[ Unicode ]
" တောင်ဘက် မီးရထားရဲစခန်းမှာ သူ့ကိုအချိန်ခဏဆွဲထားပြီး မီးရထားရဲစခန်းက ကျွန်တော့်ကို သူ ဟုတ် မဟုတ် လာအတည်ပြုပေးဖို့ပြောတယ် "
ရန်ရိ ရုတ်တရက် စိတ်၀င်စားလာသည်။
" အဲ့တာကို ရဲက ရာဇ၀တ်သားကို ဖမ်းတာလို့ ယူဆလို့ရလား? ငါရဲတစ်ယောက်နဲ့ တာ၀န်လိုက်လုပ်ဖူးတာ ဒါပထမဆုံးပဲ "
ကုံးရင့်ရှန်က ရန်ရိကို မျက်စောင်းထိုးလျက် :
" ခင်များက ဘာကိုစိတ်လှုပ်ရှားနေတာလဲ? လူကဖမ်းမိသွားပြီပဲကို "
" ဒါပေမယ့် ငါတို့သူ့ကိုမမိခင် ဘယ်လောက်တောင်လမ်းလွဲသွားခဲ့ရလဲ? ပြီးတော့ ဒီအမှုကလည်း ငါ၀င်ပါထားတဲ့အမှုပဲလေ
မင်းအမှုကိုဖြေရှင်းနိုင်သွားရင် ငါကရော ငွေကြေးထောက်ပံ့မှု ဒါမှမဟုတ် တစ်ခုခုများမရနိုင်ဘူးလား? "
" ဆုကြေးငွေ ယွမ် ၁၀၀၀ ပေးတယ်တဲ့ "
[ 1 CNY = 203.15 MMK
1000 CNY = 203153.95 MMK ]
ကုံးရင့်ရှန်ပြောလိုက်သည်။
" ကျွန်တော် ခင်များနာမည်ကို စာရင်းသွင်းပေးမယ် "
"ယွမ် ၁၀၀၀ တည်းလား မင်းက လူကိုအရမ်းအထင်သေးတာပဲ "
ရန်ရိ ကုံးရင့်ရှန်ကို လှမ်းကြည့်လိုက်တော့ သူ့မျက်နှာပေါ်၌ နောက်ပြောင်ဟန်ကို တွေ့လိုက်ရပြီး သူရုတ်တရက် သတိ၀င်ကာ ထအော်လိုက်သည်။
" သေစမ်း မင်းငါ့ကို နောက်နေတာလား? "
ကုံးရင့်ရှန် က ပခုံးခပ်ဖွဖွတွန့်ပြသည်။
" ကျွန်တော် တကယ်ပြောတာ "
ရန်ရိ အေးစက်စက် နှာရှုံ့လိုက်ရင်း :
" ကျွန်တော်မျိုး လစာက သခင်လေးလည်စည်း၀ယ်ရသလောက် မများပေမယ့်လည်း တစ်ပါးသူအကျိုးစီးပွားအတွက် ၁၀၀၀ ယွမ်တော့ပေးမှာမဟုတ်ဘူး "
" အကျိုးခံစားခွင့်အတုဖြစ်နေရင်တောင် ကျွန်တော်ပေးမှာလေ ခင်များမှမဟုတ်တာ ဘာကိုကြောက်နေတာလဲ? "
[ T/n : သိတယ်မလား အရာရှိတွေက လာဘ်ပေးလာဘ်ယူ လုပ်ခွင့်မရှိဘူးလေ
ဒါပေမယ့် ကိုယ်တော် ကုံးရင့်ရှန်ကတော့ ပေးချင်ပါသတဲ့ :3 ]
" ငါဒီလိုလူမျိုးကိုတော့ လက်လွတ်မခံနိုင်ဘူး တကယ်တော့ အရမ်းနည်းနေလို့ မင်းငါ့ကို 10 မီလီယမ် ပေးမယ်ဆိုရင် အရှက်ကွဲမှာကိုတောင် ဂရုစိုက်မနေတော့ဘူး "
" ကျွန်တော်ပေးနိုင်တယ် "
ကုံးရင့်ရှန် ရန်ရိဘက်သို့ခေါင်းလှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင်တော့ ရန်စသည့်အရိပ်အယောင် အနည်းငယ်ပါနေ၏။
" ခင်များအဲ့လောက် ဆုလာဘ်ကြီးအတွက် ဘာနဲ့များ တူညီတဲ့အဖိုးအခပြန်ပေးနိုင်မလဲ? "
ရန်ရိ သူ့ကိုလှမ်းကြည့်လျက် ဟန်ပိုကာပြောလိုက်သည်။
" 10 မီလီယမ် အဲ့လောက်ငွေအများကြီးဆိုတော့ ကျစ် ကြည့်ရတာ ငါရဲ့အဖိုးတန်ခန္ဓါကိုယ်နဲ့ပဲ ပြန်ဆပ်နိုင်မယ်ထင်တယ် "
ကုံးရင့်ရှန် သူ့ကို စူးစိုက်ကြည့်ပြီး :
" ခင်များခန္ဓါကိုယ်က ဇီ၀ဓါတုလက်နက်သုတေသနနမူနာ မဟုတ်ရင်ပေါ့ "
" ဟေ့ ငါအဲ့တာတွေမသိဘူး "
စကားအနည်းငယ်ပြောပြီးနောက် ကားသည်လည်းတောင်ဘက်မီးရထားစခန်းသို့ ဆိုက်ရောက်လေပြီ။
ထိုတောင်ဘက်စခန်းက မြန်နှုန်းမြင့်မီးရထားများ၊ အဝေးပြေးကားများဖြင့်ခရီးသွားသူများကြောင့် ကျော်ကြားနေသည်မှာ နှစ်အနည်းငယ်ရှိပြီဖြစ်ပြီး လုံခြုံရေးက အတော်လျော့ရဲသည်။
တောင်ဘက်ရှိ မီးရထားရဲတပ်ဖွဲ့စခန်းကလည်း အတော်လေးသေးပြီး သေးလွန်းလို့ သူတို့၀င်သွားသည်နှင့်ပင် ခိုင့်ကျိဝေကို ခုံနှင့်တွဲကာလက်ထိပ်ခတ်ထားပြီး သူ့ခေါင်းက ငိုက်စိုက်ကျကာ လှုပ်ရှားမှုမဲ့နေကြောင်း တွေ့ရ၏။
သူတို့နှစ်ယောက် ခိုင့်ကျိဝေထံလျှောက်သွားလိုက်ကြပြီး ကုံးရင့်ရှန်က ထိုသူ့နာမည်ကိုခေါ်လိုက်သည်။
ခိုင့်ကျိဝေက ဖြည်းဖြည်းချင်းခေါင်းမော့လာလျက် လူနှစ်ယောက်ကိုတွေ့သွားသည်နှင့် သူ့မျက်၀န်းများက ပြင်းပြင်းထန်ထန်ထိတ်လန့်သွားဟန်ပေါ်ပြီး တစ်ချိန်တည်းမှာပင် စိတ်အေးသွားပုံလည်းပေါ်သေးသည်။
ရဲစခန်းက ရဲတစ်ယောက်က ခရီးဆောင်အိတ်အနက်ကိုယူလာပြီး ခုံပေါ်တင်လိုက်ရာ ဘန်းကနဲ မြည်သွားကာ ၀န်လေးမည့်ပုံ။
" သူ့ခရီးဆောင်အိတ်ပါ "
ဇစ်ဆွဲကြည့်လိုက်တော့ အထဲမှာတစ်၀က်လောက်ကငွေသားများပင်။
ကုံးရင့်ရှန် ခိုင့်ကျိဝေကို ကြည့်လိုက်ပြီး :
" ကျွန်တော် ခင်များကိုဘာလို့ဖမ်းလဲသိလား? "
ခိုင့်ကျိဝေ စကားမဟ။
" ရိုးရိုးသားသားပြောစမ်းပါ "
ကုံးရင့်ရှန်ပြောသည်။
" ခင်များသမီးက အားလုံးပြောပြီးသွားပြီ "
ခိုင့်ကျိဝေ မျက်နှာ ဖြူဖျော့သွားပြီး သူ့မျက်လုံးများမှ မျက်ရည်များဝေ့သီကျလာကာ ငိုကြွေးတော့သည်။
" ငါ လူအများကြီးသေမယ် မထင်ခဲ့ပါဘူးကွာ ဘယ်လိုလုပ် လူအများကြီးသေသွားရတာလဲ..."
ရန်ရိ သက်ပြင်းရှည်ကြီးချရင်း ခိုင့်ကျိဝေရဲ့ဝေဝေဝါးဝါး စကားကို နားထောင်ပြီးသည့်နောက် ထိတ်လန့်သွား၏။
ခိုင့်ကျိဝေနဲ့ဆက်စပ်ပြီး ထောင်ကျန့်ထောင်ကလွတ်လာတော့ မူးယစ်ဆေးဝါးတွေ ကုန်ကူးသည်။
ထောင်၀င်ဖော်က ခိုင့်၀မ်နဲ့မိတ်ဆက်ပေးပြီးနောက် ထောင်ကျန့်က ခိုင့်၀မ်ကိုသူနဲ့အတူ ထျန်ချီမြို့ကထွက်သွားဖို့ပြောပြီး သူ(မ)ကို ငွေအများကြီးပြတော့ ခိုင့်၀မ်က ခိုင့်ကျိဝေနဲ့ပြန်တိုင်ပင်၏။
ခိုင့်ကျိဝေက ကောင်းဟယ်လိဆီအကြွေးတင်နေပြီး သူ ထောင်ကျန့်ကိုသတ်ချင်လာသည်။
ထောင်ကျန့်ပိုက်ဆံတွေကလည်း ဘာပဲဖြစ်ဖြစ်ကောင်းတဲ့နည်းလမ်းနဲ့ ရတာမဟုတ်တော့ ဘယ်သူမှလည်း ခြေရာခံလို့ရမှာမဟုတ်ပေ။
ဘားထဲက လူအုပ်နဲ့ ပရမ်းပတာအခြေအနေတွေက စတင်ဖို့ အခွင့်ရေးကောင်းပဲလို့ သူခံစားမိသည်။
သူတို့ရဲ့ ဆေးပါ၀င်ပစ္စည်းတွေကိုလည်း နားလည်နေတော့ သူသီးသန့်ခန်းထဲမှာ မီးရှို့လို့ရတယ်လို့ထင်လိုက်ပြီး ထိုမီးက ဆေးသုံးပြီး လှုပ်ရှားမှုမတည်မငြိမ်ဖြစ်နေသော ထောင်ကျန့်ကိုသတ်နိုင်လိမ့်မည်။
ပြီးတော့ ခိုင့်၀မ်ရဲ့ အခန်းဖော်နဲ့ သူ့အခန်းဖော်ရည်းစားကိုလည်း မတော်တဆမှုဖြစ်သလိုနဲ့ သေဆုံးမှုသက်သေပင်မကျန်ပဲ အတူတူသတ်နိုင်မည်။
ထို့ကြောင့် မီးစွဲသည်နှင့် သူခိုင့်၀မ်ကိုခေါ်ထုတ်သွားသော်လည်း သူမထင်ခဲ့မိသည်မှာ မီးကအရမ်းမြန်မြန်ကူးသွားပြီး ဘားတစ်ခုလုံးကို လောင်ကျွမ်းသွားစေလိမ့်မည်ဟူ၍။
သူတို့နှစ်ယောက် နားထောင်ပြီးနောက် မျက်နှာများ ပျက်ယွင်း နေလေသည်။
ကုံးရင့်ရှန် ခိုင့်ကျိဝေကိုဖမ်းမိသော ရဲသားအားမေးလိုက်သည်။
" အိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ပါလဲ ? "
" 300000 ထက်များပါတယ် "
[300000 CNY = 60946184.49 MMK ]
ကုံးရင့်ရှန် ခဏတာနှုတ်ဆိတ်နေပြီးမှ ခိုင့်ကျိဝေကို ဟုန်း၀ူဌာနခွဲသို့ အစောင့်ဖြင့်လိုက်ပို့ပေးရန်ပြောပြီး ရန်ရိကို စခန်းပြန်ပို့ပေးသည်။
အချိန်အကြာကြီး ကားထဲ၌ တိတ်ဆိတ်နေကာ ဘယ်သူမှစကားမဟကြ။
အတော်ကြာပြီးမှ ရန်ရိလေးနက်သောအသံဖြင့် ပြောလိုက်သည်။
" ပိုက်ဆံအတွက်နဲ့ လူ ၂၉ ယောက်တောင် သေခဲ့ရတယ်ပေါ့? "
" သူပြောတာ မီးကအရမ်းကြီးသွားပြီး မြန်မြန်လောင်သွားဖို့မထင်မှတ်ထားဘူးတဲ့ ခင်များယုံလား? "
ရန်ရိ ပြောလိုက်သည်။
" ခိုင့်ကျိ၀မ်မှာ မူလတန်းအဆင့် ပညာအရည်အချင်းလောက်ပဲရှိတာ
သူ မီးကိုနားမလည်သလို မီးလောင်နှုန်းကိုလည်းမတွက်နိုင်ဘူး ပြီးတော့ ကိစ္စတွေကို အရမ်းအကျယ်ချဲ့လုပ်တာ သူ့အတွက်မကောင်းဘူး "
ကုံးရင့်ရှန်ခေါင်းညိတ်သည်။
" ကျွန်တော်လည်း အဲ့လိုထင်တယ် ဒါပေမယ့်....."
" ဘာလဲ? "
" ပိုက်ဆံကအရမ်းနည်းပြီး 300000 ယွမ်အထက်ပဲရှိတယ် လတ်တလော Methamphetamine စျေးအရဆို ၁ ကီလိုဂရမ်ထက်တောင်နည်းသေးတယ် ထောင်ကျန့်က လူတွကို အသစ်ရောစပ်ထားတဲ့ 'ရှိန်ရှင်းရွှေ ( fairy water ) ကိုသုံးဖို့စနေပြီ သူကအခုမှမူးယစ်ကုန်ကူးတဲ့ လူသစ်တော့မဖြစ်နိုင်ဘူး "
"ဖြစ်နိုင်တာက ခိုင့်ကျိဝေ ထပ်ရှာမတွေ့တော့တာလား? ဒါမှမဟုတ် ပိုက်ဆံတွေဖွက်ထားတာများလား? "
" အဲ့တာဖြစ်နိုင်တယ် " ကုံးရင့်ရှန် မျက်မှောက်ကြုတ်သည်။
" အကယ်၍များပေါ့ သူမှာဖုံးကွယ်ထားတာ တစ်ခုခုရှိတယ်လို့ ကျွန်တော် ထင်နေတုန်းပဲ "
"သူကမီးရှို့လုပ်ကြံသူပါလို့ ၀န်ခံပြီးပြီဆိုတော့ သက်သေတွေကလည်း သူ့ဆီပဲတန်းတန်းရောက်နေပြီ "
" အင်း....."
ကုံးရင့်ရှန် တစ်ခုခုတွေးလိုက်ပြီး :
" ဒါပေမယ့် ကျွန်တော် ပိုပြီးစစ်မေးဖို့လိုသေးတယ် "
" ငါလည်းအတူလိုက်ချင်တယ် "
" ခင်များ စခန်းမပြန်ဘူးလား? "
" အားလုံးအဲ့တာကြောင့်ပဲ အမှုကမပြီးသေးတော့ ငါကျိန်းသေ အိပ်လို့ပျော်မှာမဟုတ်ဘူး "
ရန်ရိ သူ့မျက်နှာကို ပွတ်သုတ်လိုက်သည်။
" သွားရအောင် အမှုပြီးသွားရင် ငါကြီးကြပ်ရေးမှူးနဲ့ ညှိလိုက်လို့ရတယ် "
ကုံးရင့်ရှန်ဘာတစ်ခွန်းမှမပြောပေ။
ကားနက်လေးက ညအမှောင်ကိုခွင်းကာ ဌာနခွဲသို့ဖြောင့်ဖြောင့်တန်းတန်း မောင်းနှင်သွားပေ၏။
ဌာနခွဲ၌ ရန်ရိ အံ့အားသင့်သွားရသည်မှာ ကုံးရင့်ရှန်က ခိုင့်ကျိဝေကို စစ်မမေးဘဲ ခိုင့်ဝမ်ကိုခေါ်လိုက်သည်။
သူ(မ) ဆေးရုံမှာတုန်းက ဖြူဖျော့ကာ အားနွဲ့နေပုံနှင့်ယှဥ်ရရင်တော့ ဒီနေ့တွေမှာ ပြန်ကောင်းမွန်လာသည်နှင့်အညီ ခိုင့်၀မ်မျက်နှာမှာ သွေးရောင်လွှမ်းနေချေပြီ။
သို့သော်လည်း လူငယ်ထိန်းသိမ်းရေးစင်တာ၌ နေနေရသဖြင့် သူ(မ) အရမ်းစိတ်ဖိစီးနေ၏။
ကုံးရင့်ရှန် တည့်တိုးပဲပြောလိုက်သည်။
" ငါတို့ မင်းအဖေကိုဖမ်းမိတယ် "
ခိုင့်၀မ် ခန္ဓါကိုယ်လှုပ်ခတ်သွားကာ သူ့မျက်ရစ်များက ချက်ချင်း ရဲတက်လာပြီး ထိတ်လန့်သွားသည်။
" ရှင်တို့ ဘာလို့ကျွန်မအဖေကို ဖမ်းတာလဲ? ထောင်ကျန့်မီးရှို့တာလေ! "
" သူတောင် ၀န်ခံပြီးသွားပြီ မင်းကဆက်ဟန်ဆောင်ချင်သေးတာလား? "
ခိုင့်၀မ်မျက်ရည်များ ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွားကြပြီး သူ့မျက်နှာကိုအုပ်ကာ စငိုကြွေးသည်။
ကုံးရင့်ရှန် စားပွဲကို ခေါက်လိုက်ပြီး :
" မင်းအခြားဘာပြောချင်သေးလဲ? "
ခိုင့်၀မ် ခေါင်းခါ၍ ငိုပဲငိုနေကာ ဘာမှမပြောပေ။
ကုံးရင့်ရှန် အမူအရာက အေးစက်နေလျက်။
" ခိုင့်၀မ် မင်းအစကနေအဆုံးထိ လိမ်နေခဲ့တာပဲ ရဲတွေကိုအချိန်ကုန်အောင်လုပ်ပြီး တရားမျှတမှုကို ပိတ်ပင်တာကလည်း ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိရှိတယ် မင်းသေချာစဥ်းစားနိုင်ပါတယ် "
ခိုင့်၀မ်ငိုသည်။
" သူက ကျွန်မအဖေ ကျွန်မဘာများလုပ်နိုင်မှာတဲ့လဲ သူကကျွန်မအဖေရှင့် "
ကုံးရင့်ရှန် ခိုင့်၀မ်ကို စူးစူးရှရှအကြည့်ဖြင့် ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
" ကျန်တဲ့ပိုက်ဆံတွေဘယ်မှာလဲ? "
ခိုင့်၀မ် သတိလက်လွတ်ဖြစ်ကာ တောင့်သွားတော့၏။
#############
I love this chapter !
They started joke around ♡
And soon Vol.1 will be completed!!!!!
Flame Armor has 6 volumes and vol.1 has 18 chapters
I shall update frequently....
Bg song >> Into you by Ariana grande

>>>>>><><
[ Zawgyi ]
" ေတာင္ဘက္ မီးရထားရဲစခန္းမွာ သူ႔ကိုအခ်ိန္ခဏဆြဲထားၿပီး မီးရထားရဲစခန္းက ကြၽန္ေတာ့္ကို သူ ဟုတ္ မဟုတ္ လာအတည္ျပဳေပးဖို႔ေျပာတယ္ "
ရန္ရိ ႐ုတ္တရက္ စိတ္ဝင္စားလာသည္။
" အဲ့တာကို ရဲက ရာဇဝတ္သားကို ဖမ္းတာလို႔ ယူဆလို႔ရလား? ငါရဲတစ္ေယာက္နဲ႔ တာဝန္လိုက္လုပ္ဖူးတာ ဒါပထမဆုံးပဲ "
ကုံးရင့္ရွန္က ရန္ရိကို မ်က္ေစာင္းထိုးလ်က္ :
" ခင္မ်ားက ဘာကိုစိတ္လႈပ္ရွားေနတာလဲ? လူကဖမ္းမိသြားၿပီပဲကို "
" ဒါေပမယ့္ ငါတို႔သူ႔ကိုမမိခင္ ဘယ္ေလာက္ေတာင္လမ္းလြဲသြားခဲ့ရလဲ? ၿပီးေတာ့ ဒီအမႈကလည္း ငါဝင္ပါထားတဲ့အမႈပဲေလ
မင္းအမႈကိုေျဖရွင္းႏိုင္သြားရင္ ငါကေရာ ေငြေၾကးေထာက္ပံ့မႈ ဒါမွမဟုတ္ တစ္ခုခုမ်ားမရႏိုင္ဘူးလား? "
" ဆုေၾကးေငြ ယြမ္ ၁၀၀၀ ေပးတယ္တဲ့ "
[ 1 CNY = 203.15 MMK
1000 CNY = 203153.95 MMK ]
ကုံးရင့္ရွန္ေျပာလိုက္သည္။
" ကြၽန္ေတာ္ ခင္မ်ားနာမည္ကို စာရင္းသြင္းေပးမယ္ "
"ယြမ္ ၁၀၀၀ တည္းလား မင္းက လူကိုအရမ္းအထင္ေသးတာပဲ "
ရန္ရိ ကုံးရင့္ရွန္ကို လွမ္းၾကည့္လိုက္ေတာ့ သူ႔မ်က္ႏွာေပၚ၌ ေနာက္ေျပာင္ဟန္ကို ေတြ႕လိုက္ရၿပီး သူ႐ုတ္တရက္ သတိဝင္ကာ ထေအာ္လိုက္သည္။
" ေသစမ္း မင္းငါ့ကို ေနာက္ေနတာလား? "
ကုံးရင့္ရွန္ က ပခုံးခပ္ဖြဖြတြန႔္ျပသည္။
" ကြၽန္ေတာ္ တကယ္ေျပာတာ "
ရန္ရိ ေအးစက္စက္ ႏွာရႈံ႕လိုက္ရင္း :
" ကြၽန္ေတာ္မ်ိဳး လစာက သခင္ေလးလည္စည္းဝယ္ရသေလာက္ မမ်ားေပမယ့္လည္း တစ္ပါးသူအက်ိဳးစီးပြားအတြက္ ၁၀၀၀ ယြမ္ေတာ့ေပးမွာမဟုတ္ဘူး "
" အက်ိဳးခံစားခြင့္အတုျဖစ္ေနရင္ေတာင္ ကြၽန္ေတာ္ေပးမွာေလ ခင္မ်ားမွမဟုတ္တာ ဘာကိုေၾကာက္ေနတာလဲ? "
[ T/n : သိတယ္မလား အရာရွိေတြက လာဘ္ေပးလာဘ္ယူ လုပ္ခြင့္မရွိဘူးေလ
ဒါေပမယ့္ ကိုယ္ေတာ္ ကုံးရင့္ရွန္ကေတာ့ ေပးခ်င္ပါသတဲ့ :3 ]
" ငါဒီလိုလူမ်ိဳးကိုေတာ့ လက္လြတ္မခံႏိုင္ဘူး တကယ္ေတာ့ အရမ္းနည္းေနလို႔ မင္းငါ့ကို 10 မီလီယမ္ ေပးမယ္ဆိုရင္ အရွက္ကြဲမွာကိုေတာင္ ဂ႐ုစိုက္မေနေတာ့ဘူး "
" ကြၽန္ေတာ္ေပးႏိုင္တယ္ "
ကုံးရင့္ရွန္ ရန္ရိဘက္သို႔ေခါင္းလွည့္ၾကည့္လိုက္ၿပီး သူ႔မ်က္လုံးထဲတြင္ေတာ့ ရန္စသည့္အရိပ္အေယာင္ အနည္းငယ္ပါေန၏။
" ခင္မ်ားအဲ့ေလာက္ ဆုလာဘ္ႀကီးအတြက္ ဘာနဲ႔မ်ား တူညီတဲ့အဖိုးအချပန္ေပးႏိုင္မလဲ? "
ရန္ရိ သူ႔ကိုလွမ္းၾကည့္လ်က္ ဟန္ပိုကာေျပာလိုက္သည္။
" 10 မီလီယမ္ အဲ့ေလာက္ေငြအမ်ားႀကီးဆိုေတာ့ က်စ္ ၾကည့္ရတာ ငါရဲ႕အဖိုးတန္ခႏၶါကိုယ္နဲ႔ပဲ ျပန္ဆပ္ႏိုင္မယ္ထင္တယ္ "
ကုံးရင့္ရွန္ သူ႔ကို စူးစိုက္ၾကည့္ၿပီး :
" ခင္မ်ားခႏၶါကိုယ္က ဇီဝဓါတုလက္နက္သုေတသနနမူနာ မဟုတ္ရင္ေပါ့ "
" ေဟ့ ငါအဲ့တာေတြမသိဘူး "
စကားအနည္းငယ္ေျပာၿပီးေနာက္ ကားသည္လည္းေတာင္ဘက္မီးရထားစခန္းသို႔ ဆိုက္ေရာက္ေလၿပီ။
ထိုေတာင္ဘက္စခန္းက ျမန္ႏႈန္းျမင့္မီးရထားမ်ား၊ အေဝးေျပးကားမ်ားျဖင့္ခရီးသြားသူမ်ားေၾကာင့္ ေက်ာ္ၾကားေနသည္မွာ ႏွစ္အနည္းငယ္ရွိၿပီျဖစ္ၿပီး လုံၿခဳံေရးက အေတာ္ေလ်ာ့ရဲသည္။
ေတာင္ဘက္ရွိ မီးရထားရဲတပ္ဖြဲ႕စခန္းကလည္း အေတာ္ေလးေသးၿပီး ေသးလြန္းလို႔ သူတို႔ဝင္သြားသည္ႏွင့္ပင္ ခိုင့္က်ိေဝကို ခုံႏွင့္တြဲကာလက္ထိပ္ခတ္ထားၿပီး သူ႔ေခါင္းက ငိုက္စိုက္က်ကာ လႈပ္ရွားမႈမဲ့ေနေၾကာင္း ေတြ႕ရ၏။
သူတို႔ႏွစ္ေယာက္ ခိုင့္က်ိေဝထံေလွ်ာက္သြားလိုက္ၾကၿပီး ကုံးရင့္ရွန္က ထိုသူ႔နာမည္ကိုေခၚလိုက္သည္။
ခိုင့္က်ိေဝက ျဖည္းျဖည္းခ်င္းေခါင္းေမာ့လာလ်က္ လူႏွစ္ေယာက္ကိုေတြ႕သြားသည္ႏွင့္ သူ႔မ်က္ဝန္းမ်ားက ျပင္းျပင္းထန္ထန္ထိတ္လန႔္သြားဟန္ေပၚၿပီး တစ္ခ်ိန္တည္းမွာပင္ စိတ္ေအးသြားပုံလည္းေပၚေသးသည္။
ရဲစခန္းက ရဲတစ္ေယာက္က ခရီးေဆာင္အိတ္အနက္ကိုယူလာၿပီး ခုံေပၚတင္လိုက္ရာ ဘန္းကနဲ ျမည္သြားကာ ဝန္ေလးမည့္ပုံ။
" သူ႔ခရီးေဆာင္အိတ္ပါ "
ဇစ္ဆြဲၾကည့္လိုက္ေတာ့ အထဲမွာတစ္ဝက္ေလာက္ကေငြသားမ်ားပင္။
ကုံးရင့္ရွန္ ခိုင့္က်ိေဝကို ၾကည့္လိုက္ၿပီး :
" ကြၽန္ေတာ္ ခင္မ်ားကိုဘာလို႔ဖမ္းလဲသိလား? "
ခိုင့္က်ိေဝ စကားမဟ။
" ႐ိုး႐ိုးသားသားေျပာစမ္းပါ "
ကုံးရင့္ရွန္ေျပာသည္။
" ခင္မ်ားသမီးက အားလုံးေျပာၿပီးသြားၿပီ "
ခိုင့္က်ိေဝ မ်က္ႏွာ ျဖဴေဖ်ာ့သြားၿပီး သူ႔မ်က္လုံးမ်ားမွ မ်က္ရည္မ်ားေဝ့သီက်လာကာ ငိုေႂကြးေတာ့သည္။
" ငါ လူအမ်ားႀကီးေသမယ္ မထင္ခဲ့ပါဘူးကြာ ဘယ္လိုလုပ္ လူအမ်ားႀကီးေသသြားရတာလဲ..."
ရန္ရိ သက္ျပင္းရွည္ႀကီးခ်ရင္း ခိုင့္က်ိေဝရဲ႕ေဝေဝဝါးဝါး စကားကို နားေထာင္ၿပီးသည့္ေနာက္ ထိတ္လန႔္သြား၏။
ခိုင့္က်ိေဝနဲ႔ဆက္စပ္ၿပီး ေထာင္က်န႔္ေထာင္ကလြတ္လာေတာ့ မူးယစ္ေဆးဝါးေတြ ကုန္ကူးသည္။
ေထာင္ဝင္ေဖာ္က ခိုင့္ဝမ္နဲ႔မိတ္ဆက္ေပးၿပီးေနာက္ ေထာင္က်န႔္က ခိုင့္ဝမ္ကိုသူနဲ႔အတူ ထ်န္ခ်ီၿမိဳ႕ကထြက္သြားဖို႔ေျပာၿပီး သူ(မ)ကို ေငြအမ်ားႀကီးျပေတာ့ ခိုင့္ဝမ္က ခိုင့္က်ိေဝနဲ႔ျပန္တိုင္ပင္၏။
ခိုင့္က်ိေဝက ေကာင္းဟယ္လိဆီအေႂကြးတင္ေနၿပီး သူ ေထာင္က်န႔္ကိုသတ္ခ်င္လာသည္။
ေထာင္က်န႔္ပိုက္ဆံေတြကလည္း ဘာပဲျဖစ္ျဖစ္ေကာင္းတဲ့နည္းလမ္းနဲ႔ ရတာမဟုတ္ေတာ့ ဘယ္သူမွလည္း ေျခရာခံလို႔ရမွာမဟုတ္ေပ။
ဘားထဲက လူအုပ္နဲ႔ ပရမ္းပတာအေျခအေနေတြက စတင္ဖို႔ အခြင့္ေရးေကာင္းပဲလို႔ သူခံစားမိသည္။
သူတို႔ရဲ႕ ေဆးပါဝင္ပစၥည္းေတြကိုလည္း နားလည္ေနေတာ့ သူသီးသန႔္ခန္းထဲမွာ မီးရႈိ႕လို႔ရတယ္လို႔ထင္လိုက္ၿပီး ထိုမီးက ေဆးသုံးၿပီး လႈပ္ရွားမႈမတည္မၿငိမ္ျဖစ္ေနေသာ ေထာင္က်န႔္ကိုသတ္ႏိုင္လိမ့္မည္။
ၿပီးေတာ့ ခိုင့္ဝမ္ရဲ႕ အခန္းေဖာ္နဲ႔ သူ႔အခန္းေဖာ္ရည္းစားကိုလည္း မေတာ္တဆမႈျဖစ္သလိုနဲ႔ ေသဆုံးမႈသက္ေသပင္မက်န္ပဲ အတူတူသတ္ႏိုင္မည္။
ထို႔ေၾကာင့္ မီးစြဲသည္ႏွင့္ သူခိုင့္ဝမ္ကိုေခၚထုတ္သြားေသာ္လည္း သူမထင္ခဲ့မိသည္မွာ မီးကအရမ္းျမန္ျမန္ကူးသြားၿပီး ဘားတစ္ခုလုံးကို ေလာင္ကြၽမ္းသြားေစလိမ့္မည္ဟူ၍။
သူတို႔ႏွစ္ေယာက္ နားေထာင္ၿပီးေနာက္ မ်က္ႏွာမ်ား ပ်က္ယြင္း ေနေလသည္။
ကုံးရင့္ရွန္ ခိုင့္က်ိေဝကိုဖမ္းမိေသာ ရဲသားအားေမးလိုက္သည္။
" အိတ္ထဲမွာ ပိုက္ဆံဘယ္ေလာက္ပါလဲ ? "
" 300000 ထက္မ်ားပါတယ္ "
[300000 CNY = 60946184.49 MMK ]
ကုံးရင့္ရွန္ ခဏတာႏႈတ္ဆိတ္ေနၿပီးမွ ခိုင့္က်ိေဝကို ဟုန္းဝူဌာနခြဲသို႔ အေစာင့္ျဖင့္လိုက္ပို႔ေပးရန္ေျပာၿပီး ရန္ရိကို စခန္းျပန္ပို႔ေပးသည္။
အခ်ိန္အၾကာႀကီး ကားထဲ၌ တိတ္ဆိတ္ေနကာ ဘယ္သူမွစကားမဟၾက။
အေတာ္ၾကာၿပီးမွ ရန္ရိေလးနက္ေသာအသံျဖင့္ ေျပာလိုက္သည္။
" ပိုက္ဆံအတြက္နဲ႔ လူ ၂၉ ေယာက္ေတာင္ ေသခဲ့ရတယ္ေပါ့? "
" သူေျပာတာ မီးကအရမ္းႀကီးသြားၿပီး ျမန္ျမန္ေလာင္သြားဖို႔မထင္မွတ္ထားဘူးတဲ့ ခင္မ်ားယုံလား? "
ရန္ရိ ေျပာလိုက္သည္။
" ခိုင့္က်ိဝမ္မွာ မူလတန္းအဆင့္ ပညာအရည္အခ်င္းေလာက္ပဲရွိတာ
သူ မီးကိုနားမလည္သလို မီးေလာင္ႏႈန္းကိုလည္းမတြက္ႏိုင္ဘူး ၿပီးေတာ့ ကိစၥေတြကို အရမ္းအက်ယ္ခ်ဲ႕လုပ္တာ သူ႔အတြက္မေကာင္းဘူး "
ကုံးရင့္ရွန္ေခါင္းညိတ္သည္။
" ကြၽန္ေတာ္လည္း အဲ့လိုထင္တယ္ ဒါေပမယ့္....."
" ဘာလဲ? "
" ပိုက္ဆံကအရမ္းနည္းၿပီး 300000 ယြမ္အထက္ပဲရွိတယ္ လတ္တေလာ Methamphetamine ေဈးအရဆို ၁ ကီလိုဂရမ္ထက္ေတာင္နည္းေသးတယ္ ေထာင္က်န႔္က လူတြကို အသစ္ေရာစပ္ထားတဲ့ 'ရွိန္ရွင္းေ႐ႊ ( fairy water ) ကိုသုံးဖို႔စေနၿပီ သူကအခုမွမူးယစ္ကုန္ကူးတဲ့ လူသစ္ေတာ့မျဖစ္ႏိုင္ဘူး "
"ျဖစ္ႏိုင္တာက ခိုင့္က်ိေဝ ထပ္ရွာမေတြ႕ေတာ့တာလား? ဒါမွမဟုတ္ ပိုက္ဆံေတြဖြက္ထားတာမ်ားလား? "
" အဲ့တာျဖစ္ႏိုင္တယ္ " ကုံးရင့္ရွန္ မ်က္ေမွာက္ၾကဳတ္သည္။
" အကယ္၍မ်ားေပါ့ သူမွာဖုံးကြယ္ထားတာ တစ္ခုခုရွိတယ္လို႔ ကြၽန္ေတာ္ ထင္ေနတုန္းပဲ "
"သူကမီးရႈိ႕လုပ္ႀကံသူပါလို႔ ဝန္ခံၿပီးၿပီဆိုေတာ့ သက္ေသေတြကလည္း သူ႔ဆီပဲတန္းတန္းေရာက္ေနၿပီ "
" အင္း....."
ကုံးရင့္ရွန္ တစ္ခုခုေတြးလိုက္ၿပီး :
" ဒါေပမယ့္ ကြၽန္ေတာ္ ပိုၿပီးစစ္ေမးဖို႔လိုေသးတယ္ "
" ငါလည္းအတူလိုက္ခ်င္တယ္ "
" ခင္မ်ား စခန္းမျပန္ဘူးလား? "
" အားလုံးအဲ့တာေၾကာင့္ပဲ အမႈကမၿပီးေသးေတာ့ ငါက်ိန္းေသ အိပ္လို႔ေပ်ာ္မွာမဟုတ္ဘူး "
ရန္ရိ သူ႔မ်က္ႏွာကို ပြတ္သုတ္လိုက္သည္။
" သြားရေအာင္ အမႈၿပီးသြားရင္ ငါႀကီးၾကပ္ေရးမႉးနဲ႔ ညႇိလိုက္လို႔ရတယ္ "
ကုံးရင့္ရွန္ဘာတစ္ခြန္းမွမေျပာေပ။
ကားနက္ေလးက ညအေမွာင္ကိုခြင္းကာ ဌာနခြဲသို႔ေျဖာင့္ေျဖာင့္တန္းတန္း ေမာင္းႏွင္သြားေပ၏။
ဌာနခြဲ၌ ရန္ရိ အံ့အားသင့္သြားရသည္မွာ ကုံးရင့္ရွန္က ခိုင့္က်ိေဝကို စစ္မေမးဘဲ ခိုင့္ဝမ္ကိုေခၚလိုက္သည္။
သူ(မ) ေဆး႐ုံမွာတုန္းက ျဖဴေဖ်ာ့ကာ အားႏြဲ႕ေနပုံႏွင့္ယွဥ္ရရင္ေတာ့ ဒီေန႔ေတြမွာ ျပန္ေကာင္းမြန္လာသည္ႏွင့္အညီ ခိုင့္ဝမ္မ်က္ႏွာမွာ ေသြးေရာင္လႊမ္းေနေခ်ၿပီ။
သို႔ေသာ္လည္း လူငယ္ထိန္းသိမ္းေရးစင္တာ၌ ေနေနရသျဖင့္ သူ(မ) အရမ္းစိတ္ဖိစီးေန၏။
ကုံးရင့္ရွန္ တည့္တိုးပဲေျပာလိုက္သည္။
" ငါတို႔ မင္းအေဖကိုဖမ္းမိတယ္ "
ခိုင့္ဝမ္ ခႏၶါကိုယ္လႈပ္ခတ္သြားကာ သူ႔မ်က္ရစ္မ်ားက ခ်က္ခ်င္း ရဲတက္လာၿပီး ထိတ္လန႔္သြားသည္။
" ရွင္တို႔ ဘာလို႔ကြၽန္မအေဖကို ဖမ္းတာလဲ? ေထာင္က်န႔္မီးရႈိ႕တာေလ! "
" သူေတာင္ ဝန္ခံၿပီးသြားၿပီ မင္းကဆက္ဟန္ေဆာင္ခ်င္ေသးတာလား? "
ခိုင့္ဝမ္မ်က္ရည္မ်ား ပါးျပင္ေပၚသို႔ လိမ့္ဆင္းသြားၾကၿပီး သူ႔မ်က္ႏွာကိုအုပ္ကာ စငိုေႂကြးသည္။
ကုံးရင့္ရွန္ စားပြဲကို ေခါက္လိုက္ၿပီး :
" မင္းအျခားဘာေျပာခ်င္ေသးလဲ? "
ခိုင့္ဝမ္ ေခါင္းခါ၍ ငိုပဲငိုေနကာ ဘာမွမေျပာေပ။
ကုံးရင့္ရွန္ အမူအရာက ေအးစက္ေနလ်က္။
" ခိုင့္ဝမ္ မင္းအစကေနအဆုံးထိ လိမ္ေနခဲ့တာပဲ ရဲေတြကိုအခ်ိန္ကုန္ေအာင္လုပ္ၿပီး တရားမွ်တမႈကို ပိတ္ပင္တာကလည္း ေထာင္ဒဏ္ ၃ ႏွစ္ကေန ၇ ႏွစ္အထိရွိတယ္ မင္းေသခ်ာစဥ္းစားႏိုင္ပါတယ္ "
ခိုင့္ဝမ္ငိုသည္။
" သူက ကြၽန္မအေဖ ကြၽန္မဘာမ်ားလုပ္ႏိုင္မွာတဲ့လဲ သူကကြၽန္မအေဖရွင့္ "
ကုံးရင့္ရွန္ ခိုင့္ဝမ္ကို စူးစူးရွရွအၾကည့္ျဖင့္ ၾကည့္ကာ ေအးစက္စက္ေျပာလိုက္သည္။
" က်န္တဲ့ပိုက္ဆံေတြဘယ္မွာလဲ? "
ခိုင့္ဝမ္ သတိလက္လြတ္ျဖစ္ကာ ေတာင့္သြားေတာ့၏။
#############
I love this chapter !
They started joke around ♡
And soon Vol.1 will be completed!!!!!
Flame Armor has 6 volumes and vol.1 has 18 chapters
I shall update frequently....
Bg song >> Into you by Ariana grande