{ Unicode }
ကုံးရင့်ရှန် ပြောလိုက်သည်။
" ငါ့မေးခွန်းတွေ ထပ်ဖြေ "
ကျိုးချွမ်းက တီးတိုးပြောလာသည်။
" ကျွန်တော် ကားမီးရှို့တဲ့သူကိုရော၊ ကားပိုင်ရှင်ကိုရော မသိဘူး "
"မင်း ကားမီးရှို့ဖို့ကိစ္စကိုဘယ်လို သဘောတူလိုက်တာလဲ? အဲ့အကြောင်း အစအဆုံးပြောရအောင် "
" ဒီတိုင်း.... Seraph မှာပဲ။ လူတစ်ယောက်က ကားမီးရှို့ဖို့ အချိန်နဲ့နေရာကိုပို့စ်တင်လိုက်တယ်၊ ကျွန်တော် ကံစမ်းကြည့်လိုက်တာ...."
" ချီး! "
ရန်ရိ ဆဲရေးလိုက်သည်။
ကျိုးချွမ်းက လက်တွေကို သူ့မျက်နှာရှေ့မှာ သတိလက်လွတ် ပိတ်ကာလိုက်ပြီး၊ နောက်တွန့်သွားကာ တကယ်ကို ကြောက်လန့်နေသည်။
ကုံးရင့်ရှန် ကျိုးချွမ်းကို အေးအေးစက်စက်ကြည့်လိုက်ပြီး
" ဖိုရမ်ထဲက ပို့စ်အားလုံးက သူတို့ကိုယ်ပိုင်အချက်အလက်တွေကို ဖုံးကွယ်ထားဖို့ပဲ၊ ဘယ်သူမှ ပြစ်မှုအချိန်နဲ့ နေရာကို ရူးနှမ်းပြီးရေးပြထားဖို့မဖြစ်နိုင်ဘူး၊ ကြည့်ရတာ မင်းငါခုနကပြောတာကို နားမထောင်ဘူးပဲ "
ကျိုးချွမ်း တုန်တက်သွားသည်။
" လူတစ်ယောက် ကျွန်တော့်ကို သီးသန့်စာ လာပို့တာ.... "
" အဲ့ စာဘယ်မှာလဲ၊ ဘယ်သူပို့တာလဲ၊ ဘာအကြောင်းအရာလဲ? "
" ကျွန်တော် ဖတ်ပြီးတော့ ဖျက်လိုက်တယ်၊ အဲ့တာက အချိန်နဲ့နေရာပဲ၊ ပို့စ်နဲ့ သီးသန့်စာတွေက အမည်မသိနိုင်ဘူး "
ကျိုးချွမ်း အသံကိုပိုတိုးပြီး ပြောလာသည်။
ကုံးရင့်ရှန် မျက်လုံးမှေးကြည့်လိုက်ပြီး
" မင်း 'မသိတဲ့' သူကို ကယ်ချင်တာသေချာလား? ငါတို့ သူကို့ဖမ်းမရရင် မင်းပဲအားလုံးတာဝန်ယူရမယ် "
ကျိုးချွမ်း ကုံးရင့်ရှန်ကို ချောင်းကြည့်လိုက်ပြီး
" ကျွန်တော်၊ ကျွန်တော်မလုပ်ဘူး၊ ဒီတိုင်း ဒီတိုင်း မှတ်တမ်းတင်ရုံပဲ "
ကုံးရင့်ရှန်မပြောနဲ့၊ ရန်ရိတောင် အခု ကျိုးချွမ်းကို လည်ပင်းညှစ်သတ်ချင်လာသည်။
ကုံးရင့်ရှန်မျက်နှာ ပိုပြီးမည်းမှောင်လာတာကိုမြင်ပြီး ကျိုးချွမ်းကအထိတ်အလန့် ပြောလာသည်။
" အရာရှိကုံး၊ ကျွန်တော်လည်း ပူးပေါင်းပေးချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တကယ်မသိဘူး တကယ်ပါ! အဲ့လူက အသက်သုံးဆယ်ဝန်းကျင်၊ ခန္ဓာကိုယ်အချိုးအစား အလယ်အလတ်၊ သိသိသာသာ လေသံကွဲနေတာမျိုးမရှိဘူး၊ ကျွန်တော်ဒါပဲသိတယ် "
ကုံးရင့်ရှန် ကျိုးချွမ်းကို တစ်ခဏမျှစူးစိုက်ကြည့်နေပြီး နောက်ရုတ်တရက်ပြောလိုက်သည်။
" ကားမီးရှို့တဲ့သူနဲ့ မင်းကိုလာပြောတဲ့သူက လူတစ်ယောက်တည်းလား? "
" မဟုတ်ဘူး "
ကျိုးချွမ်း ခပ်သွက်သွက်ပြောလာပြီး နောက်တော့ ချက်ချင်း သူ့စကားလုံးကို ပြန်ပြောင်းပြောလိုက်သည်။
" ကျွန်တော်မသိဘူး "
ရန်ရိစိတ်ထဲက ကြိတ်အော်လိုက်သည်။ ကုံးရင့်ရှန်က ကျိုးချွမ်းစကားထဲက ဟာကွက်ကို ရှာလိုက်၏။
ကုံးရင့်ရှန်က လှောင့်ထေပြုံးပြီး
" အဲ့တော့ မင်း သူတို့ကတစ်ယောက်တည်းမဟုတ်မှန်း သိတာပေါ့၊ မင်းဝန်မခံချင်တာက ကားမီးရှို့တဲ့သူမဟုတ်ဘူး၊ ဒါပေမယ့် မင်းကိုသတင်းပေးတဲ့သူပဲ "
ကျိုးချွမ်းမျက်နှာ ဖြူလျော်လာပြီး ခေါင်းခါယမ်းပြသည်။
" ကျွန်တော် မသိဘူး "
ကုံးရင့်ရှန် မေးလိုက်သည်။
" ဘာလို့လဲ? အဲ့လူ ဘယ်သူလဲ? မင်းတို့ဘာပတ်သက်လဲ? "
" ကျွန်တော် တကယ်မသိဘူး "
ကျိုးချွမ်း ခေါင်းငုံ့သွားပြီး
" ကျွန်တော်က အမည်မသိပဲ၊ ကျွန်တော် သူ့ကိုလည်းမသိသလို၊ မီးရှို့တဲ့သူကိုလည်း မသိဘူး "
ကုံးရင့်ရှန် notebook ကို ခိုင်ခိုင်ခံ့ခံ့လုပ်ထားသည်ဟု ထင်ရသော ဘောပင်နဲ့ ခေါက်လိုက်ပြီး၊ ဖြည်းဖြည်းချင်းဆိုလာသည်။
" ကျိုးချွမ်း၊ မင်းက 211 တက္ကသိုလ်က ဘွဲ့ရထားတာ၊ မင်းဘာလို့ဒီအဆင့်ထိ ရောက်သွားလဲ ငါမသိပေမယ့် မင်းက တွေးခေါ်နိုင်စွမ်းကောင်းတဲ့ သူတစ်ယောက်ပဲ၊ မင်းရော အဲ့လိုမထင်ဘူးလား? ငါတို့မင်းကို ဘာလို့ဖမ်းရမှာလဲ? "
ကျိုးချွမ်း ပခုံးကျုံ့သွားသည်။
" မင်းမီးလောင်တဲ့နေရာကိုခိုးဝင်ပြီး အခင်းနေရာကိုမှတ်တမ်းတင်တာက ၄၈ နာရီလောက်ထိန်းသိမ်းပြီး ဒဏ်ကြေးငွေယွမ် ၂၀၀ လောက်နဲ့ ပြီးသွားဖို့ ငါတို့ရဲတွေ မင်းကိုဖမ်းဖို့အချိန်ဖြုန်းခဲ့ရတာ တန်တယ်ထင်လား? "
ကုံးရင့်ရှန်ရဲ့ ကျောက်သားလိုဖြူစင်သော မျက်နှာက အလုံးစုံမည်းမှောင်နေသည်။
" မင်းကိုအမှန်အတိုင်းပြောရရင် ငါတို့ရဲတွေ Seraph ကိုစုံစမ်းဖို့ အဖွဲ့ဖွဲ့ထားတာ လအတော်ကြာပြီ၊ လွန်ခဲ့တဲ့သုံးလက လူတစ်ယောက် ဖိုရမ်ထဲကို ထျန်ချီမှာ လူချင်းလဲပြီးမီးရှို့ဖို့ကိစ္စကို ပို့စ်တင်လာတယ်၊ အခြားမီးရှို့မှုနဲ့ ဆက်စပ်တဲ့ကိစ္စပဲ "
ကျိုးချွမ်း တစ်ကိုယ်လုံးတုန်ယင်နေပြီး လက်ချောင်းတွေကို လိမ်ချိုးနေသည်။ သူ့အမူအရာကို ပြင်းပြင်းထန်ထန် ချိုးနှိမ်နေသည့်အလား။
ကုံးရင့်ရှန်နဲ့ ရန်ရိ နှစ်ဦးသား အောင်မြင်ပြီဆိုတဲ့ အကြည့်မျိုးဖလှယ်လိုက်ကြပြီး ကျိုးချွမ်းလည်း ငါးစာကိုလှမ်းကိုက်လာချေပြီ။
" ငါတို့ အခြားသံသယရှိသူတွေကိုလည်း အတည်ပြုပြီးပြီ၊ ငါတို့ဆက်ပြီး စုံစမ်းရင် မင်းအပေါင်းအပါတွေကို ရှာနိုင်မလား? "
ကျိုးချွမ်းက နှုတ်ခမ်းတွေကိုတင်းတင်းစေ့ပိတ်ထားသည်။
" ငါအစကတည်းကပြောတယ် မင်းကိုဆုရနိုင်တဲ့ အခွင့်အရေးမျိုးပေးနေတာ၊ ဘာကြောင့်လဲဆိုတော့ မင်းက အဲ့ဒီ့မီးရှို့သမားတွေနဲ့ ကွာခြားတယ်ဆိုတာသိလို့ပဲ၊ မင်းကငွေနည်းနည်းပါးပါး ရှာချင်ရုံပဲ၊ ဒါပေမယ့် မင်းက ဘယ်ဟာကောင်းလဲ၊ ဘယ်ဟာဆိုးလဲ မသိဘူး "
ကုံးရင့်ရှန် ရုတ်တရက် တင်းတင်းမာမာပြောလိုက်သည်။
" မော့ပြီး ငါ့ကိုကြည့်စမ်း! "
ကျိူချွမ်း တုံ့ခနဲခါးမတ်ထိုင်လိုက်ပြီး တင်စီးနေသော ကုံးရင့်ရှန်အား ကြောက်လန့်တကြားကြည့်လိုက်သည်။
" မင်းကားမီးရှို့ခဲ့တယ်၊ မင်းငွေပြတ်နေလည်း နှစ်နည်းနည်းလောက်နေရင် ပြန်ပေါ်လာမှာပဲ၊ မင်း မီးရဲ့ပြင်းအားကိုသိသင့်တယ် "
ကုံးရင့်ရှန် ရက်စက်စွာပြောလိုက်သည်။
" မင်းသူ့ကိုကာကွယ်ရင် မင်းကကြံရာပါပဲ၊ မင်းတစ်ဘဝလုံး ထောင်ထဲမှာပဲအချိန်ကုန်ရတော့မှာလည်း ဖြစ်နိုင်တယ် "
" အဲ့အမှုက ငါနဲ့ဘာဆိုင်လို့လဲ! "
ကျိုးချွမ်း စိတ်ဆိုးသည့်လေသံဖြင့်ပြောလာသည်။
" ငါအဲ့ရပ်ကွက်မှာ အစအဆုံး ရှိနေခဲ့တာလည်းမဟုတ်ဘူး၊ မင်းကရဲဖြစ်နေရင်တောင် လူတွေကို စွပ်စွဲလို့မရဘူးကွ! "
ကုံးရင့်ရှန် မျက်မှောင်ကြုတ်သွားပြီး၊ ရန်ရိက အံ့ဩမင်သက်သွားရသည်။
ရပ်ကွက်?
ကုံးရင့်ရှန် လူချင်းလဲပြီးမီးရှို့တဲ့အကြောင်း ပြောခဲ့တာက ကျိုးချွမ်းကို ခြောက်ရုံသက်သက်၊ သူတို့ Seraph ကိုထောက်လှမ်းနေတာ တကယ် လအတော်ကြာပြီ၊ သူတို့မှာ သက်သေတွေအများကြီးရှိတယ်လို့ ထင်ပြီး အခြားအသုံးဝင်တဲ့အချက်အလက်တွေရနိုင်လည်း ပိုကောင်းတာပဲဆိုပြီးလုပ်ခဲ့တာ။ ကျိုးချွမ်းက 'ရပ်ကွက်' ဆိုတာကို ထည့်ပြောလာမယ်လို့ မထင်ခဲ့ချေ။
လွန်ခဲ့တဲ့ သုံးလအတွင်း၊ ထျန်ချီမှာ တကယ်ပြင်းထန်တဲ့ မီးလောင်မှုတွေဖြစ်ခဲ့ရပြီး မီးရှို့မှုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဝမ်ရမ့်ရပ်ကွက်တစ်ခုတည်းပဲ! ဝမ်ရမ့်အဆောက်အအုံ မီးရှို့လုပ်ကြံမှုက Seraph နဲ့ပတ်သက်နေတာလား? !
ရန်ရိ သူ့မျက်နှာကို တစ်ဖက်လွှဲလိုက်ပြီး ကျိုးချွမ်း ပျော့ကွက်တွေ့သွားမှာ စိုးရိမ်သည်။ သူ့ဘောင်းဘီရှည်ထဲက လက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး နှလုံးကလည်း ပြင်းထန်စွာ ခုန်ပေါက်နေသည်။
ကုံးရင့်ရှန်ကတော့ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပုံမှန်အတိုင်း တည်ငြိမ်နေသည်။
" ဝမ်ရမ့်ရပ်ကွက် မီးရှို့သမားက တကယ်ပဲ မင်းနဲ့ဘာမှမဆိုင်ဘူးလား? "
" ငါနဲ့ဘာမှမဆိုင်ဘူး! "
" ဒါပေမယ့် ဘယ်သူလုပ်လဲဆိုတာ မင်းသိတယ် "
ကျိုးချွမ်း မျက်လုံးတွေကရဲပြီး ပြင်းထန်သောစိုးရိမ်မှုကြောင့် မျက်နှာက ရှုံ့တွနေသည်။
" မီးသတ်သမား အပါအဝင် လူခြောက်ယောက်တောင် သူသတ်ခဲ့တယ်! "
ကုံးရင့်ရှန် အေးစက်စွာပြောလိုက်သည်။
" လူသတ်သမားကို ကာကွယ်တာ ဘာပြစ်မှုလဲမင်းသိလား? "
" ငါကာကွယ်ပေးတာမဟုတ်ဘူး "
ကျိုးချွမ်း မျက်နှာကထူးဆန်းနေပြီး ဖြူစုတ်ပါးလျပ်နေတဲ့သူက အခုတစ်ခါပိုပြီးတော့ မကျန်းမမာဖြစ်လာသည်။
" သူတို့ဘာသာသူတို့ လူချင်းလဲပြီးမီးရှို့ဖို့ လူရှာတာ ငါနဲ့ဘာမှမဆိုင်ဘူး "
ရန်ရိ ကျိုးချွမ်းဆီကို ခြေလှမ်းသွားလိုက်သည်။
" ကျိုးချွမ်း ဝမ်ရမ့်အဆောက်အအုံကိုမီးရှို့တဲ့သူက မင်းကိုစာပို့တဲ့သူနဲ့ ဆက်စပ်နေတယ်ဆိုရင်၊ အခုက မင်းပြစ်ဒဏ်ကိုလျှော့ချဖို့ အခွင့်အရေးပဲ၊ မင်းငါ့ကိုမပြောရင် ငါတို့နောက်မှ ရှာတွေ့လိမ့်မယ်၊ အဲ့အခါ မင်းကအသုံးမဝင်ဖြစ်သွားပြီပဲ "
ကျိုးချွမ်းတုန်တက်သွားပြီး သူမျက်နှာသူ ကွယ်ထားရင်း တအီအီလုပ်နေသည်။
" ပြော! "
ရန်ရိ ဟိန်းဟောက်လိုက်သည်။
ကျိုးချွမ်းက ငိုယိုပြီးပြောလာ၏။
" မင်း မင်းတို့ငါ့ကို နှစ်နည်းနည်းလောက်ထောင်ချလို့ရတယ်၊ ငါဝန်ခံတာပဲ၊ ဒါပေမယ့် မင်းတို့မဟုတ်တာလျှောက်ပြောရင် ငါ ငါသေလိမ့်မယ် "
ကုံးရင့်ရှန် သူဒီနေ့ ဘာမှမေးလို့ရမှာမဟုတ်မှန်း သိလိုက်တာကြောင့် notebook ကို 'ဖက်' ခနဲပိတ်ပြီး ပြောလာသည်။
" မင်းဘာသာမင်းလုပ်ကြည့်လိုက် "
ပြောပြီးသည်နှင့် သူထရပ်ကာ လူနာဆောင်အပြင်ထွက်သွားသည်။ ရန်ရိ ကျိုးချွမ်းကို စူးစူးရဲရဲကြည့်လိုက်ပြီး သူ့နောက်လိုက်ထွက်သွားတော့သည်။
ကုံးရင့်ရှန် ဆေးရုံတံခါးအပြင်ဘက်ကို အသက်တစ်အောင့်စာအတွင်း ထွက်သွားပြီး သူ့ mask ကိုချွတ်ကာ လေကောင်းလေသန့် တစ်ဝကြီးရှူရှိုက်လိုက်သည်။
ရန်ရိ ကုံးရင့်ရှန်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ စကားပြောမည့်ဆဲဆဲမှာပဲ ကုံးရင့်ရှန်က လက်မြှောက်ကာ ဟန့်တားလိုက်ပြီး သူ့ mask တွေ လက်အိတ်တွေကို ချွတ်ကာ အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။
" အဆင်ပြေတယ်၊ ဟိုတစ်ခါ ဆေးရုံမှာကတည်းက ခံနိုင်ရည်ပိုကောင်းလာပြီ "
သူ ရန်ရိကို မျက်စောင်းထိုးကြည့်လာပြီး
"ခင်များကို 'ကျေးဇူး' တင်ရမှာပဲ "
ရန်ရိ သူ့စကားကိုကြားတော့ မျက်တောင်ခတ်လိုက်သည်။
" ရပါတယ် "
ကုံးရင့်ရှန် သူ့လက်အိတ်အသစ်တွေကို ဖြည်းဖြည်းချင်းဝတ်ရင်း မျက်မှောင်ကြုတ်သွားသည်။
" ကျိုးချွမ်း ကားမီးရှို့တဲ့သူကို တကယ်မသိတာဖြစ်နိုင်ပေမယ့် သူ့ကိုအချက်အလက်ပေးတဲ့သူကိုတော့ သိရမယ်၊ ဒါမှမဟုတ် အနည်းဆုံး အင်တာနက်မှာဖြစ်ဖြစ် အဆက်အသွယ်ရှိလောက်တယ် "
" မင်းတကယ်ပဲ လူလဲပြီးမီးရှို့တဲ့ကိစ္စကို ပြောလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး၊ တကယ့်ပွပေါက်မိသွားတာပဲ၊ ကားမီးရှို့တဲ့အမှုနဲ့ ဝမ်ရမ့်အဆောက်အအုံအမှုက ဆက်စပ်မှုရှိနိုင်လား? "
" အတော်ဖြစ်နိုင်ချေရှိတယ် "
ကုံးရင့်ရှန် ကျိုးချွမ်းတုံ့ပြန်တဲ့အမူအရာတွေကို မှတ်မိနေသေးသည်။
" သူနောက်ဆုံးပြောတဲ့ စကားတွေက တကယ်စိတ်ဝင်စားဖို့ ကောင်းတယ်၊ Dark web က china မှာ ကျွန်တော်တို့ထင်တာထက်ပိုပြီး အမြစ်တွယ်နေတာပဲ၊ ကျွန်တော် အစက ခန့်မှန်းခဲ့တာနဲ့ မတူဘူး "
" ငါလည်း ဒီနိုင်ငံခြားဝက်ဘ်ဆိုက်ရဲ့ အဓိက ကူးလူးဆက်ဆံရေးကို ဒီလောက်ကျယ်ပြန့်မယ် မထင်ထားဘူး၊ ကျိုးချွမ်းက ဒဏ်ခတ်ခံရမှာကို အရမ်းကြောက်နေတာပဲ၊ ထုတ်ပြောမယ့်အစား ထောင်ထဲပဲဝင်လိုက်ချင်ပုံရတယ်၊ တရုတ်မှာ သူ့ကိုကြောက်အောင်လုပ်နေတဲ့ လူတွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေရှိမှန်း သိသာတယ်၊ ပြီးတော့ သူက ငါတို့စိတ်ကူးလို့ရတာထက် အများကြီးပိုသိတာပဲ "
" တကယ်လို့၊ ခပ်ရှင်းရှင်းသုံးသပ်ကြည့်ရအောင် "
ကုံးရင့်ရှန် တွေးကြည့်လိုက်သည်။
" ဝမ်ရမ့်အဆောက်အအုံအမှုက ကားမီးလောင်မှုနဲ့ ပတ်သက်နေတယ်ဆို ဝမ်ရမ့်အဆောက်အအုံ အခန်း ၂၂၀၉ နဲ့ ကားနဲ့က သူတို့ လူချင်းလဲပြီးမီးရှို့တာရဲ့ ပစ်မှတ်တွေ ဖြစ်နိုင်တယ် "
ရန်ရိ အသားအရောင် သွေးစုတ်သွားသည်။ ဒီဖြစ်နိုင်ချေက သူ့ခေါင်းထဲထိုးတက်လာပြီး သူ့ကိုကြက်သီးမွေးညင်းများ ထောင်ထသွားစေကာ နှာဖူးပြင်မှ ချွေးစီးများထွက်လာသည်။
" ဒါကပြဿနာဆိုရင် ဝမ်ရမ့်အဆောက်အအုံက သံသယတရားခံတွေရဲ့ အလီဘိုင်ကလည်း အသုံးမဝင်တော့ဘူး "
[ T/n : အရင်ကပြောခဲ့သလိုပဲ လူချင်းလဲပြီး လုပ်ကြံကြတာဆိုတော့ ကိုယ်တိုင်သွားမလုပ်တဲ့အတွက် အလီဘိုင်ကောင်းကောင်းရှိနေပါတယ် အမှုလိုက်ဖို့ခက်နေတာ အဲ့တာကြောင့်! ]
ကုံးရင့်ရှန် သူ့ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းတစ်ကောခေါ်လိုက်သည်။
" ဟေး ယန်ကျဲ၊ ကျွန်တော့်အသစ်ရထားတာတွေရှိတယ်၊ ကျွန်တော့်အတွက် စစ်ပေးနိုင်မလား?...."
ရန်ရိ ဘေးတစ်ဖက်မှာရပ်ရင်း ကုံးရင့်ရှန် အမှုကိစ္စစစ်ဖို့ ချိုးယန်ဆီ ဖုန်းခေါ်တာကို ကြည့်နေသည်။ သူခုနက သုံးသပ်ချက်ထဲမှာပဲ နစ်မြုပ်နေပြီး အပြည့်အဝ ပြန်မကောင်းလာသေးပေ။
ကောင်းဖို့အတွက် ဖြစ်တည်လာရတဲ့ ပုံမှန်လူတစ်ယောက်အနေနဲ့ တစ်ကြိမ်ပြီးတစ်ကြိမ် နီးလာတဲ့ကန့်သတ်ချက်ကို ပြန်ဆန်းသစ်ပြီး တူညီတဲ့နတ်ဆိုးဆီက ခဏခဏ လွတ်မြောက်လာရသည်။
ကုံးရင့်ရှန် ဖုန်းပြောပြီးတော့ ရန်ရိဆီ ပြန်လာသည်။
" ခင်များ အသားအရောင် အရမ်းကောင်းမနေဘူး "
ရန်ရိ သက်ပြင်းချလိုက်သည်။
" ကားကိုမီးရှို့လိုက်တဲ့ အနက်ရောင်နဲ့လူက 2209 ရဲ့ အိမ်နီးချင်းဖြစ်လောက်တယ် "
" အင်း၊ ဒါကြောင့် ဘာလို့သူအဲ့လိုဟာမျိုးကို ပထမဆုံးလုပ်ဖူးတဲ့ပုံပေါ်ပြီး ဘာလို့ live လွှင့်လို့ရတဲ့ငွေတွေကို စိတ်မဝင်စားတာလဲဆိုတာ ဖြေရှင်းနိုင်သွားတာပေါ့၊ ပုံစံကိုက်ညီတဲ့ သံသယတရားခံတွေကို ဌာနခွဲဆီထပ်ခေါ်စစ်ဖို့ ယန်ကျဲကို ပြောထားတယ်၊ သူတို့သာ တစ်ခါမှပြစ်မှုမကျူးလွန်ဖူးတဲ့ သာမန်လူဆိုရင် ငြင်းဆန်နေနိုင်မှာမဟုတ်တော့ဘူး "
" တကယ်ပဲ....."
ရန်ရိ တွန့်ဆုတ်နေသည်။
" ဖမ်းမယ်လို့ ခြိမ်းခြောက်ခံရတော့ သူကိုယ်တိုင် ကားကိုမီးရှို့၊ အခြေအနေ ပရမ်းပတာဖြစ်အောင်လုပ်ပြီး ထွက်ပြေးခဲ့တယ်၊ ဒီလို တည်ငြိမ်တာ၊ ခံစားချက်မရှိတာ၊ ရူးမိုက်တာမျိုးက သာမန်လူတွေလုပ်နိုင်တာမျိုး မဟုတ်ဘူး "
ကုံးရင့်ရှန် ခဏလောက်စဉ်းစားလိုက်ပြီး
" ခင်များပြောတာမှန်တယ်၊ သီအိုရီအရဆို သူအဲ့လိုလုပ်စရာမလိုဘူး၊ သူကကားကို ဓာတ်ဆီလောင်းရုံပဲလေ၊ ကြိုးစားအားထုတ်မှုပဲ၊ ရှေ့နေ့ကောင်းကောင်းရှာလိုက်တာနဲ့ ထောင်ထဲသွားရတော့မှာမဟုတ်ဘူး၊ ဒါပေမယ့် သူကြံမိကြံရာကြံလိုက်ပြီး လွတ်မြောက်ချင်နေတယ်၊ အဲ့တာက သူအဖမ်းခံရဖို့ အရမ်းကြောက်တယ်ဆိုတာကို ပြတယ်၊ ပြီးတော့ အဖမ်းခံရပြီးနောက် အကျိုးရလဒ်ကလည်း သူ့ပြစ်မှုအတွက် ထိုက်တန်နေတယ် "
" ဒီအတိုင်းဆို သူကဝမ်ရမ့်အဆောက်အအုံကိစ္စနဲ့ ဆက်နွယ်နေတာ ပိုပြီးဖြစ်နိုင်သွားပြီ "
" ဘယ်သူပဲဖြစ်ဖြစ်၊ ကျွန်တော် အဲ့လူကို ကျိန်းသေပေါက် ဖမ်းမှာပဲ "
ကုံးရင့်ရှန် ရန်ရိမျက်လုံးတွေကို ကြည့်လိုက်သည်။
" မကြောက်ပါနဲ့၊ စိုးလည်းစိုးရိမ်မနေနဲ့၊ ကျွန်တော် မြောင်းထဲမှာပုန်းနေတဲ့ တိရစ္ဆာန်တွေအားလုံးကို ဖမ်းမယ် "
ရန်ရိ ပြုံးကာပြောလိုက်သည်။
" ငါမကြောက်ပါဘူး၊ စိုးလည်းမစိုးရိမ်ဘူး၊ ငါမင်းကိုယုံတယ် "
ကုံးရင့်ရှန် နှလုံးသားလှုပ်ခါသွားရာ ခေါင်းငုံ့ပြီး ထိန်းချုပ်လိုက်ရင်း သူ့နာရီကိုကြည့်လိုက်သည်။
" သွားရအောင်၊ ကျွန်တော်ဌာနခွဲဆီပြန်ရင်း ခင်များကို စခန်းပြန်ပို့ပေးခဲ့မယ် "
" OK "
နှစ်ယောက်သား လမ်းမှာ အမှုအကြောင်း ဆက်ပြောသွားကြသည်။ သူတို့ ပိုပြီးခွဲခြမ်းစိတ်ဖြာကြည့်လေလေ အမှုနှစ်ခုက ဆက်နွယ်နေတယ်လို့ ပိုပြီးခံစားရလေလေပဲ။ ရဲတွေက တကယ်တမ်း သူတို့လက်ထဲမှာ အရေးကြီးအချက်အလက်တွေ အများကြီးရှိနေပေမယ့် ကျိုးကြောင်းဆီလျော်တဲ့ ကွာဟချက်တွေလည်း အများကြီးရှိသေးသည်။ ကြည့်ရတာ မျဉ်းတစ်ကြောင်းပဲ လိုတော့တဲ့ပုံပင်။ သဲလွန်စတွေသာ အစဉ်အတိုင်းဆက်သွားရင် အမှန်တရားပေါ်လာနိုင်မည်။
စခန်းရောက်တော့ ရန်ရိ မြောင်မြောင့်အိမ်လေးကိုယူကာ ကားထဲကထွက်လိုက်ပြီး ကုံးရင့်ရှန်ကို နက်နဲသောအကြည့်တစ်ချက်ပေးလိုက်သည်။
" bye "
ကုံးရင့်ရှန် ခေါင်းညိတ်ပြသည်။
ရန်ရိ ခြေနှစ်လှမ်းလောက်လှမ်းလိုက်ပြီး ပြန်လှည့်လာ၏။
ကုံးရင့်ရှန် မှန်ချပေးလိုက်သည်။
ရန်ရိပြုံးကာ ပြောလိုက်သည်။
" နောက်စနေနေ့ညနေကျရင် ဒေါက်တာကုံးလာလည်တာ မျှော်နေမယ် "
ကုံးရင့်ရှန် နှုတ်ခမ်းများကို တွန့်ကွေးပြီး ပြုံးပြလိုက်သည်။
ရန်ရိသီချင်းလေးညည်းရင်း စခန်းဆီပြန်သွား၏။
သူ မြောင်မြောင့်လှောင်အိမ်ကိုချကာ အော်လိုက်သည်။
" ငါပြန်လာပြီလေ ကလေးတွေအောက်ဆင်းပြီး လာမတွေ့တော့ဘူးလားကွ "
တင်းချင်က ဒုတိယထပ်လှေကားလက်တန်းကနေ ခေါင်းပြူထွက်လာပြီး နောက်သည်။
" ခေါင်းဆောင်က သီချင်းဖွင့်ပြီး ပန်းတွေကြဲပေးစေချင်လို့လား? "
" မင်းဘဝလမ်းခရီးလျှောက်ဖို့ ငါသတို့သမီးရှာပေးမယ် "
ကောင်းကယ်လည်း ခေါင်းထွက်ပြလာသည်။
ရန်ရိ လှောင်အိမ်ဘေးကို ခပ်ဖွဖွကန်လိုက်ပြီး
" ငါ့သက်ဆုံးတိုင် စောင့်ရှောက်သွားဖို့ တစ်စုံတစ်ယောက်ရှိနေပြီဖြစ်ကြောင်း တရားဝင်ကြေညာအပ်ပါတယ်၊ ဒါကတော့....."
ရုတ်တရက် သတိပေးခေါင်းလောင်း မြည်လာခဲ့၏။
စခန်းနေရာပေါင်းစုံက တပ်သားအားလုံး ကားဂိုဒေါင်မှာလာစုကြပြီး ရန်ရိ ပြေးသွားလိုက်သည်။
ဂျူတီကျတပ်သားက အမှုဖြတ်ပိုင်းကမ်းပေးလာသည်။
" ခေါင်းဆောင်၊ ဖောပေါ်လမ်းက ဓာတုပစ္စည်းသယ်/ပို့ယာဉ် ကားအက်စီးဒန့်ဖြစ်တာပါ၊ ဒါကတော့ ယိုစိမ့်မှုအန္တရာယ်တွေ "
"အဓိကစခန်းက လျှိုပင်းကို သတင်းပေးပြီးပြီလား? "
" ကျွန်တော် သတင်းရပါတယ်၊လမ်းမှာလာနေပြီ၊ ဒါပေမယ့် ယာဉ်ကြောအရမ်းကြပ်နေလို့ နာရီဝက်လောက်အထိ ရောက်နိုင်မှာမဟုတ်ဘူး "
" အရင်သွားပြီး သူတို့ကို အမြန်လုပ်ဖို့လောကြည့်တာပေါ့ "
သူတို့မီးသတ်ဌာနမှာ အန္တရာယ်ရှိဓာတုပစ္စည်းတွေကို အထူးပြုထားတဲ့တပ်ဖွဲ့ရှိသည်၊ သို့ပေမယ့် ကျွမ်းကျင်တပ်ဖွဲ့အရေအတွက်ကတော့ အကန့်အသတ်ဖြင့်သာရှိ၏။ အနီးဆုံးတပ်ဖွဲ့က ၉ ကီလိုမီတာအဝေးမှာဖြစ်သည်။ ဖီးနစ်စခန်းမှာ အန္တရာယ်ရှိဓာတုပစ္စည်းတွေကို ကိုင်တွယ်ဖို့အတွက် ဓာတုဗေဒကာကွယ်ရေးဝတ်စုံ ကဲ့သို့သော သာမန်ကိရိယာများသာရှိသည်။
ရန်ရိ မီးသတ်ကားထဲဝင်လိုက်ပြီး ရုတ်တရက် တစ်ခုခုကိုသတိရသွားကာ သူ့ဖုန်းကိုထုတ်ပြီး ကုံးရင့်ရှန်ကို ခေါ်လိုက်သည်။
" ဟေး? "
ရန်ရိ အမြန်ပဲမေးလိုက်သည်။
" ဒေါက်တာကုံး မင်း ဘယ်လောက်ဝေးဝေးရောက်သွားပြီလဲ? "
" မဝေးသေးဘူး ဘာကိစ္စပေါ်လို့လဲ? "
" ဖောပေါ်လမ်းမှာ ဓာတုပစ္စည်းသယ်ပို့ယာဉ် မတော်တဆမှုဖြစ်လို့၊ ကားသမားက ဒဏ်ရာရပြီး သတိလစ်နေတယ်၊ အဲ့တာဘာမှန်း ရဲတွေမခွဲခြားနိုင်ဘူး၊ ငါတို့လည်းဘာမှန်းမသိတာနဲ့၊ မင်းလာနိုင်....."
" အခုလာခဲ့မယ် "
" ဖောပေါ်လမ်းနဲ့ နန်းရှန်လမ်းကြား၊ မင်းလာရင် တွေ့လိမ့်မယ် "
" အိုကေ "
ကုံးရင့်ရှန် ပြောလာသည်။
" ရန်ရိ ကျွန်တော်မရောက်မချင်း မနားကပ်မသွားနဲ့ "
ရန်ရိ ပြောလိုက်သည်။
" မစိုးရိမ်နဲ့၊ ငါတို့မှာ ကိုင်တွယ်နိုင်စွမ်းရှိပါတယ် "
" ကျွန်တော် အတည်ပြောနေတာ၊ ပေကျင်းဆင်ခြေဖုံးက စက်ရုံအမျိုးအစားတွေအကြောင်း ကျွန်တော်ကြားဖူးနားဝရှိတယ်၊ ဆက်လည်ပတ်နိုင်သေးတဲ့ စက်ရုံတွေမှာသုံးတဲ့ ဓာတုပစ္စည်းတွေ၊အများဆုံးသုံးတတ်တဲ့ ဓာတုပစ္စည်းတွေအားလုံး ခြွင်းချက်မရှိ ပေါက်ကွဲတတ်တယ် "
ကုံးရင့်ရှန်က အေးဆေးတည်ငြိမ်သော လေသံဖြင့်ပြောလာသည်။
" ကျွန်တော်မရောက်ခင် လူအုပ်ကိုရှင်းပြီး ဝေးဝေးမှာနေပါ၊ ကျွန်တော့်ကိုကတိပေး "
ရန်ရိ တုံ့ဆိုင်းသွားပြီး
" ကောင်းပြီ "
==========
See ya!
==========
{ Zawgyi }
ကုံးရင့္႐ွန္ ေျပာလိုက္သည္။
" ငါ့ေမးခြန္းေတြ ထပ္ေျဖ "
က်ိဳးခြၽမ္းက တီးတိုးေျပာလာသည္။
" ကြၽန္ေတာ္ ကားမီး႐ိႈ႕တဲ့သူကိုေရာ၊ ကားပိုင္႐ွင္ကိုေရာ မသိဘူး "
"မင္း ကားမီး႐ိႈ႕ဖို႔ကိစၥကိုဘယ္လို သေဘာတူလိုက္တာလဲ? အဲ့အေၾကာင္း အစအဆုံးေျပာရေအာင္ "
" ဒီတိုင္း.... Seraph မွာပဲ။ လူတစ္ေယာက္က ကားမီး႐ိႈ႕ဖို႔ အခ်ိန္နဲ႔ေနရာကိုပို႔စ္တင္လိုက္တယ္၊ ကြၽန္ေတာ္ ကံစမ္းၾကည့္လိုက္တာ...."
" ခ်ီး! "
ရန္ရိ ဆဲေရးလိုက္သည္။
က်ိဳးခြၽမ္းက လက္ေတြကို သူ႕မ်က္ႏွာေ႐ွ႕မွာ သတိလက္လြတ္ ပိတ္ကာလိုက္ၿပီး၊ ေနာက္တြန္႔သြားကာ တကယ္ကို ေၾကာက္လန္႔ေနသည္။
ကုံးရင့္႐ွန္ က်ိဳးခြၽမ္းကို ေအးေအးစက္စက္ၾကည့္လိုက္ၿပီး
" ဖိုရမ္ထဲက ပို႔စ္အားလုံးက သူတို႔ကိုယ္ပိုင္အခ်က္အလက္ေတြကို ဖုံးကြယ္ထားဖို႔ပဲ၊ ဘယ္သူမွ ျပစ္မႈအခ်ိန္နဲ႔ ေနရာကို ႐ူးႏွမ္းၿပီးေရးျပထားဖို႔မျဖစ္ႏိုင္ဘူး၊ ၾကည့္ရတာ မင္းငါခုနကေျပာတာကို နားမေထာင္ဘူးပဲ "
က်ိဳးခြၽမ္း တုန္တက္သြားသည္။
" လူတစ္ေယာက္ ကြၽန္ေတာ့္ကို သီးသန္႔စာ လာပို႔တာ.... "
" အဲ့ စာဘယ္မွာလဲ၊ ဘယ္သူပို႔တာလဲ၊ ဘာအေၾကာင္းအရာလဲ? "
" ကြၽန္ေတာ္ ဖတ္ၿပီးေတာ့ ဖ်က္လိုက္တယ္၊ အဲ့တာက အခ်ိန္နဲ႔ေနရာပဲ၊ ပို႔စ္နဲ႔ သီးသန္႔စာေတြက အမည္မသိႏိုင္ဘူး "
က်ိဳးခြၽမ္း အသံကိုပိုတိုးၿပီး ေျပာလာသည္။
ကုံးရင့္႐ွန္ မ်က္လုံးေမွးၾကည့္လိုက္ၿပီး
" မင္း 'မသိတဲ့' သူကို ကယ္ခ်င္တာေသခ်ာလား? ငါတို႔ သူကို႔ဖမ္းမရရင္ မင္းပဲအားလုံးတာဝန္ယူရမယ္ "
က်ိဳးခြၽမ္း ကုံးရင့္႐ွန္ကို ေခ်ာင္းၾကည့္လိုက္ၿပီး
" ကြၽန္ေတာ္၊ ကြၽန္ေတာ္မလုပ္ဘူး၊ ဒီတိုင္း ဒီတိုင္း မွတ္တမ္းတင္႐ုံပဲ "
ကုံးရင့္႐ွန္မေျပာနဲ႔၊ ရန္ရိေတာင္ အခု က်ိဳးခြၽမ္းကို လည္ပင္းညႇစ္သတ္ခ်င္လာသည္။
ကုံးရင့္႐ွန္မ်က္ႏွာ ပိုၿပီးမည္းေမွာင္လာတာကိုျမင္ၿပီး က်ိဳးခြၽမ္းကအထိတ္အလန္႔ ေျပာလာသည္။
" အရာ႐ွိကုံး၊ ကြၽန္ေတာ္လည္း ပူးေပါင္းေပးခ်င္ပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တကယ္မသိဘူး တကယ္ပါ! အဲ့လူက အသက္သုံးဆယ္ဝန္းက်င္၊ ခႏၶာကိုယ္အခ်ိဳးအစား အလယ္အလတ္၊ သိသိသာသာ ေလသံကြဲေနတာမ်ိဳးမ႐ွိဘူး၊ ကြၽန္ေတာ္ဒါပဲသိတယ္ "
ကုံးရင့္႐ွန္ က်ိဳးခြၽမ္းကို တစ္ခဏမွ်စူးစိုက္ၾကည့္ေနၿပီး ေနာက္႐ုတ္တရက္ေျပာလိုက္သည္။
" ကားမီး႐ိႈ႕တဲ့သူနဲ႔ မင္းကိုလာေျပာတဲ့သူက လူတစ္ေယာက္တည္းလား? "
" မဟုတ္ဘူး "
က်ိဳးခြၽမ္း ခပ္သြက္သြက္ေျပာလာၿပီး ေနာက္ေတာ့ ခ်က္ခ်င္း သူ႕စကားလုံးကို ျပန္ေျပာင္းေျပာလိုက္သည္။
" ကြၽန္ေတာ္မသိဘူး "
ရန္ရိစိတ္ထဲက ႀကိတ္ေအာ္လိုက္သည္။ ကုံးရင့္႐ွန္က က်ိဳးခြၽမ္းစကားထဲက ဟာကြက္ကို ႐ွာလိုက္၏။
ကုံးရင့္႐ွန္က ေလွာင့္ေထျပဳံးၿပီး
" အဲ့ေတာ့ မင္း သူတို႔ကတစ္ေယာက္တည္းမဟုတ္မွန္း သိတာေပါ့၊ မင္းဝန္မခံခ်င္တာက ကားမီး႐ိႈ႕တဲ့သူမဟုတ္ဘူး၊ ဒါေပမယ့္ မင္းကိုသတင္းေပးတဲ့သူပဲ "
က်ိဳးခြၽမ္းမ်က္ႏွာ ျဖဴေလ်ာ္လာၿပီး ေခါင္းခါယမ္းျပသည္။
" ကြၽန္ေတာ္ မသိဘူး "
ကုံးရင့္႐ွန္ ေမးလိုက္သည္။
" ဘာလို႔လဲ? အဲ့လူ ဘယ္သူလဲ? မင္းတို႔ဘာပတ္သက္လဲ? "
" ကြၽန္ေတာ္ တကယ္မသိဘူး "
က်ိဳးခြၽမ္း ေခါင္းငုံ႔သြားၿပီး
" ကြၽန္ေတာ္က အမည္မသိပဲ၊ ကြၽန္ေတာ္ သူ႕ကိုလည္းမသိသလို၊ မီး႐ိႈ႕တဲ့သူကိုလည္း မသိဘူး "
ကုံးရင့္႐ွန္ notebook ကို ခိုင္ခိုင္ခံ့ခံ့လုပ္ထားသည္ဟု ထင္ရေသာ ေဘာပင္နဲ႔ ေခါက္လိုက္ၿပီး၊ ျဖည္းျဖည္းခ်င္းဆိုလာသည္။
" က်ိဳးခြၽမ္း၊ မင္းက 211 တကၠသိုလ္က ဘြဲ႕ရထားတာ၊ မင္းဘာလို႔ဒီအဆင့္ထိ ေရာက္သြားလဲ ငါမသိေပမယ့္ မင္းက ေတြးေခၚႏိုင္စြမ္းေကာင္းတဲ့ သူတစ္ေယာက္ပဲ၊ မင္းေရာ အဲ့လိုမထင္ဘူးလား? ငါတို႔မင္းကို ဘာလို႔ဖမ္းရမွာလဲ? "
က်ိဳးခြၽမ္း ပခုံးက်ံဳ႕သြားသည္။
" မင္းမီးေလာင္တဲ့ေနရာကိုခိုးဝင္ၿပီး အခင္းေနရာကိုမွတ္တမ္းတင္တာက ၄၈ နာရီေလာက္ထိန္းသိမ္းၿပီး ဒဏ္ေၾကးေငြယြမ္ ၂၀၀ ေလာက္နဲ႔ ၿပီးသြားဖို႔ ငါတို႔ရဲေတြ မင္းကိုဖမ္းဖို႔အခ်ိန္ျဖဳန္းခဲ့ရတာ တန္တယ္ထင္လား? "
ကုံးရင့္႐ွန္ရဲ႕ ေက်ာက္သားလိုျဖဴစင္ေသာ မ်က္ႏွာက အလုံးစုံမည္းေမွာင္ေနသည္။
" မင္းကိုအမွန္အတိုင္းေျပာရရင္ ငါတို႔ရဲေတြ Seraph ကိုစုံစမ္းဖို႔ အဖြဲ႕ဖြဲ႕ထားတာ လအေတာ္ၾကာၿပီ၊ လြန္ခဲ့တဲ့သုံးလက လူတစ္ေယာက္ ဖိုရမ္ထဲကို ထ်န္ခ်ီမွာ လူခ်င္းလဲၿပီးမီး႐ိႈ႕ဖို႔ကိစၥကို ပို႔စ္တင္လာတယ္၊ အျခားမီး႐ိႈ႕မႈနဲ႔ ဆက္စပ္တဲ့ကိစၥပဲ "
က်ိဳးခြၽမ္း တစ္ကိုယ္လုံးတုန္ယင္ေနၿပီး လက္ေခ်ာင္းေတြကို လိမ္ခ်ိဳးေနသည္။ သူ႕အမူအရာကို ျပင္းျပင္းထန္ထန္ ခ်ိဳးႏွိမ္ေနသည့္အလား။
ကုံးရင့္႐ွန္နဲ႔ ရန္ရိ ႏွစ္ဦးသား ေအာင္ျမင္ၿပီဆိုတဲ့ အၾကည့္မ်ိဳးဖလွယ္လိုက္ၾကၿပီး က်ိဳးခြၽမ္းလည္း ငါးစာကိုလွမ္းကိုက္လာေခ်ၿပီ။
" ငါတို႔ အျခားသံသယ႐ွိသူေတြကိုလည္း အတည္ျပဳၿပီးၿပီ၊ ငါတို႔ဆက္ၿပီး စုံစမ္းရင္ မင္းအေပါင္းအပါေတြကို ႐ွာႏိုင္မလား? "
က်ိဳးခြၽမ္းက ႏႈတ္ခမ္းေတြကိုတင္းတင္းေစ့ပိတ္ထားသည္။
" ငါအစကတည္းကေျပာတယ္ မင္းကိုဆုရႏိုင္တဲ့ အခြင့္အေရးမ်ိဳးေပးေနတာ၊ ဘာေၾကာင့္လဲဆိုေတာ့ မင္းက အဲ့ဒီ့မီး႐ိႈ႕သမားေတြနဲ႔ ကြာျခားတယ္ဆိုတာသိလို႔ပဲ၊ မင္းကေငြနည္းနည္းပါးပါး ႐ွာခ်င္႐ုံပဲ၊ ဒါေပမယ့္ မင္းက ဘယ္ဟာေကာင္းလဲ၊ ဘယ္ဟာဆိုးလဲ မသိဘူး "
ကုံးရင့္႐ွန္ ႐ုတ္တရက္ တင္းတင္းမာမာေျပာလိုက္သည္။
" ေမာ့ၿပီး ငါ့ကိုၾကည့္စမ္း! "
က်ိဴခြၽမ္း တုံ႔ခနဲခါးမတ္ထိုင္လိုက္ၿပီး တင္စီးေနေသာ ကုံးရင့္႐ွန္အား ေၾကာက္လန္႔တၾကားၾကည့္လိုက္သည္။
" မင္းကားမီး႐ိႈ႕ခဲ့တယ္၊ မင္းေငြျပတ္ေနလည္း ႏွစ္နည္းနည္းေလာက္ေနရင္ ျပန္ေပၚလာမွာပဲ၊ မင္း မီးရဲ႕ျပင္းအားကိုသိသင့္တယ္ "
ကုံးရင့္႐ွန္ ရက္စက္စြာေျပာလိုက္သည္။
" မင္းသူ႕ကိုကာကြယ္ရင္ မင္းကၾကံရာပါပဲ၊ မင္းတစ္ဘဝလုံး ေထာင္ထဲမွာပဲအခ်ိန္ကုန္ရေတာ့မွာလည္း ျဖစ္ႏိုင္တယ္ "
" အဲ့အမႈက ငါနဲ႔ဘာဆိုင္လို႔လဲ! "
က်ိဳးခြၽမ္း စိတ္ဆိုးသည့္ေလသံျဖင့္ေျပာလာသည္။
" ငါအဲ့ရပ္ကြက္မွာ အစအဆုံး ႐ွိေနခဲ့တာလည္းမဟုတ္ဘူး၊ မင္းကရဲျဖစ္ေနရင္ေတာင္ လူေတြကို စြပ္စြဲလို႔မရဘူးကြ! "
ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္သြားၿပီး၊ ရန္ရိက အံ့ဩမင္သက္သြားရသည္။
ရပ္ကြက္?
ကုံးရင့္႐ွန္ လူခ်င္းလဲၿပီးမီး႐ိႈ႕တဲ့အေၾကာင္း ေျပာခဲ့တာက က်ိဳးခြၽမ္းကို ေျခာက္႐ုံသက္သက္၊ သူတို႔ Seraph ကိုေထာက္လွမ္းေနတာ တကယ္ လအေတာ္ၾကာၿပီ၊ သူတို႔မွာ သက္ေသေတြအမ်ားႀကီး႐ွိတယ္လို႔ ထင္ၿပီး အျခားအသုံးဝင္တဲ့အခ်က္အလက္ေတြရႏိုင္လည္း ပိုေကာင္းတာပဲဆိုၿပီးလုပ္ခဲ့တာ။ က်ိဳးခြၽမ္းက 'ရပ္ကြက္' ဆိုတာကို ထည့္ေျပာလာမယ္လို႔ မထင္ခဲ့ေခ်။
လြန္ခဲ့တဲ့ သုံးလအတြင္း၊ ထ်န္ခ်ီမွာ တကယ္ျပင္းထန္တဲ့ မီးေလာင္မႈေတြျဖစ္ခဲ့ရၿပီး မီး႐ိႈ႕မႈျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့သည္။ ဝမ္ရမ့္ရပ္ကြက္တစ္ခုတည္းပဲ! ဝမ္ရမ့္အေဆာက္အအုံ မီး႐ိႈ႕လုပ္ၾကံမႈက Seraph နဲ႔ပတ္သက္ေနတာလား? !
ရန္ရိ သူ႕မ်က္ႏွာကို တစ္ဖက္လႊဲလိုက္ၿပီး က်ိဳးခြၽမ္း ေပ်ာ့ကြက္ေတြ႕သြားမွာ စိုးရိမ္သည္။ သူ႕ေဘာင္းဘီ႐ွည္ထဲက လက္ေတြကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိၿပီး ႏွလုံးကလည္း ျပင္းထန္စြာ ခုန္ေပါက္ေနသည္။
ကုံးရင့္႐ွန္ကေတာ့ အသက္ျပင္းျပင္း႐ွဴသြင္းလိုက္ၿပီး ပုံမွန္အတိုင္း တည္ၿငိမ္ေနသည္။
" ဝမ္ရမ့္ရပ္ကြက္ မီး႐ိႈ႕သမားက တကယ္ပဲ မင္းနဲ႔ဘာမွမဆိုင္ဘူးလား? "
" ငါနဲ႔ဘာမွမဆိုင္ဘူး! "
" ဒါေပမယ့္ ဘယ္သူလုပ္လဲဆိုတာ မင္းသိတယ္ "
က်ိဳးခြၽမ္း မ်က္လုံးေတြကရဲၿပီး ျပင္းထန္ေသာစိုးရိမ္မႈေၾကာင့္ မ်က္ႏွာက ႐ႈံ႕တြေနသည္။
" မီးသတ္သမား အပါအဝင္ လူေျခာက္ေယာက္ေတာင္ သူသတ္ခဲ့တယ္! "
ကုံးရင့္႐ွန္ ေအးစက္စြာေျပာလိုက္သည္။
" လူသတ္သမားကို ကာကြယ္တာ ဘာျပစ္မႈလဲမင္းသိလား? "
" ငါကာကြယ္ေပးတာမဟုတ္ဘူး "
က်ိဳးခြၽမ္း မ်က္ႏွာကထူးဆန္းေနၿပီး ျဖဴစုတ္ပါးလ်ပ္ေနတဲ့သူက အခုတစ္ခါပိုၿပီးေတာ့ မက်န္းမမာျဖစ္လာသည္။
" သူတို႔ဘာသာသူတို႔ လူခ်င္းလဲၿပီးမီး႐ိႈ႕ဖို႔ လူ႐ွာတာ ငါနဲ႔ဘာမွမဆိုင္ဘူး "
ရန္ရိ က်ိဳးခြၽမ္းဆီကို ေျခလွမ္းသြားလိုက္သည္။
" က်ိဳးခြၽမ္း ဝမ္ရမ့္အေဆာက္အအုံကိုမီး႐ိႈ႕တဲ့သူက မင္းကိုစာပို႔တဲ့သူနဲ႔ ဆက္စပ္ေနတယ္ဆိုရင္၊ အခုက မင္းျပစ္ဒဏ္ကိုေလွ်ာ့ခ်ဖို႔ အခြင့္အေရးပဲ၊ မင္းငါ့ကိုမေျပာရင္ ငါတို႔ေနာက္မွ ႐ွာေတြ႕လိမ့္မယ္၊ အဲ့အခါ မင္းကအသုံးမဝင္ျဖစ္သြားၿပီပဲ "
က်ိဳးခြၽမ္းတုန္တက္သြားၿပီး သူမ်က္ႏွာသူ ကြယ္ထားရင္း တအီအီလုပ္ေနသည္။
" ေျပာ! "
ရန္ရိ ဟိန္းေဟာက္လိုက္သည္။
က်ိဳးခြၽမ္းက ငိုယိုၿပီးေျပာလာ၏။
" မင္း မင္းတို႔ငါ့ကို ႏွစ္နည္းနည္းေလာက္ေထာင္ခ်လို႔ရတယ္၊ ငါဝန္ခံတာပဲ၊ ဒါေပမယ့္ မင္းတို႔မဟုတ္တာေလွ်ာက္ေျပာရင္ ငါ ငါေသလိမ့္မယ္ "
ကုံးရင့္႐ွန္ သူဒီေန႔ ဘာမွေမးလို႔ရမွာမဟုတ္မွန္း သိလိုက္တာေၾကာင့္ notebook ကို 'ဖက္' ခနဲပိတ္ၿပီး ေျပာလာသည္။
" မင္းဘာသာမင္းလုပ္ၾကည့္လိုက္ "
ေျပာၿပီးသည္ႏွင့္ သူထရပ္ကာ လူနာေဆာင္အျပင္ထြက္သြားသည္။ ရန္ရိ က်ိဳးခြၽမ္းကို စူးစူးရဲရဲၾကည့္လိုက္ၿပီး သူ႕ေနာက္လိုက္ထြက္သြားေတာ့သည္။
ကုံးရင့္႐ွန္ ေဆး႐ုံတံခါးအျပင္ဘက္ကို အသက္တစ္ေအာင့္စာအတြင္း ထြက္သြားၿပီး သူ႕ mask ကိုခြၽတ္ကာ ေလေကာင္းေလသန္႔ တစ္ဝႀကီး႐ွဴ႐ိႈက္လိုက္သည္။
ရန္ရိ ကုံးရင့္႐ွန္ကို စိုးရိမ္တႀကီးၾကည့္လိုက္သည္။ စကားေျပာမည့္ဆဲဆဲမွာပဲ ကုံးရင့္႐ွန္က လက္ေျမႇာက္ကာ ဟန္႔တားလိုက္ၿပီး သူ႕ mask ေတြ လက္အိတ္ေတြကို ခြၽတ္ကာ အမိႈက္ပုံးထဲပစ္ထည့္လိုက္သည္။
" အဆင္ေျပတယ္၊ ဟိုတစ္ခါ ေဆး႐ုံမွာကတည္းက ခံႏိုင္ရည္ပိုေကာင္းလာၿပီ "
သူ ရန္ရိကို မ်က္ေစာင္းထိုးၾကည့္လာၿပီး
"ခင္မ်ားကို 'ေက်းဇူး' တင္ရမွာပဲ "
ရန္ရိ သူ႕စကားကိုၾကားေတာ့ မ်က္ေတာင္ခတ္လိုက္သည္။
" ရပါတယ္ "
ကုံးရင့္႐ွန္ သူ႕လက္အိတ္အသစ္ေတြကို ျဖည္းျဖည္းခ်င္းဝတ္ရင္း မ်က္ေမွာင္ၾကဳတ္သြားသည္။
" က်ိဳးခြၽမ္း ကားမီး႐ိႈ႕တဲ့သူကို တကယ္မသိတာျဖစ္ႏိုင္ေပမယ့္ သူ႕ကိုအခ်က္အလက္ေပးတဲ့သူကိုေတာ့ သိရမယ္၊ ဒါမွမဟုတ္ အနည္းဆုံး အင္တာနက္မွာျဖစ္ျဖစ္ အဆက္အသြယ္႐ွိေလာက္တယ္ "
" မင္းတကယ္ပဲ လူလဲၿပီးမီး႐ိႈ႕တဲ့ကိစၥကို ေျပာလိမ့္မယ္လို႔ ငါမထင္ထားခဲ့ဘူး၊ တကယ့္ပြေပါက္မိသြားတာပဲ၊ ကားမီး႐ိႈ႕တဲ့အမႈနဲ႔ ဝမ္ရမ့္အေဆာက္အအုံအမႈက ဆက္စပ္မႈ႐ွိႏိုင္လား? "
" အေတာ္ျဖစ္ႏိုင္ေခ်႐ွိတယ္ "
ကုံးရင့္႐ွန္ က်ိဳးခြၽမ္းတုံ႔ျပန္တဲ့အမူအရာေတြကို မွတ္မိေနေသးသည္။
" သူေနာက္ဆုံးေျပာတဲ့ စကားေတြက တကယ္စိတ္ဝင္စားဖို႔ ေကာင္းတယ္၊ Dark web က china မွာ ကြၽန္ေတာ္တို႔ထင္တာထက္ပိုၿပီး အျမစ္တြယ္ေနတာပဲ၊ ကြၽန္ေတာ္ အစက ခန္႔မွန္းခဲ့တာနဲ႔ မတူဘူး "
" ငါလည္း ဒီႏိုင္ငံျခားဝက္ဘ္ဆိုက္ရဲ႕ အဓိက ကူးလူးဆက္ဆံေရးကို ဒီေလာက္က်ယ္ျပန္႔မယ္ မထင္ထားဘူး၊ က်ိဳးခြၽမ္းက ဒဏ္ခတ္ခံရမွာကို အရမ္းေၾကာက္ေနတာပဲ၊ ထုတ္ေျပာမယ့္အစား ေထာင္ထဲပဲဝင္လိုက္ခ်င္ပုံရတယ္၊ တ႐ုတ္မွာ သူ႕ကိုေၾကာက္ေအာင္လုပ္ေနတဲ့ လူေတြ ဒါမွမဟုတ္ အဖြဲ႕အစည္းေတြ႐ွိမွန္း သိသာတယ္၊ ၿပီးေတာ့ သူက ငါတို႔စိတ္ကူးလို႔ရတာထက္ အမ်ားႀကီးပိုသိတာပဲ "
" တကယ္လို႔၊ ခပ္႐ွင္း႐ွင္းသုံးသပ္ၾကည့္ရေအာင္ "
ကုံးရင့္႐ွန္ ေတြးၾကည့္လိုက္သည္။
" ဝမ္ရမ့္အေဆာက္အအုံအမႈက ကားမီးေလာင္မႈနဲ႔ ပတ္သက္ေနတယ္ဆို ဝမ္ရမ့္အေဆာက္အအုံ အခန္း ၂၂၀၉ နဲ႔ ကားနဲ႔က သူတို႔ လူခ်င္းလဲၿပီးမီး႐ိႈ႕တာရဲ႕ ပစ္မွတ္ေတြ ျဖစ္ႏိုင္တယ္ "
ရန္ရိ အသားအေရာင္ ေသြးစုတ္သြားသည္။ ဒီျဖစ္ႏိုင္ေခ်က သူ႕ေခါင္းထဲထိုးတက္လာၿပီး သူ႕ကိုၾကက္သီးေမြးညင္းမ်ား ေထာင္ထသြားေစကာ ႏွာဖူးျပင္မွ ေခြၽးစီးမ်ားထြက္လာသည္။
" ဒါကျပႆနာဆိုရင္ ဝမ္ရမ့္အေဆာက္အအုံက သံသယတရားခံေတြရဲ႕ အလီဘိုင္ကလည္း အသုံးမဝင္ေတာ့ဘူး "
[ T/n : အရင္ကေျပာခဲ့သလိုပဲ လူခ်င္းလဲၿပီး လုပ္ၾကံၾကတာဆိုေတာ့ ကိုယ္တိုင္သြားမလုပ္တဲ့အတြက္ အလီဘိုင္ေကာင္းေကာင္း႐ွိေနပါတယ္ အမႈလိုက္ဖို႔ခက္ေနတာ အဲ့တာေၾကာင့္! ]
ကုံးရင့္႐ွန္ သူ႕ဖုန္းကိုထုတ္လိုက္ၿပီး ဖုန္းတစ္ေကာေခၚလိုက္သည္။
" ေဟး ယန္က်ဲ၊ ကြၽန္ေတာ့္အသစ္ရထားတာေတြ႐ွိတယ္၊ ကြၽန္ေတာ့္အတြက္ စစ္ေပးႏိုင္မလား?...."
ရန္ရိ ေဘးတစ္ဖက္မွာရပ္ရင္း ကုံးရင့္႐ွန္ အမႈကိစၥစစ္ဖို႔ ခ်ိဳးယန္ဆီ ဖုန္းေခၚတာကို ၾကည့္ေနသည္။ သူခုနက သုံးသပ္ခ်က္ထဲမွာပဲ နစ္ျမဳပ္ေနၿပီး အျပည့္အဝ ျပန္မေကာင္းလာေသးေပ။
ေကာင္းဖို႔အတြက္ ျဖစ္တည္လာရတဲ့ ပုံမွန္လူတစ္ေယာက္အေနနဲ႔ တစ္ႀကိမ္ၿပီးတစ္ႀကိမ္ နီးလာတဲ့ကန္႔သတ္ခ်က္ကို ျပန္ဆန္းသစ္ၿပီး တူညီတဲ့နတ္ဆိုးဆီက ခဏခဏ လြတ္ေျမာက္လာရသည္။
ကုံးရင့္႐ွန္ ဖုန္းေျပာၿပီးေတာ့ ရန္ရိဆီ ျပန္လာသည္။
" ခင္မ်ား အသားအေရာင္ အရမ္းေကာင္းမေနဘူး "
ရန္ရိ သက္ျပင္းခ်လိုက္သည္။
" ကားကိုမီး႐ိႈ႕လိုက္တဲ့ အနက္ေရာင္နဲ႔လူက 2209 ရဲ႕ အိမ္နီးခ်င္းျဖစ္ေလာက္တယ္ "
" အင္း၊ ဒါေၾကာင့္ ဘာလို႔သူအဲ့လိုဟာမ်ိဳးကို ပထမဆုံးလုပ္ဖူးတဲ့ပုံေပၚၿပီး ဘာလို႔ live လႊင့္လို႔ရတဲ့ေငြေတြကို စိတ္မဝင္စားတာလဲဆိုတာ ေျဖ႐ွင္းႏိုင္သြားတာေပါ့၊ ပုံစံကိုက္ညီတဲ့ သံသယတရားခံေတြကို ဌာနခြဲဆီထပ္ေခၚစစ္ဖို႔ ယန္က်ဲကို ေျပာထားတယ္၊ သူတို႔သာ တစ္ခါမွျပစ္မႈမက်ဴးလြန္ဖူးတဲ့ သာမန္လူဆိုရင္ ျငင္းဆန္ေနႏိုင္မွာမဟုတ္ေတာ့ဘူး "
" တကယ္ပဲ....."
ရန္ရိ တြန္႔ဆုတ္ေနသည္။
" ဖမ္းမယ္လို႔ ၿခိမ္းေျခာက္ခံရေတာ့ သူကိုယ္တိုင္ ကားကိုမီး႐ိႈ႕၊ အေျခအေန ပရမ္းပတာျဖစ္ေအာင္လုပ္ၿပီး ထြက္ေျပးခဲ့တယ္၊ ဒီလို တည္ၿငိမ္တာ၊ ခံစားခ်က္မ႐ွိတာ၊ ႐ူးမိုက္တာမ်ိဳးက သာမန္လူေတြလုပ္ႏိုင္တာမ်ိဳး မဟုတ္ဘူး "
ကုံးရင့္႐ွန္ ခဏေလာက္စဥ္းစားလိုက္ၿပီး
" ခင္မ်ားေျပာတာမွန္တယ္၊ သီအိုရီအရဆို သူအဲ့လိုလုပ္စရာမလိုဘူး၊ သူကကားကို ဓာတ္ဆီေလာင္း႐ုံပဲေလ၊ ႀကိဳးစားအားထုတ္မႈပဲ၊ ေ႐ွ႕ေန႔ေကာင္းေကာင္း႐ွာလိုက္တာနဲ႔ ေထာင္ထဲသြားရေတာ့မွာမဟုတ္ဘူး၊ ဒါေပမယ့္ သူၾကံမိၾကံရာၾကံလိုက္ၿပီး လြတ္ေျမာက္ခ်င္ေနတယ္၊ အဲ့တာက သူအဖမ္းခံရဖို႔ အရမ္းေၾကာက္တယ္ဆိုတာကို ျပတယ္၊ ၿပီးေတာ့ အဖမ္းခံရၿပီးေနာက္ အက်ိဳးရလဒ္ကလည္း သူ႕ျပစ္မႈအတြက္ ထိုက္တန္ေနတယ္ "
" ဒီအတိုင္းဆို သူကဝမ္ရမ့္အေဆာက္အအုံကိစၥနဲ႔ ဆက္ႏြယ္ေနတာ ပိုၿပီးျဖစ္ႏိုင္သြားၿပီ "
" ဘယ္သူပဲျဖစ္ျဖစ္၊ ကြၽန္ေတာ္ အဲ့လူကို က်ိန္းေသေပါက္ ဖမ္းမွာပဲ "
ကုံးရင့္႐ွန္ ရန္ရိမ်က္လုံးေတြကို ၾကည့္လိုက္သည္။
" မေၾကာက္ပါနဲ႔၊ စိုးလည္းစိုးရိမ္မေနနဲ႔၊ ကြၽန္ေတာ္ ေျမာင္းထဲမွာပုန္းေနတဲ့ တိရစၧာန္ေတြအားလုံးကို ဖမ္းမယ္ "
ရန္ရိ ျပဳံးကာေျပာလိုက္သည္။
" ငါမေၾကာက္ပါဘူး၊ စိုးလည္းမစိုးရိမ္ဘူး၊ ငါမင္းကိုယုံတယ္ "
ကုံးရင့္႐ွန္ ႏွလုံးသားလႈပ္ခါသြားရာ ေခါင္းငုံ႔ၿပီး ထိန္းခ်ဳပ္လိုက္ရင္း သူ႕နာရီကိုၾကည့္လိုက္သည္။
" သြားရေအာင္၊ ကြၽန္ေတာ္ဌာနခြဲဆီျပန္ရင္း ခင္မ်ားကို စခန္းျပန္ပို႔ေပးခဲ့မယ္ "
" OK "
ႏွစ္ေယာက္သား လမ္းမွာ အမႈအေၾကာင္း ဆက္ေျပာသြားၾကသည္။ သူတို႔ ပိုၿပီးခြဲျခမ္းစိတ္ျဖာၾကည့္ေလေလ အမႈႏွစ္ခုက ဆက္ႏြယ္ေနတယ္လို႔ ပိုၿပီးခံစားရေလေလပဲ။ ရဲေတြက တကယ္တမ္း သူတို႔လက္ထဲမွာ အေရးႀကီးအခ်က္အလက္ေတြ အမ်ားႀကီး႐ွိေနေပမယ့္ က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ ကြာဟခ်က္ေတြလည္း အမ်ားႀကီး႐ွိေသးသည္။ ၾကည့္ရတာ မ်ဥ္းတစ္ေၾကာင္းပဲ လိုေတာ့တဲ့ပုံပင္။ သဲလြန္စေတြသာ အစဥ္အတိုင္းဆက္သြားရင္ အမွန္တရားေပၚလာႏိုင္မည္။
စခန္းေရာက္ေတာ့ ရန္ရိ ေျမာင္ေျမာင့္အိမ္ေလးကိုယူကာ ကားထဲကထြက္လိုက္ၿပီး ကုံးရင့္႐ွန္ကို နက္နဲေသာအၾကည့္တစ္ခ်က္ေပးလိုက္သည္။
" bye "
ကုံးရင့္႐ွန္ ေခါင္းညိတ္ျပသည္။
ရန္ရိ ေျခႏွစ္လွမ္းေလာက္လွမ္းလိုက္ၿပီး ျပန္လွည့္လာ၏။
ကုံးရင့္႐ွန္ မွန္ခ်ေပးလိုက္သည္။
ရန္ရိျပဳံးကာ ေျပာလိုက္သည္။
" ေနာက္စေနေန႔ညေနက်ရင္ ေဒါက္တာကုံးလာလည္တာ ေမွ်ာ္ေနမယ္ "
ကုံးရင့္႐ွန္ ႏႈတ္ခမ္းမ်ားကို တြန္႔ေကြးၿပီး ျပဳံးျပလိုက္သည္။
ရန္ရိသီခ်င္းေလးညည္းရင္း စခန္းဆီျပန္သြား၏။
သူ ေျမာင္ေျမာင့္ေလွာင္အိမ္ကိုခ်ကာ ေအာ္လိုက္သည္။
" ငါျပန္လာၿပီေလ ကေလးေတြေအာက္ဆင္းၿပီး လာမေတြ႕ေတာ့ဘူးလားကြ "
တင္းခ်င္က ဒုတိယထပ္ေလွကားလက္တန္းကေန ေခါင္းျပဴထြက္လာၿပီး ေနာက္သည္။
" ေခါင္းေဆာင္က သီခ်င္းဖြင့္ၿပီး ပန္းေတြႀကဲေပးေစခ်င္လို႔လား? "
" မင္းဘဝလမ္းခရီးေလွ်ာက္ဖို႔ ငါသတို႔သမီး႐ွာေပးမယ္ "
ေကာင္းကယ္လည္း ေခါင္းထြက္ျပလာသည္။
ရန္ရိ ေလွာင္အိမ္ေဘးကို ခပ္ဖြဖြကန္လိုက္ၿပီး
" ငါ့သက္ဆုံးတိုင္ ေစာင့္ေ႐ွာက္သြားဖို႔ တစ္စုံတစ္ေယာက္႐ွိေနၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာအပ္ပါတယ္၊ ဒါကေတာ့....."
႐ုတ္တရက္ သတိေပးေခါင္းေလာင္း ျမည္လာခဲ့၏။
စခန္းေနရာေပါင္းစုံက တပ္သားအားလုံး ကားဂိုေဒါင္မွာလာစုၾကၿပီး ရန္ရိ ေျပးသြားလိုက္သည္။
ဂ်ဴတီက်တပ္သားက အမႈျဖတ္ပိုင္းကမ္းေပးလာသည္။
" ေခါင္းေဆာင္၊ ေဖာေပၚလမ္းက ဓာတုပစၥည္းသယ္/ပို႔ယာဥ္ ကားအက္စီးဒန္႔ျဖစ္တာပါ၊ ဒါကေတာ့ ယိုစိမ့္မႈအႏၲရာယ္ေတြ "
"အဓိကစခန္းက လွ်ိဳပင္းကို သတင္းေပးၿပီးၿပီလား? "
" ကြၽန္ေတာ္ သတင္းရပါတယ္၊လမ္းမွာလာေနၿပီ၊ ဒါေပမယ့္ ယာဥ္ေၾကာအရမ္းၾကပ္ေနလို႔ နာရီဝက္ေလာက္အထိ ေရာက္ႏိုင္မွာမဟုတ္ဘူး "
" အရင္သြားၿပီး သူတို႔ကို အျမန္လုပ္ဖို႔ေလာၾကည့္တာေပါ့ "
သူတို႔မီးသတ္ဌာနမွာ အႏၲရာယ္႐ွိဓာတုပစၥည္းေတြကို အထူးျပဳထားတဲ့တပ္ဖြဲ႕႐ွိသည္၊ သို႔ေပမယ့္ ကြၽမ္းက်င္တပ္ဖြဲ႕အေရအတြက္ကေတာ့ အကန္႔အသတ္ျဖင့္သာ႐ွိ၏။ အနီးဆုံးတပ္ဖြဲ႕က ၉ ကီလိုမီတာအေဝးမွာျဖစ္သည္။ ဖီးနစ္စခန္းမွာ အႏၲရာယ္႐ွိဓာတုပစၥည္းေတြကို ကိုင္တြယ္ဖို႔အတြက္ ဓာတုေဗဒကာကြယ္ေရးဝတ္စုံ ကဲ့သို႔ေသာ သာမန္ကိရိယာမ်ားသာ႐ွိသည္။
ရန္ရိ မီးသတ္ကားထဲဝင္လိုက္ၿပီး ႐ုတ္တရက္ တစ္ခုခုကိုသတိရသြားကာ သူ႕ဖုန္းကိုထုတ္ၿပီး ကုံးရင့္႐ွန္ကို ေခၚလိုက္သည္။
" ေဟး? "
ရန္ရိ အျမန္ပဲေမးလိုက္သည္။
" ေဒါက္တာကုံး မင္း ဘယ္ေလာက္ေဝးေဝးေရာက္သြားၿပီလဲ? "
" မေဝးေသးဘူး ဘာကိစၥေပၚလို႔လဲ? "
" ေဖာေပၚလမ္းမွာ ဓာတုပစၥည္းသယ္ပို႔ယာဥ္ မေတာ္တဆမႈျဖစ္လို႔၊ ကားသမားက ဒဏ္ရာရၿပီး သတိလစ္ေနတယ္၊ အဲ့တာဘာမွန္း ရဲေတြမခြဲျခားႏိုင္ဘူး၊ ငါတို႔လည္းဘာမွန္းမသိတာနဲ႔၊ မင္းလာႏိုင္....."
" အခုလာခဲ့မယ္ "
" ေဖာေပၚလမ္းနဲ႔ နန္း႐ွန္လမ္းၾကား၊ မင္းလာရင္ ေတြ႕လိမ့္မယ္ "
" အိုေက "
ကုံးရင့္႐ွန္ ေျပာလာသည္။
" ရန္ရိ ကြၽန္ေတာ္မေရာက္မခ်င္း မနားကပ္မသြားနဲ႔ "
ရန္ရိ ေျပာလိုက္သည္။
" မစိုးရိမ္နဲ႔၊ ငါတို႔မွာ ကိုင္တြယ္ႏိုင္စြမ္း႐ွိပါတယ္ "
" ကြၽန္ေတာ္ အတည္ေျပာေနတာ၊ ေပက်င္းဆင္ေျခဖုံးက စက္႐ုံအမ်ိဳးအစားေတြအေၾကာင္း ကြၽန္ေတာ္ၾကားဖူးနားဝ႐ွိတယ္၊ ဆက္လည္ပတ္ႏိုင္ေသးတဲ့ စက္႐ုံေတြမွာသုံးတဲ့ ဓာတုပစၥည္းေတြ၊အမ်ားဆုံးသုံးတတ္တဲ့ ဓာတုပစၥည္းေတြအားလုံး ႁခြင္းခ်က္မ႐ွိ ေပါက္ကြဲတတ္တယ္ "
ကုံးရင့္႐ွန္က ေအးေဆးတည္ၿငိမ္ေသာ ေလသံျဖင့္ေျပာလာသည္။
" ကြၽန္ေတာ္မေရာက္ခင္ လူအုပ္ကို႐ွင္းၿပီး ေဝးေဝးမွာေနပါ၊ ကြၽန္ေတာ့္ကိုကတိေပး "
ရန္ရိ တုံ႔ဆိုင္းသြားၿပီး
" ေကာင္းၿပီ "
==========
See ya!
==========