Chapter 41

{ Unicode }

ကုံးဖေးလန် ဝမ်းမနည်းအောင်လုပ်ဖို့ရာ သူတို့ပြောထားတဲ့အတိုင်း အကုန်လုံးပြောင်စင်နေအောင် စားပေးရသည်။ ‌ရန်ရိ ရှုပ်ပွပေကျံနေတဲ့ ဖက်ထုပ်ပုံအချို့ရိုက်လိုက်ပြီး ကုံးရင့်ရှန့်ဆီ စာနှင့်တကွပို့လိုက်သည်။

- ဒေါက်တာကုံးရဲ့ ဧည့်ခံမှုအတွက် ကျေးဇူးပါပဲ -

နောက်တစ်နေ့မှာ ရန်ရိ မျက်နှာပြောင်တိုက်ပြီး ဟုန်းဝူဌာနခွဲကိုသွားပေမယ့် သူကုံးရင့်ရှန်ကို စာပို့ဖို့ဘာမှစဉ်းစားမရသောကြောင့် မပြောဘဲနဲ့သာ‌ သွားလိုက်သည်။

မသွားခင် ရန်ရိ ထန်ဟောက်ချွမ်ကို သေသေချာချာ ချဉ်းကပ်ပြီး ကုံးရင့်ရှန်ဌာနခွဲမှာရှိကြောင်း အတည်ပြုလိုက်သေး၏။ သို့ပေမယ့် သူဌာနခွဲကိုရောက်တော့ ကုံးရင့်ရှန် သူ့စားပွဲမှာရှိမနေချေ။

ထန်ဟောက်ချွမ်ဖြတ်သွားရင်း ရန်ရိကိုမြင်တော့ ပြေးလာသည်။

" ခေါင်းဆောင်ရန် ဒေါက်တာကုံးမရှိဘူးလား? ထူးဆန်းတယ် ခုနကပဲရှိသေးတာကို "

ရန်ရိ သူ့ဘာသာတွေးကြည့်လိုက်သည်။ ကုံးရင့်ရှန် သူ့ကိုတမင်တကာ ‌ပုန်းနေတာမဖြစ်လောက်ဘူး၊ သူလာမှန်းသိမှမသိဘဲ။

" ကျွန်တော်မေးကြည့်ပေးမယ် "

ထန်ဟောက်ချွမ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စကားပြောဖို့သွားသည်။

ခဏနေတော့ သူပြန်လာပြီး

" ဒေါက်တာကုံး ခုနကပဲ လေ့ကျင့်ကွင်းမှာ သေနတ်ပစ်ကျင့်ဖို့သွားတယ်၊ ကျွန်တော်‌ ခေါင်းဆောင်ကို ခေါ်သွားပေးမယ်၊ ကျွန်တော်တို့ သေနတ်လေ့ကျင့်တဲ့နေရာကို မတွေ့ဖူးဘူးမလား? "

" သွားရအောင်၊ ငါမတွေ့ဖူးသေးဘူး "

နှစ်ယောက်သား လမ်းလျှောက်စကားပြောရင်း ထန်ဟောက်ချွမ်က dark web ပေါ်မှာ သူတို့နှစ်ယောက်အတွက် ဆုကြေးထုတ်ထားတာကို သိချင်နေဆဲဖြစ်ပြီး ရန်ရိကို အခုတလောလုံခြုံရဲ့လားလို့ မေးလာသည်။

" စိတ်မပူပါနဲ့ ဘာမှမဖြစ်ဘူး "

" ကောင်းတာပေါ့၊ ဝမ်ရမ့်အဆောက်အအုံမီးလောင်တဲ့အမှုလည်း တိုးတက်မှုရှိပုံပဲ "

" တကယ်လား? ငါခဏနေမှ သူ့ကိုမေးကြည့်ဦးမယ် "

ထန်ဟောက်ချွမ်က မသိစိတ်အလျောက် အသံတိုးလိုက်ပြီး

" ဒေါက်တာကုံးကြည့်ရတာ စိတ်အခြေအနေမကောင်းတဲ့ပုံပဲ၊ ခေါင်းဆောင် သတိထားရမယ် "

ရန်ရိ ပြုံးလိုက်ပြီး

" သတိထားရမယ်? သူက လူသားစားတာမှမဟုတ်ဘဲ "

" ဒါပေမယ့် သူအရမ်းတည်နေတဲ့အခါကျရင် တကယ်ကြောက်စရာကောင်းတယ် "

ထန်ဟောက်ချွမ်းက သူ့နှာခေါင်းသူထိလိုက်ပြီး

" ကျွန်တော်တော့ သူက လက်တွေ့ဘဝက လူနဲ့တူတယ်မထင်ဘူး၊ anime နဲ့တူတယ်၊ သူက ကြည့်ကောင်းပြီး အင်အားကြီးတယ်၊ အဲ့ဒီ့ အရှိန်အဝါက.....ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်သူ့ကိုနည်းနည်းလန့်တယ် "

ရန်ရိ စိတ်ထဲမှာ ကုံးရင့်ရှန်ပုံပန်းသဏ္ဌာန်က လုပ်ဇာတ်ပဲလို့တွေးမိသည်။ သူ့အတွင်းစိတ်မှာတော့ အတွေ့အကြံနည်းပြီး ခေါင်းမာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ သူ အဲ့ဒီ့အပြစ်မဲ့တဲ့ သရေစာမုန့်တွေကို တွေးမိတဲ့အခါ ရယ်ရမလို ငိုရမလိုပင်။

" မင်းလည်းရဲတစ်ယောက်ပဲ၊ ဘာလို့သူ့ကိုကြောက်ရမှာလဲ "

သူပြောပြီးတော့ မဖော်ပြနိုင်တဲ့ခံစားချက်တစ်မျိုး ဝင်လာသည်။ တကယ်တော့  သူ အမြဲလိုလို ကုံးရင့်ရှန်စကားတွေကို အလိုအလျောက် နားထောင်မိသည်ပင်...

" ကျွန်တော်က ရဲဆိုပေမယ့် ရုံးထိုင်တာလေ၊ ကျွန်တော်လူဆိုးတွေထွက်ဖမ်းနိုင်မယ်ထင်လို့လား? ကျွန်တော် အားကစားတွေ မုန်းတယ် "

ထိုအခြေအနေမှာ၊ ထန်ဟောက်ချွမ် သက်ပြင်းချပြီး စိုးတထိတ်ထိတ်ပြောလာသည်။

" ဒီနှစ် သေနတ်ပစ်နဲ့ ကိုယ်ကာယလေ့ကျင့်ရေး စာမေးပွဲကို ဘယ်လိုလုပ်ရပါ့မလဲ "

" မင်းမှာ စာ‌မေးပွဲရှိသေးတာလား? "

" ဒါပေါ့၊ ကျွန်တော် အပြင်သွားပြီးအလုပ်မလုပ်ရပေမယ့် စာမေးပွဲတော့ အောင်ရမယ် "

ထန်ဟောက်ချွမ်က အားကျလျက် ပြောလာသည်။

" ကျွန်တော်လည်း ဒေါက်တာကုံးလောက် တော်ပါစေဆုတောင်းတယ်၊ ဒေါက်တာကုံးစာ‌မေးပွဲမှာဆို စာပေရော ကာယပညာရော ပထမပဲ "

" ....အရမ်းတော်တယ်လား? "

" အင်း သူက ရဲတက္ကသိုလ်ဝင်တာ ပထမဆုံးဖြစ်သလို ဘွဲ့ရတာလည်း ပထမဆုံး၊ ပြီးတော့ သူ့အသက် ၂၂ နှစ်မှာ MIT က ပါရဂူဘွဲ့ရပြီးပြီ၊ တကယ့်ပါရမီရှင်ပဲ၊ ဒေါက်တာကုံးက စိတ်မသက်သာစရာဖြစ်ပေမယ့် အားလုံးသူ့ကိုခွင့်ပြုထားတာ၊ ကျိန်းသေပေါက် အကြောင်းအရင်းရှိတယ် "

ရန်ရိ နားလည်ရခက်စွာ ဂုဏ်ယူမိသည်။ ကုံးရင့်ရှန်က တကယ်ကို သူသိသမျှထဲမှာ အတော်ဆုံးလူပဲ၊ တရားမျှတပြီး တာဝန်ယူတတ်သည်။၊ သူဘာလို့ အလေးစားမခံရမှာလဲ။

သူ့စိတ်ဓာတ်က တကယ်ဆိုးပေမယ့်‌လည်း...

စကားပြောရင်းနဲ့ ထန်ဟောက်ချွမ်က ရန်ရိကို gym ဆီခေါ်သွားပြီး ထိုအချိန်မှာ လူနှစ်ယောက် သုံးယောက်လောက်ပဲ ပြေးနေကြသည်။ သူတို့လျှောက်ဝင်သွားတော့ ထန်ဟောက်ချွမ်က သတိပေးလာသည်။

" သေနတ်သံတွေက ခဏတော့ဆူညံတယ်၊ မကြောက်နဲ့နော် "

ရန်ရိက ရယ်လိုက်ပြီး

" ငါက ရဲဘက်အရာရှိပါ "

ထန်ဟောက်ချွမ် သူ့နှာဖူးသူရိုက်လိုက်ပြီး

" မေ့သွားတယ် "

သူ အသံကာတံခါးအထူကြီးကို ဖွင့်လိုက်ပြီး သေနတ်လေ့ကျင့်ရေး အခန်းထဲသို့ ဝင်သွားလိုက်သည်။

ကုံးရင့်ရှန် အခန်းကန့်ထဲမှာ ရပ်နေပြီး ပစ်မှတ်ကိုပစ်ဖို့ သူတို့ကိုကျောပေးထားသည်။ သူ နားပိတ်တွေဝတ်ထားပြီး သူတို့ရောက်လာတာကို လုံးဝသတိမမူ‌မိချေ။

ရာသီဥတုကအေးလာတော့ ကုံးရင့်ရှန် suit jacket ဝတ်လာပြီး ခြေထောက်က သေနတ်အိတ်ကို ခန္ဓာကိုယ်ပေါ် ပြောင်းဝတ်ထားသည်။ ထိုအချိန်က သူ့ရဲ့နှင်းဖြူရောင်ရှပ်အင်္ကျီအပြင်ဘက်၌ နက်ပြောင်‌နေသည့် ပခုံးနှင့်ချိုင်းကြားဆက် ပစ္စတိုအိတ်များဝတ်ထားလျက်  လက်သိုင်းကြိုးများက အလယ်ကိုဗဟိုပြု၍ ကြက်ခြေခတ်ထားသည်။ ကုံးရင့်ရှန် လက်မောင်းမြှောက်ထားတော့ လက်ပြင်တွေက ရှင်းလင်းပြီး အားအင်ပြည့်တဲ့ ကြွက်‌သားအမြှောင်းများအဖြစ် ခွဲဖြာသွားသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ကျောပြင်ကျယ်နှင့် ခါးသွယ်သွယ်ကို မြင်နိုင်၏။ ခြေထောက်များကို ကိုယ်အောက်ပိုင်းအား ဟန်ချက်ညီစေရန် သုံးထားပြီး ရှေ့သို့ခြေလှမ်းထားသည်က တောင့်ဖြောင့်သော တင်ပါးမြှောင်းများကို ပေါ်လာစေပြီး ခြေတံရှည်များက ကောင်းကင်ကိုဖီဆန်လျက် ရပ်ထားသည်။ ရုပ်ရှင်ဇာတ်ကားထဲမှ agent တစ်ယောက်အလား၊ အန္တရာယ်များလျက် ဆွဲဆောင်မှုလည်း ရှိပြန်သည်။

ရန်ရိမျက်နှာ ရုတ်တရက် မီးတောက်သွား၏။

" ခေါင်းဆောင် ဘာဖြစ်တာလဲ? "

ထန်ဟောက်ချွမ်ကမေးလာသည်။

" ခေါင်းဆောင်မျက်နှာ အရမ်းနီနေတယ်၊ ဒီမှာအတော်ပူလို့လား? "

အပြစ်ရှိသောအသိစိတ်ဖြင့် ရန်ရိ သူခိုးလူမိသွားသလို ပတ်ချာလည်ကြည့်ပြီး အလကားသက်သက် ပုန်းစရာရှာနေမိသည်။

" အာ...နည်းနည်းပူသလိုပဲ၊ အဲလ်ကွန်းမဖွင့်ထားတာများလား? "

ရန်ရိ ချွေးသုတ်ချင်ဟန်ဆောင်လိုက်ပေမယ့် သူ့မျက်လုံးတွေကို ထိန်းချုပ်မရဘဲ ကုံးရင့်ရှန်နောက်ကျောပြင်ဆီသို့သာ ပြန်ရောက်သွားသည်။

" ပူတော့မပူပါဘူး၊ ကျွန်တော် ‌အဲလ်ကွန်းသွားဖွင့်ပေးမယ်လေ "

ထန်ဟောက်ချွမ် ဗဟိုလေအေးပေးစက်ခလုတ်ကိုရှာဖို့ တံခါးဆီသွား၏။

ရန်ရိ အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်သူ စိတ်ဖြေကာ တိုးတိုးဆဲရေးလိုက်သည်။

ထန်ဟောက်ချွမ်က လေအေးပေးစက်ကို ချိန်ညှိပြီး ပြန်လျှောက်လာကာ ကုံးရင့်ရှန် ကျည်ဖြည့်ချိန်ကို အခွင့်ကောင်းယူ၍ အော်လိုက်သည်။

" ကုံး....."

မထင်မှတ်ဘဲ ကုံးရင့်ရှန်ကျည်ဖြည့်နှုန်းက ကြောက်မက်ဖွယ်အတိ။ ထန်ဟောက်ချွမ်တောင် အော်လို့်မပြီးသေးခင် ကျည်ကတ်ကိုပစ်ချပြီး သူ့လက်ကိုပြန်မြှောက်ကာ နောက်ပစ်မှတ်တစ်ခုကို ဆက်ပစ်နေလေပြီ။

ရန်ရိရဲ့ 5.2 အမြင်အာရုံဖြင့် အဝေးကနေ ကျည်ဆံအားလုံး အနီရောင်နှလုံးကို ထိမှန်သွားသည်အား မြင်နိုင်၏။ သူ့သေနတ်ပစ်အမှတ်တွေလည်း ကောင်းပေမယ့် ဒီအဆင့်ထိရောက်ဖို့ဆိုတာ တစ်ကျောင်းလုံးမှာမှ အလွန်နည်းသောအရေအတွက်သာ ရှိသည်။

နောက်ဆုံးတော့ သူကျည်တစ်ကတ်ကုန်အောင် စောင့်အပြီး ထန်ဟောက်ချွမ် မြန်မြန်လေးအော်လိုက်သည်။

" ဒေါက်တာကုံး! "

ကုံးရင့်ရှန် နောက်ဆုံးတော့ ကြားသွားလေပြီ။ သူကိုယ်လှည့်လာပြီး သူတို့နှစ်ယောက်ကိုတွေ့တော့ နောက်တွန့်သွားသည်။ သူအနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း သေနတ်ကိုချကာ သူ့မျက်လုံးကာတွေ နားပိတ်တွေကိုပါ ချွတ်လိုက်ပြီး ထိုအရာသုံးခုလုံးကို ပိတ်အဖြူပေါ်တွင် နေရာချလိုက်သည်။

" ‌ဒေါက်တာကုံး၊ ခေါင်းဆောင်က ဒေါက်တာ့ကိုကိစ္စရှိလို့ လာရှာတယ် "

ထန်ဟောက်ချွမ် ပြုံးကာပြောလိုက်သည်။

" ဘာလို့ ရုတ်တရက်ကြီးသေနတ်ပစ်ကျင့်ဖို့ လာတာလဲ? "

" ငါမကြာခင် စာမေးပွဲဖြေရမယ်၊ ကျင့်သားရအောင်လုပ်နေတာ "

ကုံးရင့်ရှန် ရန်ရိကို တစ်ချက်လှမ်းကြည့်ရင်း ခံစားချက်မရှိပြောလိုက်သည်။

ရန်ရိ ရှို့တိုးရှန့်တန့်နဲ့နှုတ်ဆက်လိုက်သည်။

" Hi "

ကုံးရင့်ရှန်က ရန်ရိကိုစကားမပြောဘဲ အေးစက်စက်ကြည့်လာ၏။

ထန်ဟောက်ချွမ် သူတို့နှစ်ယောက်ကြားမှာ လေထုအခြေအနေက တစ်ခုခုမှားနေမှန်း ‌မြင်လိုက်ရပြီး ဉာဏ်ရှိရှိနဲ့ပြောလိုက်သည်။

" အဲ့တာဆို မင်းတို့စကားပြောကြဦးလေ၊ ကျွန်တော် အလုပ်ပြန်လုပ်လိုက်ဦးမယ် "

ထန်ဟောက်ချွမ်ပြန်သွားတော့ ရန်ရိ ကူကယ်ရာမဲ့ပြုံးလိုက်ပြီး

" ငါဒီနေ့ မင်းကိုတောင်းပန်ဖို့လာတာ၊ ငါတောင်းပန်ပါတယ်၊ အရင်တစ်ခေါက်က ငါစိတ်လိုက်မာန်ပါလုပ်မိသွားတယ် "

ကုံးရင့်ရှန် လက်ပိုက်လိုက်ပြီး၊ သူ့မေးကိုနည်းနည်းမြှင့်လိုက်ပေမယ့် ဘာမှပြောမလာချေ။

" ငါ.....ငါမင်းကို မီးကြောက်ပြီးသတ္တိနည်းတဲ့သူလို့ ဘယ်တော့မှ မတွေးခဲ့ပါဘူး၊ လူတိုင်း အကြောက်တရားကိုယ်စီရှိတယ်လို့ ငါပြောတယ်လေ၊ မင်းကြည့်ရတာ မီးကလွဲပြီး အခြားဘာမှမကြောက်တဲ့ပုံပါပဲ၊ မင်းကအရမ်းသတ္တိရှိတယ်၊ ငါကဒီတိုင်း မင်းကိုစိတ်ပူသွားလို့ပါ "

ကုံးရင့်ရှန်မျက်နှာ အနည်းငယ်ပြေလျော့သွားသည်။

" ခင်များမှားတယ်ဆိုတာ တကယ်သိလား? "

" အင်းပါ စိတ်မဆိုးနဲ့တော့ အိုကေနော် "

ရန်ရိ သူ့အသံကို အလိုအလျောက် နူးညံ့မိသွားသည်။

" အဲ့တာသိဖို့ ငါးရက်တောင်ကြာရလား? "

ရန်ရိ ခြောက်ကပ်ကပ်ပြုံးလိုက်ပြီး ရင်ထဲမှာ‌တော့ မီးပွားလေးထတောက်လာပေမယ့် သူအံကြိတ်ကာ သည်းခံထားသည်။

ကုံးရင့်ရှန် နှာခေါင်းရှုံ့ကာ သူ့ကိုစိုက်ကြည့်လာပြီး

" ကျွန်တော်က ခင်များကိုအထူးတလည် ကူညီပေးဖို့သွားတာ၊ ဒါပေမယ့် ခင်များက ကျွန်တော့်ကို အကောင်းအဆိုးမခွဲခြားတတ်ဘူးဆိုပြီး ဆူရဲတယ် "

" အင်း ငါမှားသွားပါတယ် "

ရန်ရိ ပြုံးပဲပြုံးနိုင်သည်။

ကုံးရင့်ရှန်သူ့ကို အကြည့်သက်သက်ကြည့်လိုက်ပြီး အေးစက်စက်ပြောလာသည်။

" ခင်များ ဘာကြောက်လဲ? "

" ဟမ်? "

ရန်ရိ ချက်ချင်း မတုံ့ပြန်နိုင်ပေ။

" လူတိုင်း အကြောက်တရားကိုယ်စီရှိတယ်လို့ ခင်များပြောတယ်‌လေ၊ ခင်များရော ဘာကြောက်တတ်လဲ? "

"ဒါ.…ဒါကကိုယ်ရေးကိုယ်တာကိစ္စလေ "

ကုံးရင့်ရှန်က အမိန့်ပေးတဲ့လေသံနဲ့ ပြောလာသည်။

" ပြော၊ ခင်များပြောပြီးရင် ခွင့်လွှတ်ဖို့ စဉ်းစားပေးမယ် "

ရန်ရိ သူ့ဆံပင်သူဆွဲလိုက်ရင်း ရှက်ရှက်ရွံ့ရွံ့နဲ့ ပြောလိုက်သည်။

" သရဲတွေကြောက်တယ် "

" ဘာ? "

ကုံးရင့်ရှန် သေချာနားမလည်လိုက်နိုင်ပေ။

" သရဲကြောက်တာလို့ "

ရန်ရိ အသံကျယ်ကျယ်နဲ့ပြောလိုက်သည်။

ကုံးရင့်ရှန် ခွီခနဲရယ်မိသွားပြီး သူ့ကိုယ်သူပြန်ချုပ်တည်းလိုက်ပေမယ့် ရန်ရိ တွေ့ဖြစ်အောင်တွေ့သွားသေးသည်။

ကုံးရင့်ရှန် နှာခေါင်းထဲက လေမှုတ်ထုတ်လိုက်ပြီး

"ကောင်းပြီ၊ အဲ့ကိစ္စကို ခင်များနဲ့အတူ လျှို့ဝှက်ထားပေးရလည်း ကိစ္စမရှိပါဘူး "

ရန်ရိ စိတ်အေးသက်ပြင်းချလိုက်ပြီး

" အဲ့တာဆို မင်းစနေနေ့ကျရင် ငါ့အိမ်လာဦးမှာလား? "

" ကျွန်တော်မသွားရင် ဦးလေးရှန့်က အကြာကြီး နားပူနားဆာလုပ်နေလိမ့်မယ် "

ကုံးရင့်ရှန်က အင်တင်တင်အသံဖြင့်ပြောလာသည်။

လွန်ခဲ့တဲ့ရက်တွေက စိတ်ညှိုးနွှမ်းမှုတွေအကုန် လွင့်ပျောက်သွားပြီး ရန်ရိ ပျော်ပျော်ရွှင်ရွှင်ပြောလိုက်သည်။

" ဒါက အဓိကအစီအစဉ်ပဲ "

" အင်း၊ စကားမစပ် ခင်များပို့တဲ့အိမ်လိပ်စာက ဘာလို့ခင်များနေတဲ့နေရာ မဟုတ်တာလဲ? "

" အိုး ဒါကငါ့အိမ်ဟောင်း၊ ငါ့အဖေက မကျန်းမာတော့ အရမ်းအဆင်မပြေဘူး "

ကုံးရင့်ရှန် မျက်မှောင်ကြုတ်ကာ ပြောလာသည်။

" ဘာရောဂါလဲ? "

" Alzheimer's "

ရန်ရိ ခပ်တိုးတိုးပြောလိုက်သည်။ သူ ကုံးရင့်ရှန်နဲ့ လောင်ရန်(ရန်ရှန့်ရုန်) ကြားက ဆက်ဆံရေးကို ပြောပြဖို့ တွန့်ဆုတ်နေပေမယ့် အဲ့အချိန်က ကုံးရင့်ရှန်လည်း အရမ်းငယ်သေးတော့ သူမမှတ်မိတာဖြစ်နိုင်သည်။ သူတမင်တကာပြောလိုက်လို့ ဂုဏ်လိုချင်ပြီးပြောသလိုဖြစ်သွားရင် မကောင်း။ ကုံးရင့်ရှန်ကို ရက်စက်တဲ့အတိတ်အား ပြန်အမှတ်ရစေမိမှာမို့ သူပြောဖို့ မတွေးထားပေ။

ကုံးရင့်ရှန် ပြောလာသည်။

" ကျွန်တော့်မိသားစုမှာ သီးခြားကုမ္ပဏီနဲ့ ပုဂ္ဂလိကဆေးရုံရှိတယ်၊ ခင်များအဖေကို လူမှုဖူလုံရေးပရောဂျက်ထဲ စာရင်းသွင်းပြီး အခမဲ့ဆေးဝါးထောက်ပံ့မှုယူလို့ရတယ် "

ရန်ရိ ပြုံးကာ ပြောလိုက်သည်။

" ကျေးဇူးပဲ ဒါပေမယ့် ရပါတယ်၊ ငါ့အဖေမှာ ဆေးဝါးအားမခံနဲ့ ထောက်ပံ့‌ငွေတွေရှိတယ်၊ ငါအများကြီးမသုံးရဘူး "

ကုံးရင့်ရှန်က ခေါင်းညိတ်ပြီး

" ခင်များ ရှေ့လျှောက်လိုလာလည်း ပြောသာပြောလိုက်ပါ "

ရန်ရိ ရင်ထဲနွေးထွေးသွားရသည်။ သူဘယ်တော့မှ အခြားသူတွေကို ဒုက္ခမပေးဘဲ တစ်ယောက်တည်း ကိစ္စကြီးတွေခံယူတတ်ပေမယ့် သူရင်ထဲလှုပ်ခတ်သွားဆဲပင်။ သူကုံးရင့်ရှန်ကို ပြုံးပြီး OK ဆိုတဲ့လက်ဟန်လုပ်ပြလိုက်သည်။

" အာ ဟုတ်သားပဲ ငါမင်းကို အမှုကိစ္စတိုးတက်မှုအခြေအနေလည်း မေးချင်သေးလို့ "

" အပြင်ထွက်ပြောတာပေါ့ "

ကုံးရင့်ရှန် သူ့မျက်လုံးကာနဲ့ နားကာတွေကို ဘေးဖယ်လိုက်ပြီး သေနတ်ကို အိတ်ထဲပြန်ထည့်ကာ ရန်ရိနဲ့အတူ လေ့ကျင့်‌ခန်းထဲက ထွက်ခဲ့သည်။

လမ်းတစ်လျှောက်မှာ ရန်ရိ မနေနိုင်ဘဲ ပစ္စတိုအိတ်တပ်ထားတဲ့ ကုံးရင့်ရှန်ရဲ့ ကိုယ်အပေါ်ပိုင်းကို ကြည့်မိနေပြီး သူ့နှလုံးသားက လက်သည်းလေးနဲ့ ခပ်ဖွဖွကုတ်ခြစ်ခံနေရသလို ယားကျိကျိဖြစ်နေသည်။

" ခင်များ သေနတ်ပစ်ချင်လို့လား? "

ကုံးရင့်ရှန်မေးလိုက်သည်။

ရန်ရိ နောက်တွန့်လိုက်ပြီး " ဟမ်? "

" ခင်များ ကျွန်တော့်သေနတ်ကို ကြည့်နေလို့လေ "

ရန်ရိ ထစ်ထစ်ငေါ့ငေါ့ပြောလိုက်သည်။

" အာ၊ ဟုတ်တယ်၊ ငါကောလိပ်ဆင်းပြီးကတည်းက သေနတ်မကိုင်ရတော့တာ "

" ကျွန်တော့်မှာ တကယ်အစစ်လို ခံစားမှုမျိုးနဲ့ ကစားတဲ့သေနတ်ရှိတယ်၊ ခင်များနောက်တစ်ခါ လာကစားလို့ရတယ် "

ကုံးရင့်ရှန် ပြောလာသည်။

" ဒီဟာတော့ အဆင်မပြေဘူး "

ရန်ရိ ပြုံးကာ ပြောလိုက်သည်။

" ငါသိပါတယ် "

ကုံးရင့်ရှန် ရန်ရိကို သူ့စားပွဲဆီပြန်ခေါ်သွားပြီး အချက်အလက်အပုံလိုက် ရန်ရိကို ပေးလာသည်။

" ကျွန်တော်တို့ သက်သေအများကြီး ရှာတွေ့တယ် စောင့်ကြည့်ရေးနဲ့ မျက်မြင်‌သက်သေတွေအပါအဝင်ပဲ၊ အခု အဲ့ဒီ့ခေါင်းစွပ်ဝတ်ထားတဲ့သူက မီးရှို့သမားလို့ ဆုံးဖြတ်နိုင်ပြီ "

ရန်ရိ အချက်အလက်ဖိုင်ကို ဖွင့်ကြည့်တော့ အထဲမှာ စောင့်ကြည့်ရေး ကင်မရာကပုံတွေအများကြီး တွေ့လိုက်ရပြီး သံသယတရားခံကို ရပ်ကွက်အပြင်ဘက် နေရာတွေမှာလည်း ပုံဖမ်းမိထားသည်။

" ကျွန်တော်တို့ အနီးနားလမ်းတွေက ကင်မရာအားလုံးကို စစ်ကြည့်တယ်၊ လမ်းကြောင်း၊ ခြေရာနဲ့ အချိန်ကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တော့ သူရွှမ်းယောင်လမ်းကကားမှတ်တိုင်ကို ဘတ်စ်နဲ့သွားတယ်လို့ သုံးသပ်မိတယ်၊ အဲ့အချိန်က ရပ်တဲ့ကားအားလုံးကို စုံစမ်းကြည့်တော့ သူ့ကို ရှန်းဖူလမ်းက ကားအမှတ် ၁၅ မှာရှာတွေ့တယ် "

" ရှန်းဖူလမ်း? ကျိုးချွမ်းကားမီးရှို့တဲ့နေရာနဲ့ မဝေးဘူးပဲ "

" ဟုတ်တယ် ဒါပေမယ့် ကျွန်တော်တို့ ရှန်းဖူလမ်းအနီးတစ်ဝိုက်က ကင်မရာတွေမှာ သူ့ကိုရှာကြည့်တာ လမ်းတစ်ဝက်လောက်ပဲ လိုက်ရသေးတယ်၊ ကင်မရာတွေထပ်မရှိတော့ဘူး၊ အဲ့တာကြောင့် အများ‌ဆုံးရောက်နိုင်တဲ့ ယေဘုယျအကွာအဝေးကိုပဲ မှန်းဆနိုင်တယ်၊ ရဲတပ်ကူတွေကတော့ အဲ့မှာ သဲလွန်စရှာတုန်းပဲ "

ရန်ရိ ခေါင်းငြိမ့်ပြလိုက်ပြီး

" လူတစ်ယောက်ကို ဒီတစ်ခုတည်းနဲ့ရှာဖို့ အရမ်းခက်တယ်၊ မင်းအခု သူကကားမီးလောင်မှုနဲ့ ဆက်နွယ်နေတယ်လို့ သေချာနိုင်ပြီလား? "

" စိတ်ထဲမှာတော့ သေချာတယ်၊ ဒါပေမယ့် သက်သေကမလုံလောက်ဘူး "

ကုံးရင့်ရှန် မျက်မှောင်ကြုတ်လိုက်ကာ

" ပြီးတော့ ကားမီးရှို့တဲ့သံသရှိသူကို ရှာတွေ့ပြီ "

" ဘယ်သူလဲ? "

ကုံးရင့်ရှန် အချက်အလက်နောက်တစ်ရွက်ကို လှန်လိုက်သည်။

ဓာတ်ပုံထဲကလူက ရန်ရိတွေ့ခဲ့ဖူးတဲ့ ဖုန်ဖေးဖြစ်၍ ထိုအချိန်က ၂၂၀၉မှ သေဆုံးသူမိန်းမဆွဲခေါ်လာတာခံရပြီး အခန်း ၂၂၁၂ ၌နေထိုင်သူဖြစ်သည်။

" အင်း သူက ငါတို့တွေ့ခဲ့တဲ့ အနက်ဝတ်ထားတဲ့သူနဲ့ကိုက်ညီတယ် ပြီးတော့ ဖိအားပေးခံရပုံပဲ "

" တစ်ချိန်တည်းမှာပဲ သူ့မှာ ကားမီးလောင်မှုဖြစ်တဲ့ညအတွက် အလီဘိုင်မရှိဘူး၊ သူတစ်ယောက်တည်းနေပြီး အိမ်မှာအိပ်နေတယ်‌ ပြောပေမယ့် ဘယ်သူမှ သက်သေမပြနိုင်ဘူး "

" သူအခုဘယ်မှာနေလဲ? "

" သူ့အိမ်က ပြန်ဆောက်နေတုန်းဆိုတော့ သူငယ်ချင်းအိမ်ကို ငှားနေတယ်၊ ဒီလူက တကယ်တော်တယ်၊ အဖြေတွေအကုန်လုံး ဘာလစ်ဟာချက်မှမရှိဘူး၊ ရှောင်ထန်လည်း သူ့ကွန်ပျူတာနဲ့ ဖုန်းကို hack ကြည့်ပေမယ့် ဘာအသုံးဝင်တဲ့အချက်အလက်မှ မတွေ့ရဘူး "

" သူကျိန်းသေပေါက် Dark web ကိုဝင်တဲ့အချိန် ကိုယ်ပိုင်ကွန်ပျူတာနဲ့ ဖုန်းတွေသုံးမှာမဟုတ်ဘူး "

ရန်ရိပြောရင်း အချက်အလက်တွေ လှန်လှောကြည့်လိုက်သည်။

" အခု မင်းတစ်ယောက်ကိုရှာတွေ့ရင် နောက်တစ်ယောက်ကိုလည်း ရှာနိုင်တယ် "

" အင်း ဖုန်ဖေး အရမ်းတည်ငြိမ်တာက ကျွန်တော်သူ့ကို စစ်မေးတုန်းက ကားမီးလောင်မှုအကြောင်း ထည့်မပြောလိုက်လို့ပဲ၊ ကျွန်တော် သူ့ကို ၂၂၀၉ အမှုအတွက်ပဲ  စစ်ဆေးနေတယ်လို့ သူထင်တာ "

ရန်ရိ နားမလည်နိုင်ဖြစ်သွားသည်။

" မင်းသူ့ကို ဘာလို့ကားမီးလောင်မှုအကြောင်း မမေးလိုက်တာလဲ? "

" ကွန်တော်စောင့်နေတာ "

ကုံးရင့်ရှန် ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။

" ကျိုးချွမ်းဆေးရုံဆင်းတဲ့အခါကျရင် ကျွန်တော် သူတို့ဆုံရအောင် စီစဉ်လိုက်မယ်၊ ဖုန်ဖေး နောက်တစ်ခေါက် ထပ်ဆုံသလို ဟန်ဆောင်ပေမယ့်လည်း ခဏအတွင်း အံ့ဩမှုနဲ့ စိုးထိတ်မှုကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး "

=============

မင်းတို့ကိုပြောပြချင်တာရှိတယ်။

ကိုယ်လည်း မပြောချင်ပေမယ့် ကိုယ်ဒီအလုပ်ထိုင်လုပ်နေတာကို အိမ်ကသိပ်မကြည်တော့ဘူး။ ဘာသာပြန်ရတာလည်း ငါးနာရီ ခြောက်နာရီနီးပါးကြာတာမို့ တစ်နေကုန် အချိန်ဖြုန်းနေတယ်လို့ပဲ မြင်ကြတယ်။ အိမ်ကအဘွားကလည်း သိပ်နေ‌မကောင်းတော့ မပြုစုဘဲ စာထိုင်ရေးနေတာ အပြောခံရတယ်။ ရင်ထဲအထိနာဆုံးက ' အဲ့အလုပ်လုပ်နေတာ ဘာအကျိုးအမြတ်ရလို့လဲ ' ဆိုတာပဲ။ ပြီးတော့ ဖုန်းဘေလည်းမထည့်ပေးတော့ဘူး။ data ဈေးပြန်တက်သွားတော့ တစ်နေ့ တစ်ထောင်နှုန်းကုန်နေတယ်၊ အဲ့တော့ ကိုယ်ဘေမရှိရင် မင်းတို့ကို ဆက်မတင်ပေးနိုင်တော့ဘူး။

တကယ်လို့မင်းတို့ဆက်ဖတ်ချင်နေသေးတယ်ဆိုရင် ကိုယ့်ကိုထောက်ပံ့ပေးလို့ရတယ်၊ ကိုယ့်စာဖတ်တဲ့သူတွေက 500 ကျော်ရှိတာပါ၊ တစ်ယောက် 200 ထည့်တင်ပေးရင်တောင် 10 ယောက်ပဲလာထောက်ပံ့ဦး ကိုယ့်အတွက်အဆင်ပြေနိုင်သေးတယ်။ မင်းတို့ကိုယ့်အချိန်တွေကို တန်ဖိုးထားတယ်ဆိုရင် စေတနာရှိသလောက် ထောက်ပံ့ပေးနိုင်တယ်။ ဒီစကားကိုကိုယ်မပြောချင်ဆုံးပဲ၊ ကိုယ်ကစေတနာနဲ့ပြန်ပေးတာပါ။ မင်းတို့ဆီက တစ်ခုခုမတောင်းချင်ဘူး။ အခြေအနေအရမို့ပါ။ မင်းတို့အဆင်ပြေရင် 09795118580 ကို KBZ Pay or Wavepay အကောင့်ဆီ ငွေထည့်ပေးလို့ရတယ်၊ ကျေးဇူးတင်ပါတယ်။ ပြောရတာလည်း ရှက်မိတယ်။

========

{ Zawgyi }

ကုံးေဖးလန္ ဝမ္းမနည္းေအာင္လုပ္ဖို႔ရာ သူတို႔ေျပာထားတဲ့အတိုင္း အကုန္လုံးေျပာင္စင္ေနေအာင္ စားေပးရသည္။ ‌ရန္ရိ ႐ႈပ္ပြေပက်ံေနတဲ့ ဖက္ထုပ္ပုံအခ်ိဳ႕႐ိုက္လိုက္ၿပီး ကုံးရင့္႐ွန္႔ဆီ စာႏွင့္တကြပို႔လိုက္သည္။

- ေဒါက္တာကုံးရဲ႕ ဧည့္ခံမႈအတြက္ ေက်းဇူးပါပဲ -

ေနာက္တစ္ေန႔မွာ ရန္ရိ မ်က္ႏွာေျပာင္တိုက္ၿပီး ဟုန္းဝူဌာနခြဲကိုသြားေပမယ့္ သူကုံးရင့္႐ွန္ကို စာပို႔ဖို႔ဘာမွစဥ္းစားမရေသာေၾကာင့္ မေျပာဘဲနဲ႔သာ‌ သြားလိုက္သည္။

မသြားခင္ ရန္ရိ ထန္ေဟာက္ခြၽမ္ကို ေသေသခ်ာခ်ာ ခ်ဥ္းကပ္ၿပီး ကုံးရင့္႐ွန္ဌာနခြဲမွာ႐ွိေၾကာင္း အတည္ျပဳလိုက္ေသး၏။ သို႔ေပမယ့္ သူဌာနခြဲကိုေရာက္ေတာ့ ကုံးရင့္႐ွန္ သူ႕စားပြဲမွာ႐ွိမေနေခ်။

ထန္ေဟာက္ခြၽမ္ျဖတ္သြားရင္း ရန္ရိကိုျမင္ေတာ့ ေျပးလာသည္။

" ေခါင္းေဆာင္ရန္ ေဒါက္တာကုံးမ႐ွိဘူးလား? ထူးဆန္းတယ္ ခုနကပဲ႐ွိေသးတာကို "

ရန္ရိ သူ႕ဘာသာေတြးၾကည့္လိုက္သည္။ ကုံးရင့္႐ွန္ သူ႕ကိုတမင္တကာ ‌ပုန္းေနတာမျဖစ္ေလာက္ဘူး၊ သူလာမွန္းသိမွမသိဘဲ။

" ကြၽန္ေတာ္ေမးၾကည့္ေပးမယ္ "

ထန္ေဟာက္ခြၽမ္ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္နဲ႔ စကားေျပာဖို႔သြားသည္။

ခဏေနေတာ့ သူျပန္လာၿပီး

" ေဒါက္တာကုံး ခုနကပဲ ေလ့က်င့္ကြင္းမွာ ေသနတ္ပစ္က်င့္ဖို႔သြားတယ္၊ ကြၽန္ေတာ္‌ ေခါင္းေဆာင္ကို ေခၚသြားေပးမယ္၊ ကြၽန္ေတာ္တို႔ ေသနတ္ေလ့က်င့္တဲ့ေနရာကို မေတြ႕ဖူးဘူးမလား? "

" သြားရေအာင္၊ ငါမေတြ႕ဖူးေသးဘူး "

ႏွစ္ေယာက္သား လမ္းေလွ်ာက္စကားေျပာရင္း ထန္ေဟာက္ခြၽမ္က dark web ေပၚမွာ သူတို႔ႏွစ္ေယာက္အတြက္ ဆုေၾကးထုတ္ထားတာကို သိခ်င္ေနဆဲျဖစ္ၿပီး ရန္ရိကို အခုတေလာလုံျခဳံရဲ႕လားလို႔ ေမးလာသည္။

" စိတ္မပူပါနဲ႔ ဘာမွမျဖစ္ဘူး "

" ေကာင္းတာေပါ့၊ ဝမ္ရမ့္အေဆာက္အအုံမီးေလာင္တဲ့အမႈလည္း တိုးတက္မႈ႐ွိပုံပဲ "

" တကယ္လား? ငါခဏေနမွ သူ႕ကိုေမးၾကည့္ဦးမယ္ "

ထန္ေဟာက္ခြၽမ္က မသိစိတ္အေလ်ာက္ အသံတိုးလိုက္ၿပီး

" ေဒါက္တာကုံးၾကည့္ရတာ စိတ္အေျခအေနမေကာင္းတဲ့ပုံပဲ၊ ေခါင္းေဆာင္ သတိထားရမယ္ "

ရန္ရိ ျပဳံးလိုက္ၿပီး

" သတိထားရမယ္? သူက လူသားစားတာမွမဟုတ္ဘဲ "

" ဒါေပမယ့္ သူအရမ္းတည္ေနတဲ့အခါက်ရင္ တကယ္ေၾကာက္စရာေကာင္းတယ္ "

ထန္ေဟာက္ခြၽမ္းက သူ႕ႏွာေခါင္းသူထိလိုက္ၿပီး

" ကြၽန္ေတာ္ေတာ့ သူက လက္ေတြ႕ဘဝက လူနဲ႔တူတယ္မထင္ဘူး၊ anime နဲ႔တူတယ္၊ သူက ၾကည့္ေကာင္းၿပီး အင္အားႀကီးတယ္၊ အဲ့ဒီ့ အ႐ွိန္အဝါက.....ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္သူ႕ကိုနည္းနည္းလန္႔တယ္ "

ရန္ရိ စိတ္ထဲမွာ ကုံးရင့္႐ွန္ပုံပန္းသဏၭာန္က လုပ္ဇာတ္ပဲလို႔ေတြးမိသည္။ သူ႕အတြင္းစိတ္မွာေတာ့ အေတြ႕အၾကံနည္းၿပီး ေခါင္းမာလိမ့္မယ္လို႔ ဘယ္သူကထင္မွာလဲ။ သူ အဲ့ဒီ့အျပစ္မဲ့တဲ့ သေရစာမုန္႔ေတြကို ေတြးမိတဲ့အခါ ရယ္ရမလို ငိုရမလိုပင္။

" မင္းလည္းရဲတစ္ေယာက္ပဲ၊ ဘာလို႔သူ႕ကိုေၾကာက္ရမွာလဲ "

သူေျပာၿပီးေတာ့ မေဖာ္ျပႏိုင္တဲ့ခံစားခ်က္တစ္မ်ိဳး ဝင္လာသည္။ တကယ္ေတာ့  သူ အၿမဲလိုလို ကုံးရင့္႐ွန္စကားေတြကို အလိုအေလ်ာက္ နားေထာင္မိသည္ပင္...

" ကြၽန္ေတာ္က ရဲဆိုေပမယ့္ ႐ုံးထိုင္တာေလ၊ ကြၽန္ေတာ္လူဆိုးေတြထြက္ဖမ္းႏိုင္မယ္ထင္လို႔လား? ကြၽန္ေတာ္ အားကစားေတြ မုန္းတယ္ "

ထိုအေျခအေနမွာ၊ ထန္ေဟာက္ခြၽမ္ သက္ျပင္းခ်ၿပီး စိုးတထိတ္ထိတ္ေျပာလာသည္။

" ဒီႏွစ္ ေသနတ္ပစ္နဲ႔ ကိုယ္ကာယေလ့က်င့္ေရး စာေမးပြဲကို ဘယ္လိုလုပ္ရပါ့မလဲ "

" မင္းမွာ စာ‌ေမးပြဲ႐ွိေသးတာလား? "

" ဒါေပါ့၊ ကြၽန္ေတာ္ အျပင္သြားၿပီးအလုပ္မလုပ္ရေပမယ့္ စာေမးပြဲေတာ့ ေအာင္ရမယ္ "

ထန္ေဟာက္ခြၽမ္က အားက်လ်က္ ေျပာလာသည္။

" ကြၽန္ေတာ္လည္း ေဒါက္တာကုံးေလာက္ ေတာ္ပါေစဆုေတာင္းတယ္၊ ေဒါက္တာကုံးစာ‌ေမးပြဲမွာဆို စာေပေရာ ကာယပညာေရာ ပထမပဲ "

" ....အရမ္းေတာ္တယ္လား? "

" အင္း သူက ရဲတကၠသိုလ္ဝင္တာ ပထမဆုံးျဖစ္သလို ဘြဲ႕ရတာလည္း ပထမဆုံး၊ ၿပီးေတာ့ သူ႕အသက္ ၂၂ ႏွစ္မွာ MIT က ပါရဂူဘြဲ႕ရၿပီးၿပီ၊ တကယ့္ပါရမီ႐ွင္ပဲ၊ ေဒါက္တာကုံးက စိတ္မသက္သာစရာျဖစ္ေပမယ့္ အားလုံးသူ႕ကိုခြင့္ျပဳထားတာ၊ က်ိန္းေသေပါက္ အေၾကာင္းအရင္း႐ွိတယ္ "

ရန္ရိ နားလည္ရခက္စြာ ဂုဏ္ယူမိသည္။ ကုံးရင့္႐ွန္က တကယ္ကို သူသိသမွ်ထဲမွာ အေတာ္ဆုံးလူပဲ၊ တရားမွ်တၿပီး တာဝန္ယူတတ္သည္။၊ သူဘာလို႔ အေလးစားမခံရမွာလဲ။

သူ႕စိတ္ဓာတ္က တကယ္ဆိုးေပမယ့္‌လည္း...

စကားေျပာရင္းနဲ႔ ထန္ေဟာက္ခြၽမ္က ရန္ရိကို gym ဆီေခၚသြားၿပီး ထိုအခ်ိန္မွာ လူႏွစ္ေယာက္ သုံးေယာက္ေလာက္ပဲ ေျပးေနၾကသည္။ သူတို႔ေလွ်ာက္ဝင္သြားေတာ့ ထန္ေဟာက္ခြၽမ္က သတိေပးလာသည္။

" ေသနတ္သံေတြက ခဏေတာ့ဆူညံတယ္၊ မေၾကာက္နဲ႔ေနာ္ "

ရန္ရိက ရယ္လိုက္ၿပီး

" ငါက ရဲဘက္အရာ႐ွိပါ "

ထန္ေဟာက္ခြၽမ္ သူ႕ႏွာဖူးသူ႐ိုက္လိုက္ၿပီး

" ေမ့သြားတယ္ "

သူ အသံကာတံခါးအထူႀကီးကို ဖြင့္လိုက္ၿပီး ေသနတ္ေလ့က်င့္ေရး အခန္းထဲသို႔ ဝင္သြားလိုက္သည္။

ကုံးရင့္႐ွန္ အခန္းကန္႔ထဲမွာ ရပ္ေနၿပီး ပစ္မွတ္ကိုပစ္ဖို႔ သူတို႔ကိုေက်ာေပးထားသည္။ သူ နားပိတ္ေတြဝတ္ထားၿပီး သူတို႔ေရာက္လာတာကို လုံးဝသတိမမူ‌မိေခ်။

ရာသီဥတုကေအးလာေတာ့ ကုံးရင့္႐ွန္ suit jacket ဝတ္လာၿပီး ေျခေထာက္က ေသနတ္အိတ္ကို ခႏၶာကိုယ္ေပၚ ေျပာင္းဝတ္ထားသည္။ ထိုအခ်ိန္က သူ႕ရဲ႕ႏွင္းျဖဴေရာင္႐ွပ္အက်ႌအျပင္ဘက္၌ နက္ေျပာင္‌ေနသည့္ ပခုံးႏွင့္ခ်ိဳင္းၾကားဆက္ ပစၥတိုအိတ္မ်ားဝတ္ထားလ်က္  လက္သိုင္းႀကိဳးမ်ားက အလယ္ကိုဗဟိုျပဳ၍ ၾကက္ေျခခတ္ထားသည္။ ကုံးရင့္႐ွန္ လက္ေမာင္းေျမႇာက္ထားေတာ့ လက္ျပင္ေတြက ႐ွင္းလင္းၿပီး အားအင္ျပည့္တဲ့ ႂကြက္‌သားအေျမႇာင္းမ်ားအျဖစ္ ခြဲျဖာသြားသည္။ တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔တင္ ေက်ာျပင္က်ယ္ႏွင့္ ခါးသြယ္သြယ္ကို ျမင္ႏိုင္၏။ ေျခေထာက္မ်ားကို ကိုယ္ေအာက္ပိုင္းအား ဟန္ခ်က္ညီေစရန္ သုံးထားၿပီး ေ႐ွ႕သို႔ေျခလွမ္းထားသည္က ေတာင့္ေျဖာင့္ေသာ တင္ပါးေျမႇာင္းမ်ားကို ေပၚလာေစၿပီး ေျခတံ႐ွည္မ်ားက ေကာင္းကင္ကိုဖီဆန္လ်က္ ရပ္ထားသည္။ ႐ုပ္႐ွင္ဇာတ္ကားထဲမွ agent တစ္ေယာက္အလား၊ အႏၲရာယ္မ်ားလ်က္ ဆြဲေဆာင္မႈလည္း ႐ွိျပန္သည္။

ရန္ရိမ်က္ႏွာ ႐ုတ္တရက္ မီးေတာက္သြား၏။

" ေခါင္းေဆာင္ ဘာျဖစ္တာလဲ? "

ထန္ေဟာက္ခြၽမ္ကေမးလာသည္။

" ေခါင္းေဆာင္မ်က္ႏွာ အရမ္းနီေနတယ္၊ ဒီမွာအေတာ္ပူလို႔လား? "

အျပစ္႐ွိေသာအသိစိတ္ျဖင့္ ရန္ရိ သူခိုးလူမိသြားသလို ပတ္ခ်ာလည္ၾကည့္ၿပီး အလကားသက္သက္ ပုန္းစရာ႐ွာေနမိသည္။

" အာ...နည္းနည္းပူသလိုပဲ၊ အဲလ္ကြန္းမဖြင့္ထားတာမ်ားလား? "

ရန္ရိ ေခြၽးသုတ္ခ်င္ဟန္ေဆာင္လိုက္ေပမယ့္ သူ႕မ်က္လုံးေတြကို ထိန္းခ်ဳပ္မရဘဲ ကုံးရင့္႐ွန္ေနာက္ေက်ာျပင္ဆီသို႔သာ ျပန္ေရာက္သြားသည္။

" ပူေတာ့မပူပါဘူး၊ ကြၽန္ေတာ္ ‌အဲလ္ကြန္းသြားဖြင့္ေပးမယ္ေလ "

ထန္ေဟာက္ခြၽမ္ ဗဟိုေလေအးေပးစက္ခလုတ္ကို႐ွာဖို႔ တံခါးဆီသြား၏။

ရန္ရိ အနည္းငယ္ အသက္ျပင္းျပင္း႐ွဴလိုက္ၿပီး သူ႕ကိုယ္သူ စိတ္ေျဖကာ တိုးတိုးဆဲေရးလိုက္သည္။

ထန္ေဟာက္ခြၽမ္က ေလေအးေပးစက္ကို ခ်ိန္ညႇိၿပီး ျပန္ေလွ်ာက္လာကာ ကုံးရင့္႐ွန္ က်ည္ျဖည့္ခ်ိန္ကို အခြင့္ေကာင္းယူ၍ ေအာ္လိုက္သည္။

" ကုံး....."

မထင္မွတ္ဘဲ ကုံးရင့္႐ွန္က်ည္ျဖည့္ႏႈန္းက ေၾကာက္မက္ဖြယ္အတိ။ ထန္ေဟာက္ခြၽမ္ေတာင္ ေအာ္လို႔္မၿပီးေသးခင္ က်ည္ကတ္ကိုပစ္ခ်ၿပီး သူ႕လက္ကိုျပန္ေျမႇာက္ကာ ေနာက္ပစ္မွတ္တစ္ခုကို ဆက္ပစ္ေနေလၿပီ။

ရန္ရိရဲ႕ 5.2 အျမင္အာ႐ုံျဖင့္ အေဝးကေန က်ည္ဆံအားလုံး အနီေရာင္ႏွလုံးကို ထိမွန္သြားသည္အား ျမင္ႏိုင္၏။ သူ႕ေသနတ္ပစ္အမွတ္ေတြလည္း ေကာင္းေပမယ့္ ဒီအဆင့္ထိေရာက္ဖို႔ဆိုတာ တစ္ေက်ာင္းလုံးမွာမွ အလြန္နည္းေသာအေရအတြက္သာ ႐ွိသည္။

ေနာက္ဆုံးေတာ့ သူက်ည္တစ္ကတ္ကုန္ေအာင္ ေစာင့္အၿပီး ထန္ေဟာက္ခြၽမ္ ျမန္ျမန္ေလးေအာ္လိုက္သည္။

" ေဒါက္တာကုံး! "

ကုံးရင့္႐ွန္ ေနာက္ဆုံးေတာ့ ၾကားသြားေလၿပီ။ သူကိုယ္လွည့္လာၿပီး သူတို႔ႏွစ္ေယာက္ကိုေတြ႕ေတာ့ ေနာက္တြန္႔သြားသည္။ သူအနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း ေသနတ္ကိုခ်ကာ သူ႕မ်က္လုံးကာေတြ နားပိတ္ေတြကိုပါ ခြၽတ္လိုက္ၿပီး ထိုအရာသုံးခုလုံးကို ပိတ္အျဖဴေပၚတြင္ ေနရာခ်လိုက္သည္။

" ‌ေဒါက္တာကုံး၊ ေခါင္းေဆာင္က ေဒါက္တာ့ကိုကိစၥ႐ွိလို႔ လာ႐ွာတယ္ "

ထန္ေဟာက္ခြၽမ္ ျပဳံးကာေျပာလိုက္သည္။

" ဘာလို႔ ႐ုတ္တရက္ႀကီးေသနတ္ပစ္က်င့္ဖို႔ လာတာလဲ? "

" ငါမၾကာခင္ စာေမးပြဲေျဖရမယ္၊ က်င့္သားရေအာင္လုပ္ေနတာ "

ကုံးရင့္႐ွန္ ရန္ရိကို တစ္ခ်က္လွမ္းၾကည့္ရင္း ခံစားခ်က္မ႐ွိေျပာလိုက္သည္။

ရန္ရိ ႐ိႈ႕တိုး႐ွန္႔တန္႔နဲ႔ႏႈတ္ဆက္လိုက္သည္။

" Hi "

ကုံးရင့္႐ွန္က ရန္ရိကိုစကားမေျပာဘဲ ေအးစက္စက္ၾကည့္လာ၏။

ထန္ေဟာက္ခြၽမ္ သူတို႔ႏွစ္ေယာက္ၾကားမွာ ေလထုအေျခအေနက တစ္ခုခုမွားေနမွန္း ‌ျမင္လိုက္ရၿပီး ဉာဏ္႐ွိ႐ွိနဲ႔ေျပာလိုက္သည္။

" အဲ့တာဆို မင္းတို႔စကားေျပာၾကဦးေလ၊ ကြၽန္ေတာ္ အလုပ္ျပန္လုပ္လိုက္ဦးမယ္ "

ထန္ေဟာက္ခြၽမ္ျပန္သြားေတာ့ ရန္ရိ ကူကယ္ရာမဲ့ျပဳံးလိုက္ၿပီး

" ငါဒီေန႔ မင္းကိုေတာင္းပန္ဖို႔လာတာ၊ ငါေတာင္းပန္ပါတယ္၊ အရင္တစ္ေခါက္က ငါစိတ္လိုက္မာန္ပါလုပ္မိသြားတယ္ "

ကုံးရင့္႐ွန္ လက္ပိုက္လိုက္ၿပီး၊ သူ႕ေမးကိုနည္းနည္းျမႇင့္လိုက္ေပမယ့္ ဘာမွေျပာမလာေခ်။

" ငါ.....ငါမင္းကို မီးေၾကာက္ၿပီးသတၱိနည္းတဲ့သူလို႔ ဘယ္ေတာ့မွ မေတြးခဲ့ပါဘူး၊ လူတိုင္း အေၾကာက္တရားကိုယ္စီ႐ွိတယ္လို႔ ငါေျပာတယ္ေလ၊ မင္းၾကည့္ရတာ မီးကလြဲၿပီး အျခားဘာမွမေၾကာက္တဲ့ပုံပါပဲ၊ မင္းကအရမ္းသတၱိ႐ွိတယ္၊ ငါကဒီတိုင္း မင္းကိုစိတ္ပူသြားလို႔ပါ "

ကုံးရင့္႐ွန္မ်က္ႏွာ အနည္းငယ္ေျပေလ်ာ့သြားသည္။

" ခင္မ်ားမွားတယ္ဆိုတာ တကယ္သိလား? "

" အင္းပါ စိတ္မဆိုးနဲ႔ေတာ့ အိုေကေနာ္ "

ရန္ရိ သူ႕အသံကို အလိုအေလ်ာက္ ႏူးညံ့မိသြားသည္။

" အဲ့တာသိဖို႔ ငါးရက္ေတာင္ၾကာရလား? "

ရန္ရိ ေျခာက္ကပ္ကပ္ျပဳံးလိုက္ၿပီး ရင္ထဲမွာ‌ေတာ့ မီးပြားေလးထေတာက္လာေပမယ့္ သူအံႀကိတ္ကာ သည္းခံထားသည္။

ကုံးရင့္႐ွန္ ႏွာေခါင္း႐ႈံ႕ကာ သူ႕ကိုစိုက္ၾကည့္လာၿပီး

" ကြၽန္ေတာ္က ခင္မ်ားကိုအထူးတလည္ ကူညီေပးဖို႔သြားတာ၊ ဒါေပမယ့္ ခင္မ်ားက ကြၽန္ေတာ့္ကို အေကာင္းအဆိုးမခြဲျခားတတ္ဘူးဆိုၿပီး ဆူရဲတယ္ "

" အင္း ငါမွားသြားပါတယ္ "

ရန္ရိ ျပဳံးပဲျပဳံးႏိုင္သည္။

ကုံးရင့္႐ွန္သူ႕ကို အၾကည့္သက္သက္ၾကည့္လိုက္ၿပီး ေအးစက္စက္ေျပာလာသည္။

" ခင္မ်ား ဘာေၾကာက္လဲ? "

" ဟမ္? "

ရန္ရိ ခ်က္ခ်င္း မတုံ႔ျပန္ႏိုင္ေပ။

" လူတိုင္း အေၾကာက္တရားကိုယ္စီ႐ွိတယ္လို႔ ခင္မ်ားေျပာတယ္‌ေလ၊ ခင္မ်ားေရာ ဘာေၾကာက္တတ္လဲ? "

"ဒါ.…ဒါကကိုယ္ေရးကိုယ္တာကိစၥေလ "

ကုံးရင့္႐ွန္က အမိန္႔ေပးတဲ့ေလသံနဲ႔ ေျပာလာသည္။

" ေျပာ၊ ခင္မ်ားေျပာၿပီးရင္ ခြင့္လႊတ္ဖို႔ စဥ္းစားေပးမယ္ "

ရန္ရိ သူ႕ဆံပင္သူဆြဲလိုက္ရင္း ႐ွက္႐ွက္႐ြံ႕႐ြံ႕နဲ႔ ေျပာလိုက္သည္။

" သရဲေတြေၾကာက္တယ္ "

" ဘာ? "

ကုံးရင့္႐ွန္ ေသခ်ာနားမလည္လိုက္ႏိုင္ေပ။

" သရဲေၾကာက္တာလို႔ "

ရန္ရိ အသံက်ယ္က်ယ္နဲ႔ေျပာလိုက္သည္။

ကုံးရင့္႐ွန္ ခြီခနဲရယ္မိသြားၿပီး သူ႕ကိုယ္သူျပန္ခ်ဳပ္တည္းလိုက္ေပမယ့္ ရန္ရိ ေတြ႕ျဖစ္ေအာင္ေတြ႕သြားေသးသည္။

ကုံးရင့္႐ွန္ ႏွာေခါင္းထဲက ေလမႈတ္ထုတ္လိုက္ၿပီး

"ေကာင္းၿပီ၊ အဲ့ကိစၥကို ခင္မ်ားနဲ႔အတူ လွ်ိဳ႕ဝွက္ထားေပးရလည္း ကိစၥမ႐ွိပါဘူး "

ရန္ရိ စိတ္ေအးသက္ျပင္းခ်လိုက္ၿပီး

" အဲ့တာဆို မင္းစေနေန႔က်ရင္ ငါ့အိမ္လာဦးမွာလား? "

" ကြၽန္ေတာ္မသြားရင္ ဦးေလး႐ွန္႔က အၾကာႀကီး နားပူနားဆာလုပ္ေနလိမ့္မယ္ "

ကုံးရင့္႐ွန္က အင္တင္တင္အသံျဖင့္ေျပာလာသည္။

လြန္ခဲ့တဲ့ရက္ေတြက စိတ္ညိႇဳးႏႊမ္းမႈေတြအကုန္ လြင့္ေပ်ာက္သြားၿပီး ရန္ရိ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေျပာလိုက္သည္။

" ဒါက အဓိကအစီအစဥ္ပဲ "

" အင္း၊ စကားမစပ္ ခင္မ်ားပို႔တဲ့အိမ္လိပ္စာက ဘာလို႔ခင္မ်ားေနတဲ့ေနရာ မဟုတ္တာလဲ? "

" အိုး ဒါကငါ့အိမ္ေဟာင္း၊ ငါ့အေဖက မက်န္းမာေတာ့ အရမ္းအဆင္မေျပဘူး "

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္ကာ ေျပာလာသည္။

" ဘာေရာဂါလဲ? "

" Alzheimer's "

ရန္ရိ ခပ္တိုးတိုးေျပာလိုက္သည္။ သူ ကုံးရင့္႐ွန္နဲ႔ ေလာင္ရန္(ရန္႐ွန္႔႐ုန္) ၾကားက ဆက္ဆံေရးကို ေျပာျပဖို႔ တြန္႔ဆုတ္ေနေပမယ့္ အဲ့အခ်ိန္က ကုံးရင့္႐ွန္လည္း အရမ္းငယ္ေသးေတာ့ သူမမွတ္မိတာျဖစ္ႏိုင္သည္။ သူတမင္တကာေျပာလိုက္လို႔ ဂုဏ္လိုခ်င္ၿပီးေျပာသလိုျဖစ္သြားရင္ မေကာင္း။ ကုံးရင့္႐ွန္ကို ရက္စက္တဲ့အတိတ္အား ျပန္အမွတ္ရေစမိမွာမို႔ သူေျပာဖို႔ မေတြးထားေပ။

ကုံးရင့္႐ွန္ ေျပာလာသည္။

" ကြၽန္ေတာ့္မိသားစုမွာ သီးျခားကုမၸဏီနဲ႔ ပုဂၢလိကေဆး႐ုံ႐ွိတယ္၊ ခင္မ်ားအေဖကို လူမႈဖူလုံေရးပေရာဂ်က္ထဲ စာရင္းသြင္းၿပီး အခမဲ့ေဆးဝါးေထာက္ပံ့မႈယူလို႔ရတယ္ "

ရန္ရိ ျပဳံးကာ ေျပာလိုက္သည္။

" ေက်းဇူးပဲ ဒါေပမယ့္ ရပါတယ္၊ ငါ့အေဖမွာ ေဆးဝါးအားမခံနဲ႔ ေထာက္ပံ့‌ေငြေတြ႐ွိတယ္၊ ငါအမ်ားႀကီးမသုံးရဘူး "

ကုံးရင့္႐ွန္က ေခါင္းညိတ္ၿပီး

" ခင္မ်ား ေ႐ွ႕ေလွ်ာက္လိုလာလည္း ေျပာသာေျပာလိုက္ပါ "

ရန္ရိ ရင္ထဲေႏြးေထြးသြားရသည္။ သူဘယ္ေတာ့မွ အျခားသူေတြကို ဒုကၡမေပးဘဲ တစ္ေယာက္တည္း ကိစၥႀကီးေတြခံယူတတ္ေပမယ့္ သူရင္ထဲလႈပ္ခတ္သြားဆဲပင္။ သူကုံးရင့္႐ွန္ကို ျပဳံးၿပီး OK ဆိုတဲ့လက္ဟန္လုပ္ျပလိုက္သည္။

" အာ ဟုတ္သားပဲ ငါမင္းကို အမႈကိစၥတိုးတက္မႈအေျခအေနလည္း ေမးခ်င္ေသးလို႔ "

" အျပင္ထြက္ေျပာတာေပါ့ "

ကုံးရင့္႐ွန္ သူ႕မ်က္လုံးကာနဲ႔ နားကာေတြကို ေဘးဖယ္လိုက္ၿပီး ေသနတ္ကို အိတ္ထဲျပန္ထည့္ကာ ရန္ရိနဲ႔အတူ ေလ့က်င့္‌ခန္းထဲက ထြက္ခဲ့သည္။

လမ္းတစ္ေလွ်ာက္မွာ ရန္ရိ မေနႏိုင္ဘဲ ပစၥတိုအိတ္တပ္ထားတဲ့ ကုံးရင့္႐ွန္ရဲ႕ ကိုယ္အေပၚပိုင္းကို ၾကည့္မိေနၿပီး သူ႕ႏွလုံးသားက လက္သည္းေလးနဲ႔ ခပ္ဖြဖြကုတ္ျခစ္ခံေနရသလို ယားက်ိက်ိျဖစ္ေနသည္။

" ခင္မ်ား ေသနတ္ပစ္ခ်င္လို႔လား? "

ကုံးရင့္႐ွန္ေမးလိုက္သည္။

ရန္ရိ ေနာက္တြန္႔လိုက္ၿပီး " ဟမ္? "

" ခင္မ်ား ကြၽန္ေတာ့္ေသနတ္ကို ၾကည့္ေနလို႔ေလ "

ရန္ရိ ထစ္ထစ္ေငါ့ေငါ့ေျပာလိုက္သည္။

" အာ၊ ဟုတ္တယ္၊ ငါေကာလိပ္ဆင္းၿပီးကတည္းက ေသနတ္မကိုင္ရေတာ့တာ "

" ကြၽန္ေတာ့္မွာ တကယ္အစစ္လို ခံစားမႈမ်ိဳးနဲ႔ ကစားတဲ့ေသနတ္႐ွိတယ္၊ ခင္မ်ားေနာက္တစ္ခါ လာကစားလို႔ရတယ္ "

ကုံးရင့္႐ွန္ ေျပာလာသည္။

" ဒီဟာေတာ့ အဆင္မေျပဘူး "

ရန္ရိ ျပဳံးကာ ေျပာလိုက္သည္။

" ငါသိပါတယ္ "

ကုံးရင့္႐ွန္ ရန္ရိကို သူ႕စားပြဲဆီျပန္ေခၚသြားၿပီး အခ်က္အလက္အပုံလိုက္ ရန္ရိကို ေပးလာသည္။

" ကြၽန္ေတာ္တို႔ သက္ေသအမ်ားႀကီး ႐ွာေတြ႕တယ္ ေစာင့္ၾကည့္ေရးနဲ႔ မ်က္ျမင္‌သက္ေသေတြအပါအဝင္ပဲ၊ အခု အဲ့ဒီ့ေခါင္းစြပ္ဝတ္ထားတဲ့သူက မီး႐ိႈ႕သမားလို႔ ဆုံးျဖတ္ႏိုင္ၿပီ "

ရန္ရိ အခ်က္အလက္ဖိုင္ကို ဖြင့္ၾကည့္ေတာ့ အထဲမွာ ေစာင့္ၾကည့္ေရး ကင္မရာကပုံေတြအမ်ားႀကီး ေတြ႕လိုက္ရၿပီး သံသယတရားခံကို ရပ္ကြက္အျပင္ဘက္ ေနရာေတြမွာလည္း ပုံဖမ္းမိထားသည္။

" ကြၽန္ေတာ္တို႔ အနီးနားလမ္းေတြက ကင္မရာအားလုံးကို စစ္ၾကည့္တယ္၊ လမ္းေၾကာင္း၊ ေျခရာနဲ႔ အခ်ိန္ကို ခြဲျခမ္းစိတ္ျဖာၾကည့္လိုက္ေတာ့ သူ႐ႊမ္းေယာင္လမ္းကကားမွတ္တိုင္ကို ဘတ္စ္နဲ႔သြားတယ္လို႔ သုံးသပ္မိတယ္၊ အဲ့အခ်ိန္က ရပ္တဲ့ကားအားလုံးကို စုံစမ္းၾကည့္ေတာ့ သူ႕ကို ႐ွန္းဖူလမ္းက ကားအမွတ္ ၁၅ မွာ႐ွာေတြ႕တယ္ "

" ႐ွန္းဖူလမ္း? က်ိဳးခြၽမ္းကားမီး႐ိႈ႕တဲ့ေနရာနဲ႔ မေဝးဘူးပဲ "

" ဟုတ္တယ္ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ႐ွန္းဖူလမ္းအနီးတစ္ဝိုက္က ကင္မရာေတြမွာ သူ႕ကို႐ွာၾကည့္တာ လမ္းတစ္ဝက္ေလာက္ပဲ လိုက္ရေသးတယ္၊ ကင္မရာေတြထပ္မ႐ွိေတာ့ဘူး၊ အဲ့တာေၾကာင့္ အမ်ား‌ဆုံးေရာက္ႏိုင္တဲ့ ေယဘုယ်အကြာအေဝးကိုပဲ မွန္းဆႏိုင္တယ္၊ ရဲတပ္ကူေတြကေတာ့ အဲ့မွာ သဲလြန္စ႐ွာတုန္းပဲ "

ရန္ရိ ေခါင္းၿငိမ့္ျပလိုက္ၿပီး

" လူတစ္ေယာက္ကို ဒီတစ္ခုတည္းနဲ႔႐ွာဖို႔ အရမ္းခက္တယ္၊ မင္းအခု သူကကားမီးေလာင္မႈနဲ႔ ဆက္ႏြယ္ေနတယ္လို႔ ေသခ်ာႏိုင္ၿပီလား? "

" စိတ္ထဲမွာေတာ့ ေသခ်ာတယ္၊ ဒါေပမယ့္ သက္ေသကမလုံေလာက္ဘူး "

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္လိုက္ကာ

" ၿပီးေတာ့ ကားမီး႐ိႈ႕တဲ့သံသ႐ွိသူကို ႐ွာေတြ႕ၿပီ "

" ဘယ္သူလဲ? "

ကုံးရင့္႐ွန္ အခ်က္အလက္ေနာက္တစ္႐ြက္ကို လွန္လိုက္သည္။

ဓာတ္ပုံထဲကလူက ရန္ရိေတြ႕ခဲ့ဖူးတဲ့ ဖုန္ေဖးျဖစ္၍ ထိုအခ်ိန္က ၂၂၀၉မွ ေသဆုံးသူမိန္းမဆြဲေခၚလာတာခံရၿပီး အခန္း ၂၂၁၂ ၌ေနထိုင္သူျဖစ္သည္။

" အင္း သူက ငါတို႔ေတြ႕ခဲ့တဲ့ အနက္ဝတ္ထားတဲ့သူနဲ႔ကိုက္ညီတယ္ ၿပီးေတာ့ ဖိအားေပးခံရပုံပဲ "

" တစ္ခ်ိန္တည္းမွာပဲ သူ႕မွာ ကားမီးေလာင္မႈျဖစ္တဲ့ညအတြက္ အလီဘိုင္မ႐ွိဘူး၊ သူတစ္ေယာက္တည္းေနၿပီး အိမ္မွာအိပ္ေနတယ္‌ ေျပာေပမယ့္ ဘယ္သူမွ သက္ေသမျပႏိုင္ဘူး "

" သူအခုဘယ္မွာေနလဲ? "

" သူ႕အိမ္က ျပန္ေဆာက္ေနတုန္းဆိုေတာ့ သူငယ္ခ်င္းအိမ္ကို ငွားေနတယ္၊ ဒီလူက တကယ္ေတာ္တယ္၊ အေျဖေတြအကုန္လုံး ဘာလစ္ဟာခ်က္မွမ႐ွိဘူး၊ ေ႐ွာင္ထန္လည္း သူ႕ကြန္ပ်ဴတာနဲ႔ ဖုန္းကို hack ၾကည့္ေပမယ့္ ဘာအသုံးဝင္တဲ့အခ်က္အလက္မွ မေတြ႕ရဘူး "

" သူက်ိန္းေသေပါက္ Dark web ကိုဝင္တဲ့အခ်ိန္ ကိုယ္ပိုင္ကြန္ပ်ဴတာနဲ႔ ဖုန္းေတြသုံးမွာမဟုတ္ဘူး "

ရန္ရိေျပာရင္း အခ်က္အလက္ေတြ လွန္ေလွာၾကည့္လိုက္သည္။

" အခု မင္းတစ္ေယာက္ကို႐ွာေတြ႕ရင္ ေနာက္တစ္ေယာက္ကိုလည္း ႐ွာႏိုင္တယ္ "

" အင္း ဖုန္ေဖး အရမ္းတည္ၿငိမ္တာက ကြၽန္ေတာ္သူ႕ကို စစ္ေမးတုန္းက ကားမီးေလာင္မႈအေၾကာင္း ထည့္မေျပာလိုက္လို႔ပဲ၊ ကြၽန္ေတာ္ သူ႕ကို ၂၂၀၉ အမႈအတြက္ပဲ  စစ္ေဆးေနတယ္လို႔ သူထင္တာ "

ရန္ရိ နားမလည္ႏိုင္ျဖစ္သြားသည္။

" မင္းသူ႕ကို ဘာလို႔ကားမီးေလာင္မႈအေၾကာင္း မေမးလိုက္တာလဲ? "

" ကြန္ေတာ္ေစာင့္ေနတာ "

ကုံးရင့္႐ွန္ ညစ္က်ယ္က်ယ္ျပဳံးလိုက္သည္။

" က်ိဳးခြၽမ္းေဆး႐ုံဆင္းတဲ့အခါက်ရင္ ကြၽန္ေတာ္ သူတို႔ဆုံရေအာင္ စီစဥ္လိုက္မယ္၊ ဖုန္ေဖး ေနာက္တစ္ေခါက္ ထပ္ဆုံသလို ဟန္ေဆာင္ေပမယ့္လည္း ခဏအတြင္း အံ့ဩမႈနဲ႔ စိုးထိတ္မႈကို ဖုံးကြယ္ထားႏိုင္မွာ မဟုတ္ဘူး "

=============

မင္းတို႔ကိုေျပာျပခ်င္တာ႐ွိတယ္။

ကိုယ္လည္း မေျပာခ်င္ေပမယ့္ ကိုယ္ဒီအလုပ္ထိုင္လုပ္ေနတာကို အိမ္ကသိပ္မၾကည္ေတာ့ဘူး။ ဘာသာျပန္ရတာလည္း ငါးနာရီ ေျခာက္နာရီနီးပါးၾကာတာမို႔ တစ္ေနကုန္ အခ်ိန္ျဖဳန္းေနတယ္လို႔ပဲ ျမင္ၾကတယ္။ အိမ္ကအဘြားကလည္း သိပ္ေန‌မေကာင္းေတာ့ မျပဳစုဘဲ စာထိုင္ေရးေနတာ အေျပာခံရတယ္။ ရင္ထဲအထိနာဆုံးက ' အဲ့အလုပ္လုပ္ေနတာ ဘာအက်ိဳးအျမတ္ရလို႔လဲ ' ဆိုတာပဲ။ ၿပီးေတာ့ ဖုန္းေဘလည္းမထည့္ေပးေတာ့ဘူး။ data ေဈးျပန္တက္သြားေတာ့ တစ္ေန႔ တစ္ေထာင္ႏႈန္းကုန္ေနတယ္၊ အဲ့ေတာ့ ကိုယ္ေဘမ႐ွိရင္ မင္းတို႔ကို ဆက္မတင္ေပးႏိုင္ေတာ့ဘူး။

တကယ္လို႔မင္းတို႔ဆက္ဖတ္ခ်င္ေနေသးတယ္ဆိုရင္ ကိုယ့္ကိုေထာက္ပံ့ေပးလို႔ရတယ္၊ ကိုယ့္စာဖတ္တဲ့သူေတြက 500 ေက်ာ္႐ွိတာပါ၊ တစ္ေယာက္ 200 ထည့္တင္ေပးရင္ေတာင္ 10 ေယာက္ပဲလာေထာက္ပံ့ဦး ကိုယ့္အတြက္အဆင္ေျပႏိုင္ေသးတယ္။ မင္းတို႔ကိုယ့္အခ်ိန္ေတြကို တန္ဖိုးထားတယ္ဆိုရင္ ေစတနာ႐ွိသေလာက္ ေထာက္ပံ့ေပးႏိုင္တယ္။ ဒီစကားကိုကိုယ္မေျပာခ်င္ဆုံးပဲ၊ ကိုယ္ကေစတနာနဲ႔ျပန္ေပးတာပါ။ မင္းတို႔ဆီက တစ္ခုခုမေတာင္းခ်င္ဘူး။ အေျခအေနအရမို႔ပါ။ မင္းတို႔အဆင္ေျပရင္ 09795118580 ကို KBZ Pay or Wavepay အေကာင့္ဆီ ေငြထည့္ေပးလို႔ရတယ္၊ ေက်းဇူးတင္ပါတယ္။ ေျပာရတာလည္း ႐ွက္မိတယ္။