[ Unicode ]
မင်းငါ့ကိုလာတွေ့တာမလား?
============================
ရန်ရိ သူ့( စွန်းတင့်ရိ ) ကိုထိန်းပေးထားလိုက်ပြီး ပေါင် ၁၇၀ နီးပါးရှိနေသော စွန်းတင့်ရိကို လက်လွှဲယူလိုက်ရသဖြင့် ချက်ချင်း ရေထဲနစ်မလိုတောင် ဖြစ်သွားသည်။
Mask ကိုသူ့ခေါင်းပေါ် ပြန်တပ်ထားလိုက်လျက် စွန်းတင့်ရိ တပ်ဆင်ထားသည့် ကိရိယာများကို ခက်ခက်ခဲခဲ ချွတ်ရသည်။
ပြီးတော့ တစ်ချိန်တည်းမှာပဲပြောလိုက်၏။
" ကောင်းကယ် အောက်ကိုလာကူဖို့ ၃ ယောက်လွှတ်လိုက် အသက်ရှူကိရိယာတစ်စုံလည်းယူလာခဲ့ မြန်မြန် ! "
ကောင်းကယ် မျက်နှာက ချွေးစို့နေလျက်။ သူအမိန့်ပေးလိုက်သည်။
" စွေ့ရိရှန့် မင်း သူတို့နှစ်ယောက်ကိုခေါ်ပြီးအောက်ဆင်းလိုက် မင်းအရင်ဆင်း၊ အသက်အောင့်ထား၊ ပြီးရင် တန်ဆာတွေ ချပေးမယ် "
" ဟုတ်ကဲ့ ! "
ရန်ရိ စွန်းတင့်ရိ ကိုကူတွဲရင်း ရေနက်ထဲမှာမနည်း ရှေ့ဆက်တိုးနေရသည်။
သူ mask ကို စွန်းတင့်ရိနဲ့ အချိန်အလိုက် အလဲအလှယ်လုပ်နေရပြီး လီဆာကလည်း အလုပ်သမားကို ကူရင်း လိုက်လာသည်။
ကံကောင်းတာက အလုပ်သမားက ပိန်ပေလို့၊ မဟုတ်ရင် ဒီလို တစ်လက်မတောင် ရွေ့ဖို့ခက်နေတဲ့ ပတ်၀န်းကျင်မျိုးမှာ သူ(မ) စိုးရိမ်ရပေမည်။
သိပ်အဝေးကြီးမလျှောက်ရသေးခင် လျှိုဟွေးက အရင်အပြေးရောက်လာ၏။
ရန်ရိ ဆူလိုက်သည်။
" ငါ ရှောင်ထောင်ကို ကြည့်ခိုင်းထားရဲ့သားနဲ့ "
" ရှောင်ထောင်ကလာကူဖို့ပြောတာပါ "
လျှိုဟွေးက စွန်းတင့်ရိကို ကူဖို့ဟန်ပြင်သည်။
" မင်း လီဆာကိုသွားကူလိုက် ငါတစ်ယောက်တည်းရတယ် "
လျှိုဟွေး အလုပ်သမားကို လွှဲယူလိုက်သည်။
" လီဆာ မင်းခေါင်းဆောင်ကို ကူလို့ရတယ် ငါကအဆင်ပြေတယ် "
လီဆာ အမြန်ရောက်လာသည်။
" ခေါင်းဆောင် တပ်စုခေါင်းဆောင်စွန်းက သတိလစ်နေပြီး အသက်ရှူမမှန်ဘူး သူ့ကိုကျွန်မ mask ပေးလိုက်ပြီး ကျွန်မတို့တစ်ခုကိုမျှသုံးလို့ရတယ် "
ရန်ရိသူ့ အသက်ရှူကိရိယာကို ချွတ်ကာ စွန်းတင့်ရိ ခေါင်းမှာတပ်ပေးလိုက်ပြီး လီဆာကို OK လို့ပြောလိုက်သည်။
လီဆာခေါင်းညိတ်လိုက်ပြီး စွန်းတင့်ရိကို ကူတွဲကာ ရန်ရိနဲ့ ဘေးတိုက်ရပ်လိုက်သည်(စွန်းတင့်ရိကို အလယ်ထားတဲ့ပုံစံ/နှစ်ယောက်ယှဥ်ရပ်) ။
ထို့နောက် ကောင်းကယ်ရဲ့အကူတွေရောက်မလာခင်အထိ နှစ်ယောက်သား mask အလဲအလှယ်လုပ်ကြရ၏။
ရေစုပ်စက်ကလည်း မိလ္လာတွင်းထဲက ရေညစ်တွေကို စုပ်ထုတ်နေတော့ သူတို့ရှေ့တိုးသွားသည်နှင့်အမျှ ရေကပိုပိုတိမ်သွားသည်။
နောက်တော့ အလုပ်သမားနှင့် စွန်းတင့်ရိကိုလည်း အောင်အောင်မြင်မြင်အပြင်ထုတ်နိုင်ခဲ့ပြီး ရှောင်ထောင်ကိုလည်း ကယ်ဆယ်နိုင်ခဲ့သည်။
ရန်ရိ စွန်းတင့်ရိကို လူနာတင်ကပ်ပေါ်တင်လိုက်ကာ အရေးပေါ်၀န်ထမ်းကို မျက်လုံးများနီဆွေးလျက် စိုက်ကြည့်နေရင်း နှုတ်ခမ်းများလည်း တုန်ယင်နေပေမယ့် တစ်ခဏလောက် စကားမပြောနိုင်ပေ။
အရေးပေါ်၀န်ထမ်းက ပြောလာသည်။
" ခေါင်းဆောင် ကျွန်မတို့အလုပ်လုပ်ရမှာမို့ လမ်းဖယ်ပေးပါ "
သူ(မ) စွန်းတင့်ရိရဲ့ မျက်ခွံကိုဖွင့် ကြည့်လိုက်ပြီးနောက် ပါးစပ်ကိုဖွင့်လိုက်ကာ သူ့အလုပ်ဖော်ကို ပြောလိုက်သည်။
" Intubation လုပ်ဖို့ပြင်ထား "
[ T/n : Intubation ဆိုတာက ခံတွင်းကနေ Endotracheal tube ( ET ) ကိုထည့်ပြီး အသက်ရှူလမ်းကြောင်းကိုစစ်ဆေးတာပါ ( covid 19 ရှိ/မရှိ စစ်တာနဲ့အတူတူပါပဲ ) ]
ရန်ရိ လေးလေးပင်ပင် ပြောလိုက်သည်။
" သူအဆင်ပြေမှာလား "
တပ်သားအားလုံး ဘေးမှာရပ်နေကြပြီး စွန်းတင့်ရိကို စိုးရိမ်ပူပန်ကာ မတတ်သာသည့်အကြည့်များဖြင့် ကြည့်နေကြသည်။
အရေးပေါ်၀န်ထမ်းက ပြောလာ၏။
" ကျွန်မတို့အကောင်းဆုံးကြိုးစားမှာပါ "
ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဥ်ဖြင့် တစ်ယောက်စီ ခေါ်သွားသည်။
ရှောင်ထောင်က လူနာတင်ကပ်ပေါ်မှာ လှဲရမည်ကို ငြင်းဆိုလျက်။
" ကျွန်တော့်ခြေထောက်ကာ လည်သွားရုံပါပဲ ဘာမှမပြင်းထန်ဘူး အဲ့တာကြောင့် ကျွန်တော် ဆေးရုံသွားဖို့မလိုပါဘူးဗျာ "
" ကျွန်တော်တို့ကလည်း အန္တရာယ်ကင်းဖို့လုပ်ရတာပါ "
အရေးပေါ်၀န်ထမ်းကပြောသည်။
" ကျွန်တော်တကယ်မဖြစ်...."
" ဆေးရုံသွားမှပေါ့ ! "
ရန်ရိ သူ့ကိုစူးစိုက်ကြည့်ကာ ဟောက်လိုက်သည်။
ရှောင်ထောင် ခေါင်းငုံ့သွား၏။
ရန်ရိ ရုတ်တရက် ရင်တုန်လာသည်ကိုခံစားမိလိုက်ပြီး အသက်ရှူမြန်လာကာ ခန္ဓါကိုယ်လည်း ယိုင်သွားသည်။
" ခေါင်းဆောင်ရန် ! "
ကောင်းကယ်က သူ့ကို ထိန်းပေးလိုက်သည်။
လီဆာနဲ့ လျှိုဟွေးသည်လည်း တဖြည်းဖြည်းချင်း ထိုင်ကျသွားကြလျက် သူတို့မျက်နှာတွေက အလွန်ကို ဖြူစုတ်နေသည်။
ကောင်းကယ် အော်လိုက်၏။
" သူတို့ တွင်းထဲမှာ mask ချွတ်ခဲ့တယ် ! "
အရေးပေါ်၀န်ထမ်းက အင်တာကွန်းခလုတ်ကို နှိပ်လိုက်ပြီး
" Reception ဒီကို လူနာတင်ယာဥ် ၂ စီးထပ်လွှတ်ပေးပါ။ အရင်ဆုံး သူတို့အ၀တ်တွေချွတ်ပြီး မြေပြင်မှာ အလျားလိုက် လှဲထားပေးပြီး အသက်ရှူချောင်အောင်လို့ လူစုခွဲပေးကြပါ "
" ခေါင်းဆောင်ရန်! ခေါင်းဆောင် "
ကောင်းကယ်က ရန်ရိရဲ့ တန်ဆာပလာတွေ ဖြုတ်ပေးလိုက်ပြီး coat ကိုချွတ်ကာ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း လှဲချပေးလိုက်သည်။
ရပ်ကွက်ရဲ့ ၈၀% သော ၀ရံတာများ၌ လူများဖြင့်ပြည့်နှက်နေကာ မိလ္လာတွင်းပတ်လည်မှာလည်း ၀ိုင်းနေကြသေးသည်။
မီးသတ်ကားများ၊ လူနာတင်ယာဥ်များနှင့် ရဲဌာနယာဥ်များက ဂိတ်ကိုပိတ်ရပ်ထားကြ၏။
ရန်ရိ တဖြည်းဖြည်းနဲ့ အသံတွေ၊ အော်ဟစ်သံတွေနဲ့ သူ့ပတ်ပတ်လည်က ဆူညံသံတွေကိုမကြားနိုင်တော့ပေ။
သူနည်းနည်း မူးနောက်နောက်ဖြစ်နေပေမယ့် သတိတော့လစ်မသွားချင်။
ထို့ကြောင့် သူ့အသိစိတ်ကိုတောင့်ခံထားရင် မျက်ခွံများကိုဖွင့်ထားရသည်။
ရုတ်တရက် သူ့အမြင်အာရုံ၌ ဖွေးဥကာ နုနယ်သော မျက်နှာတစ်ခုပေါ်လာလျက် မဖြစ်နိုင်လောက်တဲ့ မျက်နှာလေးက သူ့ကို ငုံ့ကြည့်ကာ နှုတ်ခမ်းဖျားမှလည်း သူ့နာမည်ကို ခေါ်နေလေ၏။
ကုံးရင့်ရှန်? သူဘာလို့ဒီရောက်နေတာလဲ?
အို့ သူကရဲပဲ တာ၀န်ကြောင့်နေမှာပေါ့...
ကုံးရင့်ရှန် အသံက မြှားတစ်စင်းအလား၊
တောင်တန်းများနှင့် မြစ်များကိုဖြတ်ကျော်ကာ ထူထပ်သော မြူနှင်းထုကိုထိုးဖောက်၍ နောက်ဆုံး သူ့နားစည်ထံရောက်ရှိလာလျက် ထို ' ရန်ရိ ' ဆိုတဲ့ ခေါ်သံနှင့်အတူ သူ့အကြားအာရုံလည်း ပြန်ရလာသည်။
ရန်ရိ မျက်လုံးများကို အတင်းဖြဲဖွင့်လိုက်ပြီး ကုံးရင့်ရှန်ကို ဝေဝါးဝါး ကြည့်လိုက်သည်။
" မင်း....."
ကုံးရင့်ရှန် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ နက်နက်နဲနဲအသံဖြင့်ပြောလာ၏။
" စကားမပြောနဲ့ မကြာခင် လူနာတင်ယာဥ်ရောက်တော့မယ် "
ရန်ရိ မနာခံသလို ပြုံးလိုက်ရင်း
" ငါ...ငါ့ကိုယ်က မြောင်းနံ့လိုပဲ မင်းမကြောက်ဘူးလား "
[ T/n: သေခါနီးမှာတောင် ပြောချင်တဲ့စကားက ဒါတဲ့လား ....]
" စကားမပြောနဲ့ "
ကုံးရင့်ရှန် သူ့အိတ်ကပ်ထဲကနေ စွတ်စွတ်ဖြူတဲ့ လက်ကိုင်ပုဝါလေးကိုထုတ်လိုက်ပြီး ရန်ရိ မျက်နှာပေါ်က မိလ္လာနဲ့ ချွေးနဲ့ရောနေတဲ့ ညစ်တီးညစ်ပတ်တွေကို သုတ်ပေးလိုက်သည်။
ရန်ရိ ခက်ခက်ခဲခဲ အသက်ရှူလိုက်သော်ငြား အသက်ရှူမ၀သလိုခံစားရတုန်းပင်။
သူ့အဆုတ်က လေလျော့သွားတဲ့ ပူဖောင်းလိုဖြစ်နေပြီး အောက်ဆီဂျင်ကပျောက်ချင်းမလှပျောက်သွားသည်။
" လီဆာနဲ့ လျှိုဟွေး....."
" သူတို့အဆင်ပြေတယ် လူနာတင်ယာဥ်စောင့်နေကြတာ "
နောက်ဆုံးတော့ ထောက်ပံ့ရေးလူနာတင်ယာဥ်ရောက်လာသည်။
ရန်ရိကို လူနာတင်ကပ်နဲ့သယ်သွားကြပြီး အသက်ရှူ mask တပ်ပေးလိုက်သည်။
သူမျက်တောင်သာသာခတ်ရင်း လူနာတင်ယာဥ်ဆီ ပို့ပေးကြမည်ကိုစောင့်နေလျက်။
သူစိတ်မလျှော့သွားခင် ဘာမှပြန်ပြောင်းအောက်မေ့စရာမရှိတော့သည့်အလား၊
တင်းကြပ်မှုတွေအောက်မှာ အိပ်မောကျသွားတော့၏။
======
ရန်ရိ နိုးလာတော့ အံ့သြမှုမရှိဘဲ သူဆေးရုံကုတင်ထက်မှာ ရောက်နေကြောင်း သိလိုက်သည်။
သူ စိတ်မအီမသာဖြစ်ကာ မူးနောက်နေလျက် အားပျော့ပြီး အန်ချင်ချင်ဖြစ်နေ၏။
အပြင်းဖျားနာတာကြီးမပျောက်သေးသလို။
" ရန်ရိ "
ချွီယန်ပေါင်က ရန်ရိနိုးလာတာမြင်တော့ ကိုယ်ကိုရှေ့သို့ကိုင်းလိုက်ရင်း
" ဘယ်လိုနေသေးလဲ? "
ရန်ရိ အသိစိတ်ကခဏလောက် ဗလာဖြစ်နေပြီး မကြာခင်ပဲ သတိ၀င်လာကာ သူစိုးရိမ်တကြီးမေးလိုက်သည်။
" စွန်းတင့်ရိကရော ? အခြေအနေဘယ်လိုလဲ? "
သူထတော့မည့်ဆဲဆဲ။
" အဆင်ပြေတယ် သူအန္တရာယ်ကင်းသွားပါပြီ "
ချွီယန်ပေါင်က သူ့ပခုံးကိုကိုင်ကာ ဖြည်းဖြည်းချင်း အိပ်ရာဆီပြန်တွန်းပို့လိုက်သည်။
ရန်ရိ သက်ပြင်းလေးကြီးချမိတော့ နှာခေါင်းကစူးခနဲဖြစ်ကာ ငိုမိတော့မတတ်။
သူပြောလိုက်သည်။
" အခြားသူတွေရော? "
သူ့အသံကခြောက်ကပ်နေ၏။
" အဆင်ပြေတယ် မင်းလိုပဲ မင်းတို့သုံးယောက်က နည်းနည်းလောက်ပဲရှူမိတော့ အဆုတ်ဆေးစရာမလိုဘူး ဒါပေမယ့် စောင့်ကြည့်ဖို့အတွက်တော့ ဆေးရုံမှာရက်နည်းနည်းနေရမယ် "
ရန်ရိ ခေါင်းညိတ်လိုက်ပြီး
" ကယ်ခဲ့တဲ့တစ်ယောက်ကရော? "
ချွီယန်ပေါင် သက်ပြင်းချကာ
" နှစ်ယောက်က ပွဲချင်းပြီးသေတယ် တစ်ယောက်ကတော့ ဆေးရုံယောက်ပေမယ့် မမှီတာ့ဘူး
ကျန်တဲ့သုံးယောက်ကိုတော့ မျက်ခြေမပျက်စောင့်ကြည့်နေရတယ် အခြေအနေက အရမ်းကြီးမကောင်းဘူး "
ရန်ရိ လက်သီးဖွဖွဆုတ်လိုက်သည်။
" ယန်ပေါင် ဒီအလုပ်ရဲ့ စိတ်မသက်မသာအဖြစ်ရဆုံး အပိုင်းကိုမင်းသိလား? "
ချွီယန်ပေါင် ဘာမှမပြောပေ။
ရန်ရိ မျက်တောင်ခတ်ကာ ရှေ့သို့ကြည့်လိုက်သည်။
" အဲ့တာက ကြေကွဲစရာတွေဘယ်တော့မှ ဖြစ်မလာဖို့ပဲ "
ချွီယန်ပေါင်က အလေးအနက်ပြောလာသည်။
" ကြီးကြပ်တဲ့လူတွေကို ထိန်းသိမ်းထားတယ် "
" ဟုတ်တယ် ထိန်းထား မနက်ဖြန်ဆို သူတို့ရဲ့တာ၀န်မသိ ၀တ္တရားပျက်ကွက်မှုကြောင့်ဆိုပြီး သတင်းထွက်လာဦးမှာပဲ သူတို့၀တ္တရားပျက်ကွက်လို့ လူဘယ်လောက်တောင် သေသွားရတယ်ဆိုပြီး..
အဲ့လိုသတင်းတွေ နှစ်တိုင်း မဆုံးနိုင်အောင်ကို ထွက်နေတာပဲကွ! "
သူ့နှုတ်ခမ်းများ တုန်ယင်နေလျက်။
" အဲ့တာလည်း ဆက်ဖြစ်နေတုန်းပဲ "
" ငါတို့က ငါတို့အလုပ်ငါတို့ အကောင်းဆုံးလုပ်ပြီး အခြားသူတွေလည်း သူတို့အလုပ်သူတို့ အကောင်းဆုံးလုပ်ဖို့မျှော်လင့်ရမှာပဲ အဲ့တာမှ ဒီလိုမတော်တဆမှုတွေ ရှောင်ရှားနိုင်မှာ "
ထိုအချိန်တွင် တံခါးခေါက်သံထွက်ပေါ်လာ၏။
" ၀င်ခဲ့ "
အခန်းတံခါးပွင့်သွားပြီး ကုံးရင့်ရှန် mask တပ်ထားလျက် လျှောက်၀င်လာသည်။
ရန်ရိ နောက်ဆုတ်ကာ ခေါင်းအသာငုံ့လိုက်ပြီးနောက် သူ့ကိုယ်သူ မသိမသာလေး အနံ့ရှူကြည့်လိုက်သည်။
သူသတိလစ်နေတုန်း ရေပတ်တိုက်ပေးထားပြီး အ၀တ်လည်းလဲပေးထားတော့ ဘာနံ့မှမရှိတော့သည့်ပုံပင်။
သို့ပေမယ့် အနံ့ဆိုးကြီးက သူ့မှတ်ညာဏ်ထဲမှာ ခဏတာစွဲနေဆဲဖြစ်ပြီး သေသေချာချာကို ပြန်ပုံဖော်နိုင်သေးသည်။
" ခင်များနိုးပြီပဲ "
ကုံးရင့်ရှန် ချွီယန်ပေါင်ဘက်ကို ခေါင်းညိတ်ပြလိုက်သည်။(နှုတ်ဆက်သည့်သဘော)
ချွီယန်ပေါင် မေးလိုက်သည်။
" ဒေါက်တာကုံး မင်းသူ့ကိုတစ်ခုခုမေးချင်လို့လား? "
" ရလား? "
ကုံးရင့်ရှန် ရန်ရိကို ကြည့်လိုက်သည်။
ရန်ရိ လက်ကို ဖြန့်ကားပြရင်း စိတ်အေးသလိုဟန်ဆောင်ကာ ပြောလိုက်သည်။
" ငါကရတယ် လုံး၀အကျန်းမာကြီးပဲ "
" အဲ့တာဆိုမင်းပြော ငါမင်းအတွက်စားစရာယူလာပေးမယ် စစ်ဟော် မင်းဘာစားမလဲ? "
" ကယ်လိုရီများများလေးတွေ ကြက်ကြော်၊ barbecue၊ တုတ်ထိုး၊ ငါဆာလို့သေတော့မယ် "
ချွီယန်ပေါင်က အေးစက်စက်ပြုံးကာ
" အိမ်မက်မက်နေလိုက်လေ မင်းလည်ချောင်းကဖြင့် ပြန်မကောင်းသေးဘူး ဆန်ပြုတ်ပဲသောက်လို့ရမယ် "
" အဲ့တာဆို ယားပြီးမေးရလား "
" မင်း လက်လုပ်ချဥ်တွေရွေးလို့ရတယ်လေ "
" မင်းလုပ်ချင်တာလုပ် "
ရန်ရိ သူ့ကို လက်ရမ်းပြလိုက်သည်။(နှင်ထုတ်*)
ချွီယန်ပေါင်ထွက်သွားပြီးတော့ ကုံးရင့်ရှန် ဆေးရုံကုတင်ရှေ့မှာ ထိုင်လိုက်ပြီး ရန်ရိကို မမှိတ်မသုန်ကြည့်နေသည်။
ရန်ရိ သူ့ကြောင့် အမွှေးထောင်သွားရပြီး
[ T/n : ကြောင်လေးတွေ အန္တရာယ်အငွေ့အသက်ရရင် အမွှေးထောင်တာမျိုးလေ ]
" မင်းဘာလုပ်နေတာလဲ? "
" ခင်များအခုစကားပြောဖို့ အဆင်ပြေရဲ့လားဆိုတာ သေချာအောင်လုပ်နေတာ "
"မင်း ငါ့ကိုအဲ့လိုစိုက်ကြည့်နေရုံနဲ့ ပြောနိုင်လို့လား? "
" ရနိုင်လောက်ပါတယ် ခင်များအတော်တက်ကြွနေတာပဲ "
ကုံးရင့်ရှန် ပြောလာသည်။
" ခင်များ...."
" မင်း mask ချွတ်လို့ရမလား? "
ရန်ရိ မျက်မှောင်ကြုတ်ရင်း
" ဒါကဆေးရုံ ငါကဆေးရုံကုတင်ပေါ်လှဲနေတာ မင်းကငါ့ကို mask တပ်ပြီးကြည့်နေတော့ အရမ်းနိမိတ်မကောင်းတာပဲ "
ကုံးရင်ရှန် တုန့်ဆိုင်းနေပြီးမှ mask ကိုချွတ်ကာ မေးရိုးသွယ်သွယ်မှာချထားလိုက်သည်။
ရန်ရိမနေနိုင်မထိုင်နိုင် မေးလိုက်သည်။
" မင်းဆေးရုံတွေကိုမုန်းလား? "
" ဒါပေါ့ ဘယ်သူက ဆေးရုံကြိုက်လို့လဲ? "
" ငါပြောတာက မင်းဆေးရုံကိုအရမ်းမုန်းလားလို့.....မီးကိုမုန်းသလိုမျိုးလေ? မင်းအန်မှာလား? "
" ... "
ကုံးရင့်ရှန် ခဏလောက်တိတ်သွားပြီး
" ကျွန်တော် အောင့်ထားလိုက်မယ် "
" အဲ့တာဆို မင်းဘာလို့လာနေသေးတုန်း "
" ကျွန်တော် ခင်များကို မိလ္လာတွင်းမတော်တဆမှုအကြောင်း မေးချင်လို့လေ "
ရန်ရိ မျက်တောင်ခတ်ကာ ညင်ညင်သာသာပြုံးလိုက်သည်။
" မင်းငါ့ကိုလာကြည့်တာမလား? "
ကုံးရင့်ရှန် တအံ့တသြနဲ့တောင့်သွား၏။
ရန်ရိ ရယ်ကာပြောလိုက်သည်။
" မင်းလူနာလာကြည့်တာဆိုလည်း ငါ့ကိုပြောလေကွာ ဘာရှက်စရာရှိလဲ
ဒီမတော်တဆမှုက အရမ်းရိုးရှင်းတယ် လူတွေကိုလည်း ဖမ်းပြီးသွားပြီ ပြီးတော့ သက်သေခံတွေလည်းတစ်ပုံကြီးရှိနေတာပဲကို..
မင်းဒီကို ချက်ချင်းကြီးပြေးလာရပြီး ငါ့ကိုမေးလောက်တဲ့အထိ စိုးရိမ်စရာမရှိပါဘူးလေ?
မင်းငါ့ကို တွေ့ဖို့လာတာမလား? "
[ T/n : arr...ချက်ကောင်းကိုထိတာပဲ ဘဒို ]
ကုံးရင့်ရှန် လက်ပိုက်လိုက်ရင်း
" ခင်များတွေးချင်ရာတွေးခွင့်ရှိတယ် ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး ကျွန်တော်လာတာက ခင်များရဲတပ်ဖွဲ့နဲ့ပူးပေါင်းပေးဖို့ပဲ ခင်များ အခုကူညီလို့ရပြီလား? "
" အေးပါကွာ "
ရန်ရိ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွား၏။
" ဟေး မင်းကအပျိုလေးလား? မင်း လက်ကိုင်ပုဝါတောင် ဆောင်နေတုန်းပဲ အခုရောယူလာသေးတာလား? "
ကုံးရင့်ရှန် မျက်စိမှေးစင်းလိုက်လျက်
" အဲ့တာက လက်သုတ်ပုဝါပါ လက်ကိုင်ပုဝါမဟုတ်ဘူး "
[ T/n : I don't know the difference between 手绢 and 手帕. But both are Handkerchief so I wrote လက်ကိုင်ပုဝါ and လက်သုတ်ပုဝါ. Those words are really different in Myanmar lol
You know that လက်ကိုင်ပုဝါ is more gentle in usage ]
ရန်ရိ အပြုံးဖြင့် သည်းခံရင်း
" ဘာများကွာခြားလို့လဲ? "
" ခင်များမျက်နှာကိုတောင် သုတ်ပြီးပြီဆိုတော့ တကယ်ကိုဘာမှမကွာခြားတော့ပါဘူး "
ကုံးရင့်ရှန် ပြောလိုက်သည်။
" အားလုံးအမှိုက်တွေပဲဖြစ်မှာ "
ရန်ရိ လှောင်ပြုံးလိုက်လျက်
" ငါမင်းကို ပြန်ပေးရမှာလား? "
ကုံးရင့်ရှန် သူ့ notebook နဲ့ အသံသွင်း pen ကိုထုတ်လိုက်သည်။
" အဓိပ္ပါယ်မရှိတာတွေပြောမနေနဲ့တော့ ခင်များအခင်းနေရာကိုရောက်တော့ ကြားတာ မြင်တာတွေပြောပြ "
ရန်ရိ ကယ်ဆယ်ရေးလုပ်ငန်းတစ်ရပ်လုံးကို ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ သူတို့အလုပ်က မကြာခဏဆိုသလို မှုခင်းတွေ ရာဇ၀တ်မှုတွေနဲ့ဆက်နွယ်နေကာ ကယ်ဆယ်ရေးက အခင်းနေရာကို အနည်းနဲ့အများတော့ ထိခိုက်စေသည်။
သူလည်း မကြာမကြာ ရဲတွေနဲ့ အခင်းပထမဆုံး သတင်းပေးအနေဖြင့်ပူးပေါင်းလုပ်ဆောင်ရ၏။
ဒီအမှုက မပြင်းထန်ပေမယ့် အကျိုးဆက်နဲ့ ဆုံးရှုံးမှုကတော့ အလွန်ကိုဆိုးရွားသည်။
စကားပြောပြီးတော့ ရန်ရိကခါးဆန့်ကာ ကုံးရင့်ရှန်ကတော့ သူ့ notebook ကိုဖယ်လိုက်ပြီး ရန်ရိကိုကြည့်ရင်း မသိမသာမေးလိုက်သည်။
" ဘယ်လိုခံစားရလဲ? "
" ဘာကို? "
" .....အသက်ကယ်ရတာ "
ကုံးရင့်ရှန် မျက်လုံးများအောက်စိုက်လိုက်တော့ သူ့ရဲ့မျက်တောင်ရှည်များက ပြန့်ကားနေသည့်ယပ်တောင်အလား မျက်ခမ်းစပ်တွင်အရိပ်ထင်ဟပ်လေ၏။
" အထူးသဖြင့် မီးသတ်ရတဲ့အခါမျိုး "
ရန်ရိ တစ်ခဏတွေးလိုက်ပြီး
" ငါအရမ်းစိတ်လှုပ်ရှားပြီး ကြောက်တယ် အရာအားလုံးမြန်နိုင်သမျှမြန်မြန် ပြီးသွားပါစေလို့ပဲ မျှော်လင့်နေမိတယ် "
" ခင်များသေမယ်လို့တွေးဖူးလား? "
ကုံးရင့်ရှန် မျက်လုံးတွေက အနည်းငယ် လမ်းစပျောက်နေသည်။
" ဒါပေါ့ တစ်နေကုန် အန္တရာယ်များတဲ့နေရာကို အ၀င်အထွက်လုပ်နေရတာကို "
ရန်ရိ ပခုံးတွန့်လိုက်ရင်း
" ဒါပေမယ့် အဲ့လိုတွေးနေလည်း အပိုပဲ ဒီအလုပ်ကို အချိန်အကြာကြီးလုပ်ခဲ့ပြီးတော့ ငါအမှန်တရားကို နားလည်သွားပြီ လူတိုင်းသိပေမယ့် အနည်းငယ်ပဲနားလည်တဲ့အမှန်တရား "
" အကြောင်းပြချက်ကဘာလဲ? "
ရန်ရိ လက်ညှိုးထောင်လိုက်ကာ
" လူတိုင်းမှာ သူ့ကိုယ်ပိုင်ဘ၀နဲ့သူရှိပြီးသား "
ကုံးရင့်ရှန် ဘာမှမပြောပေ။
" ငါ မတော်တဆမှုအများကြီးတွေ့ဖူးတယ် အချို့မတော်တဆမှုတွေက.....မင်းတောင်လက်မခံနိုင်စရာပဲ မင်းတိုက်ပွဲ၀င်ရသလိုမျိုးပေါ့ မင်းသေချာပုန်းပေမယ့် ဗုံးတွေအဆက်မပြတ်ကျဲချတာခံလိုက်ရတယ်
မင်းတိုက်ခိုက်ရင်း တိုက်ပွဲထဲရောက်သွားပေမယ့် အနာတရမဖြစ်ဘူး ဘယ်သူသိနိုင်မလဲ? လူတွေဆိုတာလည်း အဲ့လိုသဘောပဲ "
[ T/n : ကံကြမ္မာဆိုတာကြိုမသိနိုင်ဘူး ဆိုတဲ့သဘော ]
ရန်ရိ မချိမဆန့်ပြုံးလိုက်သည်။
" ပထမအချက်ကတော့ သေလမ်းမရှာနဲ့ တစ်ခုခုဖြစ်လာရင် ကိုယ့်ကိုကိုယ်ကယ်တင်ဖို့ကြိုးစားရတယ် အဆုံးသတ်ကဘ၀မို့ ငါမသေသင့်ဘူးဆို မသေဘူးပဲ "
ကုံးရင့်ရှန် ညင်ညင်သာသာလေး တိုးဖွပြောလိုက်သည်။
" ခင်များသေရမလား မသေရဘူးလားဆိုတာ ဘယ်သူဆုံးဖြတ်မှာမို့လဲ? "
" ဘာရယ်? "
" ခင်များဘာလို့ ဒီနာမည်မှည့်ထားတာလဲ? "
ရန်ရိ ပြောပြလိုက်သည်။
" ငါမွေးတုန်းက ဆရာတစ်ယောက်က ငါ့ရဲ့ဓါတ်ငါးပါးမှာ မီးဓါတ်လိုတယ်လို့ပြောတယ် နာမည်ကိုအဲ့တာနဲ့ဖြည့်ရမယ်တဲ့ ငါ့အဖေ အဘိဓါန်ကိုလှန်လှောရှာကြည့်တော့ ဒီလို ပုံစံကွဲနာမည်မျိုးတွေ့ပြီး ချီး အဲ့တာနဲ့မှည့်လိုက်တာပဲ "
" မလှဘူး "
ကုံးရင့်ရှန် မယဥ်မကျေးပြောလိုက်သည်။
" ငါလည်းအခေါ်ခံချင်တာမဟုတ်ပါဘူး ငါ့နာမည်ကိုအမြဲပြောင်းချင်နေတာ ပျင်းလို့သာပေါ့ "
ရန်ရိ ကုံးရင့်ရှန်ကို မျက်စောင်းထိုးလိုက်ပြီး
" ဘာလို့လဲ မင်းကငါ့ကို ဒီနာမည်ကြောင့် မုန်းနေတာလား? "
ကုံးရင့်ရှန် အီးရောဝါးရောလုပ်လိုက်ရင်း
" ကောင်းကောင်းနားပါ ကျွန်တော်သွားသင့်ပြီ "
" နေဦး ခိုင့်၀မ်အကြောင်း သတင်းထူးသေးလား? "
" အင်း ကျွန်တော် အဖေနဲ့သမီးကြားက လူမှုရေးအဆက်အသွယ်တွေ၊ ကိုယ်ရေးကိုယ်တာအဆက်အသွယ်တွေနဲ့ အခြားဆက်ဆံရေးသတင်းတွေ စုစည်းထားတယ် မူးယစ်တိုက်ဖျက်ရေးအဖွဲ့က တပ်ဖွဲ့သားတစ်ယောက်ကလည်း ထောင်ကျန့်အကြောင်း အတော်ပြောပြတယ် သူတို့ထောင်ကျန့်ဆီကယူခဲ့တာ ယွမ်၃သိန်းကျော်မှန်း လုံး၀သေချာတယ် ပြီးတော့အခု အဲ့ပိုက်ဆံတွေဘယ်ရောက်လဲသိမယ့်သူ တစ်ယောက်လည်း ရှိနေတယ် "
" ဘယ်သူလဲ? "
" အဲ့တာကအတော်ရှုပ်ထွေးတယ် ခင်များဆေးရုံဆင်းမှ ဆက်ပြောတာပေါ့ "
ရန်ရိ ခေါင်းညိတ်လိုက်ပြီး
" ငါမင်းကို ဌာနခွဲမှာလာတွေ့မယ် "
ကုံးရင့်ရှန် mask ပြန်တပ်ကာ လှည့်ထွက်သွားပြီး
တံခါးနားရောက်တော့ ရပ်လိုက်ကာ ခေါင်းပြန်လှည့်လာသည်။
" ပြိုင်ပွဲကျင်းပမယ့် အချိန်နဲ့ နေရာကို ကျွန်တော့်ဖုန်းထဲ စာပို့ထားပေး "
ရန်ရိ ကြောင်နေတုန်းမှာပဲ ကုံးရင့်ရှန်က တံခါးဖွင့်ကာ ထွက်သွားခဲ့ပြီ။
ရန်ရိပြန်အသိ၀င်လာတော့ သူ့မျက်နှာ အပြုံးကြီးတစ်ခုချိတ်ဆွဲလျက်။ ။
==============
ahhhhhhhhhhh I love it ToT
happy new year ညမှာ ပျော်ရွှင်စရာ chapter လေးနဲ့ ပျော်လိုက်ကြပါ....
ကျနော်တော့ စာထိုင်ရိုက်ရတာနဲ့တင် ဘာမှမလုပ်ဖြစ် countdown လည်းမှီမယ်မထင်ဘူး
ဒီ chapter မှာတော့ ကုံးရင့်ရှန်ရဲ့ မူနေတဲ့စိတ်လေးပြေသွားပြီး ညစ်ပတ်နေတဲ့ ရန်ရိကို လက်ကိုင်ပုဝါ...(အို့ သူပြောတာ လက်သုတ်ပုဝါပါတဲ့ haha )
နဲ့သုတ်ပေးတာလေးရယ်
စိတ်ပူလို့ လာပြေးတွေ့တာလေးရယ်
ပြိုင်ပွဲမသွားဘူးပဲငြင်းနေရင်းက ပြိုင်ပွဲအချိန်နဲ့နေရာကို မေးတာရယ်
သူ့ဘ၀မှာရန်ရိက အရေးပါတဲ့လူသားတစ်ယောက်မှန်း သိပ်သိလာလှပါတယ်
ခင်များတို့ မြန်မြန် $#@€!! စေချင်တာသိပါတယ် ဒါပေမယ့် ဒီ novel ကအရင်ကဟာတွေလိုမဟုတ်ဘဲ လှိုင်းစီးသလို ယိမ်းနွဲ့နွဲ့ယားကျိကျိလေးတွေမို့ ရွှေစိတ်တော်တွေ မညှိုးစေချင်ပါ
တစ်ခါတလေ ဒီလို အချစ်ရဲ့အဆင့်တစ်ခုချင်းစီကိုဖတ်ရတာနဲ့တင် လူတစ်ယောက်က passion ကြောင့်ရယ်ပဲမဟုတ်ဘဲနဲ့ ရင်းနှီးမှု နားလည်မှု ကာကွယ်မှု မြတ်နိုးမှု ချစ်ခြင်း ပိုင်ဆိုင်လိုခြင်း စသဖြင့် အဆင့်လိုက်လာတယ်ဆိုတာသိရပါတယ်
နောက်ပြီး ကုံးရင့်ရှန်က ပြောရရင် စိတ်ဒဏ်ရာရှိသူမို့ သူ့ပြောင်းလဲမှုက ကလေးတစ်ယောက်ကြီးပြင်းလာသလိုပါပဲ စောင့်ကြည့်ရရင်း စိတ်၀င်စားဖို့ကောင်းလာတယ်
ကဲ ကျနော်လျှာမရှည်တော့ပါဘူး အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေခင်မျာ~
ဘ၀မှာ ကိုယ်တကယ်ချစ်ရတဲ့ ကိုယ့်ကိုတကယ်ချစ်တဲ့သူ ကိုယ့်ရဲ့မိသားစုကိုချစ်တဲ့သူမျိုးနဲ့တွေ့ဆုံရပြီး အချစ်ဆိုတဲ့ အရာရဲ့ အေးချမ်းတဲ့ဘက်ခြမ်းကို တွေ့မြင်ခံစားခွင့်ရကြ၍ ရိုးမြေကျ သက်ဆုံးတိုင်လက်တွဲပေါင်းဖက်နိုင်ကြပါစေ ♡
ဘယ်လိုပဲဖြစ်နေပါစေ ဘယ်လူသားမျိုးကိုမှ ချစ်မိနေပါစေ ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖွင့်ဟဖြေရှင်းနိုင်ပြီး ကိုယ့်ဘ၀တာကို ယုံကြည်စွာအပ်နှံထိုက်သူနဲ့တွေ့ဆုံကာ အန္တရာယ်အသွယ်သွယ်ကို ရှောင်လွှားနိုင်ကြပါစေ ♡
ဒီ novel လေးကိုလည်း အဆုံးထိစောင့်မျှော်ဖတ်ရှုရန် စိတ်ဆန္ဒများရှိကြပြီး ကျနော်ကလည်း အဆုံးထိရေးသားပေးနိုင်ပါစေ
အဆုံးထိ အတူရှိသွားပါရစေ ♡♡♡
Edit : Merry Christmas ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ကိုယ့်ရဲ့ ခံစားချက်တွေ feedback ဆက်ရေးလို့ရသေးတယ်နော် ရေးပြီးတဲ့သူတွေတော့မရေးပါနဲ့ ည ၁၂ နာရီကျရင် မဲပေါက်တဲ့သူတွေကြေညာပေးမယ် ကျနော်ကသဘောကောင်းလွန်းလို့ ဘာမှမရေးဘဲ emoji ပဲပေးတဲ့သူကိုတောင် no တပ်ပေးထားပါတယ်
==============================
[ Zawgyi ]
မင္းငါ့ကိုလာေတြ႕တာမလား?
================================
ရန္ရိ သူ႔( စြန္းတင့္ရိ ) ကိုထိန္းေပးထားလိုက္ၿပီး ေပါင္ ၁၇၀ နီးပါးရွိေနေသာ စြန္းတင့္ရိကို လက္လႊဲယူလိုက္ရသျဖင့္ ခ်က္ခ်င္း ေရထဲနစ္မလိုေတာင္ ျဖစ္သြားသည္။
Mask ကိုသူ႔ေခါင္းေပၚ ျပန္တပ္ထားလိုက္လ်က္ စြန္းတင့္ရိ တပ္ဆင္ထားသည့္ ကိရိယာမ်ားကို ခက္ခက္ခဲခဲ ခြၽတ္ရသည္။
ၿပီးေတာ့ တစ္ခ်ိန္တည္းမွာပဲေျပာလိုက္၏။
" ေကာင္းကယ္ ေအာက္ကိုလာကူဖို႔ ၃ ေယာက္လႊတ္လိုက္ အသက္ရႉကိရိယာတစ္စုံလည္းယူလာခဲ့ ျမန္ျမန္ ! "
ေကာင္းကယ္ မ်က္ႏွာက ေခြၽးစို႔ေနလ်က္။ သူအမိန႔္ေပးလိုက္သည္။
" ေစြ႕ရိရွန႔္ မင္း သူတို႔ႏွစ္ေယာက္ကိုေခၚၿပီးေအာက္ဆင္းလိုက္ မင္းအရင္ဆင္း၊ အသက္ေအာင့္ထား၊ ၿပီးရင္ တန္ဆာေတြ ခ်ေပးမယ္ "
" ဟုတ္ကဲ့ ! "
ရန္ရိ စြန္းတင့္ရိ ကိုကူတြဲရင္း ေရနက္ထဲမွာမနည္း ေရွ႕ဆက္တိုးေနရသည္။
သူ mask ကို စြန္းတင့္ရိနဲ႔ အခ်ိန္အလိုက္ အလဲအလွယ္လုပ္ေနရၿပီး လီဆာကလည္း အလုပ္သမားကို ကူရင္း လိုက္လာသည္။
ကံေကာင္းတာက အလုပ္သမားက ပိန္ေပလို႔၊ မဟုတ္ရင္ ဒီလို တစ္လက္မေတာင္ ေ႐ြ႕ဖို႔ခက္ေနတဲ့ ပတ္ဝန္းက်င္မ်ိဳးမွာ သူ(မ) စိုးရိမ္ရေပမည္။
သိပ္အေဝးႀကီးမေလွ်ာက္ရေသးခင္ လွ်ိဳေဟြးက အရင္အေျပးေရာက္လာ၏။
ရန္ရိ ဆူလိုက္သည္။
" ငါ ေရွာင္ေထာင္ကို ၾကည့္ခိုင္းထားရဲ႕သားနဲ႔ "
" ေရွာင္ေထာင္ကလာကူဖို႔ေျပာတာပါ "
လွ်ိဳေဟြးက စြန္းတင့္ရိကို ကူဖို႔ဟန္ျပင္သည္။
" မင္း လီဆာကိုသြားကူလိုက္ ငါတစ္ေယာက္တည္းရတယ္ "
လွ်ိဳေဟြး အလုပ္သမားကို လႊဲယူလိုက္သည္။
" လီဆာ မင္းေခါင္းေဆာင္ကို ကူလို႔ရတယ္ ငါကအဆင္ေျပတယ္ "
လီဆာ အျမန္ေရာက္လာသည္။
" ေခါင္းေဆာင္ တပ္စုေခါင္းေဆာင္စြန္းက သတိလစ္ေနၿပီး အသက္ရႉမမွန္ဘူး သူ႔ကိုကြၽန္မ mask ေပးလိုက္ၿပီး ကြၽန္မတို႔တစ္ခုကိုမွ်သုံးလို႔ရတယ္ "
ရန္ရိသူ႔ အသက္ရႉကိရိယာကို ခြၽတ္ကာ စြန္းတင့္ရိ ေခါင္းမွာတပ္ေပးလိုက္ၿပီး လီဆာကို OK လို႔ေျပာလိုက္သည္။
လီဆာေခါင္းညိတ္လိုက္ၿပီး စြန္းတင့္ရိကို ကူတြဲကာ ရန္ရိနဲ႔ ေဘးတိုက္ရပ္လိုက္သည္(စြန္းတင့္ရိကို အလယ္ထားတဲ့ပုံစံ/ႏွစ္ေယာက္ယွဥ္ရပ္) ။
ထို႔ေနာက္ ေကာင္းကယ္ရဲ႕အကူေတြေရာက္မလာခင္အထိ ႏွစ္ေယာက္သား mask အလဲအလွယ္လုပ္ၾကရ၏။
ေရစုပ္စက္ကလည္း မိလႅာတြင္းထဲက ေရညစ္ေတြကို စုပ္ထုတ္ေနေတာ့ သူတို႔ေရွ႕တိုးသြားသည္ႏွင့္အမွ် ေရကပိုပိုတိမ္သြားသည္။
ေနာက္ေတာ့ အလုပ္သမားႏွင့္ စြန္းတင့္ရိကိုလည္း ေအာင္ေအာင္ျမင္ျမင္အျပင္ထုတ္ႏိုင္ခဲ့ၿပီး ေရွာင္ေထာင္ကိုလည္း ကယ္ဆယ္ႏိုင္ခဲ့သည္။
ရန္ရိ စြန္းတင့္ရိကို လူနာတင္ကပ္ေပၚတင္လိုက္ကာ အေရးေပၚဝန္ထမ္းကို မ်က္လုံးမ်ားနီေဆြးလ်က္ စိုက္ၾကည့္ေနရင္း ႏႈတ္ခမ္းမ်ားလည္း တုန္ယင္ေနေပမယ့္ တစ္ခဏေလာက္ စကားမေျပာႏိုင္ေပ။
အေရးေပၚဝန္ထမ္းက ေျပာလာသည္။
" ေခါင္းေဆာင္ ကြၽန္မတို႔အလုပ္လုပ္ရမွာမို႔ လမ္းဖယ္ေပးပါ "
သူ(မ) စြန္းတင့္ရိရဲ႕ မ်က္ခြံကိုဖြင့္ ၾကည့္လိုက္ၿပီးေနာက္ ပါးစပ္ကိုဖြင့္လိုက္ကာ သူ႔အလုပ္ေဖာ္ကို ေျပာလိုက္သည္။
" Intubation လုပ္ဖို႔ျပင္ထား "
[ T/n : Intubation ဆိုတာက ခံတြင္းကေန Endotracheal tube ( ET ) ကိုထည့္ၿပီး အသက္ရႉလမ္းေၾကာင္းကိုစစ္ေဆးတာပါ ( covid 19 ရွိ/မရွိ စစ္တာနဲ႔အတူတူပါပဲ ) ]
ရန္ရိ ေလးေလးပင္ပင္ ေျပာလိုက္သည္။
" သူအဆင္ေျပမွာလား "
တပ္သားအားလုံး ေဘးမွာရပ္ေနၾကၿပီး စြန္းတင့္ရိကို စိုးရိမ္ပူပန္ကာ မတတ္သာသည့္အၾကည့္မ်ားျဖင့္ ၾကည့္ေနၾကသည္။
အေရးေပၚဝန္ထမ္းက ေျပာလာ၏။
" ကြၽန္မတို႔အေကာင္းဆုံးႀကိဳးစားမွာပါ "
ထိခိုက္ဒဏ္ရာရသူမ်ားကို လူနာတင္ယာဥ္ျဖင့္ တစ္ေယာက္စီ ေခၚသြားသည္။
ေရွာင္ေထာင္က လူနာတင္ကပ္ေပၚမွာ လွဲရမည္ကို ျငင္းဆိုလ်က္။
" ကြၽန္ေတာ့္ေျခေထာက္ကာ လည္သြား႐ုံပါပဲ ဘာမွမျပင္းထန္ဘူး အဲ့တာေၾကာင့္ ကြၽန္ေတာ္ ေဆး႐ုံသြားဖို႔မလိုပါဘူးဗ်ာ "
" ကြၽန္ေတာ္တို႔ကလည္း အႏၲရာယ္ကင္းဖို႔လုပ္ရတာပါ "
အေရးေပၚဝန္ထမ္းကေျပာသည္။
" ကြၽန္ေတာ္တကယ္မျဖစ္...."
" ေဆး႐ုံသြားမွေပါ့ ! "
ရန္ရိ သူ႔ကိုစူးစိုက္ၾကည့္ကာ ေဟာက္လိုက္သည္။
ေရွာင္ေထာင္ ေခါင္းငုံ႔သြား၏။
ရန္ရိ ႐ုတ္တရက္ ရင္တုန္လာသည္ကိုခံစားမိလိုက္ၿပီး အသက္ရႉျမန္လာကာ ခႏၶါကိုယ္လည္း ယိုင္သြားသည္။
" ေခါင္းေဆာင္ရန္ ! "
ေကာင္းကယ္က သူ႔ကို ထိန္းေပးလိုက္သည္။
လီဆာနဲ႔ လွ်ိဳေဟြးသည္လည္း တျဖည္းျဖည္းခ်င္း ထိုင္က်သြားၾကလ်က္ သူတို႔မ်က္ႏွာေတြက အလြန္ကို ျဖဴစုတ္ေနသည္။
ေကာင္းကယ္ ေအာ္လိုက္၏။
" သူတို႔ တြင္းထဲမွာ mask ခြၽတ္ခဲ့တယ္ ! "
အေရးေပၚဝန္ထမ္းက အင္တာကြန္းခလုတ္ကို ႏွိပ္လိုက္ၿပီး
" Reception ဒီကို လူနာတင္ယာဥ္ ၂ စီးထပ္လႊတ္ေပးပါ။ အရင္ဆုံး သူတို႔အဝတ္ေတြခြၽတ္ၿပီး ေျမျပင္မွာ အလ်ားလိုက္ လွဲထားေပးၿပီး အသက္ရႉေခ်ာင္ေအာင္လို႔ လူစုခြဲေပးၾကပါ "
" ေခါင္းေဆာင္ရန္! ေခါင္းေဆာင္ "
ေကာင္းကယ္က ရန္ရိရဲ႕ တန္ဆာပလာေတြ ျဖဳတ္ေပးလိုက္ၿပီး coat ကိုခြၽတ္ကာ ေျမျပင္ေပၚသို႔ ျဖည္းျဖည္းခ်င္း လွဲခ်ေပးလိုက္သည္။
ရပ္ကြက္ရဲ႕ ၈၀% ေသာ ဝရံတာမ်ား၌ လူမ်ားျဖင့္ျပည့္ႏွက္ေနကာ မိလႅာတြင္းပတ္လည္မွာလည္း ဝိုင္းေနၾကေသးသည္။
မီးသတ္ကားမ်ား၊ လူနာတင္ယာဥ္မ်ားႏွင့္ ရဲဌာနယာဥ္မ်ားက ဂိတ္ကိုပိတ္ရပ္ထားၾက၏။
ရန္ရိ တျဖည္းျဖည္းနဲ႔ အသံေတြ၊ ေအာ္ဟစ္သံေတြနဲ႔ သူ႔ပတ္ပတ္လည္က ဆူညံသံေတြကိုမၾကားႏိုင္ေတာ့ေပ။
သူနည္းနည္း မူးေနာက္ေနာက္ျဖစ္ေနေပမယ့္ သတိေတာ့လစ္မသြားခ်င္။
ထို႔ေၾကာင့္ သူ႔အသိစိတ္ကိုေတာင့္ခံထားရင္ မ်က္ခြံမ်ားကိုဖြင့္ထားရသည္။
႐ုတ္တရက္ သူ႔အျမင္အာ႐ုံ၌ ေဖြးဥကာ ႏုနယ္ေသာ မ်က္ႏွာတစ္ခုေပၚလာလ်က္ မျဖစ္ႏိုင္ေလာက္တဲ့ မ်က္ႏွာေလးက သူ႔ကို ငုံ႔ၾကည့္ကာ ႏႈတ္ခမ္းဖ်ားမွလည္း သူ႔နာမည္ကို ေခၚေနေလ၏။
ကုံးရင့္ရွန္? သူဘာလို႔ဒီေရာက္ေနတာလဲ?
အို႔ သူကရဲပဲ တာဝန္ေၾကာင့္ေနမွာေပါ့...
ကုံးရင့္ရွန္ အသံက ျမႇားတစ္စင္းအလား၊
ေတာင္တန္းမ်ားႏွင့္ ျမစ္မ်ားကိုျဖတ္ေက်ာ္ကာ ထူထပ္ေသာ ျမဴႏွင္းထုကိုထိုးေဖာက္၍ ေနာက္ဆုံး သူ႔နားစည္ထံေရာက္ရွိလာလ်က္ ထို ' ရန္ရိ ' ဆိုတဲ့ ေခၚသံႏွင့္အတူ သူ႔အၾကားအာ႐ုံလည္း ျပန္ရလာသည္။
ရန္ရိ မ်က္လုံးမ်ားကို အတင္းၿဖဲဖြင့္လိုက္ၿပီး ကုံးရင့္ရွန္ကို ေဝဝါးဝါး ၾကည့္လိုက္သည္။
" မင္း....."
ကုံးရင့္ရွန္ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ကာ နက္နက္နဲနဲအသံျဖင့္ေျပာလာ၏။
" စကားမေျပာနဲ႔ မၾကာခင္ လူနာတင္ယာဥ္ေရာက္ေတာ့မယ္ "
ရန္ရိ မနာခံသလို ၿပဳံးလိုက္ရင္း
" ငါ...ငါ့ကိုယ္က ေျမာင္းနံ႔လိုပဲ မင္းမေၾကာက္ဘူးလား "
[ T/n: ေသခါနီးမွာေတာင္ ေျပာခ်င္တဲ့စကားက ဒါတဲ့လား ....]
" စကားမေျပာနဲ႔ "
ကုံးရင့္ရွန္ သူ႔အိတ္ကပ္ထဲကေန စြတ္စြတ္ျဖဴတဲ့ လက္ကိုင္ပုဝါေလးကိုထုတ္လိုက္ၿပီး ရန္ရိ မ်က္ႏွာေပၚက မိလႅာနဲ႔ ေခြၽးနဲ႔ေရာေနတဲ့ ညစ္တီးညစ္ပတ္ေတြကို သုတ္ေပးလိုက္သည္။
ရန္ရိ ခက္ခက္ခဲခဲ အသက္ရႉလိုက္ေသာ္ျငား အသက္ရႉမဝသလိုခံစားရတုန္းပင္။
သူ႔အဆုတ္က ေလေလ်ာ့သြားတဲ့ ပူေဖာင္းလိုျဖစ္ေနၿပီး ေအာက္ဆီဂ်င္ကေပ်ာက္ခ်င္းမလွေပ်ာက္သြားသည္။
" လီဆာနဲ႔ လွ်ိဳေဟြး....."
" သူတို႔အဆင္ေျပတယ္ လူနာတင္ယာဥ္ေစာင့္ေနၾကတာ "
ေနာက္ဆုံးေတာ့ ေထာက္ပံ့ေရးလူနာတင္ယာဥ္ေရာက္လာသည္။
ရန္ရိကို လူနာတင္ကပ္နဲ႔သယ္သြားၾကၿပီး အသက္ရႉ mask တပ္ေပးလိုက္သည္။
သူမ်က္ေတာင္သာသာခတ္ရင္း လူနာတင္ယာဥ္ဆီ ပို႔ေပးၾကမည္ကိုေစာင့္ေနလ်က္။
သူစိတ္မေလွ်ာ့သြားခင္ ဘာမွျပန္ေျပာင္းေအာက္ေမ့စရာမရွိေတာ့သည့္အလား၊
တင္းၾကပ္မႈေတြေအာက္မွာ အိပ္ေမာက်သြားေတာ့၏။
======
ရန္ရိ ႏိုးလာေတာ့ အံ့ၾသမႈမရွိဘဲ သူေဆး႐ုံကုတင္ထက္မွာ ေရာက္ေနေၾကာင္း သိလိုက္သည္။
သူ စိတ္မအီမသာျဖစ္ကာ မူးေနာက္ေနလ်က္ အားေပ်ာ့ၿပီး အန္ခ်င္ခ်င္ျဖစ္ေန၏။
အျပင္းဖ်ားနာတာႀကီးမေပ်ာက္ေသးသလို။
" ရန္ရိ "
ခြၽီယန္ေပါင္က ရန္ရိႏိုးလာတာျမင္ေတာ့ ကိုယ္ကိုေရွ႕သို႔ကိုင္းလိုက္ရင္း
" ဘယ္လိုေနေသးလဲ? "
ရန္ရိ အသိစိတ္ကခဏေလာက္ ဗလာျဖစ္ေနၿပီး မၾကာခင္ပဲ သတိဝင္လာကာ သူစိုးရိမ္တႀကီးေမးလိုက္သည္။
" စြန္းတင့္ရိကေရာ ? အေျခအေနဘယ္လိုလဲ? "
သူထေတာ့မည့္ဆဲဆဲ။
" အဆင္ေျပတယ္ သူအႏၲရာယ္ကင္းသြားပါၿပီ "
ခြၽီယန္ေပါင္က သူ႔ပခုံးကိုကိုင္ကာ ျဖည္းျဖည္းခ်င္း အိပ္ရာဆီျပန္တြန္းပို႔လိုက္သည္။
ရန္ရိ သက္ျပင္းေလးႀကီးခ်မိေတာ့ ႏွာေခါင္းကစူးခနဲျဖစ္ကာ ငိုမိေတာ့မတတ္။
သူေျပာလိုက္သည္။
" အျခားသူေတြေရာ? "
သူ႔အသံကေျခာက္ကပ္ေန၏။
" အဆင္ေျပတယ္ မင္းလိုပဲ မင္းတို႔သုံးေယာက္က နည္းနည္းေလာက္ပဲရႉမိေတာ့ အဆုတ္ေဆးစရာမလိုဘူး ဒါေပမယ့္ ေစာင့္ၾကည့္ဖို႔အတြက္ေတာ့ ေဆး႐ုံမွာရက္နည္းနည္းေနရမယ္ "
ရန္ရိ ေခါင္းညိတ္လိုက္ၿပီး
" ကယ္ခဲ့တဲ့တစ္ေယာက္ကေရာ? "
ခြၽီယန္ေပါင္ သက္ျပင္းခ်ကာ
" ႏွစ္ေယာက္က ပြဲခ်င္းၿပီးေသတယ္ တစ္ေယာက္ကေတာ့ ေဆး႐ုံေယာက္ေပမယ့္ မမွီတာ့ဘူး
က်န္တဲ့သုံးေယာက္ကိုေတာ့ မ်က္ေျခမပ်က္ေစာင့္ၾကည့္ေနရတယ္ အေျခအေနက အရမ္းႀကီးမေကာင္းဘူး "
ရန္ရိ လက္သီးဖြဖြဆုတ္လိုက္သည္။
" ယန္ေပါင္ ဒီအလုပ္ရဲ႕ စိတ္မသက္မသာအျဖစ္ရဆုံး အပိုင္းကိုမင္းသိလား? "
ခြၽီယန္ေပါင္ ဘာမွမေျပာေပ။
ရန္ရိ မ်က္ေတာင္ခတ္ကာ ေရွ႕သို႔ၾကည့္လိုက္သည္။
" အဲ့တာက ေၾကကြဲစရာေတြဘယ္ေတာ့မွ ျဖစ္မလာဖို႔ပဲ "
ခြၽီယန္ေပါင္က အေလးအနက္ေျပာလာသည္။
" ႀကီးၾကပ္တဲ့လူေတြကို ထိန္းသိမ္းထားတယ္ "
" ဟုတ္တယ္ ထိန္းထား မနက္ျဖန္ဆို သူတို႔ရဲ႕တာဝန္မသိ ဝတၱရားပ်က္ကြက္မႈေၾကာင့္ဆိုၿပီး သတင္းထြက္လာဦးမွာပဲ သူတို႔ဝတၱရားပ်က္ကြက္လို႔ လူဘယ္ေလာက္ေတာင္ ေသသြားရတယ္ဆိုၿပီး..
အဲ့လိုသတင္းေတြ ႏွစ္တိုင္း မဆုံးႏိုင္ေအာင္ကို ထြက္ေနတာပဲကြ! "
သူ႔ႏႈတ္ခမ္းမ်ား တုန္ယင္ေနလ်က္။
" အဲ့တာလည္း ဆက္ျဖစ္ေနတုန္းပဲ "
" ငါတို႔က ငါတို႔အလုပ္ငါတို႔ အေကာင္းဆုံးလုပ္ၿပီး အျခားသူေတြလည္း သူတို႔အလုပ္သူတို႔ အေကာင္းဆုံးလုပ္ဖို႔ေမွ်ာ္လင့္ရမွာပဲ အဲ့တာမွ ဒီလိုမေတာ္တဆမႈေတြ ေရွာင္ရွားႏိုင္မွာ "
ထိုအခ်ိန္တြင္ တံခါးေခါက္သံထြက္ေပၚလာ၏။
" ဝင္ခဲ့ "
အခန္းတံခါးပြင့္သြားၿပီး ကုံးရင့္ရွန္ mask တပ္ထားလ်က္ ေလွ်ာက္ဝင္လာသည္။
ရန္ရိ ေနာက္ဆုတ္ကာ ေခါင္းအသာငုံ႔လိုက္ၿပီးေနာက္ သူ႔ကိုယ္သူ မသိမသာေလး အနံ႔ရႉၾကည့္လိုက္သည္။
သူသတိလစ္ေနတုန္း ေရပတ္တိုက္ေပးထားၿပီး အဝတ္လည္းလဲေပးထားေတာ့ ဘာနံ႔မွမရွိေတာ့သည့္ပုံပင္။
သို႔ေပမယ့္ အနံ႔ဆိုးႀကီးက သူ႔မွတ္ညာဏ္ထဲမွာ ခဏတာစြဲေနဆဲျဖစ္ၿပီး ေသေသခ်ာခ်ာကို ျပန္ပုံေဖာ္ႏိုင္ေသးသည္။
" ခင္မ်ားႏိုးၿပီပဲ "
ကုံးရင့္ရွန္ ခြၽီယန္ေပါင္ဘက္ကို ေခါင္းညိတ္ျပလိုက္သည္။(ႏႈတ္ဆက္သည့္သေဘာ)
ခြၽီယန္ေပါင္ ေမးလိုက္သည္။
" ေဒါက္တာကုံး မင္းသူ႔ကိုတစ္ခုခုေမးခ်င္လို႔လား? "
" ရလား? "
ကုံးရင့္ရွန္ ရန္ရိကို ၾကည့္လိုက္သည္။
ရန္ရိ လက္ကို ျဖန႔္ကားျပရင္း စိတ္ေအးသလိုဟန္ေဆာင္ကာ ေျပာလိုက္သည္။
" ငါကရတယ္ လုံးဝအက်န္းမာႀကီးပဲ "
" အဲ့တာဆိုမင္းေျပာ ငါမင္းအတြက္စားစရာယူလာေပးမယ္ စစ္ေဟာ္ မင္းဘာစားမလဲ? "
" ကယ္လိုရီမ်ားမ်ားေလးေတြ ၾကက္ေၾကာ္၊ barbecue၊ တုတ္ထိုး၊ ငါဆာလို႔ေသေတာ့မယ္ "
ခြၽီယန္ေပါင္က ေအးစက္စက္ၿပဳံးကာ
" အိမ္မက္မက္ေနလိုက္ေလ မင္းလည္ေခ်ာင္းကျဖင့္ ျပန္မေကာင္းေသးဘူး ဆန္ျပဳတ္ပဲေသာက္လို႔ရမယ္ "
" အဲ့တာဆို ယားၿပီးေမးရလား "
" မင္း လက္လုပ္ခ်ဥ္ေတြေ႐ြးလို႔ရတယ္ေလ "
" မင္းလုပ္ခ်င္တာလုပ္ "
ရန္ရိ သူ႔ကို လက္ရမ္းျပလိုက္သည္။(ႏွင္ထုတ္*)
ခြၽီယန္ေပါင္ထြက္သြားၿပီးေတာ့ ကုံးရင့္ရွန္ ေဆး႐ုံကုတင္ေရွ႕မွာ ထိုင္လိုက္ၿပီး ရန္ရိကို မမွိတ္မသုန္ၾကည့္ေနသည္။
ရန္ရိ သူ႔ေၾကာင့္ အေမႊးေထာင္သြားရၿပီး
[ T/n : ေၾကာင္ေလးေတြ အႏၲရာယ္အေငြ႕အသက္ရရင္ အေမႊးေထာင္တာမ်ိဳးေလ ]
" မင္းဘာလုပ္ေနတာလဲ? "
" ခင္မ်ားအခုစကားေျပာဖို႔ အဆင္ေျပရဲ႕လားဆိုတာ ေသခ်ာေအာင္လုပ္ေနတာ "
"မင္း ငါ့ကိုအဲ့လိုစိုက္ၾကည့္ေန႐ုံနဲ႔ ေျပာႏိုင္လို႔လား? "
" ရႏိုင္ေလာက္ပါတယ္ ခင္မ်ားအေတာ္တက္ႂကြေနတာပဲ "
ကုံးရင့္ရွန္ ေျပာလာသည္။
" ခင္မ်ား...."
" မင္း mask ခြၽတ္လို႔ရမလား? "
ရန္ရိ မ်က္ေမွာင္ၾကဳတ္ရင္း
" ဒါကေဆး႐ုံ ငါကေဆး႐ုံကုတင္ေပၚလွဲေနတာ မင္းကငါ့ကို mask တပ္ၿပီးၾကည့္ေနေတာ့ အရမ္းနိမိတ္မေကာင္းတာပဲ "
ကုံးရင္ရွန္ တုန႔္ဆိုင္းေနၿပီးမွ mask ကိုခြၽတ္ကာ ေမး႐ိုးသြယ္သြယ္မွာခ်ထားလိုက္သည္။
ရန္ရိမေနႏိုင္မထိုင္ႏိုင္ ေမးလိုက္သည္။
" မင္းေဆး႐ုံေတြကိုမုန္းလား? "
" ဒါေပါ့ ဘယ္သူက ေဆး႐ုံႀကိဳက္လို႔လဲ? "
" ငါေျပာတာက မင္းေဆး႐ုံကိုအရမ္းမုန္းလားလို႔.....မီးကိုမုန္းသလိုမ်ိဳးေလ? မင္းအန္မွာလား? "
" ... "
ကုံးရင့္ရွန္ ခဏေလာက္တိတ္သြားၿပီး
" ကြၽန္ေတာ္ ေအာင့္ထားလိုက္မယ္ "
" အဲ့တာဆို မင္းဘာလို႔လာေနေသးတုန္း "
" ကြၽန္ေတာ္ ခင္မ်ားကို မိလႅာတြင္းမေတာ္တဆမႈအေၾကာင္း ေမးခ်င္လို႔ေလ "
ရန္ရိ မ်က္ေတာင္ခတ္ကာ ညင္ညင္သာသာၿပဳံးလိုက္သည္။
" မင္းငါ့ကိုလာၾကည့္တာမလား? "
ကုံးရင့္ရွန္ တအံ့တၾသနဲ႔ေတာင့္သြား၏။
ရန္ရိ ရယ္ကာေျပာလိုက္သည္။
" မင္းလူနာလာၾကည့္တာဆိုလည္း ငါ့ကိုေျပာေလကြာ ဘာရွက္စရာရွိလဲ
ဒီမေတာ္တဆမႈက အရမ္း႐ိုးရွင္းတယ္ လူေတြကိုလည္း ဖမ္းၿပီးသြားၿပီ ၿပီးေတာ့ သက္ေသခံေတြလည္းတစ္ပုံႀကီးရွိေနတာပဲကို..
မင္းဒီကို ခ်က္ခ်င္းႀကီးေျပးလာရၿပီး ငါ့ကိုေမးေလာက္တဲ့အထိ စိုးရိမ္စရာမရွိပါဘူးေလ?
မင္းငါ့ကို ေတြ႕ဖို႔လာတာမလား? "
[ T/n : arr...ခ်က္ေကာင္းကိုထိတာပဲ ဘဒို ]
ကုံးရင့္ရွန္ လက္ပိုက္လိုက္ရင္း
" ခင္မ်ားေတြးခ်င္ရာေတြးခြင့္ရွိတယ္ ကြၽန္ေတာ္နဲ႔ဘာမွမဆိုင္ဘူး ကြၽန္ေတာ္လာတာက ခင္မ်ားရဲတပ္ဖြဲ႕နဲ႔ပူးေပါင္းေပးဖို႔ပဲ ခင္မ်ား အခုကူညီလို႔ရၿပီလား? "
" ေအးပါကြာ "
ရန္ရိ ႐ုတ္တရက္ တစ္စုံတစ္ရာကို သတိရသြား၏။
" ေဟး မင္းကအပ်ိဳေလးလား? မင္း လက္ကိုင္ပုဝါေတာင္ ေဆာင္ေနတုန္းပဲ အခုေရာယူလာေသးတာလား? "
ကုံးရင့္ရွန္ မ်က္စိေမွးစင္းလိုက္လ်က္
" အဲ့တာက လက္သုတ္ပုဝါပါ လက္ကိုင္ပုဝါမဟုတ္ဘူး "
[ T/n : I don't know the difference between 手绢 and 手帕. But both are Handkerchief so I wrote လက္ကိုင္ပုဝါ and လက္သုတ္ပုဝါ. Those words are really different in Myanmar lol
You know that လက္ကိုင္ပုဝါ is more gentle in usage ]
ရန္ရိ အၿပဳံးျဖင့္ သည္းခံရင္း
" ဘာမ်ားကြာျခားလို႔လဲ? "
" ခင္မ်ားမ်က္ႏွာကိုေတာင္ သုတ္ၿပီးၿပီဆိုေတာ့ တကယ္ကိုဘာမွမကြာျခားေတာ့ပါဘူး "
ကုံးရင့္ရွန္ ေျပာလိုက္သည္။
" အားလုံးအမႈိက္ေတြပဲျဖစ္မွာ "
ရန္ရိ ေလွာင္ၿပဳံးလိုက္လ်က္
" ငါမင္းကို ျပန္ေပးရမွာလား? "
ကုံးရင့္ရွန္ သူ႔ notebook နဲ႔ အသံသြင္း pen ကိုထုတ္လိုက္သည္။
" အဓိပၸါယ္မရွိတာေတြေျပာမေနနဲ႔ေတာ့ ခင္မ်ားအခင္းေနရာကိုေရာက္ေတာ့ ၾကားတာ ျမင္တာေတြေျပာျပ "
ရန္ရိ ကယ္ဆယ္ေရးလုပ္ငန္းတစ္ရပ္လုံးကို ခြဲျခမ္းစိတ္ျဖာျပလိုက္သည္။ သူတို႔အလုပ္က မၾကာခဏဆိုသလို မႈခင္းေတြ ရာဇဝတ္မႈေတြနဲ႔ဆက္ႏြယ္ေနကာ ကယ္ဆယ္ေရးက အခင္းေနရာကို အနည္းနဲ႔အမ်ားေတာ့ ထိခိုက္ေစသည္။
သူလည္း မၾကာမၾကာ ရဲေတြနဲ႔ အခင္းပထမဆုံး သတင္းေပးအေနျဖင့္ပူးေပါင္းလုပ္ေဆာင္ရ၏။
ဒီအမႈက မျပင္းထန္ေပမယ့္ အက်ိဳးဆက္နဲ႔ ဆုံးရႈံးမႈကေတာ့ အလြန္ကိုဆိုး႐ြားသည္။
စကားေျပာၿပီးေတာ့ ရန္ရိကခါးဆန႔္ကာ ကုံးရင့္ရွန္ကေတာ့ သူ႔ notebook ကိုဖယ္လိုက္ၿပီး ရန္ရိကိုၾကည့္ရင္း မသိမသာေမးလိုက္သည္။
" ဘယ္လိုခံစားရလဲ? "
" ဘာကို? "
" .....အသက္ကယ္ရတာ "
ကုံးရင့္ရွန္ မ်က္လုံးမ်ားေအာက္စိုက္လိုက္ေတာ့ သူ႔ရဲ႕မ်က္ေတာင္ရွည္မ်ားက ျပန႔္ကားေနသည့္ယပ္ေတာင္အလား မ်က္ခမ္းစပ္တြင္အရိပ္ထင္ဟပ္ေလ၏။
" အထူးသျဖင့္ မီးသတ္ရတဲ့အခါမ်ိဳး "
ရန္ရိ တစ္ခဏေတြးလိုက္ၿပီး
" ငါအရမ္းစိတ္လႈပ္ရွားၿပီး ေၾကာက္တယ္ အရာအားလုံးျမန္ႏိုင္သမွ်ျမန္ျမန္ ၿပီးသြားပါေစလို႔ပဲ ေမွ်ာ္လင့္ေနမိတယ္ "
" ခင္မ်ားေသမယ္လို႔ေတြးဖူးလား? "
ကုံးရင့္ရွန္ မ်က္လုံးေတြက အနည္းငယ္ လမ္းစေပ်ာက္ေနသည္။
" ဒါေပါ့ တစ္ေနကုန္ အႏၲရာယ္မ်ားတဲ့ေနရာကို အဝင္အထြက္လုပ္ေနရတာကို "
ရန္ရိ ပခုံးတြန႔္လိုက္ရင္း
" ဒါေပမယ့္ အဲ့လိုေတြးေနလည္း အပိုပဲ ဒီအလုပ္ကို အခ်ိန္အၾကာႀကီးလုပ္ခဲ့ၿပီးေတာ့ ငါအမွန္တရားကို နားလည္သြားၿပီ လူတိုင္းသိေပမယ့္ အနည္းငယ္ပဲနားလည္တဲ့အမွန္တရား "
" အေၾကာင္းျပခ်က္ကဘာလဲ? "
ရန္ရိ လက္ညႇိဳးေထာင္လိုက္ကာ
" လူတိုင္းမွာ သူ႔ကိုယ္ပိုင္ဘဝနဲ႔သူရွိၿပီးသား "
ကုံးရင့္ရွန္ ဘာမွမေျပာေပ။
" ငါ မေတာ္တဆမႈအမ်ားႀကီးေတြ႕ဖူးတယ္ အခ်ိဳ႕မေတာ္တဆမႈေတြက.....မင္းေတာင္လက္မခံႏိုင္စရာပဲ မင္းတိုက္ပြဲဝင္ရသလိုမ်ိဳးေပါ့ မင္းေသခ်ာပုန္းေပမယ့္ ဗုံးေတြအဆက္မျပတ္က်ဲခ်တာခံလိုက္ရတယ္
မင္းတိုက္ခိုက္ရင္း တိုက္ပြဲထဲေရာက္သြားေပမယ့္ အနာတရမျဖစ္ဘူး ဘယ္သူသိႏိုင္မလဲ? လူေတြဆိုတာလည္း အဲ့လိုသေဘာပဲ "
[ T/n : ကံၾကမၼာဆိုတာႀကိဳမသိႏိုင္ဘူး ဆိုတဲ့သေဘာ ]
ရန္ရိ မခ်ိမဆန႔္ၿပဳံးလိုက္သည္။
" ပထမအခ်က္ကေတာ့ ေသလမ္းမရွာနဲ႔ တစ္ခုခုျဖစ္လာရင္ ကိုယ့္ကိုကိုယ္ကယ္တင္ဖို႔ႀကိဳးစားရတယ္ အဆုံးသတ္ကဘဝမို႔ ငါမေသသင့္ဘူးဆို မေသဘူးပဲ "
ကုံးရင့္ရွန္ ညင္ညင္သာသာေလး တိုးဖြေျပာလိုက္သည္။
" ခင္မ်ားေသရမလား မေသရဘူးလားဆိုတာ ဘယ္သူဆုံးျဖတ္မွာမို႔လဲ? "
" ဘာရယ္? "
" ခင္မ်ားဘာလို႔ ဒီနာမည္မွည့္ထားတာလဲ? "
ရန္ရိ ေျပာျပလိုက္သည္။
" ငါေမြးတုန္းက ဆရာတစ္ေယာက္က ငါ့ရဲ႕ဓါတ္ငါးပါးမွာ မီးဓါတ္လိုတယ္လို႔ေျပာတယ္ နာမည္ကိုအဲ့တာနဲ႔ျဖည့္ရမယ္တဲ့ ငါ့အေဖ အဘိဓါန္ကိုလွန္ေလွာရွာၾကည့္ေတာ့ ဒီလို ပုံစံကြဲနာမည္မ်ိဳးေတြ႕ၿပီး ခ်ီး အဲ့တာနဲ႔မွည့္လိုက္တာပဲ "
" မလွဘူး "
ကုံးရင့္ရွန္ မယဥ္မေက်းေျပာလိုက္သည္။
" ငါလည္းအေခၚခံခ်င္တာမဟုတ္ပါဘူး ငါ့နာမည္ကိုအၿမဲေျပာင္းခ်င္ေနတာ ပ်င္းလို႔သာေပါ့ "
ရန္ရိ ကုံးရင့္ရွန္ကို မ်က္ေစာင္းထိုးလိုက္ၿပီး
" ဘာလို႔လဲ မင္းကငါ့ကို ဒီနာမည္ေၾကာင့္ မုန္းေနတာလား? "
ကုံးရင့္ရွန္ အီးေရာဝါးေရာလုပ္လိုက္ရင္း
" ေကာင္းေကာင္းနားပါ ကြၽန္ေတာ္သြားသင့္ၿပီ "
" ေနဦး ခိုင့္ဝမ္အေၾကာင္း သတင္းထူးေသးလား? "
" အင္း ကြၽန္ေတာ္ အေဖနဲ႔သမီးၾကားက လူမႈေရးအဆက္အသြယ္ေတြ၊ ကိုယ္ေရးကိုယ္တာအဆက္အသြယ္ေတြနဲ႔ အျခားဆက္ဆံေရးသတင္းေတြ စုစည္းထားတယ္ မူးယစ္တိုက္ဖ်က္ေရးအဖြဲ႕က တပ္ဖြဲ႕သားတစ္ေယာက္ကလည္း ေထာင္က်န႔္အေၾကာင္း အေတာ္ေျပာျပတယ္ သူတို႔ေထာင္က်န႔္ဆီကယူခဲ့တာ ယြမ္၃သိန္းေက်ာ္မွန္း လုံးဝေသခ်ာတယ္ ၿပီးေတာ့အခု အဲ့ပိုက္ဆံေတြဘယ္ေရာက္လဲသိမယ့္သူ တစ္ေယာက္လည္း ရွိေနတယ္ "
" ဘယ္သူလဲ? "
" အဲ့တာကအေတာ္ရႈပ္ေထြးတယ္ ခင္မ်ားေဆး႐ုံဆင္းမွ ဆက္ေျပာတာေပါ့ "
ရန္ရိ ေခါင္းညိတ္လိုက္ၿပီး
" ငါမင္းကို ဌာနခြဲမွာလာေတြ႕မယ္ "
ကုံးရင့္ရွန္ mask ျပန္တပ္ကာ လွည့္ထြက္သြားၿပီး
တံခါးနားေရာက္ေတာ့ ရပ္လိုက္ကာ ေခါင္းျပန္လွည့္လာသည္။
" ၿပိဳင္ပြဲက်င္းပမယ့္ အခ်ိန္နဲ႔ ေနရာကို ကြၽန္ေတာ့္ဖုန္းထဲ စာပို႔ထားေပး "
ရန္ရိ ေၾကာင္ေနတုန္းမွာပဲ ကုံးရင့္ရွန္က တံခါးဖြင့္ကာ ထြက္သြားခဲ့ၿပီ။
ရန္ရိျပန္အသိဝင္လာေတာ့ သူ႔မ်က္ႏွာ အၿပဳံးႀကီးတစ္ခုခ်ိတ္ဆြဲလ်က္။ ။
==============
ahhhhhhhhhhh I love it ToT
happy new year ညမွာ ေပ်ာ္႐ႊင္စရာ chapter ေလးနဲ႔ ေပ်ာ္လိုက္ၾကပါ....
က်ေနာ္ေတာ့ စာထိုင္႐ိုက္ရတာနဲ႔တင္ ဘာမွမလုပ္ျဖစ္ countdown လည္းမွီမယ္မထင္ဘူး
ဒီ chapter မွာေတာ့ ကုံးရင့္ရွန္ရဲ႕ မူေနတဲ့စိတ္ေလးေျပသြားၿပီး ညစ္ပတ္ေနတဲ့ ရန္ရိကို လက္ကိုင္ပုဝါ...(အို႔ သူေျပာတာ လက္သုတ္ပုဝါပါတဲ့ haha )
နဲ႔သုတ္ေပးတာေလးရယ္
စိတ္ပူလို႔ လာေျပးေတြ႕တာေလးရယ္
ၿပိဳင္ပြဲမသြားဘူးပဲျငင္းေနရင္းက ၿပိဳင္ပြဲအခ်ိန္နဲ႔ေနရာကို ေမးတာရယ္
သူ႔ဘဝမွာရန္ရိက အေရးပါတဲ့လူသားတစ္ေယာက္မွန္း သိပ္သိလာလွပါတယ္
ခင္မ်ားတို႔ ျမန္ျမန္ $#@€!! ေစခ်င္တာသိပါတယ္ ဒါေပမယ့္ ဒီ novel ကအရင္ကဟာေတြလိုမဟုတ္ဘဲ လႈိင္းစီးသလို ယိမ္းႏြဲ႕ႏြဲ႕ယားက်ိက်ိေလးေတြမို႔ ေ႐ႊစိတ္ေတာ္ေတြ မညႇိဳးေစခ်င္ပါ
တစ္ခါတေလ ဒီလို အခ်စ္ရဲ႕အဆင့္တစ္ခုခ်င္းစီကိုဖတ္ရတာနဲ႔တင္ လူတစ္ေယာက္က passion ေၾကာင့္ရယ္ပဲမဟုတ္ဘဲနဲ႔ ရင္းႏွီးမႈ နားလည္မႈ ကာကြယ္မႈ ျမတ္ႏိုးမႈ ခ်စ္ျခင္း ပိုင္ဆိုင္လိုျခင္း စသျဖင့္ အဆင့္လိုက္လာတယ္ဆိုတာသိရပါတယ္
ေနာက္ၿပီး ကုံးရင့္ရွန္က ေျပာရရင္ စိတ္ဒဏ္ရာရွိသူမို႔ သူ႔ေျပာင္းလဲမႈက ကေလးတစ္ေယာက္ႀကီးျပင္းလာသလိုပါပဲ ေစာင့္ၾကည့္ရရင္း စိတ္ဝင္စားဖို႔ေကာင္းလာတယ္
ကဲ က်ေနာ္လွ်ာမရွည္ေတာ့ပါဘူး အားလုံးပဲ ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ကိုပိုင္ဆိုင္ႏိုင္ၾကပါေစခင္မ်ာ~
ဘဝမွာ ကိုယ္တကယ္ခ်စ္ရတဲ့ ကိုယ့္ကိုတကယ္ခ်စ္တဲ့သူ ကိုယ့္ရဲ႕မိသားစုကိုခ်စ္တဲ့သူမ်ိဳးနဲ႔ေတြ႕ဆုံရၿပီး အခ်စ္ဆိုတဲ့ အရာရဲ႕ ေအးခ်မ္းတဲ့ဘက္ျခမ္းကို ေတြ႕ျမင္ခံစားခြင့္ရၾက၍ ႐ိုးေျမက် သက္ဆုံးတိုင္လက္တြဲေပါင္းဖက္ႏိုင္ၾကပါေစ ♡
ဘယ္လိုပဲျဖစ္ေနပါေစ ဘယ္လူသားမ်ိဳးကိုမွ ခ်စ္မိေနပါေစ ရဲရဲဝံ့ဝံ့ရင္ဆိုင္ဖြင့္ဟေျဖရွင္းႏိုင္ၿပီး ကိုယ့္ဘဝတာကို ယုံၾကည္စြာအပ္ႏွံထိုက္သူနဲ႔ေတြ႕ဆုံကာ အႏၲရာယ္အသြယ္သြယ္ကို ေရွာင္လႊားႏိုင္ၾကပါေစ ♡
ဒီ novel ေလးကိုလည္း အဆုံးထိေစာင့္ေမွ်ာ္ဖတ္ရႈရန္ စိတ္ဆႏၵမ်ားရွိၾကၿပီး က်ေနာ္ကလည္း အဆုံးထိေရးသားေပးႏိုင္ပါေစ
အဆုံးထိ အတူရွိသြားပါရေစ ♡♡♡
Edit : Merry Christmas ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ကိုယ့္ရဲ႕ ခံစားခ်က္ေတြ feedback ဆက္ေရးလို႔ရေသးတယ္ေနာ္ ေရးၿပီးတဲ့သူေတြေတာ့မေရးပါနဲ႔ ည ၁၂ နာရီက်ရင္ မဲေပါက္တဲ့သူေတြေၾကညာေပးမယ္ က်ေနာ္ကသေဘာေကာင္းလြန္းလို႔ ဘာမွမေရးဘဲ emoji ပဲေပးတဲ့သူကိုေတာင္ no တပ္ေပးထားပါတယ္