Chapter 47

Tue, Aug 10, 2021

{ Unicode }

ကုံးရင့်ရှန် မျက်စောင်းထိုးပြီး ရန်ရိကိုကြည့်လာသည်။ ကြည့်ရတာ ထိုအချိန် ဘာဖြစ်ပျက်သွားမှန်း သတိပြုမိပုံမရ။

ရန်ရိ မျက်နှာက မီးတောက်သလို ပူပြင်းနေပြီး အရိုင်းဆန်စွာ ရင်ခုန်လျက်၊ ခန္ဓာကိုယ်သည်လည်း ပူလောင်လာသည်။ ကုံးရင့်ရှန်ရဲ့ ရှုပ်ပွပြီး ချွေးစို့နေတဲ့ ဆံဖျားတွေ၊ ရီဝေဝေမျက်လုံးတွေနဲ့ နီရဲကာပြည့်ဖြိုးနေသော နှုတ်ခမ်းသားများက ပုံမှန်အေးစက်စက် စည်းကမ်းကျနသောပုံစံနှင့် ကြီးကြီးမားမားသွေဖယ်ရင်း ဖြားယောင်းသွေးဆောင်မှုအပြည့်ရှိနေသည်။

ရန်ရိ သူ့ခန္ဓာကိုယ်က ပြောင်းလဲမှုကို ‌သတိထားမိမှာစိုး၍ ထဖို့အမြန်ကြိုးစားလိုက်သည်။ သို့ပေမယ့် ကုံးရင့်ရှန်က သူ့လက်မောင်းကို လှမ်းဆွဲပြီး သူ့ခန္ဓာကို‌အလေးချိန်နဲ့ ဖိကာ သံသယရှိသော မျက်လုံးများဖြင့် သူ့ကိုကြည့်လာသည်။

ရန်ရိ အသက်တောင် မရှူရဲ။

" ခင်များ....."

ကုံးရင့်ရှန် တိုးတိုးပြောလာသည်။

" ဘာလို့...အရမ်းကပ်နေတာလဲ? "

" ...အရမ်းကပ်နေတယ်၊ မင်းငါ့ကိုသာလွှတ်ပေးတော့ "

ရန်ရိ ကုံးရင့်ရှန်အားကို ပြန်တွန်းကန်ချင်သည်။ ဒါပေမယ့် ဒီလူက မူးနေပြီးတာတောင် အင်အားအများကြီး ကျန်သေး၏။

" ခင်များနာမည် "

ကုံးရင့်ရှန် ရန်ရိအထက်၌ သူခါးကို ကြောင်တစ်ကောင်ကဲ့သို့ ဆန့်လိုက်သည်။

" အရမ်း‌ကြောင်တာပဲ "

"....."

ကုံးရင့်ရှန် ပူနွေးနွေးရင်ဘတ်က သူ့ကိုလာထိနေကြောင်း ရန်ရိခံစားနိုင်ပြီး ဦးရေပြား ကျဉ်တက်သွားသည်။

" အဲ့တာက ကျွန်တော့်တစ်ဘဝလုံး ကြားခဲ့ဖူးသမျှထဲမှာ အကြောင်ဆုံးပဲ "

ကုံးရင့်ရှန်ပြောပြီး သူ့ဘာသာသူရယ်နေသည်။

" လူယုတ်မာ "

ရန်ရိ ကြိတ်ဆဲလိုက်ပြီး

" ကောင်းပြီ ငါ့ကိုလွှတ်ပေး "

သူ ကုံးရင့်ရှန်ကိုတွန်းလွှတ်ဖို့ ရုန်းကန်လိုက်သည်။

" မလှုပ်နဲ့ "

ကုံးရင့်ရှန်က မကျေနပ်သောအသံထားဖြင့်ပြောလာပြီး လှစ်ခနဲလှည့်ကာ ရန်ရိကို သူ့အောက်မှာ ‌ဖိကပ်လိုက်သည်။

ရန်ရိ တောင့်ခဲသွားလျက်၊ ကုံးရင့်ရှန်ကို နားမလည်စွာ ကြည့်နေမိသည်။

သူဆယ်ကျော်သက်အရွယ်မှာ စချစ်တတ်လာခဲ့ပြီး တစ်ချိန်က ရိုမန့်တစ်ဆန်တဲ့ ကောင်လေးတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ အခုအသက်အရွယ်မှာတော့ သူချစ်ခင်တာပဲဖြစ်ဖြစ်၊ လိင်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ရင့်ကျက်သင့်သလောက် ရင့်ကျက်နေပြီ။ ဒါပေမယ့် ထိုအချိန် သူမလှုပ်ရှားရဲပေ။ ဘာကြောင့်လဲသူမသိဘူး၊ သူ ကုံးရင့်ရှန်ကို တုံ့ပြန်မိတဲ့အခါတိုင်း အရင်ကအချစ်ရူးခဲ့တဲ့ ကောင်လေးအဖြစ်ပြောင်းလဲသွားသလိုပင်။ ပရောပရည်လုပ်တာမျိုး၊ နည်းလမ်းတွေသုံးတာမျိုး၊ ပိုးပန်းတာမျိုး သူအဲ့တာတွေအကုန် မလုပ်ရဲဘူး။ သူတက်မက်မိပြီး ခက်ခက်ခဲခဲရယူထားတဲ့ သူတို့ သူငယ်ချင်းဆက်ဆံရေးလေး ပျက်စီးသွားမှာ စိုးရိမ်သည်။

ဒါ့အပြင် ကုံးရင့်ရှန်က သူ့ကို ရိုးရိုးသားသားပဲ ယုံကြည်ပြီး သူငယ်ချင်းတစ်ယောက်လို သဘောထားမှန်း သူသိ၏။ ဘယ်လိုလုပ် သူဒီယုံကြည်မှုကို အကျိုးရှာပြီး တစ်ပါးသူကို အခွင့်အရေးယူရက်ပါ့မလဲ။

ကုံးရင့်ရှန် တဖြည်းဖြည်းခေါင်းငုံ့လာပြီး အရမ်းနီးကပ်လွန်းလို့ ခပ်ရှုပ်ရှုပ်ဆံဖျားတွေတောင် ရန်ရိ နှာဖူးကိုလာစူးနေသည်။ ပြီးတော့ အရမ်းနီးလွန်းလို့ ရန်ရိ ထိုနှုတ်ခမ်းတစ်စုံ သူ့နှုတ်ခမ်းများပေါ် ကျဆင်းလာမယ်လို့ တွေးမိပြီး အသက်အောင့်ထားရတဲ့အထိ စိတ်လှုပ်ရှားနေသည်။

သို့ပေမယ့် ကုံးရင့်ရှန် ရပ်တန့်သွားခဲ့ပြီး ရန်ရိမျက်လုံးများကို စိုက်ကြည့်ကာ လက်ထောက်ရင်း ပြောလာသည်။

" ဟင်း.....ချို၊ အရသာရှိတယ် "

ရန်ရိ စိတ်ပျက်ရမလား၊ ဝမ်းသာရမလားမသိ။ သူသိတာက ကုံးရင့်ရှန် ဒီလိုသာဆက်လုပ်နေရင် သူပေါ်သွားတော့မယ်ဆိုတာပင်။

" မင်း၊ မင်းအရင်ထလို့ရမလား? "

သူ ကုံးရင့်ရှန်ပခုံးကိုတွန်းဖို့ လက်ဆန့်လိုက်သည်။

ကုံးရင့်ရှန်က လက်ကောက်ဝတ်ကိုဖမ်းဆွဲပြီး အိပ်ရာပေါ်ပြန်ဖိကပ်လိုက်သည်။ ထို့နောက် ရန်ရိလက်ကိုသုံးကာ ရန်ရိခေါင်းကို မကျေမနပ်ရိုက်လိုက်ပြီး လေမှုတ်ထုတ်သလိုလေသံနဲ့ပြောလာသည်။

" ကျွန်တော် မီးကိုမုန်းတယ်၊ ဒါပေမယ့် ခင်များဆိုရင်..... မမုန်းဘူး "

ရန်ရိ နှလုံးသား လှုပ်ခါသွား၏။

ကုံးရင့်ရှန်က ရန်ရိခါးကို သက်သောင့်သက်သာအနေအထားဖြင့် ဖက်ထားပြီး မျက်နှာကို ရန်ရိလည်တိုင်တွင်မြှုပ်ထားလျက်၊ အေးအေးချမ်းချမ်း မျက်စိမှိတ်ထားသည်။

ခဏကြာတော့ သူ့နားကနေ အသက်ရှူသံများ စည်းချက်ညီညီ ကြားလာရသည်။

ရန်ရိ မလှုပ်ရဲသေးတော့ မျက်နှာကျက်ကိုသာ တန်းတန်းစိုက်ကြည့်နေနိုင်သည်။ အတော်ကြာမှ ကုံးရင့်ရှန်ကို နှစ်ခါလောက် ညင်ညင်သာသာခေါ်လိုက်ပြီး တုံ့ပြန်မှုမရှိတော့မှ သူ့ခန္ဓာကိုယ်ပေါ်ကလူ အိပ်ပျော်သွားမှန်း သေချာသည်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကို ခပ်ဖွဖွလှုပ်ရှားလိုက်တော့ ကုံးရင့်ရှန် အိပ်ရင်းထယောင်လာ၏။

သူနောက်ထပ် ရပ်ထားရပြန်သည်။

ဒီလို ဖက်ထားရတာ ကောင်းပေမယ့်.....သူ့ခန္ဓာကိုယ်လှုပ်ရှားလို့မရတာက တကယ့်ကိုမသက်သာစရာပင်။ ပြီးတော့ ကုံးရင့်ရှန် အလေးချိန်ကလည်း သူ့ကို အသက်ရှူရခက်စေတော့ သူကုံးရင့်ရှန်ကို မသိမသာရွှေ့ပြီး ကုန်းထလိုက်သည်။

ကုံးရင့်ရှန် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမြင်တော့ သူပြုံးမိသွားလျက်။

သူကုံးရင့်ရှန်ခေါင်းအောက်မှာ ခေါင်းအုံးထားပေးလိုက်ပြီး စောင်ခြုံပေးကာ ဘေးမှာအကြာကြီးထိုင်နေမိသည်။ ကုံးရင့်ရှန်ရဲ့ တည်ငြိမ်ပြီး သတိကင်းမဲ့တဲ့ အိပ်နေရင်းမျက်နှာလေးကို ဒီလိုကြည့်ရတော့ သူ့နှလုံးသား မူမမှန်စွာ ပျော့ပြောင်းလာသည်။

သူ ကုံးရင့်ရှန်ရဲ့ဆံပင်တွေကို လက်နဲ့ ညင်ညင်သာသာသပ်ပေးလိုက်ပြီး လက်ချောင်းထိပ်တွေကို သုံးကာ ကုံးရင့်ရှန်၏ ပြည့်စုံသော ကောက်ကြောင်းများအား ပုံဖော်ရေးဆွဲလိုက်သည်။ သူ့မျက်ဝန်းများကတော့ အလွန့်အလွန်နူးညံ့ညင်သာနေ၏။

ကုံးရင့်ရှန် သူ့ဘေးနားမှာ လဲလျောင်းနေသည်၊ မူးနေတဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ ဆိုရင်တောင် အချိန်တွေဒီမှာရပ်တန့်စေဖို့ သူမျှော်လင့်ပါ၏။

သူအရမ်းအိပ်ငိုက်လာလို့ မျက်တောင်တွေတိုက်ခိုက်နေရတဲ့အထိ သူငေးကြည့်နေခဲ့ပြီး ရှေ့သို့ကိုင်းကာ သတိထားလျက် ကုံးရင့်ရှန် နှုတ်ခမ်းများပေါ် အနမ်းဖွဖွခတ်နှိပ်လိုက်သည်။

" ကောင်းသောညပါ "

======

နောက်တစ်နေ့မနက်ကျတော့ ရန်ရိ ပုံမှန်လေ့ကျင့်ချိန်အတိုင်း နိုးလာသည်။ သူမျက်နှာသစ်ပြီး မနက်စာပြင်ဖို့ မီးဖိုချောင်ထဲသွားသည်။ ခဏကြာတော့ သူရေချိုးခန်းထဲက ရေကျသံတွေကြားလိုက်ရသည်။

သူမနက်စာကို ထမင်းစားပွဲဆီယူသွားတော့ ကုံးရင့်ရှန်လည်း ရေချိုးခန်းထဲက ထွက်လာပြီး မမျှော်လင့်ဘဲ နှစ်ယောက်ဆုံသွားသည်။

ရန်ရိ ရင်ခုန်မြန်လာပြီး မျက်လုံးများက အနည်းငယ် မငြိမ်မသက်ဖြစ်နေသည်။ ကုံးရင့်ရှန် တုံ့ပြန်မှုက ပုံမှန်မဟုတ်ဘဲ အမူအရာက နည်းနည်းတောင့်တင်းကာ ချောင်းအသာဟန့်လိုက်ပြီး အပြစ်တင်လိုက်သည်။

" ကျွန်တော်မသောက်သင့်ဘူး၊ မနေ့ညက ရေတောင်မချိုးလိုက်ရဘူး "

" .....မင်းဌာနခွဲမှာ ‌သန့်ရှင်းရေးမလုပ်ခဲ့လို့လား? "

" အဲ့ဒါက မတူဘူးလေ "

ကုံးရင့်ရှန် တုံ့ဆိုင်းပြီးနောက် ပုံမှန်လိုလို မေးလာသည်။

" မနေ့က ကျွန်တော်အိပ်ရာထဲ ဘယ်လိုရောက်သွားတာလဲ? "

" ငါမင်းကိုအိပ်ရာဆီပို့ပေးတာပေါ့၊ မင်းလမ်းတောင် မလျှောက်နိုင်တာ "

ရန်ရိ စနောက်လိုက်သည်။

" မင်း ကောင်းကောင်းမသောက်နိုင်ဘူးလို့ ဘာလို့မထင်ရတာပါလိမ့် "

" ခင်များဝိုင် မကောင်းတာ "

ကုံးရင့်ရှန် ပြန်လည်ချေပလာသည်။

" ကောင်းပါပြီ ဝိုင်မကောင်းလို့ပေါ့ "

ကုံးရင့်ရှန် ရန်ရိကို လှစ်ခနဲခိုးကြည့်လိုက်ပြီး

" ကျွန်တော် တစ်ခုခုများပြောမိ....."

ရန်ရိ မျက်ခုံးပင့်လိုက်ပြီး

" သေအောင်ပဲ မင်းအများကြီးပြောတာ "

ကုံးရင့်ရှန် စိုးရိမ်တကြီးနဲ့မေးလာသည်။

" ကျွန်‌တော် ဘာပြောတာလဲ? "

" မင်းစိတ်ထဲမှာ ငါကဘယ်လောက် သတ္တိရှိပြီးခန့်ညားကြောင်း၊ ငါကယောက်ျားတွေကြားမှာ သဘောထားကြီးတဲ့သူဖြစ်ကြောင်း၊ မင်းငါ့ကို ဘယ်လောက်လေးစားအားကျ....."

" တော်လိုက် "

ကုံးရင့်ရှန် သူ့ကိုပြောင်ကျကျ ကြည့်လာသည်။

ရန်ရိ ရယ်လိုက်ပြီး

" မနက်စာလာစားတော့ "

ကုံးရင့်ရှန် စားပွဲပေါ်က ဆန်ပြုတ်နဲ့ အရံဟင်းတွေကို ကြည့်ပြီး စိတ်ကျေနပ်သွားသည်။

" ဆန်ပြုတ်ပူလား? "

" မင်းမနေ့ကတင် ပထမအဆင့်စပြီးပြီပဲ၊ ဟင်းချိုပူပူသောက်ခဲ့တယ်လေ၊ အောင်မြင်ပြီး ရှေ့ဆက်လုပ်ရမှာပေါ့ အိုကေလား? နောက်ကျရင် ပူတဲ့ဟာတွေ စစားကြည့် "

" လိုလို့လား? "

ကုံးရင့်ရှန် တုံ့ဆိုင်းသွားပြီး

" လတ်တလောစားသောက်ပုံကို အကျင့်ဖြစ်နေပြီ "

" မင်းမနေ့ညက ငါ့ကို ဟင်းချိုအရသာရှိတယ်လို့ပြောတယ် "

ကုံးရင့်ရှန် သက်ပြင်းဖွဖွချသည်။

" အဲ့စကားမှန်တယ် "

ရန်ရိ ပြုံးကာ သူ့ကိုကြည့်လိုက်သည်။

" ပူတဲ့အစားအသောက်တွေက မင်းဗိုက်ကို အားဖြည့်ပေးပြီး အရသာရှိစေတယ်၊ ငါမင်းကို အဲ့အကြောင်းပြချက်လောက်နဲ့တော့ ကောင်းတာတွေ ကျော်မသွားစေချင်ဘူး၊ မင်း ကျိန်းသေပေါက် သဘောကျနိုင်လိမ့်မယ် "

ကုံးရင့်ရှန်က တိတ်ဆိတ်နေသည်။

" ဘဝမှာ နစ်နာတာတွေက ပျော်ရွှင်စရာတွေထက် ပိုများတယ်၊ မင်းကို ပျော်အောင်လုပ်နိုင်တဲ့ဟာတွေ ရှိပါသေးတယ်၊ ဘာလို့ မင်းငြင်းမှာလဲ? "

ရန်ရိ ဆန်ပြုတ်ကို ဇွန်းအပြည့်ခပ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

" အမ်း အနံ့သင်းတယ် "

ကုံးရင့်ရှန် ပြောလာသည်။

" ကျွန်တော် နည်းနည်းကြိုးစားကြည့်လို့ရတယ် "

" လာပါ တစ်ဆင့်ချင်းပေါ့ "

ကုံးရင့်ရှန် ဇွန်းကို သူ့ပါးစပ်ဆီယူလိုက်ပြီး တစ်ဖူးဖူးနဲ့ မှုတ်နေပြီးမှ ဖြည်းဖြည်းချင်းစားသည်။

ရန်ရိ ပြုံးမိ၏။

ကုံးရင့်ရှန် နှစ်ကိုက်စာလောက်စားပြီးတော့ ရုတ်တရက်ပြောလာသည်။

" မနေ့ညက ကျွန်တော်ခင်များကို ကျူးလွန်တဲ့အထိအတွေ့တွေ လုပ်မိသေးလား? "

ရန်ရိ ထိုစကားလုံးများကြောင့် အံ့ဩသွားပြီး ဆန်ပြုတ်တစ်ဝက်တောင် ပါးစပ်ကပန်း‌ထွက်တော့မလို့ပင်။

ကုံးရင့်ရှန် မျက်မှောင်ကြုတ်ကာ ပြောသည်။

" ရှိလား မရှိဘူးလား? "

ရန်ရိ ချောင်းနည်းနည်းဆိုးသွားပြီး

" ဘယ်....ဘယ်လိုလုပ် 'ကျူးလွန်' တယ်လို့ပြောတာလဲ? "

သူမနေ့က ခံစားချက်ကို ဖြေဖျောက်ဖို့ တစ်ညလုံးအချိန်ပေးလိုက်ရသည်။ အခုချိန် ကုံးရင့်ရှန် ထပ်ပြောလာတော့ သူအနမ်းအကြောင်းတွေးမိသွားပြီး အပြစ်ရှိသလို ခံစားရသည်။

" အဲ့တာက...."

ကုံးရင့်ရှန် အကြာကြီးစဉ်းစားပေမယ့် ဘယ်လို အဓိပ္ပါယ်ဖွဲ့ရမလဲ မသိပေ။ သူ ရုတ်တရက် ပိုပြီးစိတ်တိုလာသည်။

" ဘယ်နည်းနဲ့ဖြစ်ဖြစ် ခင်များ ကျွန်တော် သောက်ပြီး စိတ်လွတ်သွားတဲ့အကြောင်း ဘယ်သူ့ကိုမှ ပြန်ပြောခွင့်မရှိဘူး! "

ရန်ရိ လှောင်ထေ့လိုက်ပြီး

" ငါ ဦးလေးရှန့်နဲ့ ဖေးလန်ကို ပြောပြလို့ရတယ် "

ကုံးရင့်ရှန် အေးစက်စက်နှာခေါင်းရှုံ့ရင်း

" လုပ်ကြည့်လိုက်ပေါ့ "

နှစ်ယောက်သား စကားအချို့ပြောရင်း ကျီဆယ်ကြသည်။

စားသောက်ပြီး ရန်ရိမေးလိုက်၏။

" ဒီနေ့ ရုံးပိတ်ရက်ပဲ၊ မင်းဌာနခွဲသွားမှာလား? "

" ရဲတွေမှာ ပိတ်ရက်မရှိဘူး "

ကုံးရင့်ရှန် ပြောလာသည်။

" ဒါပေမယ့် ဒီနေ့ ကျွန်တော်ဂျူတီမကျဘူး "

" အဲ့တာဆို မင်း....."

ရန်ရိ ကုံးရင့်ရှန်ကို ခေါင်းစွပ်သမားဆီပြန်ပြီး စစ်မေးမလားလို့ မေးချင်သည်။

ကုံးရင့်ရှန်က ခေါင်းခါပြီး

" ကျွန်တော် ဒီနေ့ ဆိုင့်ချောင်ကို ဝမ်ရမ့်နယ်မြေက ကားမီးလောင်မှုတရားခံကို စစ်မေးခိုင်းထားတယ်၊ ကျွန်တော်က ယန်ကျဲနဲ့ အရင်ကသက်သေတွေရှာဖို့ စီစဉ်ထားတာ "

" အဲ့တာလည်းကောင်းတယ် "

" ခင်များ ကျွန်တော်နဲ့လိုက်ခဲ့ "

ကုံးရင့်ရှန် ရန်ရိကို ကြည့်လိုက်ပြီး

" ခင်များ ကူညီမယ်လို့ ပြောတယ်လေ "

" ဒါပေါ့ "

ရန်ရိ အလေးအနက်ထားပြောလိုက်သည်။

" ငါအကောင်းဆုံးလုပ်မှာပါ "

ကုံးရင့်ရှန်က ချိုးယန်ကိုဖုန်းခေါ်ဖို့သွားပြီး သူကတော့ မီးဖိုချောင်ရှင်းလင်းကာ အဝတ်အစားလဲလိုက်သည်။

သူတို့အိမ်ကထွက်ပြီး ရန်ရိ ကားသော့ယူကာ ယာဉ်မောင်းထိုင်ခုံဆီ သွားလိုက်၏။

" ဘယ်သွားမလဲ? "

" ကျွန်တော့အိမ် "

[ T/n : ရန်ရိလည်း ချစ်မိပြီးနောက်ပိုင်း ဒရိုင်ဘာလုံးလုံးကို ဖြစ်လို့ ~ ]

လမ်းတစ်ဝက်မှာ ရန်ရိဖုန်း ရုတ်တရက်ထမြည်လာပြီး သူလည်းသေချာမကြည့်ဘဲ ကိုင်လိုက်သည်။

" ကော ကျွန်တော်ပါ "

ချီရှောင်းအသံ သူ့နားထဲဝင်လာသည်။

" အိုး အစောကြီးပဲ၊ မင်းတကယ်အစောနိုးတယ်ပေါ့ "

ရန်ရိ ကုံးရင့်ရှန်ကို လှမ်းခိုးကြည့်လိုက်သည်။

" ဟေး ကျွန်တော်ပြဿနာ‌တက်နေတယ်၊ ကော ကျွန်တော့်ကိုတစ်ခုလောက် ကူညီပေးစေချင်တယ် "

" ဘာဖြစ်တာလဲ မင်းပြော "

" ကုမ္ပဏီက ကျွန်တော့်အတွက် ကြော်ငြာတစ်ခု ရွေးပေးထားတာ၊ အချိန်၊ နေရာနဲ့ ဝန်ထမ်းဇယားတွေအကုန် အစီအစဉ်ချပြီးသွားပြီ၊ ရလဒ်အနေနဲ့ မီး‌အရေးအခင်းကြောင့် ရိုက်ကွင်းနေရာ ပိတ်ထားရတယ်တဲ့၊ တစ်ပတ်လောက် ပြုပြင်ရမယ်လို့ပြောတယ် "

" ဘာပြဿနာရှိလို့လဲ? Complaint တက်တာလား? ဒါမှမဟုတ် မီးသတ်ဌာနက လာမစစ်သေးတာလား? "

" ကျွန်တော် အကြောင်းအရာတွေမသိဘူး "

ချီရှောင်းက စိတ်တိုတိုနဲ့ပြောလာသည်။

" ကျွန်တော် ဗုဒ္ဓဟူးနေ့မှ မရိုက်ရရင် နောက်တစ်ခု ရှာပြီး လူလဲရလိမ့်မယ်၊ ဒီကြော်ငြာဈေးက အတော်ကောင်းတယ်၊ ကျွန်တော် တကယ်လက်လွတ်မခံချင်ဘူး "

ကလေးလေးလို ချွဲပြီး

" ကော ကူညီလို့ရမလားဟင်? ကျွန်တော် စိတ်ဓာတ်ကျပြီး သေသွားလိမ့်မယ် "

ကားထဲမှာ အကျယ်အဝန်းကကျဉ်းပြီး တိတ်ဆိတ်နေကာ ချီရှောင်းပြောတဲ့စကားတိုင်း ကုံးရင့်ရှန်နားထဲ ဝင်သွားလျက် သူခပ်ဖွဖွ ညည်းညူလိုက်သည်။

ရန်ရိ သူ့ကိုစိတ်အေးစေပြီး ပြောလိုက်သည်။

" မစိုးရိမ်ပါနဲ့၊ ဘယ်နယ်မြေက စခန်းနဲ့နီးလဲ? "

" ပေကန်းစခန်းလို့ခေါ်တယ် "

" မင်း ကိုယ့်ဖုန်းကို ရိုက်ကွင်းနေရာရဲ့ နာမည်၊ လိပ်စာနဲ့၊ အချက်အလက်တွေစာပို့ထားပေး၊ မင်းမေးတာ ‌ကိုယ်ကူညီပေးမယ်၊ ပြဿနာသေးသေးမွှားမွှားဆိုရင်တော့ အဆင်ပြေမှာပါ၊ သူတို့ကို အမြန်လုပ်ဖို့ လောလိုက်မယ် "

ချီရှောင်း က ပျော်ပျော်ရွှင်ရွှင်ပြောလာသည်။

" ကော ကျေးဇူးပါပဲ "

ချီရှောင်းပြောပြီးတော့ ပုံကြီးချဲ့ကာအနမ်းပေးလိုက်ပြီး ရယ်နေသည်။

ကုံးရင့်ရှန် မျက်ခုံးပင့်ပြီး ရန်ရိကို စောင်းကြည့်လာသည်။

ရန်ရိ ခပ်မြန်မြန်ပြောလိုက်၏။

" အိုကေ ဖုန်းချလိုက်တော့မယ် ကိုယ်ကားမောင်းနေလို့ "

" ခဏလေး! "

ချီရှောင်းက ဒွိဟဖြစ်စရာကောင်းအောင် ပြောလာသည်။

" ကော ထပ်ပြီး ကျွန်တော်အရမ်းကျေးဇူးတင်တယ်၊ ဘယ်လိုကစားချင်လဲ၊ ကောဆုံးဖြတ်လိုက် "

ရန်ရိ မရေမရာပြောလိုက်သည်။

" ဒါပဲနော် "

ပြီးတော့ သူဖုန်းအမြန်ချလိုက်သည်။

ကုံးရင့်ရှန် အသံက သိသိသာသာကို ကောင်းမနေချေ။

" မီးဘေးအန္တရာယ်နဲ့ကြုံလာရင် ခင်များမငြင်းနိုင်ဘူးပေါ့? "

" ခင်မင်လေးစားမှုကိုပြတဲ့အနေနဲ့ ကူညီရမယ်လေ "

ရန်ရိ အလေးအနက်ထားပြောနေတာကို ရှောင်ပြီး ခပ်ပေါ့ပေါ့ပြောလိုက်သည်။

" အိုက်မင်လမ်းက ပိတ်ထားမှာမလား? ကုန်းကျော်က သွားမလား "

ကုံးရင့်ရှန်က စိတ်မပါဘဲ ပြောသည်။

" ဘာကူညီရမလဲ? "

" တိကျတဲ့အခြေအနေပေါ် မူတည်တယ် "

ရန်ရိ နှာခေါင်းကိုထိလိုက်ပြီး

" ယေဘုယျအားဖြင့် မီးလောင်မှုအသေးစားတွေ ပြန်ပြုပြင်တာ မခက်ပါဘူး၊ ငါစခန်းကိုလှမ်းဖုန်းဆက်ပြီး စစ်ဆေးလက်ခံပေးဖို့ပြောတာနဲ့ အများကြီး အချိန်ကုန်သက်သာသွားလိမ့်မယ် "

" အိုး သူငယ်ချင်းကောင်းပဲ "

ကုံးရင့်ရှန် ထပ်မေးလာသည်။

" ခင်များတို့ ဘယ်လိုတွေ့တာလဲ? "

"....သူငယ်ချင်းတွေ့ဆုံပွဲမှာ "

" ခင်များတို့ ဘာကိုအတူ 'ကစား' မလို့လဲ? "

ရန်ရိအဖြေက ပိုပိုမှားယွင်းလာပြီး

" မင်း တရားခံစစ် စစ်နေတာာလာ? "

ကုံးရင့်ရှန် ခေါင်းလှည့်ပြီး ရန်ရိကို တည့်တည့်စိုက်ကြည့်လာသည်။ ရန်ရိ ကြက်သီးမွေးညှင်းများထလောက်တဲ့အထိ ဆက်စိုက်ကြည့်နေပြီး ပြောလာ၏။

" ကျွန်တော် တရားခံစစ်တာကို ခင်များမြင်ဖူးသားပဲ "

မင်းအတော်ယဉ်ကျေးထားတယ်လို့ သွယ်ဝိုက်ပြောချင်တာမလား? ရန်ရိ ရယ်ရမလို ငိုရမလိုပင်။

" ကစား....ဂိမ်းကစားကြတာပါ၊ သွားရအောင် "

" တကယ်လား? "

ချီရှောင်း ရန်ရိကို ပြောဆိုဆက်ဆံပုံက နည်းနည်းထူးဆန်းတယ်လို့ ကုံးရင့်ရှန် အမြဲ ခံစားမိသည်။ အဲ့ဒီ့လေသံ၊ အဲ့ဒီ့စကား....ဒါပေမယ့် ဘာထူးဆန်းနေလဲဆိုတာ သူမပြောနိုင်။ အတိုချုပ်ရရင် သူအဲ့တာကို အရမ်းကြီးသဘောမကျပေ။

" တကယ်ပါ၊ ငါကုန်းကျော်လမ်းက သွားပြီနော် "

ကုံးရင့်ရှန် ဘာမှဆက်မမေးတော့ဘူး။ ဒါပေမယ့် သူ ချီရှောင်း ဆိုတဲ့နာမည်ကို လုံးဝမျက်နှာသာမပေးနိုင်ချေ။

========

အိမ်ရောက်ပြီးတော့ ဦးလေးရှန့် ကုံးရင့်ရှန်နောက်ကလိုက်ပြီး သူငယ်ချင်းအိမ်မှာ ပထမဆုံးဧည့်သည်သွားလုပ်ရတာ ပျော်လား၊ ဘာတွေလုပ်ကြလဲ ဆိုတာမေးသည်။

ကုံးရင့်ရှန်က ဝတ်ကျေတန်းကျေပဲပြောပေမယ့် ရန်ရိကတော့ ဦးလေးရှန့်ကို ပျော်ပျော်ရွှင်ရွှင် ပြောပြရင်း ဦးလေးရှန့်ကို ပြုံးရွှင်စေလျက်၊ ဦးလေးရှန့်က အပြစ်တင်လာသည်။

" အဲ့တာဆို ဘာလို့ ပြန်လာကြတာလဲ? ဒီနေ့က ပိတ်ရက်ကို ဘာမှပျော်စရာမရှိဘူး "

" ကျွန်တော်ပြန်လာပြီး လုပ်စရာရှိလို့၊ ဦးလေးရှန့်၊ ခဏနေ ယန်ကျဲလာလိမ့်မယ်၊ သူကြိုက်တာတစ်ခုခု ပြင်ပေးထားလိုက်ပါဦး "

" အိုး ချိုးရှောင်ကျယ် လာမှာပေါ့၊ ကောင်းလိုက်တာ၊ ဦးလေးတို့ taro cake မလုပ်ပေးရတာကြာပြီ "

ဦးလေးရှန့်က ပြုံးလျက်ပြောလာသည်။

" ဘယ်လိုတောင် ကောင်းတဲ့နေ့လဲ၊ ဒီကို ဧည့်သည်တွေအများကြီး ရောက်တယ် "

ကုံးရင့်ရှန် ရန်ရိကို ပြောလိုက်သည်။

" ခင်များ ကျွန်တော်နဲ့လိုက်ခဲ့ "

ကုံးရင့်ရှန် ရန်ရိကို အပေါ်ထပ်‌ခေါ်သွားပြီး တတိယထပ်ရဲ့ ကော်ရစ်တာအဆုံးမှာ ပိတ်ထားတဲ့ တံခါးတစ်ချပ်ရှိနေသည်။ ဒီတံခါးက အိမ်ထဲကအခြားတံခါးတွေနဲ့ အတူတူပဲ၊ ဒါပေမယ့် သော့ကတော့ ကွာခြားပြီး Smart lock တပ်ထားသည်။ အထဲမှာဘယ်သူနေလို့လဲ? Smart lock တပ်ထားရအောင်? ထို့အပြင် ကြေးဝါလက်ကိုင်တွေကို တောက်ပအောင် အရောင်တင်ထား၏။ ဒုတိယထပ်အပေါ်ပိုင်းက ကုံးရင့်ရှန် တစ်ယောက်တည်းနဲ့သက်ဆိုင်မှန်း သူသိသည်။ ကုံးရင့်ရှန်အိပ်ခန်းကလွဲပြီး အခြားတံခါးတွေမှာ ခြေရာလက်ရာမရှိ။ ထို့ကြောင့် ဒီအခန်းက ကုံးရင့်ရှန် မကြာခဏဝင်ထွက်သော အခန်းဖြစ်ကြောင်း သက်သေပြသည်။

သေချာသည်ပင်၊ ကုံးရင့်ရှန် တံခါးဆီ တန်းတန်းလျှောက်သွားပြီး လက်ဗွေနှိပ်လိုက်တော့ တံခါးလော့ပွင့်သံ ထွက်ပေါ်လာလျက် ကုံးရင့်ရှန် တံခါးကို တွန်းဖွင့်လိုက်သည်။

ဟောင်းနွမ်းထိုင်းမှိုင်းသော အရှိန်အဝါက ရန်ရိ မျက်နှာကို ရိုက်ခတ်လာပြီး အထဲမှာ ဘာရှိလဲဆိုတာ မမြင်ရခင် သူမပြောပြနိုင်တဲ့ စိတ်ညှိုးနွမ်းမှုမျိုး ခံစားလိုက်ရသည်။

ကုံးရင့်ရှန် ရန်ရိကို လှည့်ကြည့်လာပြီး လိုဏ်သံပါသော အသံဖြင့် ပြောလာသည်။

" ကျွန်တော့်အတိတ်က အထဲမှာပဲ "

=======

မင်းတို့ ကျနော့်ကို ကူညီချင်ရင်

KBZ PAY or WAVEPAY - 09795118580 ကို ပိုက်ပိုက်ထည့်ပေးနော်~

===========

{ Zawgyi }

ကုံးရင့္႐ွန္ မ်က္ေစာင္းထိုးၿပီး ရန္ရိကိုၾကည့္လာသည္။ ၾကည့္ရတာ ထိုအခ်ိန္ ဘာျဖစ္ပ်က္သြားမွန္း သတိျပဳမိပုံမရ။

ရန္ရိ မ်က္ႏွာက မီးေတာက္သလို ပူျပင္းေနၿပီး အ႐ိုင္းဆန္စြာ ရင္ခုန္လ်က္၊ ခႏၶာကိုယ္သည္လည္း ပူေလာင္လာသည္။ ကုံးရင့္႐ွန္ရဲ႕ ႐ႈပ္ပြၿပီး ေခြၽးစို႔ေနတဲ့ ဆံဖ်ားေတြ၊ ရီေဝေဝမ်က္လုံးေတြနဲ႔ နီရဲကာျပည့္ၿဖိဳးေနေသာ ႏႈတ္ခမ္းသားမ်ားက ပုံမွန္ေအးစက္စက္ စည္းကမ္းက်နေသာပုံစံႏွင့္ ႀကီးႀကီးမားမားေသြဖယ္ရင္း ျဖားေယာင္းေသြးေဆာင္မႈအျပည့္႐ွိေနသည္။

ရန္ရိ သူ႕ခႏၶာကိုယ္က ေျပာင္းလဲမႈကို ‌သတိထားမိမွာစိုး၍ ထဖို႔အျမန္ႀကိဳးစားလိုက္သည္။ သို႔ေပမယ့္ ကုံးရင့္႐ွန္က သူ႕လက္ေမာင္းကို လွမ္းဆြဲၿပီး သူ႕ခႏၶာကို‌အေလးခ်ိန္နဲ႔ ဖိကာ သံသယ႐ွိေသာ မ်က္လုံးမ်ားျဖင့္ သူ႕ကိုၾကည့္လာသည္။

ရန္ရိ အသက္ေတာင္ မ႐ွဴရဲ။

" ခင္မ်ား....."

ကုံးရင့္႐ွန္ တိုးတိုးေျပာလာသည္။

" ဘာလို႔...အရမ္းကပ္ေနတာလဲ? "

" ...အရမ္းကပ္ေနတယ္၊ မင္းငါ့ကိုသာလႊတ္ေပးေတာ့ "

ရန္ရိ ကုံးရင့္႐ွန္အားကို ျပန္တြန္းကန္ခ်င္သည္။ ဒါေပမယ့္ ဒီလူက မူးေနၿပီးတာေတာင္ အင္အားအမ်ားႀကီး က်န္ေသး၏။

" ခင္မ်ားနာမည္ "

ကုံးရင့္႐ွန္ ရန္ရိအထက္၌ သူခါးကို ေၾကာင္တစ္ေကာင္ကဲ့သို႔ ဆန္႔လိုက္သည္။

" အရမ္း‌ေၾကာင္တာပဲ "

"....."

ကုံးရင့္႐ွန္ ပူေႏြးေႏြးရင္ဘတ္က သူ႕ကိုလာထိေနေၾကာင္း ရန္ရိခံစားႏိုင္ၿပီး ဦးေရျပား က်ဥ္တက္သြားသည္။

" အဲ့တာက ကြၽန္ေတာ့္တစ္ဘဝလုံး ၾကားခဲ့ဖူးသမွ်ထဲမွာ အေၾကာင္ဆုံးပဲ "

ကုံးရင့္႐ွန္ေျပာၿပီး သူ႕ဘာသာသူရယ္ေနသည္။

" လူယုတ္မာ "

ရန္ရိ ႀကိတ္ဆဲလိုက္ၿပီး

" ေကာင္းၿပီ ငါ့ကိုလႊတ္ေပး "

သူ ကုံးရင့္႐ွန္ကိုတြန္းလႊတ္ဖို႔ ႐ုန္းကန္လိုက္သည္။

" မလႈပ္နဲ႔ "

ကုံးရင့္႐ွန္က မေက်နပ္ေသာအသံထားျဖင့္ေျပာလာၿပီး လွစ္ခနဲလွည့္ကာ ရန္ရိကို သူ႕ေအာက္မွာ ‌ဖိကပ္လိုက္သည္။

ရန္ရိ ေတာင့္ခဲသြားလ်က္၊ ကုံးရင့္႐ွန္ကို နားမလည္စြာ ၾကည့္ေနမိသည္။

သူဆယ္ေက်ာ္သက္အ႐ြယ္မွာ စခ်စ္တတ္လာခဲ့ၿပီး တစ္ခ်ိန္က ႐ိုမန္႔တစ္ဆန္တဲ့ ေကာင္ေလးတစ္ေယာက္ ျဖစ္ခဲ့ဖူးသည္။ အခုအသက္အ႐ြယ္မွာေတာ့ သူခ်စ္ခင္တာပဲျဖစ္ျဖစ္၊ လိင္ပိုင္းဆိုင္ရာပဲျဖစ္ျဖစ္ ရင့္က်က္သင့္သေလာက္ ရင့္က်က္ေနၿပီ။ ဒါေပမယ့္ ထိုအခ်ိန္ သူမလႈပ္႐ွားရဲေပ။ ဘာေၾကာင့္လဲသူမသိဘူး၊ သူ ကုံးရင့္႐ွန္ကို တုံ႔ျပန္မိတဲ့အခါတိုင္း အရင္ကအခ်စ္႐ူးခဲ့တဲ့ ေကာင္ေလးအျဖစ္ေျပာင္းလဲသြားသလိုပင္။ ပေရာပရည္လုပ္တာမ်ိဳး၊ နည္းလမ္းေတြသုံးတာမ်ိဳး၊ ပိုးပန္းတာမ်ိဳး သူအဲ့တာေတြအကုန္ မလုပ္ရဲဘူး။ သူတက္မက္မိၿပီး ခက္ခက္ခဲခဲရယူထားတဲ့ သူတို႔ သူငယ္ခ်င္းဆက္ဆံေရးေလး ပ်က္စီးသြားမွာ စိုးရိမ္သည္။

ဒါ့အျပင္ ကုံးရင့္႐ွန္က သူ႕ကို ႐ိုး႐ိုးသားသားပဲ ယုံၾကည္ၿပီး သူငယ္ခ်င္းတစ္ေယာက္လို သေဘာထားမွန္း သူသိ၏။ ဘယ္လိုလုပ္ သူဒီယုံၾကည္မႈကို အက်ိဳး႐ွာၿပီး တစ္ပါးသူကို အခြင့္အေရးယူရက္ပါ့မလဲ။

ကုံးရင့္႐ွန္ တျဖည္းျဖည္းေခါင္းငုံ႔လာၿပီး အရမ္းနီးကပ္လြန္းလို႔ ခပ္႐ႈပ္႐ႈပ္ဆံဖ်ားေတြေတာင္ ရန္ရိ ႏွာဖူးကိုလာစူးေနသည္။ ၿပီးေတာ့ အရမ္းနီးလြန္းလို႔ ရန္ရိ ထိုႏႈတ္ခမ္းတစ္စုံ သူ႕ႏႈတ္ခမ္းမ်ားေပၚ က်ဆင္းလာမယ္လို႔ ေတြးမိၿပီး အသက္ေအာင့္ထားရတဲ့အထိ စိတ္လႈပ္႐ွားေနသည္။

သို႔ေပမယ့္ ကုံးရင့္႐ွန္ ရပ္တန္႔သြားခဲ့ၿပီး ရန္ရိမ်က္လုံးမ်ားကို စိုက္ၾကည့္ကာ လက္ေထာက္ရင္း ေျပာလာသည္။

" ဟင္း.....ခ်ိဳ၊ အရသာ႐ွိတယ္ "

ရန္ရိ စိတ္ပ်က္ရမလား၊ ဝမ္းသာရမလားမသိ။ သူသိတာက ကုံးရင့္႐ွန္ ဒီလိုသာဆက္လုပ္ေနရင္ သူေပၚသြားေတာ့မယ္ဆိုတာပင္။

" မင္း၊ မင္းအရင္ထလို႔ရမလား? "

သူ ကုံးရင့္႐ွန္ပခုံးကိုတြန္းဖို႔ လက္ဆန္႔လိုက္သည္။

ကုံးရင့္႐ွန္က လက္ေကာက္ဝတ္ကိုဖမ္းဆြဲၿပီး အိပ္ရာေပၚျပန္ဖိကပ္လိုက္သည္။ ထို႔ေနာက္ ရန္ရိလက္ကိုသုံးကာ ရန္ရိေခါင္းကို မေက်မနပ္႐ိုက္လိုက္ၿပီး ေလမႈတ္ထုတ္သလိုေလသံနဲ႔ေျပာလာသည္။

" ကြၽန္ေတာ္ မီးကိုမုန္းတယ္၊ ဒါေပမယ့္ ခင္မ်ားဆိုရင္..... မမုန္းဘူး "

ရန္ရိ ႏွလုံးသား လႈပ္ခါသြား၏။

ကုံးရင့္႐ွန္က ရန္ရိခါးကို သက္ေသာင့္သက္သာအေနအထားျဖင့္ ဖက္ထားၿပီး မ်က္ႏွာကို ရန္ရိလည္တိုင္တြင္ျမႇဳပ္ထားလ်က္၊ ေအးေအးခ်မ္းခ်မ္း မ်က္စိမွိတ္ထားသည္။

ခဏၾကာေတာ့ သူ႕နားကေန အသက္႐ွဴသံမ်ား စည္းခ်က္ညီညီ ၾကားလာရသည္။

ရန္ရိ မလႈပ္ရဲေသးေတာ့ မ်က္ႏွာက်က္ကိုသာ တန္းတန္းစိုက္ၾကည့္ေနႏိုင္သည္။ အေတာ္ၾကာမွ ကုံးရင့္႐ွန္ကို ႏွစ္ခါေလာက္ ညင္ညင္သာသာေခၚလိုက္ၿပီး တုံ႔ျပန္မႈမ႐ွိေတာ့မွ သူ႕ခႏၶာကိုယ္ေပၚကလူ အိပ္ေပ်ာ္သြားမွန္း ေသခ်ာသည္။ ဒါေပမယ့္ သူ႕ခႏၶာကိုယ္ကို ခပ္ဖြဖြလႈပ္႐ွားလိုက္ေတာ့ ကုံးရင့္႐ွန္ အိပ္ရင္းထေယာင္လာ၏။

သူေနာက္ထပ္ ရပ္ထားရျပန္သည္။

ဒီလို ဖက္ထားရတာ ေကာင္းေပမယ့္.....သူ႕ခႏၶာကိုယ္လႈပ္႐ွားလို႔မရတာက တကယ့္ကိုမသက္သာစရာပင္။ ၿပီးေတာ့ ကုံးရင့္႐ွန္ အေလးခ်ိန္ကလည္း သူ႕ကို အသက္႐ွဴရခက္ေစေတာ့ သူကုံးရင့္႐ွန္ကို မသိမသာေ႐ႊ႕ၿပီး ကုန္းထလိုက္သည္။

ကုံးရင့္႐ွန္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာျမင္ေတာ့ သူျပဳံးမိသြားလ်က္။

သူကုံးရင့္႐ွန္ေခါင္းေအာက္မွာ ေခါင္းအုံးထားေပးလိုက္ၿပီး ေစာင္ျခဳံေပးကာ ေဘးမွာအၾကာႀကီးထိုင္ေနမိသည္။ ကုံးရင့္႐ွန္ရဲ႕ တည္ၿငိမ္ၿပီး သတိကင္းမဲ့တဲ့ အိပ္ေနရင္းမ်က္ႏွာေလးကို ဒီလိုၾကည့္ရေတာ့ သူ႕ႏွလုံးသား မူမမွန္စြာ ေပ်ာ့ေျပာင္းလာသည္။

သူ ကုံးရင့္႐ွန္ရဲ႕ဆံပင္ေတြကို လက္နဲ႔ ညင္ညင္သာသာသပ္ေပးလိုက္ၿပီး လက္ေခ်ာင္းထိပ္ေတြကို သုံးကာ ကုံးရင့္႐ွန္၏ ျပည့္စုံေသာ ေကာက္ေၾကာင္းမ်ားအား ပုံေဖာ္ေရးဆြဲလိုက္သည္။ သူ႕မ်က္ဝန္းမ်ားကေတာ့ အလြန္႔အလြန္ႏူးညံ့ညင္သာေန၏။

ကုံးရင့္႐ွန္ သူ႕ေဘးနားမွာ လဲေလ်ာင္းေနသည္၊ မူးေနတဲ့သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ ဆိုရင္ေတာင္ အခ်ိန္ေတြဒီမွာရပ္တန္႔ေစဖို႔ သူေမွ်ာ္လင့္ပါ၏။

သူအရမ္းအိပ္ငိုက္လာလို႔ မ်က္ေတာင္ေတြတိုက္ခိုက္ေနရတဲ့အထိ သူေငးၾကည့္ေနခဲ့ၿပီး ေ႐ွ႕သို႔ကိုင္းကာ သတိထားလ်က္ ကုံးရင့္႐ွန္ ႏႈတ္ခမ္းမ်ားေပၚ အနမ္းဖြဖြခတ္ႏွိပ္လိုက္သည္။

" ေကာင္းေသာညပါ "

======

ေနာက္တစ္ေန႔မနက္က်ေတာ့ ရန္ရိ ပုံမွန္ေလ့က်င့္ခ်ိန္အတိုင္း ႏိုးလာသည္။ သူမ်က္ႏွာသစ္ၿပီး မနက္စာျပင္ဖို႔ မီးဖိုေခ်ာင္ထဲသြားသည္။ ခဏၾကာေတာ့ သူေရခ်ိဳးခန္းထဲက ေရက်သံေတြၾကားလိုက္ရသည္။

သူမနက္စာကို ထမင္းစားပြဲဆီယူသြားေတာ့ ကုံးရင့္႐ွန္လည္း ေရခ်ိဳးခန္းထဲက ထြက္လာၿပီး မေမွ်ာ္လင့္ဘဲ ႏွစ္ေယာက္ဆုံသြားသည္။

ရန္ရိ ရင္ခုန္ျမန္လာၿပီး မ်က္လုံးမ်ားက အနည္းငယ္ မၿငိမ္မသက္ျဖစ္ေနသည္။ ကုံးရင့္႐ွန္ တုံ႔ျပန္မႈက ပုံမွန္မဟုတ္ဘဲ အမူအရာက နည္းနည္းေတာင့္တင္းကာ ေခ်ာင္းအသာဟန္႔လိုက္ၿပီး အျပစ္တင္လိုက္သည္။

" ကြၽန္ေတာ္မေသာက္သင့္ဘူး၊ မေန႔ညက ေရေတာင္မခ်ိဳးလိုက္ရဘူး "

" .....မင္းဌာနခြဲမွာ ‌သန္႔႐ွင္းေရးမလုပ္ခဲ့လို႔လား? "

" အဲ့ဒါက မတူဘူးေလ "

ကုံးရင့္႐ွန္ တုံ႔ဆိုင္းၿပီးေနာက္ ပုံမွန္လိုလို ေမးလာသည္။

" မေန႔က ကြၽန္ေတာ္အိပ္ရာထဲ ဘယ္လိုေရာက္သြားတာလဲ? "

" ငါမင္းကိုအိပ္ရာဆီပို႔ေပးတာေပါ့၊ မင္းလမ္းေတာင္ မေလွ်ာက္ႏိုင္တာ "

ရန္ရိ စေနာက္လိုက္သည္။

" မင္း ေကာင္းေကာင္းမေသာက္ႏိုင္ဘူးလို႔ ဘာလို႔မထင္ရတာပါလိမ့္ "

" ခင္မ်ားဝိုင္ မေကာင္းတာ "

ကုံးရင့္႐ွန္ ျပန္လည္ေခ်ပလာသည္။

" ေကာင္းပါၿပီ ဝိုင္မေကာင္းလို႔ေပါ့ "

ကုံးရင့္႐ွန္ ရန္ရိကို လွစ္ခနဲခိုးၾကည့္လိုက္ၿပီး

" ကြၽန္ေတာ္ တစ္ခုခုမ်ားေျပာမိ....."

ရန္ရိ မ်က္ခုံးပင့္လိုက္ၿပီး

" ေသေအာင္ပဲ မင္းအမ်ားႀကီးေျပာတာ "

ကုံးရင့္႐ွန္ စိုးရိမ္တႀကီးနဲ႔ေမးလာသည္။

" ကြၽန္‌ေတာ္ ဘာေျပာတာလဲ? "

" မင္းစိတ္ထဲမွာ ငါကဘယ္ေလာက္ သတၱိ႐ွိၿပီးခန္႔ညားေၾကာင္း၊ ငါကေယာက်္ားေတြၾကားမွာ သေဘာထားႀကီးတဲ့သူျဖစ္ေၾကာင္း၊ မင္းငါ့ကို ဘယ္ေလာက္ေလးစားအားက်....."

" ေတာ္လိုက္ "

ကုံးရင့္႐ွန္ သူ႕ကိုေျပာင္က်က် ၾကည့္လာသည္။

ရန္ရိ ရယ္လိုက္ၿပီး

" မနက္စာလာစားေတာ့ "

ကုံးရင့္႐ွန္ စားပြဲေပၚက ဆန္ျပဳတ္နဲ႔ အရံဟင္းေတြကို ၾကည့္ၿပီး စိတ္ေက်နပ္သြားသည္။

" ဆန္ျပဳတ္ပူလား? "

" မင္းမေန႔ကတင္ ပထမအဆင့္စၿပီးၿပီပဲ၊ ဟင္းခ်ိဳပူပူေသာက္ခဲ့တယ္ေလ၊ ေအာင္ျမင္ၿပီး ေ႐ွ႕ဆက္လုပ္ရမွာေပါ့ အိုေကလား? ေနာက္က်ရင္ ပူတဲ့ဟာေတြ စစားၾကည့္ "

" လိုလို႔လား? "

ကုံးရင့္႐ွန္ တုံ႔ဆိုင္းသြားၿပီး

" လတ္တေလာစားေသာက္ပုံကို အက်င့္ျဖစ္ေနၿပီ "

" မင္းမေန႔ညက ငါ့ကို ဟင္းခ်ိဳအရသာ႐ွိတယ္လို႔ေျပာတယ္ "

ကုံးရင့္႐ွန္ သက္ျပင္းဖြဖြခ်သည္။

" အဲ့စကားမွန္တယ္ "

ရန္ရိ ျပဳံးကာ သူ႕ကိုၾကည့္လိုက္သည္။

" ပူတဲ့အစားအေသာက္ေတြက မင္းဗိုက္ကို အားျဖည့္ေပးၿပီး အရသာ႐ွိေစတယ္၊ ငါမင္းကို အဲ့အေၾကာင္းျပခ်က္ေလာက္နဲ႔ေတာ့ ေကာင္းတာေတြ ေက်ာ္မသြားေစခ်င္ဘူး၊ မင္း က်ိန္းေသေပါက္ သေဘာက်ႏိုင္လိမ့္မယ္ "

ကုံးရင့္႐ွန္က တိတ္ဆိတ္ေနသည္။

" ဘဝမွာ နစ္နာတာေတြက ေပ်ာ္႐ႊင္စရာေတြထက္ ပိုမ်ားတယ္၊ မင္းကို ေပ်ာ္ေအာင္လုပ္ႏိုင္တဲ့ဟာေတြ ႐ွိပါေသးတယ္၊ ဘာလို႔ မင္းျငင္းမွာလဲ? "

ရန္ရိ ဆန္ျပဳတ္ကို ဇြန္းအျပည့္ခပ္လိုက္ၿပီး ပါးစပ္ထဲ ထည့္လိုက္သည္။

" အမ္း အနံ႔သင္းတယ္ "

ကုံးရင့္႐ွန္ ေျပာလာသည္။

" ကြၽန္ေတာ္ နည္းနည္းႀကိဳးစားၾကည့္လို႔ရတယ္ "

" လာပါ တစ္ဆင့္ခ်င္းေပါ့ "

ကုံးရင့္႐ွန္ ဇြန္းကို သူ႕ပါးစပ္ဆီယူလိုက္ၿပီး တစ္ဖူးဖူးနဲ႔ မႈတ္ေနၿပီးမွ ျဖည္းျဖည္းခ်င္းစားသည္။

ရန္ရိ ျပဳံးမိ၏။

ကုံးရင့္႐ွန္ ႏွစ္ကိုက္စာေလာက္စားၿပီးေတာ့ ႐ုတ္တရက္ေျပာလာသည္။

" မေန႔ညက ကြၽန္ေတာ္ခင္မ်ားကို က်ဴးလြန္တဲ့အထိအေတြ႕ေတြ လုပ္မိေသးလား? "

ရန္ရိ ထိုစကားလုံးမ်ားေၾကာင့္ အံ့ဩသြားၿပီး ဆန္ျပဳတ္တစ္ဝက္ေတာင္ ပါးစပ္ကပန္း‌ထြက္ေတာ့မလို႔ပင္။

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္ကာ ေျပာသည္။

" ႐ွိလား မ႐ွိဘူးလား? "

ရန္ရိ ေခ်ာင္းနည္းနည္းဆိုးသြားၿပီး

" ဘယ္....ဘယ္လိုလုပ္ 'က်ဴးလြန္' တယ္လို႔ေျပာတာလဲ? "

သူမေန႔က ခံစားခ်က္ကို ေျဖေဖ်ာက္ဖို႔ တစ္ညလုံးအခ်ိန္ေပးလိုက္ရသည္။ အခုခ်ိန္ ကုံးရင့္႐ွန္ ထပ္ေျပာလာေတာ့ သူအနမ္းအေၾကာင္းေတြးမိသြားၿပီး အျပစ္႐ွိသလို ခံစားရသည္။

" အဲ့တာက...."

ကုံးရင့္႐ွန္ အၾကာႀကီးစဥ္းစားေပမယ့္ ဘယ္လို အဓိပၸါယ္ဖြဲ႕ရမလဲ မသိေပ။ သူ ႐ုတ္တရက္ ပိုၿပီးစိတ္တိုလာသည္။

" ဘယ္နည္းနဲ႔ျဖစ္ျဖစ္ ခင္မ်ား ကြၽန္ေတာ္ ေသာက္ၿပီး စိတ္လြတ္သြားတဲ့အေၾကာင္း ဘယ္သူ႕ကိုမွ ျပန္ေျပာခြင့္မ႐ွိဘူး! "

ရန္ရိ ေလွာင္ေထ့လိုက္ၿပီး

" ငါ ဦးေလး႐ွန္႔နဲ႔ ေဖးလန္ကို ေျပာျပလို႔ရတယ္ "

ကုံးရင့္႐ွန္ ေအးစက္စက္ႏွာေခါင္း႐ႈံ႕ရင္း

" လုပ္ၾကည့္လိုက္ေပါ့ "

ႏွစ္ေယာက္သား စကားအခ်ိဳ႕ေျပာရင္း က်ီဆယ္ၾကသည္။

စားေသာက္ၿပီး ရန္ရိေမးလိုက္၏။

" ဒီေန႔ ႐ုံးပိတ္ရက္ပဲ၊ မင္းဌာနခြဲသြားမွာလား? "

" ရဲေတြမွာ ပိတ္ရက္မ႐ွိဘူး "

ကုံးရင့္႐ွန္ ေျပာလာသည္။

" ဒါေပမယ့္ ဒီေန႔ ကြၽန္ေတာ္ဂ်ဴတီမက်ဘူး "

" အဲ့တာဆို မင္း....."

ရန္ရိ ကုံးရင့္႐ွန္ကို ေခါင္းစြပ္သမားဆီျပန္ၿပီး စစ္ေမးမလားလို႔ ေမးခ်င္သည္။

ကုံးရင့္႐ွန္က ေခါင္းခါၿပီး

" ကြၽန္ေတာ္ ဒီေန႔ ဆိုင့္ေခ်ာင္ကို ဝမ္ရမ့္နယ္ေျမက ကားမီးေလာင္မႈတရားခံကို စစ္ေမးခိုင္းထားတယ္၊ ကြၽန္ေတာ္က ယန္က်ဲနဲ႔ အရင္ကသက္ေသေတြ႐ွာဖို႔ စီစဥ္ထားတာ "

" အဲ့တာလည္းေကာင္းတယ္ "

" ခင္မ်ား ကြၽန္ေတာ္နဲ႔လိုက္ခဲ့ "

ကုံးရင့္႐ွန္ ရန္ရိကို ၾကည့္လိုက္ၿပီး

" ခင္မ်ား ကူညီမယ္လို႔ ေျပာတယ္ေလ "

" ဒါေပါ့ "

ရန္ရိ အေလးအနက္ထားေျပာလိုက္သည္။

" ငါအေကာင္းဆုံးလုပ္မွာပါ "

ကုံးရင့္႐ွန္က ခ်ိဳးယန္ကိုဖုန္းေခၚဖို႔သြားၿပီး သူကေတာ့ မီးဖိုေခ်ာင္႐ွင္းလင္းကာ အဝတ္အစားလဲလိုက္သည္။

သူတို႔အိမ္ကထြက္ၿပီး ရန္ရိ ကားေသာ့ယူကာ ယာဥ္ေမာင္းထိုင္ခုံဆီ သြားလိုက္၏။

" ဘယ္သြားမလဲ? "

" ကြၽန္ေတာ့အိမ္ "

[ T/n : ရန္ရိလည္း ခ်စ္မိၿပီးေနာက္ပိုင္း ဒ႐ိုင္ဘာလုံးလုံးကို ျဖစ္လို႔ ~ ]

လမ္းတစ္ဝက္မွာ ရန္ရိဖုန္း ႐ုတ္တရက္ထျမည္လာၿပီး သူလည္းေသခ်ာမၾကည့္ဘဲ ကိုင္လိုက္သည္။

" ေကာ ကြၽန္ေတာ္ပါ "

ခ်ီေ႐ွာင္းအသံ သူ႕နားထဲဝင္လာသည္။

" အိုး အေစာႀကီးပဲ၊ မင္းတကယ္အေစာႏိုးတယ္ေပါ့ "

ရန္ရိ ကုံးရင့္႐ွန္ကို လွမ္းခိုးၾကည့္လိုက္သည္။

" ေဟး ကြၽန္ေတာ္ျပႆနာ‌တက္ေနတယ္၊ ေကာ ကြၽန္ေတာ္႕ကိုတစ္ခုေလာက္ ကူညီေပးေစခ်င္တယ္ "

" ဘာျဖစ္တာလဲ မင္းေျပာ "

" ကုမၸဏီက ကြၽန္ေတာ့္အတြက္ ေၾကာ္ျငာတစ္ခု ေ႐ြးေပးထားတာ၊ အခ်ိန္၊ ေနရာနဲ႔ ဝန္ထမ္းဇယားေတြအကုန္ အစီအစဥ္ခ်ၿပီးသြားၿပီ၊ ရလဒ္အေနနဲ႔ မီး‌အေရးအခင္းေၾကာင့္ ႐ိုက္ကြင္းေနရာ ပိတ္ထားရတယ္တဲ့၊ တစ္ပတ္ေလာက္ ျပဳျပင္ရမယ္လို႔ေျပာတယ္ "

" ဘာျပႆနာ႐ွိလို႔လဲ? Complaint တက္တာလား? ဒါမွမဟုတ္ မီးသတ္ဌာနက လာမစစ္ေသးတာလား? "

" ကြၽန္ေတာ္ အေၾကာင္းအရာေတြမသိဘူး "

ခ်ီေ႐ွာင္းက စိတ္တိုတိုနဲ႔ေျပာလာသည္။

" ကြၽန္ေတာ္ ဗုဒၶဟူးေန႔မွ မ႐ိုက္ရရင္ ေနာက္တစ္ခု ႐ွာၿပီး လူလဲရလိမ့္မယ္၊ ဒီေၾကာ္ျငာေဈးက အေတာ္ေကာင္းတယ္၊ ကြၽန္ေတာ္ တကယ္လက္လြတ္မခံခ်င္ဘူး "

ကေလးေလးလို ခြၽဲၿပီး

" ေကာ ကူညီလို႔ရမလားဟင္? ကြၽန္ေတာ္ စိတ္ဓာတ္က်ၿပီး ေသသြားလိမ့္မယ္ "

ကားထဲမွာ အက်ယ္အဝန္းကက်ဥ္းၿပီး တိတ္ဆိတ္ေနကာ ခ်ီေ႐ွာင္းေျပာတဲ့စကားတိုင္း ကုံးရင့္႐ွန္နားထဲ ဝင္သြားလ်က္ သူခပ္ဖြဖြ ညည္းညဴလိုက္သည္။

ရန္ရိ သူ႕ကိုစိတ္ေအးေစၿပီး ေျပာလိုက္သည္။

" မစိုးရိမ္ပါနဲ႔၊ ဘယ္နယ္ေျမက စခန္းနဲ႔နီးလဲ? "

" ေပကန္းစခန္းလို႔ေခၚတယ္ "

" မင္း ကိုယ့္ဖုန္းကို ႐ိုက္ကြင္းေနရာရဲ႕ နာမည္၊ လိပ္စာနဲ႔၊ အခ်က္အလက္ေတြစာပို႔ထားေပး၊ မင္းေမးတာ ‌ကိုယ္ကူညီေပးမယ္၊ ျပႆနာေသးေသးမႊားမႊားဆိုရင္ေတာ့ အဆင္ေျပမွာပါ၊ သူတို႔ကို အျမန္လုပ္ဖို႔ ေလာလိုက္မယ္ "

ခ်ီေ႐ွာင္း က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေျပာလာသည္။

" ေကာ ေက်းဇူးပါပဲ "

ခ်ီေ႐ွာင္းေျပာၿပီးေတာ့ ပုံႀကီးခ်ဲ႕ကာအနမ္းေပးလိုက္ၿပီး ရယ္ေနသည္။

ကုံးရင့္႐ွန္ မ်က္ခုံးပင့္ၿပီး ရန္ရိကို ေစာင္းၾကည့္လာသည္။

ရန္ရိ ခပ္ျမန္ျမန္ေျပာလိုက္၏။

" အိုေက ဖုန္းခ်လိုက္ေတာ့မယ္ ကိုယ္ကားေမာင္းေနလို႔ "

" ခဏေလး! "

ခ်ီေ႐ွာင္းက ဒြိဟျဖစ္စရာေကာင္းေအာင္ ေျပာလာသည္။

" ေကာ ထပ္ၿပီး ကြၽန္ေတာ္အရမ္းေက်းဇူးတင္တယ္၊ ဘယ္လိုကစားခ်င္လဲ၊ ေကာဆုံးျဖတ္လိုက္ "

ရန္ရိ မေရမရာေျပာလိုက္သည္။

" ဒါပဲေနာ္ "

ၿပီးေတာ့ သူဖုန္းအျမန္ခ်လိုက္သည္။

ကုံးရင့္႐ွန္ အသံက သိသိသာသာကို ေကာင္းမေနေခ်။

" မီးေဘးအႏၲရာယ္နဲ႔ၾကဳံလာရင္ ခင္မ်ားမျငင္းႏိုင္ဘူးေပါ့? "

" ခင္မင္ေလးစားမႈကိုျပတဲ့အေနနဲ႔ ကူညီရမယ္ေလ "

ရန္ရိ အေလးအနက္ထားေျပာေနတာကို ေ႐ွာင္ၿပီး ခပ္ေပါ့ေပါ့ေျပာလိုက္သည္။

" အိုက္မင္လမ္းက ပိတ္ထားမွာမလား? ကုန္းေက်ာ္က သြားမလား "

ကုံးရင့္႐ွန္က စိတ္မပါဘဲ ေျပာသည္။

" ဘာကူညီရမလဲ? "

" တိက်တဲ့အေျခအေနေပၚ မူတည္တယ္ "

ရန္ရိ ႏွာေခါင္းကိုထိလိုက္ၿပီး

" ေယဘုယ်အားျဖင့္ မီးေလာင္မႈအေသးစားေတြ ျပန္ျပဳျပင္တာ မခက္ပါဘူး၊ ငါစခန္းကိုလွမ္းဖုန္းဆက္ၿပီး စစ္ေဆးလက္ခံေပးဖို႔ေျပာတာနဲ႔ အမ်ားႀကီး အခ်ိန္ကုန္သက္သာသြားလိမ့္မယ္ "

" အိုး သူငယ္ခ်င္းေကာင္းပဲ "

ကုံးရင့္႐ွန္ ထပ္ေမးလာသည္။

" ခင္မ်ားတို႔ ဘယ္လိုေတြ႕တာလဲ? "

"....သူငယ္ခ်င္းေတြ႕ဆုံပြဲမွာ "

" ခင္မ်ားတို႔ ဘာကိုအတူ 'ကစား' မလို႔လဲ? "

ရန္ရိအေျဖက ပိုပိုမွားယြင္းလာၿပီး

" မင္း တရားခံစစ္ စစ္ေနတာာလာ? "

ကုံးရင့္႐ွန္ ေခါင္းလွည့္ၿပီး ရန္ရိကို တည့္တည့္စိုက္ၾကည့္လာသည္။ ရန္ရိ ၾကက္သီးေမြးညႇင္းမ်ားထေလာက္တဲ့အထိ ဆက္စိုက္ၾကည့္ေနၿပီး ေျပာလာ၏။

" ကြၽန္ေတာ္ တရားခံစစ္တာကို ခင္မ်ားျမင္ဖူးသားပဲ "

မင္းအေတာ္ယဥ္ေက်းထားတယ္လို႔ သြယ္ဝိုက္ေျပာခ်င္တာမလား? ရန္ရိ ရယ္ရမလို ငိုရမလိုပင္။

" ကစား....ဂိမ္းကစားၾကတာပါ၊ သြားရေအာင္ "

" တကယ္လား? "

ခ်ီေ႐ွာင္း ရန္ရိကို ေျပာဆိုဆက္ဆံပုံက နည္းနည္းထူးဆန္းတယ္လို႔ ကုံးရင့္႐ွန္ အၿမဲ ခံစားမိသည္။ အဲ့ဒီ့ေလသံ၊ အဲ့ဒီ့စကား....ဒါေပမယ့္ ဘာထူးဆန္းေနလဲဆိုတာ သူမေျပာႏိုင္။ အတိုခ်ဳပ္ရရင္ သူအဲ့တာကို အရမ္းႀကီးသေဘာမက်ေပ။

" တကယ္ပါ၊ ငါကုန္းေက်ာ္လမ္းက သြားၿပီေနာ္ "

ကုံးရင့္႐ွန္ ဘာမွဆက္မေမးေတာ့ဘူး။ ဒါေပမယ့္ သူ ခ်ီေ႐ွာင္း ဆိုတဲ့နာမည္ကို လုံးဝမ်က္ႏွာသာမေပးႏိုင္ေခ်။

========

အိမ္ေရာက္ၿပီးေတာ့ ဦးေလး႐ွန္႔ ကုံးရင့္႐ွန္ေနာက္ကလိုက္ၿပီး သူငယ္ခ်င္းအိမ္မွာ ပထမဆုံးဧည့္သည္သြားလုပ္ရတာ ေပ်ာ္လား၊ ဘာေတြလုပ္ၾကလဲ ဆိုတာေမးသည္။

ကုံးရင့္႐ွန္က ဝတ္ေက်တန္းေက်ပဲေျပာေပမယ့္ ရန္ရိကေတာ့ ဦးေလး႐ွန္႔ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေျပာျပရင္း ဦးေလး႐ွန္႔ကို ျပဳံး႐ႊင္ေစလ်က္၊ ဦးေလး႐ွန္႔က အျပစ္တင္လာသည္။

" အဲ့တာဆို ဘာလို႔ ျပန္လာၾကတာလဲ? ဒီေန႔က ပိတ္ရက္ကို ဘာမွေပ်ာ္စရာမ႐ွိဘူး "

" ကြၽန္ေတာ္ျပန္လာၿပီး လုပ္စရာ႐ွိလို႔၊ ဦးေလး႐ွန္႔၊ ခဏေန ယန္က်ဲလာလိမ့္မယ္၊ သူႀကိဳက္တာတစ္ခုခု ျပင္ေပးထားလိုက္ပါဦး "

" အိုး ခ်ိဳးေ႐ွာင္က်ယ္ လာမွာေပါ့၊ ေကာင္းလိုက္တာ၊ ဦးေလးတို႔ taro cake မလုပ္ေပးရတာၾကာၿပီ "

ဦးေလး႐ွန္႔က ျပဳံးလ်က္ေျပာလာသည္။

" ဘယ္လိုေတာင္ ေကာင္းတဲ့ေန႔လဲ၊ ဒီကို ဧည့္သည္ေတြအမ်ားႀကီး ေရာက္တယ္ "

ကုံးရင့္႐ွန္ ရန္ရိကို ေျပာလိုက္သည္။

" ခင္မ်ား ကြၽန္ေတာ္နဲ႔လိုက္ခဲ့ "

ကုံးရင့္႐ွန္ ရန္ရိကို အေပၚထပ္‌ေခၚသြားၿပီး တတိယထပ္ရဲ႕ ေကာ္ရစ္တာအဆုံးမွာ ပိတ္ထားတဲ့ တံခါးတစ္ခ်ပ္႐ွိေနသည္။ ဒီတံခါးက အိမ္ထဲကအျခားတံခါးေတြနဲ႔ အတူတူပဲ၊ ဒါေပမယ့္ ေသာ့ကေတာ့ ကြာျခားၿပီး Smart lock တပ္ထားသည္။ အထဲမွာဘယ္သူေနလို႔လဲ? Smart lock တပ္ထားရေအာင္? ထို႔အျပင္ ေၾကးဝါလက္ကိုင္ေတြကို ေတာက္ပေအာင္ အေရာင္တင္ထား၏။ ဒုတိယထပ္အေပၚပိုင္းက ကုံးရင့္႐ွန္ တစ္ေယာက္တည္းနဲ႔သက္ဆိုင္မွန္း သူသိသည္။ ကုံးရင့္႐ွန္အိပ္ခန္းကလြဲၿပီး အျခားတံခါးေတြမွာ ေျခရာလက္ရာမ႐ွိ။ ထို႔ေၾကာင့္ ဒီအခန္းက ကုံးရင့္႐ွန္ မၾကာခဏဝင္ထြက္ေသာ အခန္းျဖစ္ေၾကာင္း သက္ေသျပသည္။

ေသခ်ာသည္ပင္၊ ကုံးရင့္႐ွန္ တံခါးဆီ တန္းတန္းေလွ်ာက္သြားၿပီး လက္ေဗြႏွိပ္လိုက္ေတာ့ တံခါးေလာ့ပြင့္သံ ထြက္ေပၚလာလ်က္ ကုံးရင့္႐ွန္ တံခါးကို တြန္းဖြင့္လိုက္သည္။

ေဟာင္းႏြမ္းထိုင္းမိႈင္းေသာ အ႐ွိန္အဝါက ရန္ရိ မ်က္ႏွာကို ႐ိုက္ခတ္လာၿပီး အထဲမွာ ဘာ႐ွိလဲဆိုတာ မျမင္ရခင္ သူမေျပာျပႏိုင္တဲ့ စိတ္ညိႇဳးႏြမ္းမႈမ်ိဳး ခံစားလိုက္ရသည္။

ကုံးရင့္႐ွန္ ရန္ရိကို လွည့္ၾကည့္လာၿပီး လိုဏ္သံပါေသာ အသံျဖင့္ ေျပာလာသည္။

" ကြၽန္ေတာ့္အတိတ္က အထဲမွာပဲ "

=======

မင္းတို႔ က်ေနာ့္ကို ကူညီခ်င္ရင္

KBZ PAY or WAVEPAY - 09795118580 ကို ပိုက္ပိုက္ထည့္ေပးေနာ္~