Chapter 40

{ Unicode }

အခင်းနေရာကို ကိုင်တွယ်ဖြေရှင်းဖို့ ကူညီကြပြီးတော့ သူတို့ စခန်းကို အရမ်းနောက်ကျမှ ပြန်ရောက်သည်။

ရန်ရိ မြောင်မြောင်ကို သူ့အိပ်ခန်းထဲထည့်လိုက်ကာ ခွက်တစ်ခွက်ကိုယူ၍ ရေတစ်ခွက်ထည့်ပေးထားလိုက်ပြီး သူကတော့ ရေချိုးဖို့ သွားသည်။

ဆောင်းဦးရာသီနှောင်းပိုင်းဆိုပေမယ့် ရေပူနဲ့မချိုးဘဲ သူ့ခေါင်းနဲ့မျက်နှာပေါ်ကို ရေအေးများဖြန်းကျစေလိုက်ပြီး သူ့ရင်ထဲ မတည်မငြိမ်ဖြစ်နေတာကို ငြိမ်းအေးစေသည်။

စိတ်လိုက်မာန်ပါလုပ်လိုက်တယ်လို့ သူထင်တယ်။ သူဒေါသမထွက်ခဲ့သင့်ဘူး၊ ‌တကယ်တမ်းကျတော့ ကုံးရင့်ရှန်က ကူညီချင်ရုံသာ။

သို့ရာတွင် သူတာဝန်ထွက်ရတိုင်း အမိန့်ကို တသွေမသိမ်းနာခံသည်။ ၎င်းက သူ့အရိုးတွေထဲအထိ ထွင်းထုထားသော ကိုယ်ပိုင်မူပင်။ မီးအခင်းနေရာက တိုက်ပွဲတစ်ခုကဲ့သို့ဖြစ်ရာ မည်သူမှ ချွင်းချက်မရှိနိုင်။ ထိုအချိန်က ကုံးရင့်ရှန်အပြုအမူက သူ့ကို တကယ်စိုးရိမ်စေသည်။

အကယ်၍များ ကုန်တင်ယာဉ်ပေါ်က သိုလှောင်ပုံးတွေ ယိုစိမ့်နေခဲ့ရင်၊ အကယ်၍များ ယိုစိမ့်နေတဲ့ ဓာတုပစ္စည်းတွေ အောက်ဆိုဒ်နှင့်ဓာတ်ပြုသွားခဲ့ရင်၊ အကယ်၍များ ကုံးရင့်ရှန်ကို မီးစွဲသွားခဲ့ရင်...

သူနက်နက်နဲနဲတောင် မစဉ်းစားရဲတဲ့ အဲ့ဒီ ' အကယ်၍ ' တွေက သူ့ဒေါသရဲ့အဓိကအကြောင်းရင်းဖြစ်သည်။ ကုံးရင့်ရှန်က မီးကိုအရမ်းကြောက်တာ၊ မီးလောင်နိုင်တဲ့စွန့်စားမှုမျိုးကို သူဘယ်လိုလုပ်ပေးသွားနိုင်မှာလဲ။

သေချာ၏။ သူစိတ်ဖြေလိုက်ပြီးတော့ သူနည်းနည်းလွန်ပြီး အစွန်းရောက်သွားခဲ့သလို ခံစားရသည်။ ကုံးရင့်ရှန်က မီးကြောက်ပေမယ့် သူတို့ကို ကူညီဖို့ တွန့်ဆုတ်မနေဘူး၊ သူအနည်းဆုံး ကျေးဇူးတင်တယ် လို့တော့ ပြောလိုက်သင့်သည်။

ရန်ရိ သက်ပြင်းရှည်ကြီးချရင်း၊ စိတ်ထဲမှာ နောင်တရနေလျက်၊ သူ့ခေါင်းကို ရေချိုးခန်းကကြွေပြားနဲ့ လေးငါးချက်လောက် ပိတ်ဆောင့်လိုက်သည်။

နောက်ဘက်မှ ကြောင်အော်သံတိုးတိုးလေး ထွက်လာ၏။

ရန်ရိ ခေါင်းလှည့်ပြီးကြည့်လိုက်တော့ မြောင်မြောင်က တံခါးမပိတ်ထားတဲ့ ရေချိုးခန်းတံခါးဝကို ဘယ်တုန်းက ရောက်နေမှန်းမသိ၊ အနက်ရောင် ခေါင်းလေးတိုးဝင်လာပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသည်။

[ T/n : အဲ့ကြောင်က ကိုယ်ပဲ ]

" မင်းဘာလို့ ငါရေချိုးတာကို ချောင်းကြည့်နေတာလဲ? "

ရန်ရိ လက်မောင်းကြွက်သားတွေထုတ်ပြလိုက်ပြီး

" မင်းအဖေ ကြည့်ကောင်းတယ်လား? "

မြောင်မြောင်က ခေါင်းစောင်းသွားသည်။

ရန်ရိ လက်ကို ပျင်းတိပျင်းရွဲနဲ့ အောက်နှိမ့်လိုက်ပြီး သက်ပြင်းချသည်။

" မင်း ငါတောင်းပန်တာတွေ ဘာတွေလုပ်သင့်တယ်ထင်လား? "

မြောင်မြောင်ရဲ့ ရွှေရောင်မျက်လုံးများက ရန်ရိကို မမှိတ်မသုန်ကြည့်နေသည်။

" ငါ နည်းနည်းစိတ်လိုက်မာန်ပါ လုပ်မိသွားတယ်ဆိုပေမယ့် သူလည်းမှားတာပဲလေ၊ ငါက ခေါင်းဆောင်တစ်ယောက်၊ ဘယ်လိုလုပ်ပြီး သူ့သဘောနဲ့သူလုပ်လို့ရမလဲ? ဒီလောက်အန္တရာယ်များတာကို "

" ဒါပေမယ့် သူငါ့ကိုတောင်းပန်ဖို့တော့ မဖြစ်နိုင်ဘူး၊ မင်းသိလား ဟိုးအစတုန်းက ငါသူ့ကိုတောင်းပန်ခိုင်းသေးတယ်၊ သူဘာပြောခဲ့လဲ? "

ရန်ရိ နှုတ်ခမ်းမဲ့လိုက်ပြီး ကုံးရင့်ရှန်လို ဟန်ဆောင်ပန်ဆောင် ပြောလိုက်သည်။

" ကျွန်တော် အထင်လွဲခဲ့တာသိတယ်၊ ဒါပေမယ့် ခင်များကို မတောင်းပန်ချင်ဘူး၊ bah အဲ့တာလူစကားလား? "

" ဒါပေမယ့်...သူမတောင်းပန်ဘူး၊ ငါလည်းသူ့ကိုသွားမရှာဘူးဆိုရင် ဘယ်သူက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ဖြစ်သွားမလား? "

ရန်ရိ သူ့‌ဆံပင်ကို ခေါင်းလျှော်ရည်နဲ့ ပွတ်လိုက်ပြီး

" ဒီလိုလူကြီးဖြစ်ပြီး၊ စစ်အေးတိုက်ပွဲကစားရတာ ပျော်ဖို့ကောင်းလို့လား? နောက်ပြီး ငါတို့မှာ အလုပ်တွေရှိသေးတယ် "

ရန်ရိ သူ့တစ်ယောက်တည်းရေရွတ်နေပြီး၊ ရေချိုးပြီးတော့ pajamas ဝတ်ကာ မြောင်မြောင်ကို ယူပြီး အိပ်ရာပေါ်တင်လိုက်သည်။ သူ‌ခေါင်း‌အောက် လက်ခုထားရင်း အဖြူရောင် မျက်နှာကျက်ကိုကြည့်နေ၏။ သူ့စိတ်ထဲပေါ်လာတာက သူတို့နှစ်ယောက် လမ်းခွဲသွားအောင် ဖြစ်ခဲ့တဲ့ ရန်ပွဲမဟုတ်ပေ၊ သို့ပေသိ သူတို့ အသက်ရှူ mask တွေတပ်ထားတုန်း ကုံးရင့်ရှန် သူ့ထံသို့ ငုံ့ကိုင်းလာသော ချောမောခန့်ညားသည့် မျက်နှာသာဖြစ်သည်။

သူ အံ့အားသင့်သွားပြီး ရုတ်တရက် သတိကပ်သွား၏။

သူဘာဖြစ်တာလဲ? ကုံးရင့်ရှန်ပုံစံကြောင့် စိတ်ရောထွေးနေတာလား? အဲ့လိုမျက်နှာနဲ့ ပုံပန်းသဏ္ဌာန်ကို ကြည့်မိတဲ့အချိန် သူ့မှာဘာအတွေးမှမရှိဘူးလို့ပြောရင် ကိုယ့်ကိုကိုယ်လှည့်ဖြားရာရောက်မည်။ ဒါပေမယ့် သူ လူတစ်ယောက်ကို ပုံပန်းသဏ္ဌာန်ကြည့်ရုံနဲ့ အကဲဖြတ်ဖို့ဆိုတာ စောလွန်းပါသည်။ ခြေဆုံးခေါင်းဆုံး တူညီတာအနည်းငယ်ပဲရှိတဲ့ လူနှစ်ယောက်က အပိုအ‌တွေး‌တွေရှိဖို့ မသင့်တော်ဘူး။

နောက်ပြီးတော့၊ ချီရှောင်းမျက်လုံးထဲက ကုံးရင့်ရှန်အမူအရာနဲ့တင် အတော်လေးရှင်းပြနိုင်နေပြီ။

[ T/n : ချီရှောင်းမြင်တဲ့ ကုံးရင့်ရှန်ပုံစံက ချောမောပြီး တော်တယ်၊ ကောင်းလည်းကောင်းမယ့်ပုံပေါ့၊ ဒါပေမယ့်တကယ်တမ်းက အဲ့လိုဟုတ်မနေဘူးလေ၊ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး မဆုံးဖြတ်မိဖို့ ရန်ရိက ကိုယ့်စိတ်ကိုစိတ်နေတာပါ ]

သူအဲ့ဒီ့အကြောင်းတွေးနေမိတာ ဒီနေ့ ‌စိတ်မကောင်းသလိုခံစားရလို့ဖြစ်ရမည်၊ သူတောင်းပန်သင့်သည်၊ ကုံးရင့်ရှန် သူ့ကိုအားတက်သရောလာရှာဖို့ မျှော်လင့်နေတာမျိုးက လုံးဝကိုမဖြစ်နိုင်စရာပင်။ သူ လူကြီးဆန်ပြီးသဘောထားကြီးသင့်သည်။ ပြီးတော့ အလိုလိုက်ခံထားရတဲ့ သခင်လေးနဲ့ လိုက်တုနေစရာလည်း မလိုချေ။

======

နောက်နေ့မနက် လေ့ကျင့်ခန်းလုပ်ဖို့ သွားတော့ ရန်ရိ အနည်းငယ် စိတ်လွတ်နေသည်။ ဖုန်းကိုင်ထားရင်းနဲ့ပဲ စာပို့သင့်မပို့သင့် တွန့်ဆုတ်နေ၏။ လေထုအခြေအနေကောင်းအောင် စာပို့ပြီး ခင်ခင်မင်မင်နေလိုက်သင့်လား ဒါမှမဟုတ် သူ့ကိုသွားရှာပြီးတော့ပဲ မျက်နှာချင်းဆိုင် ပြဿနာဖြေရှင်းလိုက်ရမလား?

တစ်ခုမှကောင်းမနေဘူး။ တကယ်လို့ ကုံးရင့်ရှန်က မတုံ့ပြန်လာဘူးဆိုရင် ရှိနေတဲ့အဆင့်မှာမနေဘဲ ပြေလည်မှုရဖို့ သူအဆင့်တက်သင့်လား? ရှက်စရာပဲ၊ ဒါပေမယ့် သူကုံးရင့်ရှန်ဆီတိုက်ရိုက်သွားပြီး အေးစက်စက်မျက်နှာပေးပဲ ပြန်ရရင်လည်း သူမျက်နှာပျက်ရဦးမယ်၊ ဆက်ပြီးလုပ်ရမယ့်အခန်းလည်းမရှိတော့ဘူး။

ရန်ရိ အချိန်အကြာကြီး လွန်ဆွဲနေပြီး အနည်းငယ် စိတ်အိုက်လာသည်။ ဘယ်အချိန်ကစပြီး သူ ယောက္ခမလိုမျိုး ဖြစ်သွားတာလဲ?

" ခေါင်းဆောင်၊ ခေါင်ဆောင်! "

လျှိုဟွေးက ဟောဟဲလိုက်ကာ အော်ပြောလာသည်။

" ကျွန်တော်တို့ပြေးလို့ပြီးပြီ၊ နားလို့ရမလား? "

ရန်ရိ ဝတ်ကျေတမ်းကျေပြော‌လိုက်သည်။

" ‌အင်း နားကြ "

လူစုလည်း နေရာက တပ်ဖျက်သွားကြသည်။

လီဆာ ရန်ရိကိုဖြတ်လျှောက်သွားတော့ သူရပ်ပြီး ပြုံးကာပြောလာသည်။

" ခေါင်းဆောင်ရန် ဘာတွေစိုးရိမ်နေတာလဲ? တစ်မနက်လုံး စိတ်ပျက်လက်ပျက်ဖြစ်နေတယ် "

ရန်ရိ သူ့ကိုကြည့်လိုက်ပြီး သူ့ဘေးနေရာကို စိတ်ဓာတ်ကျစွာ ပုတ်ပြလိုက်သည်။

" ထိုင်မလား? "

အဲ့အချိန် သူစခန်းအဆောက်အအုံထဲဝင်တဲ့ လှေကားထစ်မှာထိုင်နေပြီး ဒီနေရာက အားကစားကွင်းက လေ့ကျင့်ရေးကို သူအမြဲတမ်းကြည့်နေတတ်သည့် " ပလ္လင် " နေရာပင်ဖြစ်၏။

လီဆာက ချွေးတွေရွှဲနေပြီး ချွေးသုတ်ကာ ရန်ရိဘေးဝင်ထိုင်လိုက်သည်။

" ဘာဖြစ်လို့လဲ? "

ပြောပြီးတော့ သူမ ရေဘူးသေးတစ်ဘူးကို မော့သောက်လိုက်သည်။

" ငါဘာကိုစိုးရိမ်နေတယ်လို့ မင်းထင်လဲ? "

ရန်ရိ ဘယ်သူနဲ့မှ ဆွေးနွေးဖို့မလုပ်ထားဘူး၊  ဒါပေမယ့် သူစိတ်ညစ်နေပြီး နည်းနည်းလောက် စကားပြောချင်လာသည်။ သူ့ရေဘူးကို ဖွင့်ပြီး ရေတစ်ငုံသောက်လိုက်သည်။

လီ‌ဆာက ကိုယ်ကို‌အတိုင်းအတာတစ်ခုထိ နောက်ဆုတ်လိုက်ပြီး မျက်လုံးမှေးကာ ရန်ရိကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

" ကြည့်ရတာ ကိုယ့်ကောင်မလေးကိုစိတ်ဆိုးအောင်လုပ်မိပြီး ဘယ်လိုချော့ရမလဲ မသိတဲ့ပုံပဲ "

ရန်ရိ ရေအားလုံးပြန်ပန်းထုတ်မိသွား၏။

လီဆာက တဟားဟားဟား အော်ရယ်သည်။

ရန်ရိ သူ့မျက်နှာကို သုတ်လိုက်ပြီး

" ဘာတုန်းပဲ မင်းဘယ်လိုခန့်မှန်းလိုက်တာလဲ? "

" ခေါင်းဆောင် တစ်မနက်လုံး ဖုန်းကိုပဲကြည့်နေတာ၊ စိုးရိမ်ပူပန်နေတဲ့အကြည့်နဲ့  ကိုင်လိုက် ချလိုက် အခါခါ လုပ်နေတယ်လေ "

လီဆာ ပြုံးလိုက်သည်။

" ကျွန်မအဲ့လိုမှန်းကြည့်လိုက်တာ၊ ဘာလို့လဲ? ထင်တာမှန်တယ်မလား? "

" အဓိပ္ပါယ်မရှိတာ "

ရန်ရိ နည်းနည်းငေးငိုင်နေသည်။ ကုံးရင့်ရှန်က မိန်းကလေးလည်းမဟုတ်၊ သူ့ကောင်မလေးလည်းမဟုတ်ပေမယ့် ဒီခံစားချက်က တကယ်ကို မိန်းကလေးနဲ့နည်းနည်းဆင်ပြီး မိန်းမတွေရဲ့ ပင်ကိုအသိစိတ်ကတော့ အလွန်ကြောက်စရာကောင်းလှသည်။

" အဲ့တာဆို ဘာကိုစိုးရိမ်နေတာလဲ? "

လီဆာက ထူးထူးဆန်းဆန်းမေးလာသည်။

ရန်ရိ လီ‌ဆာကို ကြည့်လိုက်ပြီး ချောင်းအသာဟန့်လိုက်သည်။

" အရင်ဆုံးပြောထားမယ် ငါ့မှာကောင်မလေးမရှိဘူး၊ ဒါပေမယ့် ငါဒီတိုင်းသိချင်ရုံပဲ၊ ရိုးရိုးသားသားပဲ သိချင်တာ၊ အများအားဖြင့်....ကောင်မလေးစိတ်ဆိုးသွားရင် ဘယ်လိုချော့ရမလဲ? "

လီဆာက အဓိပ္ပါယ်ပါပါနဲ့ " အိုး " ဟုအသံပြုလိုက်ပြီး ရွှတ်နောက်နောက်ပြုံးလာသည်။

" ခေါင်းဆောင်ကို ပရိယာယ်သုံးခု ပြောပြမယ်၊ အလုပ်ဖြစ်မှာပေါ့ "

" ဘာပရိယာယ်လဲ? "

" တောင်းပန်၊ လက်ဆောင်ဝယ်ပေး၊ ချိုချိုသာသာပြော၊ နှစ်ဦးနှစ်ဖက်သင့်မြတ်ဖို့ ဒီပရိယာယ်သုံးခုကို အတူသုံးရတာက အမြဲတမ်း အကောင်းဆုံးပဲ "

ရန်ရိ မျက်တောင်ခတ်လိုက်ပြီး

" အိုး မင်းတို့မိန်းကလေးတွေ အတော်ချော့တတ်တာပဲ "

ဒါတွေ ကုံးရင့်ရှန်အတွက်ရော အလုပ်ဖြစ်ပါ့မလား?

လီ‌ဆာက ရန်ရိပခုံးကို ပုတ်ပေးပြီး

" အရေးကြီးဆုံးက စိတ်ရင်းအမှန်ပဲ "

ရန်ရိ " ကျစ် " ဟုစုတ်သတ်လိုက်ပြီး

" လျှောက်ထင်မနေနဲ့၊ ငါအလုပ်အတွက် စိုးရိမ်နေတာ "

=========

အဆုံးမှာတော့ ရန်ရိအရင်ဆုံး တောင်းပန်စာပို့ဖို့ ဆုံးဖြတ်လိုက်သည်။ သူစာပို့လိုက်ပြီး အချိန်အတော်ကြာ စိတ်လှုပ်တရှားနဲ့‌ စောင့်နေသည်။ ထင်ထားသလိုပဲ၊ တစ်ဖက်က တုံ့ပြန်လာခြင်းမရှိပေ။ သူထင်ထားခဲ့ပေမယ့်လည်း နည်းနည်းတော့ စိတ်ဆင်းရဲသွားရသည်။

သူတကယ်တမ်း ကုံးရင့်ရှန်ကို လက်ဆောင်တွေဘာတွေပေးဖို့တောင် တွေးထားသေးပေမယ့် ကုံးရင့်ရှန်မှာ ဘာမှလိုတဲ့ပုံမပေါ်ဘဲ သူ့လို ဂျီးများတဲ့လူတစ်ယောက်ကို မှန်အောင်မပေးနိုင်ခဲ့ရင်လည်း ကြိုးစားထားသမျှအရာမဝင်ဖြစ်ရဦးမည်။

ရန်ရိ အဲ့အကြောင်းစဉ်းစားလိုက်တော့ ကုံးရင့်ရှန်ဆီ တိုက်ရိုက်သွားတာပဲ ပိုကောင်းမယ်လို့ တွေးမိသွားသည်။ ဒါပေမယ့် အခုတော့မဟုတ်။ သူအရင်ကစုပုံထားတဲ့ စာရွက်စာတမ်းတွေနဲ့ ကိစ္စဖြတ်ချင်သေးသည်မို့ နှစ်ရက်တော့ စိတ်တည်ငြိမ်အောင်လုပ်လိုက်ဦးမည်။

နေ့လယ်မှာ ရန်ရိ အစီရင်ခံစာရေးနေတုန်း ချွီယန်ပေါ်က ကုံးဖေးလန်ရောက်နေကြောင်း သတင်းပေးလာသည်။

သူအောက်ဆင်းသွားတော့ တပ်သားအချို့က ကုံးဖေးလန်ကို စက္ကူအိတ်အချို့ကူသယ်ပေးနေတာတွေ့ပြီး သူတို့ဆီစားစရာတွေထပ်ပို့ပြန်ပြီ ဆိုတာသိလိုက်သည်။

" ဖေးလန်? မင်းဒီနေ့ ကျောင်းမသွားဘူးလား? "

" ခွင့်ယူထားတာ "

ကုံးဖေးလန်က အောင်မြင်သွား၍ဝမ်းသာအားရသလိုမျိုး ပြောလာသည်။

" ညီမအအေးမိပြီး ကျောင်းမသွားချင်လို့ "

ရန်ရိ ခပ်ဖျော့ဖျော့ဆူလိုက်သည်။

" မင်းနေမကောင်းဘူးလား? ကျောင်းပြေးတာ မဟုတ်လား "

" မဟုတ်ဘူး အရင်ရက်က တကယ်အအေးမိသွားတာ၊ ဒါပေမယ့်အခုပြန်ကောင်းလာပါပြီ၊ မနက်ဖြန်ကျောင်းပြန်တက်မှာ "

ကုံးဖေးလန် ပြုံးရင်း ရန်ရိဘက်ပြေးလာသည်။

" ညီမအခုပဲအစ်ကို့ဆီကလာတာ၊ ဦးလေးရှန့်က ညီမယူလာဖို့ အရသာရှိတဲ့ အစားအစာတွေအများကြီး လုပ်ပေးလိုက်တယ် "

" မင်းအစ်ကိုဆီကလာတာ? "

ရန်ရိ သာမန်ကာလျှံကာပြောဖို့ ဟန်ဆောင်လိုက်သည်။

" သူအိမ်မှာရှိလား? "

" သူအိမ်ကို တစ်ခုခုလာပြန်ယူတာနဲ့ ညီမနဲ့တိုးသွားတာ "

" သူဘယ်လိုနေလဲ? "

ကုံးဖေးလန် ကြောင်သွားသည်။

" ဘယ်လိုမျိုးလဲ? "

သူတို့နှစ်ယောက်ရန်ဖြစ်တာကို ကြည့်ခဲ့ကြသော တပ်သားအားလုံး အပြုံးများပေါ်လာသည်။

ရန်ရိ သူတို့ကို စိုက်ကြည့်လိုက်ပြီး

" အို့ ဒီတိုင်းမေးတာပါ၊ သူအတော်အလုပ်ရှုပ်တာပဲ "

" အင်း ဒါပေမယ့် ညီမစခန်းလာမှာသိတော့ သူဦးလေးရှန့်ကို တစ်ခုခုပိုပြီးလုပ်ပေးလိုက်ဖို့ ပြောတယ် "

ကုံးဖေးလန်က နှစ်လိုဖွယ်ကောင်းစွာပြောလာသည်။

" အဲ့တာကြောင့် ညီမဒီတစ်ခါ ‌ဒေသထွက်ဖက်ထုပ်တွေနဲ့ အချိုပွဲအများကြီးယူလာခဲ့တယ်၊ အများဆုံးက ရှင်ကြိုက်တဲ့ဟာတွေပဲ "

သူပြောပြီး သရေစာပုံးကို စဖွင့်လိုက်သည်။

ရန်ရိ အပျော်လွန်သွား၏။ ကုံးရင့်ရှန်ဘက်ကစပြီး ဦးလေးရှန့်ကို သူ့အတွက်တစ်ခုခုပြင်ပေးဖို့ပြောတယ်? ကြည့်ရတာ ကုံးရင့်ရှန် စိတ်ပြေသွားပြီ၊ သူမျက်နှာပူလို့သာ သူ့ကို လျစ်လျူရှုထားတာပဲ၊ သူဘက်ကအရင် လမ်းစခင်းလာသရွေ့.....

" အား! "

ကုံးဖေးလန် ထအော်လိုက်ပြီး အားလုံးကိုထိတ်လန့်သွားစေသည်။

" ဘာ ဘာဖြစ်လို့လဲ? "

" ညီမသရက်သီးပူတင်းလေး "

ကုံးဖေးလန် ဘူးထဲက ရွဲ့နေတဲ့အချိုပွဲကိုကြည့်ပြီး စိတ်ဆိုးဆိုးနဲ့ ခြေဆောင့်လိုက်သည်။

" ဒါလေးအရမ်းလှတာကို၊ ဘယ်လိုဖြစ်ပြီး ဒီလိုမှောက်သွားရတာလဲ? "

" အိုး ဒီဘူးလည်းမှောက်သွားတာပဲ "

တင်းချင်လည်း ဘူးတစ်ဘူးကို ဖွင့်ပြီး၊ ဘောလုံးတစ်လုံးလို ကပ်နေတဲ့ မုန်လာဥကြော်တွေ့ကို ကြည့်ရင်း အလွန်နှမြောတသဖြစ်စွာပြောလာသည်။

" ဒီဘူးရော....."

ကုံးဖေးလန် အမူအရာပြောင်းသွားပြီး ဘူးတစ်ဘူးချင်းစီကို စစ်ကြည့်တော့ အလွန်ကောင်းကောင်းမွန်မွန်ပုံသွင်းထားသော စားစရာ အနည်းဆုံး တစ်ဝက်လောက် ဘူးထဲမှာ မုန်တိုင်းဝင်မွှေထားကြောင်း တွေ့လိုက်ရတော့သည်။ သူမ စိုးရိမ်ကြောင့်ကြလျက် ပြောလာ၏။

" ဘယ်လိုဖြစ်ရတာလဲ? ညီမယူလာတုန်းက သေချာဂရုစိုက်ပါတယ် တစ်လမ်းလုံး ဘာမှကိုလွတ်မကျခဲ့ဘူး! "

" တစ်ယောက်ယောက် သေချာမကိုင်လို့များလား? "

တင်းချင်နဲ့အခြားသူတွေ မြန်မြန်ဆန်ဆန်လက်မြှောက်ပြလာပြီး

" ကျွန်တော်မဟုတ်ဘူးနော် ကျွန်တော်သေချာကိုင်နိုင်တယ်၊ ဘူးမမှောက်သွားဘူး "

စွန်းတင့်ရိက အပြုံးဖြင့်ပြောလာသည်။

" အို့ ဘာအရေးကြီးတာမှတ်လို့၊ မစိုးရိမ်နဲ့၊ ငါတို့ပြောင်အောင်စားပေးမှာပါ "

အခြားသူတွေလည်း သံယောင်လိုက်ပြီး ကုံးဖေးလန်ကို ‌နှစ်သိမ့်ပေးကြသည်။

ကုံးဖေးလန် ဒွိဟဖြစ်နေဆဲဖြစ်ပြီး စိတ်ပျက်လက်ပျက်ပြောလာသည်။

" ညီမအဆင်သင့်ဖြစ်တော့ ဦးလေးရှန်နဲ့ အစ်ကိုက ညီမကို ကားဆီကူသယ်ပေးတယ်၊ ကားကလည်း တစ်လမ်းလုံး ချောချောမွေ့မွေ့ပဲ မောင်းလာတာ၊ ညီမသယ်တုန်းကလည်း အရမ်းဂရုစိုက်ပါတယ်၊ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ? "

ဒါကိုကြားတော့ ရန်ရိ မျက်မှောင်ကြုတ်သွားသည်။

" မင်းအစ်ကို မင်းကိုကူသယ်ပေးတာလား? "

" အင်း အစ်ကိုက ဒီလိုအသေးအဖွဲတွေ လုပ်တာရှားတယ် "

ကုံးဖေးလန်က စိတ်ညစ်ညစ်နဲ့ မီးဖိုချောင်မှာ စားပွဲခင်းသွားယူသည်။

ရန်ရိ အကြာကြီး အံ့ဩမင်သက်နေပြီးမှ ဘာဖြစ်တာလဲဆိုတာ နားလည်သဘောပေါက်သွားသည်။ သူရယ်ချင်သွားပြီး အံကြိတ်ကာပြောလိုက်၏။

" ဘယ်လိုတောင်ဆိုးတဲ့မိန်းမကြီးလဲ "

" ခေါင်းဆောင်ရန် ကုံးဖေးလန်ကိုပြောတာလား? "

လျှိုဟွေးက တိုးတိုးပြောလာသည်။

" ကျွန်တော်တော့ အတော်ချစ်ဖို့ကောင်းတယ်ထင်တယ်၊ သူ့မှာ စိတ်ယုတ်စိတ်ပုတ်မရှိပါဘူး "

" ငါ ကုံးရင့်ရှန်ကို ပြောတာ "

======

Oh my~ oh my~

မထင်ထားခဲ့ဘူး ကုံးရင့်ရှန်ရယ် မင်းတော်တော်စိတ်ပုပ်တာပါလား :")

======

{ Zawgyi }

အခင္းေနရာကို ကိုင္တြယ္ေျဖ႐ွင္းဖို႔ ကူညီၾကၿပီးေတာ့ သူတို႔ စခန္းကို အရမ္းေနာက္က်မွ ျပန္ေရာက္သည္။

ရန္ရိ ေျမာင္ေျမာင္ကို သူ႕အိပ္ခန္းထဲထည့္လိုက္ကာ ခြက္တစ္ခြက္ကိုယူ၍ ေရတစ္ခြက္ထည့္ေပးထားလိုက္ၿပီး သူကေတာ့ ေရခ်ိဳးဖို႔ သြားသည္။

ေဆာင္းဦးရာသီေႏွာင္းပိုင္းဆိုေပမယ့္ ေရပူနဲ႔မခ်ိဳးဘဲ သူ႕ေခါင္းနဲ႔မ်က္ႏွာေပၚကို ေရေအးမ်ားျဖန္းက်ေစလိုက္ၿပီး သူ႕ရင္ထဲ မတည္မၿငိမ္ျဖစ္ေနတာကို ၿငိမ္းေအးေစသည္။

စိတ္လိုက္မာန္ပါလုပ္လိုက္တယ္လို႔ သူထင္တယ္။ သူေဒါသမထြက္ခဲ့သင့္ဘူး၊ ‌တကယ္တမ္းက်ေတာ့ ကုံးရင့္႐ွန္က ကူညီခ်င္႐ုံသာ။

သို႔ရာတြင္ သူတာဝန္ထြက္ရတိုင္း အမိန္႔ကို တေသြမသိမ္းနာခံသည္။ ၎က သူ႕အ႐ိုးေတြထဲအထိ ထြင္းထုထားေသာ ကိုယ္ပိုင္မူပင္။ မီးအခင္းေနရာက တိုက္ပြဲတစ္ခုကဲ့သို႔ျဖစ္ရာ မည္သူမွ ခြၽင္းခ်က္မ႐ွိႏိုင္။ ထိုအခ်ိန္က ကုံးရင့္႐ွန္အျပဳအမူက သူ႕ကို တကယ္စိုးရိမ္ေစသည္။

အကယ္၍မ်ား ကုန္တင္ယာဥ္ေပၚက သိုေလွာင္ပုံးေတြ ယိုစိမ့္ေနခဲ့ရင္၊ အကယ္၍မ်ား ယိုစိမ့္ေနတဲ့ ဓာတုပစၥည္းေတြ ေအာက္ဆိုဒ္ႏွင့္ဓာတ္ျပဳသြားခဲ့ရင္၊ အကယ္၍မ်ား ကုံးရင့္႐ွန္ကို မီးစြဲသြားခဲ့ရင္...

သူနက္နက္နဲနဲေတာင္ မစဥ္းစားရဲတဲ့ အဲ့ဒီ ' အကယ္၍ ' ေတြက သူ႕ေဒါသရဲ႕အဓိကအေၾကာင္းရင္းျဖစ္သည္။ ကုံးရင့္႐ွန္က မီးကိုအရမ္းေၾကာက္တာ၊ မီးေလာင္ႏိုင္တဲ့စြန္႔စားမႈမ်ိဳးကို သူဘယ္လိုလုပ္ေပးသြားႏိုင္မွာလဲ။

ေသခ်ာ၏။ သူစိတ္ေျဖလိုက္ၿပီးေတာ့ သူနည္းနည္းလြန္ၿပီး အစြန္းေရာက္သြားခဲ့သလို ခံစားရသည္။ ကုံးရင့္႐ွန္က မီးေၾကာက္ေပမယ့္ သူတို႔ကို ကူညီဖို႔ တြန္႔ဆုတ္မေနဘူး၊ သူအနည္းဆုံး ေက်းဇူးတင္တယ္ လို႔ေတာ့ ေျပာလိုက္သင့္သည္။

ရန္ရိ သက္ျပင္း႐ွည္ႀကီးခ်ရင္း၊ စိတ္ထဲမွာ ေနာင္တရေနလ်က္၊ သူ႕ေခါင္းကို ေရခ်ိဳးခန္းကေႂကြျပားနဲ႔ ေလးငါးခ်က္ေလာက္ ပိတ္ေဆာင့္လိုက္သည္။

ေနာက္ဘက္မွ ေၾကာင္ေအာ္သံတိုးတိုးေလး ထြက္လာ၏။

ရန္ရိ ေခါင္းလွည့္ၿပီးၾကည့္လိုက္ေတာ့ ေျမာင္ေျမာင္က တံခါးမပိတ္ထားတဲ့ ေရခ်ိဳးခန္းတံခါးဝကို ဘယ္တုန္းက ေရာက္ေနမွန္းမသိ၊ အနက္ေရာင္ ေခါင္းေလးတိုးဝင္လာၿပီး သူ႕ကို စူးစူးစိုက္စိုက္ၾကည့္ေနသည္။

[ T/n : အဲ့ေၾကာင္က ကိုယ္ပဲ ]

" မင္းဘာလို႔ ငါေရခ်ိဳးတာကို ေခ်ာင္းၾကည့္ေနတာလဲ? "

ရန္ရိ လက္ေမာင္းႂကြက္သားေတြထုတ္ျပလိုက္ၿပီး

" မင္းအေဖ ၾကည့္ေကာင္းတယ္လား? "

ေျမာင္ေျမာင္က ေခါင္းေစာင္းသြားသည္။

ရန္ရိ လက္ကို ပ်င္းတိပ်င္း႐ြဲနဲ႔ ေအာက္ႏွိမ့္လိုက္ၿပီး သက္ျပင္းခ်သည္။

" မင္း ငါေတာင္းပန္တာေတြ ဘာေတြလုပ္သင့္တယ္ထင္လား? "

ေျမာင္ေျမာင္ရဲ႕ ေ႐ႊေရာင္မ်က္လုံးမ်ားက ရန္ရိကို မမွိတ္မသုန္ၾကည့္ေနသည္။

" ငါ နည္းနည္းစိတ္လိုက္မာန္ပါ လုပ္မိသြားတယ္ဆိုေပမယ့္ သူလည္းမွားတာပဲေလ၊ ငါက ေခါင္းေဆာင္တစ္ေယာက္၊ ဘယ္လိုလုပ္ၿပီး သူ႕သေဘာနဲ႔သူလုပ္လို႔ရမလဲ? ဒီေလာက္အႏၲရာယ္မ်ားတာကို "

" ဒါေပမယ့္ သူငါ့ကိုေတာင္းပန္ဖို႔ေတာ့ မျဖစ္ႏိုင္ဘူး၊ မင္းသိလား ဟိုးအစတုန္းက ငါသူ႕ကိုေတာင္းပန္ခိုင္းေသးတယ္၊ သူဘာေျပာခဲ့လဲ? "

ရန္ရိ ႏႈတ္ခမ္းမဲ့လိုက္ၿပီး ကုံးရင့္႐ွန္လို ဟန္ေဆာင္ပန္ေဆာင္ ေျပာလိုက္သည္။

" ကြၽန္ေတာ္ အထင္လြဲခဲ့တာသိတယ္၊ ဒါေပမယ့္ ခင္မ်ားကို မေတာင္းပန္ခ်င္ဘူး၊ bah အဲ့တာလူစကားလား? "

" ဒါေပမယ့္...သူမေတာင္းပန္ဘူး၊ ငါလည္းသူ႕ကိုသြားမ႐ွာဘူးဆိုရင္ ဘယ္သူက ဘယ္သူ႕ကိုမွ ဂ႐ုမစိုက္ဘဲ ျဖစ္သြားမလား? "

ရန္ရိ သူ႕‌ဆံပင္ကို ေခါင္းေလွ်ာ္ရည္နဲ႔ ပြတ္လိုက္ၿပီး

" ဒီလိုလူႀကီးျဖစ္ၿပီး၊ စစ္ေအးတိုက္ပြဲကစားရတာ ေပ်ာ္ဖို႔ေကာင္းလို႔လား? ေနာက္ၿပီး ငါတို႔မွာ အလုပ္ေတြ႐ွိေသးတယ္ "

ရန္ရိ သူ႕တစ္ေယာက္တည္းေရ႐ြတ္ေနၿပီး၊ ေရခ်ိဳးၿပီးေတာ့ pajamas ဝတ္ကာ ေျမာင္ေျမာင္ကို ယူၿပီး အိပ္ရာေပၚတင္လိုက္သည္။ သူ‌ေခါင္း‌ေအာက္ လက္ခုထားရင္း အျဖဴေရာင္ မ်က္ႏွာက်က္ကိုၾကည့္ေန၏။ သူ႕စိတ္ထဲေပၚလာတာက သူတို႔ႏွစ္ေယာက္ လမ္းခြဲသြားေအာင္ ျဖစ္ခဲ့တဲ့ ရန္ပြဲမဟုတ္ေပ၊ သို႔ေပသိ သူတို႔ အသက္႐ွဴ mask ေတြတပ္ထားတုန္း ကုံးရင့္႐ွန္ သူ႕ထံသို႔ ငုံ႔ကိုင္းလာေသာ ေခ်ာေမာခန္႔ညားသည့္ မ်က္ႏွာသာျဖစ္သည္။

သူ အံ့အားသင့္သြားၿပီး ႐ုတ္တရက္ သတိကပ္သြား၏။

သူဘာျဖစ္တာလဲ? ကုံးရင့္႐ွန္ပုံစံေၾကာင့္ စိတ္ေရာေထြးေနတာလား? အဲ့လိုမ်က္ႏွာနဲ႔ ပုံပန္းသဏၭာန္ကို ၾကည့္မိတဲ့အခ်ိန္ သူ႕မွာဘာအေတြးမွမ႐ွိဘူးလို႔ေျပာရင္ ကိုယ့္ကိုကိုယ္လွည့္ျဖားရာေရာက္မည္။ ဒါေပမယ့္ သူ လူတစ္ေယာက္ကို ပုံပန္းသဏၭာန္ၾကည့္႐ုံနဲ႔ အကဲျဖတ္ဖို႔ဆိုတာ ေစာလြန္းပါသည္။ ေျခဆုံးေခါင္းဆုံး တူညီတာအနည္းငယ္ပဲ႐ွိတဲ့ လူႏွစ္ေယာက္က အပိုအ‌ေတြး‌ေတြ႐ွိဖို႔ မသင့္ေတာ္ဘူး။

ေနာက္ၿပီးေတာ့၊ ခ်ီေ႐ွာင္းမ်က္လုံးထဲက ကုံးရင့္႐ွန္အမူအရာနဲ႔တင္ အေတာ္ေလး႐ွင္းျပႏိုင္ေနၿပီ။

[ T/n : ခ်ီေ႐ွာင္းျမင္တဲ့ ကုံးရင့္႐ွန္ပုံစံက ေခ်ာေမာၿပီး ေတာ္တယ္၊ ေကာင္းလည္းေကာင္းမယ့္ပုံေပါ့၊ ဒါေပမယ့္တကယ္တမ္းက အဲ့လိုဟုတ္မေနဘူးေလ၊ စာအုပ္တစ္အုပ္ကို အဖုံးၾကည့္ၿပီး မဆုံးျဖတ္မိဖို႔ ရန္ရိက ကိုယ့္စိတ္ကိုစိတ္ေနတာပါ ]

သူအဲ့ဒီ့အေၾကာင္းေတြးေနမိတာ ဒီေန႔ ‌စိတ္မေကာင္းသလိုခံစားရလို႔ျဖစ္ရမည္၊ သူေတာင္းပန္သင့္သည္၊ ကုံးရင့္႐ွန္ သူ႕ကိုအားတက္သေရာလာ႐ွာဖို႔ ေမွ်ာ္လင့္ေနတာမ်ိဳးက လုံးဝကိုမျဖစ္ႏိုင္စရာပင္။ သူ လူႀကီးဆန္ၿပီးသေဘာထားႀကီးသင့္သည္။ ၿပီးေတာ့ အလိုလိုက္ခံထားရတဲ့ သခင္ေလးနဲ႔ လိုက္တုေနစရာလည္း မလိုေခ်။

======

ေနာက္ေန႔မနက္ ေလ့က်င့္ခန္းလုပ္ဖို႔ သြားေတာ့ ရန္ရိ အနည္းငယ္ စိတ္လြတ္ေနသည္။ ဖုန္းကိုင္ထားရင္းနဲ႔ပဲ စာပို႔သင့္မပို႔သင့္ တြန္႔ဆုတ္ေန၏။ ေလထုအေျခအေနေကာင္းေအာင္ စာပို႔ၿပီး ခင္ခင္မင္မင္ေနလိုက္သင့္လား ဒါမွမဟုတ္ သူ႕ကိုသြား႐ွာၿပီးေတာ့ပဲ မ်က္ႏွာခ်င္းဆိုင္ ျပႆနာေျဖ႐ွင္းလိုက္ရမလား?

တစ္ခုမွေကာင္းမေနဘူး။ တကယ္လို႔ ကုံးရင့္႐ွန္က မတုံ႔ျပန္လာဘူးဆိုရင္ ႐ွိေနတဲ့အဆင့္မွာမေနဘဲ ေျပလည္မႈရဖို႔ သူအဆင့္တက္သင့္လား? ႐ွက္စရာပဲ၊ ဒါေပမယ့္ သူကုံးရင့္႐ွန္ဆီတိုက္႐ိုက္သြားၿပီး ေအးစက္စက္မ်က္ႏွာေပးပဲ ျပန္ရရင္လည္း သူမ်က္ႏွာပ်က္ရဦးမယ္၊ ဆက္ၿပီးလုပ္ရမယ့္အခန္းလည္းမ႐ွိေတာ့ဘူး။

ရန္ရိ အခ်ိန္အၾကာႀကီး လြန္ဆြဲေနၿပီး အနည္းငယ္ စိတ္အိုက္လာသည္။ ဘယ္အခ်ိန္ကစၿပီး သူ ေယာကၡမလိုမ်ိဳး ျဖစ္သြားတာလဲ?

" ေခါင္းေဆာင္၊ ေခါင္ေဆာင္! "

လွ်ိဳေဟြးက ေဟာဟဲလိုက္ကာ ေအာ္ေျပာလာသည္။

" ကြၽန္ေတာ္တို႔ေျပးလို႔ၿပီးၿပီ၊ နားလို႔ရမလား? "

ရန္ရိ ဝတ္ေက်တမ္းေက်ေျပာ‌လိုက္သည္။

" ‌အင္း နားၾက "

လူစုလည္း ေနရာက တပ္ဖ်က္သြားၾကသည္။

လီဆာ ရန္ရိကိုျဖတ္ေလွ်ာက္သြားေတာ့ သူရပ္ၿပီး ျပဳံးကာေျပာလာသည္။

" ေခါင္းေဆာင္ရန္ ဘာေတြစိုးရိမ္ေနတာလဲ? တစ္မနက္လုံး စိတ္ပ်က္လက္ပ်က္ျဖစ္ေနတယ္ "

ရန္ရိ သူ႕ကိုၾကည့္လိုက္ၿပီး သူ႕ေဘးေနရာကို စိတ္ဓာတ္က်စြာ ပုတ္ျပလိုက္သည္။

" ထိုင္မလား? "

အဲ့အခ်ိန္ သူစခန္းအေဆာက္အအုံထဲဝင္တဲ့ ေလွကားထစ္မွာထိုင္ေနၿပီး ဒီေနရာက အားကစားကြင္းက ေလ့က်င့္ေရးကို သူအၿမဲတမ္းၾကည့္ေနတတ္သည့္ " ပလႅင္ " ေနရာပင္ျဖစ္၏။

လီဆာက ေခြၽးေတြ႐ႊဲေနၿပီး ေခြၽးသုတ္ကာ ရန္ရိေဘးဝင္ထိုင္လိုက္သည္။

" ဘာျဖစ္လို႔လဲ? "

ေျပာၿပီးေတာ့ သူမ ေရဘူးေသးတစ္ဘူးကို ေမာ့ေသာက္လိုက္သည္။

" ငါဘာကိုစိုးရိမ္ေနတယ္လို႔ မင္းထင္လဲ? "

ရန္ရိ ဘယ္သူနဲ႔မွ ေဆြးေႏြးဖို႔မလုပ္ထားဘူး၊  ဒါေပမယ့္ သူစိတ္ညစ္ေနၿပီး နည္းနည္းေလာက္ စကားေျပာခ်င္လာသည္။ သူ႕ေရဘူးကို ဖြင့္ၿပီး ေရတစ္ငုံေသာက္လိုက္သည္။

လီ‌ဆာက ကိုယ္ကို‌အတိုင္းအတာတစ္ခုထိ ေနာက္ဆုတ္လိုက္ၿပီး မ်က္လုံးေမွးကာ ရန္ရိကို ေျခဆုံးေခါင္းဆုံးၾကည့္လိုက္သည္။

" ၾကည့္ရတာ ကိုယ့္ေကာင္မေလးကိုစိတ္ဆိုးေအာင္လုပ္မိၿပီး ဘယ္လိုေခ်ာ့ရမလဲ မသိတဲ့ပုံပဲ "

ရန္ရိ ေရအားလုံးျပန္ပန္းထုတ္မိသြား၏။

လီဆာက တဟားဟားဟား ေအာ္ရယ္သည္။

ရန္ရိ သူ႕မ်က္ႏွာကို သုတ္လိုက္ၿပီး

" ဘာတုန္းပဲ မင္းဘယ္လိုခန္႔မွန္းလိုက္တာလဲ? "

" ေခါင္းေဆာင္ တစ္မနက္လုံး ဖုန္းကိုပဲၾကည့္ေနတာ၊ စိုးရိမ္ပူပန္ေနတဲ့အၾကည့္နဲ႔  ကိုင္လိုက္ ခ်လိုက္ အခါခါ လုပ္ေနတယ္ေလ "

လီဆာ ျပဳံးလိုက္သည္။

" ကြၽန္မအဲ့လိုမွန္းၾကည့္လိုက္တာ၊ ဘာလို႔လဲ? ထင္တာမွန္တယ္မလား? "

" အဓိပၸါယ္မ႐ွိတာ "

ရန္ရိ နည္းနည္းေငးငိုင္ေနသည္။ ကုံးရင့္႐ွန္က မိန္းကေလးလည္းမဟုတ္၊ သူ႕ေကာင္မေလးလည္းမဟုတ္ေပမယ့္ ဒီခံစားခ်က္က တကယ္ကို မိန္းကေလးနဲ႔နည္းနည္းဆင္ၿပီး မိန္းမေတြရဲ႕ ပင္ကိုအသိစိတ္ကေတာ့ အလြန္ေၾကာက္စရာေကာင္းလွသည္။

" အဲ့တာဆို ဘာကိုစိုးရိမ္ေနတာလဲ? "

လီဆာက ထူးထူးဆန္းဆန္းေမးလာသည္။

ရန္ရိ လီ‌ဆာကို ၾကည့္လိုက္ၿပီး ေခ်ာင္းအသာဟန္႔လိုက္သည္။

" အရင္ဆုံးေျပာထားမယ္ ငါ့မွာေကာင္မေလးမ႐ွိဘူး၊ ဒါေပမယ့္ ငါဒီတိုင္းသိခ်င္႐ုံပဲ၊ ႐ိုး႐ိုးသားသားပဲ သိခ်င္တာ၊ အမ်ားအားျဖင့္....ေကာင္မေလးစိတ္ဆိုးသြားရင္ ဘယ္လိုေခ်ာ့ရမလဲ? "

လီဆာက အဓိပၸါယ္ပါပါနဲ႔ " အိုး " ဟုအသံျပဳလိုက္ၿပီး ႐ႊတ္ေနာက္ေနာက္ျပဳံးလာသည္။

" ေခါင္းေဆာင္ကို ပရိယာယ္သုံးခု ေျပာျပမယ္၊ အလုပ္ျဖစ္မွာေပါ့ "

" ဘာပရိယာယ္လဲ? "

" ေတာင္းပန္၊ လက္ေဆာင္ဝယ္ေပး၊ ခ်ိဳခ်ိဳသာသာေျပာ၊ ႏွစ္ဦးႏွစ္ဖက္သင့္ျမတ္ဖို႔ ဒီပရိယာယ္သုံးခုကို အတူသုံးရတာက အၿမဲတမ္း အေကာင္းဆုံးပဲ "

ရန္ရိ မ်က္ေတာင္ခတ္လိုက္ၿပီး

" အိုး မင္းတို႔မိန္းကေလးေတြ အေတာ္ေခ်ာ့တတ္တာပဲ "

ဒါေတြ ကုံးရင့္႐ွန္အတြက္ေရာ အလုပ္ျဖစ္ပါ့မလား?

လီ‌ဆာက ရန္ရိပခုံးကို ပုတ္ေပးၿပီး

" အေရးႀကီးဆုံးက စိတ္ရင္းအမွန္ပဲ "

ရန္ရိ " က်စ္ " ဟုစုတ္သတ္လိုက္ၿပီး

" ေလွ်ာက္ထင္မေနနဲ႔၊ ငါအလုပ္အတြက္ စိုးရိမ္ေနတာ "

=========

အဆုံးမွာေတာ့ ရန္ရိအရင္ဆုံး ေတာင္းပန္စာပို႔ဖို႔ ဆုံးျဖတ္လိုက္သည္။ သူစာပို႔လိုက္ၿပီး အခ်ိန္အေတာ္ၾကာ စိတ္လႈပ္တ႐ွားနဲ႔‌ ေစာင့္ေနသည္။ ထင္ထားသလိုပဲ၊ တစ္ဖက္က တုံ႔ျပန္လာျခင္းမ႐ွိေပ။ သူထင္ထားခဲ့ေပမယ့္လည္း နည္းနည္းေတာ့ စိတ္ဆင္းရဲသြားရသည္။

သူတကယ္တမ္း ကုံးရင့္႐ွန္ကို လက္ေဆာင္ေတြဘာေတြေပးဖို႔ေတာင္ ေတြးထားေသးေပမယ့္ ကုံးရင့္႐ွန္မွာ ဘာမွလိုတဲ့ပုံမေပၚဘဲ သူ႕လို ဂ်ီးမ်ားတဲ့လူတစ္ေယာက္ကို မွန္ေအာင္မေပးႏိုင္ခဲ့ရင္လည္း ႀကိဳးစားထားသမွ်အရာမဝင္ျဖစ္ရဦးမည္။

ရန္ရိ အဲ့အေၾကာင္းစဥ္းစားလိုက္ေတာ့ ကုံးရင့္႐ွန္ဆီ တိုက္႐ိုက္သြားတာပဲ ပိုေကာင္းမယ္လို႔ ေတြးမိသြားသည္။ ဒါေပမယ့္ အခုေတာ့မဟုတ္။ သူအရင္ကစုပုံထားတဲ့ စာ႐ြက္စာတမ္းေတြနဲ႔ ကိစၥျဖတ္ခ်င္ေသးသည္မို႔ ႏွစ္ရက္ေတာ့ စိတ္တည္ၿငိမ္ေအာင္လုပ္လိုက္ဦးမည္။

ေန႔လယ္မွာ ရန္ရိ အစီရင္ခံစာေရးေနတုန္း ခြၽီယန္ေပၚက ကုံးေဖးလန္ေရာက္ေနေၾကာင္း သတင္းေပးလာသည္။

သူေအာက္ဆင္းသြားေတာ့ တပ္သားအခ်ိဳ႕က ကုံးေဖးလန္ကို စကၠဴအိတ္အခ်ိဳ႕ကူသယ္ေပးေနတာေတြ႕ၿပီး သူတို႔ဆီစားစရာေတြထပ္ပို႔ျပန္ၿပီ ဆိုတာသိလိုက္သည္။

" ေဖးလန္? မင္းဒီေန႔ ေက်ာင္းမသြားဘူးလား? "

" ခြင့္ယူထားတာ "

ကုံးေဖးလန္က ေအာင္ျမင္သြား၍ဝမ္းသာအားရသလိုမ်ိဳး ေျပာလာသည္။

" ညီမအေအးမိၿပီး ေက်ာင္းမသြားခ်င္လို႔ "

ရန္ရိ ခပ္ေဖ်ာ့ေဖ်ာ့ဆူလိုက္သည္။

" မင္းေနမေကာင္းဘူးလား? ေက်ာင္းေျပးတာ မဟုတ္လား "

" မဟုတ္ဘူး အရင္ရက္က တကယ္အေအးမိသြားတာ၊ ဒါေပမယ့္အခုျပန္ေကာင္းလာပါၿပီ၊ မနက္ျဖန္ေက်ာင္းျပန္တက္မွာ "

ကုံးေဖးလန္ ျပဳံးရင္း ရန္ရိဘက္ေျပးလာသည္။

" ညီမအခုပဲအစ္ကို႔ဆီကလာတာ၊ ဦးေလး႐ွန္႔က ညီမယူလာဖို႔ အရသာ႐ွိတဲ့ အစားအစာေတြအမ်ားႀကီး လုပ္ေပးလိုက္တယ္ "

" မင္းအစ္ကိုဆီကလာတာ? "

ရန္ရိ သာမန္ကာလွ်ံကာေျပာဖို႔ ဟန္ေဆာင္လိုက္သည္။

" သူအိမ္မွာ႐ွိလား? "

" သူအိမ္ကို တစ္ခုခုလာျပန္ယူတာနဲ႔ ညီမနဲ႔တိုးသြားတာ "

" သူဘယ္လိုေနလဲ? "

ကုံးေဖးလန္ ေၾကာင္သြားသည္။

" ဘယ္လိုမ်ိဳးလဲ? "

သူတို႔ႏွစ္ေယာက္ရန္ျဖစ္တာကို ၾကည့္ခဲ့ၾကေသာ တပ္သားအားလုံး အျပဳံးမ်ားေပၚလာသည္။

ရန္ရိ သူတို႔ကို စိုက္ၾကည့္လိုက္ၿပီး

" အို႔ ဒီတိုင္းေမးတာပါ၊ သူအေတာ္အလုပ္႐ႈပ္တာပဲ "

" အင္း ဒါေပမယ့္ ညီမစခန္းလာမွာသိေတာ့ သူဦးေလး႐ွန္႔ကို တစ္ခုခုပိုၿပီးလုပ္ေပးလိုက္ဖို႔ ေျပာတယ္ "

ကုံးေဖးလန္က ႏွစ္လိုဖြယ္ေကာင္းစြာေျပာလာသည္။

" အဲ့တာေၾကာင့္ ညီမဒီတစ္ခါ ‌ေဒသထြက္ဖက္ထုပ္ေတြနဲ႔ အခ်ိဳပြဲအမ်ားႀကီးယူလာခဲ့တယ္၊ အမ်ားဆုံးက ႐ွင္ႀကိဳက္တဲ့ဟာေတြပဲ "

သူေျပာၿပီး သေရစာပုံးကို စဖြင့္လိုက္သည္။

ရန္ရိ အေပ်ာ္လြန္သြား၏။ ကုံးရင့္႐ွန္ဘက္ကစၿပီး ဦးေလး႐ွန္႔ကို သူ႕အတြက္တစ္ခုခုျပင္ေပးဖို႔ေျပာတယ္? ၾကည့္ရတာ ကုံးရင့္႐ွန္ စိတ္ေျပသြားၿပီ၊ သူမ်က္ႏွာပူလို႔သာ သူ႕ကို လ်စ္လ်ဴ႐ႈထားတာပဲ၊ သူဘက္ကအရင္ လမ္းစခင္းလာသေ႐ြ႕.....

" အား! "

ကုံးေဖးလန္ ထေအာ္လိုက္ၿပီး အားလုံးကိုထိတ္လန္႔သြားေစသည္။

" ဘာ ဘာျဖစ္လို႔လဲ? "

" ညီမသရက္သီးပူတင္းေလး "

ကုံးေဖးလန္ ဘူးထဲက ႐ြဲ႕ေနတဲ့အခ်ိဳပြဲကိုၾကည့္ၿပီး စိတ္ဆိုးဆိုးနဲ႔ ေျခေဆာင့္လိုက္သည္။

" ဒါေလးအရမ္းလွတာကို၊ ဘယ္လိုျဖစ္ၿပီး ဒီလိုေမွာက္သြားရတာလဲ? "

" အိုး ဒီဘူးလည္းေမွာက္သြားတာပဲ "

တင္းခ်င္လည္း ဘူးတစ္ဘူးကို ဖြင့္ၿပီး၊ ေဘာလုံးတစ္လုံးလို ကပ္ေနတဲ့ မုန္လာဥေၾကာ္ေတြ႕ကို ၾကည့္ရင္း အလြန္ႏွေျမာတသျဖစ္စြာေျပာလာသည္။

" ဒီဘူးေရာ....."

ကုံးေဖးလန္ အမူအရာေျပာင္းသြားၿပီး ဘူးတစ္ဘူးခ်င္းစီကို စစ္ၾကည့္ေတာ့ အလြန္ေကာင္းေကာင္းမြန္မြန္ပုံသြင္းထားေသာ စားစရာ အနည္းဆုံး တစ္ဝက္ေလာက္ ဘူးထဲမွာ မုန္တိုင္းဝင္ေမႊထားေၾကာင္း ေတြ႕လိုက္ရေတာ့သည္။ သူမ စိုးရိမ္ေၾကာင့္ၾကလ်က္ ေျပာလာ၏။

" ဘယ္လိုျဖစ္ရတာလဲ? ညီမယူလာတုန္းက ေသခ်ာဂ႐ုစိုက္ပါတယ္ တစ္လမ္းလုံး ဘာမွကိုလြတ္မက်ခဲ့ဘူး! "

" တစ္ေယာက္ေယာက္ ေသခ်ာမကိုင္လို႔မ်ားလား? "

တင္းခ်င္နဲ႔အျခားသူေတြ ျမန္ျမန္ဆန္ဆန္လက္ေျမႇာက္ျပလာၿပီး

" ကြၽန္ေတာ္မဟုတ္ဘူးေနာ္ ကြၽန္ေတာ္ေသခ်ာကိုင္ႏိုင္တယ္၊ ဘူးမေမွာက္သြားဘူး "

စြန္းတင့္ရိက အျပဳံးျဖင့္ေျပာလာသည္။

" အို႔ ဘာအေရးႀကီးတာမွတ္လို႔၊ မစိုးရိမ္နဲ႔၊ ငါတို႔ေျပာင္ေအာင္စားေပးမွာပါ "

အျခားသူေတြလည္း သံေယာင္လိုက္ၿပီး ကုံးေဖးလန္ကို ‌ႏွစ္သိမ့္ေပးၾကသည္။

ကုံးေဖးလန္ ဒြိဟျဖစ္ေနဆဲျဖစ္ၿပီး စိတ္ပ်က္လက္ပ်က္ေျပာလာသည္။

" ညီမအဆင္သင့္ျဖစ္ေတာ့ ဦးေလး႐ွန္နဲ႔ အစ္ကိုက ညီမကို ကားဆီကူသယ္ေပးတယ္၊ ကားကလည္း တစ္လမ္းလုံး ေခ်ာေခ်ာေမြ႕ေမြ႕ပဲ ေမာင္းလာတာ၊ ညီမသယ္တုန္းကလည္း အရမ္းဂ႐ုစိုက္ပါတယ္၊ ဘယ္လိုလုပ္ၿပီး ဒီလိုျဖစ္သြားရတာလဲ? "

ဒါကိုၾကားေတာ့ ရန္ရိ မ်က္ေမွာင္ၾကဳတ္သြားသည္။

" မင္းအစ္ကို မင္းကိုကူသယ္ေပးတာလား? "

" အင္း အစ္ကိုက ဒီလိုအေသးအဖြဲေတြ လုပ္တာ႐ွားတယ္ "

ကုံးေဖးလန္က စိတ္ညစ္ညစ္နဲ႔ မီးဖိုေခ်ာင္မွာ စားပြဲခင္းသြားယူသည္။

ရန္ရိ အၾကာႀကီး အံ့ဩမင္သက္ေနၿပီးမွ ဘာျဖစ္တာလဲဆိုတာ နားလည္သေဘာေပါက္သြားသည္။ သူရယ္ခ်င္သြားၿပီး အံႀကိတ္ကာေျပာလိုက္၏။

" ဘယ္လိုေတာင္ဆိုးတဲ့မိန္းမႀကီးလဲ "

" ေခါင္းေဆာင္ရန္ ကုံးေဖးလန္ကိုေျပာတာလား? "

လွ်ိဳေဟြးက တိုးတိုးေျပာလာသည္။

" ကြၽန္ေတာ္ေတာ့ အေတာ္ခ်စ္ဖို႔ေကာင္းတယ္ထင္တယ္၊ သူ႕မွာ စိတ္ယုတ္စိတ္ပုတ္မ႐ွိပါဘူး "

" ငါ ကုံးရင့္႐ွန္ကို ေျပာတာ "

======

Oh my~ oh my~

မထင္ထားခဲ့ဘူး ကုံးရင့္႐ွန္ရယ္ မင္းေတာ္ေတာ္စိတ္ပုပ္တာပါလား :")

======