Fri, Aug 13, 2021
-----------------
{ Unicode }
ရန်ရိ ငြိမ်ငြိမ်လေး လက်မောင်းတွန့်ပြီး နောက်လှည့်လိုက်သည်။
" ဟမ်? "
" ခင်များ ဒါကြောင့် ကျွန်တော့်ကိုဝင်လာခိုင်းတာ မဟုတ်ဘူးလား? "
ကုံးရင့်ရှန် လက်တွေပိုက်ထားသည်။
" ခင်များ အဲ့တာကို တစ်ယောက်တည်း ဘယ်လိုဆေးမလဲ? "
" အာ....ငါ "
ရန်ရိ ပုံဖော်ကြည့်လိုက်ပြီး သူ့အတွက် အထင်မမှားဖို့ မဖြစ်နိုင်မှန်း ခံစားလိုက်ရသည်။ ဒါပေမယ့် ကုံးရင့်ရှန်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရဖို့ အခွင့်အရေးကို လက်လွှတ်လိုက်ရဦးမှာ။ သူဝေခွဲမရဖြစ်ပြီး တွန့်ဆုတ်တွန့်ဆုတ်လုပ်နေရင်း
" မင်းငါ့ကို ညစ်ပတ်တယ်လို့ မထင်ဘူးလား? "
" မကြိုက်ဘူး "
ကုံးရင့်ရှန် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလာသည်။
" ကျွန်တော် ခင်များကို ရေပန်းကူကိုင်ပေးပြီး အနာမထိအောင် သတိထားပေးမယ်၊ ပြီးရင် ခင်များဘာသာ ဆက်ချိုးပေါ့ "
သူစကားရပ်ပြီး၊ ချင်တင်တင်နဲ့ပြောလာသည်။
" လည်ပင်းနားကို ကျွန်တော် ဆေးပေးလို့ရတယ် "
" ပြီးတော့...ထားပါတော့ "
ရန်ရိ ခြောက်ကပ်ကပ်ပြုံးကာ ပြောလိုက်သည်။
" ငါ ကိုယ်လုံးတီးချွတ်ရမှာ ရှက်တယ် "
ကုံးရင့်ရှန် မျက်ခုံးပင့်လိုက်ပြီး
" ခင်များက မီးသတ်သမားပဲ၊ ရေစုမချိုးဖူးဘူးလား? "
ရန်ရိ လွန်ခဲ့တဲ့နှစ်နှစ် သူစခန်းခေါင်းဆောင်ဖြစ်လာမှ ကိုယ်ပိုင်ရေချိုးခန်းရလာကြောင်း ပြောပြခဲ့သည်။
" ဒါမှမဟုတ် ခင်များ ကျွန်တော့်ရှေ့မှာမို့လို့ ရှက်နေတာလား? "
ကုံးရင့်ရှန် နှုတ်ခမ်းများ တွန့်တက်သွားပြီး
" သိမ်ငယ်သလို ခံစားရလို့လား? "
ရန်ရိ ရင်ဘောင်တန်းပြီး အော်လိုက်သည်။
" လာနောက်နေတာလား? မင်းငါ့ကို ကူညီ၊ ငါမင်းကို ဒီအခွင့်ရေးပေးလိုက်မယ် "
ကုံးရင့်ရှန် မေးငေါ့ကာ
" မြန်မြန်လုပ်၊ ကျွန်တော် ဌာနခွဲပြန်ရဦးမယ် "
သူပြောပြီး အပေါ်ထပ်အင်္ကျီ ချွတ်လိုက်သည်။
ရန်ရိ ကုံးရင့်ရှန် အဝတ်ချွတ်လိုက်တဲ့အချိန် တမင်တကာ လှစ်ဟာပြလာတဲ့ ရင်ဘတ်ကြွက်သားဆိုင်တွေကို ကြည့်ပြီး မနေနိုင်ဘဲ တံတွေးမျိုချလိုက်သည်။
" ကျွန်တော့်ကို Pajamas သန့်သန့်တစ်စုံပေး၊ ဖြစ်နိုင်ရင် အသစ်လိုချင်တယ် "
" ငါ့မှာ လေ့ကျင့်ရေးဝတ်စုံတွေပဲ ရှိတယ် "
ကုံးရင့်ရှန် မျက်မှောင်ကြုတ်လိုက်သည်။
" ခင်များရဲ့စက်ပြင်ဆရာလို ဝတ်စုံတွေလား? "
ရန်ရိ မျက်လုံးစွေလိုက်ပြီး
" ဟုတ်တယ်၊ စက်ပြင်ဆရာနဲ့တူတဲ့ အဝတ်တွေပဲ "
သူတို့ဝတ်စုံတွေကို သူများမကြိုက်တာလည်းမပြောနဲ့၊ သူတို့ကိုယ်တိုင်လည်း ကြည့်ရဆိုးတယ်လို့ ထင်သည်။ ရန်ရိ အံဆွဲထဲက အဝတ်သန့်နှစ်စုံထုတ်လိုက်ပြီး ကုံးရင့်ရှန်ကို တစ်စုံပေးလိုက်သည်။
ကုံးရင့်ရှန် သု့လက်ထဲက မဲနယ်ရောင်မီးသတ်လေ့ကျင့်ရေးဝတ်စုံကို တိတ်တဆိတ်ကြည့်လိုက်သည်။ ထိုသူ အကြိမ်အတော်များများ လျှော်ထားတာ သိသာပြီး ချည်သားက တွန့်ကာ ပုံပျက်နေလေပြီ။ ပြီးတော့ မီးပူလည်း တိုက်ထားခြင်းမရှိ။
" အကုန်လျှော်ပြီးသား "
ရန်ရိ သူ့လက်ထဲက တစ်စုံကို နှာခေါင်းထိပ်နားကပ်ပြီး အနံ့ခံကြည့်သည်။
" အနံ့မွှေးနေတုန်းပဲ "
" ခင်များက ဒီအပေါစားအဝတ်လျှော်ဆပ်ပြာနံ့ကို 'အနံ့မွှေး' တယ်လို့ခေါ်လား? "
ကုံးရင့်ရှန် သူ့ကို စူးစိုက်ကြည့်သည်။
" ဟေး၊ ဒါတွေအကုန် ငါ့အတွက်ပဲ၊ မင်းမဝတ်ဘူးဆိုရင် ကိုယ်လုံးချွတ်ဝင်လာမလို့လား? "
ကုံးရင့်ရှန် တွန့်ဆုတ်သွားသည်။
ထိုတွန့်ဆုတ်ခြင်းက ရန်ရိကို ကြောက်လန့်စေ၏။ ဒီကောင်စုတ်လေး တကယ်ပဲ သူ့ကို ကိုယ်လုံးတီးနဲ့တွေ့ဖို့ အစီစဉ်မရှိဘူးမလား? မဖြစ်ဘူး၊ သူ သူအဆင်သင့်မဖြစ်သေးဘူး၊ သူကျိန်းသေးပေါက် မျက်နှာပူနေမှာပဲ!
ကုံးရင့်ရှန် မလုပ်ချင်လုပ်ချင်နဲ့ ပြောလာသည်။
" အိုကေ "
ရန်ရိ နှလုံးသားလေး ဝရုန်းသုန်းကား လှုပ်ခါသွားပြီး သတိကြီးကြီးနဲ့မေးလိုက်သည်။
" အိုကေ* ဆိုတာက....ဝတ်တာလား....မဝတ်တာကို ပြောတာလား? "
ကုံးရင့်ရှန် လေ့ကျင့်ရေးဝတ်စုံကို ရန်ရိဆီပစ်ပေးလိုက်ပြီး
" ကျွန်တော် ဒီလိုဟာမျိုး မဝတ်ဘူး "
ရန်ရိ အံ့အားသင့်သွားပြီး ထိုင်ချကာ ပြောလိုက်သည်။
" မင်း မင်း မင်းတကယ်ကို ချွတ်ချင်...! "
" ယောက်ျားတွေပဲကို၊ ဘာအရေးလဲ "
ကုံးရင့်ရှန် နာရီကြည့်ပြီး လောလိုက်သည်။
" ခင်များ မြန်မြန်လုပ်လို့ရမလား "
ပြီးတော့ သူနာရီချွတ်ကာ စားပွဲပေါ်တင်လိုက်သည်။
ရန်ရိ သူ့ရင်ဘတ်ကို နွားသိုးကြီးတစ်ကောင် ဝင်အောင်းလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ထိတ်လန့်သွားသည်။ သူကပုံမှန်ယောက်ျားတစ်ယောက်၊ သူဘယ်လိုလုပ်ပြီး ဒါကို စိတ်မဝင်စားသလို မျက်နှာချင်းဆိုင်နိုင်မလဲ? ဒါက သူ့ကိုတွန်းလှန်နေတာပဲ? ဒါပေမယ့် သူငြင်းလိုက်ရင် ဖုံးကွယ်ဖို့ကြိုးစားနေသလို ဖြစ်သွားမလား?
ကုံးရင့်ရှန်က တည်တည်ငြိမ်ငြိမ်ပဲ အဝတ်တွေ စချွတ်သည်။
ရန်ရိ နှလုံးသားကွဲကြေသွားရပြီး
" မင်းအတွင်းခံဝတ်ထားလို့ရတယ်၊ ငါ့မှာမင်းအတွက် အသစ်ရှိတယ် "
" အင်း "
ရန်ရိ သူ့လေ့ကျင့်ရေးဝတ်စုံယူပြီး လှည့်ထွက်ကာ ရေချိုးခန်းထဲ ဝင်သွားတော့သည်။ အရင်ဆုံး သူ့မျက်နှာကို ရေအေးနဲ့ နှစ်ချက်လောက် ပက်သစ်လိုက်ပြီး ရင်ထဲကနေ အပြင်းအထန်အော်ဟစ်သည်။ စိတ်လျှော့ စိတ်လျှော့ စိတ်လျှော့
ရေအတူချိုးရုံသက်သက်ပဲ။ သူအထက်တန်းကျောင်းသားဘဝကတည်းက ဘယ်နှစ်ကြိမ်တောင် ရေစုချိုးပြီးပြီလဲ၊ ဘယ်ဟာတွေ မမြင်ဖူးပဲရှိသေးလို့လဲ၊ သူ့ရေချိုးခန်းထဲမှာသူ ရှက်ရွံ့နေဖို့မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။ သူအသက်ဝဝရှူသွင်းလိုက်ပြီး အဝတ်တွေချွတ်ကာ ရေဘုံပိုင်ခေါင်းကို ဖွင့်လိုက်သည်။
ခဏကြာတော့ ကုံးရင့်ရှန် ဝင်လာပြီး
" ရေနွေးလား? "
" အင်း "
ရန်ရိ အသက်ပြင်းပြင်းရှူကာ ဖြည်းဖြည်းချင်းလှည့်ပြီး ကုံးရင့်ရှန်ဆီ ရေပန်းကမ်းပေးမလို့ပင်။ သို့သော် သူကုံးရင့်ရှန်ရဲ့ ကြံခိုင်သန်မာကာ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို မြင်ပြီးနောက် တုန်ယင်နေဆဲဖြစ်၍ ရေပန်းကိုအမြန်ယူပြီး ကုံးရင့်ရှန်လက်ထဲ ထိုးထည့်ပေးလိုက်သည်။ ထို့နောက် သူ့အသားတွေ ထူးထူးခြားခြားနီမြန်းနေသည်ကို မြင်သွားမှာစိုး၍ ကျောပြန်ပေးထားလိုက်၏။
ကုံးရင့်ရှန် ရေပန်းကိုယူပြီး မနေနိုင်ဘဲ ရန်ရိရဲ့ နီမြန်းနေတဲ့နောက်ကျောကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ သွယ်လျတဲ့ခန္ဓာကိုယ်၊ သေးငယ်သောခါးနှင့် ကြွက်သားဆိုင်များက ဖြတ်လတ်တက်ကြွခြင်းဖြင့် ပြည့်စုံကာ၊ ခွန်အား၏ အလှတရားများပင်ဖြစ်သည်။
ရန်ရိခန္ဓာကိုယ် ကြည့်ကောင်းတယ်လို့ သူတွေးလိုက်သည်။
သူဘာတွေးလိုက်လဲဆိုတာ သတိထားမိတော့ ကိုယ့်ကိုယ်ကို မယုံနိုင်ဖြစ်သွား၏။ သူ အခြားသူတွေရဲ့ ပုံပန်းသွင်ပြင်ကို အာရုံမထားတတ်။ ဒီလို 'အာရုံစိုက်မှု' မျိုးက သူအလှတရားနဲ့ အကျည်းတန်မှုကို မခွဲခြားနိုင်တာမျိုးမဟုတ်ဘူး။ ဒါပေမယ့် အလှတရားနဲ့ အကျည်းတန်မှုက သူ့အတွက် အဓိပ္ပါယ်မဲ့သည်။ ပြီးတော့ သန့်ရှင်းတာလောက်လည်း အရေးမပါဘူး။ သို့သော် ဒီတစ်ခါသူ သူတကယ်ကို " ရန်ရိက ကြည့်ကောင်းတယ်" ဆိုသော အတွေးမျိုးတွေးမိခဲ့သည်။ သူဒီခံစားချက်အရင်းခံကို နားမလည်ပေ။ သူစိတ်ရှုပ်နေရင်း အခက်တွေ့ပြီး အသက်ရှူနှုန်းလည်း အနည်းငယ် မြန်ဆန်လာသည်။
ရန်ရိ အကြာကြီး စောင့်နေရပြီး
" ဟေး? ရေလာလောင်းလေ "
သူလှည့်မကြည့်ပေမယ့် နည်းနည်းပဲစိတ်ဖြေလျှော့ထားနိုင်သည်။ သူလှည့်ကြည့်ချင်ရင်တောင် သူကြည့်ချင်သလောက် အဝကြည့်နိုင်မှ အကောင်းဆုံးဖြစ်မည်။
ကုံးရင့်ရှန် သတိပြန်ဝင်လာပြီး သူ့စိတ်ထဲက အမျိုးအမည်မသိတဲ့အတွေးတွေကို ဖိနှိပ်ကာ ရန်ရိ ဒဏ်ရာကိုစစ်ဖို့ ရှေ့ကိုခြေနှစ်လှမ်း လှမ်းလိုက်သည်။
" ဒဏ်ရာက သက်သာသွားပြီ၊ အရောင်ပြယ်ဖို့တော့ အနည်းဆုံးနှစ်နှစ်လောက် ကြာလိမ့်မယ် "
" နည်းနည်းညိုသွားရင် မမြင်ရတော့ဘူးပေါ့ "
" ခင်များ လူမဲဖြစ်သွားမှပဲရမယ် "
ကုံးရင့်ရှန် ရန်ရိ ကျောပြင်ကို ရေလောင်းပေးလိုက်ပြီး
" ဆပ်ပြာတိုက် "
ရန်ရိ လက်လိမ်ပြီး ဆပ်ပြာတိုက်ရသည်။ သူ့ကိုယ်သူ အနောက်ကလူအကြောင်း မတွေးဘဲ သူ့ဦးနှောက်နဲ့ခန္ဓာကိုယ်ကို စိတ်အေးစေမယ့် တစ်ခုခုတွေးဖို့ ဖိအားပေးချင်သည်။ ရလဒ်အနေနဲ့ကတော့ ခြေလက်တွေ အရမ်းတောင့်တင်းလာပြီး ခေါင်းကိုက်စရာ ကို့ရိုးကားယားနိုင်မှုကြီးဖြင့် ရေချိုးနေရသည်။
သူနောက်လှည့်မကြည့်ပေမယ့် ကုံးရင့်ရှန် သူ့ကိုကြည့်နေတာ ခံစားမိသည်။ အဓိပ္ပါယ်မရှိတာ၊ သေချာပေါက် ကုံးရင့်ရှန် သူ့ကိုကြည့်နေမှာပေါ့၊ ဒါပေမယ့် အဲ့အကြည့်က သာမန်အကြည့်မျိုး မဟုတ်ဘူး၊ သို့သော်....သူသိသလို ခံစားရပေမယ့် အဲ့လိုဟာမျိုးကို သူမခွဲခြားပြတတ်ပေ။ သူစိတ်ထင်နေတာလည်းဖြစ်နိုင်သည်၊ ဒါပေမယ့် လှည့်ကြည့်ပြီး အတည်မပြုရဲ။
ရန်ရိ မထိန်းနိုင်ဘဲ အဲ့အချိန်သူ့စိတ်ထဲမှာ ဘုရားသခင်ရှုထောင့်မှ ရုပ်ပုံတစ်ခုမြင်လိုက်ပြီး...သိမ့်ခနဲတုန်သွားလျက် မသိစိတ်အလျောက် နည်းနည်းကိုယ်ကိုင်းလိုက်ပြီး အရေးပေါ်အခြေအနေကို ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည်။
[ T/n : သိတယ်မလား ⊙﹏⊙]
မဖြစ်ဘူး၊ တစ်ခုခုစဉ်းစားစမ်းပါ၊ တွေးကြည့်....တစ်ခုခု ကြောက်စရာကောင်းတာမျိုးတွေးစမ်းပါ။
ရန်ရိ အံကိုကြိတ်လိုက်သည်နှင့် ကြောက်တာမကြောက်တာ စိုးရိမ်မနေနိုင်တော့ဘဲ တကယ်အတည်ကို သူကြည့်ဖူးတဲ့ သရဲကားတွေအကြောင်း ပြန်တွေးလိုက်ပြီး သူမမြင်နိုင်တဲ့နေရာမှာ တစ်ခုခုရှိနေသလို စိတ်ကူးပုံဖော်လိုက်သည်...
" တဘက်ပေး "
ကုံးရင့်ရှန်အသံက ရန်ရိနားထဲ ရုတ်တရက် မြည်ဟီးလာသည်။ ထိုအသံက သဘာဝအတိုင်း ဆွဲဆောင်မှုရှိပြီး သိမ်မွေ့နူးညံ့သည်။ အမြဲတမ်း သေလူတို့ရဲ့ ဆိတ်ငြိမ်မှုနှင့် ဆူညံလှုပ်ရှားမှုတို့ကို လေထုအလွှာတစ်ခုဖြင့် ပိုင်းခြားခံလိုက်ရသည့်အလား။ ကြည်လင်သန့်စင်ပြီး အပြစ်အနာအဆာကင်း၍ တစ်ခါတစ်ရံ လူတွေနားကို ထုံထိုင်းသွားစေ၏။ သို့သော် ရန်ရိဦးနှောက်ထဲ ထူးဆန်းတဲ့စွမ်းအင်များ ပြည့်နေချိန်မှာတော့ ဒီလို ကျောချမ်းစရာအသံမျိုးက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန်ကို ၃ ဒီဂရီအထိ ကျဆင်းသွားစေသည်။
ရန်ရိအလွန်ထိတ်လန့်ပြီး နှလုံးခုန်သံတစ်ချက်လောက် လွတ်သွားသည်။ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားချိန်မှာ ခြေချော်ပြီး တစ်ကိုယ်လုံး နောက်သို့ယိုင်သွားတော့၏။
ကုံးရင့်ရှန်က လက်တစ်ဖက်မှာ ရေပန်းကိုင်ထားဆဲဖြစ်သောကြောင့် ရန်ရိကို လက်တစ်ဖက်တည်းနဲ့သာ လှမ်းဖမ်းလိုက်ရပြီး ခြေချော်သွားသည်။ နှစ်ယောက်လုံးမလဲကျစေဖို့ သိုင်းကွက်နင်းကာ ခြေလှမ်းအနည်းငယ်နောက်ဆုတ်ပြီး ကိုယ်နေဟန်ထားနဲနဲ တည်ငြိမ်စေဖို့ နံရံကို ထောက်ကန်ထားလိုက်ရသည်။
ထိုအချိန်၌ လေထုအေးခဲသွားသလို၊ ယောက်ျားနှစ်ယောက်ရဲ့ ဝင်သက်ထွက်သက်အသံတွေကို ပါးစပ်ထဲ၌သာ ပြန်မျိုသိပ်လိုက်ကြပြီး ချိုးရေများသာ စီးကျနေဆဲဖြစ်သည်။
ရန်ရိခေါင်းထဲ ဗလာကျင်းသွား၏။
ကုံးရင့်ရှန် ရင်ထဲမီးတောက်လာသလိုပဲ ခံစားရပြီး ထူးဆန်းပေမယ့် အားပြင်းတဲ့သက်ရောက်မှုက သူ့အာရုံကြောတွေကို ထိခတ်သွားသည်။ သူအဲ့တာကို အရင်ကတစ်ခါမှ မတွေ့ကြုံမခံစားခဲ့ဖူးပေ။ ပြီးတော့ သူဘာကို တွေ့ကြုံခံစားနေရတယ်ဆိုတာကိုလည်း မတွေးတောနိုင်။ နောက်တော့ သူအရေပြားတွေ နှိုးဆွခံလိုက်ပြီး ပါးများပူနွေးလာလျက် ဝိုင်တစ်ခွက်အစွမ်းကဲ့သို့ ကတုန်ကယင်ဖြစ်လာပြီး သူမြန်မြန်ပြောလိုက်သည်။
" ဒီမှာ ထလို့မရသေးဘူး! "
ရန်ရိ အိပ်မက်ကလန့်နိုးလာပြီး အမြန်ထရပ်လိုက်သည်။ သူစိတ်လွတ်နေပြီး အထိန်းအချုပ်မရှိတော့ဘဲ ပြန်လဲလှည့်မကြည့်ရဲပေ။
ကုံးရင့်ရှန် ရန်ရိကို ခေါင်းလှည့်ခိုင်းစရာမလို၊ နီရဲနေတဲ့ လည်ဂုတ်ကိုကြည့်ရုံနဲ့တင် အဲ့အချိန် သူ့မျက်နှာဘယ်လိုဖြစ်နေမလဲဆိုတာ တွေးကြည့်နိုင်ပြီဖြစ်သည်။ ကုံးရင့်ရှန် မတတ်နိုင်ဘဲ မျက်နှာကိုအုပ်ကိုင်လိုက်သည်။ သူမသိဘူး ရန်ရိလည်း....
" ငါ ငါ ရေချိုးလို့ပြီးတော့မယ် မင်း.....ဒါမှမဟုတ် မင်း..."
".....တဘက်ပေး "
ကုံးရင့်ရှန် လေသံမြှင့်ပြောလိုက်သည်။ ထိုအချိန် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နေရသည့်အလား။
ရန်ရိ ကျောပေးထားလျက်ကပင် သူ့ကို တဘက်ကမ်းပေးလိုက်သည်။
ကုံးရင့်ရှန် တဘက်ယူပြီး တည်ငြိမ်သလိုဟန်ဆောင်ကာ ဟောက်ငမ်းလိုက်သည်။
" ကျွန်တော် အခုပဲအနာပေါ် ရေလောင်းမိတော့မလို့၊ ခင်များ သတိထားလို့မရဘူးလား "
သူ ဒဏ်ရာတစ်ဝိုက်က အသားကို တဘက်အစိုနဲ့ သုတ်ပေးလိုက်သည်။
" ကြမ်းပြင်က နည်းနည်းချောနေလို့...."
ရန်ရိ တိုးတိုးပြောလိုက်သည်။ သူက တစ်နှစ်ပတ်လည်လုံး မတော်တဆမှုအမျိုးမျိုးကြုံတွေ့ဖို့နဲ့ အန္တရာယ်များတဲ့နေရာတွေသွားလာဖို့ လေ့ကျင့်ထားတဲ့ မီးသတ်သမားတစ်ယောက်ဖြစ်သည်။ အထူးသဖြင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ တည်ငြိမ်ဖို့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးက ပထမဆုံးလိုအပ်ချက်ဖြစ်၏။ အရင်က သူ့ကိုတစ်ယောက်ယောက်များ "ကြိုက်တယ်" ဆိုတဲ့ရိုးရိုးစကားလုံးကြောင့် တုံးအအကောင်လေးလို ပြုမူမိတယ်လို့ပြောခဲ့ရင် ကျိန်းသေပေါက် သူလှောင်ရယ်မိမှာပင်။
ဒါပေမယ့် အခုတော့ရော? သူ ၁၃ နှစ်အရွယ် တုံးအအ ကောင်လေးတစ်ယောက်လို ပျာယာခတ်နေပြီး စောက်ရမ်းကို ကို့ရို့ကားယားနိုင်နေတယ်။
ကုံးရင့်ရှန် ရန်ရိပခုံးပေါ်မှာ တဘက်တင်ပေးလိုက်ပြီး
" အမ်း ခင်များကိုယ့်ဘာသာ ချိုးလို့ရပြီ "
" အာ ကောင်းပြီ "
ရန်ရိ သဘောပေါက်သွားသည်။ ကုံးရင့်ရှန် ကြာကြာဆက်နေလို့ကတော့ သူပေါက်ကွဲထွက်သွားလိမ့်မယ်။
ကုံးရင့်ရှန် တံခါးဆီလျှောက်သွားပြီး နောက်လှည့်ကာ မေးလာသည်။
" ခင်များကြောင့် ကျွန်တော့်အတွင်းခံ အကုန်စိုရွှဲသွားပြီ၊ ဘယ်မှာလဲ အသစ်က? "
ရန်ရိ ရုတ်တရက် သွေးဆောင့်တိုးလာပြီး အင်တင်တင်နဲ့ပြောလိုက်သည်။
" ခုနက အံဆွဲထဲမှာပဲ "
ကုံးရင့်ရှန် ရန်ရိကို နောက်ဆုံးတစ်ချက် နင့်နင့်နဲနဲကြည့်ပြီး တံခါးပိတ်ကာ ထွက်သွားတော့သည်။
ရန်ရိ စိတ်အေးအေးနဲ့ သက်ပြင်းချလိုက်သည်။ သူခန္ဓာကိုယ်တစ်ခုလုံး ပြေလျော့သွားသလို ခံစားရပြီး နံရံမှာ ခေါင်းအသာမှီရင်း ဗားကို ဖြည်းဖြည်းချင်း ဘယ်ဘက်လှည့်လိုက်သည်။ ရေပန်းကထွက်လာတဲ့ ရေပူတွေ ရေအေးများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကိုယ်ပေါ်သူ အများကြီးလောင်းချလိုက်သည်။
ရန်ရိ ပုံမှန်ဆို ဆုံးဖြတ်ချက်အမြန်ချဖို့ ငါးမိနစ်ပဲရေချိုးရသည်။ ဒီတစ်ခေါက်တော့ သူအပို မိနစ် ၂၀ ကိုပါထပ်ပေါင်းသုံးလိုက်ရ၏။ သူ့ကိုယ်သူ မှန်ထဲမှာ အကြာကြီးကြည့်နေပြီးနောက် တကယ်ကို ဘာမှမူမမှန်တာ မတွေ့ရတော့မှန်းသိလိုက်ပြီး တက်ကြွသွားသလို ဟန်ဆောင်လိုက်သည်။
ထိုအချိန် ကုံးရင့်ရှန်က အဝတ်အစားဝတ်ပြီးတော့ သူအိပ်ရာပေါ်မှာတောင်ထိုင်နေပြီဖြစ်ကာ မြောင်မြောင်ကို သူ့နာရီလက်ပတ်ကြိုးနဲ့ ကျီဆယ်နေသည်။
ကြောင်ကို စနေတဲ့အချိန်မှာပင် ကုံးရင့်ရှန်နာရီကို မျက်နှာသေနဲ့ကိုင်ထားပြီး ကြောင်ကိုစနေတာနဲ့မတူဘဲ စမ်းသပ်လေ့လာနေပုံပေါ်သည်။ ဒါပေမယ့် ထိုမြင်ကွင်းက ရန်ရိမျက်လုံးထဲ အလွန်နွေးထွေးနေဆဲသာ။
" ပြီးပြီပေါ့ "
ကုံးရင့်ရှန် မျက်လုံးလှန်ပြီး သူ့ကိုလှမ်းကြည့်သည်။
" အရမ်းနှေးတာပဲ "
" ဒဏ်ရာရထားတော့ ခက်တယ်လေ "
ရန်ရိပြောလိုက်သည်။
" အဲ့လောက် အဖိုးတန်တဲ့ပစ္စည်းနဲ့ မစစမ်းပါနဲ့၊ မင်းသူ့ကိုအလိုလိုက်ထားရင် ကိုးယွမ်နဲ့ ပို့ဆောင်ရေးကိုးဆင့်ရှိတဲ့ ရယ်စရာကြောင်ကို ကြည့်နိုင်ပါဦးမလား? "
ကုံးရင့်ရှန် ရန်ရိစာရေးခုံဆီကို မေးငေါ့ပြလိုက်ပြီး
" ကျွန်တော်ထွက်လာတော့ သူက နာရီကိုကြမ်းပေါ်လျှောက်ဆွဲပြီး အပျော်လိုက်ဖမ်းနေတာ "
ရန်ရိ မျက်လုံးပြူးသွားပြီး
" ဟေး ဒါလက်ဖွာတာပဲ! နာရီပျက်သွားသေးလား? "
" မပျက်ပါဘူး "
ကုံးရင့်ရှန် နာရီလက်ပတ်ကြိုးကိုအပေါ်ဆွဲလိုက်၊ အောက်နှိမ့်လိုက်နဲ့ ကြောင်ကိုဆက်စနေသည်။
" ပျက်သွားလည်း ကျွန်တော် ခင်များကို မလျော်ခိုင်းပါဘူး "
" မင်းစကားကြောင့် ငါစိတ်သက်သာသွားပြီ "
" ဘာလို့ဆို သူလည်း ကျွန်တော့်ကြောင်ပဲလေ "
ကုံးရင့်ရှန် ရန်ရိကို ကြည့်လာသည်။
" ဟုတ်တယ်မလား? "
ရန်ရိ ပြုံးကာပြောလိုက်သည်။
" ဟုတ်ပါတယ် "
ကုံးရင့်ရှန် မြောင်မြောင့်ခေါင်းကို လက်နဲ့ဖိလိုက်ပြီး
" မင်းဘယ်တော့ Sachiel နဲ့ကစားနိုင်မလဲ? "
" Sachiel ကဘယ်သူလဲ? "
" ကျွန်တော့် သွေးပြာမြွေလေးလေ၊ မှတ်မိလား? ဟိုအရမ်းလှတဲ့ အပြာရောင်မြွေလေး "
ရန်ရိ သူကုံးရင့်ရှန်ရဲ့ တွားသွားသတ္တဝါပြတိုက်ထဲမှာ အရမ်းထူးခြားတဲ့ ပင်လယ်ပြာရောင်မြွေတစ်ကောင် တွေ့ခဲ့ပေမယ့် ထိုမြွေလေးက သစ်ပင်ထဲအမြန်ပုန်းကွယ်သွားကြောင်း ပြန်စဉ်းစားမိသည်။
" အိုး ဟိုလျှောဝင်ပြီး ပျောက်သွားတဲ့တစ်ကောင်မလား? "
" မြွေက ခံစားချက်ကိုသိရင် ထွက်မလာဘူး "
ကုံးရင့်ရှန် ရှင်းပြလိုက်သည်။
" သူက ကျွန်တော်ပထမဆုံးမွေးတဲ့ မြွေလေးပဲ၊ အသက်ကိုးနှစ်ရှိပြီ၊ Sachiel ဆိုတာက ရေနတ်ဘုရားရဲ့နာမည် "

" မင်းငါ့ကို နောက်နေတာလား? "
ရန်ရိ မြောင်မြောင်ကို လက်ညှိုးထိုးပြလိုက်ပြီး
" မင်းအတည်ပြောတာ မဟုတ်ဘူးမလား? "
ကုံးရင့်ရှန် ရှင်းပြလာသည်။
" ပထမအချက် သွေးပြာမြွေက မြွေစိမ်းတွေရဲ့ အပြာရောင်မျိုးကွဲပဲ၊ အဆိပ်မရှိဘူး၊ ဒုတိယအချက် ကြောင်တွေရဲ့ အာရုံတုံ့ပြန်နိုင်စွမ်းက မြွေတွေထက်ပိုမြန်တယ်၊ မြွေက အနိုင်ကျင့်လို့မရဘူး၊ သေချာပေါက် သူနည်းနည်းကြီးလာတဲ့အထိ စောင့်ရမှာပေါ့ "

" တော် တော် တော် "
ရန်ရိထပြီး မြောင်မြောင့်ခေါင်းတစ်ခုလုံးကို လက်တစ်ဖက်တည်းနဲ့ အုပ်ကိုင်လိုက်သည်။
" မြောင်မြောင် ဒီလူအဓိပ္ပါယ်မရှိတာတွေ ပြောနေတာ နားမထောင်နဲ့၊ ငါမင်းကို မြွေတွေနဲ့ ကစားခွင့်ပေးမှာ မဟုတ်ဘူး "
ကုံးရင့်ရှန် နှုတ်ခမ်းတွေ တင်းတင်းစေ့ပိတ်သွားပြီး
" သူမြွေတွေနဲ့ ကစားရတာကြိုက်လောက်မယ် "
" ကြီးလာတဲ့အထိ စောင့်ဦး "
ရန်ရိ မြောင်မြောင်ကို ဘေးယူလိုက်ပြီး
" မင်းဌာနခွဲပြန်တော့မှာလား? "
ကုံးရင့်ရှန် အချိန်ကြည့်ပြီး ခေါင်းညိတ်ပြသည်။
" မင်း ကျိုးချွမ်းကိုအမှုစစ်ဖို့ ပြန်မှာဆို ငါမင်းနဲ့လိုက်မယ် "
ရန်ရိ ပြောလိုက်သည်။
" မင်းငါ့ကို အမှုမှာအများကြီး တိုးတက်တယ်လို့ပြောတယ်လေ၊ ငါမလွတ်သွားချင်ဘူး "
" ခင်များဒဏ်ရာရထားတာကို၊ နားစမ်းပါ "
" ဒါလား? "
ရန်ရိ သူ့လည်ပင်းကို အရေးမစိုက်သလိုနဲ့ လက်ညှိုးထိုးပြလိုက်ပြီး
" ဒါက ဘာဒဏ်ရာမိုလို့လဲ? "
ကုံးရင့်ရှန် မတ်တပ်ရပ်လိုက်ရင်း
" ကောင်းပြီ အဲ့တာဆို "
" သွားမယ် "
ရန်ရိ ကုတ်ထပ်ဝတ်လိုက်သည်။
ကုံးရင့်ရှန် ခြေလှမ်းအနည်းငယ်လှမ်းပြီး မသက်မသာဖြစ်လျက် မျက်မှောင်ကြုတ်သွား၏။
" ခင်များအတွင်းခံက ကျွန်တော်နဲ့ နည်းနည်းကျပ်နေတယ် "
ရန်ရိ သူ့ကိုမျက်စောင်းထိုးကြည့်လိုက်ပြီး မကျေမနပ်ပြောလိုက်သည်။
" မင်းဘာကိုဆိုလိုတာလဲ? "
" ခင်များမှာ စကားနားမလည်နိုင်တဲ့ရောဂါရှိလို့လား ဒါမှမဟုတ် သဘောမပေါက်နိုင်တာလား? "
" ငါတို့ စင်တီမီတာ အနည်းငယ်ထက်မပိုဘူး၊ ဘယ်လိုလုပ် ဒီလောက်ကွာမှာလဲ? "
ရန်ရိ စိတ်မသက်သာဘဲပြောလိုက်ပေမယ့် ခုန ရေချိုးခန်းထဲကဖြစ်စဉ်ကို သူမှတ်မိသေးသည်။ သူ့အတွေ့အကြုံအရဆို ကုံးရင့်ရှန်က သေချာပေါက် အတော်...
ကုံးရင့်ရှန်က သူ့ကိုအထင်သေးသလို ကြည့်လိုက်ပြီး
" လူ့ခန္ဓာကိုယ်ကို အချိုးကျသတ်မှတ်ထားလို့လား? "
" မင်း....."
ရန်ရိ ဒေါသထွက်သွားသည်။
" မင်းနေနိုင်ရင် မဝတ်နဲ့ပေါ့ "
" ခင်များ ကျွန်တော့်ဟာယူ....."
" မပြောနဲ့! "
သူတို့နှစ်ယောက် ဟောခန်းကိုဖြတ်သွားနေသည်ဖြစ်၍ စခန်းကတပ်သားတွေနဲ့ အချိန်မရွေးတန်းတိုးနိုင်သည်။ ဒါသာ ကြားသွားရင် ဘယ်လိုရှင်းပြရတော့မလဲ? ရန်ရိ သူ့ကိုအမြန်ပိတ်ခိုင်းလိုက်သည်။
ကုံးရင့်ရှန်က ပခုံးတွန့်ရင်း စနောက်တဲ့အပြုံးမျိုး ဖော်ပြလာ၏။
========
hehe~ ကြိုက်လား ကြိုက်လား?
=========
{ Zawgyi }
ရန္ရိ ၿငိမ္ၿငိမ္ေလး လက္ေမာင္းတြန္႔ၿပီး ေနာက္လွည့္လိုက္သည္။
" ဟမ္? "
" ခင္မ်ား ဒါေၾကာင့္ ကြၽန္ေတာ့္ကိုဝင္လာခိုင္းတာ မဟုတ္ဘူးလား? "
ကုံးရင့္႐ွန္ လက္ေတြပိုက္ထားသည္။
" ခင္မ်ား အဲ့တာကို တစ္ေယာက္တည္း ဘယ္လိုေဆးမလဲ? "
" အာ....ငါ "
ရန္ရိ ပုံေဖာ္ၾကည့္လိုက္ၿပီး သူ႕အတြက္ အထင္မမွားဖို႔ မျဖစ္ႏိုင္မွန္း ခံစားလိုက္ရသည္။ ဒါေပမယ့္ ကုံးရင့္႐ွန္နဲ႔ နီးစပ္တဲ့ဆက္ဆံေရးရဖို႔ အခြင့္အေရးကို လက္လႊတ္လိုက္ရဦးမွာ။ သူေဝခြဲမရျဖစ္ၿပီး တြန္႔ဆုတ္တြန္႔ဆုတ္လုပ္ေနရင္း
" မင္းငါ့ကို ညစ္ပတ္တယ္လို႔ မထင္ဘူးလား? "
" မႀကိဳက္ဘူး "
ကုံးရင့္႐ွန္ တုံ႔ဆိုင္းျခင္းမ႐ွိဘဲ ေျပာလာသည္။
" ကြၽန္ေတာ္ ခင္မ်ားကို ေရပန္းကူကိုင္ေပးၿပီး အနာမထိေအာင္ သတိထားေပးမယ္၊ ၿပီးရင္ ခင္မ်ားဘာသာ ဆက္ခ်ိဳးေပါ့ "
သူစကားရပ္ၿပီး၊ ခ်င္တင္တင္နဲ႔ေျပာလာသည္။
" လည္ပင္းနားကို ကြၽန္ေတာ္ ေဆးေပးလို႔ရတယ္ "
" ၿပီးေတာ့...ထားပါေတာ့ "
ရန္ရိ ေျခာက္ကပ္ကပ္ျပဳံးကာ ေျပာလိုက္သည္။
" ငါ ကိုယ္လုံးတီးခြၽတ္ရမွာ ႐ွက္တယ္ "
ကုံးရင့္႐ွန္ မ်က္ခုံးပင့္လိုက္ၿပီး
" ခင္မ်ားက မီးသတ္သမားပဲ၊ ေရစုမခ်ိဳးဖူးဘူးလား? "
ရန္ရိ လြန္ခဲ့တဲ့ႏွစ္ႏွစ္ သူစခန္းေခါင္းေဆာင္ျဖစ္လာမွ ကိုယ္ပိုင္ေရခ်ိဳးခန္းရလာေၾကာင္း ေျပာျပခဲ့သည္။
" ဒါမွမဟုတ္ ခင္မ်ား ကြၽန္ေတာ့္ေ႐ွ႕မွာမို႔လို႔ ႐ွက္ေနတာလား? "
ကုံးရင့္႐ွန္ ႏႈတ္ခမ္းမ်ား တြန္႔တက္သြားၿပီး
" သိမ္ငယ္သလို ခံစားရလို႔လား? "
ရန္ရိ ရင္ေဘာင္တန္းၿပီး ေအာ္လိုက္သည္။
" လာေနာက္ေနတာလား? မင္းငါ့ကို ကူညီ၊ ငါမင္းကို ဒီအခြင့္ေရးေပးလိုက္မယ္ "
ကုံးရင့္႐ွန္ ေမးေငါ့ကာ
" ျမန္ျမန္လုပ္၊ ကြၽန္ေတာ္ ဌာနခြဲျပန္ရဦးမယ္ "
သူေျပာၿပီး အေပၚထပ္အက်ႌ ခြၽတ္လိုက္သည္။
ရန္ရိ ကုံးရင့္႐ွန္ အဝတ္ခြၽတ္လိုက္တဲ့အခ်ိန္ တမင္တကာ လွစ္ဟာျပလာတဲ့ ရင္ဘတ္ႂကြက္သားဆိုင္ေတြကို ၾကည့္ၿပီး မေနႏိုင္ဘဲ တံေတြးမ်ိဳခ်လိုက္သည္။
" ကြၽန္ေတာ့္ကို Pajamas သန္႔သန္႔တစ္စုံေပး၊ ျဖစ္ႏိုင္ရင္ အသစ္လိုခ်င္တယ္ "
" ငါ့မွာ ေလ့က်င့္ေရးဝတ္စုံေတြပဲ ႐ွိတယ္ "
ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
" ခင္မ်ားရဲ႕စက္ျပင္ဆရာလို ဝတ္စုံေတြလား? "
ရန္ရိ မ်က္လုံးေစြလိုက္ၿပီး
" ဟုတ္တယ္၊ စက္ျပင္ဆရာနဲ႔တူတဲ့ အဝတ္ေတြပဲ "
သူတို႔ဝတ္စုံေတြကို သူမ်ားမႀကိဳက္တာလည္းမေျပာနဲ႔၊ သူတို႔ကိုယ္တိုင္လည္း ၾကည့္ရဆိုးတယ္လို႔ ထင္သည္။ ရန္ရိ အံဆြဲထဲက အဝတ္သန္႔ႏွစ္စုံထုတ္လိုက္ၿပီး ကုံးရင့္႐ွန္ကို တစ္စုံေပးလိုက္သည္။
ကုံးရင့္႐ွန္ သု႔လက္ထဲက မဲနယ္ေရာင္မီးသတ္ေလ့က်င့္ေရးဝတ္စုံကို တိတ္တဆိတ္ၾကည့္လိုက္သည္။ ထိုသူ အႀကိမ္အေတာ္မ်ားမ်ား ေလွ်ာ္ထားတာ သိသာၿပီး ခ်ည္သားက တြန္႔ကာ ပုံပ်က္ေနေလၿပီ။ ၿပီးေတာ့ မီးပူလည္း တိုက္ထားျခင္းမ႐ွိ။
" အကုန္ေလွ်ာ္ၿပီးသား "
ရန္ရိ သူ႕လက္ထဲက တစ္စုံကို ႏွာေခါင္းထိပ္နားကပ္ၿပီး အနံ႔ခံၾကည့္သည္။
" အနံ႔ေမႊးေနတုန္းပဲ "
" ခင္မ်ားက ဒီအေပါစားအဝတ္ေလွ်ာ္ဆပ္ျပာနံ႔ကို 'အနံ႔ေမႊး' တယ္လို႔ေခၚလား? "
ကုံးရင့္႐ွန္ သူ႕ကို စူးစိုက္ၾကည့္သည္။
" ေဟး၊ ဒါေတြအကုန္ ငါ့အတြက္ပဲ၊ မင္းမဝတ္ဘူးဆိုရင္ ကိုယ္လုံးခြၽတ္ဝင္လာမလို႔လား? "
ကုံးရင့္႐ွန္ တြန္႔ဆုတ္သြားသည္။
ထိုတြန္႔ဆုတ္ျခင္းက ရန္ရိကို ေၾကာက္လန္႔ေစ၏။ ဒီေကာင္စုတ္ေလး တကယ္ပဲ သူ႕ကို ကိုယ္လုံးတီးနဲ႔ေတြ႕ဖို႔ အစီစဥ္မ႐ွိဘူးမလား? မျဖစ္ဘူး၊ သူ သူအဆင္သင့္မျဖစ္ေသးဘူး၊ သူက်ိန္းေသးေပါက္ မ်က္ႏွာပူေနမွာပဲ!
ကုံးရင့္႐ွန္ မလုပ္ခ်င္လုပ္ခ်င္နဲ႔ ေျပာလာသည္။
" အိုေက "
ရန္ရိ ႏွလုံးသားေလး ဝ႐ုန္းသုန္းကား လႈပ္ခါသြားၿပီး သတိႀကီးႀကီးနဲ႔ေမးလိုက္သည္။
" အိုေက* ဆိုတာက....ဝတ္တာလား....မဝတ္တာကို ေျပာတာလား? "
ကုံးရင့္႐ွန္ ေလ့က်င့္ေရးဝတ္စုံကို ရန္ရိဆီပစ္ေပးလိုက္ၿပီး
" ကြၽန္ေတာ္ ဒီလိုဟာမ်ိဳး မဝတ္ဘူး "
ရန္ရိ အံ့အားသင့္သြားၿပီး ထိုင္ခ်ကာ ေျပာလိုက္သည္။
" မင္း မင္း မင္းတကယ္ကို ခြၽတ္ခ်င္...! "
" ေယာက်္ားေတြပဲကို၊ ဘာအေရးလဲ "
ကုံးရင့္႐ွန္ နာရီၾကည့္ၿပီး ေလာလိုက္သည္။
" ခင္မ်ား ျမန္ျမန္လုပ္လို႔ရမလား "
ၿပီးေတာ့ သူနာရီခြၽတ္ကာ စားပြဲေပၚတင္လိုက္သည္။
ရန္ရိ သူ႕ရင္ဘတ္ကို ႏြားသိုးႀကီးတစ္ေကာင္ ဝင္ေအာင္းလိုက္သကဲ့သို႔ ခံစားလိုက္ရၿပီး ထိတ္လန္႔သြားသည္။ သူကပုံမွန္ေယာက်္ားတစ္ေယာက္၊ သူဘယ္လိုလုပ္ၿပီး ဒါကို စိတ္မဝင္စားသလို မ်က္ႏွာခ်င္းဆိုင္ႏိုင္မလဲ? ဒါက သူ႕ကိုတြန္းလွန္ေနတာပဲ? ဒါေပမယ့္ သူျငင္းလိုက္ရင္ ဖုံးကြယ္ဖို႔ႀကိဳးစားေနသလို ျဖစ္သြားမလား?
ကုံးရင့္႐ွန္က တည္တည္ၿငိမ္ၿငိမ္ပဲ အဝတ္ေတြ စခြၽတ္သည္။
ရန္ရိ ႏွလုံးသားကြဲေၾကသြားရၿပီး
" မင္းအတြင္းခံဝတ္ထားလို႔ရတယ္၊ ငါ့မွာမင္းအတြက္ အသစ္႐ွိတယ္ "
" အင္း "
ရန္ရိ သူ႕ေလ့က်င့္ေရးဝတ္စုံယူၿပီး လွည့္ထြက္ကာ ေရခ်ိဳးခန္းထဲ ဝင္သြားေတာ့သည္။ အရင္ဆုံး သူ႕မ်က္ႏွာကို ေရေအးနဲ႔ ႏွစ္ခ်က္ေလာက္ ပက္သစ္လိုက္ၿပီး ရင္ထဲကေန အျပင္းအထန္ေအာ္ဟစ္သည္။ စိတ္ေလွ်ာ့ စိတ္ေလွ်ာ့ စိတ္ေလွ်ာ့
ေရအတူခ်ိဳး႐ုံသက္သက္ပဲ။ သူအထက္တန္းေက်ာင္းသားဘဝကတည္းက ဘယ္ႏွစ္ႀကိမ္ေတာင္ ေရစုခ်ိဳးၿပီးၿပီလဲ၊ ဘယ္ဟာေတြ မျမင္ဖူးပဲ႐ွိေသးလို႔လဲ၊ သူ႕ေရခ်ိဳးခန္းထဲမွာသူ ႐ွက္႐ြံ႕ေနဖို႔မျဖစ္ႏိုင္ဘူး၊ လုံးဝမျဖစ္ႏိုင္ဘူး။ သူအသက္ဝဝ႐ွဴသြင္းလိုက္ၿပီး အဝတ္ေတြခြၽတ္ကာ ေရဘုံပိုင္ေခါင္းကို ဖြင့္လိုက္သည္။
ခဏၾကာေတာ့ ကုံးရင့္႐ွန္ ဝင္လာၿပီး
" ေရေႏြးလား? "
" အင္း "
ရန္ရိ အသက္ျပင္းျပင္း႐ွဴကာ ျဖည္းျဖည္းခ်င္းလွည့္ၿပီး ကုံးရင့္႐ွန္ဆီ ေရပန္းကမ္းေပးမလို႔ပင္။ သို႔ေသာ္ သူကုံးရင့္႐ွန္ရဲ႕ ၾကံခိုင္သန္မာကာ ၿပီးျပည့္စုံေသာ ခႏၶာကိုယ္ကို ျမင္ၿပီးေနာက္ တုန္ယင္ေနဆဲျဖစ္၍ ေရပန္းကိုအျမန္ယူၿပီး ကုံးရင့္႐ွန္လက္ထဲ ထိုးထည့္ေပးလိုက္သည္။ ထို႔ေနာက္ သူ႕အသားေတြ ထူးထူးျခားျခားနီျမန္းေနသည္ကို ျမင္သြားမွာစိုး၍ ေက်ာျပန္ေပးထားလိုက္၏။
ကုံးရင့္႐ွန္ ေရပန္းကိုယူၿပီး မေနႏိုင္ဘဲ ရန္ရိရဲ႕ နီျမန္းေနတဲ့ေနာက္ေက်ာကို ေျခဆုံးေခါင္းဆုံး ၾကည့္လိုက္သည္။ သြယ္လ်တဲ့ခႏၶာကိုယ္၊ ေသးငယ္ေသာခါးႏွင့္ ႂကြက္သားဆိုင္မ်ားက ျဖတ္လတ္တက္ႂကြျခင္းျဖင့္ ျပည့္စုံကာ၊ ခြန္အား၏ အလွတရားမ်ားပင္ျဖစ္သည္။
ရန္ရိခႏၶာကိုယ္ ၾကည့္ေကာင္းတယ္လို႔ သူေတြးလိုက္သည္။
သူဘာေတြးလိုက္လဲဆိုတာ သတိထားမိေတာ့ ကိုယ့္ကိုယ္ကို မယုံႏိုင္ျဖစ္သြား၏။ သူ အျခားသူေတြရဲ႕ ပုံပန္းသြင္ျပင္ကို အာ႐ုံမထားတတ္။ ဒီလို 'အာ႐ုံစိုက္မႈ' မ်ိဳးက သူအလွတရားနဲ႔ အက်ည္းတန္မႈကို မခြဲျခားႏိုင္တာမ်ိဳးမဟုတ္ဘူး။ ဒါေပမယ့္ အလွတရားနဲ႔ အက်ည္းတန္မႈက သူ႕အတြက္ အဓိပၸါယ္မဲ့သည္။ ၿပီးေတာ့ သန္႔႐ွင္းတာေလာက္လည္း အေရးမပါဘူး။ သို႔ေသာ္ ဒီတစ္ခါသူ သူတကယ္ကို " ရန္ရိက ၾကည့္ေကာင္းတယ္" ဆိုေသာ အေတြးမ်ိဳးေတြးမိခဲ့သည္။ သူဒီခံစားခ်က္အရင္းခံကို နားမလည္ေပ။ သူစိတ္႐ႈပ္ေနရင္း အခက္ေတြ႕ၿပီး အသက္႐ွဴႏႈန္းလည္း အနည္းငယ္ ျမန္ဆန္လာသည္။
ရန္ရိ အၾကာႀကီး ေစာင့္ေနရၿပီး
" ေဟး? ေရလာေလာင္းေလ "
သူလွည့္မၾကည့္ေပမယ့္ နည္းနည္းပဲစိတ္ေျဖေလွ်ာ့ထားႏိုင္သည္။ သူလွည့္ၾကည့္ခ်င္ရင္ေတာင္ သူၾကည့္ခ်င္သေလာက္ အဝၾကည့္ႏိုင္မွ အေကာင္းဆုံးျဖစ္မည္။
ကုံးရင့္႐ွန္ သတိျပန္ဝင္လာၿပီး သူ႕စိတ္ထဲက အမ်ိဳးအမည္မသိတဲ့အေတြးေတြကို ဖိႏွိပ္ကာ ရန္ရိ ဒဏ္ရာကိုစစ္ဖို႔ ေ႐ွ႕ကိုေျခႏွစ္လွမ္း လွမ္းလိုက္သည္။
" ဒဏ္ရာက သက္သာသြားၿပီ၊ အေရာင္ျပယ္ဖို႔ေတာ့ အနည္းဆုံးႏွစ္ႏွစ္ေလာက္ ၾကာလိမ့္မယ္ "
" နည္းနည္းညိဳသြားရင္ မျမင္ရေတာ့ဘူးေပါ့ "
" ခင္မ်ား လူမဲျဖစ္သြားမွပဲရမယ္ "
ကုံးရင့္႐ွန္ ရန္ရိ ေက်ာျပင္ကို ေရေလာင္းေပးလိုက္ၿပီး
" ဆပ္ျပာတိုက္ "
ရန္ရိ လက္လိမ္ၿပီး ဆပ္ျပာတိုက္ရသည္။ သူ႕ကိုယ္သူ အေနာက္ကလူအေၾကာင္း မေတြးဘဲ သူ႕ဦးေႏွာက္နဲ႔ခႏၶာကိုယ္ကို စိတ္ေအးေစမယ့္ တစ္ခုခုေတြးဖို႔ ဖိအားေပးခ်င္သည္။ ရလဒ္အေနနဲ႔ကေတာ့ ေျခလက္ေတြ အရမ္းေတာင့္တင္းလာၿပီး ေခါင္းကိုက္စရာ ကို႔႐ိုးကားယားႏိုင္မႈႀကီးျဖင့္ ေရခ်ိဳးေနရသည္။
သူေနာက္လွည့္မၾကည့္ေပမယ့္ ကုံးရင့္႐ွန္ သူ႕ကိုၾကည့္ေနတာ ခံစားမိသည္။ အဓိပၸါယ္မ႐ွိတာ၊ ေသခ်ာေပါက္ ကုံးရင့္႐ွန္ သူ႕ကိုၾကည့္ေနမွာေပါ့၊ ဒါေပမယ့္ အဲ့အၾကည့္က သာမန္အၾကည့္မ်ိဳး မဟုတ္ဘူး၊ သို႔ေသာ္....သူသိသလို ခံစားရေပမယ့္ အဲ့လိုဟာမ်ိဳးကို သူမခြဲျခားျပတတ္ေပ။ သူစိတ္ထင္ေနတာလည္းျဖစ္ႏိုင္သည္၊ ဒါေပမယ့္ လွည့္ၾကည့္ၿပီး အတည္မျပဳရဲ။
ရန္ရိ မထိန္းႏိုင္ဘဲ အဲ့အခ်ိန္သူ႕စိတ္ထဲမွာ ဘုရားသခင္႐ႈေထာင့္မွ ႐ုပ္ပုံတစ္ခုျမင္လိုက္ၿပီး...သိမ့္ခနဲတုန္သြားလ်က္ မသိစိတ္အေလ်ာက္ နည္းနည္းကိုယ္ကိုင္းလိုက္ၿပီး အေရးေပၚအေျခအေနကို ဖုံးကြယ္ဖို႔ ႀကိဳးစားလိုက္သည္။
[ T/n : သိတယ္မလား ⊙﹏⊙]
မျဖစ္ဘူး၊ တစ္ခုခုစဥ္းစားစမ္းပါ၊ ေတြးၾကည့္....တစ္ခုခု ေၾကာက္စရာေကာင္းတာမ်ိဳးေတြးစမ္းပါ။
ရန္ရိ အံကိုႀကိတ္လိုက္သည္ႏွင့္ ေၾကာက္တာမေၾကာက္တာ စိုးရိမ္မေနႏိုင္ေတာ့ဘဲ တကယ္အတည္ကို သူၾကည့္ဖူးတဲ့ သရဲကားေတြအေၾကာင္း ျပန္ေတြးလိုက္ၿပီး သူမျမင္ႏိုင္တဲ့ေနရာမွာ တစ္ခုခု႐ွိေနသလို စိတ္ကူးပုံေဖာ္လိုက္သည္...
" တဘက္ေပး "
ကုံးရင့္႐ွန္အသံက ရန္ရိနားထဲ ႐ုတ္တရက္ ျမည္ဟီးလာသည္။ ထိုအသံက သဘာဝအတိုင္း ဆြဲေဆာင္မႈ႐ွိၿပီး သိမ္ေမြ႕ႏူးညံ့သည္။ အၿမဲတမ္း ေသလူတို႔ရဲ႕ ဆိတ္ၿငိမ္မႈႏွင့္ ဆူညံလႈပ္႐ွားမႈတို႔ကို ေလထုအလႊာတစ္ခုျဖင့္ ပိုင္းျခားခံလိုက္ရသည့္အလား။ ၾကည္လင္သန္႔စင္ၿပီး အျပစ္အနာအဆာကင္း၍ တစ္ခါတစ္ရံ လူေတြနားကို ထုံထိုင္းသြားေစ၏။ သို႔ေသာ္ ရန္ရိဦးေႏွာက္ထဲ ထူးဆန္းတဲ့စြမ္းအင္မ်ား ျပည့္ေနခ်ိန္မွာေတာ့ ဒီလို ေက်ာခ်မ္းစရာအသံမ်ိဳးက လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္အပူခ်ိန္ကို ၃ ဒီဂရီအထိ က်ဆင္းသြားေစသည္။
ရန္ရိအလြန္ထိတ္လန္႔ၿပီး ႏွလုံးခုန္သံတစ္ခ်က္ေလာက္ လြတ္သြားသည္။ သူ႕ခႏၶာကိုယ္ တုန္လႈပ္သြားခ်ိန္မွာ ေျခေခ်ာ္ၿပီး တစ္ကိုယ္လုံး ေနာက္သို႔ယိုင္သြားေတာ့၏။
ကုံးရင့္႐ွန္က လက္တစ္ဖက္မွာ ေရပန္းကိုင္ထားဆဲျဖစ္ေသာေၾကာင့္ ရန္ရိကို လက္တစ္ဖက္တည္းနဲ႔သာ လွမ္းဖမ္းလိုက္ရၿပီး ေျခေခ်ာ္သြားသည္။ ႏွစ္ေယာက္လုံးမလဲက်ေစဖို႔ သိုင္းကြက္နင္းကာ ေျခလွမ္းအနည္းငယ္ေနာက္ဆုတ္ၿပီး ကိုယ္ေနဟန္ထားနဲနဲ တည္ၿငိမ္ေစဖို႔ နံရံကို ေထာက္ကန္ထားလိုက္ရသည္။
ထိုအခ်ိန္၌ ေလထုေအးခဲသြားသလို၊ ေယာက်္ားႏွစ္ေယာက္ရဲ႕ ဝင္သက္ထြက္သက္အသံေတြကို ပါးစပ္ထဲ၌သာ ျပန္မ်ိဳသိပ္လိုက္ၾကၿပီး ခ်ိဳးေရမ်ားသာ စီးက်ေနဆဲျဖစ္သည္။
ရန္ရိေခါင္းထဲ ဗလာက်င္းသြား၏။
ကုံးရင့္႐ွန္ ရင္ထဲမီးေတာက္လာသလိုပဲ ခံစားရၿပီး ထူးဆန္းေပမယ့္ အားျပင္းတဲ့သက္ေရာက္မႈက သူ႕အာ႐ုံေၾကာေတြကို ထိခတ္သြားသည္။ သူအဲ့တာကို အရင္ကတစ္ခါမွ မေတြ႕ၾကဳံမခံစားခဲ့ဖူးေပ။ ၿပီးေတာ့ သူဘာကို ေတြ႕ၾကဳံခံစားေနရတယ္ဆိုတာကိုလည္း မေတြးေတာႏိုင္။ ေနာက္ေတာ့ သူအေရျပားေတြ ႏိႈးဆြခံလိုက္ၿပီး ပါးမ်ားပူေႏြးလာလ်က္ ဝိုင္တစ္ခြက္အစြမ္းကဲ့သို႔ ကတုန္ကယင္ျဖစ္လာၿပီး သူျမန္ျမန္ေျပာလိုက္သည္။
" ဒီမွာ ထလို႔မရေသးဘူး! "
ရန္ရိ အိပ္မက္ကလန္႔ႏိုးလာၿပီး အျမန္ထရပ္လိုက္သည္။ သူစိတ္လြတ္ေနၿပီး အထိန္းအခ်ဳပ္မ႐ွိေတာ့ဘဲ ျပန္လဲလွည့္မၾကည့္ရဲေပ။
ကုံးရင့္႐ွန္ ရန္ရိကို ေခါင္းလွည့္ခိုင္းစရာမလို၊ နီရဲေနတဲ့ လည္ဂုတ္ကိုၾကည့္႐ုံနဲ႔တင္ အဲ့အခ်ိန္ သူ႕မ်က္ႏွာဘယ္လိုျဖစ္ေနမလဲဆိုတာ ေတြးၾကည့္ႏိုင္ၿပီျဖစ္သည္။ ကုံးရင့္႐ွန္ မတတ္ႏိုင္ဘဲ မ်က္ႏွာကိုအုပ္ကိုင္လိုက္သည္။ သူမသိဘူး ရန္ရိလည္း....
" ငါ ငါ ေရခ်ိဳးလို႔ၿပီးေတာ့မယ္ မင္း.....ဒါမွမဟုတ္ မင္း..."
".....တဘက္ေပး "
ကုံးရင့္႐ွန္ ေလသံျမႇင့္ေျပာလိုက္သည္။ ထိုအခ်ိန္ စိတ္လႈပ္႐ွားမႈကို ထိန္းခ်ဳပ္ေနရသည့္အလား။
ရန္ရိ ေက်ာေပးထားလ်က္ကပင္ သူ႕ကို တဘက္ကမ္းေပးလိုက္သည္။
ကုံးရင့္႐ွန္ တဘက္ယူၿပီး တည္ၿငိမ္သလိုဟန္ေဆာင္ကာ ေဟာက္ငမ္းလိုက္သည္။
" ကြၽန္ေတာ္ အခုပဲအနာေပၚ ေရေလာင္းမိေတာ့မလို႔၊ ခင္မ်ား သတိထားလို႔မရဘူးလား "
သူ ဒဏ္ရာတစ္ဝိုက္က အသားကို တဘက္အစိုနဲ႔ သုတ္ေပးလိုက္သည္။
" ၾကမ္းျပင္က နည္းနည္းေခ်ာေနလို႔...."
ရန္ရိ တိုးတိုးေျပာလိုက္သည္။ သူက တစ္ႏွစ္ပတ္လည္လုံး မေတာ္တဆမႈအမ်ိဳးမ်ိဳးၾကဳံေတြ႕ဖို႔နဲ႔ အႏၲရာယ္မ်ားတဲ့ေနရာေတြသြားလာဖို႔ ေလ့က်င့္ထားတဲ့ မီးသတ္သမားတစ္ေယာက္ျဖစ္သည္။ အထူးသျဖင့္ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ တည္ၿငိမ္ဖို႔ စိတ္ပိုင္းဆိုင္ရာအရည္အေသြးက ပထမဆုံးလိုအပ္ခ်က္ျဖစ္၏။ အရင္က သူ႕ကိုတစ္ေယာက္ေယာက္မ်ား "ႀကိဳက္တယ္" ဆိုတဲ့႐ိုး႐ိုးစကားလုံးေၾကာင့္ တုံးအအေကာင္ေလးလို ျပဳမူမိတယ္လို႔ေျပာခဲ့ရင္ က်ိန္းေသေပါက္ သူေလွာင္ရယ္မိမွာပင္။
ဒါေပမယ့္ အခုေတာ့ေရာ? သူ ၁၃ ႏွစ္အ႐ြယ္ တုံးအအ ေကာင္ေလးတစ္ေယာက္လို ပ်ာယာခတ္ေနၿပီး ေစာက္ရမ္းကို ကို႔႐ို႕ကားယားႏိုင္ေနတယ္။
ကုံးရင့္႐ွန္ ရန္ရိပခုံးေပၚမွာ တဘက္တင္ေပးလိုက္ၿပီး
" အမ္း ခင္မ်ားကိုယ့္ဘာသာ ခ်ိဳးလို႔ရၿပီ "
" အာ ေကာင္းၿပီ "
ရန္ရိ သေဘာေပါက္သြားသည္။ ကုံးရင့္႐ွန္ ၾကာၾကာဆက္ေနလို႔ကေတာ့ သူေပါက္ကြဲထြက္သြားလိမ့္မယ္။
ကုံးရင့္႐ွန္ တံခါးဆီေလွ်ာက္သြားၿပီး ေနာက္လွည့္ကာ ေမးလာသည္။
" ခင္မ်ားေၾကာင့္ ကြၽန္ေတာ့္အတြင္းခံ အကုန္စို႐ႊဲသြားၿပီ၊ ဘယ္မွာလဲ အသစ္က? "
ရန္ရိ ႐ုတ္တရက္ ေသြးေဆာင့္တိုးလာၿပီး အင္တင္တင္နဲ႔ေျပာလိုက္သည္။
" ခုနက အံဆြဲထဲမွာပဲ "
ကုံးရင့္႐ွန္ ရန္ရိကို ေနာက္ဆုံးတစ္ခ်က္ နင့္နင့္နဲနဲၾကည့္ၿပီး တံခါးပိတ္ကာ ထြက္သြားေတာ့သည္။
ရန္ရိ စိတ္ေအးေအးနဲ႔ သက္ျပင္းခ်လိုက္သည္။ သူခႏၶာကိုယ္တစ္ခုလုံး ေျပေလ်ာ့သြားသလို ခံစားရၿပီး နံရံမွာ ေခါင္းအသာမွီရင္း ဗားကို ျဖည္းျဖည္းခ်င္း ဘယ္ဘက္လွည့္လိုက္သည္။ ေရပန္းကထြက္လာတဲ့ ေရပူေတြ ေရေအးမ်ားအျဖစ္သို႔ ေျပာင္းလဲသြားၿပီး သူ႕ကိုယ္ေပၚသူ အမ်ားႀကီးေလာင္းခ်လိုက္သည္။
ရန္ရိ ပုံမွန္ဆို ဆုံးျဖတ္ခ်က္အျမန္ခ်ဖို႔ ငါးမိနစ္ပဲေရခ်ိဳးရသည္။ ဒီတစ္ေခါက္ေတာ့ သူအပို မိနစ္ ၂၀ ကိုပါထပ္ေပါင္းသုံးလိုက္ရ၏။ သူ႕ကိုယ္သူ မွန္ထဲမွာ အၾကာႀကီးၾကည့္ေနၿပီးေနာက္ တကယ္ကို ဘာမွမူမမွန္တာ မေတြ႕ရေတာ့မွန္းသိလိုက္ၿပီး တက္ႂကြသြားသလို ဟန္ေဆာင္လိုက္သည္။
ထိုအခ်ိန္ ကုံးရင့္႐ွန္က အဝတ္အစားဝတ္ၿပီးေတာ့ သူအိပ္ရာေပၚမွာေတာင္ထိုင္ေနၿပီျဖစ္ကာ ေျမာင္ေျမာင္ကို သူ႕နာရီလက္ပတ္ႀကိဳးနဲ႔ က်ီဆယ္ေနသည္။
ေၾကာင္ကို စေနတဲ့အခ်ိန္မွာပင္ ကုံးရင့္႐ွန္နာရီကို မ်က္ႏွာေသနဲ႔ကိုင္ထားၿပီး ေၾကာင္ကိုစေနတာနဲ႔မတူဘဲ စမ္းသပ္ေလ့လာေနပုံေပၚသည္။ ဒါေပမယ့္ ထိုျမင္ကြင္းက ရန္ရိမ်က္လုံးထဲ အလြန္ေႏြးေထြးေနဆဲသာ။
" ၿပီးၿပီေပါ့ "
ကုံးရင့္႐ွန္ မ်က္လုံးလွန္ၿပီး သူ႕ကိုလွမ္းၾကည့္သည္။
" အရမ္းေႏွးတာပဲ "
" ဒဏ္ရာရထားေတာ့ ခက္တယ္ေလ "
ရန္ရိေျပာလိုက္သည္။
" အဲ့ေလာက္ အဖိုးတန္တဲ့ပစၥည္းနဲ႔ မစစမ္းပါနဲ႔၊ မင္းသူ႕ကိုအလိုလိုက္ထားရင္ ကိုးယြမ္နဲ႔ ပို႔ေဆာင္ေရးကိုးဆင့္႐ွိတဲ့ ရယ္စရာေၾကာင္ကို ၾကည့္ႏိုင္ပါဦးမလား? "
ကုံးရင့္႐ွန္ ရန္ရိစာေရးခုံဆီကို ေမးေငါ့ျပလိုက္ၿပီး
" ကြၽန္ေတာ္ထြက္လာေတာ့ သူက နာရီကိုၾကမ္းေပၚေလွ်ာက္ဆြဲၿပီး အေပ်ာ္လိုက္ဖမ္းေနတာ "
ရန္ရိ မ်က္လုံးျပဴးသြားၿပီး
" ေဟး ဒါလက္ဖြာတာပဲ! နာရီပ်က္သြားေသးလား? "
" မပ်က္ပါဘူး "
ကုံးရင့္႐ွန္ နာရီလက္ပတ္ႀကိဳးကိုအေပၚဆြဲလိုက္၊ ေအာက္ႏွိမ့္လိုက္နဲ႔ ေၾကာင္ကိုဆက္စေနသည္။
" ပ်က္သြားလည္း ကြၽန္ေတာ္ ခင္မ်ားကို မေလ်ာ္ခိုင္းပါဘူး "
" မင္းစကားေၾကာင့္ ငါစိတ္သက္သာသြားၿပီ "
" ဘာလို႔ဆို သူလည္း ကြၽန္ေတာ့္ေၾကာင္ပဲေလ "
ကုံးရင့္႐ွန္ ရန္ရိကို ၾကည့္လာသည္။
" ဟုတ္တယ္မလား? "
ရန္ရိ ျပဳံးကာေျပာလိုက္သည္။
" ဟုတ္ပါတယ္ "
ကုံးရင့္႐ွန္ ေျမာင္ေျမာင့္ေခါင္းကို လက္နဲ႔ဖိလိုက္ၿပီး
" မင္းဘယ္ေတာ့ Sachiel နဲ႔ကစားႏိုင္မလဲ? "
" Sachiel ကဘယ္သူလဲ? "
" ကြၽန္ေတာ့္ ေသြးျပာေႁမြေလးေလ၊ မွတ္မိလား? ဟိုအရမ္းလွတဲ့ အျပာေရာင္ေႁမြေလး "
ရန္ရိ သူကုံးရင့္႐ွန္ရဲ႕ တြားသြားသတၱဝါျပတိုက္ထဲမွာ အရမ္းထူးျခားတဲ့ ပင္လယ္ျပာေရာင္ေႁမြတစ္ေကာင္ ေတြ႕ခဲ့ေပမယ့္ ထိုေႁမြေလးက သစ္ပင္ထဲအျမန္ပုန္းကြယ္သြားေၾကာင္း ျပန္စဥ္းစားမိသည္။
" အိုး ဟိုေလွ်ာဝင္ၿပီး ေပ်ာက္သြားတဲ့တစ္ေကာင္မလား? "
" ေႁမြက ခံစားခ်က္ကိုသိရင္ ထြက္မလာဘူး "
ကုံးရင့္႐ွန္ ႐ွင္းျပလိုက္သည္။
" သူက ကြၽန္ေတာ္ပထမဆုံးေမြးတဲ့ ေႁမြေလးပဲ၊ အသက္ကိုးႏွစ္႐ွိၿပီ၊ Sachiel ဆိုတာက ေရနတ္ဘုရားရဲ႕နာမည္ "

" မင္းငါ့ကို ေနာက္ေနတာလား? "
ရန္ရိ ေျမာင္ေျမာင္ကို လက္ညိႇဳးထိုးျပလိုက္ၿပီး
" မင္းအတည္ေျပာတာ မဟုတ္ဘူးမလား? "
ကုံးရင့္႐ွန္ ႐ွင္းျပလာသည္။
" ပထမအခ်က္ ေသြးျပာေႁမြက ေႁမြစိမ္းေတြရဲ႕ အျပာေရာင္မ်ိဳးကြဲပဲ၊ အဆိပ္မ႐ွိဘူး၊ ဒုတိယအခ်က္ ေၾကာင္ေတြရဲ႕ အာ႐ုံတုံ႔ျပန္ႏိုင္စြမ္းက ေႁမြေတြထက္ပိုျမန္တယ္၊ ေႁမြက အႏိုင္က်င့္လို႔မရဘူး၊ ေသခ်ာေပါက္ သူနည္းနည္းႀကီးလာတဲ့အထိ ေစာင့္ရမွာေပါ့ "

" ေတာ္ ေတာ္ ေတာ္ "
ရန္ရိထၿပီး ေျမာင္ေျမာင့္ေခါင္းတစ္ခုလုံးကို လက္တစ္ဖက္တည္းနဲ႔ အုပ္ကိုင္လိုက္သည္။
" ေျမာင္ေျမာင္ ဒီလူအဓိပၸါယ္မ႐ွိတာေတြ ေျပာေနတာ နားမေထာင္နဲ႔၊ ငါမင္းကို ေႁမြေတြနဲ႔ ကစားခြင့္ေပးမွာ မဟုတ္ဘူး "
ကုံးရင့္႐ွန္ ႏႈတ္ခမ္းေတြ တင္းတင္းေစ့ပိတ္သြားၿပီး
" သူေႁမြေတြနဲ႔ ကစားရတာႀကိဳက္ေလာက္မယ္ "
" ႀကီးလာတဲ့အထိ ေစာင့္ဦး "
ရန္ရိ ေျမာင္ေျမာင္ကို ေဘးယူလိုက္ၿပီး
" မင္းဌာနခြဲျပန္ေတာ့မွာလား? "
ကုံးရင့္႐ွန္ အခ်ိန္ၾကည့္ၿပီး ေခါင္းညိတ္ျပသည္။
" မင္း က်ိဳးခြၽမ္းကိုအမႈစစ္ဖို႔ ျပန္မွာဆို ငါမင္းနဲ႔လိုက္မယ္ "
ရန္ရိ ေျပာလိုက္သည္။
" မင္းငါ့ကို အမႈမွာအမ်ားႀကီး တိုးတက္တယ္လို႔ေျပာတယ္ေလ၊ ငါမလြတ္သြားခ်င္ဘူး "
" ခင္မ်ားဒဏ္ရာရထားတာကို၊ နားစမ္းပါ "
" ဒါလား? "
ရန္ရိ သူ႕လည္ပင္းကို အေရးမစိုက္သလိုနဲ႔ လက္ညိႇဳးထိုးျပလိုက္ၿပီး
" ဒါက ဘာဒဏ္ရာမိုလို႔လဲ? "
ကုံးရင့္႐ွန္ မတ္တပ္ရပ္လိုက္ရင္း
" ေကာင္းၿပီ အဲ့တာဆို "
" သြားမယ္ "
ရန္ရိ ကုတ္ထပ္ဝတ္လိုက္သည္။
ကုံးရင့္႐ွန္ ေျခလွမ္းအနည္းငယ္လွမ္းၿပီး မသက္မသာျဖစ္လ်က္ မ်က္ေမွာင္ၾကဳတ္သြား၏။
" ခင္မ်ားအတြင္းခံက ကြၽန္ေတာ္နဲ႔ နည္းနည္းက်ပ္ေနတယ္ "
ရန္ရိ သူ႕ကိုမ်က္ေစာင္းထိုးၾကည့္လိုက္ၿပီး မေက်မနပ္ေျပာလိုက္သည္။
" မင္းဘာကိုဆိုလိုတာလဲ? "
" ခင္မ်ားမွာ စကားနားမလည္ႏိုင္တဲ့ေရာဂါ႐ွိလို႔လား ဒါမွမဟုတ္ သေဘာမေပါက္ႏိုင္တာလား? "
" ငါတို႔ စင္တီမီတာ အနည္းငယ္ထက္မပိုဘူး၊ ဘယ္လိုလုပ္ ဒီေလာက္ကြာမွာလဲ? "
ရန္ရိ စိတ္မသက္သာဘဲေျပာလိုက္ေပမယ့္ ခုန ေရခ်ိဳးခန္းထဲကျဖစ္စဥ္ကို သူမွတ္မိေသးသည္။ သူ႕အေတြ႕အၾကဳံအရဆို ကုံးရင့္႐ွန္က ေသခ်ာေပါက္ အေတာ္...
ကုံးရင့္႐ွန္က သူ႕ကိုအထင္ေသးသလို ၾကည့္လိုက္ၿပီး
" လူ႕ခႏၶာကိုယ္ကို အခ်ိဳးက်သတ္မွတ္ထားလို႔လား? "
" မင္း....."
ရန္ရိ ေဒါသထြက္သြားသည္။
" မင္းေနႏိုင္ရင္ မဝတ္နဲ႔ေပါ့ "
" ခင္မ်ား ကြၽန္ေတာ့္ဟာယူ....."
" မေျပာနဲ႔! "
သူတို႔ႏွစ္ေယာက္ ေဟာခန္းကိုျဖတ္သြားေနသည္ျဖစ္၍ စခန္းကတပ္သားေတြနဲ႔ အခ်ိန္မေ႐ြးတန္းတိုးႏိုင္သည္။ ဒါသာ ၾကားသြားရင္ ဘယ္လို႐ွင္းျပရေတာ့မလဲ? ရန္ရိ သူ႕ကိုအျမန္ပိတ္ခိုင္းလိုက္သည္။
ကုံးရင့္႐ွန္က ပခုံးတြန္႔ရင္း စေနာက္တဲ့အျပဳံးမ်ိဳး ေဖာ္ျပလာ၏။
========
hehe~ ႀကိဳက္လား ႀကိဳက္လား?
=========