Chapter 15

[ UNICODE ]

တစ်လနီးပါး​လောက် ​ပေါ်မလာ​သော ကုံး​ဖေးလန်က စခန်းသို့ အသိမ​ပေးဘဲ ​ရောက်ချလာသည်။

သူ(မ) လာတဲ့အချိန်က အလွန်ကိုအချိန်အခါသင့်လှသည့် သူတို့ မနက်ပိုင်း​လေ့ကျင့်​ခန်းပြီးချိန်ပင်။

​နေ့လယ်စာမစားခင်အထိ အားလပ်ချိန်ကြားဖြစ်ပြီး

သူ(မ) စခန်းရဲ့ ​နေ့စဥ်လုပ်ငန်းကို ​လေ့လာထားသည်မှာ သိသာ၏။

စခန်းထဲက တပ်သားအားလုံး သူ(မ) ကိုသိ​နေကြပြီး သူ့ကို​တွေ့​တော့ ဝိုင်းစကြသည်။

" ညီမ​လေး ​ဖေးလန် မင်းဒီကိုမလာတာ​တောင် ကြာပြီ​နော် ​နွေရာသီအားလပ်ရက်မှာ အိမ်စာ​တွေ မပြီးနိုင်​သေးလို့များလား? "

ကုံး​ဖေးလန် ခပ်ဖွဖွနှာ​ခေါင်းရှုံ့သည်။

" အဲ့တာက ပြီးသွားပြီ "

ရန်ရိ သူ့(မ) ​ခေါင်းကို ပုတ်လိုက်သည်။

" မင်း ဒီကိုလာတာ မင်းအစ်ကိုသိလား? "

" သူက ကျွန်မအုပ်ထိန်းသူမှ မဟုတ်တာ ဘာလို့သိရမှာလဲ "

" အဲ့တာဆို ကိုယ်သူ့ကို​ပြောရမယ် "

ရန်ရိ သူ့ဖုန်းကို ထုတ်လိုက်သည်။

" သူသိတယ်! "

ကုံး​ဖေးလန် အမြန်​ပြောလိုက်သည်။

" ကျွန်မ သူ့အိမ်ကပဲလာတာ "

" ဟမ်? သူမင်းကို မတားဘူးလား? "

" ကျွန်မ ရှင့်အတွက် အရသာရှိတဲ့စားစရာ​တွေ အများကြီးယူလာတယ် "

ကုံး​ဖေးလန် ရန်ရိ ​မေးခွန်းကိုမကြားချင်​ယောင်​ဆောင်လိုက်ပြီး စားပွဲ​ပေါ်က အိတ်ကို သူ့လက်ထဲထည့်​ပေးလာသည်။

ရန်ရိ ကူကယ်ရာမဲ့လျက် ​ပြောလိုက်၏။

" ​ဖေးလန် ကိုယ်အကြိမ်အများကြီး ​ပြောပြီးသားပဲ​လေ ဘာမှယူမလာခဲ့နဲ့လို့ "

" အစားအ​သောက်ပဲ​လေ ​ငွေမကုန်ပါဘူး နောက်ပြီး ဒါကလည်း ကျွန်မယူလာချင်တာမဟုတ်ဘူး "

ရန်ရိ မျက်ခုံးပင့်လိုက်ကာ အနည်းငယ် အံ့သြသွားသည်။

ဖြစ်နိုင်တာက.....

" ဦး​လေး ရှန့်က ကျွန်မကိုယူသွားခိုင်းလိုက်လို့ "

ရန်ရိ မ​ထင်မှတ်ဘဲ စိတ်ပျက်သွားရ၏။

[ T/n : သူ့ကုံးကုံးများ ​ပေးလိုက်တာလားဆိုပြီး ​မျှော်လင့်​နေတာ မဟုတ်​တော့ စိတ်ပျက်တယ်​ပေါ့ :3 ]

" ဦး​လေးရှန့်က အရမ်းပြူငှာ​နေပါပြီ "

" ရှင်က ကျွန်မကိုကယ်တဲ့ မီးသတ်သမားဆိုတာ သူသိတယ်တယ်​လေ အဲ့တာ​ကြောင့် ဒီသ​ရေစာ​တွေ အကုန်လုံး ယူသွားခိုင်းတာ "

ကုံး​ဖေးလန် ​လောကွတ်ပြုလိုက်သည်။

" အားလုံးလာစားကြပါရှင့် "

" အစား​ကောင်း​တွေ​ဟေ့ "

တစ်​ယောက်က စိတ်လှုပ်ရှားကာ​အော်လိုက်သည်။

ချွီယန်​ပေါင်က ရယ်ကာ​မောကာဖြင့် ဆူပူလိုက်၏။

" စခန်းကအစားအ​သောက်တင်ပဲ အတော်​ကောင်း​နေပါပြီ မင်းက ဘာကိုထပ်​ကောင်းချင်သေးလို့တုန်း? Dunton ပင်လယ်​မျှော့နဲ့ ငါးမန်း​တောင်ဟင်းချိုကို "

လူအုပ်စုက ​နောက်​နောက်​ပြောင်​ပြောင်နဲ့ပဲ သ​ရေစာ​တွေခွဲ​ဝေလိုက်ကြသည်။

ကုံး​ဖေးလန်က ရန်ရိ​ဘေးတွင်ထိုင်ကာ ပူတင်းတစ်ခုကိုကိုင်ထားပြီး ရန်ရိကိုလှမ်း​ပေးလာလျက်  သူ့(ရန်ရိ)ကို ကြည့်နေ​သောမျက်လုံးများက ဘလင်းဘလင်းထ​နေသည်။

ရန်ရိ ယူလိုက်ပြီး တစ်ကိုက်စားလိုက်၏။

" အင်း ​အရသာရှိတယ် မင်း​ကျောင်းပြန်တက်ရ​တော့မလား? "

" မကြာ​တော့ဘူး ​ခေါင်း​ဆောင်ရန် ဦး​လေးရှန့်က ရှင့်အတွက် အပြည့်အ၀ကို ချီးမွမ်းပေး​နေတာ၊ ရှင်က ကျွန်မဝမ်းကွဲနဲ့ စုံစမ်း​ရေးအတူလုပ်ပြီး ဝမ်းကွဲအိမ်ကိုလည်း ​ရောက်ခဲ့တယ်တဲ့ "

" ဟုတ်တယ် ဘားမီး​လောင်တဲ့အမှုကိုတော့ မစစ်ရပါဘူး ဒါ​ပေမယ့် ​ခေါင်း​ဆောင်က မီးစုံစမ်း​ရေးကူညီဖို့​ပြောလို့ "

ကုံး​ဖေးလန် ၀မ်းပန်းတသာ​ပြောသည်။

" ၀မ်းကွဲက အပြင်လူ​တွေကို ​သူ့အိမ်ခေါ်မလာဖူးဘူး ကျွန်မတကယ်ပဲ ရှင်တို့ သူငယ်ချင်းဖြစ်မယ်မထင်ထားမိတာ မယုံနိုင်စရာပဲ "

" ကိုယ်တို့မဟုတ်......."

ကုံး​ဖေးလန်က ရုတ်တရက် high-fight လုပ်ကာ အတည်အတံ့ ​ပြောလာသည်။

" အဲ့လိုဆို​တော့ ​နောက်ကျွန်မတို့ မင်္ဂလာ​ဆောင်ရင် ကျွန်မတို့သူ့(ကုံးရင့်ရှန်) ကို နမ်းသင့်တယ် "

ရန်ရိ ချက်ချင်း ပူတင်းနင်သွား၍ မျက်နှာရဲတက်လာကာ သည်။

သူ ​ချောင်းပြင်းပြင်းထန်ထန်ဆိုးလိုက်ကာ ​လေး​လေးပင်ပင်​ပြောလိုက်၏။

" က​လေးငယ် ​ပေါက်တတ်ကရ​တွေမ​ပြောနဲ့..."

ကုံး​ဖေးလန်က တခစ်ခစ်ရယ်သည်။

" ကျွန်မဒီ​နေ့လာတာက ကျွန်မလက်မ​လျှော့​ကြောင်း​ပြောဖို့ အခု ရှင်က ကျွန်မ၀မ်းကွဲနဲ့သူငယ်ချင်းဖြစ်သွား​တော့ ကျွန်မ အခွင့်အ​ရေးပိုရလာတာ​ပေါ့ "

ရန်ရိမှာ သူနဲ့ကုံးရင့်ရှန်က သူငယ်ချင်းများမဟုတ်​ကြောင်း ရှင်းပြ​နေရသည်ကိုပင် ပင်ပန်းလာရ၏။

" ကျွန်မတကယ်ကို ၀မ်းသာတယ် "

ကုံး​ဖေးလန်အမူအရာက ငြင်သာသည်။

" ရှင်နဲ့ ကျွန်မ၀မ်းကွဲနဲ့ သူငယ်ချင်း​တွေဖြစ်သွားတာကို ကျွန်မအတွက်ပဲမဟုတ်ဘူး ၀မ်းကွဲအတွက်​ပါ တကယ်၀မ်းသာမိတယ်

ရှင်က ထူးခြားသူတဲ့တစ်ယောက်၊ လူ​ကောင်းတစ်​ယောက်မို့ သူ ရှင်နဲ့ သူငယ်ချင်းဖြစ်နိုင်တာ လူတိုင်းစိတ်ချမ်းသာရတယ် "

ရန်ရိ မျက်ခုံးတွန့်သွားသည်။

" သူ....သူ့မှာ သူငယ်ချင်းတစ်​ယောက်မှမရှိဘူးလား? "

ကုံး​ဖေးလန် ​ခေါင်းခါ၏။

" သူက သူ့ကိုယ်သူပိတ်ပင်ထားတာ ​ဆွေမျိုး​တွေရင်းရင်းနှီးနှီး မ​နေနိုင်​အောင်လို့ "

" ဘာလို့ဒီလို စရိုက်မျိုးရှိရတာလဲ? ​မွေးကတည်းက? "

" ဘယ်လိုဖြစ်နိုင်မှာလဲ ဘယ်သူမှဒီလိုမျိုး ​မွေးဖွားမလာဘူး "

ကုံး​ဖေးလန် သက်ပြင်းချသည်။

" ၀မ်းကွဲက ကျွန်မဘ၀မှာ​တွေ့ဖူးသမျှထဲ ကြည့်အ​ကောင်းဆုံးနဲ့ smart အကျဆုံးသူတစ်​ယောက်ပါ သူ့လိုလူမျိုးက ထင်​ပေါ်​ကျော်ကြားသင့်တယ် ဒါ​ပေမယ့်..."

ရန်ရိ ကုံး​ဖေးလန်ကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်​နေလိုက်သည်။

" ၀မ်းကွဲရဲ့မိသားစု၊ သူငယ်ငယ်ကတည်းကဆုံးသွားကြတာ "

ရန်ရိ ​တောင့်တင်းသွားရသည်။

" ....ဘာလို့လဲ? "

" ကျွန်မမသိဘူး အဲ့တာက ကျွန်မမ​မွေးခင်အချိန်​လောက်ကပဲ လူကြီး​တွေက ကျွန်မကိုမ​ပြောပြဘူး သူတို့ကြည့်ရတာ အဲ့ကိစ္စကိုထုတ်​ပြောဖို့​တောင် စိုးထိတ်​နေကြသလိုပဲ ဘာပဲဖြစ်ဖြစ်ပါ ၀မ်းကွဲကအရမ်းသနားဖို့​ကောင်းတယ် "

ကုံး​ဖေးလန် နှုတ်ခမ်းများတင်းတင်း​စေ့လိုက်သည်။

" ကျွန်မသိပါတယ် တစ်ခါတ​လေ သူစကား​တွေကတကယ်ပဲ အချွန်နဲ့ဆွသလိုဖြစ်​ပေမယ့် ရှင်သူ့ကို ​ဗွေမယူဖို့​မျှော်လင့်ပါတယ် "

ရန်ရိ မျက်စိရှေ့မှာ​တော့ ကုံးရင့်ရှန်က လူ​တွေကို သမံကာလျှံကာနဲ့ စိမ်းစိမ်းကားကားဆက်ဆံပြီး အနည်းငယ် ​​အေးစက်သည်။

က​လေးဘ၀အ​ပြောင်းအလဲများက လူတစ်​ယောက်ကို​ပြောင်းလဲ​​စေ၏။

ကုံးရင့်ရှန်မှာ ခါးသက်​သက်အ​တွေ့အကြုံ​တွေရှိလိမ့်မယ်လို့ သူမထင်ခဲ့။

သူ့စရိုက်က ဒီလိုမျိုးပြောင်းသွားတာလည်း အံ့သြစရာမရှိပါ​ချေ.....

ရန်ရိ ​ရေတစ်ငုံ​သောက်လိုက်ကာ သူ့ခံစားချက်တွေကို ပြန်သိမ်းဆည်းလိုက်သည်။

" မစိုးရိမ်ပါနဲ့ ကိုယ်သူ့ကို ​ဗွေမယူပါဘူး "

ကုံး​ဖေးလန် ပြုံးကာ​ပြောသည်။

" ရှင်​ဗွေမယူမှန်းသိပါတယ် ရှင်တစ်​ယောက်ပဲကျွန်မ၀မ်းကွဲနဲ့ ​ပေါင်းသင်းနိုင်​လောက်မယ် "

" ကိုယ်တို့ကလည်း ​ပေါင်းမ​နေကြပါဘူး "

ရန်ရိ မတတ်သာပဲ​ပြောလိုက်သည်။

" ကြည့် ဒီ​နေ့ကျွန်မ ရှင်နဲ့​တွေ့ချင်တယ်​ပြော​တော့ ၀မ်းကွဲကမတားဘူး​လေ ရှင်ကလူ​ကောင်းမှန်း သူသိ​တော့ အိမ်ကို​စော​စောပြန်ဖို့ပဲ​ပြောလိုက်တယ် "

ရန်ရိ ကုံး​ဖေးလန်စကားကို ​သေ​သေချာချာ​တွေးကြည့်လိုက်တော့ အနည်းငယ်အသုံး၀င်သည်။

သူနဲ့ကုံးရင့်ရှန် ပထမဆုံး​တွေ့တုန်းက တကယ်ကိုကပ်သီးကပ်ဖဲ့နိုင်ပြီး သူ့ကို သူ့(ကုံးရင့်ရှန်) ရဲ့ အသက်မပြည့်​သေးတဲ့ညီမနဲ့ မ​တော်တ​ရော်လုပ်တယ်လို့ အထင်လွဲခဲ့​သေး၏။

အခု​တော့ သူ့ညီမကို စိတ်ချလက်ချ လာ​တွေ့ခိုင်းနိုင်ပြီ။

ကုံးရင့်ရှန်နှလုံးသား(စိတ်) ထဲမှာ သူကအရမ်းကွဲပြား​သွားပြီလည်း ဖြစ်နိုင်​ပေသည်။

ထိုအချိန်တွင် အခြားအဖွဲ့သားများ ကန်တင်းသို့​​လျှောက်၀င်လာကြ၍ ချွီယန်​ပေါင်က ​ပြောလိုက်သည်။

" လီဆာ သ​ရေစာ​တွေလာမြည်းကြည့်ပါဦး "

ကုံး​ဖေးလန် မျက်နှာလှည့်ကြည့်လိုက်​​တော့ တအံ့တသြဖြင့် ပါးစပ်အ​ဟောင်းသား ဖြစ်သွားသည်။

" အာ ဒီမှာ မိန်းက​လေးမီးသတ်သမား ရှိတယ်​ပေါ့? "

လီဆာ သည်လည်း အံ့သြသွားသည်။

" ဘာလို့ က​လေးမ​လေးက ဒီ​ရောက်​နေတာလဲ? "

​ကောင်းကယ် နှင့်အခြားသူများက​တော့ကြိတ်ရယ်ရင်း ရန်ရိ ကိုကြည့်လိုက်ကြသည်။

ရန်ရိ သူတို့ကို လှမ်းကြည့်လိုက်​တော့ ​ကောင်းကယ်က ​ချောင်းအသာဟန့်လိုက်ကာ :

" ဒီ​တစ်ယောက်က ပြီးခဲ့တဲ့လက ​ခေါင်း​ဆောင်ရန် ကယ်​ပေးခဲ့တဲ့သူပါ ပြီး​တော့ သူက ​ခေါင်း​ဆောင်ရန် သူငယ်ချင်းရဲ့ ညီမလည်းဟုတ်တယ် "

" မင်္ဂလာပါ " လီဆာက အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

" ​ဝေါင်း မမက အရမ်း​ချောတာပဲ မမက ဘာလို့မီးသတ်သမားလုပ်တာလဲ? "

[ T/n : feili shipper ပဲလုပ်​တော့မယ် ♡ ]

လီဆာ တွန့်ဆုတ်မ​နေဘဲ ​ဖြေလိုက်သည်။

" မမက မီးသတ်သမားဖြစ်ချင်လို့​လေ "

ကုံး​ဖေးလန်မျက်နှာ၌ ​ရွှင်လန်းတောက်ပ​သည့် အပြုံးမျိုးဖြစ်တည်လာသည်။

" အဲ့တာဆို ညီမရော မီးသတ်သမား ဖြစ်နိုင်လား? "

" ဒါ​ပေါ့ ဖြစ်နိုင်ပါတယ် "

" ညီမ ဘယ်လိုလုပ်ရင် မီးသတ်သမားဖြစ်နိုင်မလဲ...."

ရန်ရိ သူတို့နှစ်​ယောက် စကား​ပြော​နေကြသည်ကိုကြည့်ကာ သိသိသာသာ ပြုံးမိသွားရ၏။

=======

​နေ့လယ်ကျ​တော့ ကုံး​ဖေးလန် သူတို့နဲ့ညစာအတူစားသည်။

ညစားစားပြီး​တော့ လူအနည်းစုက Three kingdoms ကစားရန် သွားကြ၏။

လျို​ဟွေးက သမ်း​ဝေလျက်။

" ​ခေါင်း​ဆောင် အနိုင်အရှုံးအတွက်က ဆု​ပေးဒဏ်​ပေးရှိလား? "

" အင်း မင်းတို့ရှုံးရင် ရှုံးတဲ့သူက နိုင်တဲ့သူအတွက် ကားနဲ့ ထိန်းသိမ်းထားတဲ့ ပစ္စည်း​တွေ​ဆေး​ပေးရမယ် "

" ​ကောင်းပြီ ဒီတစ်ပတ်က ကျွန်​တော့်အလှည့်ပဲ ကျွန်​တော် နိုင်ရမယ် ! "

လျှို​ဟွေးက စားပွဲ​ပေါ်တင်ထား​သော ကတ်များကိုရိုက်ချကာ အားမာန်ဖြင့်ဟစ်​ကြွေးသည်။

" မီးကွ! "

" စိတ်ပျက်စရာ ဆုံးဖြတ်ချက် ​ဟေး အနီ "

" ရွှိ အ​ကြောင်းမ​တွေးချင်ဘူး "

" ငါ့အတွက်​​တော့ ပျော်စရာပဲ " ရန်ရိ ​အော်သည်။

" ​နောက်ဆုံးလက်ထဲမှာ ကတ်မရှိ​တော့ဘူးကွ !"

လီဆာကပြောလာသည်။

" ​ခေါင်း​ဆောင် ရှုံးရင်လည်း ကား​ဆေးရမှာ​နော် ခြွင်းချက်မရှိဘူး "

" ငါမရှုံးဘူး "

" ​ပြောဖို့ခက်တယ် " 

စွန်းတင်းရိ ကညစ်ကျယ်ကျယ်ပြုံးသည်။

" မင်းအခု နတ်ဘုရားမ နဲ့ ညစ်လို့မရ​တော့ပါဘူး"

[T/n : ရန်ရိ က ဂိမ်းထဲမှာ နတ်ဘုရားမဆိုတဲ့ ID နဲ့ ညစ်တယ်​ရော □>□ ]

" ဘယ်သူက နတ်ဘုရားမလဲ? "

ကုံး​ဖေးလန် ​မေးလိုက်ပြီး ငိုသံဖြင့် :

" ​ခေါင်း​ဆောင်ရန်မှာ ​ကောင်မ​လေး မရှိပါဘူး​နော်...."

အားလုံး ရယ်ကြသည်။

ရန်ရိ သူ့မှာသွေးတစ်စက်သာသာပဲ ကျန်​တော့​ကြောင်း​တွေ့လိုက်ရပြီး ကတ်ခိုးဖို့ အာရုံထားလိုက်၏။

သူ့လို ဂုဏ်သ​ရေရှိ စခန်း​ခေါင်း​ဆောင်သာ ကား​ဆေးရလို့က​တော့....

အခုကတည်းက အလွန်အရှက်ရပြီး အပြစ်တင်ခံရ​ပေ​တော့မည်။

ကုံး​ဖေးလန်ရဲ့ အ​မေးကို အခွင့်​ကောင်းယူမလို့တင်ရှိ​သေး သတိ​ပေးသံထမြည်​လေ၏။

စစ်သားများ ချက်ချင်း ထရပ်ကာ​အောက်​ပြေးဆင်းကြပြီး ​ကောင်းကယ်က​ အော်ဖို့မ​မေ့​လျော့​ပေ။

" ပြန်လာမှ ဆက်​​ဆော့ကြမယ်​​ဟေ့ "

ရန်ရိ တမင်တကာ နောက်ဆုံးမှထွက်ရန် ​ခြေလှမ်းအနည်းငယ် ​နှေးလိုက်ပြီး စားပွဲပေါ်မှကတ်များကို ​ရောလိုက်သည်။

ကုံး​ဖေးလန်က ရန်ရိကို လက်ညှိုးထိုးသည်။

" ရှင်..."

ရန်ရိ သူ(မ)ကို မျက်စိမှိတ်ပြလိုက်ပြီး :

" အိမ်​စော​စောပြန်​ "

​အောက်ထပ်ဆင်းရင်း ဂျူတီ၀င်​နေ​သောတွဲဖက် အ​ရေး​ပေါ်ထမ်းက ရန်ရိကို အစီရင်ခံသည်။

" ​ခေါင်း​ဆောင်ရန် ကန်းလန်ပုံနှိပ်စက် မီး​လောင်တာပါ လုပ်ငန်းခွင်မီးသတ်တပ်ဖွဲ့ကလည်း မီးငြိမ်းသတ်ဖို့ကြိုးစားခဲ့​ပေမယ့် မ​အောင်မြင်ဘူး "

[ T/N : လုပ်ငန်းခွင် မီးသတ်တပ်ဖွဲ့ဆိုတာက လုပ်ငန်းခွင်မှာ တာ၀န်ချထားဖို့ ​အေဂျင်စီသ​ဘောမျိုး အလုပ်လုပ်​ပေးတဲ့မီးသတ်သမား​တွေပါ အခ​ကြေး​ငွေ​ပေးရပါတယ် သူတို့ကိုက၊ မီး​လောင်တတ်တဲ့ စက်ရုံ​တွေ ဘာ​တွေမှာ မီးကင်း​စောင့်အ​နေနဲ့ ထားရပါတယ် သာမန်လူ​တွေမဟုတ်ဘဲ ​သေချာ train ထားတဲ့သူ​တွေပါ ]

" ကန်းလန် ပုံနှိပ်စက်? "

ရန်ရိ သူ့၀တ်စုံကို၀တ်​နေရင်း လှမ်း​အော်လိုက်သည်။

" လီဆာ! "

" ရှိ! "

" အ၀တ်လဲပြီး ကားနဲ့လိုက်ခဲ့ "

လီဆာ အားပါးတရပြုံး၍ စိတ်အားထက်သန်စွာ ​အော်​ပြောသည်။

" ဟုတ်ကဲ့! "

ကားထဲ၀င်ပြီးကြ​တော့ ရန်ရိ လီဆာကို ​မေးသည်။

" မင်းမကြာခင်ကမှ ​မြေပြင်အ​နေအထား​လေ့လာဖို့ ကန်းလန်ပုံနှိပ်စက်ကို ​​လေ့လာထားတယ်မလား? လမ်း​ကြောင်းမှာ ယာယီအပြောင်းအလဲရှိလား? "

တပ်ဖွဲ့သားအသစ် ၃​ယောက်လုံး နယ်​မြေနှင့်အကျွမ်းတ၀င်ရှိ​နေပြီးဖြစ်​သော်လည်း လူတိုင်း​ရွေးတဲ့လမ်း​ကြောင်းချင်းမတူကြ​ပေ။

တနင်္လာ​နေ့က လီဆာ​ပြောခဲ့တာကို သူ​ရေး​တေး​တေးမှတ်မိ​သေး၏။

" မရှိပါဘူး အ​ရှေ့မျန်ထိုက်လမ်းကြောင်းက အတိုဆုံးပဲ ဒါ​ပေမယ့် လမ်းမှာ ယာဥ်​ကြောပိတ်ဆို့တာ​ရှိလောက်​တော့ ဟိုင်သဲလမ်းက​နေ ဖုန်းယွမ်လမ်းကို ဖြတ်တက်တာပိုမြန်လိမ့်မယ် "

" ဟိုင်သဲဘက်​သွားစို့ "

ရန်ရိ ထပ်​ပြောလိုက်သည်။

" ပတ်၀န်းကျင်ထိန်းသိမ်း​ရေးအဖွဲ့က ကန်းလန်ပုံနှိပ်စက်ကို​ခြောက်လမ်းဆီ ​ရွှေ့ဖို့ပြောထားတယ်မလား? "

လီဆာ ​ခေါင်းညိတ်သည်။

" ဟုတ်တယ် ကန်းလန်က ထုတ်လုပ်​ရေးကို​ရွှေ့လိုက်တယ် ကုန်ကြမ်းသို​လှောင်ရုံက​တော့ ​ရွှေ့ဖို့အချိန်မရဘူး ကျွန်မအရင်တစ်​ခေါက်သွားတုန်းက အထဲမှာမီးသတ်သမား​​တွေကလွဲပြီး ဘယ်သူမှမရှိ​တော့ဘူး ကျွန်မသူတို့ရဲ့ မီးသတ်စွမ်းရည်ကို သံသယ၀င်မိတယ် "

သူတို့ ၀င်းအတွင်း၀င်သွား​တော့ ​ကောင်းကင်​ပေါ်သို့ တလွင့်လွင့်တက်လာ​နေ​သော မီးခိုးများကို​တွေ့ရပြီး မီးခိုး​ငွေ့​တွေကို ခန်းမှန်းကြည့်ရသ​လောက်​တော့ မီးမကြီး​ပေ။

မီးသတ်ကားကို မီး​လောင်​နေ​သည့်ကုန်လှောင်ရုံ​ရှေ့တွင် ရပ်လိုက်သည်။

ကုန်​လှောင်ရုံ အ​ပေါက်၀က​အ​တော်ကြီးပြီး အထဲက အပုံကြီးက​တော့ နီရဲတက်လာလျက်။

လုံခြုံ​ရေးအ​စောင့်များက မီးသတ်ဆေးဘူးများကိုင်ကာ ​မျှော်လင့်ချက်မဲ့ကြည့်​နေကြသည်။

" ​ခေါင်း​ဆောင် မီးသတ်ဘုံပိုင်​တွေမှာ ​ရေမရှိဘူး "

ရန်ရိပြောလိုက်သည်။

" ခင်များတို့ပဲလား? အခြားသူ​တွေပိတ်မိ​နေ​သေးလား? "

" ဟင်အင်း "

" ​ကောင်းကယ် ​ရေအသင့်ပြင်ထား စွန်းတင့်ရိ ငါနဲ့လိုက်ကြည့်ကြည့် "

" ​ခေါင်း​ဆောင် ကျွန်မ​သွားလို့ရလား? "

လီဆာ ​မေးလာသည်။

ရန်ရိ သူ(မ)ကို ​လှမ်းကြည့်လိုက်ပြီး :

" လာခဲ့ "

လူနည်းစုက ကုန်​လှောင်ရုံထဲ ၀င်သွားကြသည်။ အထဲ၌

စက္ကူထုတ်လုပ်သည့် ကုန်ကြမ်းများဖြစ်​သော ဖန် ၊ ကြိတ်သားစများနှင့် ကုန်​လျှော်မျှင်များရှိ​နေပြီူ အားလုံးက မီး​လောင်လွယ်သည်များပင်။

[T/n : ကြိတ်သားစလို့ပဲ​ရေးလိုက်တယ် တကယ်​တော့ ကြံရည်​စစ်ထုတ်ပြီး ​ကြေသွားတဲ့ ကြံကြိတ်စ​တွေပါ (စက္ကူဝါကြံ့ကြံ့​လေး​တွေက အဲ့တာကလုပ်တာဖြစ်မယ် မိုက်) ]

ရန်ရိ ​အော်​ပြောလိုက်သည်။

" ခင်များတို့ ပစ္စည်း​တွေကို ဘာလို့အမှိုက်လိုပုံထားတာလဲ ထူလိုက်တာ ပြီး​တော့ ကုန်​လှောင်ရုံထဲကအပူချိန်ကလည်း အရမ်းမြင့်တယ် ဘာလို့အပူ​ပြောင်းတာမျိုးမလုပ်တာလဲ? "

[T/n :  အပူလွှဲ​ပြောင်းတာ အပူချိန်မြင့်တဲ့ဆီက​နေ နိမ့်တဲ့ဆီကို​ပြောင်းပြီး သတ်မှတ်ထားတဲ့အပူချိန်ကို ညှိထားတာပါ ]

လုံခြုံ​ရေးအ​စောင့်များ တစ်​ယောက်ကို တစ်​ယောက်ကြည့်ကြသည်။

" လီဆာ မီး​လောင်လွယ်တဲ့ပစ္စည်းတွေ စုပုံထားတာနဲ့ သို​လှောင်တာအတွက် မီးကာကွယ်​ရေးလိုအပ်ချက်​တွေ ​ပြောပြလိုက် "

" ကုန်ကြမ်း​တွေကို အမျိုးအစားလိုက်ခွဲထားရမယ်

သို​လှောင်ရုံမှာ ကုန်ကြမ်းတစ်မျိုးတည်းပဲထားမယ်လို့ အာမ,မခံနိုင်တာမို့ ကုန်ကြမ်းအမျိုးအစား​တွေကို ပိုင်းကန့်ထားဖို့လိုတယ်

အစုအပုံ တစ်ခုနဲ့တစ်ခုကြား အကွာအ​ဝေးက 1 မီတာ​အောက်​လျော့လို့မရဘူး နံရံနဲ့ 0.5 မီတာ​အောက်နည်းလို့မရဘူး အစုအပုံတစ်စုရဲ့ ကြမ်းပြင်ဧရိယာကလည်း 100 စတုရန်းမီတာထက် မကြီးရဘူး "

လီဆာ အမြန်​ပြောလိုက်သည်။

" စက္ကူထုတ်ကုန်ကြမ်း​တွေရဲ့ အပူချိန်က 60° ​ကျော်လာပြီဆို အပူ​​ပြောင်းဖို့လုပ်ရ​တော့မယ် ရှင်တို့ဘယ်အဆင့်မှမမီဘူး "

ရန်ရိ ​ခေါင်းညိတ်သည်။

လုံခြုံ​ရေး၀န်ထမ်းက ငိုမဲ့မဲ့ဖြင့်​ပြောလာ၏။

" အဲ့လိုအစီစဥ်တကျလုပ်​နေဖို့ အချိန်ဘယ်​လောက်​တောင်လိုမလဲဗျာ အဲ့အချိန်မှာပဲ ပရမ်းပတာ​တွေဖြစ်ပြီး အချို့ပစ္စည်း​တွေ​တောင် ကျန်​ခဲ့သေးတယ် "

" ဒီလို ပူတဲ့​နေ့​တွေမှာ ကုန်ကြမ်းအများစုက အလိုလိုမီးထ​တောက်တတ်တယ် အရမ်းတာ၀န်မဲ့တာပဲ "

စွန်းတင်းရိ က​ပြောသည်။

" မီးက တတိယအစုကို စွဲ​တော့မယ် ဒီကအပူလှိုင်းကအရမ်းမြင့်​တော့ ထုံးစံအတိုင်း အခြားအစု​တွေကိုပါ ကူးမှာပဲ "

ရန်ရိ အမိန့်​ပေးလိုက်သည်။

"အပြင်သွားပြီး မီးသတ်ပိုက်​ခေါင်းယူ မီးသတ်ပိုက် ၂ ခုနဲ့မီးသတ်ဖို့လုပ်ကြပြီးရင် တစ်ခန်းလုံးကိုအ​အေးခံဖို့ ​ရေဖြန်းပိုက်တစ်ခုဆွဲခဲ့ ၊ ဖယ်ထုတ်လို့ရတဲ့ အပုံတွေကို ရသ​လောက်ဖယ်မယ် "

" ကျွန်​တော်တို့စက်ရုံမှာ ကားတစ်စီးပဲရှိတယ်...."

ရန်ရိ intercom ကိုနှိပ်လိုက်ပြီး :

" ဌာနချုပ် ဖီးနစ်တပ်ဖွဲ့ကပါ စက္ကူစက်က ကုန်ကြမ်းအပုံ​တွေမီး​လောင်လို့ မီးကူးလွယ်တဲ့ပစ္စည်း​တွေကို ​ရွှေ့​ပြောင်းဖို့လိုတယ် စက်မှုယာဥ်​တွေ အကူအညီ​တောင်းလို့ရမလား "

" နားလည်ပါပြီ "

​ကောင်းကယ်က မီးသတ်ဖို့နဲ့ မီးထပ်မပျံ့​အောင်တားဆီးဖို့ အဖွဲ့တစ်ဖွဲ့​ခေါ်လာပြီး စွန်းတင့်ရိက ကုန်ကြမ်း​တွေကို မီး​လောင်တဲ့​နေရာက​နေ တစ်စုစီ​ရွှေ့​ပြောင်းဖို့အတွက် ​ဆောက်လုပ်​ရေးယာဥ်တွေ ​ခေါ်လာခဲ့သည်။

ကုန်​လှောင်ရုံက မြင့်မားလှသည့်အပူရှိန်​ကြောင့် ပူစပ်​နေပြီးဖြစ်ကာ မီးလျှံများရဲ့အပူရှိန်က ပို၍​တောင့်မခံနိုင်စရာဖြစ်ရ၏။

တပ်သားများက ၎င်းတို့ထမ်း​ဆောင်ရမည့် တာ၀န်များကို တိတ်တဆိတ်သာ လုပ်​ဆောင်ကြသည်။

ကျယ်​ပြောလှသည့်​နေရာရှိ မီး​လောင်ပြီး​သော အစု ၃ စုကိုဖယ်ရှားရန် အချိန် ၃ နာရီ​ပေးလိုက်ရ၏။

မီး​လောင်​သောအစုများနှင့် မီးကူလွယ်သည့်ပစ္စည်းများအားလုံးကို ​နောက်ဆုံး​တော့ ​ရွှေ့​ပြောင်းပြီးသွား​ချေပြီ။

နောက်မှ ​ရောက်လာ​သော စက်ရုံပိုင်ရှင်က ရှင်းပြရန် ရန်ရိ​​နောက်လိုက်ကာ အသနားခံ​သော်လည်း ရန်ရိ ထိုသူ့ကို လျစ်လျူရှုထားလိုက်သည်။

ကံ​ကောင်းလို့သာ ကုန်​လှောင်ရုံပဲမီး​လောင်တာ။

စက္ကူထုတ်​လုပ်ရေးတစ်ခုလုံး၌ အန္တရာယ်များ​သော ဓါတုပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများပါ၀င်​သေးသည်။

ကုန်​လှောင်ရုံမီး​လောင်လည်း အစုအပုံမီးစွဲသွားတာက အ​တော်အန္တရာယ်များပြီး မီးမ​တော်တဆမှု​တွေကိုလည်း အလွယ်တကူ ဖြစ်​စေနိုင်သည်။

သူတို့အချိန်မီ ​ဖြေရှင်းလိုက်​တော့ ကံ​ကောင်း​ထောက်မလို့ အဆုံးအရှုံးမများ​ပေ။

သို့​ပေမယ့် ဒဏ်​ကြေးအ​မြောက်အများက​တော့ မ​တောင်းလို့မဖြစ်။

မီးငြိမ်းသတ်ပြီး​နောက် ပါ၀င်သည့်တပ်သားအားလုံး မျက်နှာထက်၀ယ် အမဲ​ရောင်နှင့် မီးခိုးများ​ပေလူး​နေကာ 40 ကီလိုဂရမ်ထက်ပို​သော အ​လေးချိန်ရှိသည့် ၀တ်စုံများ၀တ်ထားကြရ​သေးသည်။

အပူချိန်မြင့်​သော မီးအခင်း​နေရာ၌ နာရီအနည်းငယ်​နေခဲ့ကြရပြီး ​ချွေးနှင့် မီး​သွေးတို့​ရောသမ​နေလျက် ကြံခိုင်သော အားလုံးမျက်နှာထက် ​ပင်ပန်းမှုသာ ရေးဖွဲ့ထား​တော့သည်။

ရန်ရိ လီဆာရဲ့ ရယ်စရာပြာလူးမိတ်ကပ်ရိုက်ထားသည် နှင့်အလားတူ​သော ' သရဲမျက်နှာ ' ကိုလှမ်းကြည့်လိုက်ပြီး

​လှောင်ရယ်လိုက်သည်။

လီဆာ သူ့မျက်နှာကိုပွတ်သုတ်လိုက်ပြီး သူ့လက်မဲသွားသည်ကိုကြည့်ကာ ပြုံး၏။

ရန်ရိ ​နောက်လိုက်သည်။

" မင်းက မိန်းမ​လှလေးလို့​ပြော​ပေမယ့်လည်း ဒီလိုအလုပ်မျိုးလာလုပ်ရတာပဲ "

လီဆာ ရန်ရိကို တည့်တည့်ကြည့်လိုက်ပြီး

သူ့မျက်လုံးများက​တော့ ​တောက်ပ​နေသည်။

" အဲ့တာဆို ကျွန်မအလုပ်လုပ်တာ ဘယ်လိုလဲ? ​ခေါင်း​ဆောင် "

" ​အင်း မင်းဒီ​နေ့ ​ကောင်း​ကောင်းလုပ်ခဲ့တယ် "

" ကျွန်မ​ရွေးချယ်တဲ့အလုပ်ကို ကျွန်မလုပ်နိုင်ပါတယ် "

လီဆာ ပြုံးသည်။

ရန်ရိ သူ့ပခုံးကိုပုတ်​ပေးလိုက်ပြီး

" ဆက်ကြိုးစား "

×××××××××××××××××

sorry သဘက်ခါကျရင် တစ်ခုထပ်တင်​ပေးမယ်

ဒီ​နေ့ double update မလို့ရာ ရုတ်တရက် အ​ညှော်​တွေမိ ပင်ပန်းပြီး ​ခေါင်း​တွေအ​သေကိုက်​နေလို့ ဒါ​တောင်မနည်းတင်လိုက်ရတယ်

gomen~

ဟက်ပီးတန်​ဆောင်တိုင်ပါခင်မျ ♡

________

[ ZAWGYI ]

တစ္လနီးပါးေလာက္ ေပၚမလာေသာ ကုံးေဖးလန္က စခန္းသို႔ အသိမေပးဘဲ ေရာက္ခ်လာသည္။

သူ(မ) လာတဲ့အခ်ိန္က အလြန္ကိုအခ်ိန္အခါသင့္လွသည့္ သူတို႔ မနက္ပိုင္းေလ့က်င့္ခန္းၿပီးခ်ိန္ပင္။

ေန႔လယ္စာမစားခင္အထိ အားလပ္ခ်ိန္ၾကားျဖစ္ၿပီး

သူ(မ) စခန္းရဲ႕ ေန႔စဥ္လုပ္ငန္းကို ေလ့လာထားသည္မွာ သိသာ၏။

စခန္းထဲက တပ္သားအားလုံး သူ(မ) ကိုသိေနၾကၿပီး သူ႔ကိုေတြ႕ေတာ့ ဝိုင္းစၾကသည္။

" ညီမေလး ေဖးလန္ မင္းဒီကိုမလာတာေတာင္ ၾကာၿပီေနာ္ ေႏြရာသီအားလပ္ရက္မွာ အိမ္စာေတြ မၿပီးႏိုင္ေသးလို႔မ်ားလား? "

ကုံးေဖးလန္ ခပ္ဖြဖြႏွာေခါင္းရႈံ႕သည္။

" အဲ့တာက ၿပီးသြားၿပီ "

ရန္ရိ သူ႔(မ) ေခါင္းကို ပုတ္လိုက္သည္။

" မင္း ဒီကိုလာတာ မင္းအစ္ကိုသိလား? "

" သူက ကြၽန္မအုပ္ထိန္းသူမွ မဟုတ္တာ ဘာလို႔သိရမွာလဲ "

" အဲ့တာဆို ကိုယ္သူ႔ကိုေျပာရမယ္ "

ရန္ရိ သူ႔ဖုန္းကို ထုတ္လိုက္သည္။

" သူသိတယ္! "

ကုံးေဖးလန္ အျမန္ေျပာလိုက္သည္။

" ကြၽန္မ သူ႔အိမ္ကပဲလာတာ "

" ဟမ္? သူမင္းကို မတားဘူးလား? "

" ကြၽန္မ ရွင့္အတြက္ အရသာရွိတဲ့စားစရာေတြ အမ်ားႀကီးယူလာတယ္ "

ကုံးေဖးလန္ ရန္ရိ ေမးခြန္းကိုမၾကားခ်င္ေယာင္ေဆာင္လိုက္ၿပီး စားပြဲေပၚက အိတ္ကို သူ႔လက္ထဲထည့္ေပးလာသည္။

ရန္ရိ ကူကယ္ရာမဲ့လ်က္ ေျပာလိုက္၏။

" ေဖးလန္ ကိုယ္အႀကိမ္အမ်ားႀကီး ေျပာၿပီးသားပဲေလ ဘာမွယူမလာခဲ့နဲ႔လို႔ "

" အစားအေသာက္ပဲေလ ေငြမကုန္ပါဘူး ေနာက္ၿပီး ဒါကလည္း ကြၽန္မယူလာခ်င္တာမဟုတ္ဘူး "

ရန္ရိ မ်က္ခုံးပင့္လိုက္ကာ အနည္းငယ္ အံ့ၾသသြားသည္။

ျဖစ္ႏိုင္တာက.....

" ဦးေလး ရွန႔္က ကြၽန္မကိုယူသြားခိုင္းလိုက္လို႔ "

ရန္ရိ မထင္မွတ္ဘဲ စိတ္ပ်က္သြားရ၏။

[ T/n : သူ႔ကုံးကုံးမ်ား ေပးလိုက္တာလားဆိုၿပီး ေမွ်ာ္လင့္ေနတာ မဟုတ္ေတာ့ စိတ္ပ်က္တယ္ေပါ့ :3 ]

" ဦးေလးရွန႔္က အရမ္းျပဴငွာေနပါၿပီ "

" ရွင္က ကြၽန္မကိုကယ္တဲ့ မီးသတ္သမားဆိုတာ သူသိတယ္တယ္ေလ အဲ့တာေၾကာင့္ ဒီသေရစာေတြ အကုန္လုံး ယူသြားခိုင္းတာ "

ကုံးေဖးလန္ ေလာကြတ္ျပဳလိုက္သည္။

" အားလုံးလာစားၾကပါရွင့္ "

" အစားေကာင္းေတြေဟ့ "

တစ္ေယာက္က စိတ္လႈပ္ရွားကာေအာ္လိုက္သည္။

ခြၽီယန္ေပါင္က ရယ္ကာေမာကာျဖင့္ ဆူပူလိုက္၏။

" စခန္းကအစားအေသာက္တင္ပဲ အေတာ္ေကာင္းေနပါၿပီ မင္းက ဘာကိုထပ္ေကာင္းခ်င္ေသးလို႔တုန္း? Dunton ပင္လယ္ေမွ်ာ့နဲ႔ ငါးမန္းေတာင္ဟင္းခ်ိဳကို "

လူအုပ္စုက ေနာက္ေနာက္ေျပာင္ေျပာင္နဲ႔ပဲ သေရစာေတြခြဲေဝလိုက္ၾကသည္။

ကုံးေဖးလန္က ရန္ရိေဘးတြင္ထိုင္ကာ ပူတင္းတစ္ခုကိုကိုင္ထားၿပီး ရန္ရိကိုလွမ္းေပးလာလ်က္  သူ႔(ရန္ရိ)ကို ၾကည့္ေနေသာမ်က္လုံးမ်ားက ဘလင္းဘလင္းထေနသည္။

ရန္ရိ ယူလိုက္ၿပီး တစ္ကိုက္စားလိုက္၏။

" အင္း အရသာရွိတယ္ မင္းေက်ာင္းျပန္တက္ရေတာ့မလား? "

" မၾကာေတာ့ဘူး ေခါင္းေဆာင္ရန္ ဦးေလးရွန႔္က ရွင့္အတြက္ အျပည့္အဝကို ခ်ီးမြမ္းေပးေနတာ၊ ရွင္က ကြၽန္မဝမ္းကြဲနဲ႔ စုံစမ္းေရးအတူလုပ္ၿပီး ဝမ္းကြဲအိမ္ကိုလည္း ေရာက္ခဲ့တယ္တဲ့ "

" ဟုတ္တယ္ ဘားမီးေလာင္တဲ့အမႈကိုေတာ့ မစစ္ရပါဘူး ဒါေပမယ့္ ေခါင္းေဆာင္က မီးစုံစမ္းေရးကူညီဖို႔ေျပာလို႔ "

ကုံးေဖးလန္ ဝမ္းပန္းတသာေျပာသည္။

" ဝမ္းကြဲက အျပင္လူေတြကို သူ႔အိမ္ေခၚမလာဖူးဘူး ကြၽန္မတကယ္ပဲ ရွင္တို႔ သူငယ္ခ်င္းျဖစ္မယ္မထင္ထားမိတာ မယုံႏိုင္စရာပဲ "

" ကိုယ္တို႔မဟုတ္......."

ကုံးေဖးလန္က ႐ုတ္တရက္ high-fight လုပ္ကာ အတည္အတံ့ ေျပာလာသည္။

" အဲ့လိုဆိုေတာ့ ေနာက္ကြၽန္မတို႔ မဂၤလာေဆာင္ရင္ ကြၽန္မတို႔သူ႔(ကုံးရင့္ရွန္) ကို နမ္းသင့္တယ္ "

ရန္ရိ ခ်က္ခ်င္း ပူတင္းနင္သြား၍ မ်က္ႏွာရဲတက္လာကာ သည္။

သူ ေခ်ာင္းျပင္းျပင္းထန္ထန္ဆိုးလိုက္ကာ ေလးေလးပင္ပင္ေျပာလိုက္၏။

" ကေလးငယ္ ေပါက္တတ္ကရေတြမေျပာနဲ႔..."

ကုံးေဖးလန္က တခစ္ခစ္ရယ္သည္။

" ကြၽန္မဒီေန႔လာတာက ကြၽန္မလက္မေလွ်ာ့ေၾကာင္းေျပာဖို႔ အခု ရွင္က ကြၽန္မဝမ္းကြဲနဲ႔သူငယ္ခ်င္းျဖစ္သြားေတာ့ ကြၽန္မ အခြင့္အေရးပိုရလာတာေပါ့ "

ရန္ရိမွာ သူနဲ႔ကုံးရင့္ရွန္က သူငယ္ခ်င္းမ်ားမဟုတ္ေၾကာင္း ရွင္းျပေနရသည္ကိုပင္ ပင္ပန္းလာရ၏။

" ကြၽန္မတကယ္ကို ဝမ္းသာတယ္ "

ကုံးေဖးလန္အမူအရာက ျငင္သာသည္။

" ရွင္နဲ႔ ကြၽန္မဝမ္းကြဲနဲ႔ သူငယ္ခ်င္းေတြျဖစ္သြားတာကို ကြၽန္မအတြက္ပဲမဟုတ္ဘူး ဝမ္းကြဲအတြက္ပါ တကယ္ဝမ္းသာမိတယ္

ရွင္က ထူးျခားသူတဲ့တစ္ေယာက္၊ လူေကာင္းတစ္ေယာက္မို႔ သူ ရွင္နဲ႔ သူငယ္ခ်င္းျဖစ္ႏိုင္တာ လူတိုင္းစိတ္ခ်မ္းသာရတယ္ "

ရန္ရိ မ်က္ခုံးတြန႔္သြားသည္။

" သူ....သူ႔မွာ သူငယ္ခ်င္းတစ္ေယာက္မွမရွိဘူးလား? "

ကုံးေဖးလန္ ေခါင္းခါ၏။

" သူက သူ႔ကိုယ္သူပိတ္ပင္ထားတာ ေဆြမ်ိဳးေတြရင္းရင္းႏွီးႏွီး မေနႏိုင္ေအာင္လို႔ "

" ဘာလို႔ဒီလို စ႐ိုက္မ်ိဳးရွိရတာလဲ? ေမြးကတည္းက? "

" ဘယ္လိုျဖစ္ႏိုင္မွာလဲ ဘယ္သူမွဒီလိုမ်ိဳး ေမြးဖြားမလာဘူး "

ကုံးေဖးလန္ သက္ျပင္းခ်သည္။

" ဝမ္းကြဲက ကြၽန္မဘဝမွာေတြ႕ဖူးသမွ်ထဲ ၾကည့္အေကာင္းဆုံးနဲ႔ smart အက်ဆုံးသူတစ္ေယာက္ပါ သူ႔လိုလူမ်ိဳးက ထင္ေပၚေက်ာ္ၾကားသင့္တယ္ ဒါေပမယ့္..."

ရန္ရိ ကုံးေဖးလန္ကို တိတ္တိတ္ဆိတ္ဆိတ္ ၾကည့္ေနလိုက္သည္။

" ဝမ္းကြဲရဲ႕မိသားစု၊ သူငယ္ငယ္ကတည္းကဆုံးသြားၾကတာ "

ရန္ရိ ေတာင့္တင္းသြားရသည္။

" ....ဘာလို႔လဲ? "

" ကြၽန္မမသိဘူး အဲ့တာက ကြၽန္မမေမြးခင္အခ်ိန္ေလာက္ကပဲ လူႀကီးေတြက ကြၽန္မကိုမေျပာျပဘူး သူတို႔ၾကည့္ရတာ အဲ့ကိစၥကိုထုတ္ေျပာဖို႔ေတာင္ စိုးထိတ္ေနၾကသလိုပဲ ဘာပဲျဖစ္ျဖစ္ပါ ဝမ္းကြဲကအရမ္းသနားဖို႔ေကာင္းတယ္ "

ကုံးေဖးလန္ ႏႈတ္ခမ္းမ်ားတင္းတင္းေစ့လိုက္သည္။

" ကြၽန္မသိပါတယ္ တစ္ခါတေလ သူစကားေတြကတကယ္ပဲ အခြၽန္နဲ႔ဆြသလိုျဖစ္ေပမယ့္ ရွင္သူ႔ကို ေဗြမယူဖို႔ေမွ်ာ္လင့္ပါတယ္ "

ရန္ရိ မ်က္စိေရွ႕မွာေတာ့ ကုံးရင့္ရွန္က လူေတြကို သမံကာလွ်ံကာနဲ႔ စိမ္းစိမ္းကားကားဆက္ဆံၿပီး အနည္းငယ္ ေအးစက္သည္။

ကေလးဘဝအေျပာင္းအလဲမ်ားက လူတစ္ေယာက္ကိုေျပာင္းလဲေစ၏။

ကုံးရင့္ရွန္မွာ ခါးသက္သက္အေတြ႕အႀကဳံေတြရွိလိမ့္မယ္လို႔ သူမထင္ခဲ့။

သူ႔စ႐ိုက္က ဒီလိုမ်ိဳးေျပာင္းသြားတာလည္း အံ့ၾသစရာမရွိပါေခ်.....

ရန္ရိ ေရတစ္ငုံေသာက္လိုက္ကာ သူ႔ခံစားခ်က္ေတြကို ျပန္သိမ္းဆည္းလိုက္သည္။

" မစိုးရိမ္ပါနဲ႔ ကိုယ္သူ႔ကို ေဗြမယူပါဘူး "

ကုံးေဖးလန္ ၿပဳံးကာေျပာသည္။

" ရွင္ေဗြမယူမွန္းသိပါတယ္ ရွင္တစ္ေယာက္ပဲကြၽန္မဝမ္းကြဲနဲ႔ ေပါင္းသင္းႏိုင္ေလာက္မယ္ "

" ကိုယ္တို႔ကလည္း ေပါင္းမေနၾကပါဘူး "

ရန္ရိ မတတ္သာပဲေျပာလိုက္သည္။

" ၾကည့္ ဒီေန႔ကြၽန္မ ရွင္နဲ႔ေတြ႕ခ်င္တယ္ေျပာေတာ့ ဝမ္းကြဲကမတားဘူးေလ ရွင္ကလူေကာင္းမွန္း သူသိေတာ့ အိမ္ကိုေစာေစာျပန္ဖို႔ပဲေျပာလိုက္တယ္ "

ရန္ရိ ကုံးေဖးလန္စကားကို ေသေသခ်ာခ်ာေတြးၾကည့္လိုက္ေတာ့ အနည္းငယ္အသုံးဝင္သည္။

သူနဲ႔ကုံးရင့္ရွန္ ပထမဆုံးေတြ႕တုန္းက တကယ္ကိုကပ္သီးကပ္ဖဲ့ႏိုင္ၿပီး သူ႔ကို သူ႔(ကုံးရင့္ရွန္) ရဲ႕ အသက္မျပည့္ေသးတဲ့ညီမနဲ႔ မေတာ္တေရာ္လုပ္တယ္လို႔ အထင္လြဲခဲ့ေသး၏။

အခုေတာ့ သူ႔ညီမကို စိတ္ခ်လက္ခ် လာေတြ႕ခိုင္းႏိုင္ၿပီ။

ကုံးရင့္ရွန္ႏွလုံးသား(စိတ္) ထဲမွာ သူကအရမ္းကြဲျပားသြားၿပီလည္း ျဖစ္ႏိုင္ေပသည္။

ထိုအခ်ိန္တြင္ အျခားအဖြဲ႕သားမ်ား ကန္တင္းသို႔ေလွ်ာက္ဝင္လာၾက၍ ခြၽီယန္ေပါင္က ေျပာလိုက္သည္။

" လီဆာ သေရစာေတြလာျမည္းၾကည့္ပါဦး "

ကုံးေဖးလန္ မ်က္ႏွာလွည့္ၾကည့္လိုက္ေတာ့ တအံ့တၾသျဖင့္ ပါးစပ္အေဟာင္းသား ျဖစ္သြားသည္။

" အာ ဒီမွာ မိန္းကေလးမီးသတ္သမား ရွိတယ္ေပါ့? "

လီဆာ သည္လည္း အံ့ၾသသြားသည္။

" ဘာလို႔ ကေလးမေလးက ဒီေရာက္ေနတာလဲ? "

ေကာင္းကယ္ ႏွင့္အျခားသူမ်ားကေတာ့ႀကိတ္ရယ္ရင္း ရန္ရိ ကိုၾကည့္လိုက္ၾကသည္။

ရန္ရိ သူတို႔ကို လွမ္းၾကည့္လိုက္ေတာ့ ေကာင္းကယ္က ေခ်ာင္းအသာဟန႔္လိုက္ကာ :

" ဒီတစ္ေယာက္က ၿပီးခဲ့တဲ့လက ေခါင္းေဆာင္ရန္ ကယ္ေပးခဲ့တဲ့သူပါ ၿပီးေတာ့ သူက ေခါင္းေဆာင္ရန္ သူငယ္ခ်င္းရဲ႕ ညီမလည္းဟုတ္တယ္ "

" မဂၤလာပါ " လီဆာက အၿပဳံးျဖင့္ ႏႈတ္ဆက္လိုက္သည္။

" ေဝါင္း မမက အရမ္းေခ်ာတာပဲ မမက ဘာလို႔မီးသတ္သမားလုပ္တာလဲ? "

[ T/n : feili shipper ပဲလုပ္ေတာ့မယ္ ♡ ]

လီဆာ တြန႔္ဆုတ္မေနဘဲ ေျဖလိုက္သည္။

" မမက မီးသတ္သမားျဖစ္ခ်င္လို႔ေလ "

ကုံးေဖးလန္မ်က္ႏွာ၌ ႐ႊင္လန္းေတာက္ပသည့္ အၿပဳံးမ်ိဳးျဖစ္တည္လာသည္။

" အဲ့တာဆို ညီမေရာ မီးသတ္သမား ျဖစ္ႏိုင္လား? "

" ဒါေပါ့ ျဖစ္ႏိုင္ပါတယ္ "

" ညီမ ဘယ္လိုလုပ္ရင္ မီးသတ္သမားျဖစ္ႏိုင္မလဲ...."

ရန္ရိ သူတို႔ႏွစ္ေယာက္ စကားေျပာေနၾကသည္ကိုၾကည့္ကာ သိသိသာသာ ၿပဳံးမိသြားရ၏။

=======

ေန႔လယ္က်ေတာ့ ကုံးေဖးလန္ သူတို႔နဲ႔ညစာအတူစားသည္။

ညစားစားၿပီးေတာ့ လူအနည္းစုက Three kingdoms ကစားရန္ သြားၾက၏။

လ်ိဳေဟြးက သမ္းေဝလ်က္။

" ေခါင္းေဆာင္ အႏိုင္အရႈံးအတြက္က ဆုေပးဒဏ္ေပးရွိလား? "

" အင္း မင္းတို႔ရႈံးရင္ ရႈံးတဲ့သူက ႏိုင္တဲ့သူအတြက္ ကားနဲ႔ ထိန္းသိမ္းထားတဲ့ ပစၥည္းေတြေဆးေပးရမယ္ "

" ေကာင္းၿပီ ဒီတစ္ပတ္က ကြၽန္ေတာ့္အလွည့္ပဲ ကြၽန္ေတာ္ ႏိုင္ရမယ္ ! "

လွ်ိဳေဟြးက စားပြဲေပၚတင္ထားေသာ ကတ္မ်ားကို႐ိုက္ခ်ကာ အားမာန္ျဖင့္ဟစ္ေႂကြးသည္။

" မီးကြ! "

" စိတ္ပ်က္စရာ ဆုံးျဖတ္ခ်က္ ေဟး အနီ "

" ႐ႊိ အေၾကာင္းမေတြးခ်င္ဘူး "

" ငါ့အတြက္ေတာ့ ေပ်ာ္စရာပဲ " ရန္ရိ ေအာ္သည္။

" ေနာက္ဆုံးလက္ထဲမွာ ကတ္မရွိေတာ့ဘူးကြ !"

လီဆာကေျပာလာသည္။

" ေခါင္းေဆာင္ ရႈံးရင္လည္း ကားေဆးရမွာေနာ္ ႁခြင္းခ်က္မရွိဘူး "

" ငါမရႈံးဘူး "

" ေျပာဖို႔ခက္တယ္ " 

စြန္းတင္းရိ ကညစ္က်ယ္က်ယ္ၿပဳံးသည္။

" မင္းအခု နတ္ဘုရားမ နဲ႔ ညစ္လို႔မရေတာ့ပါဘူး"

[T/n : ရန္ရိ က ဂိမ္းထဲမွာ နတ္ဘုရားမဆိုတဲ့ ID နဲ႔ ညစ္တယ္ေရာ □>□ ]

" ဘယ္သူက နတ္ဘုရားမလဲ? "

ကုံးေဖးလန္ ေမးလိုက္ၿပီး ငိုသံျဖင့္ :

" ေခါင္းေဆာင္ရန္မွာ ေကာင္မေလး မရွိပါဘူးေနာ္...."

အားလုံး ရယ္ၾကသည္။

ရန္ရိ သူ႔မွာေသြးတစ္စက္သာသာပဲ က်န္ေတာ့ေၾကာင္းေတြ႕လိုက္ရၿပီး ကတ္ခိုးဖို႔ အာ႐ုံထားလိုက္၏။

သူ႔လို ဂုဏ္သေရရွိ စခန္းေခါင္းေဆာင္သာ ကားေဆးရလို႔ကေတာ့....

အခုကတည္းက အလြန္အရွက္ရၿပီး အျပစ္တင္ခံရေပေတာ့မည္။

ကုံးေဖးလန္ရဲ႕ အေမးကို အခြင့္ေကာင္းယူမလို႔တင္ရွိေသး သတိေပးသံထျမည္ေလ၏။

စစ္သားမ်ား ခ်က္ခ်င္း ထရပ္ကာေအာက္ေျပးဆင္းၾကၿပီး ေကာင္းကယ္က ေအာ္ဖို႔မေမ့ေလ်ာ့ေပ။

" ျပန္လာမွ ဆက္ေဆာ့ၾကမယ္ေဟ့ "

ရန္ရိ တမင္တကာ ေနာက္ဆုံးမွထြက္ရန္ ေျခလွမ္းအနည္းငယ္ ေႏွးလိုက္ၿပီး စားပြဲေပၚမွကတ္မ်ားကို ေရာလိုက္သည္။

ကုံးေဖးလန္က ရန္ရိကို လက္ညႇိဳးထိုးသည္။

" ရွင္..."

ရန္ရိ သူ(မ)ကို မ်က္စိမွိတ္ျပလိုက္ၿပီး :

" အိမ္ေစာေစာျပန္ "

ေအာက္ထပ္ဆင္းရင္း ဂ်ဴတီဝင္ေနေသာတြဲဖက္ အေရးေပၚထမ္းက ရန္ရိကို အစီရင္ခံသည္။

" ေခါင္းေဆာင္ရန္ ကန္းလန္ပုံႏွိပ္စက္ မီးေလာင္တာပါ လုပ္ငန္းခြင္မီးသတ္တပ္ဖြဲ႕ကလည္း မီးၿငိမ္းသတ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ဘူး "

[ T/N : လုပ္ငန္းခြင္ မီးသတ္တပ္ဖြဲ႕ဆိုတာက လုပ္ငန္းခြင္မွာ တာဝန္ခ်ထားဖို႔ ေအဂ်င္စီသေဘာမ်ိဳး အလုပ္လုပ္ေပးတဲ့မီးသတ္သမားေတြပါ အခေၾကးေငြေပးရပါတယ္ သူတို႔ကိုက၊ မီးေလာင္တတ္တဲ့ စက္႐ုံေတြ ဘာေတြမွာ မီးကင္းေစာင့္အေနနဲ႔ ထားရပါတယ္ သာမန္လူေတြမဟုတ္ဘဲ ေသခ်ာ train ထားတဲ့သူေတြပါ ]

" ကန္းလန္ ပုံႏွိပ္စက္? "

ရန္ရိ သူ႔ဝတ္စုံကိုဝတ္ေနရင္း လွမ္းေအာ္လိုက္သည္။

" လီဆာ! "

" ရွိ! "

" အဝတ္လဲၿပီး ကားနဲ႔လိုက္ခဲ့ "

လီဆာ အားပါးတရၿပဳံး၍ စိတ္အားထက္သန္စြာ ေအာ္ေျပာသည္။

" ဟုတ္ကဲ့! "

ကားထဲဝင္ၿပီးၾကေတာ့ ရန္ရိ လီဆာကို ေမးသည္။

" မင္းမၾကာခင္ကမွ ေျမျပင္အေနအထားေလ့လာဖို႔ ကန္းလန္ပုံႏွိပ္စက္ကို ေလ့လာထားတယ္မလား? လမ္းေၾကာင္းမွာ ယာယီအေျပာင္းအလဲရွိလား? "

တပ္ဖြဲ႕သားအသစ္ ၃ေယာက္လုံး နယ္ေျမႏွင့္အကြၽမ္းတဝင္ရွိေနၿပီးျဖစ္ေသာ္လည္း လူတိုင္းေ႐ြးတဲ့လမ္းေၾကာင္းခ်င္းမတူၾကေပ။

တနလၤာေန႔က လီဆာေျပာခဲ့တာကို သူေရးေတးေတးမွတ္မိေသး၏။

" မရွိပါဘူး အေရွ႕မ်န္ထိုက္လမ္းေၾကာင္းက အတိုဆုံးပဲ ဒါေပမယ့္ လမ္းမွာ ယာဥ္ေၾကာပိတ္ဆို႔တာရွိေလာက္ေတာ့ ဟိုင္သဲလမ္းကေန ဖုန္းယြမ္လမ္းကို ျဖတ္တက္တာပိုျမန္လိမ့္မယ္ "

" ဟိုင္သဲဘက္သြားစို႔ "

ရန္ရိ ထပ္ေျပာလိုက္သည္။

" ပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕က ကန္းလန္ပုံႏွိပ္စက္ကိုေျခာက္လမ္းဆီ ေ႐ႊ႕ဖို႔ေျပာထားတယ္မလား? "

လီဆာ ေခါင္းညိတ္သည္။

" ဟုတ္တယ္ ကန္းလန္က ထုတ္လုပ္ေရးကိုေ႐ႊ႕လိုက္တယ္ ကုန္ၾကမ္းသိုေလွာင္႐ုံကေတာ့ ေ႐ႊ႕ဖို႔အခ်ိန္မရဘူး ကြၽန္မအရင္တစ္ေခါက္သြားတုန္းက အထဲမွာမီးသတ္သမားေတြကလြဲၿပီး ဘယ္သူမွမရွိေတာ့ဘူး ကြၽန္မသူတို႔ရဲ႕ မီးသတ္စြမ္းရည္ကို သံသယဝင္မိတယ္ "

သူတို႔ ဝင္းအတြင္းဝင္သြားေတာ့ ေကာင္းကင္ေပၚသို႔ တလြင့္လြင့္တက္လာေနေသာ မီးခိုးမ်ားကိုေတြ႕ရၿပီး မီးခိုးေငြ႕ေတြကို ခန္းမွန္းၾကည့္ရသေလာက္ေတာ့ မီးမႀကီးေပ။

မီးသတ္ကားကို မီးေလာင္ေနသည့္ကုန္ေလွာင္႐ုံေရွ႕တြင္ ရပ္လိုက္သည္။

ကုန္ေလွာင္႐ုံ အေပါက္ဝကအေတာ္ႀကီးၿပီး အထဲက အပုံႀကီးကေတာ့ နီရဲတက္လာလ်က္။

လုံၿခဳံေရးအေစာင့္မ်ားက မီးသတ္ေဆးဘူးမ်ားကိုင္ကာ ေမွ်ာ္လင့္ခ်က္မဲ့ၾကည့္ေနၾကသည္။

" ေခါင္းေဆာင္ မီးသတ္ဘုံပိုင္ေတြမွာ ေရမရွိဘူး "

ရန္ရိေျပာလိုက္သည္။

" ခင္မ်ားတို႔ပဲလား? အျခားသူေတြပိတ္မိေနေသးလား? "

" ဟင္အင္း "

" ေကာင္းကယ္ ေရအသင့္ျပင္ထား စြန္းတင့္ရိ ငါနဲ႔လိုက္ၾကည့္ၾကည့္ "

" ေခါင္းေဆာင္ ကြၽန္မသြားလို႔ရလား? "

လီဆာ ေမးလာသည္။

ရန္ရိ သူ(မ)ကို လွမ္းၾကည့္လိုက္ၿပီး :

" လာခဲ့ "

လူနည္းစုက ကုန္ေလွာင္႐ုံထဲ ဝင္သြားၾကသည္။ အထဲ၌

စကၠဴထုတ္လုပ္သည့္ ကုန္ၾကမ္းမ်ားျဖစ္ေသာ ဖန္ ၊ ႀကိတ္သားစမ်ားႏွင့္ ကုန္ေလွ်ာ္မွ်င္မ်ားရွိေနၿပီဴ အားလုံးက မီးေလာင္လြယ္သည္မ်ားပင္။

[T/n : ႀကိတ္သားစလို႔ပဲေရးလိုက္တယ္ တကယ္ေတာ့ ႀကံရည္စစ္ထုတ္ၿပီး ေၾကသြားတဲ့ ႀကံႀကိတ္စေတြပါ (စကၠဴဝါႀကံ့ႀကံ့ေလးေတြက အဲ့တာကလုပ္တာျဖစ္မယ္ မိုက္) ]

ရန္ရိ ေအာ္ေျပာလိုက္သည္။

" ခင္မ်ားတို႔ ပစၥည္းေတြကို ဘာလို႔အမႈိက္လိုပုံထားတာလဲ ထူလိုက္တာ ၿပီးေတာ့ ကုန္ေလွာင္႐ုံထဲကအပူခ်ိန္ကလည္း အရမ္းျမင့္တယ္ ဘာလို႔အပူေျပာင္းတာမ်ိဳးမလုပ္တာလဲ? "

[T/n :  အပူလႊဲေျပာင္းတာ အပူခ်ိန္ျမင့္တဲ့ဆီကေန နိမ့္တဲ့ဆီကိုေျပာင္းၿပီး သတ္မွတ္ထားတဲ့အပူခ်ိန္ကို ညႇိထားတာပါ ]

လုံၿခဳံေရးအေစာင့္မ်ား တစ္ေယာက္ကို တစ္ေယာက္ၾကည့္ၾကသည္။

" လီဆာ မီးေလာင္လြယ္တဲ့ပစၥည္းေတြ စုပုံထားတာနဲ႔ သိုေလွာင္တာအတြက္ မီးကာကြယ္ေရးလိုအပ္ခ်က္ေတြ ေျပာျပလိုက္ "

" ကုန္ၾကမ္းေတြကို အမ်ိဳးအစားလိုက္ခြဲထားရမယ္

သိုေလွာင္႐ုံမွာ ကုန္ၾကမ္းတစ္မ်ိဳးတည္းပဲထားမယ္လို႔ အာမ,မခံႏိုင္တာမို႔ ကုန္ၾကမ္းအမ်ိဳးအစားေတြကို ပိုင္းကန႔္ထားဖို႔လိုတယ္

အစုအပုံ တစ္ခုနဲ႔တစ္ခုၾကား အကြာအေဝးက 1 မီတာေအာက္ေလ်ာ့လို႔မရဘူး နံရံနဲ႔ 0.5 မီတာေအာက္နည္းလို႔မရဘူး အစုအပုံတစ္စုရဲ႕ ၾကမ္းျပင္ဧရိယာကလည္း 100 စတုရန္းမီတာထက္ မႀကီးရဘူး "

လီဆာ အျမန္ေျပာလိုက္သည္။

" စကၠဴထုတ္ကုန္ၾကမ္းေတြရဲ႕ အပူခ်ိန္က 60° ေက်ာ္လာၿပီဆို အပူေျပာင္းဖို႔လုပ္ရေတာ့မယ္ ရွင္တို႔ဘယ္အဆင့္မွမမီဘူး "

ရန္ရိ ေခါင္းညိတ္သည္။

လုံၿခဳံေရးဝန္ထမ္းက ငိုမဲ့မဲ့ျဖင့္ေျပာလာ၏။

" အဲ့လိုအစီစဥ္တက်လုပ္ေနဖို႔ အခ်ိန္ဘယ္ေလာက္ေတာင္လိုမလဲဗ်ာ အဲ့အခ်ိန္မွာပဲ ပရမ္းပတာေတြျဖစ္ၿပီး အခ်ိဳ႕ပစၥည္းေတြေတာင္ က်န္ခဲ့ေသးတယ္ "

" ဒီလို ပူတဲ့ေန႔ေတြမွာ ကုန္ၾကမ္းအမ်ားစုက အလိုလိုမီးထေတာက္တတ္တယ္ အရမ္းတာဝန္မဲ့တာပဲ "

စြန္းတင္းရိ ကေျပာသည္။

" မီးက တတိယအစုကို စြဲေတာ့မယ္ ဒီကအပူလႈိင္းကအရမ္းျမင့္ေတာ့ ထုံးစံအတိုင္း အျခားအစုေတြကိုပါ ကူးမွာပဲ "

ရန္ရိ အမိန႔္ေပးလိုက္သည္။

"အျပင္သြားၿပီး မီးသတ္ပိုက္ေခါင္းယူ မီးသတ္ပိုက္ ၂ ခုနဲ႔မီးသတ္ဖို႔လုပ္ၾကၿပီးရင္ တစ္ခန္းလုံးကိုအေအးခံဖို႔ ေရျဖန္းပိုက္တစ္ခုဆြဲခဲ့ ၊ ဖယ္ထုတ္လို႔ရတဲ့ အပုံေတြကို ရသေလာက္ဖယ္မယ္ "

" ကြၽန္ေတာ္တို႔စက္႐ုံမွာ ကားတစ္စီးပဲရွိတယ္...."

ရန္ရိ intercom ကိုႏွိပ္လိုက္ၿပီး :

" ဌာနခ်ဳပ္ ဖီးနစ္တပ္ဖြဲ႕ကပါ စကၠဴစက္က ကုန္ၾကမ္းအပုံေတြမီးေလာင္လို႔ မီးကူးလြယ္တဲ့ပစၥည္းေတြကို ေ႐ႊ႕ေျပာင္းဖို႔လိုတယ္ စက္မႈယာဥ္ေတြ အကူအညီေတာင္းလို႔ရမလား "

" နားလည္ပါၿပီ "

ေကာင္းကယ္က မီးသတ္ဖို႔နဲ႔ မီးထပ္မပ်ံ႕ေအာင္တားဆီးဖို႔ အဖြဲ႕တစ္ဖြဲ႕ေခၚလာၿပီး စြန္းတင့္ရိက ကုန္ၾကမ္းေတြကို မီးေလာင္တဲ့ေနရာကေန တစ္စုစီေ႐ႊ႕ေျပာင္းဖို႔အတြက္ ေဆာက္လုပ္ေရးယာဥ္ေတြ ေခၚလာခဲ့သည္။

ကုန္ေလွာင္႐ုံက ျမင့္မားလွသည့္အပူရွိန္ေၾကာင့္ ပူစပ္ေနၿပီးျဖစ္ကာ မီးလွ်ံမ်ားရဲ႕အပူရွိန္က ပို၍ေတာင့္မခံႏိုင္စရာျဖစ္ရ၏။

တပ္သားမ်ားက ၎တို႔ထမ္းေဆာင္ရမည့္ တာဝန္မ်ားကို တိတ္တဆိတ္သာ လုပ္ေဆာင္ၾကသည္။

က်ယ္ေျပာလွသည့္ေနရာရွိ မီးေလာင္ၿပီးေသာ အစု ၃ စုကိုဖယ္ရွားရန္ အခ်ိန္ ၃ နာရီေပးလိုက္ရ၏။

မီးေလာင္ေသာအစုမ်ားႏွင့္ မီးကူလြယ္သည့္ပစၥည္းမ်ားအားလုံးကို ေနာက္ဆုံးေတာ့ ေ႐ႊ႕ေျပာင္းၿပီးသြားေခ်ၿပီ။

ေနာက္မွ ေရာက္လာေသာ စက္႐ုံပိုင္ရွင္က ရွင္းျပရန္ ရန္ရိေနာက္လိုက္ကာ အသနားခံေသာ္လည္း ရန္ရိ ထိုသူ႔ကို လ်စ္လ်ဴရႈထားလိုက္သည္။

ကံေကာင္းလို႔သာ ကုန္ေလွာင္႐ုံပဲမီးေလာင္တာ။

စကၠဴထုတ္လုပ္ေရးတစ္ခုလုံး၌ အႏၲရာယ္မ်ားေသာ ဓါတုပစၥည္းမ်ားႏွင့္ ကိရိယာတန္ဆာပလာမ်ားပါဝင္ေသးသည္။

ကုန္ေလွာင္႐ုံမီးေလာင္လည္း အစုအပုံမီးစြဲသြားတာက အေတာ္အႏၲရာယ္မ်ားၿပီး မီးမေတာ္တဆမႈေတြကိုလည္း အလြယ္တကူ ျဖစ္ေစႏိုင္သည္။

သူတို႔အခ်ိန္မီ ေျဖရွင္းလိုက္ေတာ့ ကံေကာင္းေထာက္မလို႔ အဆုံးအရႈံးမမ်ားေပ။

သို႔ေပမယ့္ ဒဏ္ေၾကးအေျမာက္အမ်ားကေတာ့ မေတာင္းလို႔မျဖစ္။

မီးၿငိမ္းသတ္ၿပီးေနာက္ ပါဝင္သည့္တပ္သားအားလုံး မ်က္ႏွာထက္ဝယ္ အမဲေရာင္ႏွင့္ မီးခိုးမ်ားေပလူးေနကာ 40 ကီလိုဂရမ္ထက္ပိုေသာ အေလးခ်ိန္ရွိသည့္ ဝတ္စုံမ်ားဝတ္ထားၾကရေသးသည္။

အပူခ်ိန္ျမင့္ေသာ မီးအခင္းေနရာ၌ နာရီအနည္းငယ္ေနခဲ့ၾကရၿပီး ေခြၽးႏွင့္ မီးေသြးတို႔ေရာသမေနလ်က္ ႀကံခိုင္ေသာ အားလုံးမ်က္ႏွာထက္ ပင္ပန္းမႈသာ ေရးဖြဲ႕ထားေတာ့သည္။

ရန္ရိ လီဆာရဲ႕ ရယ္စရာျပာလူးမိတ္ကပ္႐ိုက္ထားသည္ ႏွင့္အလားတူေသာ ' သရဲမ်က္ႏွာ ' ကိုလွမ္းၾကည့္လိုက္ၿပီး

ေလွာင္ရယ္လိုက္သည္။

လီဆာ သူ႔မ်က္ႏွာကိုပြတ္သုတ္လိုက္ၿပီး သူ႔လက္မဲသြားသည္ကိုၾကည့္ကာ ၿပဳံး၏။

ရန္ရိ ေနာက္လိုက္သည္။

" မင္းက မိန္းမလွေလးလို႔ေျပာေပမယ့္လည္း ဒီလိုအလုပ္မ်ိဳးလာလုပ္ရတာပဲ "

လီဆာ ရန္ရိကို တည့္တည့္ၾကည့္လိုက္ၿပီး

သူ႔မ်က္လုံးမ်ားကေတာ့ ေတာက္ပေနသည္။

" အဲ့တာဆို ကြၽန္မအလုပ္လုပ္တာ ဘယ္လိုလဲ? ေခါင္းေဆာင္ "

" အင္း မင္းဒီေန႔ ေကာင္းေကာင္းလုပ္ခဲ့တယ္ "

" ကြၽန္မေ႐ြးခ်ယ္တဲ့အလုပ္ကို ကြၽန္မလုပ္ႏိုင္ပါတယ္ "

လီဆာ ၿပဳံးသည္။

ရန္ရိ သူ႔ပခုံးကိုပုတ္ေပးလိုက္ၿပီး

" ဆက္ႀကိဳးစား "

×××××××××××××××××

sorry သဘက္ခါက်ရင္ တစ္ခုထပ္တင္ေပးမယ္

ဒီေန႔ double update မလို႔ရာ ႐ုတ္တရက္ အေညႇာ္ေတြမိ ပင္ပန္းၿပီး ေခါင္းေတြအေသကိုက္ေနလို႔ ဒါေတာင္မနည္းတင္လိုက္ရတယ္

gomen~

ဟက္ပီးတန္ေဆာင္တိုင္ပါခင္မ် ♡