Chapter 52

Sat, Aug 14, 2021

-----------------

{ Unicode }

မီးသတ်သမားအလုပ်က အတော်ခက်ခဲနေပြီလို့ ရန်ရိထင်ခဲ့သည်။ သူတို့ တစ်နှစ်မှာ အားလပ်ရက်များများစားစားမရဘဲ တစ်နေ့ကို နှစ်ဆယ့်လေးနာရီလုံးဂျူတီ၀င်ရသည်။ သို့သော် ကုံးရင့်ရှန်နဲ့ အချိန်အနည်းငယ်ဖြုန်းပြီးနောက် ရဲတွေလည်းစိတ်သောကရောက်မှန်း သိလိုက်ရသည်။ သူတို့အချိန်အများစုကို စခန်း၌သာကုန်ဆုံးကြရပြီး ရဲတွေရှေ့တန်းလွှတ်တာရှားပေမယ့် အထူးသဖြင့်မှုခင်းရဲအရာရှိများ အချိန်ပိုမဆင်းရဘူးဆိုတာ မရှိသလောက်ပင်။

ထိုအချိန်က ညကိုးနာရီနီးပါးရှိပြီဖြစ်သော်လည်း ကုံးရင့်ရှန် ဌာနခွဲကအလုပ်အတွက် အပြေးပြန်ဖို့လိုသေး၏။

ရန်ရိ ရယ်ချင်သွားပြီး

" မင်းပြောတော့ ချမ်းသာတဲ့ဒုတိယမျိုးဆက်က သခင်လေးဆို၊ ငါ့ထက်လစာနည်းပြီး င့ါနီးပါးအလုပ်လုပ်ရတယ်၊ တစ်ခါတစ်လေ ငါမင်းအကြောင်းစဥ်းစားမိတိုင်း စိတ်၀င်စားစရာကောင်းတယ်လို့ တွေးမိတယ် "

" ခင်များ ကျွန်တော့အကြောင်း တစ်ခါတစ်လေ စဥ်းစားတယ်ပေါ့? "

ကုံးရင့်ရှန် ရန်ရိကိုကြည့်လာသည်။

ကုံးရင့်ရှန် ဒီစကားရဲ့အဓိပ္ပာယ်ကို ဒီလိုမျိုးထူးထူးခြားခြား ဝတ္ထုဆန်ဆန် ဆွဲတွေးလိုက်လိမ့်မယ်လို့ ရန်ရိမမျှော်လင့်ခဲ့ပေ။ သူရေချိုးခန်းထဲက မျက်နှာပူစရာကိစ္စကို သတိရသွားပြီး သူအခုချိန် အဆုံးမ, ခံလို့မရတော့မှန်း သိလိုက်ပြီး သူ့ကိုမျက်တောင်ခတ်ကြည့်ကာ စနောက်ပြီးပြောလိုက်သည်။

" အင်း ငါတစ်ခါ‌တလေ မင်းကိုလွမ်းမိတယ် "

" ခင်များ ကျွန်တော့်ကို ဘာလွမ်းတာလဲ? "

ကုံးရင့်ရှန် အတည်ပေါက် မေးလိုက်သည်။

" ....စဉ်းစားကြည့်လေ "

ရန်ရိ ကားတံခါးဆီ လျှောက်သွားလိုက်ပြီး ကုံးရင့်ရှန်ကို ခေါင်းပြန်လှည့်ကြည့်လိုက်သည်။

" အဲ့တာဆို မင်းရောငါ့ကို တစ်ခါတစ်လေ လွမ်းလား? "

ကုံးရင့်ရှန် ခေါင်းညိတ်ပြီး " လွမ်းတယ် "

ရန်ရိရုတ်တရက် အသက်ရှူတာ အနည်းငယ် တို‌တောင်းလာသည်။

" အဲ့တာဆို မင်းငါ့ကို ဘာလွမ်းတာလဲ? "

" ခင်များကို လွမ်းတာ.....ထူးဆန်းတဲ့သူမိုလို့ "

" ငါက ဘာလို့ထူးဆန်းတာလဲ? "

ကုံးရင့်ရှန် တွန့်ဆုတ်သွားပြီး

" အခြားသူတွေနဲ့ ကွဲပြားနေတာ ထူးဆန်းတယ် "

" ဆိုလိုတာက ငါကထူးခြားတယ်ပေါ့ ဟုတ်လား? "

ရန်ရိပြုံးရင်း ကုံးရင့်ရှန်ကို ကြည့်လိုက်သည်။

အကြောင်းပြချက်အချို့ကြောင့် ကုံးရင့်ရှန်စိတ်ထဲ ရန်ရိရဲ့နီမြန်းမြန်းနောက်ကျောပြင်လေး ပေါ်လာပြီး အသိစိတ်ထဲမှာ ထို 'ကြည့်ကောင်းတယ်' ဆိုသောစကားပြန်ရောက်လာသည်။ ဟုတ်တယ် ရန်ရိက တကယ်ထူးခြားတယ်။

သူ "အင်း" လို့ နူးနူးညံ့ညံ့ပြောလိုက်သည်။

ရန်ရိရင်ထဲ ပျော်ရွှင်မှုဖြင့်ပြည့်လျှံကာ ဒီလို ခပ်ရိုးရိုးစကားကတောင် သူ့ကိုအရသာရှိစေ၏။ သူက ကုံးရင့်ရှန်ရဲ့ရင်ထဲမှာ အချိန်တိုင်းလိုလိုကွဲပြားနေပြီး တဖြည်းဖြည်း ထူးခြားလာတယ်ဆိုတာ သိသည်။ အဲ့တာက သူ့အတွက် ပြောမပြတတ်အောင်ကျေနပ်အားရစေပြီးဖြစ်၏။

ကားဆီသွားရင်း ရန်ရိ ပြောလိုက်သည်။

" ဒီနေ့ မင်းမောင်း "

သူတကယ်တော့ အရမ်းပင်ပန်းနေပြီ။ နောက်ဆုံးတော့လည်း သူတစ်နေ့လယ်ခင်းလုံး လှုပ်ရှားမှုအများအပြား လုပ်ခဲ့ရပြီး နေ့လယ်စာတစ်ဘူးပဲ စားရသေးသည်။ ဒါပေမယ့် သူကုံးရင့်ရှန်ကို မမြင်စေချင်။ ဝမ်ရမ့်ရပ်ကွက်က မီးရှို့မှုအကြောင်း တတ်နိုင်သလောက် မြန်မြန်သိချင်ရုံသာ။

ကုံးရင့်ရှန်က သတိထားမိသွားသေးသည်။

" ဘာဖြစ်လို့လဲ? ခင်များ ပင်ပန်းနေတာလား? "

" မဟုတ်ဘူး၊ လည်ပင်းက ဒဏ်ရာကြောင့်ပါ၊ ငါ့လက်မောင်းလှုပ်ရင် နာလာလို့ "

ကုံးရင့်ရှန် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။

" ခင်များဒီနေ့လယ်က ဘာလုပ်ခဲ့ရမှန်း မသိပေမယ့် ပင်ပန်းနေရင်မသွားနဲ့ "

ရန်ရိ ပြုံးပြလိုက်သည်။

" ရပါတယ် သွားရအောင် "

သွားရင်းနဲ့ ကုံးရင့်ရှန် ရန်ရိကိုအမှုအကြောင်း ပြောပြသည်။

" အခုဆို အမှုဘယ်လောက်တောင် တိုးတက်သွားပြီလဲဆိုတာ ခင်များလုံးဝ တွေးမိမှာတောင်မဟုတ်ဘူး "

" ဘာရယ်? "

ရန်ရိရုတ်တရက် သိချင်စိတ်တွေ အရမ်းမြင့်သွား၏။

" ကျွန်တော်တို့ ဖုန်ဖေးကိုသံသယရှိတယ်၊ ဒါပေမယ့် သက်သေမရှိဘူး၊ အဲ့တာကြောင့် ‌ခွဲခြမ်းစိတ်ဖြာရေးအဖွဲ့က လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ကျွန်တော်အခင်းနေရာက ယူလာတဲ့အမှိုက်တွေအကုန်လုံး စစ်ခိုင်းလိုက်တယ် "

" ပေါ့သေးသေးအလုပ်မဟုတ်ဘူးပဲ "

" တကယ်တော့ အဲ့တာတွေက ထင်သလောက်လည်း မများပါဘူး၊ အများစုက မီးဒဏ်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်သွားပြီး အကဲဖြတ်နိုင်လောက်တဲ့ တန်ဖိုးမရှိဘူး၊ ကျွန်တော် အဲ့‌တုန်းကပြောတဲ့ လျှပ်စစ်သွားပွတ်တံခေါင်းနဲ့ ကော်ဖီစေ့တွေကို မှတ်မိလား? "

" မှတ်မိတယ် "

" ပထမဆုံး ခင်များမီးစုံစမ်းရေးနည်းလမ်းကိုသုံးပြီး ကျွန်တော်တို့ သံသယစက်ကွင်းကို အနောက်ဘက်က အိမ်ငါးအိမ်အထိ ချုံ့ပေးခဲ့တယ်၊ ဒုတိယအနေနဲ့ ဒီပစ္စည်းနှစ်ခုက ကဏ္ဍကြီးကြီးပါတယ်ဆိုတာပဲ "

ကုံးရင့်ရှန် အရိပ်အမွက်ဖော်ပြလာသည်။

" ကျွန်တော်တို့ သွားပွတ်တံက DNA ထုတ်လိုက်ပြီး ကော်ဖီစေ့တွေလည်း အမျိုးအစားနဲ့ တံဆိပ်ရှာတွေ့တယ်၊ အိမ်ငါးအိမ်ထဲက နှစ်အိမ်မှာ ကော်ဖီဖျော်စက်ရှိတယ် "

" သွားပွတ်တံနဲ့ ကော်ဖီစေ့တွေက ဘယ်သူ့ဟာလဲ? "

" ခွင့်ပြုချက်မရှိဘဲ ကျွန်တော်တို့ DNA ယှဉ်လို့မရဘူး၊ ဆိုတော့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ရပ်ကွက်ထဲမှာ နှစ်ရက်လောက်စခန်းချပြီး အဆောက်အအုံအနောက်ဘက် အိမ်တွေဆီကနေ အမှိုက်စုပြီး သွားပွတ်တံပိုင်ရှင်ကို ရှာတွေ့သွားတယ်၊ 2209 ရဲ့ကပ်ရပ်က အခန်း 2208 ပဲ "

ရန်ရိ ရုတ်တရက်တုံ့ပြန်လိုက်သည်။

" မင်းပြောချင်တာက 2209 ရှေ့မှာ သူတို့မိသားစုနဲ့မဆိုင်တဲ့အမှိုက်တွေက အခြားအိမ်ငါးအိမ်ကလာတာပေါ့? "

" လက်ရှိမှာ‌တော့ နှစ်အိမ်ပဲ သက်သေပြနိုင်သေးတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဖုန်ဖေးအိမ်မှာလည်း ကော်ဖီစက်‌ရှာတွေ့တယ်၊ သူ့ online shopping မှတ်တမ်းတွေပြန်ဖော်ကြည့်တော့ သူတကယ်ကို တူညီတဲ့ကော်ဖီစေ့ဝယ်ခဲ့မှန်း တွေ့ရတယ် "

ရန်ရိ စိတ်လှုပ်ရှားပြီး ပြောလိုက်သည်။

" သူ ဒီတစ်ခါတော့ ငြင်းလို့မရတော့ဘူး "

ကုံးရင့်ရှန် ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး

" ကျွန်တော်တို့ သက်သေထုတ်ပြတော့ နှစ်ယောက်စလုံးဝန်ခံတယ်၊ သူတို့လက်စားချေရုံပဲလုပ်ချင်ပြီး 2209 ရှေ့မှာအမှိုက်ပစ်တယ်ဆိုတာလည်း ဝန်ခံတယ်၊ မီးရှို့သမားက သူတို့နဲ့ဘာမှမဆိုင်ဘူးတဲ့၊ အခြားအိမ်တွေအကြောင်းတော့ မမေးရသေးဘူး "

ရန်ရိ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ အမှုရဲ့အမှန်တရားကို နက်နက်နဲနဲတွေးမိလေလေ ပိုကြောက်လာလေလေပင်။

" အဲ့တာဆို မင်းအစီအစဉ်ကဘာတွေလဲ? "

ကုံးရင့်ရှန် ပြောလာသည်။

" 2209 အပါအဝင် အနောက်ဘက်ခြမ်းမှာ လူသေသွားတဲ့တစ်အိမ်ကို မှတ်မိသေးလား? "

" အစွန်ဆုံးဘေးကအိမ် "

ရန်ရိ ခဏလောက်စဉ်းစားလိုက်ပြီး

" ဖုန်ဖေးအိမ် 2212 က အစွန်ဆုံးပဲ၊ 2211 မှာ လူကြီးတစ်ယောက် ဆုံးသွားပုံရတယ် "

" အင်း ကျွန်တော်တို့ အဲ့အိမ်ကစဖို့စီစဉ်ထားတယ်၊ ခင်များခဏနေရင် 2211 ရဲ့အိမ်ရှင်ကိုတွေ့လိမ့်မယ် "

ကုံးရင့်ရှန် ပြောလာသည်။

" ပြီးတော့ ဒီစစ်ဆေးကာလအပြီးမှာ ကျွန်တော် ဖုန်ဖေးကို ပိုပိုပြီးသံသယဝင်လာတယ်၊ သူ့ကို အလိမ်ဖော်စက်နဲ့စစ်ဖို့ ဆုံးဖြတ်ထားတယ် "

" အလိမ်ဖော်စက်က တကယ်အကျိုးရှိလို့လား? "

ရန်ရိ မျက်မှောင်ကြုပ်လိုက်သည်။

" ဒီပစ္စည်းက အထောက်အပံ့အနေနဲ့ပဲ သုံးလို့ရတာ၊ တရားရုံးမှာ သက်သေအနေနဲ့ သုံးလို့မရဘူး "

" အလိမ်ဖော်စက်က နည်းလမ်းတစ်ခုသက်သက်ဆိုတာ သိတယ်၊ ဖုန်ဖေးကို ပြန်သုံးသပ်ဖို့ ကျွန်တော် မှုခင်းစိတ်ပညာ ကျွမ်းကျင်ပညာရှင်တစ်ယောက် ငှားထားတယ် "

" သက်သေမလုံလောက်ဘူး၊ ပြီးတော့ ကျိုးချွမ်းကို မျက်နှာချင်းဆိုင်တဲ့အချိန်မှာလည်း ဘာမှမတုံ့ပြန်ဘူးလို့ မင်း‌ပြောခဲ့တယ်မလား? "

" ကျိုးချွမ်းကိုပဲမဟုတ်ဘူး၊ သူ ချန်ဖေ့ကိုလည်း မတုံ့ပြန်ဘူး၊ အဲ့တာက ကျွန်တော့်ကိုပိုပြီးတောင် သံသယဖြစ်စေတယ်၊ ပိုအရေးကြီးတာက ကားမီးရှို့မှုအတွက် သူကလွဲပြီး သင့်တော်တဲ့တရားခံ ထပ်မရှာနိုင်ဘူး၊ ခင်များ Sherlock Holmes ပြောတဲ့စကားတစ်ခွန်း ကြားဖူးလား? "

" မဖြစ်နိုင်တာတွေအားလုံးကို ဖယ်ထုတ်လိုက်တဲ့အခါ၊ ကျန်တာတွေ ဘယ်လောက်ပဲ အဓိပ္ပါယ်မရှိဖြစ်ပါစေ၊ အဲ့တာအကုန် အမှန်တရားပဲ "

" အခု ကျွန်တော်တို့ တရားခံအသစ်ထပ်မရှာနိုင်ဘူးဆိုတော့ လက်ထဲမှာရှိတဲ့ သက်သေတွေအားလုံးကို ပြန်စစ်ဆေးပြီး  သူ့ကိုတရားခံလိုပဲ စစ်ဆေးမယ် "

ကုံးရင့်ရှန် မျက်လုံးမှေးလိုက်ပြီး

" သူသာပြစ်မှုကျူးလွန်ခဲ့ရင်၊ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ၊ ရတယ်၊ ကျိန်းသေပေါက် ဖော်ထုတ်ခံရမှာပဲ "

" ဆိုတော့.....ချန်ဖေ့ကဘယ်မှာလဲ? "

သူဒီလူကို စကားထဲထည့်ပြောလိုက်တဲ့အချိန် ရန်ရိ ကုံးရင့်ရှန်အမူအရာကို လှမ်းခိုးကြည့်လိုက်၏။

" ကျွန်တော် ဝမ်ရမ့်အဆောက်အအုံအကြောင်း အရင်ဆုံးဖော်ထုတ်ချင်တယ်၊  ဘယ်လိုပဲဖြစ်ဖြစ် သူပြေးမလွတ်ပါဘူး "

စကားကောင်းနေတုန်း နှစ်ယောက်သား ဌာနခွဲရောက်လာသည်။

ဆိုင့်ချောင်က ကျိုးချွမ်းကို စစ်မေးနေပြီး ရန်ရိကစောင့်ကြည့်ခန်းအပြင်ဘက်မှာ မတ်တပ်ရပ်နေသည်။ သူ ကျိုးချွမ်းရဲ့ ဆေးရုံသက်တမ်းတစ်လစာကို ကြည့်လိုက်တော့ ထိုသူက ဆက်ဝလာသေး၏။ ဒီမျိုးမစစ်က‌ ကောင်းကောင်းစားသောက်နေပေမယ့် နစ်နာသူမိသားစုတွေကတော့ မစားနိုင်လောက်တာကို စဉ်းစားမိပြီး ရန်ရိ မပြောပြနိုင်အောင် ဒေါသထွက်လာသည်။

" သူပြောဖို့ ငြင်းနေတုန်းပဲလား? "

ရန်ရိမေးလိုက်သည်။

" ကျွန်တော်တို့ ချန်ဖေ့ကိုဖမ်းမိပြီးတော့ ဆေးရုံမှာတုန်းကထက် အပြုအမူပိုလျော့ရဲလာတာ သူသိတယ်၊ ဆိုင်ချောင့် ဒီနေ့တစ်ခုခု အကျိုးရမလားဆိုတာတော့ ကျွန်တော်မသိဘူး "

" သူ ချန်ဖေ့ကို မှတ်မိလား? "

ကုံးရင့်ရှန် ခေါင်းခါပြသည်။

" အင်တာနက်ပေါ်မှာ သိတာတော့ဖြစ်နိုင်တယ်၊ ဒါပေမယ့် သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ထူးထူးဆန်းဆန်းတုံ့ပြန်ကြတယ် "

ရန်ရိက ဆိုင့်ချောင် စားပွဲကိုရိုက်ပြီး ကျိုးချွမ်း‌ကို ခြောက်လှန့်နေတာ နားထောင်လိုက်သည်။

" သွားရအောင်၊ ကျွန်တော် ခင်များကို 2211 အိမ်ရှင်နဲ့တွေ့ဖို့ ခေါ်သွားမယ် "

သူတို့နှစ်ယောက် အခြားစစ်ဆေးခန်းတစ်ခန်းရဲ့ တံခါးဆီသွားကြတော့ ကုံးရင့်ရှန်ကရန်ရိကို တံခါးပေါ်ရှိ ဖန်ပြတင်းပေါက်ကနေ မျက်လုံးနဲ့ချောင်းကြည့်ဖို့ အမူအရာပြသည်။

ရန်ရိ ပိုအနားကပ်သွားပြီး ချောင်းကြည့်လိုက်သည်။ 2211 ရဲ့အိမ်ရှင်က ခေါင်းငုံ့ထားသော အသက်ငါးဆယ်ဝန်းကျင် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အနည်းငယ်တွန့်နေသော ပခုံးများကတစ်ဆင့် သူမရဲ့စိုးထိတ်မှုကို မြင်နိုင်သည်။

ကုံးရင့်ရှန် တိုးတိုးပြောလာသည်။

" သူက အထိန်းသိမ်းခံထားရတာ မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့သူ့ကို စစ်ဆေးရေးမှာ ပူးပေါင်းပေးဖို့ ပြောထားတယ်၊ သူစောင့်နေရတာ အနည်းဆုံး သုံး၊လေး နာရီတော့ရှိလောက်ပြီ၊ သူသာ သာမန်နစ်နာသူရဲ့မိသားစုဝင် ဒါမှမဟုတ် ဘာမှမသက်ဆိုင်တဲ့လူဆိုရင် ဖြူဖြူစင်စင်နဲ့ အချိန်အကြာကြီး စောင့်နေရလို့ ဒေါသထွက်နေမှာပဲ၊ ဒါပေမယ့် သူ့ကိုကြည့် စိုးထိတ်နေတာပဲရှိတယ် "

" နောင်တရတာလား? "

" ဖြစ်လောက်တယ် "

ကုံးရင့်ရှန် တံခါးတွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။

အထဲရှိလူက ရုတ်တရက်ခေါင်းထောင်လာပြီး သူတို့နှစ်ယောက်ကို မျက်တောင်မခတ်ဘဲ ကြည့်သည်။

" ပိုင်နျီရှီး "

[ 女士 (Nǚshì) - Miss. ]

ကုံးရင့်ရှန် ဖိုင်ကိုလှန်လှောလိုက်ပြီး

" မင်္ဂလာပါ ကျွန်တော် စောင့်ခိုင်းစေမိပြီ "

အမျိုးသမီးပိုင်က သူ့ရဲ့ခပ်ဝဝခန္ဓာကိုယ်ကို နောက်တိုးကပ်လိုက်ပြီး နောက်ကျောကို ထိုင်ခုံနဲ့ကပ်သွားစေလျက် စားပွဲတစ်ဖက်ခြမ်းမှာ ထိုင်နေပြီဖြစ်သော ကုံးရင့်ရှန်နဲ့ အနေဝေးအောင် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။

ရန်ရိလည်း ဘေးမှာဝင်ထိုင်လိုက်သည်။

ကုံးရင့်ရှန်က စက်ရုပ်တစ်ရုပ်လို ပြောလိုက်၏။

" အမျိုးသမီးပိုင်၊ ကျွန်တော့်မျိုးရိုးနာမည်က ကုံးပါ၊ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ်၊ ခင်များ မေးခွန်းနည်းနည်းလောက် အမှန်တိုင်းဖြေနိုင်မယ်လို့ မျှော်လင့်တယ် "

အမျိုးသမီးပိုင်က အသက်ဝဝရှူလိုက်ပြီး

" မင်းဘာမေးချင်တာလဲ? ငါရဲတွေကို အကြိမ်အများကြီး ပြောသင့်တာအကုန်လုံးပြောခဲ့ပြီးပြီ "

ကုံးရင့်ရှန် ခေါင်းညိတ်ပြလိုက်သည်။

" ဒါပေမယ့် ခင်များက နစ်နာသူမိသားစုနေရာကနေပြီး ပြောခဲ့တာလေ၊ အခုတစ်ခါက မတူတော့ဘူး "

အမျိုးသမီးပိုင်က ကုံးရင့်ရှန်ကိုစိုက်ကြည့်ပြီး

" ဘာ မင်းဘာကိုဆိုလိုတာလဲ? "

" မီးစမလောင်ခင် 22 လွှာအ‌နောက်ဘက်ခြမ်းမှာရှိတဲ့ ခင်များနဲ့ ခင်များအိမ်နီးချင်းလေးယောက်က 2209 တံခါးရှေ့မှာ အမှိုက်ပစ်ခဲ့ကြောင်း သံသယဝင်ဖို့ ကျွန်တော်တို့မှာ အကြောင်းပြချက်နဲ့ သက်သေတွေရှိတယ် "

အမျိုးသမီးပိုင်က တည်ငြိမ်ချင်ယောင်ဆောင်ပြီး ပြောလာသည်။

" ဘာပဲဖြစ်ဖြစ် သူလည်းတံခါးဝမှာအမှိုက်ပုံရတာ ကြိုက်သားပဲ၊ အဲ့တာကြောင့် ငါဒေါသထွက်ပြီး သွားပစ်တာ ဘာဖြစ်လဲ? "

" ခင်များအရင်ကရော ပစ်ဖူးလား? "

အမျိုးသမီးပိုင် တုံ့ဆိုင်းသွားပြီး ဘယ်လိုဖြေရမလဲ မသိဖြစ်နေသည်။

" 2209 အိမ်ရှင်မ ပြောတာတော့ ခင်များအရင်က အဲ့လိုအပြုအမူမျိုးမရှိဘူးတဲ့၊ ဒီတိုင်းရန်ဖြစ်ပြီး ပိုစတာအကြီးကြီးကပ်တယ်လို့ပဲ ပြောတယ်၊ မီးလောင်တဲ့နေ့မှာမှ ခင်များတို့ငါးအိမ်လုံး 2209 တံခါးရှေ့မှာအမှိုက်ပြိုင်တူပစ်ကြတယ်ဆိုတာ ဘယ်လိုလုပ် တိုက်ဆိုင်တာဖြစ်မလဲ? "

" .....တစ်ယောက်‌ယောက်ပစ်တာတွေ့လို့ ငါလည်းသွားပစ်လိုက်တာ "

" ခင်များ ဘယ်သူ့ကိုကြည့်ပြီး သွားပစ်တာလဲ? "

" မေ့သွားပြီ "

အမျိုးသမီးပိုင်က မျက်နှာလွှဲသွားသည်။

" အမှိုက်ပစ်တာနဲ့ ငါတို့မီးရှို့တယ်လို့မှ မဆိုလိုတာ "

" ကောင်းပြီ၊ ဒါပေမယ့် ခင်များတို့ပစ်လိုက်တဲ့အမှိုက်တွေက မီးတောက်တွေကူးသွားတာလေ၊ အဲ့တော့ ခင်များတို့ တာဝန်တစ်ခုခုယူရမယ်၊ တာဝန်ယူတဲ့ကိစ္စက ခင်များမီးရှို့သမားကို သတိထားမိလား၊ မထားမိလားဆိုတာပေါ် မူတည်တယ် "

" ငါမသိဘူး! "

အမျိုးသမီးက စိတ်လှုပ်ရှားပြီးပြောလာသည်။

" အဲ့တာ မီးကူးသွားမယ်ဆိုတာ ငါမသိဘူး! ငါသာသိရင် ဘယ်လိုလုပ် ငါ့အမေကိုမီးခိုးမွှန်ပြီး အသေခံမလဲ?! "

ကုံးရင့်ရှန် အေးစက်စက်ပြောလိုက်သည်။

" အဲ့တာက ခင်များအမေ မီးထဲကမီးခိုးကြောင့်သေပြီး ဆရာဝန်ဆီအပို့ခံလိုက်ရလို့ဆိုတာ လုံးဝသေချာတယ်၊ ကျွန်တော်နားမလည်ဘူး ခင်များဘာလို့ ကိုယ့်အမေကိုသတ်တဲ့တရားခံကို ကာကွယ်ချင်နေလဲ? "

အမျိုးသမီးပိုင်က ခန္ဓာကိုယ်ကိုယမ်းရင်း မျက်လုံးများက ရှောင်တိမ်းနေသည်။

" ဘယ်သူလုပ်လဲ ခင်များသိလား? တကယ်တော့ ဒါက ကြိုတင်ကြံစည်ထားတဲ့လက်စားချေမှုဆိုတာ ခင်များအကုန်လုံးသိလောက်ပါတယ်၊ ဒီလက်စားချေမှုအကျိုးဆက်တွေက ခင်များတို့ထင်ထားတာတက် ကျော်လွန်သွားတာလည်း ဖြစ်နိုင်တယ်၊ ငြိစွန်းနေမှာကြောက်တယ်၊ အဲ့တာကြောင့် အမှန်ကိုမပြောရဲတာမလား? "

ရန်ရိ အံ့အားသင့်သွားသည်။ သူခုနကားထဲမှာကတည်းက ကုံးရင့်ရှန်ဆိုလိုရင်းကို ခန့်မှန်းထားမိပြီးဖြစ်သော်လည်း ကုံးရင့်ရှန်ပါးစပ်က တကယ်ထွက်လာချိန်မှာတော့ သူ့ကိုအံ့အားသင့်စေတုန်း ဖြစ်သည်။ ဒါက ပူးပေါင်းကြံစည်တဲ့အမှုများ ဖြစ်နေမလား? သူ့အလုပ်မှာ ဒါမျိုးတစ်ခါမှ မကြုံဖူးချေ။ အမှုဖြစ်စဉ်အကြောင်းရင်းက သူစိတ်ကူးနိုင်တာထက် ကျော်တယ်လို့ ကုံးရင့်ရှန်ပြောတာလည်း အံ့ဩစရာမရှိ။

အမျိုးသမီးပိုင်က ခေါင်းအတင်းခါပြီး

" မင်းဘာပြောနေလဲဆိုတာ ငါမသိဘူး၊ ငါအမှိုက်ပစ်ခဲ့တယ်၊ ငါတို့အိမ်နီးချင်းတွေ ဒေါသတကြီးနဲ့ဆွေးနွေးခဲ့ကြတာပဲ၊ သူအမှိုက်ပစ်ရင် ငါတို့လည်းသူ့တံခါးရှေ့အမှိုက်ပြန်ပစ်မယ်၊ ငါတို့အမှိုက်အိတ်နည်းနည်းလောက်ပစ်ခဲ့တယ် ဘာအရေးလဲ? ငါတို့မီးရှို့တာမဟုတ်ဘူး "

" ခင်များအမေကို ဘယ်သူသတ်လဲ ခင်များသိတယ်၊ ဒါပေမယ့် တာဝန်ယူရမှာကြောက်လို့ မပြောရဲဘူး၊ ခင်များအမေကတော့ ကောင်းကင်ဘုံမှာအသက်ရှင်လျက် စောင့်ကြည့်နေမှာပဲ "

အမျိုးသမီးပိုင် နဖူးမှာချွေးစို့လာသည်။

" အမျိုးသမီးပိုင်၊ ကျွန်တော် ခင်များစိုးရိမ်တာကို သိတယ်၊ ခင်များပြောလိုက်ရင် ကြံရာပါအနေနဲ့ အရေးယူခံရမှာ ကြောက်နေတယ်၊ ခင်များ ဥပဒေကိုရော မိသားစုကိုပါ ရှင်းပြလို့မရဘူး၊ အခြားသူတွေဆီကလည်း အခြိမ်းခြောက်ခံနေရတယ်မလား? "

အမျိုးသမီးပိုင် ဘာမှမပြောပေ။

" ကျွန်တော်ခင်များကို အရမ်းသနားတယ် "

ကုံးရင့်ရှန် ရှေ့သို့ကိုင်းလိုက်ပြီး

" အဆောက်အအုံအနောက်ဘက်က 2209 အိမ်ရှင်ယောက်ျားကလွဲပြီး ခင်များပဲ ချစ်ရတဲ့သူဆုံးရှုံးခဲ့ရတယ်၊ မတရားဘူးမလား? ဒီလူက ခင်များကို နှစ်အကြာကြီး စိတ်ဒုက္ခပေးလာတာ၊ သူသေသွားတာတောင် ဘာလို့ခင်များအမေကို ဆွဲခေါ်သွားရတာလဲ? ဘာလို့အခြားသူတွေကျတော့ အဆင်ပြေနေတာလဲ? ခင်များတစ်လထက်ပိုပြီးရော ကောင်းကောင်းအိပ်ခဲ့ရရဲ့လား? ခင်များ နေ့တိုင်းစိုရိမ်နေရတယ်၊ ကျွန်တော်တို့ သက်သေရှာတွေ့သွားမှာ ကြောက်နေတယ်မလား?၊ ခင်များမြင်တာပဲ၊ သေချာတာပေါ့ ကျွန်တော်တို့ခင်များကို အရင်ဆုံးရှာတွေ့သွားတယ်လေ "

အမျိုးသမီးပိုင် အသံဩရှလာသည်။

" မပြောနဲ့တော့၊ ငါမသိဘူး! "

" ခင်များသိစရာမလိုပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် အခြားသူတွေကိုလည်း မေးလို့ရသေးတယ်၊ အိမ်အများကြီးထဲမှာမှ တစ်ယောက်ယောက် ခင်များအကြောင်း ဝန်ခံလိုက်တာနဲ့....."

အမျိုးသမီးပိုင် စားပွဲကိုငုံ့ကြည့်ပြီး ခြေလက်တွေ အလွန်တောင့်တင်းလာသည်။

" ကျွန်တော် ခင်များကိုသနားတယ်လို့ ပြောသားပဲ၊ ပြီးတော့ ခင်များအမေကိုလည်း သနားတယ်၊ အဲ့တာကြောင့် ကျွန်တော် ခင်များဆီအရင်လာခဲ့တာ၊ ဂုဏ်ပြုထိုက်တဲ့အလုပ်မျိုး လုပ်နိုင်အောင်အခွင့်အရေးတစ်ခုပေးဖို့ပဲ၊ ခင်များ ဒီအခွင့်အရေးမလိုချင်ရင် အခြားသူတွေမယူဘူးဆိုတာရော အာမခံနိုင်လား? ခင်များ အသက်ကြီးလာပြီ၊ အရင်ကပြစ်မှုကျူးလွန်ခဲ့တာလည်း မရှိဘူး၊ ခင်များ ဂုဏ်ထူးဆောင်အလုပ် အရင်လုပ်မယ်ဆို သေချာပေါက် အဲ့ကိစ္စကို ချောချောမွေ့မွေ့ကိုင်တွယ်နိုင်မှာပဲ၊ ဒါပေမယ့် ခင်များ အခြားသူတွေကိုကူပြီး အမေကိုသတ်တဲ့သူ့ကိုမှ ဆက်ကာကွယ်ပေးနေဦးမယ်ဆိုရင်တော့ ခင်များက သားသမီးဝတ္တရားမကျေဘဲ ညံ့ဖျင်းသွားပြီ၊ ခင်များ အမှားအကြီးကြီးတစ်ခုလုပ်ခဲ့တယ်၊ နောက်အမှားကြီးတစ်ခု ဆက်လုပ်ချင်သေးလို့လား? "

အမျိုးသမီးပိုင်က တုန်ယင်နေပြီး မျက်ဝန်းနီတွေက မျက်ရည်များစီးကျလာတော့သည်။

=======

ပင်ပန်းခပေးချင်ရင်

09795118580 ( Kpay & Wavepay ) နော်

အပန်းဖြေလိုက်ကြပါဦး ✨

========

{ Zawgyi }

မီးသတ္သမားအလုပ္က အေတာ္ခက္ခဲေနၿပီလို႔ ရန္ရိထင္ခဲ့သည္။ သူတို႔ တစ္ႏွစ္မွာ အားလပ္ရက္မ်ားမ်ားစားစားမရဘဲ တစ္ေန႔ကို ႏွစ္ဆယ့္ေလးနာရီလုံးဂ်ဴတီ၀င္ရသည္။ သို႔ေသာ္ ကုံးရင့္႐ွန္နဲ႔ အခ်ိန္အနည္းငယ္ျဖဳန္းၿပီးေနာက္ ရဲေတြလည္းစိတ္ေသာကေရာက္မွန္း သိလိုက္ရသည္။ သူတို႔အခ်ိန္အမ်ားစုကို စခန္း၌သာကုန္ဆုံးၾကရၿပီး ရဲေတြေ႐ွ႕တန္းလႊတ္တာ႐ွားေပမယ့္ အထူးသျဖင့္မႈခင္းရဲအရာ႐ွိမ်ား အခ်ိန္ပိုမဆင္းရဘူးဆိုတာ မ႐ွိသေလာက္ပင္။

ထိုအခ်ိန္က ညကိုးနာရီနီးပါး႐ွိၿပီျဖစ္ေသာ္လည္း ကုံးရင့္႐ွန္ ဌာနခြဲကအလုပ္အတြက္ အေျပးျပန္ဖို႔လိုေသး၏။

ရန္ရိ ရယ္ခ်င္သြားၿပီး

" မင္းေျပာေတာ့ ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္က သခင္ေလးဆို၊ ငါ့ထက္လစာနည္းၿပီး င့ါနီးပါးအလုပ္လုပ္ရတယ္၊ တစ္ခါတစ္ေလ ငါမင္းအေၾကာင္းစဥ္းစားမိတိုင္း စိတ္၀င္စားစရာေကာင္းတယ္လို႔ ေတြးမိတယ္ "

" ခင္မ်ား ကြၽန္ေတာ့အေၾကာင္း တစ္ခါတစ္ေလ စဥ္းစားတယ္ေပါ့? "

ကုံးရင့္႐ွန္ ရန္ရိကိုၾကည့္လာသည္။

ကုံးရင့္႐ွန္ ဒီစကားရဲ႕အဓိပၸာယ္ကို ဒီလိုမ်ိဳးထူးထူးျခားျခား ဝတၳဳဆန္ဆန္ ဆြဲေတြးလိုက္လိမ့္မယ္လို႔ ရန္ရိမေမွ်ာ္လင့္ခဲ့ေပ။ သူေရခ်ိဳးခန္းထဲက မ်က္ႏွာပူစရာကိစၥကို သတိရသြားၿပီး သူအခုခ်ိန္ အဆုံးမ, ခံလို႔မရေတာ့မွန္း သိလိုက္ၿပီး သူ႕ကိုမ်က္ေတာင္ခတ္ၾကည့္ကာ စေနာက္ၿပီးေျပာလိုက္သည္။

" အင္း ငါတစ္ခါ‌တေလ မင္းကိုလြမ္းမိတယ္ "

" ခင္မ်ား ကြၽန္ေတာ့္ကို ဘာလြမ္းတာလဲ? "

ကုံးရင့္႐ွန္ အတည္ေပါက္ ေမးလိုက္သည္။

" ....စဥ္းစားၾကည့္ေလ "

ရန္ရိ ကားတံခါးဆီ ေလွ်ာက္သြားလိုက္ၿပီး ကုံးရင့္႐ွန္ကို ေခါင္းျပန္လွည့္ၾကည့္လိုက္သည္။

" အဲ့တာဆို မင္းေရာငါ့ကို တစ္ခါတစ္ေလ လြမ္းလား? "

ကုံးရင့္႐ွန္ ေခါင္းညိတ္ၿပီး " လြမ္းတယ္ "

ရန္ရိ႐ုတ္တရက္ အသက္႐ွဴတာ အနည္းငယ္ တို‌ေတာင္းလာသည္။

" အဲ့တာဆို မင္းငါ့ကို ဘာလြမ္းတာလဲ? "

" ခင္မ်ားကို လြမ္းတာ.....ထူးဆန္းတဲ့သူမိုလို႔ "

" ငါက ဘာလို႔ထူးဆန္းတာလဲ? "

ကုံးရင့္႐ွန္ တြန္႔ဆုတ္သြားၿပီး

" အျခားသူေတြနဲ႔ ကြဲျပားေနတာ ထူးဆန္းတယ္ "

" ဆိုလိုတာက ငါကထူးျခားတယ္ေပါ့ ဟုတ္လား? "

ရန္ရိျပဳံးရင္း ကုံးရင့္႐ွန္ကို ၾကည့္လိုက္သည္။

အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ ကုံးရင့္႐ွန္စိတ္ထဲ ရန္ရိရဲ႕နီျမန္းျမန္းေနာက္ေက်ာျပင္ေလး ေပၚလာၿပီး အသိစိတ္ထဲမွာ ထို 'ၾကည့္ေကာင္းတယ္' ဆိုေသာစကားျပန္ေရာက္လာသည္။ ဟုတ္တယ္ ရန္ရိက တကယ္ထူးျခားတယ္။

သူ "အင္း" လို႔ ႏူးႏူးညံ့ညံ့ေျပာလိုက္သည္။

ရန္ရိရင္ထဲ ေပ်ာ္႐ႊင္မႈျဖင့္ျပည့္လွ်ံကာ ဒီလို ခပ္႐ိုး႐ိုးစကားကေတာင္ သူ႕ကိုအရသာ႐ွိေစ၏။ သူက ကုံးရင့္႐ွန္ရဲ႕ရင္ထဲမွာ အခ်ိန္တိုင္းလိုလိုကြဲျပားေနၿပီး တျဖည္းျဖည္း ထူးျခားလာတယ္ဆိုတာ သိသည္။ အဲ့တာက သူ႕အတြက္ ေျပာမျပတတ္ေအာင္ေက်နပ္အားရေစၿပီးျဖစ္၏။

ကားဆီသြားရင္း ရန္ရိ ေျပာလိုက္သည္။

" ဒီေန႔ မင္းေမာင္း "

သူတကယ္ေတာ့ အရမ္းပင္ပန္းေနၿပီ။ ေနာက္ဆုံးေတာ့လည္း သူတစ္ေန႔လယ္ခင္းလုံး လႈပ္႐ွားမႈအမ်ားအျပား လုပ္ခဲ့ရၿပီး ေန႔လယ္စာတစ္ဘူးပဲ စားရေသးသည္။ ဒါေပမယ့္ သူကုံးရင့္႐ွန္ကို မျမင္ေစခ်င္။ ဝမ္ရမ့္ရပ္ကြက္က မီး႐ိႈ႕မႈအေၾကာင္း တတ္ႏိုင္သေလာက္ ျမန္ျမန္သိခ်င္႐ုံသာ။

ကုံးရင့္႐ွန္က သတိထားမိသြားေသးသည္။

" ဘာျဖစ္လို႔လဲ? ခင္မ်ား ပင္ပန္းေနတာလား? "

" မဟုတ္ဘူး၊ လည္ပင္းက ဒဏ္ရာေၾကာင့္ပါ၊ ငါ့လက္ေမာင္းလႈပ္ရင္ နာလာလို႔ "

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ေျပာလိုက္သည္။

" ခင္မ်ားဒီေန႔လယ္က ဘာလုပ္ခဲ့ရမွန္း မသိေပမယ့္ ပင္ပန္းေနရင္မသြားနဲ႔ "

ရန္ရိ ျပဳံးျပလိုက္သည္။

" ရပါတယ္ သြားရေအာင္ "

သြားရင္းနဲ႔ ကုံးရင့္႐ွန္ ရန္ရိကိုအမႈအေၾကာင္း ေျပာျပသည္။

" အခုဆို အမႈဘယ္ေလာက္ေတာင္ တိုးတက္သြားၿပီလဲဆိုတာ ခင္မ်ားလုံးဝ ေတြးမိမွာေတာင္မဟုတ္ဘူး "

" ဘာရယ္? "

ရန္ရိ႐ုတ္တရက္ သိခ်င္စိတ္ေတြ အရမ္းျမင့္သြား၏။

" ကြၽန္ေတာ္တို႔ ဖုန္ေဖးကိုသံသယ႐ွိတယ္၊ ဒါေပမယ့္ သက္ေသမ႐ွိဘူး၊ အဲ့တာေၾကာင့္ ‌ခြဲျခမ္းစိတ္ျဖာေရးအဖြဲ႕က လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ကို ကြၽန္ေတာ္အခင္းေနရာက ယူလာတဲ့အမိႈက္ေတြအကုန္လုံး စစ္ခိုင္းလိုက္တယ္ "

" ေပါ့ေသးေသးအလုပ္မဟုတ္ဘူးပဲ "

" တကယ္ေတာ့ အဲ့တာေတြက ထင္သေလာက္လည္း မမ်ားပါဘူး၊ အမ်ားစုက မီးဒဏ္ေၾကာင့္ ဆိုးဆိုး႐ြား႐ြား ထိခိုက္သြားၿပီး အကဲျဖတ္ႏိုင္ေလာက္တဲ့ တန္ဖိုးမ႐ွိဘူး၊ ကြၽန္ေတာ္ အဲ့‌တုန္းကေျပာတဲ့ လွ်ပ္စစ္သြားပြတ္တံေခါင္းနဲ႔ ေကာ္ဖီေစ့ေတြကို မွတ္မိလား? "

" မွတ္မိတယ္ "

" ပထမဆုံး ခင္မ်ားမီးစုံစမ္းေရးနည္းလမ္းကိုသုံးၿပီး ကြၽန္ေတာ္တို႔ သံသယစက္ကြင္းကို အေနာက္ဘက္က အိမ္ငါးအိမ္အထိ ခ်ံဳ႕ေပးခဲ့တယ္၊ ဒုတိယအေနနဲ႔ ဒီပစၥည္းႏွစ္ခုက က႑ႀကီးႀကီးပါတယ္ဆိုတာပဲ "

ကုံးရင့္႐ွန္ အရိပ္အမြက္ေဖာ္ျပလာသည္။

" ကြၽန္ေတာ္တို႔ သြားပြတ္တံက DNA ထုတ္လိုက္ၿပီး ေကာ္ဖီေစ့ေတြလည္း အမ်ိဳးအစားနဲ႔ တံဆိပ္႐ွာေတြ႕တယ္၊ အိမ္ငါးအိမ္ထဲက ႏွစ္အိမ္မွာ ေကာ္ဖီေဖ်ာ္စက္႐ွိတယ္ "

" သြားပြတ္တံနဲ႔ ေကာ္ဖီေစ့ေတြက ဘယ္သူ႕ဟာလဲ? "

" ခြင့္ျပဳခ်က္မ႐ွိဘဲ ကြၽန္ေတာ္တို႔ DNA ယွဥ္လို႔မရဘူး၊ ဆိုေတာ့ ကြၽန္ေတာ့္လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ရပ္ကြက္ထဲမွာ ႏွစ္ရက္ေလာက္စခန္းခ်ၿပီး အေဆာက္အအုံအေနာက္ဘက္ အိမ္ေတြဆီကေန အမိႈက္စုၿပီး သြားပြတ္တံပိုင္႐ွင္ကို ႐ွာေတြ႕သြားတယ္၊ 2209 ရဲ႕ကပ္ရပ္က အခန္း 2208 ပဲ "

ရန္ရိ ႐ုတ္တရက္တုံ႔ျပန္လိုက္သည္။

" မင္းေျပာခ်င္တာက 2209 ေ႐ွ႕မွာ သူတို႔မိသားစုနဲ႔မဆိုင္တဲ့အမိႈက္ေတြက အျခားအိမ္ငါးအိမ္ကလာတာေပါ့? "

" လက္႐ွိမွာ‌ေတာ့ ႏွစ္အိမ္ပဲ သက္ေသျပႏိုင္ေသးတယ္၊ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ဖုန္ေဖးအိမ္မွာလည္း ေကာ္ဖီစက္‌႐ွာေတြ႕တယ္၊ သူ႕ online shopping မွတ္တမ္းေတြျပန္ေဖာ္ၾကည့္ေတာ့ သူတကယ္ကို တူညီတဲ့ေကာ္ဖီေစ့ဝယ္ခဲ့မွန္း ေတြ႕ရတယ္ "

ရန္ရိ စိတ္လႈပ္႐ွားၿပီး ေျပာလိုက္သည္။

" သူ ဒီတစ္ခါေတာ့ ျငင္းလို႔မရေတာ့ဘူး "

ကုံးရင့္႐ွန္ ညစ္က်ယ္က်ယ္ျပဳံးလိုက္ၿပီး

" ကြၽန္ေတာ္တို႔ သက္ေသထုတ္ျပေတာ့ ႏွစ္ေယာက္စလုံးဝန္ခံတယ္၊ သူတို႔လက္စားေခ်႐ုံပဲလုပ္ခ်င္ၿပီး 2209 ေ႐ွ႕မွာအမိႈက္ပစ္တယ္ဆိုတာလည္း ဝန္ခံတယ္၊ မီး႐ိႈ႕သမားက သူတို႔နဲ႔ဘာမွမဆိုင္ဘူးတဲ့၊ အျခားအိမ္ေတြအေၾကာင္းေတာ့ မေမးရေသးဘူး "

ရန္ရိ အသက္ျပင္းျပင္း႐ွဴလိုက္ၿပီး သူ အမႈရဲ႕အမွန္တရားကို နက္နက္နဲနဲေတြးမိေလေလ ပိုေၾကာက္လာေလေလပင္။

" အဲ့တာဆို မင္းအစီအစဥ္ကဘာေတြလဲ? "

ကုံးရင့္႐ွန္ ေျပာလာသည္။

" 2209 အပါအဝင္ အေနာက္ဘက္ျခမ္းမွာ လူေသသြားတဲ့တစ္အိမ္ကို မွတ္မိေသးလား? "

" အစြန္ဆုံးေဘးကအိမ္ "

ရန္ရိ ခဏေလာက္စဥ္းစားလိုက္ၿပီး

" ဖုန္ေဖးအိမ္ 2212 က အစြန္ဆုံးပဲ၊ 2211 မွာ လူႀကီးတစ္ေယာက္ ဆုံးသြားပုံရတယ္ "

" အင္း ကြၽန္ေတာ္တို႔ အဲ့အိမ္ကစဖို႔စီစဥ္ထားတယ္၊ ခင္မ်ားခဏေနရင္ 2211 ရဲ႕အိမ္႐ွင္ကိုေတြ႕လိမ့္မယ္ "

ကုံးရင့္႐ွန္ ေျပာလာသည္။

" ၿပီးေတာ့ ဒီစစ္ေဆးကာလအၿပီးမွာ ကြၽန္ေတာ္ ဖုန္ေဖးကို ပိုပိုၿပီးသံသယဝင္လာတယ္၊ သူ႕ကို အလိမ္ေဖာ္စက္နဲ႔စစ္ဖို႔ ဆုံးျဖတ္ထားတယ္ "

" အလိမ္ေဖာ္စက္က တကယ္အက်ိဳး႐ွိလို႔လား? "

ရန္ရိ မ်က္ေမွာင္ၾကဳပ္လိုက္သည္။

" ဒီပစၥည္းက အေထာက္အပံ့အေနနဲ႔ပဲ သုံးလို႔ရတာ၊ တရား႐ုံးမွာ သက္ေသအေနနဲ႔ သုံးလို႔မရဘူး "

" အလိမ္ေဖာ္စက္က နည္းလမ္းတစ္ခုသက္သက္ဆိုတာ သိတယ္၊ ဖုန္ေဖးကို ျပန္သုံးသပ္ဖို႔ ကြၽန္ေတာ္ မႈခင္းစိတ္ပညာ ကြၽမ္းက်င္ပညာ႐ွင္တစ္ေယာက္ ငွားထားတယ္ "

" သက္ေသမလုံေလာက္ဘူး၊ ၿပီးေတာ့ က်ိဳးခြၽမ္းကို မ်က္ႏွာခ်င္းဆိုင္တဲ့အခ်ိန္မွာလည္း ဘာမွမတုံ႔ျပန္ဘူးလို႔ မင္း‌ေျပာခဲ့တယ္မလား? "

" က်ိဳးခြၽမ္းကိုပဲမဟုတ္ဘူး၊ သူ ခ်န္ေဖ့ကိုလည္း မတုံ႔ျပန္ဘူး၊ အဲ့တာက ကြၽန္ေတာ့္ကိုပိုၿပီးေတာင္ သံသယျဖစ္ေစတယ္၊ ပိုအေရးႀကီးတာက ကားမီး႐ိႈ႕မႈအတြက္ သူကလြဲၿပီး သင့္ေတာ္တဲ့တရားခံ ထပ္မ႐ွာႏိုင္ဘူး၊ ခင္မ်ား Sherlock Holmes ေျပာတဲ့စကားတစ္ခြန္း ၾကားဖူးလား? "

" မျဖစ္ႏိုင္တာေတြအားလုံးကို ဖယ္ထုတ္လိုက္တဲ့အခါ၊ က်န္တာေတြ ဘယ္ေလာက္ပဲ အဓိပၸါယ္မ႐ွိျဖစ္ပါေစ၊ အဲ့တာအကုန္ အမွန္တရားပဲ "

" အခု ကြၽန္ေတာ္တို႔ တရားခံအသစ္ထပ္မ႐ွာႏိုင္ဘူးဆိုေတာ့ လက္ထဲမွာ႐ွိတဲ့ သက္ေသေတြအားလုံးကို ျပန္စစ္ေဆးၿပီး  သူ႕ကိုတရားခံလိုပဲ စစ္ေဆးမယ္ "

ကုံးရင့္႐ွန္ မ်က္လုံးေမွးလိုက္ၿပီး

" သူသာျပစ္မႈက်ဴးလြန္ခဲ့ရင္၊ဘယ္ေလာက္ပဲ ဖုံးကြယ္ထားပါေစ၊ ရတယ္၊ က်ိန္းေသေပါက္ ေဖာ္ထုတ္ခံရမွာပဲ "

" ဆိုေတာ့.....ခ်န္ေဖ့ကဘယ္မွာလဲ? "

သူဒီလူကို စကားထဲထည့္ေျပာလိုက္တဲ့အခ်ိန္ ရန္ရိ ကုံးရင့္႐ွန္အမူအရာကို လွမ္းခိုးၾကည့္လိုက္၏။

" ကြၽန္ေတာ္ ဝမ္ရမ့္အေဆာက္အအုံအေၾကာင္း အရင္ဆုံးေဖာ္ထုတ္ခ်င္တယ္၊  ဘယ္လိုပဲျဖစ္ျဖစ္ သူေျပးမလြတ္ပါဘူး "

စကားေကာင္းေနတုန္း ႏွစ္ေယာက္သား ဌာနခြဲေရာက္လာသည္။

ဆိုင့္ေခ်ာင္က က်ိဳးခြၽမ္းကို စစ္ေမးေနၿပီး ရန္ရိကေစာင့္ၾကည့္ခန္းအျပင္ဘက္မွာ မတ္တပ္ရပ္ေနသည္။ သူ က်ိဳးခြၽမ္းရဲ႕ ေဆး႐ုံသက္တမ္းတစ္လစာကို ၾကည့္လိုက္ေတာ့ ထိုသူက ဆက္ဝလာေသး၏။ ဒီမ်ိဳးမစစ္က‌ ေကာင္းေကာင္းစားေသာက္ေနေပမယ့္ နစ္နာသူမိသားစုေတြကေတာ့ မစားႏိုင္ေလာက္တာကို စဥ္းစားမိၿပီး ရန္ရိ မေျပာျပႏိုင္ေအာင္ ေဒါသထြက္လာသည္။

" သူေျပာဖို႔ ျငင္းေနတုန္းပဲလား? "

ရန္ရိေမးလိုက္သည္။

" ကြၽန္ေတာ္တို႔ ခ်န္ေဖ့ကိုဖမ္းမိၿပီးေတာ့ ေဆး႐ုံမွာတုန္းကထက္ အျပဳအမူပိုေလ်ာ့ရဲလာတာ သူသိတယ္၊ ဆိုင္ေခ်ာင့္ ဒီေန႔တစ္ခုခု အက်ိဳးရမလားဆိုတာေတာ့ ကြၽန္ေတာ္မသိဘူး "

" သူ ခ်န္ေဖ့ကို မွတ္မိလား? "

ကုံးရင့္႐ွန္ ေခါင္းခါျပသည္။

" အင္တာနက္ေပၚမွာ သိတာေတာ့ျဖစ္ႏိုင္တယ္၊ ဒါေပမယ့္ သူတို႔အားလုံး တစ္ေယာက္ကိုတစ္ေယာက္ ထူးထူးဆန္းဆန္းတုံ႔ျပန္ၾကတယ္ "

ရန္ရိက ဆိုင့္ေခ်ာင္ စားပြဲကို႐ိုက္ၿပီး က်ိဳးခြၽမ္း‌ကို ေျခာက္လွန္႔ေနတာ နားေထာင္လိုက္သည္။

" သြားရေအာင္၊ ကြၽန္ေတာ္ ခင္မ်ားကို 2211 အိမ္႐ွင္နဲ႔ေတြ႕ဖို႔ ေခၚသြားမယ္ "

သူတို႔ႏွစ္ေယာက္ အျခားစစ္ေဆးခန္းတစ္ခန္းရဲ႕ တံခါးဆီသြားၾကေတာ့ ကုံးရင့္႐ွန္ကရန္ရိကို တံခါးေပၚ႐ွိ ဖန္ျပတင္းေပါက္ကေန မ်က္လုံးနဲ႔ေခ်ာင္းၾကည့္ဖို႔ အမူအရာျပသည္။

ရန္ရိ ပိုအနားကပ္သြားၿပီး ေခ်ာင္းၾကည့္လိုက္သည္။ 2211 ရဲ႕အိမ္႐ွင္က ေခါင္းငုံ႔ထားေသာ အသက္ငါးဆယ္ဝန္းက်င္ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး အနည္းငယ္တြန္႔ေနေသာ ပခုံးမ်ားကတစ္ဆင့္ သူမရဲ႕စိုးထိတ္မႈကို ျမင္ႏိုင္သည္။

ကုံးရင့္႐ွန္ တိုးတိုးေျပာလာသည္။

" သူက အထိန္းသိမ္းခံထားရတာ မဟုတ္ဘူး၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔သူ႕ကို စစ္ေဆးေရးမွာ ပူးေပါင္းေပးဖို႔ ေျပာထားတယ္၊ သူေစာင့္ေနရတာ အနည္းဆုံး သုံး၊ေလး နာရီေတာ့႐ွိေလာက္ၿပီ၊ သူသာ သာမန္နစ္နာသူရဲ႕မိသားစုဝင္ ဒါမွမဟုတ္ ဘာမွမသက္ဆိုင္တဲ့လူဆိုရင္ ျဖဴျဖဴစင္စင္နဲ႔ အခ်ိန္အၾကာႀကီး ေစာင့္ေနရလို႔ ေဒါသထြက္ေနမွာပဲ၊ ဒါေပမယ့္ သူ႕ကိုၾကည့္ စိုးထိတ္ေနတာပဲ႐ွိတယ္ "

" ေနာင္တရတာလား? "

" ျဖစ္ေလာက္တယ္ "

ကုံးရင့္႐ွန္ တံခါးတြန္းဖြင့္ၿပီး ဝင္သြားလိုက္သည္။

အထဲ႐ွိလူက ႐ုတ္တရက္ေခါင္းေထာင္လာၿပီး သူတို႔ႏွစ္ေယာက္ကို မ်က္ေတာင္မခတ္ဘဲ ၾကည့္သည္။

" ပိုင္ႏ်ီ႐ွီး "

[ 女士 (Nǚshì) - Miss. ]

ကုံးရင့္႐ွန္ ဖိုင္ကိုလွန္ေလွာလိုက္ၿပီး

" မဂၤလာပါ ကြၽန္ေတာ္ ေစာင့္ခိုင္းေစမိၿပီ "

အမ်ိဳးသမီးပိုင္က သူ႕ရဲ႕ခပ္ဝဝခႏၶာကိုယ္ကို ေနာက္တိုးကပ္လိုက္ၿပီး ေနာက္ေက်ာကို ထိုင္ခုံနဲ႔ကပ္သြားေစလ်က္ စားပြဲတစ္ဖက္ျခမ္းမွာ ထိုင္ေနၿပီျဖစ္ေသာ ကုံးရင့္႐ွန္နဲ႔ အေနေဝးေအာင္ အတတ္ႏိုင္ဆုံးႀကိဳးစားလိုက္သည္။

ရန္ရိလည္း ေဘးမွာဝင္ထိုင္လိုက္သည္။

ကုံးရင့္႐ွန္က စက္႐ုပ္တစ္႐ုပ္လို ေျပာလိုက္၏။

" အမ်ိဳးသမီးပိုင္၊ ကြၽန္ေတာ့္မ်ိဳး႐ိုးနာမည္က ကုံးပါ၊ ကြၽန္ေတာ္တို႔ စုံစမ္းစစ္ေဆးေရးမွာ ပူးေပါင္းေပးလို႔ ေက်းဇူးတင္ပါတယ္၊ ခင္မ်ား ေမးခြန္းနည္းနည္းေလာက္ အမွန္တိုင္းေျဖႏိုင္မယ္လို႔ ေမွ်ာ္လင့္တယ္ "

အမ်ိဳးသမီးပိုင္က အသက္ဝဝ႐ွဴလိုက္ၿပီး

" မင္းဘာေမးခ်င္တာလဲ? ငါရဲေတြကို အႀကိမ္အမ်ားႀကီး ေျပာသင့္တာအကုန္လုံးေျပာခဲ့ၿပီးၿပီ "

ကုံးရင့္႐ွန္ ေခါင္းညိတ္ျပလိုက္သည္။

" ဒါေပမယ့္ ခင္မ်ားက နစ္နာသူမိသားစုေနရာကေနၿပီး ေျပာခဲ့တာေလ၊ အခုတစ္ခါက မတူေတာ့ဘူး "

အမ်ိဳးသမီးပိုင္က ကုံးရင့္႐ွန္ကိုစိုက္ၾကည့္ၿပီး

" ဘာ မင္းဘာကိုဆိုလိုတာလဲ? "

" မီးစမေလာင္ခင္ 22 လႊာအ‌ေနာက္ဘက္ျခမ္းမွာ႐ွိတဲ့ ခင္မ်ားနဲ႔ ခင္မ်ားအိမ္နီးခ်င္းေလးေယာက္က 2209 တံခါးေ႐ွ႕မွာ အမိႈက္ပစ္ခဲ့ေၾကာင္း သံသယဝင္ဖို႔ ကြၽန္ေတာ္တို႔မွာ အေၾကာင္းျပခ်က္နဲ႔ သက္ေသေတြ႐ွိတယ္ "

အမ်ိဳးသမီးပိုင္က တည္ၿငိမ္ခ်င္ေယာင္ေဆာင္ၿပီး ေျပာလာသည္။

" ဘာပဲျဖစ္ျဖစ္ သူလည္းတံခါးဝမွာအမိႈက္ပုံရတာ ႀကိဳက္သားပဲ၊ အဲ့တာေၾကာင့္ ငါေဒါသထြက္ၿပီး သြားပစ္တာ ဘာျဖစ္လဲ? "

" ခင္မ်ားအရင္ကေရာ ပစ္ဖူးလား? "

အမ်ိဳးသမီးပိုင္ တုံ႔ဆိုင္းသြားၿပီး ဘယ္လိုေျဖရမလဲ မသိျဖစ္ေနသည္။

" 2209 အိမ္႐ွင္မ ေျပာတာေတာ့ ခင္မ်ားအရင္က အဲ့လိုအျပဳအမူမ်ိဳးမ႐ွိဘူးတဲ့၊ ဒီတိုင္းရန္ျဖစ္ၿပီး ပိုစတာအႀကီးႀကီးကပ္တယ္လို႔ပဲ ေျပာတယ္၊ မီးေလာင္တဲ့ေန႔မွာမွ ခင္မ်ားတို႔ငါးအိမ္လုံး 2209 တံခါးေ႐ွ႕မွာအမိႈက္ၿပိဳင္တူပစ္ၾကတယ္ဆိုတာ ဘယ္လိုလုပ္ တိုက္ဆိုင္တာျဖစ္မလဲ? "

" .....တစ္ေယာက္‌ေယာက္ပစ္တာေတြ႕လို႔ ငါလည္းသြားပစ္လိုက္တာ "

" ခင္မ်ား ဘယ္သူ႕ကိုၾကည့္ၿပီး သြားပစ္တာလဲ? "

" ေမ့သြားၿပီ "

အမ်ိဳးသမီးပိုင္က မ်က္ႏွာလႊဲသြားသည္။

" အမိႈက္ပစ္တာနဲ႔ ငါတို႔မီး႐ိႈ႕တယ္လို႔မွ မဆိုလိုတာ "

" ေကာင္းၿပီ၊ ဒါေပမယ့္ ခင္မ်ားတို႔ပစ္လိုက္တဲ့အမိႈက္ေတြက မီးေတာက္ေတြကူးသြားတာေလ၊ အဲ့ေတာ့ ခင္မ်ားတို႔ တာဝန္တစ္ခုခုယူရမယ္၊ တာဝန္ယူတဲ့ကိစၥက ခင္မ်ားမီး႐ိႈ႕သမားကို သတိထားမိလား၊ မထားမိလားဆိုတာေပၚ မူတည္တယ္ "

" ငါမသိဘူး! "

အမ်ိဳးသမီးက စိတ္လႈပ္႐ွားၿပီးေျပာလာသည္။

" အဲ့တာ မီးကူးသြားမယ္ဆိုတာ ငါမသိဘူး! ငါသာသိရင္ ဘယ္လိုလုပ္ ငါ့အေမကိုမီးခိုးမႊန္ၿပီး အေသခံမလဲ?! "

ကုံးရင့္႐ွန္ ေအးစက္စက္ေျပာလိုက္သည္။

" အဲ့တာက ခင္မ်ားအေမ မီးထဲကမီးခိုးေၾကာင့္ေသၿပီး ဆရာဝန္ဆီအပို႔ခံလိုက္ရလို႔ဆိုတာ လုံးဝေသခ်ာတယ္၊ ကြၽန္ေတာ္နားမလည္ဘူး ခင္မ်ားဘာလို႔ ကိုယ့္အေမကိုသတ္တဲ့တရားခံကို ကာကြယ္ခ်င္ေနလဲ? "

အမ်ိဳးသမီးပိုင္က ခႏၶာကိုယ္ကိုယမ္းရင္း မ်က္လုံးမ်ားက ေ႐ွာင္တိမ္းေနသည္။

" ဘယ္သူလုပ္လဲ ခင္မ်ားသိလား? တကယ္ေတာ့ ဒါက ႀကိဳတင္ၾကံစည္ထားတဲ့လက္စားေခ်မႈဆိုတာ ခင္မ်ားအကုန္လုံးသိေလာက္ပါတယ္၊ ဒီလက္စားေခ်မႈအက်ိဳးဆက္ေတြက ခင္မ်ားတို႔ထင္ထားတာတက္ ေက်ာ္လြန္သြားတာလည္း ျဖစ္ႏိုင္တယ္၊ ၿငိစြန္းေနမွာေၾကာက္တယ္၊ အဲ့တာေၾကာင့္ အမွန္ကိုမေျပာရဲတာမလား? "

ရန္ရိ အံ့အားသင့္သြားသည္။ သူခုနကားထဲမွာကတည္းက ကုံးရင့္႐ွန္ဆိုလိုရင္းကို ခန္႔မွန္းထားမိၿပီးျဖစ္ေသာ္လည္း ကုံးရင့္႐ွန္ပါးစပ္က တကယ္ထြက္လာခ်ိန္မွာေတာ့ သူ႕ကိုအံ့အားသင့္ေစတုန္း ျဖစ္သည္။ ဒါက ပူးေပါင္းၾကံစည္တဲ့အမႈမ်ား ျဖစ္ေနမလား? သူ႕အလုပ္မွာ ဒါမ်ိဳးတစ္ခါမွ မၾကဳံဖူးေခ်။ အမႈျဖစ္စဥ္အေၾကာင္းရင္းက သူစိတ္ကူးႏိုင္တာထက္ ေက်ာ္တယ္လို႔ ကုံးရင့္႐ွန္ေျပာတာလည္း အံ့ဩစရာမ႐ွိ။

အမ်ိဳးသမီးပိုင္က ေခါင္းအတင္းခါၿပီး

" မင္းဘာေျပာေနလဲဆိုတာ ငါမသိဘူး၊ ငါအမိႈက္ပစ္ခဲ့တယ္၊ ငါတို႔အိမ္နီးခ်င္းေတြ ေဒါသတႀကီးနဲ႔ေဆြးေႏြးခဲ့ၾကတာပဲ၊ သူအမိႈက္ပစ္ရင္ ငါတို႔လည္းသူ႕တံခါးေ႐ွ႕အမိႈက္ျပန္ပစ္မယ္၊ ငါတို႔အမိႈက္အိတ္နည္းနည္းေလာက္ပစ္ခဲ့တယ္ ဘာအေရးလဲ? ငါတို႔မီး႐ိႈ႕တာမဟုတ္ဘူး "

" ခင္မ်ားအေမကို ဘယ္သူသတ္လဲ ခင္မ်ားသိတယ္၊ ဒါေပမယ့္ တာဝန္ယူရမွာေၾကာက္လို႔ မေျပာရဲဘူး၊ ခင္မ်ားအေမကေတာ့ ေကာင္းကင္ဘုံမွာအသက္႐ွင္လ်က္ ေစာင့္ၾကည့္ေနမွာပဲ "

အမ်ိဳးသမီးပိုင္ နဖူးမွာေခြၽးစို႔လာသည္။

" အမ်ိဳးသမီးပိုင္၊ ကြၽန္ေတာ္ ခင္မ်ားစိုးရိမ္တာကို သိတယ္၊ ခင္မ်ားေျပာလိုက္ရင္ ၾကံရာပါအေနနဲ႔ အေရးယူခံရမွာ ေၾကာက္ေနတယ္၊ ခင္မ်ား ဥပေဒကိုေရာ မိသားစုကိုပါ ႐ွင္းျပလို႔မရဘူး၊ အျခားသူေတြဆီကလည္း အၿခိမ္းေျခာက္ခံေနရတယ္မလား? "

အမ်ိဳးသမီးပိုင္ ဘာမွမေျပာေပ။

" ကြၽန္ေတာ္ခင္မ်ားကို အရမ္းသနားတယ္ "

ကုံးရင့္႐ွန္ ေ႐ွ႕သို႔ကိုင္းလိုက္ၿပီး

" အေဆာက္အအုံအေနာက္ဘက္က 2209 အိမ္႐ွင္ေယာက်္ားကလြဲၿပီး ခင္မ်ားပဲ ခ်စ္ရတဲ့သူဆုံး႐ႈံးခဲ့ရတယ္၊ မတရားဘူးမလား? ဒီလူက ခင္မ်ားကို ႏွစ္အၾကာႀကီး စိတ္ဒုကၡေပးလာတာ၊ သူေသသြားတာေတာင္ ဘာလို႔ခင္မ်ားအေမကို ဆြဲေခၚသြားရတာလဲ? ဘာလို႔အျခားသူေတြက်ေတာ့ အဆင္ေျပေနတာလဲ? ခင္မ်ားတစ္လထက္ပိုၿပီးေရာ ေကာင္းေကာင္းအိပ္ခဲ့ရရဲ႕လား? ခင္မ်ား ေန႔တိုင္းစိုရိမ္ေနရတယ္၊ ကြၽန္ေတာ္တို႔ သက္ေသ႐ွာေတြ႕သြားမွာ ေၾကာက္ေနတယ္မလား?၊ ခင္မ်ားျမင္တာပဲ၊ ေသခ်ာတာေပါ့ ကြၽန္ေတာ္တို႔ခင္မ်ားကို အရင္ဆုံး႐ွာေတြ႕သြားတယ္ေလ "

အမ်ိဳးသမီးပိုင္ အသံဩ႐ွလာသည္။

" မေျပာနဲ႔ေတာ့၊ ငါမသိဘူး! "

" ခင္မ်ားသိစရာမလိုပါဘူး၊ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အျခားသူေတြကိုလည္း ေမးလို႔ရေသးတယ္၊ အိမ္အမ်ားႀကီးထဲမွာမွ တစ္ေယာက္ေယာက္ ခင္မ်ားအေၾကာင္း ဝန္ခံလိုက္တာနဲ႔....."

အမ်ိဳးသမီးပိုင္ စားပြဲကိုငုံ႔ၾကည့္ၿပီး ေျခလက္ေတြ အလြန္ေတာင့္တင္းလာသည္။

" ကြၽန္ေတာ္ ခင္မ်ားကိုသနားတယ္လို႔ ေျပာသားပဲ၊ ၿပီးေတာ့ ခင္မ်ားအေမကိုလည္း သနားတယ္၊ အဲ့တာေၾကာင့္ ကြၽန္ေတာ္ ခင္မ်ားဆီအရင္လာခဲ့တာ၊ ဂုဏ္ျပဳထိုက္တဲ့အလုပ္မ်ိဳး လုပ္ႏိုင္ေအာင္အခြင့္အေရးတစ္ခုေပးဖို႔ပဲ၊ ခင္မ်ား ဒီအခြင့္အေရးမလိုခ်င္ရင္ အျခားသူေတြမယူဘူးဆိုတာေရာ အာမခံႏိုင္လား? ခင္မ်ား အသက္ႀကီးလာၿပီ၊ အရင္ကျပစ္မႈက်ဴးလြန္ခဲ့တာလည္း မ႐ွိဘူး၊ ခင္မ်ား ဂုဏ္ထူးေဆာင္အလုပ္ အရင္လုပ္မယ္ဆို ေသခ်ာေပါက္ အဲ့ကိစၥကို ေခ်ာေခ်ာေမြ႕ေမြ႕ကိုင္တြယ္ႏိုင္မွာပဲ၊ ဒါေပမယ့္ ခင္မ်ား အျခားသူေတြကိုကူၿပီး အေမကိုသတ္တဲ့သူ႕ကိုမွ ဆက္ကာကြယ္ေပးေနဦးမယ္ဆိုရင္ေတာ့ ခင္မ်ားက သားသမီးဝတၱရားမေက်ဘဲ ညံ့ဖ်င္းသြားၿပီ၊ ခင္မ်ား အမွားအႀကီးႀကီးတစ္ခုလုပ္ခဲ့တယ္၊ ေနာက္အမွားႀကီးတစ္ခု ဆက္လုပ္ခ်င္ေသးလို႔လား? "

အမ်ိဳးသမီးပိုင္က တုန္ယင္ေနၿပီး မ်က္ဝန္းနီေတြက မ်က္ရည္မ်ားစီးက်လာေတာ့သည္။

=======

ပင္ပန္းခေပးခ်င္ရင္

09795118580 ( Kpay & Wavepay ) ေနာ္

အပန္းေျဖလိုက္ၾကပါဦး ✨

========