{ Unicode }
ရန်ရိ အပူထိန်းအခန်းထဲမှာ လှည့်ပတ်ကြည့်လိုက်သည်။ ဒီတွားသွားသတ္တဝါတွေက သူ့ကို စိတ်မသက်မသာဖြစ်အောင် လုပ်နေပေမယ့်လည်း ကုံးရင့်ရှန် မွေးထားတဲ့အကောင်တွေဆိုတော့ သူနည်းနည်းသိချင်မိသည်။
ကုံးရင့်ရှန်က ရန်ရိကို သူစုဆောင်းထားတာတွေ မိတ်ဆက်ပေးသည်။ သူ သိသိသာသာ ပျော်နေတာကို ရန်ရိမြင်ရခဲပြီး သူ့မျက်လုံးတွေထဲက အလင်းရောင်နဲ့တင် သူအချိန်အကြာကြီး နှစ်ခြိုက်နေခဲ့မှန်း လုံလောက်စေပြီ။
" ကျွန်တော် ဓာတ်ခွဲနမူနာတွေကို ဒီလေ့လာရေးပြကွက်အတွက် လုပ်ထားတာ "
ကုံးရင့်ရှန်က ပြကွက်စင် ကို လက်ညှိုးထိုးပြရင်း
" ဒီ Armadillo*အမြီးကောက်ပုတ်သင်ကို ကြည့်လိုက်၊ သူအခွံတွေဘယ်လောက်လှလဲ၊ ဒီအပိုင်းက မြွေဟောက်ဘုရင် ဆီကနေ ချွတ်ပြီး ထိန်းသိမ်းထားတာ၊ တကယ်ကိုပြည့်စုံတယ်၊ ဒီမှာ ရေပုတ်သင်နဲ့ တောက်တဲ့လို အကောင်သေးလေးတွေလဲရှိတယ် "
ရန်ရိ ဝေ့ဝဲကြည့်လိုက်ပြီး နောက်ဆုံး သူ့အကြည့်က အမြင်နဲ့တင် ငါးမီတာ၊ ခြောက်မီတာလောက်ရှိတဲ့ ဓာတ်ခွဲနမူနာ မိကျောင်းအကြီးကြီးဆီ ရောက်သွားသည်။ သူအလွန်အံ့အားသင့်လျက် ဆွံ့အသွား၏။
" ဒီမိကျောင်းက ကျွန်တော့်စုဆောင်းမှုထဲမှာ အကြီးဆုံးဓာတ်ခွဲနမူနာပဲ "
ကုံးရင့်ရှန်က အောင်ပွဲခံသလိုပြောလာသည်။
" အရမ်းဂုဏ်ထည်ဝါတာပဲ "
ရန်ရိ ကုံးရင့်ရှန်ကို အပြုံးဖြင့် ကြည့်လိုက်ရင်း ကလေးငယ်တစ်ယောက် သူ့အရုပ်သစ်တွေကို ကစားဖော်တွေဆီ ကြွားနေသလိုပဲလို့ တွေးမိလိုက်သည်။
" ဒီဓာတ်ခွဲနမူနာတွေကို မင်းဘာသာမင်း လုပ်ထားတာလား? "
" တစ်ချို့ကတော့ ကျွန်တော်လုပ်ထားပြီး အများစုက ဝယ်ထားတာ၊ အိမ်မှာမွေးမြူရေးလုပ်လို့မရဘူး "
ရန်ရိ "ကျစ် ကျစ် " လို့နှစ်ခါ စုတ်သတ်လိုက်ပြီး
" မင်းတို့လူချမ်းသာတွေများ တကယ်သုံးဖြုန်းနိုင်တာပဲ "
" အင်း ပိုက်ဆံရှိတော့ ပိုအဆင်ပြေတာပေါ့ "
ကုံးရင့်ရှန်လေသံကို အရမ်းကိုတုံးတိတိနိုင်ပြီး သူ့အတွက် ပိုက်ဆံရှိတာက ကြွားဖို့မထိုက်တန်သလို နှိမ့်ချစရာလည်း မဟုတ်သလိုပဲ။ ကောင်းကင်မှာ နေသာတာနဲ့ တိမ်ထူသလိုမျိုးပင်။
" ဒါပေမယ့် မင်း အတော်များများရှာနိုင်တာပဲ၊ ရဲတစ်ယောက်လစာက အရမ်းမများဘူး၊ ပြီးတော့ လေထဲထိုင်စားနေလို့မှမရဘဲ "
" လေထဲထိုင်စားတယ်? "
" အာ..ဒါတွေအကုန်လုံး မင်းမိဘတွေနဲ့ဆိုင်လောက်တယ် "
" အမွေ? "
ကုံးရင့်ရှန်က ခံစားချက်မရှိ ပြောလာသည်။
" အင်း၊ ဒါပေမယ့် ကျွန်တော့်မိဘတွေ ပိုင်ဆိုင်မှုက group ထဲမှာလည်း ရှယ်ယာတွေပါသေးတယ်၊ ကျွန်တော် စီးပွားရေးထဲမပါပေမယ့် အမြတ်ငွေတွေရတယ်လေ "
" ပေါင်ရှန်း group က ရှိသေးတာလား? "
ရန်ရိ အံ့ဩတကြီးပြောလိုက်သည်။
" အဲ့တာကမဟုတ်...."
" ပိုင်ဆိုင်မှုတွေ ပြန်ခွဲပြီး နာမည်လည်းပြောင်းလိုက်တယ်၊ လက်ရှိ ဥက္ကဌက ဖေးလန်အမေပဲ "
ကုံးရင့်ရှန်က ထပ်ပြောဖို့ငြင်းဆန်လျက်
" ထမင်းသွားပြန်စားမယ် "
သူတို့နှစ်ယောက် အိမ်မကြီးကို ပြန်သွားတော့ မီးဖိုထဲမှာ အဖိုးတန်ညလယ်စာအတွက် အဆင်သင့်ဖြစ်နေပြီး ဦးလေးရှန့်က သူတို့ကို ပြုံးလျက် စောင့်နေသည်။
" ခေါင်းဆောင် သခင်လေးရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သဘောကျရဲ့လား? "
ရန်ရိက ခြောက်ကပ်ကပ်ရယ်လိုက်ရင်း
" အဆင်ပြေတယ် အဆင်ပြေပါတယ် "
" သခင်လေးမှာ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဓာတုဗေဒဓာတ်ခွဲခန်းလည်း ရှိသေးတယ်၊ နောက်နေ့မှ အချိန်ဖြုန်းဖို့ သခင်လေးကို လိုက်ပြခိုင်းလိုက်ပါ "
" အိုး ကောင်းပြီလေ အဲ့တာလည်း ခြံဝင်းထဲမှာပဲလား? "
" ပေါက်ကွဲယိုစိမ့်တတ်ပြီး အန္တရယ်များတဲ့ ဓာတ်ခွဲခန်းမျိုးကို အိမ်မှာထားလို့ရမလား? အနီးနားမှာ မြေဝယ်ထားတယ် "
ရန်ရိ မျက်ခုံးပင့်တက်သွားပြီး
" မင်း အန္တရာယ်များတဲ့နေရာမျိုး ပိုင်တာပဲ၊ မီးသတ်ဌာနကိုရော ခွင့်ပြုမိန့်တောင်းရဲ့လား? "
ကုံးရင့်ရှန်က သူ့ကိုမျက်စောင်းထိုးလာပြီး
" သေချာပေါက် ခွင့်တောင်းတာပေါ့ "
ရန်ရိ ပြုံးကာ ပြောလိုက်သည်။
" ကောင်းတာပေါ့၊ ဟေး မင်းအချိန်ရရင် ငါတို့စခန်းလာပြီး အန္တရာယ်များတဲ့ ဓာတုဗေဒပစ္စည်းတွေအကြောင်း သင်တန်းလာပို့ချနိုင်မလား? ငါတို့စခန်းက ဓာတုဗေဒအန္တရာယ်အတွက် သီးသန့်စခန်းမျိုးမဟုတ်ပေမယ့် ပိုပြီးလေ့လာရလည်း ပြဿနာမရှိပါဘူး "
" ရတယ် "
ကုံးရင့်ရှန် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။
" အရမ်းလွယ်ပါလား "
ရန်ရိ အံ့ဩဝမ်းသာဖြစ်သွားပြီး
" အဲ့တာဆို အတည်ဖြစ်သွားပြီနော် ငါ ပေါ်ပေါ်ကို မင်းအတွက်ပို့ချစရိတ် ချပေးခိုင်းလိုက်မယ်၊ အရမ်းမများပေမယ့်လည်း ပြောကြည့်တာပေါ့ "
ကုံးရင့်ရှန် မျက်မှောင်ကြုတ်သွားပြီး
" ပေါ်ပေါ်? "
" အိုး ငါတို့စခန်းနည်းပြလေ၊ သူငယ်ချင်းဖြစ်လာတာ နှစ်အရမ်းကြာပြီ၊ မင်းတွေ့ဖူးပါတယ်၊ ငါအဆိပ်ငွေ့ရှူမိပြီး ဆေးရုံတက်ရတုန်းကလေ၊ မှတ်မိလား? "
" ကျွန်တော်ပြောပါတယ် ကျွန်တော့်မှာ အရမ်းကောင်းတဲ့မှတ်ဉာဏ်ရှိပြီး ဘာကိုမှမေ့မသွားဘူးလို့ "
ကုံးရင့်ရှန် ဟွန့်ခနဲအသံပြုလိုက်ပြီး
" ခင်များမှာ သူငယ်ချင်းအများကြီးရှိတာပဲ "
ရန်ရိက ပြုံးဖြဲဖြဲလုပ်ပြီး
" မဖြစ်နိုင်တာ၊ ငါက မွေးကတည်းက သဘောကျစရာကောင်းတဲ့သူမျိုးပဲ၊ ငါတို့နည်းပြက ကုန်ကျစရိတ်တွေကိုင်တဲ့သူ၊ မင်းငါ့ကို မမြှောက်လည်းရပါတယ် "
[ t/n : ကုန်ကျစရိတ်ကိုင်တဲ့သူက သူမဟုတ်လို့ သူ့ကို မမြှောက်လည်းရတယ် လို့ပြောတာပါ :∆ ]
ကုံးရင့်ရှန် သူ့ကို စိုက်ကြည့်ပြီး
" အဲ့ငွေတွေကို ခင်များ 'သူငယ်ချင်း' အင်္ကျီအတွက် အလျော်ပြန်ပေးဖို့ယူလိုက် "
' သူငယ်ချင်း ' ဆိုတဲ့ စကားလုံးက သူ့ပါးစပ်ထဲမှာ ခက်ခက်ခဲခဲအသံထွက်နေရသလိုပဲ၊ အသံထွက်က ကွဲပြားနေသည်။
" အိုး အဲ့တာ "
ရန်ရိ နှစ်ခါရယ်လိုက်ပြီး
" ငါအဲ့တုန်းက နောက်လိုက်တာပါ၊ ငါကဘယ်လိုလုပ် မင်းကိုပြန်လျော်ခိုင်းရမှာလဲ၊ ပြီးတော့ သူကလည်း ပြန်မလျော်ခိုင်းဘူး၊ စပွန်စာရတာလို့ပြောတယ်၊ သူပိုက်ဆံမကုန်ဘူးတဲ့ "
" စပွန်စာ? "
" သူကရုပ်ရှင်မင်းသားပဲ၊ အခုတော့ နာမည်မကြီးသေးလို့ မင်းမသိလောက်ဘူး "
" တစ်ခါမှမကြားဖူးဘူး "
ကုံးရင့်ရှန်က အေးစက်စက်ပြောလာသည်။
ကုံးရင့်ရှန် နည်းနည်း စိတ်ပျက်နေတယ်လို့ ရန်ရိခံစားရပေမယ့် ဘာကြောင့်လဲဆိုတာ သူမသိဘူး၊ အဲ့တာကြောင့် သူလက်တွေပွတ်လိုက်ပြီး
" လာပါ စားရအောင်၊ ဝိုး ကြည့်ရုံနဲ့တင် စားချင်လာပြီ "
ကုံးရင့်ရှန်က ထုံးစံအတိုင်း စားပွဲတစ်ဖက်မှာ အေးစက်စက်အစားအသောက်တွေ စားနေလျက်၊ ရန်ရိ ပူတဲ့အစားအစာတွေကို မြိန်ရည်ရှက်ရည် စားနေတာကိုကြည့်နေသည်။ ထိုအစားအစာများမှာ အလွန်အရသာရှိပုံပေါ်၏။
အဲ့တာတွေ တကယ်ရော အရသာရှိလို့လား?
ကုံးရင့်ရှန် တွေးမိသွားသည်။
စားပြီးတော့ ရန်ရိ သူ့ဗိုက်ကို အားရကျေနပ်စွာ ပွတ်သပ်ရင်း နာရီကြည့်လိုက်သည်။
" အိုး ဆယ့်နှစ်နာရီတောင်ထိုးတော့မယ်၊ မင်းတစ်နေ့လုံး အလုပ်ရှုပ်နေရတာ၊ စောစောနားလိုက်ပါဦး၊ ငါပြန်သင့်ပြီ "
" ခင်များကပြန်ချင်တာလား? "
ကုံးရင့်ရှန် ရန်ရိကို စိုက်ကြည့်လာသည်။
ရန်ရိက နားမလည်နိုင်ဘဲ မေးလိုက်သည်။
" အရမ်းနောက်ကျနေပြီလေ မင်းမအိပ်ဘူးလား? "
" ခင်များ သူငယ်ချင်းအိမ်မှာ ညမအိပ်တော့ဘူးလား? "
ကုံးရင့်ရှန်က မျက်မှောင်ကြုတ်လိုက်ပြီး
" ကျွန်တော့်အိမ်မှာ အိပ်ခန်းမပါနေလို့လား? "
ရန်ရိ ခဏလောက် စကားလုံးများပျောက်ရှသွားပြီး၊
" မဟုတ်ဘူးလေ၊ ဒါက...."
" ဘာလို့လဲ၊ မအိပ်နိုင်ဘူးလား? "
ရန်ရိ ခြောက်ကပ်ကပ်ရယ်လိုက်ပြီး သူဘယ်လိုရှင်းပြရမလဲ မသိတော့ပေ။
" မအိပ်နိုင်တာ မဟုတ်ပါဘူး၊ ငါမင်းကို ဒုက္ခမပေးချင်..... "
" ဦးလေးရှန့် "
ကုံးရင့်ရှန် အော်ခေါ်လိုက်သည်။
ခဏနေတော့ ဦးလေးရှန့်ရောက်လာပြီး ကြင်ကြင်နာနာပြောသည်။
" မင်းတို့ ဗိုက်ပြည့်သွားပြီလား? အရသာရောရှိရဲ့လား? "
" ဦးလေးရှန့်၊ ခေါင်းဆောင် ဒီမှာညအိပ်လိမ့်မယ် "
" ငါ...."
" ကောင်းပြီ "
ဦးလေးရှန့် ပြောလာသည်။
" အိပ်ခန်းနဲ့ ရေချိုးခန်း အဆင်သင့်ပါပဲ "
ရန်ရိ ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး
" ကောင်းပါပြီ ကျေးဇူးပါ "
ကုံးရင့်ရှန် မေးထောက်လျက် ခြေတံရှည်တွေကို ချိတ်ထိုင်လိုက်ပြီး တစ်ချိန်တည်း ရန်ရိကိုကြည့်လာသည်။
" ခင်များအိမ်မှာ ညစာစားပြီး၊ လာအိပ်ဖို့ကိုရော ဘယ်အချိန်မှဖိတ်မှာလဲ? "
ထိုစကားများ ပြောထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ရန်ရိနဲ့ ဦးလေးရှန်တို့နှစ်ယောက်လုံး မျက်လုံးပြူးသွား၏။
" ဒါက သူငယ်ချင်းဖြစ်ပြီး လုပ်ရမယ့်အစဉ်အလာတွေပဲဆိုတော့ ကျွန်တော် ခင်များနဲ့ အတူလုပ်ပေးမှာပါ၊ ကျွန်တော်တော့ လုပ်ပြီးပြီ၊ ခင်များပဲကျန်တော့တယ် "
ကုံးရင့်ရှန်က ရန်ရိကို စူးစူးစိုက်စိုက်ကြည့်နေပြီး၊ သူ့မျက်လုံးတွေက နားမလည်နိုင်သော အလင်းဖြင့် တောက်ပနေသည်။
ရန်ရိ အချိန်အကြာကြီး အံ့ဩမင်သက်နေပြီးမှ ထရယ်လိုက်သည်။ ကုံးရင့်ရှန်က သူငယ်တန်းကလေးတွေနည်းအတိုင်း သူနဲ့ သူငယ်ချင်းဖွဲ့နေတာပဲ၊ တုံးအအနိုင်ပေမယ့်လည်း ရိုးရှင်းပြီး ချစ်စရာကောင်းတာမို့ သူ့ကို ဝမ်းသာသွားစေသည်။
သူရယ်မောလိုက်ပြီး
" မင်းငါ့အိမ်ကို အချိန်မရွေးလာဖို့ ကြိုဆိုပါတယ်၊ ဒါပေမယ့် ငါ့အိမ်က သေးပြီး....အရမ်းကြီးမသန့်ရှင်းဘူးနော် မင်းအဆင်ပြေလို့လား? "
" ပြဿနာမရှိဘူး ပြဿနာမရှိဘူး "
ကုံးရင့်ရှန်တောင် မပြောလာသေးခင် ဦးလေးရှန်က အလျင်စလိုဖြတ်ပြောလာသည်။
" ဦးလေး လိုလိုမယ်မယ် ပြင်ဆင်ထားလို့ရပါတယ်၊ သန့်ရှင်းရေးတွေ ဘာတွေလုပ်ပြီး သခင်လေးသုံးနေကျ ပစ္စည်းလေးတွေ ယူလာခဲ့ပေးမယ်၊ ပြဿနာမရှိပါဘူး "
ကုံးရင့်ရှန်ကပြောလာသည်။
" အဲ့တာဆို ဆုံးဖြတ်ပြီးပြီပဲ၊ ဘယ်အချိန်လဲ? "
"....နောက်တစ်ပတ်? "
" အိုကေ "
ကုံးရင့်ရှန် ထရပ်လိုက်ပြီး
" သွားအိပ်တော့ "
သူ ခြေလှမ်း အနည်းငယ်လှမ်းပြီးတော့ ရပ်ကာ ပြန်လှည့်မေးလာသည်။
" ခင်များ ကျွန်တော့်အဝတ်အစားတွေ ဝတ်မှာလား? "
" ဟမ်? ဟင့်အင်း ငါ့လေ့ကျင့်ရေးဝတ်စုံက သန့်ပါတယ် "
ကုံးရင့်ရှန် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး နည်းနည်း စိတ်ပျက်သွားသည်။
" ခင်များသဘောပဲ "
ကုံးရင့်ရှန် ထွက်သွားပြီး ဦးလေးရှန်က ဝမ်းသာအားရဆိုလာသည်။
" ကောင်းလိုက်တာ၊ သခင်လေးက သူငယ်ချင်းအိမ်မှာ ညသွားအိပ်တော့မယ်၊ ခေါင်းဆောင် မင်းတို့မိသားစုမှာ ဘယ်လိုအခြေအနေတွေရှိလဲ? ဦးလေး ဘာတွေပြင်ဆင်ထားဖို့လိုလဲ? "
ရန်ရိက ခါးသက်သက် ပြုံးလိုက်ပြီး
" ကျွန်တော့်အိမ်မှာ ဘယ်သူမှမရှိပါဘူး၊ ဦးလေးရဲ့သခင်လေးအဆင့်အတိုင်း လာရှင်းပေးပြီး သူသုံးတတ်တဲ့ပစ္စည်းတွေနဲ့ အစားထိုးသွားလို့ရတယ် "
သူအခု ကုံးရင့်ရှန်ကို သူနဲ့သူ့အဖေနေတဲ့ အိမ်ဟောင်းဆီ ခေါ်သွားမှာမဟုတ်ဘူး၊ တကယ်ကို ကသိကအောက်ဖြစ်ရသည်မို့။ သူ့မှာ လူမနေတဲ့ အိမ်တစ်လုံးလည်းရှိသေးပြီး အိမ်အသစ်မဟုတ်ပေမယ့် အရမ်းရှင်းလင်းသည်။
ဦးလေးရှန့်က ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး သူ့မျက်ခုံးတွေက စိတ်လှုပ်ရှားလွန်းလို့ ပျံတက်တော့မယောင်ပင်။
ဧည့်နေခန်းဆီပြန်လာတော့ ရန်ရိ အိပ်ရာပေါ် လှဲချကာ မျက်လုံးများဖွင့်လျက် လှိမ့်နေမိသည်။ သူနဲ့တစ်ထပ်တည်းမှာရှိတဲ့ ကုံးရင့်ရှန်ရဲ့အိပ်ခန်းနေရာကို သူသိတယ်၊ ကုံးရင့်ရှန် အိပ်သွားပြီးလား? ဒါမှမဟုတ် သူ့လိုပဲ ပစ်လှဲပြီး လူးလိမ့်နေမလား? သူမသိဘူး။
ဒီနေ့ကိစ္စအများကြီး ဖြစ်ပျက်ခဲ့ပြီး၊ အားလုံးကလည်း သူ့ကိုစိတ်ဖိစီးစေသည်။ ဒါပေမယ့် အဆုံးမှာ သူအတွေးမိဆုံးအရာက ကုံးရင့်ရှန်သူ့အိမ်ကိုလာပြီး ညအိပ်ချင်တယ် ဆိုတာပဲ။
သူရူးရူးနှမ်းနှမ်းတွေးမိတာလည်း အပြစ်မပြောနဲ့၊ ကုံးရင့်ရှန်က အလွယ်တကူအထင်လွဲစရာမျိုး တကယ်လုပ်ခဲ့တာပင်။ ဒါပေမယ့် သူဒါကိုလည်းသိတယ်၊ ကုံးရင့်ရှန်ကသူနဲ့ ရိုးရှင်း၊ဖြူစင်ပြီး နည်းနည်း ရှိုးတိုးရှန့်တန့်ဖြစ်စရာနည်းလမ်းမျိုးနဲ့ သူငယ်ချင်းဖွဲ့နေရုံသက်သက်ပဲ၊ ပြီးတော့ သူက ကုံးရင့်ရှန်ရဲ့ ပထမဆုံး သူငယ်ချင်း၊ ကုံးရင့်ရှန် ကလေးဘဝက အတွေ့အကြုံတွေကို သူပြန်စဉ်းစားမိတယ်၊ သူ့နှလုံးသားကို ဖွင့်ပေးဖို့ ဘယ်လောက်တောင် ခက်ခဲပြီး တန်ဖိုးရှိလိုက်သလဲ၊ ဒါကို ကုံးရင့်ရှန်မိသားစုတွေသိပြီး သူ့(ရန်)အပေါ်လည်း မျှော်လင့်ချက်အကြီးကြီးထားကြတာ၊ သူဘာအမှားတွေကိုမှ မတွေးသင့်သလို တွေးလည်းမတွေးဝံ့ပေ။ ကုံးရင့်ရှန်ရဲ့ ရိုးသားတဲ့ယုံကြည်မှုနဲ့ သူငယ်ချင်းဆက်ဆံရေးလေး အရောင်မှေးမှိန်သွားမှာ သူကြောက်တယ်။
ရန်ရိ သူ့မျက်နှာကို ခပ်ဖွဖွ ပုတ်ရင်း ရေရွတ်လိုက်သည်။
" ရန်စစ်ဟော် မင်းကိုယ်မင်းထိန်းစမ်း "
======
နောက်နေ့မနက် သူတို့အိပ်ရာထတော့ မနက်စာအတူစားကြပြီး ဆေးရုံဆီ မောင်းသွားကြသည်။ ဆရာဝန်က ကျိုးချွမ်းကို စစ်မေးနိုင်ပြီ ဖြစ်ကြောင်း ပြောပြီး၊ သူတို့လည်း အစကတည်းက အကြာကြီးမနှောင့်နှေးစေချင်ပေ။
လှောင်အိမ်ထဲ အထည့်ခံထားရတဲ့ မြောင်မြောင်က အနောက်ဘက်ခုံမှာ တိုးတိုးညည်းနေသည်။ ကုံးရင့်ရှန်က အနောက်ခုံကို ခဏခဏလှည့်လှည့်ကြည့်နေပြီး၊ အတော်ကြာတော့ ပြောလာသည်။
" သူ့ဒဏ်ရာတွေ ဘယ်တော့မှပျောက်မှာလဲ? "
" အနာတော့ကျက်သွားပါပြီ၊ နောက်နေ့မှ ဆေးပြောင်းလိုက်ရုံပဲ၊ တစ်ပတ် နှစ်ပတ်လောက်တော့ ဒီအတိုင်းဖြစ်နေလိမ့်မယ် "
ရန်ရိ ပြုံးလိုက်ပြီး
" မင်းမြင်လား အကောင်းသေးသေးလေးပေမယ့် အသက်ရှင်စိတ်ကတော့ တကယ်အလျှော့မပေးတတ်ဘူး "
" အင်း "
ကုံးရင့်ရှန်က လေသံခပ်တိုးတိုးနဲ့ ပြောလာသည်။
" မီးလောင်ပြီးတာတောင် အသက်ရှင်တယ်ဆိုတော့ တကယ်ဇွဲကြီးတာပဲ "
ရန်ရိ ကုံးရင့်ရှန်ကို ခိုးကြည့်လိုက်ပြီး ရင်ထဲမှာ နည်းနည်းကျင်တင်တင် ဖြစ်သွားရသည်။
ကားရပ်လိုက်ပြီးတော့ ကုံးရင့်ရှန်က mask တပ်လိုက်ပြီး မျက်ခုံးများပါ အလိုအလျောက် ကြုတ်သွားပြီဖြစ်သည်။
ရန်ရိ ကုံးရင့်ရှန်ဘာလို့ ဆေးရုံတွေမုန်းလဲဆိုတဲ့ အကြောင်းပြချက်ကို တွေးမိပြီး စိတ်ထဲက သက်ပြင်းချလိုက်သည်။
" ငါတို့ အမြန်တိုက်ပွဲလေးဘာလေး တိုက်ရဦးမှာလား? "
ကုံးရင့်ရှန်က ခေါင်းခါလိုက်ပြီး
" သူက အရမ်းဉာဏ်နီဉာဏ်နက်များတဲ့သူပဲ အလျင်စလို လုပ်မှာမဟုတ်ဘူး "
" မင်းစိတ်မသက်မသာဖြစ်ရင် ငါ့ကိုပြောနော် အပြင်ထွက်ပြီးအသက်ရှူရအောင် ငါလိုက်ပေးမယ်၊ ဖိအားမပေးနဲ့ "
ကုံးရင့်ရှန် အသက်ပြင်းပြင်းရှူရှိူက်လိုက်ပြီး
" သွားရအောင် "
ကျိုးချွမ်းရဲ့လူနာဆောင်ကိုသွားတော့ ကုံးရင့်ရှန်က တံခါးမှာစောင့်နေတဲ့ ရဲကို သူ့ ID card ပြလိုက်ပြီး လက်မှတ်ထိုးကာ တံခါးဖွင့်ဝင်သွားလိုက်သည်။
ကျိုးချွမ်းက ဝှီးချဲပေါ်မှာထိုင်ရင်း ခေါင်းက ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကာ ကြည့်နေသည်။ သူ့လက်တွေကို အိပ်ရာခေါင်းရင်းကနေ ချိန်းကြိုးလက်ထိပ်ဖြင့် လက်ထိပ်ဆွဲခတ်ခံထားရပြီး လှုပ်ရှားနိုင်တဲ့အကွာအဝေးက အိပ်ရာထက်နည်းနည်းပဲကြီးသည်။
အသံကြားတော့ ကျိုးချွမ်းမျက်နှာလှည့်လာပြီး သူတို့နှစ်ယောက်ကို မြင်သွားသည်။
သူ့ အမူအရာ ၇မှတ်က ကြောက်နေပြီး ၃မှတ်က မကျေမနပ်ဖြစ်နေသည်။ သူ မသိစိတ်အလျောက် ဝှီးချဲကို လှိမ့်လိုက်ပြီး အိပ်ရာဆီ နောက်ဆုတ်သွား၏။
ရန်ရိ လက်ပိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
" မင်းခြေထောက်တွေ ဘယ်လိုလဲ? မင်းအနာဂတ်မှာ လမ်းလျှောက်နိုင်သေးတယ် လို့ကြားတယ်၊ အမွှေးတိုင်ထွန်းသင့်တယ်နော် "
ကျိုးချွမ်း နှုတ်ခမ်းများ တုန်ယင်နေ၏။
ကုံးရင့်ရှန်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
" မင်းဒီတစ်ခါ ရာဇဝတ်မှုနဲ့ ထိန်းသိမ်းခံထားရတယ်၊ မင်း ပြဿနာအကြီးကြီးတက်နေပြီဆိုတာ သိလား? "
ကျိုးချွမ်း စကားပြောမလာသေးချေ။
" မင်းကို ကြိုတင်ကြံရွယ်မီးရှို့ပြီး ယွမ်တစ်သိန်းခြောက်သောင်းတန် သူတစ်ပါးဥစ္စာကို ဖျက်ဆီးမှုနဲ့ သံသယရှိနေတယ် "
" ကျွန်တော်မီးရှို့တာ မဟုတ်ဘူး "
ကျိုးချွမ်း ပြောလာသည်။
" ကျွန်တော် မီးရှို့တာမဟုတ်ဘူး၊ နေရာမှာ မှတ်တမ်းတင်ခဲ့ရုံပဲ "
" မင်း မီးရှို့တာမဟုတ်ဘူး၊ မင်းနဲ့မင်းကြံရာပါက ရာဇဝတ်မှုကျူးလွန်ဖို့ စီစဉ်ခဲ့တာ၊ အစီအစဉ်ကလည်း ပြင်းထန်တယ်၊ မင်းအခုလုပ်ရမှာက မင်းကြံရာပါကိုဝန်ခံပြီး ပြစ်ဒဏ်လျှော့ပေါ့ဖို့ပဲ "
" .....ဘယ်လောက်လျှော့ချနိုင်မှာလဲ? "
" ငါမင်းအတွက် ဆုချီးမြှင့်တဲ့အနေနဲ့ မင်းပြစ်ဒဏ်ကိုလျှော့ပေါ့ပေးဖို့ လျှောက်လွှဲစာတင်ပေးလို့ရတယ်၊ တိကျတဲ့အပြစ်ဒဏ်ကိုတော့ တရားရုံးက ဆုံးဖြတ်ပြီး မင်းကချီးမြှင့်ထိုက်ကြောင်း စီရင်ချက်ချပေးလိမ့်မယ် "
ကျိုးချွမ်း ထပ်ပြီးအသံတိတ်သွားပြန်သည်။
ကုံးရင့်ရှန် သူ့ notebook ကို ဖွင့်လိုက်သည်။
" ငါမေးမယ်၊ မင်းဖြေ "
" ခင်များကျွန်တော့်ကို ညာတာမဟုတ်မှန်း ဘယ်လိုလုပ်သိမှာလဲ၊ ခင်များကျွန်တော့်ကို အဲ့လျှောက်လွှဲချက် မရေးပေးရင်ရော? "
" မင်းမှာ ဆွေးနွေးဖို့အခြေအနေရော ရှိသေးလို့လား? "
ကုံးရင့်ရှန် အေးစက်စွာ ပြောလိုက်သည်။
" မင်း ငါ့ကိုပဲယုံလို့ရမယ် "
ကျိုးချွမ်းခေါင်းငိုက်စိုက်ကျသွား၏။
" မင်းကြံရာပါက ဘယ်သူလဲ၊ ဘယ်လိုတွေ့တာလဲ၊ မီးရှို့ဖို့ ဘယ်လိုကြံစည်ခဲ့တာလဲ၊ သူအခုဘယ်မှာလဲ၊ ပြီးတော့ မင်းနဲ့ မီးရှို့ခံလိုက်ရတဲ့ကားပိုင်ရှင်နဲ့ ဘယ်လိုပတ်သက်လဲ? "
ကုံးရင့်ရှန် မေးခွန်းတစ်သီတစ်တန်းကြီး မေးလိုက်သည်။
ဒီတစ်ခါ ကျိုးချွမ်းက အကြာကြီး နှုတ်ဆိတ်နေပြီး ခေါင်းခါပြလာသည်။
" ကျွန်တော် မသိဘူး "
ကုံးရင့်ရှန် မျက်လုံးမှေးစင်းလိုက်သည်။
ရန်ရိ အသံမြှင့်လိုက်ပြီး
" မင်းမသိဘူး? မင်းမေကိုပဲ မသိနေလိုက်၊ မင်းသူနဲ့ ပြစ်မှုကျူးလွန်ခဲ့တာလေ! "
ကျိုးချွမ်းက ဆက်ပြောနေသည်။
" ကျွန်တော် တကယ်မသိဘူး၊ Seraph မှာ ငါကားတစ်စီးမီးရှို့မယ် ပြောတဲ့သူတစ်ယောက်ကို တွေ့ရုံပဲ၊ ကျွန်တော် ကားမီးရှို့ဖို့ မလုပ်ထားဘူး၊ ကျွန်တော် ဘာမှမလုပ်ဘူး၊ မှတ်တမ်းတင်တာကလွဲပြီး ကျွန်တော် ဘာမှမလုပ်ခဲ့ဘူး "
" အဓိပ္ပါယ်မရှိတာ! "
ရန်ရိ ကျိန်ဆဲလိုက်သည်။
" ယုံယုံ၊ မယုံယုံ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်က မှတ်တမ်းတင်ရုံသက်သက်ပဲ၊ ကျွန်တော်ဘာမှမလုပ်ဘူး၊ ကျွန်တော် ရှေ့နေငှားချင်တယ် "
ကျိုးချွမ်းက ရုတ်တရက် အနည်းငယ်စိတ်လှုပ်ရှားရင်း ပြောလာသည်။
" ကျွန်တော် ကားကိုမီးရှို့ခဲ့တာလည်း မဟုတ်ဘဲနဲ့! "
ကုံးရင့်ရှန် သူ့လက်ထဲက စာအုပ်ကိုချကာ ထလိုက်ပြီး ကျိုးချွမ်းရှေ့မှာရပ်ရင်း သူ့ necktie ကို ဖြည်းဖြည်းချင်း ဆွဲဆန့်သည်။
နောက်ခဏအတွင်း ရန်ရိတောင် မတုံ့ပြန်နိုင်လိုက်ဘဲ ကုံးရင့်ရှန်က ကျိုးချွမ်းလည်ပင်းကို ဆုပ်ကိုင်ပြီး သူ့ကိုယ်ကို ဝှီးချဲပေါ်ကနေ လက်တစ်ဖက်တည်းနဲ့ ဆွဲမကာ နံရံနဲ့ ပိတ်ဆောင့်လိုက်သည်။
ကျိုးချွမ်း ကြောက်ရွံ့မှုကြောင့် ဖြူစုတ်နေပြီး ကုံးရင့်ရှန်လက်ကို ဆွဲကာ အချည်းနှီးသက်သက် ရုန်းကန်နေသည်။
ရန်ရိလည်းပဲ ကြက်သေသေသွားရသည်။ ကုံးရင့်ရှန် ဒီလိုခက်ထန်ပြီး ဓားတစ်ချောင်းလို ဆူးရှကြမ်းတမ်းနေတာမျိုး သူတစ်ခါမှမတွေ့ဖူးဘူး!
ကုံးရင့်ရှန် ကျိုးချွမ်းကို အနိုင်ပိုင်းပြီး ညှို့မှိုင်းကာ အကြင်နာမဲ့သော မျက်ဝန်းတစ်စုံက ကျိုးချွမ်းအသားတွေထဲထိ စိုက်ကြည့်နေတဲ့အလား၊ mask ကာထားတဲ့ ပါးစပ်ကလည်း အေးစက်လှသော စကားလုံးများ ထုတ်ပြောလာသည်။
" မင်းကြောင့် Seraph ပေါ်မှာ ငါတို့ကိုယ်ရေးအချက်အလက်တွေ ပေါ်ကုန်ပြီ၊ မင်းငါ့ကို ကလိမ်ကကျစ်လုပ်ရဲလုပ်ကြည့်၊ ငါမင်းကို မီးလောင်ခံရတာထက် ပိုပြီးနာကျင်အောင် လုပ်ပစ်မယ် "
ကျိုးချွမ်း မျက်လုံးတွေပြူးကျယ်သွားပြီး သူ့မျက်နှာက ဖြူရာကနေ နီရဲတက်လာသည်။ ကုံးရင့်ရှန်က သူ့ရဲ့ပင်မမေ့ကြောလမ်းကြောင်းကို တမင်တကာ လက်ဖြင့် ဖိညှစ်ထား၏။ သူအသက်ဆက်မရှူနိုင်တော့ဘဲ လေပေါ်မြှောက်နေတဲ့ ခြေထောက်တွေက ယက်ကန်ယက်ကန်ဖြစ်လာသည်။
ရန်ရိ အသိစိတ်ပြန်ဝင်လာပြီး အော်လိုက်သည်။
" ဒေါက်တာကုံး၊ တော်လောက်ပြီ သူ့ကိုလွှတ်ပေးလိုက်တော့! "
ကုံးရင့်ရှန် ကျိုးချွမ်းကို ခဏမျှ အေးအေးစက်စက်ကြည့်နေပြီး နောက်ရုတ်တရက် လွှတ်ချလိုက်သည်။
ကျိုးချွမ်း ကြမ်းပြင်ပေါ် ပုံကျသွားပြီး လည်ပင်းကိုအုပ်ကာ ပြင်းပြင်းထန်ထန်ချောင်းဆိုးသည်။ ရန်ရိ ကျိုးချွမ်းကို ကြမ်းပေါ်က ထူပေးလိုက်ပြီး ဝှီးချဲပေါ်ပြန်တင်ပေးလိုက်ရသည်။
ကုံးရင့်ရှန်က ထိုင်ခုံမှာပြန်ထိုင်လိုက်ပြီး၊ ယခုနက ဘာမှဖြစ်မသွားခဲ့သလိုမျိုး၊ သူ့ဝတ်စုံကတောင် တွန့်ကြေမသွားခဲ့ပါပေ။ သူ တည်တည်ငြိမ်ငြမ်ပဲပြောလာသည်။
" ဆက်ပြော "
ကျိုးချွမ်း ကုံးရင့်ရှန်ကို နီရဲသော မျက်လုံးများဖြင့်ကြည့်လိုက်ပြီး မျက်ဆံများက အကြောက်တရားဖြင့် ပြည့်နှက်နေ၏။
=======
Note -
1. Armadillo အမြှီးကောက်ပုတ်သင်

2. မြွေဟောက်ဘုရင်


3. ရေပုတ်သင်
4. တောက်တဲ့

5. ငါးမီတာ ခြောက်မီတာရှည်တဲ့ မိကျောင်း

6. ကုံးရင့်ရှန် မှန်လုံအိမ်ထဲက အပူထိန်းဖန်ပြွန်တွေ





============
{ Zawgyi }
ရန္ရိ အပူထိန္းအခန္းထဲမွာ လွည့္ပတ္ၾကည့္လိုက္သည္။ ဒီတြားသြားသတၱဝါေတြက သူ႕ကို စိတ္မသက္မသာျဖစ္ေအာင္ လုပ္ေနေပမယ့္လည္း ကုံးရင့္႐ွန္ ေမြးထားတဲ့အေကာင္ေတြဆိုေတာ့ သူနည္းနည္းသိခ်င္မိသည္။
ကုံးရင့္႐ွန္က ရန္ရိကို သူစုေဆာင္းထားတာေတြ မိတ္ဆက္ေပးသည္။ သူ သိသိသာသာ ေပ်ာ္ေနတာကို ရန္ရိျမင္ရခဲၿပီး သူ႕မ်က္လုံးေတြထဲက အလင္းေရာင္နဲ႔တင္ သူအခ်ိန္အၾကာႀကီး ႏွစ္ၿခိဳက္ေနခဲ့မွန္း လုံေလာက္ေစၿပီ။
" ကြၽန္ေတာ္ ဓာတ္ခြဲနမူနာေတြကို ဒီေလ့လာေရးျပကြက္အတြက္ လုပ္ထားတာ "
ကုံးရင့္႐ွန္က ျပကြက္စင္ ကို လက္ညိႇဳးထိုးျပရင္း
" ဒီ Armadillo*အၿမီးေကာက္ပုတ္သင္ကို ၾကည့္လိုက္၊ သူအခြံေတြဘယ္ေလာက္လွလဲ၊ ဒီအပိုင္းက ေႁမြေဟာက္ဘုရင္ ဆီကေန ခြၽတ္ၿပီး ထိန္းသိမ္းထားတာ၊ တကယ္ကိုျပည့္စုံတယ္၊ ဒီမွာ ေရပုတ္သင္နဲ႔ ေတာက္တဲ့လို အေကာင္ေသးေလးေတြလဲ႐ွိတယ္ "
ရန္ရိ ေဝ့ဝဲၾကည့္လိုက္ၿပီး ေနာက္ဆုံး သူ႕အၾကည့္က အျမင္နဲ႔တင္ ငါးမီတာ၊ ေျခာက္မီတာေလာက္႐ွိတဲ့ ဓာတ္ခြဲနမူနာ မိေက်ာင္းအႀကီးႀကီးဆီ ေရာက္သြားသည္။ သူအလြန္အံ့အားသင့္လ်က္ ဆြံ႕အသြား၏။
" ဒီမိေက်ာင္းက ကြၽန္ေတာ့္စုေဆာင္းမႈထဲမွာ အႀကီးဆုံးဓာတ္ခြဲနမူနာပဲ "
ကုံးရင့္႐ွန္က ေအာင္ပြဲခံသလိုေျပာလာသည္။
" အရမ္းဂုဏ္ထည္ဝါတာပဲ "
ရန္ရိ ကုံးရင့္႐ွန္ကို အျပဳံးျဖင့္ ၾကည့္လိုက္ရင္း ကေလးငယ္တစ္ေယာက္ သူ႕အ႐ုပ္သစ္ေတြကို ကစားေဖာ္ေတြဆီ ႂကြားေနသလိုပဲလို႔ ေတြးမိလိုက္သည္။
" ဒီဓာတ္ခြဲနမူနာေတြကို မင္းဘာသာမင္း လုပ္ထားတာလား? "
" တစ္ခ်ိဳ႕ကေတာ့ ကြၽန္ေတာ္လုပ္ထားၿပီး အမ်ားစုက ဝယ္ထားတာ၊ အိမ္မွာေမြးျမဴေရးလုပ္လို႔မရဘူး "
ရန္ရိ "က်စ္ က်စ္ " လို႔ႏွစ္ခါ စုတ္သတ္လိုက္ၿပီး
" မင္းတို႔လူခ်မ္းသာေတြမ်ား တကယ္သုံးျဖဳန္းႏိုင္တာပဲ "
" အင္း ပိုက္ဆံ႐ွိေတာ့ ပိုအဆင္ေျပတာေပါ့ "
ကုံးရင့္႐ွန္ေလသံကို အရမ္းကိုတုံးတိတိႏိုင္ၿပီး သူ႕အတြက္ ပိုက္ဆံ႐ွိတာက ႂကြားဖို႔မထိုက္တန္သလို ႏွိမ့္ခ်စရာလည္း မဟုတ္သလိုပဲ။ ေကာင္းကင္မွာ ေနသာတာနဲ႔ တိမ္ထူသလိုမ်ိဳးပင္။
" ဒါေပမယ့္ မင္း အေတာ္မ်ားမ်ား႐ွာႏိုင္တာပဲ၊ ရဲတစ္ေယာက္လစာက အရမ္းမမ်ားဘူး၊ ၿပီးေတာ့ ေလထဲထိုင္စားေနလို႔မွမရဘဲ "
" ေလထဲထိုင္စားတယ္? "
" အာ..ဒါေတြအကုန္လုံး မင္းမိဘေတြနဲ႔ဆိုင္ေလာက္တယ္ "
" အေမြ? "
ကုံးရင့္႐ွန္က ခံစားခ်က္မ႐ွိ ေျပာလာသည္။
" အင္း၊ ဒါေပမယ့္ ကြၽန္ေတာ့္မိဘေတြ ပိုင္ဆိုင္မႈက group ထဲမွာလည္း ႐ွယ္ယာေတြပါေသးတယ္၊ ကြၽန္ေတာ္ စီးပြားေရးထဲမပါေပမယ့္ အျမတ္ေငြေတြရတယ္ေလ "
" ေပါင္႐ွန္း group က ႐ွိေသးတာလား? "
ရန္ရိ အံ့ဩတႀကီးေျပာလိုက္သည္။
" အဲ့တာကမဟုတ္...."
" ပိုင္ဆိုင္မႈေတြ ျပန္ခြဲၿပီး နာမည္လည္းေျပာင္းလိုက္တယ္၊ လက္႐ွိ ဥကၠဌက ေဖးလန္အေမပဲ "
ကုံးရင့္႐ွန္က ထပ္ေျပာဖို႔ျငင္းဆန္လ်က္
" ထမင္းသြားျပန္စားမယ္ "
သူတို႔ႏွစ္ေယာက္ အိမ္မႀကီးကို ျပန္သြားေတာ့ မီးဖိုထဲမွာ အဖိုးတန္ညလယ္စာအတြက္ အဆင္သင့္ျဖစ္ေနၿပီး ဦးေလး႐ွန္႔က သူတို႔ကို ျပဳံးလ်က္ ေစာင့္ေနသည္။
" ေခါင္းေဆာင္ သခင္ေလးရဲ႕ အိမ္ေမြးတိရစၧာန္ေတြကို သေဘာက်ရဲ႕လား? "
ရန္ရိက ေျခာက္ကပ္ကပ္ရယ္လိုက္ရင္း
" အဆင္ေျပတယ္ အဆင္ေျပပါတယ္ "
" သခင္ေလးမွာ အရမ္းစိတ္ဝင္စားဖို႔ေကာင္းတဲ့ ဓာတုေဗဒဓာတ္ခြဲခန္းလည္း ႐ွိေသးတယ္၊ ေနာက္ေန႔မွ အခ်ိန္ျဖဳန္းဖို႔ သခင္ေလးကို လိုက္ျပခိုင္းလိုက္ပါ "
" အိုး ေကာင္းၿပီေလ အဲ့တာလည္း ျခံဝင္းထဲမွာပဲလား? "
" ေပါက္ကြဲယိုစိမ့္တတ္ၿပီး အႏၲရယ္မ်ားတဲ့ ဓာတ္ခြဲခန္းမ်ိဳးကို အိမ္မွာထားလို႔ရမလား? အနီးနားမွာ ေျမဝယ္ထားတယ္ "
ရန္ရိ မ်က္ခုံးပင့္တက္သြားၿပီး
" မင္း အႏၲရာယ္မ်ားတဲ့ေနရာမ်ိဳး ပိုင္တာပဲ၊ မီးသတ္ဌာနကိုေရာ ခြင့္ျပဳမိန္႔ေတာင္းရဲ႕လား? "
ကုံးရင့္႐ွန္က သူ႕ကိုမ်က္ေစာင္းထိုးလာၿပီး
" ေသခ်ာေပါက္ ခြင့္ေတာင္းတာေပါ့ "
ရန္ရိ ျပဳံးကာ ေျပာလိုက္သည္။
" ေကာင္းတာေပါ့၊ ေဟး မင္းအခ်ိန္ရရင္ ငါတို႔စခန္းလာၿပီး အႏၲရာယ္မ်ားတဲ့ ဓာတုေဗဒပစၥည္းေတြအေၾကာင္း သင္တန္းလာပို႔ခ်ႏိုင္မလား? ငါတို႔စခန္းက ဓာတုေဗဒအႏၲရာယ္အတြက္ သီးသန္႔စခန္းမ်ိဳးမဟုတ္ေပမယ့္ ပိုၿပီးေလ့လာရလည္း ျပႆနာမ႐ွိပါဘူး "
" ရတယ္ "
ကုံးရင့္႐ွန္ တုံ႔ဆိုင္းျခင္းမ႐ွိဘဲ သေဘာတူလိုက္သည္။
" အရမ္းလြယ္ပါလား "
ရန္ရိ အံ့ဩဝမ္းသာျဖစ္သြားၿပီး
" အဲ့တာဆို အတည္ျဖစ္သြားၿပီေနာ္ ငါ ေပၚေပၚကို မင္းအတြက္ပို႔ခ်စရိတ္ ခ်ေပးခိုင္းလိုက္မယ္၊ အရမ္းမမ်ားေပမယ့္လည္း ေျပာၾကည့္တာေပါ့ "
ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္သြားၿပီး
" ေပၚေပၚ? "
" အိုး ငါတို႔စခန္းနည္းျပေလ၊ သူငယ္ခ်င္းျဖစ္လာတာ ႏွစ္အရမ္းၾကာၿပီ၊ မင္းေတြ႕ဖူးပါတယ္၊ ငါအဆိပ္ေငြ႕႐ွဴမိၿပီး ေဆး႐ုံတက္ရတုန္းကေလ၊ မွတ္မိလား? "
" ကြၽန္ေတာ္ေျပာပါတယ္ ကြၽန္ေတာ့္မွာ အရမ္းေကာင္းတဲ့မွတ္ဉာဏ္႐ွိၿပီး ဘာကိုမွေမ့မသြားဘူးလို႔ "
ကုံးရင့္႐ွန္ ဟြန္႔ခနဲအသံျပဳလိုက္ၿပီး
" ခင္မ်ားမွာ သူငယ္ခ်င္းအမ်ားႀကီး႐ွိတာပဲ "
ရန္ရိက ျပဳံးၿဖဲၿဖဲလုပ္ၿပီး
" မျဖစ္ႏိုင္တာ၊ ငါက ေမြးကတည္းက သေဘာက်စရာေကာင္းတဲ့သူမ်ိဳးပဲ၊ ငါတို႔နည္းျပက ကုန္က်စရိတ္ေတြကိုင္တဲ့သူ၊ မင္းငါ့ကို မေျမႇာက္လည္းရပါတယ္ "
[ t/n : ကုန္က်စရိတ္ကိုင္တဲ့သူက သူမဟုတ္လို႔ သူ႕ကို မေျမႇာက္လည္းရတယ္ လို႔ေျပာတာပါ :∆ ]
ကုံးရင့္႐ွန္ သူ႕ကို စိုက္ၾကည့္ၿပီး
" အဲ့ေငြေတြကို ခင္မ်ား 'သူငယ္ခ်င္း' အက်ႌအတြက္ အေလ်ာ္ျပန္ေပးဖို႔ယူလိုက္ "
' သူငယ္ခ်င္း ' ဆိုတဲ့ စကားလုံးက သူ႕ပါးစပ္ထဲမွာ ခက္ခက္ခဲခဲအသံထြက္ေနရသလိုပဲ၊ အသံထြက္က ကြဲျပားေနသည္။
" အိုး အဲ့တာ "
ရန္ရိ ႏွစ္ခါရယ္လိုက္ၿပီး
" ငါအဲ့တုန္းက ေနာက္လိုက္တာပါ၊ ငါကဘယ္လိုလုပ္ မင္းကိုျပန္ေလ်ာ္ခိုင္းရမွာလဲ၊ ၿပီးေတာ့ သူကလည္း ျပန္မေလ်ာ္ခိုင္းဘူး၊ စပြန္စာရတာလို႔ေျပာတယ္၊ သူပိုက္ဆံမကုန္ဘူးတဲ့ "
" စပြန္စာ? "
" သူက႐ုပ္႐ွင္မင္းသားပဲ၊ အခုေတာ့ နာမည္မႀကီးေသးလို႔ မင္းမသိေလာက္ဘူး "
" တစ္ခါမွမၾကားဖူးဘူး "
ကုံးရင့္႐ွန္က ေအးစက္စက္ေျပာလာသည္။
ကုံးရင့္႐ွန္ နည္းနည္း စိတ္ပ်က္ေနတယ္လို႔ ရန္ရိခံစားရေပမယ့္ ဘာေၾကာင့္လဲဆိုတာ သူမသိဘူး၊ အဲ့တာေၾကာင့္ သူလက္ေတြပြတ္လိုက္ၿပီး
" လာပါ စားရေအာင္၊ ဝိုး ၾကည့္႐ုံနဲ႔တင္ စားခ်င္လာၿပီ "
ကုံးရင့္႐ွန္က ထုံးစံအတိုင္း စားပြဲတစ္ဖက္မွာ ေအးစက္စက္အစားအေသာက္ေတြ စားေနလ်က္၊ ရန္ရိ ပူတဲ့အစားအစာေတြကို ၿမိန္ရည္႐ွက္ရည္ စားေနတာကိုၾကည့္ေနသည္။ ထိုအစားအစာမ်ားမွာ အလြန္အရသာ႐ွိပုံေပၚ၏။
အဲ့တာေတြ တကယ္ေရာ အရသာ႐ွိလို႔လား?
ကုံးရင့္႐ွန္ ေတြးမိသြားသည္။
စားၿပီးေတာ့ ရန္ရိ သူ႕ဗိုက္ကို အားရေက်နပ္စြာ ပြတ္သပ္ရင္း နာရီၾကည့္လိုက္သည္။
" အိုး ဆယ့္ႏွစ္နာရီေတာင္ထိုးေတာ့မယ္၊ မင္းတစ္ေန႔လုံး အလုပ္႐ႈပ္ေနရတာ၊ ေစာေစာနားလိုက္ပါဦး၊ ငါျပန္သင့္ၿပီ "
" ခင္မ်ားကျပန္ခ်င္တာလား? "
ကုံးရင့္႐ွန္ ရန္ရိကို စိုက္ၾကည့္လာသည္။
ရန္ရိက နားမလည္ႏိုင္ဘဲ ေမးလိုက္သည္။
" အရမ္းေနာက္က်ေနၿပီေလ မင္းမအိပ္ဘူးလား? "
" ခင္မ်ား သူငယ္ခ်င္းအိမ္မွာ ညမအိပ္ေတာ့ဘူးလား? "
ကုံးရင့္႐ွန္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
" ကြၽန္ေတာ့္အိမ္မွာ အိပ္ခန္းမပါေနလို႔လား? "
ရန္ရိ ခဏေလာက္ စကားလုံးမ်ားေပ်ာက္႐ွသြားၿပီး၊
" မဟုတ္ဘူးေလ၊ ဒါက...."
" ဘာလို႔လဲ၊ မအိပ္ႏိုင္ဘူးလား? "
ရန္ရိ ေျခာက္ကပ္ကပ္ရယ္လိုက္ၿပီး သူဘယ္လို႐ွင္းျပရမလဲ မသိေတာ့ေပ။
" မအိပ္ႏိုင္တာ မဟုတ္ပါဘူး၊ ငါမင္းကို ဒုကၡမေပးခ်င္..... "
" ဦးေလး႐ွန္႔ "
ကုံးရင့္႐ွန္ ေအာ္ေခၚလိုက္သည္။
ခဏေနေတာ့ ဦးေလး႐ွန္႔ေရာက္လာၿပီး ၾကင္ၾကင္နာနာေျပာသည္။
" မင္းတို႔ ဗိုက္ျပည့္သြားၿပီလား? အရသာေရာ႐ွိရဲ႕လား? "
" ဦးေလး႐ွန္႔၊ ေခါင္းေဆာင္ ဒီမွာညအိပ္လိမ့္မယ္ "
" ငါ...."
" ေကာင္းၿပီ "
ဦးေလး႐ွန္႔ ေျပာလာသည္။
" အိပ္ခန္းနဲ႔ ေရခ်ိဳးခန္း အဆင္သင့္ပါပဲ "
ရန္ရိ ကူကယ္ရာမဲ့ ျပဳံးလိုက္ၿပီး
" ေကာင္းပါၿပီ ေက်းဇူးပါ "
ကုံးရင့္႐ွန္ ေမးေထာက္လ်က္ ေျခတံ႐ွည္ေတြကို ခ်ိတ္ထိုင္လိုက္ၿပီး တစ္ခ်ိန္တည္း ရန္ရိကိုၾကည့္လာသည္။
" ခင္မ်ားအိမ္မွာ ညစာစားၿပီး၊ လာအိပ္ဖို႔ကိုေရာ ဘယ္အခ်ိန္မွဖိတ္မွာလဲ? "
ထိုစကားမ်ား ေျပာထြက္လာသည္ႏွင့္တစ္ၿပိဳင္နက္၊ ရန္ရိနဲ႔ ဦးေလး႐ွန္တို႔ႏွစ္ေယာက္လုံး မ်က္လုံးျပဴးသြား၏။
" ဒါက သူငယ္ခ်င္းျဖစ္ၿပီး လုပ္ရမယ့္အစဥ္အလာေတြပဲဆိုေတာ့ ကြၽန္ေတာ္ ခင္မ်ားနဲ႔ အတူလုပ္ေပးမွာပါ၊ ကြၽန္ေတာ္ေတာ့ လုပ္ၿပီးၿပီ၊ ခင္မ်ားပဲက်န္ေတာ့တယ္ "
ကုံးရင့္႐ွန္က ရန္ရိကို စူးစူးစိုက္စိုက္ၾကည့္ေနၿပီး၊ သူ႕မ်က္လုံးေတြက နားမလည္ႏိုင္ေသာ အလင္းျဖင့္ ေတာက္ပေနသည္။
ရန္ရိ အခ်ိန္အၾကာႀကီး အံ့ဩမင္သက္ေနၿပီးမွ ထရယ္လိုက္သည္။ ကုံးရင့္႐ွန္က သူငယ္တန္းကေလးေတြနည္းအတိုင္း သူနဲ႔ သူငယ္ခ်င္းဖြဲ႕ေနတာပဲ၊ တုံးအအႏိုင္ေပမယ့္လည္း ႐ိုး႐ွင္းၿပီး ခ်စ္စရာေကာင္းတာမို႔ သူ႕ကို ဝမ္းသာသြားေစသည္။
သူရယ္ေမာလိုက္ၿပီး
" မင္းငါ့အိမ္ကို အခ်ိန္မေ႐ြးလာဖို႔ ႀကိဳဆိုပါတယ္၊ ဒါေပမယ့္ ငါ့အိမ္က ေသးၿပီး....အရမ္းႀကီးမသန္႔႐ွင္းဘူးေနာ္ မင္းအဆင္ေျပလို႔လား? "
" ျပႆနာမ႐ွိဘူး ျပႆနာမ႐ွိဘူး "
ကုံးရင့္႐ွန္ေတာင္ မေျပာလာေသးခင္ ဦးေလး႐ွန္က အလ်င္စလိုျဖတ္ေျပာလာသည္။
" ဦးေလး လိုလိုမယ္မယ္ ျပင္ဆင္ထားလို႔ရပါတယ္၊ သန္႔႐ွင္းေရးေတြ ဘာေတြလုပ္ၿပီး သခင္ေလးသုံးေနက် ပစၥည္းေလးေတြ ယူလာခဲ့ေပးမယ္၊ ျပႆနာမ႐ွိပါဘူး "
ကုံးရင့္႐ွန္ကေျပာလာသည္။
" အဲ့တာဆို ဆုံးျဖတ္ၿပီးၿပီပဲ၊ ဘယ္အခ်ိန္လဲ? "
"....ေနာက္တစ္ပတ္? "
" အိုေက "
ကုံးရင့္႐ွန္ ထရပ္လိုက္ၿပီး
" သြားအိပ္ေတာ့ "
သူ ေျခလွမ္း အနည္းငယ္လွမ္းၿပီးေတာ့ ရပ္ကာ ျပန္လွည့္ေမးလာသည္။
" ခင္မ်ား ကြၽန္ေတာ့္အဝတ္အစားေတြ ဝတ္မွာလား? "
" ဟမ္? ဟင့္အင္း ငါ့ေလ့က်င့္ေရးဝတ္စုံက သန္႔ပါတယ္ "
ကုံးရင့္႐ွန္ သူ႕ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး နည္းနည္း စိတ္ပ်က္သြားသည္။
" ခင္မ်ားသေဘာပဲ "
ကုံးရင့္႐ွန္ ထြက္သြားၿပီး ဦးေလး႐ွန္က ဝမ္းသာအားရဆိုလာသည္။
" ေကာင္းလိုက္တာ၊ သခင္ေလးက သူငယ္ခ်င္းအိမ္မွာ ညသြားအိပ္ေတာ့မယ္၊ ေခါင္းေဆာင္ မင္းတို႔မိသားစုမွာ ဘယ္လိုအေျခအေနေတြ႐ွိလဲ? ဦးေလး ဘာေတြျပင္ဆင္ထားဖို႔လိုလဲ? "
ရန္ရိက ခါးသက္သက္ ျပဳံးလိုက္ၿပီး
" ကြၽန္ေတာ့္အိမ္မွာ ဘယ္သူမွမ႐ွိပါဘူး၊ ဦးေလးရဲ႕သခင္ေလးအဆင့္အတိုင္း လာ႐ွင္းေပးၿပီး သူသုံးတတ္တဲ့ပစၥည္းေတြနဲ႔ အစားထိုးသြားလို႔ရတယ္ "
သူအခု ကုံးရင့္႐ွန္ကို သူနဲ႔သူ႕အေဖေနတဲ့ အိမ္ေဟာင္းဆီ ေခၚသြားမွာမဟုတ္ဘူး၊ တကယ္ကို ကသိကေအာက္ျဖစ္ရသည္မို႔။ သူ႕မွာ လူမေနတဲ့ အိမ္တစ္လုံးလည္း႐ွိေသးၿပီး အိမ္အသစ္မဟုတ္ေပမယ့္ အရမ္း႐ွင္းလင္းသည္။
ဦးေလး႐ွန္႔က ေခါင္းတဆတ္ဆတ္ၿငိမ့္ၿပီး သူ႕မ်က္ခုံးေတြက စိတ္လႈပ္႐ွားလြန္းလို႔ ပ်ံတက္ေတာ့မေယာင္ပင္။
ဧည့္ေနခန္းဆီျပန္လာေတာ့ ရန္ရိ အိပ္ရာေပၚ လွဲခ်ကာ မ်က္လုံးမ်ားဖြင့္လ်က္ လွိမ့္ေနမိသည္။ သူနဲ႔တစ္ထပ္တည္းမွာ႐ွိတဲ့ ကုံးရင့္႐ွန္ရဲ႕အိပ္ခန္းေနရာကို သူသိတယ္၊ ကုံးရင့္႐ွန္ အိပ္သြားၿပီးလား? ဒါမွမဟုတ္ သူ႕လိုပဲ ပစ္လွဲၿပီး လူးလိမ့္ေနမလား? သူမသိဘူး။
ဒီေန႔ကိစၥအမ်ားႀကီး ျဖစ္ပ်က္ခဲ့ၿပီး၊ အားလုံးကလည္း သူ႕ကိုစိတ္ဖိစီးေစသည္။ ဒါေပမယ့္ အဆုံးမွာ သူအေတြးမိဆုံးအရာက ကုံးရင့္႐ွန္သူ႕အိမ္ကိုလာၿပီး ညအိပ္ခ်င္တယ္ ဆိုတာပဲ။
သူ႐ူး႐ူးႏွမ္းႏွမ္းေတြးမိတာလည္း အျပစ္မေျပာနဲ႔၊ ကုံးရင့္႐ွန္က အလြယ္တကူအထင္လြဲစရာမ်ိဳး တကယ္လုပ္ခဲ့တာပင္။ ဒါေပမယ့္ သူဒါကိုလည္းသိတယ္၊ ကုံးရင့္႐ွန္ကသူနဲ႔ ႐ိုး႐ွင္း၊ျဖဴစင္ၿပီး နည္းနည္း ႐ိႈးတိုး႐ွန္႔တန္႔ျဖစ္စရာနည္းလမ္းမ်ိဳးနဲ႔ သူငယ္ခ်င္းဖြဲ႕ေန႐ုံသက္သက္ပဲ၊ ၿပီးေတာ့ သူက ကုံးရင့္႐ွန္ရဲ႕ ပထမဆုံး သူငယ္ခ်င္း၊ ကုံးရင့္႐ွန္ ကေလးဘဝက အေတြ႕အၾကဳံေတြကို သူျပန္စဥ္းစားမိတယ္၊ သူ႕ႏွလုံးသားကို ဖြင့္ေပးဖို႔ ဘယ္ေလာက္ေတာင္ ခက္ခဲၿပီး တန္ဖိုး႐ွိလိုက္သလဲ၊ ဒါကို ကုံးရင့္႐ွန္မိသားစုေတြသိၿပီး သူ႕(ရန္)အေပၚလည္း ေမွ်ာ္လင့္ခ်က္အႀကီးႀကီးထားၾကတာ၊ သူဘာအမွားေတြကိုမွ မေတြးသင့္သလို ေတြးလည္းမေတြးဝံ့ေပ။ ကုံးရင့္႐ွန္ရဲ႕ ႐ိုးသားတဲ့ယုံၾကည္မႈနဲ႔ သူငယ္ခ်င္းဆက္ဆံေရးေလး အေရာင္ေမွးမွိန္သြားမွာ သူေၾကာက္တယ္။
ရန္ရိ သူ႕မ်က္ႏွာကို ခပ္ဖြဖြ ပုတ္ရင္း ေရ႐ြတ္လိုက္သည္။
" ရန္စစ္ေဟာ္ မင္းကိုယ္မင္းထိန္းစမ္း "
======
ေနာက္ေန႔မနက္ သူတို႔အိပ္ရာထေတာ့ မနက္စာအတူစားၾကၿပီး ေဆး႐ုံဆီ ေမာင္းသြားၾကသည္။ ဆရာဝန္က က်ိဳးခြၽမ္းကို စစ္ေမးႏိုင္ၿပီ ျဖစ္ေၾကာင္း ေျပာၿပီး၊ သူတို႔လည္း အစကတည္းက အၾကာႀကီးမေႏွာင့္ေႏွးေစခ်င္ေပ။
ေလွာင္အိမ္ထဲ အထည့္ခံထားရတဲ့ ေျမာင္ေျမာင္က အေနာက္ဘက္ခုံမွာ တိုးတိုးညည္းေနသည္။ ကုံးရင့္႐ွန္က အေနာက္ခုံကို ခဏခဏလွည့္လွည့္ၾကည့္ေနၿပီး၊ အေတာ္ၾကာေတာ့ ေျပာလာသည္။
" သူ႕ဒဏ္ရာေတြ ဘယ္ေတာ့မွေပ်ာက္မွာလဲ? "
" အနာေတာ့က်က္သြားပါၿပီ၊ ေနာက္ေန႔မွ ေဆးေျပာင္းလိုက္႐ုံပဲ၊ တစ္ပတ္ ႏွစ္ပတ္ေလာက္ေတာ့ ဒီအတိုင္းျဖစ္ေနလိမ့္မယ္ "
ရန္ရိ ျပဳံးလိုက္ၿပီး
" မင္းျမင္လား အေကာင္းေသးေသးေလးေပမယ့္ အသက္႐ွင္စိတ္ကေတာ့ တကယ္အေလွ်ာ့မေပးတတ္ဘူး "
" အင္း "
ကုံးရင့္႐ွန္က ေလသံခပ္တိုးတိုးနဲ႔ ေျပာလာသည္။
" မီးေလာင္ၿပီးတာေတာင္ အသက္႐ွင္တယ္ဆိုေတာ့ တကယ္ဇြဲႀကီးတာပဲ "
ရန္ရိ ကုံးရင့္႐ွန္ကို ခိုးၾကည့္လိုက္ၿပီး ရင္ထဲမွာ နည္းနည္းက်င္တင္တင္ ျဖစ္သြားရသည္။
ကားရပ္လိုက္ၿပီးေတာ့ ကုံးရင့္႐ွန္က mask တပ္လိုက္ၿပီး မ်က္ခုံးမ်ားပါ အလိုအေလ်ာက္ ၾကဳတ္သြားၿပီျဖစ္သည္။
ရန္ရိ ကုံးရင့္႐ွန္ဘာလို႔ ေဆး႐ုံေတြမုန္းလဲဆိုတဲ့ အေၾကာင္းျပခ်က္ကို ေတြးမိၿပီး စိတ္ထဲက သက္ျပင္းခ်လိုက္သည္။
" ငါတို႔ အျမန္တိုက္ပြဲေလးဘာေလး တိုက္ရဦးမွာလား? "
ကုံးရင့္႐ွန္က ေခါင္းခါလိုက္ၿပီး
" သူက အရမ္းဉာဏ္နီဉာဏ္နက္မ်ားတဲ့သူပဲ အလ်င္စလို လုပ္မွာမဟုတ္ဘူး "
" မင္းစိတ္မသက္မသာျဖစ္ရင္ ငါ့ကိုေျပာေနာ္ အျပင္ထြက္ၿပီးအသက္႐ွဴရေအာင္ ငါလိုက္ေပးမယ္၊ ဖိအားမေပးနဲ႔ "
ကုံးရင့္႐ွန္ အသက္ျပင္းျပင္း႐ွဴ႐ွိဴက္လိုက္ၿပီး
" သြားရေအာင္ "
က်ိဳးခြၽမ္းရဲ႕လူနာေဆာင္ကိုသြားေတာ့ ကုံးရင့္႐ွန္က တံခါးမွာေစာင့္ေနတဲ့ ရဲကို သူ႕ ID card ျပလိုက္ၿပီး လက္မွတ္ထိုးကာ တံခါးဖြင့္ဝင္သြားလိုက္သည္။
က်ိဳးခြၽမ္းက ဝွီးခ်ဲေပၚမွာထိုင္ရင္း ေခါင္းက ျပတင္းေပါက္အျပင္ဘက္ကို လွည့္ကာ ၾကည့္ေနသည္။ သူ႕လက္ေတြကို အိပ္ရာေခါင္းရင္းကေန ခ်ိန္းႀကိဳးလက္ထိပ္ျဖင့္ လက္ထိပ္ဆြဲခတ္ခံထားရၿပီး လႈပ္႐ွားႏိုင္တဲ့အကြာအေဝးက အိပ္ရာထက္နည္းနည္းပဲႀကီးသည္။
အသံၾကားေတာ့ က်ိဳးခြၽမ္းမ်က္ႏွာလွည့္လာၿပီး သူတို႔ႏွစ္ေယာက္ကို ျမင္သြားသည္။
သူ႕ အမူအရာ ၇မွတ္က ေၾကာက္ေနၿပီး ၃မွတ္က မေက်မနပ္ျဖစ္ေနသည္။ သူ မသိစိတ္အေလ်ာက္ ဝွီးခ်ဲကို လွိမ့္လိုက္ၿပီး အိပ္ရာဆီ ေနာက္ဆုတ္သြား၏။
ရန္ရိ လက္ပိုက္ၿပီး သူ႕ကို ၾကည့္လိုက္သည္။
" မင္းေျခေထာက္ေတြ ဘယ္လိုလဲ? မင္းအနာဂတ္မွာ လမ္းေလွ်ာက္ႏိုင္ေသးတယ္ လို႔ၾကားတယ္၊ အေမႊးတိုင္ထြန္းသင့္တယ္ေနာ္ "
က်ိဳးခြၽမ္း ႏႈတ္ခမ္းမ်ား တုန္ယင္ေန၏။
ကုံးရင့္႐ွန္က ပြင့္ပြင့္လင္းလင္းေျပာလိုက္သည္။
" မင္းဒီတစ္ခါ ရာဇဝတ္မႈနဲ႔ ထိန္းသိမ္းခံထားရတယ္၊ မင္း ျပႆနာအႀကီးႀကီးတက္ေနၿပီဆိုတာ သိလား? "
က်ိဳးခြၽမ္း စကားေျပာမလာေသးေခ်။
" မင္းကို ႀကိဳတင္ၾကံ႐ြယ္မီး႐ိႈ႕ၿပီး ယြမ္တစ္သိန္းေျခာက္ေသာင္းတန္ သူတစ္ပါးဥစၥာကို ဖ်က္ဆီးမႈနဲ႔ သံသယ႐ွိေနတယ္ "
" ကြၽန္ေတာ္မီး႐ိႈ႕တာ မဟုတ္ဘူး "
က်ိဳးခြၽမ္း ေျပာလာသည္။
" ကြၽန္ေတာ္ မီး႐ိႈ႕တာမဟုတ္ဘူး၊ ေနရာမွာ မွတ္တမ္းတင္ခဲ့႐ုံပဲ "
" မင္း မီး႐ိႈ႕တာမဟုတ္ဘူး၊ မင္းနဲ႔မင္းၾကံရာပါက ရာဇဝတ္မႈက်ဴးလြန္ဖို႔ စီစဥ္ခဲ့တာ၊ အစီအစဥ္ကလည္း ျပင္းထန္တယ္၊ မင္းအခုလုပ္ရမွာက မင္းၾကံရာပါကိုဝန္ခံၿပီး ျပစ္ဒဏ္ေလွ်ာ့ေပါ့ဖို႔ပဲ "
" .....ဘယ္ေလာက္ေလွ်ာ့ခ်ႏိုင္မွာလဲ? "
" ငါမင္းအတြက္ ဆုခ်ီးျမႇင့္တဲ့အေနနဲ႔ မင္းျပစ္ဒဏ္ကိုေလွ်ာ့ေပါ့ေပးဖို႔ ေလွ်ာက္လႊဲစာတင္ေပးလို႔ရတယ္၊ တိက်တဲ့အျပစ္ဒဏ္ကိုေတာ့ တရား႐ုံးက ဆုံးျဖတ္ၿပီး မင္းကခ်ီးျမႇင့္ထိုက္ေၾကာင္း စီရင္ခ်က္ခ်ေပးလိမ့္မယ္ "
က်ိဳးခြၽမ္း ထပ္ၿပီးအသံတိတ္သြားျပန္သည္။
ကုံးရင့္႐ွန္ သူ႕ notebook ကို ဖြင့္လိုက္သည္။
" ငါေမးမယ္၊ မင္းေျဖ "
" ခင္မ်ားကြၽန္ေတာ့္ကို ညာတာမဟုတ္မွန္း ဘယ္လိုလုပ္သိမွာလဲ၊ ခင္မ်ားကြၽန္ေတာ့္ကို အဲ့ေလွ်ာက္လႊဲခ်က္ မေရးေပးရင္ေရာ? "
" မင္းမွာ ေဆြးေႏြးဖို႔အေျခအေနေရာ ႐ွိေသးလို႔လား? "
ကုံးရင့္႐ွန္ ေအးစက္စြာ ေျပာလိုက္သည္။
" မင္း ငါ့ကိုပဲယုံလို႔ရမယ္ "
က်ိဳးခြၽမ္းေခါင္းငိုက္စိုက္က်သြား၏။
" မင္းၾကံရာပါက ဘယ္သူလဲ၊ ဘယ္လိုေတြ႕တာလဲ၊ မီး႐ိႈ႕ဖို႔ ဘယ္လိုၾကံစည္ခဲ့တာလဲ၊ သူအခုဘယ္မွာလဲ၊ ၿပီးေတာ့ မင္းနဲ႔ မီး႐ိႈ႕ခံလိုက္ရတဲ့ကားပိုင္႐ွင္နဲ႔ ဘယ္လိုပတ္သက္လဲ? "
ကုံးရင့္႐ွန္ ေမးခြန္းတစ္သီတစ္တန္းႀကီး ေမးလိုက္သည္။
ဒီတစ္ခါ က်ိဳးခြၽမ္းက အၾကာႀကီး ႏႈတ္ဆိတ္ေနၿပီး ေခါင္းခါျပလာသည္။
" ကြၽန္ေတာ္ မသိဘူး "
ကုံးရင့္႐ွန္ မ်က္လုံးေမွးစင္းလိုက္သည္။
ရန္ရိ အသံျမႇင့္လိုက္ၿပီး
" မင္းမသိဘူး? မင္းေမကိုပဲ မသိေနလိုက္၊ မင္းသူနဲ႔ ျပစ္မႈက်ဴးလြန္ခဲ့တာေလ! "
က်ိဳးခြၽမ္းက ဆက္ေျပာေနသည္။
" ကြၽန္ေတာ္ တကယ္မသိဘူး၊ Seraph မွာ ငါကားတစ္စီးမီး႐ိႈ႕မယ္ ေျပာတဲ့သူတစ္ေယာက္ကို ေတြ႕႐ုံပဲ၊ ကြၽန္ေတာ္ ကားမီး႐ိႈ႕ဖို႔ မလုပ္ထားဘူး၊ ကြၽန္ေတာ္ ဘာမွမလုပ္ဘူး၊ မွတ္တမ္းတင္တာကလြဲၿပီး ကြၽန္ေတာ္ ဘာမွမလုပ္ခဲ့ဘူး "
" အဓိပၸါယ္မ႐ွိတာ! "
ရန္ရိ က်ိန္ဆဲလိုက္သည္။
" ယုံယုံ၊ မယုံယုံ၊ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္က မွတ္တမ္းတင္႐ုံသက္သက္ပဲ၊ ကြၽန္ေတာ္ဘာမွမလုပ္ဘူး၊ ကြၽန္ေတာ္ ေ႐ွ႕ေနငွားခ်င္တယ္ "
က်ိဳးခြၽမ္းက ႐ုတ္တရက္ အနည္းငယ္စိတ္လႈပ္႐ွားရင္း ေျပာလာသည္။
" ကြၽန္ေတာ္ ကားကိုမီး႐ိႈ႕ခဲ့တာလည္း မဟုတ္ဘဲနဲ႔! "
ကုံးရင့္႐ွန္ သူ႕လက္ထဲက စာအုပ္ကိုခ်ကာ ထလိုက္ၿပီး က်ိဳးခြၽမ္းေ႐ွ႕မွာရပ္ရင္း သူ႕ necktie ကို ျဖည္းျဖည္းခ်င္း ဆြဲဆန္႔သည္။
ေနာက္ခဏအတြင္း ရန္ရိေတာင္ မတုံ႔ျပန္ႏိုင္လိုက္ဘဲ ကုံးရင့္႐ွန္က က်ိဳးခြၽမ္းလည္ပင္းကို ဆုပ္ကိုင္ၿပီး သူ႕ကိုယ္ကို ဝွီးခ်ဲေပၚကေန လက္တစ္ဖက္တည္းနဲ႔ ဆြဲမကာ နံရံနဲ႔ ပိတ္ေဆာင့္လိုက္သည္။
က်ိဳးခြၽမ္း ေၾကာက္႐ြံ႕မႈေၾကာင့္ ျဖဴစုတ္ေနၿပီး ကုံးရင့္႐ွန္လက္ကို ဆြဲကာ အခ်ည္းႏွီးသက္သက္ ႐ုန္းကန္ေနသည္။
ရန္ရိလည္းပဲ ၾကက္ေသေသသြားရသည္။ ကုံးရင့္႐ွန္ ဒီလိုခက္ထန္ၿပီး ဓားတစ္ေခ်ာင္းလို ဆူး႐ွၾကမ္းတမ္းေနတာမ်ိဳး သူတစ္ခါမွမေတြ႕ဖူးဘူး!
ကုံးရင့္႐ွန္ က်ိဳးခြၽမ္းကို အႏိုင္ပိုင္းၿပီး ညိႇဳ႕မိႈင္းကာ အၾကင္နာမဲ့ေသာ မ်က္ဝန္းတစ္စုံက က်ိဳးခြၽမ္းအသားေတြထဲထိ စိုက္ၾကည့္ေနတဲ့အလား၊ mask ကာထားတဲ့ ပါးစပ္ကလည္း ေအးစက္လွေသာ စကားလုံးမ်ား ထုတ္ေျပာလာသည္။
" မင္းေၾကာင့္ Seraph ေပၚမွာ ငါတို႔ကိုယ္ေရးအခ်က္အလက္ေတြ ေပၚကုန္ၿပီ၊ မင္းငါ့ကို ကလိမ္ကက်စ္လုပ္ရဲလုပ္ၾကည့္၊ ငါမင္းကို မီးေလာင္ခံရတာထက္ ပိုၿပီးနာက်င္ေအာင္ လုပ္ပစ္မယ္ "
က်ိဳးခြၽမ္း မ်က္လုံးေတြျပဴးက်ယ္သြားၿပီး သူ႕မ်က္ႏွာက ျဖဴရာကေန နီရဲတက္လာသည္။ ကုံးရင့္႐ွန္က သူ႕ရဲ႕ပင္မေမ့ေၾကာလမ္းေၾကာင္းကို တမင္တကာ လက္ျဖင့္ ဖိညႇစ္ထား၏။ သူအသက္ဆက္မ႐ွဴႏိုင္ေတာ့ဘဲ ေလေပၚေျမႇာက္ေနတဲ့ ေျခေထာက္ေတြက ယက္ကန္ယက္ကန္ျဖစ္လာသည္။
ရန္ရိ အသိစိတ္ျပန္ဝင္လာၿပီး ေအာ္လိုက္သည္။
" ေဒါက္တာကုံး၊ ေတာ္ေလာက္ၿပီ သူ႕ကိုလႊတ္ေပးလိုက္ေတာ့! "
ကုံးရင့္႐ွန္ က်ိဳးခြၽမ္းကို ခဏမွ် ေအးေအးစက္စက္ၾကည့္ေနၿပီး ေနာက္႐ုတ္တရက္ လႊတ္ခ်လိုက္သည္။
က်ိဳးခြၽမ္း ၾကမ္းျပင္ေပၚ ပုံက်သြားၿပီး လည္ပင္းကိုအုပ္ကာ ျပင္းျပင္းထန္ထန္ေခ်ာင္းဆိုးသည္။ ရန္ရိ က်ိဳးခြၽမ္းကို ၾကမ္းေပၚက ထူေပးလိုက္ၿပီး ဝွီးခ်ဲေပၚျပန္တင္ေပးလိုက္ရသည္။
ကုံးရင့္႐ွန္က ထိုင္ခုံမွာျပန္ထိုင္လိုက္ၿပီး၊ ယခုနက ဘာမွျဖစ္မသြားခဲ့သလိုမ်ိဳး၊ သူ႕ဝတ္စုံကေတာင္ တြန္႔ေၾကမသြားခဲ့ပါေပ။ သူ တည္တည္ၿငိမ္ျငမ္ပဲေျပာလာသည္။
" ဆက္ေျပာ "
က်ိဳးခြၽမ္း ကုံးရင့္႐ွန္ကို နီရဲေသာ မ်က္လုံးမ်ားျဖင့္ၾကည့္လိုက္ၿပီး မ်က္ဆံမ်ားက အေၾကာက္တရားျဖင့္ ျပည့္ႏွက္ေန၏။
=======
Note -
1. Armadillo အၿမႇီးေကာက္ပုတ္သင္

2. ေႁမြေဟာက္ဘုရင္

3. ေရပုတ္
4. ေတာက္တဲ့

5. ငါးမီတာ ေျခာက္မီတာ႐ွည္တဲ့ မိေက်ာင္း

6. ကုံးရင့္႐ွန္ မွန္လုံအိမ္ထဲက အပူထိန္းဖန္ႁပြန္ေတြ