Chapter 42

{ Unicode }

ရန်ရိ ခေါင်းညိတ်ပြလိုက်ပြီး

" နည်းလမ်းကောင်းပဲ၊ သူ့ကိုလန့်သေသွားအောင် လုပ်ရမယ်၊ စကားမစပ် dark web မှာ ဘာအသစ်ရှာတွေ့သေးလဲ? "

သူမကြောက်ဘူးလို့ ပြောခဲ့ပေမယ့် သူ့ကိုယ်ရေးအချက်အလက်တွေက ဒီလိုနေရာမျိုးမှာ ပျံ့သွားပြီး သူ့အဖေတစ်ယောက်လုံး အဲ့လိပ်စာမှာ နေ,နေသေးတာကို သူစိုးရိမ်လားလို့ ပြောစရာတောင်မလိုချေ။

" ရှောင်ထန်က အကောင့်တစ်ခုဖွင့်ပြီးသွားပြီ၊ ဒါပေမယ့် အဲ့ website မှာ စည်းမျဉ်းတွေရှိတယ်၊ အသစ်ဖွင့်ထားတဲ့အကောင့်တွေက active မဖြစ်ခင် ၇ ရက် သက်တမ်းရှိရမယ်၊ live လွှင့်တာမျိုး၊ ဖိုရမ်မှာဆွေးနွေးတာမျိုး၊ ငွေကြေးအလဲအလှယ်လုပ်တာမျိုး စသဖြင့်ပေါ့။ အကောင့်တွေကိုလည်း အဆင့်သတ်မှတ်ထားတယ်၊ ပြီးတော့ အဆင့်သတ်မှတ်ချက်က သုံးစွဲပမာဏရယ်၊ တက်ကြွလှုပ်ရှားမှုရယ်နဲ့ ဆက်သွယ်ထားတယ်၊ Level ပိုမြင့်လေလေ ပိုပြီး ပါဝင်နိုင်လေလေပဲ၊ နောက်ပြီး Dark web ထဲမှာလည်း နောက်ထပ် dark web ရှိသေးတယ် "

" ကျိုးချွမ်းအကောင့်ကရော ဘယ်မှာလဲ? "

ကုံးရင့်ရှန်ပြောလာသည်။

" အဲ့တာကို Seraph ကဟိုအရင်ကတည်းက  ban လိုက်ပြီးပြီ၊ ကျွန်တော်တို့ သူတို့ကို ပစ်မှတ်ထားနေတာ Seraph ကသိတယ်၊ အဲ့တော့ တရုတ်အခြေစိုက် IP တွေ လတ်တလော ကန့်သတ်ခံထားရတယ်၊ သေချာတာပေါ့ လိုချင်တဲ့သူမှာလည်း ပင်ကိုအားဖြင့် နည်းလမ်းရှိ‌တာပဲ "

" ဒီ website ကအရမ်းဗြောင်ကျတာပဲ၊ ငါတို့အဲ့တာကို သုံးလို့ရောရလို့လား? "

ကုံးရင့်ရှန် မျက်မှောင်ကြုတ်ကာ ပြောလာသည်။

" ကျွန်တော်တို့ အခု Seraph မှာ ပြည်တွင်းသုံးစွဲသူတွေ ရှာနိုင်ဖို့ပဲ မျှော်လင့်ရမှာပေါ့၊ ဒါပေမယ့် ရှာတွေ့ခဲ့ရင်တောင် တကယ့်ပြစ်မှုမြောက်တဲ့လုပ်ရပ်မျိုး မရှိရင် အသုံးမဝင်ဖြစ်မှာပဲ၊ အရန်အနေနဲ့ပဲ သုံးလို့ရမယ် "

" ဒါပေမယ့် ဝမ်ရမ်အဆောက်အအုံအမှုရော ကားမီးလောင်မှုရော နှစ်ခုလုံး အမှုဖွင့်ထားပြီးပြီလေ၊ ငါတို့ ဒီ website မှာအနည်းဆုံး တရားခံ သုံးယောက် ရှာတွေ့ထားတာပဲ "

" အင်း ဒါကလည်း ကျွန်တော်တို့ ဒီ website ကို စစ်ဆေးရတဲ့ အဓိကအကြောင်းအရင်းပဲ၊ ဒါပေမယ့် နိုင်ငံခြားနဲ့ပတ်သက်လာရင် ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး "

ရန်ရိ ဒေါသထွက်ထွက်နဲ့ပြောလိုက်သည်။

" ဒီ website တည်ထောင်တဲ့သူက တကယ့်ကို မကောင်းဆိုးဝါးလုပ်ရပ်တွေ အများကြီးလုပ်ထားရဲ့သားနဲ့ ငါတို့သူ့ကို မဖမ်းနိုင်ဘူး "

" သူတို့ user တွေက ကျွန်တော်တို့နိုင်ငံမှာပဲ ပြစ်မှုကျူးလွန်တာမဟုတ်ဘူး "

ကုံးရင့်ရှန်က နက်နဲပုံပေါ်သည်။

"အဲ့တာက ဒီတိုင်း သူအခြားနိုင်ငံတွေရဲ့အာရုံဖမ်းစားခံလာရတဲ့အခါ ပြစ်မှုအကြီးကြီးကျူးလွန်တာပဲဖြစ်ရမယ် "

သူတို့ လေးလံသလို ခံစားရပေမယ့် အကူအညီမရပေ။

ရန်ရိ အချက်အလက်တွေကို စားပွဲပေါ်တင်လိုက်ပြီး

" အမှုတိုးတက်မှုက အတော်ကြီးနေတုန်းပါပဲ၊ ဖုန်ဖေးသာ သူ့လုပ်ရပ်တွေကို ကျိုးချွမ်းရှေ့ ထုတ်ပြလိုက်ရင်  ငါတို့ မကြာခင် ခေါင်းစွပ်နဲ့လူကို ဖမ်းနိုင်မှာပဲ "

" ဟုတ်တယ် "

ကုံးရင့်ရှန် တွန့်ဆုတ်နေပြီး

" ဒီတိုင်း ဝမ်ရမ့်အဆောက်အအုံအမှုမှာ ကျွန်တော် သိပ်နားမလည်တဲ့ အချက်တွေရှိသေးတယ် "

" ဥပမာ? "

" ဥပမာ ကျွန်တော်တို့ ရှာတွေ့တဲ့ စောင့်ကြည့်ရေးကင်မရာနဲ့ မျက်မြင်သက်သေတွေမှာ ခေါင်းစွပ်အင်္ကျီဝတ်ထားတဲ့သူ တိုက်ထဲဝင်လာတာပဲ တွေ့ရတယ်၊ အခြားဘာလှုပ်ရှားမှုမှမရှိဘူး။ တိုက်ထဲကို အရှေ့ပေါက်ကနေ အဝင်/အထွက် လုပ်တာက ‌စောင့်ကြည့်ခံရမှာပဲ၊ အမှိုက်ပစ်တဲ့ အနောက်ပေါက်ကပဲ ဖြတ်လို့ရမယ်၊ အဲ့တော့ ဒီမှာ ဖြစ်နိုင်ချေ နှစ်ခုရှိလာပြီ။

ပထမဖြစ်နိုင်ချေ - ခေါင်းစွပ်နဲ့လူ အနောက်ပေါက်က ထွက်သွားတယ်၊ ဒါပေမယ့် သူအဝင်/အထွက် လုပ်တဲ့အခါ ခြေရာမခံမိအောင် သူဘာလို့ အစကတည်းက အနောက်ပေါက်က ဖြတ်မသွားတာလဲ?

အထူးဆန်းဆုံးက မျက်မြင်သက်သေတစ်ယောက်မှ မရှိတာပဲ။

ဒုတိယဖြစ်နိုင်ချေ - ခေါင်းစွပ်နဲ့လူ ထွက်သွားတဲ့အချိန် စောင့်ကြည့်ရေးတွေ မီးလောင်သွားတယ်။ လျှပ်စစ်ပတ်လမ်းတို ဖြစ်ပွားပြီး စောင့်ကြည့်ရေးစနစ်ပျက်သွားတာ မီးကြောင့်ပဲ၊ အချိန်က မီးလောင်ပြီး ၁၅ မိနစ်‌လောက်အကြာမှာ၊ အဲ့တာဆို ဘာလို့ ခေါင်းစွပ်နဲ့လူက တိုက်ထဲမှာ အကြာကြီးရှိနေတာလဲ? "

" ဟုတ်တယ် လူအများစုက မီးလောင်ပြီးပြီးချင်း ထွက်သွားမှာပဲ၊ အထူးသဖြင့် ဓာတ်ဆီကြောင့်မီးလောင်တဲ့အခါ အခင်းနေရာမှာနေဖို့ အန္တရာယ်များတယ် "

" နောက်ဥပမာတစ်ခု၊ ကျွန်တော် အခင်းနေရာမှာရှာတွေ့ခဲ့တဲ့ ၂၂၀၉ နဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အမှိုက်တွေက 'ပိုင်ရှင်မဲ့' ပဲ "

" ပိုင်ရှင်မဲ့? "

" ဟုတ်တယ် အချို့အမှိုက်တွေက ပိုင်ရှင်တွေ့ပေမယ့် ဘယ်သူမှ ဒီပစ္စည်းတွေကို သူတို့အိမ်နဲ့သက်ဆိုင်တယ်လို့ ဝန်မခံကြဘူး "

ကုံးရင့်ရှန် ပြောလာသည်။

" ကံကောင်းလို့ အဲ့အချိန်က ကျွန်တော် အရမ်းသတိထားနေတော့ ကျန်တဲ့အမှိုက်တွေအကုန်လုံး ဌာနခွဲကို ပြန်ယူလာခဲ့တယ် "

" တစ်ချို့လူတွေက ပြဿနာထဲပါမှာကြောက်ပြီး ဝန်မခံကြတာဖြစ်နိုင်လား? "

" ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သူတို့ကိုယ်ပိုင်တိုက်မှာ ဒီလိုပြဿနာအကြီးကြီးဖြစ်မယ်ဆိုရင် အများစုက ‌သူတို့အပြစ်ရှိသလိုမခံစားရသရွေ့ ရဲဘက်နဲ့ပူးပေါင်းပေးမှာပဲ၊ နည်းနည်းသံသယဖြစ်စရာ ကောင်းတယ်လို့ ကျွန်တော်ထင်တယ် "

" အမှိုက်တွေအားလုံး ဘယ်အိမ်နဲ့ဆိုင်လဲဆိုတာ မင်းရှာချင်လို့လား? "

" ဒါကရှာဖို့မလွယ်ဘူး၊ ပြီးတော့ အသုံးဝင်၊မဝင်ဆိုတာလည်း သေချာတာမဟုတ်ဘူး "

ရန်ရိ ခေါင်းညိတ်ပြလိုက်သည်။

" ဖုန်ဖေးကို အရင်စုံစမ်းကြတာပေါ့၊ သံသယတွေအားလုံးကို သူဖြေရှင်းပေးနိုင်လောက်တယ် "

ကုံးရင့်ရှန် စဉ်းစားလိုက်ပြီး

" မျှော်လင့်ရတာပဲ "

ထိုအချိန်၊ လုပ်ဖော်ကိုင်ဖက်တစ်‌ယောက်က အော်ပြောလာသည်။

" ဒေါက်တာကုံး စောင့်ကြည့်ရေးကင်မရာက အသစ်တွေရှာတွေ့တယ်၊ လာကြည့်ကြည့်ပါဦး "

" လာပြီ "

ကုံးရင့်ရှန် ထရပ်ကာပြောလာသည်။

" ခင်များအရင်ပြန်နှင့်လိုက် "

ရန်ရိလည်း ထရပ်လိုက်ပြီး ကုံးရင့်ရှန်ကို မျက်စိမှိတ်ပြလိုက်သည်။

" စနေနေ့ကျရင် တွေ့မယ် "

ကုံးရင့်ရှန် ရန်ရိကို နက်နက်နဲနဲကြည့်ပြီး " အင်း " ဟုတိုးတိုးအသံထွက်လာသည်။

" အင်း မင်းဘာစားချင်လဲ? အပူချိန်မြင့်တာတွေ မစားတာကလွဲပြီးပြော၊ ငါ့မှာ သာမန်ဟင်းချက်စွမ်းရည်ပဲ ရှိတယ်ဆိုပေမယ့် တစ်ခုခုတော့ လုပ်ပေးနိုင်ပါတယ် "

" ဆီများတာ၊ စပ်တာနဲ့ မကျက်တဲ့ဟင်းအမည်တွေ " (မစားတာ)

ရန်ရိ ပြုံးကာပြောလိုက်သည်။

" မင်းလုပ်ချင်တာလုပ်လို့ရမှန်း သိရင်လည်း အရမ်းဂျီးများမနေပါနဲ့၊ အဲ့အချိန် စားလို့မဖြစ်ရင် မင်း ဦးလေးရှန့်ကို လွှင့်ပစ်ခိုင်းလို့ရတယ် "

ကုံးရင့်ရှန်က မျက်ခုံးပင့်ကာ ပြောလာသည်။

" ကျွန်တော် မသွားရသေးခင် ခင်များက အိမ်ရှင်လုပ်ချင်နေပြီလား? ဧည့်သည်ကို ဘယ်လို ကောင်းကောင်းဧည့်ခံရမလဲဆိုတာ စဉ်းစားသင့်တယ် "

" မင်းကိုဧည့်ခံဖို့ ငါ 'အကောင်းဆုံး' ကြိုးစားမှာပါ "

ရန်ရိ ပြုံးရင်းပြောလိုက်သည်။

" အရမ်းလောမနေပါနဲ့ "

ကုံးရင့်ရှန် အကြည့်လွှဲလိုက်ပြီး

" ခင်များ ဧည့်ခံတာ ကြည့်ရသေးတာပေါ့ "

ရန်ရိ ဌာနခွဲကနေ အပြုံးဖြင့် လေချွန်ကာထွက်လာခဲ့သည်။ သူနဲ့ ကုံးရင့်ရှန် နောက်ဆုံးတော့ ပြန်သင့်မြတ်သွားပြီ။ လွန်ခဲ့တဲ့ရက်တွေက စိတ်ညစ်နွမ်းတာတွေလည်း ပပျောက်သွားပြီး သူ့ခြေလှမ်းတွေတောင် သွက်လက်ပေါ့ပါးနေ၏။

စခန်းပြန်ရောက်တော့ လူတိုင်း သူ့မျက်နှာမှာ ပြုံးပန်းဝေနေတာကိုမြင်ပြီး စနောက်ကြသည်။

" ခေါင်းဆောင်ရန် ခဏအတွင်း ဘယ်ရောက်သွားတာလဲ? ပြီးတော့ အသွား/အပြန် မျက်နှာအမူအရာလည်း ပြောင်းသွားသေးတယ်၊ ဘာကောင်းတာတွေများ ဖြစ်ခဲ့လို့လဲ? "

" ဘာကောင်းတာဖြစ်ရဦးမှာလဲ၊ ငါကနေ့တိုင်းနေ့တိုင်း အသဲကွဲနေရမှာလား "

ရန်ရိ ပြုံးရင်း ငေါက်ငမ်းလိုက်သည်။

လျှိုဟွေးက ရယ်ကာပြောလာ၏။

"  အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုဆီ သွားတာပဲဖြစ်ရမယ် "

" မင်းကိုပဲအရေးပေါ် "

ချွီယန်ပေါ်လည်း သိချင်လို့မေးလိုက်သည်။

" မင်းဘယ်သွားတာလဲ? "

" အမှုလိုက်ဖို့အတွက် ဟုန်းဝူဌာနခွဲသွားတာ "

ဟုန်းဝူဌာနခွဲလို့လည်းကြားရော ချွီယန်ပေါ် မျက်ခုံးပင့်ကာ ဒွဟဖြစ်စဖွယ် " အိုး " ဟုအသံထွက်လိုက်သည်။

" ဟုန်းဝူဌာနခွဲက ဘာဖြစ်လို့လဲ? "

အားလုံး သိချင်စိတ်ဖြင့်မေးလာကြသည်။

ရန်ရိ အော်လိုက်သည်။

" အရမ်းအားနေကြတယ်မလား? အိုကေ ဒီနေ့ ကားသွားဆေးကြ! "

တပ်သားများ ကောင်းကင်ကိုကြည့်ကာ ညည်းညူလိုက်ကြပြီး စိတ်ပျက်လက်ပျက်နဲ့ ကားဂိုဒေါင်သို့သွားကြတော့သည်။

ချွီယန်ပေါင်က ရန်ရိပခုံးကိုဖက်ပြီး ရွှတ်နောက်နောက်ပြုံးသည်။

" စစ်ဟော် မင်းလူငယ်အချောအလှလေး ဒေါက်တာကုံးကို သွားတွေ့တာလား? "

" ‌ကောင်းပြီ ငါသွားတွေ့ခဲ့တာ "

ရန်ရ ခပ်ဖွဖွပြောလိုက်သည်။

" မင်းဘာလို့ ဒီလိုပုံစံကြီးပြောနေတာလဲ ရွံဖို့ကောင်းလိုက်တာ "

ချွီယန်ပေါ်- " ငါကဘယ်လိုပြောရမှာလဲ? ငါအရမ်းပုံမှန်ကျတဲ့မေးခွန်းမျိုး မေးလိုက်တာလေ၊ မင်းသာ အပြစ်ရှိသလိုဖြစ်နေတာ "

ရန်ရိ သူ့ကို စူးစူးရဲရဲကြည့်လိုက်ပြီး

" ငါကဘာကိုအပြစ်ရှိရမှာလဲ "

" ဟုတ်တယ် မင်းကဘာကိုအပြစ်ရှိနေတာလဲ "

ရန်ရိ ချွီယန်ပေါ်‌ကို ဝက်ဝံရုပ်လိုဖက်လိုက်ပြီး ဝမ်းဗိုက်နေရာနဲ့ ဒူးနဲ့တိုက်လိုက်သည်။

" မင်းအရမ်းအားနေရင်လည်း လေ့ကျင့်ခန်းလုပ်သင့်တယ် ထင်တယ် "

" မင်းက သောက်ရမ်းအပြစ်ရှိသလို ခံစားနေရတာပဲ ဟားဟားဟား-- "

နှစ်ယောက်သား စတင်သတ်ပုတ်ကြတော့သည်။

=========

သောကြာနေ့မှာ နေ့လယ်စာစားပြီးပြီးချင်း ရန်ရိ ဦးလေးရှန့်ဆီက ဖုန်းလက်ခံရလိုက်သည်။ သူတို့နှစ်ယောက်အရင်က ချိန်းဆိုထားတဲ့အတိုင်း ရန်ရိအိမ်ကို ဒီနေ့နေ့လယ် သန့်ရှင်းရေး သွားလုပ်မှာဖြစ်သည်။

ရန်ရိ ဦးလေးရှန့်ကို အိမ်လျှို့ဝှက်နံပါတ်ပေးလိုက်ပြီး တိုက်ရိုက်ဝင်စေလိုက်သည်။

ဦးလေးရှန်က မျက်နှာခပ်ပူပူနဲ့ပြောလာ၏။

" ဒါပေမယ့် ဦးလေးမင်းကို လူချင်းတွေ့ပြီး‌ ပေးချင်တဲ့ အရမ်းအရေးကြီးတဲ့အရာရှိတယ် "

" ဘာများလဲ? "

" ခေါင်းဆောင်အလျဉ်းသင့်ရင် ဦးလေး စခန်းကိုပို့ပေးရမလား? "

" ရပါတယ် "

ညနေမိုးချုပ်သွားတော့ ဦလေးရှန့် စခန်းကိုလာပြီး သူ့လက်ထဲမှာ ပါကင်ပုံးအကြီးကြီးသယ်လာသည်။ ပုံးတစ်ခုတည်းကြည့်ရုံနဲ့တင် အရမ်းအဆင့်အတန်းမြင့်နေလေ၏။

အဲ့တာက ကုံးရင့်ရှန် သုံးချင်တဲ့ဟာ တစ်ခုခုဖြစ်မယ်လို့ ရန်ရိတွေးလိုက်သည်။ ဒါပေမယ့် သူနားမလည်တာက ဘာလို့ဦးလေးရှန်က သူ့ကို လူချင်းတွေ့ပြီးပေးတာလဲ?

ဦးလေးရှန်က ရန်ရိမျက်လုံးထဲက မေးခွန်းကိုသဘောပေါက်ပြီး ရိုးရိုးသားသားပြောလာသည်။

" ခေါင်းဆောင်ရန် ဒါက အထူးအရေးပါတဲ့ပစ္စည်းပဲ၊ သ‌ခင်လေး နိုင်ငံခြားသွားတဲ့အခါတို့ အလုပ်ကိစ္စခရီးထွက်တဲ့အခါတို့ဆိုရင် အမြဲယူသွားတတ်တယ်၊ အဲ့တာမရှိဘဲ သခင်လေးအိပ်မပျော်နိုင်ဘူး "

" ဟမ်? "

ရန်ရိ ပိုပြီး သိချင်လာသည်။

" ဘာများလဲဗျ? "

ဦးလေးရှန့်က ထည်ဝါတဲ့ပုံးကြီးကို ဖွင့်လိုက်ပြီး အဲ့မှာ.....ခေါင်းအုံးတစ်‌အုံး ရှိနေသည်။

ရန်ရိ အံ့ဩမင်သက်သွားရသည်။

ဦးလေးရှန့်က တည်တည်တံ့တံ့ပြောလာ၏။

" သခင်လေး ကလေးဘဝကတည်းက ဒီခေါင်းအုံးနဲ့ပဲ အိပ်လာခဲ့တာ၊ ပြီးတော့ သူအခြား ခေါင်းအုံးတွေနဲ့ မအိပ်တတ်ဘူး "

"...သူ ၂၄ နှစ်လုံး ဒီခေါင်းအုံးနဲ့ပဲအိပ်လာတာလား? ဒါကသစ်မနေဘူးလား? ခေါင်းအုံးကြည့်ရတာ သက်တမ်းအတော်ကြာပြီထင်ရပေမယ့် လုံးဝမသုံးရသေးတာ အသိသာပဲ "

" အဲ့တာက ဒီလိုခေါင်းအုံးပါ ဒီခေါင်းအုံးမဟုတ်ဘူး "

ဦးလေးရှန့် ရှင်းပြသည်။

" ဒီခေါင်းအုံးက ဟန်ကျိုးအထည်အလိပ်စက်ရုံးဟောင်းတစ်ခုက ထုတ်တာ၊ ပြီးတော့ အဲ့ဒီ့စက်ရုံက ပိတ်သွားပြီ၊ အဲ့အတွက်သာမဟုတ်ရင်.....အဲ့အချိန်ကဖြစ်လောက်တယ် သခင်လေးအိမ်မှာတစ်ခုခုဖြစ်သွားတော့ ဦးလေးတို့ စက်ရုံကိုဝယ်လိုက်ပြီး ဈေးကွက်ထဲမှာရှိတဲ့ ခေါင်းအုံးအားလုံးကိုလည်းဝယ်ခဲ့တယ်၊ အခုတော့ အလုံး ၃၀ အောက်ကျန်သေးတယ်၊ ခေါင်းအုံးတစ်လုံး စီတိုင်း အရမ်းကိုအဖိုးထိုက်တန်တာ "

ရန်ရိ မရယ်နိုင် မပြုံးနိုင်ဖြစ်သွားသည်။

" ဦလေး သခင်လေးကတကယ်ကိုပဲ....သူအိပ်ရာခင်းအောက်မှာရော ပုလဲများစီချင်သေးလား? "

ဦးလေးရှန့်က ရှက်ရှက်နဲ့ ပြုံးပြလာသည်။

" သခင်လေးက နည်းနည်းခေါင်းမာတယ်၊ ဒါပေမယ့် သူ့စိတ်ကိုနားလည်သရွေ့တော့ ပေါင်းရသင်းရလွယ်ပါတယ် "

ရန်ရိ ပြုံးကာ ခေါင်းယမ်းရင်း လှမ်းယူဖို့လက်ကမ်းလိုက်သည်။

" ကောင်းပြီ ကျွန်တော်ကိုပေးထားခဲ့လိုက် "

ဦးလေးရှန့်က လေးလေးနက်နက်ပြောလာသည်။

" ဦးလေး သခင်လေးခေါင်းအုံးကို အပြင်လူတွေဆီတစ်ခါမှ မပေးဖူးဘူး၊ သေချာတာပေါ့ ဒါက သခင်လေးတစ်ခြားသူအိမ်မှာ ပထမဆုံးသွားအိပ်တာပဲ၊ ခေါင်းဆောင် ဒီခေါင်းအုံးကို ကောင်ကောင်းသိမ်းထားရမယ်နော် "

ရန်ရိ ခေါင်းငြိမ့်ပြလိုက်ပြီး

" အိုကေ သေချာပေါက်သိမ်းထားပါ့မယ် "

ဦးလေးရှန့်က တည်တည်တံ့တံ့ဖြင့် ရန်ရိဆီ ခေါင်းအုံးပေးလာပြီး ရန်ရိကတော့ ရယ်စရာတာဝန်ကြီးတစ်ခုလို သူ့လက်ထဲပိုက်ထားလိုက်သည်။

" နောက်ပြီး သခင်လေးစားတတ်တဲ့ ဟင်းအမည်တွေကို ဦးလေး စာရင်းလုပ်ပြီး စားပွဲပေါ်တင်ပေးခဲ့တယ်၊ ပါဝင်ပစ္စည်းတွေက ရေခဲသေတ္တာထဲမှာ အဆင်သင့်ပဲ၊ မင်းမချက်တတ်ရင် ဦးလေးပို့ပေးလို့ရတယ် "

" ဦးလေးရှန့် စိတ်မပူပါနဲ့၊ သူကကျွန်တော့်အိမ်က ဧည့်သည်ပဲ၊ ကျွန်တော်သူ့ကို ကောင်းကောင်းဧည့်ခံမှာပါ "

ဦလေးရှန့်က ခေါင်းမော့ကာ ရန်ရိကို ကြည့်လာပြီး၊ မျက်လုံးများထဲမှာတော့ မျှော်လင့်ခြင်း၊ ဝမ်းမြောက်‌ခြင်းများဖြင့် အရောင်လက်နေသည်။

" သခင်လေးက သူငယ်ချင်းဖွဲ့လိုက်တာတင်မကဘူး၊ သူငယ်ချင်းအိမ်ကိုလည်း ညသွားအိပ်ဦးမယ်၊ ဦးလေးအရမ်းပျော်တာပဲ၊ သခင်လေး မင်းအိမ်မှာ အချိန်ကောင်းတစ်ခုပိုင်ဆိုင်မယ်လို့ ယုံကြည်တယ်ကွယ် "

ရန်ရိ ဦးလေးရှန့်ကို ပခုံးပုတ်ပေးလိုက်ပြီး

" စိတ်မပူပါနဲ့ "

ဒီမိသားစုက ရယ်ရတယ်လို့သူထင်ပေမယ့်လည်း တစ်ပါးသူတွေရဲ့ အရိုးခံမျှော်လင့်ချက်တွေကို သူပျက်ပြားစေမည်မဟုတ်ချေ။

ဦးလေးရှန် ပြန်သွားပြီးတော့ ရန်ရိ သူ့လက်ထဲက ခေါင်းအုံးကိုကြည့်ကာ မတတ်သာဘဲ ညင်ညင်သာသာလေး ပြုံးမိသွားသည်။

===========

Double update wuhu~~~

===========

{ Zawgyi }

ရန္ရိ ေခါင္းညိတ္ျပလိုက္ၿပီး

" နည္းလမ္းေကာင္းပဲ၊ သူ႕ကိုလန္႔ေသသြားေအာင္ လုပ္ရမယ္၊ စကားမစပ္ dark web မွာ ဘာအသစ္႐ွာေတြ႕ေသးလဲ? "

သူမေၾကာက္ဘူးလို႔ ေျပာခဲ့ေပမယ့္ သူ႕ကိုယ္ေရးအခ်က္အလက္ေတြက ဒီလိုေနရာမ်ိဳးမွာ ပ်ံ႕သြားၿပီး သူ႕အေဖတစ္ေယာက္လုံး အဲ့လိပ္စာမွာ ေန,ေနေသးတာကို သူစိုးရိမ္လားလို႔ ေျပာစရာေတာင္မလိုေခ်။

" ေ႐ွာင္ထန္က အေကာင့္တစ္ခုဖြင့္ၿပီးသြားၿပီ၊ ဒါေပမယ့္ အဲ့ website မွာ စည္းမ်ဥ္းေတြ႐ွိတယ္၊ အသစ္ဖြင့္ထားတဲ့အေကာင့္ေတြက active မျဖစ္ခင္ ၇ ရက္ သက္တမ္း႐ွိရမယ္၊ live လႊင့္တာမ်ိဳး၊ ဖိုရမ္မွာေဆြးေႏြးတာမ်ိဳး၊ ေငြေၾကးအလဲအလွယ္လုပ္တာမ်ိဳး စသျဖင့္ေပါ့။ အေကာင့္ေတြကိုလည္း အဆင့္သတ္မွတ္ထားတယ္၊ ၿပီးေတာ့ အဆင့္သတ္မွတ္ခ်က္က သုံးစြဲပမာဏရယ္၊ တက္ႂကြလႈပ္႐ွားမႈရယ္နဲ႔ ဆက္သြယ္ထားတယ္၊ Level ပိုျမင့္ေလေလ ပိုၿပီး ပါဝင္ႏိုင္ေလေလပဲ၊ ေနာက္ၿပီး Dark web ထဲမွာလည္း ေနာက္ထပ္ dark web ႐ွိေသးတယ္ "

" က်ိဳးခြၽမ္းအေကာင့္ကေရာ ဘယ္မွာလဲ? "

ကုံးရင့္႐ွန္ေျပာလာသည္။

" အဲ့တာကို Seraph ကဟိုအရင္ကတည္းက  ban လိုက္ၿပီးၿပီ၊ ကြၽန္ေတာ္တို႔ သူတို႔ကို ပစ္မွတ္ထားေနတာ Seraph ကသိတယ္၊ အဲ့ေတာ့ တ႐ုတ္အေျခစိုက္ IP ေတြ လတ္တေလာ ကန္႔သတ္ခံထားရတယ္၊ ေသခ်ာတာေပါ့ လိုခ်င္တဲ့သူမွာလည္း ပင္ကိုအားျဖင့္ နည္းလမ္း႐ွိ‌တာပဲ "

" ဒီ website ကအရမ္းေျဗာင္က်တာပဲ၊ ငါတို႔အဲ့တာကို သုံးလို႔ေရာရလို႔လား? "

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္ကာ ေျပာလာသည္။

" ကြၽန္ေတာ္တို႔ အခု Seraph မွာ ျပည္တြင္းသုံးစြဲသူေတြ ႐ွာႏိုင္ဖို႔ပဲ ေမွ်ာ္လင့္ရမွာေပါ့၊ ဒါေပမယ့္ ႐ွာေတြ႕ခဲ့ရင္ေတာင္ တကယ့္ျပစ္မႈေျမာက္တဲ့လုပ္ရပ္မ်ိဳး မ႐ွိရင္ အသုံးမဝင္ျဖစ္မွာပဲ၊ အရန္အေနနဲ႔ပဲ သုံးလို႔ရမယ္ "

" ဒါေပမယ့္ ဝမ္ရမ္အေဆာက္အအုံအမႈေရာ ကားမီးေလာင္မႈေရာ ႏွစ္ခုလုံး အမႈဖြင့္ထားၿပီးၿပီေလ၊ ငါတို႔ ဒီ website မွာအနည္းဆုံး တရားခံ သုံးေယာက္ ႐ွာေတြ႕ထားတာပဲ "

" အင္း ဒါကလည္း ကြၽန္ေတာ္တို႔ ဒီ website ကို စစ္ေဆးရတဲ့ အဓိကအေၾကာင္းအရင္းပဲ၊ ဒါေပမယ့္ ႏိုင္ငံျခားနဲ႔ပတ္သက္လာရင္ ကြၽန္ေတာ္တို႔ ဘာမွမလုပ္ႏိုင္ဘူး "

ရန္ရိ ေဒါသထြက္ထြက္နဲ႔ေျပာလိုက္သည္။

" ဒီ website တည္ေထာင္တဲ့သူက တကယ့္ကို မေကာင္းဆိုးဝါးလုပ္ရပ္ေတြ အမ်ားႀကီးလုပ္ထားရဲ႕သားနဲ႔ ငါတို႔သူ႕ကို မဖမ္းႏိုင္ဘူး "

" သူတို႔ user ေတြက ကြၽန္ေတာ္တို႔ႏိုင္ငံမွာပဲ ျပစ္မႈက်ဴးလြန္တာမဟုတ္ဘူး "

ကုံးရင့္႐ွန္က နက္နဲပုံေပၚသည္။

"အဲ့တာက ဒီတိုင္း သူအျခားႏိုင္ငံေတြရဲ႕အာ႐ုံဖမ္းစားခံလာရတဲ့အခါ ျပစ္မႈအႀကီးႀကီးက်ဴးလြန္တာပဲျဖစ္ရမယ္ "

သူတို႔ ေလးလံသလို ခံစားရေပမယ့္ အကူအညီမရေပ။

ရန္ရိ အခ်က္အလက္ေတြကို စားပြဲေပၚတင္လိုက္ၿပီး

" အမႈတိုးတက္မႈက အေတာ္ႀကီးေနတုန္းပါပဲ၊ ဖုန္ေဖးသာ သူ႕လုပ္ရပ္ေတြကို က်ိဳးခြၽမ္းေ႐ွ႕ ထုတ္ျပလိုက္ရင္  ငါတို႔ မၾကာခင္ ေခါင္းစြပ္နဲ႔လူကို ဖမ္းႏိုင္မွာပဲ "

" ဟုတ္တယ္ "

ကုံးရင့္႐ွန္ တြန္႔ဆုတ္ေနၿပီး

" ဒီတိုင္း ဝမ္ရမ့္အေဆာက္အအုံအမႈမွာ ကြၽန္ေတာ္ သိပ္နားမလည္တဲ့ အခ်က္ေတြ႐ွိေသးတယ္ "

" ဥပမာ? "

" ဥပမာ ကြၽန္ေတာ္တို႔ ႐ွာေတြ႕တဲ့ ေစာင့္ၾကည့္ေရးကင္မရာနဲ႔ မ်က္ျမင္သက္ေသေတြမွာ ေခါင္းစြပ္အက်ႌဝတ္ထားတဲ့သူ တိုက္ထဲဝင္လာတာပဲ ေတြ႕ရတယ္၊ အျခားဘာလႈပ္႐ွားမႈမွမ႐ွိဘူး။ တိုက္ထဲကို အေ႐ွ႕ေပါက္ကေန အဝင္/အထြက္ လုပ္တာက ‌ေစာင့္ၾကည့္ခံရမွာပဲ၊ အမိႈက္ပစ္တဲ့ အေနာက္ေပါက္ကပဲ ျဖတ္လို႔ရမယ္၊ အဲ့ေတာ့ ဒီမွာ ျဖစ္ႏိုင္ေခ် ႏွစ္ခု႐ွိလာၿပီ။

ပထမျဖစ္ႏိုင္ေခ် - ေခါင္းစြပ္နဲ႔လူ အေနာက္ေပါက္က ထြက္သြားတယ္၊ ဒါေပမယ့္ သူအဝင္/အထြက္ လုပ္တဲ့အခါ ေျခရာမခံမိေအာင္ သူဘာလို႔ အစကတည္းက အေနာက္ေပါက္က ျဖတ္မသြားတာလဲ?

အထူးဆန္းဆုံးက မ်က္ျမင္သက္ေသတစ္ေယာက္မွ မ႐ွိတာပဲ။

ဒုတိယျဖစ္ႏိုင္ေခ် - ေခါင္းစြပ္နဲ႔လူ ထြက္သြားတဲ့အခ်ိန္ ေစာင့္ၾကည့္ေရးေတြ မီးေလာင္သြားတယ္။ လွ်ပ္စစ္ပတ္လမ္းတို ျဖစ္ပြားၿပီး ေစာင့္ၾကည့္ေရးစနစ္ပ်က္သြားတာ မီးေၾကာင့္ပဲ၊ အခ်ိန္က မီးေလာင္ၿပီး ၁၅ မိနစ္‌ေလာက္အၾကာမွာ၊ အဲ့တာဆို ဘာလို႔ ေခါင္းစြပ္နဲ႔လူက တိုက္ထဲမွာ အၾကာႀကီး႐ွိေနတာလဲ? "

" ဟုတ္တယ္ လူအမ်ားစုက မီးေလာင္ၿပီးၿပီးခ်င္း ထြက္သြားမွာပဲ၊ အထူးသျဖင့္ ဓာတ္ဆီေၾကာင့္မီးေလာင္တဲ့အခါ အခင္းေနရာမွာေနဖို႔ အႏၲရာယ္မ်ားတယ္ "

" ေနာက္ဥပမာတစ္ခု၊ ကြၽန္ေတာ္ အခင္းေနရာမွာ႐ွာေတြ႕ခဲ့တဲ့ ၂၂၀၉ နဲ႔ မသက္ဆိုင္ဘူးဆိုတဲ့ အမိႈက္ေတြက 'ပိုင္႐ွင္မဲ့' ပဲ "

" ပိုင္႐ွင္မဲ့? "

" ဟုတ္တယ္ အခ်ိဳ႕အမိႈက္ေတြက ပိုင္႐ွင္ေတြ႕ေပမယ့္ ဘယ္သူမွ ဒီပစၥည္းေတြကို သူတို႔အိမ္နဲ႔သက္ဆိုင္တယ္လို႔ ဝန္မခံၾကဘူး "

ကုံးရင့္႐ွန္ ေျပာလာသည္။

" ကံေကာင္းလို႔ အဲ့အခ်ိန္က ကြၽန္ေတာ္ အရမ္းသတိထားေနေတာ့ က်န္တဲ့အမိႈက္ေတြအကုန္လုံး ဌာနခြဲကို ျပန္ယူလာခဲ့တယ္ "

" တစ္ခ်ိဳ႕လူေတြက ျပႆနာထဲပါမွာေၾကာက္ၿပီး ဝန္မခံၾကတာျဖစ္ႏိုင္လား? "

" ျဖစ္ႏိုင္ပါတယ္၊ ဒါေပမယ့္ သူတို႔ကိုယ္ပိုင္တိုက္မွာ ဒီလိုျပႆနာအႀကီးႀကီးျဖစ္မယ္ဆိုရင္ အမ်ားစုက ‌သူတို႔အျပစ္႐ွိသလိုမခံစားရသေ႐ြ႕ ရဲဘက္နဲ႔ပူးေပါင္းေပးမွာပဲ၊ နည္းနည္းသံသယျဖစ္စရာ ေကာင္းတယ္လို႔ ကြၽန္ေတာ္ထင္တယ္ "

" အမိႈက္ေတြအားလုံး ဘယ္အိမ္နဲ႔ဆိုင္လဲဆိုတာ မင္း႐ွာခ်င္လို႔လား? "

" ဒါက႐ွာဖို႔မလြယ္ဘူး၊ ၿပီးေတာ့ အသုံးဝင္၊မဝင္ဆိုတာလည္း ေသခ်ာတာမဟုတ္ဘူး "

ရန္ရိ ေခါင္းညိတ္ျပလိုက္သည္။

" ဖုန္ေဖးကို အရင္စုံစမ္းၾကတာေပါ့၊ သံသယေတြအားလုံးကို သူေျဖ႐ွင္းေပးႏိုင္ေလာက္တယ္ "

ကုံးရင့္႐ွန္ စဥ္းစားလိုက္ၿပီး

" ေမွ်ာ္လင့္ရတာပဲ "

ထိုအခ်ိန္၊ လုပ္ေဖာ္ကိုင္ဖက္တစ္‌ေယာက္က ေအာ္ေျပာလာသည္။

" ေဒါက္တာကုံး ေစာင့္ၾကည့္ေရးကင္မရာက အသစ္ေတြ႐ွာေတြ႕တယ္၊ လာၾကည့္ၾကည့္ပါဦး "

" လာၿပီ "

ကုံးရင့္႐ွန္ ထရပ္ကာေျပာလာသည္။

" ခင္မ်ားအရင္ျပန္ႏွင့္လိုက္ "

ရန္ရိလည္း ထရပ္လိုက္ၿပီး ကုံးရင့္႐ွန္ကို မ်က္စိမွိတ္ျပလိုက္သည္။

" စေနေန႔က်ရင္ ေတြ႕မယ္ "

ကုံးရင့္႐ွန္ ရန္ရိကို နက္နက္နဲနဲၾကည့္ၿပီး " အင္း " ဟုတိုးတိုးအသံထြက္လာသည္။

" အင္း မင္းဘာစားခ်င္လဲ? အပူခ်ိန္ျမင့္တာေတြ မစားတာကလြဲၿပီးေျပာ၊ ငါ့မွာ သာမန္ဟင္းခ်က္စြမ္းရည္ပဲ ႐ွိတယ္ဆိုေပမယ့္ တစ္ခုခုေတာ့ လုပ္ေပးႏိုင္ပါတယ္ "

" ဆီမ်ားတာ၊ စပ္တာနဲ႔ မက်က္တဲ့ဟင္းအမည္ေတြ " (မစားတာ)

ရန္ရိ ျပဳံးကာေျပာလိုက္သည္။

" မင္းလုပ္ခ်င္တာလုပ္လို႔ရမွန္း သိရင္လည္း အရမ္းဂ်ီးမ်ားမေနပါနဲ႔၊ အဲ့အခ်ိန္ စားလို႔မျဖစ္ရင္ မင္း ဦးေလး႐ွန္႔ကို လႊင့္ပစ္ခိုင္းလို႔ရတယ္ "

ကုံးရင့္႐ွန္က မ်က္ခုံးပင့္ကာ ေျပာလာသည္။

" ကြၽန္ေတာ္ မသြားရေသးခင္ ခင္မ်ားက အိမ္႐ွင္လုပ္ခ်င္ေနၿပီလား? ဧည့္သည္ကို ဘယ္လို ေကာင္းေကာင္းဧည့္ခံရမလဲဆိုတာ စဥ္းစားသင့္တယ္ "

" မင္းကိုဧည့္ခံဖို႔ ငါ 'အေကာင္းဆုံး' ႀကိဳးစားမွာပါ "

ရန္ရိ ျပဳံးရင္းေျပာလိုက္သည္။

" အရမ္းေလာမေနပါနဲ႔ "

ကုံးရင့္႐ွန္ အၾကည့္လႊဲလိုက္ၿပီး

" ခင္မ်ား ဧည့္ခံတာ ၾကည့္ရေသးတာေပါ့ "

ရန္ရိ ဌာနခြဲကေန အျပဳံးျဖင့္ ေလခြၽန္ကာထြက္လာခဲ့သည္။ သူနဲ႔ ကုံးရင့္႐ွန္ ေနာက္ဆုံးေတာ့ ျပန္သင့္ျမတ္သြားၿပီ။ လြန္ခဲ့တဲ့ရက္ေတြက စိတ္ညစ္ႏြမ္းတာေတြလည္း ပေပ်ာက္သြားၿပီး သူ႕ေျခလွမ္းေတြေတာင္ သြက္လက္ေပါ့ပါးေန၏။

စခန္းျပန္ေရာက္ေတာ့ လူတိုင္း သူ႕မ်က္ႏွာမွာ ျပဳံးပန္းေဝေနတာကိုျမင္ၿပီး စေနာက္ၾကသည္။

" ေခါင္းေဆာင္ရန္ ခဏအတြင္း ဘယ္ေရာက္သြားတာလဲ? ၿပီးေတာ့ အသြား/အျပန္ မ်က္ႏွာအမူအရာလည္း ေျပာင္းသြားေသးတယ္၊ ဘာေကာင္းတာေတြမ်ား ျဖစ္ခဲ့လို႔လဲ? "

" ဘာေကာင္းတာျဖစ္ရဦးမွာလဲ၊ ငါကေန႔တိုင္းေန႔တိုင္း အသဲကြဲေနရမွာလား "

ရန္ရိ ျပဳံးရင္း ေငါက္ငမ္းလိုက္သည္။

လွ်ိဳေဟြးက ရယ္ကာေျပာလာ၏။

"  အေရးေပၚ က်န္းမာေရးေစာင့္ေ႐ွာက္မႈဆီ သြားတာပဲျဖစ္ရမယ္ "

" မင္းကိုပဲအေရးေပၚ "

ခြၽီယန္ေပၚလည္း သိခ်င္လို႔ေမးလိုက္သည္။

" မင္းဘယ္သြားတာလဲ? "

" အမႈလိုက္ဖို႔အတြက္ ဟုန္းဝူဌာနခြဲသြားတာ "

ဟုန္းဝူဌာနခြဲလို႔လည္းၾကားေရာ ခြၽီယန္ေပၚ မ်က္ခုံးပင့္ကာ ဒြဟျဖစ္စဖြယ္ " အိုး " ဟုအသံထြက္လိုက္သည္။

" ဟုန္းဝူဌာနခြဲက ဘာျဖစ္လို႔လဲ? "

အားလုံး သိခ်င္စိတ္ျဖင့္ေမးလာၾကသည္။

ရန္ရိ ေအာ္လိုက္သည္။

" အရမ္းအားေနၾကတယ္မလား? အိုေက ဒီေန႔ ကားသြားေဆးၾက! "

တပ္သားမ်ား ေကာင္းကင္ကိုၾကည့္ကာ ညည္းညဴလိုက္ၾကၿပီး စိတ္ပ်က္လက္ပ်က္နဲ႔ ကားဂိုေဒါင္သို႔သြားၾကေတာ့သည္။

ခြၽီယန္ေပါင္က ရန္ရိပခုံးကိုဖက္ၿပီး ႐ႊတ္ေနာက္ေနာက္ျပဳံးသည္။

" စစ္ေဟာ္ မင္းလူငယ္အေခ်ာအလွေလး ေဒါက္တာကုံးကို သြားေတြ႕တာလား? "

" ‌ေကာင္းၿပီ ငါသြားေတြ႕ခဲ့တာ "

ရန္ရ ခပ္ဖြဖြေျပာလိုက္သည္။

" မင္းဘာလို႔ ဒီလိုပုံစံႀကီးေျပာေနတာလဲ ႐ြံဖို႔ေကာင္းလိုက္တာ "

ခြၽီယန္ေပၚ- " ငါကဘယ္လိုေျပာရမွာလဲ? ငါအရမ္းပုံမွန္က်တဲ့ေမးခြန္းမ်ိဳး ေမးလိုက္တာေလ၊ မင္းသာ အျပစ္႐ွိသလိုျဖစ္ေနတာ "

ရန္ရိ သူ႕ကို စူးစူးရဲရဲၾကည့္လိုက္ၿပီး

" ငါကဘာကိုအျပစ္႐ွိရမွာလဲ "

" ဟုတ္တယ္ မင္းကဘာကိုအျပစ္႐ွိေနတာလဲ "

ရန္ရိ ခြၽီယန္ေပၚ‌ကို ဝက္ဝံ႐ုပ္လိုဖက္လိုက္ၿပီး ဝမ္းဗိုက္ေနရာနဲ႔ ဒူးနဲ႔တိုက္လိုက္သည္။

" မင္းအရမ္းအားေနရင္လည္း ေလ့က်င့္ခန္းလုပ္သင့္တယ္ ထင္တယ္ "

" မင္းက ေသာက္ရမ္းအျပစ္႐ွိသလို ခံစားေနရတာပဲ ဟားဟားဟား-- "

ႏွစ္ေယာက္သား စတင္သတ္ပုတ္ၾကေတာ့သည္။

=========

ေသာၾကာေန႔မွာ ေန႔လယ္စာစားၿပီးၿပီးခ်င္း ရန္ရိ ဦးေလး႐ွန္႔ဆီက ဖုန္းလက္ခံရလိုက္သည္။ သူတို႔ႏွစ္ေယာက္အရင္က ခ်ိန္းဆိုထားတဲ့အတိုင္း ရန္ရိအိမ္ကို ဒီေန႔ေန႔လယ္ သန္႔႐ွင္းေရး သြားလုပ္မွာျဖစ္သည္။

ရန္ရိ ဦးေလး႐ွန္႔ကို အိမ္လွ်ိဳ႕ဝွက္နံပါတ္ေပးလိုက္ၿပီး တိုက္႐ိုက္ဝင္ေစလိုက္သည္။

ဦးေလး႐ွန္က မ်က္ႏွာခပ္ပူပူနဲ႔ေျပာလာ၏။

" ဒါေပမယ့္ ဦးေလးမင္းကို လူခ်င္းေတြ႕ၿပီး‌ ေပးခ်င္တဲ့ အရမ္းအေရးႀကီးတဲ့အရာ႐ွိတယ္ "

" ဘာမ်ားလဲ? "

" ေခါင္းေဆာင္အလ်ဥ္းသင့္ရင္ ဦးေလး စခန္းကိုပို႔ေပးရမလား? "

" ရပါတယ္ "

ညေနမိုးခ်ဳပ္သြားေတာ့ ဦေလး႐ွန္႔ စခန္းကိုလာၿပီး သူ႕လက္ထဲမွာ ပါကင္ပုံးအႀကီးႀကီးသယ္လာသည္။ ပုံးတစ္ခုတည္းၾကည့္႐ုံနဲ႔တင္ အရမ္းအဆင့္အတန္းျမင့္ေနေလ၏။

အဲ့တာက ကုံးရင့္႐ွန္ သုံးခ်င္တဲ့ဟာ တစ္ခုခုျဖစ္မယ္လို႔ ရန္ရိေတြးလိုက္သည္။ ဒါေပမယ့္ သူနားမလည္တာက ဘာလို႔ဦးေလး႐ွန္က သူ႕ကို လူခ်င္းေတြ႕ၿပီးေပးတာလဲ?

ဦးေလး႐ွန္က ရန္ရိမ်က္လုံးထဲက ေမးခြန္းကိုသေဘာေပါက္ၿပီး ႐ိုး႐ိုးသားသားေျပာလာသည္။

" ေခါင္းေဆာင္ရန္ ဒါက အထူးအေရးပါတဲ့ပစၥည္းပဲ၊ သ‌ခင္ေလး ႏိုင္ငံျခားသြားတဲ့အခါတို႔ အလုပ္ကိစၥခရီးထြက္တဲ့အခါတို႔ဆိုရင္ အၿမဲယူသြားတတ္တယ္၊ အဲ့တာမ႐ွိဘဲ သခင္ေလးအိပ္မေပ်ာ္ႏိုင္ဘူး "

" ဟမ္? "

ရန္ရိ ပိုၿပီး သိခ်င္လာသည္။

" ဘာမ်ားလဲဗ်? "

ဦးေလး႐ွန္႔က ထည္ဝါတဲ့ပုံးႀကီးကို ဖြင့္လိုက္ၿပီး အဲ့မွာ.....ေခါင္းအုံးတစ္‌အုံး ႐ွိေနသည္။

ရန္ရိ အံ့ဩမင္သက္သြားရသည္။

ဦးေလး႐ွန္႔က တည္တည္တံ့တံ့ေျပာလာ၏။

" သခင္ေလး ကေလးဘဝကတည္းက ဒီေခါင္းအုံးနဲ႔ပဲ အိပ္လာခဲ့တာ၊ ၿပီးေတာ့ သူအျခား ေခါင္းအုံးေတြနဲ႔ မအိပ္တတ္ဘူး "

"...သူ ၂၄ ႏွစ္လုံး ဒီေခါင္းအုံးနဲ႔ပဲအိပ္လာတာလား? ဒါကသစ္မေနဘူးလား? ေခါင္းအုံးၾကည့္ရတာ သက္တမ္းအေတာ္ၾကာၿပီထင္ရေပမယ့္ လုံးဝမသုံးရေသးတာ အသိသာပဲ "

" အဲ့တာက ဒီလိုေခါင္းအုံးပါ ဒီေခါင္းအုံးမဟုတ္ဘူး "

ဦးေလး႐ွန္႔ ႐ွင္းျပသည္။

" ဒီေခါင္းအုံးက ဟန္က်ိဳးအထည္အလိပ္စက္႐ုံးေဟာင္းတစ္ခုက ထုတ္တာ၊ ၿပီးေတာ့ အဲ့ဒီ့စက္႐ုံက ပိတ္သြားၿပီ၊ အဲ့အတြက္သာမဟုတ္ရင္.....အဲ့အခ်ိန္ကျဖစ္ေလာက္တယ္ သခင္ေလးအိမ္မွာတစ္ခုခုျဖစ္သြားေတာ့ ဦးေလးတို႔ စက္႐ုံကိုဝယ္လိုက္ၿပီး ေဈးကြက္ထဲမွာ႐ွိတဲ့ ေခါင္းအုံးအားလုံးကိုလည္းဝယ္ခဲ့တယ္၊ အခုေတာ့ အလုံး ၃၀ ေအာက္က်န္ေသးတယ္၊ ေခါင္းအုံးတစ္လုံး စီတိုင္း အရမ္းကိုအဖိုးထိုက္တန္တာ "

ရန္ရိ မရယ္ႏိုင္ မျပဳံးႏိုင္ျဖစ္သြားသည္။

" ဦေလး သခင္ေလးကတကယ္ကိုပဲ....သူအိပ္ရာခင္းေအာက္မွာေရာ ပုလဲမ်ားစီခ်င္ေသးလား? "

ဦးေလး႐ွန္႔က ႐ွက္႐ွက္နဲ႔ ျပဳံးျပလာသည္။

" သခင္ေလးက နည္းနည္းေခါင္းမာတယ္၊ ဒါေပမယ့္ သူ႕စိတ္ကိုနားလည္သေ႐ြ႕ေတာ့ ေပါင္းရသင္းရလြယ္ပါတယ္ "

ရန္ရိ ျပဳံးကာ ေခါင္းယမ္းရင္း လွမ္းယူဖို႔လက္ကမ္းလိုက္သည္။

" ေကာင္းၿပီ ကြၽန္ေတာ္ကိုေပးထားခဲ့လိုက္ "

ဦးေလး႐ွန္႔က ေလးေလးနက္နက္ေျပာလာသည္။

" ဦးေလး သခင္ေလးေခါင္းအုံးကို အျပင္လူေတြဆီတစ္ခါမွ မေပးဖူးဘူး၊ ေသခ်ာတာေပါ့ ဒါက သခင္ေလးတစ္ျခားသူအိမ္မွာ ပထမဆုံးသြားအိပ္တာပဲ၊ ေခါင္းေဆာင္ ဒီေခါင္းအုံးကို ေကာင္ေကာင္းသိမ္းထားရမယ္ေနာ္ "

ရန္ရိ ေခါင္းၿငိမ့္ျပလိုက္ၿပီး

" အိုေက ေသခ်ာေပါက္သိမ္းထားပါ့မယ္ "

ဦးေလး႐ွန္႔က တည္တည္တံ့တံ့ျဖင့္ ရန္ရိဆီ ေခါင္းအုံးေပးလာၿပီး ရန္ရိကေတာ့ ရယ္စရာတာဝန္ႀကီးတစ္ခုလို သူ႕လက္ထဲပိုက္ထားလိုက္သည္။

" ေနာက္ၿပီး သခင္ေလးစားတတ္တဲ့ ဟင္းအမည္ေတြကို ဦးေလး စာရင္းလုပ္ၿပီး စားပြဲေပၚတင္ေပးခဲ့တယ္၊ ပါဝင္ပစၥည္းေတြက ေရခဲေသတၱာထဲမွာ အဆင္သင့္ပဲ၊ မင္းမခ်က္တတ္ရင္ ဦးေလးပို႔ေပးလို႔ရတယ္ "

" ဦးေလး႐ွန္႔ စိတ္မပူပါနဲ႔၊ သူကကြၽန္ေတာ့္အိမ္က ဧည့္သည္ပဲ၊ ကြၽန္ေတာ္သူ႕ကို ေကာင္းေကာင္းဧည့္ခံမွာပါ "

ဦေလး႐ွန္႔က ေခါင္းေမာ့ကာ ရန္ရိကို ၾကည့္လာၿပီး၊ မ်က္လုံးမ်ားထဲမွာေတာ့ ေမွ်ာ္လင့္ျခင္း၊ ဝမ္းေျမာက္‌ျခင္းမ်ားျဖင့္ အေရာင္လက္ေနသည္။

" သခင္ေလးက သူငယ္ခ်င္းဖြဲ႕လိုက္တာတင္မကဘူး၊ သူငယ္ခ်င္းအိမ္ကိုလည္း ညသြားအိပ္ဦးမယ္၊ ဦးေလးအရမ္းေပ်ာ္တာပဲ၊ သခင္ေလး မင္းအိမ္မွာ အခ်ိန္ေကာင္းတစ္ခုပိုင္ဆိုင္မယ္လို႔ ယုံၾကည္တယ္ကြယ္ "

ရန္ရိ ဦးေလး႐ွန္႔ကို ပခုံးပုတ္ေပးလိုက္ၿပီး

" စိတ္မပူပါနဲ႔ "

ဒီမိသားစုက ရယ္ရတယ္လို႔သူထင္ေပမယ့္လည္း တစ္ပါးသူေတြရဲ႕ အ႐ိုးခံေမွ်ာ္လင့္ခ်က္ေတြကို သူပ်က္ျပားေစမည္မဟုတ္ေခ်။

ဦးေလး႐ွန္ ျပန္သြားၿပီးေတာ့ ရန္ရိ သူ႕လက္ထဲက ေခါင္းအုံးကိုၾကည့္ကာ မတတ္သာဘဲ ညင္ညင္သာသာေလး ျပဳံးမိသြားသည္။

===========

Double update wuhu~~~

===========