Chapter 39

{ Unicode }

မီးသတ်ကား အခင်းနေရာကိုရောက်တော့ ရန်ရိကားထဲမှာပဲထိုင်ရင်း အဝေးကနေ တိမ်းမှောက်နေသော ‌ကုန်တွဲယာဉ်နှင့် မြေပြင်ပေါ် လဲကျနေသော ပုံပျက်နေသည့်ကားခေါင်းကိုကြည့်ကာ သူ့ဦး‌ရေခွံတစ်ခုလုံး ထုံကျဉ်သွားရသည်။

သူ အင်တာကွန်းကနေတစ်ဆင့် ရှေ့တန်းထွက်လာသော တပ်သားအားလုံးကို ညွှန်းကြားလိုက်သည်။

" ကားထဲကမထွက်ခင် Mask တွေတပ်ကြ "

" ဟုတ်ကဲ့ "

ကုန်တွဲယာဉ်တိမ်းမှောက်သွားတာက အခင်းနေရာကကြည့်ရင် မသိသာပေမယ့် သတင်းပေးချက်အရတော့ ရုတ်တရက်လမ်းလွဲသွားတဲ့ လျှပ်စစ်ကားကို တိမ်းရှောင်လိုက်တာကြောင့်ဟုဆိုကာ လျှပ်စစ်ယာဉ်ကတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။ ကုန်တွဲယာဉ်မှာ ဓာတုပစ္စည်းတွေပါတဲ့ သတ္တုပုံးပေါင်း ၂၀ ကျော်ပါရှိပြီး ထိုအချိန်က မြေပြင်ပေါ် လိမ့်ကျသွားတာကြောင့် အမျိုးအမည်မသိသော အရည်များ ယိုစိမ့်သွားပြီး မြေပြင်နှစ်နေရာ၌ မီးတောက်နေသည်။

[ T/n : အဲ့လိုကားကြီး မှောက်တာပါ။ သိုလှောင်ပုံတွေဆိုတာ အဲ့လိုတင်ထားတဲ့ပုံးတွေပါပဲ]

ကားတစ်စီးက နောက်မှဝင်ဆောင့်မိသွားပြီး ပတ်ဝန်းကျင်က လူတွေနဲ့ ယာဉ်တွေက ‌ခပ်ဝေးဝေးမှာ ရှောင်နေကြသော်လည်း ယောက်ျားတစ်ချို့က နောက်ကတိုက်မိတဲ့ကားမှန်ကို ခွဲဖို့ကြိုးစားနေကြသည်။

ငွေမျှင်ရောင် ဓာတုကာကွယ်ရေးဝတ်စုံကိုဝတ်ထားရင်း ရန်ရိ ကားထဲက ခုန်ထွက်ကာ သူ့လက်ကိုဝေ့ယမ်းပြပြီး အော်လိုက်သည်။

" အားလုံးနောက်ဆုတ်! အားလုံးနောက်ဆုတ်! "

‌ယောက်ျားတစ်ယောက်က ချောင်းဆိုးကာ အော်ပြောလာသည်။

" ကားထဲမှာ ကလေးပါတယ်! "

ရန်ရိ ပြေးသွားလိုက်ပြီး သူတို့ကို တစ်ယောက်ချင်းစီ အဝေးသို့ဆွဲဖယ်လိုက်၏။ သူတို့အကုန်လုံး ချောင်းဆိုးနေလျက် မျက်လုံးအမြှေးပါးက သွေးကြောများရဲကာ ယောင်နေသည်ကို မြင်ပြီး သူစိုးရိမ်တကြီးပြောလိုက်သည်။

" ဒီဟာက အဆိပ်သင့်နေတယ် မင်းတို့ချက်ချင်း ပြန်ဆုတ်ကြတော့! "

သူတို့ အဆိပ်သင့်နေတယ်ဆိုတာလည်း ကြားရော၊ လူအတော်များများ ထိတ်လန့်သွားကြပြီး ကောင်းကယ်နဲ့တပ်သားတွေ အပြေးလာကာ သူတို့ကို လမ်းတစ်ဖက်ခြမ်းဆီ လိုက်ပို့ပေးကြသည်။

ရန်ရိ ကားပြတင်းပေါက်ကို ကပ်ပြီး အထဲကိုကြည့်လိုက်သည်။ ခေါင်းဒဏ်ရာနဲ့ အမျိုးသမီးတစ်ယောက်က ကားမှန်ကို အားအင်ချိနဲ့စွာ ပုတ်ရင်း "ကယ်ပေးပါ" ဟုအော်နေပြီး ကားနောက်ဘက်မှာလည်း ကလေးထိုင်ခုံရှိနေသည်။

" စွန်းတင့်ရိ ပလာယာနဲ့ ထောက်တိုင်တွေယူလာခဲ့၊ သူ့ခြေထောက်က ကားဒိုင်ခွက်နဲ့ဖိမိနေတယ်! "

ရန်ရိ အမိန့်ပေးလိုက်သည်။

" လျိုဟွေး ယာဉ်မောင်းကိုကြည့်ဖို့ တစ်ယောက်ယောက်ခေါ်သွားလိုက် "

" ဟုတ်! "

အမျိုးသမီးက ငိုသည်။

" ကျွန်မသမီးကို အရင်ကယ်ပေးပါ၊ ပေါက်ကွဲသွားမှာလား? ကျွန်မသမီးကိုအရင်ကယ်လို့! "

ရန်ရိ နှစ်သိမ့်ပြီးပြောလိုက်သည်။

" မကြောက်ပါနဲ့ ငါတို့ ကျိန်းသေပေါက် မင်းတို့ကိုကယ်ပေးမှာ "

သူ မီးတောက်နေတဲ့ သတ္တုပုံးကိုကြည့်ပြီး စိတ်ထဲမှာ ဂနာမငြိမ်ဖြစ်လာသည်။ ဒီတစ်ခါ၊ နောက်ကျသွားပြီဖြစ်ပြီး မီးကြောင့်ထွက်လာတဲ့မီးခိုးတွေက ပိတ်လှောင်ထားသည်။ သူတို့အနားကပ်သွားရုံကလွဲပြီး ပုံးပေါ်မှာ ဘာရေးထားလဲဆိုတာ မသိနိုင်၊ ပြီးတော့ သူတို့လည်း အခုအလျင်စလို မချဉ်းကပ်ရဲပေ။ လူကယ်ဆယ်တာတောင် အရမ်းစွန့်စားရာရောက်နေပြီ။

ပေါက်ကွဲသွားမှာလား? သူလည်းမသိဘူး။

စွန်းတင့်ရိက ပြေးလာသည်။

" ခေါင်းဆောင်ရန် ၊ ခေါင်းဆောင်လျှိုကဘယ်တော့ရောက်မှာလဲ? အဲ့တာဘာလဲဆိုတာ ကျွန်တော်သေချာမသိလို့ မီးလည်းမသတ်ရဲဘူး "

" သူတို့လမ်းမှာပိတ်မိနေတယ်၊ ပြီးတော့ မကြာခင် ဓာတုဗေဒကျွမ်းကျင်တဲ့သူတစ်ယောက် လာလိမ့်မယ် "

တိမ်းမှောက်နေတဲ့ ကားရှေ့ပိုင်းဆီ ‌တွယ်တက်နေသော လျှိုဟွေးက လှမ်းအော်လာသည်။

" ခေါင်းဆောင်ရန် ယာဉ်မောင်းက ကိုမာဝင်နေတယ်၊ ဆောင့်မိတာကြောင့်လား အဆိပ်သင့်တာကြောင့်လား မသိဘူး "

ရန်ရိ သူ့ကို အထဲဝင်ပြီးလူကယ်ခိုင်းချင်သည့်အချိန်မှာပဲ တတိယသတ္တုဘူးလည်း မီးထလောင်လာတာကို မြင်လိုက်ရပြီး သူအံကြိတ်လိုက်သည်။

" လျှိုဟွေး ပြန်ထွက်ခဲ့ "

လျှိုဟွေးက ခဏလောက်ကြောင်အသွားပြီး

" ကျွန်တော် အောက်ဆင်းပြီး ခဏနေသူ့ကိုပြန်တင်ပေးလိုက်မယ် "

" ဖယ်လိုက်တော့! အခုချက်ချင်း! "

ရန်ရိ အော်လိုက်သည်။

" အားလုံး ကုန်တွဲယာဉ်ကနေ ဝေးဝေးနေကြ၊ ကောင်းကယ် မင်းငါနဲ့နေ "

သူစကားပြောပြီးတော့ စွန်းတင့်ရိလက်ထဲက ဟိုက်ဒရောလစ်ညှပ်ကို ယူဖို့လက်ပြင်လိုက်သည်။

" မင်းလည်းအတူတူပဲ "

‌စွန်းတင့်ရိက မပေးဘဲနေပြီး

" ငါတို့သုံးယောက်လုံး မြန်မြန်လုပ်ရမယ် "

ရန်ရိ ကားထဲမှာ စိတ်အားငယ်စွာငိုနေသည့် ကလေးအမေကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှုရှိုက်လိုက်သည်။

" မြန်မြန် "

စွန်းတင့်ရိက ပုံပျက်နေတဲ့ကားတံခါးကို ဟိုက်ဒရောလစ်ညှပ်တွေနဲ့ ဖွင့်လိုက်သည်။ ရန်ရိနဲ့ ကောင်းကယ်က ထောက်တိုင်ကို ယာဉ်မောင်းနေရာသို့ သွင်းနိုင်ရန် အတူကြိုးစားလိုက်ပြီး ကားဘောင်ခွက်ရဲ့အောက်ဘက်ဖိအားကို အနည်းငယ်ထောက်ကန်ထားကာ အမျိုးသမီးရဲ့ခြေထောက်တွေကို ဖိအားလွတ်သွားစေသည်။ တစ်ချိန်တည်းမှာပဲ စွန်းတင့်ရိကလည်း ‌ကားနောက်ခန်းတံခါးကိုဖွင့်ပြီး ကလေးကို အပြင်ထုတ်လိုက်၏။

သူတို့သုံးယောက် နေရာကနေ အမြန်ခွာပြီး အမေနဲ့သမီးကို လူနာတင်ယာဉ်ဆီပို့ပေးကြသည်။

လျှိုဟွေးက ‌ရန်ရိနောက်လိုက်လာပြီး

" ခေါင်းဆောင်ရန်၊ ယာဉ်မောင်းကအခြေအနေမဟန်ပဲနေလိမ့်မယ် သူ့ကိုကယ်ကြရအောင် "

ရန်ရိ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

" ငါတို့က အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေကို ဖြေရှင်းတဲ့နေရာမှာ မကျွမ်းကျင်ဘူး၊ မထင်ထားတဲ့ မတော်တဆမှုတွေဖြစ်လာရင် ထိခိုက်နစ်နာမှုတွေ အများကြီးရှိလိမ့်မယ်၊ ငါမစွန့်စားနိုင်ဘူး "

" ကျွန်တော့်ကို အချိန် ငါးမိနစ်ပဲပေး "

ရန်ရိ ခက်မာမာပြောလိုက်သည်။

" မရဘူး! "

လျှိုဟွေးက တစ်ခုခုပြောချင်ပေမယ့် ကောင်းကယ်ကသူ့ကို မျက်စပစ်ပြီး ခေါင်းခါပြလိုက်သည်။

ရန်ရိ စိုးရိမ်တကြီးနဲ့ ပတ်ချာလည်ကြည့်ပြီး သူ့ဖုန်းကိုထုတ်ကာ ကုံးရင့်ရှန်ကို ဖုန်း‌တစ်ခါထပ်ခေါ်ချင်နေသည်။ အခင်း‌ကဘယ်လိုလဲဆိုတာ တွက်ချက်ပြီးမှပဲ သူတို့ကိုင်တွယ်နိုင်မယ့် နည်းလမ်းရှာနိုင်မည်ပင်။ အခု သူတို့က အရမ်းကိုမရှူနိုင်မကယ်နိုင်ဖြစ်နေသည်။

ဖုန်းတောင်မဝင်သေးခင်မှာပဲ လမ်းဆုံရဲ့ထောင့်ဖြတ်လမ်းကနေ အနက်ရောင်ဂျစ်ပ်ကားတစ်စီး ဖြတ်ကျော်ဝင်ရောက်လာသည်။ အခင်းနေရာက ယာဉ်တွေအကုန် ဘေးဖယ်ထားပြီးတော့ ကားက ရန်ရိဘေးမှာ အတားအဆီးမရှိ တိုက်ရိုက်ဝင်ရပ်လိုက်ပြီး ကားဘရိတ်ဆွဲသံထွက်ပေါ်လာသည်။

ကားတံခါးဖွင့်ပြီး suit ဝတ်ထားတဲ့ ခြေတံရှည်တစ်စုံ မြေပြင်ထက်ကျဆင်းလာကာ၊  ပြောင်လက်နေတဲ့ သားရည်ရှူးဖိနပ်များက အားအင်ပြည့်တဲ့ ခြေလှမ်းကိုလှမ်း‌လျှောက်လိုက်ပြီး ခြေလှမ်းအနည်းငယ်ဖြင့် ရန်ရိရှေ့ရောက်လာသည်။

ကုံးရင့်ရှန်ရဲ့ ရှည်သွယ်သွယ်ပုံပန်းသဏ္ဌာန်နဲ့ တည်ငြိမ်အေးဆေးတဲ့အကြည့်ကို ကြည့်မိလိုက်တော့ ရန်ရိရင်ထဲ အနည်းငယ်ပိုပြီး စိတ်‌အေးသွားရသည်။

" ဓာတုကာကွယ်ရေးဝတ်စုံ "

သူပြောလိုက်သည်။

ကုံးရင့်ရှန် ရန်ရိကို ခြေဆုံးခေါင်း‌ဆုံးကြည့်လိုက်ပြီး အကောင်းပကတိရှိနေသေးတာမြင်တော့ တိတ်တခိုး စိတ်အေးသွားရသည်။

တင်းချင်က ပြင်ဆင်ထားတဲ့ ဓာတုကာကွယ်ရေးဝတ်စုံကို ကိုင်ရင်း ကုံးရင့်ရှန်ဆီ ပြေးလာသည်။

ကုံးရင့်ရှန် သူ့ရဲ့ ဓာတုကာကွယ်ရေးဝတ်စုံကို ဝတ်လိုက်ပြီး ‌မီတာအနည်းငယ် တိုးကပ်လာသည်။

" ခေါင်းဆောင် အခင်းအခြေအနေကို ခဏလောက်ရှင်းပြပေး "

သတိပေးချက်မြည်တာရော သူလေ့လာထားတာရောပေါင်းပြီး အခြေအနေကို အမြန်ရှင်းပြလိုက်သည်။

" ဓာတုပစ္စည်းအမည်က ပုံးပေါ်မှာရေးထားလောက်တယ် ဒါပေမယ့် ငါတို့မစွန့်စားရဲဘူး "

" မဟုတ်ဘူး ဘာလဲဆိုတာ ကျွန်တော်သိတယ် "

ကုံးရင့်ရှန်က ယုံကြည်ချက်ရှိရှိပြောလာသည်။

" စတီးကိုယ်ထည်နဲ့သိုးလှောင်ပုံး၊ အရောင်မရှိတဲ့အရည်၊ အောက်သိုးသိုးအနံ့၊ လေထဲကအောက်ဆီဂျင်နဲ့ရောနှောသွားရင် အလိုအလျောက် မီး‌လောင်နိုင်တယ်၊ ပြီးတော့ အဆိပ်သင့်ဓာတ်ငွေ့ထုတ်လွှတ်တယ် အဲ့တာ Triethyl aluminum ပဲ၊ ယေဘုယျအားဖြင့် ဓာတ်ပြုတာကို လျှင်မြန်အောင်လုပ်ပေးတဲ့ပစ္စည်းအနေနဲ့ သုံးတယ်၊ ဓာတုဗေဒစက်မှုဇုန်တွေမှာ အများဆုံးရှိတတ်တဲ့ပစ္စည်းပဲ "

" အဲ့တာဆို ငါအခုဘာလုပ်ရမလဲ? ပေါက်ကွဲသွားမှာလား? "

" ကုန်သိုလှောင်တွဲက ဖိအားမရှိဘူး၊ ဓာတ်ငွေ့သေတွေနဲ့ပြည့်နေတယ်၊ ပေါက်ကွဲမယ်ဆိုရင်တောင် အချိန်တိုအတွင်းတော့ မပေါက်ကွဲနိုင်ဘူး၊ Triethyl aluminum ရဲ့ထူးခြားချက်က ရေနဲ့ထိတွေ့ရင် ပေါက်ကွဲတတ်တယ်၊ ကံကောင်းလို့ ခင်များမီးသတ်ဖို့ ရေမဖြန်းလိုက်ဘူးပဲ "

" အဲ့တာဘာလဲဆိုတာ ငါမသေချာလို့၊ ငါတို့ မီးသတ်ကိရိယာတွေကို ရူးရူးနှမ်းနှမ်းနဲ့သုံးမှာမဟုတ်ဘူး "

ရန်ရိ ပြောလိုက်သည်။

" ရေမြှုပ်နဲ့လည်း အလုပ်မဖြစ်ဘူးလား? "

" ရေမြှုပ်လည်းမရဘူး "

ကုံးရင့်ရှန် ထပ်မေးလိုက်သည်။

" ကားထဲမှာ တစ်ယောက်ယောက်ရှိလား? "

" နောက်ကားထဲကသူတွေကိုတော့ ကယ်ဆယ်ပြီးသွားပြီ၊ ကုန်တွဲယာဉ်မောင်းကတော့ အထဲမှာရှိနေသေးတယ် "

ကုံးရင့်ရှန် တည်တည်ငြိမ်ငြိမ်ပြောလာသည်။

" ယာဉ်မောင်းက အတော်မြန်မြန် အဆိပ်သင့်သွားမှာပဲ၊ အဲ့ပစ္စည်းကိုရှူသွင်းမိရင် အဆုတ်ယောင်ရောဂါဖြစ်နိုင်တယ် "

" ပေါက်ကွဲမှုအန္တရာယ်မရှိရင် ငါတို့လူကယ်ရမယ် "

ကုံးရင့်ရှန်က ရန်ရိကို လှမ်း‌ဆွဲထားလိုက်ပြီး

" ရေမဖြန်းတာနဲ့ပဲ ပေါက်ကွဲမှုအန္တရာယ်မရှိဘူးလို့ မဆိုလိုဘူး၊ ဒီနှစ်ရက်အတောတွင်း အချိန်တိုင်းလိုလို မိုးရွာနေတာပဲ၊

လေထုစိုးထိုင်းမှုက မနည်းဘူး၊

Triethyl aluminum ရဲ့ဓာတုဂုဏ်သတ္တိက အရမ်းလျင်တယ်၊

စိုသွားရုံနဲ့တင် ပေါက်ကွဲလိမ့်မယ်၊

ထပ်ပြောရရင် မီးလောင်မှုက ပုံးထဲမှာ ဖိအားပေးထားပြီးပြီ၊

မီးကိုအရင်ထိန်းရမယ်၊ ပြီးရင်  လေထုဖိအားလျော့ကျသွားအောင် ပုံးထဲမှာရှိတဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်ရမယ်၊

အဲ့လိုမှမဟုတ်ရင် ပေါက်ကွဲမှုအန္တရာယ်ရှိတာတင်မကပဲ မီးငြိမ်းထားတာတွေလည်း မီးပြန်တောက်လာလိမ့်မယ် "

ရန်ရိ ခဏတဖြုတ်တွေးလိုက်ပြီး

" ငါ ယာဉ်မောင်းကိုကယ်ဖို့ အဖွဲ့လွှတ်လိုက်မယ်၊ ပြီးတော့ ငါတို့ မီးငြိမ်းဖို့ ပေါင်ဒါခြောက်သုံးတာပေါ့ "

" ခင်များမှာ Triethyl aluminum အတွက် မီးသတ်ပေါင်ဒါခြောက်ရှိလို့လား? "

" ဓာတုအန္တရာယ်ကိုင်တွယ်ဖြေရှင်းရေး အဖွဲ့မှာတော့ရှိလောက်တယ်၊ ဒါပေမယ့် သူတို့က လမ်းမှာပိတ်မိနေတယ်၊ ငါတို့မှာ ပုံမှန်ပေါင်ဒါခြောက်ပဲရှိတယ် "

" အရမ်းနောက်ကျသွားပြီ၊ ပေါက်ကွဲမှုအဆိပ်ဓာတ်ငွေ့တွေ တစ်ခါပြန့်သွားတာနဲ့ လေသွားတဲ့ဧရိယာက လူနေအိမ်ခြေတွေပဲ။ အနည်းဆုံး မီးထိန်းနိုင်အောင် သူတို့ကို ပေါင်ဒါခြောက်နဲ့အရင် ဖုံးကြတာပေါ့ "

ကုံးရင့်ရှန် ထပ်ပြောလာသည်။

" Triethyl aluminum က တိုက်စားမှုမြင့်တယ်၊ အဲ့တာကြောင့် အသားနဲ့မထိစေနဲ့ "

ရန်ရိ ခေါင်းငြိမ့်ပြလိုက်သည်။

" လျှိုဟွေး ယာဉ်မောင်းကိုကယ်ဖို့ မင်းအဖွဲ့သားတွေခေါ်သွားလိုက် "

လျှိုဟွေး အမိန့်နာခံကာ လှည့်ပြီး ထရပ်ကားဆီပြေးသွားသည်။

ရန်ရိ ပေါင်ဒါခြောက်ကိုယူကာ မီးငြိမ်းသတ်ဖို့သွားတော့ ကုံးရင့်ရှန်လည်း နောက်ကလိုက်လာသည်။

ရန်ရိ သူ့ကိုကြည့်လိုက်ပြီး

" မင်းဘာလုပ်နေတာလဲ? "

" ကျွန်တော် နိုက်ထရိုဂျင်လွှတ်ဖို့ ကုန်တွဲက ဘားကိုဖွင့်လိုက်မယ် "

" ဟင်အင်း မင်းအဲ့ကိုသွားလို့မရဘူး "

ရန်ရိ သူ့အရှေ့မှာရပ်ရင်း အလေးအနက်ပြောလိုက်သည်။

" ဒါငါတို့အလုပ်ပဲ၊ မကျွမ်းကျင်တဲ့သူတွေ အခင်းနေရာကို ဝင်လို့မရဘူး "

" ကျွန်တော်က ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ "

ကုံးရင့်ရှန် သူ့ကိုယ်ပေါ်က ဝတ်စုံကို လက်ညှိုးထိုးပြလိုက်ရင်း

" ခင်များတို့မှာ ဓာတုကာကွယ်ရေးဝတ်စုံနည်းနည်းပဲရှိတာ၊ ကျွန်တော်တစ်ခုဝတ်လိုက်ကတည်းက သုံးရတော့မှာပဲ "

" မင်းက အတော်အသုံးဝင်ပါတယ်၊ မင်းလာလို့်ရဘူး "

ရန်ရိ လေသံမြှင့်လိုက်သည်။

နှစ်ယောက်သား အသက်ရှူ mask ကနေတစ်ဆင့် တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြသည်။

ကုံးရင့်ရှန်က ခြေတစ်လှမ်းတိုးလာပြီး၊ ကြားမှာအကွာအဝေးမရှိတော့တာကြောင့် သူတို့နှစ်ယောက်ရဲ့ အသက်ရှူ mask တွေ အတူဆောင့်မိသွားသည်။

ရန်ရိနှလုံးသားက စည်းချက်တောင်ပျက်သွားတော့မလိုပင်။ Mask က ဖောက်ထွင်းမြင်နေရတော့ ခဏတာအတွင်း သူတွေးမိလိုက်သည်က ကုံးရင့်ရှန်မျက်နှာက သူ့မျက်နှာဆီထိကပ်လာပြီးတော့ ကုံးရင့်ရှန်ရဲ့ ပန်းနုရောင်နှုတ်ခမ်းတွေက...

ကုံးရင့်ရှန် သူ့ခေါင်းကို နည်းနည်းပြန်ဆုတ်လိုက်ပေမယ့် ရန်ရိကို အထက်စီးဆန်ဆန် စိုက်ကြည့်နေဆဲပင်။

" ကျွန်တော် မီးရှို့သမားကိုဖမ်းတော့ ခင်များရပ်ကြည့်နေနိုင်လား? "

ရန်ရိ ဆွံ့အသွားသည်။

" ကျွန်တော်လည်း မလုပ်နိုင်ဘူး "

ကုံးရင့်ရှန် ကုန်တင်ကားဆီသို့ တွန့်ဆုတ်ခြင်းမရှိ လျှောက်လှမ်းသွားသည်။

လက်မခံနိုင်စွာပဲ၊ ရန်ရိတပ်သားအနည်းငယ်နဲ့ အမြန်ပြေးသွားလိုက်ပြီး မီးလောင်နေတဲ့ကုန်တင်တွဲကို ပေါင်ဒါခြောက်‌နဲ့ဖြန်းလိုက်သည်။

ကုံးရင့်ရှန်က နောက်ထပ်ယိုစိမ့်မှုတွေကို ကာကွယ်ရန် Triethyl aluminum သိုလှောင်ပုံးတွေကို တစ်ခုချင်းစီ စစ်ဆေး၏။

သူထရပ်ကားပေါ် တက်တော့မည့်ဆဲဆဲမှာပဲ ရန်ရိ ပြာပြာသလဲပြောလိုက်သည်။

" တက်မသွားနဲ့၊ စွေ့ရှိရှန်း သူ့ကိုတား "

စွေ့ရိရှန်းနဲ့ တင်းချင်က ကုံးရင့်ရှန်ကို တားဖို့ကြိုးစားပေမယ့် ကုံးရင့်ရှန်က ဓာတုကာကွယ်ရေးဝတ်စုံ အလေးကြီးကို ဝတ်ထားရင်း လက်တစ်ဖက်တည်းအထောက်အပံ့ဖြင့်ပင် တိမ်းမှောက်နေတဲ့ ကုန်တွဲယာဉ်ထဲသို့ သေသေသပ်သပ် ခုန်ဝင်သွားလိုက်သည်။

" ကျွန်တော် သိုလှောင်ကန်အားလုံးကို စစ်ကြည့်ချင်တယ်၊ လိုရမယ်ရပေါ့ "

" ကုံးရင့်ရှန် မင်းအမိန့်ကိုနာခံစမ်း! "

ရန်ရိ ဒေါသထွက်နေပြီး

" မင်းက ဓာတုကာကွယ်ရေးဝတ်စုံပဲ ဝတ်ထားတာကွ၊ ရွှေခေါင်းလောင်းမဟုတ်ဘူး! "

ကုံးရင့်ရှန်က ဘယ်အချိန်မဆို  အလိုအလျောက်ထပေါက်ကွဲနိုင်တဲ့ အန္တရာယ်ရှိဓာတုပစ္စည်းတွေကြား လျှောက်သွားနေပြီး၊ သူ့အသံက ပုံမှန်အတိုင်းပဲ တည်ငြိမ်နေဆဲသာ။

" ခင်များမီးသာသတ်ပါ၊ ကျွန်တော်ချက်ချင်း ပြန်ဆင်းလာမယ် "

ရန်ရိ ကုံးရင့်ရှန်ကို ရင်တထိတ်ထိတ်နဲ့ စိုးရိမ်စွာ လှမ်းကြည့်လိုက်ပေမယ့် မီးသတ်ရာ၌သာ အာရုံစိုက်ထားရမည်ပင်။

မိနစ်အနည်းငယ်ကြာတော့ မီးထိန်းနိုင်သွားသည်။ လုံးဝကြီး ငြိမ်းသတ်သွားတာမျိုးမဟုတ်ပေမယ့် အထူးသဖြင့် မြေပြင်ကမီးနဲ့ သိုလှောင်ပုံးက မီးကိုတော့ ပေါင်ဒါခြောက်နဲ့ ငြိမ်းသတ်နိုင်ခဲ့သည်။

ကုံးရင့်ရှန်လည်း အခြားသိုလှောင်ကန်တွေကို စစ်‌ဆေးပြီး ထရပ်အပြင်ကိုခုန်ထွက်ကာ ဖိအားလျော့နည်းသွားစေဖို့ ကုန်တင်တွဲက ဘားကို လက်အိတ်ထူထူဝတ်ထားတဲ့ သူ့လက်တွေနဲ့ဖွင့်လိုက်သည်။

ကုန်တင်တွဲက တကျွိကျွိအသံထွက်လာပြီး အားလုံး ကြောက်လန့်သွားကြသည်။

ကုံးရင့်ရှန်က မျက်နှာမှာချွေးတွေပြန်နေတဲ့ ရန်ရိကို လှမ်းကြည့်လိုက်ပြီး သူတို့နှစ်ယောက်တည်းပဲ ကြားနိုင်လောက်သည့် လေသံတိုးတိုးဖြင့်ပြောလာသည်။

" မကြောက်နဲ့ "

ရန်ရိ မနေနိုင်ဘဲ ကုံးရင့်ရှန်ကို ပြန်လှမ်းကြည့်လိုက်သည်။ ထိုတည်ငြိမ်နက်နဲသော မျက်ဝန်းများက လေငြိမ်သောပင်လယ်ပြင်နှင့်အလားတူပြီး ပင်လယ်အောက်၌ လျှို့ဝှက်ဆန်းကြယ်မှုနှင့် အလွန်ကြီးမားသောစွမ်းအားများ ပုန်းကွယ်နေသည်။ ၎င်းတို့က အလွန်ကိုကူးစက်လွယ်ပြီး ရန်ရိနှလုံးသားကိုလည်း တည်ငြိမ်သွားစေသည်။

နောက်ဆုံးတော့ မီးလောင်တဲ့သိုလှောင်ကန်သုံးခုက နိုက်ထရိုဂျင်တွေထွက်လာပြီး ကုန်တင်ယာဉ်မောင်းသမားက လျှိုဟွေးနဲ့ အခြားတပ်သားများ အကယ်ဆယ်ခံလိုက်ရသည်။

အခင်းနေရာကို အန္တရာယ်ရှိဓာတုပစ္စည်းကိုင်တွယ်ရေးအဖွဲ့ ရောက်လာဖို့လည်း သိပ်မကြာလိုက်ပေ။ သူတို့ ကျွမ်းကျင်မီးသတ်ကားတွေနဲ့ သန့်စင်ရေးကားကိုခေါ်လာခဲ့သည်။ ပြန့်နေတဲ့မီးတွေအားလုံးကို ငြိမ်းသတ်ပြီးတော့ အခင်းနေရာကို စတင်သန့်ရှင်းကြသည်။

ဒီမတော်တဆမှုက အန္တရာယ်များပေမယ့်

အထိအခိုက် အများကြီးမဖြစ်ပွားခဲ့ချေ။

အားလုံး အချိန်အကြာကြီး ငြီးငွေ့စရာကောင်းနေတဲ့ mask ကိုချွတ်လိုက်ကြပြီး ရန်ရိ သူ့ mask ကို ဘေးကတပ်သားလေးဆီပစ်ပေးလိုက်၏။ သူ ခြေလှမ်းနည်းနည်းလှမ်းကာ ကုံးရင့်ရှန်ရဲ့ ကော်လံကိုဆောင့်ဆွဲပြီး သူ့ကို နောက်မှာရှိတဲ့ သစ်ပင်နဲ့ ပစ်ဆောင့်လိုက်၏။

ကုံးရင့်ရှန်မျက်လုံးတွေထဲ အံ့ဩမှုအရိပ်အယောင်တစ်စ ဖြတ်ပြေးသွားပြီး သူရန်ရိလက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။ သို့ပေမယ့် အားလုံးဝထည့်မထားချေ။

ရန်ရိမျက်နှာက တော်တော်လေး ရုပ်ပျက်နေပြီး

" ငါ အမိန့်ပေးတာဝန်ယူ‌ထားတဲ့ အခင်းနေရာမှာ ဘယ်သူမှ ငါ့အမိန့်ကိုမနာခံလို့ မရဘူး။ ဘယ်သူက မင်းဘာသာလုပ်ခိုင်းလို့လဲ ဟမ်? ခုနက ဘယ်လောက်အန္တရာယ်များလဲ ဆိုတာ မင်းသိရဲ့လား?! "

ကုံးရင့်ရှန် မျက်မှောင်ကြုတ်လိုက်ပြီး

" လွှတ်ပေး "

အားလုံးကလည်း ဝိုင်းပြောလာကြသည်။

" ခေါင်းဆောင် ထားလိုက်ပါတော့ "

" ဒေါက်တာကုံးကလည်း ခေါင်းဆောင်ကို ကူညီချင်တာပါပဲ၊ တစ်ခုခုပြောစရာရှိရင်လည်း ကောင်းကောင်းမွန်မွန်ပဲပြောပါလား "

ကုံးရင့်ရှန်က အေးစက်စက်ပြောလာသည်။

" ကုန်တင်တွဲပေါ်က သိုလှောင်ကန်တွေက တစ်ခုနဲ့တစ်ခု တွဲထားတာ၊ တစ်ခုကို ကီလိုဂရမ်ရာနဲ့ချီလေးတယ်၊ အလိုအလျောက်မီးထလောင်ရင် ရွှေ့ဖို့ မီးသတ်ဖို့ခက်တယ်၊ ယိုစိမ့်မှုရှိလား စစ်ဆေးမှရမှာ "

" ယိုစိမ့်နေရင်လည်း တစ်ခါမီးထလောင်လိုက်တာနဲ့ မင်းပြေးမလွတ်တော့ဘူးလေ! "

ရန်ရိ ကုံးရင့်ရှန်ခုနက ချိန်ကိုက်ဗုံးတွေကြားထဲ ခေါက်တုံ့ခေါက်ပြန်သွားနေတာကို တွေးမိတော့ သူ့နှလုံးသားတင်းမာလာရသည်။

" မင်း အဲ့အချိန်ကဘာလို့ မီးမကြောက်တော့တာလဲ? မင်းသိလား? ခုနကမင်းကို မီးတကယ်လောင်သွားနိုင်တာ ငါသိနေတယ်ကွ! "

ကုံးရင့်ရှန် မျက်နှာက ဒေါသကြောင့်နီရဲလာပြီး ရုပ်တည်တည်နဲ့ပြောလာသည်။

" ခင်များမျက်လုံးထဲမှာ ကျွန်တော်က မလောင်တဲ့မီးကိုတောင် ကြောက်ပြီး သတ္တိမရှိတဲ့သူလား? "

သူအားထည့်ပြီး ရန်ရိလက်ကောက်ဝတ်ကို ညှစ်လိုက်သည်။

ရန်ရိ နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။ သူ ဆက်တောင့်ခံထားချင်သေးပေမယ့် ကုံးရင့်ရှန်အားကို မခံနိုင်တာကြောင့် လက်လွှတ်ဖို့ ဖိအားပေးခံလိုက်ရသည်။

ကုံးရင့်ရှန် သူ့လက်ကောက်ဝတ်ကို အားပြင်းပြင်းနဲ့ လွှဲခါလိုက်ပြီး၊ ဓာတုကာကွယ်ရေးဝတ်စုံကို ချွတ်ကာ နောက်ပြန်လှည့်မကြည့်ဘဲ သူ့ကားဆီလျှောက်ထွက်သွား၏။

ရန်ရိ ပါးစပ်ဖွင့်ပြီး သူ့ကိုတားလိုက်ချင်ပေမယ့် ပါးစပ်ကဖွင့်မရတာမို့ ကုံးရင့်ရှန် မောင်းထွက်သွားသည်ကိုသာ ကြည့်နေနိုင်သည်။

ရန်ရိ ခပ်တိုးတိုးဆဲရေးလိုက်ပြီး စိတ်ထဲမှာ ဒေါသလည်းထွက် နောင်တလည်းရနေ၏။

===========

See u 🧯🔥

===========

{ Zawgyi }

မီးသတ္ကား အခင္းေနရာကိုေရာက္ေတာ့ ရန္ရိကားထဲမွာပဲထိုင္ရင္း အေဝးကေန တိမ္းေမွာက္ေနေသာ ‌ကုန္တြဲယာဥ္ႏွင့္ ေျမျပင္ေပၚ လဲက်ေနေသာ ပုံပ်က္ေနသည့္ကားေခါင္းကိုၾကည့္ကာ သူ႕ဦး‌ေရခြံတစ္ခုလုံး ထုံက်ဥ္သြားရသည္။

သူ အင္တာကြန္းကေနတစ္ဆင့္ ေ႐ွ႕တန္းထြက္လာေသာ တပ္သားအားလုံးကို ၫႊန္းၾကားလိုက္သည္။

" ကားထဲကမထြက္ခင္ Mask ေတြတပ္ၾက "

" ဟုတ္ကဲ့ "

ကုန္တြဲယာဥ္တိမ္းေမွာက္သြားတာက အခင္းေနရာကၾကည့္ရင္ မသိသာေပမယ့္ သတင္းေပးခ်က္အရေတာ့ ႐ုတ္တရက္လမ္းလြဲသြားတဲ့ လွ်ပ္စစ္ကားကို တိမ္းေ႐ွာင္လိုက္တာေၾကာင့္ဟုဆိုကာ လွ်ပ္စစ္ယာဥ္ကေတာ့ ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားခဲ့သည္။ ကုန္တြဲယာဥ္မွာ ဓာတုပစၥည္းေတြပါတဲ့ သတၱဳပုံးေပါင္း ၂၀ ေက်ာ္ပါ႐ွိၿပီး ထိုအခ်ိန္က ေျမျပင္ေပၚ လိမ့္က်သြားတာေၾကာင့္ အမ်ိဳးအမည္မသိေသာ အရည္မ်ား ယိုစိမ့္သြားၿပီး ေျမျပင္ႏွစ္ေနရာ၌ မီးေတာက္ေနသည္။

[ T/n : အဲ့လိုကားႀကီး ေမွာက္တာပါ။ သိုေလွာင္ပုံေတြဆိုတာ အဲ့လိုတင္ထားတဲ့ပုံးေတြပါပဲ]

ကားတစ္စီးက ေနာက္မွဝင္ေဆာင့္မိသြားၿပီး ပတ္ဝန္းက်င္က လူေတြနဲ႔ ယာဥ္ေတြက ‌ခပ္ေဝးေဝးမွာ ေ႐ွာင္ေနၾကေသာ္လည္း ေယာက်္ားတစ္ခ်ိဳ႕က ေနာက္ကတိုက္မိတဲ့ကားမွန္ကို ခြဲဖို႔ႀကိဳးစားေနၾကသည္။

ေငြမွ်င္ေရာင္ ဓာတုကာကြယ္ေရးဝတ္စုံကိုဝတ္ထားရင္း ရန္ရိ ကားထဲက ခုန္ထြက္ကာ သူ႕လက္ကိုေဝ့ယမ္းျပၿပီး ေအာ္လိုက္သည္။

" အားလုံးေနာက္ဆုတ္! အားလုံးေနာက္ဆုတ္! "

‌ေယာက်္ားတစ္ေယာက္က ေခ်ာင္းဆိုးကာ ေအာ္ေျပာလာသည္။

" ကားထဲမွာ ကေလးပါတယ္! "

ရန္ရိ ေျပးသြားလိုက္ၿပီး သူတို႔ကို တစ္ေယာက္ခ်င္းစီ အေဝးသို႔ဆြဲဖယ္လိုက္၏။ သူတို႔အကုန္လုံး ေခ်ာင္းဆိုးေနလ်က္ မ်က္လုံးအေျမႇးပါးက ေသြးေၾကာမ်ားရဲကာ ေယာင္ေနသည္ကို ျမင္ၿပီး သူစိုးရိမ္တႀကီးေျပာလိုက္သည္။

" ဒီဟာက အဆိပ္သင့္ေနတယ္ မင္းတို႔ခ်က္ခ်င္း ျပန္ဆုတ္ၾကေတာ့! "

သူတို႔ အဆိပ္သင့္ေနတယ္ဆိုတာလည္း ၾကားေရာ၊ လူအေတာ္မ်ားမ်ား ထိတ္လန္႔သြားၾကၿပီး ေကာင္းကယ္နဲ႔တပ္သားေတြ အေျပးလာကာ သူတို႔ကို လမ္းတစ္ဖက္ျခမ္းဆီ လိုက္ပို႔ေပးၾကသည္။

ရန္ရိ ကားျပတင္းေပါက္ကို ကပ္ၿပီး အထဲကိုၾကည့္လိုက္သည္။ ေခါင္းဒဏ္ရာနဲ႔ အမ်ိဳးသမီးတစ္ေယာက္က ကားမွန္ကို အားအင္ခ်ိနဲ႔စြာ ပုတ္ရင္း "ကယ္ေပးပါ" ဟုေအာ္ေနၿပီး ကားေနာက္ဘက္မွာလည္း ကေလးထိုင္ခုံ႐ွိေနသည္။

" စြန္းတင့္ရိ ပလာယာနဲ႔ ေထာက္တိုင္ေတြယူလာခဲ့၊ သူ႕ေျခေထာက္က ကားဒိုင္ခြက္နဲ႔ဖိမိေနတယ္! "

ရန္ရိ အမိန္႔ေပးလိုက္သည္။

" လ်ိဳေဟြး ယာဥ္ေမာင္းကိုၾကည့္ဖို႔ တစ္ေယာက္ေယာက္ေခၚသြားလိုက္ "

" ဟုတ္! "

အမ်ိဳးသမီးက ငိုသည္။

" ကြၽန္မသမီးကို အရင္ကယ္ေပးပါ၊ ေပါက္ကြဲသြားမွာလား? ကြၽန္မသမီးကိုအရင္ကယ္လို႔! "

ရန္ရိ ႏွစ္သိမ့္ၿပီးေျပာလိုက္သည္။

" မေၾကာက္ပါနဲ႔ ငါတို႔ က်ိန္းေသေပါက္ မင္းတို႔ကိုကယ္ေပးမွာ "

သူ မီးေတာက္ေနတဲ့ သတၱဳပုံးကိုၾကည့္ၿပီး စိတ္ထဲမွာ ဂနာမၿငိမ္ျဖစ္လာသည္။ ဒီတစ္ခါ၊ ေနာက္က်သြားၿပီျဖစ္ၿပီး မီးေၾကာင့္ထြက္လာတဲ့မီးခိုးေတြက ပိတ္ေလွာင္ထားသည္။ သူတို႔အနားကပ္သြား႐ုံကလြဲၿပီး ပုံးေပၚမွာ ဘာေရးထားလဲဆိုတာ မသိႏိုင္၊ ၿပီးေတာ့ သူတို႔လည္း အခုအလ်င္စလို မခ်ဥ္းကပ္ရဲေပ။ လူကယ္ဆယ္တာေတာင္ အရမ္းစြန္႔စားရာေရာက္ေနၿပီ။

ေပါက္ကြဲသြားမွာလား? သူလည္းမသိဘူး။

စြန္းတင့္ရိက ေျပးလာသည္။

" ေခါင္းေဆာင္ရန္ ၊ ေခါင္းေဆာင္လွ်ိဳကဘယ္ေတာ့ေရာက္မွာလဲ? အဲ့တာဘာလဲဆိုတာ ကြၽန္ေတာ္ေသခ်ာမသိလို႔ မီးလည္းမသတ္ရဲဘူး "

" သူတို႔လမ္းမွာပိတ္မိေနတယ္၊ ၿပီးေတာ့ မၾကာခင္ ဓာတုေဗဒကြၽမ္းက်င္တဲ့သူတစ္ေယာက္ လာလိမ့္မယ္ "

တိမ္းေမွာက္ေနတဲ့ ကားေ႐ွ႕ပိုင္းဆီ ‌တြယ္တက္ေနေသာ လွ်ိဳေဟြးက လွမ္းေအာ္လာသည္။

" ေခါင္းေဆာင္ရန္ ယာဥ္ေမာင္းက ကိုမာဝင္ေနတယ္၊ ေဆာင့္မိတာေၾကာင့္လား အဆိပ္သင့္တာေၾကာင့္လား မသိဘူး "

ရန္ရိ သူ႕ကို အထဲဝင္ၿပီးလူကယ္ခိုင္းခ်င္သည့္အခ်ိန္မွာပဲ တတိယသတၱဳဘူးလည္း မီးထေလာင္လာတာကို ျမင္လိုက္ရၿပီး သူအံႀကိတ္လိုက္သည္။

" လွ်ိဳေဟြး ျပန္ထြက္ခဲ့ "

လွ်ိဳေဟြးက ခဏေလာက္ေၾကာင္အသြားၿပီး

" ကြၽန္ေတာ္ ေအာက္ဆင္းၿပီး ခဏေနသူ႕ကိုျပန္တင္ေပးလိုက္မယ္ "

" ဖယ္လိုက္ေတာ့! အခုခ်က္ခ်င္း! "

ရန္ရိ ေအာ္လိုက္သည္။

" အားလုံး ကုန္တြဲယာဥ္ကေန ေဝးေဝးေနၾက၊ ေကာင္းကယ္ မင္းငါနဲ႔ေန "

သူစကားေျပာၿပီးေတာ့ စြန္းတင့္ရိလက္ထဲက ဟိုက္ဒေရာလစ္ညႇပ္ကို ယူဖို႔လက္ျပင္လိုက္သည္။

" မင္းလည္းအတူတူပဲ "

‌စြန္းတင့္ရိက မေပးဘဲေနၿပီး

" ငါတို႔သုံးေယာက္လုံး ျမန္ျမန္လုပ္ရမယ္ "

ရန္ရိ ကားထဲမွာ စိတ္အားငယ္စြာငိုေနသည့္ ကေလးအေမကို ၾကည့္လိုက္ၿပီး အသက္ျပင္းျပင္း႐ႈ႐ိႈက္လိုက္သည္။

" ျမန္ျမန္ "

စြန္းတင့္ရိက ပုံပ်က္ေနတဲ့ကားတံခါးကို ဟိုက္ဒေရာလစ္ညႇပ္ေတြနဲ႔ ဖြင့္လိုက္သည္။ ရန္ရိနဲ႔ ေကာင္းကယ္က ေထာက္တိုင္ကို ယာဥ္ေမာင္းေနရာသို႔ သြင္းႏိုင္ရန္ အတူႀကိဳးစားလိုက္ၿပီး ကားေဘာင္ခြက္ရဲ႕ေအာက္ဘက္ဖိအားကို အနည္းငယ္ေထာက္ကန္ထားကာ အမ်ိဳးသမီးရဲ႕ေျခေထာက္ေတြကို ဖိအားလြတ္သြားေစသည္။ တစ္ခ်ိန္တည္းမွာပဲ စြန္းတင့္ရိကလည္း ‌ကားေနာက္ခန္းတံခါးကိုဖြင့္ၿပီး ကေလးကို အျပင္ထုတ္လိုက္၏။

သူတို႔သုံးေယာက္ ေနရာကေန အျမန္ခြာၿပီး အေမနဲ႔သမီးကို လူနာတင္ယာဥ္ဆီပို႔ေပးၾကသည္။

လွ်ိဳေဟြးက ‌ရန္ရိေနာက္လိုက္လာၿပီး

" ေခါင္းေဆာင္ရန္၊ ယာဥ္ေမာင္းကအေျခအေနမဟန္ပဲေနလိမ့္မယ္ သူ႕ကိုကယ္ၾကရေအာင္ "

ရန္ရိ တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္သည္။

" ငါတို႔က အႏၲရာယ္႐ွိတဲ့ဓာတုပစၥည္းေတြကို ေျဖ႐ွင္းတဲ့ေနရာမွာ မကြၽမ္းက်င္ဘူး၊ မထင္ထားတဲ့ မေတာ္တဆမႈေတြျဖစ္လာရင္ ထိခိုက္နစ္နာမႈေတြ အမ်ားႀကီး႐ွိလိမ့္မယ္၊ ငါမစြန္႔စားႏိုင္ဘူး "

" ကြၽန္ေတာ့္ကို အခ်ိန္ ငါးမိနစ္ပဲေပး "

ရန္ရိ ခက္မာမာေျပာလိုက္သည္။

" မရဘူး! "

လွ်ိဳေဟြးက တစ္ခုခုေျပာခ်င္ေပမယ့္ ေကာင္းကယ္ကသူ႕ကို မ်က္စပစ္ၿပီး ေခါင္းခါျပလိုက္သည္။

ရန္ရိ စိုးရိမ္တႀကီးနဲ႔ ပတ္ခ်ာလည္ၾကည့္ၿပီး သူ႕ဖုန္းကိုထုတ္ကာ ကုံးရင့္႐ွန္ကို ဖုန္း‌တစ္ခါထပ္ေခၚခ်င္ေနသည္။ အခင္း‌ကဘယ္လိုလဲဆိုတာ တြက္ခ်က္ၿပီးမွပဲ သူတို႔ကိုင္တြယ္ႏိုင္မယ့္ နည္းလမ္း႐ွာႏိုင္မည္ပင္။ အခု သူတို႔က အရမ္းကိုမ႐ွဴႏိုင္မကယ္ႏိုင္ျဖစ္ေနသည္။

ဖုန္းေတာင္မဝင္ေသးခင္မွာပဲ လမ္းဆုံရဲ႕ေထာင့္ျဖတ္လမ္းကေန အနက္ေရာင္ဂ်စ္ပ္ကားတစ္စီး ျဖတ္ေက်ာ္ဝင္ေရာက္လာသည္။ အခင္းေနရာက ယာဥ္ေတြအကုန္ ေဘးဖယ္ထားၿပီးေတာ့ ကားက ရန္ရိေဘးမွာ အတားအဆီးမ႐ွိ တိုက္႐ိုက္ဝင္ရပ္လိုက္ၿပီး ကားဘရိတ္ဆြဲသံထြက္ေပၚလာသည္။

ကားတံခါးဖြင့္ၿပီး suit ဝတ္ထားတဲ့ ေျခတံ႐ွည္တစ္စုံ ေျမျပင္ထက္က်ဆင္းလာကာ၊  ေျပာင္လက္ေနတဲ့ သားရည္႐ွဴးဖိနပ္မ်ားက အားအင္ျပည့္တဲ့ ေျခလွမ္းကိုလွမ္း‌ေလွ်ာက္လိုက္ၿပီး ေျခလွမ္းအနည္းငယ္ျဖင့္ ရန္ရိေ႐ွ႕ေရာက္လာသည္။

ကုံးရင့္႐ွန္ရဲ႕ ႐ွည္သြယ္သြယ္ပုံပန္းသဏၭာန္နဲ႔ တည္ၿငိမ္ေအးေဆးတဲ့အၾကည့္ကို ၾကည့္မိလိုက္ေတာ့ ရန္ရိရင္ထဲ အနည္းငယ္ပိုၿပီး စိတ္‌ေအးသြားရသည္။

" ဓာတုကာကြယ္ေရးဝတ္စုံ "

သူေျပာလိုက္သည္။

ကုံးရင့္႐ွန္ ရန္ရိကို ေျခဆုံးေခါင္း‌ဆုံးၾကည့္လိုက္ၿပီး အေကာင္းပကတိ႐ွိေနေသးတာျမင္ေတာ့ တိတ္တခိုး စိတ္ေအးသြားရသည္။

တင္းခ်င္က ျပင္ဆင္ထားတဲ့ ဓာတုကာကြယ္ေရးဝတ္စုံကို ကိုင္ရင္း ကုံးရင့္႐ွန္ဆီ ေျပးလာသည္။

ကုံးရင့္႐ွန္ သူ႕ရဲ႕ ဓာတုကာကြယ္ေရးဝတ္စုံကို ဝတ္လိုက္ၿပီး ‌မီတာအနည္းငယ္ တိုးကပ္လာသည္။

" ေခါင္းေဆာင္ အခင္းအေျခအေနကို ခဏေလာက္႐ွင္းျပေပး "

သတိေပးခ်က္ျမည္တာေရာ သူေလ့လာထားတာေရာေပါင္းၿပီး အေျခအေနကို အျမန္႐ွင္းျပလိုက္သည္။

" ဓာတုပစၥည္းအမည္က ပုံးေပၚမွာေရးထားေလာက္တယ္ ဒါေပမယ့္ ငါတို႔မစြန္႔စားရဲဘူး "

" မဟုတ္ဘူး ဘာလဲဆိုတာ ကြၽန္ေတာ္သိတယ္ "

ကုံးရင့္႐ွန္က ယုံၾကည္ခ်က္႐ွိ႐ွိေျပာလာသည္။

" စတီးကိုယ္ထည္နဲ႔သိုးေလွာင္ပုံး၊ အေရာင္မ႐ွိတဲ့အရည္၊ ေအာက္သိုးသိုးအနံ႔၊ ေလထဲကေအာက္ဆီဂ်င္နဲ႔ေရာေႏွာသြားရင္ အလိုအေလ်ာက္ မီး‌ေလာင္ႏိုင္တယ္၊ ၿပီးေတာ့ အဆိပ္သင့္ဓာတ္ေငြ႕ထုတ္လႊတ္တယ္ အဲ့တာ Triethyl aluminum ပဲ၊ ေယဘုယ်အားျဖင့္ ဓာတ္ျပဳတာကို လွ်င္ျမန္ေအာင္လုပ္ေပးတဲ့ပစၥည္းအေနနဲ႔ သုံးတယ္၊ ဓာတုေဗဒစက္မႈဇုန္ေတြမွာ အမ်ားဆုံး႐ွိတတ္တဲ့ပစၥည္းပဲ "

" အဲ့တာဆို ငါအခုဘာလုပ္ရမလဲ? ေပါက္ကြဲသြားမွာလား? "

" ကုန္သိုေလွာင္တြဲက ဖိအားမ႐ွိဘူး၊ ဓာတ္ေငြ႕ေသေတြနဲ႔ျပည့္ေနတယ္၊ ေပါက္ကြဲမယ္ဆိုရင္ေတာင္ အခ်ိန္တိုအတြင္းေတာ့ မေပါက္ကြဲႏိုင္ဘူး၊ Triethyl aluminum ရဲ႕ထူးျခားခ်က္က ေရနဲ႔ထိေတြ႕ရင္ ေပါက္ကြဲတတ္တယ္၊ ကံေကာင္းလို႔ ခင္မ်ားမီးသတ္ဖို႔ ေရမျဖန္းလိုက္ဘူးပဲ "

" အဲ့တာဘာလဲဆိုတာ ငါမေသခ်ာလို႔၊ ငါတို႔ မီးသတ္ကိရိယာေတြကို ႐ူး႐ူးႏွမ္းႏွမ္းနဲ႔သုံးမွာမဟုတ္ဘူး "

ရန္ရိ ေျပာလိုက္သည္။

" ေရျမႇဳပ္နဲ႔လည္း အလုပ္မျဖစ္ဘူးလား? "

" ေရျမႇဳပ္လည္းမရဘူး "

ကုံးရင့္႐ွန္ ထပ္ေမးလိုက္သည္။

" ကားထဲမွာ တစ္ေယာက္ေယာက္႐ွိလား? "

" ေနာက္ကားထဲကသူေတြကိုေတာ့ ကယ္ဆယ္ၿပီးသြားၿပီ၊ ကုန္တြဲယာဥ္ေမာင္းကေတာ့ အထဲမွာ႐ွိေနေသးတယ္ "

ကုံးရင့္႐ွန္ တည္တည္ၿငိမ္ၿငိမ္ေျပာလာသည္။

" ယာဥ္ေမာင္းက အေတာ္ျမန္ျမန္ အဆိပ္သင့္သြားမွာပဲ၊ အဲ့ပစၥည္းကို႐ွဴသြင္းမိရင္ အဆုတ္ေယာင္ေရာဂါျဖစ္ႏိုင္တယ္ "

" ေပါက္ကြဲမႈအႏၲရာယ္မ႐ွိရင္ ငါတို႔လူကယ္ရမယ္ "

ကုံးရင့္႐ွန္က ရန္ရိကို လွမ္း‌ဆြဲထားလိုက္ၿပီး

" ေရမျဖန္းတာနဲ႔ပဲ ေပါက္ကြဲမႈအႏၲရာယ္မ႐ွိဘူးလို႔ မဆိုလိုဘူး၊ ဒီႏွစ္ရက္အေတာတြင္း အခ်ိန္တိုင္းလိုလို မိုး႐ြာေနတာပဲ၊

ေလထုစိုးထိုင္းမႈက မနည္းဘူး၊

Triethyl aluminum ရဲ႕ဓာတုဂုဏ္သတၱိက အရမ္းလ်င္တယ္၊

စိုသြား႐ုံနဲ႔တင္ ေပါက္ကြဲလိမ့္မယ္၊

ထပ္ေျပာရရင္ မီးေလာင္မႈက ပုံးထဲမွာ ဖိအားေပးထားၿပီးၿပီ၊

မီးကိုအရင္ထိန္းရမယ္၊ ၿပီးရင္  ေလထုဖိအားေလ်ာ့က်သြားေအာင္ ပုံးထဲမွာ႐ွိတဲ့ ႏိုက္ထ႐ိုဂ်င္ဓာတ္ေငြ႕ထုတ္ရမယ္၊

အဲ့လိုမွမဟုတ္ရင္ ေပါက္ကြဲမႈအႏၲရာယ္႐ွိတာတင္မကပဲ မီးၿငိမ္းထားတာေတြလည္း မီးျပန္ေတာက္လာလိမ့္မယ္ "

ရန္ရိ ခဏတျဖဳတ္ေတြးလိုက္ၿပီး

" ငါ ယာဥ္ေမာင္းကိုကယ္ဖို႔ အဖြဲ႕လႊတ္လိုက္မယ္၊ ၿပီးေတာ့ ငါတို႔ မီးၿငိမ္းဖို႔ ေပါင္ဒါေျခာက္သုံးတာေပါ့ "

" ခင္မ်ားမွာ Triethyl aluminum အတြက္ မီးသတ္ေပါင္ဒါေျခာက္႐ွိလို႔လား? "

" ဓာတုအႏၲရာယ္ကိုင္တြယ္ေျဖ႐ွင္းေရး အဖြဲ႕မွာေတာ့႐ွိေလာက္တယ္၊ ဒါေပမယ့္ သူတို႔က လမ္းမွာပိတ္မိေနတယ္၊ ငါတို႔မွာ ပုံမွန္ေပါင္ဒါေျခာက္ပဲ႐ွိတယ္ "

" အရမ္းေနာက္က်သြားၿပီ၊ ေပါက္ကြဲမႈအဆိပ္ဓာတ္ေငြ႕ေတြ တစ္ခါျပန္႔သြားတာနဲ႔ ေလသြားတဲ့ဧရိယာက လူေနအိမ္ေျခေတြပဲ။ အနည္းဆုံး မီးထိန္းႏိုင္ေအာင္ သူတို႔ကို ေပါင္ဒါေျခာက္နဲ႔အရင္ ဖုံးၾကတာေပါ့ "

ကုံးရင့္႐ွန္ ထပ္ေျပာလာသည္။

" Triethyl aluminum က တိုက္စားမႈျမင့္တယ္၊ အဲ့တာေၾကာင့္ အသားနဲ႔မထိေစနဲ႔ "

ရန္ရိ ေခါင္းၿငိမ့္ျပလိုက္သည္။

" လွ်ိဳေဟြး ယာဥ္ေမာင္းကိုကယ္ဖို႔ မင္းအဖြဲ႕သားေတြေခၚသြားလိုက္ "

လွ်ိဳေဟြး အမိန္႔နာခံကာ လွည့္ၿပီး ထရပ္ကားဆီေျပးသြားသည္။

ရန္ရိ ေပါင္ဒါေျခာက္ကိုယူကာ မီးၿငိမ္းသတ္ဖို႔သြားေတာ့ ကုံးရင့္႐ွန္လည္း ေနာက္ကလိုက္လာသည္။

ရန္ရိ သူ႕ကိုၾကည့္လိုက္ၿပီး

" မင္းဘာလုပ္ေနတာလဲ? "

" ကြၽန္ေတာ္ ႏိုက္ထ႐ိုဂ်င္လႊတ္ဖို႔ ကုန္တြဲက ဘားကိုဖြင့္လိုက္မယ္ "

" ဟင္အင္း မင္းအဲ့ကိုသြားလို႔မရဘူး "

ရန္ရိ သူ႕အေ႐ွ႕မွာရပ္ရင္း အေလးအနက္ေျပာလိုက္သည္။

" ဒါငါတို႔အလုပ္ပဲ၊ မကြၽမ္းက်င္တဲ့သူေတြ အခင္းေနရာကို ဝင္လို႔မရဘူး "

" ကြၽန္ေတာ္က ကြၽမ္းက်င္တဲ့သူတစ္ေယာက္ပါ "

ကုံးရင့္႐ွန္ သူ႕ကိုယ္ေပၚက ဝတ္စုံကို လက္ညိႇဳးထိုးျပလိုက္ရင္း

" ခင္မ်ားတို႔မွာ ဓာတုကာကြယ္ေရးဝတ္စုံနည္းနည္းပဲ႐ွိတာ၊ ကြၽန္ေတာ္တစ္ခုဝတ္လိုက္ကတည္းက သုံးရေတာ့မွာပဲ "

" မင္းက အေတာ္အသုံးဝင္ပါတယ္၊ မင္းလာလို႔္ရဘူး "

ရန္ရိ ေလသံျမႇင့္လိုက္သည္။

ႏွစ္ေယာက္သား အသက္႐ွဴ mask ကေနတစ္ဆင့္ တစ္ေယာက္ကိုတစ္ေယာက္စိုက္ၾကည့္ေနၾကသည္။

ကုံးရင့္႐ွန္က ေျခတစ္လွမ္းတိုးလာၿပီး၊ ၾကားမွာအကြာအေဝးမ႐ွိေတာ့တာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕ အသက္႐ွဴ mask ေတြ အတူေဆာင့္မိသြားသည္။

ရန္ရိႏွလုံးသားက စည္းခ်က္ေတာင္ပ်က္သြားေတာ့မလိုပင္။ Mask က ေဖာက္ထြင္းျမင္ေနရေတာ့ ခဏတာအတြင္း သူေတြးမိလိုက္သည္က ကုံးရင့္႐ွန္မ်က္ႏွာက သူ႕မ်က္ႏွာဆီထိကပ္လာၿပီးေတာ့ ကုံးရင့္႐ွန္ရဲ႕ ပန္းႏုေရာင္ႏႈတ္ခမ္းေတြက...

ကုံးရင့္႐ွန္ သူ႕ေခါင္းကို နည္းနည္းျပန္ဆုတ္လိုက္ေပမယ့္ ရန္ရိကို အထက္စီးဆန္ဆန္ စိုက္ၾကည့္ေနဆဲပင္။

" ကြၽန္ေတာ္ မီး႐ိႈ႕သမားကိုဖမ္းေတာ့ ခင္မ်ားရပ္ၾကည့္ေနႏိုင္လား? "

ရန္ရိ ဆြံ႕အသြားသည္။

" ကြၽန္ေတာ္လည္း မလုပ္ႏိုင္ဘူး "

ကုံးရင့္႐ွန္ ကုန္တင္ကားဆီသို႔ တြန္႔ဆုတ္ျခင္းမ႐ွိ ေလွ်ာက္လွမ္းသြားသည္။

လက္မခံႏိုင္စြာပဲ၊ ရန္ရိတပ္သားအနည္းငယ္နဲ႔ အျမန္ေျပးသြားလိုက္ၿပီး မီးေလာင္ေနတဲ့ကုန္တင္တြဲကို ေပါင္ဒါေျခာက္‌နဲ႔ျဖန္းလိုက္သည္။

ကုံးရင့္႐ွန္က ေနာက္ထပ္ယိုစိမ့္မႈေတြကို ကာကြယ္ရန္ Triethyl aluminum သိုေလွာင္ပုံးေတြကို တစ္ခုခ်င္းစီ စစ္ေဆး၏။

သူထရပ္ကားေပၚ တက္ေတာ့မည့္ဆဲဆဲမွာပဲ ရန္ရိ ျပာျပာသလဲေျပာလိုက္သည္။

" တက္မသြားနဲ႔၊ ေစြ႕႐ွိ႐ွန္း သူ႕ကိုတား "

ေစြ႕ရိ႐ွန္းနဲ႔ တင္းခ်င္က ကုံးရင့္႐ွန္ကို တားဖို႔ႀကိဳးစားေပမယ့္ ကုံးရင့္႐ွန္က ဓာတုကာကြယ္ေရးဝတ္စုံ အေလးႀကီးကို ဝတ္ထားရင္း လက္တစ္ဖက္တည္းအေထာက္အပံ့ျဖင့္ပင္ တိမ္းေမွာက္ေနတဲ့ ကုန္တြဲယာဥ္ထဲသို႔ ေသေသသပ္သပ္ ခုန္ဝင္သြားလိုက္သည္။

" ကြၽန္ေတာ္ သိုေလွာင္ကန္အားလုံးကို စစ္ၾကည့္ခ်င္တယ္၊ လိုရမယ္ရေပါ့ "

" ကုံးရင့္႐ွန္ မင္းအမိန္႔ကိုနာခံစမ္း! "

ရန္ရိ ေဒါသထြက္ေနၿပီး

" မင္းက ဓာတုကာကြယ္ေရးဝတ္စုံပဲ ဝတ္ထားတာကြ၊ ေ႐ႊေခါင္းေလာင္းမဟုတ္ဘူး! "

ကုံးရင့္႐ွန္က ဘယ္အခ်ိန္မဆို  အလိုအေလ်ာက္ထေပါက္ကြဲႏိုင္တဲ့ အႏၲရာယ္႐ွိဓာတုပစၥည္းေတြၾကား ေလွ်ာက္သြားေနၿပီး၊ သူ႕အသံက ပုံမွန္အတိုင္းပဲ တည္ၿငိမ္ေနဆဲသာ။

" ခင္မ်ားမီးသာသတ္ပါ၊ ကြၽန္ေတာ္ခ်က္ခ်င္း ျပန္ဆင္းလာမယ္ "

ရန္ရိ ကုံးရင့္႐ွန္ကို ရင္တထိတ္ထိတ္နဲ႔ စိုးရိမ္စြာ လွမ္းၾကည့္လိုက္ေပမယ့္ မီးသတ္ရာ၌သာ အာ႐ုံစိုက္ထားရမည္ပင္။

မိနစ္အနည္းငယ္ၾကာေတာ့ မီးထိန္းႏိုင္သြားသည္။ လုံးဝႀကီး ၿငိမ္းသတ္သြားတာမ်ိဳးမဟုတ္ေပမယ့္ အထူးသျဖင့္ ေျမျပင္ကမီးနဲ႔ သိုေလွာင္ပုံးက မီးကိုေတာ့ ေပါင္ဒါေျခာက္နဲ႔ ၿငိမ္းသတ္ႏိုင္ခဲ့သည္။

ကုံးရင့္႐ွန္လည္း အျခားသိုေလွာင္ကန္ေတြကို စစ္‌ေဆးၿပီး ထရပ္အျပင္ကိုခုန္ထြက္ကာ ဖိအားေလ်ာ့နည္းသြားေစဖို႔ ကုန္တင္တြဲက ဘားကို လက္အိတ္ထူထူဝတ္ထားတဲ့ သူ႕လက္ေတြနဲ႔ဖြင့္လိုက္သည္။

ကုန္တင္တြဲက တကြၽိကြၽိအသံထြက္လာၿပီး အားလုံး ေၾကာက္လန္႔သြားၾကသည္။

ကုံးရင့္႐ွန္က မ်က္ႏွာမွာေခြၽးေတြျပန္ေနတဲ့ ရန္ရိကို လွမ္းၾကည့္လိုက္ၿပီး သူတို႔ႏွစ္ေယာက္တည္းပဲ ၾကားႏိုင္ေလာက္သည့္ ေလသံတိုးတိုးျဖင့္ေျပာလာသည္။

" မေၾကာက္နဲ႔ "

ရန္ရိ မေနႏိုင္ဘဲ ကုံးရင့္႐ွန္ကို ျပန္လွမ္းၾကည့္လိုက္သည္။ ထိုတည္ၿငိမ္နက္နဲေသာ မ်က္ဝန္းမ်ားက ေလၿငိမ္ေသာပင္လယ္ျပင္ႏွင့္အလားတူၿပီး ပင္လယ္ေအာက္၌ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈႏွင့္ အလြန္ႀကီးမားေသာစြမ္းအားမ်ား ပုန္းကြယ္ေနသည္။ ၎တို႔က အလြန္ကိုကူးစက္လြယ္ၿပီး ရန္ရိႏွလုံးသားကိုလည္း တည္ၿငိမ္သြားေစသည္။

ေနာက္ဆုံးေတာ့ မီးေလာင္တဲ့သိုေလွာင္ကန္သုံးခုက ႏိုက္ထ႐ိုဂ်င္ေတြထြက္လာၿပီး ကုန္တင္ယာဥ္ေမာင္းသမားက လွ်ိဳေဟြးနဲ႔ အျခားတပ္သားမ်ား အကယ္ဆယ္ခံလိုက္ရသည္။

အခင္းေနရာကို အႏၲရာယ္႐ွိဓာတုပစၥည္းကိုင္တြယ္ေရးအဖြဲ႕ ေရာက္လာဖို႔လည္း သိပ္မၾကာလိုက္ေပ။ သူတို႔ ကြၽမ္းက်င္မီးသတ္ကားေတြနဲ႔ သန္႔စင္ေရးကားကိုေခၚလာခဲ့သည္။ ျပန္႔ေနတဲ့မီးေတြအားလုံးကို ၿငိမ္းသတ္ၿပီးေတာ့ အခင္းေနရာကို စတင္သန္႔႐ွင္းၾကသည္။

ဒီမေတာ္တဆမႈက အႏၲရာယ္မ်ားေပမယ့္

အထိအခိုက္ အမ်ားႀကီးမျဖစ္ပြားခဲ့ေခ်။

အားလုံး အခ်ိန္အၾကာႀကီး ၿငီးေငြ႕စရာေကာင္းေနတဲ့ mask ကိုခြၽတ္လိုက္ၾကၿပီး ရန္ရိ သူ႕ mask ကို ေဘးကတပ္သားေလးဆီပစ္ေပးလိုက္၏။ သူ ေျခလွမ္းနည္းနည္းလွမ္းကာ ကုံးရင့္႐ွန္ရဲ႕ ေကာ္လံကိုေဆာင့္ဆြဲၿပီး သူ႕ကို ေနာက္မွာ႐ွိတဲ့ သစ္ပင္နဲ႔ ပစ္ေဆာင့္လိုက္၏။

ကုံးရင့္႐ွန္မ်က္လုံးေတြထဲ အံ့ဩမႈအရိပ္အေယာင္တစ္စ ျဖတ္ေျပးသြားၿပီး သူရန္ရိလက္ေကာက္ဝတ္ကို ဖမ္းကိုင္လိုက္သည္။ သို႔ေပမယ့္ အားလုံးဝထည့္မထားေခ်။

ရန္ရိမ်က္ႏွာက ေတာ္ေတာ္ေလး ႐ုပ္ပ်က္ေနၿပီး

" ငါ အမိန္႔ေပးတာဝန္ယူ‌ထားတဲ့ အခင္းေနရာမွာ ဘယ္သူမွ ငါ့အမိန္႔ကိုမနာခံလို႔ မရဘူး။ ဘယ္သူက မင္းဘာသာလုပ္ခိုင္းလို႔လဲ ဟမ္? ခုနက ဘယ္ေလာက္အႏၲရာယ္မ်ားလဲ ဆိုတာ မင္းသိရဲ႕လား?! "

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

" လႊတ္ေပး "

အားလုံးကလည္း ဝိုင္းေျပာလာၾကသည္။

" ေခါင္းေဆာင္ ထားလိုက္ပါေတာ့ "

" ေဒါက္တာကုံးကလည္း ေခါင္းေဆာင္ကို ကူညီခ်င္တာပါပဲ၊ တစ္ခုခုေျပာစရာ႐ွိရင္လည္း ေကာင္းေကာင္းမြန္မြန္ပဲေျပာပါလား "

ကုံးရင့္႐ွန္က ေအးစက္စက္ေျပာလာသည္။

" ကုန္တင္တြဲေပၚက သိုေလွာင္ကန္ေတြက တစ္ခုနဲ႔တစ္ခု တြဲထားတာ၊ တစ္ခုကို ကီလိုဂရမ္ရာနဲ႔ခ်ီေလးတယ္၊ အလိုအေလ်ာက္မီးထေလာင္ရင္ ေ႐ႊ႕ဖို႔ မီးသတ္ဖို႔ခက္တယ္၊ ယိုစိမ့္မႈ႐ွိလား စစ္ေဆးမွရမွာ "

" ယိုစိမ့္ေနရင္လည္း တစ္ခါမီးထေလာင္လိုက္တာနဲ႔ မင္းေျပးမလြတ္ေတာ့ဘူးေလ! "

ရန္ရိ ကုံးရင့္႐ွန္ခုနက ခ်ိန္ကိုက္ဗုံးေတြၾကားထဲ ေခါက္တုံ႔ေခါက္ျပန္သြားေနတာကို ေတြးမိေတာ့ သူ႕ႏွလုံးသားတင္းမာလာရသည္။

" မင္း အဲ့အခ်ိန္ကဘာလို႔ မီးမေၾကာက္ေတာ့တာလဲ? မင္းသိလား? ခုနကမင္းကို မီးတကယ္ေလာင္သြားႏိုင္တာ ငါသိေနတယ္ကြ! "

ကုံးရင့္႐ွန္ မ်က္ႏွာက ေဒါသေၾကာင့္နီရဲလာၿပီး ႐ုပ္တည္တည္နဲ႔ေျပာလာသည္။

" ခင္မ်ားမ်က္လုံးထဲမွာ ကြၽန္ေတာ္က မေလာင္တဲ့မီးကိုေတာင္ ေၾကာက္ၿပီး သတၱိမ႐ွိတဲ့သူလား? "

သူအားထည့္ၿပီး ရန္ရိလက္ေကာက္ဝတ္ကို ညႇစ္လိုက္သည္။

ရန္ရိ နာက်င္မႈေၾကာင့္ ႐ႈံ႕မဲ့သြား၏။ သူ ဆက္ေတာင့္ခံထားခ်င္ေသးေပမယ့္ ကုံးရင့္႐ွန္အားကို မခံႏိုင္တာေၾကာင့္ လက္လႊတ္ဖို႔ ဖိအားေပးခံလိုက္ရသည္။

ကုံးရင့္႐ွန္ သူ႕လက္ေကာက္ဝတ္ကို အားျပင္းျပင္းနဲ႔ လႊဲခါလိုက္ၿပီး၊ ဓာတုကာကြယ္ေရးဝတ္စုံကို ခြၽတ္ကာ ေနာက္ျပန္လွည့္မၾကည့္ဘဲ သူ႕ကားဆီေလွ်ာက္ထြက္သြား၏။

ရန္ရိ ပါးစပ္ဖြင့္ၿပီး သူ႕ကိုတားလိုက္ခ်င္ေပမယ့္ ပါးစပ္ကဖြင့္မရတာမို႔ ကုံးရင့္႐ွန္ ေမာင္းထြက္သြားသည္ကိုသာ ၾကည့္ေနႏိုင္သည္။

ရန္ရိ ခပ္တိုးတိုးဆဲေရးလိုက္ၿပီး စိတ္ထဲမွာ ေဒါသလည္းထြက္ ေနာင္တလည္းရေန၏။

===========

See u 🧯🔥