Chapter 46

{ Unicode }

ရန်ရိ ပြင်ထားတဲ့ဟင်းပွဲတွေကို တစ်ခုချင်းစီ စားပွဲပေါ်ချလိုက်ပြီး ဝိုင်နီပုလင်းကိုလည်း ဖောက်လိုက်သည်။

ကုံးရင့်ရှန်က လက်ပိုက်လျက် ခုံမှာထိုင်နေပြီး လုံးဝကိုသူပုံမှန်စားနေကျ ဟင်းတွေနဲ့မတူတဲ့ ဟင်းစားပွဲကို ကြည့်ကာ ဘယ်လိုမျက်နှာအမူအရာမျိုး ထားရမှန်းမသိ ဖြစ်နေသည်။

ရန်ရိ ကုံးရင့်ရှန်နဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး

" မင်းစားလို့မရတဲ့ဟာမျိုး မရှိဘူးမလား? "

ကုံးရင့်ရှန် ခေါင်းခါပြီး ပါးစပ်ဟဖို့လုပ်တုန်းမှာပဲ ရန်ရိ " ဟေး " ဟုဆိုကာ သူ့ကိုတားလိုက်သည်။

" မင်းပူတာတွေမစားမှန်းငါသိတယ် နွေးတာတွေတော့ စားလို့ရတယ်မလား?၊ မင်းဒီဟင်းပွဲတွေ အေးတဲ့အထိ စောင့်လို့ရတယ်လေ၊ စား၊ ဟင်းပွဲနည်းနည်းလေးကို ကြည့်ပြီး ငြင်းမနေနဲ့ "

ကုံးရင့်ရှန် သူ့ကို စိုက်ကြည့်လိုက်ပြီး

" ခင်များဘာလို့ ဟင်းခွဲမစားတာလဲ? "

ရန်ရိ မတတ်သာပဲ မီးဖိုချောင်ထဲသွားပြီး ပန်းကန်အပိုနည်းနည်းလောက် သွားထပ်ယူကာ ဟင်းပွဲအားလုံးကို နှစ်ပန်းကန်စီခွဲပြီး တိုးတိုးပြောလိုက်သည်။

" ငါ့ကိုရွံတယ်ပေါ့ "

ကုံးရင့်ရှန် ရန်ရိ မျက်နှာအမူအရာကြောင့် ရယ်ချင်သွားပြီး

" ကျွန်တော် ဒီလိုစားပွဲကျဉ်းကျဉ်းလေးမှာ ဒီလိုအနီးကပ်အကွာအဝေးနဲ့ ဘာလင်ဗန်းမှမပါဘဲ ဒီလိုဟင်းတွေစားနေရတဲ့အချိန် ခင်များကို မနှစ််မြို့တာမျိုးမဖြစ်ဘူး "

" အဲ့တာဆို တကယ်ကျေးဇူးတင်ပါတယ် သာ့ရှောင်းကျယ် "

[ T/n : 大小姐(သာ့ရှောင်းကျယ်) - မမလေး ]

" ဘယ်လိုခေါ်လိုက်တယ်? "

ကုံးရင့်ရှန် အဆုံးသံကို မြှင့်လိုက်သည်။

" သာ့ရှောက်ရယ် "

[ T/n : 大少爷(သာ့ရှောက်ရယ်) - သခင်လေး ]

ရန်ရိစနောက်လိုက်သည်။

" ငါ့ဒီဟင်းပွဲတွေက အရမ်းအရသာမရှိပေမယ့် စားလို့တော့ကောင်းမှာပါ၊ မင်းစားကြည့်လို့ရတယ် "

ကုံးရင့်ရှန် တူကိုင်လိုက်ပြီး အေးစက်စက်ဂန္ဓမာရွက်သုတ်ကို ပါးစပ်ထဲထည့်လိုက်သည်။ အသုတ်က ရှာလကာရည်ပါးပါးနှင့် ငရုတ်သီးအနည်းငယ်ပါဝင်ပြီး အရသာက အလွန်အားရဖွယ်အတိ။

[ t/n : ကိုယ်တွေဘုရားပန်းကပ်တာကို စားကြတယ် ညနေက ဘုရားပန်ကပ်ရင်းတောင် ကိုက်စားကြည့်လိုက်သေးတယ် မဆိုးပါဘူး :∆ ]

ရန်ရိ ကုံးရင့်ရှန်ကို ဘလင်းဘလင်းမျက်လုံးများဖြင့် ကြည့်နေပြီး မျှော်လင့်တကြီးနဲ့မေးလိုက်သည်။

" ဘယ်လိုလဲ? "

ကုံးရင့်ရှန်‌ ခေါင်းညိတ်ပြပြီး " အင်း "

ရန်ရိ ပြုံးကာ ပြောလိုက်သည်။

" ပုံမှန်ဆို ငါဟင်းများများစားစား မချက်ပေမယ့် ချက်နည်းကြည့်တာနဲ့တင် ကောင်းကောင်းချက်နိုင်တယ်၊ တော်တဲ့သူတွေက မတတ်သာပါဘူးလေ "

သူပြောပြီး ငါးအသားလုံးများနှင့် ကျောက်ဖရုံသီးဟင်းချိုကို ပန်းကန်လုံးထဲထည့်ကာ ကုံးရင့်ရှန် လက်ထဲထည့်ပေးလိုက်သည်။

ကုံးရင့်ရှန် ခေါင်းနည်းနည်းငုံ့ပြီး အနားကပ်ကာ အနံ့ခံကြည့်လိုက်သည်။

" ပူတယ် "

" ဒီ အမဲအာလူးနှပ်လေးစားကြည့်၊ မပူတော့ဘူး "

ကုံးရင့်ရှန် အသားတစ်စကိုညှပ်ယူလိုက်ကာ လျှာထိပ်လေးနဲ့တို့ကြည့်ပြီးနောက် စားလိုက်သည်။

ရန်ရိက တပြုံးပြုံးလုပ်ရင်း ပြောလိုက်သည်။

" မင်း မီးကြောက်တာကို ကျော်လွှားချင်ရင် ပူတဲ့အစားအစာတွေစားပြီး စကျင့်လို့ရတယ်သိလား? "

" စိတ်ဆရာဝန်တော့ အကြံပေးထားတယ် "

ကုံးရင့်ရှန် ပြောလာသည်။

" ဒါပေမယ့် ကျွန်တော်ဘာစားလဲဆိုတာ အရေးပါမယ် မထင်ဘူး "

" ဘာလို့အရေးမပါရမှာလဲ? မင်းပူတာတွေ မစားတာက အပူချိန်မြင့်တာတွေမုန်းတာထက်မပိုဘူး ဒါမှမဟုတ် မီးနဲ့ချက်ထားတယ်ဆိုတာ အလိုလိုတွေးမိနေလို့မလား? "

ကုံးရင့်ရှန် ဘာမှမပြော။

" မင်း မီးနဲ့ပတ်သက်တဲ့အရာတွေကို ကြောက်စိတ်ဝင်နေတာ ကျော်လွှားရမယ်၊ အဲ့လိုမှ မင်းမီးကြောက်နေတာကို သူ့ဘာသာသူ ကျော်လွှားနိုင်သွားအောင် ပိုပြီးအကူအညီပေးလိမ့်မယ်၊ ဒီနည်းလမ်းက အဆင်ပြေတယ် "

ကုံးရင့်ရှန်က နှာခေါင်းအနည်းငယ်ရှုံ့လိုက်ပြီး

" ခင်များချက်တာတွေ ကျွန်တော်စားအောင် အတော်ကြိုးစားထားတာပဲ "

ရန်ရိ ရယ်ကာ ပြောသည်။

" ငါမင်းကို ကမ္ဘာပေါ်က စားကောင်းတာတွေ အရသာခံစေချင်တယ်၊ ပူပြီး စားလို့ကောင်းတဲ့ဟာတွေလည်းရှိသေးတယ်၊ ဒီဟင်းချိုတစ်ခွက်လိုပေါ့ "

ကုံးရင့်ရှန် ကျောက်ဖရုံသီးဟင်းချိုကိုကြည့်ကာ တုံ့ဆိုင်းနေသည်။

" ငါ့ကို အခွင့်အရေးပေးပါကွာ၊ တစ်ဇွန်းပဲသောက်ကြည့်ရင်ရော? အပူမလောင်ပါဘူး "

ကုံးရင့်ရှန် ဟင်းချိုခွက်ကို စောင်းလိုက်ပြီး ချောင်းအသာဟန့်သည်။

" ဒီနေ့ ကျွန်တော်က ခင်များဧည့်သည်‌ဆိုတော့ ခင်များကို အခွင့်အရေးပေးလိုက်မယ် "

" လုပ်ပါ "

ရန်ရိ ကုံးရင့်ရှန်ကို မျှော်လင့်တကြီး ကြည့်နေသည်။

ကုံးရင့်ရှန် ပန်ကန်လုံးကို ညင်ညင်သာသာယူလိုက်၍ ဇွန်းဖြင့်မွှေကာ ခပ်ဖွဖွမှုတ်ပြီး မြန်မြန်အပူချိန်ကျစေသည်။

ရန်ရိ မနေနိုင်ဘဲ မြောင်မြောင်ကိုတွေးမိ‌သွားသည်။ တစ်ခါ‌တစ်လေ အိုးထဲကခပ်လိုက်တဲ့အသားပူနေတဲ့အချိန် မြောင်မြောင်က ပန်းကန်ဘေးမှာထိုင်ရင်း နာနာခံခံစောင့်နေတတ်သည်။ ကုံးရင့်ရှန်လည်း မြောင်မြောင် အသားအေးဖို့ စောင့်နေသလိုပင်။ သူတွေးမိတော့ မထိန်းနိုင်ဘဲ ထရယ်မိသည်။

ကုံးရင့်ရှန်က သူ့ကိုမျက်စိလှန်ကြည့်လာသည်။

ရန်ရိ လက်ကားပြလိုက်၏။

ကုံးရင့်ရှန် ဟင်းချိုတစ်ဇွန်းခပ်ကာ အသက်ဝဝရှူပြီး နှုတ်ခမ်းများဆီယူ၍ ဂရုတစိုက် သောက်သည်။

" ဘယ်လိုလဲ? "

ရန်ရိ စိတ်လှုပ်တရှားမေးလိုက်သည်။

ကုံးရင့်ရှန် တစ်ခဏမျှ မင်သက်သွားရလျက်။

" အဆင်ပြေပါတယ် "

ကုံးရင့်ရှန် သူဒီလိုပူတဲ့အစား‌အသောက်မျိုးကို ဘယ်အချိန်က နောက်ဆုံးစားခဲ့မှန်း မမှတ်မိနိုင်ပေ။ အိမ်မှာ မတော်တဆမှုဖြစ်ပြီးနောက် အမေရိကားကို အပို့ခံလိုက်ရသည်။ အပူချိန်မြင့်သောအရာများနှင့် ‌အနောက်ပိုင်း စားသောက်ဓလေ့ နှစ်ခုစလုံးကို မနှစ်သက်သောအကျိုးဆက်ကြောင့် သူနောက်ထပ် ပူတဲ့အစား‌အသောက်တွေ ထပ်မစားတော့ချေ။ ဟင်းချိုပူပူတစ်ခွက်ရဲ့ အရသာကိုတောင် သူမေ့နေခဲ့ပြီ။.... အရမ်းကောင်းတာပဲ။

ရန်ရိ သူ့နှလုံးသား ခုန်ပေါက်နေသလို ခံစားရသည်။ သူကိုပျော်ရွှင်စေတာက ကုံးရင့်ရှန် ပူတာတွေစားတာကြောင့်တင်မက၊ ကုံးရင့်ရှန် သူ့အတွက် ပြောင်းလဲပေးချင်စိတ်ပင်၊ နည်းနည်းလေးပဲဆိုထားဦး၊ သူက ကုံးရင့်ရှန်နှလုံးသားထဲမှာရှိနေတဲ့ လူတစ်ယောက်ဆိုတာ ဖော်ပြနေသည်မဟုတ်လား?

သူပျော်ရွှင်ကာ ပြောလိုက်သည်။

" ကောင်းရင် ထပ်သောက်‌ဦးလေ၊ ဒါဟာက ဝမ်ကျုံးငါးအသားလုံးတွေ၊ ငါတို့စခန်းက တပ်သားတစ်ယောက်ပေးတာ၊ ပြီးတော့ သူ့ဘာသာလုပ်ထားတာတဲ့ "

ကုံးရင့်ရှန် ရန်ရိရဲ့ ဘလင်းဘလင်းမျက်လုံးတွေကိုကြည့်ပြီး ရှက်ရှက်နဲ့ပြောလိုက်သည်။

" ကျွန်တော်စားဖို့ပဲ တိုက်တွန်းမနေနဲ့၊ ခင်များကျတော့ မစားဘူး "

ရန်ရိ ပျော်ပျော်ရွှင်ရွှင် စားပြလိုက်ပြီး

" ဒီဟာ စာလို့ကောင်းတယ် ဒီဟာလည်းစားကောင်းတယ်၊ ဟေး ငါတကယ်တော်တာပဲ "

ကုံးရင့်ရှန် ရန်ရိရဲ့အောင်နိုင်သူအမူအရာအား ကြည့်ကာ သူ့နှုတ်ခမ်းစွန်းတွေ ထိန်းမရဘဲ ပြုံးမိသွားသည်။ အချိန်တစ်ခုထိ သူ့နှလုံးသားထဲ၌ အမြစ်တွယ်နေသော အတိတ်ရဲ့အရိပ်ဆိုးကိုလည်း မေ့လျော့သွားခဲ့၏။

ရန်ရိ ကုံးရင့်ရှန်ကို ဟင်းအကုန်လုံးမြည်းကြည့်ဖို့ ချော့ပြောပြီး ကုံးရင့်ရှန် သူချက်တဲ့ဟင်းတွေ စားတာကို ထိုင်ကြည့်သည်။ အဲ့အချိန် ဖြစ်ပေါ်လာတဲ့ ကျေနပ်အားရမှုကို သူမဖော်ပြတတ်ပေ။

ရန်ရိ ဝိုင်ပုလင်းကို လက်ချောင်းများဖြင့် ထိကိုင်လိုက်ရင်း

" ငါတို့ ဝိုင်သောက်ကြမလား? "

ကုံးရင့်ရှန် တွန့်ဆုတ်နေပြီး

" အရက်က လူတွေကိုသတိလွတ်စေနိုင်တယ်၊ ကျွန်တော် အသိစိတ်လွတ်တာ မကြိုက်ဘူး "

" မင်း ဒီနေ့အရမ်းပင်ပန်းပြီး အများကြီးလည်း ဖြစ်ပျက်ခဲ့သေးတယ်၊ ဝိုင်နည်းနည်းသောက်လိုက်ရင် အကုန်မေ့သွားပြီး ကောင်းကောင်းအိပ်ပျော်လိမ့်မယ် "

ကုံးရင့်ရှန် အမ်း ဟုခပ်တိုးတိုးအသံပြုလိုက်ပြီး

" လူတွေကို မနက်ခင်းမထနိုင်အောင်လုပ်ပြီး အလုပ်နောက်ကျလိမ့်မယ် "

ရန်ရိ ရယ်လိုက်သည်။

" မင်းဘာလို့ မကျေနပ်ချက်တွေ ပြောနေတာလဲ? "

ကုံးရင့်ရှန် မေးငေါ့ပြလိုက်ပြီး

" တစ်ခွက်လောက် သောက်တာပေါ့၊ ခင်များမှာ ဘာဝိုင်ရှိလဲ? "

" ငါမသိဘူး၊ သူငယ်ချင်းတစ်ယောက် ပေးထားတာ "

ရန်ရိ သူတို့နှစ်ယောက်အတွက် ဝိုင်ငှဲ့လိုက်ပြီး

" ငါ အမြဲလိုလို ဘီယာပဲသောက်တာ၊ ဝိုင်အများကြီးမသောက်ဘူး၊ ဒါပေမယ့် မင်းဘီယာသောက်ရင်....."

သူခေါင်းယမ်းကာ ပြုံးလိုက်သည်။

" ပုံစံမကိုက်ဘူး "

ကုံးရင့်ရှန် သူတို့နဲ့ လမ်းဘေးဆိုင်မှာထိုင်ပြီး ဘီယာသောက်၊ တုတ်ထိုးစား‌တဲ့ပုံကို သူစိတ်မကူးလို့မရပေ။

ကုံးရင့်ရှန် ဝိုင်ခွက်ကိုယူကာ လှုပ်လိုက်ပြီး သူ့နှာခေါင်းထိပ်ဆီ စောင်း၍ အနံ့ခံကြည့်သည်။

" သောက်ချင်ပြီဆိုကတည်းက အသိစိတ်ရှိမနေချင်လို့ပေါ့? "

" ဘာစည်းမျဉ်းမှ မရှိဘူး၊ သောက်သာသောက်စမ်းပါ "

ရန်ရိ ခွက်ကိုကိုင်ကာ သူ့ကိုအတင်းတွန်းတိုက်လိုက်သည်။

ကုံးရင့်ရှန် တစ်ငုံသောက်လိုက်ရပြီး မျက်မှောင်ကြုတ်ကာ ရိုးရိုးသားသားပြောလာသည်။

" ဒီဝိုင်မကောင်းဘူး "

ကုံးရင့်ရှန် စိတ်နေသဘောထားကို ကျင့်သားရနေပြီဖြစ်တဲ့ ရန်ရိကတော့ ဂရုစိုက်မနေတော့ဘဲ

" အဲ့တာဆို ‌နောက်တစ်ခါ မင်းဝိုင်ယူခဲ့ "

" Ok "

စားပြီးကြတော့ ရန်ရိ ဟောင်ဖွာဟောင်ဖွာနဲ့ ကုံးရင့်ရှန်ကို ဂိမ်း‌ဆော့သင်ပေးချင်သည်။

ကုံးရင့်ရှန်က သောက်လေ့သောက်ထမရှိတော့ အဲ့အချိန် နည်းနည်းရီဝေနေပြီဖြစ်သည်။ သူလက်မှာ ဝိုင်ခွက်ကိုင်ထားပြီး ဆိုဖာကိုမှီထိုင်ကာ သမ်းရင်း ပြောလာသည်။

" ခင်များဝိုင်က ကောင်းလည်းမကောင်းဘူး "

" မင်းအဲ့လိုပြောပြီး သောက်နေတာလေ၊ မင်းဗိုက်နဲ့ မင်းစကား မညီဘူးပဲ "

ရန်ရိ ဖုန်း screen ကို TV မှာဖွင့်လိုက်ပြီး ကုံးရင့်ရှန် ပခုံးကို ရိုက်လိုက်သည်။

" Screen ကိုကြည့်၊ ငါမင်းကို ဒီဂိမ်းဘယ်လိုဆော့ရမလဲ သင်ပေးမယ် "

" ဒီလိုဂိမ်းကြီးလား? "

" မင်း CS ကစားဖူးလား? "

" ဂိမ်းမဆော့ဘူး "

ရန်ရိ ရှင်းပြလိုက်သည်။

" ရှင်းရှင်းပြောရရင် ရန်သူကို ဓားနဲ့တိုက်တာပဲ၊ ပြီးတော့ မင်းအသက်ရှင်သေးရင် နိုင်မယ် "

ကုံးရင့်ရှန် screen ပေါ်က ပုံကိုကြည့်ပြီး မျက်လုံးများမှေးစင်းလိုက်သည်။

" .....နတ်ဘုရားမ? "

ရန်ရိ မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး

" ထယ့်ရှန်းအာ ဆိုတာလား? "

" ခင်များ ဘာလို့ ဒီနာမည်ပေးထားတာလဲ? "

ကုံးရင့်ရှန် သူ့ကို မယုံသင်္ကာစွာ စိုက်ကြည့်‌လာသည်။

" ငါ‌မပြောဘူးလား ငါ့ဓာတ်ငါးခုကို စစ်ပြီး ချိန်ညှိတာလို့ "

" ဘယ်မှာ 'နတ်ဘုရားမ' ပါလို့လဲ? "

" အမ်း သူတို့ငါ့ကို မိန်းကလေးထင်တော့ ငါ့အပေါ် သတိလျော့ကြတယ်၊ တစ်ခါတစ်လေ ငါ့ကိုလက်နက်ရဖို့တောင် ကြံပေးသေးတယ် "

ကုံးရင့်ရှန် မျက်လုံးမှေးရင်း

" ညစ်တာမဟုတ်ဘူးလား? "

" အဲ့တာဆို ဘာကပိုပြီးစစ်မှန်လို့လဲ? ဂိမ်းအတွက်အရေးကြီးဆုံးက ပျော်ရွှင်ဖို့ပဲလေ "

ရန်ရိ ရယ်ကာ ပြောလိုက်သည်။

" ဒီကိုလာပြီး အစ်ကိုကြီး မင်းအတွက် အစုလိုက်အပြုံလိုက်သတ်ပြတာ ကြည့် "

ရန်ရိ သေနတ်ကောက်ကာ ပြတင်းပေါက်ထွက်ရုံပဲရှိသေး အပစ်ခံလိုက်ရပြီး လဲကျသွားသည်။

" ..."

ကုံးရင့်ရှန် ထရယ်ပြီး " ခင်များသေပြီလား? "

ရန်ရိ နည်းနည်းအရှက်ရသွားလျက် ဖုန်းကိုချကာ ပွစိပွစိပြောလိုက်သည်။

" location မကောင်းလို့ဟာကို "

ကုံးရင့်ရှန် ဝိုင်ခွက်ယူကာ ရန်ရိကို ကမ်းပေးလာတော့ ရန်ရိ လှမ်းယူလိုက်သည်။

" ဒီဝိုင်ခွက်က တစ်မိနစ်နဲ့လေးဆယ့်ခြောက်စက္ကန့် အသက်ရှင်လိုက်တဲ့ နတ်ဘုရားမအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပါ "

ရန်ရိ ပြုံးကာ ဆူလိုက်သည်။

" မင်းဦးလေး၊ ငါအမှားလေးတစ်ခုလုပ်မိတာကို "

ကုံးရင့်ရှန် ဆိုဖာကိုကျောမှီလိုက်ပြီး ခေါင်းထဲရီဝေနေကာ ခန္ဓာကိုယ်က တလှပ်လှပ်ဖြစ်နေသည်။ ဒီလို သက်သောင့်သက်သာဖြစ်ပြီး အသိစိတ်နည်းနည်းလွတ်နေတဲ့ ခံစားချက်မျိုးက မဆိုးပေ။ သူနူးနူးညံ့ညံ့ပြောလိုက်သည်။

" စားလိုက်၊ သောက်လိုက်၊ ကစားလိုက်နဲ့ ခင်များတို့တွေ...ဒီလိုကြီးပြင်းလာတာပေါ့ ဟုတ်လား ? "

ရန်ရိ ပြုံးလိုက်ပြီး

" ယောက်ျားလေးအများစုက ဒီလိုပဲကြီးပြင်းကြတာလေ? အဲ့တော့ မင်းကလေးဘဝတုန်းကရော ဘာလုပ်ခဲ့လဲ? "

" လေ့လာတယ်၊ လေ့ကျင့်တယ်၊ လက်တွေ့လုပ်တယ် "

ရန်ရိ တန့်သွားပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။

" အထီးကျန်စရာပဲ "

ကုံးရင့်ရှန် ခဏတာတိတ်ဆိတ်သွား၍ " မဟုတ်ဘူး " ဟုဆိုလာသည်။

ရန်ရိ ခေါင်းစောင်းပြီး ကုံးရင့်ရှန်ကို လှမ်းကြည့်လိုက်သည်။ ထိုရှုထောင့်ရှိ ကောက်ကြောင်းများမှာ ပန်းပုရုပ်ကဲ့သို့ ပြီးပြည့်စုံပြီး ပါးပြင်များက ခပ်ယဲ့ယဲ့နီမြန်းနေသည်။ မျက်ဝန်းနက်တွေက ရီဝေခြင်းတစ်စွန်းတစ်စ လှစ်ဟာပြလျက်၊ ရင်ဖိုသွားစေ၏။

ကုံးရင့်ရှန် ရန်ရိအကြည့်ကို ခံစားမိပြီး မျက်နှာလှည့်လာသည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင်သွားပြီး အရက်ကြောင့် ရီဝေဝေဖြစ်နေတဲ့မျက်ဝန်းတွေ တစ်ယောက်မျက်လုံးတစ်ယောက် ကြည့်ရင်း တဖြည်းဖြည်း အသိတရားပြန်ဝင်လာသည်။ သူတို့မျက်စိရှေ့က လူအချင်းချင်း အလွန်အကျွမ်းတဝင်ရှိလှသော်လည်း သူတို့ဆီက ထွက်ပေါ်လာတဲ့ အမူအရာက လူကို ထူးဆန်းသလိုခံစားရစေပြီး မပြောပြနိုင်အောင် ရင်တလှပ်လှပ်ဖြစ်စေသည်။

ဓာတ်လိုက်သွားသလို သူတို့နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ခေါင်းလှည့်သွားကြ၏။

ရန်ရိ အသက်ဝဝခိုးရှူကာ ဝိုင်ပုလင်း လှမ်းဆွဲပြီး နှစ်ယောက်စာဝိုင်ဖြည့်လိုက်ရင်း ကျယ်ကျယ်လောင်လောင်ပြောလိုက်သည်။

" လာပါ သောက်တာပေါ့ "

သူတို့ခွက်တိုက်ရင်း စကားပြောကြသည်။ ရန်ရိလည်း ကုံးရင့်ရှန်ကို ဂိမ်းဆော့ဖို့ သင်ပေးပြီး ထိုအချိန် သူတို့က ဆယ်ကျော်သက်လေးတွေလိုပင်။ အပူအပင်မရှိ၊ မှတ်ဉာဏ်တွေမရှိ၊ ပြစ်မှုတွေလည်းမရှိဘဲ အားလပ်ချိန်ကို သူငယ်ချင်းနဲ့ အတူကုန်ဆုံးနေခြင်းသာ။

ညလယ်ခေါင်ရောက်တော့ ကုံးရင့်ရှန် သူမူးသွားတာလား အိပ်ချင်လို့ပဲလားမသိ ‌ဆိုဖာပေါ်လှဲချပြီး အိပ်ပျော်သွားသည်။ ရန်ရိကတော့ ပိုသောက်နိုင်ပြီး အတော်လေးသတိရှိသေးလျက်၊ သူကုံးရင့်ရှန် ပခုံးကိုပုတ်လိုက်ပြီး

" ဒီမှာမအိပ်နဲ့ အိပ်ခန်းထဲပြန်သွားလေ "

ကုံးရင့်ရှန်က ဝါးတားတားငြင်းသည်။

ရန်ရိ ကုံးရင့်ရှန်ကို ဆိုဖာပေါ်ကနေ ဆွဲထူလိုက်ပြီး

" ဟေး ထဦး အခန်ထဲသွားပြန်အိပ် "

ကုံးရင့်ရှန် မဖွင့်ချင်ဖွင့်ချင်နဲ့ မျက်လုံးဖွင့်လာပြီး ရန်ရိအကူအညီနဲ့ အခန်းထဲ လျှောက်ဝင်သွားသည်။

ရန်ရိလည်း အားအင်မရှိတော့ဘဲ အကွာအဝေးတိုလေးကို လေးထောက်လေးဖက် ကို့ယို့ကားယားလျှောက်နေရသည်။ ဧည့်နေခန်းက အိပ်ရာကိုလည်းမြင်ရော ရန်ရိ အံကြိတ်ကာ ရှေ့မြန်မြန်လျှောက်သွားလိုက်သည်။ အိပ်ရာနဲ့ ခြေလှမ်းအနည်းငယ်ပဲ ကွာတဲ့နေရာရောက်တော့ သူတွန်းထုတ်ဖို့အားသုံးပြီး ကုံးရင့်ရှန်ကို အိပ်ရာပေါ် ပစ်တွန်းလိုက်သည်။ ‌သို့ပေသိ ကုံးရင့်ရှန်က သူ့လက်မောင်းကို ဖမ်း‌ဆွဲရင်း သူ့ကိုပါအတူဆွဲချသွားသည်။

သူတို့နှစ်ယောက်လုံး အိပ်ရာပေါ်ပစ်လဲကျသွားပြီး ရန်ရိက ကုံးရင့်ရှန်ကိုယ်ပေါ် လဲကျကာ ရင်ဘတ်ချင်း ထိကပ်သွားသည်။ ခဏကြာတော့ သူအရက်မူးရာက တစ်ဝက်သတိဝင်လာပြီး အသက်ပင်မရှူရဲတော့ချေ။

===========

သာသာ ခုံပေါ်က ချော်ကျပြီး လက်ထိထားလို့ အစက ဒဏ်ဖြစ်ထားတဲ့လက်က အခုတော့ ကျိုးချင်ချင်ဖြစ်နေပြီ~ ထိန်းပြီးတော့ စာရေးထားပါတယ်

Extra telegram channel ဝင်မယ့်သူတွေ 09795118580 ကိုလာပြောပေးပါ

============

{ Zawgyi }

ရန္ရိ ျပင္ထားတဲ့ဟင္းပြဲေတြကို တစ္ခုခ်င္းစီ စားပြဲေပၚခ်လိုက္ၿပီး ဝိုင္နီပုလင္းကိုလည္း ေဖာက္လိုက္သည္။

ကုံးရင့္႐ွန္က လက္ပိုက္လ်က္ ခုံမွာထိုင္ေနၿပီး လုံးဝကိုသူပုံမွန္စားေနက် ဟင္းေတြနဲ႔မတူတဲ့ ဟင္းစားပြဲကို ၾကည့္ကာ ဘယ္လိုမ်က္ႏွာအမူအရာမ်ိဳး ထားရမွန္းမသိ ျဖစ္ေနသည္။

ရန္ရိ ကုံးရင့္႐ွန္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ထိုင္လိုက္ၿပီး

" မင္းစားလို႔မရတဲ့ဟာမ်ိဳး မ႐ွိဘူးမလား? "

ကုံးရင့္႐ွန္ ေခါင္းခါၿပီး ပါးစပ္ဟဖို႔လုပ္တုန္းမွာပဲ ရန္ရိ " ေဟး " ဟုဆိုကာ သူ႕ကိုတားလိုက္သည္။

" မင္းပူတာေတြမစားမွန္းငါသိတယ္ ေႏြးတာေတြေတာ့ စားလို႔ရတယ္မလား?၊ မင္းဒီဟင္းပြဲေတြ ေအးတဲ့အထိ ေစာင့္လို႔ရတယ္ေလ၊ စား၊ ဟင္းပြဲနည္းနည္းေလးကို ၾကည့္ၿပီး ျငင္းမေနနဲ႔ "

ကုံးရင့္႐ွန္ သူ႕ကို စိုက္ၾကည့္လိုက္ၿပီး

" ခင္မ်ားဘာလို႔ ဟင္းခြဲမစားတာလဲ? "

ရန္ရိ မတတ္သာပဲ မီးဖိုေခ်ာင္ထဲသြားၿပီး ပန္းကန္အပိုနည္းနည္းေလာက္ သြားထပ္ယူကာ ဟင္းပြဲအားလုံးကို ႏွစ္ပန္းကန္စီခြဲၿပီး တိုးတိုးေျပာလိုက္သည္။

" ငါ့ကို႐ြံတယ္ေပါ့ "

ကုံးရင့္႐ွန္ ရန္ရိ မ်က္ႏွာအမူအရာေၾကာင့္ ရယ္ခ်င္သြားၿပီး

" ကြၽန္ေတာ္ ဒီလိုစားပြဲက်ဥ္းက်ဥ္းေလးမွာ ဒီလိုအနီးကပ္အကြာအေဝးနဲ႔ ဘာလင္ဗန္းမွမပါဘဲ ဒီလိုဟင္းေတြစားေနရတဲ့အခ်ိန္ ခင္မ်ားကို မႏွစ္္ၿမိဳ႕တာမ်ိဳးမျဖစ္ဘူး "

" အဲ့တာဆို တကယ္ေက်းဇူးတင္ပါတယ္ သာ့ေ႐ွာင္းက်ယ္ "

[ T/n : 大小姐(သာ့ေ႐ွာင္းက်ယ္) - မမေလး ]

" ဘယ္လိုေခၚလိုက္တယ္? "

ကုံးရင့္႐ွန္ အဆုံးသံကို ျမႇင့္လိုက္သည္။

" သာ့ေ႐ွာက္ရယ္ "

[ T/n : 大少爷(သာ့ေ႐ွာက္ရယ္) - သခင္ေလး ]

ရန္ရိစေနာက္လိုက္သည္။

" ငါ့ဒီဟင္းပြဲေတြက အရမ္းအရသာမ႐ွိေပမယ့္ စားလို႔ေတာ့ေကာင္းမွာပါ၊ မင္းစားၾကည့္လို႔ရတယ္ "

ကုံးရင့္႐ွန္ တူကိုင္လိုက္ၿပီး ေအးစက္စက္ဂႏၶမာ႐ြက္သုတ္ကို ပါးစပ္ထဲထည့္လိုက္သည္။ အသုတ္က ႐ွာလကာရည္ပါးပါးႏွင့္ င႐ုတ္သီးအနည္းငယ္ပါဝင္ၿပီး အရသာက အလြန္အားရဖြယ္အတိ။

[ t/n : ကိုယ္ေတြဘုရားပန္းကပ္တာကို စားၾကတယ္ ညေနက ဘုရားပန္ကပ္ရင္းေတာင္ ကိုက္စားၾကည့္လိုက္ေသးတယ္ မဆိုးပါဘူး :∆ ]

ရန္ရိ ကုံးရင့္႐ွန္ကို ဘလင္းဘလင္းမ်က္လုံးမ်ားျဖင့္ ၾကည့္ေနၿပီး ေမွ်ာ္လင့္တႀကီးနဲ႔ေမးလိုက္သည္။

" ဘယ္လိုလဲ? "

ကုံးရင့္႐ွန္‌ ေခါင္းညိတ္ျပၿပီး " အင္း "

ရန္ရိ ျပဳံးကာ ေျပာလိုက္သည္။

" ပုံမွန္ဆို ငါဟင္းမ်ားမ်ားစားစား မခ်က္ေပမယ့္ ခ်က္နည္းၾကည့္တာနဲ႔တင္ ေကာင္းေကာင္းခ်က္ႏိုင္တယ္၊ ေတာ္တဲ့သူေတြက မတတ္သာပါဘူးေလ "

သူေျပာၿပီး ငါးအသားလုံးမ်ားႏွင့္ ေက်ာက္ဖ႐ုံသီးဟင္းခ်ိဳကို ပန္းကန္လုံးထဲထည့္ကာ ကုံးရင့္႐ွန္ လက္ထဲထည့္ေပးလိုက္သည္။

ကုံးရင့္႐ွန္ ေခါင္းနည္းနည္းငုံ႔ၿပီး အနားကပ္ကာ အနံ႔ခံၾကည့္လိုက္သည္။

" ပူတယ္ "

" ဒီ အမဲအာလူးႏွပ္ေလးစားၾကည့္၊ မပူေတာ့ဘူး "

ကုံးရင့္႐ွန္ အသားတစ္စကိုညႇပ္ယူလိုက္ကာ လွ်ာထိပ္ေလးနဲ႔တို႔ၾကည့္ၿပီးေနာက္ စားလိုက္သည္။

ရန္ရိက တျပဳံးျပဳံးလုပ္ရင္း ေျပာလိုက္သည္။

" မင္း မီးေၾကာက္တာကို ေက်ာ္လႊားခ်င္ရင္ ပူတဲ့အစားအစာေတြစားၿပီး စက်င့္လို႔ရတယ္သိလား? "

" စိတ္ဆရာဝန္ေတာ့ အၾကံေပးထားတယ္ "

ကုံးရင့္႐ွန္ ေျပာလာသည္။

" ဒါေပမယ့္ ကြၽန္ေတာ္ဘာစားလဲဆိုတာ အေရးပါမယ္ မထင္ဘူး "

" ဘာလို႔အေရးမပါရမွာလဲ? မင္းပူတာေတြ မစားတာက အပူခ်ိန္ျမင့္တာေတြမုန္းတာထက္မပိုဘူး ဒါမွမဟုတ္ မီးနဲ႔ခ်က္ထားတယ္ဆိုတာ အလိုလိုေတြးမိေနလို႔မလား? "

ကုံးရင့္႐ွန္ ဘာမွမေျပာ။

" မင္း မီးနဲ႔ပတ္သက္တဲ့အရာေတြကို ေၾကာက္စိတ္ဝင္ေနတာ ေက်ာ္လႊားရမယ္၊ အဲ့လိုမွ မင္းမီးေၾကာက္ေနတာကို သူ႕ဘာသာသူ ေက်ာ္လႊားႏိုင္သြားေအာင္ ပိုၿပီးအကူအညီေပးလိမ့္မယ္၊ ဒီနည္းလမ္းက အဆင္ေျပတယ္ "

ကုံးရင့္႐ွန္က ႏွာေခါင္းအနည္းငယ္႐ႈံ႕လိုက္ၿပီး

" ခင္မ်ားခ်က္တာေတြ ကြၽန္ေတာ္စားေအာင္ အေတာ္ႀကိဳးစားထားတာပဲ "

ရန္ရိ ရယ္ကာ ေျပာသည္။

" ငါမင္းကို ကမ႓ာေပၚက စားေကာင္းတာေတြ အရသာခံေစခ်င္တယ္၊ ပူၿပီး စားလို႔ေကာင္းတဲ့ဟာေတြလည္း႐ွိေသးတယ္၊ ဒီဟင္းခ်ိဳတစ္ခြက္လိုေပါ့ "

ကုံးရင့္႐ွန္ ေက်ာက္ဖ႐ုံသီးဟင္းခ်ိဳကိုၾကည့္ကာ တုံ႔ဆိုင္းေနသည္။

" ငါ့ကို အခြင့္အေရးေပးပါကြာ၊ တစ္ဇြန္းပဲေသာက္ၾကည့္ရင္ေရာ? အပူမေလာင္ပါဘူး "

ကုံးရင့္႐ွန္ ဟင္းခ်ိဳခြက္ကို ေစာင္းလိုက္ၿပီး ေခ်ာင္းအသာဟန္႔သည္။

" ဒီေန႔ ကြၽန္ေတာ္က ခင္မ်ားဧည့္သည္‌ဆိုေတာ့ ခင္မ်ားကို အခြင့္အေရးေပးလိုက္မယ္ "

" လုပ္ပါ "

ရန္ရိ ကုံးရင့္႐ွန္ကို ေမွ်ာ္လင့္တႀကီး ၾကည့္ေနသည္။

ကုံးရင့္႐ွန္ ပန္ကန္လုံးကို ညင္ညင္သာသာယူလိုက္၍ ဇြန္းျဖင့္ေမႊကာ ခပ္ဖြဖြမႈတ္ၿပီး ျမန္ျမန္အပူခ်ိန္က်ေစသည္။

ရန္ရိ မေနႏိုင္ဘဲ ေျမာင္ေျမာင္ကိုေတြးမိ‌သြားသည္။ တစ္ခါ‌တစ္ေလ အိုးထဲကခပ္လိုက္တဲ့အသားပူေနတဲ့အခ်ိန္ ေျမာင္ေျမာင္က ပန္းကန္ေဘးမွာထိုင္ရင္း နာနာခံခံေစာင့္ေနတတ္သည္။ ကုံးရင့္႐ွန္လည္း ေျမာင္ေျမာင္ အသားေအးဖို႔ ေစာင့္ေနသလိုပင္။ သူေတြးမိေတာ့ မထိန္းႏိုင္ဘဲ ထရယ္မိသည္။

ကုံးရင့္႐ွန္က သူ႕ကိုမ်က္စိလွန္ၾကည့္လာသည္။

ရန္ရိ လက္ကားျပလိုက္၏။

ကုံးရင့္႐ွန္ ဟင္းခ်ိဳတစ္ဇြန္းခပ္ကာ အသက္ဝဝ႐ွဴၿပီး ႏႈတ္ခမ္းမ်ားဆီယူ၍ ဂ႐ုတစိုက္ ေသာက္သည္။

" ဘယ္လိုလဲ? "

ရန္ရိ စိတ္လႈပ္တ႐ွားေမးလိုက္သည္။

ကုံးရင့္႐ွန္ တစ္ခဏမွ် မင္သက္သြားရလ်က္။

" အဆင္ေျပပါတယ္ "

ကုံးရင့္႐ွန္ သူဒီလိုပူတဲ့အစား‌အေသာက္မ်ိဳးကို ဘယ္အခ်ိန္က ေနာက္ဆုံးစားခဲ့မွန္း မမွတ္မိႏိုင္ေပ။ အိမ္မွာ မေတာ္တဆမႈျဖစ္ၿပီးေနာက္ အေမရိကားကို အပို႔ခံလိုက္ရသည္။ အပူခ်ိန္ျမင့္ေသာအရာမ်ားႏွင့္ ‌အေနာက္ပိုင္း စားေသာက္ဓေလ့ ႏွစ္ခုစလုံးကို မႏွစ္သက္ေသာအက်ိဳးဆက္ေၾကာင့္ သူေနာက္ထပ္ ပူတဲ့အစား‌အေသာက္ေတြ ထပ္မစားေတာ့ေခ်။ ဟင္းခ်ိဳပူပူတစ္ခြက္ရဲ႕ အရသာကိုေတာင္ သူေမ့ေနခဲ့ၿပီ။.... အရမ္းေကာင္းတာပဲ။

ရန္ရိ သူ႕ႏွလုံးသား ခုန္ေပါက္ေနသလို ခံစားရသည္။ သူကိုေပ်ာ္႐ႊင္ေစတာက ကုံးရင့္႐ွန္ ပူတာေတြစားတာေၾကာင့္တင္မက၊ ကုံးရင့္႐ွန္ သူ႕အတြက္ ေျပာင္းလဲေပးခ်င္စိတ္ပင္၊ နည္းနည္းေလးပဲဆိုထားဦး၊ သူက ကုံးရင့္႐ွန္ႏွလုံးသားထဲမွာ႐ွိေနတဲ့ လူတစ္ေယာက္ဆိုတာ ေဖာ္ျပေနသည္မဟုတ္လား?

သူေပ်ာ္႐ႊင္ကာ ေျပာလိုက္သည္။

" ေကာင္းရင္ ထပ္ေသာက္‌ဦးေလ၊ ဒါဟာက ဝမ္က်ံဳးငါးအသားလုံးေတြ၊ ငါတို႔စခန္းက တပ္သားတစ္ေယာက္ေပးတာ၊ ၿပီးေတာ့ သူ႕ဘာသာလုပ္ထားတာတဲ့ "

ကုံးရင့္႐ွန္ ရန္ရိရဲ႕ ဘလင္းဘလင္းမ်က္လုံးေတြကိုၾကည့္ၿပီး ႐ွက္႐ွက္နဲ႔ေျပာလိုက္သည္။

" ကြၽန္ေတာ္စားဖို႔ပဲ တိုက္တြန္းမေနနဲ႔၊ ခင္မ်ားက်ေတာ့ မစားဘူး "

ရန္ရိ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စားျပလိုက္ၿပီး

" ဒီဟာ စာလို႔ေကာင္းတယ္ ဒီဟာလည္းစားေကာင္းတယ္၊ ေဟး ငါတကယ္ေတာ္တာပဲ "

ကုံးရင့္႐ွန္ ရန္ရိရဲ႕ေအာင္ႏိုင္သူအမူအရာအား ၾကည့္ကာ သူ႕ႏႈတ္ခမ္းစြန္းေတြ ထိန္းမရဘဲ ျပဳံးမိသြားသည္။ အခ်ိန္တစ္ခုထိ သူ႕ႏွလုံးသားထဲ၌ အျမစ္တြယ္ေနေသာ အတိတ္ရဲ႕အရိပ္ဆိုးကိုလည္း ေမ့ေလ်ာ့သြားခဲ့၏။

ရန္ရိ ကုံးရင့္႐ွန္ကို ဟင္းအကုန္လုံးျမည္းၾကည့္ဖို႔ ေခ်ာ့ေျပာၿပီး ကုံးရင့္႐ွန္ သူခ်က္တဲ့ဟင္းေတြ စားတာကို ထိုင္ၾကည့္သည္။ အဲ့အခ်ိန္ ျဖစ္ေပၚလာတဲ့ ေက်နပ္အားရမႈကို သူမေဖာ္ျပတတ္ေပ။

ရန္ရိ ဝိုင္ပုလင္းကို လက္ေခ်ာင္းမ်ားျဖင့္ ထိကိုင္လိုက္ရင္း

" ငါတို႔ ဝိုင္ေသာက္ၾကမလား? "

ကုံးရင့္႐ွန္ တြန္႔ဆုတ္ေနၿပီး

" အရက္က လူေတြကိုသတိလြတ္ေစႏိုင္တယ္၊ ကြၽန္ေတာ္ အသိစိတ္လြတ္တာ မႀကိဳက္ဘူး "

" မင္း ဒီေန႔အရမ္းပင္ပန္းၿပီး အမ်ားႀကီးလည္း ျဖစ္ပ်က္ခဲ့ေသးတယ္၊ ဝိုင္နည္းနည္းေသာက္လိုက္ရင္ အကုန္ေမ့သြားၿပီး ေကာင္းေကာင္းအိပ္ေပ်ာ္လိမ့္မယ္ "

ကုံးရင့္႐ွန္ အမ္း ဟုခပ္တိုးတိုးအသံျပဳလိုက္ၿပီး

" လူေတြကို မနက္ခင္းမထႏိုင္ေအာင္လုပ္ၿပီး အလုပ္ေနာက္က်လိမ့္မယ္ "

ရန္ရိ ရယ္လိုက္သည္။

" မင္းဘာလို႔ မေက်နပ္ခ်က္ေတြ ေျပာေနတာလဲ? "

ကုံးရင့္႐ွန္ ေမးေငါ့ျပလိုက္ၿပီး

" တစ္ခြက္ေလာက္ ေသာက္တာေပါ့၊ ခင္မ်ားမွာ ဘာဝိုင္႐ွိလဲ? "

" ငါမသိဘူး၊ သူငယ္ခ်င္းတစ္ေယာက္ ေပးထားတာ "

ရန္ရိ သူတို႔ႏွစ္ေယာက္အတြက္ ဝိုင္ငွဲ႔လိုက္ၿပီး

" ငါ အၿမဲလိုလို ဘီယာပဲေသာက္တာ၊ ဝိုင္အမ်ားႀကီးမေသာက္ဘူး၊ ဒါေပမယ့္ မင္းဘီယာေသာက္ရင္....."

သူေခါင္းယမ္းကာ ျပဳံးလိုက္သည္။

" ပုံစံမကိုက္ဘူး "

ကုံးရင့္႐ွန္ သူတို႔နဲ႔ လမ္းေဘးဆိုင္မွာထိုင္ၿပီး ဘီယာေသာက္၊ တုတ္ထိုးစား‌တဲ့ပုံကို သူစိတ္မကူးလို႔မရေပ။

ကုံးရင့္႐ွန္ ဝိုင္ခြက္ကိုယူကာ လႈပ္လိုက္ၿပီး သူ႕ႏွာေခါင္းထိပ္ဆီ ေစာင္း၍ အနံ႔ခံၾကည့္သည္။

" ေသာက္ခ်င္ၿပီဆိုကတည္းက အသိစိတ္႐ွိမေနခ်င္လို႔ေပါ့? "

" ဘာစည္းမ်ဥ္းမွ မ႐ွိဘူး၊ ေသာက္သာေသာက္စမ္းပါ "

ရန္ရိ ခြက္ကိုကိုင္ကာ သူ႕ကိုအတင္းတြန္းတိုက္လိုက္သည္။

ကုံးရင့္႐ွန္ တစ္ငုံေသာက္လိုက္ရၿပီး မ်က္ေမွာင္ၾကဳတ္ကာ ႐ိုး႐ိုးသားသားေျပာလာသည္။

" ဒီဝိုင္မေကာင္းဘူး "

ကုံးရင့္႐ွန္ စိတ္ေနသေဘာထားကို က်င့္သားရေနၿပီျဖစ္တဲ့ ရန္ရိကေတာ့ ဂ႐ုစိုက္မေနေတာ့ဘဲ

" အဲ့တာဆို ‌ေနာက္တစ္ခါ မင္းဝိုင္ယူခဲ့ "

" Ok "

စားၿပီးၾကေတာ့ ရန္ရိ ေဟာင္ဖြာေဟာင္ဖြာနဲ႔ ကုံးရင့္႐ွန္ကို ဂိမ္း‌ေဆာ့သင္ေပးခ်င္သည္။

ကုံးရင့္႐ွန္က ေသာက္ေလ့ေသာက္ထမ႐ွိေတာ့ အဲ့အခ်ိန္ နည္းနည္းရီေဝေနၿပီျဖစ္သည္။ သူလက္မွာ ဝိုင္ခြက္ကိုင္ထားၿပီး ဆိုဖာကိုမွီထိုင္ကာ သမ္းရင္း ေျပာလာသည္။

" ခင္မ်ားဝိုင္က ေကာင္းလည္းမေကာင္းဘူး "

" မင္းအဲ့လိုေျပာၿပီး ေသာက္ေနတာေလ၊ မင္းဗိုက္နဲ႔ မင္းစကား မညီဘူးပဲ "

ရန္ရိ ဖုန္း screen ကို TV မွာဖြင့္လိုက္ၿပီး ကုံးရင့္႐ွန္ ပခုံးကို ႐ိုက္လိုက္သည္။

" Screen ကိုၾကည့္၊ ငါမင္းကို ဒီဂိမ္းဘယ္လိုေဆာ့ရမလဲ သင္ေပးမယ္ "

" ဒီလိုဂိမ္းႀကီးလား? "

" မင္း CS ကစားဖူးလား? "

" ဂိမ္းမေဆာ့ဘူး "

ရန္ရိ ႐ွင္းျပလိုက္သည္။

" ႐ွင္း႐ွင္းေျပာရရင္ ရန္သူကို ဓားနဲ႔တိုက္တာပဲ၊ ၿပီးေတာ့ မင္းအသက္႐ွင္ေသးရင္ ႏိုင္မယ္ "

ကုံးရင့္႐ွန္ screen ေပၚက ပုံကိုၾကည့္ၿပီး မ်က္လုံးမ်ားေမွးစင္းလိုက္သည္။

" .....နတ္ဘုရားမ? "

ရန္ရိ မ်က္စိတစ္ဖက္မွိတ္ျပလိုက္ၿပီး

" ထယ့္႐ွန္းအာ ဆိုတာလား? "

" ခင္မ်ား ဘာလို႔ ဒီနာမည္ေပးထားတာလဲ? "

ကုံးရင့္႐ွန္ သူ႕ကို မယုံသကၤာစြာ စိုက္ၾကည့္‌လာသည္။

" ငါ‌မေျပာဘူးလား ငါ့ဓာတ္ငါးခုကို စစ္ၿပီး ခ်ိန္ညႇိတာလို႔ "

" ဘယ္မွာ 'နတ္ဘုရားမ' ပါလို႔လဲ? "

" အမ္း သူတို႔ငါ့ကို မိန္းကေလးထင္ေတာ့ ငါ့အေပၚ သတိေလ်ာ့ၾကတယ္၊ တစ္ခါတစ္ေလ ငါ့ကိုလက္နက္ရဖို႔ေတာင္ ၾကံေပးေသးတယ္ "

ကုံးရင့္႐ွန္ မ်က္လုံးေမွးရင္း

" ညစ္တာမဟုတ္ဘူးလား? "

" အဲ့တာဆို ဘာကပိုၿပီးစစ္မွန္လို႔လဲ? ဂိမ္းအတြက္အေရးႀကီးဆုံးက ေပ်ာ္႐ႊင္ဖို႔ပဲေလ "

ရန္ရိ ရယ္ကာ ေျပာလိုက္သည္။

" ဒီကိုလာၿပီး အစ္ကိုႀကီး မင္းအတြက္ အစုလိုက္အျပဳံလိုက္သတ္ျပတာ ၾကည့္ "

ရန္ရိ ေသနတ္ေကာက္ကာ ျပတင္းေပါက္ထြက္႐ုံပဲ႐ွိေသး အပစ္ခံလိုက္ရၿပီး လဲက်သြားသည္။

" ..."

ကုံးရင့္႐ွန္ ထရယ္ၿပီး " ခင္မ်ားေသၿပီလား? "

ရန္ရိ နည္းနည္းအ႐ွက္ရသြားလ်က္ ဖုန္းကိုခ်ကာ ပြစိပြစိေျပာလိုက္သည္။

" location မေကာင္းလို႔ဟာကို "

ကုံးရင့္႐ွန္ ဝိုင္ခြက္ယူကာ ရန္ရိကို ကမ္းေပးလာေတာ့ ရန္ရိ လွမ္းယူလိုက္သည္။

" ဒီဝိုင္ခြက္က တစ္မိနစ္နဲ႔ေလးဆယ့္ေျခာက္စကၠန္႔ အသက္႐ွင္လိုက္တဲ့ နတ္ဘုရားမအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္ပါ "

ရန္ရိ ျပဳံးကာ ဆူလိုက္သည္။

" မင္းဦးေလး၊ ငါအမွားေလးတစ္ခုလုပ္မိတာကို "

ကုံးရင့္႐ွန္ ဆိုဖာကိုေက်ာမွီလိုက္ၿပီး ေခါင္းထဲရီေဝေနကာ ခႏၶာကိုယ္က တလွပ္လွပ္ျဖစ္ေနသည္။ ဒီလို သက္ေသာင့္သက္သာျဖစ္ၿပီး အသိစိတ္နည္းနည္းလြတ္ေနတဲ့ ခံစားခ်က္မ်ိဳးက မဆိုးေပ။ သူႏူးႏူးညံ့ညံ့ေျပာလိုက္သည္။

" စားလိုက္၊ ေသာက္လိုက္၊ ကစားလိုက္နဲ႔ ခင္မ်ားတို႔ေတြ...ဒီလိုႀကီးျပင္းလာတာေပါ့ ဟုတ္လား ? "

ရန္ရိ ျပဳံးလိုက္ၿပီး

" ေယာက်္ားေလးအမ်ားစုက ဒီလိုပဲႀကီးျပင္းၾကတာေလ? အဲ့ေတာ့ မင္းကေလးဘဝတုန္းကေရာ ဘာလုပ္ခဲ့လဲ? "

" ေလ့လာတယ္၊ ေလ့က်င့္တယ္၊ လက္ေတြ႕လုပ္တယ္ "

ရန္ရိ တန္႔သြားၿပီး အသံတိုးတိုးျဖင့္ေျပာလိုက္သည္။

" အထီးက်န္စရာပဲ "

ကုံးရင့္႐ွန္ ခဏတာတိတ္ဆိတ္သြား၍ " မဟုတ္ဘူး " ဟုဆိုလာသည္။

ရန္ရိ ေခါင္းေစာင္းၿပီး ကုံးရင့္႐ွန္ကို လွမ္းၾကည့္လိုက္သည္။ ထို႐ႈေထာင့္႐ွိ ေကာက္ေၾကာင္းမ်ားမွာ ပန္းပု႐ုပ္ကဲ့သို႔ ၿပီးျပည့္စုံၿပီး ပါးျပင္မ်ားက ခပ္ယဲ့ယဲ့နီျမန္းေနသည္။ မ်က္ဝန္းနက္ေတြက ရီေဝျခင္းတစ္စြန္းတစ္စ လွစ္ဟာျပလ်က္၊ ရင္ဖိုသြားေစ၏။

ကုံးရင့္႐ွန္ ရန္ရိအၾကည့္ကို ခံစားမိၿပီး မ်က္ႏွာလွည့္လာသည္။

ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္သြားၿပီး အရက္ေၾကာင့္ ရီေဝေဝျဖစ္ေနတဲ့မ်က္ဝန္းေတြ တစ္ေယာက္မ်က္လုံးတစ္ေယာက္ ၾကည့္ရင္း တျဖည္းျဖည္း အသိတရားျပန္ဝင္လာသည္။ သူတို႔မ်က္စိေ႐ွ႕က လူအခ်င္းခ်င္း အလြန္အကြၽမ္းတဝင္႐ွိလွေသာ္လည္း သူတို႔ဆီက ထြက္ေပၚလာတဲ့ အမူအရာက လူကို ထူးဆန္းသလိုခံစားရေစၿပီး မေျပာျပႏိုင္ေအာင္ ရင္တလွပ္လွပ္ျဖစ္ေစသည္။

ဓာတ္လိုက္သြားသလို သူတို႔ႏွစ္ေယာက္စလုံး တစ္ၿပိဳင္နက္တည္း ေခါင္းလွည့္သြားၾက၏။

ရန္ရိ အသက္ဝဝခိုး႐ွဴကာ ဝိုင္ပုလင္း လွမ္းဆြဲၿပီး ႏွစ္ေယာက္စာဝိုင္ျဖည့္လိုက္ရင္း က်ယ္က်ယ္ေလာင္ေလာင္ေျပာလိုက္သည္။

" လာပါ ေသာက္တာေပါ့ "

သူတို႔ခြက္တိုက္ရင္း စကားေျပာၾကသည္။ ရန္ရိလည္း ကုံးရင့္႐ွန္ကို ဂိမ္းေဆာ့ဖို႔ သင္ေပးၿပီး ထိုအခ်ိန္ သူတို႔က ဆယ္ေက်ာ္သက္ေလးေတြလိုပင္။ အပူအပင္မ႐ွိ၊ မွတ္ဉာဏ္ေတြမ႐ွိ၊ ျပစ္မႈေတြလည္းမ႐ွိဘဲ အားလပ္ခ်ိန္ကို သူငယ္ခ်င္းနဲ႔ အတူကုန္ဆုံးေနျခင္းသာ။

ညလယ္ေခါင္ေရာက္ေတာ့ ကုံးရင့္႐ွန္ သူမူးသြားတာလား အိပ္ခ်င္လို႔ပဲလားမသိ ‌ဆိုဖာေပၚလွဲခ်ၿပီး အိပ္ေပ်ာ္သြားသည္။ ရန္ရိကေတာ့ ပိုေသာက္ႏိုင္ၿပီး အေတာ္ေလးသတိ႐ွိေသးလ်က္၊ သူကုံးရင့္႐ွန္ ပခုံးကိုပုတ္လိုက္ၿပီး

" ဒီမွာမအိပ္နဲ႔ အိပ္ခန္းထဲျပန္သြားေလ "

ကုံးရင့္႐ွန္က ဝါးတားတားျငင္းသည္။

ရန္ရိ ကုံးရင့္႐ွန္ကို ဆိုဖာေပၚကေန ဆြဲထူလိုက္ၿပီး

" ေဟး ထဦး အခန္ထဲသြားျပန္အိပ္ "

ကုံးရင့္႐ွန္ မဖြင့္ခ်င္ဖြင့္ခ်င္နဲ႔ မ်က္လုံးဖြင့္လာၿပီး ရန္ရိအကူအညီနဲ႔ အခန္းထဲ ေလွ်ာက္ဝင္သြားသည္။

ရန္ရိလည္း အားအင္မ႐ွိေတာ့ဘဲ အကြာအေဝးတိုေလးကို ေလးေထာက္ေလးဖက္ ကို႔ယို႔ကားယားေလွ်ာက္ေနရသည္။ ဧည့္ေနခန္းက အိပ္ရာကိုလည္းျမင္ေရာ ရန္ရိ အံႀကိတ္ကာ ေ႐ွ႕ျမန္ျမန္ေလွ်ာက္သြားလိုက္သည္။ အိပ္ရာနဲ႔ ေျခလွမ္းအနည္းငယ္ပဲ ကြာတဲ့ေနရာေရာက္ေတာ့ သူတြန္းထုတ္ဖို႔အားသုံးၿပီး ကုံးရင့္႐ွန္ကို အိပ္ရာေပၚ ပစ္တြန္းလိုက္သည္။ ‌သို႔ေပသိ ကုံးရင့္႐ွန္က သူ႕လက္ေမာင္းကို ဖမ္း‌ဆြဲရင္း သူ႕ကိုပါအတူဆြဲခ်သြားသည္။

သူတို႔ႏွစ္ေယာက္လုံး အိပ္ရာေပၚပစ္လဲက်သြားၿပီး ရန္ရိက ကုံးရင့္႐ွန္ကိုယ္ေပၚ လဲက်ကာ ရင္ဘတ္ခ်င္း ထိကပ္သြားသည္။ ခဏၾကာေတာ့ သူအရက္မူးရာက တစ္ဝက္သတိဝင္လာၿပီး အသက္ပင္မ႐ွဴရဲေတာ့ေခ်။

===========

သာသာ ခုံေပၚက ေခ်ာ္က်ၿပီး လက္ထိထားလို႔ အစက ဒဏ္ျဖစ္ထားတဲ့လက္က အခုေတာ့ က်ိဳးခ်င္ခ်င္ျဖစ္ေနၿပီ~ ထိန္းၿပီးေတာ့ စာေရးထားပါတယ္

Extra telegram channel ဝင္မယ့္သူေတြ 09795118580 ကိုလာေျပာေပးပါ

============