[ Unicode ]
ပြိုင်ပွဲပြီးတော့ ရန်ရိ ကုံးရင့်ရှန်နဲ့ ကုံးဖေးလန်ကို ပွဲကြည့်နေရာမှာ နောက်ထပ်ပွဲသစ်တွေမှာ ၀င်ပြိုင်မယ့် မီးသတ်သမားတွေကို ထိုင်ပြီးအားပေးဖို့ ခေါ်သွားလိုက်သည်။
ဆွေမျိုးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေ အများအပြားလာရောက် အားပေးကြသော်ငြား ထိုမောင်နှမကတော့ဖြင့် ပို၍ထင်ပေါ်နေရာ လူကြည့်အများဆုံးဖြစ်နေလေသည်။
ကြည့်နေတုန်းမှာပဲ ၀မ်ရွှမ်းက ice - cola နှစ်ဖာယူလာပေးတော့ ရန်ရိ ပုလင်းအချို့ယူလိုက်ပြီး ကုံးရင့်ရှန်နဲ့ ကုံးဖေးလန်ကို ပေးလိုက်၏။ ကုံးဖေးလန်က အမြန်ယူလိုက်ပေမယ့် ကုံးရင့်ရှန်ကတော့ ရိုးရိုးပဲပြောလာသည်။
" ကျွန်တော် ကာဗွန်ပါတဲ့ အအေးတွေမသောက်ဘူး "
" ဧည့်ခံဖို့ခက်တာပဲ "
ရန်ရိ သူ့အတွက် ရေသန့်ပုလင်းပြောင်းပေးလိုက်သည်။
ကုံးဖေးလန် မတတ်သာပဲ ခေါင်းညိတ်လိုက်ရင်း
" အစ်ကိုက အစားရွေးတဲ့သူဖြစ်မယ် "
" စားသောက်တဲ့နည်းလမ်းမှန်ကို ရွေးတာ အစားရွေးတာမဟုတ်ဘူး "
ရန်ရိ သရော်ပြုံး ပြုံးလိုက်ပြီး
" မင်းဒါမစားဘူးဆို မစားဘူးပေါ့ ပိုထင်ရှားအောင် အစားရွေးတယ်လို့ခေါ်ရတယ် "
ကုံးရင့်ရှန် သူ့ထံသို့မျက်စောင်းထိုးလိုက်ရင်း
" ခင်များကိုလည်း ကျွန်တော့်အတွက် အစားအစာတွေ မပြင်ခိုင်းပါဘူး ဘာကိုအထွန့်တက်နေသေးတာလဲ "
" ဘယ်သူများ အထွန့်တက်ရဲပါ့မလဲနော် "
ကုံးဖေးလန် အကူအညီမဲ့ ပြောလာသည်။
" အစ်ကိုတို့ အမြဲတော့ ရန်ဖြစ်မနေဘူးမလား? "
ရန်ရိ ချောင်းအသာဟန့်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
" ခိုင့်၀မ်အမှုက ဘယ်လိုဖြစ်သွားပြီလဲ? "
" ကျွန်တော် အချက်အလက်တွေဆက်စပ်ကြည့်လိုက်တော့ ခိုင့်၀မ်ရဲ့ အစ်ကိုဆိုတဲ့သူကို ချိတ်ဆက်မိတယ် အဲ့လူက ခိုင့်ချန်းလို့ခေါ်တယ်။ တစ်နှစ်လုံးငြိမ်နေပြီး ထျန်ချီကို အလုပ်ထူးထူးဆန်းဆန်းတွေ လာလုပ်တတ်တယ် လုံခြုံရေးအစောင့်၊ Deli သမား အဲ့လိုပေါ့။ ဒါပေမယ့် ဘယ်တော့မှ အကြာကြီးမလုပ်ဘူး။ မကြာခင်က အဲ့လူ ထျန်ချီကို လာခဲ့တယ်ဆိုတဲ့ သက်သေရှိတယ် ဒါပေမယ့် သူအမြန်ချောပို့၀န်ဆောင်မှုကို မသုံးခဲ့သလို ID မှတ်တမ်း လည်းရှိမနေဘူး "
" ဘားမီးလောင်မှုပြီးမှ ရောက်လာတာလား? "
ရန်ရိ ပြောလိုက်သည်။
" အရမ်း သံသယဖြစ်စရာကောင်းတာပဲ "
" ဟုတ်တယ် သူထျန်ချီကိုလာတဲ့အကြောင်း လူတွေနားထဲပေါက်မကြားအောင် တမင်တကာ ရှောင်နေတော့ စုံစမ်းရတာအရမ်းခက်တယ်။ ကျွန်တော် ခေါင်းဆောင်ချိုးကို နယ်မြေခံရဲတပ်ဖွဲ့နဲ့ဆက်သွယ်ပေးဖို့ အကူအညီတောင်းပြီး အဲ့ဒီ့လူကိုနည်းနည်း စုံစမ်းကြည့်လိုက်တော့ မကြာခင်ကမှ ထူးထူးခြားခြား အတော်အသုံးကြမ်းနေတာ သိလိုက်ရတယ် အရင်းအမြစ်မသိဘဲ ငွေတွေ၀င်လာသလိုမျိုး "
" ဖမ်းမိသွားလား? "
"ဟင့်အင်း ငွေအလွှဲအပြောင်းတွေက သက်သေရှာဖို့မလွယ်ဘူး လူတွေကိုမဖမ်းခင် သက်သေအထောက်အထား အစစ်အမှန်တွေရှိဖို့လိုတယ် ဒါပေမယ့် မြန်တော့မြန်ရမှာပဲ "
" မင်းသာ ခိုင့်၀မ်ကို ထောင်ချောက်ထဲမိသွားအောင် လုပ်နိုင်လို့ကတော့ ငါတကယ် ခေါင်းဆောင်ချိုးကို ကျေးဇူးတင်ရတော့မယ် "
ရန်ရိ ဘာလိုလိုနဲ့ ပြောလိုက်သည်။
" မင်းသူ့ကို ယန်ကျဲလို့ခေါ်တယ်မလား? "
" မမယန်? သူကဘာလို့လဲ? "
ကုံးဖေးလန် လှည့်မေးလိုက်သည်။
" မင်းရော သူ့ကိုသိတာလား? "
" သိတာပေါ့ သမီးတို့မိသားစုနဲ့ မမယန်တို့မိသားစုက တစ်မိသားစုလုံးမိတ်ဆွေတွေပဲ သမီးတို့ ကလေးဘ၀ကတည်းက ခင်ကြတာ "
" ..... "
ထိုအချိန် ကုံးရင့်ရှန်ဖုန်း မြည်လာပြီး သူဖုန်းဖြေဖို့ ထထွက်သွားသည်။
ရန်ရိ မနေနိုင်တော့ဘဲ ကုံးဖေးလန်ကို မေးလိုက်၏။
" ဖေးလန် မင်းအစ်ကိုနဲ့ ခေါင်းဆောင်ချိုးက တကယ်ပဲ ငယ်ချစ်ဦးတွေလား? "
[ T/n : ကုံးဖေးလန်နဲ့ ကုံးရင့်ရှန်ကြားက အခေါ်အဝေါ်ကို အစ်ကိုလို့ပဲရေးပြီ *၀မ်းကွဲတွေ* ဆိုတာတော့ မှတ်ထားကြပေါ့ ]
" လုံး၀မဟုတ်ဘူး သူတို့က ၇ နှစ် ၈ နှစ်လောက်ပဲရှိဦးမှာကို ဘယ်လိုလုပ် ကြိုက်လို့ရမှာလဲ? "
ရန်ရိ ခေါင်းညိတ်လိုက်သည်။
" ဒါမယ့် အစ်ကိုကတော့ ကြိုက်နေလောက်တယ် "
ကုံးဖေးလန် ယုံကြည်ချက်ရှိရှိ ပြောလာ၏။
ရန်ရိ တောင့်သွားပြီး
" ...တကယ်ပဲ "
" အင်း မမယန်က အစ်ကိုနဲ့ဆက်ဆံရေးရှိတဲ့ တစ်ဦးတည်းသော မိန်းကလေးလေ မမယန်ကအရမ်းလှပြီး တော်လည်းတော်တယ် အစ်ကို့လိုစရိုက်မျိုးပဲ အစ်ကိုသာ သူ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့အရမ်းကောင်းနေမှာလဲ "
ရန်ရိ တီးတိုးရေရွတ်လိုက်သည်။
" ဟုတ်သားပဲ သူတို့နှစ်ယောက် လိုက်ဖက်တယ်.... "
" အား! "
ကုံးဖေးလန် ရုတ်တရက်ထအော်လိုက်ပြီးရန်ရိကို စိုးရိမ်တကြီးကြည့်လာသည်။
" ခေါင်းဆောင်ရန် ရှင် မမယန်ကိုတော့ကြိုက်မနေဘူးမလား? "
ရန်ရိ မချိမဆန့်ပြုံးလိုက်ကာ
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကိုယ်တို့တွေ့ဖူးတာမှာ ၂ မိနစ်လောက်ပဲရှိတာ "
ကုံးဖေးလန် ရန်ရိကို သံသယဖြင့်ကြည့်နေ၏။
" မင်းအစ်ကိုက သူနဲ့ရယ်လိုက်မောလိုက် စကားပြောနေတာတွေ့တော့ ကိုယ်ဒီတိုင်းသိချင်မိရုံပါ "
" အိုး အဲ့တာကောင်းတာပေါ့ တကယ်တော့လေ အစ်ကိုက သူနဲ့တကယ်အနေဝေးတာ "
ကုံးဖေးလန်က ခေါင်းရမ်းလျက်။
" စိတ်ညစ်ရတာက အစ်ကိုတရုတ်ကို ပြန်ရောက်တာ အရမ်းကြာနေပြီကို ဘာလှုပ်ရှားမှုမှမတွေ့ရသေးဘူး တကယ်စိတ်ပူစရာပဲ "
ရန်ရိ သူ့ရင်ထဲဘယ်လိုဖြစ်နေတယ် ဆိုတာ မပြောနိုင်ပေ။
သူအဓိပ္ပါယ်မဖော်နိုင်လောက်အောင် လမ်းစပျောက်နေပြီး ရယ်ပစ်လိုက်ချင်သည်။
တကယ်တော့ ကုံးရင့်ရှန်က ရက်စက်တာမဟုတ်၊ တစ်မိသားစုတည်းကို ခြွင်းချက်ထားတာပဲ။
ဖုန်းပြောပြီး ကုံးရင့်ရှန် ပြန်လာတော့ သူတို့နှစ်ယောက် တည်ငြိမ်ချင်ယောင် ဆောင်လိုက်ကြသည်။ လေထုအခြေအနေက အနည်းငယ်ထူးဆန်းနေတာသတိထားမိပြီး သူမေးလိုက်၏။
" ခင်များတို့နှစ်ယောက် ခုနဘာပြောနေတာလဲ? "
" ဘာမှမဟုတ်ဘူး တပ်သားတွေကိုအားပေးနေတာ "
ရန်ရိပြောလိုက်သည်။
ကုံးဖေးလန်ကတော့ ပြုံးကာ ဘာမှမပြောပေ။
ကုံးရင့်ရှန် မျက်လုံးမှေးစင်းလိုက်သည်။
သိသိသာသာကြီးကို အဆင်ပြေမနေတာပင်။
ထိုအချိန် ရန်ရိဖုန်းက မြည်လာပြန်ပြီး သူငုံ့ကြည့်တော့ ရွှီကျင့်ခေါ်တာဖြစ်သည်။
" ဟုတ်ကဲ့ ကြီးကြပ်ရေးမှူး "
[ t/n : အရင်ကဘယ်လိုရေးခဲ့သေးလဲ မသိဘူး ကြီးကြပ်ရေးမှူးပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်ဖြစ် ရွှီကျင့်က ရွှီကျင့် ဟုန်းဝူမီးသတ်ဌာနချုပ်ရဲ့အကြီးဆုံးလို့ပဲမှတ်ပါ ကျနော်က အခေါ်အဝေါ်တွေမှတ်တာ မကျွမ်းဘူး ]
" ရန်ရိ မင်းဘယ်မှာလဲ? "
" ကျွန်တော် အားကစားပြိုင်ပွဲမှာပါ "
" တစ်ခုခုဖြစ်လို့ အန်းမင်လမ်းက အထပ်မြင့်အဆောက်အဦး မီးလောင်ပြီး မီးက အတော်ပြင်းတယ် ဒီကိုချက်ချင်းလာခဲ့ "
ရန်ရိ ချက်ချင်း ထရပ်လိုက်ပြီး
" ၀မ်ရွှမ်း မင်းနေခဲ့ပြီး ပြိုင်ပွဲ၀င်နေတဲ့လူတွေကို စောင့်ကြည့်နေလိုက် အခြားသူတွေက အခုချက်ချင်း ငါနဲ့တာ၀န်သွားရမယ် "
အားလုံး ထရပ်လိုက်ကြပြီး စွေ့ရီရှန့်ကမေးလာသည်။
" ခေါင်းဆောင်ရန် ဘာဖြစ်တာလဲ? ဘယ်မှာမတော်တဆမှုဖြစ်လို့လဲ? "
" အန်းမင်လမ်းက အထပ်မြင့်အဆောက်အအုံ အခုပဲ ငါ့ကိုကြီးကြပ်ရေးမှူး ဖုန်းဆက်တာ "
ရန်ရိ ပြောရင်းဆိုရင်း တပ်သားတွေနဲ့အတူ မီးသတ်ကားဆီပြေးသွားလိုက်သည်။
အန်းမင်လမ်းက သူ့နယ်မြေထဲမှာတော့မပါပေ။ ဒါပေမယ့် သူ့စခန်းနဲ့အနည်းငယ်အလှမ်းဝေးသော အိုက်ရှင်း(အချစ်)မီးသတ်စခန်း နဲ့တော့ သက်ဆိုင်ပြီး ဒီနေရာနဲ့ နီးသည်။
[ T/n : ဟားဟား စခန်းနာမည်က အချစ်တဲ့ ]
မီးလောင်မှုအခင်းကြီးတွေဆိုရင် စခန်းအတော်များများပါ၀င်ဖို့လိုပြီး အချို့ ဌာနတွေပါ အတူ၀င်ပါရသေးသည်။
ရွှီကျင့်ရဲ့ အသံအနေအထားကို ခန့်မှန်းကြည့်ရသလောက်တော့ အခြေအနေပြင်းထန်၏။
ရန်ရိ အ၀တ်အစားတွေလဲပြီး ကားထဲ၀င်အံ့ဆဲဆဲမှာပင် သူ့ကျောနောက်ကနေ ကုံးရင့်ရှန်အသံထွက်ပေါ်လာသည်။
" ခေါင်းဆောင်ရန် ကျွန်တော်ရော အတူလိုက်လို့ရလား? "
ရန်ရိလှည့်ကြည့်လိုက်ပြီး သူတို့နှစ်ယောက်ကို သတိရသွားသည်။ တာ၀န်ထမ်းဆောင်ရပြီဆိုတာနဲ့ သူဘာကိုမှ အာရုံမထားတော့ပေ။
ရန်ရိ မေးငေါ့ပြလိုက်ပြီး
" ကားထဲ၀င် "
ကုံးရင့်ရှန် ကုံးဖေးလန်ကို ပြောလိုက်သည်။
" ဒီမှာပဲစောင့်နေ ငါမင်းကိုလာကြိုဖို့ driver ကိုပြောလိုက်မယ် "
" အစ်ကို သမီးလည်း အတူလိုက်မယ်လေ..."
" မရဘူး အိမ်ရောက်ရင် ငါ့ကိုဖုန်းဆက်လိုက် "
ကုံးရင့်ရှန် ရန်ရိနောက်မှလိုက်ကာ ကားထဲ၀င်လိုက်သည်။
လမ်းတွင် ရန်ရိတို့နဲ့အတူ ထွက်ခွာနေသော အခြားမီးသတ်ကား ၃ စီးလည်းရှိပြီး သူတို့လည်း စေလွှတ်ခံရသည်မှာသိသာသည်။ ရန်ရိ ကောင်းကယ်ကို Wechat ကနေစာပို့လိုက်ပြီး သူရောတာ၀န်ပေးခံရလားလို့မေးလိုက်သည်။ ကောင်းကယ်အမြန်ပဲ စာပြန်လာတာက - သူတို့ဆီကနေဆို အတော်အလှမ်းဝေးပြီး အချိန်ကုန်တာမို့ အကြောင်းမကြားဘူးတဲ့။
ကားထဲမှာတော့ တင်းချင်ကမေးလာသည်။
" ခေါင်းဆောင် အခြေအနေဘယ်လိုတဲ့လဲ? "
" မသိဘူး ကြီးကြပ်ရေးမှူးက အခုအရမ်းအလုပ်ရှုပ်နေလောက်တယ် အခင်းနေရာရောက်မှပဲ ကိုယ့်ဘာသာကြည့်တာပေါ့ "
ရန်ရိ မျက်မှောင်ကြုတ်လိုက်ရင်း
" ဒီတစ်ခါမီးလောင်တာက လူနေအဆောက်အအုံဆိုတော့ အတော်ပြဿနာများတယ် "
အခုက ဗုဒ္ဓဟူးနေ့ ညနေ ၅နာရီအချိန်ဖြစ်သည်။ သူ့အတွေ့အကြုံအရ ဒီလိုအချိန် လူငယ်တွေ ပုံမှန်အလုပ်သမားတွေနဲ့ ကျောင်းသားတွေက အိမ်မှာ မရှိတတ်ပေ။ အိမ်မှာရှိတတ်တဲ့လူတွေက အသက်ကြီးပိုင်း အငြိမ်းစားယူထားတဲ့သူတွေ၊ အိမ်ရှင်မတွေနဲ့ ကျောင်းမနေသေးတဲ့အရွယ် ကလေးများပင်ဖြစ်ကြသည်။
သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအားလုံးက မတော်တဆမှုမှာ အကူအညီပေးမှ မဟုတ်ရင် ကယ်ဆယ်ပေးမှ ရနိုင်တဲ့ အားနွဲ့သည့် လူတန်းစားပင်ဖြစ်ချေ၏။
ပြီးတော့ ဒီလူနေအဆောက်အအုံကလည်း မြင့်မားသေးသည်...
ကုံးရင့်ရှန်က မျက်နှာခပ်ပျက်ပျက်နဲ့ ဘေးမှာထိုင်နေပြီး ဘာတစ်ခွန်းမှမပြောပေ။
ရန်ရိ ကုံးရင့်ရှန်ကိုကြည့်ပြီး တိုးတိုးပြောလိုက်သည်။
" မင်းဘာလို့လိုက်လာတာလဲ? "
ကုံးရင့်ရှန် မီးလောင်မှုအခင်းကိုမကြည့်ချင်မှန်း သူသိတယ်။
နောက်ဆုံးတော့လည်း မီးလောင်ပြီး အပျက်အစီးထဲ၀င်တာတောင် အော့အန်တာကို။
" ဟုန်းဝူနယ်မြေထဲက မီးလောင်မှုဖြစ်နေသရွေ့ အဆုံးမှာကျွန်တော်တို့ တာ၀န်ယူရမှာပဲ "
ကုံးရင့်ရှန် အလေးအနက် ပြောလာသည်။
" ကျွန်တော် မြန်မြန်ဖော်ထုတ်ချင်တယ် "
" လူနေအဆောက်အအုံက နေ့ခင်းဘက်မီးလောင်တာဆိုတော့ မတော်တဆမှု ဖြစ်နိုင်ချေအများဆုံးပဲ "
" မီးရှို့တာဆိုရင်ရော? "
ကုံးရင့်ရှန် ရန်ရိကို စိုက်ကြည့်နေရင်း
" ကျွန်တော် ဘာဖြစ်နိုင်ချေကိုမှ လက်လွှတ်ခံမှာမဟုတ်ဘူး "
ရန်ရိ ရင်ထဲကနေ သက်ပြင်းချလိုက်ကာ
" မင်းအခင်းနေရာကိုရောက်ရင်သာ ဟိုလျှောက်သွား ဒီလျှောက်သွားလုပ်မနေနဲ့ ငါ့အမိန့်ကိုနားထောင် "
ကုံးရင့်ရှန် ခေါင်းညိတ်ပြသည်။
မီးသတ်ကားက အခင်းနေရာကိုမရောက်သေးသော်ငြား အကွာအဝေးမှာရှိနေတဲ့ အထပ်မြင့်အဆောက်အအုံကနေ ထိုးထွက်လာတဲ့ မီးခိုးလုံးတွေကိုမြင်ရပြီး ရန်ရိ ရင်ထဲဆို့သွားသည်။
အထပ်မြင့်အဆောက်အအုံတစ်ခု မီးလောင်ပြီး သေချာတဲ့အထပ်တစ်ခုကနေ မီးခိုးထွက်တယ်ဆိုရင် ၎င်းက မီးသိပ်မပျံ့သေးဘူးဆိုတာကို သက်သေပြုပြီး တကယ်လို့ မီးခိုးတွေက အထက်ကိုဒေါက်လိုက်တက်လာတယ်ဆိုရင် ၎င်းက မီးကိုမထိန်းချုပ်နိုင်သေးကြောင်း သက်သေပြုသည်။
အကယ်၍များ မီးခိုးသက်ရောက်မှုက လှေကားတွေ၊ ဓါတ်လှေကားတွေ၊ အခန်းတွေ၊ ပိုက်လိုင်း စတာတွေကို ကူးလာပြီး အလျင်အမြန်လှိုက်တက်လာပြီဆို မီးလောင်တဲ့အထပ်ရဲ့အပေါ်က အထပ်တွေအားလုံး အန္တရာယ်တွင်းသို့ကျလေပြီ။
မီးခိုးငွေ့သက်ရောက်မှုက အထပ်မြင့်အဆောက်အအုံက မီးကာကွယ်ရေးအတွက်တော့ နတ်ဆိုးတမျှ ကြောက်မက်ဖွယ်ကောင်းလှသည်။ မီးစလောင်ပြီဆိုတာနဲ့ မီးကို အပြင်းအထန်လောင်မြိုက်စေပြီး အလျင်အမြန်ပျံ့နှံ့စေကာ အထပ်များတဲ့အဆောက်အအုံတွေရဲ့ သုံးဘက်ဆိုင်လောင်ကျွမ်းမှုကြောင့် မီးငြိမ်းသတ်ရာ၌လည်း အလွန့်အလွန်ကိုခက်ခဲသည်။ အချို့ အထပ်မြင့်အဆောက်အဦးတွေဆို မီးသတ်ကားတွေထားသော်ငြား မီးသတ်ပိုက်တွေက မီးမငြိမ်းနိုင်လောက်သည့်အတွက် လောင်တာကိုသာ ထိုင်ကြည့်နေရ၏။
သူတို့ မီးသတ်ကား community ဂိတ်အတွင်းသို့ မောင်း၀င်သွားပြီး ပထမစခန်းက ကားဖယ်ပေးကာ သူတို့ကို ကားနေရာချဖို့ ညွှန်ပြသည်။
ကားထားပြီးနောက် အားလုံး ကားထဲကထွက်ကြသည်။
ရန်ရိ ပထမဆုံးတွေ့လိုက်တာက လော်ရှန့်စခန်းခေါင်းဆောင် ၀မ်းမုန်ဖြစ်၏။
" ၀မ်းမုန် အခြေအနေဘယ်လိုလဲ? "
၀မ်းမုန်ကအမြန်ဖြေလာသည်။
" မီးက ၂၂ထပ်က လောင်တာ အဆောက်အဦးမှာ စုစုပေါင်း ၂၈ထပ်ရှိတယ် အောက်ထပ်ကလူတွေကတော့ ကယ်ထုတ်ပြီးသွားပြီ အပေါ်မှာလူအများကြီးပိတ်မိနေကြတယ် လူသယ်စင်ထရပ်ကားကတော့ အပေါ်ကလူတစ်စုကို ကယ်ထုတ်ခဲ့ပေမယ့် မီးက ပိုပိုကြီးလာတယ် ကြီးကြပ်ရေးမှုးက မင်းရောက်ရောက်ချင်း သူ့ကိုလာတွေ့ပါတဲ့ "
ရန်ရိ သူ့တပ်သားတွေနဲ့အရှေ့ကိုပြေးသွားလိုက်တော့ အခြားခေါင်းဆောင်တွေနဲ့ ဗျူဟာဆွေးနွေးနေသည့် ရွှီကျင့်ကို တွေ့၏။
သူတို့နဲ့သိပ်မဝေးတဲ့နေရာမှာ ကြီးမားသော မီးသတ် လေကူရှင်ကြီး ၂ခုရှိသည်။
တကယ်တမ်း ဒီဟာနှစ်ခုက အခုလို အထပ်မြင့်မီးလောင်မှုမှာ ကူအညီသိပ်မရပေ။ အထပ် ၆ ထပ်ထက်မြင့်သွားတဲ့အခါ အောက်မှာ ဘာပဲရှိရှိမရှိရှိ ရလဒ်ကတော့ အတူတူနီးပါးပင်ဖြစ်သည်။
[ air cushion :


ရွှီကျင့်က ရန်ရိကိုတွေ့တာနဲ့ ချက်ချင်းပြောလာသည်။
" ဒီကိုလာခဲ့ ငါတို့အခုချက်ချင်းအပေါ်ကိုတက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ရမယ် "
ရန်ရိ လေးနက်သည့်အမူအရာဖြင့် သူ့ခေါင်းထက်က မီးခိုးလုံးကြီးများကိုမော့ကြည့်လိုက်၏။
ရွှီကျင့်က ဗိသုကာပုံကြမ်းကိုညွှန်းပြကာ ပြောလာသည်။
" အခု ၂၆၊ ၂၇ နဲ့ ၂၈ထပ်က မီးကိုတော့ ထိန်းချုပ်နိုင်တယ် လူသယ်စင်ထရပ်ကားက အဖွဲ့ ၂ဖွဲ့လွှတ်ပြီး အဲ့အထပ်တွေက လူအားလုံးကိုကယ်ဆယ်ပြီးပြီ အခုက အထပ်၄ထပ်ပဲကျန်တယ် ငါတို့၀င်လို့ရလောက်မယ့် ပြတင်းပေါက်ကိုရှာနေကြတာ။ တစ်ချိန်တည်းမှာပဲ တပ်သားတွေကို ၂၆ထပ် ကနေ အောက်ကိုရှာဖွေကယ်ဆယ်ရေးတစ်ဖွဲ့၊ ၂၁ထပ်ကနေ အပေါ်ကိုရှာဖွေကယ်ဆယ်ရေးတစ်ဖွဲ့ ဆိုပြီး ၂ဖွဲ့ခွဲလွှတ်ရမယ်။ ၂၂ထပ်က မီးစလောင်တဲ့အထပ်ပဲ။ မင်းအဲ့ကိုသွားတာနဲ့ တစ်ချက်လွှတ်အမိန့်ပဲ။ မင်းတကယ်မသွားနိုင်ရင် ချက်ချင်းသတင်းပို့ ဖိအားမပေးနဲ့ "
[ t/n : တစ်ချက်လွှတ်အမိန့်က အပြန်ဆိုတာမရှိသလိုပါပဲ သေသေရှင်ရှင် မဆိုင်တော့ဘူး ပြန်လာလို့မရတော့တာလည်းဖြစ်နိုင်တယ် အခြေအနေက အန္တရာယ်အရမ်းများမှန်း သိသာပါတယ် ]
" ဟုတ်ကဲ့ "
ထိုအချိန်၌ မနီးမဝေးက တပ်သားများထအော်ကြသည်။
" မခုန်ချလိုက်နဲ့ ! မခုန်ချနဲ့! "
ရန်ရိ ကြည့်လိုက်ပြီးချက်ချင်း မီးထွက်ပေါက်ကနေ ခုန်ချလာသော လူကိုမြင်လိုက်ရသည်။ ရန်ရိ မျက်နှာလွှဲလိုက်သော်ငြား လေးလေးပင်ပင်အရာ၀တ္ထုရဲ့ ပြုတ်ကျသံကတော့ လူတိုင်းနားထဲ၀င်ရောက်လာကာ ကွင်းပြင်တစ်ခုလုံး ပွက်လောရိုက်သွားသည်။
အုံကြည့်နေသူများ ငိုကြွေးကြ၏။
ရန်ရိခေါင်းယမ်းကာ သူ့တပ်သားတွေကို ပြင်ဆင်ဖို့ခေါ်သွားသည်။
တာ၀န်၀တ်စုံနဲ့ လေရှူကိရိယာအပြင် သူနဲ့အခြားတပ်သားတို့မှာ 65- အ၀ကျယ်ပိုက်လုံးများ၊ မီးသတ် ပုဆိန်များ၊ သံတူရွင်းများ၊ ဟိုက်ဒရောလစ်ညှပ်များ၊ လွှစက်များ၊ လေဘူးအပိုများနဲ့ အခြားပစ္စည်းကိရိယာများကိုလည်း သယ်ဆောင်သွားရသည်။
သူတို့သယ်ဆောင်ရသည့်အလေးချိန်မှာ ၅၀ ကတ်တီထက်မနည်းပေ။ ပြီးတော့ အဲ့တာတွေကိုကျောမှာသယ်ရင်း ၂၂ထပ်အမြင့်ဆီတက်ရဦးမည်။
[ T/n :Catty (ကတ်တီ) ဆိုတာတရုတ်နဲ့ အချို့နိုင်ငံတွေမှာသုံးတဲ့ အလေးချိန်အတိုင်းအတာပါ။
1 catty (ကတ်တီ) = 0.6 kg
50 catties = 30 kg ]
အားလုံးအဆင်သင့်ဖြစ်ချိန်တွင် ရန်ရိ သူ့တပ်သားတွေနဲ့အတူ ထွက်ခွာ၏။ ရုတ်တရက်ဆိုသလို ကုံးရင့်ရှန်ဘေးမှာရပ်နေရင်း သူ့အားကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကုံးရင့်ရှန်မျက်နှာကတော့ စာရွက်ဖြူတစ်ရွက်လို ဖျော့တော့နေလျက်။
ရန်ရိ အမည်ဖော်မရဘဲ သူ့နှလုံးသားကို ဖမ်းဆုပ်လိုက်သလို ခံစားလိုက်ရပြီး သူ့လက်အိတ်ကိုချွတ်ကာ ကုံးရင့်ရှန်ကို လက်မထောင်ပြလိုက်ရင်း ပါးစပ်ကလည်း ပြောလိုက်သေးသည်။
" မစိုးရိမ်ပါနဲ့ "
ကုံးရင့်ရှန် ရင်ဘတ်သည် တသိမ့်စိမ့်တုန်နေ၍ သူလက်အိတ်ရှည်ကိုချွတ်ကာ ရန်ရိကို ပြန်လည်လက်မထောင်ပြလိုက်လေ၏။
♡♡♡♡♡♡♡♡♡♡
ဒီ chapter က ချစ်ဖို့ကောင်းတယ် အန္တရာယ်လည်းများတယ် ခံစားချက်တွေလည်း ဖောက်မြင်နေရပြီ ဟုတ်? ဒါပေမယ့် ကုံးရင့်ရှန်ဘက်ကတော့ အခုက သူငယ်ချင်းအချစ်စိတ်ပဲဖြစ်နေပါသေးတယ် :3
အရမ်းအန္တရာယ်များတာပါ မီးသတ်သမားတွေအလုပ်က ဘယ်နေရာမဆို ရှေ့ဆုံးကထွက်ရ လုပ်ရတယ် ဒီနေ့သတင်းမှာတောင်ပါသေးတယ် ရန်ကုန်မှာကယ်ဆယ်ရေးလေ။ မြွေကအစဖမ်းပေးရ၊ အိမ်ကအစ လော့ခ်ဖွင့်ပေးရတဲ့ မီးသတ်သမားတွေရယ်ပါ။ ရေးပြပုံဖော်ပေးပြီး ဂုဏ်ယူစရာကောင်းတဲ့သူတွေကို အမြင်တစ်ခုပေါ်အောင် လမ်းခင်းပေးလို့ author ကိုလည်းအရမ်းလေးစားမိပါတယ်။ Shui ge ရဲ့အရေးအသားတွေကိုလည်း ဂုဏ်ယူစွာနဲ့ ဘာသာပြန်ပေးပါ့မယ် ♡
ဘာသာပြန်ရင်း ပြန်ရင်းနဲ့ မီးသတ်ထဲ၀င်မယ်ချည်း တကဲကဲလုပ်နေလို့ အိမ်ကမနည်းတားနေရပါတယ် :3
***အခု ရန်ရိက ရှေ့တန်းထွက်သွားတဲ့ယောက်ျား၊ ကုံးရင့်ရှန်က ယောက်ျားကိုရှေ့တန်းလိုက်ပို့ပြီး မျက်ရည်၀ဲ ရှေ့ရေးကိုမျှော်တွေးစိတ်ပူနေတဲ့ မိန်းမနဲ့ တူမနေပေဘူးလား ဟဲဟဲ ***

[ Zawgyi ]
ၿပိဳင္ပြဲၿပီးေတာ့ ရန္ရိ ကုံးရင့္ရွန္နဲ႔ ကုံးေဖးလန္ကို ပြဲၾကည့္ေနရာမွာ ေနာက္ထပ္ပြဲသစ္ေတြမွာ ၀င္ၿပိဳင္မယ့္ မီးသတ္သမားေတြကို ထိုင္ၿပီးအားေပးဖို႔ ေခၚသြားလိုက္သည္။
ေဆြမ်ိဳးေတြနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြ အမ်ားအျပားလာေရာက္ အားေပးၾကေသာ္ျငား ထိုေမာင္ႏွမကေတာ့ျဖင့္ ပို၍ထင္ေပၚေနရာ လူၾကည့္အမ်ားဆုံးျဖစ္ေနေလသည္။
ၾကည့္ေနတုန္းမွာပဲ ၀မ္႐ႊမ္းက ice - cola ႏွစ္ဖာယူလာေပးေတာ့ ရန္ရိ ပုလင္းအခ်ိဳ႕ယူလိုက္ၿပီး ကုံးရင့္ရွန္နဲ႔ ကုံးေဖးလန္ကို ေပးလိုက္၏။ ကုံးေဖးလန္က အျမန္ယူလိုက္ေပမယ့္ ကုံးရင့္ရွန္ကေတာ့ ႐ိုး႐ိုးပဲေျပာလာသည္။
" ကြၽန္ေတာ္ ကာဗြန္ပါတဲ့ အေအးေတြမေသာက္ဘူး "
" ဧည့္ခံဖို႔ခက္တာပဲ "
ရန္ရိ သူ႔အတြက္ ေရသန္႔ပုလင္းေျပာင္းေပးလိုက္သည္။
ကုံးေဖးလန္ မတတ္သာပဲ ေခါင္းညိတ္လိုက္ရင္း
" အစ္ကိုက အစားေ႐ြးတဲ့သူျဖစ္မယ္ "
" စားေသာက္တဲ့နည္းလမ္းမွန္ကို ေ႐ြးတာ အစားေ႐ြးတာမဟုတ္ဘူး "
ရန္ရိ သေရာ္ၿပဳံး ၿပဳံးလိုက္ၿပီး
" မင္းဒါမစားဘူးဆို မစားဘူးေပါ့ ပိုထင္ရွားေအာင္ အစားေ႐ြးတယ္လို႔ေခၚရတယ္ "
ကုံးရင့္ရွန္ သူ႔ထံသို႔မ်က္ေစာင္းထိုးလိုက္ရင္း
" ခင္မ်ားကိုလည္း ကြၽန္ေတာ့္အတြက္ အစားအစာေတြ မျပင္ခိုင္းပါဘူး ဘာကိုအထြန္႔တက္ေနေသးတာလဲ "
" ဘယ္သူမ်ား အထြန္႔တက္ရဲပါ့မလဲေနာ္ "
ကုံးေဖးလန္ အကူအညီမဲ့ ေျပာလာသည္။
" အစ္ကိုတို႔ အၿမဲေတာ့ ရန္ျဖစ္မေနဘူးမလား? "
ရန္ရိ ေခ်ာင္းအသာဟန္႔လိုက္ၿပီး စကားလမ္းေၾကာင္း ေျပာင္းလိုက္သည္။
" ခိုင့္၀မ္အမႈက ဘယ္လိုျဖစ္သြားၿပီလဲ? "
" ကြၽန္ေတာ္ အခ်က္အလက္ေတြဆက္စပ္ၾကည့္လိုက္ေတာ့ ခိုင့္၀မ္ရဲ႕ အစ္ကိုဆိုတဲ့သူကို ခ်ိတ္ဆက္မိတယ္ အဲ့လူက ခိုင့္ခ်န္းလို႔ေခၚတယ္။ တစ္ႏွစ္လုံးၿငိမ္ေနၿပီး ထ်န္ခ်ီကို အလုပ္ထူးထူးဆန္းဆန္းေတြ လာလုပ္တတ္တယ္ လုံၿခဳံေရးအေစာင့္၊ Deli သမား အဲ့လိုေပါ့။ ဒါေပမယ့္ ဘယ္ေတာ့မွ အၾကာႀကီးမလုပ္ဘူး။ မၾကာခင္က အဲ့လူ ထ်န္ခ်ီကို လာခဲ့တယ္ဆိုတဲ့ သက္ေသရွိတယ္ ဒါေပမယ့္ သူအျမန္ေခ်ာပို႔၀န္ေဆာင္မႈကို မသုံးခဲ့သလို ID မွတ္တမ္း လည္းရွိမေနဘူး "
" ဘားမီးေလာင္မႈၿပီးမွ ေရာက္လာတာလား? "
ရန္ရိ ေျပာလိုက္သည္။
" အရမ္း သံသယျဖစ္စရာေကာင္းတာပဲ "
" ဟုတ္တယ္ သူထ်န္ခ်ီကိုလာတဲ့အေၾကာင္း လူေတြနားထဲေပါက္မၾကားေအာင္ တမင္တကာ ေရွာင္ေနေတာ့ စုံစမ္းရတာအရမ္းခက္တယ္။ ကြၽန္ေတာ္ ေခါင္းေဆာင္ခ်ိဳးကို နယ္ေျမခံရဲတပ္ဖြဲ႕နဲ႔ဆက္သြယ္ေပးဖို႔ အကူအညီေတာင္းၿပီး အဲ့ဒီ့လူကိုနည္းနည္း စုံစမ္းၾကည့္လိုက္ေတာ့ မၾကာခင္ကမွ ထူးထူးျခားျခား အေတာ္အသုံးၾကမ္းေနတာ သိလိုက္ရတယ္ အရင္းအျမစ္မသိဘဲ ေငြေတြ၀င္လာသလိုမ်ိဳး "
" ဖမ္းမိသြားလား? "
"ဟင့္အင္း ေငြအလႊဲအေျပာင္းေတြက သက္ေသရွာဖို႔မလြယ္ဘူး လူေတြကိုမဖမ္းခင္ သက္ေသအေထာက္အထား အစစ္အမွန္ေတြရွိဖို႔လိုတယ္ ဒါေပမယ့္ ျမန္ေတာ့ျမန္ရမွာပဲ "
" မင္းသာ ခိုင့္၀မ္ကို ေထာင္ေခ်ာက္ထဲမိသြားေအာင္ လုပ္ႏိုင္လို႔ကေတာ့ ငါတကယ္ ေခါင္းေဆာင္ခ်ိဳးကို ေက်းဇူးတင္ရေတာ့မယ္ "
ရန္ရိ ဘာလိုလိုနဲ႔ ေျပာလိုက္သည္။
" မင္းသူ႔ကို ယန္က်ဲလို႔ေခၚတယ္မလား? "
" မမယန္? သူကဘာလို႔လဲ? "
ကုံးေဖးလန္ လွည့္ေမးလိုက္သည္။
" မင္းေရာ သူ႔ကိုသိတာလား? "
" သိတာေပါ့ သမီးတို႔မိသားစုနဲ႔ မမယန္တို႔မိသားစုက တစ္မိသားစုလုံးမိတ္ေဆြေတြပဲ သမီးတို႔ ကေလးဘ၀ကတည္းက ခင္ၾကတာ "
" ..... "
ထိုအခ်ိန္ ကုံးရင့္ရွန္ဖုန္း ျမည္လာၿပီး သူဖုန္းေျဖဖို႔ ထထြက္သြားသည္။
ရန္ရိ မေနႏိုင္ေတာ့ဘဲ ကုံးေဖးလန္ကို ေမးလိုက္၏။
" ေဖးလန္ မင္းအစ္ကိုနဲ႔ ေခါင္းေဆာင္ခ်ိဳးက တကယ္ပဲ ငယ္ခ်စ္ဦးေတြလား? "
[ T/n : ကုံးေဖးလန္နဲ႔ ကုံးရင့္ရွန္ၾကားက အေခၚအေဝၚကို အစ္ကိုလို႔ပဲေရးၿပီ *၀မ္းကြဲေတြ* ဆိုတာေတာ့ မွတ္ထားၾကေပါ့ ]
" လုံး၀မဟုတ္ဘူး သူတို႔က ၇ ႏွစ္ ၈ ႏွစ္ေလာက္ပဲရွိဦးမွာကို ဘယ္လိုလုပ္ ႀကိဳက္လို႔ရမွာလဲ? "
ရန္ရိ ေခါင္းညိတ္လိုက္သည္။
" ဒါမယ့္ အစ္ကိုကေတာ့ ႀကိဳက္ေနေလာက္တယ္ "
ကုံးေဖးလန္ ယုံၾကည္ခ်က္ရွိရွိ ေျပာလာ၏။
ရန္ရိ ေတာင့္သြားၿပီး
" ...တကယ္ပဲ "
" အင္း မမယန္က အစ္ကိုနဲ႔ဆက္ဆံေရးရွိတဲ့ တစ္ဦးတည္းေသာ မိန္းကေလးေလ မမယန္ကအရမ္းလွၿပီး ေတာ္လည္းေတာ္တယ္ အစ္ကို႔လိုစ႐ိုက္မ်ိဳးပဲ အစ္ကိုသာ သူ႔ကိုမႀကိဳက္ဘူးဆိုရင္ ဘာလို႔အရမ္းေကာင္းေနမွာလဲ "
ရန္ရိ တီးတိုးေရ႐ြတ္လိုက္သည္။
" ဟုတ္သားပဲ သူတို႔ႏွစ္ေယာက္ လိုက္ဖက္တယ္.... "
" အား! "
ကုံးေဖးလန္ ႐ုတ္တရက္ထေအာ္လိုက္ၿပီးရန္ရိကို စိုးရိမ္တႀကီးၾကည့္လာသည္။
" ေခါင္းေဆာင္ရန္ ရွင္ မမယန္ကိုေတာ့ႀကိဳက္မေနဘူးမလား? "
ရန္ရိ မခ်ိမဆန္႔ၿပဳံးလိုက္ကာ
" ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ? ကိုယ္တို႔ေတြ႕ဖူးတာမွာ ၂ မိနစ္ေလာက္ပဲရွိတာ "
ကုံးေဖးလန္ ရန္ရိကို သံသယျဖင့္ၾကည့္ေန၏။
" မင္းအစ္ကိုက သူနဲ႔ရယ္လိုက္ေမာလိုက္ စကားေျပာေနတာေတြ႕ေတာ့ ကိုယ္ဒီတိုင္းသိခ်င္မိ႐ုံပါ "
" အိုး အဲ့တာေကာင္းတာေပါ့ တကယ္ေတာ့ေလ အစ္ကိုက သူနဲ႔တကယ္အေနေဝးတာ "
ကုံးေဖးလန္က ေခါင္းရမ္းလ်က္။
" စိတ္ညစ္ရတာက အစ္ကိုတ႐ုတ္ကို ျပန္ေရာက္တာ အရမ္းၾကာေနၿပီကို ဘာလႈပ္ရွားမႈမွမေတြ႕ရေသးဘူး တကယ္စိတ္ပူစရာပဲ "
ရန္ရိ သူ႔ရင္ထဲဘယ္လိုျဖစ္ေနတယ္ ဆိုတာ မေျပာႏိုင္ေပ။
သူအဓိပၸါယ္မေဖာ္ႏိုင္ေလာက္ေအာင္ လမ္းစေပ်ာက္ေနၿပီး ရယ္ပစ္လိုက္ခ်င္သည္။
တကယ္ေတာ့ ကုံးရင့္ရွန္က ရက္စက္တာမဟုတ္၊ တစ္မိသားစုတည္းကို ႁခြင္းခ်က္ထားတာပဲ။
ဖုန္းေျပာၿပီး ကုံးရင့္ရွန္ ျပန္လာေတာ့ သူတို႔ႏွစ္ေယာက္ တည္ၿငိမ္ခ်င္ေယာင္ ေဆာင္လိုက္ၾကသည္။ ေလထုအေျခအေနက အနည္းငယ္ထူးဆန္းေနတာသတိထားမိၿပီး သူေမးလိုက္၏။
" ခင္မ်ားတို႔ႏွစ္ေယာက္ ခုနဘာေျပာေနတာလဲ? "
" ဘာမွမဟုတ္ဘူး တပ္သားေတြကိုအားေပးေနတာ "
ရန္ရိေျပာလိုက္သည္။
ကုံးေဖးလန္ကေတာ့ ၿပဳံးကာ ဘာမွမေျပာေပ။
ကုံးရင့္ရွန္ မ်က္လုံးေမွးစင္းလိုက္သည္။
သိသိသာသာႀကီးကို အဆင္ေျပမေနတာပင္။
ထိုအခ်ိန္ ရန္ရိဖုန္းက ျမည္လာျပန္ၿပီး သူငုံ႔ၾကည့္ေတာ့ ႐ႊီက်င့္ေခၚတာျဖစ္သည္။
" ဟုတ္ကဲ့ ႀကီးၾကပ္ေရးမႉး "
[ t/n : အရင္ကဘယ္လိုေရးခဲ့ေသးလဲ မသိဘူး ႀကီးၾကပ္ေရးမႉးပဲျဖစ္ျဖစ္ ဘာႀကီးပဲျဖစ္ျဖစ္ ႐ႊီက်င့္က ႐ႊီက်င့္ ဟုန္းဝူမီးသတ္ဌာနခ်ဳပ္ရဲ႕အႀကီးဆုံးလို႔ပဲမွတ္ပါ က်ေနာ္က အေခၚအေဝၚေတြမွတ္တာ မကြၽမ္းဘူး ]
" ရန္ရိ မင္းဘယ္မွာလဲ? "
" ကြၽန္ေတာ္ အားကစားၿပိဳင္ပြဲမွာပါ "
" တစ္ခုခုျဖစ္လို႔ အန္းမင္လမ္းက အထပ္ျမင့္အေဆာက္အဦး မီးေလာင္ၿပီး မီးက အေတာ္ျပင္းတယ္ ဒီကိုခ်က္ခ်င္းလာခဲ့ "
ရန္ရိ ခ်က္ခ်င္း ထရပ္လိုက္ၿပီး
" ၀မ္႐ႊမ္း မင္းေနခဲ့ၿပီး ၿပိဳင္ပြဲ၀င္ေနတဲ့လူေတြကို ေစာင့္ၾကည့္ေနလိုက္ အျခားသူေတြက အခုခ်က္ခ်င္း ငါနဲ႔တာ၀န္သြားရမယ္ "
အားလုံး ထရပ္လိုက္ၾကၿပီး ေစြ႕ရီရွန္႔ကေမးလာသည္။
" ေခါင္းေဆာင္ရန္ ဘာျဖစ္တာလဲ? ဘယ္မွာမေတာ္တဆမႈျဖစ္လို႔လဲ? "
" အန္းမင္လမ္းက အထပ္ျမင့္အေဆာက္အအုံ အခုပဲ ငါ့ကိုႀကီးၾကပ္ေရးမႉး ဖုန္းဆက္တာ "
ရန္ရိ ေျပာရင္းဆိုရင္း တပ္သားေတြနဲ႔အတူ မီးသတ္ကားဆီေျပးသြားလိုက္သည္။
အန္းမင္လမ္းက သူ႔နယ္ေျမထဲမွာေတာ့မပါေပ။ ဒါေပမယ့္ သူ႔စခန္းနဲ႔အနည္းငယ္အလွမ္းေဝးေသာ အိုက္ရွင္း(အခ်စ္)မီးသတ္စခန္း နဲ႔ေတာ့ သက္ဆိုင္ၿပီး ဒီေနရာနဲ႔ နီးသည္။
[ T/n : ဟားဟား စခန္းနာမည္က အခ်စ္တဲ့ ]
မီးေလာင္မႈအခင္းႀကီးေတြဆိုရင္ စခန္းအေတာ္မ်ားမ်ားပါ၀င္ဖို႔လိုၿပီး အခ်ိဳ႕ ဌာနေတြပါ အတူ၀င္ပါရေသးသည္။
႐ႊီက်င့္ရဲ႕ အသံအေနအထားကို ခန္႔မွန္းၾကည့္ရသေလာက္ေတာ့ အေျခအေနျပင္းထန္၏။
ရန္ရိ အ၀တ္အစားေတြလဲၿပီး ကားထဲ၀င္အံ့ဆဲဆဲမွာပင္ သူ႔ေက်ာေနာက္ကေန ကုံးရင့္ရွန္အသံထြက္ေပၚလာသည္။
" ေခါင္းေဆာင္ရန္ ကြၽန္ေတာ္ေရာ အတူလိုက္လို႔ရလား? "
ရန္ရိလွည့္ၾကည့္လိုက္ၿပီး သူတို႔ႏွစ္ေယာက္ကို သတိရသြားသည္။ တာ၀န္ထမ္းေဆာင္ရၿပီဆိုတာနဲ႔ သူဘာကိုမွ အာ႐ုံမထားေတာ့ေပ။
ရန္ရိ ေမးေငါ့ျပလိုက္ၿပီး
" ကားထဲ၀င္ "
ကုံးရင့္ရွန္ ကုံးေဖးလန္ကို ေျပာလိုက္သည္။
" ဒီမွာပဲေစာင့္ေန ငါမင္းကိုလာႀကိဳဖို႔ driver ကိုေျပာလိုက္မယ္ "
" အစ္ကို သမီးလည္း အတူလိုက္မယ္ေလ..."
" မရဘူး အိမ္ေရာက္ရင္ ငါ့ကိုဖုန္းဆက္လိုက္ "
ကုံးရင့္ရွန္ ရန္ရိေနာက္မွလိုက္ကာ ကားထဲ၀င္လိုက္သည္။
လမ္းတြင္ ရန္ရိတို႔နဲ႔အတူ ထြက္ခြာေနေသာ အျခားမီးသတ္ကား ၃ စီးလည္းရွိၿပီး သူတို႔လည္း ေစလႊတ္ခံရသည္မွာသိသာသည္။ ရန္ရိ ေကာင္းကယ္ကို Wechat ကေနစာပို႔လိုက္ၿပီး သူေရာတာ၀န္ေပးခံရလားလို႔ေမးလိုက္သည္။ ေကာင္းကယ္အျမန္ပဲ စာျပန္လာတာက - သူတို႔ဆီကေနဆို အေတာ္အလွမ္းေဝးၿပီး အခ်ိန္ကုန္တာမို႔ အေၾကာင္းမၾကားဘူးတဲ့။
ကားထဲမွာေတာ့ တင္းခ်င္ကေမးလာသည္။
" ေခါင္းေဆာင္ အေျခအေနဘယ္လိုတဲ့လဲ? "
" မသိဘူး ႀကီးၾကပ္ေရးမႉးက အခုအရမ္းအလုပ္ရႈပ္ေနေလာက္တယ္ အခင္းေနရာေရာက္မွပဲ ကိုယ့္ဘာသာၾကည့္တာေပါ့ "
ရန္ရိ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း
" ဒီတစ္ခါမီးေလာင္တာက လူေနအေဆာက္အအုံဆိုေတာ့ အေတာ္ျပႆနာမ်ားတယ္ "
အခုက ဗုဒၶဟူးေန႔ ညေန ၅နာရီအခ်ိန္ျဖစ္သည္။ သူ႔အေတြ႕အႀကဳံအရ ဒီလိုအခ်ိန္ လူငယ္ေတြ ပုံမွန္အလုပ္သမားေတြနဲ႔ ေက်ာင္းသားေတြက အိမ္မွာ မရွိတတ္ေပ။ အိမ္မွာရွိတတ္တဲ့လူေတြက အသက္ႀကီးပိုင္း အၿငိမ္းစားယူထားတဲ့သူေတြ၊ အိမ္ရွင္မေတြနဲ႔ ေက်ာင္းမေနေသးတဲ့အ႐ြယ္ ကေလးမ်ားပင္ျဖစ္ၾကသည္။
သက္ႀကီး႐ြယ္အိုေတြ၊ အမ်ိဳးသမီးေတြနဲ႔ ကေလးသူငယ္ေတြအားလုံးက မေတာ္တဆမႈမွာ အကူအညီေပးမွ မဟုတ္ရင္ ကယ္ဆယ္ေပးမွ ရႏိုင္တဲ့ အားႏြဲ႕သည့္ လူတန္းစားပင္ျဖစ္ေခ်၏။
ၿပီးေတာ့ ဒီလူေနအေဆာက္အအုံကလည္း ျမင့္မားေသးသည္...
ကုံးရင့္ရွန္က မ်က္ႏွာခပ္ပ်က္ပ်က္နဲ႔ ေဘးမွာထိုင္ေနၿပီး ဘာတစ္ခြန္းမွမေျပာေပ။
ရန္ရိ ကုံးရင့္ရွန္ကိုၾကည့္ၿပီး တိုးတိုးေျပာလိုက္သည္။
" မင္းဘာလို႔လိုက္လာတာလဲ? "
ကုံးရင့္ရွန္ မီးေလာင္မႈအခင္းကိုမၾကည့္ခ်င္မွန္း သူသိတယ္။
ေနာက္ဆုံးေတာ့လည္း မီးေလာင္ၿပီး အပ်က္အစီးထဲ၀င္တာေတာင္ ေအာ့အန္တာကို။
" ဟုန္းဝူနယ္ေျမထဲက မီးေလာင္မႈျဖစ္ေနသေ႐ြ႕ အဆုံးမွာကြၽန္ေတာ္တို႔ တာ၀န္ယူရမွာပဲ "
ကုံးရင့္ရွန္ အေလးအနက္ ေျပာလာသည္။
" ကြၽန္ေတာ္ ျမန္ျမန္ေဖာ္ထုတ္ခ်င္တယ္ "
" လူေနအေဆာက္အအုံက ေန႔ခင္းဘက္မီးေလာင္တာဆိုေတာ့ မေတာ္တဆမႈ ျဖစ္ႏိုင္ေခ်အမ်ားဆုံးပဲ "
" မီးရႈိ႕တာဆိုရင္ေရာ? "
ကုံးရင့္ရွန္ ရန္ရိကို စိုက္ၾကည့္ေနရင္း
" ကြၽန္ေတာ္ ဘာျဖစ္ႏိုင္ေခ်ကိုမွ လက္လႊတ္ခံမွာမဟုတ္ဘူး "
ရန္ရိ ရင္ထဲကေန သက္ျပင္းခ်လိုက္ကာ
" မင္းအခင္းေနရာကိုေရာက္ရင္သာ ဟိုေလွ်ာက္သြား ဒီေလွ်ာက္သြားလုပ္မေနနဲ႔ ငါ့အမိန္႔ကိုနားေထာင္ "
ကုံးရင့္ရွန္ ေခါင္းညိတ္ျပသည္။
မီးသတ္ကားက အခင္းေနရာကိုမေရာက္ေသးေသာ္ျငား အကြာအေဝးမွာရွိေနတဲ့ အထပ္ျမင့္အေဆာက္အအုံကေန ထိုးထြက္လာတဲ့ မီးခိုးလုံးေတြကိုျမင္ရၿပီး ရန္ရိ ရင္ထဲဆို႔သြားသည္။
အထပ္ျမင့္အေဆာက္အအုံတစ္ခု မီးေလာင္ၿပီး ေသခ်ာတဲ့အထပ္တစ္ခုကေန မီးခိုးထြက္တယ္ဆိုရင္ ၎က မီးသိပ္မပ်ံ႕ေသးဘူးဆိုတာကို သက္ေသျပဳၿပီး တကယ္လို႔ မီးခိုးေတြက အထက္ကိုေဒါက္လိုက္တက္လာတယ္ဆိုရင္ ၎က မီးကိုမထိန္းခ်ဳပ္ႏိုင္ေသးေၾကာင္း သက္ေသျပဳသည္။
အကယ္၍မ်ား မီးခိုးသက္ေရာက္မႈက ေလွကားေတြ၊ ဓါတ္ေလွကားေတြ၊ အခန္းေတြ၊ ပိုက္လိုင္း စတာေတြကို ကူးလာၿပီး အလ်င္အျမန္လႈိက္တက္လာၿပီဆို မီးေလာင္တဲ့အထပ္ရဲ႕အေပၚက အထပ္ေတြအားလုံး အႏၲရာယ္တြင္းသို႔က်ေလၿပီ။
မီးခိုးေငြ႕သက္ေရာက္မႈက အထပ္ျမင့္အေဆာက္အအုံက မီးကာကြယ္ေရးအတြက္ေတာ့ နတ္ဆိုးတမွ် ေၾကာက္မက္ဖြယ္ေကာင္းလွသည္။ မီးစေလာင္ၿပီဆိုတာနဲ႔ မီးကို အျပင္းအထန္ေလာင္ၿမိဳက္ေစၿပီး အလ်င္အျမန္ပ်ံ႕ႏွံ႔ေစကာ အထပ္မ်ားတဲ့အေဆာက္အအုံေတြရဲ႕ သုံးဘက္ဆိုင္ေလာင္ကြၽမ္းမႈေၾကာင့္ မီးၿငိမ္းသတ္ရာ၌လည္း အလြန္႔အလြန္ကိုခက္ခဲသည္။ အခ်ိဳ႕ အထပ္ျမင့္အေဆာက္အဦးေတြဆို မီးသတ္ကားေတြထားေသာ္ျငား မီးသတ္ပိုက္ေတြက မီးမၿငိမ္းႏိုင္ေလာက္သည့္အတြက္ ေလာင္တာကိုသာ ထိုင္ၾကည့္ေနရ၏။
သူတို႔ မီးသတ္ကား community ဂိတ္အတြင္းသို႔ ေမာင္း၀င္သြားၿပီး ပထမစခန္းက ကားဖယ္ေပးကာ သူတို႔ကို ကားေနရာခ်ဖို႔ ၫႊန္ျပသည္။
ကားထားၿပီးေနာက္ အားလုံး ကားထဲကထြက္ၾကသည္။
ရန္ရိ ပထမဆုံးေတြ႕လိုက္တာက ေလာ္ရွန္႔စခန္းေခါင္းေဆာင္ ၀မ္းမုန္ျဖစ္၏။
" ၀မ္းမုန္ အေျခအေနဘယ္လိုလဲ? "
၀မ္းမုန္ကအျမန္ေျဖလာသည္။
" မီးက ၂၂ထပ္က ေလာင္တာ အေဆာက္အဦးမွာ စုစုေပါင္း ၂၈ထပ္ရွိတယ္ ေအာက္ထပ္ကလူေတြကေတာ့ ကယ္ထုတ္ၿပီးသြားၿပီ အေပၚမွာလူအမ်ားႀကီးပိတ္မိေနၾကတယ္ လူသယ္စင္ထရပ္ကားကေတာ့ အေပၚကလူတစ္စုကို ကယ္ထုတ္ခဲ့ေပမယ့္ မီးက ပိုပိုႀကီးလာတယ္ ႀကီးၾကပ္ေရးမႈးက မင္းေရာက္ေရာက္ခ်င္း သူ႔ကိုလာေတြ႕ပါတဲ့ "
ရန္ရိ သူ႔တပ္သားေတြနဲ႔အေရွ႕ကိုေျပးသြားလိုက္ေတာ့ အျခားေခါင္းေဆာင္ေတြနဲ႔ ဗ်ဴဟာေဆြးေႏြးေနသည့္ ႐ႊီက်င့္ကို ေတြ႕၏။
သူတို႔နဲ႔သိပ္မေဝးတဲ့ေနရာမွာ ႀကီးမားေသာ မီးသတ္ ေလကူရွင္ႀကီး ၂ခုရွိသည္။
တကယ္တမ္း ဒီဟာႏွစ္ခုက အခုလို အထပ္ျမင့္မီးေလာင္မႈမွာ ကူအညီသိပ္မရေပ။ အထပ္ ၆ ထပ္ထက္ျမင့္သြားတဲ့အခါ ေအာက္မွာ ဘာပဲရွိရွိမရွိရွိ ရလဒ္ကေတာ့ အတူတူနီးပါးပင္ျဖစ္သည္။
[ air cushion :


႐ႊီက်င့္က ရန္ရိကိုေတြ႕တာနဲ႔ ခ်က္ခ်င္းေျပာလာသည္။
" ဒီကိုလာခဲ့ ငါတို႔အခုခ်က္ခ်င္းအေပၚကိုတက္ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ရမယ္ "
ရန္ရိ ေလးနက္သည့္အမူအရာျဖင့္ သူ႔ေခါင္းထက္က မီးခိုးလုံးႀကီးမ်ားကိုေမာ့ၾကည့္လိုက္၏။
႐ႊီက်င့္က ဗိသုကာပုံၾကမ္းကိုၫႊန္းျပကာ ေျပာလာသည္။
" အခု ၂၆၊ ၂၇ နဲ႔ ၂၈ထပ္က မီးကိုေတာ့ ထိန္းခ်ဳပ္ႏိုင္တယ္ လူသယ္စင္ထရပ္ကားက အဖြဲ႕ ၂ဖြဲ႕လႊတ္ၿပီး အဲ့အထပ္ေတြက လူအားလုံးကိုကယ္ဆယ္ၿပီးၿပီ အခုက အထပ္၄ထပ္ပဲက်န္တယ္ ငါတို႔၀င္လို႔ရေလာက္မယ့္ ျပတင္းေပါက္ကိုရွာေနၾကတာ။ တစ္ခ်ိန္တည္းမွာပဲ တပ္သားေတြကို ၂၆ထပ္ ကေန ေအာက္ကိုရွာေဖြကယ္ဆယ္ေရးတစ္ဖြဲ႕၊ ၂၁ထပ္ကေန အေပၚကိုရွာေဖြကယ္ဆယ္ေရးတစ္ဖြဲ႕ ဆိုၿပီး ၂ဖြဲ႕ခြဲလႊတ္ရမယ္။ ၂၂ထပ္က မီးစေလာင္တဲ့အထပ္ပဲ။ မင္းအဲ့ကိုသြားတာနဲ႔ တစ္ခ်က္လႊတ္အမိန္႔ပဲ။ မင္းတကယ္မသြားႏိုင္ရင္ ခ်က္ခ်င္းသတင္းပို႔ ဖိအားမေပးနဲ႔ "
[ t/n : တစ္ခ်က္လႊတ္အမိန္႔က အျပန္ဆိုတာမရွိသလိုပါပဲ ေသေသရွင္ရွင္ မဆိုင္ေတာ့ဘူး ျပန္လာလို႔မရေတာ့တာလည္းျဖစ္ႏိုင္တယ္ အေျခအေနက အႏၲရာယ္အရမ္းမ်ားမွန္း သိသာပါတယ္ ]
" ဟုတ္ကဲ့ "
ထိုအခ်ိန္၌ မနီးမေဝးက တပ္သားမ်ားထေအာ္ၾကသည္။
" မခုန္ခ်လိုက္နဲ႔ ! မခုန္ခ်နဲ႔! "
ရန္ရိ ၾကည့္လိုက္ၿပီးခ်က္ခ်င္း မီးထြက္ေပါက္ကေန ခုန္ခ်လာေသာ လူကိုျမင္လိုက္ရသည္။ ရန္ရိ မ်က္ႏွာလႊဲလိုက္ေသာ္ျငား ေလးေလးပင္ပင္အရာ၀တၳဳရဲ႕ ျပဳတ္က်သံကေတာ့ လူတိုင္းနားထဲ၀င္ေရာက္လာကာ ကြင္းျပင္တစ္ခုလုံး ပြက္ေလာ႐ိုက္သြားသည္။
အုံၾကည့္ေနသူမ်ား ငိုေႂကြးၾက၏။
ရန္ရိေခါင္းယမ္းကာ သူ႔တပ္သားေတြကို ျပင္ဆင္ဖို႔ေခၚသြားသည္။
တာ၀န္၀တ္စုံနဲ႔ ေလရႉကိရိယာအျပင္ သူနဲ႔အျခားတပ္သားတို႔မွာ 65- အ၀က်ယ္ပိုက္လုံးမ်ား၊ မီးသတ္ ပုဆိန္မ်ား၊ သံတူ႐ြင္းမ်ား၊ ဟိုက္ဒေရာလစ္ညႇပ္မ်ား၊ လႊစက္မ်ား၊ ေလဘူးအပိုမ်ားနဲ႔ အျခားပစၥည္းကိရိယာမ်ားကိုလည္း သယ္ေဆာင္သြားရသည္။
သူတို႔သယ္ေဆာင္ရသည့္အေလးခ်ိန္မွာ ၅၀ ကတ္တီထက္မနည္းေပ။ ၿပီးေတာ့ အဲ့တာေတြကိုေက်ာမွာသယ္ရင္း ၂၂ထပ္အျမင့္ဆီတက္ရဦးမည္။
[ T/n :Catty (ကတ္တီ) ဆိုတာတ႐ုတ္နဲ႔ အခ်ိဳ႕ႏိုင္ငံေတြမွာသုံးတဲ့ အေလးခ်ိန္အတိုင္းအတာပါ။
1 catty (ကတ္တီ) = 0.6 kg
50 catties = 30 kg ]
အားလုံးအဆင္သင့္ျဖစ္ခ်ိန္တြင္ ရန္ရိ သူ႔တပ္သားေတြနဲ႔အတူ ထြက္ခြာ၏။ ႐ုတ္တရက္ဆိုသလို ကုံးရင့္ရွန္ေဘးမွာရပ္ေနရင္း သူ႔အားၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ ကုံးရင့္ရွန္မ်က္ႏွာကေတာ့ စာ႐ြက္ျဖဴတစ္႐ြက္လို ေဖ်ာ့ေတာ့ေနလ်က္။
ရန္ရိ အမည္ေဖာ္မရဘဲ သူ႔ႏွလုံးသားကို ဖမ္းဆုပ္လိုက္သလို ခံစားလိုက္ရၿပီး သူ႔လက္အိတ္ကိုခြၽတ္ကာ ကုံးရင့္ရွန္ကို လက္မေထာင္ျပလိုက္ရင္း ပါးစပ္ကလည္း ေျပာလိုက္ေသးသည္။
" မစိုးရိမ္ပါနဲ႔ "
ကုံးရင့္ရွန္ ရင္ဘတ္သည္ တသိမ့္စိမ့္တုန္ေန၍ သူလက္အိတ္ရွည္ကိုခြၽတ္ကာ ရန္ရိကို ျပန္လည္လက္မေထာင္ျပလိုက္ေလ၏။
♡♡♡♡♡♡♡♡♡♡
ဒီ chapter က ခ်စ္ဖို႔ေကာင္းတယ္ အႏၲရာယ္လည္းမ်ားတယ္ ခံစားခ်က္ေတြလည္း ေဖာက္ျမင္ေနရၿပီ ဟုတ္? ဒါေပမယ့္ ကုံးရင့္ရွန္ဘက္ကေတာ့ အခုက သူငယ္ခ်င္းအခ်စ္စိတ္ပဲျဖစ္ေနပါေသးတယ္ :3
အရမ္းအႏၲရာယ္မ်ားတာပါ မီးသတ္သမားေတြအလုပ္က ဘယ္ေနရာမဆို ေရွ႕ဆုံးကထြက္ရ လုပ္ရတယ္ ဒီေန႔သတင္းမွာေတာင္ပါေသးတယ္ ရန္ကုန္မွာကယ္ဆယ္ေရးေလ။ ေႁမြကအစဖမ္းေပးရ၊ အိမ္ကအစ ေလာ့ခ္ဖြင့္ေပးရတဲ့ မီးသတ္သမားေတြရယ္ပါ။ ေရးျပပုံေဖာ္ေပးၿပီး ဂုဏ္ယူစရာေကာင္းတဲ့သူေတြကို အျမင္တစ္ခုေပၚေအာင္ လမ္းခင္းေပးလို႔ author ကိုလည္းအရမ္းေလးစားမိပါတယ္။ Shui ge ရဲ႕အေရးအသားေတြကိုလည္း ဂုဏ္ယူစြာနဲ႔ ဘာသာျပန္ေပးပါ့မယ္ ♡
ဘာသာျပန္ရင္း ျပန္ရင္းနဲ႔ မီးသတ္ထဲ၀င္မယ္ခ်ည္း တကဲကဲလုပ္ေနလို႔ အိမ္ကမနည္းတားေနရပါတယ္ :3
***အခု ရန္ရိက ေရွ႕တန္းထြက္သြားတဲ့ေယာက္်ား၊ ကုံးရင့္ရွန္က ေယာက္်ားကိုေရွ႕တန္းလိုက္ပို႔ၿပီး မ်က္ရည္၀ဲ ေရွ႕ေရးကိုေမွ်ာ္ေတြးစိတ္ပူေနတဲ့ မိန္းမနဲ႔ တူမေနေပဘူးလား ဟဲဟဲ ***