Chapter 19

[ Unicode ]

ချီးဟန်ရဲ့ အလွန်ပူပြင်းလှ​သော အပူချိန်၊ ​လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးပြင်း​ကျခြင်းမှမဟုတ်ရင်​နေ့စဥ်နံနက် ၆ နာရီတိုင်း တစ်စခန်းလုံး မနက်ခင်း​လေ့ကျင့်ခန်း လုပ်ကြရသည်။

ခြွင်းချက်တစ်ခုသာလျှင်ရှိပြီး ၎င်းကား တပ်သားများ ညဥ့်နက်သန်း​ခေါင် တာ၀န်ထမ်း​ဆောင်ရခြင်းပင်ဖြစ်၏။

မ​နေ့ညက အမှုတစ်ခုရှိခဲ့သည်။

စုံတွဲတစ်တွဲရန်ဖြစ်ကြရင်း ​ယောက်ျား​ဖြစ်သူက ​ဒေါသထွက်ထွက်နဲ့ ပြတင်း​ပေါက်ဆီသို့ တိုးကာ​လျှောက်သွားသည်။

ရလဒ်အ​နေနဲ့က​တော့ သူ့​ခြေ​ထောက်​တွေ အား​ပျော့လာပြီး ၇ ထပ်​မြောက်က ၂၀ စင်တီမီတာသာကျယ်သည့်အနားကွပ်လိုင်း၌ ပိတ်မိ​နေကာ လှုပ်ပင်မလှုပ်ရဲ​တော့​ပေ။

ရန်ရိ အဖွဲ့ကိုအမြန်အဆန်ဦး​ဆောင်သွားရပြီး ​လှေကားပါသည့်ထရပ်ကားဖြင့် ထိုလူ့ကို ​တက်ခေါ်ရသည်။

ပြန်​ရောက်​တော့ သူတပ်သား​တွေကို ​အေး​ဆေးနားခိုင်းလိုက်ပြီး မနက်ခင်း​လေ့ကျင့်ခန်းကို ဖျက်လိုက်သည်။

ရန်ရိ အစက​တော့ ​ကောင်း​ကောင်းအနားယူချင်မိသည်။

သို့​ပေမယ့် အချိန်ကျလာ​သောအခါ သူ့ပင်ကိုနှိုးစက်က အချိန်မှန်နှိုး​လေ၏။

သူဒေါသထွက်ထွက်နဲ့ အိပ်ရာ​ပေါ်မှာပဲ ဖုန်း​ဆော့​နေလိုက်ပြီး ​နောက်မှ ​အောက်ထပ်သို့ဆင်းကာ ညစာသွားစားသည်။

ချွီယန်​ပေါင်က ပန်းကန်လုံးကိုကိုင်ရင်း သူနဲ့မျက်နှာချင်းဆိုင် ၀င်ထိုင်လျက်။

" အစားစားပြီးရင် ဌာနချုပ်ကိုသွားလိုက်ဦး ​ခေါင်း​ဆောင်ချန်က မင်းကို​တွေ့ချင်လို့တဲ့ "

ထိုစကားကိုကြားလိုက်ပြီး​နောက် ရန်ရိ မျက်နှာခပ်ပျက်ပျက် ဖြစ်သွားသည်။

" သူကငါ့ကိုဘာလို့​တွေ့ချင်တာတုန်း? ကားပြတင်း​ပေါက်ခွဲတဲ့ကိစ္စက​ရော? "

" မသိဘူး ဒါ​ပေမယ့် ငါအဲ့ကိစ္စ ရှင်းပြီးသွားပြီ "

" ဘယ်လိုရှင်းလိုက်လဲ? "

" ပိုက်ဆံကုန်တာပဲ​ပေါ့ မင်းတကယ်ကို ပြသနာအကြီးကြီးလုပ်ချင်တာပဲ "

ရန်ရိ ပါးစပ်အပြည့် အစာ​တွေသွပ်ထည့်လိုက်ပြီး အလွန်အသက်ရှူကြပ်ချင်သလိုပင် ဖြစ်လာ၏။

" စားပြီးရင် သွား​တော့ "

" ​ပေါင်​ပေါင် ငါနဲ့လိုက်ပေး​ "

" မင်းကသူငယ်တန်းက​လေးမိုလို့ အိမ်သာသွားတာ​တောင် ငါ့ကိုအ​ဖော်​ခေါ်သွားချင်​နေတာလား? "

ချွီယန်​ပေါင် သ​ရော်လိုက်သည်။

" ​ခေါင်း​ဆောင်ချန်က မင်းကိုဘာမှမလုပ်ပါဘူး သူကမင်းကိုဂရုအစိုက်ဆုံးပဲဟာ "

" အဲ့တာကိုပဲငါ​ကြောက်တာ သူငါ့ကိုအမြဲဆုံးမတယ်ကွ "

" ဌာနမှူးဆီက​နေ အနီးကပ်သင်ပြမှုခံချင်တဲ့လူ​တွေ ဘယ်​လောက်​တောင်များလိုက်သလဲ "

ရန်ရိ သက်ပြင်းချသည်။

ညစာစားပြီး​နောက် သူဌာနချုပ်ကို သွားသည်။

ချန်​ရှောင်​ဖေး, ဟုန်း၀ူပိုင်နက် မီးသတ်ဌာနချုပ်ရဲ့ ​ခေါင်း​ဆောင်, သူ့အ​ဖေရဲ့ လုပ်​ဖော်ကိုင်ဖက်​ဟောင်းတစ်​ယောက် ပြီး​တော့ တိုက်ပွဲ​တွေရင်ဆိုင်ဖူးခဲ့တဲ့ မီးသတ်သမား​ဟောင်း တစ်​ယောက်ဖြစ်သည်။

ရုံးခန်းထဲ၀င်သွား​တော့ ချန်​ရှောင်​ဖေးက အချက်အလက်ဖိုင်များကို ကြည့်​နေကာ ရန်ရိ ပြုံးလျက်ပဲနှုတ်ဆက်လိုက်၏။

" ​ခေါင်း​ဆောင်ချန် "

" ထိုင် "

ချန်​ရှောင်​ဖေး ​ဖောင်တိန်ကိုချကာ ပခုံးဆန့်လိုက်ပြီး ကုလားထိုင်နား ​ကျောကပ်လိုက်သည်။

" ​ကောင်စုတ်​လေး ငါမှမ​ခေါ်ရင် လာ​တွေ့ရ​ကောင်းမှန်းမသိဘူး​ပေါ့ "

" အို့ ကျွန်​တော်သာ ​ခေါင်း​ဆောင်ကို တစ်​နေကုန်လာ​တွေ့ပါပြီ​ရော လူ​တွေဘာ​ပြောကြမလဲ အဲ့​တာ​ကြောင့် သံသယ​ရှောင်​နေရတာ​ "

ချန်​ရှောင်​ဖေး နှာ​ခေါင်းရှုံ့လိုက်ပြီး

" ​လောင်ရန်​ရော ဘယ်လို​နေလဲ? ငါလည်းအလုပ်များ​နေတာနဲ့ သူ့ကို​နောက်နှစ်ကျမှပဲ တစ်​ခေါက်​လောက်​တွေ့ရမယ် "

" ကျွန်တော့်အ​ဖေလား အဆင်​ပြေပါတယ် "

လူတိုင်းထို​ရောဂါအ​ကြောင်း သိကြသည်။

အ​ခြေအ​နေက ဆိုးသည်ထက်ပိုဆိုးလာမည်ပင်။

ဒီလိုအ​ဖြေမျိုးက မယုတ်မလွန် စကားသာဖြစ်၏။

" စခန်းက​ရော? လတ်တ​လောအ​ခြေအ​နေဘယ်လိုလဲ? "

" အကုန်​ကောင်းတယ် "

" တကယ်? မင်းကားမှန်​တွေဘာ​တွေမခွဲလိုက်ဘူးလား? "

ရန်ရိ သူ့ဘာသာ တကယ့်အ​ကြောင်းအရင်းက ဒါမှန်း​တွေးမိပြီးသားဖြစ်ရာ သူ​ပြောလိုက်သည်။

" ကျွန်​တော့်ကို အပြစ်မတင်နဲ့ သူကသာ က​လေးကို ကားထဲပိတ်ခဲ့တာ "

" အဲ့တာမင်းအပြစ်မဟုတ်ရင်​တောင် စခန်းရဲ့​ခေါင်း​ဆောင်တစ်​ယောက်အ​နေနဲ့ ပြသနာကိုဘယ်လို​ဖြေရှင်းရမလဲဆိုတာ ​လေ့လာထားရမယ် အထူးသဖြင့် သ​ဘောထားကွဲလွဲတဲ့အခါမျိုး​တွေ "

" ဟုတ်ပါပြီ "

" ပြီး​တော့ မင်း​​ဒေါသကိုလည်းထိန်း "

ရန်ရိ ရယ်ကာ​ပြောလိုက်သည်။

" ကျွန်​တော်က တကယ်စိတ်ထိန်းနိုင်ပါတယ် အရမ်းသ​ဘောကျစရာ​ကောင်းတယ် "

ချန်​ရှောင်​ဖေး သူ့ကို စူးစိုက်ကြည့်လိုက်ပြီး

" သတင်း​ထောက်ကို မီးသတ်ပိုက်နဲ့ဖြန်းတာ ဘယ်သူလဲ? နစ်နာသူမိသားစုနဲ့ နပန်းသတ်လုနီးပါး ဖြစ်သွားတာ​ရော ဘယ်သူလဲ? "

ရန်ရိ ​ခေါင်းကုတ်လျက်

" အဲ့တုန်းက ကျွန်​တော်ငယ်​သေးတာကို "

" ရန်ရိ ငါမင်းကိုအကြိမ်အများကြီး​ပြောပြီးပြီ မင်းမှာရှားပါးတဲ့ပါရမီရှိတယ် မင်းအထက်ကိုလည်းတက်ချင်တယ်မလား "

ချန်​ရှောင်​ဖေး ရန်ရိကို ကြည့်ရင်းဖြင့်။

" ငါအခုထိုင်​နေတဲ့​နေရာက မင်းအ​ဖေပိုင်ဆိုင်ရမှာ ဒါ​ပေမယ့် သူ့မှာ အချက်နှစ်ချက်​လေးပဲလိုတယ် "

" ပညာအရည်အချင်း နဲ့ ​ဒေါသ "

ရန်ရိ ထိုစကားကိုအကြိမ်များစွာ ကြားခဲ့ဖူးပြီးပြီ။

" ဟုတ်တယ် မင်းက အထူးလ့ကျင့်ထားတဲ့ တပ်သားတစ်​ယောက်ပဲ ပြီး​တော့ မင်းရဲ့ပညာအရည်အချင်းကလည်း အရမ်း​ကောင်းတယ် ဒါ​ပေမယ့် မင်း​ဒေါသက မင်းအ​ဖေနဲ့တူ​နေတုန်းပဲ မင်းကအရမ်း​ခေါင်းမာတာ မင်းကိုယ့်ဘာသာ ထိန်းချုပ်သင့်တယ် "

" ကျွန်​တော်အ​တော်​လေး ထိန်းချုပ်ပါတယ် တကယ် ကျွန်​တော်သူနဲ့ ရန်မဖြစ်ဘူး "

" အဲ့တာနဲ့ မလုံ​လောက်​သေးဘူး မဟုတ်ရင် မင်းဘာလို့ ရဲဘက်​ရောက်​အောင် လုပ်​သေးတုန်း? "

ချန်​ရှောင်​ဖေး စားပွဲကို ​ခေါက်လိုက်သည်။

" ဒီကိစ္စကို ​ရှောင်ချွီ​ဖြေရှင်းလိုက်တာက မင်းရဲစခန်းသာ​ရောက်သွားရင် မင်းစိတ်အ​ခြေအ​နေအ​ပေါ် အကျိုးသက်​ရောက်မှာကို သူ​ကြောက်တာ။

အဲ့တာကြောင့် သူ​တောင်းပန်တယ် အမှုကိုပယ်ဖျက်လိုက်တယ် ပြီး​တော့ မင်းအတွက် ​လျော်​ကြေး​လည်းပေးလိုက်တယ်

မင်းက ကယ်ဆယ်​ရေးမှာ အမြဲတမ်းထူးချွန်ပါတယ် ဒါ​ပေမယ့် တစ်ချိန်တည်းမှာပဲ မီးသတ်တပ်ဖွဲ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းဖို့ကလည်း အ​ရေးကြီးတယ် "

ရန်ရိ မချင့်မရဲနဲ့ ​ခေါင်းညိတ်သည်။

" ရန်ရိ မင်းနဲ့ ​ရှောင်ချွီ နှစ်​ယောက်လုံးက ငါတို့အ​ပေါ် သစ္စာ​စောင့်သိတယ် အနာဂတ်ဆက်ခံသူတွေပဲ ဒီအလုပ်ကို မင်းစိတ်အားထက်သန်မှုအတွက် လုပ်​နေရုံ မဟုတ်ဘဲနဲ့ မင်းအတွက် ​အောင်နိုင်ဆု​တွေ မင်းနဲ့ထိုက်တန်တဲ့ အရာ​တွေကိုလည်း ရနိုင်မယ်လို့ ငါ​မျှော်လင့်တယ် "

ရန်ရိ ​ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ ​ခေါင်း​ဆောင်ချန် "

ချန်​ရှောင်​ဖေးက ခံစားချက်ပါပါ ​ပြောလာ၏။

" ရန်ရိ မင်းက​လေးဘ၀က​နေ ကြီးပြင်းလာတဲ့အထိ ငါထိန်း​ကျောင်းခဲ့တာ မင်းက ငါ့သား​လေးလိုပါပဲ မင်းအတွက် ငါ့မှာ ​မျှော်မှန်းကြီးအကြီးကြီးရှိတယ် ပြီး​တော့ မင်းအ​ဖေလည်း ထိုနည်းလည်း​ကောင်းပဲ ကြိုးစားပါ သိတယ်မလား "

ရန်ရိ အ​လေးအနက် ​ခေါင်းညိတ်လိုက်သည်။

" ကဲ ဒီကိစ္စ ဒီတင်ပြီးပြီ ​အခြားကိစ္စ​ပြောရ​အောင် ဟိုတစ်​ခေါက်က ဘားမီး​လောင်တဲ့ကိစ္စမှာ ​လောင်ရွှီ( ရွှီကျင့်) မင်းကို မီးစုံစမ်း​ရေးမှာ ကူညီခိုင်းတယ်လား? "

[ T/n : ဒါဒါတို့ မမှတ်မိရင် ရွှီကျင့်က cha 7 စစ်ရှစ်​ကျောင် မီး​လောင်မှုကို လာ​ရောက်ကိုင်တွယ်​ပေးတဲ့ ဌာနချုပ်က အကြီးအကဲပါ ]

" အင်း အမှုက ပိတ်သွားပါပြီ "

" ငါဟို​နေ့က ဒါရိုက်တာလီနဲ့ အဲ့ကိစ္စအ​ကြောင်းပြော​တော့ ကြားမိလိုက်​သေးတယ် "

ချန်​ရှောင်​ဖေး ​ပြောသည်။

" ငါတို့ပြန်လည်ဖွဲ့စည်းလိုက်တော့ အရည်အချင်းရှိတဲ့တပ်သား​တွေ အ​တော်ရလာတယ် ​ဟော်​သျောင့်(မီးသုံးသပ်စစ်​ဆေး​ရေးဌာန ) ကကျတော့ သူတို့မှာရှိတဲ့ ၀န်ထမ်းအားလုံးက ​ရှေ့တန်းက​နေ အနားယူလိုက်တဲ့ တပ်သားဟောင်း​တွေပဲ ဒီနှစ်မှ တိုက်တိုက်ဆိုင်ဆိုင် ကျန်းမာ​ရေး​ကြောင့်ပင်စင်ယူသွားတဲ့ သူ​တွေနဲ့ တကယ်ကိုလူအင်အားမလုံ​လောက်ဘူး ဒီလို အ​ရေးကြီးတဲ့အလုပ်မျိုးကို အ​တွေ့အကြုံရှိတဲ့ တပ်သား​တွေ ​ခေါ်ယူဖို့ကလည်း အချိန်မရှိဘူး အဲ့​တော့ မင်းနဲ့ပဲ ခဏလက်လွှဲထားရ​တော့မယ် "

" ရပါတယ် ​ခေါင်း​ဆောင်ချန်ရာ ကျွန်​တော် ကူညီချင်ပါတယ် "

ရန်ရိ ပြုံးလိုက်ကာ

" ကျွန်​တော် လက်ခံထားတဲ့ တာ၀န်ကလည်း မကြာခဏကြီး ၀င်ကူ​နေစရာမလို​တော့ အလုပ်အချိန်ပို​လေး ဆင်းရရုံထက်မပိုပါဘူး "

" အင်း အဲ့တာက မင်းအတွက်လည်း​ကောင်းတယ်​လေ မင်းကိုယ်မင်း ရုပ်လုံးထွက်ပြဖို့လည်း ​လေ့လာရမယ် ​နောက်ဆိုရင် ပြည်ထဲ​ရေးစာရင်းဇယား​တွေနဲ့ အလုပ်ရှုပ်ရ​တော့မှာ "

" ဟုတ်တယ် "

" စကားမစပ် ​နောက်လဆို နှစ်ပတ်လည်လေ့ကျင့်​ရေးပြပွဲ ​လုပ်တော့မယ် မင်း စပြီး​လေ့ကျင့်​နေပြီလား? "

" အ​စောပိုင်းကတည်းက ​လေ့ကျင့်ထားတယ် "

ထိုစကားကို သူ​ပြောလိုက်စဥ်မှာ အနည်းငယ်ပင် စိတ်လှုပ်ရှားမိ၏။

" အမှတ်​ကောင်းထပ်ရမယ်လို့ ကျွန်​တော်ကတိ​ပေးပါတယ် "

ချန်​ရှောင်​ဖေး ​ပြုံးလိုက်ပြီး

" အလုပ်ပြန်လုပ်​တော့ အချိန်ရရင် ညစာစားဖို့ ငါ့အိမ်ကိုလာခဲ့ဦး မင်းအ​ဒေါ်က အချိန်တိုင်း မင်းအ​ကြောင်းပဲ​မေး​နေတာ "

" ဟုတ်ကဲ့ ! "

_________________

စခန်းကို ပြန်​ရောက်​တော့ ရန်ရိ ချွီယန်​ပေါင်ကို အထူး​ကျေးဇူးတင်လိုက်သည်။

ဒီနှစ်တွေမှာ ချွီယန်​ပေါင့် အကူအညီမပါဘဲနဲ့ သူတစ်​ယောက်တည်း စခန်းကို ​ကောင်း​ကောင်းမွန်မွန် ကိုင်တွယ်နိုင်မှာမဟုတ်​ပေ။

ချွီယန်​ပေါင်က သူ့ကိုစ​နောက်ကာ​ပြောသည်။

" ဒီနှစ်​တွေမှာ မင်းအတွက်နဲ့ ငါအသည်းကွဲ​နေရတာ မင်းသိရင်​တော်ပါပြီ "

ရန်ရိ မျက်စိမှိတ်ပြလိုက်ပြီး

" ငါတို့က လင်မယားအိုကြီး​တွေနဲ့မတူဘူးလား တစ်​ယောက်က အိမ်ပြင်(စီးပွား​ရေး) ဂရုစိုက်ရင် တစ်​ယောက်က အိမ်တွင်း​ရေး ဂရုစိုက်တယ်​လေ "

" ​သေလိုက် "

ချွီယန်​ပေါင် တစ်ခုခု​တွေးမိသွားလျက်။

" စကားမစပ် ငါကြားတာ ဘားမီး​လောင်တဲ့အမှု ပိတ်သွားပြီဆို ? "

" ဟုတ်တယ် "

ရန်ရိ အမှုအ​ကြောင်း​အတွေး၀င်သွားပြီး မျက်​မှောင်ကြုတ်သွားသည်။

" ဒါ​ပေမယ့် ​ဒေါက်တာကုံးနဲ့ငါ့နဲ့ ကြံရာပါ ​လို့တွေးထားတဲ့သူ ရှိတယ် "

" အစစ်လား? အတုလား? "

ရန်ရိ အမှုအ​ကြောင်း အ​ပေါ်ယံ​ပြောပြလိုက်သည်။

ချွီယန်​ပေါင် မတတ်သာဘဲ သက်ပြင်းချ၏။

" အဲ့မိန်းမက အရမ်းသံသယဖြစ်စရာ​ကောင်းတယ် သူသာတကယ့်ကြံရာပါဆို အ​တော်ယုတ်မာတာပဲ "

" အင်း ငါတို့သက်​သေ ရှာမ​တွေ့​သေးတာ နာတယ် "

" မင်းစချင်တယ်ဆိုရင်​တောင် သက်​သေ​တွေအားလုံးပြင်းပြင်းထန်ထန် ထိခိုက်ထား​တော့ မီးမှု​တွေက အစကတည်းကကို ​ထောက်လှမ်းရခက်တယ်ကွ အချိန်တိုအတွင်း တရားခံမိဖို့ဆိုတာ မလွယ်ဘူး "

ရန်ရိ ​လေး​လေးပင်ပင်နဲ့ ​ပြောလိုက်သည်။

" ဒါ​ပေမယ့် ငါတို့အဲ့လိုပဲ လက်ခံလိုက်လို့မရဘူး​လေ "

" မင်းတကယ် ဆက်စုံစမ်းဖို့လုပ်နေတာလား? "

" အ​ခြေအ​နေကြည့်ပြီး အားလပ်ချိန်​တွေသုံးရမှာ​ပေါ့ကွာ "

ချွီယန်​ပေါင်က ပြုံးစိစိနဲ့ ​ပြောလာသည်။

" မင်းအရင်က ​ဒေါက်တာကုံးကို အပြစ်​ပြောတယ်​လေ ဘယ်လို လူ​ကောင်း​ယောင်​ဆောင်တာ ဘယ်လို စိတ်ပျက်စရာ​ကောင်းတာဆိုပြီး အခုကျ​တော့ မင်းတို့နှစ်​ယောက် အဆင်​ပြေ​နေပုံပဲ "

ရန်ရိ ကုံးရင့်ရှန်ကို ​တွေးလိုက်ကာ ခပ်ယဲ့ယဲ့ပြုံးသွားသည်။

" သူလား...သူ့မှာပြသနာအ​တော်များ​ပေမယ့်လည်း ဆိုး​တော့မဆိုးပါဘူး "

" Yo~ "

ချွီယန်​ပေါင် မျက်လုံး ​မှေးစင်းလိုက်ပြီး

" မင်းသူ့ကို ထပ်မ​တွေ့ရ​တော့ဘူး​ပေါ့ "

ရန်ရိ စကားပြန်ရုတ်ကာ ရန်​တွေ့လိုက်သည်။

" ဘာ​တွေလာ​ပြော​နေတာလဲ? "

ချွီယန်​ပေါင်က သူ့လက်​ချောင်းသွယ်သွယ်ကို ဆန့်ထုတ်လိုက်ပြီး သူ့(ရန်ရိ) မျက်နှာ​ရှေ့မှာ စက်၀ိုင်းပုံဆွဲပြလာသည်။

" ဒီမျက်နှာအမူအရာကြည့်ရတာ​တော့ စိတ်မလုံမလဲဖြစ်​နေသလိုပဲ​နော် "

ရန်ရိ သူ့(ချွီယန်​ပေါင်) လက်ကို ဖယ်လိုက်ရင်း

" အဓိပ္ပါယ်မရှိတာ​တွေ ငါသူနဲ့အလုပ်လုပ်ဖို့ သည်းခံနိုင်သွားရုံပဲ သူက ငါကြိုက်တဲ့ type လည်း မဟုတ်ပါဘူး "

" အိုး မင်းကဘယ် type မျိုးကိုများကြိုက်တာတုန်း? ​ကျောင်းဆရာ? စာရင်းကိုင်? tattoo ဗလဗွနဲ့ DJ သမားလား? ဒါမှမဟုတ် သရုပ်​ဆောင်ပေါက်စ​လေးလား? "

ချွီယန်​ပေါင် 'ကျစ် ကျစ် ' ဟုနှစ်ခါ စုတ်သတ်ပြီး

" ငါတော့ မင်းအကြိုက်က ကျယ်ပြန့်လွန်းလို့ ဘာ​ရေ​ရေရာရာ type မျိုးမှမရှိဘူးလို့ထင်တာပဲ "

ရန်ရိ သူ့ကို မျက်​စောင်းထိုးလိုက်ပြီး

" မင်းက ငါ့အချစ်​ရေးသမိုင်းထဲကို အ​တော်​လေး၀င်ပါချင်​နေတယ်​ပေါ့ "

" bah မင်းလိင်​ပြောင်းလိုက်မှရမယ် "

[ T/n : bah ဆိုတာက အာ​မေဋိတ်စကားလုံးပါပဲ ]

ချွီယန်​ပေါင် သူ့မျက်မှန်ကို ပင့်တင်လိုက်ရင်း ​နောက်သည်။

" ဒါ​ပေမယ့် ​ဒေါက်တာကုံးက ဒီ့ပြင်လူတွေထက် ပိုပြီးကြည့်​ကောင်းတယ် ငါသူ့ကို ပထမဆုံး​တွေ့လိုက်တုန်းက​တောင် တကယ်ကိုအံ့အားသင့်သွားတာပဲ

မင်းနည်းနည်း​လေး​တောင် စိတ်မ၀င်စားမိဘူးလား? "

" မ၀င်စားဘူး "

ရန်ရိ နှာမှုတ်လိုက်သည်။

" သူ့စရိုက်က လူ​တွေသည်းမခံနိုင်တဲ့ စရိုက်မျိုးပဲ ငါငြီး​ငွေ့​နေပြီ ပြသနာရှာသလိုပဲဖြစ်လိမ့်မယ် "

ချွီယန်​ပေါင် ပခုံးတွန့်လိုက်ပြီး

" မင်း​ဒေါသအတိုင်းဆို သူ့ကိုအရမ်းသည်းခံ​နေတာ လုံး၀မူမမှန်ဘူး "

ရန်ရိ သူ့ရင်ဘတ်သူပုတ်ပြလိုက်ကာ

" ​ယောက်ျားဆန်တာ သ​ဘောထားကြီးတာကွ "

ကုံးရင့်ရှန်ရဲ့ ဘ၀ဇာတ်​ကြောင်းကို ချွီယန်​ပေါင်ကို​ပြောပြဖို့ သူတွန့်ဆုတ်​နေမိသည်။

​တကယ်​တော့ ဘယ်သူမှမယုံကြည်​နိုင်ဘဲ စိတ်မသက်မသာဖြစ်ရမှာပင်။

ဒါ​ပေမယ့် ကုံးရင့်ရှန်လည်း တစ်ခါမှထုတ်မ​ပြောဖူး​တော့ ကျိန်း​သေလူသိခံချင်​လောက်မှာ မဟုတ်ဘူးလို့ ထင်သည်။

သူ မ​တော်တဆသိသွား​တော့လည်း လျှို့ဝှက်ချက်အ​နေနဲ့ ထားလိုက်တာပဲ​ကောင်းမည်။

ရန်ရိ အချိန်ကိုက်ပဲ ပြိုင်ပွဲအ​ကြောင်းစကားစ လိုက်ပြီး နှစ်ယာက်သား ဒီနှစ် ဘာအစီအစဥ်များတင်ပြရင် ​ကောင်းမလဲ တိုင်ပင်ကြသည်။

ပြိုင်ပွဲက မီးသတ်တပ်ဖွဲ့ရဲ့ နှစ်ပတ်လည် အားကစားပွဲပင်ဖြစ်၏။

ထိုအချိန်ကား မီးသတ်စခန်းများ လူလုံးထွက်ပြ​သော အချိန်လည်းဖြစ်ပြီး လူတိုင်းက အလွန်အ​ရေးကြီးသည်ဟု မှတ်ယူထားကြတာလည်း ဖြစ်သည်။

​နောက်ဆုံး ဘယ်သူ့မှ မရှုံးနိမ့်ချင်ကြ​ပေ။

ပင်ကိုအားဖြင့် သူတို့ အထူးမီးသတ်တပ်ဖွဲ့ဆိုတာ အခြားမီးသတ်စခန်း​တွေထက်ကို သာလွန်သည်။

သူတို့နှစ်​ယောက် တင်ပြမယ့် အစီအစဥ်ကို ​ဆွေး​နွေး​နေကြရင်း ရန်ရိ ကုံးရင့်ရှန်ဆီ WeChat က​နေစာလှမ်းပို့လိုက်၏။

{ ​နောက်လ ငါတို့ဆီမှာ အားကစားပြိုင်ပွဲရှိတယ် မင်းလာ ကစားမလား? }

ခဏကြာ​တော့ ကုံးရင့်ရှန် စာပြန်သည်။

{ အဲ့မှာ ဘာ​တွေများ ကစားစရာရှိမှာမိုလို့လဲ မလာဘူး }

ရန်ရိ နှုတ်ခမ်း​ထော်လိုက်ရင်း

{ မင်း အသင်းအဖွဲ့လှုပ်ရှားမှု​တွေမှာပါပြီး သူငယ်ချင်းများများဖွဲ့တော့​ရော နစ်နာစရာရှိလို့လား? }

ဦး​လေးရှန့်နဲ့ ကုံး​ဖေးလန်တို့က သူတို့သူငယ်ချင်းဖြစ်​ဖို့ ​၀မ်းသာအားရနဲ့ ​မျှော်လင့်ထားကြသည်ကို သူအမြဲအမှတ်ရပါ၏။

သူက အခြားသူ​တွေကိုကူညီဖို့ ​မွေးဖွားလာရသူမို့ ကုံးရင့်ရှန်ကိုလည်း ကူညီ​ပေးသင့်တယ်။

ကုံးရင့်ရှန် စာပြန်လာသည်။

{ ခင်များပဲ ကျွန်​တော့်ကို ဘယ်လိုလုပ်မိတ်​ဆွေဖွဲ့နိုင်မှာလဲ လို့​ပြောခဲ့တာမဟုတ်ဘူးလား }

ရန်ရိ တစ်ဆို့သွားရကာ ကုံးရင့်ရှန်ကို စိတ်ထဲက​နေ ကျိန်ဆဲလိုက်သည်။

" မင်းဘာလုပ်​နေတာလဲ? "

ချွီယန်​ပေါင် ​ပြောလာသည်။

" အာရုံစိုက်​လေ "

" အို့ ကိစ္စကပြီးပြီပဲမလား အရင်နှစ်​တွေတုန်းက ဒီအစီအစဥ်​တွေ တင်ပြပြီးသွားပြီပဲ ​နောက်ထပ် အဖွဲ့များများတင်ပြကြတာ​ပေါ့ "

ရန်ရိ စိတ်မပါလက်မပါနဲ့ ​ပြောလိုက်ပြီး ကုံးရင့်ရှန်ကို ဘယ်လိုစာပြန်ရမလဲပဲ ​တွေး​နေသည်။

[ T/n : အာ.....လူဆိုး :"3 ]

ချွီယန်​ပေါင် လှမ်းကြည့်သလိုလုပ်လိုက်ပြီး ရုတ်တရက်ထ​ပြောလိုက်သည်။

" မင်းက ဘယ်သူနဲ့ ​ပြောချင်​နေတာတုန်း? "

ရန်ရိ ဖုန်းကိုအမြန်​နောက်ပို့လိုက်ရင်း

" ဘာကိုလဲ? "

ချွီယန်​ပေါင်က ​နောက်ရွတ်ရွှတ် အကြည့်နဲ့ မျက်ခုံးပင့်ပြလာသည်။

ရန်ရိ ထရပ်လိုက်ပြီး ​ပြောလိုက်၏။

" ​ကောင်းပြီ မင်းကျန်တာဆက်စဥ်းစားလိုက်​တော့ ငါသူတို့ကို ​လေ့ကျင့်​ပေးမယ် "

ရန်ရိ အစည်းအ​ဝေးခန်းအပြင်သို့ ထွက်လာလိုက်ပြီး ကုံးရင့်ရှန်ကို စာပြန်လိုက်သည်။

{ ဘာပဲဖြစ်ဖြစ် လုပ်စမ်းပါ ငါတကယ် မင်းကိုဖိတ်တာ မသွားရင်လည်း ​မေ့လိုက်​တော့ }

ကုံးရင့်ရှန် စာပြန်သည်။

{ မသွားဘူး }

ရန်ရိ ဖန်သားပြင်သို့ လက်ခလယ်​ထောင်ပြလိုက်​၏။

===============

[ Zawgyi ]

ခ်ီးဟန္ရဲ႕ အလြန္ပူျပင္းလွေသာ အပူခ်ိန္၊ ေလျပင္းတိုက္ခတ္ျခင္းႏွင့္ မိုးျပင္းက်ျခင္းမွမဟုတ္ရင္ေန႔စဥ္နံနက္ ၆ နာရီတိုင္း တစ္စခန္းလုံး မနက္ခင္းေလ့က်င့္ခန္း လုပ္ၾကရသည္။

ႁခြင္းခ်က္တစ္ခုသာလွ်င္ရွိၿပီး ၎ကား တပ္သားမ်ား ညဥ့္နက္သန္းေခါင္ တာဝန္ထမ္းေဆာင္ရျခင္းပင္ျဖစ္၏။

မေန႔ညက အမႈတစ္ခုရွိခဲ့သည္။

စုံတြဲတစ္တြဲရန္ျဖစ္ၾကရင္း ေယာက္်ားျဖစ္သူက ေဒါသထြက္ထြက္နဲ႔ ျပတင္းေပါက္ဆီသို႔ တိုးကာေလွ်ာက္သြားသည္။

ရလဒ္အေနနဲ႔ကေတာ့ သူ႔ေျခေထာက္ေတြ အားေပ်ာ့လာၿပီး ၇ ထပ္ေျမာက္က ၂၀ စင္တီမီတာသာက်ယ္သည့္အနားကြပ္လိုင္း၌ ပိတ္မိေနကာ လႈပ္ပင္မလႈပ္ရဲေတာ့ေပ။

ရန္ရိ အဖြဲ႕ကိုအျမန္အဆန္ဦးေဆာင္သြားရၿပီး ေလွကားပါသည့္ထရပ္ကားျဖင့္ ထိုလူ႔ကို တက္ေခၚရသည္။

ျပန္ေရာက္ေတာ့ သူတပ္သားေတြကို ေအးေဆးနားခိုင္းလိုက္ၿပီး မနက္ခင္းေလ့က်င့္ခန္းကို ဖ်က္လိုက္သည္။

ရန္ရိ အစကေတာ့ ေကာင္းေကာင္းအနားယူခ်င္မိသည္။

သို႔ေပမယ့္ အခ်ိန္က်လာေသာအခါ သူ႔ပင္ကိုႏႈိးစက္က အခ်ိန္မွန္ႏႈိးေလ၏။

သူေဒါသထြက္ထြက္နဲ႔ အိပ္ရာေပၚမွာပဲ ဖုန္းေဆာ့ေနလိုက္ၿပီး ေနာက္မွ ေအာက္ထပ္သို႔ဆင္းကာ ညစာသြားစားသည္။

ခြၽီယန္ေပါင္က ပန္းကန္လုံးကိုကိုင္ရင္း သူနဲ႔မ်က္ႏွာခ်င္းဆိုင္ ဝင္ထိုင္လ်က္။

" အစားစားၿပီးရင္ ဌာနခ်ဳပ္ကိုသြားလိုက္ဦး ေခါင္းေဆာင္ခ်န္က မင္းကိုေတြ႕ခ်င္လို႔တဲ့ "

ထိုစကားကိုၾကားလိုက္ၿပီးေနာက္ ရန္ရိ မ်က္ႏွာခပ္ပ်က္ပ်က္ ျဖစ္သြားသည္။

" သူကငါ့ကိုဘာလို႔ေတြ႕ခ်င္တာတုန္း? ကားျပတင္းေပါက္ခြဲတဲ့ကိစၥကေရာ? "

" မသိဘူး ဒါေပမယ့္ ငါအဲ့ကိစၥ ရွင္းၿပီးသြားၿပီ "

" ဘယ္လိုရွင္းလိုက္လဲ? "

" ပိုက္ဆံကုန္တာပဲေပါ့ မင္းတကယ္ကို ျပသနာအႀကီးႀကီးလုပ္ခ်င္တာပဲ "

ရန္ရိ ပါးစပ္အျပည့္ အစာေတြသြပ္ထည့္လိုက္ၿပီး အလြန္အသက္ရႉၾကပ္ခ်င္သလိုပင္ ျဖစ္လာ၏။

" စားၿပီးရင္ သြားေတာ့ "

" ေပါင္ေပါင္ ငါနဲ႔လိုက္ေပး "

" မင္းကသူငယ္တန္းကေလးမိုလို႔ အိမ္သာသြားတာေတာင္ ငါ့ကိုအေဖာ္ေခၚသြားခ်င္ေနတာလား? "

ခြၽီယန္ေပါင္ သေရာ္လိုက္သည္။

" ေခါင္းေဆာင္ခ်န္က မင္းကိုဘာမွမလုပ္ပါဘူး သူကမင္းကိုဂ႐ုအစိုက္ဆုံးပဲဟာ "

" အဲ့တာကိုပဲငါေၾကာက္တာ သူငါ့ကိုအၿမဲဆုံးမတယ္ကြ "

" ဌာနမႉးဆီကေန အနီးကပ္သင္ျပမႈခံခ်င္တဲ့လူေတြ ဘယ္ေလာက္ေတာင္မ်ားလိုက္သလဲ "

ရန္ရိ သက္ျပင္းခ်သည္။

ညစာစားၿပီးေနာက္ သူဌာနခ်ဳပ္ကို သြားသည္။

ခ်န္ေရွာင္ေဖး, ဟုန္းဝူပိုင္နက္ မီးသတ္ဌာနခ်ဳပ္ရဲ႕ ေခါင္းေဆာင္, သူ႔အေဖရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းတစ္ေယာက္ ၿပီးေတာ့ တိုက္ပြဲေတြရင္ဆိုင္ဖူးခဲ့တဲ့ မီးသတ္သမားေဟာင္း တစ္ေယာက္ျဖစ္သည္။

႐ုံးခန္းထဲဝင္သြားေတာ့ ခ်န္ေရွာင္ေဖးက အခ်က္အလက္ဖိုင္မ်ားကို ၾကည့္ေနကာ ရန္ရိ ၿပဳံးလ်က္ပဲႏႈတ္ဆက္လိုက္၏။

" ေခါင္းေဆာင္ခ်န္ "

" ထိုင္ "

ခ်န္ေရွာင္ေဖး ေဖာင္တိန္ကိုခ်ကာ ပခုံးဆန႔္လိုက္ၿပီး ကုလားထိုင္နား ေက်ာကပ္လိုက္သည္။

" ေကာင္စုတ္ေလး ငါမွမေခၚရင္ လာေတြ႕ရေကာင္းမွန္းမသိဘူးေပါ့ "

" အို႔ ကြၽန္ေတာ္သာ ေခါင္းေဆာင္ကို တစ္ေနကုန္လာေတြ႕ပါၿပီေရာ လူေတြဘာေျပာၾကမလဲ အဲ့တာေၾကာင့္ သံသယေရွာင္ေနရတာ "

ခ်န္ေရွာင္ေဖး ႏွာေခါင္းရႈံ႕လိုက္ၿပီး

" ေလာင္ရန္ေရာ ဘယ္လိုေနလဲ? ငါလည္းအလုပ္မ်ားေနတာနဲ႔ သူ႔ကိုေနာက္ႏွစ္က်မွပဲ တစ္ေခါက္ေလာက္ေတြ႕ရမယ္ "

" ကြၽန္ေတာ့္အေဖလား အဆင္ေျပပါတယ္ "

လူတိုင္းထိုေရာဂါအေၾကာင္း သိၾကသည္။

အေျခအေနက ဆိုးသည္ထက္ပိုဆိုးလာမည္ပင္။

ဒီလိုအေျဖမ်ိဳးက မယုတ္မလြန္ စကားသာျဖစ္၏။

" စခန္းကေရာ? လတ္တေလာအေျခအေနဘယ္လိုလဲ? "

" အကုန္ေကာင္းတယ္ "

" တကယ္? မင္းကားမွန္ေတြဘာေတြမခြဲလိုက္ဘူးလား? "

ရန္ရိ သူ႔ဘာသာ တကယ့္အေၾကာင္းအရင္းက ဒါမွန္းေတြးမိၿပီးသားျဖစ္ရာ သူေျပာလိုက္သည္။

" ကြၽန္ေတာ့္ကို အျပစ္မတင္နဲ႔ သူကသာ ကေလးကို ကားထဲပိတ္ခဲ့တာ "

" အဲ့တာမင္းအျပစ္မဟုတ္ရင္ေတာင္ စခန္းရဲ႕ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ျပသနာကိုဘယ္လိုေျဖရွင္းရမလဲဆိုတာ ေလ့လာထားရမယ္ အထူးသျဖင့္ သေဘာထားကြဲလြဲတဲ့အခါမ်ိဳးေတြ "

" ဟုတ္ပါၿပီ "

" ၿပီးေတာ့ မင္းေဒါသကိုလည္းထိန္း "

ရန္ရိ ရယ္ကာေျပာလိုက္သည္။

" ကြၽန္ေတာ္က တကယ္စိတ္ထိန္းႏိုင္ပါတယ္ အရမ္းသေဘာက်စရာေကာင္းတယ္ "

ခ်န္ေရွာင္ေဖး သူ႔ကို စူးစိုက္ၾကည့္လိုက္ၿပီး

" သတင္းေထာက္ကို မီးသတ္ပိုက္နဲ႔ျဖန္းတာ ဘယ္သူလဲ? နစ္နာသူမိသားစုနဲ႔ နပန္းသတ္လုနီးပါး ျဖစ္သြားတာေရာ ဘယ္သူလဲ? "

ရန္ရိ ေခါင္းကုတ္လ်က္

" အဲ့တုန္းက ကြၽန္ေတာ္ငယ္ေသးတာကို "

" ရန္ရိ ငါမင္းကိုအႀကိမ္အမ်ားႀကီးေျပာၿပီးၿပီ မင္းမွာရွားပါးတဲ့ပါရမီရွိတယ္ မင္းအထက္ကိုလည္းတက္ခ်င္တယ္မလား "

ခ်န္ေရွာင္ေဖး ရန္ရိကို ၾကည့္ရင္းျဖင့္။

" ငါအခုထိုင္ေနတဲ့ေနရာက မင္းအေဖပိုင္ဆိုင္ရမွာ ဒါေပမယ့္ သူ႔မွာ အခ်က္ႏွစ္ခ်က္ေလးပဲလိုတယ္ "

" ပညာအရည္အခ်င္း နဲ႔ ေဒါသ "

ရန္ရိ ထိုစကားကိုအႀကိမ္မ်ားစြာ ၾကားခဲ့ဖူးၿပီးၿပီ။

" ဟုတ္တယ္ မင္းက အထူးလ့က်င့္ထားတဲ့ တပ္သားတစ္ေယာက္ပဲ ၿပီးေတာ့ မင္းရဲ႕ပညာအရည္အခ်င္းကလည္း အရမ္းေကာင္းတယ္ ဒါေပမယ့္ မင္းေဒါသက မင္းအေဖနဲ႔တူေနတုန္းပဲ မင္းကအရမ္းေခါင္းမာတာ မင္းကိုယ့္ဘာသာ ထိန္းခ်ဳပ္သင့္တယ္ "

" ကြၽန္ေတာ္အေတာ္ေလး ထိန္းခ်ဳပ္ပါတယ္ တကယ္ ကြၽန္ေတာ္သူနဲ႔ ရန္မျဖစ္ဘူး "

" အဲ့တာနဲ႔ မလုံေလာက္ေသးဘူး မဟုတ္ရင္ မင္းဘာလို႔ ရဲဘက္ေရာက္ေအာင္ လုပ္ေသးတုန္း? "

ခ်န္ေရွာင္ေဖး စားပြဲကို ေခါက္လိုက္သည္။

" ဒီကိစၥကို ေရွာင္ခြၽီေျဖရွင္းလိုက္တာက မင္းရဲစခန္းသာေရာက္သြားရင္ မင္းစိတ္အေျခအေနအေပၚ အက်ိဳးသက္ေရာက္မွာကို သူေၾကာက္တာ။

အဲ့တာေၾကာင့္ သူေတာင္းပန္တယ္ အမႈကိုပယ္ဖ်က္လိုက္တယ္ ၿပီးေတာ့ မင္းအတြက္ ေလ်ာ္ေၾကးလည္းေပးလိုက္တယ္

မင္းက ကယ္ဆယ္ေရးမွာ အၿမဲတမ္းထူးခြၽန္ပါတယ္ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ မီးသတ္တပ္ဖြဲ႕ရဲ႕ပုံရိပ္ကို ထိန္းသိမ္းဖို႔ကလည္း အေရးႀကီးတယ္ "

ရန္ရိ မခ်င့္မရဲနဲ႔ ေခါင္းညိတ္သည္။

" ရန္ရိ မင္းနဲ႔ ေရွာင္ခြၽီ ႏွစ္ေယာက္လုံးက ငါတို႔အေပၚ သစၥာေစာင့္သိတယ္ အနာဂတ္ဆက္ခံသူေတြပဲ ဒီအလုပ္ကို မင္းစိတ္အားထက္သန္မႈအတြက္ လုပ္ေန႐ုံ မဟုတ္ဘဲနဲ႔ မင္းအတြက္ ေအာင္ႏိုင္ဆုေတြ မင္းနဲ႔ထိုက္တန္တဲ့ အရာေတြကိုလည္း ရႏိုင္မယ္လို႔ ငါေမွ်ာ္လင့္တယ္ "

ရန္ရိ ေျပာလိုက္သည္။

" ဟုတ္ကဲ့ပါ ေခါင္းေဆာင္ခ်န္ "

ခ်န္ေရွာင္ေဖးက ခံစားခ်က္ပါပါ ေျပာလာ၏။

" ရန္ရိ မင္းကေလးဘဝကေန ႀကီးျပင္းလာတဲ့အထိ ငါထိန္းေက်ာင္းခဲ့တာ မင္းက ငါ့သားေလးလိုပါပဲ မင္းအတြက္ ငါ့မွာ ေမွ်ာ္မွန္းႀကီးအႀကီးႀကီးရွိတယ္ ၿပီးေတာ့ မင္းအေဖလည္း ထိုနည္းလည္းေကာင္းပဲ ႀကိဳးစားပါ သိတယ္မလား "

ရန္ရိ အေလးအနက္ ေခါင္းညိတ္လိုက္သည္။

" ကဲ ဒီကိစၥ ဒီတင္ၿပီးၿပီ အျခားကိစၥေျပာရေအာင္ ဟိုတစ္ေခါက္က ဘားမီးေလာင္တဲ့ကိစၥမွာ ေလာင္႐ႊီ( ႐ႊီက်င့္) မင္းကို မီးစုံစမ္းေရးမွာ ကူညီခိုင္းတယ္လား? "

[ T/n : ဒါဒါတို႔ မမွတ္မိရင္ ႐ႊီက်င့္က cha 7 စစ္ရွစ္ေက်ာင္ မီးေလာင္မႈကို လာေရာက္ကိုင္တြယ္ေပးတဲ့ ဌာနခ်ဳပ္က အႀကီးအကဲပါ ]

" အင္း အမႈက ပိတ္သြားပါၿပီ "

" ငါဟိုေန႔က ဒါ႐ိုက္တာလီနဲ႔ အဲ့ကိစၥအေၾကာင္းေျပာေတာ့ ၾကားမိလိုက္ေသးတယ္ "

ခ်န္ေရွာင္ေဖး ေျပာသည္။

" ငါတို႔ျပန္လည္ဖြဲ႕စည္းလိုက္ေတာ့ အရည္အခ်င္းရွိတဲ့တပ္သားေတြ အေတာ္ရလာတယ္ ေဟာ္ေသ်ာင့္(မီးသုံးသပ္စစ္ေဆးေရးဌာန ) ကက်ေတာ့ သူတို႔မွာရွိတဲ့ ဝန္ထမ္းအားလုံးက ေရွ႕တန္းကေန အနားယူလိုက္တဲ့ တပ္သားေဟာင္းေတြပဲ ဒီႏွစ္မွ တိုက္တိုက္ဆိုင္ဆိုင္ က်န္းမာေရးေၾကာင့္ပင္စင္ယူသြားတဲ့ သူေတြနဲ႔ တကယ္ကိုလူအင္အားမလုံေလာက္ဘူး ဒီလို အေရးႀကီးတဲ့အလုပ္မ်ိဳးကို အေတြ႕အႀကဳံရွိတဲ့ တပ္သားေတြ ေခၚယူဖို႔ကလည္း အခ်ိန္မရွိဘူး အဲ့ေတာ့ မင္းနဲ႔ပဲ ခဏလက္လႊဲထားရေတာ့မယ္ "

" ရပါတယ္ ေခါင္းေဆာင္ခ်န္ရာ ကြၽန္ေတာ္ ကူညီခ်င္ပါတယ္ "

ရန္ရိ ၿပဳံးလိုက္ကာ

" ကြၽန္ေတာ္ လက္ခံထားတဲ့ တာဝန္ကလည္း မၾကာခဏႀကီး ဝင္ကူေနစရာမလိုေတာ့ အလုပ္အခ်ိန္ပိုေလး ဆင္းရ႐ုံထက္မပိုပါဘူး "

" အင္း အဲ့တာက မင္းအတြက္လည္းေကာင္းတယ္ေလ မင္းကိုယ္မင္း ႐ုပ္လုံးထြက္ျပဖို႔လည္း ေလ့လာရမယ္ ေနာက္ဆိုရင္ ျပည္ထဲေရးစာရင္းဇယားေတြနဲ႔ အလုပ္ရႈပ္ရေတာ့မွာ "

" ဟုတ္တယ္ "

" စကားမစပ္ ေနာက္လဆို ႏွစ္ပတ္လည္ေလ့က်င့္ေရးျပပြဲ လုပ္ေတာ့မယ္ မင္း စၿပီးေလ့က်င့္ေနၿပီလား? "

" အေစာပိုင္းကတည္းက ေလ့က်င့္ထားတယ္ "

ထိုစကားကို သူေျပာလိုက္စဥ္မွာ အနည္းငယ္ပင္ စိတ္လႈပ္ရွားမိ၏။

" အမွတ္ေကာင္းထပ္ရမယ္လို႔ ကြၽန္ေတာ္ကတိေပးပါတယ္ "

ခ်န္ေရွာင္ေဖး ၿပဳံးလိုက္ၿပီး

" အလုပ္ျပန္လုပ္ေတာ့ အခ်ိန္ရရင္ ညစာစားဖို႔ ငါ့အိမ္ကိုလာခဲ့ဦး မင္းအေဒၚက အခ်ိန္တိုင္း မင္းအေၾကာင္းပဲေမးေနတာ "

" ဟုတ္ကဲ့ ! "

_________________

စခန္းကို ျပန္ေရာက္ေတာ့ ရန္ရိ ခြၽီယန္ေပါင္ကို အထူးေက်းဇူးတင္လိုက္သည္။

ဒီႏွစ္ေတြမွာ ခြၽီယန္ေပါင့္ အကူအညီမပါဘဲနဲ႔ သူတစ္ေယာက္တည္း စခန္းကို ေကာင္းေကာင္းမြန္မြန္ ကိုင္တြယ္ႏိုင္မွာမဟုတ္ေပ။

ခြၽီယန္ေပါင္က သူ႔ကိုစေနာက္ကာေျပာသည္။

" ဒီႏွစ္ေတြမွာ မင္းအတြက္နဲ႔ ငါအသည္းကြဲေနရတာ မင္းသိရင္ေတာ္ပါၿပီ "

ရန္ရိ မ်က္စိမွိတ္ျပလိုက္ၿပီး

" ငါတို႔က လင္မယားအိုႀကီးေတြနဲ႔မတူဘူးလား တစ္ေယာက္က အိမ္ျပင္(စီးပြားေရး) ဂ႐ုစိုက္ရင္ တစ္ေယာက္က အိမ္တြင္းေရး ဂ႐ုစိုက္တယ္ေလ "

" ေသလိုက္ "

ခြၽီယန္ေပါင္ တစ္ခုခုေတြးမိသြားလ်က္။

" စကားမစပ္ ငါၾကားတာ ဘားမီးေလာင္တဲ့အမႈ ပိတ္သြားၿပီဆို ? "

" ဟုတ္တယ္ "

ရန္ရိ အမႈအေၾကာင္းအေတြးဝင္သြားၿပီး မ်က္ေမွာင္ၾကဳတ္သြားသည္။

" ဒါေပမယ့္ ေဒါက္တာကုံးနဲ႔ငါ့နဲ႔ ႀကံရာပါ လို႔ေတြးထားတဲ့သူ ရွိတယ္ "

" အစစ္လား? အတုလား? "

ရန္ရိ အမႈအေၾကာင္း အေပၚယံေျပာျပလိုက္သည္။

ခြၽီယန္ေပါင္ မတတ္သာဘဲ သက္ျပင္းခ်၏။

" အဲ့မိန္းမက အရမ္းသံသယျဖစ္စရာေကာင္းတယ္ သူသာတကယ့္ႀကံရာပါဆို အေတာ္ယုတ္မာတာပဲ "

" အင္း ငါတို႔သက္ေသ ရွာမေတြ႕ေသးတာ နာတယ္ "

" မင္းစခ်င္တယ္ဆိုရင္ေတာင္ သက္ေသေတြအားလုံးျပင္းျပင္းထန္ထန္ ထိခိုက္ထားေတာ့ မီးမႈေတြက အစကတည္းကကို ေထာက္လွမ္းရခက္တယ္ကြ အခ်ိန္တိုအတြင္း တရားခံမိဖို႔ဆိုတာ မလြယ္ဘူး "

ရန္ရိ ေလးေလးပင္ပင္နဲ႔ ေျပာလိုက္သည္။

" ဒါေပမယ့္ ငါတို႔အဲ့လိုပဲ လက္ခံလိုက္လို႔မရဘူးေလ "

" မင္းတကယ္ ဆက္စုံစမ္းဖို႔လုပ္ေနတာလား? "

" အေျခအေနၾကည့္ၿပီး အားလပ္ခ်ိန္ေတြသုံးရမွာေပါ့ကြာ "

ခြၽီယန္ေပါင္က ၿပဳံးစိစိနဲ႔ ေျပာလာသည္။

" မင္းအရင္က ေဒါက္တာကုံးကို အျပစ္ေျပာတယ္ေလ ဘယ္လို လူေကာင္းေယာင္ေဆာင္တာ ဘယ္လို စိတ္ပ်က္စရာေကာင္းတာဆိုၿပီး အခုက်ေတာ့ မင္းတို႔ႏွစ္ေယာက္ အဆင္ေျပေနပုံပဲ "

ရန္ရိ ကုံးရင့္ရွန္ကို ေတြးလိုက္ကာ ခပ္ယဲ့ယဲ့ၿပဳံးသြားသည္။

" သူလား...သူ႔မွာျပသနာအေတာ္မ်ားေပမယ့္လည္း ဆိုးေတာ့မဆိုးပါဘူး "

" Yo~ "

ခြၽီယန္ေပါင္ မ်က္လုံး ေမွးစင္းလိုက္ၿပီး

" မင္းသူ႔ကို ထပ္မေတြ႕ရေတာ့ဘူးေပါ့ "

ရန္ရိ စကားျပန္႐ုတ္ကာ ရန္ေတြ႕လိုက္သည္။

" ဘာေတြလာေျပာေနတာလဲ? "

ခြၽီယန္ေပါင္က သူ႔လက္ေခ်ာင္းသြယ္သြယ္ကို ဆန႔္ထုတ္လိုက္ၿပီး သူ႔(ရန္ရိ) မ်က္ႏွာေရွ႕မွာ စက္ဝိုင္းပုံဆြဲျပလာသည္။

" ဒီမ်က္ႏွာအမူအရာၾကည့္ရတာေတာ့ စိတ္မလုံမလဲျဖစ္ေနသလိုပဲေနာ္ "

ရန္ရိ သူ႔(ခြၽီယန္ေပါင္) လက္ကို ဖယ္လိုက္ရင္း

" အဓိပၸါယ္မရွိတာေတြ ငါသူနဲ႔အလုပ္လုပ္ဖို႔ သည္းခံႏိုင္သြား႐ုံပဲ သူက ငါႀကိဳက္တဲ့ type လည္း မဟုတ္ပါဘူး "

" အိုး မင္းကဘယ္ type မ်ိဳးကိုမ်ားႀကိဳက္တာတုန္း? ေက်ာင္းဆရာ? စာရင္းကိုင္? tattoo ဗလဗြနဲ႔ DJ သမားလား? ဒါမွမဟုတ္ သ႐ုပ္ေဆာင္ေပါက္စေလးလား? "

ခြၽီယန္ေပါင္ 'က်စ္ က်စ္ ' ဟုႏွစ္ခါ စုတ္သတ္ၿပီး

" ငါေတာ့ မင္းအႀကိဳက္က က်ယ္ျပန႔္လြန္းလို႔ ဘာေရေရရာရာ type မ်ိဳးမွမရွိဘူးလို႔ထင္တာပဲ "

ရန္ရိ သူ႔ကို မ်က္ေစာင္းထိုးလိုက္ၿပီး

" မင္းက ငါ့အခ်စ္ေရးသမိုင္းထဲကို အေတာ္ေလးဝင္ပါခ်င္ေနတယ္ေပါ့ "

" bah မင္းလိင္ေျပာင္းလိုက္မွရမယ္ "

[ T/n : bah ဆိုတာက အာေမဋိတ္စကားလုံးပါပဲ ]

ခြၽီယန္ေပါင္ သူ႔မ်က္မွန္ကို ပင့္တင္လိုက္ရင္း ေနာက္သည္။

" ဒါေပမယ့္ ေဒါက္တာကုံးက ဒီ့ျပင္လူေတြထက္ ပိုၿပီးၾကည့္ေကာင္းတယ္ ငါသူ႔ကို ပထမဆုံးေတြ႕လိုက္တုန္းကေတာင္ တကယ္ကိုအံ့အားသင့္သြားတာပဲ

မင္းနည္းနည္းေလးေတာင္ စိတ္မဝင္စားမိဘူးလား? "

" မဝင္စားဘူး "

ရန္ရိ ႏွာမႈတ္လိုက္သည္။

" သူ႔စ႐ိုက္က လူေတြသည္းမခံႏိုင္တဲ့ စ႐ိုက္မ်ိဳးပဲ ငါၿငီးေငြ႕ေနၿပီ ျပသနာရွာသလိုပဲျဖစ္လိမ့္မယ္ "

ခြၽီယန္ေပါင္ ပခုံးတြန႔္လိုက္ၿပီး

" မင္းေဒါသအတိုင္းဆို သူ႔ကိုအရမ္းသည္းခံေနတာ လုံးဝမူမမွန္ဘူး "

ရန္ရိ သူ႔ရင္ဘတ္သူပုတ္ျပလိုက္ကာ

" ေယာက္်ားဆန္တာ သေဘာထားႀကီးတာကြ "

ကုံးရင့္ရွန္ရဲ႕ ဘဝဇာတ္ေၾကာင္းကို ခြၽီယန္ေပါင္ကိုေျပာျပဖို႔ သူတြန႔္ဆုတ္ေနမိသည္။

တကယ္ေတာ့ ဘယ္သူမွမယုံၾကည္ႏိုင္ဘဲ စိတ္မသက္မသာျဖစ္ရမွာပင္။

ဒါေပမယ့္ ကုံးရင့္ရွန္လည္း တစ္ခါမွထုတ္မေျပာဖူးေတာ့ က်ိန္းေသလူသိခံခ်င္ေလာက္မွာ မဟုတ္ဘူးလို႔ ထင္သည္။

သူ မေတာ္တဆသိသြားေတာ့လည္း လွ်ိဳ႕ဝွက္ခ်က္အေနနဲ႔ ထားလိုက္တာပဲေကာင္းမည္။

ရန္ရိ အခ်ိန္ကိုက္ပဲ ၿပိဳင္ပြဲအေၾကာင္းစကားစ လိုက္ၿပီး ႏွစ္ယာက္သား ဒီႏွစ္ ဘာအစီအစဥ္မ်ားတင္ျပရင္ ေကာင္းမလဲ တိုင္ပင္ၾကသည္။

ၿပိဳင္ပြဲက မီးသတ္တပ္ဖြဲ႕ရဲ႕ ႏွစ္ပတ္လည္ အားကစားပြဲပင္ျဖစ္၏။

ထိုအခ်ိန္ကား မီးသတ္စခန္းမ်ား လူလုံးထြက္ျပေသာ အခ်ိန္လည္းျဖစ္ၿပီး လူတိုင္းက အလြန္အေရးႀကီးသည္ဟု မွတ္ယူထားၾကတာလည္း ျဖစ္သည္။

ေနာက္ဆုံး ဘယ္သူ႔မွ မရႈံးနိမ့္ခ်င္ၾကေပ။

ပင္ကိုအားျဖင့္ သူတို႔ အထူးမီးသတ္တပ္ဖြဲ႕ဆိုတာ အျခားမီးသတ္စခန္းေတြထက္ကို သာလြန္သည္။

သူတို႔ႏွစ္ေယာက္ တင္ျပမယ့္ အစီအစဥ္ကို ေဆြးေႏြးေနၾကရင္း ရန္ရိ ကုံးရင့္ရွန္ဆီ WeChat ကေနစာလွမ္းပို႔လိုက္၏။

{ ေနာက္လ ငါတို႔ဆီမွာ အားကစားၿပိဳင္ပြဲရွိတယ္ မင္းလာ ကစားမလား? }

ခဏၾကာေတာ့ ကုံးရင့္ရွန္ စာျပန္သည္။

{ အဲ့မွာ ဘာေတြမ်ား ကစားစရာရွိမွာမိုလို႔လဲ မလာဘူး }

ရန္ရိ ႏႈတ္ခမ္းေထာ္လိုက္ရင္း

{ မင္း အသင္းအဖြဲ႕လႈပ္ရွားမႈေတြမွာပါၿပီး သူငယ္ခ်င္းမ်ားမ်ားဖြဲ႕ေတာ့ေရာ နစ္နာစရာရွိလို႔လား? }

ဦးေလးရွန႔္နဲ႔ ကုံးေဖးလန္တို႔က သူတို႔သူငယ္ခ်င္းျဖစ္ဖို႔ ဝမ္းသာအားရနဲ႔ ေမွ်ာ္လင့္ထားၾကသည္ကို သူအၿမဲအမွတ္ရပါ၏။

သူက အျခားသူေတြကိုကူညီဖို႔ ေမြးဖြားလာရသူမို႔ ကုံးရင့္ရွန္ကိုလည္း ကူညီေပးသင့္တယ္။

ကုံးရင့္ရွန္ စာျပန္လာသည္။

{ ခင္မ်ားပဲ ကြၽန္ေတာ့္ကို ဘယ္လိုလုပ္မိတ္ေဆြဖြဲ႕ႏိုင္မွာလဲ လို႔ေျပာခဲ့တာမဟုတ္ဘူးလား }

ရန္ရိ တစ္ဆို႔သြားရကာ ကုံးရင့္ရွန္ကို စိတ္ထဲကေန က်ိန္ဆဲလိုက္သည္။

" မင္းဘာလုပ္ေနတာလဲ? "

ခြၽီယန္ေပါင္ ေျပာလာသည္။

" အာ႐ုံစိုက္ေလ "

" အို႔ ကိစၥကၿပီးၿပီပဲမလား အရင္ႏွစ္ေတြတုန္းက ဒီအစီအစဥ္ေတြ တင္ျပၿပီးသြားၿပီပဲ ေနာက္ထပ္ အဖြဲ႕မ်ားမ်ားတင္ျပၾကတာေပါ့ "

ရန္ရိ စိတ္မပါလက္မပါနဲ႔ ေျပာလိုက္ၿပီး ကုံးရင့္ရွန္ကို ဘယ္လိုစာျပန္ရမလဲပဲ ေတြးေနသည္။

[ T/n : အာ.....လူဆိုး :"3 ]

ခြၽီယန္ေပါင္ လွမ္းၾကည့္သလိုလုပ္လိုက္ၿပီး ႐ုတ္တရက္ထေျပာလိုက္သည္။

" မင္းက ဘယ္သူနဲ႔ ေျပာခ်င္ေနတာတုန္း? "

ရန္ရိ ဖုန္းကိုအျမန္ေနာက္ပို႔လိုက္ရင္း

" ဘာကိုလဲ? "

ခြၽီယန္ေပါင္က ေနာက္႐ြတ္႐ႊတ္ အၾကည့္နဲ႔ မ်က္ခုံးပင့္ျပလာသည္။

ရန္ရိ ထရပ္လိုက္ၿပီး ေျပာလိုက္၏။

" ေကာင္းၿပီ မင္းက်န္တာဆက္စဥ္းစားလိုက္ေတာ့ ငါသူတို႔ကို ေလ့က်င့္ေပးမယ္ "

ရန္ရိ အစည္းအေဝးခန္းအျပင္သို႔ ထြက္လာလိုက္ၿပီး ကုံးရင့္ရွန္ကို စာျပန္လိုက္သည္။

{ ဘာပဲျဖစ္ျဖစ္ လုပ္စမ္းပါ ငါတကယ္ မင္းကိုဖိတ္တာ မသြားရင္လည္း ေမ့လိုက္ေတာ့ }

ကုံးရင့္ရွန္ စာျပန္သည္။

{ မသြားဘူး }

ရန္ရိ ဖန္သားျပင္သို႔ လက္ခလယ္ေထာင္ျပလိုက္၏။