Chapter 48.1

Tue, Aug 10, 2021

{ Unicode }

ရန်ရိ ကုံးရင့်ရှန်နောက်က လိုက်ဝင်သွားသည်။ အခန်းကြီးထဲ၌ စာအုပ်စင်တစ်တန်းနှင့် စားပွဲခုံကြီးတွေရှိသည်။ စားပွဲခုံတွေပေါ်မှာတော့ ခင်းကျင်းပြထားသော ပစ္စည်းများရှိပြီး နံရံက ဓာတ်ပုံများ၊ သတင်းစာဖြတ်ပိုင်းစများ၊ ဆောင်းပါးစများဖြင့် ပြည့်နှက်နေသည်။

အဖြူရောင်စားပွဲခင်း, ခင်းထားသော လှပသေသပ်စွာပြုလုပ်ထားသည့် စားပွဲငယ်များအနက် တစ်ခုပေါ်တွင်တော့ ဓာတ်ပုံမှန်ဘောင်လေးတစ်ခုသာ ရှိနေသည်။

ကုံးရင့်ရှန် စားပွဲဆီလျှောက်သွားပြီး၊ လက်အိတ်များချွတ်ကာ၊ ဓာတ်ပုံမှန်ဘောင်လေးကို ယူလိုက်ပြီး ဓာတ်ပုံထဲကလူကို သူ့လက်ချောင်းသွယ်များဖြင့် ညင်သာစွာ ထိတွေ့သည်။

ရန်ရိ သူ့ဆီလျှောက်သွားတော့ ရန်ရိကို ဓာတ်ပုံမှန်ဘောင် ‌ကမ်းပေးလာသည်။

ရန်ရိ တည်တည်တံ့တံ့ယူလိုက်၏။ သူယူလိုက်ရတာက ဓာတ်ပုံဘောင်လေးတစ်ခုမဟုတ်၊ လူတစ်ယောက် ဆယ့်ရှစ်နှစ်တာလုံး သူစိမ်းတစ်ယောက်ကို မပေးခဲ့ဖူးသည့် ယုံကြည်မှုများပင်။

ထိုဓာတ်ပုံက မိသားစုလေးယောက်စုရိုက်ထားသောပုံဖြစ်ပြီး ရန်ရိ တွေ့ဖူးသမျှထဲမှာ အခန့်ညားဆုံး မိသားစုဆိုလည်းဟုတ်သည်။ ဖခင်က ခန့်ညားရည်မွန်၍ မိခင်က နှစ်သက်ဖွယ်ကောင်းပြီး ကလေးနှစ်ယောက်ကတော့ နတ်သူငယ်များအလား ချောမောလှပသည်။

ရန်ရိ ဓာတ်ပုံထဲက ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ ကောင်လေးကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက စမ်းရေကြည်လို ကြည်လင်ပြီး သူ့အပြုံးက ပန်းတစ်ပွင့်လို ထူးခြားပြောင်မြောက်သည်။ သူ့အမေက လက်မောင်းတွေကိုကိုင်‌ထားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ဖြန့်ကားထားသည်မှာ ကမ္ဘာကြီးကို ထွေးပွေ့ရန် ကမ်းလင့်နေသည့်အလား။ သူ့မျက်နှာ၌ အကြောက်တရားမရှိ၊ ခက်ထန်ခြင်းမရှိ၊ ပူဆွေးမှုများလည်း ရှိမနေချေ။

သို့သော်လည်း များမကြာခင် ထိုကလေးသည် အရာအားလုံးထံမှ အဝေးပို့ခံလိုက်ရပြီး တိမ်စိုင်တွေကြားကနေ မလွတ်မြောက်နိုင်သော အသူရာချောက်နက်ထဲသို့ ကျဆင်းသွားရပါ၏။

ရန်ရိ မနေနိုင်ဘဲခေါင်းမော့ပြီး အရွယ်ရောက်လာတဲ့ ကုံးရင့်ရှန်ကို ကြည့်မိသည်။ ရင်ဘတ်ထဲမှာတော့ ပြောမပြတတ်အောင် နာကျင်လျက်။

ကုံးရင့်ရှန် ‌အကြည့်လွှဲသွားပြီး တိုးတိုးပြောလာသည်။

" ကျွန်တော့်ကို အဲ့လိုမျက်လုံးတွေနဲ့ မကြည့်နဲ့ "

ရန်ရိ ဓာတ်ပုံဘောင်ကိုဆုပ်ကိုင်ထားရင်း ဘာပြောရမှန်းမသိအောင်ကို ဝမ်းနည်းပူဆွေးနေသည်။

" ကျွန်တော့်ကျဲနဲ့ ယန်ကျဲက အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် အတူကြီးပြင်းလာကြတာ "

ကုံးရင့်ရှန်က ခပ်ဖွဖွရယ်သည်။

" ကျွန်တော်ငယ်ငယ်ကဆို သူတို့နောက်လိုက်ရတာ သဘောကျတယ်၊ ဒါပေမယ့် သူတို့က ကျွန်တော်အရွယ်‌ရောက်လာမှပဲ ကစားပေးနိုင်မယ်တဲ့ "

ရန်ရိ ဓာတ်ပုံထဲက မိန်းကလေးကိုကြည့်တော့ ကုံးဖေးလန်နှင့် နဲနဲဆင်သည်။ ချိုးယန်ပြောခဲ့သလိုပဲ နတ်သမီးတစ်ပါးလို မိန်းကလေးတစ်ယောက်ပင်။

" ကျွန်တော် အရွယ်ရောက်လာပေမယ့် သူကတော့ အရွယ်ရောက်မလာတော့ဘူး "

ရန်ရိ နှာခေါင်းစူးလာပြီး ဓာတ်ပုံကို သူ့အရင်နေရာဆီ သေချာပြန်ထားရင်း စိတ်ထဲမှာ ကောင်းကင်ဘုံက ကုံးမိသားစုကိုကောင်းချီးပေးပြီး သူတို့အစား တရားခံကိုအပြစ်ပေးရမယ်လို့ တွေးလိုက်သည်။

ကုံးရင့်ရှန် စားပွဲမှာထိုင်ရင်း သူရှေ့က ထိုင်ခုံကို ညွှန်ပြလိုက်သည်။

" ထိုင် "

ရန်ရိထိုင်ပြီး လှည့်ပတ်ကြည့်လိုက်တော့ နံရံပေါ်က အထောက်အထားတွေက သူ့ကို မင်သက်သွားစေသည်။ သူသည်လည်း ထိုမီးအခင်းဖြစ်ပွားပြီးရိုက်ယူထားသော ဓာတ်ပုံများနှင့် ရင်နှီးနေသည်။

ကုံးရင့်ရှန် ရန်ရိကြည့်နေတဲ့ဘက်ကို ကြည့်လိုက်သည်။ သူဘယ်သူ့ကိုမှ ဒီအကြောင်းတွေ ပြန်မပြောပြဖူးတော့ ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူအတွေးတွေစုစည်းပြီး ဖြေးဖြေးပြောလိုက်သည်။

" ကျွန်တော့်အဖေ အရင်တုန်းက ပေါင်ရှန့်အဖွဲ့အစည်းဥက္ကဌ၊ ပေါင်ရှန့်ဓာတုစက်မှုဇုန်ကလည်း ပေါင်ရှန့်အဖွဲ့အစည်းလက်အောက်က တစ်ခုပဲ၊ မတော်တဆဖြစ်ရတဲ့အကြောင်းရင်းကို ခင်များသိလောက်ပါတယ် "

ရန်ရိ ခေါင်းညိတ်ပြလိုက်ပြီး

" ဓာတုပစ္စည်းပါဝင်တဲ့ဒြပ်ပေါင်း ပေါက်ကွဲတယ်လို့ပြောတယ် "

" ဟုတ်တယ် ဓာတုဒြပ်ပေါင်းပေါက်ကွဲတော့ ပတ်ဝန်းကျင်က ဓာတုပစ္စည်းတွေကို မီးစွဲပြီး ‌ကွင်းဆက်ပေါက်ကွဲမှုတွေဖြစ်သွားတာ၊ ဒါက အငြင်းပွားစရာမရှိဘူး၊ ဒါပေမယ့် မတော်တဆမှုအဓိကအကြောင်းရင်းနဲ့  ကျူးလွန်ခဲ့တဲ့သူကတော့....."

ကုံးရင့်ရှန် အံကြိတ်လိုက်သည်။

" အဲ့တာက ကျိန်းသေပေါက် မီဒီယာတွေပြောသလို မ‌ဟုတ်ဘူး "

" မင်းဆိုလိုတာက အဲ့ဒီ့နှစ်က စုံစမ်းစစ်ဆေးရေး မှားယွင်းနေခဲ့တာပေါ့? "

" တစ်ယောက်ယောက် အမှုစုံစမ်းရေးကို ကြိုးကိုင်ထားတာပဲ၊ ထွက်ဆိုချက်အမှားဖန်တီးပြီး ရလဒ်လွဲအောင်လုပ်လိုက်တယ်၊ အဲ့ကိစ္စပေါ်သွားမှာလည်း  သိရော ကျွန်တော့်အဖေကို သတ်လိုက်တယ်၊ သတ်သေမှုလို့ မှားအောင်လုပ်ပြီး အပြစ်အားလုံး ကျွန်တော့်အဖေပေါ် ပုံချခဲ့တယ် "

ရန်ရိ မျက်မှောင်တင်းတင်းကြုတ်လိုက်ပြီး

" ဘယ်သူလုပ်လဲ မင်းသိလား? "

" ကျွန်တော် သံသယဝင်တာတွေရှိတယ်၊ ဒါပေမယ့် မသေချာဘူး "

ကုံးရင့်ရှန် အလေးအနက်ထားပြောလာသည်။

" ဒီအမှုကအရမ်းရှုပ်ထွေးတယ်၊ အဖွဲ့အစည်းအတွင်းရော အပြင်ကပါ လူတွေအများကြီး ပါဝင်ပတ်သက်နေတယ်၊ အရင်က သက်သေတွေကလည်း ရှာဖို့ခက်တယ်၊ ယန်ကျဲနဲ့ကျွန်တော် စုံစမ်းရေးမှာ အခက်တွေ့နေတာ "

ရန်ရိ ခဏလောက်တွေးလိုက်ပြီး မေးခွန်းနဲနဲမေးလိုက်သည်။

" စက်မှုဇုန်မီးလောင်မှုက မတော်တဆလား? ရှို့မီးလား? အရင်က အဲ့အမှုကို ဘယ်သူစုံစမ်းခဲ့တာလဲ? မင်းအိမ်အမှုကိုစုံစမ်းတဲ့သူတွေနဲ့ တစ်ဖွဲ့တည်းလား? ဘာအသုံးဝင်တဲ့သက်သေတွေ ရှိသေးလဲ? "

" စက်မှုဇုန်ကိစ္စစုံစမ်းရေးကတော့ မတော်တဆမှုလို့ပြောတာပဲ၊ ဒါပေမယ့် ကျွန်တော်တို့အိမ်အမှုအတွက် အဲ့ဒီ့အမှုစုံစမ်းတဲ့သူကိုပဲ ထပ်ချပေးကတည်းက ကျွန်တော့်စိတ်ထဲ သံသယဝင်နေတာ၊ လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က အီလက်ထရောနစ်ဆက်သွယ်ရေးလည်း မထွန်းကားသေးဘဲ အင်တာနက်တွေကလည်း ထွန်းကားစပဲရှိသေးတော့ အဲ့ဒီ့နှစ်မှာပဲ စုံစမ်းရေးအဆုံးသတ်ပြီး အမှုပိတ်လိုက်တယ်၊ အသုံးဝင်တဲ့သက်သေ နဲနဲပဲရှိတာ၊ ခဏနေ ကျွန်တော်ပြမယ် "

" စုံစမ်းရေးမှူးက အကြီးဆုံးသံသယတရားခံမလား? "

ကုံးရင့်ရှန်မျက်လုံးများ မုန်းတီးမှုဖြင့် ပြည့်လျှံလာသည်။

" အမှုပိတ်ပြီး နှစ်,နှစ်လောက်အကြာမှာ ဟန်းနင်‌ စုံစမ်းစစ်ဆေးရေးခေါင်းဆောင် ‌ဆုံးသွားတယ်၊ အရက်ထဲအဆိပ်ခတ်ခံရတာ "

" သူနှုတ်ပိတ်ခံလိုက်ရတာများလား? "

" ဖြစ်နိုင်တယ်၊ သူက အစကတည်းက အကြီးဆုံးလမ်းစတစ်ခုဖြစ်ခဲ့တာပဲ "

ကုံးရင့်ရှန် ရုပ်တည်တည်နဲ့ပြောသည်။

" တစ်ယောက်ယောက်က အတိတ်ကကိစ္စတွေအားလုံးကို ပြာတွေကြားမှာမြှုပ်ထားပြီး နေရောင်မ‌ရစေချင်ဘူး၊ ကျွန်တော်က အဲ့တာတွေကို မြေလှန်ပြီး ကမ္ဘာပေါ်မှာ မြင်သာအောင် ချပြမယ် "

" ဟို ငှက်မျက်နှာဖုံးကရော ဘာကိစ္စလဲ? "

ကုံးရင့်ရှန် မျက်လွှာချလိုက်ပြီး

" အဲ့ဒီ့ညက ငှက်မျက်နှာဖုံးနဲ့လူတစ်ယောက် ပေါ်လာတယ်၊ ကျွန်တော်သူ့ကိုတွေ့တယ်၊ ဒါပေမယ့် သရဲလို့ထင်လိုက်တာ၊ နှစ်တွေကြာတာတောင် ပုံရိပ်ယောင်ဟုတ်မဟုတ်ဆိုတာ ကျွန်တော်မသေချာဘူး၊ အဲ့လိုလူရှိခဲ့လားဆိုတာ အတည်ပြုဖို့ စိတ်ဆရာဝန်ရဲ့ အိပ်မွေ့ချကုထုံးအောက်မှာ မှတ်ဉာဏ်တွေ ပြန်ဖော်ကြည့်ဖူးတယ်၊ ဒီလိုနဲ့ အမှုပိတ်သွားတာလည်း နှစ်အရမ်းကြာပြီး ခြောက်နှစ်သားတစ်ယောက်ရဲ့ သက်သေထွက်ဆိုမှုကလည်း အသုံးမဝင်ခဲ့ဘူး "

" အတိတ်ကိုပြန်ကြည့်တာ....."

ရန်ရိ အသက်ရှူလိုက်သည်။

မှတ်ဉာဏ်ပြန်ဖော်ဖို့ဆိုရင် အိပ်မွေ့ချသူရဲ့ဦးဆောင်မှုအောက်မှာ မင်းမှတ်ဉာဏ်အစိတ်အပိုင်းတွေဆီ ပြန်သွားရမှာဖြစ်ပြီး အများအားဖြင့် တစ်ကြိမ်တည်းနဲ့ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်။ တစ်နည်းပြောရရင် ကုံးရင့်ရှန်ဟာ မီးလောင်တဲ့ညက သူ့အိမ်ကို အကြိမ်ကြိမ်အခါခါပြန်သွားရပြီး သူ့ခန္ဓာကိုယ်မှာ အဖန်ဖန်အထပ်ထပ် နေရာဝင်ရမည်ဖြစ်သည်။ ထိတ်လန့်စရာအကောင်းဆုံး၊ အနာကျင်ရဆုံး၊ အရက်စက်ဆုံးမှတ်ဉာဏ်တွေထဲမှာ သက်သေရှာဖို့အတွက်ပင်။

ကုံးရင့်ရှန် မျက်နှာပေါ်မှာ ဘာအပိုအလိုခံစားချက်မှမရှိပေမယ့် မျက်လုံးများကတော့ ခံစားချက်မဲ့နေ၏။

ရန်ရိ စိတ်ပင်ပန်းရသည်။ ကုံးရင့်ရှန်နိုင်ငံခြားမှာအဲ့ဒီ့နှစ်တွေထဲ ဘယ်လိုရှင်သန်ခဲ့ရတယ်ဆိုတာ သူစိတ်မကူးတတ်ပေ။ သူမနေနိုင်ဘဲ လက်ဆန့်ကာ ကုံးရင့်ရှန်ခေါင်းကိုထိကိုင်လိုက်ရင်း တုန်တုန်ယင်ယင်နဲ့ ပြောလိုက်သည်။

" မင်းခံစားခဲ့ရတာပဲ "

ကုံးရင့်ရှန် ခန္ဓာကိုယ်အနည်းငယ် တုန်လှုပ်သွားပြီး တစ်ခုခုကို ချုပ်တည်းထားရသလို အမူအရာကတောင့်တင်းနေလျက် တိုးတိုးပြောလာသည်။

" ကျွန်တော် တရားခံကိုဖမ်းနိုင်မယ်ဆိုသရွေ့ ဘယ်တန်ဖိုးမဆိုပေးနိုင်တယ် "

" ငါတို့ ကျိန်းသေပေါက် တရားခံကို ဖမ်းမိမှာပါ "

ရန်ရိ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

" စွဲချက်တင်နိုင်တဲ့ကာလ မကုန်သေးခင် အတွင်းလူတစ်ယောက် မင်းလက်ထဲရောက်လာတယ်ဆိုကတည်းက တိုက်ဆိုင်မှုမဟုတ်တော့ဘူး၊ အလင်းနဲ့ထိတွေ့ဖို့အချိန်ကျပြီဆိုတာ သက်သေပြတယ် "

ကုံးရင့်ရှန် အမူအရာတွေကို ထိန်းချုပ်လိုက်ပြီး

" စုံစမ်းစစ်ဆေးရေး အစကနေအဆုံးထိ ငှက်မျက်နှာဖုံးပေါ်မလာဘူး၊ ကျွန်တော် အဲ့အချိန်က သေချာမခွဲခြားနိုင်တော့ ရဲတွေကလည်း သရဲကိုအယုံအကြည်မရှိဘူး၊ အဲ့တော့ တရားခံပဲ ငှက်မျက်နှာဖုံးကိစွသိလိမ့်မယ်၊ ဟိုခေါင်းစွပ်သမား ဘယ်လိုသိလဲဆိုတာ ကျွန်တော် ဖော်ထုတ်ရမယ် "

" အခုတော့သူက အကြီးဆုံးလမ်းစပဲ၊ မင်းရဲအရာရှိလုပ်တာ ဒီလိုနေ့မျိုးအတွက်ပဲမလား? "

ကုံးရင့်ရှန် ခေါင်းညိတ်သည်။

" ရဲတစ်ယောက်ဖြစ်မှသာ ပြည်သူ့ကာကွယ်ရေးစနစ်က အရေးကြီးတဲ့အချက်အလက် အရင်းမြစ်တွေ သုံးနိုင်တယ်၊ ယန်ကျဲလည်း ကျွန်တော်နဲ့ အကြံတစ်ခုတည်းရှိခဲ့တာပဲ၊ ဒီနှစ်တွေမှာ သူ့ကျေးဇူးကြောင့်ပဲ ကျွန်တော်အသက်ငယ်တုန်းမှာ သူစုံစမ်းစစ်ဆေးဖို့အကောင်းဆုံးကြိုးစားပြီး သက်သေတွေစုထားနိုင်ခဲ့တာ၊ မဟုတ်ရင် ‌ပျောက်ကွယ်သွားတော့မယ့် သက်သေတွေချန်ထားခဲ့ရမှာ၊ သူမရှိဘဲနဲ့ ကျွန်တော်ဒီနေ့ ရှင်သန်နိုင်မှာမဟုတ်ဘူး "

ရန်ရိ အခုတော့ ကုံးရင့်ရှန်ဘာကြောင့် ချိုးယန်ကိုပဲညင်သာပြီး အနီးကပ်နေတယ်ဆိုတာကို အပြည့်အဝနားလည်သွားသည်။ သူတို့က တူညီတဲ့နာကျင်မှုနဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားရပြီး တစ်လျှောက်လုံး တစ်ဦးကိုတစ်ဦး ဖေးမကူညီကြရသည်။ ဒီလို နက်နဲသောဆက်ဆံရေးက ဆွေမျိုးသားချင်းများနှင့်မကွာဘဲ ချိုးယန်ဆိုတာ သူနှိုင်းယှဉ်မရနိုင်သောလူစားမျိုးပင်တည်း။

ရန်ရိရင်ထဲ အနည်းငယ်စူးအောင့်လာသည်။ သို့ပေမယ့် အနည်းဆုံး ကုံးရင့်ရှန်တစ်‌ယောက်တည်း မတိုက်ခိုက်ရတာ တော်သေး၏။

" ခေါင်းဆောင်ချိုးက တကယ်ကို သာမန်အမျိုးသမီးမဟုတ်ဘူးပဲ၊ သူမင်းကို ကူညီပေးဖို့ ရှိနေတာ ကံကောင်းတယ် "

ကုံးရင့်ရှန် မတ်တပ်ရပ်ပြီး အထောက်အထားနံရံဆီ လျှောက်သွားသည်။

" ကြည့်ရအောင် "

ရန်ရိလည်း လိုက်သွားရင်း မီးလောင်ပြီးနောက်ပိုင်းဓာတ်ပုံများနှင့် ဟောင်းနွမ်းနွမ်းစက္ကူဖြတ်ပိုင်းစများကို အနီးကပ်ကြည့်လိုက်တော့ ပိုပြီးအံ့ဩသွားရသည်။

မီးလောင်မှုသက်သေတွေကို ချက်ချင်းစုဆောင်းခဲ့သည်ဆိုရင်တောင် အခင်းနေရာက အကြီးအကျယ်ကို မွှေနှောက်ဖျက်ဆီးခံလိုက်ပြီး ပျောက်ချင်းမလှ ပျောက်သွားတော့ ဒီဟာတွေကို စုဆောင်းဖို့ မလွယ်ကူလှပေ။

" ကျွန်တော်အရင်က သက်သေတွေကို မီးမှုခင်းဖော်ထုတ်ရေးကျွမ်းကျင်သူတစ်ယောက်နဲ့ ကြည့်ခဲ့ဖူးတယ် ပုံထဲကအစက်အပြောက်တွေအရမ်းမှိန်တော့ ကျွန်တော် အမှုအချက်အလက်တွေကို သူစိမ်းတွေဆီ မပြရဲဘူး၊ ဘာမှလည်း အသုံးဝင်တာမတွေ့ဘူး၊ မကြာခင်က ပုံဟောင်းတွေကိုအမှန်တကယ် ပြန်ပုံဖော်နိုင်တဲ့ AI နည်းပညာအသစ်အကြောင်း ကြားမိပြီး ပုံတွေအားလုံးကို ပြန်ပုံဖော်ဖို့ပို့ပေးလိုက်တယ် "

" ဒါက မင်းစုဆောင်းနိုင်တဲ့ သက်သေအကုန်လုံးလား? "

" အထွေထွေအုပ်ချုပ်ရေးဗျူရိုပြတိုက်မှာ သိမ်းထားတဲ့ သက်သေတွေရှိသေးတယ်၊ ဒီအမှုပိတ်လိုက်ပြီးနောက်ပိုင်း နှစ် ၂၀ ကြာတဲ့အထိ သူတို့ထိန်းသိမ်းထားမှာ၊ နှစ်၂၀ကြာပြီးတော့ ဘာစွဲဆိုချက်မှမရှိဘူးဆိုရင် ဖျက်ဆီးလိုက်ပြီး အီလက်ထရောနစ်ဖိုင်တွေပဲ ချန်ထားလိမ့််မယ် "

" အဲ့တော့ မင်းအဲ့ဒါတွေရလား? "

ကုံးရင့်ရှန် ခေါင်းခါသည်။

" ကျွန်တော်ကြည့်ပြီး ဓာတ်ပုံရိုက်ခဲ့ဖူးတယ်၊ ဒါပေမယ့် ထုတ်လို့မရဘူး၊ ကျွန်တော့်မှာ သက်သေတောင်းခံဖို့ အကြောင်းပြချက်မှမရှိဘဲ၊ အဲ့ဒီ့အစားမြွေကို လှန့်မိသလိုဖြစ်သွားလိမ့်မယ်၊ ကျွန်တော့်မှာ ပိတ်ထားတဲ့အမှုကို စိန်ခေါ်ရလောက်တဲ့အထိ သက်သေခိုင်ခိုင်လုံလုံရှိမရှိရင် ပြဿနာကြီးသွားမယ်၊ ဆိုလိုတာက အမှုကိုကိုင်တွယ်တဲ့ ဝန်ထမ်းအားလုံး တာဝန်ခံရလိမ့်မယ်၊ ပြီးတော့ အဲ့တာတွေကို အာမခံချက်အပြည့်အဝမရှိဘဲ ရွှေ့ပြောင်းလို့မရဘူး "

" ပုံပြန်ဖော်ထားတဲ့ ဓာတ်ပုံတွေပြန်‌ရောက်လာရင် ငါတို့ မီးသုံးသပ်ရေးထပ်လုပ်လို့ရတယ် "

ထိုအချိန် တံခါးခေါက်သံကြားလိုက်ရပြီး ချိုးယန်ရောက်လာသည်။

ရန်ရိနဲ့သူမ အပြန်အလှန်နှုတ်ဆက်လိုက်ကြသည်။ သူမကတော့ သဘောထားကြီးကာ ယုံကြည်မှုရှိ၍ စွမ်းဆောင်နိုင်စွမ်းရှိနေလျက်ပင်။ ဒီနေ့သူမ မီးခိုးမှိုင်းရောင်ဝတ်စုံကို ဝတ်လာခဲ့ပြီး အရောင်နဲ့ ဒီဇိုင်းက ကုံးရင့်ရှန်ဝတ်စုံနှင့် ဆင်တူသည်။ သူတို့နှစ်ယောက် ယှဉ်ရပ်လိုက်ချိန်မှာ နှစ်ယောက်သားရင်းနှီးရုံတင်မကဘဲ စိတ်ရောကိုယ်ပါ အလွန်လိုက်ဖက်ညီသည့် စုံတွဲကဲ့သို့ပင်။

ရန်ရိ သူတို့အနားမှာရပ်ဖို့ နေရာတောင် မရှိသလိုခံစားလာရပြီး ကိုယ့်ကိုကိုယ်လှောင်ရယ်လိုက်သည်။

" ရင့်ရှန်၊ မင်းခေါင်းဆောင်ကို အမှုအကြောင်း ပြောပြလိုက်တာလား? "

ကုံးရင့်ရှန်က " အင်း " ဟုပြောလာသည်။

" ခေါင်းဆောင် ကူညီနိုင်တာ ကောင်းတာပေါ့ "

ချိုးယန်ကပြုံးသည်။

" မီးမှုခင်းစုံစမ်းရေးကျွမ်းကျင်သူတစ်ယောက် ဒီရောက်နေတယ်၊ ကျိန်းသေပေါက် အမှုအတွက် အလှည့်အပြောင်းဖြစ်လာမှာပဲ "

ရန်ရိ ပြောလိုက်သည်။

" ယဉ်ကျေးနေပါပြီ၊ အခု တရားခံက အလှည့်အပြောင်းအသစ်ပဲ၊ ကျွန်တော်တော့ ဘုရားသခင်စီမံတာလို့ထင်တယ် "

ချိုးယန်က ခေါင်းညိတ်ပြီး

" အင်း၊ ဆယ့်ရှစ်နှစ်တောင် ရှိခဲ့ပြီ၊ ဘာလို့‌နောက်ဆုံးအချိန်မှ သဲလွန်စလာပေးတာများလဲ? ဒီလို ကံကြမ္မာမျိုးက တကယ်ကိုလျှို့ဝှက်ဆန်းကြယ်တယ် "

သူမပြုံးလိုက်သည်။

" ခေါင်းဆောင်က ကျွန်မတို့ရဲ့ ကံကောင်းခြင်းကြယ်ပွင့်လေးဖြစ်လောက်တယ် "

ရန်ရိလည်းပဲ ပြုံးလိုက်ပြီး

" ကျွန်တော်လည်း တရားခံကို အမြန်ဆုံးရှာနိုင်ဖို့ မျှော်လင့်ပါတယ် "

" ကျွန်မဌာနခွဲကလာတုန်းက ဆိုင့်ချောင် တရားခံချန်ဖေ့ကို အမှုစစ်နေတယ်၊ အဲ့ဒီ့လူက တကယ်ခက်တယ်၊ ဘာကိုမှမကြောက်ပုံပဲ၊ ရဲတွေကို စကားမပြောသလို လှည့်စားတာမျိုးလည်းမလုပ်ဘူး၊ ကျွန်မတို့ ပြဿနာတွေကို ခေါင်းရှောင်ထားတယ်၊ သူက သက်သေရှေ့ရောက်နေပြီ၊ အဲ့နေ့ကသူဝမ်ရမ့်အဆောက်အအုံမှာ ရှိခဲ့ကြောင်း ငြင်းဆန်ဖို့မဖြစ်နိုင်ဘူး၊ ဒါပေမယ့် သူမီးရှို့ကြောင်း ဝန်မခံတာပဲ "

[ T/n : ဒီချန်ဖေ့က ခေါင်းစွပ်သမား၊ ဟိုကားမီးရှို့တယ်လို့ သံသယရှိတဲ့သူက ဖုန်ဖေး၊ ကိုယ်လည်းလည်နေပြီ ]

" သူ့ကြံရာပါတွေကရော ဘယ်မှာလဲ? "

" သူကြံရာပါနှစ်ယောက်လည်း အဖမ်းခံရတယ်၊ သူတို့ကအတူပေါင်းနေတာ၊ တစ်ခါတစ်လေ လူတွေကိုခြောက်လှန့်ပြီး တစ်ခါတစ်လေကျ အကြွေးလိုက်သိမ်းတယ်၊ ဒါပေမယ့် မီးရှို့မှုအကြောင်းတော့ သိပုံမရဘူး၊ ကျွန်မတို့ ဆက်စုံစမ်းနေတုန်းပဲ "

" ဆိုင်ဘာမှုခင်းအဖွဲ့ကရော? ချန်ဖေ့အဆက်အသွယ်ထဲက ကားမီးရှို့တဲ့သူ လိုင်းပေါ်မှာရှိလောက်တယ် "

" အင်း၊ စုံစမ်းနေပါတယ်၊ သူခြေရာလက်ရာမကျန်ဘူးဆိုတာ မယုံဘူး "

" ကားမီးရှို့မှုမှာရော တိုးတက်မှုရှိသေးလား? အဲ့ဒီ့ ဖုန်ဖေးလား? "

ချိုးယန် ပြောလိုက်သည်။

" ဖုန်ဖေးက ကားမီးရှို့တဲ့သူ ဖြစ်ပုံမရဘူး၊ ဒါပေမယ့် သူဘယ်သူလုပ်တယ်ဆိုတာ သိမယ်လို့ ထင်တယ်၊ ဘာပဲဖြစ်ဖြစ် သူတစ်ခုခုတော့ သိရမယ်၊ ကျွန်မသူ့ကို ထိန်းသိမ်းဖို့စာတင်ထားပြီးပြီ၊ သူ့ခံနိုင်ရည်လည်း မကြာခင် ပြိုကွဲသွားမှာပဲ၊ ပါးစပ်ဖွင့်ဖို့ မဝေးတော့ပါဘူး "

ကုံးရင့်ရှန်လည်း ပြောလာသည်။

" အခု သူတို့ကို နှစ်ဖက်ညှပ်ပိတ်ထားတော့ နှစ်ယောက်လုံး ကျိန်းသေပေါက် လမ်းဆုံးမှာပိတ်မိနေလိမ့်မယ်၊ သူတို့စိတ်ရိုင်းဝင်လာရင် အချင်းချင်းကိုက်ကြမှာ၊ ရေနစ်ဖို့မဝေးတော့ဘူး "

သုံးယောက်ထိုင်ပြီး ရန်ရိကို အမှုကိစ္စအကြောင်းထပ်ပြောပြကြသည်။ ရန်ရိက သူမီးသတ်ဌာနချုပ်သွားပြီး ပေါင်ရှန့်စက်မှုဇုန်မီးလောင်မှုနဲ့ ‌ကုံးမိသားစုမီးလောင်မှု အချက်အလက်တွေ သွားစစ်ကြည့်ပေးမယ်လို့ပြောလိုက်သည်။ မီးသတ်သမားတစ်ယောက်ချင်းစီလိုက်မေးရင် ဘာမှမရဘူးဆိုတာ မဖြစ်နိုင်။

တစ်ချိန်တည်းမှာပဲ သူ့အဖေဆီပြန်ပြီး စကားကောင်းကောင်းပြောရမည်။ သူ့အဖေနည်းနည်းပဲမှတ်မိတာလည်း ဖြစ်နိုင်ပေမယ့် အနည်းဆုံးတော့ ခြောက်နှစ်သားကလေး မှတ်ဉာဏ်ထက် ပိုအသုံးဝင်သေး၏။

========

ဒီ 48.1 က Chapter တစ်ခုစာရှည်လို့ နှစ်ပိုင်းကန့်လိုက်ရတယ် \(°o°)/

========

{ Zawgyi }

ရန္ရိ ကုံးရင့္႐ွန္ေနာက္က လိုက္ဝင္သြားသည္။ အခန္းႀကီးထဲ၌ စာအုပ္စင္တစ္တန္းႏွင့္ စားပြဲခုံႀကီးေတြ႐ွိသည္။ စားပြဲခုံေတြေပၚမွာေတာ့ ခင္းက်င္းျပထားေသာ ပစၥည္းမ်ား႐ွိၿပီး နံရံက ဓာတ္ပုံမ်ား၊ သတင္းစာျဖတ္ပိုင္းစမ်ား၊ ေဆာင္းပါးစမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

အျဖဴေရာင္စားပြဲခင္း, ခင္းထားေသာ လွပေသသပ္စြာျပဳလုပ္ထားသည့္ စားပြဲငယ္မ်ားအနက္ တစ္ခုေပၚတြင္ေတာ့ ဓာတ္ပုံမွန္ေဘာင္ေလးတစ္ခုသာ ႐ွိေနသည္။

ကုံးရင့္႐ွန္ စားပြဲဆီေလွ်ာက္သြားၿပီး၊ လက္အိတ္မ်ားခြၽတ္ကာ၊ ဓာတ္ပုံမွန္ေဘာင္ေလးကို ယူလိုက္ၿပီး ဓာတ္ပုံထဲကလူကို သူ႕လက္ေခ်ာင္းသြယ္မ်ားျဖင့္ ညင္သာစြာ ထိေတြ႕သည္။

ရန္ရိ သူ႕ဆီေလွ်ာက္သြားေတာ့ ရန္ရိကို ဓာတ္ပုံမွန္ေဘာင္ ‌ကမ္းေပးလာသည္။

ရန္ရိ တည္တည္တံ့တံ့ယူလိုက္၏။ သူယူလိုက္ရတာက ဓာတ္ပုံေဘာင္ေလးတစ္ခုမဟုတ္၊ လူတစ္ေယာက္ ဆယ့္႐ွစ္ႏွစ္တာလုံး သူစိမ္းတစ္ေယာက္ကို မေပးခဲ့ဖူးသည့္ ယုံၾကည္မႈမ်ားပင္။

ထိုဓာတ္ပုံက မိသားစုေလးေယာက္စု႐ိုက္ထားေသာပုံျဖစ္ၿပီး ရန္ရိ ေတြ႕ဖူးသမွ်ထဲမွာ အခန္႔ညားဆုံး မိသားစုဆိုလည္းဟုတ္သည္။ ဖခင္က ခန္႔ညားရည္မြန္၍ မိခင္က ႏွစ္သက္ဖြယ္ေကာင္းၿပီး ကေလးႏွစ္ေယာက္ကေတာ့ နတ္သူငယ္မ်ားအလား ေခ်ာေမာလွပသည္။

ရန္ရိ ဓာတ္ပုံထဲက ကေလးဆန္ၿပီး ခ်စ္စရာေကာင္းတဲ့ ေကာင္ေလးကို ၾကည့္လိုက္သည္။ သူ႕မ်က္လုံးေတြက စမ္းေရၾကည္လို ၾကည္လင္ၿပီး သူ႕အျပဳံးက ပန္းတစ္ပြင့္လို ထူးျခားေျပာင္ေျမာက္သည္။ သူ႕အေမက လက္ေမာင္းေတြကိုကိုင္‌ထားရင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ လက္ျဖန္႔ကားထားသည္မွာ ကမ႓ာႀကီးကို ေထြးေပြ႕ရန္ ကမ္းလင့္ေနသည့္အလား။ သူ႕မ်က္ႏွာ၌ အေၾကာက္တရားမ႐ွိ၊ ခက္ထန္ျခင္းမ႐ွိ၊ ပူေဆြးမႈမ်ားလည္း ႐ွိမေနေခ်။

သို႔ေသာ္လည္း မ်ားမၾကာခင္ ထိုကေလးသည္ အရာအားလုံးထံမွ အေဝးပို႔ခံလိုက္ရၿပီး တိမ္စိုင္ေတြၾကားကေန မလြတ္ေျမာက္ႏိုင္ေသာ အသူရာေခ်ာက္နက္ထဲသို႔ က်ဆင္းသြားရပါ၏။

ရန္ရိ မေနႏိုင္ဘဲေခါင္းေမာ့ၿပီး အ႐ြယ္ေရာက္လာတဲ့ ကုံးရင့္႐ွန္ကို ၾကည့္မိသည္။ ရင္ဘတ္ထဲမွာေတာ့ ေျပာမျပတတ္ေအာင္ နာက်င္လ်က္။

ကုံးရင့္႐ွန္ ‌အၾကည့္လႊဲသြားၿပီး တိုးတိုးေျပာလာသည္။

" ကြၽန္ေတာ့္ကို အဲ့လိုမ်က္လုံးေတြနဲ႔ မၾကည့္နဲ႔ "

ရန္ရိ ဓာတ္ပုံေဘာင္ကိုဆုပ္ကိုင္ထားရင္း ဘာေျပာရမွန္းမသိေအာင္ကို ဝမ္းနည္းပူေဆြးေနသည္။

" ကြၽန္ေတာ့္က်ဲနဲ႔ ယန္က်ဲက အခ်စ္ဆုံးသူငယ္ခ်င္းေတြအျဖစ္ အတူႀကီးျပင္းလာၾကတာ "

ကုံးရင့္႐ွန္က ခပ္ဖြဖြရယ္သည္။

" ကြၽန္ေတာ္ငယ္ငယ္ကဆို သူတို႔ေနာက္လိုက္ရတာ သေဘာက်တယ္၊ ဒါေပမယ့္ သူတို႔က ကြၽန္ေတာ္အ႐ြယ္‌ေရာက္လာမွပဲ ကစားေပးႏိုင္မယ္တဲ့ "

ရန္ရိ ဓာတ္ပုံထဲက မိန္းကေလးကိုၾကည့္ေတာ့ ကုံးေဖးလန္ႏွင့္ နဲနဲဆင္သည္။ ခ်ိဳးယန္ေျပာခဲ့သလိုပဲ နတ္သမီးတစ္ပါးလို မိန္းကေလးတစ္ေယာက္ပင္။

" ကြၽန္ေတာ္ အ႐ြယ္ေရာက္လာေပမယ့္ သူကေတာ့ အ႐ြယ္ေရာက္မလာေတာ့ဘူး "

ရန္ရိ ႏွာေခါင္းစူးလာၿပီး ဓာတ္ပုံကို သူ႕အရင္ေနရာဆီ ေသခ်ာျပန္ထားရင္း စိတ္ထဲမွာ ေကာင္းကင္ဘုံက ကုံးမိသားစုကိုေကာင္းခ်ီးေပးၿပီး သူတို႔အစား တရားခံကိုအျပစ္ေပးရမယ္လို႔ ေတြးလိုက္သည္။

ကုံးရင့္႐ွန္ စားပြဲမွာထိုင္ရင္း သူေ႐ွ႕က ထိုင္ခုံကို ၫႊန္ျပလိုက္သည္။

" ထိုင္ "

ရန္ရိထိုင္ၿပီး လွည့္ပတ္ၾကည့္လိုက္ေတာ့ နံရံေပၚက အေထာက္အထားေတြက သူ႕ကို မင္သက္သြားေစသည္။ သူသည္လည္း ထိုမီးအခင္းျဖစ္ပြားၿပီး႐ိုက္ယူထားေသာ ဓာတ္ပုံမ်ားႏွင့္ ရင္ႏွီးေနသည္။

ကုံးရင့္႐ွန္ ရန္ရိၾကည့္ေနတဲ့ဘက္ကို ၾကည့္လိုက္သည္။ သူဘယ္သူ႕ကိုမွ ဒီအေၾကာင္းေတြ ျပန္မေျပာျပဖူးေတာ့ ခဏေလာက္ ဘာေျပာရမွန္းမသိျဖစ္သြားသည္။ သူအေတြးေတြစုစည္းၿပီး ေျဖးေျဖးေျပာလိုက္သည္။

" ကြၽန္ေတာ့္အေဖ အရင္တုန္းက ေပါင္႐ွန္႔အဖြဲ႕အစည္းဥကၠဌ၊ ေပါင္႐ွန္႔ဓာတုစက္မႈဇုန္ကလည္း ေပါင္႐ွန္႔အဖြဲ႕အစည္းလက္ေအာက္က တစ္ခုပဲ၊ မေတာ္တဆျဖစ္ရတဲ့အေၾကာင္းရင္းကို ခင္မ်ားသိေလာက္ပါတယ္ "

ရန္ရိ ေခါင္းညိတ္ျပလိုက္ၿပီး

" ဓာတုပစၥည္းပါဝင္တဲ့ျဒပ္ေပါင္း ေပါက္ကြဲတယ္လို႔ေျပာတယ္ "

" ဟုတ္တယ္ ဓာတုျဒပ္ေပါင္းေပါက္ကြဲေတာ့ ပတ္ဝန္းက်င္က ဓာတုပစၥည္းေတြကို မီးစြဲၿပီး ‌ကြင္းဆက္ေပါက္ကြဲမႈေတြျဖစ္သြားတာ၊ ဒါက အျငင္းပြားစရာမ႐ွိဘူး၊ ဒါေပမယ့္ မေတာ္တဆမႈအဓိကအေၾကာင္းရင္းနဲ႔  က်ဴးလြန္ခဲ့တဲ့သူကေတာ့....."

ကုံးရင့္႐ွန္ အံႀကိတ္လိုက္သည္။

" အဲ့တာက က်ိန္းေသေပါက္ မီဒီယာေတြေျပာသလို မ‌ဟုတ္ဘူး "

" မင္းဆိုလိုတာက အဲ့ဒီ့ႏွစ္က စုံစမ္းစစ္ေဆးေရး မွားယြင္းေနခဲ့တာေပါ့? "

" တစ္ေယာက္ေယာက္ အမႈစုံစမ္းေရးကို ႀကိဳးကိုင္ထားတာပဲ၊ ထြက္ဆိုခ်က္အမွားဖန္တီးၿပီး ရလဒ္လြဲေအာင္လုပ္လိုက္တယ္၊ အဲ့ကိစၥေပၚသြားမွာလည္း  သိေရာ ကြၽန္ေတာ့္အေဖကို သတ္လိုက္တယ္၊ သတ္ေသမႈလို႔ မွားေအာင္လုပ္ၿပီး အျပစ္အားလုံး ကြၽန္ေတာ့္အေဖေပၚ ပုံခ်ခဲ့တယ္ "

ရန္ရိ မ်က္ေမွာင္တင္းတင္းၾကဳတ္လိုက္ၿပီး

" ဘယ္သူလုပ္လဲ မင္းသိလား? "

" ကြၽန္ေတာ္ သံသယဝင္တာေတြ႐ွိတယ္၊ ဒါေပမယ့္ မေသခ်ာဘူး "

ကုံးရင့္႐ွန္ အေလးအနက္ထားေျပာလာသည္။

" ဒီအမႈကအရမ္း႐ႈပ္ေထြးတယ္၊ အဖြဲ႕အစည္းအတြင္းေရာ အျပင္ကပါ လူေတြအမ်ားႀကီး ပါဝင္ပတ္သက္ေနတယ္၊ အရင္က သက္ေသေတြကလည္း ႐ွာဖို႔ခက္တယ္၊ ယန္က်ဲနဲ႔ကြၽန္ေတာ္ စုံစမ္းေရးမွာ အခက္ေတြ႕ေနတာ "

ရန္ရိ ခဏေလာက္ေတြးလိုက္ၿပီး ေမးခြန္းနဲနဲေမးလိုက္သည္။

" စက္မႈဇုန္မီးေလာင္မႈက မေတာ္တဆလား? ႐ိႈ႕မီးလား? အရင္က အဲ့အမႈကို ဘယ္သူစုံစမ္းခဲ့တာလဲ? မင္းအိမ္အမႈကိုစုံစမ္းတဲ့သူေတြနဲ႔ တစ္ဖြဲ႕တည္းလား? ဘာအသုံးဝင္တဲ့သက္ေသေတြ ႐ွိေသးလဲ? "

" စက္မႈဇုန္ကိစၥစုံစမ္းေရးကေတာ့ မေတာ္တဆမႈလို႔ေျပာတာပဲ၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔အိမ္အမႈအတြက္ အဲ့ဒီ့အမႈစုံစမ္းတဲ့သူကိုပဲ ထပ္ခ်ေပးကတည္းက ကြၽန္ေတာ့္စိတ္ထဲ သံသယဝင္ေနတာ၊ လြန္ခဲ့တဲ့ ဆယ့္႐ွစ္ႏွစ္က အီလက္ထေရာနစ္ဆက္သြယ္ေရးလည္း မထြန္းကားေသးဘဲ အင္တာနက္ေတြကလည္း ထြန္းကားစပဲ႐ွိေသးေတာ့ အဲ့ဒီ့ႏွစ္မွာပဲ စုံစမ္းေရးအဆုံးသတ္ၿပီး အမႈပိတ္လိုက္တယ္၊ အသုံးဝင္တဲ့သက္ေသ နဲနဲပဲ႐ွိတာ၊ ခဏေန ကြၽန္ေတာ္ျပမယ္ "

" စုံစမ္းေရးမႉးက အႀကီးဆုံးသံသယတရားခံမလား? "

ကုံးရင့္႐ွန္မ်က္လုံးမ်ား မုန္းတီးမႈျဖင့္ ျပည့္လွ်ံလာသည္။

" အမႈပိတ္ၿပီး ႏွစ္,ႏွစ္ေလာက္အၾကာမွာ ဟန္းနင္‌ စုံစမ္းစစ္ေဆးေရးေခါင္းေဆာင္ ‌ဆုံးသြားတယ္၊ အရက္ထဲအဆိပ္ခတ္ခံရတာ "

" သူႏႈတ္ပိတ္ခံလိုက္ရတာမ်ားလား? "

" ျဖစ္ႏိုင္တယ္၊ သူက အစကတည္းက အႀကီးဆုံးလမ္းစတစ္ခုျဖစ္ခဲ့တာပဲ "

ကုံးရင့္႐ွန္ ႐ုပ္တည္တည္နဲ႔ေျပာသည္။

" တစ္ေယာက္ေယာက္က အတိတ္ကကိစၥေတြအားလုံးကို ျပာေတြၾကားမွာျမႇဳပ္ထားၿပီး ေနေရာင္မ‌ရေစခ်င္ဘူး၊ ကြၽန္ေတာ္က အဲ့တာေတြကို ေျမလွန္ၿပီး ကမ႓ာေပၚမွာ ျမင္သာေအာင္ ခ်ျပမယ္ "

" ဟို ငွက္မ်က္ႏွာဖုံးကေရာ ဘာကိစၥလဲ? "

ကုံးရင့္႐ွန္ မ်က္လႊာခ်လိုက္ၿပီး

" အဲ့ဒီ့ညက ငွက္မ်က္ႏွာဖုံးနဲ႔လူတစ္ေယာက္ ေပၚလာတယ္၊ ကြၽန္ေတာ္သူ႕ကိုေတြ႕တယ္၊ ဒါေပမယ့္ သရဲလို႔ထင္လိုက္တာ၊ ႏွစ္ေတြၾကာတာေတာင္ ပုံရိပ္ေယာင္ဟုတ္မဟုတ္ဆိုတာ ကြၽန္ေတာ္မေသခ်ာဘူး၊ အဲ့လိုလူ႐ွိခဲ့လားဆိုတာ အတည္ျပဳဖို႔ စိတ္ဆရာဝန္ရဲ႕ အိပ္ေမြ႕ခ်ကုထုံးေအာက္မွာ မွတ္ဉာဏ္ေတြ ျပန္ေဖာ္ၾကည့္ဖူးတယ္၊ ဒီလိုနဲ႔ အမႈပိတ္သြားတာလည္း ႏွစ္အရမ္းၾကာၿပီး ေျခာက္ႏွစ္သားတစ္ေယာက္ရဲ႕ သက္ေသထြက္ဆိုမႈကလည္း အသုံးမဝင္ခဲ့ဘူး "

" အတိတ္ကိုျပန္ၾကည့္တာ....."

ရန္ရိ အသက္႐ွဴလိုက္သည္။

မွတ္ဉာဏ္ျပန္ေဖာ္ဖို႔ဆိုရင္ အိပ္ေမြ႕ခ်သူရဲ႕ဦးေဆာင္မႈေအာက္မွာ မင္းမွတ္ဉာဏ္အစိတ္အပိုင္းေတြဆီ ျပန္သြားရမွာျဖစ္ၿပီး အမ်ားအားျဖင့္ တစ္ႀကိမ္တည္းနဲ႔ ေအာင္ျမင္ဖို႔ဆိုတာ မျဖစ္ႏိုင္။ တစ္နည္းေျပာရရင္ ကုံးရင့္႐ွန္ဟာ မီးေလာင္တဲ့ညက သူ႕အိမ္ကို အႀကိမ္ႀကိမ္အခါခါျပန္သြားရၿပီး သူ႕ခႏၶာကိုယ္မွာ အဖန္ဖန္အထပ္ထပ္ ေနရာဝင္ရမည္ျဖစ္သည္။ ထိတ္လန္႔စရာအေကာင္းဆုံး၊ အနာက်င္ရဆုံး၊ အရက္စက္ဆုံးမွတ္ဉာဏ္ေတြထဲမွာ သက္ေသ႐ွာဖို႔အတြက္ပင္။

ကုံးရင့္႐ွန္ မ်က္ႏွာေပၚမွာ ဘာအပိုအလိုခံစားခ်က္မွမ႐ွိေပမယ့္ မ်က္လုံးမ်ားကေတာ့ ခံစားခ်က္မဲ့ေန၏။

ရန္ရိ စိတ္ပင္ပန္းရသည္။ ကုံးရင့္႐ွန္ႏိုင္ငံျခားမွာအဲ့ဒီ့ႏွစ္ေတြထဲ ဘယ္လို႐ွင္သန္ခဲ့ရတယ္ဆိုတာ သူစိတ္မကူးတတ္ေပ။ သူမေနႏိုင္ဘဲ လက္ဆန္႔ကာ ကုံးရင့္႐ွန္ေခါင္းကိုထိကိုင္လိုက္ရင္း တုန္တုန္ယင္ယင္နဲ႔ ေျပာလိုက္သည္။

" မင္းခံစားခဲ့ရတာပဲ "

ကုံးရင့္႐ွန္ ခႏၶာကိုယ္အနည္းငယ္ တုန္လႈပ္သြားၿပီး တစ္ခုခုကို ခ်ဳပ္တည္းထားရသလို အမူအရာကေတာင့္တင္းေနလ်က္ တိုးတိုးေျပာလာသည္။

" ကြၽန္ေတာ္ တရားခံကိုဖမ္းႏိုင္မယ္ဆိုသေ႐ြ႕ ဘယ္တန္ဖိုးမဆိုေပးႏိုင္တယ္ "

" ငါတို႔ က်ိန္းေသေပါက္ တရားခံကို ဖမ္းမိမွာပါ "

ရန္ရိ ယုံၾကည္ခ်က္႐ွိ႐ွိ ေျပာလိုက္သည္။

" စြဲခ်က္တင္ႏိုင္တဲ့ကာလ မကုန္ေသးခင္ အတြင္းလူတစ္ေယာက္ မင္းလက္ထဲေရာက္လာတယ္ဆိုကတည္းက တိုက္ဆိုင္မႈမဟုတ္ေတာ့ဘူး၊ အလင္းနဲ႔ထိေတြ႕ဖို႔အခ်ိန္က်ၿပီဆိုတာ သက္ေသျပတယ္ "

ကုံးရင့္႐ွန္ အမူအရာေတြကို ထိန္းခ်ဳပ္လိုက္ၿပီး

" စုံစမ္းစစ္ေဆးေရး အစကေနအဆုံးထိ ငွက္မ်က္ႏွာဖုံးေပၚမလာဘူး၊ ကြၽန္ေတာ္ အဲ့အခ်ိန္က ေသခ်ာမခြဲျခားႏိုင္ေတာ့ ရဲေတြကလည္း သရဲကိုအယုံအၾကည္မ႐ွိဘူး၊ အဲ့ေတာ့ တရားခံပဲ ငွက္မ်က္ႏွာဖုံးကိစြသိလိမ့္မယ္၊ ဟိုေခါင္းစြပ္သမား ဘယ္လိုသိလဲဆိုတာ ကြၽန္ေတာ္ ေဖာ္ထုတ္ရမယ္ "

" အခုေတာ့သူက အႀကီးဆုံးလမ္းစပဲ၊ မင္းရဲအရာ႐ွိလုပ္တာ ဒီလိုေန႔မ်ိဳးအတြက္ပဲမလား? "

ကုံးရင့္႐ွန္ ေခါင္းညိတ္သည္။

" ရဲတစ္ေယာက္ျဖစ္မွသာ ျပည္သူ႕ကာကြယ္ေရးစနစ္က အေရးႀကီးတဲ့အခ်က္အလက္ အရင္းျမစ္ေတြ သုံးႏိုင္တယ္၊ ယန္က်ဲလည္း ကြၽန္ေတာ္နဲ႔ အၾကံတစ္ခုတည္း႐ွိခဲ့တာပဲ၊ ဒီႏွစ္ေတြမွာ သူ႕ေက်းဇူးေၾကာင့္ပဲ ကြၽန္ေတာ္အသက္ငယ္တုန္းမွာ သူစုံစမ္းစစ္ေဆးဖို႔အေကာင္းဆုံးႀကိဳးစားၿပီး သက္ေသေတြစုထားႏိုင္ခဲ့တာ၊ မဟုတ္ရင္ ‌ေပ်ာက္ကြယ္သြားေတာ့မယ့္ သက္ေသေတြခ်န္ထားခဲ့ရမွာ၊ သူမ႐ွိဘဲနဲ႔ ကြၽန္ေတာ္ဒီေန႔ ႐ွင္သန္ႏိုင္မွာမဟုတ္ဘူး "

ရန္ရိ အခုေတာ့ ကုံးရင့္႐ွန္ဘာေၾကာင့္ ခ်ိဳးယန္ကိုပဲညင္သာၿပီး အနီးကပ္ေနတယ္ဆိုတာကို အျပည့္အဝနားလည္သြားသည္။ သူတို႔က တူညီတဲ့နာက်င္မႈနဲ႔ လွ်ိဳ႕ဝွက္ခ်က္ေတြကို ထိန္းသိမ္းထားရၿပီး တစ္ေလွ်ာက္လုံး တစ္ဦးကိုတစ္ဦး ေဖးမကူညီၾကရသည္။ ဒီလို နက္နဲေသာဆက္ဆံေရးက ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္မကြာဘဲ ခ်ိဳးယန္ဆိုတာ သူႏိႈင္းယွဥ္မရႏိုင္ေသာလူစားမ်ိဳးပင္တည္း။

ရန္ရိရင္ထဲ အနည္းငယ္စူးေအာင့္လာသည္။ သို႔ေပမယ့္ အနည္းဆုံး ကုံးရင့္႐ွန္တစ္‌ေယာက္တည္း မတိုက္ခိုက္ရတာ ေတာ္ေသး၏။

" ေခါင္းေဆာင္ခ်ိဳးက တကယ္ကို သာမန္အမ်ိဳးသမီးမဟုတ္ဘူးပဲ၊ သူမင္းကို ကူညီေပးဖို႔ ႐ွိေနတာ ကံေကာင္းတယ္ "

ကုံးရင့္႐ွန္ မတ္တပ္ရပ္ၿပီး အေထာက္အထားနံရံဆီ ေလွ်ာက္သြားသည္။

" ၾကည့္ရေအာင္ "

ရန္ရိလည္း လိုက္သြားရင္း မီးေလာင္ၿပီးေနာက္ပိုင္းဓာတ္ပုံမ်ားႏွင့္ ေဟာင္းႏြမ္းႏြမ္းစကၠဴျဖတ္ပိုင္းစမ်ားကို အနီးကပ္ၾကည့္လိုက္ေတာ့ ပိုၿပီးအံ့ဩသြားရသည္။

မီးေလာင္မႈသက္ေသေတြကို ခ်က္ခ်င္းစုေဆာင္းခဲ့သည္ဆိုရင္ေတာင္ အခင္းေနရာက အႀကီးအက်ယ္ကို ေမႊေႏွာက္ဖ်က္ဆီးခံလိုက္ၿပီး ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားေတာ့ ဒီဟာေတြကို စုေဆာင္းဖို႔ မလြယ္ကူလွေပ။

" ကြၽန္ေတာ္အရင္က သက္ေသေတြကို မီးမႈခင္းေဖာ္ထုတ္ေရးကြၽမ္းက်င္သူတစ္ေယာက္နဲ႔ ၾကည့္ခဲ့ဖူးတယ္ ပုံထဲကအစက္အေျပာက္ေတြအရမ္းမွိန္ေတာ့ ကြၽန္ေတာ္ အမႈအခ်က္အလက္ေတြကို သူစိမ္းေတြဆီ မျပရဲဘူး၊ ဘာမွလည္း အသုံးဝင္တာမေတြ႕ဘူး၊ မၾကာခင္က ပုံေဟာင္းေတြကိုအမွန္တကယ္ ျပန္ပုံေဖာ္ႏိုင္တဲ့ AI နည္းပညာအသစ္အေၾကာင္း ၾကားမိၿပီး ပုံေတြအားလုံးကို ျပန္ပုံေဖာ္ဖို႔ပို႔ေပးလိုက္တယ္ "

" ဒါက မင္းစုေဆာင္းႏိုင္တဲ့ သက္ေသအကုန္လုံးလား? "

" အေထြေထြအုပ္ခ်ဳပ္ေရးဗ်ဴ႐ိုျပတိုက္မွာ သိမ္းထားတဲ့ သက္ေသေတြ႐ွိေသးတယ္၊ ဒီအမႈပိတ္လိုက္ၿပီးေနာက္ပိုင္း ႏွစ္ ၂၀ ၾကာတဲ့အထိ သူတို႔ထိန္းသိမ္းထားမွာ၊ ႏွစ္၂၀ၾကာၿပီးေတာ့ ဘာစြဲဆိုခ်က္မွမ႐ွိဘူးဆိုရင္ ဖ်က္ဆီးလိုက္ၿပီး အီလက္ထေရာနစ္ဖိုင္ေတြပဲ ခ်န္ထားလိမ့္္မယ္ "

" အဲ့ေတာ့ မင္းအဲ့ဒါေတြရလား? "

ကုံးရင့္႐ွန္ ေခါင္းခါသည္။

" ကြၽန္ေတာ္ၾကည့္ၿပီး ဓာတ္ပုံ႐ိုက္ခဲ့ဖူးတယ္၊ ဒါေပမယ့္ ထုတ္လို႔မရဘူး၊ ကြၽန္ေတာ္႕မွာ သက္ေသေတာင္းခံဖို႔ အေၾကာင္းျပခ်က္မွမ႐ွိဘဲ၊ အဲ့ဒီ့အစားေႁမြကို လွန္႔မိသလိုျဖစ္သြားလိမ့္မယ္၊ ကြၽန္ေတာ့္မွာ ပိတ္ထားတဲ့အမႈကို စိန္ေခၚရေလာက္တဲ့အထိ သက္ေသခိုင္ခိုင္လုံလုံ႐ွိမ႐ွိရင္ ျပႆနာႀကီးသြားမယ္၊ ဆိုလိုတာက အမႈကိုကိုင္တြယ္တဲ့ ဝန္ထမ္းအားလုံး တာဝန္ခံရလိမ့္မယ္၊ ၿပီးေတာ့ အဲ့တာေတြကို အာမခံခ်က္အျပည့္အဝမ႐ွိဘဲ ေ႐ႊ႕ေျပာင္းလို႔မရဘူး "

" ပုံျပန္ေဖာ္ထားတဲ့ ဓာတ္ပုံေတြျပန္‌ေရာက္လာရင္ ငါတို႔ မီးသုံးသပ္ေရးထပ္လုပ္လို႔ရတယ္ "

ထိုအခ်ိန္ တံခါးေခါက္သံၾကားလိုက္ရၿပီး ခ်ိဳးယန္ေရာက္လာသည္။

ရန္ရိနဲ႔သူမ အျပန္အလွန္ႏႈတ္ဆက္လိုက္ၾကသည္။ သူမကေတာ့ သေဘာထားႀကီးကာ ယုံၾကည္မႈ႐ွိ၍ စြမ္းေဆာင္ႏိုင္စြမ္း႐ွိေနလ်က္ပင္။ ဒီေန႔သူမ မီးခိုးမိႈင္းေရာင္ဝတ္စုံကို ဝတ္လာခဲ့ၿပီး အေရာင္နဲ႔ ဒီဇိုင္းက ကုံးရင့္႐ွန္ဝတ္စုံႏွင့္ ဆင္တူသည္။ သူတို႔ႏွစ္ေယာက္ ယွဥ္ရပ္လိုက္ခ်ိန္မွာ ႏွစ္ေယာက္သားရင္းႏွီး႐ုံတင္မကဘဲ စိတ္ေရာကိုယ္ပါ အလြန္လိုက္ဖက္ညီသည့္ စုံတြဲကဲ့သို႔ပင္။

ရန္ရိ သူတို႔အနားမွာရပ္ဖို႔ ေနရာေတာင္ မ႐ွိသလိုခံစားလာရၿပီး ကိုယ့္ကိုကိုယ္ေလွာင္ရယ္လိုက္သည္။

" ရင့္႐ွန္၊ မင္းေခါင္းေဆာင္ကို အမႈအေၾကာင္း ေျပာျပလိုက္တာလား? "

ကုံးရင့္႐ွန္က " အင္း " ဟုေျပာလာသည္။

" ေခါင္းေဆာင္ ကူညီႏိုင္တာ ေကာင္းတာေပါ့ "

ခ်ိဳးယန္ကျပဳံးသည္။

" မီးမႈခင္းစုံစမ္းေရးကြၽမ္းက်င္သူတစ္ေယာက္ ဒီေရာက္ေနတယ္၊ က်ိန္းေသေပါက္ အမႈအတြက္ အလွည့္အေျပာင္းျဖစ္လာမွာပဲ "

ရန္ရိ ေျပာလိုက္သည္။

" ယဥ္ေက်းေနပါၿပီ၊ အခု တရားခံက အလွည့္အေျပာင္းအသစ္ပဲ၊ ကြၽန္ေတာ္ေတာ့ ဘုရားသခင္စီမံတာလို႔ထင္တယ္ "

ခ်ိဳးယန္က ေခါင္းညိတ္ၿပီး

" အင္း၊ ဆယ့္႐ွစ္ႏွစ္ေတာင္ ႐ွိခဲ့ၿပီ၊ ဘာလို႔‌ေနာက္ဆုံးအခ်ိန္မွ သဲလြန္စလာေပးတာမ်ားလဲ? ဒီလို ကံၾကမၼာမ်ိဳးက တကယ္ကိုလွ်ိဳ႕ဝွက္ဆန္းၾကယ္တယ္ "

သူမျပဳံးလိုက္သည္။

" ေခါင္းေဆာင္က ကြၽန္မတို႔ရဲ႕ ကံေကာင္းျခင္းၾကယ္ပြင့္ေလးျဖစ္ေလာက္တယ္ "

ရန္ရိလည္းပဲ ျပဳံးလိုက္ၿပီး

" ကြၽန္ေတာ္လည္း တရားခံကို အျမန္ဆုံး႐ွာႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္ "

" ကြၽန္မဌာနခြဲကလာတုန္းက ဆိုင့္ေခ်ာင္ တရားခံခ်န္ေဖ့ကို အမႈစစ္ေနတယ္၊ အဲ့ဒီ့လူက တကယ္ခက္တယ္၊ ဘာကိုမွမေၾကာက္ပုံပဲ၊ ရဲေတြကို စကားမေျပာသလို လွည့္စားတာမ်ိဳးလည္းမလုပ္ဘူး၊ ကြၽန္မတို႔ ျပႆနာေတြကို ေခါင္းေ႐ွာင္ထားတယ္၊ သူက သက္ေသေ႐ွ႕ေရာက္ေနၿပီ၊ အဲ့ေန႔ကသူဝမ္ရမ့္အေဆာက္အအုံမွာ ႐ွိခဲ့ေၾကာင္း ျငင္းဆန္ဖို႔မျဖစ္ႏိုင္ဘူး၊ ဒါေပမယ့္ သူမီး႐ိႈ႕ေၾကာင္း ဝန္မခံတာပဲ "

[ T/n : ဒီခ်န္ေဖ့က ေခါင္းစြပ္သမား၊ ဟိုကားမီး႐ိႈ႕တယ္လို႔ သံသယ႐ွိတဲ့သူက ဖုန္ေဖး၊ ကိုယ္လည္းလည္ေနၿပီ ]

" သူ႕ၾကံရာပါေတြကေရာ ဘယ္မွာလဲ? "

" သူၾကံရာပါႏွစ္ေယာက္လည္း အဖမ္းခံရတယ္၊ သူတို႔ကအတူေပါင္းေနတာ၊ တစ္ခါတစ္ေလ လူေတြကိုေျခာက္လွန္႔ၿပီး တစ္ခါတစ္ေလက် အေႂကြးလိုက္သိမ္းတယ္၊ ဒါေပမယ့္ မီး႐ိႈ႕မႈအေၾကာင္းေတာ့ သိပုံမရဘူး၊ ကြၽန္မတို႔ ဆက္စုံစမ္းေနတုန္းပဲ "

" ဆိုင္ဘာမႈခင္းအဖြဲ႕ကေရာ? ခ်န္ေဖ့အဆက္အသြယ္ထဲက ကားမီး႐ိႈ႕တဲ့သူ လိုင္းေပၚမွာ႐ွိေလာက္တယ္ "

" အင္း၊ စုံစမ္းေနပါတယ္၊ သူေျခရာလက္ရာမက်န္ဘူးဆိုတာ မယုံဘူး "

" ကားမီး႐ိႈ႕မႈမွာေရာ တိုးတက္မႈ႐ွိေသးလား? အဲ့ဒီ့ ဖုန္ေဖးလား? "

ခ်ိဳးယန္ ေျပာလိုက္သည္။

" ဖုန္ေဖးက ကားမီး႐ိႈ႕တဲ့သူ ျဖစ္ပုံမရဘူး၊ ဒါေပမယ့္ သူဘယ္သူလုပ္တယ္ဆိုတာ သိမယ္လို႔ ထင္တယ္၊ ဘာပဲျဖစ္ျဖစ္ သူတစ္ခုခုေတာ့ သိရမယ္၊ ကြၽန္မသူ႕ကို ထိန္းသိမ္းဖို႔စာတင္ထားၿပီးၿပီ၊ သူ႕ခံႏိုင္ရည္လည္း မၾကာခင္ ၿပိဳကြဲသြားမွာပဲ၊ ပါးစပ္ဖြင့္ဖို႔ မေဝးေတာ့ပါဘူး "

ကုံးရင့္႐ွန္လည္း ေျပာလာသည္။

" အခု သူတို႔ကို ႏွစ္ဖက္ညႇပ္ပိတ္ထားေတာ့ ႏွစ္ေယာက္လုံး က်ိန္းေသေပါက္ လမ္းဆုံးမွာပိတ္မိေနလိမ့္မယ္၊ သူတို႔စိတ္႐ိုင္းဝင္လာရင္ အခ်င္းခ်င္းကိုက္ၾကမွာ၊ ေရနစ္ဖို႔မေဝးေတာ့ဘူး "

သုံးေယာက္ထိုင္ၿပီး ရန္ရိကို အမႈကိစၥအေၾကာင္းထပ္ေျပာျပၾကသည္။ ရန္ရိက သူမီးသတ္ဌာနခ်ဳပ္သြားၿပီး ေပါင္႐ွန္႔စက္မႈဇုန္မီးေလာင္မႈနဲ႔ ‌ကုံးမိသားစုမီးေလာင္မႈ အခ်က္အလက္ေတြ သြားစစ္ၾကည့္ေပးမယ္လို႔ေျပာလိုက္သည္။ မီးသတ္သမားတစ္ေယာက္ခ်င္းစီလိုက္ေမးရင္ ဘာမွမရဘူးဆိုတာ မျဖစ္ႏိုင္။

တစ္ခ်ိန္တည္းမွာပဲ သူ႕အေဖဆီျပန္ၿပီး စကားေကာင္းေကာင္းေျပာရမည္။ သူ႕အေဖနည္းနည္းပဲမွတ္မိတာလည္း ျဖစ္ႏိုင္ေပမယ့္ အနည္းဆုံးေတာ့ ေျခာက္ႏွစ္သားကေလး မွတ္ဉာဏ္ထက္ ပိုအသုံးဝင္ေသး၏။

========

ဒီ 48.1 က Chapter တစ္ခုစာ႐ွည္လို႔ ႏွစ္ပိုင္းကန္႔လိုက္ရတယ္ \(°o°)/

========