[ Unicode ]
" နန်းတော်ဆိုတဲ့ ကုံး "
"ငါကြားတာတော့ သူ့မိသားစုက ဓါတုဗေဒလုပ်ငန်း လုပ်တာတဲ့ "
" ၀မ်းကွဲမိသားစုက သူငယ်ငယ်လေးထဲက ဆုံးသွားကြပြီ "
" ကျွန်တော် မီးကို မုန်းတယ် "
ရန်ရိ အင်တာနက်မှာ ပေါင်ရှန်း chemical plant ပေါက်ကွဲမှုအကြောင်းရှာကြည့်တော့ သူကြားခဲ့ရသော စကားလုံးများ သူ့စိတ်ထဲလွင့်မြောလာလျက်။
ထိုအချိန်က အင်တာနက်သည်လည်း သိပ်မတိုးတက်သေးတော့ ရှာနိုင်တဲ့ အချက်အလက်များများစားစားမရှိပေ။
သို့သော်လည်း မတော်တဆမှုကြီး၏ လှုပ်ခတ်မှုနှင့် ကြောက်မက်ဖွယ်ရာမြင်ကွင်းကို ပြဖို့ရာလုံလောက်ပေသည်။
တကယ်တော့ ရန်ရိ အင်တာနက်မှာတောင် ရှာစရာမလို၊
ထိုနှစ်ကအဖြစ်အပျက်ကို သူကိုယ်တိုင် တွေ့ကြုံခဲ့ဖူးပြီး ကော်လိပ်မှာလည်း ထိုအမှုကို ခွဲခြမ်းစိတ်ဖြာခဲ့ရသေးသည်။
ဒါပေမယ့် အခုတော့ သူအရင်က အာရုံမထားခဲ့တဲ့ ရှုထောင့်ကနေ နားလည်ဖို့လိုလာပြီ။
အချို့အချက်အလက်တွေ အတည်ပြုပြီးနောက် ရန်ရိ ဖုခိုင်ကို ဖုန်းခေါ်လိုက်ပြီး ပိုင်ဆိုင်မှုအချက်အလက်ကိုစစ်ပေးဖို့ အကူအညီတောင်းလိုက်သည်။
ဖုခိုင်ရဲ့ အကြောင်းပြန်ချက်က ရန်ရိရဲ့ ထင်ကြေးကို အတည်ပြုလိုက်လေတော့၏။
ကုံးမင်ယွီ, လွန်ခဲ့တဲ့ ၁၈ နှစ်ကပေါက်ကွဲသွားခဲ့သော ပေါင်ရှန်း chemical plant group ရဲ့ chair man က ကုံးရှင့်ရှန်ရဲ့ အဖေဖြစ်သည်။
ရုတ်တရက် ' ကျွန်တော် မီးကို မုန်းတယ် ' ဆိုသည့် စကားကိုပြောနေသော ကုံးရင့်ရှန်ရဲ့အေးစက်စက် ယောက်ျားဆန်သည့် အသံက ရန်ရိ စိတ်ထဲ ထပ်ခါ ထပ်ခါ ပဲ့တင်ထပ်လာ၏။
ထိုအချိန်က သူထင်ခဲ့သည်မှာ ကုံးရင့်ရှန်က သူ့ကိုတမင်တကာ စိတ်တိုအောင် လုပ်နေသည်ဟူ၍။
အခုတော့ ထိုရိုးရိုးရှင်းရှင်းစကားလုံးလေးတွေ နောက်ကွယ်က ရင့်နင့်ဖွယ်ရာအဖြစ်အပျက်အနေသို့ ပြောင်းလဲသွားလျက်။
ခြောက်နှစ်သားအရွယ်ပဲရှိသေးတဲ့ ကလေးတစ်ယောက်က ညတွင်းချင်းပဲ သူ့နေအိမ်နဲ့ မိသားစုကိုဆုံးရှုံးသွားရတာတင်မက အဲ့လိုကြေကွဲစရာအဖြစ်ကြီးလို ပြောင်းလဲမှုမျိုး လူဘယ်လောက်ကများ တောင့်ခံနိုင်လိမ့်မလဲ?
သူဒီလိုပုံမျိုးဖြစ်လာခဲ့ပြီ အရာအားလုံးက ကံစီမံရာသာ။
ရန်ရိ အရမ်းစိတ်မချမ်းမသာခံစားရသည်။
သူမီးလောင်မှုအများကြီးကြုံတွေ့ခဲ့ဖူးပြီး မီးလောင်မှုတွေက လူတွေကိုဘယ်လိုဆုံးရှုံးမှုတွေ ချန်ရစ်ထားခဲ့လဲဆိုတာ သူသိသည်။
ရုပ်ပိုင်းဆိုင်ရာအတွက်ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာအတွက်ဖြစ်ဖြစ် မီးလောင်ကျွမ်းပြီးသားအရာတွေ နဂိုအတိုင်းပြန်မဖြစ်နိုင်သလိုပဲ ဆုံးရှုံးမှုတွေကလည်း ဘ၀နဲ့ချီကာကြီးမားလှ၏။
ဘယ်လို စိတ်နဲ့များ ကုံးရင့်ရှန်တစ်ယောက် ရဲအရာရှိလုပ်ပြီး မီးရှို့မှုတွေစုံစမ်းနေနိုင်တာလဲ?
မီးလောင်ပြီးလို့ ကျန်တဲ့အပျက်အစီးပုံတွေကြား ၀င်စစ်ဆေးရတဲ့အခါ သူ့စိတ်ထဲ ဘာတွေများရှိနေမလဲ?
အဲ့တာက....အဲ့တာက အတိတ်ကို ထပ်ခါ ထပ်ခါ ပြန်သတိရဖို့ ဖိအားပေးနေတာပဲမလား?
ရန်ရိ ထိုအကြောင်းကို ဆက်မတွေးရဲတော့ပေ။
သူ့ရင်တွေမွန်းကြပ်လာပြီး နှဖူးသားတွေလည်း တွန့်ရှုံ့လာလေပြီ။
သူ့အဖေ ကယ်ဆယ်ရေးအတွက် chemical plant ကြီးထဲမှာ ၇ညနဲ့ ၈ရက်လုံးလုံး ပိတ်မိနေခဲ့စဥ်ကတည်းက၊ သူ့အဖေ ကုံးရင့်ရှန်ကိုမီးထဲကနေ ကယ်ဆယ်ပေးခဲ့စဥ်ကတည်းက၊ လူချင်းတွေ့ပြီး နှစ်ယောက်အတူ စုံစမ်းစစ်ဆေးကြကတည်းက သူတို့တွေ အတူတွေ့ဆုံကြုံတွေ့ကြဖို့ ကံတရားပါလာတာမျိုးဖြစ်နိုင်သည်။
ကလေးဘ၀ကတည်း မီးသတ်သမားဖြစ်လာဖို့ ဆုံးဖြတ်ထားပြီးသား သူတစ်ယောက်အနေဖြင့် ရန်ရိ ' ကယ်တင်ခြင်း ' ဆိုတဲ့တာ၀န်နဲ့အတူမွေးဖွားလာခဲ့ရတယ်။
ကုံးရင့်ရှန်အတွက်တော့ သူမီးရှို့မှုစုံစမ်းရေးတွေမှာပူးပေါင်းတာက သူ့အတွက်ကယ်ဆယ်ခြင်းလည်းဖြစ်သလို သူတို့နှစ်ယောက်ကံဆုံစည်းဖို့အတွက်လည်း အဓိပ္ပါယ်ပြည့်စုံသည်။
ဥပမာအနေဖြင့် စစ်ရှစ်ကျောင်မီးလောင်မျိုးမှာပေါ့။
ရန်ရိ သူ့ဖုန်းကိုထုတ်ကာ ကုံးရင့်ရှန်သူ့ကိုပို့ခဲ့သော စာကို တိတ်တဆိတ်ကြည့်လိုက်၏။
{ ကျေးဇူး }
သူ ကုံးရင့်ရှန်ကို ဖုန်းခေါ်လိုက်သည်။
ဖုန်းလိုင်းချိတ်ဆက်မိသွားပြီးနောက် ရန်ရိ တိုးဖွစွာဖြင့် :
" မင်းဘယ်မှာလဲ? "
" ဌာနမှာ၊ ဘာဖြစ်လို့လဲ? "
" ငါမင်းနဲ့ လူချင်းတွေ့ပြီး ပြောစရာရှိတယ် "
" ကျွန်တော် ခဏနေအိမ်ပြန်တော့မှာ "
" ငါ့ကိုစောင့်နေ အခုပဲလာမယ် အရမ်းနီးတယ် "
ကုံးရင့်ရှန် တွန့်ဆုတ်နေပြီးမှ
" ကားပါကင်မှာတွေ့မယ် "
ရန်ရိ သူ့အဖေကို နှုတ်ဆက်ပြီး အောက်ဆင်းကာ ဟုန်းဝူဌာနခွဲသို့ မောင်းသွားလိုက်သည်။
မြေအောက် ကားပါကင်ကိုရောက်တော့ ၀င်၀င်ချင်း ရန်ရိ Wrangler ကားတံခါးပွင့်နေတာကိုတွေ့လိုက်ရပြီး ကုံးရင့်ရှန့်ကတော့ ကားထဲမှာထိုင်ကာ ဖိုင်တွဲတွေကြည့်နေသည်။
ရန်ရိ ကားထဲကထွက်လိုက်၏။
ကုံးရင့်ရှန် သူ့ကိုခေါင်းမော့ကြည့်လာပြီး ဖိုင်ကိုချကာ ကားထဲကထွက်လာသည်။
" တစ်ခုခုဖြစ်လို့လား? "
ရန်ရိ အသက်၀၀ရှူလိုက်ကာ
" ဒေါက်တာကုံး ငါတို့လက်လျှော့လို့မရသေးဘူး "
ကုံးရင့်ရှန် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးထဲမှာတော့ နားမလည်နိုင်တဲ့ အတွေးရိပ်များ ဖြတ်ပြေးသွားသည်။
" စစ်ရှစ်ကျောင် မီးလောင်မှုမှာ ခိုင့်၀မ်က ကြံရာပါဆိုတာ မဖော်ထုတ်နိုင်ရင်တောင် ငါတို့ဒီလိုတော့ လက်လျှော့ပစ်လို့မရဘူး လူတွေအများကြီးသေအောင် မီးရှို့သတ်တဲ့ ဘယ်တရားခံကိုမဆို ငါတို့လွှတ်ပေးလို့မဖြစ်ဘူး "
ရန်ရိ ရင်ဘတ်က တသိမ့်သိမ့်တုန်နေလျက်။
" အဲ့တာမှ မင်းက ရဲအရာရှိတစ်ယောက်လို့ ဆိုလိုတာမလား? "
ကုံးရင့်ရှန် မျက်လုံးများ မှေးစင်းသွားသည်။
" ခင်များဘာကိုပြောနေတာလဲ? "
" ငါမင်းကို ဘာလို့ ရဲအရာရှိလုပ်လဲလို့မေးပေမယ့် မင်းမဖြေဘူး ဒါပေမယ့် ရဲတစ်ယောက်ဆိုတာက တိုက်ခိုက်နှိမ်နင်းတာနဲ့ စောင့်ကြည့်စစ်ဆေးတာပဲလုပ်တာမှမဟုတ်တာ? "
ရန်ရိ ကုံးရင့်ရှန်ကို နင့်နင့်နဲနဲ စိုက်ကြည့်လိုက်ပြီး
" အလိုလိုအသိစိတ်ရယ် မှန်းဆချက်တွေရယ်က ဥပဒေနဲ့မညီပေမယ့် ငါတို့ဆက်စောင့်ကြည့်ဖို့ အကြောင်းရင်းတော့ဖြစ်နိုင်တာပဲ "
ကုံးရင့်ရှန် နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။
" ခင်များအလုပ်ကပြီးသွားပြီ ကျန်တာတွေအတွက် စိတ်မပူပါနဲ့ "
" မင်းတကယ်ပဲဒီလို လက်လျှော့လိုက်တော့မလို့လား? တကယ်လို့အမှုပိတ်သွားရင်တောင် ငါတို့သက်သေအသစ်ရှာနိုင်သရွေ့တော့ သူ(မ)ကို စွပ်စွဲထားလို့ရသေးတာပဲ မင်းမီးရှို့သမားကိုလွှတ်ပေးချင်လို့လား! "
" အဲ့တာ ခင်များနဲ့မဆိုင်ဘူး ပြန်တော့ "
ကုံးရင့်ရှန် နောက်လှည့်ကာ ကားထဲ၀င်တော့မည့်ဆဲဆဲ။
ရန်ရိ ခြေလှမ်းလိုက်ကာ ကုံးရင့်ရှန် ပခုံးကိုလှမ်းဆွဲလိုက်၏။
ကုံးရင့်ရှန် မျက်လုံးများ အရောင်လက်သွားလျက် ရုတ်တရက် ကိုင်းညွှတ်လိုက်ပြီး ကိုယ်ကိုလှည့်လိုက်ကာ ရန်ရိလက်ကောက်၀တ်ကို သူ့လက်တစ်ဖက်တည်းဖြင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက ရန်ရိ ကျောနောက်ဘက်ကိုပင်ရောက်နေချေပြီ။
ဆတ်ခနဲရန်ရိ ပခုံးကိုဆွဲလှည့်လိုက်ပြီး လူကိုကားမှာကပ်လိုက်သည်။
ရန်ရိ နာနာကျင်ကျင်အော်ကာ ပြင်းပြင်းထန်ထန် ရုန်းသော်လည်း ကုံးရင့်ရှန်အားက ကြောက်မက်ဖွယ်အတိ။
သူ့ကိုချုပ်ထားတဲ့လက်က လှုပ်တောင်လှုပ်မသွားပေ။
ဒီလို တင့်တယ်ပြီး မြင့်မြတ်တဲ့ကုံးရင့်ရှန်ရဲ့ ပုံပန်းသွင်ပြင်လေးနဲ့ ကြမ်းတမ်းတဲ့အားအင်မျိုး ရှိမယ်လို့ သူဘယ်လိုမှစိတ်ကူးမရ။
သူဆဲရေးလိုက်လျက်။
" သေစမ်းကွာ မင်းငါ့ကိုလွှတ် "
ကုံးရင့်ရှန် ရန်ရိနား, နားကပ်ကာ အေးစက်စက်ပြောသည်။
" ကျွန်တော့်ကို သူလိုငါလို လာမထိနဲ့လို့ ပြောထားသားပဲ "
သူလက်လွှတ်ပေးလိုက်ပြီး ခြေလှမ်းပြန်ဆုတ်ကာ ခေါင်းငုံ့လျက် အ၀တ်အစားတွေပြန်ဖြန့်နေသည်။
ရန်ရိ နာနေသည့်လက်ကောက်၀တ်ကို ခါလိုက်ပြီး
စိတ်ဆိုးမလို့ပင်ရှိသေး ကုံးရင့်ရှန်ငယ်ဘ၀ကိုပြန်တွေးမိသွားကာ ပြန်နူးညံ့သွားပြီး နှာဖွဖွမှုတ်လိုက်သည်။
" ငါကမင်းလို အသိပညာမရှိလို့ပါ သိပါပြီ .....ဘာပဲဖြစ်ဖြစ် စစ်ကြည့်လိုက်ဦး "
ကုံးရင့်ရှန် ယာဥ်မောင်းထိုင်ခုံက အချက်အလက်ဖိုင်ကို ယူလိုက်ပြီး ရန်ရိကိုပေးလာသည်။
ရန်ရိ လှန်လှောကြည့်လိုက်တော့ ခိုင့်၀မ်တို့သားအဖနှစ်ယောက်နဲ့ အခြားအဆက်အသွယ်တွေကို စုံစမ်းထားတာဖြစ်နေပြီး လွန်ခဲ့သည့်နှစ်များက အချက်အလက်တွေပင် သူ့မှာရှိသေး၏။
ရန်ရိ အရမ်း၀မ်းသာသွားကာ
" မင်း လက်မလျှော့သေးမှန်း သိသားပဲ "
ကုံးရင့်ရှန် ပြောသည်။
" ခင်များက ရဲမဟုတ်ဘူး ခင်များတာ၀န်ကလည်းပြီးပြီ နောက်ထပ်၀င်ပါဖို့မလိုတော့ဘူး "
" နောက်တာပါကွာ ငါလည်းအများကြီး၀င်ပါပြီးနေပါပြီ မင်းပဲဆက်လုပ်လို့ရတယ် ငါကမီးငြိမ်းသတ်တယ် လူတွေအများကြီးကိုလည်းကယ်တယ် ငါက နစ်နာသူတွေနဲ့ သူတို့မိသားစုတွေကို အဖြေမှန်ရစေချင်ပြီး ယုတ်မာတဲ့သူတွေကိုတော့ သူတို့ခံထိုက်တဲ့အပြစ်ကို ခံရစေချင်ရုံသက်သက်ပါ
နောက်ပြီးတော့ ဌာနခွဲက ပိတ်ပြီးသားအမှုအတွက်တော့ မင်းကိုလူအင်အားပေးမှာမဟုတ်ဘူး မင်းကူညီပေးမယ့်သူမလိုဘူးလား? "
ကုံးရင့်ရှန် ရန်ရိကို တည့်တည့်စိုက်ကြည့်နေလျက်
" ခင်များ တကယ် ကူညီချင်တာလား? "
" မဟုတ်ရင် ငါမင်းဆီကို ညတွင်းချင်းရောက်လာပါ့မလား? ငါ့ရဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကို မင်းကိုကူညီဖို့သုံးလိုက်မယ် မင်းကျေးဇူးမတင်ဘူးလား? "
ရန်ရိ သူ့လက်ကိုခါလိုက်ကာ
" အလုပ်ကရတဲ့ ဒဏ်ရာပဲကွာ "
ကုံးရင့်ရှန် တစ်ခဏလောက် တိတ်နေပြီး
" အိုကေ ကျွန်တော်လိုအပ်ရင် ခင်များကိုရှာလိုက်မယ် "
ရန်ရိ နှုတ်ခမ်းသားများ တွန့်ကွေးသွားသည်။
" မင်းအခုဘာပြောသင့်တာလဲ? "
" ဘာပြောရမှာလဲ? "
ရန်ရိ သူ့ဖုန်းကိုလှုပ်ရမ်း ပြလိုက်လျက်
" အဲ့စကားနှစ်လုံး မင်းစာကျပို့နိုင်ပြီးတော့ လူတွေ့ကျတော့မပြောနိုင်ဘူးပေါ့ "
ကုံးရင့်ရှန် မျက်စောင်းထိုးလိုက်ပြီး
" လမ်းဖယ်ပေး "
" မဖယ်ဘူး အဲ့စကားနှစ်ခွန်းပဲ "
ကုံးရင့်ရှန် ကားထဲ၀င်ကာ တံခါးပိတ်လိုက်သည်။
ရန်ရိ နောက်ကြည့်မှန်ကို ဆွဲထားလိုက်ရင်း ကားမှန်ကိုခေါက်လိုက်၏။
ကုံးရင့်ရှန် ကားမှန်ချလိုက်ပြီး စောင်းငဲ့ကြည့်လာသည်။
ရန်ရိ က ပြုံးလျက်
" ရပါတယ်ဗျာ " [ ကျေးဇူးဆိုတဲ့ စကားနှစ်ခွန်းအတွက် ]
ကုံးရင့်ရှန် အံ့သြကာတောင့်သွားရပြီး ရန်ရိရဲ့ ပျော်ရွှင်တောက်ပနေသောမျက်၀န်းများကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ကာ ခဏတဖြုတ် အိပ်မွေ့ချခံလိုက်ရသလိုဖြစ်သွားသည်။
" ဒါပေမယ့် မင်းအလုပ်က ရတဲ့ဒဏ်ရာအတွက်တော့ပေးရမယ် ငါ့ကိုညစာ၀ယ်ကျွေးပါ "
" ခင်များ ဦးနှောက်ညာဏ်မကောင်းတာလား? ကျွန်တော် အခြားလူတွေနဲ့အစာမစားဘူး "
" ဘာကို အသန့်ကြိုက်နေသေးတာတုန်း? မင်းငါနဲ့နှစ်ခါတောင် အတူစားခဲ့ပြီပြီကို တစ်ခေါက်က မင်းကားထဲမှာ တစ်ခေါက်က မင်းအိမ်မှာ "
ရန်ရိ ပြောလိုက်သည်။
" မင်းက လူချင်းတွေ့ပြီး ကျေးဇူးတင်ရမှာကို ရှက်နေတာပဲ ငါနဲ့အတူစားတာကကျင့်၀တ်နဲ့အညီပါတယ်ကွာ မင်းမစားဘူးဆိုတာသိတယ် ငါစားတာကြည့်နေလို့ရတာပဲကို "
ကုံးရင့်ရှန် သူ့နာရီကိုကြည့်ကာ တုန့်ဆိုင်းနေသည်။
" မင်းဘာစုံစမ်းထားလဲပဲပြောပြ "
ရန်ရိ ပြုံးလိုက်ရင်း
" ဒီနားမှာ ကျောက်ပုစွန်ဆိုင်ရှိတယ် အရမ်းအရသာရှိတာ ဒါပေမယ့်စျေးကြီးလို့ ပုံမှန်ဆိုမစားနိုင်ဘူး မင်း၀ယ်ကြွေးရင်တော့ ပျော်ပျော်ကြီးစားရသေးတာပေါ့ "
ကုံးရင့်ရှန် ကားမှန်ပြန်တင်လိုက်ရင်း စကားတစ်ကြောင်းပြောလာသည်။
" ကျွန်တော့်ဖုန်းကို ဆိုင်နာမည်ပို့လိုက် "
=========
ကုံးရင့်ရှန်က စားသောက်ဆိုင်ကို ရန်ရိထက်ခြေတစ်လှမ်းစောပြီးရောက်နေကာ ဆိုင်ရှေ့အပေါစား နီယွန်မီးရောင်အောက်တွင်ရပ်နေလျက်။
သူ့မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေ၍ ခြေထောက်တွေက အမြစ်တွယ်နေသလို မလှုပ်မရှပ်ရှိနေ၏။
ရန်ရိ ကားထဲကထွက်ရာ ကုံးရင့်ရှန် တံခါး၀မှာတင် ကပ်နေမှန်းတွေ့လိုက်ရသည်။
" မင်းဘာလို့အထဲမ၀င်တာလဲ? အထဲမှာ လေအေးပေးစက်ရှိတယ် "
" ညစ်ပတ်လို့ "
ကုံးရင့်ရှန် ရန်ရိကိုစူးစိုက်ကြည့်လိုက်ပြီး
" ခင်များ ဒီလိုနေရာမျိုးမှာ စားမှဖြစ်မှာလား? "
" ငါပြောတယ် အရသာရှိတယ်လို့ သခင်လေးရယ် မင်း လူတွေရဲ့ အမူအကျင့်နည်းနည်းလောက်တော့ လုပ်နိုင်ပါတယ်ကွာ မင်းတစ်ခါမှ စားသောက်ဆိုင်မှာ မစားဖူးဘူးလား? "
" ဒီလိုမျိုး ညစ်ပတ်တဲ့စားသောက်ဆိုင်မှာ တစ်ခါမှမစားဘူး "
" မင်းဘာမှမစားလည်းရတယ် အထဲ၀င်ပြီး ငါနဲ့အတူထိုင်လေ "
ကုံးရင့်ရှန် အံကြိတ်ကာ ဆုံးဖြတ်ချက်အများကြီးချနေရသည့်ပုံပေါ်လျက် သူ့ကားဆီသို့ပြန်လှည့်သွားသည်။
" မင်းတကယ်ကို ပြန်ချင်နေတာပဲ "
ရန်ရိ လှောင်ထေ့ပြုံးလိုက်ပြီး :
" ဘာမှမရိုးသားပြတာ ကျေးဇူးတင်ပါတယ်နော် "
ကုံးရင့်ရှန် ကားမောင်းမထွက်သွား၊
သို့သော် ကားခန်းကိုဖွင့်ကာ စားပွဲတင်အ၀တ်နှင့် ပိုးသတ်ဆေးဘူးကိုထုတ်ယူလိုက်သည်။
ရန်ရိ ပြုံးလိုက်ရင်း
" မင်းအမှုစုံစမ်းရင်တော့ အရမ်းသိက္ခါ မစောင့်ထိန်းတော့ဘူးပဲ "
" ဒါအတင်းလုပ်ယူထားတာ "
ကုံးရင့်ရှန် ရန်ရိကို ထပ်မံစိုက်ကြည့်လိုက်ကာ အသက်ကို ၀၀ ရှူပြီးနောက် ဆိုင်ထဲလျှောက်၀င်သွားတော့၏။
သူတို့အချိန်ကိုက်ရောက်လာခြင်းဖြစ်သည်။
ညစာစားချိန်ကလည်း ကျော်သွားပြီဖြစ်ပြီး ညလယ်စာချိန်ကလည်း မရောက်သေးပေ။
လူလည်းသိပ်မများဘဲ ညစာအတွက်လည်း တန်းမစီရတော့။
ရန်ရိ စားသောက်ခန်း မှာလိုက်သည်။
စားသောက်ခန်းထဲ၀င်တော့ waiter ကပင်ဘာမှမပြောရသေးခင် ကုံးရင့်ရှန်ကစားပွဲတစ်ပတ်သွားလိုက်ကာ ပြတင်းပေါက်နားက နေရာကိုယူလိုက်ပြီး ပိုးသတ်ဆေးဗူးကိုထုတ်ကာ စဖြန်းတော့၏။
တစ်ထိုင်တည်း ပိုးသတ်ဆေးဗူးသေးလေးရဲ့ တစ်၀က်လောက်ကိုအကုန်သုံးလိုက်သည်။
waiter လေးက အံ့အားသင့်နေလျက်။
ရန်ရိ ပြောလိုက်သည်။
" သူ့ကို အာရုံထားမနေနဲ့ ကိုယ်မှာမယ် "
ပိုးသတ်ဆေးရည်များ ဖြန်းပြီး ကုံးရင့်ရှန် တစ်ခါသုံးစားပွဲခင်းများကို ထိုင်ခုံနှင့် စားပွဲပေါ်တွင် အသီးသီးခင်းလိုက်ပြီးနောက် ဂရုတစိုက် ထိုင်လိုက်သည်။
" ဟေး မင်းတကယ်မစားဘူးလား? အရမ်းအရသာရှိတာ "
ကုံးရင့်ရှန် စိတ်ဆိုးဆိုးနဲ့ပြောလာသည်။
" မစားဘူး "
" အဲ့တာတွေ အရင်လုပ်ပေးပါဗျ "
ရန်ရိ ကုံးရင့်ရှန် ဘေးမှာထိုင်လိုက်ပြီး ကုံးရင့်ရှန် တင်းတင်းကြပ်ကြပ်ထိုင်ကာ ပတ်၀န်းကျင်ကို စူးစိုက်ကြည့်နေသည်အား ငေးကြည့်နေရသည်မှာ သနားရပြီး ပျော်စရာလည်း ကောင်းသည်။
" လုပ် အမှုအကြောင်း ပြောပါဦး "
ကုံးရင့်ရှန် ရန်ရိကို သူစုံးစမ်းရသလောက် အချက်အလက်တွေ မျှဝေသည်။
အဓိကအားဖြင့်တော့ ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေဖြစ်သည့် ခိုင့်၀မ်တို့သားအဖကိစ္စ၊ လတ်တလောရထားသည့် သတင်းများပင်။
ထိုအရာများက သူတို့ကို ပိုက်ဆံတွေ ဒါမှမဟုတ် သက်သေတွေ တကယ်ရှိ မရှိ ရှာဖွေနိုင်ရန် အထောက်အကူဖြစ်နိုင်သည်။
နှစ်ယောက်သား တစ်ခဏလောက်စကားပြောနေကြပြီးနောက် waiter က အရသာလေးမျိုးဖြင့် ကျောက်ပုစွန်လေးပွဲကို တစ်ထိုင်တည်း လာချပေးလေပြီ။
ကုံးရင့်ရှန် မျက်မှောင်ကြုတ်သွားလျက်
" ခင်များ အကုန်စားမှာလား? "
" ဘာကိုတုန်း? "
ရန်ရိ နှုတ်ခမ်းသပ်လိုက်ပြီး သူ့လက်အိတ်ကိုစွပ်ကာ ကျောက်ပုစွန် စနွှာလိုက်၍ ပြောလည်း ပြောသေးသည်။
" ဝိုး ပူနေတာပဲ "
မစားရသေးသော လှလှပပ တစ်ကောင်ကို အခွံနွှာလိုက်ပြီး ရန်ရိ ထိုအသားကိုကိုင်ကာ ကုံးရင့်ရှန် မျက်နှာရှေ့ လှုပ်ရမ်းပြလိုက်ရင်း။
" တကယ်မစားဘူးပေါ့? "
ကုံးရင့်ရှန် အကြည့်လွှဲလိုက်ကာ
" စားစမ်းပါ "
ရန်ရိ သူ့ပါးစပ်ထဲသူထည့်ကာ ချီးမွမ်းလိုက်သည်။
" အရသာရှိတာကွာ "
ကုံးရင့်ရှန် ရန်ရိကို တိတ်တဆိတ်ကြည့်ကာ သူဘယ်လိုလုပ်များ အရမ်းအရသာရှိရှိစားနေနိုင်တာလဲ? လို့တွေးမိလိုက်သည်။
" ဒေါက်တာကုံး မင်းအပြင်မှာထွက်မစားဘူးလည်းပြောတယ် ပူတဲ့အစာတွေမစားဘူးလို့လဲပြောတယ်
မင်းစားနိုင်တာ နည်းနည်းလေးပဲရှိတော့တယ် မလား? "
ရန်ရိ ပြောလိုက်သည်။
" ငါဒါတွေစားနေတာ ကျန်းမာရေးနဲ့မညီဘူးလို့ မင်းထင်ကောင်းထင်နေလိမ့်မယ် ငါလည်း မင်းအဲ့ဒီ့အေးစက်စက် အစားအစာတွေပဲ တစ်နေကုန်စားနေတာ ကျန်းမာရေးနဲ့မညီဘူးလို့ထင်တယ် "
" ကျွန်တော်က အရမ်းပူတာတွေမစားရုံပဲ နွေးတာတွေတော့စားတယ် ကျွန်တော့် ဓါတ်စာက ညီမျှပြီးသား "
ကုံးရင့်ရှန် အေးစက်စက်နှာမှုတ်လိုက်ကာ
" ပြီးတော့ သန့်ရှင်းတယ် "
ရန်ရိ ပြုံးမိသွားပြီး
" မင်း နေရတာ မငြီးငွေ့ဘူးလား? "
" အေးချမ်းတာက အသက်ရှင်ခြင်းရဲ့ အကောင်းဆုံးအဓိပ္ပါယ်မဟုတ်ဘူး "
" ကောင်းပါပြီ ကောင်းပါပြီ "
ရန်ရိ သူ့ခွက်ကို မြှောက်လိုက်ရင်း
" လုပ်ပါ တစ်ခုလောက်တော့ထိလေ? မင်းအမြဲ ရေသောက်တယ်မလား? "
သူ ကုံးရင့်ရှန်အရှေ့က ရေသန့်ဗူးကို ညွှန်ပြလိုက်သည်။
ကုံးရင့်ရှန် တုံ့ဆိုင်းနေပြီးမှ ရေဗူးကိုဖွင့်ကာ ရန်ရိနှင့် ခွက်ချင်းတိုက်လိုက်သည်။
" ဒီတစ်ခွက်က ငါတို့ရဲ့ပျော်စရာပူးပေါင်းမှုအတွက် ဂုဏ်ပြုတာပေါ့ အနာဂတ်မှာလည်း အောင်မြင်ပါစေ ငါဆုတောင်းတယ် "
ပလက်စတစ်ခွက် နှစ်ခုထိခတ်သွားရာ တိုးညင်းသောအသံပဲထွက်လာသော်လည်း သူတို့နှစ်ယောက်လုံး အနည်းငယ် ရင်ထဲထိခတ်သွားသကဲ့သို့ခံစားကြရသည်။
သူတို့ရဲ့ 'ပူးပေါင်းမှု' က မကောင်းမှုကိုနှိမ်နင်းကာ ကောင်းမှုကိုထောက်ပံ့ကူညီရန်ဖြစ်သည်။
တရားမျှတဖို့ရာ သူတို့အောင်နိုင်ရမည်။
တစ်ယောက်က,စားရင်း တစ်ယောက်ကကြည့်ရင်း ၊
ထူးခြားသော စားပွဲလေးတစ်ပွဲဖြင့်၊
မမျှော်လင့်ဘဲ လိုက်ဖက်ညီနေတော့သည်။
=========================
Ohhhhh
I'm so happy that I've done that vol.1
wow I can't believe it bec I am too lazy to update :3
I hope you can be here with me 'till the rest.
ကုံးရင့်ရှန်လေးလည်း ဆိုင်တောင်အတူထိုင်ပေးနိုင်လာပြီ။
ကဲ ရင်းနှီးမှုလေး နောက်တစ်ဆင့်ဆီသို့....
Volume 2 ( Anger ) Coming soon~
ဘယ်သူ့ရဲ့ anger များဖြစ်နေမလဲနော် :3

ကျောက်ပုစွန်ဟင်း
===============
[ Zawgyi ]
" နန္းေတာ္ဆိုတဲ့ ကုံး "
"ငါၾကားတာေတာ့ သူ႔မိသားစုက ဓါတုေဗဒလုပ္ငန္း လုပ္တာတဲ့ "
" ၀မ္းကြဲမိသားစုက သူငယ္ငယ္ေလးထဲက ဆုံးသြားၾကၿပီ "
" ကြၽန္ေတာ္ မီးကို မုန္းတယ္ "
ရန္ရိ အင္တာနက္မွာ ေပါင္ရွန္း chemical plant ေပါက္ကြဲမႈအေၾကာင္းရွာၾကည့္ေတာ့ သူၾကားခဲ့ရေသာ စကားလုံးမ်ား သူ႔စိတ္ထဲလြင့္ေျမာလာလ်က္။
ထိုအခ်ိန္က အင္တာနက္သည္လည္း သိပ္မတိုးတက္ေသးေတာ့ ရွာႏိုင္တဲ့ အခ်က္အလက္မ်ားမ်ားစားစားမရွိေပ။
သို႔ေသာ္လည္း မေတာ္တဆမႈႀကီး၏ လႈပ္ခတ္မႈႏွင့္ ေၾကာက္မက္ဖြယ္ရာျမင္ကြင္းကို ျပဖို႔ရာလုံေလာက္ေပသည္။
တကယ္ေတာ့ ရန္ရိ အင္တာနက္မွာေတာင္ ရွာစရာမလို၊
ထိုႏွစ္ကအျဖစ္အပ်က္ကို သူကိုယ္တိုင္ ေတြ႕ႀကဳံခဲ့ဖူးၿပီး ေကာ္လိပ္မွာလည္း ထိုအမႈကို ခြဲျခမ္းစိတ္ျဖာခဲ့ရေသးသည္။
ဒါေပမယ့္ အခုေတာ့ သူအရင္က အာ႐ုံမထားခဲ့တဲ့ ရႈေထာင့္ကေန နားလည္ဖို႔လိုလာၿပီ။
အခ်ိဳ႕အခ်က္အလက္ေတြ အတည္ျပဳၿပီးေနာက္ ရန္ရိ ဖုခိုင္ကို ဖုန္းေခၚလိုက္ၿပီး ပိုင္ဆိုင္မႈအခ်က္အလက္ကိုစစ္ေပးဖို႔ အကူအညီေတာင္းလိုက္သည္။
ဖုခိုင္ရဲ႕ အေၾကာင္းျပန္ခ်က္က ရန္ရိရဲ႕ ထင္ေၾကးကို အတည္ျပဳလိုက္ေလေတာ့၏။
ကုံးမင္ယြီ, လြန္ခဲ့တဲ့ ၁၈ ႏွစ္ကေပါက္ကြဲသြားခဲ့ေသာ ေပါင္ရွန္း chemical plant group ရဲ႕ chair man က ကုံးရွင့္ရွန္ရဲ႕ အေဖျဖစ္သည္။
႐ုတ္တရက္ ' ကြၽန္ေတာ္ မီးကို မုန္းတယ္ ' ဆိုသည့္ စကားကိုေျပာေနေသာ ကုံးရင့္ရွန္ရဲ႕ေအးစက္စက္ ေယာက္်ားဆန္သည့္ အသံက ရန္ရိ စိတ္ထဲ ထပ္ခါ ထပ္ခါ ပဲ့တင္ထပ္လာ၏။
ထိုအခ်ိန္က သူထင္ခဲ့သည္မွာ ကုံးရင့္ရွန္က သူ႔ကိုတမင္တကာ စိတ္တိုေအာင္ လုပ္ေနသည္ဟူ၍။
အခုေတာ့ ထို႐ိုး႐ိုးရွင္းရွင္းစကားလုံးေလးေတြ ေနာက္ကြယ္က ရင့္နင့္ဖြယ္ရာအျဖစ္အပ်က္အေနသို႔ ေျပာင္းလဲသြားလ်က္။
ေျခာက္ႏွစ္သားအ႐ြယ္ပဲရွိေသးတဲ့ ကေလးတစ္ေယာက္က ညတြင္းခ်င္းပဲ သူ႔ေနအိမ္နဲ႔ မိသားစုကိုဆုံးရႈံးသြားရတာတင္မက အဲ့လိုေၾကကြဲစရာအျဖစ္ႀကီးလို ေျပာင္းလဲမႈမ်ိဳး လူဘယ္ေလာက္ကမ်ား ေတာင့္ခံႏိုင္လိမ့္မလဲ?
သူဒီလိုပုံမ်ိဳးျဖစ္လာခဲ့ၿပီ အရာအားလုံးက ကံစီမံရာသာ။
ရန္ရိ အရမ္းစိတ္မခ်မ္းမသာခံစားရသည္။
သူမီးေလာင္မႈအမ်ားႀကီးႀကဳံေတြ႕ခဲ့ဖူးၿပီး မီးေလာင္မႈေတြက လူေတြကိုဘယ္လိုဆုံးရႈံးမႈေတြ ခ်န္ရစ္ထားခဲ့လဲဆိုတာ သူသိသည္။
႐ုပ္ပိုင္းဆိုင္ရာအတြက္ျဖစ္ျဖစ္ စိတ္ပိုင္းဆိုင္ရာအတြက္ျဖစ္ျဖစ္ မီးေလာင္ကြၽမ္းၿပီးသားအရာေတြ နဂိုအတိုင္းျပန္မျဖစ္ႏိုင္သလိုပဲ ဆုံးရႈံးမႈေတြကလည္း ဘ၀နဲ႔ခ်ီကာႀကီးမားလွ၏။
ဘယ္လို စိတ္နဲ႔မ်ား ကုံးရင့္ရွန္တစ္ေယာက္ ရဲအရာရွိလုပ္ၿပီး မီးရႈိ႕မႈေတြစုံစမ္းေနႏိုင္တာလဲ?
မီးေလာင္ၿပီးလို႔ က်န္တဲ့အပ်က္အစီးပုံေတြၾကား ၀င္စစ္ေဆးရတဲ့အခါ သူ႔စိတ္ထဲ ဘာေတြမ်ားရွိေနမလဲ?
အဲ့တာက....အဲ့တာက အတိတ္ကို ထပ္ခါ ထပ္ခါ ျပန္သတိရဖို႔ ဖိအားေပးေနတာပဲမလား?
ရန္ရိ ထိုအေၾကာင္းကို ဆက္မေတြးရဲေတာ့ေပ။
သူ႔ရင္ေတြမြန္းၾကပ္လာၿပီး ႏွဖူးသားေတြလည္း တြန္႔ရႈံ႕လာေလၿပီ။
သူ႔အေဖ ကယ္ဆယ္ေရးအတြက္ chemical plant ႀကီးထဲမွာ ၇ညနဲ႔ ၈ရက္လုံးလုံး ပိတ္မိေနခဲ့စဥ္ကတည္းက၊ သူ႔အေဖ ကုံးရင့္ရွန္ကိုမီးထဲကေန ကယ္ဆယ္ေပးခဲ့စဥ္ကတည္းက၊ လူခ်င္းေတြ႕ၿပီး ႏွစ္ေယာက္အတူ စုံစမ္းစစ္ေဆးၾကကတည္းက သူတို႔ေတြ အတူေတြ႕ဆုံႀကဳံေတြ႕ၾကဖို႔ ကံတရားပါလာတာမ်ိဳးျဖစ္ႏိုင္သည္။
ကေလးဘ၀ကတည္း မီးသတ္သမားျဖစ္လာဖို႔ ဆုံးျဖတ္ထားၿပီးသား သူတစ္ေယာက္အေနျဖင့္ ရန္ရိ ' ကယ္တင္ျခင္း ' ဆိုတဲ့တာ၀န္နဲ႔အတူေမြးဖြားလာခဲ့ရတယ္။
ကုံးရင့္ရွန္အတြက္ေတာ့ သူမီးရႈိ႕မႈစုံစမ္းေရးေတြမွာပူးေပါင္းတာက သူ႔အတြက္ကယ္ဆယ္ျခင္းလည္းျဖစ္သလို သူတို႔ႏွစ္ေယာက္ကံဆုံစည္းဖို႔အတြက္လည္း အဓိပၸါယ္ျပည့္စုံသည္။
ဥပမာအေနျဖင့္ စစ္ရွစ္ေက်ာင္မီးေလာင္မ်ိဳးမွာေပါ့။
ရန္ရိ သူ႔ဖုန္းကိုထုတ္ကာ ကုံးရင့္ရွန္သူ႔ကိုပို႔ခဲ့ေသာ စာကို တိတ္တဆိတ္ၾကည့္လိုက္၏။
{ ေက်းဇူး }
သူ ကုံးရင့္ရွန္ကို ဖုန္းေခၚလိုက္သည္။
ဖုန္းလိုင္းခ်ိတ္ဆက္မိသြားၿပီးေနာက္ ရန္ရိ တိုးဖြစြာျဖင့္ :
" မင္းဘယ္မွာလဲ? "
" ဌာနမွာ၊ ဘာျဖစ္လို႔လဲ? "
" ငါမင္းနဲ႔ လူခ်င္းေတြ႕ၿပီး ေျပာစရာရွိတယ္ "
" ကြၽန္ေတာ္ ခဏေနအိမ္ျပန္ေတာ့မွာ "
" ငါ့ကိုေစာင့္ေန အခုပဲလာမယ္ အရမ္းနီးတယ္ "
ကုံးရင့္ရွန္ တြန္႔ဆုတ္ေနၿပီးမွ
" ကားပါကင္မွာေတြ႕မယ္ "
ရန္ရိ သူ႔အေဖကို ႏႈတ္ဆက္ၿပီး ေအာက္ဆင္းကာ ဟုန္းဝူဌာနခြဲသို႔ ေမာင္းသြားလိုက္သည္။
ေျမေအာက္ ကားပါကင္ကိုေရာက္ေတာ့ ၀င္၀င္ခ်င္း ရန္ရိ Wrangler ကားတံခါးပြင့္ေနတာကိုေတြ႕လိုက္ရၿပီး ကုံးရင့္ရွန္႔ကေတာ့ ကားထဲမွာထိုင္ကာ ဖိုင္တြဲေတြၾကည့္ေနသည္။
ရန္ရိ ကားထဲကထြက္လိုက္၏။
ကုံးရင့္ရွန္ သူ႔ကိုေခါင္းေမာ့ၾကည့္လာၿပီး ဖိုင္ကိုခ်ကာ ကားထဲကထြက္လာသည္။
" တစ္ခုခုျဖစ္လို႔လား? "
ရန္ရိ အသက္၀၀ရႉလိုက္ကာ
" ေဒါက္တာကုံး ငါတို႔လက္ေလွ်ာ့လို႔မရေသးဘူး "
ကုံးရင့္ရွန္ မ်က္ေမွာင္ၾကဳတ္သြားၿပီး မ်က္လုံးထဲမွာေတာ့ နားမလည္ႏိုင္တဲ့ အေတြးရိပ္မ်ား ျဖတ္ေျပးသြားသည္။
" စစ္ရွစ္ေက်ာင္ မီးေလာင္မႈမွာ ခိုင့္၀မ္က ႀကံရာပါဆိုတာ မေဖာ္ထုတ္ႏိုင္ရင္ေတာင္ ငါတို႔ဒီလိုေတာ့ လက္ေလွ်ာ့ပစ္လို႔မရဘူး လူေတြအမ်ားႀကီးေသေအာင္ မီးရႈိ႕သတ္တဲ့ ဘယ္တရားခံကိုမဆို ငါတို႔လႊတ္ေပးလို႔မျဖစ္ဘူး "
ရန္ရိ ရင္ဘတ္က တသိမ့္သိမ့္တုန္ေနလ်က္။
" အဲ့တာမွ မင္းက ရဲအရာရွိတစ္ေယာက္လို႔ ဆိုလိုတာမလား? "
ကုံးရင့္ရွန္ မ်က္လုံးမ်ား ေမွးစင္းသြားသည္။
" ခင္မ်ားဘာကိုေျပာေနတာလဲ? "
" ငါမင္းကို ဘာလို႔ ရဲအရာရွိလုပ္လဲလို႔ေမးေပမယ့္ မင္းမေျဖဘူး ဒါေပမယ့္ ရဲတစ္ေယာက္ဆိုတာက တိုက္ခိုက္ႏွိမ္နင္းတာနဲ႔ ေစာင့္ၾကည့္စစ္ေဆးတာပဲလုပ္တာမွမဟုတ္တာ? "
ရန္ရိ ကုံးရင့္ရွန္ကို နင့္နင့္နဲနဲ စိုက္ၾကည့္လိုက္ၿပီး
" အလိုလိုအသိစိတ္ရယ္ မွန္းဆခ်က္ေတြရယ္က ဥပေဒနဲ႔မညီေပမယ့္ ငါတို႔ဆက္ေစာင့္ၾကည့္ဖို႔ အေၾကာင္းရင္းေတာ့ျဖစ္ႏိုင္တာပဲ "
ကုံးရင့္ရွန္ ႏႈတ္ခမ္းကိုတင္းတင္းေစ့ထားသည္။
" ခင္မ်ားအလုပ္ကၿပီးသြားၿပီ က်န္တာေတြအတြက္ စိတ္မပူပါနဲ႔ "
" မင္းတကယ္ပဲဒီလို လက္ေလွ်ာ့လိုက္ေတာ့မလို႔လား? တကယ္လို႔အမႈပိတ္သြားရင္ေတာင္ ငါတို႔သက္ေသအသစ္ရွာႏိုင္သေ႐ြ႕ေတာ့ သူ(မ)ကို စြပ္စြဲထားလို႔ရေသးတာပဲ မင္းမီးရႈိ႕သမားကိုလႊတ္ေပးခ်င္လို႔လား! "
" အဲ့တာ ခင္မ်ားနဲ႔မဆိုင္ဘူး ျပန္ေတာ့ "
ကုံးရင့္ရွန္ ေနာက္လွည့္ကာ ကားထဲ၀င္ေတာ့မည့္ဆဲဆဲ။
ရန္ရိ ေျခလွမ္းလိုက္ကာ ကုံးရင့္ရွန္ ပခုံးကိုလွမ္းဆြဲလိုက္၏။
ကုံးရင့္ရွန္ မ်က္လုံးမ်ား အေရာင္လက္သြားလ်က္ ႐ုတ္တရက္ ကိုင္းၫႊတ္လိုက္ၿပီး ကိုယ္ကိုလွည့္လိုက္ကာ ရန္ရိလက္ေကာက္၀တ္ကို သူ႔လက္တစ္ဖက္တည္းျဖင့္ တင္းတင္းဆုပ္ကိုင္လိုက္သည္။
မ်က္စိတစ္မွိတ္အတြင္းမွာပဲ သူက ရန္ရိ ေက်ာေနာက္ဘက္ကိုပင္ေရာက္ေနေခ်ၿပီ။
ဆတ္ခနဲရန္ရိ ပခုံးကိုဆြဲလွည့္လိုက္ၿပီး လူကိုကားမွာကပ္လိုက္သည္။
ရန္ရိ နာနာက်င္က်င္ေအာ္ကာ ျပင္းျပင္းထန္ထန္ ႐ုန္းေသာ္လည္း ကုံးရင့္ရွန္အားက ေၾကာက္မက္ဖြယ္အတိ။
သူ႔ကိုခ်ဳပ္ထားတဲ့လက္က လႈပ္ေတာင္လႈပ္မသြားေပ။
ဒီလို တင့္တယ္ၿပီး ျမင့္ျမတ္တဲ့ကုံးရင့္ရွန္ရဲ႕ ပုံပန္းသြင္ျပင္ေလးနဲ႔ ၾကမ္းတမ္းတဲ့အားအင္မ်ိဳး ရွိမယ္လို႔ သူဘယ္လိုမွစိတ္ကူးမရ။
သူဆဲေရးလိုက္လ်က္။
" ေသစမ္းကြာ မင္းငါ့ကိုလႊတ္ "
ကုံးရင့္ရွန္ ရန္ရိနား, နားကပ္ကာ ေအးစက္စက္ေျပာသည္။
" ကြၽန္ေတာ့္ကို သူလိုငါလို လာမထိနဲ႔လို႔ ေျပာထားသားပဲ "
သူလက္လႊတ္ေပးလိုက္ၿပီး ေျခလွမ္းျပန္ဆုတ္ကာ ေခါင္းငုံ႔လ်က္ အ၀တ္အစားေတြျပန္ျဖန္႔ေနသည္။
ရန္ရိ နာေနသည့္လက္ေကာက္၀တ္ကို ခါလိုက္ၿပီး
စိတ္ဆိုးမလို႔ပင္ရွိေသး ကုံးရင့္ရွန္ငယ္ဘ၀ကိုျပန္ေတြးမိသြားကာ ျပန္ႏူးညံ့သြားၿပီး ႏွာဖြဖြမႈတ္လိုက္သည္။
" ငါကမင္းလို အသိပညာမရွိလို႔ပါ သိပါၿပီ .....ဘာပဲျဖစ္ျဖစ္ စစ္ၾကည့္လိုက္ဦး "
ကုံးရင့္ရွန္ ယာဥ္ေမာင္းထိုင္ခုံက အခ်က္အလက္ဖိုင္ကို ယူလိုက္ၿပီး ရန္ရိကိုေပးလာသည္။
ရန္ရိ လွန္ေလွာၾကည့္လိုက္ေတာ့ ခိုင့္၀မ္တို႔သားအဖႏွစ္ေယာက္နဲ႔ အျခားအဆက္အသြယ္ေတြကို စုံစမ္းထားတာျဖစ္ေနၿပီး လြန္ခဲ့သည့္ႏွစ္မ်ားက အခ်က္အလက္ေတြပင္ သူ႔မွာရွိေသး၏။
ရန္ရိ အရမ္း၀မ္းသာသြားကာ
" မင္း လက္မေလွ်ာ့ေသးမွန္း သိသားပဲ "
ကုံးရင့္ရွန္ ေျပာသည္။
" ခင္မ်ားက ရဲမဟုတ္ဘူး ခင္မ်ားတာ၀န္ကလည္းၿပီးၿပီ ေနာက္ထပ္၀င္ပါဖို႔မလိုေတာ့ဘူး "
" ေနာက္တာပါကြာ ငါလည္းအမ်ားႀကီး၀င္ပါၿပီးေနပါၿပီ မင္းပဲဆက္လုပ္လို႔ရတယ္ ငါကမီးၿငိမ္းသတ္တယ္ လူေတြအမ်ားႀကီးကိုလည္းကယ္တယ္ ငါက နစ္နာသူေတြနဲ႔ သူတို႔မိသားစုေတြကို အေျဖမွန္ရေစခ်င္ၿပီး ယုတ္မာတဲ့သူေတြကိုေတာ့ သူတို႔ခံထိုက္တဲ့အျပစ္ကို ခံရေစခ်င္႐ုံသက္သက္ပါ
ေနာက္ၿပီးေတာ့ ဌာနခြဲက ပိတ္ၿပီးသားအမႈအတြက္ေတာ့ မင္းကိုလူအင္အားေပးမွာမဟုတ္ဘူး မင္းကူညီေပးမယ့္သူမလိုဘူးလား? "
ကုံးရင့္ရွန္ ရန္ရိကို တည့္တည့္စိုက္ၾကည့္ေနလ်က္
" ခင္မ်ား တကယ္ ကူညီခ်င္တာလား? "
" မဟုတ္ရင္ ငါမင္းဆီကို ညတြင္းခ်င္းေရာက္လာပါ့မလား? ငါ့ရဲ႕ ကိုယ္ပိုင္အားလပ္ခ်ိန္ေတြကို မင္းကိုကူညီဖို႔သုံးလိုက္မယ္ မင္းေက်းဇူးမတင္ဘူးလား? "
ရန္ရိ သူ႔လက္ကိုခါလိုက္ကာ
" အလုပ္ကရတဲ့ ဒဏ္ရာပဲကြာ "
ကုံးရင့္ရွန္ တစ္ခဏေလာက္ တိတ္ေနၿပီး
" အိုေက ကြၽန္ေတာ္လိုအပ္ရင္ ခင္မ်ားကိုရွာလိုက္မယ္ "
ရန္ရိ ႏႈတ္ခမ္းသားမ်ား တြန္႔ေကြးသြားသည္။
" မင္းအခုဘာေျပာသင့္တာလဲ? "
" ဘာေျပာရမွာလဲ? "
ရန္ရိ သူ႔ဖုန္းကိုလႈပ္ရမ္း ျပလိုက္လ်က္
" အဲ့စကားႏွစ္လုံး မင္းစာက်ပို႔ႏိုင္ၿပီးေတာ့ လူေတြ႕က်ေတာ့မေျပာႏိုင္ဘူးေပါ့ "
ကုံးရင့္ရွန္ မ်က္ေစာင္းထိုးလိုက္ၿပီး
" လမ္းဖယ္ေပး "
" မဖယ္ဘူး အဲ့စကားႏွစ္ခြန္းပဲ "
ကုံးရင့္ရွန္ ကားထဲ၀င္ကာ တံခါးပိတ္လိုက္သည္။
ရန္ရိ ေနာက္ၾကည့္မွန္ကို ဆြဲထားလိုက္ရင္း ကားမွန္ကိုေခါက္လိုက္၏။
ကုံးရင့္ရွန္ ကားမွန္ခ်လိုက္ၿပီး ေစာင္းငဲ့ၾကည့္လာသည္။
ရန္ရိ က ၿပဳံးလ်က္
" ရပါတယ္ဗ်ာ " [ ေက်းဇူးဆိုတဲ့ စကားႏွစ္ခြန္းအတြက္ ]
ကုံးရင့္ရွန္ အံ့ၾသကာေတာင့္သြားရၿပီး ရန္ရိရဲ႕ ေပ်ာ္႐ႊင္ေတာက္ပေနေသာမ်က္၀န္းမ်ားကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ကာ ခဏတျဖဳတ္ အိပ္ေမြ႕ခ်ခံလိုက္ရသလိုျဖစ္သြားသည္။
" ဒါေပမယ့္ မင္းအလုပ္က ရတဲ့ဒဏ္ရာအတြက္ေတာ့ေပးရမယ္ ငါ့ကိုညစာ၀ယ္ေကြၽးပါ "
" ခင္မ်ား ဦးေႏွာက္ညာဏ္မေကာင္းတာလား? ကြၽန္ေတာ္ အျခားလူေတြနဲ႔အစာမစားဘူး "
" ဘာကို အသန္႔ႀကိဳက္ေနေသးတာတုန္း? မင္းငါနဲ႔ႏွစ္ခါေတာင္ အတူစားခဲ့ၿပီၿပီကို တစ္ေခါက္က မင္းကားထဲမွာ တစ္ေခါက္က မင္းအိမ္မွာ "
ရန္ရိ ေျပာလိုက္သည္။
" မင္းက လူခ်င္းေတြ႕ၿပီး ေက်းဇူးတင္ရမွာကို ရွက္ေနတာပဲ ငါနဲ႔အတူစားတာကက်င့္၀တ္နဲ႔အညီပါတယ္ကြာ မင္းမစားဘူးဆိုတာသိတယ္ ငါစားတာၾကည့္ေနလို႔ရတာပဲကို "
ကုံးရင့္ရွန္ သူ႔နာရီကိုၾကည့္ကာ တုန္႔ဆိုင္းေနသည္။
" မင္းဘာစုံစမ္းထားလဲပဲေျပာျပ "
ရန္ရိ ၿပဳံးလိုက္ရင္း
" ဒီနားမွာ ေက်ာက္ပုစြန္ဆိုင္ရွိတယ္ အရမ္းအရသာရွိတာ ဒါေပမယ့္ေစ်းႀကီးလို႔ ပုံမွန္ဆိုမစားႏိုင္ဘူး မင္း၀ယ္ေႂကြးရင္ေတာ့ ေပ်ာ္ေပ်ာ္ႀကီးစားရေသးတာေပါ့ "
ကုံးရင့္ရွန္ ကားမွန္ျပန္တင္လိုက္ရင္း စကားတစ္ေၾကာင္းေျပာလာသည္။
" ကြၽန္ေတာ့္ဖုန္းကို ဆိုင္နာမည္ပို႔လိုက္ "
=========
ကုံးရင့္ရွန္က စားေသာက္ဆိုင္ကို ရန္ရိထက္ေျခတစ္လွမ္းေစာၿပီးေရာက္ေနကာ ဆိုင္ေရွ႕အေပါစား နီယြန္မီးေရာင္ေအာက္တြင္ရပ္ေနလ်က္။
သူ႔မ်က္ႏွာက ျဖဴဖပ္ျဖဴေလ်ာ္ျဖစ္ေန၍ ေျခေထာက္ေတြက အျမစ္တြယ္ေနသလို မလႈပ္မရွပ္ရွိေန၏။
ရန္ရိ ကားထဲကထြက္ရာ ကုံးရင့္ရွန္ တံခါး၀မွာတင္ ကပ္ေနမွန္းေတြ႕လိုက္ရသည္။
" မင္းဘာလို႔အထဲမ၀င္တာလဲ? အထဲမွာ ေလေအးေပးစက္ရွိတယ္ "
" ညစ္ပတ္လို႔ "
ကုံးရင့္ရွန္ ရန္ရိကိုစူးစိုက္ၾကည့္လိုက္ၿပီး
" ခင္မ်ား ဒီလိုေနရာမ်ိဳးမွာ စားမွျဖစ္မွာလား? "
" ငါေျပာတယ္ အရသာရွိတယ္လို႔ သခင္ေလးရယ္ မင္း လူေတြရဲ႕ အမူအက်င့္နည္းနည္းေလာက္ေတာ့ လုပ္ႏိုင္ပါတယ္ကြာ မင္းတစ္ခါမွ စားေသာက္ဆိုင္မွာ မစားဖူးဘူးလား? "
" ဒီလိုမ်ိဳး ညစ္ပတ္တဲ့စားေသာက္ဆိုင္မွာ တစ္ခါမွမစားဘူး "
" မင္းဘာမွမစားလည္းရတယ္ အထဲ၀င္ၿပီး ငါနဲ႔အတူထိုင္ေလ "
ကုံးရင့္ရွန္ အံႀကိတ္ကာ ဆုံးျဖတ္ခ်က္အမ်ားႀကီးခ်ေနရသည့္ပုံေပၚလ်က္ သူ႔ကားဆီသို႔ျပန္လွည့္သြားသည္။
" မင္းတကယ္ကို ျပန္ခ်င္ေနတာပဲ "
ရန္ရိ ေလွာင္ေထ့ၿပဳံးလိုက္ၿပီး :
" ဘာမွမ႐ိုးသားျပတာ ေက်းဇူးတင္ပါတယ္ေနာ္ "
ကုံးရင့္ရွန္ ကားေမာင္းမထြက္သြား၊
သို႔ေသာ္ ကားခန္းကိုဖြင့္ကာ စားပြဲတင္အ၀တ္ႏွင့္ ပိုးသတ္ေဆးဘူးကိုထုတ္ယူလိုက္သည္။
ရန္ရိ ၿပဳံးလိုက္ရင္း
" မင္းအမႈစုံစမ္းရင္ေတာ့ အရမ္းသိကၡါ မေစာင့္ထိန္းေတာ့ဘူးပဲ "
" ဒါအတင္းလုပ္ယူထားတာ "
ကုံးရင့္ရွန္ ရန္ရိကို ထပ္မံစိုက္ၾကည့္လိုက္ကာ အသက္ကို ၀၀ ရႉၿပီးေနာက္ ဆိုင္ထဲေလွ်ာက္၀င္သြားေတာ့၏။
သူတို႔အခ်ိန္ကိုက္ေရာက္လာျခင္းျဖစ္သည္။
ညစာစားခ်ိန္ကလည္း ေက်ာ္သြားၿပီျဖစ္ၿပီး ညလယ္စာခ်ိန္ကလည္း မေရာက္ေသးေပ။
လူလည္းသိပ္မမ်ားဘဲ ညစာအတြက္လည္း တန္းမစီရေတာ့။
ရန္ရိ စားေသာက္ခန္း မွာလိုက္သည္။
စားေသာက္ခန္းထဲ၀င္ေတာ့ waiter ကပင္ဘာမွမေျပာရေသးခင္ ကုံးရင့္ရွန္ကစားပြဲတစ္ပတ္သြားလိုက္ကာ ျပတင္းေပါက္နားက ေနရာကိုယူလိုက္ၿပီး ပိုးသတ္ေဆးဗူးကိုထုတ္ကာ စျဖန္းေတာ့၏။
တစ္ထိုင္တည္း ပိုးသတ္ေဆးဗူးေသးေလးရဲ႕ တစ္၀က္ေလာက္ကိုအကုန္သုံးလိုက္သည္။
waiter ေလးက အံ့အားသင့္ေနလ်က္။
ရန္ရိ ေျပာလိုက္သည္။
" သူ႔ကို အာ႐ုံထားမေနနဲ႔ ကိုယ္မွာမယ္ "
ပိုးသတ္ေဆးရည္မ်ား ျဖန္းၿပီး ကုံးရင့္ရွန္ တစ္ခါသုံးစားပြဲခင္းမ်ားကို ထိုင္ခုံႏွင့္ စားပြဲေပၚတြင္ အသီးသီးခင္းလိုက္ၿပီးေနာက္ ဂ႐ုတစိုက္ ထိုင္လိုက္သည္။
" ေဟး မင္းတကယ္မစားဘူးလား? အရမ္းအရသာရွိတာ "
ကုံးရင့္ရွန္ စိတ္ဆိုးဆိုးနဲ႔ေျပာလာသည္။
" မစားဘူး "
" အဲ့တာေတြ အရင္လုပ္ေပးပါဗ် "
ရန္ရိ ကုံးရင့္ရွန္ ေဘးမွာထိုင္လိုက္ၿပီး ကုံးရင့္ရွန္ တင္းတင္းၾကပ္ၾကပ္ထိုင္ကာ ပတ္၀န္းက်င္ကို စူးစိုက္ၾကည့္ေနသည္အား ေငးၾကည့္ေနရသည္မွာ သနားရၿပီး ေပ်ာ္စရာလည္း ေကာင္းသည္။
" လုပ္ အမႈအေၾကာင္း ေျပာပါဦး "
ကုံးရင့္ရွန္ ရန္ရိကို သူစုံးစမ္းရသေလာက္ အခ်က္အလက္ေတြ မွ်ေဝသည္။
အဓိကအားျဖင့္ေတာ့ ရႈပ္ေထြးတဲ့ဆက္ဆံေရးေတြျဖစ္သည့္ ခိုင့္၀မ္တို႔သားအဖကိစၥ၊ လတ္တေလာရထားသည့္ သတင္းမ်ားပင္။
ထိုအရာမ်ားက သူတို႔ကို ပိုက္ဆံေတြ ဒါမွမဟုတ္ သက္ေသေတြ တကယ္ရွိ မရွိ ရွာေဖြႏိုင္ရန္ အေထာက္အကူျဖစ္ႏိုင္သည္။
ႏွစ္ေယာက္သား တစ္ခဏေလာက္စကားေျပာေနၾကၿပီးေနာက္ waiter က အရသာေလးမ်ိဳးျဖင့္ ေက်ာက္ပုစြန္ေလးပြဲကို တစ္ထိုင္တည္း လာခ်ေပးေလၿပီ။
ကုံးရင့္ရွန္ မ်က္ေမွာင္ၾကဳတ္သြားလ်က္
" ခင္မ်ား အကုန္စားမွာလား? "
" ဘာကိုတုန္း? "
ရန္ရိ ႏႈတ္ခမ္းသပ္လိုက္ၿပီး သူ႔လက္အိတ္ကိုစြပ္ကာ ေက်ာက္ပုစြန္ စႏႊာလိုက္၍ ေျပာလည္း ေျပာေသးသည္။
" ဝိုး ပူေနတာပဲ "
မစားရေသးေသာ လွလွပပ တစ္ေကာင္ကို အခြံႏႊာလိုက္ၿပီး ရန္ရိ ထိုအသားကိုကိုင္ကာ ကုံးရင့္ရွန္ မ်က္ႏွာေရွ႕ လႈပ္ရမ္းျပလိုက္ရင္း။
" တကယ္မစားဘူးေပါ့? "
ကုံးရင့္ရွန္ အၾကည့္လႊဲလိုက္ကာ
" စားစမ္းပါ "
ရန္ရိ သူ႔ပါးစပ္ထဲသူထည့္ကာ ခ်ီးမြမ္းလိုက္သည္။
" အရသာရွိတာကြာ "
ကုံးရင့္ရွန္ ရန္ရိကို တိတ္တဆိတ္ၾကည့္ကာ သူဘယ္လိုလုပ္မ်ား အရမ္းအရသာရွိရွိစားေနႏိုင္တာလဲ? လို႔ေတြးမိလိုက္သည္။
" ေဒါက္တာကုံး မင္းအျပင္မွာထြက္မစားဘူးလည္းေျပာတယ္ ပူတဲ့အစာေတြမစားဘူးလို႔လဲေျပာတယ္
မင္းစားႏိုင္တာ နည္းနည္းေလးပဲရွိေတာ့တယ္ မလား? "
ရန္ရိ ေျပာလိုက္သည္။
" ငါဒါေတြစားေနတာ က်န္းမာေရးနဲ႔မညီဘူးလို႔ မင္းထင္ေကာင္းထင္ေနလိမ့္မယ္ ငါလည္း မင္းအဲ့ဒီ့ေအးစက္စက္ အစားအစာေတြပဲ တစ္ေနကုန္စားေနတာ က်န္းမာေရးနဲ႔မညီဘူးလို႔ထင္တယ္ "
" ကြၽန္ေတာ္က အရမ္းပူတာေတြမစား႐ုံပဲ ေႏြးတာေတြေတာ့စားတယ္ ကြၽန္ေတာ့္ ဓါတ္စာက ညီမွ်ၿပီးသား "
ကုံးရင့္ရွန္ ေအးစက္စက္ႏွာမႈတ္လိုက္ကာ
" ၿပီးေတာ့ သန္႔ရွင္းတယ္ "
ရန္ရိ ၿပဳံးမိသြားၿပီး
" မင္း ေနရတာ မၿငီးေငြ႕ဘူးလား? "
" ေအးခ်မ္းတာက အသက္ရွင္ျခင္းရဲ႕ အေကာင္းဆုံးအဓိပၸါယ္မဟုတ္ဘူး "
" ေကာင္းပါၿပီ ေကာင္းပါၿပီ "
ရန္ရိ သူ႔ခြက္ကို ေျမႇာက္လိုက္ရင္း
" လုပ္ပါ တစ္ခုေလာက္ေတာ့ထိေလ? မင္းအၿမဲ ေရေသာက္တယ္မလား? "
သူ ကုံးရင့္ရွန္အေရွ႕က ေရသန္႔ဗူးကို ၫႊန္ျပလိုက္သည္။
ကုံးရင့္ရွန္ တုံ႔ဆိုင္းေနၿပီးမွ ေရဗူးကိုဖြင့္ကာ ရန္ရိႏွင့္ ခြက္ခ်င္းတိုက္လိုက္သည္။
" ဒီတစ္ခြက္က ငါတို႔ရဲ႕ေပ်ာ္စရာပူးေပါင္းမႈအတြက္ ဂုဏ္ျပဳတာေပါ့ အနာဂတ္မွာလည္း ေအာင္ျမင္ပါေစ ငါဆုေတာင္းတယ္ "
ပလက္စတစ္ခြက္ ႏွစ္ခုထိခတ္သြားရာ တိုးညင္းေသာအသံပဲထြက္လာေသာ္လည္း သူတို႔ႏွစ္ေယာက္လုံး အနည္းငယ္ ရင္ထဲထိခတ္သြားသကဲ့သို႔ခံစားၾကရသည္။
သူတို႔ရဲ႕ 'ပူးေပါင္းမႈ' က မေကာင္းမႈကိုႏွိမ္နင္းကာ ေကာင္းမႈကိုေထာက္ပံ့ကူညီရန္ျဖစ္သည္။
တရားမွ်တဖို႔ရာ သူတို႔ေအာင္ႏိုင္ရမည္။
တစ္ေယာက္က,စားရင္း တစ္ေယာက္ကၾကည့္ရင္း ၊
ထူးျခားေသာ စားပြဲေလးတစ္ပြဲျဖင့္၊
မေမွ်ာ္လင့္ဘဲ လိုက္ဖက္ညီေနေတာ့သည္။
=========================
Ohhhhh
I'm so happy that I've done that vol.1
wow I can't believe it bec I am too lazy to update :3
I hope you can be here with me 'till the rest.
ကုံးရင့္ရွန္ေလးလည္း ဆိုင္ေတာင္အတူထိုင္ေပးႏိုင္လာၿပီ။
ကဲ ရင္းႏွီးမႈေလး ေနာက္တစ္ဆင့္ဆီသို႔....
Volume 2 ( Anger ) Coming soon~
ဘယ္သူ႔ရဲ႕ anger မ်ားျဖစ္ေနမလဲေနာ္ :3

ေက်ာက္ပုစြန္ဟင္း