းဖို႔မလိုပါဘူးဗ်ာ မင္းျပန္ေကာင္းလာတာျမင္ရတာနဲ႔တင္ ကြၽန္ေတာ္တို႔ပီတိျဖစ္ေနပါၿပီ "
ေစြ႕ရိေရွာင္း ခံစားခ်က္ထင္ဟပ္လ်က္ ေျပာလိုက္သည္။
" ဟုတ္တယ္ ကြၽန္ေတာ္တို႔လူတိုင္းကို မကယ္ႏိုင္ခဲ့တာေတာ့ ၀မ္းနည္းစရာပဲ "
သူႏွင့္ ရန္ရိတို႔က ထိုအခ်ိန္ ေကာင္ငယ္ေလးျဖည္းျဖည္းခ်င္း အသက္ဆုံးသြားတာကို ျမင္လိုက္ရသည့္သူမ်ားပင္။
သူ စီးက်ေနေသာ ေသြးမ်ားမွ ျခစ္ျခစ္ေတာက္အပူႏႈန္းကိုပင္ မွတ္မိေနေသးသည္။
ထိုအနံ႔, ဒီရက္ေတြမွာသူျပန္ေတြးမိလိုက္တိုင္း စိတ္ဖိစီးရသည္သာ။
" ဘယ္သူလဲ? "
အေဖငယ္ေလးက တစ္ခဏေတာင့္သြားသည္။
" အဲ့ေကာင္ေလးေတာ့ မဟုတ္ဘူးမလား? သူေသသင့္တာပဲမလား? ဘာသနားစရာလိုလဲ "
ဒီတစ္ခါေတာ့ ရန္ရိႏွင့္အျခားသူမ်ား ေတာင့္သြားရသည့္အလွည့္ပင္။
ကေလးအေဖက အံႀကိတ္ကာေျပာသည္။
" ၿမိဳ႕ပတ္လမ္း 5 မွာဆိုင္ကယ္ေမာင္းလို႔မရဘူး သူကအမ်ိဳးရဲ႕ဆိုင္ကယ္ကိုခိုးလာၿပီး မီးနီကိုျဖတ္ေမာင္းတယ္ သူလည္းေသၿပီး အျခားသူေတြကိုပါေသေအာင္လို႔လုပ္တာ အင္တာနက္မွာလည္း သူ႔ကိုဆဲဆိုေနၾကတဲ့သူေတြခ်ည္းပဲ အဲ့လိုလူမ်ိဳးက လူေတြဒုကၡေလ်ာ့သြားေအာင္ ျမန္ျမန္ေသသင့္တယ္ "
ရန္ရိ ႏႈတ္ဆိတ္သြားသည္။
ေစြ႕ရိေရွာင္း မ်က္ေမွာင္ၾကဳတ္ကာ အခက္အခဲတခ်ိဳ႕ျဖင့္ေျပာလာ၏။
" သူကအခုမွ ၁၅ ႏွစ္ပဲရွိေသးတယ္ သူအမွားလုပ္မိတာေလာက္ပါပဲ သူဘယ္လိုေသမယ္မွန္းေတာင္သိခဲ့တာမဟုတ္ဘူး...."
" သူေသဖို႔လား? "
ကေလးအေဖက အသံကိုျမႇင့္ကာ ေဒါသထြက္၍ေျပာသည္။
" အမွားမလုပ္တဲ့သူေတြကေရာ ေသဖို႔တန္လို႔လား? ကြၽန္ေတာ္မိန္းမက်ေတာ့ေရာ? ကားသမားအတြက္က်ေတာ့ေရာ? ကြၽန္ေတာ့္သားက အခုမွ ၄ ႏွစ္ပဲရွိေသးတယ္ သူ႔မွာအေမမရွိေတာ့ရင္ ဘယ္လိုလုပ္မလဲ? အဲ့လိုမ်ိဳးမိဘသြန္သင္မႈမရွိတဲ့သူေတြက ႀကီးျပင္းလာလဲ အပိုပဲ! "
ေစြ႕ရိေရွာင္း ေျပာခ်င္သည့္စကားက ရန္ရိမ်က္လုံးမ်ားျဖင့္ ဟန္႔တားခံလိုက္ရသည္။
ကေလးအေမက သူ႔ေယာက္်ားကိုတြန္းကာ တိုးတိုးေျပာသည္။
" မေျပာနဲ႔ေတာ့ "
ကေလးအေဖလည္း သူအေျပာမွားသြားသည္ကို သတိထားမိသြားၿပီး ေလထုက ႐ုတ္တရက္ မ်က္ႏွာပူစရာျဖစ္လာသည္။
ရန္ရိ ေအးေအးေဆးေဆးေျပာလိုက္၏။
" မင္းျမန္ျမန္ သက္သာလာဖို႔ဆုေတာင္းေပးပါတယ္ "
မိသားစုသုံးေယာက္လည္း အသိတရားရွိရွိနဲ႔ ျပန္သြားၾကေတာ့သည္။
ေစြ႕ရိေရွာင္း ရန္ရိကိုၾကည့္ကာ ေလးေလးပင္ပင္ေျပာလိုက္၏။
" ေခါင္းေဆာင္ရန္ သူေသသင့္လား? သူက ကေလးပဲရွိေသးတယ္ သူအမွားလုပ္မိခဲ့ေပမယ့္ ေနာင္ဆယ္စုႏွစ္တစ္ခုမွာ ပိုမွန္တဲ့အရာေတြလုပ္လာႏိုင္ေလာက္တယ္ ဒါေပမယ့္ သူ႔မွာေနာက္ထပ္အခြင့္အေရးမရွိေတာ့ဘူး.."
ရန္ရိ ထိုေမးခြန္းကိုမေျဖ။
ကမာၻေပၚက ေမးခြန္းတိုင္းကို 'ဟုတ္တယ္' ' မဟုတ္ဘူး' လို႔ပဲေျဖမရေပ။
သူ ေစြ႕ရိေရွာင္း ပခုံးကို ပုတ္ေပးလိုက္သည္။
" သူေသသင့္လားဆိုတာ ငါတို႔မဆုံးျဖတ္သင့္ဘူး ဒါေပမယ့္ နစ္နာသူမိသားစုကလည္း သူ႔အေျခအေနနဲ႔သူရွိတာပဲ ငါတို႔နားလည္ေပးဖို႔လိုတယ္ "
ေစြ႕ရိေရွာင္း ၀မ္းနည္းနည္းႏွင့္ ေခါင္းငုံ႔သြားၿပီး စြန္းတင့္ရိကေတာ့ သက္ျပင္းခ်သည္။
==========
ညေနဘက္ ညစာစားၿပီးခ်ိန္မွာေတာ့ ကုံးရင့္ရွန္ ဖုန္းျပန္ေျဖသည္။
ရန္ရိ သူ(ကုံးရင့္ရွန္) ဖုန္းေျဖလိမ့္မယ္လို႔ လုံး၀မေမွ်ာ္မွန္းထားေပ။
သူ(ကုံးရင့္ရွန္) ဖုန္းကိုင္လိုက္ေတာ့ သူအေတာ္အံ့ၾသသြားရၿပီး သံသယ၀င္ကာေျပာလိုက္သည္။
" မင္းဘာလို႔ ဖုန္းကိုင္တာလဲ? မင္းငါ့ကိုထပ္ဆက္သြယ္ခ်င္ေသးတယ္ေပါ့? "
ကုံးရင့္ရွန္ ရပ္သြားၿပီး
" ...အဲ့တာဆို ကြၽန္ေတာ္ဖုန္းခ်လိုက္မယ္ "
" ေဟး ခဏေနဦးေလ "
ရန္ရိ ႏႈတ္ခမ္းမ်ားတြန္႔ေကြးလိုက္သည္။
" မင္းရွာေတြ႕တာေတြ ငါ့ကို ျမန္ျမန္ေျပာျပ "
" ဆိုက္ဘာမႈခင္းက အဖြဲ႕သားက က်ိဳးခြၽမ္းသက္ေသခံကို အတည္ျပဳလိုက္တယ္ သူကတကယ္ကို dark web ရဲ႕လက္ေအာက္ခံ နယ္ပယ္အမည္တုနဲ႔ live broadcast ေတြလုပ္ေနတာပဲ "
ရန္ရိ မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။
" နယ္ပယ္အမည္တု? တကယ္လို႔ website က log out လုပ္လိုက္ရင္ေတာင္ ေျခရာလက္ရာေတာ့က်န္ခဲ့မွာပဲ မင္း dark web ကိုေျခရာခံၾကည့္လို႔ရလား? "
" dark web ကိုရွာေတြ႕တယ္ ဒါေပမယ့္ server ေတြအားလုံးက ႏိုင္ငံျခားက, ၿပီးေတာ့ ကမာၻတစ္ဝွမ္းလုံးပဲ။
အႏၲရာယ္ကင္းဖို႔နဲ႔ user ေတြကိုကြယ္ဝွက္ထားဖို႔ website က live broadcast ေတြအားလုံးကို က်ပန္းအမည္တုနယ္ပယ္ေတြတင္တယ္
အမည္တုနယ္ပယ္ေတြက ကမာၻတစ္ဝွမ္း ေအးဂ်င့္ေတြကေနတစ္ဆင့္ မိနစ္တိုင္းေျပာင္းလဲၫႊန္ျပေနတယ္ တစ္ခါေျပာင္းသြားတာနဲ႔ လုပ္ငန္းေတြအကုန္လုံးက ေျခရာမခံႏိုင္တဲ့ေငြမည္းေတြလိုပဲ..
log in ၀င္တဲ့လူေတြက ေရွ႕ဆက္ဖို႔အတြက္ host setting , ကိုယ္စားလွယ္ IP ( internet protocol ), ေ႐ြ႕လ်ား website ေတြနဲ႔ အျခား ရႈပ္ရႈပ္ေထြးေထြးလုပ္ငန္းလုပ္ရတယ္
ႏိုင္ငံျခားအေျခစိုက္ server နဲ႔ပတ္သက္တဲ့ website မွာ ကြၽန္ေတာ္တို႔ပိုင္နက္မရွိဘူး
ဒါေပမယ့္ ႏိုင္ငံထဲက log in ၀င္ထားတဲ့သူမွာေတာ့ ရွိတယ္
boradcast room ထဲကလူေတြ မလုံၿခဳံဘူးလို႔ထင္တာနဲ႔ သူတို႔ click ေလးတစ္ခ်က္ႏွိပ္ၿပီး log out လိုက္လို႔ရတယ္
live broadcast တစ္ခုၿပီးတာနဲ႔ သူတို႔အလိုအေလ်ာက္ log out ၿပီးသား၊
log out ၿပီးတာနဲ႔ ပါ၀င္တဲ့အခ်က္အလက္ေတြအားလုံး internet ကေန ေပ်ာက္ကြယ္သြားတယ္
က်န္ခဲ့တဲ့တစ္ခုတည္းေသာအရာက လက္ခံသူရဲ႕ ကိုယ္ေရးကိုယ္တာ ေဒတာေတြပဲ "
" အဲ့တာဆို မင္း က်ိဳးခြၽမ္း computer ကဘာရွာေတြ႕လဲ? "
" website ရဲ႕ လုံၿခဳံေရးနည္းပညာက ကမာၻ႔ထိပ္တန္း hacker ေတြအဆင့္ရွိေတာ့ ဝွက္စာေဖာ္ဖို႔ အရမ္းခက္တယ္
ဒီ website က မီးရႈိ႕မႈေတြနဲ႔ ဆက္စပ္ေနတယ္ဆိုတဲ့သက္ေသေတြမရွိေသးခင္ေတာ့ လူအင္အားသုံးဖို႔ မျဖစ္ႏိုင္ဘူး
အဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔ က်ိဳးခြၽမ္း computer ကေနပဲ စရွာလို႔ရၿပီး စာအခ်ိဳ႕ေတြ႕တယ္ "
" စာေတြ? "
" သူတို႔အမ်ားစုက အဂၤလိပ္ေတြ ဒါေပမယ့္ တ႐ုတ္ေတြေရာပဲ "
" သူတို႔ IP ရွာလို႔မရဘူးလား? "
" မရဘူး ခုနကေျပာပါတယ္ တကယ္လို႔ live broadcast ထဲမွာဆိုရင္ေတာင္ IP က မိနစ္တိုင္းကိုေျပာင္းလဲေနတာ
live broadcast လုပ္ေနတုန္း ကိုယ္ေရးကိုယ္တာ IP ကိုၾကည့္ဖို႔ဆိုတာ ခက္ခဲတယ္
အခု နယ္ပယ္အမည္တု ကလည္း cancel ခံလိုက္ရၿပီ က်ိဳးခြၽမ္း computer ကေနစစ္မယ္ဆိုရင္ website က data ေတြကလြဲၿပီး ဘာမွစစ္ဖို႔မျဖစ္ႏိုင္ဘူး "
" ဒါေပမယ့္ website က ပိုေဖာက္ဖို႔ခက္တာပဲ "
" ေကာင္းၿပီ, အဲ့ေတာ့ ကြၽန္ေတာ္တို႔ လက္ရွိသဲလြန္စေတြက ဒီေလာက္ထိပဲ "
" စာသား အခ်က္အလက္ေတြေရာ? "
" အဓိကအားျဖင့္ေတာ့ က်ိဳးခြၽမ္းကို အက်ပ္အတည္းျဖစ္ခ်င္လား တစ္ခုခုလုပ္မလားလို႔ေမးရမွာပဲ စာသားေတြနဲ႔ပတ္သက္ၿပီး ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ ေဖာ္ထုတ္ဖို႔ သက္ေသမရွိဘူး ဒါေပမယ့္ အခ်ိန္လိုက္မွတ္တမ္းနဲ႔ တ႐ုတ္စာသားစနစ္ေတြအရ အနည္းဆုံး တ႐ုတ္ ၃ ေယာက္ေတာ့ live broadcast ၾကည့္ေနၾကတယ္ "
ရန္ရိ အသက္ခပ္ျပင္းျပင္းရႉရႈိက္လိုက္သည္။
" သူတို႔က မီးရႈိ႕သမားေတြ ျဖစ္ႏိုင္ေလာက္လား? "
" မသိဘူး အခုထိေတာ့ဆက္စပ္ဖို႔ သက္ေသမရွိဘူး "
ကုံးရင့္ရွန္ အသံက အနည္းငယ္ေလးတြဲ ေနသည္။
" ဒီအမႈကိုလိုက္ဖို႔ လမ္းစ ၄ ခုပဲရွိတယ္ ႏွစ္ခုက ယာယီလမ္းဆုံးကို ေရာက္ေနၿပီ တစ္ေယာက္က ခိုင့္၀မ္ အျခားတစ္ေယာက္က ဘားပိုင္ရွင္၊
ၿပိဳင္ဘက္ေတြ ၊ က်ိဳးခြၽမ္းနဲ႔ ခိုင့္၀မ္ရဲ႕အေပါင္းအသင္းေတြကို ကြၽန္ေတာ္တို႔ လိုက္ေနတုန္း၊ အမွန္တကယ္တိုးတက္တာေတာ့ မရွိေသးဘူး။ ၿပီးေတာ့...
က်ိဳးခြၽမ္းကလည္း အုပ္ခ်ဳပ္ေရးအရ ရက္အနည္းငယ္ ေစာင့္ဆိုင္းၿပီးလြတ္သြားၿပီ
ထပ္ၿပီး စုံစမ္းဖို႔အရမ္းခက္ခဲလိမ့္မယ္ "
ရန္ရိ ေခါင္းကုတ္သည္။
" အမႈေျဖရွင္းတဲ့ေနရာမွာ အဟန္႔အတားခံရမွာေတာ့ ပုံမွန္ပဲ မင္းအရမ္းႀကီး စိုးရိမ္ဖို႔မလိုပါဘူး "
ကုံးရင့္ရွန္က စိတ္ပ်က္လက္ပ်က္သက္ျပင္းခ်သည္။
" အဲ့ဒီ့ dark web, ဘာလုပ္တာလဲ? "
ဒီတစ္ခါေတာ့ ရန္ရိ ဖုန္းလိုင္းက်သြားတယ္လို႔ပင္ ထင္မိသည္အထိ ကုံးရင့္ရွန္အၾကာႀကီး တိတ္သြားသည္။
သူမေနႏိုင္ဘဲ ေမးၾကည့္လိုက္ရ၏။
" မင္း ရွိေနေသးလား? "
" ခင္မ်ား မသိခ်င္ပါနဲ႔ "
ကုံးရင့္ရွန္ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း ေျပာလာသည္။
ရန္ရိ ႏွလုံး လႈပ္ခတ္သြားရလ်က္၊
ဖုန္းထဲကေနေတာင္ ကုံးရင့္ရွန္အသံ တုန္ရီေနသည္ကိုသူ ေသခ်ာ ၾကားႏိုင္ေန၏။
အဲ့တာ အေၾကာက္တရားမ်ားလား? မဟုတ္ဘူး ေဒါသနဲ႔ပိုတူတယ္၊ ၿပီးေတာ့.....အမုန္းတရား။
ရန္ရိ မ်က္ေမွာင္ၾကဳတ္ကာ မေနႏိုင္မထိုင္ႏိုင္ ေလးေလးပင္ပင္ခံစားလာရသည္။
သူ dark web ကိုတစ္ခါမွမေရာက္ဖူးေခ်။
ဒါေပမယ့္ သူၾကားဖူးသည္၊ မစြမ္းႏိုင္ေလာက္တဲ့ အေမွာင္၊ နတ္ဆိုးဆန္တဲ့ကမာၻ၊ လူေတြေတြးထင္မိေလာက္တဲ့ နတ္ဆိုးေတြ မေတြးထင္မိႏိုင္ေလာက္တဲ့ နတ္ဆိုးေတြ နဲ႔ျပည့္ေနေလသတဲ့။
သူေျပာလိုက္သည္။
" အဲ့ website....ဘယ္လိုေခၚလဲ? "
" Seraph , ဓမၼက်မ္းစာေဟာင္းက မီးနတ္ဘုရား ၊ အျမင့္ျမတ္ဆုံးအဆင့္ပဲ အလင္းနဲ႔မီးလွ်ံတို႔ေပါင္းစည္းထားတဲ့ စိတ္၀ိညာဥ္ရွိတယ္ "
ဖုန္းခ်ၿပီးေနာက္ ရန္ရိ တစ္ညလုံး ေကာင္းေကာင္းအိပ္မေပ်ာ္ေပ။
သူ မီးသတ္ျခင္းနဲ႔ပဲ အခ်ိန္ ၈ ႏွစ္ကုန္ဆုံးခဲ့ေပမယ့္ သူအျပင္အ၀တ္ေတြနဲ႔ကတည္းက အဆက္အသြယ္ရွိခဲ့သည္။
သူ႔အေဖအေတြ႕အႀကဳံေတြေရာ သူ႔ကိုယ္ပိုင္အေတြ႕အႀကဳံေတြေရာေပါင္းၿပီး သူ သာမန္လူေတြနဲ႔မတူတဲ့ ေလာကကိုျမင္ေတြ႕ခဲ့ရ၏။
သို႔ေပမယ့္ သူတစ္ေလွ်ာက္လုံး မီးနဲ႔အဆက္အဆက္ရွိခဲ့လည္း မီးရႈိ႕သမားေတြနဲ႔ ဆုံႀကဳံဖို႔ေတာ့ အလြန္ခဲယဥ္းသည္။
မီးရႈိ႕သမား ဆိုသည္က ျပစ္မႈကိုမီးရႈိ႕က်ဴးလြန္သူမ်ားအားလုံးအတြက္ အစုအဖြဲ႕စကားလုံးမဟုတ္ေပ။
အကယ္၍ လူတစ္ေယာက္က မေတာ္တဆမီးေလာင္ေစခဲ့လွ်င္ မီးရႈိ႕သည္ဟုမေခၚ။
လူတစ္ေယာက္က အျခားသူေတြကိုသတ္ရန္ မီးရႈိ႕ဖို႔က်ပန္းေ႐ြးခ်ယ္ခဲ့လွ်င္ သို႔မဟုတ္ သက္ေသကို မီးျဖင့္ရွင္းပစ္လွ်င္ ၎က ပစ္မႈက်ဴးလြန္သည့္လက္နက္မွာ မီး ဟူ၍သာေျပာႏိူင္သည္။
အသက္ေတြ၊ ပစၥည္းဥစၥာေတြကို တမင္တကာရည္႐ြယ္၍ေသာ္လည္းေကာင္း ႀကိဳတင္ႀကံစည္ထား၍ေသာ္လည္းေကာင္း မီးရႈိ႕ခဲ့ပါမွ မီးရႈိ႕မႈျဖစ္သည္။
မီးရႈိ႕သူမ်ားအနက္မွ မီးေလာင္ေစလိုသူ ျဖစ္ႏိုင္ေခ်မွာအေတာ္နည္းပါး၏။
မီးရႈိ႕သူအမ်ားစုက ရာဇ၀တ္မႈရည္႐ြယ္ခ်က္ကို ပိုထိေရာက္ေစဖို႔သာ မီးရႈိ႕ၾကၿပီး မီးေလာင္ေစလိုသူရဲ႕ တစ္ခုတည္းေသာ ရည္႐ြယ္ခ်က္ကေတာ့ မီးရႈိ႕ရန္သာျဖစ္သည္။
အသက္ႏွင့္ ဥစၥာဆုံးရႈံးမႈမ်ားက ပူးတြဲ၍မ်ားျပားလွစြာ။
သို႔ေပမယ့္ ကုံးရင့္ရွန္ အစေဖာ္ေနတဲ့ dark web က သူတို႔ကို မီးရႈိ႕သမားမ်ားအေမွာင္ထဲတြင္ ပုန္းကြယ္ေနေၾကာင္း သိေစသည္။
=======
မရွင္းတာရွိရင္ ေမးခဲ့ပါ ေျဖေပးမယ္ေနာ္
အဲ့ မီးနတ္ဘုရားပုံကို အေပၚဆုံးက media မွာထည့္ေပးထားတယ္
ၾကည့္လိုက္ပါ
Dark web လုပ္ငန္းစဥ္ေတြကေတာ့ သိတဲ့အတိုင္းရႈပ္ေနတာပဲ ကြၽန္ေတာ္လည္းအဲ့ေလာက္ထိမႏွံ႔စပ္ေတာ့ ဦးေႏွာက္ကိုေျခာက္ေနေရာပဲ အစကေတာ့ စာကိုဘာသာျပန္႐ုံပဲကို ဘာခက္မွာလဲ လို႔ထင္ခဲ့သမွ် ေသခ်င္စိတ္ေတြေပါက္လာၿပီ
အခုအပိုင္းကတိုေပမယ့္ ကြၽန္ေနာ္မအားတာရယ္ အပ်င္းတစ္ေနတာရယ္နဲ႔ ႀကံ့ၾကာေနတာ
ေန႔တိုင္း တစ္ေနကုန္ ဆိုငိထိုင္ေနရေတာ့လည္း အိမ္ျပန္ေရာက္ တန္းနားခ်င္တာေပါ့ေလ အဟင့္
ဒီညေတာ့ ပ်င္းေနလို႔မျဖစ္ဘူးဆိုၿပီး
ch 13.2 အက်န္ေလးေရာ 14 တစ္ပိုင္းလုံးေရာတင္ေပးလိုက္တယ္
(အပိုေတြ crh ကို လည္စီးေပးမလို႔ ထိုင္ထိုးေနတာ ေဆာင္း၀င္ၿပီေလ >//////<)
စာေတြကဖတ္ရေျပေအာင္ မူရင္းနဲ႔အတိအက်မဟုတ္ဘဲေရးေပးထားတယ္ စာသားဆန္ေနလည္း ဖတ္ရတာနားမလည္မွာစိုးလို႔ ကိုယ္နားမလည္တဲ့ေနရာေတြဆို ပိုေၾကာက္တယ္ ကြၽန္ေတာ္နားမလည္ဘဲ စြတ္ေရးလိုက္ရင္ ခင္မ်ားတို႔ပါ နားမလည္ျဖစ္ေနမွာေၾကာက္တာ
နားလည္တယ္မလားဗ်ာ
ေနာက္ၿပီး က်ေနာ့္ reader ေလးေတြကိုခ်စ္တာတစ္ခုရွိတယ္ ferdback ေပးတိုင္ up up ဆိုၿပီးျဖစ္သလိုေရးမသြားဘဲ ေသခ်ာ စိတ္ေလးနဲ႔ေျပာေပးၾကတယ္ ေဆြးေႏြးၾကတယ္ အရမ္းခ်စ္ဖို႔ေကာင္းၾကပါတယ္ zawgyi reader ေလးေတြက တိတ္ေနတာပဲေနာ္ ရွိမွရွိရဲ႕လား???
good night
- lynx
-19 11 2020
=============