Chapter 36

{ Unicode }

" လူလဲပြီး....မီးရှို့တာ? "

ရန်ရိ ကြည့်ရတာ ယုံရခက်နေပုံပင်။

" လူလဲသတ်တယ်ဆိုတာ လူနှစ်ယောက်က လူချင်းလဲပြီး အခြားတစ်ယောက် သတ်ချင်တဲ့သူကို သတ်ပေးတာမျိုး၊ အဲ့နည်းနဲ့ဆို ပထမအချက်အနေနဲ့ အလီဘိုင်ကောင်းကောင်းရှိနိုင်ပြီး ဒုတိယအချက်အနေနဲ့ လူသတ်မှုအတွက် လှုပ်ရှားမှုကို ဖော်ထုတ်နိုင်ဖို့ ခဲယင်းတယ် "

[ T/n : ကျနော်နဲ့မင်းနဲ့ လူချင်းလဲပြီးသတ်ကြမယ်ဆိုတာက မင်းသတ်ချင်တဲ့သူကို ကျနော်သတ်ပေးပြီး ကျနော်သတ်ချင်တဲ့သူကို မင်းသတ်ပေးရတာ၊ မင်းနဲ့ငါက မသိတဲ့လူနှစ်ယောက်မို့ သေဆုံးသူနဲ့ ပတ်သတ်မှုကိုရှာရင် လူသတ်တရားခံအစစ်ဟာ ဘယ်သူလဲ ဆိုပြီး ခြေရာလက်ရာ ရှာမရတော့ဘူး အဲ့တာကိုပြောတာ လူချင်းလဲသတ်တယ်ဆိုတာက ]

ကုံးရင့်ရှန်က ထန်ဟောက်ချွမ်ကို ကြည့်ပြီး

" မင်းဖိုရမ်ထဲမှာ တွေ့တဲ့ပို့စ်က ပြည်တွင်းကလား? "

ထန်ဟောက်ချွမ် ခေါင်းညိတ်ပြီး web page မှာ click နှိပ်လိုက်သည်။

" ဒီဟာပဲ၊ English လိုရေးထားပေမယ့်လည်း post title မှာအမြဲတမ်း location ပါရတယ်၊ ဒီ location က ထျန်ချီဆိုပြီး ရေးထားတယ် "

" လွန်ခဲ့တဲ့ သုံးလက? "

ရန်ရိ ‌ရက်စွဲကို ကြည့်လိုက်ပြီး

" အဲ့ဒီ့တော့? နီးစပ်တဲ့မြို့နာမည်ပဲပါပြီး ကျန်တာ ဘာမှမပါဘူးလား? "

" သူတို့ အချက်အလက်အများကြီး မဖော်ပြရဲဘူး၊ location ရေးထားမယ်၊ ပြီးတော့ အချိတ်အဆက်လုပ်ချင်တဲ့သူက post တင်တဲ့သူကို private message ကနေ ဆက်သွယ်လိမ့်မယ် "

" သူတို့ ရဲတွေလိုက်စုံစမ်းမှာ မစိုးရိမ်ဘူးလား? "

" ကျွန်တော် သူတို့ထဲက တစ်ယောက်ကို စာပို့ခဲ့တယ်၊ သူကျွန်တော့်ကို မေးခွန်းတွေအများကြီးမေးတာ၊ မီးအပေါ် ကျွန်တော့် ခံစားချက်ကို မေးတယ်၊ ဘာလို့ ကျွန်တော် ဒီလိုလုပ်တာလဲ၊ ဒီ website မှာကျွန်တော် ဘာသုံးစွဲမှုမှတ်တမ်းတွေရှိလဲ၊ ကျွန်တော် ရဲမဟုတ်ဘူးဆိုတာကို ဘယ်လို သက်သေပြနိုင်လဲ အစရှိသဖြင့်ပေါ့။ ID (Identity) ကတ်ပြဖို့တောင် မေးသေးတယ်၊ သေချာတာပေါ့ ကျွန်တော်သူ့ကို လျစ်လျူရှုလိုက်ပြီး သူလည်း ကျွန်တော့်ကို လျစ်လျူရှုသွားတာပဲ "

ထန်ဟောက်ချွမ် ပြောလာသည်။

" ဒီဟာက စမ်းသပ်ပြင်ဆင်တဲ့ လုပ်ဆောင်ချက်မျိုးပဲ၊ သူတို့ ဘယ်သူနဲ့စကားပြောနေလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး၊ အားလုံးက တစ်ယောက်ကိုတစ်ယောက် အရဲစွန့်ပြီးပြောနေရတာပဲ၊ အဲ့ဒီ့တော့ ပို့စ်တင်တဲ့သူက နောက်ဆုံး သူနဲ့ လူလဲပြီးမီးရှို့မယ့်သူကို တွေ့သွားလားဆိုတာ ကျွန်တော်မသိနိုင်ဘူး၊ ရာဇဝတ်မှုကြီးမို့လို့ ကျွန်တော်ပိုပြီး အာရုံစိုက်ထားလိုက်တယ်၊ သူ့ private message ကိုတောင် hack ဖို့ကြိုးစားခဲ့သေးတာ၊ ဒါပေမယ့် ဘာမှမရှိတော့ဘူး၊ ဖျက်ပစ်လိုက်တာနေမယ် "

[ T/N : Trial and error - စမ်းသပ်ပြင်ဆင်တဲ့နည်းလမ်း - လက်တွေ့စမ်းသပ်ပြီး error တွေ့ရင် ပြန်ပြုပြင်လိုက်တာမျိုး၊ မိုက်တယ် ]

" မင်း ပို့စ်တင်တဲ့သူ IP (Internet Protocol) ကို ရှာနိုင်လား? "

ထန်ဟောက်ချွမ်က သက်ပြင်းချပြီး

" အရမ်းခက်တယ်၊ ကျွန်တော် အရင်ကပြောခဲ့သလိုပဲ dark web က log in ဝင်တဲ့သူတွေရဲ့ privacy ကို ကာကွယ်ပေးထားဖို့ အမြဲတမ်း IP တွေပြောင်းနေတာ၊ လူတစ်ယောက်ရဲ့ IP address ကိုရှာချင်ရင် ကျွန်တော်အဲ့လူနဲ့ live room ထဲ တစ်ချိန်တည်းဝင်မှရမယ်၊ ကျွန်တော့်ကို အချိန်ပေးပါဦး "

" ဒါပေမယ့် ငါတို့မှာ တိကျတဲ့ပန်းတိုင်မရှိဘူး "

" အင်း ဒါပေမယ့် အခုတော့ ဒီ website ကိုစစ်ဆေးဖို့ထောက်ခံတယ်၊ ကျွန်တော့်ကို ကူပေးမယ့် လုပ်ဖော်ကိုင်ဖက်တွေ ရှာပြီး ဆက်ကြိုးစားကြည့်တာပေါ့ "

ကုံးရင့်ရှန် စဉ်းစားကြည့်လိုက်သည်။

" ငါ ဒီလူလဲပြီးမီးရှို့တဲ့ကိစ္စကိုသုံးပြီး ကျိုးချွမ်း လှည့်ဖြားကြည့်မယ်၊ မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေလည်း ရှိချင်ရှိမှာ‌ပေါ့၊ ဒီ‌တစ်ခေါက် သူကတရားခံဆိုတော့ ဖွင့်ပြောချင်လာမှာပဲ "

ထန်ဟောက်ချွမ်က Seraph webpage ကို လှမ်းကြည့်ပြီး တစ်ဖန်သူတို့ကိုပြန်ကြည့်လာလျက် တစ်ခုခုပြောဖို့ တုံ့ဆိုင်းနေသည်။

" ဘာဖြစ်တာလဲ? "

" ဒေါက်တာကုံး၊ ခေါင်းဆောင်ရန်၊ မင်းတို့ ဂရုစိုက်ရမယ်နော်၊ သူတို့မှာ မင်းတို့ကိုစော်ကားဖို့ သတ္တိမရှိတာ ဖြစ်နိုင်လောက်ပေမယ့်၊ ဒီလူယုတ်မာတွေဆီက ပစ်မှတ်ထားခံရပြီး ကိုယ်ရေးအချက်အလက်တွေလည်း အဖြန့်ခံထားတယ်၊ ကြောက်စရာပဲ "

ကုံးရင့်ရှန် ခေါင်းညိတ်ပြလိုက်ပြီး

" သူတို့ကိုဖမ်းဖို့ မင်းငါ့ကို သဲလွန်စတွေ ပိုပေးနိုင်မယ်လို့ မျှော်လင့်တယ် "

သူတို့ ရုံးခန်းထဲက ထွက်လိုက်ပြီး အချိန်အတော်ကြာသည်အထိ ဘယ်သူမှစကားစမလာဘဲ သူတို့မျက်နှာတွေကလည်း မည်းမှောင်နေတော့သည်။

ထန်ဟောက်ချွမ်ပြောသလိုပဲ၊ သူ့ကိုယ်ရေးအချက်အလက်တွေက လူယုတ်မာအုပ်စုဆီအဖြန့်ခံလိုက်ရတာကို ဘယ်သူမှ စိတ်အေးအေးမထားနိုင်ပါချေ။

ထပ်ပြီးတော့ သူတို့ 'ဆုကြေးငွေ' ကလည်း ယွမ် ၂ သိန်းထက်ပိုနေသည်။ နည်းတဲ့ပမာဏမဟုတ်ပေ။ လူရမ်းကားတွေ အရဲစွန့်မှာမဟုတ်ဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ?

သူခိုး,ခိုးမှာ မကြောက်ဘူး၊ သူခိုး ကြံစည်တာကိုပဲ ကြောက်တယ် ဆိုတဲ့စကားအတိုင်း ရန်သူက အမှောင်ထဲမှာရှိနေပြီး သူက အလင်းထဲမှာရှိနေတဲ့ အခြေအနေမျိုးက တကယ်ကိုနေသားမကျ ဖြစ်စရာပင်။

[ T/n : အဲ့ဆိုရိုးက ရှင်းရမှာရှည်လို့ ပြီးမှရှင်းပေးမယ် ]

ကုံးရင့်ရှန်က ရုတ်တရက်ရပ်လိုက်ပြီး သူ့နောက်မှာ ‌လမ်းလျှောက်နေတဲ့ ရန်ရိက မရပ်လိုက်နိုင်ဘဲ သူ့ကျောပြင်ကျယ်ကျယ်နဲ့ ဝင်ဆောင့်မိသွား‌တော့သည်။

" မင်းဘာလို့ရုတ်တရက်ကြီး....."

" ကျွန်တော့်အပြစ်ပါ "

ကုံးရင့်ရှန်က ကိုယ်လှည့်လာပြီး ရန်ရိကို‌ လေးနက်သောအမူအရာဖြင့် စိုက်ကြည့်နေသည်။

"...."

ရန်ရိ ပြောလိုက်သည်။

" မင်း ဘာထဖြစ်တာလဲ? "

" ကျွန်တော် ကွန်ပျူတာကိုမေ့သွားတယ်၊ ကျွန်တော် တွေးမိလိုက်သင့်တာ၊ ဒါပေမယ့် မီးကိုမြင်လိုက်ရတော့ စိတ်နောက်သွားတယ် "

ကုံးရင့်ရှန်က နှုတ်ခမ်းကိုက်လိုက်ပြီး

" ခင်များ ဒီလိုကိစ္စမျိုးမှာ ကျွန်တော်နဲ့မဆက်နွယ်သင့်ဘူး "

ရန်ရိ အသက်အရှည်ကြီးရှူသွင်းလိုက်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ပြုံးလိုက်သည်။

" အိုး ငါက မင်းနောက်ဆုံးတော့ အသိစိတ်ဝင်ပြီး လွန်ခဲ့တဲ့လအနည်းငယ်က ငါ့ကို အသက်မပြည့်သေးတဲ့ ကလေးနဲ့တွဲတယ်ဆိုပြီး စွပ်စွဲတာအတွက် တောင်းပန်တော့မယ် ထင်လိုက်တာ "

" အလေးအနက်ထားစမ်းပါ "

ကုံးရင့်ရှန်က ဒေါသတကြီးပြောလာ၏။

" ငါ အရမ်းလေးနက်ပါတယ် "

ရန်ရိ ပြုံးရင်း ပြောလိုက်သည်။

" အဲ့ကိစ္စမတွေးနဲ့၊ မင်းအပြစ်မဟုတ်ပါဘူး၊ ငါတို့လူယုတ်မာနဲ့ တွေ့သွားရုံသက်သက်ပဲ၊ အဲ့တာကြောင့် အဲ့လူယုတ်မာကို အတူဖမ်းရအောင် "

ကုံးရင့်ရှန် ရန်ရိအား နင့်နင့်နဲနဲ ကြည့်လာသည်။

" သူတို့ ငါတို့ကိုလုပ်ဖို့ သတ္တိရှိတယ်ဆိုတာ ငါတော့တကယ်မယုံဘူး၊ သူတို့လုပ်လာခဲ့ရင်လည်း ငါမကြောက်ဘူး "

ရန်ရိ ပခုံးတွန့်ပြလိုက်ပြီး

" ငါက မီးလောင်တာကိုတောင် မကြောက်တာ သူတို့လို လူယုတ်မာလေးတွေ ကတော့ မဖြစ်စလောက်ပဲ "

ကုံးရင့်ရှန် ရန်ရိရဲ့ ပြတ်သားပြီးတောက်ပတဲ့ မျက်လုံးတွေကို ကြည့်လိုက်သည်။ ထိုမျက်လုံးများက စမ်းရေကြည်ပမာ၊ ရိုးသားပြီး စင်ကြယ်သည်။ ထိုလူသားပြောလိုက်တဲ့စကားတိုင်း နှလုံးသားထဲကလာသလို၊ မုသားမပါဘဲ လူတွေကို မယုံကြည်ဘဲမနေနိုင်အောင် ဖြစ်သွားစေသည်။

ရန်ရိ ကုံးရင့်ရှန် သူ့ကိုယ်သူ အပြစ်တင်နေတာမျိုး မလိုချင်ပေ။ အဲ့‌တာကြောင့် သူစကားလမ်းကြောင်းလွှဲပြီး သူအိတ်ကပ်ကို ခပ်ဖွဖွလေးဖွင့်လိုက်သည်။

" ဝိုး မြောင်မြောင်က နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာပဲ ကြည့်ပါဦး "

ကုံးရင့်ရှန် မနေသာဘဲ ကိုယ်ကိုကိုင်းရင်း ကြောင်လေး ဘောလုံးတစ်လုံးလိုကွေးကာ အိပ်နေသည်အား ငုံကြည့်လိုက်ပြီး သူ့နှုတ်ခမ်းစွန်းများ ကော့တက်သွားရသည်။

" ခင်များ ဌာနခွဲကိုလာတာ ကျွန်တော့်ကို ဒီကြောင်ပြဖို့ သက်သက်ပဲလား? "

" မဟုတ်ဘူး "

ရန်ရိ သက်ပြင်းဖွဖွချလိုက်ပြီး

" မနက်က တာဝန်ပေါ်လာပြီး စိတ်အခြေအနေမကောင်းလို့ "

" ဘာဖြစ်တာလဲ? "

" အသက် ၂၀ အရွယ်ကောင်လေးတစ်ယောက် တန်ချိန်အတော်များတဲ့ စင်အောက်ပိမိနေပြီး သူ့ခြေထောက်တွေ ဖြတ်ရမလို ဖြစ်သွားတယ် "

ရန်ရိ သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ပိတ်လိုက်ပြီး

" သူကအသိစိတ်ရှိနေသေးတော့ သူ့ကိုကယ်ပေးပါ၊ သူ့ခြေထောက်တွေကို မဖြတ်ပစ်လိုက်ပါနဲ့ဆိုပြီး ငါ့ကိုငိုယိုတောင်းပန်နေတာ....."

ရန်ရိမျက်နှာ၌ ဆုံးရှုံးခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းများ ထင်ဟပ်လာသည်။

ကုံးရင့်ရှန် မသိစိတ်အလျောက် လေသံပျော့ပြောင်းလိုက်ပြီး

" ခင်များ အကောင်းဆုံး ကြိုးစားခဲ့တာပဲ "

သူရပ်ပြီး ဆက်ပြောသည်။

" ခင်များ အကောင်းဆုံး ကြိုးစားနေတယ်လေ "

ရန်ရိက စိတ်မပါဘဲ ပြုံးလိုက်ပြီး

" အနည်းဆုံးတော့ သူအသက်ရှင်ပါတယ် "

သူအကောင်းဆုံးလုပ်ရမယ်၊ သူအကောင်းဆုံးလုပ်ပြီးမှပဲ အဲ့လိုမျိုးအများကြီးကြုံတွေ့ပြီးနောက်ပိုင်း သူ့ကိုယ့်သူ လွတ်မြောက်ခွင့်ပေးနိုင်လိမ့်မယ်။

ကုံးရင့်ရှန် ရင်ထဲ ပြောမပြတတ်သော ခံစားချက်တို့ဖြစ်ပေါ်လာပြီး သူလွှတ်ခနဲ ပြောထွက်သွားသည်။

" ကျွန်တော်နဲ့အိမ်လိုက်ခဲ့ "

ရန်ရိက ကြက်သေသေသွားလျက် :

" ဟမ်? "

ကုံးရင့်ရှန် လည်စေ့လှုပ်ရှားသွားပြီး ကသုတ်ကရုတ်ရှင်းပြလာသည်။

" ကျွန်တော်မှာ ရက်နည်းနည်းလောက်ရှိမယ်ထင်တယ်.....ကိစ္စတွေလည်းအရမ်းများတော့ ကျွန်တော်အရမ်း အလုပ်ရှုပ်နေမှာနဲ့၊ ရက်ရွေးဖို့က နေကိုဝင်ဆောင့်တာထက်ခက်တယ်၊ ဘာလို့ ခင်များ ဒီနေ့ကျွန်တော့်အိမ်မှာ ညစာလိုက်မစားတာလဲ? "

ရန်ရိ ခေါင်းကုတ်ရင်း မပြုံးမနေနိုင် ပြုံးမိသည်။

" ကောင်းပြီ ကောင်းပြီ ဒါပေမယ့် အတော်နောက်ကျနေပြီနော် ညလယ်စာလား? "

" ရတယ် "

' ကျွန်တော်နဲ့အိမ်လိုက်ခဲ့ ' ဆိုတဲ့စကားစုက ရန်ရိ စိတ်ထဲမှာ ရှေ့နဲ့နောက် အချိန်အတော်ကြာ ဂယက်ထနေလျက်၊ သူ ဝမ်းသာအားရပြောလိုက်သည်။

" သွားရအောင် "

သူတို့နှစ်ယောက် အိမ်ရောက်တော့ ညဆယ်နာရီတောင် ထိုးပြီးပြီဖြစ်သော်လည်း ကုံးမျိုးရိုးရဲ့ ကြီးကျယ်ခမ်းနားသော အိမ်တော်မှာတော့ မီးများထိန်လင်းနေဆဲပင်၊ ဦးလေးရှန့်ကထုံးစံအတိုင်း တံခါးဝမှာ အပြုံးဖြင့်ကြိုဆိုနေသည်။

" ဦးလေးရှန့် " ရန်ရိပြုံးပြီး နှုတ်ဆက်လိုက်သည်။

" ဦးလေးကို အနှောင့်အယှက်ထပ်‌ပေးရလို့ အားနာပါတယ် "

" အနှောက်အယှက်မဖြစ်ပါဘူး အနှောင့်အယှက်မဖြစ်ပါဘူးကွယ် "

ဦးလေးရှန့်ကပြောလာသည်။

" ဦးလေးတို့က ခေါင်းဆောင် ဒီကို ဧည့်သည်လာလုပ်တာပဲ အရမ်းဝမ်းသာနေတာပါ "

အိမ်ထဲဝင်ပြီးတော့ ရန်ရိ မြောင်မြောင်ကို သူ့အိတ်ကပ်ထဲက ထုတ်လိုက်သည်။

" ဦးလေးရှန် ကျွန်တော့်ကို အိမ်သာသုံးစက္ကူနည်းနည်းလောက် ပေးလို့ရမလား? သူ့ကို အပေါ့အပါးတည်ချိန်ရောက်ပြီ ထင်လို့ "

" အိုး ဘာလို့အဲ့မှာ ကြောင်ပေါက်စလေး ထည့်ထားတာလဲ? ဦးလေးတို့မှာ လဲဖို့အခင်းရှိတယ်၊ ရှောင်လီ သွားယူလာခဲ့ "

" ဒါက ကျွန်တော်တို့ အရင်တစ်ခါ မီးထဲကကယ်ခဲ့တဲ့ ကြောင်လေးလေ၊ ရေစက်ပါတာနဲ့ ကျွန်တော်မွေးမယ်လို့ ဆုံးဖြတ်လိုက်တာ "

ရန်ရိ အပြုံးဖြင့်ပြောလိုက်သည်။

" ဒီနေ့ ဒေါက်တာကုံးကို ယူလာပြတာ၊ ဒေါက်တာကုံးက သူလည်း ကျွန်တော့်ကို သူ့အိမ်မွေးတိရစ္ဆာန်တွေ ပြဖို့ခေါ်သွားမယ်လို့ပြောတယ် ဦးလေးတို့မိသားစု ဘာ‌မွေးထားတာလဲ? "

ဦးလေးရှန့်မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး

" အာ..."

ကြည့်ရတာ သူပြောလို့မရတဲ့ပုံပင်။

ကုံးရင့်ရှန်က ပြောလာသည်။

" ခင်များ ကျွန်တော်နဲ့လိုက်ခဲ့ "

" မင်း မြောင်မြောင်ကိုကစားဖို့ ခေါ်သွားချင်လား? "

ရန်ရိ သူ့လက်ထဲက နို့စို့ကြောင်ကလေးကို လှုပ်ပြလိုက်သည်။

" ခင်များသူ့ကို အစားခံရစေချင်ရင်ပေါ့ "

ရန်ရိ တောင့်သွားသည်။

ဦးလေးရှန်က သူ့လက်ထဲက ကြောင်လေးကိုယူပြီး တိုးတိုးကပ်ပြောလာသည်။

" သခင်ရဲ့တိရစ္ဆာန်က ထူးဆန်းတယ်၊ ဒါပေမယ့် အန္တရာယ်မရှိပါဘူး၊ သွားတော့မလှုပ်လိုက်နဲ့ "

" သူ ဘယ်လိုအကောင်များ မွေးထားတာလဲ? "

ရန်ရိ သိချင်သွားသည်။

ကုံးရင့်ရှန်က ရန်ရိကို အိမ်ထဲကဖြတ်ခေါ်သွားပြီး နောက်ဖေးပေါက်က ထွက်ကာ ခြံဝင်းထဲဝင်လိုက်တော့ သူ့ရှေ့မှာ မှန်လုံခန်းကြီးပေါ်လာသည်။ မှန်လုံခန်းရဲ့ ဘေးဘက်ခြမ်းအားလုံးမှာ ရွှေ့လို့ပြုလို့ရတဲ့ အပိုင်းကန့်တွေ တပ်ထားပြီး အဲ့အချိန်မှာ မှန်ချထားလို့ သူတို့အထဲကိုမမြင်ရဘဲ လျှို့ဝှက်ဆန်းကြယ်မှုတစ်စုံတစ်ရာ ရှိနေသည်။

ရန်ရိ စိတ်ထဲမှာ နည်းနည်းအန္တရာယ်ရှိသလို ခံစားလိုက်ရပြီး

" သာ့ကော မင်းအထဲမှာဘာမွေးထားတာလဲ? "

[ T/n : 大哥 - DàGē - အစ်ကိုကြီး တဲ့ ]

ကုံးရင့်ရှန်က လက်ဗွေစနစ်နဲ့ သော့ဖွင့်လိုက်ပြီး သူ့ကိုပြန်လှည့်ကြည့်ရင်း မျက်ခုံးပင့်လျက် တမင်တကာစိတ်ဆွပေးသလို ပြောလာသည်။

" ကြောက်လား? "

" လူသားစားနိုင်တာမို့လို့လား? "

ထိုစာကြောင်းက လုံးဝကိုဟာသတစ်ခုဖြစ်သည်၊ သို့သော်ငြား အပြောခံရသူမှာ ကုံးရင့်ရှန် ဖြစ်နေသည့်အခါဝယ် ရန်ရိ စနောက်သလိုနဲ့ အဖြေရဖို့ ကြိုးစားလိုက်၏။ နောက်‌ဆုံးတော့လည်း သူက သာမန်လူတွေနဲ့ အရမ်းကွာခြားလှသည်ကိုး။

" အထဲမှာ အသက်ကယ်ကိရိယာတွေ တပ်ထားတယ် "

" တကယ်ကို အသားစားသတ္တဝါပဲ!!! "

ရန်ရိ ထအော်လိုက်သည်။

" မင်း ဘယ်လိုဟာကိုများ မွေးထားတာလဲ? ကျားကြီးလား! "

ကုံးရင့်ရှန် တံခါးဖွင့်လိုက်ပြီး

" ခင်များအထဲဝင်လာကြည့်ရင် သိလိမ့်မယ်၊ အိုး ခင်များတကယ်ကြောက်နေရင်လည်း ထားလိုက်ပါတော့ "

အဲ့တာက စိတ်ဆွပေးတဲ့နည်းလမ်းမှန်း သိပေမယ့်လည်း သူဝန်မခံချင်တာမို့ ကျည်ဆံကိုက်ပြီးသာ ဝင်သွားရသည်။

မှန်လုံခန်းအတွင်းပိုင်းကတော့ ရန်ရိကို မျက်လုံးပြူးသွားစေ၏။ မှန်လုံခန်းခေါင်မိုးက အကြည်ဖြစ်ပြီး နက်‌ပြာရောင်ကောင်းကင်နှင့် လင်းလက်နေသော ကြယ်တွေကို မြင်နိုင်သည်။ နံရံနှစ်ဖက်လုံးက size မတူတဲ့ အခန်းအကန့်တွေဖြစ်ပြီး တစ်ချို့က တောတွင်းပုံသဏ္ဌာန်၊ တစ်ချို့က သဲပြင်နဲ့ တစ်ချို့မှာတော့ ရေကန်နှင့် အခန်းများပင်ပါရှိသည်။ အလယ်၌ ဒါဇင်မကသော သားပေါက်ဖန်ပြွန်များရှိနေပြီး အတွင်းဘက်အကျဆုံးမှာတော့ ဖန်ပုလင်းတွေ၊ ဖန်ဘူးတွေ၊ ထူးဆန်းတဲ့ကိရိယာတွေနဲ့ သွေးအေးတွားသွားသတ္တဝါ ဓာတ်ခွဲနမူနာများရှိသည့် ဓာတ်ခွဲခန်း‌အသေးစားလေးတစ်ခု ရှိနေသည်။

မှန်ပါ၏။ ရန်ရိ အခန်းအကန့်တွေနဲ့ သားပေါက်ဖန်ပြွန်တွေထဲမှာ အမျိုးမျိုးသော မြွေများ၊ ပုတ်သင်များ၊ မိကျောင်းများ အစရှိသည်တို့ကို မြင်တွေ့လိုက်ရပြီး တချို့အကောင်တွေက ဂြိုလ်သားတွေနဲ့တောင် တူနေသေးသည်။

ဒီမှန်လုံအိမ်က ‌တွားသွားသတ္တဝါ ပြခန်းကြီးလိုပဲ!

ရန်ရိ တွားသွားသတ္တဝါတွေကို မကြောက်ဘူး၊ ဒါပေမယ့် သူ ကြိုက်လည်းမကြိုက်ပေ။ သူ့တစ်ဘဝလုံး တွားသွားသတ္တဝါတွေအများကြီးကြားထဲ တစ်ခါမှမရောက်ဖူးဘူး။ သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထလာသလို ခံစားလိုက်ရတော့သည်။

" အရမ်းလှတယ် "

ကုံးရင့်ရှန်ပြောလာ၏။

" ကျွန်တော် နှစ်အကြာကြီး စုဆောင်းခဲ့ရတာ၊ အခုဆိုဒီမှာ မျိုးစိတ်ပေါင်းရာနဲ့ချီ ရှိနေပြီ "

ရန်ရိ သက်ပြင်းချလိုက်ပြီး

" မင်း.....သွေးအေးသတ္တဝါတွေ မွေးရတာ ကြိုက်တာလား? "

" အတိအကျပြောရရင် အပူချိန်ပြောင်းတတ်တဲ့ တိရစ္ဆာန်တွေပေါ့ "

ကုံးရင့်ရှန် သားပေါက်ဖန်ပြွန်ကိုဖွင့်ပြီး သူ့လက်ကိုအထဲထည့်လိုက်သည်။ လက်ပြန်ထုတ်လိုက်တော့ မြွေစိမ်းတစ်ကောင်က သူ့လက်ကောက်ဝတ်မှာ ရစ်ပတ်ပါလာလေပြီ။

ရန်ရိသူ့ကို တောင့်တောင့်ကြီး ကြည့်နေ

လိုက်သည်။

" မြွေအရေခွံက အရမ်းအေးပြီး သက်သောင့်သက်သာရှိတယ် "

ကုံးရင့်ရှန်က ဆိုလာ၏။

" ဒါက လူ‌မွေးအများဆုံး အိမ်မွေးမြွေစိမ်းပဲ၊ အဆိပ်မရှိဘူး၊ ကိုင်ကြည့်မလား? "

ရန်ရိက ခေါင်းခါယမ်းလိုက်ရင်း

" မလိုဘူး "

" ထိကြည့်လိုက် မပူပါဘူး "

ကုံးရင့်ရှန်က ရန်ရိကို နောက်ပြောင်သလို ကြည့်လာသည်။

ရန်ရိ မျက်စောင်းထိုးလိုက်ပြီး

" မင်းက တကယ်ကို သတင်းပေးရမယ့်လူဆိုတာ ငါသိသွားပြီ၊ မင်းသတိသာထားနေတော့ "

" ဒီတိုင်း ကျွန်တော့်အိမ်မွေးတိရစ္ဆာန်လေးတွေ ခင်များကိုပြတာပဲ "

ကုံးရင့်ရှန်က ပြောလာသည်။

" ခင်များ မြွေစိမ်းမကြိုက်လို့လား? လည်ဆံမွှေးနဲ့ ပုတ်သင် ကြည့်ချင်လား? အဲ့တာလည်း အရင်ဆုံးစမွေးတဲ့အဆင့် အိမ်မွေးပုတ်သင်ပဲ "

" မမွေးဘူး၊ ငါဘာကောင်မှ စပြီးမမွေးချင်ဘူး "

" တကယ်တမ်း သူတို့က တော်တော်လေးကောင်းတယ် "

ကုံးရင့်ရှန် သူ့လက်ထဲကမြွေစိမ်းလေးကို လက်ချောင်းတွေနဲ့ စလိုက်ပြီး

" လူတွေထက် အများကြီးပိုရိုးရှင်းတယ် "

‌ရန်ရိ ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး

" မင်းဒီလောက် မှန်လုံအိမ်ကြီး ဆောက်ထားတာ သူတို့ကိုမွေးဖို့သက်သက်ပဲလား? "

သူမြင်နေရတာတွေက ကုံးရင့်ရှန်ရဲ့ အထီးကျန်မှုတွေပဲလို့ ခံစားမိသွားသည်။

" အင်း ဒါက အမြဲတမ်းအပူထိန်းထားတဲ့ အခန်းပဲ "

ကုံးရင့်ရှန် မြွေစိမ်းလေးကို မှန်အိမ်ထဲပြန်ထည့်လိုက်ပြီး ရန်ရိကိုကြည့်ကာ တုံ့ဆိုင်းနေသည်။

" ဟိုကြောင်လေး....ကျွန်တော်တို့အတူမွေးမှာလား? "

ရန်ရိ ခဏကြောင်သွားပြီး

" မင်း ကြောင်တွေမကြိုက်ဘူးလား? "

" ကျွန်တော်တို့ သူ့ကို အတူကယ်ပြီး နာမည်လည်းအတူပေးခဲ့တယ် "

ကုံးရင့်ရှန် အခြားဘက်ကြည့်ဖို့ ‌လှည့်လိုက်ရင်း

" ခင်များ ကျွန်တော့်ကိုပေးလိုက်..... ကိစ္စမရှိဘူး၊ ကျွန်တော့်မှာ အိမ်မွေးတိရစ္ဆာန်တွေ ဂရုစိုက်ဖို့ သီးသန့်ခန့်ထားတဲ့သူရှိတယ်၊ တစ်ကောင်တည်းပဲကို ဘာမှမဖြစ်ဘူး "

ရန်ရိ ‌ပြုံးထေ့ထေ့လုပ်လိုက်ပြီး

" ငါတို့အတူမွေးတာပေါ့ မင်းမှာ သားပေါက်ဖန်အိမ်တွေရှိတာပဲ "

ကုံးရင့်ရှန် ခဏလောက် ငြိမ်ကျသွားသည်။

သူ့ခန္ဓာကိုယ်အပူချိန်ထက်မြင့်တဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင် မွေးရလိမ့်မယ်လို့ သူဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ အဲ့တာထက် ရန်ရိဆိုတဲ့ဖြစ်တည်မှုတစ်ခုကြောင့် သူကိစ္စအများကြီး ချိုးဖျက်ခဲ့သည်။

သူဘာလို့ ဒီလူအတွက် မကြာခဏဆိုသလို ခြွင်းချက်တွေ ထားပေးနေတာလဲ?

===========

Note ---

[ သူခိုး,ခိုးမှာမကြောက်ဘူး၊ သူခိုးကြံစည်တာကိုပဲ ကြောက်တယ် ]

ဆိုတဲ့စကားက

{" ကိုယ့်ယောက်ျားကိုလူတွေ သဘောကျတာကိစ္စမရှိဘူး၊ ကိုယ့်ယောက်ျားသူများဆီ ပါသွားမှာပဲစိုးတယ် "} ဆိုတဲ့စကားလိုပဲ။

သူခိုးက ချက်ချင်းခိုးသွားရင်ကိစ္စမရှိဘူး၊ အချိန်အကြာကြီး ကြံစည်နေပြီးမှ ခိုးသွားတာမျိုးကို ကြောက်တာပေါ့။ သူတို့ကိုလည်း ချက်ချင်းမစော်ကားလာသေးပေမယ့် အမှောင်ထဲကနေ ကြိတ်ပြီး ကြံစည်နေမှာကိုစိုးရိမ်တယ်ဆိုတာမျိုးပါ။

ကျွန်တော်လည်းသွားရှာကြည့်တော့ တွေ့တာအစုံပဲ၊ ဆက်ပြောပြမယ်

*လယ်သမားတစ်ယောက်က မိုးဦးကျတဲ့အချိန် စပါးတွေကို သေချာပျိုးထောင်ပြီး အပင်သန်ဆေးတွေဘာတွေ ဓာတ်မြေဩဇာတွေနဲ့ သေချာစိုက်ထားတယ်ပေါ့ဗျာ၊ အဲ့မှာ နောက်‌ဆုံး အသီးအပွင့်ကောင်းလာပြီး စပါးလေးတွေ ရွှေရောင်ဝင်းမှည့်ပြီး ခူးမယ်လုပ်တဲ့အခါကျမှ သူစပါးတစ်ခင်းလုံး ပြောင်နေတာကိုတွေ့လိုက်ရတယ်တဲ့။ သူလနဲ့ချီ သေချာစိုက်ထားတာကို သူခိုးက တစ်ညတည်းနဲ့ခိုးသွားခဲ့တယ်၊ အဲ့သူခိုးကလည်း အရင်ကတည်းက ကြိုတင်ကြံစည်နေတာဖြစ်ရမယ် ဆိုပြီး သူနားလည်သွားခဲ့တယ်၊ အဲ့စကားပုံက အဲ့ကစတာပဲ။ သူခိုးခိုးတာကို မကြောက်ဘူး သူခိုးကြံစည်တာကိုပဲ ကြောက်တယ် ပေါ့။ ပုံပြင်ကတော့ ဒါပါပဲ။*

============

{ Zawgyi }

" လူလဲၿပီး....မီး႐ိႈ႕တာ? "

ရန္ရိ ၾကည့္ရတာ ယုံရခက္ေနပုံပင္။

" လူလဲသတ္တယ္ဆိုတာ လူႏွစ္ေယာက္က လူခ်င္းလဲၿပီး အျခားတစ္ေယာက္ သတ္ခ်င္တဲ့သူကို သတ္ေပးတာမ်ိဳး၊ အဲ့နည္းနဲ႔ဆို ပထမအခ်က္အေနနဲ႔ အလီဘိုင္ေကာင္းေကာင္း႐ွိႏိုင္ၿပီး ဒုတိယအခ်က္အေနနဲ႔ လူသတ္မႈအတြက္ လႈပ္႐ွားမႈကို ေဖာ္ထုတ္ႏိုင္ဖို႔ ခဲယင္းတယ္ "

[ T/n : က်ေနာ္နဲ႔မင္းနဲ႔ လူခ်င္းလဲၿပီးသတ္ၾကမယ္ဆိုတာက မင္းသတ္ခ်င္တဲ့သူကို က်ေနာ္သတ္ေပးၿပီး က်ေနာ္သတ္ခ်င္တဲ့သူကို မင္းသတ္ေပးရတာ၊ မင္းနဲ႔ငါက မသိတဲ့လူႏွစ္ေယာက္မို႔ ေသဆုံးသူနဲ႔ ပတ္သတ္မႈကို႐ွာရင္ လူသတ္တရားခံအစစ္ဟာ ဘယ္သူလဲ ဆိုၿပီး ေျခရာလက္ရာ ႐ွာမရေတာ့ဘူး အဲ့တာကိုေျပာတာ လူခ်င္းလဲသတ္တယ္ဆိုတာက ]

ကုံးရင့္႐ွန္က ထန္ေဟာက္ခြၽမ္ကို ၾကည့္ၿပီး

" မင္းဖိုရမ္ထဲမွာ ေတြ႕တဲ့ပို႔စ္က ျပည္တြင္းကလား? "

ထန္ေဟာက္ခြၽမ္ ေခါင္းညိတ္ၿပီး web page မွာ click ႏွိပ္လိုက္သည္။

" ဒီဟာပဲ၊ English လိုေရးထားေပမယ့္လည္း post title မွာအၿမဲတမ္း location ပါရတယ္၊ ဒီ location က ထ်န္ခ်ီဆိုၿပီး ေရးထားတယ္ "

" လြန္ခဲ့တဲ့ သုံးလက? "

ရန္ရိ ‌ရက္စြဲကို ၾကည့္လိုက္ၿပီး

" အဲ့ဒီ့ေတာ့? နီးစပ္တဲ့ၿမိဳ႕နာမည္ပဲပါၿပီး က်န္တာ ဘာမွမပါဘူးလား? "

" သူတို႔ အခ်က္အလက္အမ်ားႀကီး မေဖာ္ျပရဲဘူး၊ location ေရးထားမယ္၊ ၿပီးေတာ့ အခ်ိတ္အဆက္လုပ္ခ်င္တဲ့သူက post တင္တဲ့သူကို private message ကေန ဆက္သြယ္လိမ့္မယ္ "

" သူတို႔ ရဲေတြလိုက္စုံစမ္းမွာ မစိုးရိမ္ဘူးလား? "

" ကြၽန္ေတာ္ သူတို႔ထဲက တစ္ေယာက္ကို စာပို႔ခဲ့တယ္၊ သူကြၽန္ေတာ့္ကို ေမးခြန္းေတြအမ်ားႀကီးေမးတာ၊ မီးအေပၚ ကြၽန္ေတာ့္ ခံစားခ်က္ကို ေမးတယ္၊ ဘာလို႔ ကြၽန္ေတာ္ ဒီလိုလုပ္တာလဲ၊ ဒီ website မွာကြၽန္ေတာ္ ဘာသုံးစြဲမႈမွတ္တမ္းေတြ႐ွိလဲ၊ ကြၽန္ေတာ္ ရဲမဟုတ္ဘူးဆိုတာကို ဘယ္လို သက္ေသျပႏိုင္လဲ အစ႐ွိသျဖင့္ေပါ့။ ID (Identity) ကတ္ျပဖို႔ေတာင္ ေမးေသးတယ္၊ ေသခ်ာတာေပါ့ ကြၽန္ေတာ္သူ႕ကို လ်စ္လ်ဴ႐ႈလိုက္ၿပီး သူလည္း ကြၽန္ေတာ့္ကို လ်စ္လ်ဴ႐ႈသြားတာပဲ "

ထန္ေဟာက္ခြၽမ္ ေျပာလာသည္။

" ဒီဟာက စမ္းသပ္ျပင္ဆင္တဲ့ လုပ္ေဆာင္ခ်က္မ်ိဳးပဲ၊ သူတို႔ ဘယ္သူနဲ႔စကားေျပာေနလဲဆိုတာ ဘယ္သူမွမသိႏိုင္ဘူး၊ အားလုံးက တစ္ေယာက္ကိုတစ္ေယာက္ အရဲစြန္႔ၿပီးေျပာေနရတာပဲ၊ အဲ့ဒီ့ေတာ့ ပို႔စ္တင္တဲ့သူက ေနာက္ဆုံး သူနဲ႔ လူလဲၿပီးမီး႐ိႈ႕မယ့္သူကို ေတြ႕သြားလားဆိုတာ ကြၽန္ေတာ္မသိႏိုင္ဘူး၊ ရာဇဝတ္မႈႀကီးမို႔လို႔ ကြၽန္ေတာ္ပိုၿပီး အာ႐ုံစိုက္ထားလိုက္တယ္၊ သူ႕ private message ကိုေတာင္ hack ဖို႔ႀကိဳးစားခဲ့ေသးတာ၊ ဒါေပမယ့္ ဘာမွမ႐ွိေတာ့ဘူး၊ ဖ်က္ပစ္လိုက္တာေနမယ္ "

[ T/N : Trial and error - စမ္းသပ္ျပင္ဆင္တဲ့နည္းလမ္း - လက္ေတြ႕စမ္းသပ္ၿပီး error ေတြ႕ရင္ ျပန္ျပဳျပင္လိုက္တာမ်ိဳး၊ မိုက္တယ္ ]

" မင္း ပို႔စ္တင္တဲ့သူ IP (Internet Protocol) ကို ႐ွာႏိုင္လား? "

ထန္ေဟာက္ခြၽမ္က သက္ျပင္းခ်ၿပီး

" အရမ္းခက္တယ္၊ ကြၽန္ေတာ္ အရင္ကေျပာခဲ့သလိုပဲ dark web က log in ဝင္တဲ့သူေတြရဲ႕ privacy ကို ကာကြယ္ေပးထားဖို႔ အၿမဲတမ္း IP ေတြေျပာင္းေနတာ၊ လူတစ္ေယာက္ရဲ႕ IP address ကို႐ွာခ်င္ရင္ ကြၽန္ေတာ္အဲ့လူနဲ႔ live room ထဲ တစ္ခ်ိန္တည္းဝင္မွရမယ္၊ ကြၽန္ေတာ့္ကို အခ်ိန္ေပးပါဦး "

" ဒါေပမယ့္ ငါတို႔မွာ တိက်တဲ့ပန္းတိုင္မ႐ွိဘူး "

" အင္း ဒါေပမယ့္ အခုေတာ့ ဒီ website ကိုစစ္ေဆးဖို႔ေထာက္ခံတယ္၊ ကြၽန္ေတာ့္ကို ကူေပးမယ့္ လုပ္ေဖာ္ကိုင္ဖက္ေတြ ႐ွာၿပီး ဆက္ႀကိဳးစားၾကည့္တာေပါ့ "

ကုံးရင့္႐ွန္ စဥ္းစားၾကည့္လိုက္သည္။

" ငါ ဒီလူလဲၿပီးမီး႐ိႈ႕တဲ့ကိစၥကိုသုံးၿပီး က်ိဳးခြၽမ္း လွည့္ျဖားၾကည့္မယ္၊ မေမွ်ာ္လင့္ထားတဲ့ အက်ိဳးအျမတ္ေတြလည္း ႐ွိခ်င္႐ွိမွာ‌ေပါ့၊ ဒီ‌တစ္ေခါက္ သူကတရားခံဆိုေတာ့ ဖြင့္ေျပာခ်င္လာမွာပဲ "

ထန္ေဟာက္ခြၽမ္က Seraph webpage ကို လွမ္းၾကည့္ၿပီး တစ္ဖန္သူတို႔ကိုျပန္ၾကည့္လာလ်က္ တစ္ခုခုေျပာဖို႔ တုံ႔ဆိုင္းေနသည္။

" ဘာျဖစ္တာလဲ? "

" ေဒါက္တာကုံး၊ ေခါင္းေဆာင္ရန္၊ မင္းတို႔ ဂ႐ုစိုက္ရမယ္ေနာ္၊ သူတို႔မွာ မင္းတို႔ကိုေစာ္ကားဖို႔ သတၱိမ႐ွိတာ ျဖစ္ႏိုင္ေလာက္ေပမယ့္၊ ဒီလူယုတ္မာေတြဆီက ပစ္မွတ္ထားခံရၿပီး ကိုယ္ေရးအခ်က္အလက္ေတြလည္း အျဖန္႔ခံထားတယ္၊ ေၾကာက္စရာပဲ "

ကုံးရင့္႐ွန္ ေခါင္းညိတ္ျပလိုက္ၿပီး

" သူတို႔ကိုဖမ္းဖို႔ မင္းငါ့ကို သဲလြန္စေတြ ပိုေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္တယ္ "

သူတို႔ ႐ုံးခန္းထဲက ထြက္လိုက္ၿပီး အခ်ိန္အေတာ္ၾကာသည္အထိ ဘယ္သူမွစကားစမလာဘဲ သူတို႔မ်က္ႏွာေတြကလည္း မည္းေမွာင္ေနေတာ့သည္။

ထန္ေဟာက္ခြၽမ္ေျပာသလိုပဲ၊ သူ႕ကိုယ္ေရးအခ်က္အလက္ေတြက လူယုတ္မာအုပ္စုဆီအျဖန္႔ခံလိုက္ရတာကို ဘယ္သူမွ စိတ္ေအးေအးမထားႏိုင္ပါေခ်။

ထပ္ၿပီးေတာ့ သူတို႔ 'ဆုေၾကးေငြ' ကလည္း ယြမ္ ၂ သိန္းထက္ပိုေနသည္။ နည္းတဲ့ပမာဏမဟုတ္ေပ။ လူရမ္းကားေတြ အရဲစြန္႔မွာမဟုတ္ဘူးလို႔ ဘယ္သူအာမခံႏိုင္မွာလဲ?

သူခိုး,ခိုးမွာ မေၾကာက္ဘူး၊ သူခိုး ၾကံစည္တာကိုပဲ ေၾကာက္တယ္ ဆိုတဲ့စကားအတိုင္း ရန္သူက အေမွာင္ထဲမွာ႐ွိေနၿပီး သူက အလင္းထဲမွာ႐ွိေနတဲ့ အေျခအေနမ်ိဳးက တကယ္ကိုေနသားမက် ျဖစ္စရာပင္။

[ T/n : အဲ့ဆို႐ိုးက ႐ွင္းရမွာ႐ွည္လို႔ ၿပီးမွ႐ွင္းေပးမယ္ ]

ကုံးရင့္႐ွန္က ႐ုတ္တရက္ရပ္လိုက္ၿပီး သူ႕ေနာက္မွာ ‌လမ္းေလွ်ာက္ေနတဲ့ ရန္ရိက မရပ္လိုက္ႏိုင္ဘဲ သူ႕ေက်ာျပင္က်ယ္က်ယ္နဲ႔ ဝင္ေဆာင့္မိသြား‌ေတာ့သည္။

" မင္းဘာလို႔႐ုတ္တရက္ႀကီး....."

" ကြၽန္ေတာ့္အျပစ္ပါ "

ကုံးရင့္႐ွန္က ကိုယ္လွည့္လာၿပီး ရန္ရိကို‌ ေလးနက္ေသာအမူအရာျဖင့္ စိုက္ၾကည့္ေနသည္။

"...."

ရန္ရိ ေျပာလိုက္သည္။

" မင္း ဘာထျဖစ္တာလဲ? "

" ကြၽန္ေတာ္ ကြန္ပ်ဴတာကိုေမ့သြားတယ္၊ ကြၽန္ေတာ္ ေတြးမိလိုက္သင့္တာ၊ ဒါေပမယ့္ မီးကိုျမင္လိုက္ရေတာ့ စိတ္ေနာက္သြားတယ္ "

ကုံးရင့္႐ွန္က ႏႈတ္ခမ္းကိုက္လိုက္ၿပီး

" ခင္မ်ား ဒီလိုကိစၥမ်ိဳးမွာ ကြၽန္ေတာ္နဲ႔မဆက္ႏြယ္သင့္ဘူး "

ရန္ရိ အသက္အ႐ွည္ႀကီး႐ွဴသြင္းလိုက္ၿပီး ဘာမွမျဖစ္သလို ဟန္ေဆာင္ျပဳံးလိုက္သည္။

" အိုး ငါက မင္းေနာက္ဆုံးေတာ့ အသိစိတ္ဝင္ၿပီး လြန္ခဲ့တဲ့လအနည္းငယ္က ငါ့ကို အသက္မျပည့္ေသးတဲ့ ကေလးနဲ႔တြဲတယ္ဆိုၿပီး စြပ္စြဲတာအတြက္ ေတာင္းပန္ေတာ့မယ္ ထင္လိုက္တာ "

" အေလးအနက္ထားစမ္းပါ "

ကုံးရင့္႐ွန္က ေဒါသတႀကီးေျပာလာ၏။

" ငါ အရမ္းေလးနက္ပါတယ္ "

ရန္ရိ ျပဳံးရင္း ေျပာလိုက္သည္။

" အဲ့ကိစၥမေတြးနဲ႔၊ မင္းအျပစ္မဟုတ္ပါဘူး၊ ငါတို႔လူယုတ္မာနဲ႔ ေတြ႕သြား႐ုံသက္သက္ပဲ၊ အဲ့တာေၾကာင့္ အဲ့လူယုတ္မာကို အတူဖမ္းရေအာင္ "

ကုံးရင့္႐ွန္ ရန္ရိအား နင့္နင့္နဲနဲ ၾကည့္လာသည္။

" သူတို႔ ငါတို႔ကိုလုပ္ဖို႔ သတၱိ႐ွိတယ္ဆိုတာ ငါေတာ့တကယ္မယုံဘူး၊ သူတို႔လုပ္လာခဲ့ရင္လည္း ငါမေၾကာက္ဘူး "

ရန္ရိ ပခုံးတြန္႔ျပလိုက္ၿပီး

" ငါက မီးေလာင္တာကိုေတာင္ မေၾကာက္တာ သူတို႔လို လူယုတ္မာေလးေတြ ကေတာ့ မျဖစ္စေလာက္ပဲ "

ကုံးရင့္႐ွန္ ရန္ရိရဲ႕ ျပတ္သားၿပီးေတာက္ပတဲ့ မ်က္လုံးေတြကို ၾကည့္လိုက္သည္။ ထိုမ်က္လုံးမ်ားက စမ္းေရၾကည္ပမာ၊ ႐ိုးသားၿပီး စင္ၾကယ္သည္။ ထိုလူသားေျပာလိုက္တဲ့စကားတိုင္း ႏွလုံးသားထဲကလာသလို၊ မုသားမပါဘဲ လူေတြကို မယုံၾကည္ဘဲမေနႏိုင္ေအာင္ ျဖစ္သြားေစသည္။

ရန္ရိ ကုံးရင့္႐ွန္ သူ႕ကိုယ္သူ အျပစ္တင္ေနတာမ်ိဳး မလိုခ်င္ေပ။ အဲ့‌တာေၾကာင့္ သူစကားလမ္းေၾကာင္းလႊဲၿပီး သူအိတ္ကပ္ကို ခပ္ဖြဖြေလးဖြင့္လိုက္သည္။

" ဝိုး ေျမာင္ေျမာင္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို အိပ္ေပ်ာ္ေနတာပဲ ၾကည့္ပါဦး "

ကုံးရင့္႐ွန္ မေနသာဘဲ ကိုယ္ကိုကိုင္းရင္း ေၾကာင္ေလး ေဘာလုံးတစ္လုံးလိုေကြးကာ အိပ္ေနသည္အား ငုံၾကည့္လိုက္ၿပီး သူ႕ႏႈတ္ခမ္းစြန္းမ်ား ေကာ့တက္သြားရသည္။

" ခင္မ်ား ဌာနခြဲကိုလာတာ ကြၽန္ေတာ္႕ကို ဒီေၾကာင္ျပဖို႔ သက္သက္ပဲလား? "

" မဟုတ္ဘူး "

ရန္ရိ သက္ျပင္းဖြဖြခ်လိုက္ၿပီး

" မနက္က တာဝန္ေပၚလာၿပီး စိတ္အေျခအေနမေကာင္းလို႔ "

" ဘာျဖစ္တာလဲ? "

" အသက္ ၂၀ အ႐ြယ္ေကာင္ေလးတစ္ေယာက္ တန္ခ်ိန္အေတာ္မ်ားတဲ့ စင္ေအာက္ပိမိေနၿပီး သူ႕ေျခေထာက္ေတြ ျဖတ္ရမလို ျဖစ္သြားတယ္ "

ရန္ရိ သူ႕ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ပိတ္လိုက္ၿပီး

" သူကအသိစိတ္႐ွိေနေသးေတာ့ သူ႕ကိုကယ္ေပးပါ၊ သူ႕ေျခေထာက္ေတြကို မျဖတ္ပစ္လိုက္ပါနဲ႔ဆိုၿပီး ငါ့ကိုငိုယိုေတာင္းပန္ေနတာ....."

ရန္ရိမ်က္ႏွာ၌ ဆုံး႐ႈံးျခင္းႏွင့္ ဝမ္းနည္းပူေဆြးျခင္းမ်ား ထင္ဟပ္လာသည္။

ကုံးရင့္႐ွန္ မသိစိတ္အေလ်ာက္ ေလသံေပ်ာ့ေျပာင္းလိုက္ၿပီး

" ခင္မ်ား အေကာင္းဆုံး ႀကိဳးစားခဲ့တာပဲ "

သူရပ္ၿပီး ဆက္ေျပာသည္။

" ခင္မ်ား အေကာင္းဆုံး ႀကိဳးစားေနတယ္ေလ "

ရန္ရိက စိတ္မပါဘဲ ျပဳံးလိုက္ၿပီး

" အနည္းဆုံးေတာ့ သူအသက္႐ွင္ပါတယ္ "

သူအေကာင္းဆုံးလုပ္ရမယ္၊ သူအေကာင္းဆုံးလုပ္ၿပီးမွပဲ အဲ့လိုမ်ိဳးအမ်ားႀကီးၾကဳံေတြ႕ၿပီးေနာက္ပိုင္း သူ႕ကိုယ့္သူ လြတ္ေျမာက္ခြင့္ေပးႏိုင္လိမ့္မယ္။

ကုံးရင့္႐ွန္ ရင္ထဲ ေျပာမျပတတ္ေသာ ခံစားခ်က္တို႔ျဖစ္ေပၚလာၿပီး သူလႊတ္ခနဲ ေျပာထြက္သြားသည္။

" ကြၽန္ေတာ္နဲ႔အိမ္လိုက္ခဲ့ "

ရန္ရိက ၾကက္ေသေသသြားလ်က္ :

" ဟမ္? "

ကုံးရင့္႐ွန္ လည္ေစ့လႈပ္႐ွားသြားၿပီး ကသုတ္က႐ုတ္႐ွင္းျပလာသည္။

" ကြၽန္ေတာ္မွာ ရက္နည္းနည္းေလာက္႐ွိမယ္ထင္တယ္.....ကိစၥေတြလည္းအရမ္းမ်ားေတာ့ ကြၽန္ေတာ္အရမ္း အလုပ္႐ႈပ္ေနမွာနဲ႔၊ ရက္ေ႐ြးဖို႔က ေနကိုဝင္ေဆာင့္တာထက္ခက္တယ္၊ ဘာလို႔ ခင္မ်ား ဒီေန႔ကြၽန္ေတာ့္အိမ္မွာ ညစာလိုက္မစားတာလဲ? "

ရန္ရိ ေခါင္းကုတ္ရင္း မျပဳံးမေနႏိုင္ ျပဳံးမိသည္။

" ေကာင္းၿပီ ေကာင္းၿပီ ဒါေပမယ့္ အေတာ္ေနာက္က်ေနၿပီေနာ္ ညလယ္စာလား? "

" ရတယ္ "

' ကြၽန္ေတာ္နဲ႔အိမ္လိုက္ခဲ့ ' ဆိုတဲ့စကားစုက ရန္ရိ စိတ္ထဲမွာ ေ႐ွ႕နဲ႔ေနာက္ အခ်ိန္အေတာ္ၾကာ ဂယက္ထေနလ်က္၊ သူ ဝမ္းသာအားရေျပာလိုက္သည္။

" သြားရေအာင္ "

သူတို႔ႏွစ္ေယာက္ အိမ္ေရာက္ေတာ့ ညဆယ္နာရီေတာင္ ထိုးၿပီးၿပီျဖစ္ေသာ္လည္း ကုံးမ်ိဳး႐ိုးရဲ႕ ႀကီးက်ယ္ခမ္းနားေသာ အိမ္ေတာ္မွာေတာ့ မီးမ်ားထိန္လင္းေနဆဲပင္၊ ဦးေလး႐ွန္႔ကထုံးစံအတိုင္း တံခါးဝမွာ အျပဳံးျဖင့္ႀကိဳဆိုေနသည္။

" ဦးေလး႐ွန္႔ " ရန္ရိျပဳံးၿပီး ႏႈတ္ဆက္လိုက္သည္။

" ဦးေလးကို အေႏွာင့္အယွက္ထပ္‌ေပးရလို႔ အားနာပါတယ္ "

" အေႏွာက္အယွက္မျဖစ္ပါဘူး အေႏွာင့္အယွက္မျဖစ္ပါဘူးကြယ္ "

ဦးေလး႐ွန္႔ကေျပာလာသည္။

" ဦးေလးတို႔က ေခါင္းေဆာင္ ဒီကို ဧည့္သည္လာလုပ္တာပဲ အရမ္းဝမ္းသာေနတာပါ "

အိမ္ထဲဝင္ၿပီးေတာ့ ရန္ရိ ေျမာင္ေျမာင္ကို သူ႕အိတ္ကပ္ထဲက ထုတ္လိုက္သည္။

" ဦးေလး႐ွန္ ကြၽန္ေတာ့္ကို အိမ္သာသုံးစကၠဴနည္းနည္းေလာက္ ေပးလို႔ရမလား? သူ႕ကို အေပါ့အပါးတည္ခ်ိန္ေရာက္ၿပီ ထင္လို႔ "

" အိုး ဘာလို႔အဲ့မွာ ေၾကာင္ေပါက္စေလး ထည့္ထားတာလဲ? ဦးေလးတို႔မွာ လဲဖို႔အခင္း႐ွိတယ္၊ ေ႐ွာင္လီ သြားယူလာခဲ့ "

" ဒါက ကြၽန္ေတာ္တို႔ အရင္တစ္ခါ မီးထဲကကယ္ခဲ့တဲ့ ေၾကာင္ေလးေလ၊ ေရစက္ပါတာနဲ႔ ကြၽန္ေတာ္ေမြးမယ္လို႔ ဆုံးျဖတ္လိုက္တာ "

ရန္ရိ အျပဳံးျဖင့္ေျပာလိုက္သည္။

" ဒီေန႔ ေဒါက္တာကုံးကို ယူလာျပတာ၊ ေဒါက္တာကုံးက သူလည္း ကြၽန္ေတာ့္ကို သူ႕အိမ္ေမြးတိရစၧာန္ေတြ ျပဖို႔ေခၚသြားမယ္လို႔ေျပာတယ္ ဦးေလးတို႔မိသားစု ဘာ‌ေမြးထားတာလဲ? "

ဦးေလး႐ွန္႔မ်က္ႏွာက အနည္းငယ္ေျပာင္းလဲသြားၿပီး

" အာ..."

ၾကည့္ရတာ သူေျပာလို႔မရတဲ့ပုံပင္။

ကုံးရင့္႐ွန္က ေျပာလာသည္။

" ခင္မ်ား ကြၽန္ေတာ္နဲ႔လိုက္ခဲ့ "

" မင္း ေျမာင္ေျမာင္ကိုကစားဖို႔ ေခၚသြားခ်င္လား? "

ရန္ရိ သူ႕လက္ထဲက ႏို႔စို႔ေၾကာင္ကေလးကို လႈပ္ျပလိုက္သည္။

" ခင္မ်ားသူ႕ကို အစားခံရေစခ်င္ရင္ေပါ့ "

ရန္ရိ ေတာင့္သြားသည္။

ဦးေလး႐ွန္က သူ႕လက္ထဲက ေၾကာင္ေလးကိုယူၿပီး တိုးတိုးကပ္ေျပာလာသည္။

" သခင္ရဲ႕တိရစၧာန္က ထူးဆန္းတယ္၊ ဒါေပမယ့္ အႏၲရာယ္မ႐ွိပါဘူး၊ သြားေတာ့မလႈပ္လိုက္နဲ႔ "

" သူ ဘယ္လိုအေကာင္မ်ား ေမြးထားတာလဲ? "

ရန္ရိ သိခ်င္သြားသည္။

ကုံးရင့္႐ွန္က ရန္ရိကို အိမ္ထဲကျဖတ္ေခၚသြားၿပီး ေနာက္ေဖးေပါက္က ထြက္ကာ ျခံဝင္းထဲဝင္လိုက္ေတာ့ သူ႕ေ႐ွ႕မွာ မွန္လုံခန္းႀကီးေပၚလာသည္။ မွန္လုံခန္းရဲ႕ ေဘးဘက္ျခမ္းအားလုံးမွာ ေ႐ႊ႕လို႔ျပဳလို႔ရတဲ့ အပိုင္းကန္႔ေတြ တပ္ထားၿပီး အဲ့အခ်ိန္မွာ မွန္ခ်ထားလို႔ သူတို႔အထဲကိုမျမင္ရဘဲ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈတစ္စုံတစ္ရာ ႐ွိေနသည္။

ရန္ရိ စိတ္ထဲမွာ နည္းနည္းအႏၲရာယ္႐ွိသလို ခံစားလိုက္ရၿပီး

" သာ့ေကာ မင္းအထဲမွာဘာေမြးထားတာလဲ? "

[ T/n : 大哥 - DàGē - အစ္ကိုႀကီး တဲ့ ]

ကုံးရင့္႐ွန္က လက္ေဗြစနစ္နဲ႔ ေသာ့ဖြင့္လိုက္ၿပီး သူ႕ကိုျပန္လွည့္ၾကည့္ရင္း မ်က္ခုံးပင့္လ်က္ တမင္တကာစိတ္ဆြေပးသလို ေျပာလာသည္။

" ေၾကာက္လား? "

" လူသားစားႏိုင္တာမို႔လို႔လား? "

ထိုစာေၾကာင္းက လုံးဝကိုဟာသတစ္ခုျဖစ္သည္၊ သို႔ေသာ္ျငား အေျပာခံရသူမွာ ကုံးရင့္႐ွန္ ျဖစ္ေနသည့္အခါဝယ္ ရန္ရိ စေနာက္သလိုနဲ႔ အေျဖရဖို႔ ႀကိဳးစားလိုက္၏။ ေနာက္‌ဆုံးေတာ့လည္း သူက သာမန္လူေတြနဲ႔ အရမ္းကြာျခားလွသည္ကိုး။

" အထဲမွာ အသက္ကယ္ကိရိယာေတြ တပ္ထားတယ္ "

" တကယ္ကို အသားစားသတၱဝါပဲ!!! "

ရန္ရိ ထေအာ္လိုက္သည္။

" မင္း ဘယ္လိုဟာကိုမ်ား ေမြးထားတာလဲ? က်ားႀကီးလား! "

ကုံးရင့္႐ွန္ တံခါးဖြင့္လိုက္ၿပီး

" ခင္မ်ားအထဲဝင္လာၾကည့္ရင္ သိလိမ့္မယ္၊ အိုး ခင္မ်ားတကယ္ေၾကာက္ေနရင္လည္း ထားလိုက္ပါေတာ့ "

အဲ့တာက စိတ္ဆြေပးတဲ့နည္းလမ္းမွန္း သိေပမယ့္လည္း သူဝန္မခံခ်င္တာမို႔ က်ည္ဆံကိုက္ၿပီးသာ ဝင္သြားရသည္။

မွန္လုံခန္းအတြင္းပိုင္းကေတာ့ ရန္ရိကို မ်က္လုံးျပဴးသြားေစ၏။ မွန္လုံခန္းေခါင္မိုးက အၾကည္ျဖစ္ၿပီး နက္‌ျပာေရာင္ေကာင္းကင္ႏွင့္ လင္းလက္ေနေသာ ၾကယ္ေတြကို ျမင္ႏိုင္သည္။ နံရံႏွစ္ဖက္လုံးက size မတူတဲ့ အခန္းအကန္႔ေတြျဖစ္ၿပီး တစ္ခ်ိဳ႕က ေတာတြင္းပုံသဏၭာန္၊ တစ္ခ်ိဳ႕က သဲျပင္နဲ႔ တစ္ခ်ိဳ႕မွာေတာ့ ေရကန္ႏွင့္ အခန္းမ်ားပင္ပါ႐ွိသည္။ အလယ္၌ ဒါဇင္မကေသာ သားေပါက္ဖန္ႁပြန္မ်ား႐ွိေနၿပီး အတြင္းဘက္အက်ဆုံးမွာေတာ့ ဖန္ပုလင္းေတြ၊ ဖန္ဘူးေတြ၊ ထူးဆန္းတဲ့ကိရိယာေတြနဲ႔ ေသြးေအးတြားသြားသတၱဝါ ဓာတ္ခြဲနမူနာမ်ား႐ွိသည့္ ဓာတ္ခြဲခန္း‌အေသးစားေလးတစ္ခု ႐ွိေနသည္။

မွန္ပါ၏။ ရန္ရိ အခန္းအကန္႔ေတြနဲ႔ သားေပါက္ဖန္ႁပြန္ေတြထဲမွာ အမ်ိဳးမ်ိဳးေသာ ေႁမြမ်ား၊ ပုတ္သင္မ်ား၊ မိေက်ာင္းမ်ား အစ႐ွိသည္တို႔ကို ျမင္ေတြ႕လိုက္ရၿပီး တခ်ိဳ႕အေကာင္ေတြက ၿဂိဳလ္သားေတြနဲ႔ေတာင္ တူေနေသးသည္။

ဒီမွန္လုံအိမ္က ‌တြားသြားသတၱဝါ ျပခန္းႀကီးလိုပဲ!

ရန္ရိ တြားသြားသတၱဝါေတြကို မေၾကာက္ဘူး၊ ဒါေပမယ့္ သူ ႀကိဳက္လည္းမႀကိဳက္ေပ။ သူ႕တစ္ဘဝလုံး တြားသြားသတၱဝါေတြအမ်ားႀကီးၾကားထဲ တစ္ခါမွမေရာက္ဖူးဘူး။ သူ႕တစ္ကိုယ္လုံး ၾကက္သီးေမြးညႇင္းမ်ားထလာသလို ခံစားလိုက္ရေတာ့သည္။

" အရမ္းလွတယ္ "

ကုံးရင့္႐ွန္ေျပာလာ၏။

" ကြၽန္ေတာ္ ႏွစ္အၾကာႀကီး စုေဆာင္းခဲ့ရတာ၊ အခုဆိုဒီမွာ မ်ိဳးစိတ္ေပါင္းရာနဲ႔ခ်ီ ႐ွိေနၿပီ "

ရန္ရိ သက္ျပင္းခ်လိုက္ၿပီး

" မင္း.....ေသြးေအးသတၱဝါေတြ ေမြးရတာ ႀကိဳက္တာလား? "

" အတိအက်ေျပာရရင္ အပူခ်ိန္ေျပာင္းတတ္တဲ့ တိရစၧာန္ေတြေပါ့ "

ကုံးရင့္႐ွန္ သားေပါက္ဖန္ႁပြန္ကိုဖြင့္ၿပီး သူ႕လက္ကိုအထဲထည့္လိုက္သည္။ လက္ျပန္ထုတ္လိုက္ေတာ့ ေႁမြစိမ္းတစ္ေကာင္က သူ႕လက္ေကာက္ဝတ္မွာ ရစ္ပတ္ပါလာေလၿပီ။

ရန္ရိသူ႕ကို ေတာင့္ေတာင့္ႀကီး ၾကည့္ေန

လိုက္သည္။

" ေႁမြအေရခြံက အရမ္းေအးၿပီး သက္ေသာင့္သက္သာ႐ွိတယ္ "

ကုံးရင့္႐ွန္က ဆိုလာ၏။

" ဒါက လူ‌ေမြးအမ်ားဆုံး အိမ္ေမြးေႁမြစိမ္းပဲ၊ အဆိပ္မ႐ွိဘူး၊ ကိုင္ၾကည့္မလား? "

ရန္ရိက ေခါင္းခါယမ္းလိုက္ရင္း

" မလိုဘူး "

" ထိၾကည့္လိုက္ မပူပါဘူး "

ကုံးရင့္႐ွန္က ရန္ရိကို ေနာက္ေျပာင္သလို ၾကည့္လာသည္။

ရန္ရိ မ်က္ေစာင္းထိုးလိုက္ၿပီး

" မင္းက တကယ္ကို သတင္းေပးရမယ့္လူဆိုတာ ငါသိသြားၿပီ၊ မင္းသတိသာထားေနေတာ့ "

" ဒီတိုင္း ကြၽန္ေတာ့္အိမ္ေမြးတိရစၧာန္ေလးေတြ ခင္မ်ားကိုျပတာပဲ "

ကုံးရင့္႐ွန္က ေျပာလာသည္။

" ခင္မ်ား ေႁမြစိမ္းမႀကိဳက္လို႔လား? လည္ဆံေမႊးနဲ႔ ပုတ္သင္ ၾကည့္ခ်င္လား? အဲ့တာလည္း အရင္ဆုံးစေမြးတဲ့အဆင့္ အိမ္ေမြးပုတ္သင္ပဲ "

" မေမြးဘူး၊ ငါဘာေကာင္မွ စၿပီးမေမြးခ်င္ဘူး "

" တကယ္တမ္း သူတို႔က ေတာ္ေတာ္ေလးေကာင္းတယ္ "

ကုံးရင့္႐ွန္ သူ႕လက္ထဲကေႁမြစိမ္းေလးကို လက္ေခ်ာင္းေတြနဲ႔ စလိုက္ၿပီး

" လူေတြထက္ အမ်ားႀကီးပို႐ိုး႐ွင္းတယ္ "

‌ရန္ရိ ပတ္ပတ္လည္ကိုၾကည့္လိုက္ၿပီး

" မင္းဒီေလာက္ မွန္လုံအိမ္ႀကီး ေဆာက္ထားတာ သူတို႔ကိုေမြးဖို႔သက္သက္ပဲလား? "

သူျမင္ေနရတာေတြက ကုံးရင့္႐ွန္ရဲ႕ အထီးက်န္မႈေတြပဲလို႔ ခံစားမိသြားသည္။

" အင္း ဒါက အၿမဲတမ္းအပူထိန္းထားတဲ့ အခန္းပဲ "

ကုံးရင့္႐ွန္ ေႁမြစိမ္းေလးကို မွန္အိမ္ထဲျပန္ထည့္လိုက္ၿပီး ရန္ရိကိုၾကည့္ကာ တုံ႔ဆိုင္းေနသည္။

" ဟိုေၾကာင္ေလး....ကြၽန္ေတာ္တို႔အတူေမြးမွာလား? "

ရန္ရိ ခဏေၾကာင္သြားၿပီး

" မင္း ေၾကာင္ေတြမႀကိဳက္ဘူးလား? "

" ကြၽန္ေတာ္တို႔ သူ႕ကို အတူကယ္ၿပီး နာမည္လည္းအတူေပးခဲ့တယ္ "

ကုံးရင့္႐ွန္ အျခားဘက္ၾကည့္ဖို႔ ‌လွည့္လိုက္ရင္း

" ခင္မ်ား ကြၽန္ေတာ့္ကိုေပးလိုက္..... ကိစၥမ႐ွိဘူး၊ ကြၽန္ေတာ့္မွာ အိမ္ေမြးတိရစၧာန္ေတြ ဂ႐ုစိုက္ဖို႔ သီးသန္႔ခန္႔ထားတဲ့သူ႐ွိတယ္၊ တစ္ေကာင္တည္းပဲကို ဘာမွမျဖစ္ဘူး "

ရန္ရိ ‌ျပဳံးေထ့ေထ့လုပ္လိုက္ၿပီး

" ငါတို႔အတူေမြးတာေပါ့ မင္းမွာ သားေပါက္ဖန္အိမ္ေတြ႐ွိတာပဲ "

ကုံးရင့္႐ွန္ ခဏေလာက္ ၿငိမ္က်သြားသည္။

သူ႕ခႏၶာကိုယ္အပူခ်ိန္ထက္ျမင့္တဲ့ အိမ္ေမြးတိရစၧာန္တစ္ေကာင္ ေမြးရလိမ့္မယ္လို႔ သူဘယ္တုန္းကမွ မေတြးမိခဲ့ဘူး။ အဲ့တာထက္ ရန္ရိဆိုတဲ့ျဖစ္တည္မႈတစ္ခုေၾကာင့္ သူကိစၥအမ်ားႀကီး ခ်ိဳးဖ်က္ခဲ့သည္။

သူဘာလို႔ ဒီလူအတြက္ မၾကာခဏဆိုသလို ႁခြင္းခ်က္ေတြ ထားေပးေနတာလဲ?

===========

Note ---

[ သူခိုး,ခိုးမွာမေၾကာက္ဘူး၊ သူခိုးၾကံစည္တာကိုပဲ ေၾကာက္တယ္ ]

ဆိုတဲ့စကားက

{" ကိုယ့္ေယာက်္ားကိုလူေတြ သေဘာက်တာကိစၥမ႐ွိဘူး၊ ကိုယ့္ေယာက်္ားသူမ်ားဆီ ပါသြားမွာပဲစိုးတယ္ "} ဆိုတဲ့စကားလိုပဲ။

သူခိုးက ခ်က္ခ်င္းခိုးသြားရင္ကိစၥမ႐ွိဘူး၊ အခ်ိန္အၾကာႀကီး ၾကံစည္ေနၿပီးမွ ခိုးသြားတာမ်ိဳးကို ေၾကာက္တာေပါ့။ သူတို႔ကိုလည္း ခ်က္ခ်င္းမေစာ္ကားလာေသးေပမယ့္ အေမွာင္ထဲကေန ႀကိတ္ၿပီး ၾကံစည္ေနမွာကိုစိုးရိမ္တယ္ဆိုတာမ်ိဳးပါ။

ကြၽန္ေတာ္လည္းသြား႐ွာၾကည့္ေတာ့ ေတြ႕တာအစုံပဲ၊ ဆက္ေျပာျပမယ္

*လယ္သမားတစ္ေယာက္က မိုးဦးက်တဲ့အခ်ိန္ စပါးေတြကို ေသခ်ာပ်ိဳးေထာင္ၿပီး အပင္သန္ေဆးေတြဘာေတြ ဓာတ္ေျမဩဇာေတြနဲ႔ ေသခ်ာစိုက္ထားတယ္ေပါ့ဗ်ာ၊ အဲ့မွာ ေနာက္‌ဆုံး အသီးအပြင့္ေကာင္းလာၿပီး စပါးေလးေတြ ေ႐ႊေရာင္ဝင္းမွည့္ၿပီး ခူးမယ္လုပ္တဲ့အခါက်မွ သူစပါးတစ္ခင္းလုံး ေျပာင္ေနတာကိုေတြ႕လိုက္ရတယ္တဲ့။ သူလနဲ႔ခ်ီ ေသခ်ာစိုက္ထားတာကို သူခိုးက တစ္ညတည္းနဲ႔ခိုးသြားခဲ့တယ္၊ အဲ့သူခိုးကလည္း အရင္ကတည္းက ႀကိဳတင္ၾကံစည္ေနတာျဖစ္ရမယ္ ဆိုၿပီး သူနားလည္သြားခဲ့တယ္၊ အဲ့စကားပုံက အဲ့ကစတာပဲ။ သူခိုးခိုးတာကို မေၾကာက္ဘူး သူခိုးၾကံစည္တာကိုပဲ ေၾကာက္တယ္ ေပါ့။ ပုံျပင္ကေတာ့ ဒါပါပဲ။*

============