[ Unicode ]
သုံးရက်မြောက်နေ့တွင် ရန်ရိနဲ့အခြားသူများ ဆေးရုံဆင်းကြပြီး စွန်းတင့်ရိ တစ်ယောက်သာ အဆိပ်သင့်ဓါတ်ငွေ့အများအပြား ရှူရှိုက်မိသဖြင့် ကုသရေးအတွက် ဆေးရုံ၌မှာနေခဲ့ရသည်။
ဆေးရုံဆင်းပြီးနောက် ရန်ရိ ပြန်လည်သုံးသပ်သည့် အစည်းအဝေးကျင်းပကာ ဘာလို့သူတို့တပ်သားတွေ မတော်တဆမှုကြောင့် ထိခိုက်ရသလဲ၊ ကယ်ဆယ်ရေးလုပ်ငန်းစဥ်မှာ ဘာတွေထပ်တိုးမြှင့်ဖို့လိုမလဲ ဆွေးနွေးသုံးသပ်ကြသည်။
အစည်းအဝေးပြီးသွားတော့ ရန်ရိ လီဆာကို တားကာ မေးလိုက်သည်။
" မင်း ကျန်းမာရေးကောင်းလာပြီလား? "
" ခေါင်းဆောင်ရန် မစိုးရိမ်ပါနဲ့ အားလုံးအဆင်ပြေတယ် "
" ဒါက မင်း ကယ်ဆယ်ရေးမှာ တပ်သားတစ်ယောက်အနေနဲ့ပါ၀င်တာ ပထမဆုံးအကြိမ်ကို အန္တရာယ်နဲ့ကြုံရတယ် မင်းလုပ်ဆောင်ချက်ကောင်းပါတယ် "
" ကျေးဇူးတင်ပါတယ် ခေါင်းဆောင် "
" ဒါပေမယ့် ဒီတစ်ခါအခြေအနေကအတော်ထူးခြားတယ် မင်းလူတိုင်းနဲ့ကောင်းကောင်းပေါင်းနိုင် သင်းနိုင်တာတော့တွေ့ပါတယ် ဒါမယ့် အလုပ်မှာတော့ လူအများစုက မင်း gender ကိုတွေးမိနေကြတုန်းပဲ အဲ့တာက တစ်ခဏလေးနဲ့ဖြေရှင်းလို့ရတဲ့ ပြဿနာလည်းမဟုတ်တော့ အခုလောလောဆယ် မင်းစိတ်ရှင်းနိုင်မယ်လို့ မျှော်လင့်ရတာပဲ "
လီဆာနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း
" နားလည်ပါပြီ "
" အခွင့်အရေးကြည့်ပြီး မင်းကိုမီးသတ်တဲ့အထဲပါခွင့်ပြုပေးမယ် ဒီနှစ် မင်းအခြားသူတွေရဲ့ ယုံကြည်မှုကိုရမယ်ဆို မင်းကအရည်အချင်းပြည့်၀တဲ့ တပ်သားတစ်ယောက်၊ ဂရုစိုက်ခံနေရမယ့် မိန်းမတစ်ယောက်မဟုတ်ကြောင်း သက်သေပြပစ်လိုက် နောက်နှစ် ငါမင်းကို အထူးတပ်ဖွဲ့ထဲထည့်ပေးမယ် ကြိုးစားထား "
လီဆာ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ
" ဟုတ်ကဲ့ ! "
အစည်းအဝေးပြီးတော့ ရန်ရိ အစီရင်ခံစာရေးဖို့ ရုံးခန်းဆီပြန်ရသည်။
တပ်သားအတော်များများ ထိခိုက်သွားကြတော့ အစီရင်ခံစာကို အသေးစိတ်ရေးဖို့လိုလာပြီ။
ဒီလိုအချိန် အစီရင်ခံစာရေးရတာလည်း သူ့အတွက် တော့ နောက်ထပ်ခေါင်းခဲစရာတစ်ခုပင်။
နှစ်နာရီလောက်ထိုင်ရေးနေပြီးသည့်နောက် သတိပေးချက်မြည်လာပြီး ရန်ရိ အောက်ထပ်ကိုပြေးဆင်းသွားလိုက်သည်။
တစ်ယောက်ယောက်က မြွေဖမ်းပေးဖို့အကြောင်းကြားတာလို့ အရေးပေါ်တပ်သားက အစီရင်ခံလာသည်။
လူတိုင်း ရန်ရိ မသွားလောက်ဘူးလို့ ထင်ကြ၏။
ယေဘုယျအားဖြင့် တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်က အဆင့်နိမ့်မတော်တဆမှုများနှင့် အဆင့်နိမ့် အလုပ်တွေကို မသွားရပေ။
သို့ပေသိ ရန်ရိမှာ အစီရင်ခံစာကြောင့် ရင်အောင့်နေရတော့ လိုက်သွားရင်း လေညှင်းလေးဘာလေးခံရမယ်လို့ စိတ်ကူးပြီး ပါသွားသည်။
သူတို့အခင်းနေရာကိုရောက်တော့ တပ်သားနှစ်ယောက်က ကာကွယ်ရေး၀တ်စုံ၀တ်ကာ မြွေဖမ်းညှပ်ဖြင့် မြွေကိုအမြန်ပဲဖမ်းမိသွားကြသည်။
မကြာခင်ကမှ မိုးအချိန်မှန်ရွာနေသဖြင့် မြွေတွေကလည်း မကြာခဏ ထကြွနေကြလျက်။
အနီပြောက်မြွေတွေက အဆိပ်မရှိသော်ငြား ကြောက်စရာကောင်းသည်။

သူတို့မြွေကို ခိုင်ခံ့သောအိတ်ထဲ၌ထည့်ကာ သစ်တောဌာနကိုပို့ရန်ပြင်ရ၏။
အပြန်တွင် ကားက ဟုန်းဝူဌာနခွဲကိုဖြတ်ဖို့လမ်းကြုံပြီး ရန်ရိ တွန့်ဆုတ်ကာ ပြောလိုက်သည်။
" ငါ့ကိုရှေ့နားမှာပဲချပေး ဟုန်းဝူဌာနကိုခဏသွားပြီး ကိုယ့်ဘာသာပြန်လာခဲ့မယ် "
ကားထဲကထွက်ပြီး ရန်ရိ စိတ်ခပ်လေးလေးဖြစ်မိသည်။ သူ ကုံးရင့်ရှန်ဒီမှာ ရှိ မရှိကြိုဖုန်းဆက်မေးပြီးမှ သွားသင့်တယ် မဟုတ်ရင် အလကားသက်သက် လာရုံပဲဖြစ်သွားမှာကို။
ဘာပဲဖြစ်ဖြစ် ရန်ရိ အရင်၀င်သွားဖို့ဆုံးဖြတ်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် ကုံးရင့်ရှန် ရုံးမှာရှိနေသော်လည်း အစည်းအဝေးလုပ်နေဆဲဖြစ်ရာ ရန်ရိ ဧည့်ဌာနမှာထိုင်စောင့်နေလိုက်သည်။
သိပ်ကြာကြာမစောင့်လိုက်ရဘဲ အစည်းအဝေးခန်းတံခါး ပွင့်လာခဲ့ပြီး ရဲသားအချို့ ဖိုင်များကိုင်လျက် ထွက်လာကြသည်။
ကုံးရင့်ရှန်ထွက်လာချိန် သူလှမ်းခေါ်မလို့ လုပ်တုန်းရှိသေး ကုံးရင့်ရှန်က ဘေးလှည့်ကာ သူ့(ကုံးရင့်ရှန်) နောက်မှာရှိတဲ့သူကို ပြုံးပြလိုက်၏။
ရန်ရိ တောင့်တင်းသွားသည်။
ကုံးရင့်ရှန် ဒီလိုပြုံးတာကို သူတစ်ခါလေးတောင် မတွေ့ခဲ့ဖူးပေ။
ထိုအပြုံးပွင့်လန်းလာချိန်မှာ သူ့(ကုံးရင့်ရှန်) ပတ်ပတ်လည်က အေးစက်မှုအလွှာအားလုံး ကွဲကြေသွားလျက်။
ထိုအပြုံးသည်ကား နူးညံ့ငြင်သာသော အပြုံးပင်ဖြစ်လေသည်။
ကုံးရင့်ရှန်ထွက်လာသည်နှင့်အညီ ဆံပင်အရှည်ကောက်ကောက်၊ အရပ်ရှည်ကာ ကျက်သရေရှိလျက်တောက်ပစွာ စွဲဆောင်မှုရှိလှသော အမျိုးသမီးသည်လည်း ထွက်လာ၏။
သူ(မ) က ချောမောလှပရုံတင်မဟုတ် ထက်မြက်ရင့်ကျက်ကာ ကြော့ရှင်းပြီး smart ကျ၍ စွမ်းဆောင်ရည်လည်း ရှိသေးသည်။
ကုံးရင့်ရှန် သူမနဲ့အတူ ယှဥ်ရပ်နေတော့ Frozen ရုပ်ရှင်ပိုစတာအလား။
နှစ်ယောက် ကော်ရစ်တာမှရပ်ရင်း တစ်ခုခုပြောနေကြသည်။ ကုံးရင့်ရှန်ကတော့ ခေါင်းညိတ်ပြီး အချိန်တိုင်း ပြုံးကာ ပြုံးကာ၊ အလွန်ညင်သာသော အမူအရာဖြင့်။
ရန်ရိ မျက်တောင်ခတ်ကာ ဆက်စိုက်ကြည့်နေရင်း အချိန်အတော်ကြာ သတိပြန်မ၀င်နိုင်ပေ။
ကုံးရင့်ရှန်မှာ ဒီလိုဘက်ခြမ်းမျိုးရှိနေပြီး ဒီလိုမျက်၀န်းတွေနဲ့ ဒီလိုအပြုံးမျိုးရှိနေသည်။
ဒါပေမယ့် သူကတော့ ဘယ်သောအခါမှ မတွေ့ခဲ့ဖူးပါပေ။
ရုတ်တရက် ကုံးရင့်ရှန် မျက်ဖျားစွန်းကနေ ကို့ရိုးကားယားရပ်နေရင်း ဘာမှမဖြစ်သလို ခေါင်းညိတ်ကာ လျှောက်လှမ်းလာသည့် ရန်ရိကိုတွေ့လိုက်ရသည်။
" ခေါင်းဆောင်ရန် ဘာလို့ဒီရောက်နေတာလဲ? "
ကုံးရင့်ရှန် သူ့ကိုမျက်နှာချင်းဆိုင်လိုက်ချိန်မှာတော့ ပုံမှန်အတိုင်းဖြစ်နေသည်။
ရန်ရိ အနည်းငယ် စိတ်မသက်မသာခံစားရပြီး
" အို့ မင်းအမှုအခြေအနေတိုးတက်လားမေးမလို့။ ဒါက...."
" ခေါင်းဆောင်စုန့်က ပင်စင်ယူသွားပြီ ဒါက တတိယစခန်းရဲ့ စခန်းခေါင်းဆောင်, ချိုးယန်
ယန်ကျဲ ဒါကဖီးနစ်စခန်းရဲခေါင်းဆောင်, ရန်ရိ "
" တွေ့ရတာ၀မ်းသာပါတယ် ခေါင်းဆောင် "
ချိုးယန် လက်ဆန့်ထုတ်ပေးပြီး
" လက်တွဲကြတာပေါ့ "
" ၀မ်းသာပါတယ် "
နှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြပြီး ရန်ရိ ပြုံးလိုက်သည်။
" ခေါင်းဆောင်အသစ်က ငယ်ရွယ်ပြီး ချောမောလိမ့်မယ်လို့ တကယ်မထင်ထားဘူး "
" ကျေးဇူးပါ "
ချိုးယန်ပြုံးလိုက်ကာ
" ရှင်ကျွန်မတို့ကို အတော်ကူညီပေးတယ်လို့ကြားတယ် ရှောင်ကုံးအမှုကို စုံစမ်းဖို့လည်း ကူညီခဲ့သေးတယ် ခေါင်းဆောင်စုန့်ကတော့ ရှင့်ကိုချီးမွမ်းနေတာပါပဲ "
" ဘာမှမဟုတ်ပါဘူး ကူညီသင့်လို့ပါ "
" တောင်းပန်ပါတယ် ခေါင်းဆောင် ကျွန်မနောက် အစည်းအဝေးတစ်ခုတက်စရာရှိလို့ "
ချွီယန် သူ့နာရီကို ကြည့်လိုက်ရင်း
" ရှင် ရှောင်ကုံးကိုလာတွေ့တာမလား? အလုပ်များလိုက်ကြပါဦး နောက်မှစကားပြောတာပေါ့ "
" အိုကေ နောက်မှတွေ့မယ် "
ချိုးယန်ထွက်သွားတော့ ရန်ရိ မျက်ခုံးပင့်ကာ နောက်လိုက်သည်။
" ဒီလိုအလှပဂေး ခေါင်းဆောင်နဲ့တော့ မင်းကံကောင်းတာပဲ "
ကုံးရင့်ရှန် ပြောလာသည်။
" ဘာကံကောင်းစရာရှိလဲ ကလေးဘ၀ကတည်းက သိလာကြတာကို "
" တကယ်? "
ရန်ရိ ပြုံးကာပြောလိုက်သည်။
" ငယ်ငယ်က အချစ်လေးမဟုတ်လား? "
ကုံးရင့်ရှန် မျက်မှောင်ကြုတ်ရင်း
" ခင်များ အရမ်းအားယားနေလား? "
" အပိုတွေ မင်းဒီလိုအမူအရာမျိုးနဲ့ အခြားသူတွေကို ဆက်ဆံတာ ငါမတွေ့ဖူးဘူး ဖြစ်နိုင်တာက.... "
" အဲ့တာ ခင်များနဲ့မဆိုင်ဘူး "
ကုံးရင့်ရှန် အေးစက်လျက် ပြောလာသည်။
ရန်ရိ မနေနိုင်ဘဲ စိတ်မသက်မသာဖြစ်သွားပြီး အပြုံးသည်လည်း သေးငယ်သွား၏။
" ငါအမှုအတွက် ဘာတိုးတက်မှုရှိမလဲမေးဖို့ မင်းကိုလာရှာတာ "
" ကျွန်တော်အခုသွားစရာရှိတယ် ကျွန်တော့်အလုပ်ပြီးတဲ့အထိစောင့်..."
[ T/n : စကားမဆုံးသေးခင် ]
" okay မင်းအလုပ်များနေတာပဲ ငါပြန်လိုက်မယ် "
ရန်ရိ လှည့်ကာ ပြန်တောင်မကြည့်ဘဲ ထွက်သွား၏။
ကုံးရင့်ရှန် ရန်ရိ ကျောပြင်ကို အတွေးများဖြင့် ကြည့်လိုက်သည်။
=========
အားကစားပြိုင်ပွဲနေ့။
ဟုန်းဝူမီးသတ်ဌာနလက်အောက်၌ မီးသတ်စခန်းစုစုပေါင်း ၁၃ ခုရှိပြီး
စခန်းတစ်ခုစီတိုင်းကလည်း ပြိုင်ပွဲအသစ်တွေခင်းကျင်းပြသနေစဥ် ပြိုင်ပွဲ၀င်ဖို့ လိုအပ်သည်။
ဌာနဆိုင်ရာအဆင့် ပြိုင်ပွဲတွေအပါအဝင် ဌာနချုပ်အဆင့် ပြိုင်ပွဲတွေလည်းပါ၀င်သည်။
ဌာနချုပ်အဆင့် ပြိုင်ပွဲတွေအတွက် လိုအပ်ချက်မှာ ပိုပြီးတင်းကြပ်၏။
အဖွဲ့တစ်ခုစီတိုင်းက အရည်အချင်းအရှိဆုံး သူရဲကောင်းမီးသတ်သမားများကိုသာ ယှဥ်ပြိုင်ရန်ရွေးချယ်ကြရပြီး ရမှတ်များကိုအကဲဖြတ်ရန် အကဲဖြတ်ဒိုင်လည်း ပါ၀င်သည်။
ဌာနဆိုင်ရာအဆင့်ပြိုင်ပွဲတွေကတော့ ပိုလွယ်ကာ ပြိုင်ပွဲကိုလာကြည့်ပြီး အားကစားစိတ်ဓါတ်တိုးမြှင့်ရေးအတွက် မိသားစုနှင့် မိတ်ဆွေများကိုပါ ဖိတ်ခေါ်နိုင်သည်။
ပြိုင်ပွဲအချိန်ဇယားအရ ရန်ရိ တာ၀န်ကျနေသောတပ်သားများနှင့် ဂျူတီ၀င်နေသည်။
နောက်ဆုံးတော့လည်း မီးသတ်တပ်ဖွဲ့က အချိန်မရွေးထွက်ပေါ်လာတဲ့တာ၀န်ကို ဘယ်အချိန်မဆို ရှေ့ဆုံးကဆောင်ရွက်ကြရ၏။ [T/n : Salute♡ ]
ရန်ရိ သူ့တပ်သားတွေကို ပြိုင်ပွဲနေရာဆီစောစောခေါ်သွားလိုက်သည်။
အဖွဲ့လိုက်ပြိုင်ပွဲ ၄ ပွဲရှိပြီး မနက်ပိုင်းမှာတော့ ရေအမြန်ထိန်းချုပ်ခြင်းနှင့် အခြားပြိုင်ပွဲအသစ်တွေရှိသည်။
သူတို့ လေ့ကျင့်ရေး၌ ဒုတိယနေရာ ၀င်ပြီး ပြိုင်ပွဲအသစ်တွေလည်း သူ့ဟာနဲ့သူအနိုင်အရှုံးရှိသည်။
နေ့လယ်နားချိန်မှာ ရန်ရိ တပ်သားတွေနဲ့ နေ့ခင်းပြိုင်ပွဲအတွက် ဆွေးနွေးနေရင်း သူ့မိုဘိုင်းဖုန်းကို အချိန်တိုင်း တကြည့်ကြည့်လုပ်နေ၏။
နောက်ဆုံးတစ်ခေါက် ဟုန်းဝူဌာနခွဲမှာဆုံပြီးကတည်းက သူနဲ့ကုံးရင့်ရှန် အဆက်အသွယ်မလုပ်တော့တာ လ၀က်ပင်ရှိနေလေပြီ။
သူတို့နှစ်ယောက် စသိခဲ့ကတည်းက ဒီလောက်အကြာကြီးအဆက်အသွယ်မပြတ်ဖူးပေ။
ရန်ရိ သူဘာတွေးမိနေမှန်းမသိ၊ အနည်းငယ်စိတ်ထိခိုက်နေသည်။
သူ့ကို လူတစ်ယောက်ထက်ပိုပြီး ပြောဖူးပါ၏။
ကုံးရင့်ရှန်က လူတိုင်းကိုအဲ့လိုပဲဆက်ဆံတာ၊ သူ့တစ်ယောက်တည်းကို ပစ်မှတ်ထားနေတာမဟုတ်ဘူးလို့။
ဘာမှမှားမနေတာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ခြွင်းချက်ဆိုတာတော့ရှိနေသည်။ အဲ့ဒီ့ ငယ်ရွယ် လှပပြီး သမာသမတ်ကျတဲ့ ချိုးယန်က ခြွင်းချက်ပဲ။
ချိုးယန်ရဲ့ တည်ရှိမှုက သူ့ကို ကုံးရှင့်ရှန်သည် လူတွေကို ဖော်ရွေပျူငှာနိုင်ပါကြောင်း သိသွားစေပြီး ပြုံးတောင်ပြုံးပြနိုင်ပါသေးသည်။
သူ့ကို မပျော်မရွှင်ဖြစ်စေတာက သူကုံးရင့်ရှန်ကို အများကြီး ထောက်ပံ့ပြီး အကူအညီလည်းပေးပါရဲ့ ၊ ကုံရင့်ရှန်နဲ့ သူငယ်ချင်းတောင် လုပ်ပေးချင်မိသေးတယ်။ ဒါပေမယ့် ကုံးရင့်ရှန်ကတော့ သူ့ကို အတည်သဘောမထားပေ။
ကုံးရင့်ရှန် ဒီနေ့လုံး၀လာမှာမဟုတ်ဘူး။
ကိစ္စမရှိပါဘူး။ သူကလည်း ခိုင့်၀မ်အမှုတိုးတက်မှုရှိ၊မရှိပဲ သိချင်တာ။ အဲ့တာကလွဲပြီး သူကုံးရင့်ရှန်နဲ့ အများကြီးဆက်ဆံဖို့ ဝေးပါသေးတယ်။
[ T/n : ဒါဒါတွေတော့ ယုံမယုံမသိဘူး ကျနော်တော့မယုံပေါင် :"3 ]
နေ့ခင်းမှာတော့ အဖွဲ့လုပ်ဆောင်ရေးက မီးသတ်ပိုက်ဖြင့် မီးငြိမ်းသတ်ရန်ပင်။
သူတို့ ဓါတ်ဆီလောင်းပြီး မီးရှို့ထားတဲ့ ဘုတ်ပြားကားထားသောအခန်းကို မီးငြိမ်းသတ်ရမည်ဖြစ်ပြီး နောက်ဆုံး တစ်ဖွဲ့စီ မီးငြိမ်းသတ်ရန်ကြာချိန်ကို မှတ်ကာ အဆင့်ခွဲခြားမည်ဖြစ်သည်။
ထို ပြိုင်ပွဲ၌ ရန်ရိလည်း ပါ၀င်မည်။
နေ့လယ်နားချိန်ပြီးတော့ ရန်ရိ အဖွဲ့သားတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ဖို့နဲ့ ပြင်ဆင်ဖို့ ဦးဆောင်ခေါ်သွားသည်။
အခြားအဖွဲ့တွေအားလုံးပြီးမှ သူတို့ကနောက်ဆုံးဖြစ်၏။
ရန်ရိ အားလုံးကိုအားပေးလိုက်သည်။
" ငါတို့မနှစ်က စံချိန်ကိုချိုးကြမယ် တကယ်လို့ချိုးနိုင်မယ်ဆို နေ့တစ်၀က်လေ့ကျင့်ရေး ဖျက်ပေးမယ် "
" အတော်တောင်ကြာပြီပဲ "
" မင်းတို့ လွယ်တယ်မထင်ကြနဲ့ "
" မထင်ရဲပါဘူး "
" ခေါင်းဆောင်ရန် "
တင်းချင် ရန်ရိကို မျက်စပစ်ပြလိုက်ရင်း သူ့နောက်ဘက်ကိုကြည့်လိုက်သည်။
ရန်ရိ ခေါင်းလှည့်ကြည့်လိုက်တော့ ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ ကုံးရင့်ရှန်ကို တွေ့လိုက်ရပြီး
သူ (ကုံးရင့်ရှန်) က ပေါ့ပေါ့ပါးပါးနက်ပြာရောင်အ၀တ်အစားကို ပြောင်း၀တ်ထားကာ စွတ်စွတ်ဖြူနေသည့် sneaker များစီးထားလျက်၊ ကုံးဖေးလန်က ဘေးမှာခုန်ဆွခုန်ဆွ လုပ်ရင်း အတူလျှောက်လာကြသည်ကို တွေ့လိုက်သည်။

" ခေါင်းဆောင် ! "
ကုံးဖေးလန် ၀မ်းသာအားရပြေးလာသည်။
" သမီးဒီကို အားပေးဖို့လာတာ "
[T/n : ကျွန်မ လို့ သုံးဖို့က ငယ်လွန်းလို့ သမီးလို့ပြောင်းသုံးလိုက်တယ် ]
သူ(မ) တပ်သားတွေကိုလည်း လက်တစ်ယမ်းယမ်းလုပ်ပြလိုက်၏။
စခန်းကို အကြိမ်တော်တော်များများရောက်ဖူးတော့ အားလုံးနဲ့လည်း သိနေပြီ။
ရန်ရိ ပြုံးကာ ပြောလိုက်သည်။
" ကျေးဇူးပါဗျ "
သူ့မျက်လုံးများကတော့ ကုံးရင့်ရှန်ကိုသာ ကြည့်နေဆဲ။
ကုံးရင့်ရှန် ရှေ့ပိုတိုးလာပြီး
" သူဘယ်နေရာက ကြားလာလဲမသိဘူး လာချင်တယ်ပြောလို့ "
ရန်ရိ သူ ကုံးရင့်ရှန်ကို မကျေမနပ်ဖြစ်နေတာတွေ အားလုံး ပပျောက်သွားသလို ခံစားလိုက်ရပြီး အပေါ်အောက်ကြည့်ကာ နောက်လိုက်သည်။
" မင်းကို ဒီလိုပေါ့ပေါ့ပါးပါးအ၀တ်အစားမျိုးနဲ့ တွေ့ရဖို့ရှားတာပဲ နေ့တိုင်း ၀တ်စုံပြည့်၀တ်နေရတာ ဘယ်လောက်ငြီးငွေ့ရလဲ ဒါဆိုမကောင်းဘူးလား "
" အ၀တ်၀တ်တာ ဘာငြီးငွေ့စရာရှိလို့လဲ? "
ကုံးရင့်ရှန် ပြောလာသည်။
" ခင်များတို့ ပြိုင်ပွဲစပြီလား? "
" စခါနီးပြီ ငါတို့ခဏနေပြိုင်ရတော့မှာ "
ကုံးဖေးလန် ပျော်ရွှင်ပြီး ရန်ရိနားမှာ ခုန်ပေါက်နေသည်။
" ခေါင်းဆောင်ရန် ရှင်ဒီနေ့အရမ်းချောတာပဲ ကျိန်းသေပေါက် ပထမနေရာရလိမ့်မယ် "
[ T/n : ဒီဗေဒင်ဆရာမ မဆိုးဘူး :3 ]
" တကယ်လား? မင်းဘယ်လိုသိတာလဲ? "
ရန်ရိ သူ(မ) ကို စလိုက်ရင်း
" ကိုယ်တို့က ကိုယ်ခံအားပြိုင်တာနော် အလှပြိုင်တာမဟုတ်ဘူး "
" ခေါင်းဆောင် ပြိုင်ပွဲမှာ ပထမရမှာပဲ "
ကုံးဖေးလန် မျက်စိမှိတ်ပြလိုက်ပြီး
" သမီးရမယ်လို့ ပြောရဲတယ် "
" ကောင်းပြီ မင်းရဲ့ စကားကောင်းလေး ငှားလိုက်တာပေါ့ "
ရန်ရိ ကိုယ်ကိုပြန်မတ်လိုက်ပြီး ကုံးရင့်ရှန်ကို မေးငေါ့ပြလိုက်သည်။
" မင်းရဲ စကားကောင်းကတော့ ဘယ်မလဲ? "
" ကျွန်တော့်မှာ အဲ့လောက်အကန်းလို confident မျိုးရှိမနေဘူး "
ကုံးဖေးလန် ကုံးရင့်ရှန်ဘက်ကို နှုတ်ခမ်းထော်ပြလိုက်သည်။
" ရတယ်လေ မင်းပြောနိုင်သေးတာပေါ့ "
ရန်ရိ အသက်အ၀ရှူပြီး အော်လိုက်သည်။
" အားလုံးအသင့်ပြင် ! တစ်ချို့လူတွေပြောတယ် ငါတို့ ပထမရမယ်တဲ့ ပထမရနိုင်လား? "
" ရနိုင်တယ် ! "
" တစ်ချို့ကပြောတယ် ငါတို့ကအကန်းလို confident မျိုးရှိနေတယ်တဲ့ ဟုတ်လား? "
" မရှိဘူး ! "
တပ်သားတွေ ထပ်အော်ကြသည်။
ကုံးရင့်ရှန် နှာမှုတ်လိုက်၏။
" သွားကြမယ် ! ပထမနေရာယူရအောင် ! "
ရန်ရိ သူ့တပ်သားတွေကို ပြင်ဆင်ရေးနေရာဆီ ဦးဆောင်သွားသည်။
ကုံးဖေးလန် အော်ရင်း
" ခေါင်းဆောင်လုပ်ထား ! ဖီးနစ်တပ်ဖွဲ့ ကြိုးစားထား ! "
ကုံးရင့်ရှန် တီးတိုးပြောလိုက်သည်။
" မအော်နဲ့ မင်းက မိန်းမငယ်လေး ယဥ်ယဥ်ကျေးကျေးနေစမ်းပါ "
" မရဘူး သမီး ခေါင်းဆောင်ရန်အတွက် အားပေးရမယ် "
" မင်းအားမပေးရင်တောင် သူကနိုင်မှာပဲ "
ကုံးဖေးလန် ကုံးရင့်ရှန်ကို မျက်လုံးအပြူးသားဖြင့်စိုက်ကြည့်နေသည်။ မယုံကြည်နိုင်သောအကြည့်။
ကုံးရင့်ရှန်ကတော့ ဘေးစောင်းပြီးတောင် ကြည့်မလာဘဲ ရှေ့သို့သာ ကြည့်နေလျက်။
" ဝေါင်း ၀မ်းကွဲရေ တကယ်တမ်းတော့ အစ်ကို့မှာလည်း ခေါင်းဆောင်အတွက် ယုံကြည်ချက်ရှိနေတာပဲ အဲ့တာတောင် သမီးကို အကန်းလိုယုံကြည်ချက်ရှိနေတယ်လို့များ ပြောသေးတယ် "
" ငါ့မှာက အကြောင်းပြချက်ရှိတယ် မင်းလို ခံစားချက်အတွေးမျိုးမဟုတ်ဘူး "
ကုံးဖေးလန် သံသယဖြစ်သွားသည်။
" ဟမ်? "
" ဖီးနစ်စခန်းက ဟုန်းဝူဌာနရဲ့ တစ်ခုတည်းသော အထူးတပ်ဖွဲ့ပဲ တကယ့်သူရဲကောင်းတပ်ဖွဲ့၊ သူတို့မှာအသန်မာဆုံးစွမ်းအားတွေရှိတယ် "
ကုံးဖေးလန် ရယ်လိုက်ရင်း
" ဘာလို့ ခုနက သူ့ကိုမပြောလိုက်တာလဲ သမီးထက်တောင် ပိုပြီးချီးကျူးတတ်တာကို "
ကုံးရင့်ရှန် ပြန်မဖြေဘဲ အေးစက်စက်သာနှာခေါင်းရှုံ့သည်။
အခြားတစ်ဖွဲ့ပြီးသွားတော့ ရန်ရိနဲ့ တပ်သားတွေလည်း အဆင်သင့်ဖြစ်နေကြပြီ။
သူတို့ ကြားနေကျရင်းနှီးနေပြီဖြစ်သော သတိပေးချက်သံသာ မြည်လာပြီး သူတို့ တာ၀န်၀တ်စုံကို အမြန်ဆုံးနှုန်းဖြင့် ၀တ်ဆင်ကာ မီးသတ်ကားထဲ၀င်ပြီး မီတာ ၁၀၀ အကွာအဝေးမှာရှိသည့် မီးလောင်နေသောဘုတ်ပြားအိမ်သို့ မောင်းသွားကြသည်။
ဓါတ်ဆီကြောင့်လောင်သောမီးကို ရေဖြင့် မငြိမ်းသတ်နိုင်သည့်မတွက် သူတို့ မီးသတ်ပေါင်ဒါခြောက်ပါသည့် ထရပ်ကားကိုမောင်းနှင်သွားရသည်။
ကားဆိုက်ပြီးနောက် သူတို့ ပုံမှန်လုံခြုံရေးအတွက် အဆို့ဖုံးကို အရင်ဖွင့်ပြီး လျိုဟွေးက ပေါင်ဒါခြောက်ပိုက်ကို ကိုင်တွယ်ပြီး ပစ်လွှတ်မည့်ထောင့်အနေအထားနှင့် ရေပြင်ညီဦးတည်ရာဘက်ကို ချိန်ထားကာ လေထုအနေအထားကို လေ့လာရသည်။
အားလုံးအဆင်သင့်ဖြစ်ပြီးနောက် သူတို့စဖြန်းပက်ကြ၍ အခြေအနေလည်း အလွန့်အလွန်ကို ထိန်းချုပ်နိုင်ခဲ့သည်။
မီးသတ်ထရပ်ကားပေါ်ကကိရိယာ၊ အထူးသဖြင့် အကြီးဆုံးအစိတ်အပိုင်းကလည်း အကြိမ်ကြိမ်လေ့ကျင့်ထားဖို့လိုပြီး ၎င်းတို့ကို တိုက်ပွဲအတွင်း၌ ထိန်းချုပ်နိုင်ဖို့ရာ သတ်မှတ်ချက်အထွေထွေကို တစ်ဖက်ကမ်းကျွမ်းကျင်တတ်မြောက်ထားဖို့လည်းလိုသည်။
ထို့ကြောင့် စက်မောင်းသမား၏ လိုအပ်ချက်သည်လည်း အလွန်မြင့်မား၏။
ပေါင်ဒါခြောက် စတင်ပက်ဖြန်းပြီးနောက် ရန်ရိရဲ့ လက်အောက်မှာရှိတဲ့ တပ်သားတွေက မျက်နှာဖုံးများတပ်ဆင်လျက် အိတ်ဆောင်မီးသတ်ဆေးဘူးများဖြင့် မီးကို၀န်းရံကာ တဖြည်းဖြည်းချင်း မီးကိုလျှော့ချ၍ အတတ်နိုင်ဆုံးမြန်မြန် ငြိမ်းသတ်နိုင်ဖို့ ကြိုးစားကြသည်။
အားလုံးက စိတ်ငြိမ်၍ သေသပ်ကာ မြန်လည်းမြန်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းလုပ်ဆောင်ကြသည်။
ဤသည်ကား ကြာရှည်စွာကြပ်မတ်လေ့ကျင့်ထားသည်ကို ထင်ဟပ်စေသော အရည်အသွေးမြင့် အထူးတပ်ဖွဲ့ပင်တည်း။
မီးအားလုံးငြိမ်းသတ်ပြီးသွားတော့ အချိန်မှတ်သည့် ဒိုင်လူကြီးက အော်ပြောလာသည်။
" အရမ်းတော်တယ် ၁ မိနစ်နဲ့ ၄၃ စက္ကန့်! ပထမ ! "
အားလုံးတစ်ချိန်တည်း အော်လိုက်ကြသည်။
လျှိုဟွေးက ရယ်လျက်။
" မနှစ်ကထက် ၂ စက္ကန့်စောတယ်ကွ! "
အတော်ဝေးတဲ့နေရာကနေ ကုံးဖေးလန်အော်ဟစ်ပြီး ကုံးရင့်ရှန်လက်မောင်းကို တဆတ်ဆတ် လှုပ်ရမ်းကာ
" ၀မ်းကွဲ သူတို့နိုင်တယ် သူတို့တကယ်နိုင်သွားတယ် ! "
ကုံးရင့်ရှန် ပြုံးလိုက်ရင်း
" ဒါက တစ်ပွဲပဲရှိသေးတာကို နောက်ထပ်ပွဲတွေလည်း ကျန်သေးတယ် "
" အခြားပွဲတွေလည်း ကျိန်းသေပေါက် နိုင်မှာပဲ ! "
ကုံးဖေးလန် သူမရဲ့ ပူနွေးနေသော မျက်နှာကို တင်းတင်းဆုပ်ရင်း
" ခေါင်းဆောင်က မိုက်လိုက်တာ ၀မ်းကွဲ ခေါင်းဆောင်က တကယ်တော်တာပဲ! "
" ..... "
ကုံးရင့်ရှန် မကြားနိုင်လောက်အောင် တိုးတိုးပြောလိုက်သည်။
" အင်း "
အချိန်ကိုက်ပဲ ရန်ရိက သူတို့ဘက်လှည်ပြီး လက်ယမ်းပြလာသည်။
ကုံးဖေးလန်ကလည်း မြင့်မြင့်ခုန်ကာ လက်တယမ်းယမ်းလုပ်ပြနေပြီး
သူမရဲ့ ချစ်စရာ ponytail လေးနှစ်ခုကတော့ သူမနဲ့လိုက်ပြီး ဝှေ့ယမ်းလျက်။
ကုံးရင့်ရှန် ရန်ရိဘက်သို့ ခေါင်းညိတ်ပြလိုက်၏။
ရန်ရိ အနည်းငယ်ဂုဏ်ဆာမိသည်။
တကယ်တမ်းတော့ သူတို့တပ်ဖွဲ့က နှစ်တိုင်းနီးပါး အနိုင်ရပြီး အခုလိုပြိုင်ပွဲအသေးစားလေးအတွက်နဲ့ အရမ်းဂုဏ်ယူစရာမလိုပေ။
ဒါပေမယ့် ဒီနှစ်ကတော့ ကွဲပြားတယ်။
ကုံးရင့်ရှန်က ကြည့်နေတာ၊ အဲ့တော့.....နိုင်သွားတာ အရမ်းကောင်းတာပဲ။
=========================
ဟုတ်ကဲ့ FA မကြီးကတော့ တစ်ယောက်တည်း ငိုကြီးချက်မနဲ့ စာရိုက်နေပါတယ် ToT
ပြောရရင် flame armor က တစ်ပုဒ်လုံးကို sweet တာပါ။
ဘယ်ဟာနဲ့မှ မတူဘူး ထူးခြားတယ် !
အဲ့တာကြောင့် အလကားတင်ပေးရတာနှမြောလို့ ပိုက်ဆံနဲ့ဖတ်မှရမယ် ဆိုပြီး ပြန်ဖျက်လိုက်ရမလား :3
အခုတော့ မလုပ်သေးဘူး
ဒီ့ထက်မက sweet လာမှ ရက်စက်တာပေါ့ စောင့်လိုက်ပါဦးမယ် ☺
×××××××××××××××××××××××××××××
[ Zawgyi ]
သုံးရက္ေျမာက္ေန႔တြင္ ရန္ရိနဲ႔အျခားသူမ်ား ေဆး႐ုံဆင္းၾကၿပီး စြန္းတင့္ရိ တစ္ေယာက္သာ အဆိပ္သင့္ဓါတ္ေငြ႕အမ်ားအျပား ရႉရႈိက္မိသျဖင့္ ကုသေရးအတြက္ ေဆး႐ုံ၌မွာေနခဲ့ရသည္။
ေဆး႐ုံဆင္းၿပီးေနာက္ ရန္ရိ ျပန္လည္သုံးသပ္သည့္ အစည္းအေဝးက်င္းပကာ ဘာလို႔သူတို႔တပ္သားေတြ မေတာ္တဆမႈေၾကာင့္ ထိခိုက္ရသလဲ၊ ကယ္ဆယ္ေရးလုပ္ငန္းစဥ္မွာ ဘာေတြထပ္တိုးျမႇင့္ဖို႔လိုမလဲ ေဆြးေႏြးသုံးသပ္ၾကသည္။
အစည္းအေဝးၿပီးသြားေတာ့ ရန္ရိ လီဆာကို တားကာ ေမးလိုက္သည္။
" မင္း က်န္းမာေရးေကာင္းလာၿပီလား? "
" ေခါင္းေဆာင္ရန္ မစိုးရိမ္ပါနဲ႔ အားလုံးအဆင္ေျပတယ္ "
" ဒါက မင္း ကယ္ဆယ္ေရးမွာ တပ္သားတစ္ေယာက္အေနနဲ႔ပါ၀င္တာ ပထမဆုံးအႀကိမ္ကို အႏၲရာယ္နဲ႔ႀကဳံရတယ္ မင္းလုပ္ေဆာင္ခ်က္ေကာင္းပါတယ္ "
" ေက်းဇူးတင္ပါတယ္ ေခါင္းေဆာင္ "
" ဒါေပမယ့္ ဒီတစ္ခါအေျခအေနကအေတာ္ထူးျခားတယ္ မင္းလူတိုင္းနဲ႔ေကာင္းေကာင္းေပါင္းႏိုင္ သင္းႏိုင္တာေတာ့ေတြ႕ပါတယ္ ဒါမယ့္ အလုပ္မွာေတာ့ လူအမ်ားစုက မင္း gender ကိုေတြးမိေနၾကတုန္းပဲ အဲ့တာက တစ္ခဏေလးနဲ႔ေျဖရွင္းလို႔ရတဲ့ ျပႆနာလည္းမဟုတ္ေတာ့ အခုေလာေလာဆယ္ မင္းစိတ္ရွင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ရတာပဲ "
လီဆာႏႈတ္ခမ္းကို တင္းတင္းေစ့လိုက္ရင္း
" နားလည္ပါၿပီ "
" အခြင့္အေရးၾကည့္ၿပီး မင္းကိုမီးသတ္တဲ့အထဲပါခြင့္ျပဳေပးမယ္ ဒီႏွစ္ မင္းအျခားသူေတြရဲ႕ ယုံၾကည္မႈကိုရမယ္ဆို မင္းကအရည္အခ်င္းျပည့္၀တဲ့ တပ္သားတစ္ေယာက္၊ ဂ႐ုစိုက္ခံေနရမယ့္ မိန္းမတစ္ေယာက္မဟုတ္ေၾကာင္း သက္ေသျပပစ္လိုက္ ေနာက္ႏွစ္ ငါမင္းကို အထူးတပ္ဖြဲ႕ထဲထည့္ေပးမယ္ ႀကိဳးစားထား "
လီဆာ ေခါင္းတဆတ္ဆတ္ၿငိမ့္ကာ
" ဟုတ္ကဲ့ ! "
အစည္းအေဝးၿပီးေတာ့ ရန္ရိ အစီရင္ခံစာေရးဖို႔ ႐ုံးခန္းဆီျပန္ရသည္။
တပ္သားအေတာ္မ်ားမ်ား ထိခိုက္သြားၾကေတာ့ အစီရင္ခံစာကို အေသးစိတ္ေရးဖို႔လိုလာၿပီ။
ဒီလိုအခ်ိန္ အစီရင္ခံစာေရးရတာလည္း သူ႔အတြက္ ေတာ့ ေနာက္ထပ္ေခါင္းခဲစရာတစ္ခုပင္။
ႏွစ္နာရီေလာက္ထိုင္ေရးေနၿပီးသည့္ေနာက္ သတိေပးခ်က္ျမည္လာၿပီး ရန္ရိ ေအာက္ထပ္ကိုေျပးဆင္းသြားလိုက္သည္။
တစ္ေယာက္ေယာက္က ေႁမြဖမ္းေပးဖို႔အေၾကာင္းၾကားတာလို႔ အေရးေပၚတပ္သားက အစီရင္ခံလာသည္။
လူတိုင္း ရန္ရိ မသြားေလာက္ဘူးလို႔ ထင္ၾက၏။
ေယဘုယ်အားျဖင့္ တပ္ဖြဲ႕ေခါင္းေဆာင္တစ္ေယာက္က အဆင့္နိမ့္မေတာ္တဆမႈမ်ားႏွင့္ အဆင့္နိမ့္ အလုပ္ေတြကို မသြားရေပ။
သို႔ေပသိ ရန္ရိမွာ အစီရင္ခံစာေၾကာင့္ ရင္ေအာင့္ေနရေတာ့ လိုက္သြားရင္း ေလညႇင္းေလးဘာေလးခံရမယ္လို႔ စိတ္ကူးၿပီး ပါသြားသည္။
သူတို႔အခင္းေနရာကိုေရာက္ေတာ့ တပ္သားႏွစ္ေယာက္က ကာကြယ္ေရး၀တ္စုံ၀တ္ကာ ေႁမြဖမ္းညႇပ္ျဖင့္ ေႁမြကိုအျမန္ပဲဖမ္းမိသြားၾကသည္။
မၾကာခင္ကမွ မိုးအခ်ိန္မွန္႐ြာေနသျဖင့္ ေႁမြေတြကလည္း မၾကာခဏ ထႂကြေနၾကလ်က္။
အနီေျပာက္ေႁမြေတြက အဆိပ္မရွိေသာ္ျငား ေၾကာက္စရာေကာင္းသည္။

သူတို႔ေႁမြကို ခိုင္ခံ့ေသာအိတ္ထဲ၌ထည့္ကာ သစ္ေတာဌာနကိုပို႔ရန္ျပင္ရ၏။
အျပန္တြင္ ကားက ဟုန္းဝူဌာနခြဲကိုျဖတ္ဖို႔လမ္းႀကဳံၿပီး ရန္ရိ တြန္႔ဆုတ္ကာ ေျပာလိုက္သည္။
" ငါ့ကိုေရွ႕နားမွာပဲခ်ေပး ဟုန္းဝူဌာနကိုခဏသြားၿပီး ကိုယ့္ဘာသာျပန္လာခဲ့မယ္ "
ကားထဲကထြက္ၿပီး ရန္ရိ စိတ္ခပ္ေလးေလးျဖစ္မိသည္။ သူ ကုံးရင့္ရွန္ဒီမွာ ရွိ မရွိႀကိဳဖုန္းဆက္ေမးၿပီးမွ သြားသင့္တယ္ မဟုတ္ရင္ အလကားသက္သက္ လာ႐ုံပဲျဖစ္သြားမွာကို။
ဘာပဲျဖစ္ျဖစ္ ရန္ရိ အရင္၀င္သြားဖို႔ဆုံးျဖတ္လိုက္သည္။
တိုက္တိုက္ဆိုင္ဆိုင္ ကုံးရင့္ရွန္ ႐ုံးမွာရွိေနေသာ္လည္း အစည္းအေဝးလုပ္ေနဆဲျဖစ္ရာ ရန္ရိ ဧည့္ဌာနမွာထိုင္ေစာင့္ေနလိုက္သည္။
သိပ္ၾကာၾကာမေစာင့္လိုက္ရဘဲ အစည္းအေဝးခန္းတံခါး ပြင့္လာခဲ့ၿပီး ရဲသားအခ်ိဳ႕ ဖိုင္မ်ားကိုင္လ်က္ ထြက္လာၾကသည္။
ကုံးရင့္ရွန္ထြက္လာခ်ိန္ သူလွမ္းေခၚမလို႔ လုပ္တုန္းရွိေသး ကုံးရင့္ရွန္က ေဘးလွည့္ကာ သူ႔(ကုံးရင့္ရွန္) ေနာက္မွာရွိတဲ့သူကို ၿပဳံးျပလိုက္၏။
ရန္ရိ ေတာင့္တင္းသြားသည္။
ကုံးရင့္ရွန္ ဒီလိုၿပဳံးတာကို သူတစ္ခါေလးေတာင္ မေတြ႕ခဲ့ဖူးေပ။
ထိုအၿပဳံးပြင့္လန္းလာခ်ိန္မွာ သူ႔(ကုံးရင့္ရွန္) ပတ္ပတ္လည္က ေအးစက္မႈအလႊာအားလုံး ကြဲေၾကသြားလ်က္။
ထိုအၿပဳံးသည္ကား ႏူးညံ့ျငင္သာေသာ အၿပဳံးပင္ျဖစ္ေလသည္။
ကုံးရင့္ရွန္ထြက္လာသည္ႏွင့္အညီ ဆံပင္အရွည္ေကာက္ေကာက္၊ အရပ္ရွည္ကာ က်က္သေရရွိလ်က္ေတာက္ပစြာ စြဲေဆာင္မႈရွိလွေသာ အမ်ိဳးသမီးသည္လည္း ထြက္လာ၏။
သူ(မ) က ေခ်ာေမာလွပ႐ုံတင္မဟုတ္ ထက္ျမက္ရင့္က်က္ကာ ေၾကာ့ရွင္းၿပီး smart က်၍ စြမ္းေဆာင္ရည္လည္း ရွိေသးသည္။
ကုံးရင့္ရွန္ သူမနဲ႔အတူ ယွဥ္ရပ္ေနေတာ့ Frozen ႐ုပ္ရွင္ပိုစတာအလား။
ႏွစ္ေယာက္ ေကာ္ရစ္တာမွရပ္ရင္း တစ္ခုခုေျပာေနၾကသည္။ ကုံးရင့္ရွန္ကေတာ့ ေခါင္းညိတ္ၿပီး အခ်ိန္တိုင္း ၿပဳံးကာ ၿပဳံးကာ၊ အလြန္ညင္သာေသာ အမူအရာျဖင့္။
ရန္ရိ မ်က္ေတာင္ခတ္ကာ ဆက္စိုက္ၾကည့္ေနရင္း အခ်ိန္အေတာ္ၾကာ သတိျပန္မ၀င္ႏိုင္ေပ။
ကုံးရင့္ရွန္မွာ ဒီလိုဘက္ျခမ္းမ်ိဳးရွိေနၿပီး ဒီလိုမ်က္၀န္းေတြနဲ႔ ဒီလိုအၿပဳံးမ်ိဳးရွိေနသည္။
ဒါေပမယ့္ သူကေတာ့ ဘယ္ေသာအခါမွ မေတြ႕ခဲ့ဖူးပါေပ။
႐ုတ္တရက္ ကုံးရင့္ရွန္ မ်က္ဖ်ားစြန္းကေန ကို႔႐ိုးကားယားရပ္ေနရင္း ဘာမွမျဖစ္သလို ေခါင္းညိတ္ကာ ေလွ်ာက္လွမ္းလာသည့္ ရန္ရိကိုေတြ႕လိုက္ရသည္။
" ေခါင္းေဆာင္ရန္ ဘာလို႔ဒီေရာက္ေနတာလဲ? "
ကုံးရင့္ရွန္ သူ႔ကိုမ်က္ႏွာခ်င္းဆိုင္လိုက္ခ်ိန္မွာေတာ့ ပုံမွန္အတိုင္းျဖစ္ေနသည္။
ရန္ရိ အနည္းငယ္ စိတ္မသက္မသာခံစားရၿပီး
" အို႔ မင္းအမႈအေျခအေနတိုးတက္လားေမးမလို႔။ ဒါက...."
" ေခါင္းေဆာင္စုန္႔က ပင္စင္ယူသြားၿပီ ဒါက တတိယစခန္းရဲ႕ စခန္းေခါင္းေဆာင္, ခ်ိဳးယန္
ယန္က်ဲ ဒါကဖီးနစ္စခန္းရဲေခါင္းေဆာင္, ရန္ရိ "
" ေတြ႕ရတာ၀မ္းသာပါတယ္ ေခါင္းေဆာင္ "
ခ်ိဳးယန္ လက္ဆန္႔ထုတ္ေပးၿပီး
" လက္တြဲၾကတာေပါ့ "
" ၀မ္းသာပါတယ္ "
ႏွစ္ေယာက္ လက္ဆြဲႏႈတ္ဆက္ၾကၿပီး ရန္ရိ ၿပဳံးလိုက္သည္။
" ေခါင္းေဆာင္အသစ္က ငယ္႐ြယ္ၿပီး ေခ်ာေမာလိမ့္မယ္လို႔ တကယ္မထင္ထားဘူး "
" ေက်းဇူးပါ "
ခ်ိဳးယန္ၿပဳံးလိုက္ကာ
" ရွင္ကြၽန္မတို႔ကို အေတာ္ကူညီေပးတယ္လို႔ၾကားတယ္ ေရွာင္ကုံးအမႈကို စုံစမ္းဖို႔လည္း ကူညီခဲ့ေသးတယ္ ေခါင္းေဆာင္စုန္႔ကေတာ့ ရွင့္ကိုခ်ီးမြမ္းေနတာပါပဲ "
" ဘာမွမဟုတ္ပါဘူး ကူညီသင့္လို႔ပါ "
" ေတာင္းပန္ပါတယ္ ေခါင္းေဆာင္ ကြၽန္မေနာက္ အစည္းအေဝးတစ္ခုတက္စရာရွိလို႔ "
ခြၽီယန္ သူ႔နာရီကို ၾကည့္လိုက္ရင္း
" ရွင္ ေရွာင္ကုံးကိုလာေတြ႕တာမလား? အလုပ္မ်ားလိုက္ၾကပါဦး ေနာက္မွစကားေျပာတာေပါ့ "
" အိုေက ေနာက္မွေတြ႕မယ္ "
ခ်ိဳးယန္ထြက္သြားေတာ့ ရန္ရိ မ်က္ခုံးပင့္ကာ ေနာက္လိုက္သည္။
" ဒီလိုအလွပေဂး ေခါင္းေဆာင္နဲ႔ေတာ့ မင္းကံေကာင္းတာပဲ "
ကုံးရင့္ရွန္ ေျပာလာသည္။
" ဘာကံေကာင္းစရာရွိလဲ ကေလးဘ၀ကတည္းက သိလာၾကတာကို "
" တကယ္? "
ရန္ရိ ၿပဳံးကာေျပာလိုက္သည္။
" ငယ္ငယ္က အခ်စ္ေလးမဟုတ္လား? "
ကုံးရင့္ရွန္ မ်က္ေမွာင္ၾကဳတ္ရင္း
" ခင္မ်ား အရမ္းအားယားေနလား? "
" အပိုေတြ မင္းဒီလိုအမူအရာမ်ိဳးနဲ႔ အျခားသူေတြကို ဆက္ဆံတာ ငါမေတြ႕ဖူးဘူး ျဖစ္ႏိုင္တာက.... "
" အဲ့တာ ခင္မ်ားနဲ႔မဆိုင္ဘူး "
ကုံးရင့္ရွန္ ေအးစက္လ်က္ ေျပာလာသည္။
ရန္ရိ မေနႏိုင္ဘဲ စိတ္မသက္မသာျဖစ္သြားၿပီး အၿပဳံးသည္လည္း ေသးငယ္သြား၏။
" ငါအမႈအတြက္ ဘာတိုးတက္မႈရွိမလဲေမးဖို႔ မင္းကိုလာရွာတာ "
" ကြၽန္ေတာ္အခုသြားစရာရွိတယ္ ကြၽန္ေတာ့္အလုပ္ၿပီးတဲ့အထိေစာင့္..."
[ T/n : စကားမဆုံးေသးခင္ ]
" okay မင္းအလုပ္မ်ားေနတာပဲ ငါျပန္လိုက္မယ္ "
ရန္ရိ လွည့္ကာ ျပန္ေတာင္မၾကည့္ဘဲ ထြက္သြား၏။
ကုံးရင့္ရွန္ ရန္ရိ ေက်ာျပင္ကို အေတြးမ်ားျဖင့္ ၾကည့္လိုက္သည္။
=========
အားကစားၿပိဳင္ပြဲေန႔။
ဟုန္းဝူမီးသတ္ဌာနလက္ေအာက္၌ မီးသတ္စခန္းစုစုေပါင္း ၁၃ ခုရွိၿပီး
စခန္းတစ္ခုစီတိုင္းကလည္း ၿပိဳင္ပြဲအသစ္ေတြခင္းက်င္းျပသေနစဥ္ ၿပိဳင္ပြဲ၀င္ဖို႔ လိုအပ္သည္။
ဌာနဆိုင္ရာအဆင့္ ၿပိဳင္ပြဲေတြအပါအဝင္ ဌာနခ်ဳပ္အဆင့္ ၿပိဳင္ပြဲေတြလည္းပါ၀င္သည္။
ဌာနခ်ဳပ္အဆင့္ ၿပိဳင္ပြဲေတြအတြက္ လိုအပ္ခ်က္မွာ ပိုၿပီးတင္းၾကပ္၏။
အဖြဲ႕တစ္ခုစီတိုင္းက အရည္အခ်င္းအရွိဆုံး သူရဲေကာင္းမီးသတ္သမားမ်ားကိုသာ ယွဥ္ၿပိဳင္ရန္ေ႐ြးခ်ယ္ၾကရၿပီး ရမွတ္မ်ားကိုအကဲျဖတ္ရန္ အကဲျဖတ္ဒိုင္လည္း ပါ၀င္သည္။
ဌာနဆိုင္ရာအဆင့္ၿပိဳင္ပြဲေတြကေတာ့ ပိုလြယ္ကာ ၿပိဳင္ပြဲကိုလာၾကည့္ၿပီး အားကစားစိတ္ဓါတ္တိုးျမႇင့္ေရးအတြက္ မိသားစုႏွင့္ မိတ္ေဆြမ်ားကိုပါ ဖိတ္ေခၚႏိုင္သည္။
ၿပိဳင္ပြဲအခ်ိန္ဇယားအရ ရန္ရိ တာ၀န္က်ေနေသာတပ္သားမ်ားႏွင့္ ဂ်ဴတီ၀င္ေနသည္။
ေနာက္ဆုံးေတာ့လည္း မီးသတ္တပ္ဖြဲ႕က အခ်ိန္မေ႐ြးထြက္ေပၚလာတဲ့တာ၀န္ကို ဘယ္အခ်ိန္မဆို ေရွ႕ဆုံးကေဆာင္႐ြက္ၾကရ၏။ [T/n : Salute♡ ]
ရန္ရိ သူ႔တပ္သားေတြကို ၿပိဳင္ပြဲေနရာဆီေစာေစာေခၚသြားလိုက္သည္။
အဖြဲ႕လိုက္ၿပိဳင္ပြဲ ၄ ပြဲရွိၿပီး မနက္ပိုင္းမွာေတာ့ ေရအျမန္ထိန္းခ်ဳပ္ျခင္းႏွင့္ အျခားၿပိဳင္ပြဲအသစ္ေတြရွိသည္။
သူတို႔ ေလ့က်င့္ေရး၌ ဒုတိယေနရာ ၀င္ၿပီး ၿပိဳင္ပြဲအသစ္ေတြလည္း သူ႔ဟာနဲ႔သူအႏိုင္အရႈံးရွိသည္။
ေန႔လယ္နားခ်ိန္မွာ ရန္ရိ တပ္သားေတြနဲ႔ ေန႔ခင္းၿပိဳင္ပြဲအတြက္ ေဆြးေႏြးေနရင္း သူ႔မိုဘိုင္းဖုန္းကို အခ်ိန္တိုင္း တၾကည့္ၾကည့္လုပ္ေန၏။
ေနာက္ဆုံးတစ္ေခါက္ ဟုန္းဝူဌာနခြဲမွာဆုံၿပီးကတည္းက သူနဲ႔ကုံးရင့္ရွန္ အဆက္အသြယ္မလုပ္ေတာ့တာ လ၀က္ပင္ရွိေနေလၿပီ။
သူတို႔ႏွစ္ေယာက္ စသိခဲ့ကတည္းက ဒီေလာက္အၾကာႀကီးအဆက္အသြယ္မျပတ္ဖူးေပ။
ရန္ရိ သူဘာေတြးမိေနမွန္းမသိ၊ အနည္းငယ္စိတ္ထိခိုက္ေနသည္။
သူ႔ကို လူတစ္ေယာက္ထက္ပိုၿပီး ေျပာဖူးပါ၏။
ကုံးရင့္ရွန္က လူတိုင္းကိုအဲ့လိုပဲဆက္ဆံတာ၊ သူ႔တစ္ေယာက္တည္းကို ပစ္မွတ္ထားေနတာမဟုတ္ဘူးလို႔။
ဘာမွမွားမေနတာလည္း ျဖစ္ႏိုင္ပါတယ္။
ဒါေပမယ့္ ႁခြင္းခ်က္ဆိုတာေတာ့ရွိေနသည္။ အဲ့ဒီ့ ငယ္႐ြယ္ လွပၿပီး သမာသမတ္က်တဲ့ ခ်ိဳးယန္က ႁခြင္းခ်က္ပဲ။
ခ်ိဳးယန္ရဲ႕ တည္ရွိမႈက သူ႔ကို ကုံးရွင့္ရွန္သည္ လူေတြကို ေဖာ္ေ႐ြပ်ဴငွာႏိုင္ပါေၾကာင္း သိသြားေစၿပီး ၿပဳံးေတာင္ၿပဳံးျပႏိုင္ပါေသးသည္။
သူ႔ကို မေပ်ာ္မ႐ႊင္ျဖစ္ေစတာက သူကုံးရင့္ရွန္ကို အမ်ားႀကီး ေထာက္ပံ့ၿပီး အကူအညီလည္းေပးပါရဲ႕ ၊ ကုံရင့္ရွန္နဲ႔ သူငယ္ခ်င္းေတာင္ လုပ္ေပးခ်င္မိေသးတယ္။ ဒါေပမယ့္ ကုံးရင့္ရွန္ကေတာ့ သူ႔ကို အတည္သေဘာမထားေပ။
ကုံးရင့္ရွန္ ဒီေန႔လုံး၀လာမွာမဟုတ္ဘူး။
ကိစၥမရွိပါဘူး။ သူကလည္း ခိုင့္၀မ္အမႈတိုးတက္မႈရွိ၊မရွိပဲ သိခ်င္တာ။ အဲ့တာကလြဲၿပီး သူကုံးရင့္ရွန္နဲ႔ အမ်ားႀကီးဆက္ဆံဖို႔ ေဝးပါေသးတယ္။
[ T/n : ဒါဒါေတြေတာ့ ယုံမယုံမသိဘူး က်ေနာ္ေတာ့မယုံေပါင္ :"3 ]
ေန႔ခင္းမွာေတာ့ အဖြဲ႕လုပ္ေဆာင္ေရးက မီးသတ္ပိုက္ျဖင့္ မီးၿငိမ္းသတ္ရန္ပင္။
သူတို႔ ဓါတ္ဆီေလာင္းၿပီး မီးရႈိ႕ထားတဲ့ ဘုတ္ျပားကားထားေသာအခန္းကို မီးၿငိမ္းသတ္ရမည္ျဖစ္ၿပီး ေနာက္ဆုံး တစ္ဖြဲ႕စီ မီးၿငိမ္းသတ္ရန္ၾကာခ်ိန္ကို မွတ္ကာ အဆင့္ခြဲျခားမည္ျဖစ္သည္။
ထို ၿပိဳင္ပြဲ၌ ရန္ရိလည္း ပါ၀င္မည္။
ေန႔လယ္နားခ်ိန္ၿပီးေတာ့ ရန္ရိ အဖြဲ႕သားေတြကို ေသြးပူေလ့က်င့္ခန္းလုပ္ဖို႔နဲ႔ ျပင္ဆင္ဖို႔ ဦးေဆာင္ေခၚသြားသည္။
အျခားအဖြဲ႕ေတြအားလုံးၿပီးမွ သူတို႔ကေနာက္ဆုံးျဖစ္၏။
ရန္ရိ အားလုံးကိုအားေပးလိုက္သည္။
" ငါတို႔မႏွစ္က စံခ်ိန္ကိုခ်ိဳးၾကမယ္ တကယ္လို႔ခ်ိဳးႏိုင္မယ္ဆို ေန႔တစ္၀က္ေလ့က်င့္ေရး ဖ်က္ေပးမယ္ "
" အေတာ္ေတာင္ၾကာၿပီပဲ "
" မင္းတို႔ လြယ္တယ္မထင္ၾကနဲ႔ "
" မထင္ရဲပါဘူး "
" ေခါင္းေဆာင္ရန္ "
တင္းခ်င္ ရန္ရိကို မ်က္စပစ္ျပလိုက္ရင္း သူ႔ေနာက္ဘက္ကိုၾကည့္လိုက္သည္။
ရန္ရိ ေခါင္းလွည့္ၾကည့္လိုက္ေတာ့ ဘယ္အခ်ိန္ကေရာက္ေနမွန္းမသိတဲ့ ကုံးရင့္ရွန္ကို ေတြ႕လိုက္ရၿပီး
သူ (ကုံးရင့္ရွန္) က ေပါ့ေပါ့ပါးပါးနက္ျပာေရာင္အ၀တ္အစားကို ေျပာင္း၀တ္ထားကာ စြတ္စြတ္ျဖဴေနသည့္ sneaker မ်ားစီးထားလ်က္၊ ကုံးေဖးလန္က ေဘးမွာခုန္ဆြခုန္ဆြ လုပ္ရင္း အတူေလွ်ာက္လာၾကသည္ကို ေတြ႕လိုက္သည္။

" ေခါင္းေဆာင္ ! "
ကုံးေဖးလန္ ၀မ္းသာအားရေျပးလာသည္။
" သမီးဒီကို အားေပးဖို႔လာတာ "
[T/n : ကြၽန္မ လို႔ သုံးဖို႔က ငယ္လြန္းလို႔ သမီးလို႔ေျပာင္းသုံးလိုက္တယ္ ]
သူ(မ) တပ္သားေတြကိုလည္း လက္တစ္ယမ္းယမ္းလုပ္ျပလိုက္၏။
စခန္းကို အႀကိမ္ေတာ္ေတာ္မ်ားမ်ားေရာက္ဖူးေတာ့ အားလုံးနဲ႔လည္း သိေနၿပီ။
ရန္ရိ ၿပဳံးကာ ေျပာလိုက္သည္။
" ေက်းဇူးပါဗ် "
သူ႔မ်က္လုံးမ်ားကေတာ့ ကုံးရင့္ရွန္ကိုသာ ၾကည့္ေနဆဲ။
ကုံးရင့္ရွန္ ေရွ႕ပိုတိုးလာၿပီး
" သူဘယ္ေနရာက ၾကားလာလဲမသိဘူး လာခ်င္တယ္ေျပာလို႔ "
ရန္ရိ သူ ကုံးရင့္ရွန္ကို မေက်မနပ္ျဖစ္ေနတာေတြ အားလုံး ပေပ်ာက္သြားသလို ခံစားလိုက္ရၿပီး အေပၚေအာက္ၾကည့္ကာ ေနာက္လိုက္သည္။
" မင္းကို ဒီလိုေပါ့ေပါ့ပါးပါးအ၀တ္အစားမ်ိဳးနဲ႔ ေတြ႕ရဖို႔ရွားတာပဲ ေန႔တိုင္း ၀တ္စုံျပည့္၀တ္ေနရတာ ဘယ္ေလာက္ၿငီးေငြ႕ရလဲ ဒါဆိုမေကာင္းဘူးလား "
" အ၀တ္၀တ္တာ ဘာၿငီးေငြ႕စရာရွိလို႔လဲ? "
ကုံးရင့္ရွန္ ေျပာလာသည္။
" ခင္မ်ားတို႔ ၿပိဳင္ပြဲစၿပီလား? "
" စခါနီးၿပီ ငါတို႔ခဏေနၿပိဳင္ရေတာ့မွာ "
ကုံးေဖးလန္ ေပ်ာ္႐ႊင္ၿပီး ရန္ရိနားမွာ ခုန္ေပါက္ေနသည္။
" ေခါင္းေဆာင္ရန္ ရွင္ဒီေန႔အရမ္းေခ်ာတာပဲ က်ိန္းေသေပါက္ ပထမေနရာရလိမ့္မယ္ "
[ T/n : ဒီေဗဒင္ဆရာမ မဆိုးဘူး :3 ]
" တကယ္လား? မင္းဘယ္လိုသိတာလဲ? "
ရန္ရိ သူ(မ) ကို စလိုက္ရင္း
" ကိုယ္တို႔က ကိုယ္ခံအားၿပိဳင္တာေနာ္ အလွၿပိဳင္တာမဟုတ္ဘူး "
" ေခါင္းေဆာင္ ၿပိဳင္ပြဲမွာ ပထမရမွာပဲ "
ကုံးေဖးလန္ မ်က္စိမွိတ္ျပလိုက္ၿပီး
" သမီးရမယ္လို႔ ေျပာရဲတယ္ "
" ေကာင္းၿပီ မင္းရဲ႕ စကားေကာင္းေလး ငွားလိုက္တာေပါ့ "
ရန္ရိ ကိုယ္ကိုျပန္မတ္လိုက္ၿပီး ကုံးရင့္ရွန္ကို ေမးေငါ့ျပလိုက္သည္။
" မင္းရဲ စကားေကာင္းကေတာ့ ဘယ္မလဲ? "
" ကြၽန္ေတာ့္မွာ အဲ့ေလာက္အကန္းလို confident မ်ိဳးရွိမေနဘူး "
ကုံးေဖးလန္ ကုံးရင့္ရွန္ဘက္ကို ႏႈတ္ခမ္းေထာ္ျပလိုက္သည္။
" ရတယ္ေလ မင္းေျပာႏိုင္ေသးတာေပါ့ "
ရန္ရိ အသက္အ၀ရႉၿပီး ေအာ္လိုက္သည္။
" အားလုံးအသင့္ျပင္ ! တစ္ခ်ိဳ႕လူေတြေျပာတယ္ ငါတို႔ ပထမရမယ္တဲ့ ပထမရႏိုင္လား? "
" ရႏိုင္တယ္ ! "
" တစ္ခ်ိဳ႕ကေျပာတယ္ ငါတို႔ကအကန္းလို confident မ်ိဳးရွိေနတယ္တဲ့ ဟုတ္လား? "
" မရွိဘူး ! "
တပ္သားေတြ ထပ္ေအာ္ၾကသည္။
ကုံးရင့္ရွန္ ႏွာမႈတ္လိုက္၏။
" သြားၾကမယ္ ! ပထမေနရာယူရေအာင္ ! "
ရန္ရိ သူ႔တပ္သားေတြကို ျပင္ဆင္ေရးေနရာဆီ ဦးေဆာင္သြားသည္။
ကုံးေဖးလန္ ေအာ္ရင္း
" ေခါင္းေဆာင္လုပ္ထား ! ဖီးနစ္တပ္ဖြဲ႕ ႀကိဳးစားထား ! "
ကုံးရင့္ရွန္ တီးတိုးေျပာလိုက္သည္။
" မေအာ္နဲ႔ မင္းက မိန္းမငယ္ေလး ယဥ္ယဥ္ေက်းေက်းေနစမ္းပါ "
" မရဘူး သမီး ေခါင္းေဆာင္ရန္အတြက္ အားေပးရမယ္ "
" မင္းအားမေပးရင္ေတာင္ သူကႏိုင္မွာပဲ "
ကုံးေဖးလန္ ကုံးရင့္ရွန္ကို မ်က္လုံးအျပဴးသားျဖင့္စိုက္ၾကည့္ေနသည္။ မယုံၾကည္ႏိုင္ေသာအၾကည့္။
ကုံးရင့္ရွန္ကေတာ့ ေဘးေစာင္းၿပီးေတာင္ ၾကည့္မလာဘဲ ေရွ႕သို႔သာ ၾကည့္ေနလ်က္။
" ေဝါင္း ၀မ္းကြဲေရ တကယ္တမ္းေတာ့ အစ္ကို႔မွာလည္း ေခါင္းေဆာင္အတြက္ ယုံၾကည္ခ်က္ရွိေနတာပဲ အဲ့တာေတာင္ သမီးကို အကန္းလိုယုံၾကည္ခ်က္ရွိေနတယ္လို႔မ်ား ေျပာေသးတယ္ "
" ငါ့မွာက အေၾကာင္းျပခ်က္ရွိတယ္ မင္းလို ခံစားခ်က္အေတြးမ်ိဳးမဟုတ္ဘူး "
ကုံးေဖးလန္ သံသယျဖစ္သြားသည္။
" ဟမ္? "
" ဖီးနစ္စခန္းက ဟုန္းဝူဌာနရဲ႕ တစ္ခုတည္းေသာ အထူးတပ္ဖြဲ႕ပဲ တကယ့္သူရဲေကာင္းတပ္ဖြဲ႕၊ သူတို႔မွာအသန္မာဆုံးစြမ္းအားေတြရွိတယ္ "
ကုံးေဖးလန္ ရယ္လိုက္ရင္း
" ဘာလို႔ ခုနက သူ႔ကိုမေျပာလိုက္တာလဲ သမီးထက္ေတာင္ ပိုၿပီးခ်ီးက်ဴးတတ္တာကို "
ကုံးရင့္ရွန္ ျပန္မေျဖဘဲ ေအးစက္စက္သာႏွာေခါင္းရႈံ႕သည္။
အျခားတစ္ဖြဲ႕ၿပီးသြားေတာ့ ရန္ရိနဲ႔ တပ္သားေတြလည္း အဆင္သင့္ျဖစ္ေနၾကၿပီ။
သူတို႔ ၾကားေနက်ရင္းႏွီးေနၿပီျဖစ္ေသာ သတိေပးခ်က္သံသာ ျမည္လာၿပီး သူတို႔ တာ၀န္၀တ္စုံကို အျမန္ဆုံးႏႈန္းျဖင့္ ၀တ္ဆင္ကာ မီးသတ္ကားထဲ၀င္ၿပီး မီတာ ၁၀၀ အကြာအေဝးမွာရွိသည့္ မီးေလာင္ေနေသာဘုတ္ျပားအိမ္သို႔ ေမာင္းသြားၾကသည္။
ဓါတ္ဆီေၾကာင့္ေလာင္ေသာမီးကို ေရျဖင့္ မၿငိမ္းသတ္ႏိုင္သည့္မတြက္ သူတို႔ မီးသတ္ေပါင္ဒါေျခာက္ပါသည့္ ထရပ္ကားကိုေမာင္းႏွင္သြားရသည္။
ကားဆိုက္ၿပီးေနာက္ သူတို႔ ပုံမွန္လုံၿခဳံေရးအတြက္ အဆို႔ဖုံးကို အရင္ဖြင့္ၿပီး လ်ိဳေဟြးက ေပါင္ဒါေျခာက္ပိုက္ကို ကိုင္တြယ္ၿပီး ပစ္လႊတ္မည့္ေထာင့္အေနအထားႏွင့္ ေရျပင္ညီဦးတည္ရာဘက္ကို ခ်ိန္ထားကာ ေလထုအေနအထားကို ေလ့လာရသည္။
အားလုံးအဆင္သင့္ျဖစ္ၿပီးေနာက္ သူတို႔စျဖန္းပက္ၾက၍ အေျခအေနလည္း အလြန္႔အလြန္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
မီးသတ္ထရပ္ကားေပၚကကိရိယာ၊ အထူးသျဖင့္ အႀကီးဆုံးအစိတ္အပိုင္းကလည္း အႀကိမ္ႀကိမ္ေလ့က်င့္ထားဖို႔လိုၿပီး ၎တို႔ကို တိုက္ပြဲအတြင္း၌ ထိန္းခ်ဳပ္ႏိုင္ဖို႔ရာ သတ္မွတ္ခ်က္အေထြေထြကို တစ္ဖက္ကမ္းကြၽမ္းက်င္တတ္ေျမာက္ထားဖို႔လည္းလိုသည္။
ထို႔ေၾကာင့္ စက္ေမာင္းသမား၏ လိုအပ္ခ်က္သည္လည္း အလြန္ျမင့္မား၏။
ေပါင္ဒါေျခာက္ စတင္ပက္ျဖန္းၿပီးေနာက္ ရန္ရိရဲ႕ လက္ေအာက္မွာရွိတဲ့ တပ္သားေတြက မ်က္ႏွာဖုံးမ်ားတပ္ဆင္လ်က္ အိတ္ေဆာင္မီးသတ္ေဆးဘူးမ်ားျဖင့္ မီးကို၀န္းရံကာ တျဖည္းျဖည္းခ်င္း မီးကိုေလွ်ာ့ခ်၍ အတတ္ႏိုင္ဆုံးျမန္ျမန္ ၿငိမ္းသတ္ႏိုင္ဖို႔ ႀကိဳးစားၾကသည္။
အားလုံးက စိတ္ၿငိမ္၍ ေသသပ္ကာ ျမန္လည္းျမန္ၿပီး တစ္ဦးႏွင့္တစ္ဦး အျပန္အလွန္နားလည္မႈျဖင့္ ပူးေပါင္းလုပ္ေဆာင္ၾကသည္။
ဤသည္ကား ၾကာရွည္စြာၾကပ္မတ္ေလ့က်င့္ထားသည္ကို ထင္ဟပ္ေစေသာ အရည္အေသြးျမင့္ အထူးတပ္ဖြဲ႕ပင္တည္း။
မီးအားလုံးၿငိမ္းသတ္ၿပီးသြားေတာ့ အခ်ိန္မွတ္သည့္ ဒိုင္လူႀကီးက ေအာ္ေျပာလာသည္။
" အရမ္းေတာ္တယ္ ၁ မိနစ္နဲ႔ ၄၃ စကၠန္႔! ပထမ ! "
အားလုံးတစ္ခ်ိန္တည္း ေအာ္လိုက္ၾကသည္။
လွ်ိဳေဟြးက ရယ္လ်က္။
" မႏွစ္ကထက္ ၂ စကၠန္႔ေစာတယ္ကြ! "
အေတာ္ေဝးတဲ့ေနရာကေန ကုံးေဖးလန္ေအာ္ဟစ္ၿပီး ကုံးရင့္ရွန္လက္ေမာင္းကို တဆတ္ဆတ္ လႈပ္ရမ္းကာ
" ၀မ္းကြဲ သူတို႔ႏိုင္တယ္ သူတို႔တကယ္ႏိုင္သြားတယ္ ! "
ကုံးရင့္ရွန္ ၿပဳံးလိုက္ရင္း
" ဒါက တစ္ပြဲပဲရွိေသးတာကို ေနာက္ထပ္ပြဲေတြလည္း က်န္ေသးတယ္ "
" အျခားပြဲေတြလည္း က်ိန္းေသေပါက္ ႏိုင္မွာပဲ ! "
ကုံးေဖးလန္ သူမရဲ႕ ပူေႏြးေနေသာ မ်က္ႏွာကို တင္းတင္းဆုပ္ရင္း
" ေခါင္းေဆာင္က မိုက္လိုက္တာ ၀မ္းကြဲ ေခါင္းေဆာင္က တကယ္ေတာ္တာပဲ! "
" ..... "
ကုံးရင့္ရွန္ မၾကားႏိုင္ေလာက္ေအာင္ တိုးတိုးေျပာလိုက္သည္။
" အင္း "
အခ်ိန္ကိုက္ပဲ ရန္ရိက သူတို႔ဘက္လွည္ၿပီး လက္ယမ္းျပလာသည္။
ကုံးေဖးလန္ကလည္း ျမင့္ျမင့္ခုန္ကာ လက္တယမ္းယမ္းလုပ္ျပေနၿပီး
သူမရဲ႕ ခ်စ္စရာ ponytail ေလးႏွစ္ခုကေတာ့ သူမနဲ႔လိုက္ၿပီး ေဝွ႔ယမ္းလ်က္။
ကုံးရင့္ရွန္ ရန္ရိဘက္သို႔ ေခါင္းညိတ္ျပလိုက္၏။
ရန္ရိ အနည္းငယ္ဂုဏ္ဆာမိသည္။
တကယ္တမ္းေတာ့ သူတို႔တပ္ဖြဲ႕က ႏွစ္တိုင္းနီးပါး အႏိုင္ရၿပီး အခုလိုၿပိဳင္ပြဲအေသးစားေလးအတြက္နဲ႔ အရမ္းဂုဏ္ယူစရာမလိုေပ။
ဒါေပမယ့္ ဒီႏွစ္ကေတာ့ ကြဲျပားတယ္။
ကုံးရင့္ရွန္က ၾကည့္ေနတာ၊ အဲ့ေတာ့.....ႏိုင္သြားတာ အရမ္းေကာင္းတာပဲ။
=========================
ဟုတ္ကဲ့ FA မႀကီးကေတာ့ တစ္ေယာက္တည္း ငိုႀကီးခ်က္မနဲ႔ စာ႐ိုက္ေနပါတယ္ ToT
ေျပာရရင္ flame armor က တစ္ပုဒ္လုံးကို sweet တာပါ။
ဘယ္ဟာနဲ႔မွ မတူဘူး ထူးျခားတယ္ !
အဲ့တာေၾကာင့္ အလကားတင္ေပးရတာႏွေျမာလို႔ ပိုက္ဆံနဲ႔ဖတ္မွရမယ္ ဆိုၿပီး ျပန္ဖ်က္လိုက္ရမလား :3
အခုေတာ့ မလုပ္ေသးဘူး
ဒီ့ထက္မက sweet လာမွ ရက္စက္တာေပါ့ ေစာင့္လိုက္ပါဦးမယ္ ☺