[ Unicode ]
" ပိုက်ဆံ ..... ဘာပိုက်ဆံလဲ? "
ခိုင့်၀မ်အသံက တုန်ယင်နေသည်။
" မင်းအဖေ ထွက်ပြေးတုန်းက ယွမ် ၃သိန်းပဲ ယူသွားတယ် "
ကုံးရင့်ရှန် မျက်တောင်မခတ်တမ်း ပြောလိုက်သည်။
" သူငါ့ကိုပြောတာက ကျန်တာမင်းကိုမေးလိုက်ပါတဲ့ "
" မဖြစ်နိုင်တာ! " ခိုင့်၀မ်ရှူးရှူးရဲရဲ ပြောလာ၏။
" သူအဲ့လိုပြောလို့ မရဘူး "
ရန်ရိ မျက်ခုံးပင့်လိုက်သည်။
ကုံးရင့်ရှန် သူ့ notebook ကိုလှန်လှော ယောင်ဆောင်လိုက်ပြီး
" အဲ့တာသူပြောတာပဲ သူက မင်းကိုမေးဖို့ပြောတယ် ကျန်တဲ့ပိုက်ဆံတွေ ဘယ်မှာလဲ? "
ခိုင့်၀မ်ခေါင်းငုံ့သွားပြီး သူ့မျက်ရည်များကို ဖြည်းဖြည်းချင်း ပွတ်သုတ်လျက်။
ကုံးရင့်ရှန် အချိန်အတော်ကြာစောင့်နေပြီးမှ စားပွဲခုံကို ခေါက်လိုက်သည်။
" ခေါင်းမော့ပြီး မေးခွန်းကိုဖြေ "
ခိုင့်၀မ် ခေါင်းမော့လာသော်လည်း နှာရှုံ့ကာ ၀မ်းနည်းမြည်တမ်းနေသယောင်။
" သူဘာပြောတာလဲ ကျွန်မ မသိဘူး ပြီးတော့ ကျန်တဲ့ငွေတွေ ဘယ်မှာဆိုတာလည်း မသိပါဘူး သူ ကျန့်ကော ကိုမီးရှို့သတ်ပြီး မတော်တဆဖြစ်သလိုဟန်ဆောင်ပြီးတော့ ပိုက်ဆံတွေအကုန်ယူသွားတာပဲ "
" သုံးသိန်းတည်းပေါ့? "
ကုံးရင့်ရှန်ပြောလိုက်သည်။
" မင်းသုံးတဲ့ ဆေးအသစ်က စျေးကွက်ထဲစဖြန့်ရုံရှိသေးတယ် ပြီးတော့ ရောစပ်ဖို့ ကုန်ကြမ်းပစ္စည်းသုံးမျိုးလိုတယ် စျေးလည်းကြီးပြီး လူတိုင်းမရနိုင်ဘူး
တစ်ချိန်တည်းမှာပဲ ထောင်ကျန့်က စစ်ရှစ်ကျောင်ဘားမှာ ညတစ်၀က်ထဲနဲ့တင် ယွမ် သုံးသောင်းကျော်ဖြုန်းထားတာ
သူ့မှာ အဲ့လောက်လေးပဲရှိမယ်တဲ့လား? "
" သူအမြဲတမ်း ငွေကိုလက်ဖွာဖွာသုံးတတ်မှန်း ကျွန်မဘယ်လိုလုပ်သိမလဲ သူ့မှာငွေရှိမှန်းတော့သိပါတယ် ဒါပေမယ့် ဘယ်လောက်ရှိမှန်း ကျွန်မမသိဘူး "
ခိုင့်၀မ် မြန်မြန်ဆန်ဆန်ပဲပြောလိုက်သည်။
" ခိုင့်၀မ် ငါတို့ထပ်စုံစမ်းပြီး မင်းအဖေကိုလည်း စစ်မေးမှာ တကယ်လို့များ စစ်မေးချက်က မင်းအဖြေနဲ့ကွာနေရင် မင်းတို့နှစ်ယောက်လုံး ပြေးလို့မလွတ်စေရဘူး "
ခိုင့်၀မ် အသက်ကိုပြင်းပြင်းရှူကာ ပထမဆုံးအကြိမ်အဖြစ် ကုံးရင့်ရှန်ကို တည့်တည့်မတ်မတ်ကြည့်လာပြီး သူ့မျက်လုံးများက နီရဲနေသည်။
" ကျွန်မ ပထမဆုံးလိမ်ခဲ့တာက.....ရှင်၊ ရှင့်မှာ အဖေရှိလား? ရှင်မှာရှိရင် ကျွန်မကိုလည်း နားလည်နိုင်လိမ့်မယ် "
ရန်ရိ ကုံးရင့်ရှန်ကို ခိုးကြည့်လိုက်သည်။
သူ အခုမှ ကုံးရင့်ရှန်ငယ်ဘ၀အကြောင်းကို ကုံးဖေးလန်ဆီက ကြားထားတာ။
ခိုင့်၀မ် စကားလုံးတွေက တမင်တကာမရည်ရွယ်ပေမယ့်လည်း ထိုစကားများက ကုံးရင့်ရှန်ကို အလွန်မသက်မသာဖြစ်စေမည်ပင်။
သို့ပေမယ့် ကုံးရင့်ရှန် မျက်နှာကတော့ လုံး၀အပြောင်းအလဲမရှိဘဲ ခိုင့်၀မ်ကို တည့်တည့်ကြည့်နေရုံသာ။
" ဒါပေမယ့် ရှင်အခုအားလုံးကို သိသွားပြီး ကျွန်မအဖေလည်း အဖမ်းခံလိုက်ရပြီ ကျွန်မပြောတာအမှန်ပါ "
ခိုင့်၀မ်ငိုသည်။
" သူလောင်းကစားမှာ ငွေတွေအများကြီးရှုံးပြီး ငွေတိုးတွေပေးစရာရှိတယ် ကျွန်မသူ့ကို တကယ်မထင်ထားခဲ့ဘူး ဒီလိုမျိုးလုပ်လိမ့်မယ်လို့ "
" မင်း လုံး၀မသိဘူးလား? "
ခိုင့်၀မ်ခေါင်း တစ်ဆတ်ဆတ်ခါသည်။
" မင်း စစ်ရှစ်ကျောင်မှာ ရှိနေမှန်း သူ့ကိုပြောလိုက်တာပဲ "
" ဟုတ်တယ် ဒါပေမယ့် သူအဲ့လိုကိစ္စမျိုး လုပ်လိမ့်မယ်ဆိုတာမသိပါဘူး "
" အဲ့တာဆို သူ ထောင်ကျန့်ငွေတွေ ဘယ်လိုရလဲ? "
" ကျွန်မ ထောင်ကျန့်ခဏငှားထားတဲ့အိမ်မှာနေတယ် ပြီးတော့ သူကျွန်မဆီလာတာ "
ရန်ရိ ဆက်မထိန်းထားနိုင်တော့ဘဲ ခပ်မာမာပြောလိုက်သည်။
" ဆိုတော့ မင်းဘာမှမသိဘဲ ခိုင့်ကျိဝေ ဒါတွေလုပ်တာကို အမျိုးမျိုးဖုံးကွယ်ပေးထားတယ်ပေါ့ "
ခိုင့်၀မ်က ရန်ရိကို တုန်ယင်နေသောအကြည့်ဖြင့် ကြည့်လာပြီး ထပ်ငိုချင်လာပြန်သည်။
" ကျွန်မမသိဘူး ကျွန်မမီးရှို့တာလည်းမဟုတ်ပါဘူး ကျွန်မတကယ်မသိဘူး "
သူ(မ) ထပ်ကာထပ်ကာငိုပြီး ရုတ်တရက် မထင်မှတ်ဘဲ သူ့ကိုယ်သူ ကုတ်ခြစ် ဆွဲဖဲ့လျက်။
သူတို့နှစ်ယောက်မှာ အရူးတစ်ယောက်လိုအော်ဟစ်မှုကြောင့် တောင့်သွားကြရသည်။
ဆေးဖြတ်ခြင်း သပ်ရောက်မှုက အရမ်းရုတ်တရက်ဆန်ပြီး ဟန်ဆောင်နေသည့်အလား။
ကုံးရင့်ရှန် နဲ့ ရန်ရိ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ထကာ စစ်ဆေးခန်းမှထွက်လာလိုက်သည်။
နှစ်ယောက်စလုံး ကော်ရစ်တာကိုမှီရပ်လိုက်ကြပြီး ငြိမ်သက်နေကြလျက်။
ရန်ရိ ခပ်ဖွဖွ ပြောလိုက်သည်။
" အခုတော့ ငါတကယ် ဆေးလိပ်သောက်ချင်လာပြီ "
" ခင်များ ဆေးလိပ်သောက်သေးတာလား? "
" ကျောင်းမှာတုန်းက ဆေးလိပ်သောက်တယ် စခန်းထဲ၀င်တော့ ဖြတ်လိုက်တာ "
ရန်ရိ နှုတ်ခမ်းသပ်လိုက်ရင်း
" ငါစိတ်ဖြေချင်ရုံပါ "
" ဘာလို့လဲ? "
" ဘာလို့လဲ?" ရန်ရိ ကုံးရင့်ရှန်ကို စူးစိုက်ကြည့်လိုက်ပြီး စစ်ဆေးခန်းရဲ့တံခါးကို အနည်းငယ်စိတ်လှုပ်ရှားလျက် လက်ညှိုးထိုးပြလိုက်သည်။
" မင်းငါ့ကို ဘာလို့လဲ မေးတယ်ပေါ့? အဲ့မိန်းမက ကြံရာပါမှန်းသေချာသလောက်ပဲ သူ ငါတို့နဲ့ အကြာကြီးကစားနေတယ် စီးကရက်လွှင့်ပစ်မိသွားတာကတစ်မျိုး၊ အရက်ပြန်မီးအိမ်က လိုက်ကာကို မီးစွဲသွားတာကတစ်မျိုး၊ အခြားတစ်ယောက်လုပ်တယ်ဆိုတာကတစ်မျိုး ပြီးတော့ ထောင်ကျန့်လုပ်တယ်ဖြစ်ပြန်ရော နောက်ဆုံးတော့ သူ့အဖေလုပ်ခဲ့တာတဲ့။
သူက အပြစ်ကင်းတာ ဘယ်လိုမှမဖြစ်နိုင်ဘူး!
စားသောက်ခန်းထဲက လွတ်လာတဲ့တစ်ဦးတည်းသောသူ အနေနဲ့ သူကသာ ဘာဖြစ်ခဲ့လဲဆိုတာ အသိဆုံး
ဒါပေမယ့် သူပြောတဲ့စကားအားလုံးက အမှားတွေဖြစ်နေတယ် "
ကုံးရင့်ရှန် တည်တည်ငြိမ်ငြိမ်ပဲပြောလာသည်။
" ဟုတ်တယ် အဆိုးဆုံးက ခိုင့်ကျိဝေသာ သူ(မ)ကို မစွပ်စွဲဘူးဆိုရင် သူ(မ)က ဆေးသုံးတာကလွဲပြီး ပြစ်မှုကျူးလွန်မှုမရှိဘူးဆိုတာကို ဖော်ထုတ်ဖို့ ကျွန်တော်တို့မှာ သက်သေမရှိဘူး "
" အဲ့တာကြောင့် မင်းက ငါ့ကို ဘာလို့လဲလို့ မေးတာပေါ့? "
ရန်ရိ ဆဲရေးသော စကားလုံးဖြင့်ဆူပူလိုက်သည်။
စ
" မင်းစိတ်အတိုင်းငါ့ကိုပြောစမ်းပါ မင်းသူ့ကို ကြံရာပါလို့ထင်လား? "
" ဥပဒေက ထင်မြင်ချက်ကို မယုံဘူး သူက ကြံရာပါ လည်းဖြစ်နိုင်တယ် ကြံရာပါ မဟုတ်တာလဲဖြစ်နိုင်တယ် သက်သေတွေ့ရင်တွေ့ ဒါမှမဟုတ်ရင်...."
"အဲ့တာဆို ရှာလေ မင်းသက်သေရှာနိုင်ပါတယ် သူဘာသူ ကြရာပါ ဟုတ်ဟုတ် မဟုတ်ဟုတ် နစ်နာသူမိသားစုတွေကတော့ အမှန်တရားကိုရသင့်တယ် "
ကုံးရင့်ရှန် ပမ်းလျစွာ မျက်ခုံးကိုပွတ်သပ်လိုက်ရင်း ခေါင်းညိတ်သည်။
" ကျွန်တော် ဆက်စုံစမ်းလိုက်မယ် "
ရန်ရိ သက်ပြင်းချကာ
" အနည်းဆုံးတော့ ငါတို့အခု တရားခံအစစ်ကို ဦးတည်နေပြီ ဒီလ အားထုတ်မှုက အချည်းနှီးဖြစ်မသွားပါဘူး "
" ခင်များပြန်လေ "
ကုံးရင့်ရှန် ရန်ရိကို ကြည့်လိုက်သည်။
" အခြေအနေတိုးတက်မှု ရှိတာနဲ့ မင်းငါ့ကိုအသိပေးမယ်မလား? "
ရန်ရိလည်း သူ့ကိုကြည့်လိုက်ရင်း
" တတ်နိုင်သလောက်မြန်မြန်အသိပေးပါ မင်းလက်ခံရင် ငါပြန်မယ် "
" ကောင်းပြီ "
ရန်ရိ ကုံးရင့်ရှန်ကို ဆက်ကြည့်နေရင်းပင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။
" များများအိပ်နော် မင်းခန္ဓါကိုယ်က တိုက်ခိုက်ရေးအတွက် ပြရုပ်ပဲ "
ကုံးရင့်ရှန် အနည်းငယ် အံ့သြသွား၏။
ရန်ရိ လက်ဝှေ့ယမ်းပြကာ လှည့်ထွက်လာခဲ့သည်။
ကုံးရင့်ရှန်ကတော့ ရန်ရိကျောပြင်လေး ကော်ရစ်တာအစွန်းမှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။
============
ကျောင်းပထမဆုံးနေ့၌ ဖီးနစ်စခန်းတွင် ကျောင်းသားများထံမှ အသိပေးချက်ရလိုက်၏။
ဘယ်လိုပဲဖြစ်ဖြစ် ရဲတွေကလည်း ကျောင်းမှာမရှိဘဲ ကျောင်းသားတွေကလည်း 119 ကိုမခေါ်ပေ။
အဲ့ဒီ့အစား စခန်းသို့ပြေးလာကြပြီး လမ်းဘေးကကားထဲမှာ ကလေးတစ်ယောက် ပိတ်မိနေတယ် လို့ပဲလာပြောကြသည်။
ဆောင်း၀င်ပြီးနောက် အပူချိန်က နွေရာသီမှာလောက်မပြင်းတော့ပေမယ့် ပူနေဆဲပင်ဖြစ်ပြီး လေလုံကားအတွင်းရှိအပူချိန်က ၄၀ သို့မဟုတ် ၅၀ ဒီဂရီ လောက်ရှိနိုင်သည်။
ကလေးတွေမပြောနှင့် လူကြီးများပင် မခံနိုင်။
ထို့ကြောင့် သူတို့ တပ်ဖွဲ့သမိုင်း၌ အပေါ့ပါးဆုံးသော ကိရိယာများကိုယူကာ တပ်ဖွဲ့သမိုင်း၌ အနီးဆုံးသော တာ၀န်နေရာဖြစ်သည့် လမ်းမကို ပြတင်းပေါက်ဖျက်သည့်ကိရိယာနှင့်အတူ ပြေးဖြတ်သွားကြသည်။
ဆယ်ကျော်သက်လေး နှစ်ယောက်က ကားအနက်တစ်စီးထံ ညွှန်ပြပြီး :.
" ဦးဦး အဲ့ဒီ့ကားပဲ သားတို့ဖြတ်သွားရင်းတွေ့တာ "
[T/n : teenager လို့ပဲရေးထားပြီး အထီးလားအမလား မကွဲတော့ သားပဲ လုပ်လိုက်တယ် :3 ]
ရန်ရိ ကားပြတင်းပေါက်ဆီငုံ့ရင်း အထဲကိုကြည့်လိုက်တော့ နောက်ဘက်ကလေးထိုင်ခုံတွင် တကယ်ကိုကလေးလေးတစ်ယောက်ရှိနေပြီး တစ်နှစ် နှစ်နှစ်သားလေးဖြစ်ကာ လက်ကိုကိုက်ရင်း ငိုနေသည်။
" ဖုန်းခေါ်တာ လက်ခံရလို့လား? "
စွန်းတင့်ရိ ကားအရှေ့ဘက်သို့သွားကြည့်လိုက်သည်။
" ချီးကိုခေါ် " ရန်ရိ တင်းချင် ကိုပြောလိုက်သည်။
" မင်း သူ့ကို အာရုံလာလွှဲထားစမ်းကွာ "
တင်းချင် ကားပြတင်းပေါက်ကို သူ့လက်နဲ့တို့ရင်း မျက်နှာပြောင်ပြကာ ကလေးကို သူ့ဆီမျက်နှာလှည့်လာဖို့ပြောနေ၏။
ရန်ရိ ကားတစ်ဖက်ခြမ်းသို့သွားကာ ပြတင်းပေါက်မှန်ဖျက်ကိရိယာကို ပြတင်းပေါက်မှန်အစွန်းတွင် တည့်လိုက်ပြီး အပ်ဖြင့်ထုလိုက်တော့ မှန်က ခွက်ခနဲကွဲကြေသွားတော့သည်။
[ t/n : window breaker >>>


]
ရန်ရိ လက်ထည့်လိုက်ပြီး ကားတံခါးကိုဖွင့်လိုက်၏။
သူ ကလေးကို အပြင်ထုတ်တော့မည့်ဆဲဆဲမှာပင် နောက်မှ အော်သံကို ကြားလိုက်ရသည်။
" ခင်များဘာလုပ်နေတာလဲ?! "
ရန်ရိ ခေါင်းလှည့်လိုက်သည်နှင့် ယောက်ျားတစ်ယောက် အပြေးလာနေသည်ကိုတွေ့ရသည်။
" ခင်များဘာလုပ်တာလဲလို့! "
" ဒါခင်များကားလား? "
ရန်ရိ မျက်မှောင်ကြုတ်လိုက်ရင်း
" ဒါခင်များကလေးလား? "
" သေချာတာပေါ့ ငါ့ကလေး ! "
ထိုလူက ရန်ရိအဝေးသို့တွန်းထုတ်လိုက်ပြီး ကွဲကြေသွားသော ကားပြတင်းပေါက်ကို ဒေါတထောင်းထောင်းနဲ့ ကြည့်လိုက်သည်။
" ဒီလိုရာသီဥတုနဲ့ အလုံပိတ်ကားထဲမှာ ကလေးကိုထားခဲ့တယ်ပေါ့ ? "
ရန်ရိ အံကိုကြိတ်လျက် ခက်ထန်စွာမေးလိုက်သည်။
" ခင်များ ဒီကလေးနဲ့ဘာတော်လဲ? "
" ငါ့သမီးကွ! "
ထိုလူက စိတ်ဆိုးမာန်ဆိုးနဲ့ပြောသည်။
" ငါအိမ်သာကို ငါးမိနစ်လောက်သွားတာ မင်းဘယ်သူလဲ ဘာလို့ဆူဆူပူပူလာလုပ်နေတာလဲ !"
ကျောင်းသားနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ရန်ရိကိုလည်း စိတ်မသက်မသာကြည့်လာကြ၏။
စွန်းတင့်ရိက ဆန့်ကျင်ဘက်က စခန်းကို ညွှန်ပြလိုက်ပြီး
" ကျွန်တော်တို့က မီးသတ်သမားတွေပါ ဆရာ ခင်များက အရမ်းအန္တရာယ်များပြီး ရူးမိုက်တဲ့အလုပ်ကိုလုပ်ခဲ့တာပဲ
အကယ်၍များသာ..."
" သောက်ပိုလုပ်မနေစမ်းပါနဲ့! "
ထိုလူက ငိုသည်။
" ငါအိမ်သာပဲသွားတာ မင်းတို့က ငါ့ထက်ပိုပြီးတော့တောင် ငါ့သမီးကိုဂရုစိုက်တယ်ပေါ့?! ငါ့ကားကအရမ်းတန်ဖိုးကြီးတယ်ကွ မင်းကားမှန်အတွက် လျော်မှာလား?! မင်းတို့ မီးသတ်တပ်ဖွဲ့ကလျော်မှာမို့လို့လား? "
ရန်ရိ သူ့ဒေါသကို မြိုသိပ်ထားလျက်။
" ကျွန်တော်တို့ ခင်များသမီးကိုကယ်မလို့ပါ ခင်များက တာ၀န်မဲ့ပြီး ကလေးကို အန္တရာယ်ထဲထားခဲ့တာ
ခင်များကားထဲက ခဏပဲထွက်စရာရှိတယ်ဆိုလည်း အနည်းဆုံး သူ့အတွက် တံခါးတော့ ဟ,ပေးထားပေါ့ဗျာ "
" ငါအိမ်သာခဏသွားတာလို့ပြောတယ်လေ ခဏလေးကိုငါကဘာလုပ်ပေးရဦးမှာလဲ? ငါ့သမီးက ဘာဖြစ်နေလို့လဲ ? ဟမ်? "
ထိုလူက ရန်ရိကို လှမ်းဆွဲသည်။
" မင်းအတွက်မင်းပူစမ်းပါ သူကအဆင်ပြေတယ်
ငါ့ကားမှန်အတွက်ဘာလုပ်ပေးမှာလဲ? မင်းပြောစမ်း "
စွန်းတင့်ရိက အနားလာပြီး ထိုလူကိုစိုက်ကြည့်လိုက်သည်။
" ကျွန်တော်တို့ ခေါင်းဆောင်ကို လွှတ်ပေးလိုက် "
" အိုး ခေါင်းဆောင်ပေါ့ ဟုတ်လား? လူကိုခြောက်လှန့်ပြီး မင်းကိုယ်မင်း အသုံးကျကြောင်းပြရအောင် ကားပြတင်းပေါက်ကိုခွဲတာမလား? မင်းအခု ကားတံခါးကိုဘာလုပ်ပေးမှာလဲ? အခြားသူပစ္စည်းကို ထိခိုက်အောင်လုပ်ပြီးရင် လျော်ကြေးပေးရတယ်ကွ မင်းငါ့ကိုရဲတော့မခေါ်စေချင်ဘူးမလား "
ရန်ရိ သူ့လက်ကိုလွှဲခါလိုက်ကာ ထိုသူ့ကို တန်းတန်းမတ်မတ်ကြည့်လိုက်ပြီး
" ခင်များရဲခေါ်လိုက်လေ ဥပဒေအရ ဘယ်သူလျော်ရမလဲဆိုတာ ကြည့်ကြသေးတာပေါ့ "
ထိုလူက ဒေါသဖြင့် မျက်နှာရဲတက်လာသည်။
" ငါရဲခေါ်မယ်! ငါမင်းကိုတိုင်ပြမယ်! မင်းကို တရားစွဲမယ်ကွ! "
ရန်ရိ လှည့်ထွက်သွားလိုက်ပြီး ကျောင်းသားလေးနှစ်ယောက်ကို ကျော်သွားတော့ သူရပ်လိုက်သည်။
ဆယ်ကျော်သက်လေးနှစ်ယောက်က သူ့ကို စိတ်မကောင်းသည့်မျက်နှာများဖြင့် ကြည့်နေလျက် သူတို့အမှားတစ်ခုခုလုပ်မိသည့်နှယ်။
ရန်ရိ နူးနူးညံ့ညံ့ပြောလိုက်သည်။
" မင်းတို့ အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာပါ နောက်မင်းတို့ အကူအညီလိုတဲ့သူတွေ တွေ့ရင်လည်း အခုလိုပဲလုပ်ရမယ်နော် နားလည်လား? "
နှစ်ယောက်သား တစ်ဆတ်ဆတ်ခေါင်းညိတ်ကြ၏။
စခန်းပြန်ရောက်တော့ စွန်းတင့်ရိက အော်ဟစ်ကာ စောဒကတက်သည်။
ရန်ရိသည်လည်း အလွန်ဒေါသထွက်ပါ၏။
ဒီကိစ္စက ရဲလက်ထဲရောက်သွားမှာ၊ ရဲကတစ်ဆင့် မီးသတ်ဌာနချုပ်ဆီရောက်သွားမှာကိုသူသိသည်။
သူ ၀န်ခံစာရေးရမယ် အပြစ်လည်းအပေးခံရမယ်။ ဒါပေမယ့် သူခဏလောက် အသက်မရှူသွင်းနိုင်လိုက်ပေ။
( ဒေါသမမျိုသိပ်နိုင် )
သူ ချွီယန်ပေါင်ကို ခုခံခိုင်းဖို့စီစဥ်ထားသည်။
ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စတွေက နောက်ဆုံးတော့ ချွီယန်ပေါင်ကိုင်တွယ်ရတာပဲ။
သူ ဖုန်းကောက်ကိုင်သည်နှင့် ဖုန်းသံမြည်လာလျက် ဖန်သားပြင်ပေါ်၌ ကုံးရင့်ရှန်နာမည်ပေါ်လာတော့၏။
ရန်ရိ နှလုံးသား လှုပ်ခတ်သွားရသည်။
နောက်ဆုံးအကြိမ် ခိုင့်၀မ်ကို ရုံးမှာစစ်မေးခဲ့တာတောင် တစ်ပတ်ရှိသွားပြီ။
အခုပြောမှာ ဘယ်လိုသတင်းများလဲ? သတင်းကောင်းများဖြစ်မလား?
သူဖုန်းကို ရင်တထိတ်ထိတ်နဲ့ ဖြေလိုက်သည်။
" ဟယ်လို? "
" ခေါင်းဆောင် ဘားမီးလောင်တဲ့အမှု ပိတ်တော့မယ် "
ကုံးရင့်ရှန် လိုရင်းတိုရှင်းပဲပြောလိုက်သည်။
သို့သော် သူ့ လေသံကပျော့နေပြီး အနည်းငယ်လည်း စိတ်ဖိစီးနေသလို။
" ဘာ? မြန်လိုက်တာ? "
ရန်ရိ အံ့သြတကြီး ပြောလိုက်သည်။
" စုံစမ်းတာရောဘယ်လိုလဲ? ခိုင့်၀မ်နဲ့ ပိုက်ဆံတွေရော? "
" ခိုင့်ကျိဝေက သူအားလုံးလုပ်တာပါဆိုပြီး အစဖြတ်လိုက်တယ် ကျွန်တော်တို့ ငွေသုံးသိန်းကလွဲပြီး ဘာပိုက်ဆံမှ ရှာမရဘူး"
ရန်ရိ ထိတ်လန့်အံ့အားသင့်သွားသည်။
" မင်းပြောတာက ခိုင့်၀မ်က ကြံရာပါ ဆိုတဲ့သက်သေတစ်ခုမှမရှိဘူးပေါ့? "
" မရှိဘူး "
ကုံးရင့်ရှန် ဖြည်းဖြည်းပြောလိုက်သည်။
" နှစ်ယောက်ကို စစ်မေးတာက နည်းနည်းလေးကွဲတယ် ဒါပေမယ့် ခိုင့်၀မ်ကို စွပ်စွဲဖို့တော့ မလုံလောက်ဘူး
သူတို့၀န်မခံသရွေ့တော့ နည်းလမ်းမရှိဘူး "
" နည်းလမ်းမရှိဘူး? "
ရန်ရိ ဒေါသတွေ ရုတ်တရက် ရင်ဘတ်ထဲ ဆို့တက်လာ၏။
" အဲ့မိန်းမက လူ ၂၉ ယောက်ကိုသတ်တဲ့ သူထဲကတစ်ယောက်ဖြစ်ရမယ် သူ့ကို ဒီလိုပဲလွှတ်လိုက်ရတော့မှာလား? "
" အမှုက တည်နေပြီ ခိုင့်၀မ်မှာသက်သေမရှိဘူး ပြီးတော့ ခိုင့်ကျိဝေမှာလည်း သက်သေအခိုင်အမာရှိနေတယ် ဒီကိစ္စမှာ စခန်းက သင့်တော်တဲ့ဆုံးဖြတ်ချက်ကိုချပြီး တရားရုံးကိုလွှဲပေးလိုက်တယ် "
ကုံးရင့်ရှန်သက်ပြင်းချကာ
" အမှုကပိတ်သွားပြီ "
ရန်ရိ ဒေါသထွက်ထွက်နဲ့ပြောလိုက်သည်။
" အမှုပိတ်ပြီ? အမှုကိုဒီလိုပဲပိတ်တော့မှာလား? ခိုင့်ကျိဝေကိုဖမ်းမိပြီးတော့ မင်းဆက်စုံစမ်းဦးမှာမလား? ခိုင့်၀မ်သာ ကြံရာပါဆို သူကိုလည်းအတူသွားခိုင်းသင့်တယ် အဲ့ဒီ့နစ်နာသူတွေ...."
" ကျွန်တော်လည်း မတတ်နိုင်ဘူး "
ကုံးရင့်ရှန် အသံမြှင့်ပြောလိုက်သည်။
" ကျွန်တော်တို့မှာ နည်းလမ်းတွေ အမိန့်တွေ ဥပဒေတွေ ရှိတယ် သက်သေမရှိဘဲ ခင်များစိတ်ချည်းသက်သက်နဲ့ လူတွေကို စွပ်စွဲလို့မရဘူး "
သူ့အသံက စိတ်မပါဘဲ ဒေါသသံပေါက်သွား၏။
ရန်ရိ ကိုယ်က တောင့်တင်းကာ ဦးရေပြားက ထုံသွားသည်။
သူအဲ့တာကို ဘယ်နဲ့တူလဲ မပြောတတ်ပေ။
မှန်တယ် သူတို့အတွေးသက်သက်နဲ့ သူများကို စွပ်စွဲလို့မရပေ။
ဒါပေမယ့် တကယ်လို့ တကယ်လို့သာ ခိုင့်၀မ်က ကြံရာပါဆိုရင် ဥပဒေက လွှတ်ပေးလိုက်ပြီ။
သူတို့ ဘာများလုပ်နိုင်ဦးမှာလဲ?
ရန်ရိ ရုတ်တရက် အားကိုးရာမဲ့သလိုခံစားလာရပြီး ဘာတစ်ခွန်းမှမပြောတော့ဘဲ အသံတိတ်ဖုန်းချလိုက်သည်။
ထိုအချိန် ချွီယန်ပေါင်က တံခါးဘောင်ကိုခေါက်လာပြီး ဘောင်ကိုမှီကာ သူ့ကို တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေသည်။
ရန်ရိ သူ့ကို အလွန်ပျက်ယွင်းနေသော မျက်နှာဖြင့်ကြည့်လိုက်၏။
ချွီယန်ပေါင်ပြောလာသည်။
" ငါ စွန်းတင့်ရိဆီက ကြားတယ် ငါ့ကိုဒီကိစ္စကိုလွှဲထားလိုက် မင်းအခု စိတ်အခြေအနေလည်းမကောင်းဘူး ပြီးတော့ ညွှန်ကြားရေးလည်းလုပ်နိုင်မှာမဟုတ်တော့ ဒီမှာနေလည်း အသုံးမ၀င်ဘူး အိမ်ပြန်တာပဲကောင်းတယ် "
ရန်ရိ ခေါင်းညိတ်လိုက်ပြီး ချွီယန်ပေါင်ဆီသွားကာ သူ့( ချွီယန်ပေါင်) ပခုံးကိုလှုပ်ခါလိုက်သည်။
" ကျေးဇူးပဲ "
ချွီယန်ပေါင်က သူ့ကို အားပေးသည်။
" ငါ့ညီရာ ဘာကိုယဥ်ကျေးနေတာတုန်း ? "
[ T/n : The best brothers !!!! ]
ရန်ရိ အောက်ထပ်သို့ တန်းတန်းဆင်းသွားကာ အိမ်သို့လမ်းလျှောက်ပြန်သည်။
ချွီယန်ပေါင်မှန်တယ် ခေါင်းဆောင်တစ်ယောက်က ရှေ့တန်းကို ခံစားချက်တွေနဲ့မထွက်သင့်ပေ။
သူအခု စိတ်ဖြေလျှော့ဖို့လိုသည်။
အိမ်ပြန်ရောက်တော့ အန်တီ၀မ်က ဟင်းပွဲပြင်ပြီးရုံသာရှိသေးပြီး မမျှော်လင့်ဘဲပြောလာသည်။
" အို့ ခေါင်းဆောင် ဖုန်းလည်းမဆက်ဘဲနဲ့ ဘာလို့ ရုတ်တရက်ကြီးပြန်လာတာတုန်း? အန်တီ မင်းအတွက် မချက်ထားရသေးဘူး "
" ရပါတယ် အန်တီ ကျွန်တော် မဆာပါဘူး "
" နေဦး နောက်ထပ်ဟင်းနှစ်ပွဲလောက် ချက်လိုက်ဦးမယ် "
ရန်ရှန့်ရုန်က TV ကြည့်နေရင်းကနေ သူ့ကိုလှမ်းကြည့်လာသည်။
" ဘာလို့ မင်းရုတ်တရက်ပြန်လာတာလဲ? "
" ဟိုတလောက အလုပ်တွေရှုပ်နေလို့ အခုအချိန်ရတုန်း အဖေ့ကိုပြန်လာတွေ့တာလေ "
ရန်ရိ ရန်ရှန့်ရုန်ကို ပြုံးပြလိုက်သည်။
သူ အိမ်ထဲကို ခြေလှမ်းလိုက်တဲ့အချိန်တိုင်း ခေါင်းပန်းလှန် သလိုပင်။
သူ ပုံမှန်အဖေကို တွေ့ရမလား လူနာတစ်ယောက်ကိုတွေ့ရမလား မပြောနိုင်။
ကံကောင်းလို့ ဒီနေ့တော့ သူ့အဖေ ပုံမှန်ဖြစ်နေသည်။
ရန်ရှန့်ရုန် တစ်ခုခုကို သတိပြုမိသွားသလို။
" ဘာလဲ စခန်းမှာပြသနာတစ်ခုခုရှိလို့လား? "
" အရေးမပါတာတွေပါ ကိစ္စမကြီးဘူး ယန်ပေါင်ဖြေရှင်းလိမ့်မယ် "
" အိုး ရှောင်ချွီ( ချွီယန်ပေါင် ) ရော ဘယ်လိုနေလဲ? "
" အတော်ပြေပါတယ် "
" ရှောင်ချွီ အဲ့ကလေးက ချီးကျူးစရာလည်းကောင်းတယ် smart ကျပြီး EQ ( Emotional Quoqient ) လည်းမြင့်တယ် သူ့အဖေလို အမြင့်ကိုတက်နိုင်မှာပဲ "
" ဟုတ်တယ် "
ရန်ရိ ရန်ရှန့်ရုန်ဘေးမှာထိုင်လိုက်ပြီး
ဒီလို စကားအနည်းငယ်ပြောလိုက်ရုံနဲ့ သူ့စိတ်အခြေအနေ ဖြည်းဖြည်းချင်း တည်ငြိမ်သွားသလိုခံစားရသည်။
ထိုအရာကား အိမ်ရဲ့စွမ်းပကားပင်။
သုံးယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ထမင်းစားကြသည်။
စားပြီးတော့ အန်တီ၀မ်က သန့်ရှင်းရေးလုပ်ဖို့သွားပြီး ရန်ရိနဲ့ ရန်ရှန့်ရုန်ကတော့ စခန်းအကြောင်း ဆက်ပြောနေကြသည်။
ရန်ရိ တစ်ခါတစ်လေ ရန်ရှန့်ရုန်ကို ပြောပြချင်မိတယ်-- သူ့ ရဲ့ ကစိသအောက်ဖြစ်စရာတွေ ၊ သူ့ဒေါသတွေ၊ သူ့စိတ်ရှုပ်ထွေးမှုတွေ၊ သူမလိုလားတာတွေ။
သူ့မှာ ပြောပြစရာ ဘယ်သူမှမရှိဘူး။ ဒါပေမယ့် သူပြန်ထိန်းထားလိုက်တယ် နောက်ဆုံးတော့လည်း သူကလူကြီးတစ်ယောက် ဖြစ်နေပြီပဲလေ။
သို့ပေမယ့် ရန်ရှန့်ရုန်သတိထားမိသည်။
" ရန်ရိ မင်းဒီနေ့ဘာဖြစ်လာတာလဲ? တစ်ခုခုဖြစ်တာလား? "
" တကယ်မဖြစ်ပါဘူး "
ရန်ရိ ပြုံးလိုက်သည်။
" ကျွန်တော် တစ်နေကုန် အစီရင်ခံစာတွေရေးနေရရုံပဲ အဲ့တာကြောင့် ဦးနှောက်စားနေတာ "
" အို့ ငါလည်း အစီရင်ခံစာရေးရတာ မကြိုက်ဘူး ဒါပေမယ့် မင်းက အထူးတပ်သားပဲ လုပ်ဖို့လိုအပ်တယ် "
ရန်ရှန့်ရုန်ပြုံးရင်း
" မင်း ကျေနပ်စမ်းပါ မင်းကမှ ကွန်ပျူတာနဲ့ရေးလို့ရသေးတယ်
အရင်နှစ်တွေတုန်းကဆို အကုန်လုံးကို ငါတို့လက်တွေနဲ့ရေးရတာ ငါဆို တစ်နေကုန် အစီရင်ခံစာရေးရမယ့်အစား တစ်နေကုန်ပဲ လေ့ကျင့်နေလိုက်မယ် "
" ကျွန်တော်ရောပဲ သေအောင်စိတ်ကုန်တယ် "
" ဟေး မင်းကို ငါအရင်ကရေးခဲ့တဲ့ အစီရင်ခံစာပြမယ် "
ရန်ရှန့်ရုန် TV အံဆွဲကို လက်ညှိုးထိုးပြပြီး
" အထဲက စက္ကူဖာကို ထုတ်လိုက် "
" အိုး အဖေ့ကလေးလေးတွေ "
ရန်ရိ TV အံဆွဲကိုဖွင့်ဖို့ သွားလိုက်ပြီး ရှူးဖာအဟောင်းတွေကို ကြည့်လိုက်သည်။
" ဘယ်တစ်ခုလဲ? "
ရန်ရှန့်ရုန် ပြောလာသည်။
" မမှတ်မိတော့ဘူး အကုန်ယူလာခဲ့ "
ရန်ရိ ရှူးဖာ အနည်းငယ်ကိုယူလာပြီး ကော်ဖီစားပွဲပေါ်မှာ တင်လိုက်သည်။
ရန်ရှန့်ရုန် အဖုံးဖွင့်လိုက်ပြီး ထိုဖာတစ်ခုလုံး တစ်နှစ်စာ အချက်အလက်များဖြင့်ပြည့်နေ၏။
သူ အပေါ်ဆုံးကတစ်ခုကိုယူကာ ပြောသည်။
" တွေ့လား အရင်ကပုံနဲ့အခုနဲ့ကွာတယ်
ဒါတွေအကုန်လုံး ကော်ပီပုံတွေနဲ့ မူကြမ်းတွေချည်းပဲ မူရင်းဟာတွေက မီးသတ်ဦးစီးဌာနမှာထိန်းသိမ်းထားပြီး နောက်တော့ အီလက်ထရွန်စနစ်တွေ ဖြစ်လာတာပဲ "
ရန်ရိ ကောက်ကိုင်လိုက်ကာ ကြည့်လိုက်ပြီး လှောင်လိုက်သည်။
" လောင်ရန် အဖေ့လက်ရေးက အရမ်းဆိုးတာပဲ ဘယ်သူကများ နားလည်နိုင်မှာလဲ? "
" မင်းဘာလို့နားမလည်ရမှာလဲ? "
ရန်ရှန့်ရုန် သူ့ကိုလှမ်းကြည့်လိုက်သည်။
" အရင်က ငါရေးခဲ့တဲ့အစီရင်ခံစာက တစ်စခန်းလုံးလေ့လာဖို့အတွက် စံပြပဲ "
" အဖေ စခန်းခေါင်းဆောင်ဖြစ်ပြီးမှမလား? "
ရန်ရှန့်ရုန် ခပ်ပြုံးပြုံးနဲ့ဆူသည်။
" ထွက်သွားစမ်း "
ရန်ရိ နောက်ထပ် ရှူးဖာ ကိုဖွင့်လိုက်ပြီး
" ဒီမှာ အဖေ့ရဲ့ ဓါတ်ပုံအယ်လ်ဘမ်ရှိတာ ကျွန်တော်မှတ်မိတယ် "
တတိယမြောက်ဖာကို ဖွင့်လိုက်တော့ အထဲမှာ အနည်းငယ်ထူသည့် ဓါတ်ပုံအယ်လ်ဘမ်ရှိနေသည်။
" အင်း မင်းငယ်ငယ်က မြင်ဖူးတာပဲ "
ရန်ရှန့်ရုန် ဓါတ်ပုံအယ်လ်ဘမ်ကိုယူကာ သူလိုငါလို ဖွင့်လိုက်သည်။
" ဒီပုံလေး အိုး ဘယ်နနှစ်တောင်ရှိသွားပြီလဲ? "
ရန်ရိ လှမ်းကြည့်လိုက်တော့ ထိုပုံက ရန်ရှန်ရုန် ထရပ်ကားကိုမှီနေသောပုံဖြစ်ပြီး သူ့အဖေက ယခုသူ့ထက်တောင် ငယ်သေးပုံရ၏။
ရန်ရိ လည်း ကော်ပီတစ်ခုကိုယူပြီး ဖြည်းဖြည်းလှန်ကြည့်လိုက်သည်။
သူကလေးဘ၀တုန်းက ဓါတ်ပုံအချို့မြင်ဖူးသော်လည်း တစ်ချို့ကိုတော့မမြင်ဖူးချေ။
သူ နောက်ဆုံးကိုလှန်ကြည့်လိုက်တော့ ပလက်စတစ်ဖလင်လေးနဲ့ညှပ်ထားသော်လည်း ခေတ်မီဖလင်မဟုတ်သော သတင်းစာမှဖြတ်ယူထားသည့် အဖြူအမဲ ဓါတ်ပုံလေးရှိနေသည်။
ထိုပုံကတော့ ဖွဲပြာရောင်ခေါင်းနဲ့ မီးသတ်သမားတစ်ယောက်က ကလေးလေးတစ်ယောက်ကို လက်မောင်းထဲထည့်ချီထားသည်ကို ဖော်ပြနေ၏။
သူတို့နှစ်ယောက်လုံး ဘယ်သူမှ ကင်မရာကိုကြည့်မနေကြဘဲ လျှပ်တစ်ပျက်ရိုက်ချက်မှန်း သိသာလျက်။
သို့ရာတွင် ကလေးခေါင်းက မီးသတ်သမားရဲ့ ညစ်ပေပေ မီးသတ်၀တ်စုံကို တိုးဝှေ့နေကာ ရင်ထဲထိရောက်သော ဓါတ်ပုံဖြစ်လာစေသည်။
" အဖေ အဲ့တာအဖေလား? "
" အဲ့တာက...."
ရန်ရှန့်ရုန် ဓါတ်ပုံကိုယူကာ အနီးကပ်ကြည့်လိုက်ပြီး ပြောလာသည်။
" ဟုတ်တယ် အဖေမှတ်မိပြီ "
" ဘယ်အချိန်ကမတော်တဆမှုလဲ? ဘယ်သူတင်ပြတာလဲ? ဘာလို့ကျွန်တော်မမှတ်မိတာပါလိမ့်? "
" မင်း အလယ်တန်းကျောင်းတက်တုန်းက အဆောင်မှာနေတယ်လေ မင်းမသိတာဖြစ်နိုင်ပါတယ် "
ရန်ရှန့်ရုန် သက်ပြင်းချလျက်
" ဒီမတော်တဆမှုက တကယ်ကို ကြေကွဲစရာကောင်းတယ် "
" ဘာကြီး? "
ရန်ရိ ပုံကိုပြန်ကြည့်လိုက်တော့ ရိုက်ထားတဲ့ထောင့်အနေအထား အလင်းရောင်နဲ့ အတော်ကြာနေပြီဖြစ်သော အချိန်တို့ကြောင့် ရှေးဟောင်းသတင်းစာထဲမှ ကလေးမျက်နှာသည် မထင်ရှားလှပေ။
သို့ပေမယ့် ထိုကလေးလေးက ချစ်ဖို့ကောင်းသည်ကိုတော့ သူပြောနိုင်သေး၏။
" မင်း ပေါင်ရှန်း chemical plant ကိုမှတ်မိလား? "
" ဘယ်လိုလုပ် မမှတ်မိဘဲနေမလဲ "
သူ့အဖေက ပေါင်ရှန်း chemical plant ပေါက်ကွဲမှုကြီးကြားထဲ အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့တာလေ။
အဲ့ဒါက သူ့အဖေရဲ့ ဒုတိယတန်းစား-ကယ်ဆယ်ရေးလည်း ဖြစ်သေးတယ်။
သူ့တစ်ဘ၀စာလုံး ဘယ်တော့မှမေ့မည်မဟုတ်။
ရန်ရှန့်ရုန်က ခံစားချက်ပါပါ ပြောလာသည်။
" အဖေလည်းမှတ်မိတယ် တစ်ဘ၀စာလုံးမေ့လို့မရနိုင်လောက်အောင်ပါပဲ "
ရန်ရိ ရန်ရှန့်ရုန်ရဲ့ ပခုံးကို ပုတ်ပေးလိုက်သည်။
" Chemical plant ပေါက်ကွဲမှုကြီးပြီးတော့ တစ်နှစ်တောင်မကြာခင်မှာဘဲ အဖေတာ၀န်တစ်ခုလက်ခံရခဲ့တယ် "
ရန်ရှန့်ရုန် ထိုဓါတ်ပုံကို ညင်သာစွာ ထိလိုက်ပါ၏။
" အဲ့ဒီ့ကောင်လေးရဲ့ နေအိမ်မီးလောင်ပြီး သူ့မိဘတွေနဲ့ သူ့အစ်မပါဆုံးသွားကြတယ် သူတစ်ယောက်ပဲ အသက်ရှင်ခဲ့တာ "
ရန်ရိ မျက်မှောင်တင်းတင်းကြုတ်ရင်း ဓါတ်ပုံထဲက ကလေးလေးကိုကြည့်ကာ အနည်းငယ်စိတ်မချမ်းမသာဖြစ်ရသည်။
" ကောင်လေးက အရမ်းငယ်သေးတယ် မသကာ ခြောက်နှစ် ခုနစ်နှစ်လောက်ပဲရှိဦးမှာ သူကအရမ်းလှပြီး သူ့မိသားစုကလည်း ချမ်းသာတယ် ဗီလာအကြီးကြီးက လုံး၀လောင်ကျသွားတာ အရမ်းဆိုးရွားတာပါပဲ "
ရန်ရှန့်ရုန် ခေါင်းရမ်းသည်။
ရန်ရိ သက်ပြင်းချလိုက်ရင်း
" အရမ်းသနားဖို့ကောင်းတာပဲ "
" နောက်တော့ ပိုင်ရှင်ယောက်ျားက မီးရှို့တာလို့သိရတယ် "
" ဘာ? "
ရန်ရိ အံ့သြဘနန်းမေးလိုက်သည်။
" သူ့အဖေက မီးရှို့တာလား? "
ရန်ရှန့်ရုန် ခေါင်းညိတ်သည်။
" ဘာလို့လဲ?! "
" သူ့အဖေက ပေါင်ရှန်း chemical plant ကိုပိုင်တဲ့ group က chairman လေ Chemical plant ကြီးလည်းမီးလောင်ပြီးရော သူ့ကို စစ်မေးတာတွေခံရပြီး group က ဒေဝါလီခံရမလိုဖြစ်နေပြီ အဲ့အချိန်မှာ သူက အာမခံငွေလိုက်နေရပြီး ဖိအားဒဏ်တွေမခံနိုင်လို့ သတ်သေသွားတာလို့ကြားတာပဲကွယ် "
ရန်ရိ ဓါတ်ပုံကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီး ထိုအချိန် သူ့ဖုန်း ရုတ်တရက်ထမြည်လာသည်။
ကုံးရင့်ရှန်ထံမှ စာအသစ်တစ်စောင်ပင်ဖြစ်တော့၏။
ရန်ရိ စာဖွင့်ကြည့်လိုက်တော့ ရိုးရင်းသည့်စကားလုံးနှစ်လုံးသာ တွေ့ရသည်။
" ကျေးဇူး "
ကုံးရင့်ရှန်ရဲ့ ခန့်ညားပြီး မပျက်မယွင်းတဲ့မျက်နှာလေးက ရန်ရိ မျက်စိထဲပေါ်လာသော်လည်း ထိုလူ့နှလုံးသားကတော့ လှိုင်းချက်တွေရှိမနေမှန်း သူသိပါ၏။
အမှုကဒီလိုပိတ်သွားတာ သူတောင်မှ ဒေါသထွက်နေရရင် ဒီအမှုကို ကိုယ်တိုင်ကိုယ်တွယ်နေရတဲ့ ကုံးရင့်ရှန်ကရော ဘယ်လိုလုပ် စိတ်ထိန်းထားနိူင်မလဲ....
ရန်ရိ တရားစီရင်တာကို ဒေါသထွက်မိလေခြင်းဟု နောင်တရသည်။
" မင်း အဲ့အချိန်က အရမ်းငယ်သေးတော့ အဲ့ကိစ္စကို အရမ်းအာရုံမထားမိတာလည်း ဖြစ်နိုင်ပါတယ် အဖေတို့ခေတ်ကလူတိုင်းသိတယ် အဲ့တာက နိုင်ငံအဆင့်လှုပ်ခတ်မှုကြီးပဲ "
ရန်ရှန်ရုန် ဆက်ပြောသည်။
" အဲ့လူက ကုံးမင်ယွီ လို့ခေါ်တယ် ကြည့်ရတာ chemical plant ကြီးပေါက်ကွဲပြီး လူအများအပြားသေသွားကြတော့ ပုံမှန်လူတွေ လက်မခံနိုင်ဘူးထင်ပါတယ် ဒါပေမယ့် ကလေးတွေကတော့ အပြစ်မဲ့သားနဲ့ "
ရန်ရိ အာရုံက message ထဲမှာပဲရှိသေးပြီး သူ့နားထဲစွဲသွားသည့်စကားသံက သူ့ကိုတောင့်တင်းသွားစေလျက်။
" ဘာ....."
" ဘာကိုလဲ? "
" အဲ့ဒီလူနာမည်က ဘယ်သူ? "
" ကုံးမင်ယွီ? အဲ့နာမည် ဖြစ်လောက်ပါတယ် မျိုးရိုးနာမည်က ပို ထူးခြားတော့ မျိုးရိုးနာမည်တော့မှန်ပါတယ် "
ရန်ရိ တစ်ကိုယ်လုံးအေးစက်သွားပြီး တုန်ယင်နေသည်။
" ဘယ်.... ကုံး လဲ? "
" နန်းတော်( 宫 ) ဆိုတဲ့ ကုံး( 宫 ) "
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
I love this chapter too
pitiful gong yongxian 😧
ကလေးတစ်ယောက်က ငယ်ငယ်က အတွေ့အကြုံတွေကြောင့်ပြောင်းလဲသွားတယ် သူတို့အေးစက်သွားတယ် ရှောင်ဖယ်လာကြတယ် သိုဝှက်လာကြတယ် လူတွေကိုကြောက်လာတယ် အဲ့တာတွေအားလုံးက မိဘတွေနဲ့အတော်လေးသက်ဆိုင်နေပါတယ်
အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး ကလည်း သားသမီးအတွက် ထိရောက်တဲ့ ပျော်ရွှင်စရာဘ၀ကို ပေးနိုင်မယ်လို့ယုံကြည်ပါတယ်
ကလေးငယ်တွေက တကယ်ကို ဖြူစင်ပြီး အပြစ်မဲ့ကြပါတယ်
တကယ်လို့ ကြီးပြင်းလာလို့ ဆိုးသွမ်းလာကြတယ် လူချင်စရာ လူတွေဖြစ်လာကြရင်တောင် မွေးကတည်းကတော့ ဘယ်သူမှ အဲ့လိုဖြစ်ခဲ့တာမဟုတ်ပါဘူး
ဘ၀မှာ အဲ့လိုလူတွေအများကြီးပါ
လူတစ်ယောက်ရဲ့ အမူအရာကို အပြင်ပန်းအကြည့်တစ်ချက်နဲ့ပဲ မဆုံးဖြတ်လိုက်ကြပါနဲ့ဗျာ ♡
×××××××××××××××××××××××××××
[ Zawgyi ]
" ပိုက္ဆံ ..... ဘာပိုက္ဆံလဲ? "
ခိုင့္၀မ္အသံက တုန္ယင္ေနသည္။
" မင္းအေဖ ထြက္ေျပးတုန္းက ယြမ္ ၃သိန္းပဲ ယူသြားတယ္ "
ကုံးရင့္ရွန္ မ်က္ေတာင္မခတ္တမ္း ေျပာလိုက္သည္။
" သူငါ့ကိုေျပာတာက က်န္တာမင္းကိုေမးလိုက္ပါတဲ့ "
" မျဖစ္ႏိုင္တာ! " ခိုင့္၀မ္ရႉးရႉးရဲရဲ ေျပာလာ၏။
" သူအဲ့လိုေျပာလို႔ မရဘူး "
ရန္ရိ မ်က္ခုံးပင့္လိုက္သည္။
ကုံးရင့္ရွန္ သူ႔ notebook ကိုလွန္ေလွာ ေယာင္ေဆာင္လိုက္ၿပီး
" အဲ့တာသူေျပာတာပဲ သူက မင္းကိုေမးဖို႔ေျပာတယ္ က်န္တဲ့ပိုက္ဆံေတြ ဘယ္မွာလဲ? "
ခိုင့္၀မ္ေခါင္းငုံ႔သြားၿပီး သူ႔မ်က္ရည္မ်ားကို ျဖည္းျဖည္းခ်င္း ပြတ္သုတ္လ်က္။
ကုံးရင့္ရွန္ အခ်ိန္အေတာ္ၾကာေစာင့္ေနၿပီးမွ စားပြဲခုံကို ေခါက္လိုက္သည္။
" ေခါင္းေမာ့ၿပီး ေမးခြန္းကိုေျဖ "
ခိုင့္၀မ္ ေခါင္းေမာ့လာေသာ္လည္း ႏွာရႈံ႕ကာ ၀မ္းနည္းျမည္တမ္းေနသေယာင္။
" သူဘာေျပာတာလဲ ကြၽန္မ မသိဘူး ၿပီးေတာ့ က်န္တဲ့ေငြေတြ ဘယ္မွာဆိုတာလည္း မသိပါဘူး သူ က်န္႔ေကာ ကိုမီးရႈိ႕သတ္ၿပီး မေတာ္တဆျဖစ္သလိုဟန္ေဆာင္ၿပီးေတာ့ ပိုက္ဆံေတြအကုန္ယူသြားတာပဲ "
" သုံးသိန္းတည္းေပါ့? "
ကုံးရင့္ရွန္ေျပာလိုက္သည္။
" မင္းသုံးတဲ့ ေဆးအသစ္က ေစ်းကြက္ထဲစျဖန္႔႐ုံရွိေသးတယ္ ၿပီးေတာ့ ေရာစပ္ဖို႔ ကုန္ၾကမ္းပစၥည္းသုံးမ်ိဳးလိုတယ္ ေစ်းလည္းႀကီးၿပီး လူတိုင္းမရႏိုင္ဘူး
တစ္ခ်ိန္တည္းမွာပဲ ေထာင္က်န္႔က စစ္ရွစ္ေက်ာင္ဘားမွာ ညတစ္၀က္ထဲနဲ႔တင္ ယြမ္ သုံးေသာင္းေက်ာ္ျဖဳန္းထားတာ
သူ႔မွာ အဲ့ေလာက္ေလးပဲရွိမယ္တဲ့လား? "
" သူအၿမဲတမ္း ေငြကိုလက္ဖြာဖြာသုံးတတ္မွန္း ကြၽန္မဘယ္လိုလုပ္သိမလဲ သူ႔မွာေငြရွိမွန္းေတာ့သိပါတယ္ ဒါေပမယ့္ ဘယ္ေလာက္ရွိမွန္း ကြၽန္မမသိဘူး "
ခိုင့္၀မ္ ျမန္ျမန္ဆန္ဆန္ပဲေျပာလိုက္သည္။
" ခိုင့္၀မ္ ငါတို႔ထပ္စုံစမ္းၿပီး မင္းအေဖကိုလည္း စစ္ေမးမွာ တကယ္လို႔မ်ား စစ္ေမးခ်က္က မင္းအေျဖနဲ႔ကြာေနရင္ မင္းတို႔ႏွစ္ေယာက္လုံး ေျပးလို႔မလြတ္ေစရဘူး "
ခိုင့္၀မ္ အသက္ကိုျပင္းျပင္းရႉကာ ပထမဆုံးအႀကိမ္အျဖစ္ ကုံးရင့္ရွန္ကို တည့္တည့္မတ္မတ္ၾကည့္လာၿပီး သူ႔မ်က္လုံးမ်ားက နီရဲေနသည္။
" ကြၽန္မ ပထမဆုံးလိမ္ခဲ့တာက.....ရွင္၊ ရွင့္မွာ အေဖရွိလား? ရွင္မွာရွိရင္ ကြၽန္မကိုလည္း နားလည္ႏိုင္လိမ့္မယ္ "
ရန္ရိ ကုံးရင့္ရွန္ကို ခိုးၾကည့္လိုက္သည္။
သူ အခုမွ ကုံးရင့္ရွန္ငယ္ဘ၀အေၾကာင္းကို ကုံးေဖးလန္ဆီက ၾကားထားတာ။
ခိုင့္၀မ္ စကားလုံးေတြက တမင္တကာမရည္႐ြယ္ေပမယ့္လည္း ထိုစကားမ်ားက ကုံးရင့္ရွန္ကို အလြန္မသက္မသာျဖစ္ေစမည္ပင္။
သို႔ေပမယ့္ ကုံးရင့္ရွန္ မ်က္ႏွာကေတာ့ လုံး၀အေျပာင္းအလဲမရွိဘဲ ခိုင့္၀မ္ကို တည့္တည့္ၾကည့္ေန႐ုံသာ။
" ဒါေပမယ့္ ရွင္အခုအားလုံးကို သိသြားၿပီး ကြၽန္မအေဖလည္း အဖမ္းခံလိုက္ရၿပီ ကြၽန္မေျပာတာအမွန္ပါ "
ခိုင့္၀မ္ငိုသည္။
" သူေလာင္းကစားမွာ ေငြေတြအမ်ားႀကီးရႈံးၿပီး ေငြတိုးေတြေပးစရာရွိတယ္ ကြၽန္မသူ႔ကို တကယ္မထင္ထားခဲ့ဘူး ဒီလိုမ်ိဳးလုပ္လိမ့္မယ္လို႔ "
" မင္း လုံး၀မသိဘူးလား? "
ခိုင့္၀မ္ေခါင္း တစ္ဆတ္ဆတ္ခါသည္။
" မင္း စစ္ရွစ္ေက်ာင္မွာ ရွိေနမွန္း သူ႔ကိုေျပာလိုက္တာပဲ "
" ဟုတ္တယ္ ဒါေပမယ့္ သူအဲ့လိုကိစၥမ်ိဳး လုပ္လိမ့္မယ္ဆိုတာမသိပါဘူး "
" အဲ့တာဆို သူ ေထာင္က်န္႔ေငြေတြ ဘယ္လိုရလဲ? "
" ကြၽန္မ ေထာင္က်န္႔ခဏငွားထားတဲ့အိမ္မွာေနတယ္ ၿပီးေတာ့ သူကြၽန္မဆီလာတာ "
ရန္ရိ ဆက္မထိန္းထားႏိုင္ေတာ့ဘဲ ခပ္မာမာေျပာလိုက္သည္။
" ဆိုေတာ့ မင္းဘာမွမသိဘဲ ခိုင့္က်ိေဝ ဒါေတြလုပ္တာကို အမ်ိဳးမ်ိဳးဖုံးကြယ္ေပးထားတယ္ေပါ့ "
ခိုင့္၀မ္က ရန္ရိကို တုန္ယင္ေနေသာအၾကည့္ျဖင့္ ၾကည့္လာၿပီး ထပ္ငိုခ်င္လာျပန္သည္။
" ကြၽန္မမသိဘူး ကြၽန္မမီးရႈိ႕တာလည္းမဟုတ္ပါဘူး ကြၽန္မတကယ္မသိဘူး "
သူ(မ) ထပ္ကာထပ္ကာငိုၿပီး ႐ုတ္တရက္ မထင္မွတ္ဘဲ သူ႔ကိုယ္သူ ကုတ္ျခစ္ ဆြဲဖဲ့လ်က္။
သူတို႔ႏွစ္ေယာက္မွာ အ႐ူးတစ္ေယာက္လိုေအာ္ဟစ္မႈေၾကာင့္ ေတာင့္သြားၾကရသည္။
ေဆးျဖတ္ျခင္း သပ္ေရာက္မႈက အရမ္း႐ုတ္တရက္ဆန္ၿပီး ဟန္ေဆာင္ေနသည့္အလား။
ကုံးရင့္ရွန္ နဲ႔ ရန္ရိ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကၿပီး ထကာ စစ္ေဆးခန္းမွထြက္လာလိုက္သည္။
ႏွစ္ေယာက္စလုံး ေကာ္ရစ္တာကိုမွီရပ္လိုက္ၾကၿပီး ၿငိမ္သက္ေနၾကလ်က္။
ရန္ရိ ခပ္ဖြဖြ ေျပာလိုက္သည္။
" အခုေတာ့ ငါတကယ္ ေဆးလိပ္ေသာက္ခ်င္လာၿပီ "
" ခင္မ်ား ေဆးလိပ္ေသာက္ေသးတာလား? "
" ေက်ာင္းမွာတုန္းက ေဆးလိပ္ေသာက္တယ္ စခန္းထဲ၀င္ေတာ့ ျဖတ္လိုက္တာ "
ရန္ရိ ႏႈတ္ခမ္းသပ္လိုက္ရင္း
" ငါစိတ္ေျဖခ်င္႐ုံပါ "
" ဘာလို႔လဲ? "
" ဘာလို႔လဲ?" ရန္ရိ ကုံးရင့္ရွန္ကို စူးစိုက္ၾကည့္လိုက္ၿပီး စစ္ေဆးခန္းရဲ႕တံခါးကို အနည္းငယ္စိတ္လႈပ္ရွားလ်က္ လက္ညႇိဳးထိုးျပလိုက္သည္။
" မင္းငါ့ကို ဘာလို႔လဲ ေမးတယ္ေပါ့? အဲ့မိန္းမက ႀကံရာပါမွန္းေသခ်ာသေလာက္ပဲ သူ ငါတို႔နဲ႔ အၾကာႀကီးကစားေနတယ္ စီးကရက္လႊင့္ပစ္မိသြားတာကတစ္မ်ိဳး၊ အရက္ျပန္မီးအိမ္က လိုက္ကာကို မီးစြဲသြားတာကတစ္မ်ိဳး၊ အျခားတစ္ေယာက္လုပ္တယ္ဆိုတာကတစ္မ်ိဳး ၿပီးေတာ့ ေထာင္က်န္႔လုပ္တယ္ျဖစ္ျပန္ေရာ ေနာက္ဆုံးေတာ့ သူ႔အေဖလုပ္ခဲ့တာတဲ့။
သူက အျပစ္ကင္းတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး!
စားေသာက္ခန္းထဲက လြတ္လာတဲ့တစ္ဦးတည္းေသာသူ အေနနဲ႔ သူကသာ ဘာျဖစ္ခဲ့လဲဆိုတာ အသိဆုံး
ဒါေပမယ့္ သူေျပာတဲ့စကားအားလုံးက အမွားေတြျဖစ္ေနတယ္ "
ကုံးရင့္ရွန္ တည္တည္ၿငိမ္ၿငိမ္ပဲေျပာလာသည္။
" ဟုတ္တယ္ အဆိုးဆုံးက ခိုင့္က်ိေဝသာ သူ(မ)ကို မစြပ္စြဲဘူးဆိုရင္ သူ(မ)က ေဆးသုံးတာကလြဲၿပီး ျပစ္မႈက်ဴးလြန္မႈမရွိဘူးဆိုတာကို ေဖာ္ထုတ္ဖို႔ ကြၽန္ေတာ္တို႔မွာ သက္ေသမရွိဘူး "
" အဲ့တာေၾကာင့္ မင္းက ငါ့ကို ဘာလို႔လဲလို႔ ေမးတာေပါ့? "
ရန္ရိ ဆဲေရးေသာ စကားလုံးျဖင့္ဆူပူလိုက္သည္။
စ
" မင္းစိတ္အတိုင္းငါ့ကိုေျပာစမ္းပါ မင္းသူ႔ကို ႀကံရာပါလို႔ထင္လား? "
" ဥပေဒက ထင္ျမင္ခ်က္ကို မယုံဘူး သူက ႀကံရာပါ လည္းျဖစ္ႏိုင္တယ္ ႀကံရာပါ မဟုတ္တာလဲျဖစ္ႏိုင္တယ္ သက္ေသေတြ႕ရင္ေတြ႕ ဒါမွမဟုတ္ရင္...."
"အဲ့တာဆို ရွာေလ မင္းသက္ေသရွာႏိုင္ပါတယ္ သူဘာသူ ၾကရာပါ ဟုတ္ဟုတ္ မဟုတ္ဟုတ္ နစ္နာသူမိသားစုေတြကေတာ့ အမွန္တရားကိုရသင့္တယ္ "
ကုံးရင့္ရွန္ ပမ္းလ်စြာ မ်က္ခုံးကိုပြတ္သပ္လိုက္ရင္း ေခါင္းညိတ္သည္။
" ကြၽန္ေတာ္ ဆက္စုံစမ္းလိုက္မယ္ "
ရန္ရိ သက္ျပင္းခ်ကာ
" အနည္းဆုံးေတာ့ ငါတို႔အခု တရားခံအစစ္ကို ဦးတည္ေနၿပီ ဒီလ အားထုတ္မႈက အခ်ည္းႏွီးျဖစ္မသြားပါဘူး "
" ခင္မ်ားျပန္ေလ "
ကုံးရင့္ရွန္ ရန္ရိကို ၾကည့္လိုက္သည္။
" အေျခအေနတိုးတက္မႈ ရွိတာနဲ႔ မင္းငါ့ကိုအသိေပးမယ္မလား? "
ရန္ရိလည္း သူ႔ကိုၾကည့္လိုက္ရင္း
" တတ္ႏိုင္သေလာက္ျမန္ျမန္အသိေပးပါ မင္းလက္ခံရင္ ငါျပန္မယ္ "
" ေကာင္းၿပီ "
ရန္ရိ ကုံးရင့္ရွန္ကို ဆက္ၾကည့္ေနရင္းပင္ ေျခလွမ္းအနည္းငယ္ ေနာက္ဆုတ္လိုက္ၿပီးေနာက္ ႐ုတ္တရက္ ရပ္လိုက္သည္။
" မ်ားမ်ားအိပ္ေနာ္ မင္းခႏၶါကိုယ္က တိုက္ခိုက္ေရးအတြက္ ျပ႐ုပ္ပဲ "
ကုံးရင့္ရွန္ အနည္းငယ္ အံ့ၾသသြား၏။
ရန္ရိ လက္ေဝွ႔ယမ္းျပကာ လွည့္ထြက္လာခဲ့သည္။
ကုံးရင့္ရွန္ကေတာ့ ရန္ရိေက်ာျပင္ေလး ေကာ္ရစ္တာအစြန္းမွ ေပ်ာက္ကြယ္သြားသည္အထိ ၾကည့္ေနခဲ့သည္။
============
ေက်ာင္းပထမဆုံးေန႔၌ ဖီးနစ္စခန္းတြင္ ေက်ာင္းသားမ်ားထံမွ အသိေပးခ်က္ရလိုက္၏။
ဘယ္လိုပဲျဖစ္ျဖစ္ ရဲေတြကလည္း ေက်ာင္းမွာမရွိဘဲ ေက်ာင္းသားေတြကလည္း 119 ကိုမေခၚေပ။
အဲ့ဒီ့အစား စခန္းသို႔ေျပးလာၾကၿပီး လမ္းေဘးကကားထဲမွာ ကေလးတစ္ေယာက္ ပိတ္မိေနတယ္ လို႔ပဲလာေျပာၾကသည္။
ေဆာင္း၀င္ၿပီးေနာက္ အပူခ်ိန္က ေႏြရာသီမွာေလာက္မျပင္းေတာ့ေပမယ့္ ပူေနဆဲပင္ျဖစ္ၿပီး ေလလုံကားအတြင္းရွိအပူခ်ိန္က ၄၀ သို႔မဟုတ္ ၅၀ ဒီဂရီ ေလာက္ရွိႏိုင္သည္။
ကေလးေတြမေျပာႏွင့္ လူႀကီးမ်ားပင္ မခံႏိုင္။
ထို႔ေၾကာင့္ သူတို႔ တပ္ဖြဲ႕သမိုင္း၌ အေပါ့ပါးဆုံးေသာ ကိရိယာမ်ားကိုယူကာ တပ္ဖြဲ႕သမိုင္း၌ အနီးဆုံးေသာ တာ၀န္ေနရာျဖစ္သည့္ လမ္းမကို ျပတင္းေပါက္ဖ်က္သည့္ကိရိယာႏွင့္အတူ ေျပးျဖတ္သြားၾကသည္။
ဆယ္ေက်ာ္သက္ေလး ႏွစ္ေယာက္က ကားအနက္တစ္စီးထံ ၫႊန္ျပၿပီး :.
" ဦးဦး အဲ့ဒီ့ကားပဲ သားတို႔ျဖတ္သြားရင္းေတြ႕တာ "
[T/n : teenager လို႔ပဲေရးထားၿပီး အထီးလားအမလား မကြဲေတာ့ သားပဲ လုပ္လိုက္တယ္ :3 ]
ရန္ရိ ကားျပတင္းေပါက္ဆီငုံ႔ရင္း အထဲကိုၾကည့္လိုက္ေတာ့ ေနာက္ဘက္ကေလးထိုင္ခုံတြင္ တကယ္ကိုကေလးေလးတစ္ေယာက္ရွိေနၿပီး တစ္ႏွစ္ ႏွစ္ႏွစ္သားေလးျဖစ္ကာ လက္ကိုကိုက္ရင္း ငိုေနသည္။
" ဖုန္းေခၚတာ လက္ခံရလို႔လား? "
စြန္းတင့္ရိ ကားအေရွ႕ဘက္သို႔သြားၾကည့္လိုက္သည္။
" ခ်ီးကိုေခၚ " ရန္ရိ တင္းခ်င္ ကိုေျပာလိုက္သည္။
" မင္း သူ႔ကို အာ႐ုံလာလႊဲထားစမ္းကြာ "
တင္းခ်င္ ကားျပတင္းေပါက္ကို သူ႔လက္နဲ႔တို႔ရင္း မ်က္ႏွာေျပာင္ျပကာ ကေလးကို သူ႔ဆီမ်က္ႏွာလွည့္လာဖို႔ေျပာေန၏။
ရန္ရိ ကားတစ္ဖက္ျခမ္းသို႔သြားကာ ျပတင္းေပါက္မွန္ဖ်က္ကိရိယာကို ျပတင္းေပါက္မွန္အစြန္းတြင္ တည့္လိုက္ၿပီး အပ္ျဖင့္ထုလိုက္ေတာ့ မွန္က ခြက္ခနဲကြဲေၾကသြားေတာ့သည္။
[ t/n : window breaker >>>


]
ရန္ရိ လက္ထည့္လိုက္ၿပီး ကားတံခါးကိုဖြင့္လိုက္၏။
သူ ကေလးကို အျပင္ထုတ္ေတာ့မည့္ဆဲဆဲမွာပင္ ေနာက္မွ ေအာ္သံကို ၾကားလိုက္ရသည္။
" ခင္မ်ားဘာလုပ္ေနတာလဲ?! "
ရန္ရိ ေခါင္းလွည့္လိုက္သည္ႏွင့္ ေယာက္်ားတစ္ေယာက္ အေျပးလာေနသည္ကိုေတြ႕ရသည္။
" ခင္မ်ားဘာလုပ္တာလဲလို႔! "
" ဒါခင္မ်ားကားလား? "
ရန္ရိ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း
" ဒါခင္မ်ားကေလးလား? "
" ေသခ်ာတာေပါ့ ငါ့ကေလး ! "
ထိုလူက ရန္ရိအေဝးသို႔တြန္းထုတ္လိုက္ၿပီး ကြဲေၾကသြားေသာ ကားျပတင္းေပါက္ကို ေဒါတေထာင္းေထာင္းနဲ႔ ၾကည့္လိုက္သည္။
" ဒီလိုရာသီဥတုနဲ႔ အလုံပိတ္ကားထဲမွာ ကေလးကိုထားခဲ့တယ္ေပါ့ ? "
ရန္ရိ အံကိုႀကိတ္လ်က္ ခက္ထန္စြာေမးလိုက္သည္။
" ခင္မ်ား ဒီကေလးနဲ႔ဘာေတာ္လဲ? "
" ငါ့သမီးကြ! "
ထိုလူက စိတ္ဆိုးမာန္ဆိုးနဲ႔ေျပာသည္။
" ငါအိမ္သာကို ငါးမိနစ္ေလာက္သြားတာ မင္းဘယ္သူလဲ ဘာလို႔ဆူဆူပူပူလာလုပ္ေနတာလဲ !"
ေက်ာင္းသားႏွစ္ေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ကာ ရန္ရိကိုလည္း စိတ္မသက္မသာၾကည့္လာၾက၏။
စြန္းတင့္ရိက ဆန္႔က်င္ဘက္က စခန္းကို ၫႊန္ျပလိုက္ၿပီး
" ကြၽန္ေတာ္တို႔က မီးသတ္သမားေတြပါ ဆရာ ခင္မ်ားက အရမ္းအႏၲရာယ္မ်ားၿပီး ႐ူးမိုက္တဲ့အလုပ္ကိုလုပ္ခဲ့တာပဲ
အကယ္၍မ်ားသာ..."
" ေသာက္ပိုလုပ္မေနစမ္းပါနဲ႔! "
ထိုလူက ငိုသည္။
" ငါအိမ္သာပဲသြားတာ မင္းတို႔က ငါ့ထက္ပိုၿပီးေတာ့ေတာင္ ငါ့သမီးကိုဂ႐ုစိုက္တယ္ေပါ့?! ငါ့ကားကအရမ္းတန္ဖိုးႀကီးတယ္ကြ မင္းကားမွန္အတြက္ ေလ်ာ္မွာလား?! မင္းတို႔ မီးသတ္တပ္ဖြဲ႕ကေလ်ာ္မွာမို႔လို႔လား? "
ရန္ရိ သူ႔ေဒါသကို ၿမိဳသိပ္ထားလ်က္။
" ကြၽန္ေတာ္တို႔ ခင္မ်ားသမီးကိုကယ္မလို႔ပါ ခင္မ်ားက တာ၀န္မဲ့ၿပီး ကေလးကို အႏၲရာယ္ထဲထားခဲ့တာ
ခင္မ်ားကားထဲက ခဏပဲထြက္စရာရွိတယ္ဆိုလည္း အနည္းဆုံး သူ႔အတြက္ တံခါးေတာ့ ဟ,ေပးထားေပါ့ဗ်ာ "
" ငါအိမ္သာခဏသြားတာလို႔ေျပာတယ္ေလ ခဏေလးကိုငါကဘာလုပ္ေပးရဦးမွာလဲ? ငါ့သမီးက ဘာျဖစ္ေနလို႔လဲ ? ဟမ္? "
ထိုလူက ရန္ရိကို လွမ္းဆြဲသည္။
" မင္းအတြက္မင္းပူစမ္းပါ သူကအဆင္ေျပတယ္
ငါ့ကားမွန္အတြက္ဘာလုပ္ေပးမွာလဲ? မင္းေျပာစမ္း "
စြန္းတင့္ရိက အနားလာၿပီး ထိုလူကိုစိုက္ၾကည့္လိုက္သည္။
" ကြၽန္ေတာ္တို႔ ေခါင္းေဆာင္ကို လႊတ္ေပးလိုက္ "
" အိုး ေခါင္းေဆာင္ေပါ့ ဟုတ္လား? လူကိုေျခာက္လွန္႔ၿပီး မင္းကိုယ္မင္း အသုံးက်ေၾကာင္းျပရေအာင္ ကားျပတင္းေပါက္ကိုခြဲတာမလား? မင္းအခု ကားတံခါးကိုဘာလုပ္ေပးမွာလဲ? အျခားသူပစၥည္းကို ထိခိုက္ေအာင္လုပ္ၿပီးရင္ ေလ်ာ္ေၾကးေပးရတယ္ကြ မင္းငါ့ကိုရဲေတာ့မေခၚေစခ်င္ဘူးမလား "
ရန္ရိ သူ႔လက္ကိုလႊဲခါလိုက္ကာ ထိုသူ႔ကို တန္းတန္းမတ္မတ္ၾကည့္လိုက္ၿပီး
" ခင္မ်ားရဲေခၚလိုက္ေလ ဥပေဒအရ ဘယ္သူေလ်ာ္ရမလဲဆိုတာ ၾကည့္ၾကေသးတာေပါ့ "
ထိုလူက ေဒါသျဖင့္ မ်က္ႏွာရဲတက္လာသည္။
" ငါရဲေခၚမယ္! ငါမင္းကိုတိုင္ျပမယ္! မင္းကို တရားစြဲမယ္ကြ! "
ရန္ရိ လွည့္ထြက္သြားလိုက္ၿပီး ေက်ာင္းသားေလးႏွစ္ေယာက္ကို ေက်ာ္သြားေတာ့ သူရပ္လိုက္သည္။
ဆယ္ေက်ာ္သက္ေလးႏွစ္ေယာက္က သူ႔ကို စိတ္မေကာင္းသည့္မ်က္ႏွာမ်ားျဖင့္ ၾကည့္ေနလ်က္ သူတို႔အမွားတစ္ခုခုလုပ္မိသည့္ႏွယ္။
ရန္ရိ ႏူးႏူးညံ့ညံ့ေျပာလိုက္သည္။
" မင္းတို႔ အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ခဲ့တာပါ ေနာက္မင္းတို႔ အကူအညီလိုတဲ့သူေတြ ေတြ႕ရင္လည္း အခုလိုပဲလုပ္ရမယ္ေနာ္ နားလည္လား? "
ႏွစ္ေယာက္သား တစ္ဆတ္ဆတ္ေခါင္းညိတ္ၾက၏။
စခန္းျပန္ေရာက္ေတာ့ စြန္းတင့္ရိက ေအာ္ဟစ္ကာ ေစာဒကတက္သည္။
ရန္ရိသည္လည္း အလြန္ေဒါသထြက္ပါ၏။
ဒီကိစၥက ရဲလက္ထဲေရာက္သြားမွာ၊ ရဲကတစ္ဆင့္ မီးသတ္ဌာနခ်ဳပ္ဆီေရာက္သြားမွာကိုသူသိသည္။
သူ ၀န္ခံစာေရးရမယ္ အျပစ္လည္းအေပးခံရမယ္။ ဒါေပမယ့္ သူခဏေလာက္ အသက္မရႉသြင္းႏိုင္လိုက္ေပ။
( ေဒါသမမ်ိဳသိပ္ႏိုင္ )
သူ ခြၽီယန္ေပါင္ကို ခုခံခိုင္းဖို႔စီစဥ္ထားသည္။
ဘာပဲျဖစ္ျဖစ္ ဒီလိုကိစၥေတြက ေနာက္ဆုံးေတာ့ ခြၽီယန္ေပါင္ကိုင္တြယ္ရတာပဲ။
သူ ဖုန္းေကာက္ကိုင္သည္ႏွင့္ ဖုန္းသံျမည္လာလ်က္ ဖန္သားျပင္ေပၚ၌ ကုံးရင့္ရွန္နာမည္ေပၚလာေတာ့၏။
ရန္ရိ ႏွလုံးသား လႈပ္ခတ္သြားရသည္။
ေနာက္ဆုံးအႀကိမ္ ခိုင့္၀မ္ကို ႐ုံးမွာစစ္ေမးခဲ့တာေတာင္ တစ္ပတ္ရွိသြားၿပီ။
အခုေျပာမွာ ဘယ္လိုသတင္းမ်ားလဲ? သတင္းေကာင္းမ်ားျဖစ္မလား?
သူဖုန္းကို ရင္တထိတ္ထိတ္နဲ႔ ေျဖလိုက္သည္။
" ဟယ္လို? "
" ေခါင္းေဆာင္ ဘားမီးေလာင္တဲ့အမႈ ပိတ္ေတာ့မယ္ "
ကုံးရင့္ရွန္ လိုရင္းတိုရွင္းပဲေျပာလိုက္သည္။
သို႔ေသာ္ သူ႔ ေလသံကေပ်ာ့ေနၿပီး အနည္းငယ္လည္း စိတ္ဖိစီးေနသလို။
" ဘာ? ျမန္လိုက္တာ? "
ရန္ရိ အံ့ၾသတႀကီး ေျပာလိုက္သည္။
" စုံစမ္းတာေရာဘယ္လိုလဲ? ခိုင့္၀မ္နဲ႔ ပိုက္ဆံေတြေရာ? "
" ခိုင့္က်ိေဝက သူအားလုံးလုပ္တာပါဆိုၿပီး အစျဖတ္လိုက္တယ္ ကြၽန္ေတာ္တို႔ ေငြသုံးသိန္းကလြဲၿပီး ဘာပိုက္ဆံမွ ရွာမရဘူး"
ရန္ရိ ထိတ္လန္႔အံ့အားသင့္သြားသည္။
" မင္းေျပာတာက ခိုင့္၀မ္က ႀကံရာပါ ဆိုတဲ့သက္ေသတစ္ခုမွမရွိဘူးေပါ့? "
" မရွိဘူး "
ကုံးရင့္ရွန္ ျဖည္းျဖည္းေျပာလိုက္သည္။
" ႏွစ္ေယာက္ကို စစ္ေမးတာက နည္းနည္းေလးကြဲတယ္ ဒါေပမယ့္ ခိုင့္၀မ္ကို စြပ္စြဲဖို႔ေတာ့ မလုံေလာက္ဘူး
သူတို႔၀န္မခံသေ႐ြ႕ေတာ့ နည္းလမ္းမရွိဘူး "
" နည္းလမ္းမရွိဘူး? "
ရန္ရိ ေဒါသေတြ ႐ုတ္တရက္ ရင္ဘတ္ထဲ ဆို႔တက္လာ၏။
" အဲ့မိန္းမက လူ ၂၉ ေယာက္ကိုသတ္တဲ့ သူထဲကတစ္ေယာက္ျဖစ္ရမယ္ သူ႔ကို ဒီလိုပဲလႊတ္လိုက္ရေတာ့မွာလား? "
" အမႈက တည္ေနၿပီ ခိုင့္၀မ္မွာသက္ေသမရွိဘူး ၿပီးေတာ့ ခိုင့္က်ိေဝမွာလည္း သက္ေသအခိုင္အမာရွိေနတယ္ ဒီကိစၥမွာ စခန္းက သင့္ေတာ္တဲ့ဆုံးျဖတ္ခ်က္ကိုခ်ၿပီး တရား႐ုံးကိုလႊဲေပးလိုက္တယ္ "
ကုံးရင့္ရွန္သက္ျပင္းခ်ကာ
" အမႈကပိတ္သြားၿပီ "
ရန္ရိ ေဒါသထြက္ထြက္နဲ႔ေျပာလိုက္သည္။
" အမႈပိတ္ၿပီ? အမႈကိုဒီလိုပဲပိတ္ေတာ့မွာလား? ခိုင့္က်ိေဝကိုဖမ္းမိၿပီးေတာ့ မင္းဆက္စုံစမ္းဦးမွာမလား? ခိုင့္၀မ္သာ ႀကံရာပါဆို သူကိုလည္းအတူသြားခိုင္းသင့္တယ္ အဲ့ဒီ့နစ္နာသူေတြ...."
" ကြၽန္ေတာ္လည္း မတတ္ႏိုင္ဘူး "
ကုံးရင့္ရွန္ အသံျမႇင့္ေျပာလိုက္သည္။
" ကြၽန္ေတာ္တို႔မွာ နည္းလမ္းေတြ အမိန္႔ေတြ ဥပေဒေတြ ရွိတယ္ သက္ေသမရွိဘဲ ခင္မ်ားစိတ္ခ်ည္းသက္သက္နဲ႔ လူေတြကို စြပ္စြဲလို႔မရဘူး "
သူ႔အသံက စိတ္မပါဘဲ ေဒါသသံေပါက္သြား၏။
ရန္ရိ ကိုယ္က ေတာင့္တင္းကာ ဦးေရျပားက ထုံသြားသည္။
သူအဲ့တာကို ဘယ္နဲ႔တူလဲ မေျပာတတ္ေပ။
မွန္တယ္ သူတို႔အေတြးသက္သက္နဲ႔ သူမ်ားကို စြပ္စြဲလို႔မရေပ။
ဒါေပမယ့္ တကယ္လို႔ တကယ္လို႔သာ ခိုင့္၀မ္က ႀကံရာပါဆိုရင္ ဥပေဒက လႊတ္ေပးလိုက္ၿပီ။
သူတို႔ ဘာမ်ားလုပ္ႏိုင္ဦးမွာလဲ?
ရန္ရိ ႐ုတ္တရက္ အားကိုးရာမဲ့သလိုခံစားလာရၿပီး ဘာတစ္ခြန္းမွမေျပာေတာ့ဘဲ အသံတိတ္ဖုန္းခ်လိုက္သည္။
ထိုအခ်ိန္ ခြၽီယန္ေပါင္က တံခါးေဘာင္ကိုေခါက္လာၿပီး ေဘာင္ကိုမွီကာ သူ႔ကို တိတ္တိတ္ဆိတ္ဆိတ္ၾကည့္ေနသည္။
ရန္ရိ သူ႔ကို အလြန္ပ်က္ယြင္းေနေသာ မ်က္ႏွာျဖင့္ၾကည့္လိုက္၏။
ခြၽီယန္ေပါင္ေျပာလာသည္။
" ငါ စြန္းတင့္ရိဆီက ၾကားတယ္ ငါ့ကိုဒီကိစၥကိုလႊဲထားလိုက္ မင္းအခု စိတ္အေျခအေနလည္းမေကာင္းဘူး ၿပီးေတာ့ ၫႊန္ၾကားေရးလည္းလုပ္ႏိုင္မွာမဟုတ္ေတာ့ ဒီမွာေနလည္း အသုံးမ၀င္ဘူး အိမ္ျပန္တာပဲေကာင္းတယ္ "
ရန္ရိ ေခါင္းညိတ္လိုက္ၿပီး ခြၽီယန္ေပါင္ဆီသြားကာ သူ႔( ခြၽီယန္ေပါင္) ပခုံးကိုလႈပ္ခါလိုက္သည္။
" ေက်းဇူးပဲ "
ခြၽီယန္ေပါင္က သူ႔ကို အားေပးသည္။
" ငါ့ညီရာ ဘာကိုယဥ္ေက်းေနတာတုန္း ? "
[ T/n : The best brothers !!!! ]
ရန္ရိ ေအာက္ထပ္သို႔ တန္းတန္းဆင္းသြားကာ အိမ္သို႔လမ္းေလွ်ာက္ျပန္သည္။
ခြၽီယန္ေပါင္မွန္တယ္ ေခါင္းေဆာင္တစ္ေယာက္က ေရွ႕တန္းကို ခံစားခ်က္ေတြနဲ႔မထြက္သင့္ေပ။
သူအခု စိတ္ေျဖေလွ်ာ့ဖို႔လိုသည္။
အိမ္ျပန္ေရာက္ေတာ့ အန္တီ၀မ္က ဟင္းပြဲျပင္ၿပီး႐ုံသာရွိေသးၿပီး မေမွ်ာ္လင့္ဘဲေျပာလာသည္။
" အို႔ ေခါင္းေဆာင္ ဖုန္းလည္းမဆက္ဘဲနဲ႔ ဘာလို႔ ႐ုတ္တရက္ႀကီးျပန္လာတာတုန္း? အန္တီ မင္းအတြက္ မခ်က္ထားရေသးဘူး "
" ရပါတယ္ အန္တီ ကြၽန္ေတာ္ မဆာပါဘူး "
" ေနဦး ေနာက္ထပ္ဟင္းႏွစ္ပြဲေလာက္ ခ်က္လိုက္ဦးမယ္ "
ရန္ရွန္႔႐ုန္က TV ၾကည့္ေနရင္းကေန သူ႔ကိုလွမ္းၾကည့္လာသည္။
" ဘာလို႔ မင္း႐ုတ္တရက္ျပန္လာတာလဲ? "
" ဟိုတေလာက အလုပ္ေတြရႈပ္ေနလို႔ အခုအခ်ိန္ရတုန္း အေဖ့ကိုျပန္လာေတြ႕တာေလ "
ရန္ရိ ရန္ရွန္႔႐ုန္ကို ၿပဳံးျပလိုက္သည္။
သူ အိမ္ထဲကို ေျခလွမ္းလိုက္တဲ့အခ်ိန္တိုင္း ေခါင္းပန္းလွန္ သလိုပင္။
သူ ပုံမွန္အေဖကို ေတြ႕ရမလား လူနာတစ္ေယာက္ကိုေတြ႕ရမလား မေျပာႏိုင္။
ကံေကာင္းလို႔ ဒီေန႔ေတာ့ သူ႔အေဖ ပုံမွန္ျဖစ္ေနသည္။
ရန္ရွန္႔႐ုန္ တစ္ခုခုကို သတိျပဳမိသြားသလို။
" ဘာလဲ စခန္းမွာျပသနာတစ္ခုခုရွိလို႔လား? "
" အေရးမပါတာေတြပါ ကိစၥမႀကီးဘူး ယန္ေပါင္ေျဖရွင္းလိမ့္မယ္ "
" အိုး ေရွာင္ခြၽီ( ခြၽီယန္ေပါင္ ) ေရာ ဘယ္လိုေနလဲ? "
" အေတာ္ေျပပါတယ္ "
" ေရွာင္ခြၽီ အဲ့ကေလးက ခ်ီးက်ဴးစရာလည္းေကာင္းတယ္ smart က်ၿပီး EQ ( Emotional Quoqient ) လည္းျမင့္တယ္ သူ႔အေဖလို အျမင့္ကိုတက္ႏိုင္မွာပဲ "
" ဟုတ္တယ္ "
ရန္ရိ ရန္ရွန္႔႐ုန္ေဘးမွာထိုင္လိုက္ၿပီး
ဒီလို စကားအနည္းငယ္ေျပာလိုက္႐ုံနဲ႔ သူ႔စိတ္အေျခအေန ျဖည္းျဖည္းခ်င္း တည္ၿငိမ္သြားသလိုခံစားရသည္။
ထိုအရာကား အိမ္ရဲ႕စြမ္းပကားပင္။
သုံးေယာက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ပဲ ထမင္းစားၾကသည္။
စားၿပီးေတာ့ အန္တီ၀မ္က သန္႔ရွင္းေရးလုပ္ဖို႔သြားၿပီး ရန္ရိနဲ႔ ရန္ရွန္႔႐ုန္ကေတာ့ စခန္းအေၾကာင္း ဆက္ေျပာေနၾကသည္။
ရန္ရိ တစ္ခါတစ္ေလ ရန္ရွန္႔႐ုန္ကို ေျပာျပခ်င္မိတယ္-- သူ႔ ရဲ႕ ကစိသေအာက္ျဖစ္စရာေတြ ၊ သူ႔ေဒါသေတြ၊ သူ႔စိတ္ရႈပ္ေထြးမႈေတြ၊ သူမလိုလားတာေတြ။
သူ႔မွာ ေျပာျပစရာ ဘယ္သူမွမရွိဘူး။ ဒါေပမယ့္ သူျပန္ထိန္းထားလိုက္တယ္ ေနာက္ဆုံးေတာ့လည္း သူကလူႀကီးတစ္ေယာက္ ျဖစ္ေနၿပီပဲေလ။
သို႔ေပမယ့္ ရန္ရွန္႔႐ုန္သတိထားမိသည္။
" ရန္ရိ မင္းဒီေန႔ဘာျဖစ္လာတာလဲ? တစ္ခုခုျဖစ္တာလား? "
" တကယ္မျဖစ္ပါဘူး "
ရန္ရိ ၿပဳံးလိုက္သည္။
" ကြၽန္ေတာ္ တစ္ေနကုန္ အစီရင္ခံစာေတြေရးေနရ႐ုံပဲ အဲ့တာေၾကာင့္ ဦးေႏွာက္စားေနတာ "
" အို႔ ငါလည္း အစီရင္ခံစာေရးရတာ မႀကိဳက္ဘူး ဒါေပမယ့္ မင္းက အထူးတပ္သားပဲ လုပ္ဖို႔လိုအပ္တယ္ "
ရန္ရွန္႔႐ုန္ၿပဳံးရင္း
" မင္း ေက်နပ္စမ္းပါ မင္းကမွ ကြန္ပ်ဴတာနဲ႔ေရးလို႔ရေသးတယ္
အရင္ႏွစ္ေတြတုန္းကဆို အကုန္လုံးကို ငါတို႔လက္ေတြနဲ႔ေရးရတာ ငါဆို တစ္ေနကုန္ အစီရင္ခံစာေရးရမယ့္အစား တစ္ေနကုန္ပဲ ေလ့က်င့္ေနလိုက္မယ္ "
" ကြၽန္ေတာ္ေရာပဲ ေသေအာင္စိတ္ကုန္တယ္ "
" ေဟး မင္းကို ငါအရင္ကေရးခဲ့တဲ့ အစီရင္ခံစာျပမယ္ "
ရန္ရွန္႔႐ုန္ TV အံဆြဲကို လက္ညႇိဳးထိုးျပၿပီး
" အထဲက စကၠဴဖာကို ထုတ္လိုက္ "
" အိုး အေဖ့ကေလးေလးေတြ "
ရန္ရိ TV အံဆြဲကိုဖြင့္ဖို႔ သြားလိုက္ၿပီး ရႉးဖာအေဟာင္းေတြကို ၾကည့္လိုက္သည္။
" ဘယ္တစ္ခုလဲ? "
ရန္ရွန္႔႐ုန္ ေျပာလာသည္။
" မမွတ္မိေတာ့ဘူး အကုန္ယူလာခဲ့ "
ရန္ရိ ရႉးဖာ အနည္းငယ္ကိုယူလာၿပီး ေကာ္ဖီစားပြဲေပၚမွာ တင္လိုက္သည္။
ရန္ရွန္႔႐ုန္ အဖုံးဖြင့္လိုက္ၿပီး ထိုဖာတစ္ခုလုံး တစ္ႏွစ္စာ အခ်က္အလက္မ်ားျဖင့္ျပည့္ေန၏။
သူ အေပၚဆုံးကတစ္ခုကိုယူကာ ေျပာသည္။
" ေတြ႕လား အရင္ကပုံနဲ႔အခုနဲ႔ကြာတယ္
ဒါေတြအကုန္လုံး ေကာ္ပီပုံေတြနဲ႔ မူၾကမ္းေတြခ်ည္းပဲ မူရင္းဟာေတြက မီးသတ္ဦးစီးဌာနမွာထိန္းသိမ္းထားၿပီး ေနာက္ေတာ့ အီလက္ထ႐ြန္စနစ္ေတြ ျဖစ္လာတာပဲ "
ရန္ရိ ေကာက္ကိုင္လိုက္ကာ ၾကည့္လိုက္ၿပီး ေလွာင္လိုက္သည္။
" ေလာင္ရန္ အေဖ့လက္ေရးက အရမ္းဆိုးတာပဲ ဘယ္သူကမ်ား နားလည္ႏိုင္မွာလဲ? "
" မင္းဘာလို႔နားမလည္ရမွာလဲ? "
ရန္ရွန္႔႐ုန္ သူ႔ကိုလွမ္းၾကည့္လိုက္သည္။
" အရင္က ငါေရးခဲ့တဲ့အစီရင္ခံစာက တစ္စခန္းလုံးေလ့လာဖို႔အတြက္ စံျပပဲ "
" အေဖ စခန္းေခါင္းေဆာင္ျဖစ္ၿပီးမွမလား? "
ရန္ရွန္႔႐ုန္ ခပ္ၿပဳံးၿပဳံးနဲ႔ဆူသည္။
" ထြက္သြားစမ္း "
ရန္ရိ ေနာက္ထပ္ ရႉးဖာ ကိုဖြင့္လိုက္ၿပီး
" ဒီမွာ အေဖ့ရဲ႕ ဓါတ္ပုံအယ္လ္ဘမ္ရွိတာ ကြၽန္ေတာ္မွတ္မိတယ္ "
တတိယေျမာက္ဖာကို ဖြင့္လိုက္ေတာ့ အထဲမွာ အနည္းငယ္ထူသည့္ ဓါတ္ပုံအယ္လ္ဘမ္ရွိေနသည္။
" အင္း မင္းငယ္ငယ္က ျမင္ဖူးတာပဲ "
ရန္ရွန္႔႐ုန္ ဓါတ္ပုံအယ္လ္ဘမ္ကိုယူကာ သူလိုငါလို ဖြင့္လိုက္သည္။
" ဒီပုံေလး အိုး ဘယ္နႏွစ္ေတာင္ရွိသြားၿပီလဲ? "
ရန္ရိ လွမ္းၾကည့္လိုက္ေတာ့ ထိုပုံက ရန္ရွန္႐ုန္ ထရပ္ကားကိုမွီေနေသာပုံျဖစ္ၿပီး သူ႔အေဖက ယခုသူ႔ထက္ေတာင္ ငယ္ေသးပုံရ၏။
ရန္ရိ လည္း ေကာ္ပီတစ္ခုကိုယူၿပီး ျဖည္းျဖည္းလွန္ၾကည့္လိုက္သည္။
သူကေလးဘ၀တုန္းက ဓါတ္ပုံအခ်ိဳ႕ျမင္ဖူးေသာ္လည္း တစ္ခ်ိဳ႕ကိုေတာ့မျမင္ဖူးေခ်။
သူ ေနာက္ဆုံးကိုလွန္ၾကည့္လိုက္ေတာ့ ပလက္စတစ္ဖလင္ေလးနဲ႔ညႇပ္ထားေသာ္လည္း ေခတ္မီဖလင္မဟုတ္ေသာ သတင္းစာမွျဖတ္ယူထားသည့္ အျဖဴအမဲ ဓါတ္ပုံေလးရွိေနသည္။
ထိုပုံကေတာ့ ဖြဲျပာေရာင္ေခါင္းနဲ႔ မီးသတ္သမားတစ္ေယာက္က ကေလးေလးတစ္ေယာက္ကို လက္ေမာင္းထဲထည့္ခ်ီထားသည္ကို ေဖာ္ျပေန၏။
သူတို႔ႏွစ္ေယာက္လုံး ဘယ္သူမွ ကင္မရာကိုၾကည့္မေနၾကဘဲ လွ်ပ္တစ္ပ်က္႐ိုက္ခ်က္မွန္း သိသာလ်က္။
သို႔ရာတြင္ ကေလးေခါင္းက မီးသတ္သမားရဲ႕ ညစ္ေပေပ မီးသတ္၀တ္စုံကို တိုးေဝွ႔ေနကာ ရင္ထဲထိေရာက္ေသာ ဓါတ္ပုံျဖစ္လာေစသည္။
" အေဖ အဲ့တာအေဖလား? "
" အဲ့တာက...."
ရန္ရွန္႔႐ုန္ ဓါတ္ပုံကိုယူကာ အနီးကပ္ၾကည့္လိုက္ၿပီး ေျပာလာသည္။
" ဟုတ္တယ္ အေဖမွတ္မိၿပီ "
" ဘယ္အခ်ိန္ကမေတာ္တဆမႈလဲ? ဘယ္သူတင္ျပတာလဲ? ဘာလို႔ကြၽန္ေတာ္မမွတ္မိတာပါလိမ့္? "
" မင္း အလယ္တန္းေက်ာင္းတက္တုန္းက အေဆာင္မွာေနတယ္ေလ မင္းမသိတာျဖစ္ႏိုင္ပါတယ္ "
ရန္ရွန္႔႐ုန္ သက္ျပင္းခ်လ်က္
" ဒီမေတာ္တဆမႈက တကယ္ကို ေၾကကြဲစရာေကာင္းတယ္ "
" ဘာႀကီး? "
ရန္ရိ ပုံကိုျပန္ၾကည့္လိုက္ေတာ့ ႐ိုက္ထားတဲ့ေထာင့္အေနအထား အလင္းေရာင္နဲ႔ အေတာ္ၾကာေနၿပီျဖစ္ေသာ အခ်ိန္တို႔ေၾကာင့္ ေရွးေဟာင္းသတင္းစာထဲမွ ကေလးမ်က္ႏွာသည္ မထင္ရွားလွေပ။
သို႔ေပမယ့္ ထိုကေလးေလးက ခ်စ္ဖို႔ေကာင္းသည္ကိုေတာ့ သူေျပာႏိုင္ေသး၏။
" မင္း ေပါင္ရွန္း chemical plant ကိုမွတ္မိလား? "
" ဘယ္လိုလုပ္ မမွတ္မိဘဲေနမလဲ "
သူ႔အေဖက ေပါင္ရွန္း chemical plant ေပါက္ကြဲမႈႀကီးၾကားထဲ အပ်က္အစီးေတြေအာက္မွာ ပိတ္မိေနခဲ့တာေလ။
အဲ့ဒါက သူ႔အေဖရဲ႕ ဒုတိယတန္းစား-ကယ္ဆယ္ေရးလည္း ျဖစ္ေသးတယ္။
သူ႔တစ္ဘ၀စာလုံး ဘယ္ေတာ့မွေမ့မည္မဟုတ္။
ရန္ရွန္႔႐ုန္က ခံစားခ်က္ပါပါ ေျပာလာသည္။
" အေဖလည္းမွတ္မိတယ္ တစ္ဘ၀စာလုံးေမ့လို႔မရႏိုင္ေလာက္ေအာင္ပါပဲ "
ရန္ရိ ရန္ရွန္႔႐ုန္ရဲ႕ ပခုံးကို ပုတ္ေပးလိုက္သည္။
" Chemical plant ေပါက္ကြဲမႈႀကီးၿပီးေတာ့ တစ္ႏွစ္ေတာင္မၾကာခင္မွာဘဲ အေဖတာ၀န္တစ္ခုလက္ခံရခဲ့တယ္ "
ရန္ရွန္႔႐ုန္ ထိုဓါတ္ပုံကို ညင္သာစြာ ထိလိုက္ပါ၏။
" အဲ့ဒီ့ေကာင္ေလးရဲ႕ ေနအိမ္မီးေလာင္ၿပီး သူ႔မိဘေတြနဲ႔ သူ႔အစ္မပါဆုံးသြားၾကတယ္ သူတစ္ေယာက္ပဲ အသက္ရွင္ခဲ့တာ "
ရန္ရိ မ်က္ေမွာင္တင္းတင္းၾကဳတ္ရင္း ဓါတ္ပုံထဲက ကေလးေလးကိုၾကည့္ကာ အနည္းငယ္စိတ္မခ်မ္းမသာျဖစ္ရသည္။
" ေကာင္ေလးက အရမ္းငယ္ေသးတယ္ မသကာ ေျခာက္ႏွစ္ ခုနစ္ႏွစ္ေလာက္ပဲရွိဦးမွာ သူကအရမ္းလွၿပီး သူ႔မိသားစုကလည္း ခ်မ္းသာတယ္ ဗီလာအႀကီးႀကီးက လုံး၀ေလာင္က်သြားတာ အရမ္းဆိုး႐ြားတာပါပဲ "
ရန္ရွန္႔႐ုန္ ေခါင္းရမ္းသည္။
ရန္ရိ သက္ျပင္းခ်လိုက္ရင္း
" အရမ္းသနားဖို႔ေကာင္းတာပဲ "
" ေနာက္ေတာ့ ပိုင္ရွင္ေယာက္်ားက မီးရႈိ႕တာလို႔သိရတယ္ "
" ဘာ? "
ရန္ရိ အံ့ၾသဘနန္းေမးလိုက္သည္။
" သူ႔အေဖက မီးရႈိ႕တာလား? "
ရန္ရွန္႔႐ုန္ ေခါင္းညိတ္သည္။
" ဘာလို႔လဲ?! "
" သူ႔အေဖက ေပါင္ရွန္း chemical plant ကိုပိုင္တဲ့ group က chairman ေလ Chemical plant ႀကီးလည္းမီးေလာင္ၿပီးေရာ သူ႔ကို စစ္ေမးတာေတြခံရၿပီး group က ေဒဝါလီခံရမလိုျဖစ္ေနၿပီ အဲ့အခ်ိန္မွာ သူက အာမခံေငြလိုက္ေနရၿပီး ဖိအားဒဏ္ေတြမခံႏိုင္လို႔ သတ္ေသသြားတာလို႔ၾကားတာပဲကြယ္ "
ရန္ရိ ဓါတ္ပုံကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနၿပီး ထိုအခ်ိန္ သူ႔ဖုန္း ႐ုတ္တရက္ထျမည္လာသည္။
ကုံးရင့္ရွန္ထံမွ စာအသစ္တစ္ေစာင္ပင္ျဖစ္ေတာ့၏။
ရန္ရိ စာဖြင့္ၾကည့္လိုက္ေတာ့ ႐ိုးရင္းသည့္စကားလုံးႏွစ္လုံးသာ ေတြ႕ရသည္။
" ေက်းဇူး "
ကုံးရင့္ရွန္ရဲ႕ ခန္႔ညားၿပီး မပ်က္မယြင္းတဲ့မ်က္ႏွာေလးက ရန္ရိ မ်က္စိထဲေပၚလာေသာ္လည္း ထိုလူ႔ႏွလုံးသားကေတာ့ လႈိင္းခ်က္ေတြရွိမေနမွန္း သူသိပါ၏။
အမႈကဒီလိုပိတ္သြားတာ သူေတာင္မွ ေဒါသထြက္ေနရရင္ ဒီအမႈကို ကိုယ္တိုင္ကိုယ္တြယ္ေနရတဲ့ ကုံးရင့္ရွန္ကေရာ ဘယ္လိုလုပ္ စိတ္ထိန္းထားႏိူင္မလဲ....
ရန္ရိ တရားစီရင္တာကို ေဒါသထြက္မိေလျခင္းဟု ေနာင္တရသည္။
" မင္း အဲ့အခ်ိန္က အရမ္းငယ္ေသးေတာ့ အဲ့ကိစၥကို အရမ္းအာ႐ုံမထားမိတာလည္း ျဖစ္ႏိုင္ပါတယ္ အေဖတို႔ေခတ္ကလူတိုင္းသိတယ္ အဲ့တာက ႏိုင္ငံအဆင့္လႈပ္ခတ္မႈႀကီးပဲ "
ရန္ရွန္႐ုန္ ဆက္ေျပာသည္။
" အဲ့လူက ကုံးမင္ယြီ လို႔ေခၚတယ္ ၾကည့္ရတာ chemical plant ႀကီးေပါက္ကြဲၿပီး လူအမ်ားအျပားေသသြားၾကေတာ့ ပုံမွန္လူေတြ လက္မခံႏိုင္ဘူးထင္ပါတယ္ ဒါေပမယ့္ ကေလးေတြကေတာ့ အျပစ္မဲ့သားနဲ႔ "
ရန္ရိ အာ႐ုံက message ထဲမွာပဲရွိေသးၿပီး သူ႔နားထဲစြဲသြားသည့္စကားသံက သူ႔ကိုေတာင့္တင္းသြားေစလ်က္။
" ဘာ....."
" ဘာကိုလဲ? "
" အဲ့ဒီလူနာမည္က ဘယ္သူ? "
" ကုံးမင္ယြီ? အဲ့နာမည္ ျဖစ္ေလာက္ပါတယ္ မ်ိဳး႐ိုးနာမည္က ပို ထူးျခားေတာ့ မ်ိဳး႐ိုးနာမည္ေတာ့မွန္ပါတယ္ "
ရန္ရိ တစ္ကိုယ္လုံးေအးစက္သြားၿပီး တုန္ယင္ေနသည္။
" ဘယ္.... ကုံး လဲ? "
" နန္းေတာ္( 宫 ) ဆိုတဲ့ ကုံး( 宫 ) "
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
I love this chapter too
pitiful gong yongxian 😧
ကေလးတစ္ေယာက္က ငယ္ငယ္က အေတြ႕အႀကဳံေတြေၾကာင့္ေျပာင္းလဲသြားတယ္ သူတို႔ေအးစက္သြားတယ္ ေရွာင္ဖယ္လာၾကတယ္ သိုဝွက္လာၾကတယ္ လူေတြကိုေၾကာက္လာတယ္ အဲ့တာေတြအားလုံးက မိဘေတြနဲ႔အေတာ္ေလးသက္ဆိုင္ေနပါတယ္
အမ်ိဳးသမီးမ်ားအၾကမ္းဖက္မႈပေပ်ာက္ေရး ကလည္း သားသမီးအတြက္ ထိေရာက္တဲ့ ေပ်ာ္႐ႊင္စရာဘ၀ကို ေပးႏိုင္မယ္လို႔ယုံၾကည္ပါတယ္
ကေလးငယ္ေတြက တကယ္ကို ျဖဴစင္ၿပီး အျပစ္မဲ့ၾကပါတယ္
တကယ္လို႔ ႀကီးျပင္းလာလို႔ ဆိုးသြမ္းလာၾကတယ္ လူခ်င္စရာ လူေတြျဖစ္လာၾကရင္ေတာင္ ေမြးကတည္းကေတာ့ ဘယ္သူမွ အဲ့လိုျဖစ္ခဲ့တာမဟုတ္ပါဘူး
ဘ၀မွာ အဲ့လိုလူေတြအမ်ားႀကီးပါ
လူတစ္ေယာက္ရဲ႕ အမူအရာကို အျပင္ပန္းအၾကည့္တစ္ခ်က္နဲ႔ပဲ မဆုံးျဖတ္လိုက္ၾကပါနဲ႔ဗ်ာ ♡