Chapter 49

Thu, Aug 12, 2021

-----------------

{ Unicode }

နောက်နေ့မနက် သူနိုးတော့ ရန်ရိ အိမ်ကိုဖုန်းဆက်လိုက်သည်။ သူ့အဖေပုံမှန်အတိုင်း စကားပြောလာတော့မှ စိတ်အေးသွားရသည်။

ရာသီဥတုက ပိုပိုအေးလာပြီး မနက်ခင်း သူတို့လေ့ကျင့်ခန်းလုပ်ဖို့ သွားတော့ ခြောက်သွေ့အေးစက်သောလေထုထဲ  အနည်းငယ်ပတ်ပြေးပြီး အသားအရည်များကျုံ့ကာ နှုတ်ခမ်းများ အက်ကွဲလာသလို ခံစားကြရသည်။

မနက်ခင်းလေ့ကျင့်ရေးပြီးတော့ ကန်တင်းမှာစု၍ ထမင်းစားဖို့စောင့်ကြသည်။ ရန်ရိ နှုတ်ခမ်းနီအဆီဘူးထုတ်ပြီး နှုတ်ခမ်းများကိုသုတ်လိမ်းကာ အပြစ်ပြောလိုက်သည်။

" ဒီရက်ပိုင်း အရမ်းခြောက်ကပ်နေတာပဲ "

စွေးရီရှန့် ရန်ရိကို လှမ်းကြည့်လိုက်ပြီး

" ခေါင်းဆောင်ရန် မင်းပုံစံက သောက်ရမ်းကောင်းတာပဲ အဆင်ပြေပါတယ် "

" ငါ့နှုတ်ခမ်းတွေကွဲနေပြီ၊ ငါ့ကိုအစားစားချင်စိတ် ပျောက်အောက်လုပ်နေတယ်၊ ဘာကိုဂရုစိုက်ရမှာလဲ? "

ရန်ရိ ဝန်ထုပ်ဝန်ပိုးဖြစ်တာလည်း လုံးဝမရှိပေ။

" အဲ့ပစ္စည်းက သုံးဖို့မလွယ်ဘူး "

စွန်းတင့်ရိကပြောသည်။

" သုံးရလွယ်ပါတယ်၊ ခြောက်နေတဲ့နှုတ်ခမ်းတွေပေါ် ဆိုးလိုက်ရုံပဲ "

ရန်ရိ သူ့အဆီဝင်းနေတဲ့ နှုတ်ခမ်းတွေကို လက်ချောင်းနဲ့ ပွတ်ရင်း မျက်မှောင်ကြုတ်သွားသည်။

" အချစ်စွမ်းအားကို ဘာနဲ့မှမယှဉ်နိုင်ဘူး "

စွန်းတင့်ရိ နှုတ်ခမ်းဆူကာ ‌ယစ်ယစ်မူးမူးဖြင့် လေကိုနှစ်ချက် နမ်းပြသည်။

ကောင်းကယ်က သူ့ကိုထုတော့မလို့ပင်။

စွန်းတင့်ရိက ရယ်ကာ ထိုင်ခုံပြောင်းလိုက်သည်။

" ခေါင်းဆောင်ရန်လည်း အဲ့ဒီ့ဟာဆိုးပြီးရင် နမ်းဖို့ တစ်ယောက်ယောက် ရှာရမယ်နော် "

ကောင်းကယ် စွန်းတင့်ရိကို လက်ညှိုးထိုးလိုက်ပြီး

" သူ့ကိုငါ့ဆီဆွဲခေါ်ခဲ့စမ်း၊ လှေကားမှာ ကြိုးနဲ့ဆွဲထားရမယ် "

" ကျွန်တော်လည်း အဲ့တာကောင်းမယ်ထင်တယ်! "

တပ်သားတစ်ချို့ ပြေးလာကြသည်။

ရန်ရိ နှာခေါင်းကနေ လေမှုတ်ထုတ်လိုက်ပြီး သာမန်ကာလျှံကာပြောလိုက်သည်။

" ငါနမ်းတာမနမ်းတာကို မင်းတို့ကဘယ်လိုသိလဲ? "

အခန်းက ချက်ချင်းဆိုသလို ငြိမ်ကျသွားပြီး လူတိုင်းရန်ရိကို စိတ်အားထက်သန်စွာ ကြည့်လာသည်။

" ဝိုး၊ ခေါင်းဆောင် ဒီနှစ်ရက်အတွင်း ဘယ်များရောက်နေခဲ့တာလဲ? ခဏခဏခွင့်ယူနေတာ ချိန်းတွေ့ဖို့လား? "

ရန်ရိ ညသန်းခေါင်းယံက တိတ်တခိုးအနမ်းအား အမှတ်ရသွားသည်။

ထိုအနမ်းက ပေါ့ပါးနူးညံ့ပြီး ရမ္မက်ဆန္ဒမပါဘဲ သူနမ်းခဲ့ဖူးသော အနမ်းများ သို့မဟုတ် ဖြားယောင်းသွေးဆောင်သောအနမ်းများ၊ သို့မဟုတ် အလိုပြင်းပြသောအနမ်းများနှင့် ကွဲပြားသည်။ နှိုင်းယှဉ်ရလျှင် ၎င်းက စင်စင်ကြယ်ကြယ်ချိုမြကာ အရည်ရွှမ်းသော်လည်း သူ့ကိုရင်ခုန်စေပြီး အဆုံးအဆမရှိ အရသာစွဲကျန်စေလျက်၊ သူ့နှလုံးသားဝယ် ဖျောက်ဖျက်မရသောအမှတ်တစ်ခုအဖြစ် ထင်ကျန်ရစ်သည်။

သူသာ လက်တွေ့မခံစားဖူးရင် အနမ်းဖွဖွတစ်ခုကြောင့် ရက်အတော်ကြာ ရင်ခုန်နေရလိမ့်မည်ဟု ယုံကြည်နိုင်မှာမဟုတ်ပေ။

ရန်ရိ ချောင်းအသာဟန့်လိုက်ပြီး

" ငါနေ့တိုင်း မင်းတို့လိုမလွယ်တဲ့သူတွေ ထိန်းနေတာနဲ့ပဲ အလုပ်ရှုပ်နေရတာ၊ ဘယ်လိုလုပ် ရည်းစားထားဖို့အချိန်ရှိမလဲ?

"

ချွီယန်ပေါ်က သက်ပြင်းချပြီး

" မင်းဂရုစိုက်တာလား ငါဂရုစိုက်ရတာလေ "

" ဝိုး ခေါင်းဆောင်ရန် မျက်နှာက လုံးဝမူမမှန်ဘူး "

စွန်းတင့်ရိက ရန်ရိကို အရောင်လက်နေသောမျက်လုံးများဖြင့် ကြည့်လာသည်။

" ခေါင်းဆောင်ရန် ရည်းစားရနေတာ တကယ်လား? ကျွန်တော်တို့က ရင်းနှီးကြတာပဲကို၊ ရိုးသားစမ်းပါဗျာ "

" မဟုတ်ဘူးဆို မဟုတ်ဘူး၊ မင်းအရမ်းအားယားနေတယ်‌ပေါ့ ၊ နေ့လယ်ကျရင် လေ့ကျင့်ခန်း အပိုလုပ်ချင်နေတာလား? "

" အမြဲတမ်း ကျွန်တော်တို့ကို အဲ့တာနဲ့ပဲ ခြိမ်းခြောက်နေတယ် "

ကောင်းကယ် လက်မခံဘဲပြောလာသည်။

" ဒါလွတ်လမ်းရှာနေတာပဲ "

" အနည်းဆုံးတော့ ကြိုက်နေတဲ့သူတစ်ယောက် ရှိတယ် "

ဘေးမှာငြိမ်ပြီးနားထောင်နေတဲ့ လီဆာက ရုတ်တရက်ထပြောလာသည်။

" နားထောင် ငါတို့ညီမလေးလီဆာက အဲ့လိုပြောတယ် မိန်းမတွေအကြားအမြင်က အမှန်ကန်ဆုံးပဲ "

ချွီယန်ပေါ် အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။

ရန်ရိ မျက်လုံးထဲမှာ မငြင်းဆန်သာပဲ ကုံးရင့်ရှန်မျက်နှာပေါ်လာ၏။ သူအပြစ်မကင်းသလိုခံစားရပေမယ့် အရမ်းကောင်းအောင် ဟန်ဆောင်လိုက်သည်။

" မင်းတို့ပဲ..."

ရုတ်တရက် အချက်ပေးသံထမြည်လာသည်။

" အိုး ခဏနေထမင်းစားရတော့မှာကို "

စွန်းတင့်ရိက ညည်းညူလိုက်သည်။

စောဒကတက်နေကြသော်လည်း သူတို့လှုပ်ရှားမှုကတော့ ရပ်မသွားချေ။ အောက်ထပ်ကို အမြန်ဆုံးနှုန်းဖြင့်သွားကြ၍ ကားဂိုဒေါင်၌ လူစုသည်။

အချက်ပေးဧရိယာက အသေးစားလူသုံးကုန်မားကတ်ဖြစ်၏။ ပစ္စည်းထားတဲ့အခန်းက ဘတ်ထရီတွေ မီးလောင်သည်ဟုဆိုသည်။ မားကတ်က မီးလောင်နိုင်သောပစ္စည်းများဖြင့်ပြည့်နေပြီး အမြန်ဆုံး မီးမထိန်းနိုင်ခဲ့ရင် မတော်တဆမှုကြီးကြီးမားမား ဖြစ်ပွားနိုင်သည်။

လမ်းမှာ သူတို့ သုံးစွဲမှုလွန်ကဲသောကြောင့် ဘတ်ထရီတွေ မီးလောင်ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ဖြစ်ချင်တော့ ငွေကြေးအကုန်အကျသက်သာစေဖို့ မားကတ်က စက်ရုံသုံးလီသီယမ်ဘတ်ထရီ အမြောက်အများခိုးဝယ်ကာ ညဘက်ဆိုအားသွင်းပြီး နေ့ဘက်ကျ ဖြုတ်ထားသည်။ ညဘက်မီတာဘေက နေ့ခင်းဘက်မီတာဘေထက် ပိုဈေးသက်သာသောကြောင့်ပင်။

လီသီယမ်ဘတ်ထရီတွေက အတော်ဒုက္ခပေးသည်။ တစ်ခါမီးလောင်တာနဲ့ ငြိမ်းသတ်ဖို့ခက်ခဲ၏။ အမျိုးမျိုးသော power bank တွေကို လေယာဉ်ပေါ်၌ ကန့်သတ်ထားသည်မှာလည်း ဒီအကြောင်းရင်းကြောင့်ပင်။ မကြာခင်နှစ်များအတောတွင်း လျှပ်စစ်ယာဉ်များ၌ လီသီယမ်ဘတ်ထရီကြောင့် မီးလောင်မှုများ တစ်နှစ်ပြီးတစ်နှစ် ပို၍တိုးလာသည်။ ဈေးဝယ်စင်တာများ ထိုသို့ပြုလုပ်ခြင်းကလည်း မီးဘေးကာကွယ်ရေးစည်းကမ်းကို လုံးဝဆန့်ကျင်နေပေသည်။

သူတို့ မားကတ်ကိုရောက်တော့ ပစ္စည်းခန်းဆီ တန်းတန်းဝင်သွားသည်။

သူ အဝေးကနေ သိုလှောင်ခန်းတံခါးမှ မီးခိုးများ အဆက်မပြတ်ထွက်နေသည်ကို မြင်တွေ့လိုက်ရသည်။ တပ်သားတွေ အဝေး၌ရပ်နေရင်း လက်ထဲမှာ မီးသတ်ကိရိယာများကိုင်ဆောင်ထားသော်ငြား ဘယ်သူမှ ရှေ့ဆက်မလှမ်းရဲ။

ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားလျက်ကပင် အပူလှိုင်းကိုခံစားနိုင်သည်။

" မီးသတ်သမားတွေ ဒီကို မီးသတ်သမားတွေရောက်ပြီ! "

ရန်ရိ အရင်မေးလိုက်သည်။

" ပိတ်မိနေတဲ့သူရှိလား? "

" မရှိပါဘူး "

" ပါဝါဖြတ်တောက်ထားလား? "

" ဖြတ်ပြီးပြီ "

" အထဲကအခြေအနေဘယ်လိုလဲ? "

ရန်ရိ အထဲကိုကြည့်လိုက်သည်။ သူမြင်ရတာအားလုံးက မီးလောင်ခြင်း၏ အနီရောင်အလင်းများသာဖြစ်ပြီး အရာအားလုံးက ကြီးမားတဲ့မီးခိုးလှိုင်းများအောက် ပုန်းကွယ်နေသည်။

ဝာာဝန်ရှိသူက ချွေးတွေသုတ်လိုက်ပြီး

" ဘတ်ထရီအိုးတစ်စုံ မီးထလောင်တာ၊ ကျွန်တော်တို့ ကိုယ့်ဘာသာမီးသတ်ဖို့ကြိုးစားပေမယ့်.....မီးသတ်လို့မရဘူး၊ နောက်တော့ အထဲမှာ အရမ်းပူလာတာနဲ့ ကျွန်တော်တို့ ပြန်ထွက်လာခဲ့တယ် "

ရန်ရိ သူ့ကိုစူးစိုက်ကြည့်ပြီး

" မီးလောင်တာကို 119 အရင်မခေါ်ဘဲနဲ့ ကိုယ့်ဘာသာကိုယ် မီးသတ်ဖို့ကြိုးစားတယ်ပေါ့? လီသီယမ်မီးလောင်မှုက ဘယ်လောက်အန္တရာယ်များလဲ ခင်များသိလား?! "

တာဝန်ရှိသူ ဆွံ့အသွားသည်။

မီးဘေးပြစ်ဒဏ်ခံရမည်ကိုစိုးရိမ်ခြင်း၊ တာဝန်ယူရမည်ကိုစိုးရိမ်ခြင်းနှင့် အခြားသာအကြောင်းပြချက်များကြောင့် သူရဲတွေဆီအရင်ဖုန်းမဆက်ဘဲ သူ့ဘာသာသူမီးသတ်ဖို့ ရွေးချယ်ခဲ့သည်။ ရလဒ်အနေနဲ့ကတော့ ကယ်ဆယ်ဖို့အကောင်းဆုံးအချိန်ကို လက်လွှတ်ခဲ့ရသည်။ ရန်ရိ ဒီလိုကြောင့်ဖြစ်တဲ့ မတော်တဆမှုမြောက်များစွာကို မြင်တွေ့ခဲ့ဖူးပြီ။ ဒီလူကို အပြစ်တင်ဖို့ အဓိပ္ပါယ်မရှိမှန်းသိနေသော်ငြား စိတ်အနှောင့်အယှက်ဖြစ်နေရဆဲပင်။

ရန်ရိ အမိန့်ပေးလိုက်သည်။

" တင်းချင် ရေ‌လွှတ်ဖို့ပြင်ထား၊ ဌာနချုပ်ကိုလှမ်းအကြောင်းကြားပြီး စည်ပင်သာယာကို ဒီဧရိယာအတွက် ရေတိုးမြှင့်ပေးဖို့ပြောလိုက် "

" ဟုတ်ကဲ့ "

" လျှိုဟွေး လေစုပ်ပန်ကာတွေသွားယူ "

" ဟုတ်ကဲ့ "

" ကောင်းကယ် စွန်းတင့်ရိ မင်းတို့နှစ်ယောက်က ငါနဲ့အထဲဝင်ကြည့်ပေး "

သူတို့သုံးယောက် လက်နက်အပြည့်အစုံယူကာ ပစ္စည်းသိုလှောင်ခန်းဆီ ဝင်သွားကြသည်။

ပစ္စည်းခန်းမှာတော့ တံခါးတစ်ချပ်ရယ် ပြတင်းပေါက်တစ်ခုရယ်သာရှိပြီး မီးခိုးငွေ့တွေနဲ့ အပူလှိုင်းကို လွင့်ပါးစေဖို့ ဝေလာဝေးပင်။ ထိုအချိန်က အခန်းတွင်းအပူချိန်မှာ ငရဲဘုံအလား၊ လူတွေကို ကောင်းကောင်းကြီး ချက်ပြုတ်နိုင်သည်။   အပူဒဏ်ကာကွယ်ရေးဝတ်စုံ ဝတ်ထားလျက်ကပင် ရန်ရိ သူ့အသားတွေ ရေနွေးပူလောင်သလိုခံစားရသည်။ ဒီလိုမျိုးနေရာမှာ သူတို့အလွန်ဆုံး တစ်မိနစ်လောက်ပဲ တောင့်ခံထားနိုင်သည်။

ရန်ရိ အံကြိတ်ပြီး မီးဆီသို့ လျှောက်လှမ်းသွားသည်။

ဘတ်ထရီအိုးများကို နံရံမှီကာ ဆင့်စီထားပြီး ငါးတန်းကနေ လေးတန်းအထိ စုစုပေါင်းနှစ်ဆယ်ရှိသည်။ တစ်ခုချင်းစီက ခရီးဆောင်အိတ်အရွယ်လောက်ရှိပြီး ဝိုင်ယာကြိုးများရှုပ်ထွေးလျက် ကြောက်မက်ဖွယ်အသံများထွက်နေ၏။ မီးစလောင်တဲ့တစ်ခုက ဘယ်ဘက်အလယ်‌လောက်ကဖြစ်မည်။ သူတို့ထဲမှ တစ်ခုကတော့ နီရဲနေအောင် လောင်ကျွမ်းထားပြီဖြစ်၍ ဘေးက လေးအိုးလည်း တစ်ပြိုင်တည်း မီးလောင်ခဲ့လေပြီ။

လီသီယမ်မီးလောင်မှုကို ငြှိမ်းသတ်ဖို့အကောင်းဆုံးနည်းလမ်းက ရေဖြန်းခြင်းဖြစ်ပြီး ရေပမာဏများစွာ ပက်ဖြန်းရမည်။ ရေမလုံလောက်ပါက မီးငြိမ်းမည်မဟုတ်။ အသေးစားလီသီယမ်ဘတ်ထရီဆိုရင်တော့ ရေထဲတန်းပစ်ထည့်လိုက်တာက ဉာဏ်အရှိဆုံးနည်းလမ်းပင်။ ဒါပေမယ့် လီသီယမ်ဘတ်ထရီက ဒီလောက်ကြီးပြီး ဒီလိုမီးးလောင်ထားတော့ ရွှေ့ပြောင်းဖို့ အနေအထားမရှိ‌။

မကြာခင် သူတို့သုံးယောက် တောင့်မထားနိုင်တော့ဘဲ ပြန်ထွက်ခဲ့ကြသည်။

ရန်ရိ သူ့ mask ကိုချွတ်ပြီး မျက်နှာက ချွေးရွှဲနေလျက် အသက်ဝဝရှူလိုက်သည်။

" ဒုက္ခပဲ၊ ဒီအပူချိန်မှာ လူတွေမနေနိုင်ဘူး၊ ငါတို့ဘယ်လိုရေးဖြန်းတော့မလဲ? "

" အလှည့်ကျလုပ်မှပဲ အလုပ်ဖြစ်နိုင်တယ် "

ကောင်းကယ် ပြောလာ၏။

ရန်ရိ အဲ့ကိစ္စစဉ်းစားလိုက်သည်။

" အပူချိန်ပြယ်အောင် လေထုတ်နေတုန်း မီးငြိမ်းဖို့ ရေဖြန်းတာပဲလုပ်နိုင်တယ် "

မန်နေဂျာဖြစ်ဟန်ရှိသောလူက ရန်ရိဆီလျှောက်လာသည်။

" တပ်သား မင်း မီးဘယ်လိုသတ်ဖို့ စီစဉ်ထားလဲ? "

" ကျွန်တော်တို့ မီးခိုးငွေ့တွေထွက်‌အောင် လေစုတ်ပန်ကာနှစ်ခုကို တံခါးနဲ့ ပြတင်းပေါက်မှာ သုံးပြီး ရေဖြန်းရမယ် "

ထိုလူမျက်နှာပျက်သွားသည်။

" တပ်သား အခြားနည်းလမ်းစဉ်းစားကြည့်ပါလား ရေမဖြန်းပါနဲ့၊ ရေဖြန်းလိုက်ရင် ကျွန်တော်တို့ဘတ်ထရီတွေ ပျက်စီးသွားလိမ့်မယ်၊ ဘတ်ထရီတစ်ခုက ယွမ်နှစ်သိန်းထက်ပိုတယ် "

ရန်ရိ သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။

" ပေါင်ဒါခြောက်ရှိတယ်မလား? အဲ့တာနဲ့ မီးသတ်လို့ရတယ်မဟုတ်ဘူးလား? လေပိတ်လိုက်ရင် မီးငြိမ်းသွားမှာပါ "

ရန်ရိ အေးစက်စက်ပြောလိုက်သည်။

" ပေါင်ဒါခြောက်ဂုဏ်သတ္တိက လေပိတ်ပြီး မီးငြိမ်းသတ်ဖို့အတွက်ပဲ၊ ဒါပေမယ့် လီသီယမ်ဘတ်ထရီတွေအတွက်တော့ အလုပ်မဖြစ်ဘူး၊ အထဲမှာ ဘတ်ထရီငါးလုံးတောင် မီးလောင်နေပြီ၊ မီးမသတ်ခင် လေပိတ်လိုက်တာက အခြားဘတ်ထရီတွေကိုပါ မီးစွဲပြီး ပေါက်ကွဲစေလိမ့်မယ်၊ အရမ်းပြင်းတဲ့အပူချိန်ကလည်း နံရံထောက်ကန်ထားတာကို ထိခိုက်စေမှာ "

ထိုလူက ရန်ရိကို လှမ်းဆွဲပြီး စိုးရိမ်တကြီးပြောလာသည်။

" မီးလောင်တဲ့ဘတ်ထရီတွေထုတ်ဖို့ မင်းတစ်ခုခုစဉ်းစားပေးပါ "

ရန်ရိ လက်ကိုခါထုတ်လိုက်ပြီး စူးစူးရှရှပြောလိုက်သည်။

" ကျွန်တော်တို့ ဘာဝတ်ထားတယ်လို့ ခင်များထင်လဲ? ခင်များကို အဝတ်တွေပေးမယ်ဆို ခင်များလှုပ်ရှားရဲလား? "

" မင်း ဒါကဘာအချိုးလဲ? "

ထိုလူက ငိုပြီး

" ငါ ထုတ်လုပ်သူကိုမေးလိုက်တယ် မင်းတို့ရေဖြန်းလိုက်ရင် ငါ့ဘတ်ထရီအခု ၂၀ လုံးပျက်စီးသွားမယ်တဲ့၊ မီလီယမ်နဲ့ချီပြီး ဆုံးရှုံးမှာကွ "

" ရေမဖြန်းရင်လည်း ခင်များဘတ်ထရီတွေ ပေါက်ကွဲပြီး မားကတ်တစ်ခုလုံး အန္တရာယ်ဖြစ်သွားမှာပဲ "

ရန်ရိ သူ့ကို စူးရှသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး

" ခင်များ တရားဝင်အရာရှိတွေနဲ့ လာရှုပ်ချင်တယ်ဆိုရင် ထိန်းသိမ်းရေးစင်တာမှာ ရက်နဲနဲလောက် သွားနားလိုက်ဦး "

" မင်း....."

ထိုလူက တစ်ခုခုပြောဖို့ စောင့်နေသေးပေမယ့် ရုတ်တရက် အခန်းထဲက ပေါက်ကွဲသံအကျယ်ကြီးထွက်လာပြီး အားလုံးထိတ်လန့်ကာ ရင်တုန်သွားလျက် အလိုအလျောက် ခေါင်းများအုပ်ကာ ကုန်းချလိုက်ကြသည်။

လီသီယမ်ဘတ်ထရီပေါက်ကွဲခြင်း ဖြစ်ရမည်။ လီယီယမ်ဘတ်ထရီပေါက်ကွဲရင် ထိခိုက်မှုသိပ်ရှိမှာမဟုတ်ပေမယ့် လူတွေအနားကပ်ပါက အလွန်အန္တရာယ်များပြီး ပေါက်ကွဲပြီးနောက်ပိုင်း ဘတ်ထရီတွေပိုပြီးတော့ မီးစွဲသွားလိမ့်မည်ပင်။

ထိုလူမျက်နှာက ဖြူစုတ်နေပြီး စကားပြောနေတာလည်း ရပ်လိုက်သည်။

ပေါက်ကွဲပြီး အခန်းအပူချိန် ပိုမြင့်လာပုံပေါ်၏။ ဒီတစ်ခါတော့ သူတို့ အခန်းထဲဝင်မသွားနိုင်တော့ဘဲ တံခါးနားကပ်တာနဲ့တင် ကြောက်မက်ဖွယ်အပူလှိုင်း၏ တွန်းကန်ခြင်းခံရသည်။

အဲ့အချိန် ရေပိုက်တွေ အဆင်သင့်ဖြစ်နေပြီး ရန်ရိ နံရံကိုအရင်အအေးခံဖို့ ရေပိုက်နှစ်ချောင်းစီစဉ်ကာ လေစုပ်ပန်ကာအတွက် စောင့်နေလိုက်သည်။ အခန်းထဲက အပူချိန်မကျရင် ရေပိုက်တွေလည်း လုံးဝဝင်လို့ရမည်မဟု‌တ်။

ခဏကြာတော့ လေစုပ်ပန်ကာတွေရောက်လာပြီး ‌တံခါးနဲ့ ပြတင်းပေါက် အသီးသီးမှ စတင်လေစုပ်ထုတ်သည်။

ဒီနည်းအတိုင်း နာရီဝက်ကြာအောင် စောင့်ပြီးနောက် အပူချိန်တဖြည်းဖြည်းကျဆင်းသွားလျက် အခန်းတွင်းမြင်နိုင်စွမ်းလည်း တဖြည်းဖြည်းမြင့်မားလာ၏။

ရန်ရိ အထဲဝင်ပြီး ကြိုးစားဖို့ဆုံးဖြတ်လိုက်သည်။ သူနဲ့ ကောင်းကယ် ရေပိုက်တစ်ခုကိုကိုင်ပြီး ကိရိယာသိုလှောင်ခန်းကိုဝင်ကာ  အဝေးကဘတ်ထရီအိုးကိုလှမ်းချိန်ပြီး ဗားကို ဖွင့်လိုက်သည်။

မီးမြန်မြန်သတ်နိုင်ဖို့ ရန်ရိ ရေပိုက်ကို ဖိအား ၁၂ ထိမြှင့်ထားသည်။ ဗားဖွင့်လိုက်တော့ ကြီးမားတဲ့ရေဖိအားက ပိုက်ကို သက်ရှိနဂါးတစ်ကောင်ကဲ့သို့ ရုန်းကန်လှုပ်ခါစေသည်။ ရန်ရိနဲ့ ကောင်းကယ် ပိုက်ကို တင်းတင်းဆုပ်ကိုင်ထားပြီးကြမ်းပြင်ကနေ ဆက်ဆွဲယူလိုက်ချိန် ရေတွေစတင်ပန်းထွက်လာပြီး သူတို့နှစ်ယောက်စလုံး စိုရွှဲသွားသည်။ စွန်တင့်ရိက အမြန်လာကာ ရေပိုက်ကိုကိုင်ပေးလိုက်တော့ ထိန်းချုပ်နိုင်သွားသည်။ ထို့နောက် မီးလောင်နေသော ဘတ်ထရီများကိုချိန်ကာ ရေဖြန်းလိုက်တော့၏။

ရေဖြန်းလိုက်နှင့်တစ်ပြိုင်နက် အပူချိန်မြင့်ရေနွေးငွေ့များ အခန်းထဲ ပျံတက်လာပြီး အစက ရိုးရိုးမီးထက်ပင်ပို၍ မတောင့်ခံနိုင်စရာဖြစ်သည်။ သူတို့ခဏလောက် ရေဖြန်းပြီး နောက်အဖွဲ့နဲ့လူလဲလိုက်သည်။

တပ်သားတွေ အဖွဲ့သုံးဖွဲ့ကို အလှည့်ကျတာဝန်ယူပြီး အစမှာတော့ တစ်ဖွဲ့ကို တစ်မိနစ်စီသာ ဒဏ်ခံနိုင်သည်။ နောက်တော့ အပူချိန်ကျသွားသည်နှင့်အတူ တဖြည်းဖြည်း မိနစ်အတော်ကြာနေနိုင်လာသည်။

‌ရန်ရိ၊ ကောင်းကယ်နဲ့ စွန်းတင့်ရိတို့ ရေဖြန်းဖို့ တစ်ဖန်အလှည့်ကျလာသည်။ ထိုအချိန် မီးခိုးထုကြီးက ရေငွေ့တွေနဲ့ အစားထိုးသွားပြီး ဘာမှသေသေချာချာ မမြင်ရပေ။ ဒါပေမယ့် ကံကောင်းတော့ မီးလောင်တဲ့နေရာက အရမ်းသိသာပြီး ရေဖြန်းပိုက်တွေလည်း နေရာမှားပြီး မဖြန်းမိပေ။

မိနစ်အနည်းငယ်ကြာတော့ သူတို့ပြန်ဆုတ်ပြီး နောက်တစ်ဖွဲ့နဲ့ အလှည့်ပြောင်းသည်။

ရန်ရိက အရမ်းပင်ပန်းပြီး လက်တောင်အနိုင်နိုင်မနေရသည်။ အသက်ရှူကိရိယာအကြာကြီးတပ်ထားပြီးနောက်ပိုင်း အသက်ရှူလိုက်တိုင်း ခက်ခဲနေသည်။

သူပြောလိုက်၏။

" ပြန်ပြီး အသက်ဝဝရှူရအောင်၊ စကားမစပ် အောက်ဆီဂျင်ဘူးလဲလိုက်တော့ အချိန်ပြည့်တော့မယ် "

ရန်ရိ မားကတ်ထဲကထွက်ပြီး လတ်ဆတ်တဲ့လေကို ရှူသွင်းကာ မီးသတ်ကားဆီ‌သွားလိုက်သည်။ သူမီးသတ်ကားထဲကနေ အောက်ဆီဂျင်ဘူးသုံးဘူးထုတ်ပြီး နောက်က စွန်းတင့်ရိထံ ကမ်းပေးလိုက်သည်။ သူကောင်းကယ်ကို ပေးမလို့လုပ်တော့ ကောင်းကယ်က နောက်မှာရှိ‌မနေချေ။

" ကောင်းကယ်ရော? "

ရန်ရိမေးလိုက်သည်။

စွန်းတင့်ရိက ‌အောက်ဆီဂျင်ဘူးလဲရင်း ပြောလာသည်။

" သူထွက်မလာသေးဘူးဆိုတော့ အထဲမှာပဲ ရှိသေးမယ်ထင်တယ် "

" မင်းသူ့ကို ဒါပေးလိုက်၊ ပြီးတော့ အားလုံးကို အသက်ရှူကိရိယာတွေ စစ်ဖို့သတိပေး၊ မလုံလောက်တော့ရင် မြန်မြန်လဲခိုင်းဦး၊ ငါအသက်ရှူပြီး ချက်ချင်းပြန်လာခဲ့မယ် "

" အိုကေ "

စွန်းတင့်ရိ အောက်ဆီဂျင်ဘူးနဲ့အတူ ပြန်သွားသည်။

ရန်ရိ ချွေးတွေသုတ်ပြီး အကာအကွယ်ဝတ်စုံကော်လံကိုဆွဲကာ လေအေးအနည်းငယ်လောက် ဝင်စေသည်။ အပူချိန်ပိုများတဲ့ ပတ်ဝန်းကျင်မှာ အချိန်အကြာကြီးနေပြီးနောက် တစ်ကိုယ်လုံးလောင်ကျွမ်း‌တော့မလို ခံစားနေရတာက  အလွန်ကိုစိတ်မသက်သာဖွယ်အတိ၊ တစ်ခါတစ်ရံ လေအေးလေးဝင်လာတာက အများကြီးသက်သာသွားစေ၏။

ဒါပေမယ့် သူအကြာကြီး "သာယာ" မနေဘဲ မကြာခင်ပြန်သွားလိုက်သည်။

မားကတ်ထဲခြေမချရသေးခင် စွန်းတင့်ရိက ထိတ်လန့်နေသောအမူအရာဖြင့် ရေးကြီးသုတ်ပြာ ပြေးလာသည်။

" ကောင်းကယ် ပျောက်သွားပြီထင်တယ် "

ရန်ရိ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" ဘယ်လိုပျောက်သွားတာလဲ? "

" ကျွန်တော် အထဲမှာ တစ်ယောက်မှရှာမတွေ့ဘူး၊ သူဆီက စကားပြန်လည်းမရဘူး "

" အိမ်....အိမ်သာသွားတာများလား? "

ရန်ရိပြောလိုက်ပြီး ဒုံးဝေးသလိုခံစားရသည်။

" ကျွန်တော် အိမ်သာလည်းသွားကြည့်ခဲ့သေးတယ်"

စွန်းတင့်ရိက စိုးရိမ်စိတ်လှုပ်ရှားလျက် ပြောသည်။

" လူအများကြီးကိုလည်း မေးခဲ့တယ်၊ ဒါပေမယ့် သူ့ကိုမတွေ့ဘူး၊ ပစ္စည်းထားတဲ့အခန်းထဲ ဝင်ကြည့်တော့လည်း ရှာမတွေ့ဘူး "

ရန်ရိ နှလုံးတင်းကြပ်သွားပြီး မားကတ်ထဲအမြန်ပြန်ပြေးကာ ပစ္စည်းထားတဲ့အခန်းဆီ တန်းတန်းသွားလိုက်သည်။

===========

ဒီအခန်းကတော့ ဗဟုသုတတွေချည်းပဲ! ရန်ရိလုပ်ဖော်ကိုင်ဖက်လေးတွေကိုလည်း ချစ်တာ၊ သူတို့တစ်ခုခုဖြစ်ရင် စိတ်အရမ်းပူရတယ် .·´¯'(>▂<)´¯'·.

========

{ Zawgyi }

ေနာက္ေန႔မနက္ သူႏိုးေတာ့ ရန္ရိ အိမ္ကိုဖုန္းဆက္လိုက္သည္။ သူ႕အေဖပုံမွန္အတိုင္း စကားေျပာလာေတာ့မွ စိတ္ေအးသြားရသည္။

ရာသီဥတုက ပိုပိုေအးလာၿပီး မနက္ခင္း သူတို႔ေလ့က်င့္ခန္းလုပ္ဖို႔ သြားေတာ့ ေျခာက္ေသြ႕ေအးစက္ေသာေလထုထဲ  အနည္းငယ္ပတ္ေျပးၿပီး အသားအရည္မ်ားက်ံဳ႕ကာ ႏႈတ္ခမ္းမ်ား အက္ကြဲလာသလို ခံစားၾကရသည္။

မနက္ခင္းေလ့က်င့္ေရးၿပီးေတာ့ ကန္တင္းမွာစု၍ ထမင္းစားဖို႔ေစာင့္ၾကသည္။ ရန္ရိ ႏႈတ္ခမ္းနီအဆီဘူးထုတ္ၿပီး ႏႈတ္ခမ္းမ်ားကိုသုတ္လိမ္းကာ အျပစ္ေျပာလိုက္သည္။

" ဒီရက္ပိုင္း အရမ္းေျခာက္ကပ္ေနတာပဲ "

ေစြးရီ႐ွန္႔ ရန္ရိကို လွမ္းၾကည့္လိုက္ၿပီး

" ေခါင္းေဆာင္ရန္ မင္းပုံစံက ေသာက္ရမ္းေကာင္းတာပဲ အဆင္ေျပပါတယ္ "

" ငါ့ႏႈတ္ခမ္းေတြကြဲေနၿပီ၊ ငါ့ကိုအစားစားခ်င္စိတ္ ေပ်ာက္ေအာက္လုပ္ေနတယ္၊ ဘာကိုဂ႐ုစိုက္ရမွာလဲ? "

ရန္ရိ ဝန္ထုပ္ဝန္ပိုးျဖစ္တာလည္း လုံးဝမ႐ွိေပ။

" အဲ့ပစၥည္းက သုံးဖို႔မလြယ္ဘူး "

စြန္းတင့္ရိကေျပာသည္။

" သုံးရလြယ္ပါတယ္၊ ေျခာက္ေနတဲ့ႏႈတ္ခမ္းေတြေပၚ ဆိုးလိုက္႐ုံပဲ "

ရန္ရိ သူ႕အဆီဝင္းေနတဲ့ ႏႈတ္ခမ္းေတြကို လက္ေခ်ာင္းနဲ႔ ပြတ္ရင္း မ်က္ေမွာင္ၾကဳတ္သြားသည္။

" အခ်စ္စြမ္းအားကို ဘာနဲ႔မွမယွဥ္ႏိုင္ဘူး "

စြန္းတင့္ရိ ႏႈတ္ခမ္းဆူကာ ‌ယစ္ယစ္မူးမူးျဖင့္ ေလကိုႏွစ္ခ်က္ နမ္းျပသည္။

ေကာင္းကယ္က သူ႕ကိုထုေတာ့မလို႔ပင္။

စြန္းတင့္ရိက ရယ္ကာ ထိုင္ခုံေျပာင္းလိုက္သည္။

" ေခါင္းေဆာင္ရန္လည္း အဲ့ဒီ့ဟာဆိုးၿပီးရင္ နမ္းဖို႔ တစ္ေယာက္ေယာက္ ႐ွာရမယ္ေနာ္ "

ေကာင္းကယ္ စြန္းတင့္ရိကို လက္ညိႇဳးထိုးလိုက္ၿပီး

" သူ႕ကိုငါ့ဆီဆြဲေခၚခဲ့စမ္း၊ ေလွကားမွာ ႀကိဳးနဲ႔ဆြဲထားရမယ္ "

" ကြၽန္ေတာ္လည္း အဲ့တာေကာင္းမယ္ထင္တယ္! "

တပ္သားတစ္ခ်ိဳ႕ ေျပးလာၾကသည္။

ရန္ရိ ႏွာေခါင္းကေန ေလမႈတ္ထုတ္လိုက္ၿပီး သာမန္ကာလွ်ံကာေျပာလိုက္သည္။

" ငါနမ္းတာမနမ္းတာကို မင္းတို႔ကဘယ္လိုသိလဲ? "

အခန္းက ခ်က္ခ်င္းဆိုသလို ၿငိမ္က်သြားၿပီး လူတိုင္းရန္ရိကို စိတ္အားထက္သန္စြာ ၾကည့္လာသည္။

" ဝိုး၊ ေခါင္းေဆာင္ ဒီႏွစ္ရက္အတြင္း ဘယ္မ်ားေရာက္ေနခဲ့တာလဲ? ခဏခဏခြင့္ယူေနတာ ခ်ိန္းေတြ႕ဖို႔လား? "

ရန္ရိ ညသန္းေခါင္းယံက တိတ္တခိုးအနမ္းအား အမွတ္ရသြားသည္။

ထိုအနမ္းက ေပါ့ပါးႏူးညံ့ၿပီး ရမၼက္ဆႏၵမပါဘဲ သူနမ္းခဲ့ဖူးေသာ အနမ္းမ်ား သို႔မဟုတ္ ျဖားေယာင္းေသြးေဆာင္ေသာအနမ္းမ်ား၊ သို႔မဟုတ္ အလိုျပင္းျပေသာအနမ္းမ်ားႏွင့္ ကြဲျပားသည္။ ႏိႈင္းယွဥ္ရလွ်င္ ၎က စင္စင္ၾကယ္ၾကယ္ခ်ိဳျမကာ အရည္႐ႊမ္းေသာ္လည္း သူ႕ကိုရင္ခုန္ေစၿပီး အဆုံးအဆမ႐ွိ အရသာစြဲက်န္ေစလ်က္၊ သူ႕ႏွလုံးသားဝယ္ ေဖ်ာက္ဖ်က္မရေသာအမွတ္တစ္ခုအျဖစ္ ထင္က်န္ရစ္သည္။

သူသာ လက္ေတြ႕မခံစားဖူးရင္ အနမ္းဖြဖြတစ္ခုေၾကာင့္ ရက္အေတာ္ၾကာ ရင္ခုန္ေနရလိမ့္မည္ဟု ယုံၾကည္ႏိုင္မွာမဟုတ္ေပ။

ရန္ရိ ေခ်ာင္းအသာဟန္႔လိုက္ၿပီး

" ငါေန႔တိုင္း မင္းတို႔လိုမလြယ္တဲ့သူေတြ ထိန္းေနတာနဲ႔ပဲ အလုပ္႐ႈပ္ေနရတာ၊ ဘယ္လိုလုပ္ ရည္းစားထားဖို႔အခ်ိန္႐ွိမလဲ?

"

ခြၽီယန္ေပၚက သက္ျပင္းခ်ၿပီး

" မင္းဂ႐ုစိုက္တာလား ငါဂ႐ုစိုက္ရတာေလ "

" ဝိုး ေခါင္းေဆာင္ရန္ မ်က္ႏွာက လုံးဝမူမမွန္ဘူး "

စြန္းတင့္ရိက ရန္ရိကို အေရာင္လက္ေနေသာမ်က္လုံးမ်ားျဖင့္ ၾကည့္လာသည္။

" ေခါင္းေဆာင္ရန္ ရည္းစားရေနတာ တကယ္လား? ကြၽန္ေတာ္တို႔က ရင္းႏွီးၾကတာပဲကို၊ ႐ိုးသားစမ္းပါဗ်ာ "

" မဟုတ္ဘူးဆို မဟုတ္ဘူး၊ မင္းအရမ္းအားယားေနတယ္‌ေပါ့ ၊ ေန႔လယ္က်ရင္ ေလ့က်င့္ခန္း အပိုလုပ္ခ်င္ေနတာလား? "

" အၿမဲတမ္း ကြၽန္ေတာ္တို႔ကို အဲ့တာနဲ႔ပဲ ၿခိမ္းေျခာက္ေနတယ္ "

ေကာင္းကယ္ လက္မခံဘဲေျပာလာသည္။

" ဒါလြတ္လမ္း႐ွာေနတာပဲ "

" အနည္းဆုံးေတာ့ ႀကိဳက္ေနတဲ့သူတစ္ေယာက္ ႐ွိတယ္ "

ေဘးမွာၿငိမ္ၿပီးနားေထာင္ေနတဲ့ လီဆာက ႐ုတ္တရက္ထေျပာလာသည္။

" နားေထာင္ ငါတို႔ညီမေလးလီဆာက အဲ့လိုေျပာတယ္ မိန္းမေတြအၾကားအျမင္က အမွန္ကန္ဆုံးပဲ "

ခြၽီယန္ေပၚ အဓိပၸါယ္ပါပါျပဳံးလိုက္သည္။

ရန္ရိ မ်က္လုံးထဲမွာ မျငင္းဆန္သာပဲ ကုံးရင့္႐ွန္မ်က္ႏွာေပၚလာ၏။ သူအျပစ္မကင္းသလိုခံစားရေပမယ့္ အရမ္းေကာင္းေအာင္ ဟန္ေဆာင္လိုက္သည္။

" မင္းတို႔ပဲ..."

႐ုတ္တရက္ အခ်က္ေပးသံထျမည္လာသည္။

" အိုး ခဏေနထမင္းစားရေတာ့မွာကို "

စြန္းတင့္ရိက ညည္းညဴလိုက္သည္။

ေစာဒကတက္ေနၾကေသာ္လည္း သူတို႔လႈပ္႐ွားမႈကေတာ့ ရပ္မသြားေခ်။ ေအာက္ထပ္ကို အျမန္ဆုံးႏႈန္းျဖင့္သြားၾက၍ ကားဂိုေဒါင္၌ လူစုသည္။

အခ်က္ေပးဧရိယာက အေသးစားလူသုံးကုန္မားကတ္ျဖစ္၏။ ပစၥည္းထားတဲ့အခန္းက ဘတ္ထရီေတြ မီးေလာင္သည္ဟုဆိုသည္။ မားကတ္က မီးေလာင္ႏိုင္ေသာပစၥည္းမ်ားျဖင့္ျပည့္ေနၿပီး အျမန္ဆုံး မီးမထိန္းႏိုင္ခဲ့ရင္ မေတာ္တဆမႈႀကီးႀကီးမားမား ျဖစ္ပြားႏိုင္သည္။

လမ္းမွာ သူတို႔ သုံးစြဲမႈလြန္ကဲေသာေၾကာင့္ ဘတ္ထရီေတြ မီးေလာင္ျခင္းျဖစ္ေၾကာင္း သိလိုက္ရသည္။ ျဖစ္ခ်င္ေတာ့ ေငြေၾကးအကုန္အက်သက္သာေစဖို႔ မားကတ္က စက္႐ုံသုံးလီသီယမ္ဘတ္ထရီ အေျမာက္အမ်ားခိုးဝယ္ကာ ညဘက္ဆိုအားသြင္းၿပီး ေန႔ဘက္က် ျဖဳတ္ထားသည္။ ညဘက္မီတာေဘက ေန႔ခင္းဘက္မီတာေဘထက္ ပိုေဈးသက္သာေသာေၾကာင့္ပင္။

လီသီယမ္ဘတ္ထရီေတြက အေတာ္ဒုကၡေပးသည္။ တစ္ခါမီးေလာင္တာနဲ႔ ၿငိမ္းသတ္ဖို႔ခက္ခဲ၏။ အမ်ိဳးမ်ိဳးေသာ power bank ေတြကို ေလယာဥ္ေပၚ၌ ကန္႔သတ္ထားသည္မွာလည္း ဒီအေၾကာင္းရင္းေၾကာင့္ပင္။ မၾကာခင္ႏွစ္မ်ားအေတာတြင္း လွ်ပ္စစ္ယာဥ္မ်ား၌ လီသီယမ္ဘတ္ထရီေၾကာင့္ မီးေလာင္မႈမ်ား တစ္ႏွစ္ၿပီးတစ္ႏွစ္ ပို၍တိုးလာသည္။ ေဈးဝယ္စင္တာမ်ား ထိုသို႔ျပဳလုပ္ျခင္းကလည္း မီးေဘးကာကြယ္ေရးစည္းကမ္းကို လုံးဝဆန္႔က်င္ေနေပသည္။

သူတို႔ မားကတ္ကိုေရာက္ေတာ့ ပစၥည္းခန္းဆီ တန္းတန္းဝင္သြားသည္။

သူ အေဝးကေန သိုေလွာင္ခန္းတံခါးမွ မီးခိုးမ်ား အဆက္မျပတ္ထြက္ေနသည္ကို ျမင္ေတြ႕လိုက္ရသည္။ တပ္သားေတြ အေဝး၌ရပ္ေနရင္း လက္ထဲမွာ မီးသတ္ကိရိယာမ်ားကိုင္ေဆာင္ထားေသာ္ျငား ဘယ္သူမွ ေ႐ွ႕ဆက္မလွမ္းရဲ။

ကာကြယ္ေရးဝတ္စုံမ်ား ဝတ္ဆင္ထားလ်က္ကပင္ အပူလိႈင္းကိုခံစားႏိုင္သည္။

" မီးသတ္သမားေတြ ဒီကို မီးသတ္သမားေတြေရာက္ၿပီ! "

ရန္ရိ အရင္ေမးလိုက္သည္။

" ပိတ္မိေနတဲ့သူ႐ွိလား? "

" မ႐ွိပါဘူး "

" ပါဝါျဖတ္ေတာက္ထားလား? "

" ျဖတ္ၿပီးၿပီ "

" အထဲကအေျခအေနဘယ္လိုလဲ? "

ရန္ရိ အထဲကိုၾကည့္လိုက္သည္။ သူျမင္ရတာအားလုံးက မီးေလာင္ျခင္း၏ အနီေရာင္အလင္းမ်ားသာျဖစ္ၿပီး အရာအားလုံးက ႀကီးမားတဲ့မီးခိုးလိႈင္းမ်ားေအာက္ ပုန္းကြယ္ေနသည္။

ဝာာဝန္႐ွိသူက ေခြၽးေတြသုတ္လိုက္ၿပီး

" ဘတ္ထရီအိုးတစ္စုံ မီးထေလာင္တာ၊ ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာမီးသတ္ဖို႔ႀကိဳးစားေပမယ့္.....မီးသတ္လို႔မရဘူး၊ ေနာက္ေတာ့ အထဲမွာ အရမ္းပူလာတာနဲ႔ ကြၽန္ေတာ္တို႔ ျပန္ထြက္လာခဲ့တယ္ "

ရန္ရိ သူ႕ကိုစူးစိုက္ၾကည့္ၿပီး

" မီးေလာင္တာကို 119 အရင္မေခၚဘဲနဲ႔ ကိုယ့္ဘာသာကိုယ္ မီးသတ္ဖို႔ႀကိဳးစားတယ္ေပါ့? လီသီယမ္မီးေလာင္မႈက ဘယ္ေလာက္အႏၲရာယ္မ်ားလဲ ခင္မ်ားသိလား?! "

တာဝန္႐ွိသူ ဆြံ႕အသြားသည္။

မီးေဘးျပစ္ဒဏ္ခံရမည္ကိုစိုးရိမ္ျခင္း၊ တာဝန္ယူရမည္ကိုစိုးရိမ္ျခင္းႏွင့္ အျခားသာအေၾကာင္းျပခ်က္မ်ားေၾကာင့္ သူရဲေတြဆီအရင္ဖုန္းမဆက္ဘဲ သူ႕ဘာသာသူမီးသတ္ဖို႔ ေ႐ြးခ်ယ္ခဲ့သည္။ ရလဒ္အေနနဲ႔ကေတာ့ ကယ္ဆယ္ဖို႔အေကာင္းဆုံးအခ်ိန္ကို လက္လႊတ္ခဲ့ရသည္။ ရန္ရိ ဒီလိုေၾကာင့္ျဖစ္တဲ့ မေတာ္တဆမႈေျမာက္မ်ားစြာကို ျမင္ေတြ႕ခဲ့ဖူးၿပီ။ ဒီလူကို အျပစ္တင္ဖို႔ အဓိပၸါယ္မ႐ွိမွန္းသိေနေသာ္ျငား စိတ္အေႏွာင့္အယွက္ျဖစ္ေနရဆဲပင္။

ရန္ရိ အမိန္႔ေပးလိုက္သည္။

" တင္းခ်င္ ေရ‌လႊတ္ဖို႔ျပင္ထား၊ ဌာနခ်ဳပ္ကိုလွမ္းအေၾကာင္းၾကားၿပီး စည္ပင္သာယာကို ဒီဧရိယာအတြက္ ေရတိုးျမႇင့္ေပးဖို႔ေျပာလိုက္ "

" ဟုတ္ကဲ့ "

" လွ်ိဳေဟြး ေလစုပ္ပန္ကာေတြသြားယူ "

" ဟုတ္ကဲ့ "

" ေကာင္းကယ္ စြန္းတင့္ရိ မင္းတို႔ႏွစ္ေယာက္က ငါနဲ႔အထဲဝင္ၾကည့္ေပး "

သူတို႔သုံးေယာက္ လက္နက္အျပည့္အစုံယူကာ ပစၥည္းသိုေလွာင္ခန္းဆီ ဝင္သြားၾကသည္။

ပစၥည္းခန္းမွာေတာ့ တံခါးတစ္ခ်ပ္ရယ္ ျပတင္းေပါက္တစ္ခုရယ္သာ႐ွိၿပီး မီးခိုးေငြ႕ေတြနဲ႔ အပူလိႈင္းကို လြင့္ပါးေစဖို႔ ေဝလာေဝးပင္။ ထိုအခ်ိန္က အခန္းတြင္းအပူခ်ိန္မွာ ငရဲဘုံအလား၊ လူေတြကို ေကာင္းေကာင္းႀကီး ခ်က္ျပဳတ္ႏိုင္သည္။   အပူဒဏ္ကာကြယ္ေရးဝတ္စုံ ဝတ္ထားလ်က္ကပင္ ရန္ရိ သူ႕အသားေတြ ေရေႏြးပူေလာင္သလိုခံစားရသည္။ ဒီလိုမ်ိဳးေနရာမွာ သူတို႔အလြန္ဆုံး တစ္မိနစ္ေလာက္ပဲ ေတာင့္ခံထားႏိုင္သည္။

ရန္ရိ အံႀကိတ္ၿပီး မီးဆီသို႔ ေလွ်ာက္လွမ္းသြားသည္။

ဘတ္ထရီအိုးမ်ားကို နံရံမွီကာ ဆင့္စီထားၿပီး ငါးတန္းကေန ေလးတန္းအထိ စုစုေပါင္းႏွစ္ဆယ္႐ွိသည္။ တစ္ခုခ်င္းစီက ခရီးေဆာင္အိတ္အ႐ြယ္ေလာက္႐ွိၿပီး ဝိုင္ယာႀကိဳးမ်ား႐ႈပ္ေထြးလ်က္ ေၾကာက္မက္ဖြယ္အသံမ်ားထြက္ေန၏။ မီးစေလာင္တဲ့တစ္ခုက ဘယ္ဘက္အလယ္‌ေလာက္ကျဖစ္မည္။ သူတို႔ထဲမွ တစ္ခုကေတာ့ နီရဲေနေအာင္ ေလာင္ကြၽမ္းထားၿပီျဖစ္၍ ေဘးက ေလးအိုးလည္း တစ္ၿပိဳင္တည္း မီးေလာင္ခဲ့ေလၿပီ။

လီသီယမ္မီးေလာင္မႈကို ၿငႇိမ္းသတ္ဖို႔အေကာင္းဆုံးနည္းလမ္းက ေရျဖန္းျခင္းျဖစ္ၿပီး ေရပမာဏမ်ားစြာ ပက္ျဖန္းရမည္။ ေရမလုံေလာက္ပါက မီးၿငိမ္းမည္မဟုတ္။ အေသးစားလီသီယမ္ဘတ္ထရီဆိုရင္ေတာ့ ေရထဲတန္းပစ္ထည့္လိုက္တာက ဉာဏ္အ႐ွိဆုံးနည္းလမ္းပင္။ ဒါေပမယ့္ လီသီယမ္ဘတ္ထရီက ဒီေလာက္ႀကီးၿပီး ဒီလိုမီးးေလာင္ထားေတာ့ ေ႐ႊ႕ေျပာင္းဖို႔ အေနအထားမ႐ွိ‌။

မၾကာခင္ သူတို႔သုံးေယာက္ ေတာင့္မထားႏိုင္ေတာ့ဘဲ ျပန္ထြက္ခဲ့ၾကသည္။

ရန္ရိ သူ႕ mask ကိုခြၽတ္ၿပီး မ်က္ႏွာက ေခြၽး႐ႊဲေနလ်က္ အသက္ဝဝ႐ွဴလိုက္သည္။

" ဒုကၡပဲ၊ ဒီအပူခ်ိန္မွာ လူေတြမေနႏိုင္ဘူး၊ ငါတို႔ဘယ္လိုေရးျဖန္းေတာ့မလဲ? "

" အလွည့္က်လုပ္မွပဲ အလုပ္ျဖစ္ႏိုင္တယ္ "

ေကာင္းကယ္ ေျပာလာ၏။

ရန္ရိ အဲ့ကိစၥစဥ္းစားလိုက္သည္။

" အပူခ်ိန္ျပယ္ေအာင္ ေလထုတ္ေနတုန္း မီးၿငိမ္းဖို႔ ေရျဖန္းတာပဲလုပ္ႏိုင္တယ္ "

မန္ေနဂ်ာျဖစ္ဟန္႐ွိေသာလူက ရန္ရိဆီေလွ်ာက္လာသည္။

" တပ္သား မင္း မီးဘယ္လိုသတ္ဖို႔ စီစဥ္ထားလဲ? "

" ကြၽန္ေတာ္တို႔ မီးခိုးေငြ႕ေတြထြက္‌ေအာင္ ေလစုတ္ပန္ကာႏွစ္ခုကို တံခါးနဲ႔ ျပတင္းေပါက္မွာ သုံးၿပီး ေရျဖန္းရမယ္ "

ထိုလူမ်က္ႏွာပ်က္သြားသည္။

" တပ္သား အျခားနည္းလမ္းစဥ္းစားၾကည့္ပါလား ေရမျဖန္းပါနဲ႔၊ ေရျဖန္းလိုက္ရင္ ကြၽန္ေတာ္တို႔ဘတ္ထရီေတြ ပ်က္စီးသြားလိမ့္မယ္၊ ဘတ္ထရီတစ္ခုက ယြမ္ႏွစ္သိန္းထက္ပိုတယ္ "

ရန္ရိ သူ႕ကို မ်က္ေစာင္းထိုးၾကည့္လိုက္သည္။

" ေပါင္ဒါေျခာက္႐ွိတယ္မလား? အဲ့တာနဲ႔ မီးသတ္လို႔ရတယ္မဟုတ္ဘူးလား? ေလပိတ္လိုက္ရင္ မီးၿငိမ္းသြားမွာပါ "

ရန္ရိ ေအးစက္စက္ေျပာလိုက္သည္။

" ေပါင္ဒါေျခာက္ဂုဏ္သတၱိက ေလပိတ္ၿပီး မီးၿငိမ္းသတ္ဖို႔အတြက္ပဲ၊ ဒါေပမယ့္ လီသီယမ္ဘတ္ထရီေတြအတြက္ေတာ့ အလုပ္မျဖစ္ဘူး၊ အထဲမွာ ဘတ္ထရီငါးလုံးေတာင္ မီးေလာင္ေနၿပီ၊ မီးမသတ္ခင္ ေလပိတ္လိုက္တာက အျခားဘတ္ထရီေတြကိုပါ မီးစြဲၿပီး ေပါက္ကြဲေစလိမ့္မယ္၊ အရမ္းျပင္းတဲ့အပူခ်ိန္ကလည္း နံရံေထာက္ကန္ထားတာကို ထိခိုက္ေစမွာ "

ထိုလူက ရန္ရိကို လွမ္းဆြဲၿပီး စိုးရိမ္တႀကီးေျပာလာသည္။

" မီးေလာင္တဲ့ဘတ္ထရီေတြထုတ္ဖို႔ မင္းတစ္ခုခုစဥ္းစားေပးပါ "

ရန္ရိ လက္ကိုခါထုတ္လိုက္ၿပီး စူးစူး႐ွ႐ွေျပာလိုက္သည္။

" ကြၽန္ေတာ္တို႔ ဘာဝတ္ထားတယ္လို႔ ခင္မ်ားထင္လဲ? ခင္မ်ားကို အဝတ္ေတြေပးမယ္ဆို ခင္မ်ားလႈပ္႐ွားရဲလား? "

" မင္း ဒါကဘာအခ်ိဳးလဲ? "

ထိုလူက ငိုၿပီး

" ငါ ထုတ္လုပ္သူကိုေမးလိုက္တယ္ မင္းတို႔ေရျဖန္းလိုက္ရင္ ငါ့ဘတ္ထရီအခု ၂၀ လုံးပ်က္စီးသြားမယ္တဲ့၊ မီလီယမ္နဲ႔ခ်ီၿပီး ဆုံး႐ႈံးမွာကြ "

" ေရမျဖန္းရင္လည္း ခင္မ်ားဘတ္ထရီေတြ ေပါက္ကြဲၿပီး မားကတ္တစ္ခုလုံး အႏၲရာယ္ျဖစ္သြားမွာပဲ "

ရန္ရိ သူ႕ကို စူး႐ွေသာမ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္လိုက္ၿပီး

" ခင္မ်ား တရားဝင္အရာ႐ွိေတြနဲ႔ လာ႐ႈပ္ခ်င္တယ္ဆိုရင္ ထိန္းသိမ္းေရးစင္တာမွာ ရက္နဲနဲေလာက္ သြားနားလိုက္ဦး "

" မင္း....."

ထိုလူက တစ္ခုခုေျပာဖို႔ ေစာင့္ေနေသးေပမယ့္ ႐ုတ္တရက္ အခန္းထဲက ေပါက္ကြဲသံအက်ယ္ႀကီးထြက္လာၿပီး အားလုံးထိတ္လန္႔ကာ ရင္တုန္သြားလ်က္ အလိုအေလ်ာက္ ေခါင္းမ်ားအုပ္ကာ ကုန္းခ်လိုက္ၾကသည္။

လီသီယမ္ဘတ္ထရီေပါက္ကြဲျခင္း ျဖစ္ရမည္။ လီယီယမ္ဘတ္ထရီေပါက္ကြဲရင္ ထိခိုက္မႈသိပ္႐ွိမွာမဟုတ္ေပမယ့္ လူေတြအနားကပ္ပါက အလြန္အႏၲရာယ္မ်ားၿပီး ေပါက္ကြဲၿပီးေနာက္ပိုင္း ဘတ္ထရီေတြပိုၿပီးေတာ့ မီးစြဲသြားလိမ့္မည္ပင္။

ထိုလူမ်က္ႏွာက ျဖဴစုတ္ေနၿပီး စကားေျပာေနတာလည္း ရပ္လိုက္သည္။

ေပါက္ကြဲၿပီး အခန္းအပူခ်ိန္ ပိုျမင့္လာပုံေပၚ၏။ ဒီတစ္ခါေတာ့ သူတို႔ အခန္းထဲဝင္မသြားႏိုင္ေတာ့ဘဲ တံခါးနားကပ္တာနဲ႔တင္ ေၾကာက္မက္ဖြယ္အပူလိႈင္း၏ တြန္းကန္ျခင္းခံရသည္။

အဲ့အခ်ိန္ ေရပိုက္ေတြ အဆင္သင့္ျဖစ္ေနၿပီး ရန္ရိ နံရံကိုအရင္အေအးခံဖို႔ ေရပိုက္ႏွစ္ေခ်ာင္းစီစဥ္ကာ ေလစုပ္ပန္ကာအတြက္ ေစာင့္ေနလိုက္သည္။ အခန္းထဲက အပူခ်ိန္မက်ရင္ ေရပိုက္ေတြလည္း လုံးဝဝင္လို႔ရမည္မဟု‌တ္။

ခဏၾကာေတာ့ ေလစုပ္ပန္ကာေတြေရာက္လာၿပီး ‌တံခါးနဲ႔ ျပတင္းေပါက္ အသီးသီးမွ စတင္ေလစုပ္ထုတ္သည္။

ဒီနည္းအတိုင္း နာရီဝက္ၾကာေအာင္ ေစာင့္ၿပီးေနာက္ အပူခ်ိန္တျဖည္းျဖည္းက်ဆင္းသြားလ်က္ အခန္းတြင္းျမင္ႏိုင္စြမ္းလည္း တျဖည္းျဖည္းျမင့္မားလာ၏။

ရန္ရိ အထဲဝင္ၿပီး ႀကိဳးစားဖို႔ဆုံးျဖတ္လိုက္သည္။ သူနဲ႔ ေကာင္းကယ္ ေရပိုက္တစ္ခုကိုကိုင္ၿပီး ကိရိယာသိုေလွာင္ခန္းကိုဝင္ကာ  အေဝးကဘတ္ထရီအိုးကိုလွမ္းခ်ိန္ၿပီး ဗားကို ဖြင့္လိုက္သည္။

မီးျမန္ျမန္သတ္ႏိုင္ဖို႔ ရန္ရိ ေရပိုက္ကို ဖိအား ၁၂ ထိျမႇင့္ထားသည္။ ဗားဖြင့္လိုက္ေတာ့ ႀကီးမားတဲ့ေရဖိအားက ပိုက္ကို သက္႐ွိနဂါးတစ္ေကာင္ကဲ့သို႔ ႐ုန္းကန္လႈပ္ခါေစသည္။ ရန္ရိနဲ႔ ေကာင္းကယ္ ပိုက္ကို တင္းတင္းဆုပ္ကိုင္ထားၿပီးၾကမ္းျပင္ကေန ဆက္ဆြဲယူလိုက္ခ်ိန္ ေရေတြစတင္ပန္းထြက္လာၿပီး သူတို႔ႏွစ္ေယာက္စလုံး စို႐ႊဲသြားသည္။ စြန္တင့္ရိက အျမန္လာကာ ေရပိုက္ကိုကိုင္ေပးလိုက္ေတာ့ ထိန္းခ်ဳပ္ႏိုင္သြားသည္။ ထို႔ေနာက္ မီးေလာင္ေနေသာ ဘတ္ထရီမ်ားကိုခ်ိန္ကာ ေရျဖန္းလိုက္ေတာ့၏။

ေရျဖန္းလိုက္ႏွင့္တစ္ၿပိဳင္နက္ အပူခ်ိန္ျမင့္ေရေႏြးေငြ႕မ်ား အခန္းထဲ ပ်ံတက္လာၿပီး အစက ႐ိုး႐ိုးမီးထက္ပင္ပို၍ မေတာင့္ခံႏိုင္စရာျဖစ္သည္။ သူတို႔ခဏေလာက္ ေရျဖန္းၿပီး ေနာက္အဖြဲ႕နဲ႔လူလဲလိုက္သည္။

တပ္သားေတြ အဖြဲ႕သုံးဖြဲ႕ကို အလွည့္က်တာဝန္ယူၿပီး အစမွာေတာ့ တစ္ဖြဲ႕ကို တစ္မိနစ္စီသာ ဒဏ္ခံႏိုင္သည္။ ေနာက္ေတာ့ အပူခ်ိန္က်သြားသည္ႏွင့္အတူ တျဖည္းျဖည္း မိနစ္အေတာ္ၾကာေနႏိုင္လာသည္။

‌ရန္ရိ၊ ေကာင္းကယ္နဲ႔ စြန္းတင့္ရိတို႔ ေရျဖန္းဖို႔ တစ္ဖန္အလွည့္က်လာသည္။ ထိုအခ်ိန္ မီးခိုးထုႀကီးက ေရေငြ႕ေတြနဲ႔ အစားထိုးသြားၿပီး ဘာမွေသေသခ်ာခ်ာ မျမင္ရေပ။ ဒါေပမယ့္ ကံေကာင္းေတာ့ မီးေလာင္တဲ့ေနရာက အရမ္းသိသာၿပီး ေရျဖန္းပိုက္ေတြလည္း ေနရာမွားၿပီး မျဖန္းမိေပ။

မိနစ္အနည္းငယ္ၾကာေတာ့ သူတို႔ျပန္ဆုတ္ၿပီး ေနာက္တစ္ဖြဲ႕နဲ႔ အလွည့္ေျပာင္းသည္။

ရန္ရိက အရမ္းပင္ပန္းၿပီး လက္ေတာင္အႏိုင္ႏိုင္မေနရသည္။ အသက္႐ွဴကိရိယာအၾကာႀကီးတပ္ထားၿပီးေနာက္ပိုင္း အသက္႐ွဴလိုက္တိုင္း ခက္ခဲေနသည္။

သူေျပာလိုက္၏။

" ျပန္ၿပီး အသက္ဝဝ႐ွဴရေအာင္၊ စကားမစပ္ ေအာက္ဆီဂ်င္ဘူးလဲလိုက္ေတာ့ အခ်ိန္ျပည့္ေတာ့မယ္ "

ရန္ရိ မားကတ္ထဲကထြက္ၿပီး လတ္ဆတ္တဲ့ေလကို ႐ွဴသြင္းကာ မီးသတ္ကားဆီ‌သြားလိုက္သည္။ သူမီးသတ္ကားထဲကေန ေအာက္ဆီဂ်င္ဘူးသုံးဘူးထုတ္ၿပီး ေနာက္က စြန္းတင့္ရိထံ ကမ္းေပးလိုက္သည္။ သူေကာင္းကယ္ကို ေပးမလို႔လုပ္ေတာ့ ေကာင္းကယ္က ေနာက္မွာ႐ွိ‌မေနေခ်။

" ေကာင္းကယ္ေရာ? "

ရန္ရိေမးလိုက္သည္။

စြန္းတင့္ရိက ‌ေအာက္ဆီဂ်င္ဘူးလဲရင္း ေျပာလာသည္။

" သူထြက္မလာေသးဘူးဆိုေတာ့ အထဲမွာပဲ ႐ွိေသးမယ္ထင္တယ္ "

" မင္းသူ႕ကို ဒါေပးလိုက္၊ ၿပီးေတာ့ အားလုံးကို အသက္႐ွဴကိရိယာေတြ စစ္ဖို႔သတိေပး၊ မလုံေလာက္ေတာ့ရင္ ျမန္ျမန္လဲခိုင္းဦး၊ ငါအသက္႐ွဴၿပီး ခ်က္ခ်င္းျပန္လာခဲ့မယ္ "

" အိုေက "

စြန္းတင့္ရိ ေအာက္ဆီဂ်င္ဘူးနဲ႔အတူ ျပန္သြားသည္။

ရန္ရိ ေခြၽးေတြသုတ္ၿပီး အကာအကြယ္ဝတ္စုံေကာ္လံကိုဆြဲကာ ေလေအးအနည္းငယ္ေလာက္ ဝင္ေစသည္။ အပူခ်ိန္ပိုမ်ားတဲ့ ပတ္ဝန္းက်င္မွာ အခ်ိန္အၾကာႀကီးေနၿပီးေနာက္ တစ္ကိုယ္လုံးေလာင္ကြၽမ္း‌ေတာ့မလို ခံစားေနရတာက  အလြန္ကိုစိတ္မသက္သာဖြယ္အတိ၊ တစ္ခါတစ္ရံ ေလေအးေလးဝင္လာတာက အမ်ားႀကီးသက္သာသြားေစ၏။

ဒါေပမယ့္ သူအၾကာႀကီး "သာယာ" မေနဘဲ မၾကာခင္ျပန္သြားလိုက္သည္။

မားကတ္ထဲေျခမခ်ရေသးခင္ စြန္းတင့္ရိက ထိတ္လန္႔ေနေသာအမူအရာျဖင့္ ေရးႀကီးသုတ္ျပာ ေျပးလာသည္။

" ေကာင္းကယ္ ေပ်ာက္သြားၿပီထင္တယ္ "

ရန္ရိ မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။

" ဘယ္လိုေပ်ာက္သြားတာလဲ? "

" ကြၽန္ေတာ္ အထဲမွာ တစ္ေယာက္မွ႐ွာမေတြ႕ဘူး၊ သူဆီက စကားျပန္လည္းမရဘူး "

" အိမ္....အိမ္သာသြားတာမ်ားလား? "

ရန္ရိေျပာလိုက္ၿပီး ဒုံးေဝးသလိုခံစားရသည္။

" ကြၽန္ေတာ္ အိမ္သာလည္းသြားၾကည့္ခဲ့ေသးတယ္"

စြန္းတင့္ရိက စိုးရိမ္စိတ္လႈပ္႐ွားလ်က္ ေျပာသည္။

" လူအမ်ားႀကီးကိုလည္း ေမးခဲ့တယ္၊ ဒါေပမယ့္ သူ႕ကိုမေတြ႕ဘူး၊ ပစၥည္းထားတဲ့အခန္းထဲ ဝင္ၾကည့္ေတာ့လည္း ႐ွာမေတြ႕ဘူး "

ရန္ရိ ႏွလုံးတင္းၾကပ္သြားၿပီး မားကတ္ထဲအျမန္ျပန္ေျပးကာ ပစၥည္းထားတဲ့အခန္းဆီ တန္းတန္းသြားလိုက္သည္။

===========

ဒီအခန္းကေတာ့ ဗဟုသုတေတြခ်ည္းပဲ! ရန္ရိလုပ္ေဖာ္ကိုင္ဖက္ေလးေတြကိုလည္း ခ်စ္တာ၊ သူတို႔တစ္ခုခုျဖစ္ရင္ စိတ္အရမ္းပူရတယ္ .·´¯'(>▂<)´¯'·.